စိုင်းစွမ်းထက်ပိုင် အိပ်ယာပေါ်က ထ,လိုက်တော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်ကောက်ဝတ်ကို ဆွဲထားသည်။ စိုင်းစွမ်းထက်ပိုင်က ထိုင်လျက်ဖြင့် နောက်လှည့်ကြည့်ကာ မေးလိုက်သည်။
" ဘာလို့လဲ။ "
ကာရံညီညာက ခေါင်းရမ်းပြပြန်သည်။ စိုင်းစွမ်းထက်ပိုင်က ဖုန်းမှ နာရီကို ကြည့်လိုက်ပြီး ခြောက်နာရီထိုးခါစမို့ စောသေးတာမို့ ကာရံညီညာဘေး ပြန်လှဲကာ စောင်ပုံထဲ ပြန်ဝင်လိုက်သည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင် အနားချက််ချင်းပင် တိုးကပ်လာကာ စိုင်းစွမ်းထက်ပိုင်၏ ဗိုက်ပေါ်ခေါင်းအုံးလာသည်။
" လူအရမ်းကပ်နေပါ့လား။ "
" ငါတောင်းပန်ပါတယ် "
" ဟမ် ... "
ကာရံညီညာက ရုတ်တရက် တောင်းပန်လာတော့ စိုင်းစွမ်းထက်ပိုင် အံ့သြသွားသည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို မော့ကြည့်ပြီး အကြည့်ချင်းဆုံမှ ပြောသည်။
" ပြီးခဲ့တဲ့ရက်တွေက ငါ့ဘာသာ စိတ်တွေရှုပ်နေပြီး မင်းအပေါ်ပဲ ပုံချမိလို့။ မင်းစိတ်မကောင်း ဖြစ်ရအောင်လည်း ပြောခဲ့မိတယ်။ နောက်ပြီး မရည်ရွယ်ပေမယ့် ကိုယ်ထိလက်ရောက်လည်း လုပ်မိသွားတယ်။ အဲ့ဒါထက်ဆိုးတာက မင်းအပြစ်ကိုသာ မြင်ခဲ့ပြီး ငါ့ကိုယ်ငါတော့ မှန်တယ်ထင်ခဲ့လို့။ မင်းနဲ့ မခေါ်မပြောဘဲနေတယ်။မင်းဘက်က အလိုက်တသိနဲ့ ငါစိတ်ချမ်းသာအောင် နေခွင့်ပေးထားတာကိုလည်း ငါ့ကိုပစ်ထားတယ်ဆိုပြီး မင်းကိုပဲ အပြစ်တင်မိတယ်။ငါကအကြီးဖြစ်နေပါလျက်နဲ့ ဖြစ်ပြီး သွားတဲ့ ပြသနာကို ဖြေရှင်းရမယ့်အစား မင်းကိုပဲ အပြစ်တင်နေခဲ့မိလို့ တောင်းပန်ပါတယ်။ "
စိုင်းစွမ်းထက်ပိုင်က ပြုံးလိုက်ပြီး ကာရံညီညာ၏ ဆံပင်လေးတွေကို ခပ်ဖွဖွလေး ပွတ်သပ်ပေးသည်။
" ကျွန်တော်က နားလည်ပါတယ်ဗျာ။ တောင်းပန်စရာမလိုပါဘူး။ ကျွန်တော်လည်း အလုံးစုံ အပြစ်ကင်းနေတာမှ မဟုတ်တာ။ "
" မင်းနဲ့မပြေလည်တဲ့ အချိန်မှာ ခွဲနေရတာ တကယ်ဆိုးတယ် သိလား။ ပြေလည်ခါစရောက်တော့လည်း ဝေးရပြန်တော့ ငါ , မင်းကို တအား လွမ်းနေတာ။ "
" အဲ့ဒါနဲ့ပဲ အကြွေးဆပ်တဲ့ အနေနဲ့ ကျွန်တော့်ဆီမှာကိုယ့်ကိုယ်ကိုယ် ထိုးကျွေးလိုက်တယ်ပေါ့။ဘဝကြီးနဲ့ ရင်းပြီး အကြွေးဆပ်လိုက်တာပဲ။ဒီလိုဆိုတော့လည်း ရိုက်ခံရတာ တန်သားပဲ။ "
ပါးရိုက်လိုက်မိသည်ကို အရင်နေ့တွေထဲက ကာရံညီညာ စိတ်မကောင်းဖြစ်နေတာ သိတာမို့ စိုင်းစွမ်းထက်ပိုင်က မေ့မေ့ပျောက်ပျောက် ဖြစ်အောင် ပြောလိုက်သည်။ကာရံညီညာက ချက်ချင်းပင် စိုင်းစွမ်းထက်ပိုင်၏ ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ပိတ်ရိုက်သည်။
"စကားကောင်းကောင်းပြောနေတာကို စ, လာပြီ။ "
" ထရအောင်။ မနေ့က ဆိုက်ထဲ တစ်နေကုန် နေထားပြီး အခုထိ ရေမချိုးရသေးတော့ လူက နုံးနေပြီ။ "
" မင်းအရင်ထ ... ငါပြီးမှ ထမယ်။ "
" ဟုတ်ပါပြီ "
စိုင်းစွမ်းထက်ပိုင်က ရေချိုးခန်းထဲ အရင်ဝင်သွားသည်။ စိုင်းစွမ်းထက်ပိုင် ပြီးမှ ကာရံညီညာက ဝင်ရသည်။အဝတ်အစားအပိုက စိုင်းရတုဟန်တို့ ကားပေါ်ကျန်ခဲ့တာမို့ စိုင်းစွမ်းထက်ပိုင်၏ ပုဆိုးနဲ့ ရှပ်အကျီသာ ဝတ်ထားရသည်။
" စာခြောက်ရုပ် အဝတ်ပတ်ပေးထားတဲ့ အတိုင်းပဲ။ "
ပုဆိုးက အဆင်ပြေပေမယ့် အကျီက ခါးမှာပဲ အနည်းငယ်ချောင်ကာ ကြည့်ရမဆိုးပေမယ့် လက်တွေကတော်တော်ရှည်နေတာမို့ စိုင်းစွမ်းထက်ပိုင် ပြောတာနဲ့ တကယ်တူနေသည်။ ကာရံညီညာက ပေစောင်းစောင်း ကြည့်လိုက်မှ စိုင်းစွမ်းထက်ပိုင်က ရယ်ကာ အနားလာထိုင်ဖို့ နေရာပြသည်။
" Dryerမပါဘူး။ တဘက်နဲ့ သုတ်ပေးမယ်နော်။ "
" အင်း "
ကာရံညီညာက ကြမ်းပေါ် ထိုင်ချလိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ခြေတံရှည်နှစ်ခုကြား နေရာယူထားသည်။ စိုင်းစွမ်းထက်ပိုင်က တဘက်အဖြူဖြင့် ကာရံညီညာ၏ ဆံပင်တွေကို ခပ်ဖြည်းဖြည်ချင်း သုတ်ပေးသည်။
" ခနနေရင် စိုင်းရတုဟန်တို့ ရောက်လာမှာ။ အစ်ကို ရေချိုးခန်းဝင်နေတုန်းက အစ်ကို့ဖုန်းကို ဆက်လာတယ်။ "
" အင်း ... ဒါနဲ့လေ ...ငွေလသာကို သူချစ်လာလောက်လား။ ငွေလသာက သူ့ကို အရမ်းချစ်နေတာ သိသာတော့ ဝမ်းမနည်းစေချင်ဘူး။"
" မပြောတတ်ဘူးလေ။ ကိုယ်က သူမှမဟုတ်တာ။ ဒါပေမယ့် သံယောဇဥ်တော့ ရှိမှာပဲ။ ငွေလသာက အနားမှာ အမြဲရှိနေပေးလို့ သူ့စိတ်ထဲ မထင်ပေါ်တာနေမှာ။ "
" အင်း ... အဲ့ဒါမျိုးက ခွဲနေရမှပိုသိသာလာမှာ။ "
ယောကျ်ားလေး၏ ဆံပင်ဆိုတော့ ကာရံညီညာ့၏ ဆံပင်က ခဏလေးအတွင်းပဲ ခြောက်သွားသည်။ကာရံညီညာ မထရသေးခင်မှာတင် စိုင်းရတုဟန်တို့က အိမ်ထဲ ဝင်လာကြသည်။ ဧည့်ခန်းနဲ့ အိပ်ခန်းက တစ်တန်းထဲမို့ တံခါးလည်း ဖွင့်ထားသည်ကြောင့် ဒီဘက်ကို ချက်ချင်း ရောက်လာသည်။
"အစ်ကိုကာရံ့ အဝတ်အစားတွေ မနေ့က ကျွန်တော်လည်း ထားခဲ့ဖို့မေ့နေလို့။ "
စိုင်းရတုဟန် ကမ်းပေးတဲ့ အဝတ်အစားအိတ်ကို ကာရံညီညာက ယူလိုက်သည်။စိုင်းရတုဟန်က ကာရံညီညာ့ကို ခါးကိုင်းကာ ကြည့်ပြီးမှ ထပ်ပြောလာသည်။
" ဒီအလုပ်ဆိုက်မှာ ခွေးတွဘာတွေ မွေးထားတာ ရှိလား။ "
ကာရံညီညာက နားမလည်တာမို့ ခွေးမွေးထားရှိလားလို့ မေးချင်ဟန် စိုင်းစွမ်းထက်ပိုင်ကို မော့ကြည့်သည်။ရှပ်အကျီကကြီးနေတာမို့ လည်ပင်းဟနေတဲ့ ကာရံညီညာ၏ အကျီကို စိုင်းစွမ်းထက်ပိုင်က လက်နဲ့ဆွဲစေ့ပေးလိုက်သည်။
" မမြင်မိဘူးနော် စိုင်းစွမ်း "
ကာရံညီညာက အခုထိ နားမလည်ဘဲ ပြောလာတော့ စိုင်းစွမ်းထက်ပိုင်က လက်ချောင်းတွေနဲ့ ကိုယ့် မျက်နှာကို ပွတ်သပ်ကာရယ်နေသည်။
" အ , လိုက်တာ။ ဒီကောင် ဘာပြောလဲ ငွေလသာတောင် သိတယ်။ "
ကာရံညီညာက အခုမှ နားလည်သွားသည်။ စိုင်းစွမ်းထက်ပိုင်၏ ပေါင်ကို လက်နဲ့လိမ်ဆွဲလိုက်သည်။
" စုတ်ပြတ်နေအောင် ခွေးဆိုးကိုက်သွားတာနေမှာ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ခေါင်းပေါ် တဘက်လေး တင်ပေးလိုက်ပြီးမှ စိုင်းရတုဟန် အနားသွားသည်။
" စကားများနေမယ့်အစား စျေးသွားဝယ်ရအောင်။ ရှစ်နာရီလောက် အလုပ်သမားတွေ ရောက်မှာဆိုတော့ ဆိုက်ထဲ ဆယ်နာရီလောက် သွားရမှာ။ နောက်ကျနေလိမ့်မယ်။ "
စိုင်းစွမ်းထက်ပိုင်က ဂျာကင်အကျီကို ထပ်ဝတ်လိုက်တော့ စိုင်းရတုဟန်က ချက်ချင်းငြင်းသည်။
" မင်းဘာသာမင်း သွားပါ့လား။ ငါတို့က ဝယ်စားလည်း ရတာပဲ။ "
" ဒီနားက စားသောက်ဆိုင်တွေက အရသာမကောင်းဘူး။ မြို့တွင်းက Hotelမှာပဲ အဆင်ပြေတာ။ ငါက ပြသနာမရှိပေမယ့် ငါ့လူကြီးလေးက အပြင်အစားအသောက်တွေ မကြိုက်ဘူး။ "
စိုင်းစွမ်းထက်ပိုင် ပြောတာအမှန်ပင်။ညက ငွေလသာနဲ့အတူ စားသောက်ဆိုင်ကောင်းကောင်းမှာ ဝင်စားတာတောင် အရသာမရှိတာက များနေသည်။
" စိုင်းရတု မလိုက်ချင်ရင် ငါပဲလိုက်ခဲ့မယ်လေ။ "
