ခင်မီဇော့်ဆီက ဖုန်းလာနေတာမို့ စိုင်းစွမ်းထက်ပိုင်က ဖုန်းကိုင်လိုက်ပြီး အိမ်အပြင်ရောက်မှ ပြန်ဖြေလိုက်သည်။ကာရံညီညာ အိပ်ပျော်နေတာမို့ နိုးသွားမှာ စိုးရိမ်စိတ်ဖြင့်။
' အစ်ကိုက အိပ်ပျော်နေတယ်။ သူနဲ့စကားပြောချင်ရင် ခဏနေမှ တစ်ခေါက်ခေါ်လိုက်လေ။ "
ဧည့်ခန်းက သစ်သားခုံရှည်ပေါ် ခေါင်းအုံးလည်း မပါဘဲ ကွေးကွေးလေး အိပ်ပျော်နေသော ကာရံညီညာ့ကို ကြည့်ကာ စိုင်းစွမ်းထက်ပိုင်က ပြောလိုက်သည်။ခေါင်းအုံးပေါ် သိပ်ချင်ပေမယ့် နိုးသွားမှာစိုးတာကြောင့် ဒီအတိုင်းပဲသိပ်ထားပြီး ဇက်မနာသွားအောင် ခေါင်းလေးကိုပဲ တည့်ပေးခဲ့ပြီး လက်ရှည်အကျီ ခြုံပေးထားလိုက်သည်။
' အင်း ငါ့အစ်ကိုကို သေချာလေး စောင့်ရှောက်ပေးပါဦး။ စိတ်ချမယ်နော်။ "
'ငါ စောင့်ရှောက်မှာပါ။ အခုတော့ သူ စိတ်ဆက်နေတယ်။ အနားအလာမခံဘူး။ '
' နင်ကပဲ သည်းခံပေးပါဦး။သူ ငါ့ကိုလည်း စိတ်ဆိုးနေမှာ။ပြောလို့တော့ မကောင်းပေမယ့် အမေနဲ့အဖေက သူ့ကို ညှပ်််ချနေတာ။ သူက မထုံတတ်တေးမို့ သူတို့ဘက် အပျော့ဆွဲ ဆွဲနေတာ။ အဖေ ဒဏ်ရာရတာမှန်ပေမယ့် အဲ့ဒီလောက် မပြင်းထန်ဘူး။ သွေးစိမ့်တယ်ဆိုတာ သူ့ကို လိမ်တာ။ တကယ်က ဆေးထည့်ဖို့ ဆေးရုံက ခေါ်ရုံတင်။ သူ စိတ်ညစ်လွယ်တာ၊ လွယ်လွယ်နဲ့ အလျော့ပေးတတ်တာကို အပိုင်ကိုင်ပြီး နင်နဲ့ခွဲထားချင်တာ။ အားလုံးတော့ မဟုတ်ပေမယ့် အချို့ဟာတွေကို အမေက ပိုပိုသာသာလေး ပြောထားတာ။ '
' ငါခန့်မှန်းမိပါတယ်။ '
' ဒါပဲလေနော် ... နင်တို့ အခြေအနေသိချင်လို့ ဖုန်းဆက်လိုက်တာ။ နောက်မှပဲ အစ်ကိုနိုးလောက်ရင် ဖုန်းဆက်လိုက်မယ်။ '
' အင်း ... ငါလည်း နောက်မှ အန်တီတို့ကို လာတွေ့ပါဦးမယ်။လူကြီးတွေ သဘောမတူပါလျက်နဲ့ ခိုးယူသွားတာ တောင်းပန်သင့်တယ်လေ။'
စိုင်းစွမ်းထက်ပိုင်က ဖုန်းကို ဘောင်းဘီ၏ ရှေ့အိတ်ကပ်ထဲ ထည့်လိုက်ပြီးမှ အိမ်ထဲ ပြန်ဝင်လာလိုက်သည်။
အိပ်ရေးပျက်တာတွေ များတာမို့ ဘယ်အချိန်ထဲက ဒီခုံပေါ် အိပ်ပျော်နေမှန်း ကာရံညီညာလည်း မမှတ်မိပါ။ကိုယ်ပေါ်မှာ ခြုံပေးထားတဲ့ အကျီကို ဆွဲယူလိုက်ပြီး ခုံပေါ်လက်ထောက် အားပြုကာ ထလိုက်တော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကြင်နေသည်။
" မျက်နှာသစ်ဖို့ သွားတိုက်ဆေးနဲ့ သွားတိုက်တံ၊ မျက်နှာသစ်ဆေး။ မီးဖိုချောင်ရဲ့ဘေးမှာ ရေချိုးခန်းရှိတယ်။ အဲ့ဒီမှာ မျက်နှာသစ်လို့ရတယ်။ တဘက်က ဒီမှာ။ "
စိုင်းစွမ်းထက်ပိုင်က စားပွဲခုံပေါ် ပစ္စည်းအသစ်တွေ အကုန် တစ်ခုချင်းဆီ ချပေးသည်။ ကာရံညီညာက ပတ်တီးဖြူဖြူ ပတ်ထားသည့် စိုင်းစွမ်းထက်ပိုင်၏ ညာဘက်လက်ဆစ်နေရာတွေကို ကြည့်နေသည်။ စိုင်းစွမ်းထက်ပိုင်က မော့ကြည့်မှ အကြည့်ချင်းဆုံသွားတော့ အခြားဖက် မျက်စံလေး ရွှေ့သွားပြီး ပစ္စည်းတွေ ကတိုက်ကရိုက်ကောက်ကာ ရေချိုးခန်းဆီသွားသည်။
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာအိပ်ခဲ့သည့် ခုံမှာ ကျောမီကာ ထိုင်လိုက်ရင်း စောင့်နေလိုက်သည်။