"လူကြီးလေး ... ပင်ပန်းလိမ့်မယ် ... နေခဲ့။ ငွေလသာလည်း နေခဲ့လိုက်။ လက်တိုလက်တောင်း ခိုင်းစရာ ဒီကောင်ပါရင် ရတယ်။ "
ကာရံညီညာက လိုက်ခဲ့ဖို့ ပြောပေမယ့် စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်ကိုပဲ အဖော်ခေါ်သည်။
" ဝယ်ပေးတာက အဖော်လိုက်လို့ရတယ်။မချက်နိုင်ဘူးနော်။ "
" မချက်နိုင်ရင် ငတ်လေ။ ဒီထဲမှာ မင်းနဲ့ငါကလွဲလို့ ဘယ်သူက ချက်တတ်မှာလဲ။ "
စိုင်းရတုဟန်က ကာရံညီညာ့ကို ကြည့်လိုက်တော့ ကာရံညီညာက ကောင်းကောင်းမချက်တတ်တာမို့ ခေါင်းရမ်းပြသည်။ ငွေလသာရဲ့ အခြေအနေကိုတော့ ကိုယ်တိုင်သိနေတာမို့ အားကိုးလောက်စရာ မရှိဘူး။
" ဦးလေးစွမ်းထက်သူကို လှောင်ခဲ့လို့ မင်းက ဝဋ်လည်တာ ထားပါတော့။ ငါကပါ ဘာလို့ ကြားက ဝဋ်ကြွေးဆပ်နေရတာလဲ။ ဟင်းချက်ရတာ အပျင်းဆုံးပါဆို။ "
စိုင်းရတုဟန်ရော စိုင်းစွမ်းထက်ပိုင်ပါ ဟင်းချက်တာ တော်သည်။ ငယ်ငယ်ထဲက အဖေတွေ ချက်တာ ဝင်ကူရင်း တတ်မြောက်နေတာ။ စိုင်းစွမ်းထက်ပိုင်အမေရော၊ စိုင်းရတုဟန် အမေပါ မယ်မယ်ရရ ဘာမှမချက်တတ်ဘူး။ ချက်တော့ချက်ကြပေမယ့် အရသာ အရမ်းမကောင်းပေ။ ညီအစ်မနှစ်ယောက်လုံး ယောကျာ်းတွေပဲ ခိုင်းစားနေကြတာ။
" ငါ့အဖေကို ငါလှောင်တိုင်း မင်းလည်း ဝင်ရယ်ခဲ့တယ်လေ။ ဗုဒ္ဓမြတ်စွာဘုရားဟောထားတယ်ကွ။ အားပေးထောက်ခံတဲ့သူလည်း အပြစ်ရှိတယ်တဲ့။"
အဲ့ဒါတော့ တကယ်ပင်။ စိုင်းစွမ်းထက်ပိုင်က ဦးစွမ်းထက်သူကို ရှေ့ကပြောတိုင်း စိုင်းရတုဟန်က ထောက်ခံပေးကာ ရယ်ခဲ့သည်။
" ဘယ်လိုမျိုးလဲ။"
ကာရံညီညာက မေးလိုက်တော့ စိုင်းရတုဟန်က ဝင်ဖြေသည်။
" ဒင်းက သူ့အဖေကို လေဒီရူူးလို့ နာမည်ပြောင်ပေးထားတာလေ။ "
ရှည်နေတဲ့ ရှပ်အကျီလက်ကို ခေါက်တင်နေရင်းမှ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ဆူသလို လှမ်းပြောသည်။
" အဖေကို အဲ့ဒီလိုခေါ်စရာလား။ "
" သူခေါ်တဲ့ အဓိပ္ပါယ်က အစ်ကိုကာရံထင်သလို မဟုတ်ဘူး။ ဦးလေးက အလုပ်တစ်ဖက်နဲ့ နံနက်တိုင်း အဓိကဟင်းပွဲ နှစ်ခွက်လောက် ချက်ပေးရတယ်လေ။ အဲ့ဒီအချိန်ဆို ဒေါ်လေးက အိပ်ယာကတောင် မထသေးဘူး။ ဦးလေးက ဟင်းချက်ရင်း ဒေါ်လေးကိုဆူမယ်၊ငေါက်မယ် နေ့တိုင်း ကြိမ်းနေကြ။ ဒါပေမယ့် ဒေါ်လေးနိုးလာရင် နံနက်စာ စားဖို့ပျင်းတဲ့ ဒေါ်လေးကို ချော့ကျွေးနေရပြန်ရော။ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်နဲ့ ပြောပြီး မိန်းမရှေ့ရောက်ရင် အဖျားရူူးသွားလို့ လေဒီရူူးလို့ခေါ်တာ။ လေဒီ(Lady)အရှေ့ရောက်ရင် ရူူးသွားတာလေ။အခု အဲ့ဒီဝဋ်တွေ လည်နေတာ။ "
ကာရံညီညာက ခေါင်းငုံ့ပြီး ရယ်နေသည်။ ငွေလသာက စိုင်းစွမ်းထက်ပိုင်ကို အားနာတာမို့ မျက်နှာလွှဲထားရင်း ပြုံးနေသည်။
စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်ကို ဂုတ်မှဆွဲကာ ခေါ်ထုတ်သွားသည်။ မဟုတ်ရင် ဒီနေ့ စျေးဝယ်သွားတဲ့ဆီ ရောက်မှာ မဟုတ်တော့ဘူး။
" အစ်ကိုတို့အတွက် မနက်စာ ဝယ်လာတာ။ "
ငွေလသာက သူ့လက်ထဲက ကော်ဖီဘူးထည့်ထားတဲ့ စက္ကူအိတ်လေးနှင့် ကိတ်မုန့်အိတ်ကို ကာရံညီညာကို ပေးလိုက်သည်။ကာရံညီညာက ငွေလသာကိုပါ မီးဖိုချောင်ထဲ ခေါ်သွားလိုက်သည်။
" မစားရသေးရင် အစ်ကိုနဲ့အတူတူစားမယ်လေ။ သူတို့ ညီအစ်ကိုနှစ်ယောက် အပြင်မှာ စားခဲ့လိမ့်မယ်။ "
" ဟုတ်ကဲ့ "
ကာရံညီညာကပဲ ပန်းကန်ထဲ မုန့်တွေ သေချာ လှယ်ထည့်ပေးသည်။ ခေါင်းငုံ့ကာ မုန့်စားနေတဲ့ ကာရံညီညာ့ကို ငွေလသာက လိုက်ကြည့်နေသည်။ ကာရံညီညာ့မှာ မျက်စံနက်နက်လေးနဲ့ မျက်တောင်ကော့ကော့လေးတွေ၊ နှုတ်ခမ်းရဲရဲလေးတွေရှိသည်။ ဆံပင်က ဘေးခွဲထားတာမို့သာ ယောကျ်ားဆန်သည့်ဘက်ကို ရောက်သွားတာမျိုးဖြစ်သည်။ အားလုံးခြုံကြည့်ရင် အရမ်းချောလှနေတာမျိုးတော့လည်း မဟုတ်ပေ။ စိုင်းစွမ်းထက်ပိုင်၏ ရုပ်ရည်က အထက်တန်းဆန်ကာ သန့်ပြန်သည်။ ထင်းလင်းနေသည်။ကာရံညီညာနဲ့ယှဥ်ရင် စိုင်းစွမ်းထက်ပိုင်က ပိုထင်ပေါ်သည်။သို့ပေမယ့် စိုင်းစွမ်းထက်ပိုင်က ကာရံညီညာကို သည်းသည်းလှုပ်ချစ်သည်မို့ အချစ်က ရုပ်ရည်၊ ပုံပန်းသဏ္ဍန်နဲ့တော့ သိပ်မဆိုင်သလိုပဲ။ အခုစိုင်းစွမ်းထက်ပိုင်တို့ အတွဲနဲ့မှ အချစ်မှာ အဲ့ဒါတွေက အရေးမပါမှန်း ပိုသဘောပေါက်လာသည်။
.............................
" အစ်ကို ... အမျိုးသမီးတွေကို အရမ်းမခိုင်းပါနဲ့လား။ "
အိမ်ထဲထိုင်နေရင်း ပျင်းလာတာမို့ ကာရံညီညာက ငွေလသာနဲ့အတူ အလုပ်ဆိုက်ဘက် ထွက်လာခဲ့သည်။လူလတ်ပိုင်း အမျိုးသမီးတွေကို ဘိလပ်မြေအိတ် ရွက်ခိုင်းတဲ့အပြင် အင်္ဂတေတွေပါတဲ့ သံအိုးထဲမှာလည်း အဆမတန်ထည့်ကာ သယ်ခိုင်းတာမို့ ကာရံညီညာက ဝင်ပြောလိုက်မိသည်။ အချို့ အမျိုးသမီးတွေဆိုရင် အင်္ဂတေ ထည့်ထားတဲ့ သံအိုးကို ပင့်ပေးလိုက်တိုင်း အလေးချိန်များတာမို့ ခေါင်းက အနောက်ယိုင်သွားသည်။
တွဲဖက်အင်ဂျင်နီယာဆိုတဲ့သူက ကာရံညီညာ့ကို သေချာကြည့်လာသည်။ပြီးနောက် အဖက်မတန်သလိုဖြင့် ပြောလာသည်။
" အလုပ်လုပ်နေတာ မင်းက ဘာနားလည်လို့လဲ။ လုပ်ငန်းခွင်က ဒီလိုပဲ။ သူတို့ကျေနပ်လို့ လာလုပ်တာမို့ တန်ရာတန်ကြေး လုပ်ပေးရမှာပဲ။ "
" စိုင်းစွမ်းက အမျိုးသမီးတွေကို ဝန်နဲ့မမျှတ မခိုင်းရဘူးလို့ ပြောထားတယ်မလား။ "
ကာရံညီညာက ထပ်ပြောသည်။ဂေါ်ပြားနဲ့ အင်္ဂတေကော်နေတဲ့သူကိုလည်း ရပ်ခိုင်းထားသည်။
" ဒီလောက်အဆောက်အအုံ အကြီးကြီး။ သူပြောသလိုသာလုပ်နေရင် ကြီးကြပ်သူအတွက် ဘာကျန်မှာလဲ။ နားမလည်ရင် အသာနေ။ "
စိုင်းစွမ်းထက်ပိုင် ပြောသလိုပင် ဒီလူက စကားပြောရတာ လက်ပေါက်ကပ်ကာ ကိုယ့်ဘက်ကိုယ်ပဲ ကြည့်တဲ့လူမျိုး။
" အင်ဂျင်နီယာခေါင်းဆောင်က အလုပ်ခွဲတမ်းကို မျှလုပ်ဖို့ ပြောထားတာ။ အုတ်ရိုးစီဖို့ အုတ်တွေလုံလောက်အောင် ချပေးပြီးရင်လည်း နားလို့ရတယ်လို့ ပြောပါတယ်။ ထမင်းစားချိန်အပါအဝင် နားချိန်လည်း သုံးကြိမ်ပေးထားပါတယ်။ဒီလိုမျိုး အင်္ဂတေကို အစမတန်လည်း မရွက်ခိုင်းပါဘူး။ "
အလုပ်သမားတစ်ယောက်ကပါ ဝင်ပြောလာတော့ ဇော်မျိုးက ဒေါသထွက်လာသည်။စိုင်းစွမ်းထက်ပိုင်နဲ့ အရင်နေ့က အခြေအတင် ဖြစ်ထားတာမို့ ဒီလိုစည်းမျဥ်းတွေ လက်ခံထားရပေမယ့် ကိုယ်က သူ့ထက်တောင် လုပ်သက်ရင့်တဲ့ အင်ဂျင်နီယာမို့ ကြောသလို ခံစားရတာမို့ ကျေနပ်တာမဟုတ်ဘူး။ဒီလိုမျိုး အရင်ဆိုက်တွေမှာလည်း ခိုင်းဖူးပေမယ့် ဘာပြသနာမှ ရှိခဲ့တာ မဟုတ်ဘူး။ အလုပ်သမားကို များများခိုင်းနိုင်လေ ကုမ္ပဏီက ပေးတဲ့ ပိုက်ဆံအပြင် အပိုဝင်ငွေ ပိုကျန်လေဖြစ်သည်။
" သူက အလုပ်ကတာဝန်ရှိသူဆိုပေမယ့် နင်တို့ကို ဒီမှာအလုပ်ဝင်ဖို့ အလုပ်လက်ခံထားတာက ငါ။ ငါခိုင်းသလိုလုပ်။ "
အလုပ်သမားတွေကို သိမ်းကျုံးဆူပြီး သူကိုယ်တိုင်က ခိုင်းနေတော့ ဘယ်သူမှ မပြောဝံ့တော့ဘူး။
" အစ်ကို အဲ့ဒီလို အရမ်းခိုင်းလို့မရဘူးလေ။ "
ကာရံညီညာက ပြောပြန်တော့ ဇော်မျိုးက ကာရံညီညာ့၏ ရင်ဘတ်ကို တွန်းလွှတ်လိုက်သည်။ ဒီအလုပ်ဆိုက်က လူတွေကြားမှာ လူငယ်ဖြစ်တဲ့ စိုင်းစွမ်းထက်ပိုင်ဆီက အော်ဟစ် ပြောဆိုတာ ခံထားရတာမို့ မကြေလည်သည့် စိတ်က စိုင်းစွမ်းထက်ပိုင်နဲ့ ပတ်သတ်မှုရှိတဲ့ ကာရံညီညာ့အပေါ် ပုံချလိုက်သည်။
" အစ်ကို ရရဲ့လား။ "
ငွေလသာက ကာရံညီညာ့ကို လာထူပေးသည်။ တွန်းလိုက်တဲ့အရှိန်က မများပေမယ့် ကျောက်ကြမ်းတွေ၊ အင်္ဂတေတွေ ချထားသည့်နေရာမို့ လက်တွေ၊ခြေထောက်တွေတော့ ပွန်းကုန်သည်။
" ဘာဖြစ်နေတာလဲ။ "
လူနည်းနည်း အုံနေတာမို့ ပြသနာဖြစ်နေမှန်း သိပေမယ့် စိုင်းစွမ်းထက်ပိုင်က မမြင်ရတော့ မေးလိုက်သည်။မေးပြီးမှ ကာရံညီညာ့ကို မြင်တော့ ခပ်သွက်သွက် လာထူပေးသည်။
" သူနားလည်တဲ့ လုပ်ငန်းမဟုတ်ဘဲ ဝင်ရှုပ်နေလို့ ထွက်သွားခိုင်းလိုက်တာ။ မင်းမျက်နှာနဲ့မို့ ... မဟုတ်ရင် ဆွဲထိုးပြီးပြီ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ခန္ဓာကိုယ်မှာ ပေကျံသွားတဲ့ အမှုန်အစတွေကို ဖယ်ပေးရင်းမှ ဇော်မျိုးကို ကြည့်သည်။ဒီလူ အလုပ်သမားတွေကို အဆမတန်ခိုင်းပြီး ဖိနှိပ်ထဲက ကြည့်မရတာ ဖြစ်သည်။ အလုပ်အတူတူတွဲလုပ်နေလို့ သည်းခံထားခဲ့တာက အခုဆက်သည်းခံလို့မရတော့ပေ။
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ပခုံးကို ဇော်မျိုးဘက် တွန်းကာ ပို့သည်။
" ထိုးလေ ... ထိုးကြည့်လေ။ "
ဇော်မျိုးက နည်းနည်း ကြောင်သွားပေမယ့် ဟန်ကိုယ့်ဖို့ စကားရှာသည်။
" သူ့ကို ဆွဲထိုးချင်တယ်လို့ ပြောလိုက်တယ်မလား။ ဆွဲထိုးလေ ... လုပ်လေ။"
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ဇော်မျိုးဘက် ပို့ပေးပြီး လုပ်ရဲရင် လုပ်ကြည့်လေဆိုတဲ့ ပုံစံနဲ့ ပြောနေသည်။
" စိုင်းစွမ်း တော်ပြီ။ "
စိုင်းရတုဟန်က လက်ထဲက အထုပ်တွေကို ငွေလသာကို ပေးခဲ့ပြီး စိုင်းစွမ်းထက်ပိုင်ကို တားလာသည်။တားနေတဲ့ကြားက စိုင်းစွမ်းထက်ပိုင်က လေအလျင်လို ခုန်သွားကာ ဇော်မျိုးကို ပိတ်ကန်သည်။ တစ်ချက်ထဲနဲ့ လဲသွားတော့ မတ်တပ်ရပ်အောင် ဆွဲထူပြီး ထိုးသည်။
" အဆုံးထိကိုဆိုးဝါးတာပဲ။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ အခုလို ဒေါသထိန်းရခက်ပြီး လူသတ်တော့မည့်ပုံစံလို မျက်လုံးတွေကစ ခက်ထန်ပြီး ဒေါသထွက်နေပုံမျိုး မမြင်ဖူးတာမို့ အံ့သြနေသည်။ခိုးပြေးတဲ့ညက ကာရံညီညာနဲ့ အဆင်မပြေဖြစ်ပြီး စားပွဲကို ချိုင့်ဝင်သွားအောင် ထိုးခဲ့တုန်းက စိုင်းစွမ်းထက်ပိုင် ဒေါသထွက်နေတယ်ထင်ခဲ့တာ။ အခုပုံစံနဲ့ ယှဥ်ရင် ဘာမှမဟုတ်သလိုပဲ။
စိုင်းစွမ်းထက်ပိုင်က ဇော်မျိုး၏ အကျီကို အရှေ့မှ ဆုပ်ဆွဲထားတာ မလွှတ်တော့ဘူး။ အလုပ်သမားတွေ ဝိုင်းဆွဲနေသည့်ကြားမှ မရမက ရုန်းထွက်နေကာ ဇော်မျိုးကို ထိုးဖို့ပဲ အားသန်နေသည်။
" စိုင်းစွမ်း တော်ပါတော့။ "
ကာရံညီညာ ပြောနေတာလည်း နားထဲ မဝင်ဘူး။ ဒီလောက်လူအုပ်ကြီးထဲမှာတောင် တစ်ဖက်လူ၏ မျက်နှာကို ထိထိမိမိ လေး၊ငါးချက် ဆွဲထိုးနိုင်သည်။တော်တော်လေးကြာမှသာ လူစုခွဲလို့ရသည်။
စိုင်းစွမ်းထက်ပိုင်၏ ခြေထောက်တွေဆိုရင် အင်္ဂတွေနဲ့ ညစ်ပက်ကုန်ကာ ဖိနပ်တွေလည်း ဘယ်ရောက်သွားမှန်းမသိဘူး။
" စိုင်းစွမ်းကို လူခွဲထားလိုက်။ ဒီလူ့ကို မြင်နေရင် သူ ထိန်းနိုင်မှာ မဟုတ်ဘူး။ "
စိုင်းရတုဟန်က ပြောလိုက်တော့ စိုင်းစွမ်းထက်ပိုင်က စိတ်လျော့လိုက်ကာ ဘေးက ချုပ်ထားတဲ့ လက်တွေကို ဆွဲဖယ်ပြီး အိမ်ဘက် ထွက်သွားသည်။
" ကိုယ်ထိလက်ရောက်ထိ ဖြစ်သွားလို့ စိုင်းစွမ်းထက်ပိုင် လွန်တယ် ထင်ရင် ခင်ဗျားကြိုက်တဲ့နေရာ သွားတိုင်လိုက်။ ဒီဆိုက်က အလုပ်သမားတွေရဲ့ တိုင်စာတွေ၊ ဒီနေ့အဖြစ်အပျက်နဲ့တင် ခင်ဗျားကို ဒီလုပ်ငန်းလောကမှာ သုံးစားမရအောင် နာမည်ဖျတ်လို့ရနေပြီ။ "
စိုင်းရတုဟန်က ပြောလိုက်ပြီးမှ ထွက်လာခဲ့သည်။အရင်ရက်တွေက စိုင်းစွမ်းထက်ပိုင် စိတ်ထိန်းနေခဲ့တာ။ပြသနာဖြစ်ရင် လုပ်ငန်းနှောင့်နှေးသွားမည်ဆိုး၍သာ။ အခုလိုဖြစ်ပြီးသွားတော့လည်း အနည်းနဲ့အများထိခိုက်ရတယ်ဆိုပေမယ့် ဒီလိုလူကို အလုပ်က ထုတ်နိုင်ဖို့ အကြောင်းပြချက်တော့ ရသွားသည်။
" အထဲမှာလား။ "
စိုင်းရတုဟန်က အိမ်ထဲ ဝင်လာပြီး တံခါးဝမှာ ရပ်နေတဲ့ ကာရံညီညာ့ကို မေးလာသည်။
" ဟုတ်တယ် ...အထဲက လော့ချထားတယ် ထင်တယ်။ "
" သူဒေါသထွက်ရင် အဲ့ဒီလိုပဲ။ ထိန်းမနိုင်သိမ်းမရဘဲ။ ဆိုက်က လူတွေများလို့ တော်သေးတယ်။ မဟုတ်ရင် ဟိုလူလည်း မသက်သာလောက်ဘူး။ "
ကာရံညီညာက ခေါင်းငြိမ့်သည်။ ဒီကို လိုက်လာခဲ့လို့ တော်သေးတာပေါ့ရယ်လို့ တွေးမိသည်။ ကျောက်ပြားခင်းထားတဲ့ကြမ်းပေါ်မှာ စိုင်းစွမ်းထက်ပိုင်၏ ခြေရာတွေနဲ့ ညစ်ပက်နေတာမို့ ကာရံညီညာက ရေဝတ်တိုက်ကာ သန့်ရှင်းလိုက်သည်။ စိုင်းရတုဟန်ကတော့ ခြေလက်တွေ ရေဆေးနေကာ ငွေလသာက ဧည့်ခန်းမှာ ငြိမ်ငြိမ်လေး ထိုင်နေသည်။
နာရီဝက်လောက်ကြာမှ ကာရံညီညာက သော့ဖြင့် တံခါးဖွင့်လိုက်ကာ အထဲဝင်လာသည်။ စိုင်းစွမ်းထက်ပိုင်က ကုတင်အစွန်းမှာ ဖြစ်သလို ထိုင်နေပြီး လက်နှစ်ဖက်က လက်သီးဆုပ်ထားကာ ဒူးပေါ် တင်ထားသည်။ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို မော့ကြည့်သည်။ မျက်လုံးတွေထဲမှာ ဒေါသတွေတော့ မရှိတော့ပေ။
" ဒီလာလေ "
စိုင်းစွမ်းထက်ပိုင်က ငြင်သာစွာပြောလိုက်ကာ ဘယ်ဘက်ပေါင်ကို လက်နဲ့ပုတ်ပြပြီး ကာရံညီညာ့ကို ခေါ်လိုက်သည်။ ကာရံညီညာက အနားတိုးလာတော့ ဘယ်ဘက်ပေါင်တစ်ဖက်ထဲပေါ် ကာရံညီညာ့ကို ထိုင်စေသည်။
" လန့်သွားမှာပဲ။ "
ကာရံညီညာ့၏ ကျောကို ခပ်ဖွဖွ ပွတ်ပေးရင်း ပြောလာတော့ ကာရံညီညာက ခေါင်းရမ်းသည်။
" ငါဘာမှမဖြစ်ပါဘူး။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ပေါင်ပေါ်ထိုင်ထားလျက်နဲ့ စိုင်းစွမ်းထက်ပိုင်ကို သိုင်းဖက်လိုက်သည်။
" ညနေကျရင် ငါကပြန်ရမှာ။ ဒီလိုပုံစံနဲ့ မင်းကို ဘယ်လို စိတ်ချထားရမှာလဲ။ "
" ကိုယ်အခုအဆင်ပြေနေပြီလေ။ ပြီးတော့ သူ့ကိုလည်း အလုပ်ထုတ်ပစ်မှာမို့ စိုးရိမ်စရာမှ မရှိတာ။သူဘာမှ နှောက်ယှက်ရဲမှာ မဟုတ်ဘူး။ သူတစ်ခုခုလုပ်တာနဲ့ ဒီလုပ်ငန်းအသိုင်းအဝိုင်းမှာ သုံးစားမရဖြစ်သွားမှာ သူသိတယ်။ "
" မင်းကို စိတ်မချတာက စိတ်မချတာပဲလေ။ "
" ကိုယ်ကတိပေးတယ် ... ဘာမှမဖြစ်စေရဘူး။ကိုယ့်အမျိုးတွေလည်း ဒီမှာရှိနေမှာပဲလေ။"
စိုင်းစွမ်းထက်ပိုင်က လေးလေးနက်နက်ကတိပေးလာတာမို့ ကာရံညီညာက ခေါင်းငြိမ့်လိုက်ရသည်။စိုင်းစွမ်းထက်ပိုင်က ပြုံးလိုက်ပြီး ကာရံညီညာ့၏ ဂုတ်လေးမှ နှိမ်ကိုင်ကာ ပခုံးပေါ် ခေါင်းလေးမီထားစေလိုက်သည်။
......................