" အဝတ်အစားလဲချင်မယ်ထင်လို့ ဝယ်လာခဲ့တာ။ ကြည့်ပြီး အဆင်ပြေတဲ့ တစ်စုံလဲလိုက်လေ။ နံနက်စာကို အိမ်ပြန်ရင်းမှ လမ်းမှာ စားလိုက်ရအောင်။ "
" အင်း "
ကာရံညီညာက မျက်နှာလေးကို တဘက်နဲ့ ပွတ်သုတ်ရင်းမှ စိုင်းစွမ်းထက်ပိုင် ဝယ်လာပေးတဲ့ စက္ကူအိတ်အဖြူထဲက ရှပ်အကျီနဲ့ဂျင်းဘောင်းဘီ အရှည်တစ်ထည်ကို ယူပြီး အထဲ ပြန်ဝင်သွားသည်။ခါးဆိုဒ်၊ လက်ဆိုဒ်တွေကစ အကျီရောဘောင်းဘီပါ ကာရံညီညာနဲ့ ကွက်တိပင်။
ကာရံညီညာ တစ်ခေါက်ပြန်ထွက်လာတော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ လက်ထဲက အဝတ်အပေ အိတ်ကို လာဆွဲသည်။ ပြီးနောက် အိမ်အပြင်ကို ဦးဆောင် ထွက်သွားပြီး ကာရံညီညာ့ကိုပါ စောင့်ပြီးမှ အိမ်တံခါး ပြန်ပိတ်သည်။ကျောက်ဆည်ဘက်က ဒီအိမ်က ဒေါ်နန်းခမ်းလွင် ခြံစိုက်ဖို့အတွက် ဝယ်ထားတဲ့အိမ်လေး။ မြေကွက်ကျယ်ကျယ်နဲ့ လေကောင်းလေသန့်ရသည်။
စိုင်းစွမ်းထက်ပိုင်က Lover Seatက တံခါးကို ဖွင့်ပေးပြီး ကာရံညီညာ ဝင်ထိုင်ပြီးမှ တံခါးပိတ်သွားသည်။အရင်ကဆိုရင် ဘာအကြောင်းမှ မယ်မယ်ရရမရှိဘဲ ပြောစရာ စကားတွေ အများကြီး ရှိခဲ့ကြသူတွေကြား တစ်ညလောက်လေးနဲ့ စကားစ ရှာဖို့ခက်နေသည်။
" ပတ်တီးက ပြေနေတယ်။ "
ကားစက်မနှိုးခင် Steering Wheelကို ကိုင်ထားတဲ့ စိုင်းစွမ်းထက်ပိုင်၏ လက်က ပတ်တီးပြေနေတော့ ကာရံညီညာက ပြောလိုက်သည်။တစ်ယောက်ထဲ ဆေးထည့်ပြီး ကိုယ့်ဘာသာပဲ အဆင်ပြေသလို စည်းထားတော့ ပတ်တီးက အနည်းငယ် ချောင်နေတာ။စိုင်းစွမ်းထက်ပိုင်က ပတ်တီးအနားကို ပါးစပ်နဲ့ကိုက်လိုက်ပြီးမှ လွတ်နေတဲ့ လက်တစ်ဖက်နဲ့ သေချာပြန်ချည်သည်။ ပြင်ပေးဖို့ ဟန်ပြင်ထားတဲ့ ကာရံညီညာ့၏ လက်လေးတစ်ဖက်က ခုံပေါ်မှာတင် လက်သီးသာ ဆုပ်ထားလိုက်သည်။
" ခုံကို အနောက်လှန်ပေးရမလား။ "
သစ်သားခုံပေါ် ဖြစ်သလို အိပ်ခဲ့တာမို့ ကာရံညီညာ၏ ခါးတွေက နာနေသည်။ သက်သာအောင် အရှေ့ကို ခါးကိုင်းထားရတော့ စိုင်းစွမ်းထက်ပိုင်က ကားမောင်းနေရင်းမှ မေးလာသည်။
" ရတယ် "
ကာရံညီညာ့၏ အသံက ဆောင့်အောင့်ထွက်လာတော့ စိုင်းစွမ်းထက်ပိုင်က တစ်ချက်ကြည့်လာသည်။ ကာရံညီညာလည်း ဘာတွေ အလိုမကျနေမှန်း ကိုယ်တိုင်မသိပါ။ စ, နောက်နေတတ်တဲ့ စိုင်းစွမ်းထက်ပိုင်မဟုတ်တဲ့ တည်ကြည်နေတဲ့ စိုင်းစွမ်းထက်ပိုင်ကို နေသားမကျဖြစ်ပြီး အလိုမကျ ဖြစ်နေခဲ့တာ။
" ကျွန်တော့်အိမ်မှာပဲ နေရမှာ အဆင်ပြေလား။ လူကြီးတွေနဲ့ မနေချင်ရင် သီးသန့်အိမ်ခွဲနေချင်လည်း ရတယ်။ "
" ဘယ်မှာပဲနေနေ ရတယ်။ "
ကာရံညီညာက ပြောလိုက်တော့ စိုင်းစွမ်းထက်ပိုင်က ခေါင်းငြိမ့်သည်။နှစ်ယောက်ထဲ ခွဲနေရင် ကာရံညီညာ အတွေးပိုများနေမှာ။ အိမ်မှာဆိုတော့ နွေးထွေးတဲ့ အမေနဲ့အဘွားလည်း ရှိသလို ဂရုစိုက်ပေးမယ့်အဖေလည်း ရှိသည်။ကာရံညီညာ့အတွက် ပိုအဆင်ပြေလောက်သည်။