" ဘာကူလုပ်ပေးရမလဲ။ "
မီးဖိုချောင်က နှစ်ယောက်အနား ကာရံညီညာက လာမေးတော့ စိုင်းစွမ်းထက်ပိုင်က ဟင်းရည်အိုး မွှေနေရင်းမှ လှည့်ကြည့်ရင်း ဖြေသည်။
" ကျွန်တော် လှည့်ကြည့်ရင် ချက်ချင်း မြင်ရတဲ့ နေရာမှာပဲနေ။ အဲ့ဒါဆို ဝင်ကူညီပေးတာထက် ပိုအမောပြေတယ်။ "
" တကယ့်သမိုင်းဝင်နွားကြီးပဲ။ "
စိုင်းရတုဟန်က ငရုတ်သီးစိမ်းအတောင့်ရှည်ကို လှအောင် လှီးနေရင်းမှ ခပ်တိုးတိုး ပြောလိုက်သည်။ ကာရံညီညာက ရှက်ရယ်, ရယ်ပြီး စိုင်းစွမ်းထက်ပိုင်၏ ခါးကို တံတောင်နဲ့ တိုက်သွားကာ စားပွဲဘေးမှာ ထိုင်ပြီး ငွေလသာနဲ့အတူ ပန်းကန်တွေ၊ဇွန်းတွေကို တစ်သျူးနဲ့ သုတ်နေသည်။
" ညီအစ်ကိုချင်း သတိမပေးဘူးလို့ နောက်မှ အပြစ်မတင်နဲ့။ တစ်ခါတစ်လေ အချစ်ဆိုတာက ကိုယ်မမျှော်လင့်ထားတဲ့အချိန်မှာ မသိလိုက်ဘဲ တိုးဝင်လာတာမျိုးကွ။ "
စိုင်းစွမ်းထက်ပိုင်က ပြောလာတော့ စိုင်းရတုဟန်က ငွေလသာကို လှည့်ကြည့်သည်။ငွေလသာ၏ မျက်လုံးအဆုံးက ထောင့်ကျဥ်းလေးတွေက စမြင်ခါစတုန်းက ကြည့်လို့မလှပေမယ့် အခုနောက်ပိုင်း ချစ်စရာကောင်းလာသလိုပဲ။ သို့ပေမယ့် စိုင်းရတုဟန်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
" ဇွတ်မြောက်ပေးမနေနဲ့။"
စိုင်းစွမ်းထက်ပိုင်က ဒီကိစ္စကို ထပ်မပြောတော့ဘဲ စိုင်းရတုဟန်ကို ဟင်းချက်နည်း ပြန်ပြောနေသည်။
" ပြောင်းဖူးက ထောင်းလိုက်လေ။ "
" ဓါးနဲ့လှီးချလည်းအတူတူပဲ။ မင်းဘာသာ သာ ချက်စမ်းပါ။ငါ့ကို ဆရာလာမလုပ်နဲ့။ "
ဟင်းချက်ဖို့အတွက် ဘာမှပါမလာတာမို့ ထမင်းအိုး အပါအဝင် ထမင်းစားပန်းကန်တွေကစ အစောင့်ဦးလေးဆီက ငှားရတာ ဖြစ်သည်။
" ဘာမှစုံစုံလင်လင်မရှိဘဲ ဒီလောက်အများကြီး ဝယ်လာတာ။ ချက်ပြီးသွားရင် ဘာနဲ့ ထည့်မှာလဲ။ "
" ဖော့ဘူးတွေ ဝယ်လာတယ်။ အဲ့ဒီထဲ ထည့်လို့ရတယ်။ ကန်းနေတာလား။ "
စိုင်းရတုဟန်က နောက်ထပ်ကျန်သေးသည့် မချက်ရသေးတဲ့ အသားထုပ်တွေကြည့်ပြီး ဓါးကို ဆောင့်ချပစ်လိုက်သည်။
" ငါ သုံးပွဲပဲ ချက်ပေးမှာ။ ကျန်တာ မင်းဟာမင်းလုပ်။ "
" ဘယ်လိုလုပ် တစ်ယောက်ထဲ ရမှာလဲ။ "
မလုပ်ပေးပါဘူး ပြောပြီး စိုင်းရတုဟန်လည်း အားလုံးပြီးသည်အထိ ကူညီရတာပါပဲ။ ဟင်းပွဲတွေအကုန် စားပွဲပေါ် လာတင်တော့ ကာရံညီညာရော ငွေလသာပါ အံ့သြနေသည်။ စားဖိုမှုူးတွေ ချက်ထားသလိုပဲ အမြင်လည်း တော်တော်လှသည်။
" ဘယ်ဘက်က စိုင်းစွမ်းချက်ထားတာတွေ။ညာဘက်က ကျွန်တော်ချက်ထားတာ။အစ်ကိုကာရံက ဒီထဲမှာ အသက်အကြီးဆုံးနော်။ ဘယ်ဟာပိုကောင်းလဲ မျှမျှတတ ရွေးပြီးပြောပေး။ ဘက်မလိုက်နဲ့။"
စိုင်းရတုဟန်က ပြောလာတော့ ကာရံညီညာလည်း ကိုယ့်ကိုယ်ကိုယ် Master Chefက ဒိုင်လိုခံစားလာရသည်။
" ငွေလသာလည်း မြည်းကြည့်လေ။ ဘယ်ဟာပိုကောင်းလဲ။ "
" ဟုတ်ကဲ့ "
ငွေလသာက တူလေးကို ကိုင်လာပြီး ကာရံညီညာပေးတဲ့ ဟင်းပန်းကန်ဆီ လှမ်းလိုက်တော့ စိုင်းရတုဟန်က ချက်ချင်းတားသည်။
" အဲ့ဒါဆိတ်သားတွေ ... မင်းမစားဘူး။ဒီတစ်ခွက်က ရှမ်းနံနံပင်တွေ စိုင်းစွမ်းထည့်ထားတာ မြင်လိုက်တယ်။ ကျန်တာပဲ စားကြည့်။ "
စိုင်းရတုဟန်က ဂရုတစိုက်ပင် ပြောလာသည်။ငွေလသာက ထိန်းမထားနိုင်စွာ ပြုံးလိုက်ရင်း ခေါင်းငြိမ့်သည်။
" အကုန်လုံးကောင်းပါတယ်။ "
ငွေလသာရော ကာရံညီညာရောက အဆင်ပြေပြေပင် ဖြေလိုက်သည်။ဟင်းတွေအများကြီး ဆက်တိုက်ချက်ထားတာမို့ စိုင်းစွမ်းထက်ပိုင်တို့ နှစ်ယောက်လုံး နည်းနည်းသာ စားနိုင်သည်။
ထမင်းစားနေရင်းမှ ငွေလသာ၏ ဖုန်းက မြည်လာတာမို့ ငွေလသာက ဖုန်းကို ထုတ်ကြည့်သည်။ မှတ်ထားတဲ့ နာမည်ကို ကြည့်ပြီး စိုင်းရတုဟန်ကို တစ်ချက်ခိုးကြည့်သည်။စိုင်းရတုဟန်ကလည်း ကြည့်နေတာနှင့် တွေ့သွားတော့ စိုင်းရတုဟန်က ဖုန်းကို လက်ကမ်းတောင်းသည်။
" အဲ့ဒီတစ်ယောက်မလား။ ငါ့ကိုပေး ... "
" သူက စာမေးချင်လို့ပါ။ အခြား ... "
" စောက်အဓိပ္ပါယ်မှမရှိတာ။ မင်းကိုပဲ စာမေးနေရအောင် မင်းက အတန်းထဲမှာ ထူးချွန်ကျောင်းသားလား။ဒါမှမဟုတ် အတန်းခေါင်းဆောင်လား။ "
ငွေလသာနဲ့အတန်းတူ ကောင်က ငွေလသာကို ဒီရက်ပိုင်း ဖုန်းခဏခဏခေါ်နေခဲ့တာ။စိုင်းရတုဟန်က သဘောမကျပေ။
" ကျွန်တော်လည်း သူ့ဆီကပဲ မသိတာတွေ မေးနေရတော့ ငြင်းလို့မကောင်းဘူး ကိုကိုလေး။ "
စိုင်းရတုဟန်က ငွေလသာ လက်ထဲက ဖုန်းကို ဆွဲယူလိုက်ပြီး ဖုန်းလက်ခံလိုက်သည်။
' ငွေလ ... ငါမနေ့ကမင်းကို မေးထားတယ်လေ။ ဘယ်ဟာကို အဓိကထားကြည့်ရမလဲ။ ဘယ်ဟာက အရေးကြီးအပုဒ်လဲ။စာမနိုင်တော့တာမို့ အရေးကြီးတာတွေ Starsပြထားမလို့။ '
' တစ်အုပ်လုံးအရေးကြီးတယ်။ စာအုပ်မျက်နှာဖုံးမှာ Starပြထားလိုက်။ '
' ဘယ်သူကြီးလဲ။ '
တစ်ဖက်က အံ့သြတကြီး မေးလာတော့ စိုင်းရတုဟန်က ခပ်ပြတ်ပြတ် ဖြေလိုက်သည်။
' သူ့ရည်းစား။ ငါ့ဖုန်းနံပါတ် ပို့ပေးလိုက်မှာမို့ နောက်တစ်ခါ မေးစရာရှိရင် ငါ့ဖုန်းကိုဆက်လိုက်။မာတိကာက စပြီး ရှင်းပြပေးမယ် ကြားလား။ '
စိုင်းရတုဟန်က ဖုန်းချလိုက်ပြီး Black Listထဲပါထည့်လိုက်ကာ ထိုဖုန်းနံပါတ်ဆီ ကိုယ့်ဖုန်းနံပါတ်ပါ ချက်ချင်းပို့ပေးလိုက်သည်။
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့အနားကပ်ကာ ခပ်တိုးတိုးပြောသည်။
" မချစ်လို့သာပဲနော်။ကိုယ်ချစ်ရတဲ့သူကို သဝန်တိုပြီး အရိပ်တကြည့်ကြည့် ချစ်တတ်တဲ့နေရာမှာ ကျွန်တော်က ပထမဆိုရင် မချစ်ဘူးဆိုတဲ့ ဒီကောင်က အခုထဲက 1st winner upဖြစ်နေပြီ။ " တဲ့။
ဆက်ရန်
Zawgyi
စိုင္းစြမ္းထက္ပိုင္ အိပ္ယာေပၚက ထ,လိုက္ေတာ့ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ေကာက္ဝတ္ကို ဆြဲထားသည္။ စိုင္းစြမ္းထက္ပိုင္က ထိုင္လ်က္ျဖင့္ ေနာက္လွည့္ၾကည့္ကာ ေမးလိုက္သည္။
" ဘာလို႔လဲ။ "
ကာရံညီညာက ေခါင္းရမ္းျပျပန္သည္။ စိုင္းစြမ္းထက္ပိုင္က ဖုန္းမွ နာရီကို ၾကည့္လိုက္ၿပီး ေျခာက္နာရီထိုးခါစမို႔ ေစာေသးတာမို႔ ကာရံညီညာေဘး ျပန္လွဲကာ ေစာင္ပုံထဲ ျပန္ဝင္လိုက္သည္။ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ အနားခ်က္္ခ်င္းပင္ တိုးကပ္လာကာ စိုင္းစြမ္းထက္ပိုင္၏ ဗိုက္ေပၚေခါင္းအုံးလာသည္။
" လူအရမ္းကပ္ေနပါ့လား။ "
" ငါေတာင္းပန္ပါတယ္ "
" ဟမ္ ... "
ကာရံညီညာက ႐ုတ္တရက္ ေတာင္းပန္လာေတာ့ စိုင္းစြမ္းထက္ပိုင္ အံ့ၾသသြားသည္။ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို ေမာ့ၾကည့္ၿပီး အၾကည့္ခ်င္းဆုံမွ ေျပာသည္။
" ၿပီးခဲ့တဲ့ရက္ေတြက ငါ့ဘာသာ စိတ္ေတြရႈပ္ေနၿပီး မင္းအေပၚပဲ ပုံခ်မိလို႔။ မင္းစိတ္မေကာင္း ျဖစ္ရေအာင္လည္း ေျပာခဲ့မိတယ္။ ေနာက္ၿပီး မရည္႐ြယ္ေပမယ့္ ကိုယ္ထိလက္ေရာက္လည္း လုပ္မိသြားတယ္။ အဲ့ဒါထက္ဆိုးတာက မင္းအျပစ္ကိုသာ ျမင္ခဲ့ၿပီး ငါ့ကိုယ္ငါေတာ့ မွန္တယ္ထင္ခဲ့လို႔။ မင္းနဲ႕ မေခၚမေျပာဘဲေနတယ္။မင္းဘက္က အလိုက္တသိနဲ႕ ငါစိတ္ခ်မ္းသာေအာင္ ေနခြင့္ေပးထားတာကိုလည္း ငါ့ကိုပစ္ထားတယ္ဆိုၿပီး မင္းကိုပဲ အျပစ္တင္မိတယ္။ငါကအႀကီးျဖစ္ေနပါလ်က္နဲ႕ ျဖစ္ၿပီး သြားတဲ့ ျပသနာကို ေျဖရွင္းရမယ့္အစား မင္းကိုပဲ အျပစ္တင္ေနခဲ့မိလို႔ ေတာင္းပန္ပါတယ္။ "
စိုင္းစြမ္းထက္ပိုင္က ၿပဳံးလိုက္ၿပီး ကာရံညီညာ၏ ဆံပင္ေလးေတြကို ခပ္ဖြဖြေလး ပြတ္သပ္ေပးသည္။
" ကြၽန္ေတာ္က နားလည္ပါတယ္ဗ်ာ။ ေတာင္းပန္စရာမလိုပါဘူး။ ကြၽန္ေတာ္လည္း အလုံးစုံ အျပစ္ကင္းေနတာမွ မဟုတ္တာ။ "
" မင္းနဲ႕မေျပလည္တဲ့ အခ်ိန္မွာ ခြဲေနရတာ တကယ္ဆိုးတယ္ သိလား။ ေျပလည္ခါစေရာက္ေတာ့လည္း ေဝးရျပန္ေတာ့ ငါ , မင္းကို တအား လြမ္းေနတာ။ "
" အဲ့ဒါနဲ႕ပဲ အေႂကြးဆပ္တဲ့ အေနနဲ႕ ကြၽန္ေတာ့္ဆီမွာကိုယ့္ကိုယ္ကိုယ္ ထိုးေကြၽးလိုက္တယ္ေပါ့။ဘဝႀကီးနဲ႕ ရင္းၿပီး အေႂကြးဆပ္လိုက္တာပဲ။ဒီလိုဆိုေတာ့လည္း ရိုက္ခံရတာ တန္သားပဲ။ "
ပါးရိုက္လိုက္မိသည္ကို အရင္ေန႕ေတြထဲက ကာရံညီညာ စိတ္မေကာင္းျဖစ္ေနတာ သိတာမို႔ စိုင္းစြမ္းထက္ပိုင္က ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေအာင္ ေျပာလိုက္သည္။ကာရံညီညာက ခ်က္ခ်င္းပင္ စိုင္းစြမ္းထက္ပိုင္၏ ရင္ဘတ္ကို ခပ္ၾကမ္းၾကမ္း ပိတ္ရိုက္သည္။
"စကားေကာင္းေကာင္းေျပာေနတာကို စ, လာၿပီ။ "
" ထရေအာင္။ မေန႕က ဆိုက္ထဲ တစ္ေနကုန္ ေနထားၿပီး အခုထိ ေရမခ်ိဳးရေသးေတာ့ လူက ႏုံးေနၿပီ။ "
" မင္းအရင္ထ ... ငါၿပီးမွ ထမယ္။ "
" ဟုတ္ပါၿပီ "
စိုင္းစြမ္းထက္ပိုင္က ေရခ်ိဳးခန္းထဲ အရင္ဝင္သြားသည္။ စိုင္းစြမ္းထက္ပိုင္ ၿပီးမွ ကာရံညီညာက ဝင္ရသည္။အဝတ္အစားအပိုက စိုင္းရတုဟန္တို႔ ကားေပၚက်န္ခဲ့တာမို႔ စိုင္းစြမ္းထက္ပိုင္၏ ပုဆိုးနဲ႕ ရွပ္အက်ီသာ ဝတ္ထားရသည္။
" စာေျခာက္႐ုပ္ အဝတ္ပတ္ေပးထားတဲ့ အတိုင္းပဲ။ "
ပုဆိုးက အဆင္ေျပေပမယ့္ အက်ီက ခါးမွာပဲ အနည္းငယ္ေခ်ာင္ကာ ၾကည့္ရမဆိုးေပမယ့္ လက္ေတြကေတာ္ေတာ္ရွည္ေနတာမို႔ စိုင္းစြမ္းထက္ပိုင္ ေျပာတာနဲ႕ တကယ္တူေနသည္။ ကာရံညီညာက ေပေစာင္းေစာင္း ၾကည့္လိုက္မွ စိုင္းစြမ္းထက္ပိုင္က ရယ္ကာ အနားလာထိုင္ဖို႔ ေနရာျပသည္။
" Dryerမပါဘူး။ တဘက္နဲ႕ သုတ္ေပးမယ္ေနာ္။ "
" အင္း "
ကာရံညီညာက ၾကမ္းေပၚ ထိုင္ခ်လိဳက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ ေျခတံရွည္ႏွစ္ခုၾကား ေနရာယူထားသည္။ စိုင္းစြမ္းထက္ပိုင္က တဘက္အျဖဴျဖင့္ ကာရံညီညာ၏ ဆံပင္ေတြကို ခပ္ျဖည္းျဖည္ခ်င္း သုတ္ေပးသည္။
" ခနေနရင္ စိုင္းရတုဟန္တို႔ ေရာက္လာမွာ။ အစ္ကို ေရခ်ိဳးခန္းဝင္ေနတုန္းက အစ္ကို႔ဖုန္းကို ဆက္လာတယ္။ "
" အင္း ... ဒါနဲ႕ေလ ...ေငြလသာကို သူခ်စ္လာေလာက္လား။ ေငြလသာက သူ႕ကို အရမ္းခ်စ္ေနတာ သိသာေတာ့ ဝမ္းမနည္းေစခ်င္ဘူး။"
" မေျပာတတ္ဘူးေလ။ ကိုယ္က သူမွမဟုတ္တာ။ ဒါေပမယ့္ သံေယာဇဥ္ေတာ့ ရွိမွာပဲ။ ေငြလသာက အနားမွာ အၿမဲရွိေနေပးလို႔ သူ႕စိတ္ထဲ မထင္ေပၚတာေနမွာ။ "
" အင္း ... အဲ့ဒါမ်ိဳးက ခြဲေနရမွပိုသိသာလာမွာ။ "
ေယာက်္ားေလး၏ ဆံပင္ဆိုေတာ့ ကာရံညီညာ့၏ ဆံပင္က ခဏေလးအတြင္းပဲ ေျခာက္သြားသည္။ကာရံညီညာ မထရေသးခင္မွာတင္ စိုင္းရတုဟန္တို႔က အိမ္ထဲ ဝင္လာၾကသည္။ ဧည့္ခန္းနဲ႕ အိပ္ခန္းက တစ္တန္းထဲမို႔ တံခါးလည္း ဖြင့္ထားသည္ေၾကာင့္ ဒီဘက္ကို ခ်က္ခ်င္း ေရာက္လာသည္။
"အစ္ကိုကာရံ႕ အဝတ္အစားေတြ မေန႕က ကြၽန္ေတာ္လည္း ထားခဲ့ဖို႔ေမ့ေနလို႔။ "
စိုင္းရတုဟန္ ကမ္းေပးတဲ့ အဝတ္အစားအိတ္ကို ကာရံညီညာက ယူလိုက္သည္။စိုင္းရတုဟန္က ကာရံညီညာ့ကို ခါးကိုင္းကာ ၾကည့္ၿပီးမွ ထပ္ေျပာလာသည္။
" ဒီအလုပ္ဆိုက္မွာ ေခြးတြဘာေတြ ေမြးထားတာ ရွိလား။ "
ကာရံညီညာက နားမလည္တာမို႔ ေခြးေမြးထားရွိလားလို႔ ေမးခ်င္ဟန္ စိုင္းစြမ္းထက္ပိုင္ကို ေမာ့ၾကည့္သည္။ရွပ္အက်ီကႀကီးေနတာမို႔ လည္ပင္းဟေနတဲ့ ကာရံညီညာ၏ အက်ီကို စိုင္းစြမ္းထက္ပိုင္က လက္နဲ႕ဆြဲေစ့ေပးလိုက္သည္။
" မျမင္မိဘူးေနာ္ စိုင္းစြမ္း "
ကာရံညီညာက အခုထိ နားမလည္ဘဲ ေျပာလာေတာ့ စိုင္းစြမ္းထက္ပိုင္က လက္ေခ်ာင္းေတြနဲ႕ ကိုယ့္ မ်က္ႏွာကို ပြတ္သပ္ကာရယ္ေနသည္။
" အ , လိုက္တာ။ ဒီေကာင္ ဘာေျပာလဲ ေငြလသာေတာင္ သိတယ္။ "
ကာရံညီညာက အခုမွ နားလည္သြားသည္။ စိုင္းစြမ္းထက္ပိုင္၏ ေပါင္ကို လက္နဲ႕လိမ္ဆြဲလိုက္သည္။
" စုတ္ျပတ္ေနေအာင္ ေခြးဆိုးကိုက္သြားတာေနမွာ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ေခါင္းေပၚ တဘက္ေလး တင္ေပးလိုက္ၿပီးမွ စိုင္းရတုဟန္ အနားသြားသည္။
" စကားမ်ားေနမယ့္အစား ေစ်းသြားဝယ္ရေအာင္။ ရွစ္နာရီေလာက္ အလုပ္သမားေတြ ေရာက္မွာဆိုေတာ့ ဆိုက္ထဲ ဆယ္နာရီေလာက္ သြားရမွာ။ ေနာက္က်ေနလိမ့္မယ္။ "
စိုင္းစြမ္းထက္ပိုင္က ဂ်ာကင္အက်ီကို ထပ္ဝတ္လိုက္ေတာ့ စိုင္းရတုဟန္က ခ်က္ခ်င္းျငင္းသည္။
" မင္းဘာသာမင္း သြားပါ့လား။ ငါတို႔က ဝယ္စားလည္း ရတာပဲ။ "
" ဒီနားက စားေသာက္ဆိုင္ေတြက အရသာမေကာင္းဘူး။ ၿမိဳ႕တြင္းက Hotelမွာပဲ အဆင္ေျပတာ။ ငါက ျပသနာမရွိေပမယ့္ ငါ့လူႀကီးေလးက အျပင္အစားအေသာက္ေတြ မႀကိဳက္ဘူး။ "
စိုင္းစြမ္းထက္ပိုင္ ေျပာတာအမွန္ပင္။ညက ေငြလသာနဲ႕အတူ စားေသာက္ဆိုင္ေကာင္းေကာင္းမွာ ဝင္စားတာေတာင္ အရသာမရွိတာက မ်ားေနသည္။
" စိုင္းရတု မလိုက္ခ်င္ရင္ ငါပဲလိုက္ခဲ့မယ္ေလ။ "
"လူႀကီးေလး ... ပင္ပန္းလိမ့္မယ္ ... ေနခဲ့။ ေငြလသာလည္း ေနခဲ့လိုက္။ လက္တိုလက္ေတာင္း ခိုင္းစရာ ဒီေကာင္ပါရင္ ရတယ္။ "
ကာရံညီညာက လိုက္ခဲ့ဖို႔ ေျပာေပမယ့္ စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္ကိုပဲ အေဖာ္ေခၚသည္။
" ဝယ္ေပးတာက အေဖာ္လိုက္လို႔ရတယ္။မခ်က္နိုင္ဘူးေနာ္။ "
" မခ်က္နိုင္ရင္ ငတ္ေလ။ ဒီထဲမွာ မင္းနဲ႕ငါကလြဲလို႔ ဘယ္သူက ခ်က္တတ္မွာလဲ။ "
စိုင္းရတုဟန္က ကာရံညီညာ့ကို ၾကည့္လိုက္ေတာ့ ကာရံညီညာက ေကာင္းေကာင္းမခ်က္တတ္တာမို႔ ေခါင္းရမ္းျပသည္။ ေငြလသာရဲ႕ အေျခအေနကိုေတာ့ ကိုယ္တိုင္သိေနတာမို႔ အားကိုးေလာက္စရာ မရွိဘူး။