မနေ့ညက ကိစ္စဖြစ်ပြီးထဲက ကာရံညီညာ မကြိုက်တာ မလုပ်တော့ဘဲ ကာရံညီညာ စိတ်ချမ်းသာအောင်သာ ထားမည်ဟု ဆုံးဖြတ်ထားသည်။အတင်းလိုက်ကပ်နေရင် ပိုလို့ စိတ်ညစ်မှာလည်း စိုးရိမ်ပါသည်။ကာရံညီညာ စိတ်အဆင်သင့်ဖြစ်သည်အထိ အချိန်ပေးချင်သည်။ ဒီအတောအတွင်းတော့ ကာရံညီညာ့၏ မိဘတွေနဲ့ အဆင်ပြေအောင် ကြိုးစားရမည်။ မဟုတ်ရင် ကိုယ့်အတွက်နဲ့ မိသားစု ဆက်ဆံရေး ပြတ်တောက်သွားလိမ့်မည်။ ကာရံညီညာလည်း အကြာကြီး စိတ်ဆိုးနေလိမ့်မည်။
" ကျွန်တော့်အိမ်မှာပဲ နေတာပေါ့။ "
ကာရံညီညာက ပြန်မဖြေတော့ဘူး။ နေထိုးနေတာမို့ ကာရံညီညာ့ဘေးက မှန်မှာပေါ်နေတဲ့ စိုင်းစွမ်းထက်ပိုင်၏ မျက်နှာကိုသာ ငေးကြည့်နေလိုက်သည်။ မျက်ခုံးတန်းတန်းပါးပါးလေးတွေ၊ နှာခေါင်းချွန်ချွန်လေးတွေ၊ လိမ္မော်ရောင်သန်းနေတဲ့ နှုတ်ခမ်းတွေ တစ်ခုချင်းကို ငေးကြည့်ပြီး မှန်ပေါ် ခေါင်းလေးကပ်မီထားလိုက်သည်။
" လားရှိုုးဆိုင်ခွဲ အမဲလုံးခေါက်ဆွဲဆိုင်ရှိတယ်။ အဲ့ဒီဆိုင်မှာ ကားရပ်လိုက်မယ်။ "
ကာရံညီညာက ဘာမှမပြောတော့ အိပ်ပျော်သွားသည်အထင်နဲ့ မှန်နဲ့ကပ်ထားရင် နဖူးနာနေမှာ စိုးတာကြောင့် ခုံကို နောက်လှန်ပေးလိုက်ပြီး ကားမောင်းနေရင်းမှ လက်တစ်ဖက်ဖြင့် ခေါင်းလေးကို တည့်ပေးတော့ ကာရံညီညာက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်လာသည်။
" Sorry ...အိပ်နေတယ်ထင်လို့။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်ကို ဖယ်လိုက်ပြီးမှ ခါးမတ်မတ်ဖြင့် ပြန်ထိုင်သည်။ အဝေးပြေးလမ်းမို့ ကားမောင်းတဲ့ အရှိန်အနည်းငယ် မြင့်ထားသည်မို့ လမ်းပေါ် သိုးအုပ်က ဖြတ်လာတော့ စိုင်းစွမ်းထက်ပိုင်က ဘရိတ်နင်းကာ ရပ်လိုက်သည်။ ဇိမ််ခံကားမို့ ခပ်ကြမ်းကြမ်းမဟုတ်ပေမယ့် ခုံနောက်လှန်ထားတာကြောင့် ကာရံညီညာက အနောက်ကို ယိုင်သွားတော့ စိုင်းစွမ်းထက်ပိုင်၏ လက်မောင်းတစ်ဖက်ကို အားကိုးစွာဖြင့် ဖမ်းဆုပ်ထားသည်။ပက်လက်ကျသွားပေမယ့် နာကြင်မှုတစ်ခုမှ မခံစားရပါ။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်မောင်းကို ပြန်လွှတ်ပေးလိုက်ပြီးမှ ခပ်တိုးတိုးနဲ့ ' Sorry ' လို့ပြန်ပြောသည်။
သူစိမ်းဆန်တဲ့ စကားက ဘယ်လောက်တောင် ကြားရခက်ခဲလဲ စိုင်းစွမ်းထက်ပိုင်ကိုလည်း သိစေချင်ပါသည်။
" ခင်မီဇော် ဖုန်းဆက်နေတာ။ "
စိုင်းစွမ်းထက်ပိုင်က ဖုန်းပေးလာတော့ ကာရံညီညာက ကိုင်လိုက်သည်။ ခင်မီဇော်က စိုင်းစွမ်းထက်ပိုင်ကို ပြောပြခဲ့သလိုပဲ ကာရံညီညာကို ပြောသည်။
' အဖေလည်း သက်သာတယ်။ စိုးရိမ်စရာမရှိတော့ဘူး။ ညီမလေး သေချာစောင့်ရှောက်ထားတာမို့ စိတ််ချပါ။အမေလည်း အဆင်ပြေတယ်။ စိတ်ဆိုးနေကြသေးပေမယ့် အရမ်းစိတ်မပူနဲ့။ နောက်တော့ အဆင်ပြေသွားမှာပါ။ အစ်ကိုသာ စိတ််ချပြီး နေနော်။" တဲ့။ကာရံညီညာလည်း အခုမှ အနည်းငယ်စိတ်သက်သာသွားသည်။
သိုးအုပ်တွေ အကုန်ဖြတ်သွားပြီးနောက် ငါးမိနစ်လောက်ပဲ ကားမောင်းလိုက်ရပြီး ခေါက်ဆွဲဆိုင် ရောက်သည်။နှစ်ယောက်အတူ ဘေးချင်းကပ်လျက် ဆိုင်ထဲ ဝင်လာပေမယ့် ပခုံးချင်းတော့ ထိမနေပါ။
" ခေါက်ဆွဲအသုပ်နှစ်ပွဲ။အမဲသားလုံး ဟင်းရည်သပ်သပ်ယူမယ်။ အပေါ်ဆီတွေ မထည့်ပေးနဲ့။ ကန်စွန်းဥ ဒါမှမဟုတ် ပိန်းဥနဲ့ ထည့်လုပ်တဲ့ ငါးမုန့်