" ဦးေလးစြမ္းထက္သူကို ေလွာင္ခဲ့လို႔ မင္းက ဝဋ္လည္တာ ထားပါေတာ့။ ငါကပါ ဘာလို႔ ၾကားက ဝဋ္ေႂကြးဆပ္ေနရတာလဲ။ ဟင္းခ်က္ရတာ အပ်င္းဆုံးပါဆို။ "
စိုင္းရတုဟန္ေရာ စိုင္းစြမ္းထက္ပိုင္ပါ ဟင္းခ်က္တာ ေတာ္သည္။ ငယ္ငယ္ထဲက အေဖေတြ ခ်က္တာ ဝင္ကူရင္း တတ္ေျမာက္ေနတာ။ စိုင္းစြမ္းထက္ပိုင္အေမေရာ၊ စိုင္းရတုဟန္ အေမပါ မယ္မယ္ရရ ဘာမွမခ်က္တတ္ဘူး။ ခ်က္ေတာ့ခ်က္ၾကေပမယ့္ အရသာ အရမ္းမေကာင္းေပ။ ညီအစ္မႏွစ္ေယာက္လုံး ေယာက်ာ္းေတြပဲ ခိုင္းစားေနၾကတာ။
" ငါ့အေဖကို ငါေလွာင္တိုင္း မင္းလည္း ဝင္ရယ္ခဲ့တယ္ေလ။ ဗုဒၶျမတ္စြာဘုရားေဟာထားတယ္ကြ။ အားေပးေထာက္ခံတဲ့သူလည္း အျပစ္ရွိတယ္တဲ့။"
အဲ့ဒါေတာ့ တကယ္ပင္။ စိုင္းစြမ္းထက္ပိုင္က ဦးစြမ္းထက္သူကို ေရွ႕ကေျပာတိုင္း စိုင္းရတုဟန္က ေထာက္ခံေပးကာ ရယ္ခဲ့သည္။
" ဘယ္လိုမ်ိဳးလဲ။"
ကာရံညီညာက ေမးလိုက္ေတာ့ စိုင္းရတုဟန္က ဝင္ေျဖသည္။
" ဒင္းက သူ႕အေဖကို ေလဒီ႐ူူးလို႔ နာမည္ေျပာင္ေပးထားတာေလ။ "
ရွည္ေနတဲ့ ရွပ္အက်ီလက္ကို ေခါက္တင္ေနရင္းမွ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို ဆူသလို လွမ္းေျပာသည္။
" အေဖကို အဲ့ဒီလိုေခၚစရာလား။ "
" သူေခၚတဲ့ အဓိပၸါယ္က အစ္ကိုကာရံထင္သလို မဟုတ္ဘူး။ ဦးေလးက အလုပ္တစ္ဖက္နဲ႕ နံနက္တိုင္း အဓိကဟင္းပြဲ ႏွစ္ခြက္ေလာက္ ခ်က္ေပးရတယ္ေလ။ အဲ့ဒီအခ်ိန္ဆို ေဒၚေလးက အိပ္ယာကေတာင္ မထေသးဘူး။ ဦးေလးက ဟင္းခ်က္ရင္း ေဒၚေလးကိုဆူမယ္၊ေငါက္မယ္ ေန႕တိုင္း ႀကိမ္းေနၾက။ ဒါေပမယ့္ ေဒၚေလးနိုးလာရင္ နံနက္စာ စားဖို႔ပ်င္းတဲ့ ေဒၚေလးကို ေခ်ာ့ေကြၽးေနရျပန္ေရာ။ဆင္ဖမ္းမယ္၊က်ားဖမ္းမယ္နဲ႕ ေျပာၿပီး မိန္းမေရွ႕ေရာက္ရင္ အဖ်ား႐ူူးသြားလို႔ ေလဒီ႐ူူးလို႔ေခၚတာ။ ေလဒီ(Lady)အေရွ႕ေရာက္ရင္ ႐ူူးသြားတာေလ။အခု အဲ့ဒီဝဋ္ေတြ လည္ေနတာ။ "
ကာရံညီညာက ေခါင္းငုံ႕ၿပီး ရယ္ေနသည္။ ေငြလသာက စိုင္းစြမ္းထက္ပိုင္ကို အားနာတာမို႔ မ်က္ႏွာလႊဲထားရင္း ၿပဳံးေနသည္။
စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္ကို ဂုတ္မွဆြဲကာ ေခၚထုတ္သြားသည္။ မဟုတ္ရင္ ဒီေန႕ ေစ်းဝယ္သြားတဲ့ဆီ ေရာက္မွာ မဟုတ္ေတာ့ဘူး။
" အစ္ကိုတို႔အတြက္ မနက္စာ ဝယ္လာတာ။ "
ေငြလသာက သူ႕လက္ထဲက ေကာ္ဖီဘူးထည့္ထားတဲ့ စကၠဴအိတ္ေလးႏွင့္ ကိတ္မုန့္အိတ္ကို ကာရံညီညာကို ေပးလိုက္သည္။ကာရံညီညာက ေငြလသာကိုပါ မီးဖိုေခ်ာင္ထဲ ေခၚသြားလိုက္သည္။
" မစားရေသးရင္ အစ္ကိုနဲ႕အတူတူစားမယ္ေလ။ သူတို႔ ညီအစ္ကိုႏွစ္ေယာက္ အျပင္မွာ စားခဲ့လိမ့္မယ္။ "
" ဟုတ္ကဲ့ "
ကာရံညီညာကပဲ ပန္းကန္ထဲ မုန့္ေတြ ေသခ်ာ လွယ္ထည့္ေပးသည္။ ေခါင္းငုံ႕ကာ မုန့္စားေနတဲ့ ကာရံညီညာ့ကို ေငြလသာက လိုက္ၾကည့္ေနသည္။ ကာရံညီညာ့မွာ မ်က္စံနက္နက္ေလးနဲ႕ မ်က္ေတာင္ေကာ့ေကာ့ေလးေတြ၊ ႏႈတ္ခမ္းရဲရဲေလးေတြရွိသည္။ ဆံပင္က ေဘးခြဲထားတာမို႔သာ ေယာက်္ားဆန္သည့္ဘက္ကို ေရာက္သြားတာမ်ိဳးျဖစ္သည္။ အားလုံးၿခဳံၾကည့္ရင္ အရမ္းေခ်ာလွေနတာမ်ိဳးေတာ့လည္း မဟုတ္ေပ။ စိုင္းစြမ္းထက္ပိုင္၏ ႐ုပ္ရည္က အထက္တန္းဆန္ကာ သန့္ျပန္သည္။ ထင္းလင္းေနသည္။ကာရံညီညာနဲ႕ယွဥ္ရင္ စိုင္းစြမ္းထက္ပိုင္က ပိုထင္ေပၚသည္။သို႔ေပမယ့္ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာကို သည္းသည္းလႈပ္ခ်စ္သည္မို႔ အခ်စ္က ႐ုပ္ရည္၊ ပုံပန္းသ႑န္နဲ႕ေတာ့ သိပ္မဆိုင္သလိုပဲ။ အခုစိုင္းစြမ္းထက္ပိုင္တို႔ အတြဲနဲ႕မွ အခ်စ္မွာ အဲ့ဒါေတြက အေရးမပါမွန္း ပိုသေဘာေပါက္လာသည္။
.............................
" အစ္ကို ... အမ်ိဳးသမီးေတြကို အရမ္းမခိုင္းပါနဲ႕လား။ "
အိမ္ထဲထိုင္ေနရင္း ပ်င္းလာတာမို႔ ကာရံညီညာက ေငြလသာနဲ႕အတူ အလုပ္ဆိုက္ဘက္ ထြက္လာခဲ့သည္။လူလတ္ပိုင္း အမ်ိဳးသမီးေတြကို ဘိလပ္ေျမအိတ္ ႐ြက္ခိုင္းတဲ့အျပင္ အဂၤေတေတြပါတဲ့ သံအိုးထဲမွာလည္း အဆမတန္ထည့္ကာ သယ္ခိုင္းတာမို႔ ကာရံညီညာက ဝင္ေျပာလိုက္မိသည္။ အခ်ိဳ႕ အမ်ိဳးသမီးေတြဆိုရင္ အဂၤေတ ထည့္ထားတဲ့ သံအိုးကို ပင့္ေပးလိုက္တိုင္း အေလးခ်ိန္မ်ားတာမို႔ ေခါင္းက အေနာက္ယိုင္သြားသည္။
တြဲဖက္အင္ဂ်င္နီယာဆိုတဲ့သူက ကာရံညီညာ့ကို ေသခ်ာၾကည့္လာသည္။ၿပီးေနာက္ အဖက္မတန္သလိုျဖင့္ ေျပာလာသည္။
" အလုပ္လုပ္ေနတာ မင္းက ဘာနားလည္လို႔လဲ။ လုပ္ငန္းခြင္က ဒီလိုပဲ။ သူတို႔ေက်နပ္လို႔ လာလုပ္တာမို႔ တန္ရာတန္ေၾကး လုပ္ေပးရမွာပဲ။ "
" စိုင္းစြမ္းက အမ်ိဳးသမီးေတြကို ဝန္နဲ႕မမွ်တ မခိုင္းရဘူးလို႔ ေျပာထားတယ္မလား။ "
ကာရံညီညာက ထပ္ေျပာသည္။ေဂၚျပားနဲ႕ အဂၤေတေကာ္ေနတဲ့သူကိုလည္း ရပ္ခိုင္းထားသည္။
" ဒီေလာက္အေဆာက္အအုံ အႀကီးႀကီး။ သူေျပာသလိုသာလုပ္ေနရင္ ႀကီးၾကပ္သူအတြက္ ဘာက်န္မွာလဲ။ နားမလည္ရင္ အသာေန။ "
စိုင္းစြမ္းထက္ပိုင္ ေျပာသလိုပင္ ဒီလူက စကားေျပာရတာ လက္ေပါက္ကပ္ကာ ကိုယ့္ဘက္ကိုယ္ပဲ ၾကည့္တဲ့လူမ်ိဳး။
" အင္ဂ်င္နီယာေခါင္းေဆာင္က အလုပ္ခြဲတမ္းကို မွ်လုပ္ဖို႔ ေျပာထားတာ။ အုတ္ရိုးစီဖို႔ အုတ္ေတြလုံေလာက္ေအာင္ ခ်ေပးၿပီးရင္လည္း နားလို႔ရတယ္လို႔ ေျပာပါတယ္။ ထမင္းစားခ်ိန္အပါအဝင္ နားခ်ိန္လည္း သုံးႀကိမ္ေပးထားပါတယ္။ဒီလိုမ်ိဳး အဂၤေတကို အစမတန္လည္း မ႐ြက္ခိုင္းပါဘူး။ "
အလုပ္သမားတစ္ေယာက္ကပါ ဝင္ေျပာလာေတာ့ ေဇာ္မ်ိဳးက ေဒါသထြက္လာသည္။စိုင္းစြမ္းထက္ပိုင္နဲ႕ အရင္ေန႕က အေျခအတင္ ျဖစ္ထားတာမို႔ ဒီလိုစည္းမ်ဥ္းေတြ လက္ခံထားရေပမယ့္ ကိုယ္က သူ႕ထက္ေတာင္ လုပ္သက္ရင့္တဲ့ အင္ဂ်င္နီယာမို႔ ေၾကာသလို ခံစားရတာမို႔ ေက်နပ္တာမဟုတ္ဘူး။ဒီလိုမ်ိဳး အရင္ဆိုက္ေတြမွာလည္း ခိုင္းဖူးေပမယ့္ ဘာျပသနာမွ ရွိခဲ့တာ မဟုတ္ဘူး။ အလုပ္သမားကို မ်ားမ်ားခိုင္းနိုင္ေလ ကုမၸဏီက ေပးတဲ့ ပိုက္ဆံအျပင္ အပိုဝင္ေငြ ပိုက်န္ေလျဖစ္သည္။
" သူက အလုပ္ကတာဝန္ရွိသူဆိုေပမယ့္ နင္တို႔ကို ဒီမွာအလုပ္ဝင္ဖို႔ အလုပ္လက္ခံထားတာက ငါ။ ငါခိုင္းသလိုလုပ္။ "
အလုပ္သမားေတြကို သိမ္းက်ဳံးဆူၿပီး သူကိုယ္တိုင္က ခိုင္းေနေတာ့ ဘယ္သူမွ မေျပာဝံ့ေတာ့ဘူး။
" အစ္ကို အဲ့ဒီလို အရမ္းခိုင္းလို႔မရဘူးေလ။ "
ကာရံညီညာက ေျပာျပန္ေတာ့ ေဇာ္မ်ိဳးက ကာရံညီညာ့၏ ရင္ဘတ္ကို တြန္းလႊတ္လိုက္သည္။ ဒီအလုပ္ဆိုက္က လူေတြၾကားမွာ လူငယ္ျဖစ္တဲ့ စိုင္းစြမ္းထက္ပိုင္ဆီက ေအာ္ဟစ္ ေျပာဆိုတာ ခံထားရတာမို႔ မေၾကလည္သည့္ စိတ္က စိုင္းစြမ္းထက္ပိုင္နဲ႕ ပတ္သတ္မႈရွိတဲ့ ကာရံညီညာ့အေပၚ ပုံခ်လိဳက္သည္။
" အစ္ကို ရရဲ႕လား။ "
ေငြလသာက ကာရံညီညာ့ကို လာထူေပးသည္။ တြန္းလိုက္တဲ့အရွိန္က မမ်ားေပမယ့္ ေက်ာက္ၾကမ္းေတြ၊ အဂၤေတေတြ ခ်ထားသည့္ေနရာမို႔ လက္ေတြ၊ေျခေထာက္ေတြေတာ့ ပြန္းကုန္သည္။
" ဘာျဖစ္ေနတာလဲ။ "
လူနည္းနည္း အုံေနတာမို႔ ျပသနာျဖစ္ေနမွန္း သိေပမယ့္ စိုင္းစြမ္းထက္ပိုင္က မျမင္ရေတာ့ ေမးလိုက္သည္။ေမးၿပီးမွ ကာရံညီညာ့ကို ျမင္ေတာ့ ခပ္သြက္သြက္ လာထူေပးသည္။
" သူနားလည္တဲ့ လုပ္ငန္းမဟုတ္ဘဲ ဝင္ရႈပ္ေနလို႔ ထြက္သြားခိုင္းလိုက္တာ။ မင္းမ်က္ႏွာနဲ႕မို႔ ... မဟုတ္ရင္ ဆြဲထိုးၿပီးၿပီ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ ခႏၶာကိုယ္မွာ ေပက်ံသြားတဲ့ အမႈန္အစေတြကို ဖယ္ေပးရင္းမွ ေဇာ္မ်ိဳးကို ၾကည့္သည္။ဒီလူ အလုပ္သမားေတြကို အဆမတန္ခိုင္းၿပီး ဖိႏွိပ္ထဲက ၾကည့္မရတာ ျဖစ္သည္။ အလုပ္အတူတူတြဲလုပ္ေနလို႔ သည္းခံထားခဲ့တာက အခုဆက္သည္းခံလို႔မရေတာ့ေပ။
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ ပခုံးကို ေဇာ္မ်ိဳးဘက္ တြန္းကာ ပို႔သည္။
" ထိုးေလ ... ထိုးၾကည့္ေလ။ "
ေဇာ္မ်ိဳးက နည္းနည္း ေၾကာင္သြားေပမယ့္ ဟန္ကိုယ့္ဖို႔ စကားရွာသည္။
" သူ႕ကို ဆြဲထိုးခ်င္တယ္လို႔ ေျပာလိုက္တယ္မလား။ ဆြဲထိုးေလ ... လုပ္ေလ။"
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ေဇာ္မ်ိဳးဘက္ ပို႔ေပးၿပီး လုပ္ရဲရင္ လုပ္ၾကည့္ေလဆိုတဲ့ ပုံစံနဲ႕ ေျပာေနသည္။
" စိုင္းစြမ္း ေတာ္ၿပီ။ "
စိုင္းရတုဟန္က လက္ထဲက အထုပ္ေတြကို ေငြလသာကို ေပးခဲ့ၿပီး စိုင္းစြမ္းထက္ပိုင္ကို တားလာသည္။တားေနတဲ့ၾကားက စိုင္းစြမ္းထက္ပိုင္က ေလအလ်င္လို ခုန္သြားကာ ေဇာ္မ်ိဳးကို ပိတ္ကန္သည္။ တစ္ခ်က္ထဲနဲ႕ လဲသြားေတာ့ မတ္တပ္ရပ္ေအာင္ ဆြဲထူၿပီး ထိုးသည္။
" အဆုံးထိကိုဆိုးဝါးတာပဲ။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ အခုလို ေဒါသထိန္းရခက္ၿပီး လူသတ္ေတာ့မည့္ပုံစံလို မ်က္လုံးေတြကစ ခက္ထန္ၿပီး ေဒါသထြက္ေနပုံမ်ိဳး မျမင္ဖူးတာမို႔ အံ့ၾသေနသည္။ခိုးေျပးတဲ့ညက ကာရံညီညာနဲ႕ အဆင္မေျပျဖစ္ၿပီး စားပြဲကို ခ်ိဳင့္ဝင္သြားေအာင္ ထိုးခဲ့တုန္းက စိုင္းစြမ္းထက္ပိုင္ ေဒါသထြက္ေနတယ္ထင္ခဲ့တာ။ အခုပုံစံနဲ႕ ယွဥ္ရင္ ဘာမွမဟုတ္သလိုပဲ။
စိုင္းစြမ္းထက္ပိုင္က ေဇာ္မ်ိဳး၏ အက်ီကို အေရွ႕မွ ဆုပ္ဆြဲထားတာ မလႊတ္ေတာ့ဘူး။ အလုပ္သမားေတြ ဝိုင္းဆြဲေနသည့္ၾကားမွ မရမက ႐ုန္းထြက္ေနကာ ေဇာ္မ်ိဳးကို ထိုးဖို႔ပဲ အားသန္ေနသည္။
" စိုင္းစြမ္း ေတာ္ပါေတာ့။ "
ကာရံညီညာ ေျပာေနတာလည္း နားထဲ မဝင္ဘူး။ ဒီေလာက္လူအုပ္ႀကီးထဲမွာေတာင္ တစ္ဖက္လူ၏ မ်က္ႏွာကို ထိထိမိမိ ေလး၊ငါးခ်က္ ဆြဲထိုးနိုင္သည္။ေတာ္ေတာ္ေလးၾကာမွသာ လူစုခြဲလို႔ရသည္။
စိုင္းစြမ္းထက္ပိုင္၏ ေျခေထာက္ေတြဆိုရင္ အဂၤေတြနဲ႕ ညစ္ပက္ကုန္ကာ ဖိနပ္ေတြလည္း ဘယ္ေရာက္သြားမွန္းမသိဘူး။
" စိုင္းစြမ္းကို လူခြဲထားလိုက္။ ဒီလူ႕ကို ျမင္ေနရင္ သူ ထိန္းနိုင္မွာ မဟုတ္ဘူး။ "
စိုင္းရတုဟန္က ေျပာလိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က စိတ္ေလ်ာ့လိုက္ကာ ေဘးက ခ်ဳပ္ထားတဲ့ လက္ေတြကို ဆြဲဖယ္ၿပီး အိမ္ဘက္ ထြက္သြားသည္။
" ကိုယ္ထိလက္ေရာက္ထိ ျဖစ္သြားလို႔ စိုင္းစြမ္းထက္ပိုင္ လြန္တယ္ ထင္ရင္ ခင္ဗ်ားႀကိဳက္တဲ့ေနရာ သြားတိုင္လိုက္။ ဒီဆိုက္က အလုပ္သမားေတြရဲ႕ တိုင္စာေတြ၊ ဒီေန႕အျဖစ္အပ်က္နဲ႕တင္ ခင္ဗ်ားကို ဒီလုပ္ငန္းေလာကမွာ သုံးစားမရေအာင္ နာမည္ဖ်တ္လို႔ရေနၿပီ။ "
စိုင္းရတုဟန္က ေျပာလိုက္ၿပီးမွ ထြက္လာခဲ့သည္။အရင္ရက္ေတြက စိုင္းစြမ္းထက္ပိုင္ စိတ္ထိန္းေနခဲ့တာ။ျပသနာျဖစ္ရင္ လုပ္ငန္းေႏွာင့္ေႏွးသြားမည္ဆိုး၍သာ။ အခုလိုျဖစ္ၿပီးသြားေတာ့လည္း အနည္းနဲ႕အမ်ားထိခိုက္ရတယ္ဆိုေပမယ့္ ဒီလိုလူကို အလုပ္က ထုတ္နိုင္ဖို႔ အေၾကာင္းျပခ်က္ေတာ့ ရသြားသည္။
" အထဲမွာလား။ "
စိုင္းရတုဟန္က အိမ္ထဲ ဝင္လာၿပီး တံခါးဝမွာ ရပ္ေနတဲ့ ကာရံညီညာ့ကို ေမးလာသည္။
" ဟုတ္တယ္ ...အထဲက ေလာ့ခ်ထားတယ္ ထင္တယ္။ "
" သူေဒါသထြက္ရင္ အဲ့ဒီလိုပဲ။ ထိန္းမနိုင္သိမ္းမရဘဲ။ ဆိုက္က လူေတြမ်ားလို႔ ေတာ္ေသးတယ္။ မဟုတ္ရင္ ဟိုလူလည္း မသက္သာေလာက္ဘူး။ "
ကာရံညီညာက ေခါင္းၿငိမ့္သည္။ ဒီကို လိုက္လာခဲ့လို႔ ေတာ္ေသးတာေပါ့ရယ္လို႔ ေတြးမိသည္။ ေက်ာက္ျပားခင္းထားတဲ့ၾကမ္းေပၚမွာ စိုင္းစြမ္းထက္ပိုင္၏ ေျခရာေတြနဲ႕ ညစ္ပက္ေနတာမို႔ ကာရံညီညာက ေရဝတ္တိုက္ကာ သန့္ရွင္းလိုက္သည္။ စိုင္းရတုဟန္ကေတာ့ ေျခလက္ေတြ ေရေဆးေနကာ ေငြလသာက ဧည့္ခန္းမွာ ၿငိမ္ၿငိမ္ေလး ထိုင္ေနသည္။
နာရီဝက္ေလာက္ၾကာမွ ကာရံညီညာက ေသာ့ျဖင့္ တံခါးဖြင့္လိုက္ကာ အထဲဝင္လာသည္။ စိုင္းစြမ္းထက္ပိုင္က ကုတင္အစြန္းမွာ ျဖစ္သလို ထိုင္ေနၿပီး လက္ႏွစ္ဖက္က လက္သီးဆုပ္ထားကာ ဒူးေပၚ တင္ထားသည္။ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ေမာ့ၾကည့္သည္။ မ်က္လုံးေတြထဲမွာ ေဒါသေတြေတာ့ မရွိေတာ့ေပ။
" ဒီလာေလ "
စိုင္းစြမ္းထက္ပိုင္က ျငင္သာစြာေျပာလိုက္ကာ ဘယ္ဘက္ေပါင္ကို လက္နဲ႕ပုတ္ျပၿပီး ကာရံညီညာ့ကို ေခၚလိုက္သည္။ ကာရံညီညာက အနားတိုးလာေတာ့ ဘယ္ဘက္ေပါင္တစ္ဖက္ထဲေပၚ ကာရံညီညာ့ကို ထိုင္ေစသည္။
" လန့္သြားမွာပဲ။ "
ကာရံညီညာ့၏ ေက်ာကို ခပ္ဖြဖြ ပြတ္ေပးရင္း ေျပာလာေတာ့ ကာရံညီညာက ေခါင္းရမ္းသည္။
" ငါဘာမွမျဖစ္ပါဘူး။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ေပါင္ေပၚထိုင္ထားလ်က္နဲ႕ စိုင္းစြမ္းထက္ပိုင္ကို သိုင္းဖက္လိုက္သည္။
" ညေနက်ရင္ ငါကျပန္ရမွာ။ ဒီလိုပုံစံနဲ႕ မင္းကို ဘယ္လို စိတ္ခ်ထားရမွာလဲ။ "
" ကိုယ္အခုအဆင္ေျပေနၿပီေလ။ ၿပီးေတာ့ သူ႕ကိုလည္း အလုပ္ထုတ္ပစ္မွာမို႔ စိုးရိမ္စရာမွ မရွိတာ။သူဘာမွ ေႏွာက္ယွက္ရဲမွာ မဟုတ္ဘူး။ သူတစ္ခုခုလုပ္တာနဲ႕ ဒီလုပ္ငန္းအသိုင္းအဝိုင္းမွာ သုံးစားမရျဖစ္သြားမွာ သူသိတယ္။ "
" မင္းကို စိတ္မခ်တာက စိတ္မခ်တာပဲေလ။ "
" ကိုယ္ကတိေပးတယ္ ... ဘာမွမျဖစ္ေစရဘူး။ကိုယ့္အမ်ိဳးေတြလည္း ဒီမွာရွိေနမွာပဲေလ။"
စိုင္းစြမ္းထက္ပိုင္က ေလးေလးနက္နက္ကတိေပးလာတာမို႔ ကာရံညီညာက ေခါင္းၿငိမ့္လိုက္ရသည္။စိုင္းစြမ္းထက္ပိုင္က ၿပဳံးလိုက္ၿပီး ကာရံညီညာ့၏ ဂုတ္ေလးမွ ႏွိမ္ကိုင္ကာ ပခုံးေပၚ ေခါင္းေလးမီထားေစလိုက္သည္။
......................