ရှိရင်လည်း ပေးပါ။ "
စိုင်းစွမ်းထက်ပိုင်က Menuကဒ် ကြည့်ပြီး မှာလိုက်သည်။ ကာရံညီညာ စားတတ်သည့် ပုံစံတွေပင်။စိုင်းစွမ်းထက်ပိုင်က လက်က နာရီကို တစ်ချက်ပင့်ကာ ကြည့်တော့ ဆယ့်တစ်နာရီ ကျော်သွားပြီ။ အိမ်ကို ဆယ့်နှစ်နာရီကျော်လောက်တော့ ရောက်နိုင်တာမို့ ဆိုင်ပြင်ထွက်ကာ အိမ်ဖုန်းခေါ်လိုက်ပြီး ကာရံညီညာ ကြိုက်တတ်သည့်အရာလေးတွေ နေ့လယ်စာဟင်းတွေအပြင် ထပ်ဖြည့်ဖို့ မှာရသည်။
စိုင်းစွမ်းထက်ပိုင် ဆိုင််ထဲ ပြန်ဝင်လာတော့ ကာရံညီညာက ပိန်းဥကို ငါးမုန့်ကြော်လို ပြုလုပ်ထားတဲ့ မုန့်အကြွပ်ကို စားနေသည်။ကာရံညီညာက ပိန်းဥအရမ်းကြိုက်တတ်လို့ လူကလည်း ဓါတ်တူနာမ်တူ ပိန်းများနေသလားလို့ စိုင်းစွမ်းထက်ပိုင် တွေးမိသွားတော့ ညာဘက်ပါးက ပါးချိုင့် ရှည်ရှည်လေး ထင်းနေအောင် ပြုံးလိုက်မိသည်။
စိုင်းစွမ်းထက်ပိုင် ခုံမှာ ဝင်ထိုင်တော့ ကာရံညီညာက ရေစိမ်ရှမ်းခေါက်ဆွဲအသုပ်ကို ခေါင်းငုံ့ကာ စားနေသည်။ ခေါက်ဆွဲထဲတွင် ထည့်ထားသည့် အဆာတွေနှံ့အောင် စိုင်းစွမ်းထက်ပိုင်၏ ခေါက်ဆွဲပန်းကန်ကိုပါ ကာရံညီညာက မွှေပေးထားသေးသည်။ စိတ်ဆိုးနေပေမယ့် ဒီလိုလေး လုပ်ပေးထားတော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာကို ခဏခဏ ခိုးကြည့်မိသေးသည်။
နှစ်ယောက်ကို ဖန်ခွက်တစ်ခွက်ထဲနဲ့ ရေသန့်ဘူး ချပေးထားသည်။ ကာရံညီညာက ဖန်ခွက်ထဲ ထည့်ကာ ရေအရင်သောက်လိုက်တော့ စိုင်းစွမ်းထက်ပိုင်က ရေဘူးလိုက်ပဲ မော့သောက်လိုက်သည်။ ပိုက်ဆံရှင်းပြီး စိုင်းစွမ်းထက်ပိုင်က ရှေ့က ထွက်သွားတော့ ရေမကျန်တော့သည့် ရေဘူးကို ကာရံညီညာက ကြမ်းပေါ်ပစ်ချပြီး ခြေထောက်နဲ့ပိန်ရှုံ့နေအောင် တက်နင်းခဲ့သည်။
" ဘယ်သူကရော မင်းကို ခေါ်ပြောနေချင်လို့လဲ။ " တဲ့။
ကာရံညီညာ့အနေဖြင့် မနေ့ညက ကိုယ်တိုင်လည်း လွန်တာမှန်ပေမယ့် စိုင်းစွမ်းထက်ပိုင်လည်း မမှန်ခဲ့ဘူး ထင်တာပဲ။
..........................
" စာမလိုက်နိုင်ဘဲ ဘာလို့ ဒီဘာသာရပ်ကို သင်တာလဲ။ "
ငွေလသာက ခေါင်းလေးငုံ့နေသည်။ စိုင်းရတုဟန်က သက်ပြင်းချလိုက်ပြီးမှ ငွေလသာ ထိုင်သလို ကြမ်းပေါ် ထိုင်လိုက်ပြီး ဘေးချင်းကပ်လျက်အနေအထားဖြင့် ငွေလသာ လက်နဲ့ဖိနေသော စာအုပ်ကို ဆွဲယူသည်။
" ပုံဆွဲတာကလည်း တော်တော်လေး နုံချာတာပဲ။ အမှတ်ကောင်းနေတာကို IRတို့၊ Dentalတို့ မယူဘဲ Civilမှ လာတက်ရတယ်လို့။ "
စိုင်းရတုဟန်လည်း Civilကို အရမ်းကြီး စိတ်ဝင်စားတာ မဟုတ်ပေမယ့် ငယ်ငယ်ထဲက ထိတွေ့နေရတော့ ကျွမ်းကျင်မှုရှိသည်။ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်။ အခုလောလောဆယ် Fashionဆိုင်တွေပဲ ဖွင့်ထားပေမယ့်ပေါ့။
" ကိုကိုလေး သင်ပေးလေ။ ကိုကိုလေးက အမှတ်ကောင်းတာပဲ။ "
" ငါက မင်းPartnerနော်။ မင်းဆရာမဟုတ်ဘူး။အမြဲတမ်း အကုန်လိုက်လုပ်မပေးနိုင်ဘူး။အတန်းကကြီးနေပြီ။ စာကြေမှ ဖြစ်မှာ။ "
ငွေလသာကလည်း Civilကပဲ ဖြစ်သည်။ အခုတော့ စိုင်းရတုဟန်က ကျောင်းပြီးသွားပြီမို့ စီနီယာပေါ့။