" ဘာကူလုပ္ေပးရမလဲ။ "
မီးဖိုေခ်ာင္က ႏွစ္ေယာက္အနား ကာရံညီညာက လာေမးေတာ့ စိုင္းစြမ္းထက္ပိုင္က ဟင္းရည္အိုး ေမႊေနရင္းမွ လွည့္ၾကည့္ရင္း ေျဖသည္။
" ကြၽန္ေတာ္ လွည့္ၾကည့္ရင္ ခ်က္ခ်င္း ျမင္ရတဲ့ ေနရာမွာပဲေန။ အဲ့ဒါဆို ဝင္ကူညီေပးတာထက္ ပိုအေမာေျပတယ္။ "
" တကယ့္သမိုင္းဝင္ႏြားႀကီးပဲ။ "
စိုင္းရတုဟန္က င႐ုတ္သီးစိမ္းအေတာင့္ရွည္ကို လွေအာင္ လွီးေနရင္းမွ ခပ္တိုးတိုး ေျပာလိုက္သည္။ ကာရံညီညာက ရွက္ရယ္, ရယ္ၿပီး စိုင္းစြမ္းထက္ပိုင္၏ ခါးကို တံေတာင္နဲ႕ တိုက္သြားကာ စားပြဲေဘးမွာ ထိုင္ၿပီး ေငြလသာနဲ႕အတူ ပန္းကန္ေတြ၊ဇြန္းေတြကို တစ္သ်ဴးနဲ႕ သုတ္ေနသည္။
" ညီအစ္ကိုခ်င္း သတိမေပးဘူးလို႔ ေနာက္မွ အျပစ္မတင္နဲ႕။ တစ္ခါတစ္ေလ အခ်စ္ဆိုတာက ကိုယ္မေမွ်ာ္လင့္ထားတဲ့အခ်ိန္မွာ မသိလိုက္ဘဲ တိုးဝင္လာတာမ်ိဳးကြ။ "
စိုင္းစြမ္းထက္ပိုင္က ေျပာလာေတာ့ စိုင္းရတုဟန္က ေငြလသာကို လွည့္ၾကည့္သည္။ေငြလသာ၏ မ်က္လုံးအဆုံးက ေထာင့္က်ဥ္းေလးေတြက စျမင္ခါစတုန္းက ၾကည့္လို႔မလွေပမယ့္ အခုေနာက္ပိုင္း ခ်စ္စရာေကာင္းလာသလိုပဲ။ သို႔ေပမယ့္ စိုင္းရတုဟန္က ခပ္ေပါ့ေပါ့သာ ေျပာလိုက္သည္။
" ဇြတ္ေျမာက္ေပးမေနနဲ႕။"
စိုင္းစြမ္းထက္ပိုင္က ဒီကိစၥကို ထပ္မေျပာေတာ့ဘဲ စိုင္းရတုဟန္ကို ဟင္းခ်က္နည္း ျပန္ေျပာေနသည္။
" ေျပာင္းဖူးက ေထာင္းလိုက္ေလ။ "
" ဓါးနဲ႕လွီးခ်လည္းအတူတူပဲ။ မင္းဘာသာ သာ ခ်က္စမ္းပါ။ငါ့ကို ဆရာလာမလုပ္နဲ႕။ "
ဟင္းခ်က္ဖို႔အတြက္ ဘာမွပါမလာတာမို႔ ထမင္းအိုး အပါအဝင္ ထမင္းစားပန္းကန္ေတြကစ အေစာင့္ဦးေလးဆီက ငွားရတာ ျဖစ္သည္။
" ဘာမွစုံစုံလင္လင္မရွိဘဲ ဒီေလာက္အမ်ားႀကီး ဝယ္လာတာ။ ခ်က္ၿပီးသြားရင္ ဘာနဲ႕ ထည့္မွာလဲ။ "
" ေဖာ့ဘူးေတြ ဝယ္လာတယ္။ အဲ့ဒီထဲ ထည့္လို႔ရတယ္။ ကန္းေနတာလား။ "
စိုင္းရတုဟန္က ေနာက္ထပ္က်န္ေသးသည့္ မခ်က္ရေသးတဲ့ အသားထုပ္ေတြၾကည့္ၿပီး ဓါးကို ေဆာင့္ခ်ပစ္လိုက္သည္။
" ငါ သုံးပြဲပဲ ခ်က္ေပးမွာ။ က်န္တာ မင္းဟာမင္းလုပ္။ "
" ဘယ္လိုလုပ္ တစ္ေယာက္ထဲ ရမွာလဲ။ "
မလုပ္ေပးပါဘူး ေျပာၿပီး စိုင္းရတုဟန္လည္း အားလုံးၿပီးသည္အထိ ကူညီရတာပါပဲ။ ဟင္းပြဲေတြအကုန္ စားပြဲေပၚ လာတင္ေတာ့ ကာရံညီညာေရာ ေငြလသာပါ အံ့ၾသေနသည္။ စားဖိုမႈူးေတြ ခ်က္ထားသလိုပဲ အျမင္လည္း ေတာ္ေတာ္လွသည္။
" ဘယ္ဘက္က စိုင္းစြမ္းခ်က္ထားတာေတြ။ညာဘက္က ကြၽန္ေတာ္ခ်က္ထားတာ။အစ္ကိုကာရံက ဒီထဲမွာ အသက္အႀကီးဆုံးေနာ္။ ဘယ္ဟာပိုေကာင္းလဲ မွ်မွ်တတ ေ႐ြးၿပီးေျပာေပး။ ဘက္မလိုက္နဲ႕။"
စိုင္းရတုဟန္က ေျပာလာေတာ့ ကာရံညီညာလည္း ကိုယ့္ကိုယ္ကိုယ္ Master Chefက ဒိုင္လိုခံစားလာရသည္။
" ေငြလသာလည္း ျမည္းၾကည့္ေလ။ ဘယ္ဟာပိုေကာင္းလဲ။ "
" ဟုတ္ကဲ့ "
ေငြလသာက တူေလးကို ကိုင္လာၿပီး ကာရံညီညာေပးတဲ့ ဟင္းပန္းကန္ဆီ လွမ္းလိုက္ေတာ့ စိုင္းရတုဟန္က ခ်က္ခ်င္းတားသည္။
" အဲ့ဒါဆိတ္သားေတြ ... မင္းမစားဘူး။ဒီတစ္ခြက္က ရွမ္းနံနံပင္ေတြ စိုင္းစြမ္းထည့္ထားတာ ျမင္လိုက္တယ္။ က်န္တာပဲ စားၾကည့္။ "
စိုင္းရတုဟန္က ဂ႐ုတစိုက္ပင္ ေျပာလာသည္။ေငြလသာက ထိန္းမထားနိုင္စြာ ၿပဳံးလိုက္ရင္း ေခါင္းၿငိမ့္သည္။
" အကုန္လုံးေကာင္းပါတယ္။ "
ေငြလသာေရာ ကာရံညီညာေရာက အဆင္ေျပေျပပင္ ေျဖလိုက္သည္။ဟင္းေတြအမ်ားႀကီး ဆက္တိုက္ခ်က္ထားတာမို႔ စိုင္းစြမ္းထက္ပိုင္တို႔ ႏွစ္ေယာက္လုံး နည္းနည္းသာ စားနိုင္သည္။
ထမင္းစားေနရင္းမွ ေငြလသာ၏ ဖုန္းက ျမည္လာတာမို႔ ေငြလသာက ဖုန္းကို ထုတ္ၾကည့္သည္။ မွတ္ထားတဲ့ နာမည္ကို ၾကည့္ၿပီး စိုင္းရတုဟန္ကို တစ္ခ်က္ခိုးၾကည့္သည္။စိုင္းရတုဟန္ကလည္း ၾကည့္ေနတာႏွင့္ ေတြ႕သြားေတာ့ စိုင္းရတုဟန္က ဖုန္းကို လက္ကမ္းေတာင္းသည္။
" အဲ့ဒီတစ္ေယာက္မလား။ ငါ့ကိုေပး ... "
" သူက စာေမးခ်င္လို႔ပါ။ အျခား ... "
" ေစာက္အဓိပၸါယ္မွမရွိတာ။ မင္းကိုပဲ စာေမးေနရေအာင္ မင္းက အတန္းထဲမွာ ထူးခြၽန္ေက်ာင္းသားလား။ဒါမွမဟုတ္ အတန္းေခါင္းေဆာင္လား။ "
ေငြလသာနဲ႕အတန္းတူ ေကာင္က ေငြလသာကို ဒီရက္ပိုင္း ဖုန္းခဏခဏေခၚေနခဲ့တာ။စိုင္းရတုဟန္က သေဘာမက်ေပ။
" ကြၽန္ေတာ္လည္း သူ႕ဆီကပဲ မသိတာေတြ ေမးေနရေတာ့ ျငင္းလို႔မေကာင္းဘူး ကိုကိုေလး။ "
စိုင္းရတုဟန္က ေငြလသာ လက္ထဲက ဖုန္းကို ဆြဲယူလိုက္ၿပီး ဖုန္းလက္ခံလိုက္သည္။
' ေငြလ ... ငါမေန႕ကမင္းကို ေမးထားတယ္ေလ။ ဘယ္ဟာကို အဓိကထားၾကည့္ရမလဲ။ ဘယ္ဟာက အေရးႀကီးအပုဒ္လဲ။စာမနိုင္ေတာ့တာမို႔ အေရးႀကီးတာေတြ Starsျပထားမလို႔။ '
' တစ္အုပ္လုံးအေရးႀကီးတယ္။ စာအုပ္မ်က္ႏွာဖုံးမွာ Starျပထားလိုက္။ '
' ဘယ္သူႀကီးလဲ။ '
တစ္ဖက္က အံ့ၾသတႀကီး ေမးလာေတာ့ စိုင္းရတုဟန္က ခပ္ျပတ္ျပတ္ ေျဖလိုက္သည္။
' သူ႕ရည္းစား။ ငါ့ဖုန္းနံပါတ္ ပို႔ေပးလိုက္မွာမို႔ ေနာက္တစ္ခါ ေမးစရာရွိရင္ ငါ့ဖုန္းကိုဆက္လိုက္။မာတိကာက စၿပီး ရွင္းျပေပးမယ္ ၾကားလား။ '
စိုင္းရတုဟန္က ဖုန္းခ်လိဳက္ၿပီး Black Listထဲပါထည့္လိုက္ကာ ထိုဖုန္းနံပါတ္ဆီ ကိုယ့္ဖုန္းနံပါတ္ပါ ခ်က္ခ်င္းပို႔ေပးလိုက္သည္။
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့အနားကပ္ကာ ခပ္တိုးတိုးေျပာသည္။
" မခ်စ္လို႔သာပဲေနာ္။ကိုယ္ခ်စ္ရတဲ့သူကို သဝန္တိုၿပီး အရိပ္တၾကည့္ၾကည့္ ခ်စ္တတ္တဲ့ေနရာမွာ ကြၽန္ေတာ္က ပထမဆိုရင္ မခ်စ္ဘူးဆိုတဲ့ ဒီေကာင္က အခုထဲက 1st winner upျဖစ္ေနၿပီ။ " တဲ့။
ဆက္ရန္