" ဟုတ် ... နည်းနည်းလောက်တော့ သင်ပေးပါ။ သေချာလိုက်မှတ်မယ်။ ကတိပေးတယ်။ "
ငွေလသာက ဘယ်ဖက် လက်သန်းလေးကို ထောင်ပြီး ပြောလာတော့ စိုင်းရတုဟန်က မသိမသာ ပြုံးလိုက်သည်။
" မင်း ဘာလို့ ဒီဘာသာကို ရွေးတတ်တာလဲ ငါမေးနေတာ မဖြေရသေးဘူးနော်။ငါ့ကြောင့်နဲ့ တက်တာလို့တော့ လာမရွှီးနဲ့နော်။ မင်းနဲ့ငါ တွေ့တာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ။မင်းအခုရောက်နေတဲ့ နှစ်နဲ့ဆို ငါနဲ့မတွေ့ခင်ထဲက တက်ပြီးနေပြီ။ "
ငွေလသာက မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်နဲ့ ပြောလာသည်။
" ဒီတိုင်း တက်ချင်လို့ပါ။ "
" ကောင်းလိုက်တဲ့ ရည်ရွယ်ချက်။ "
စိုင်းရတုဟန်တောင် အိမ်က ဆောက်လုပ်ရေးကန်ထရိုက် လုပ်ငန်းမို့ ဒီလုပ်ငန်းအတွက် အကူအညီရအောင် ဒီဘာသာကို သင်ခဲ့တာကြောင့် သဘာဝကျပါသေးသည်။
စိတ်မရှည်ပါဘူးဆိုတဲ့ စိုင်းရတုဟန်က စာကို သေချာရှင်းပြပေးသည်။ငွေလသာက ခေါင်းလေးငုံ့ပြီး ပုံတွေ ဆွဲနေပြန်တော့လည်း စိုင်းရတုဟန်က ဘေးမှာ ထိုင်ကြည့်နေသည်။ မျက်လုံးထောင့်ကျဥ်းကျဥ်းလေးနဲ့ အနည်းငယ်ထော်နေတဲ့ ငွေလသာ၏ ရှေ့နှုတ်ခမ်းလေးကို ကြည့်နေမိသည်။
" မင်း ငါ့အရင်မှာ ရည်းစားရှိလား။ "
ခဲတံလေးကို နှုတ်ခမ်းနားကပ်ထားရင်းမှ ငွေလသာက ခေါင်းရမ်းပြသည်။
" ကိုကိုလေးက ပထမဆုံးပဲ။ "
" ယုံပေးလိုက်ပါ့မယ်။ "
" တကယ်ပြောတာ ... ကိုကိုလေးကသာ ကျွန်တော့်အရင်ရော၊ အခုရော ရည်းစားတွေ မရေမတွက်နိုင်အောင် ရှိနေပြီးတော့။ ဒါပေမယ့် ကိုကိုလေးကို နားလည်တယ်။ ကိုကိုလေးက Straightလေ ... မိန်းကလေးရည်းစားထားမှာပေါ့။ ကျွန်တော်တစ်ယောက်ထဲနဲ့ ဘယ်လိုတွဲမှာလဲ။ "
" Bisexualityလောက်တော့လုပ်ပါ။ ယောကျ်ားလေး တစ်ယောက်ကို သဘောကျပြီး တွဲတယ်ဆိုကတည်းက Straightအစစ်တော့ မဟုတ်တော့ဘူးလေ။ "
" ယောကျ်ားလေးထဲဆိုရင် ကျွန်တော်နဲ့ပဲ တွဲဖူးတာမလား။ ဘာလို့လဲ ဟင်။ ကျွန်တော့်ကို လက်ခံတာ ဘာလို့လဲ။ "
စိုင်းရတုဟန်က ငွေလသာနဲ့ အကြည့်ချင်းဆုံတော့ အကြည့်လွှဲလိုက်ပြီးမှ ဖြေသည်။
" မင်းက ချောချောလှလှလေးမို့လို့။ ငါက ချောတာလှတာတွေ သဘောကျတယ်လေ။ "
ငွေလသာ၏ မျက်ခုံးလေးတွေ ကွေးကုပ်သွားပေမယ့် ဘာမှတော့ မပြောပါ။ စိုင်းရတုဟန်၏ အဖြေက အမှန်မဟုတ်ကြောင်း မှန်ရှေ့ရပ်ရုံနဲ့တင် အသိသာကြီး။ငွေလသာ၏ ရုပ်ရည်က ကြည့်လို့အဆင်ပြေရုံတင်။
" စာလုပ်တော့။ ဒီညနေ မင်းလည်း မင်းအိမ်ပြန်ချင်ရင်ပြန်နော်။ ကိုယ်လည်း အိမ်မှာ အလုပ်ရှိလို့ Condoကို ပြန်မအိပ်ဖြစ်ဘူး။ "
" ဒီနေ့ ညဘက်အပြင်လျှောက်လည်မယ်လို့ ကိုကိုလေး ကတိပေးထားတာ။ "
" ကိုယ်မအားလို့လေ ... နောက်မှပေါ့။ "
" အလုပ်က အရေးကြီးလို့လား။ "
" ဆိုပါတော့ "
" ဟုတ်ကဲ့ "
ငွေလသာက ထပ်ပြီး မတောင်းဆိုတော့ဘူး။ စာအုပ်တွေဆီမှာပဲ အာရုံ ပြန်ရောက်သွားသည်။ငွေလသာ စာလုပ်နေစဥ် တစ်လျှောက်လုံး စိုင်းရတုဟန်က ဘေးမှာ ဖုန်းကြည့်ရင်း ထိုင်နေပေးသည်။
.......................
Disneyဆိုတဲ့ စားသောက်ဆိုင်ကို ငွေလသာက ဖခင်ဖြစ်သူနဲ့ ရောက်နေသည်။ ဦးထင်လင်းက အမြဲတမ်း ပြည်ပမှာပဲ ရှိတတ်တာမို့ ဒီကို နှစ်ပတ်တစ်ခါ ပြန်ရောက်လာတိုင်း ငွေလသာနဲ့အတူ ညစာထွက်စားပြီး လိုချင်တာတွေ ဝယ်ပေးတတ်သည်။ လူလည်မိန်းမနဲ့ ရတဲ့သားဆိုပေမယ့် ငွေလသာကိုတော့ အရမ်းချစ်သည်။ ဖခင်မေတ္တာလည်း အပြည့်အဝပေးသည်။
" ဒီညအပြင်မှာပဲ နေဖြစ်မှာဆို။ ဘယ်ကဘယ်လို အစီအစဥ်ပြောင်းသွားတာလဲ။သားသာ ကြိုပြောရင် မြို့မလင်းနဲ့သူ့အမေကိုပါ ခေါ်ထားလို့ ရတယ်။ "
" ဒီလိုပဲ အစီအစဥ်ပြောင်းသွားတာ။ "
ငွေလသာက ပြုံးနေပေမယ့် စိတ်ထဲတော့ ပျော်မနေပါ။ စိုင်းရတုဟန်များ အခြားသူနဲ့ သွားတွေ့နေတာများလားဆိုတဲ့ အတွေးတွေ ဝင်လာသည်။ မတွေးဘဲ နေချင်ပေမယ့် သူ့ဘာသာ ခေါင်းထဲရောက်လာတာ။
" လိုချင်တာ တစ်ခုခုရှိလို့လား။ "
" မရှိပါဘူး အဖေကလည်း "
"မုန့်ဖိုးရောလောက်ရဲ့လား။ မလောက်ရင် သားအန်တီဆီက လိုသလောက်တောင်းသုံး။ "
" ဟုတ် ... သိပါတယ်။ "
Mango Smoothieကို စိတ်မပါစွာ ဇွန်းလေးနဲ့ ကော်စားနေလိုက်ရင်း မှန်တွေကာရံထားတဲ့ တံခါးဘက်ကို ငေးကြည့်လိုက်တော့ စိုင်းရတုဟန်ကို မြင်လိုက်ရသည်။ ဘေးမှာလည်း ကောင်မလေး တစ်ယောက်ပါသည်။စိုင်းရတုဟန်က မျက်လုံးကစားရင်း ဝေ့ဝဲကြည့်တော့ ငွေလသာကို မြင်သွားသည်။ ငွေလသာက အလျင်အမြန်ပင် ခေါင်းငုံ့ကာ အရသာတောင် ခံလို့မရတော့တဲ့ Mango Smoothieကို တရစပ်စားနေလိုက်သည်။စိုင်းရတုဟန် အကြောင်းကို သိပြီးသားမို့ ငိုချင်ရင်တောင် ငိုနေလည်းအပိုပဲမို့ ငွေလသာက အံကြိတ်သည်းခံထားသည်။ ကိုယ့်ကိုတော့ အချိန်မပေးနိုင်ဘဲ အရေးကြီးကိစ္စဆိုတာ ဒီတစ်ယောက်နဲ့ လည်ပတ်ဖို့ အတွက်ဆိုတာ သိရတော့ စိတ်မကောင်း ဖြစ်တာတော့ အမှန်ပင်။
" အသိလား "
စိုင်းရတုဟန်ဘေးက အစ်မဝမ်းကွဲက မေးလာတော့ ခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။
" အင်း ... နည်းနည်းတော့ ရင်းနှီးတယ်။ "
"အခုလက်ရှိတွဲနေတဲ့ ကောင်လေးမလား။ စိုင်းစွမ်းပြောပြလို့ သိထားတယ်။ "
" သတင်းက မြန်လိုက်တာ။ "
" စိုင်းစွမ်း သူ့ကောင်လေးကို ခိုးပြေးတာတောင် နင်ဖြန့်လို တစ်မျိုးလုံး သိသေးတာပဲ။ နင့်ကိစ္စလည်း သိတာ အဆန်းလုပ်လို့။နင်တို့နှစ်ယောက်က အမျိုးထဲပွဲတိုင်းကျော်လေ။ "
စိုင်းရတုဟန်က ရယ်လိုက်သည်။
" ကြားတာတော့ ဟိုကောင် ပွဲတိုင်း မကျော်နိုင်တော့ဘူးတဲ့။ လင်ပူမိနေတယ်တဲ့။ ဒီကအပြန် ဒင်းဆီ ဝင်ဦးမယ်။"
" အေး ...သူများကို ရယ်နေ။ကိုယ့်အလှည့်မှ ကားနေမယ်။ နင့်အကြိုက်ပုံစံ မဟုတ်ဘဲ ဒီကောင်လေးနဲ့ ဘာလို့ တွဲနေတာလဲ။ "
" ငါက ဘယ်လိုပုံစံမျိုးကြိုက်တာမို့လဲ။ "
" အမြဲတွဲနေတဲ့သူတွေက ချောပေ့လှပေ့ဆိုတာတွေလေ။ ဟိုကလေး ငါတို့ကို တစ်မျိုးထင်သွားလောက်တယ်။ ရှင်းပြလိုက်ဦး။ "
" ရတယ် ... သူကအေးဆေး။ "
စိုင်းရတုဟန်က ဝမ်းကွဲအစ်မဖြစ်သူ၏ အဝတ်အစားအိတ်တွေ ကူဆွဲပေးကာ ငွေလသာ ထိုင်နေတဲ့ မှန်တံခါးဘေးမှ ခပ်တည်တည်ပဲ ဖြတ်သွားသည်။
" ဝဋ်အကြီးကြီး လည်မှာပဲ။ "
စိုင်းစွမ်းထက်ပိုင်ဆီကလည်း ဒီစကား ကြားနေကြမို့ စိုင်းရတုဟန်က မဖြုံပါ။ ဝဋ်လည်ကြေးသာဆို အစောပိုင်းထဲက ဝဋ်လည်တာ ကြာလှပေါ့။ စိုင်းရတုဟန်ကိုက ဒီတစ်ဘဝလုံး သက်တောင့်သက်သာနဲ့ အချစ်ခံရမယ့် ကံပါလာတာ။
Recommend Song
ဆက်ရန်
Zawgyi
ခင္မီေဇာ့္ဆီက ဖုန္းလာေနတာမို႔ စိုင္းစြမ္းထက္ပိုင္က ဖုန္းကိုင္လိုက္ၿပီး အိမ္အျပင္ေရာက္မွ ျပန္ေျဖလိုက္သည္။ကာရံညီညာ အိပ္ေပ်ာ္ေနတာမို႔ နိုးသြားမွာ စိုးရိမ္စိတ္ျဖင့္။
' အစ္ကိုက အိပ္ေပ်ာ္ေနတယ္။ သူနဲ႕စကားေျပာခ်င္ရင္ ခဏေနမွ တစ္ေခါက္ေခၚလိုက္ေလ။ "
ဧည့္ခန္းက သစ္သားခုံရွည္ေပၚ ေခါင္းအုံးလည္း မပါဘဲ ေကြးေကြးေလး အိပ္ေပ်ာ္ေနေသာ ကာရံညီညာ့ကို ၾကည့္ကာ စိုင္းစြမ္းထက္ပိုင္က ေျပာလိုက္သည္။ေခါင္းအုံးေပၚ သိပ္ခ်င္ေပမယ့္ နိုးသြားမွာစိုးတာေၾကာင့္ ဒီအတိုင္းပဲသိပ္ထားၿပီး ဇက္မနာသြားေအာင္ ေခါင္းေလးကိုပဲ တည့္ေပးခဲ့ၿပီး လက္ရွည္အက်ီ ၿခဳံေပးထားလိုက္သည္။
' အင္း ငါ့အစ္ကိုကို ေသခ်ာေလး ေစာင့္ေရွာက္ေပးပါဦး။ စိတ္ခ်မယ္ေနာ္။ "
'ငါ ေစာင့္ေရွာက္မွာပါ။ အခုေတာ့ သူ စိတ္ဆက္ေနတယ္။ အနားအလာမခံဘူး။ '
'နင္ကပဲ သည္းခံေပးပါဦး။သူ ငါ့ကိုလည္း စိတ္ဆိုးေနမွာ။ေျပာလို႔ေတာ့ မေကာင္းေပမယ့္ အေမနဲ႕အေဖက သူ႕ကို ညွပ္္္ခ်ေနတာ။ သူက မထုံတတ္ေတးမို႔ သူတို႔ဘက္ အေပ်ာ့ဆြဲ ဆြဲေနတာ။ အေဖ ဒဏ္ရာရတာမွန္ေပမယ့္ အဲ့ဒီေလာက္ မျပင္းထန္ဘူး။ ေသြးစိမ့္တယ္ဆိုတာ သူ႕ကို လိမ္တာ။ တကယ္က ေဆးထည့္ဖို႔ ေဆး႐ုံက ေခၚ႐ုံတင္။ သူ စိတ္ညစ္လြယ္တာ၊ လြယ္လြယ္နဲ႕ အေလ်ာ့ေပးတတ္တာကို အပိုင္ကိုင္ၿပီး နင္နဲ႕ခြဲထားခ်င္တာ။ အားလုံးေတာ့ မဟုတ္ေပမယ့္ အခ်ိဳ႕ဟာေတြကို အေမက ပိုပိုသာသာေလး ေျပာထားတာ။ '
' ငါခန့္မွန္းမိပါတယ္။ '
' ဒါပဲေလေနာ္ ... နင္တို႔ အေျခအေနသိခ်င္လို႔ ဖုန္းဆက္လိုက္တာ။ ေနာက္မွပဲ အစ္ကိုနိုးေလာက္ရင္ ဖုန္းဆက္လိုက္မယ္။ '
' အင္း ... ငါလည္း ေနာက္မွ အန္တီတို႔ကို လာေတြ႕ပါဦးမယ္။လူႀကီးေတြ သေဘာမတူပါလ်က္နဲ႕ ခိုးယူသြားတာ ေတာင္းပန္သင့္တယ္ေလ။'
စိုင္းစြမ္းထက္ပိုင္က ဖုန္းကို ေဘာင္းဘီ၏ ေရွ႕အိတ္ကပ္ထဲ ထည့္လိုက္ၿပီးမွ အိမ္ထဲ ျပန္ဝင္လာလိုက္သည္။
အိပ္ေရးပ်က္တာေတြ မ်ားတာမို႔ ဘယ္အခ်ိန္ထဲက ဒီခုံေပၚ အိပ္ေပ်ာ္ေနမွန္း ကာရံညီညာလည္း မမွတ္မိပါ။ကိုယ္ေပၚမွာ ၿခဳံေပးထားတဲ့ အက်ီကို ဆြဲယူလိုက္ၿပီး ခုံေပၚလက္ေထာက္ အားျပဳကာ ထလိုက္ေတာ့ တစ္ကိုယ္လုံး ကိုင္ရိုက္ထားသလို နာၾကင္ေနသည္။
" မ်က္ႏွာသစ္ဖို႔ သြားတိုက္ေဆးနဲ႕ သြားတိုက္တံ၊ မ်က္ႏွာသစ္ေဆး။ မီးဖိုေခ်ာင္ရဲ႕ေဘးမွာ ေရခ်ိဳးခန္းရွိတယ္။ အဲ့ဒီမွာ မ်က္ႏွာသစ္လို႔ရတယ္။ တဘက္က ဒီမွာ။ "
စိုင္းစြမ္းထက္ပိုင္က စားပြဲခုံေပၚ ပစၥည္းအသစ္ေတြ အကုန္ တစ္ခုခ်င္းဆီ ခ်ေပးသည္။ ကာရံညီညာက ပတ္တီးျဖဴျဖဴ ပတ္ထားသည့္ စိုင္းစြမ္းထက္ပိုင္၏ ညာဘက္လက္ဆစ္ေနရာေတြကို ၾကည့္ေနသည္။ စိုင္းစြမ္းထက္ပိုင္က ေမာ့ၾကည့္မွ အၾကည့္ခ်င္းဆုံသြားေတာ့ အျခားဖက္ မ်က္စံေလး ေ႐ႊ႕သြားၿပီး ပစၥည္းေတြ ကတိုက္ကရိုက္ေကာက္ကာ ေရခ်ိဳးခန္းဆီသြားသည္။
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာအိပ္ခဲ့သည့္ ခုံမွာ ေက်ာမီကာ ထိုင္လိုက္ရင္း ေစာင့္ေနလိုက္သည္။
" အဝတ္အစားလဲခ်င္မယ္ထင္လို႔ ဝယ္လာခဲ့တာ။ ၾကည့္ၿပီး အဆင္ေျပတဲ့ တစ္စုံလဲလိုက္ေလ။ နံနက္စာကို အိမ္ျပန္ရင္းမွ လမ္းမွာ စားလိုက္ရေအာင္။ "
" အင္း "
ကာရံညီညာက မ်က္ႏွာေလးကို တဘက္နဲ႕ ပြတ္သုတ္ရင္းမွ စိုင္းစြမ္းထက္ပိုင္ ဝယ္လာေပးတဲ့ စကၠဴအိတ္အျဖဴထဲက ရွပ္အက်ီနဲ႕ဂ်င္းေဘာင္းဘီ အရွည္တစ္ထည္ကို ယူၿပီး အထဲ ျပန္ဝင္သြားသည္။ခါးဆိုဒ္၊ လက္ဆိုဒ္ေတြကစ အက်ီေရာေဘာင္းဘီပါ ကာရံညီညာနဲ႕ ကြက္တိပင္။
ကာရံညီညာ တစ္ေခါက္ျပန္ထြက္လာေတာ့ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ လက္ထဲက အဝတ္အေပ အိတ္ကို လာဆြဲသည္။ ၿပီးေနာက္ အိမ္အျပင္ကို ဦးေဆာင္ ထြက္သြားၿပီး ကာရံညီညာ့ကိုပါ ေစာင့္ၿပီးမွ အိမ္တံခါး ျပန္ပိတ္သည္။ေက်ာက္ဆည္ဘက္က ဒီအိမ္က ေဒၚနန္းခမ္းလြင္ ၿခံစိုက္ဖို႔အတြက္ ဝယ္ထားတဲ့အိမ္ေလး။ ေျမကြက္က်ယ္က်ယ္နဲ႕ ေလေကာင္းေလသန့္ရသည္။
စိုင္းစြမ္းထက္ပိုင္က Lover Seatက တံခါးကို ဖြင့္ေပးၿပီး ကာရံညီညာ ဝင္ထိုင္ၿပီးမွ တံခါးပိတ္သြားသည္။အရင္ကဆိုရင္ ဘာအေၾကာင္းမွ မယ္မယ္ရရမရွိဘဲ ေျပာစရာ စကားေတြ အမ်ားႀကီး ရွိခဲ့ၾကသူေတြၾကား တစ္ညေလာက္ေလးနဲ႕ စကားစ ရွာဖို႔ခက္ေနသည္။
" ပတ္တီးက ေျပေနတယ္။ "
ကားစက္မႏွိုးခင္ Steering Wheelကို ကိုင္ထားတဲ့ စိုင္းစြမ္းထက္ပိုင္၏ လက္က ပတ္တီးေျပေနေတာ့ ကာရံညီညာက ေျပာလိုက္သည္။တစ္ေယာက္ထဲ ေဆးထည့္ၿပီး ကိုယ့္ဘာသာပဲ အဆင္ေျပသလို စည္းထားေတာ့ ပတ္တီးက အနည္းငယ္ ေခ်ာင္ေနတာ။စိုင္းစြမ္းထက္ပိုင္က ပတ္တီးအနားကို ပါးစပ္နဲ႕ကိုက္လိုက္ၿပီးမွ လြတ္ေနတဲ့ လက္တစ္ဖက္နဲ႕ ေသခ်ာျပန္ခ်ည္သည္။ ျပင္ေပးဖို႔ ဟန္ျပင္ထားတဲ့ ကာရံညီညာ့၏ လက္ေလးတစ္ဖက္က ခုံေပၚမွာတင္ လက္သီးသာ ဆုပ္ထားလိုက္သည္။
" ခုံကို အေနာက္လွန္ေပးရမလား။ "
သစ္သားခုံေပၚ ျဖစ္သလို အိပ္ခဲ့တာမို႔ ကာရံညီညာ၏ ခါးေတြက နာေနသည္။ သက္သာေအာင္ အေရွ႕ကို ခါးကိုင္းထားရေတာ့ စိုင္းစြမ္းထက္ပိုင္က ကားေမာင္းေနရင္းမွ ေမးလာသည္။
" ရတယ္ "
ကာရံညီညာ့၏ အသံက ေဆာင့္ေအာင့္ထြက္လာေတာ့ စိုင္းစြမ္းထက္ပိုင္က တစ္ခ်က္ၾကည့္လာသည္။ ကာရံညီညာလည္း ဘာေတြ အလိုမက်ေနမွန္း ကိုယ္တိုင္မသိပါ။ စ, ေနာက္ေနတတ္တဲ့ စိုင္းစြမ္းထက္ပိုင္မဟုတ္တဲ့ တည္ၾကည္ေနတဲ့ စိုင္းစြမ္းထက္ပိုင္ကို ေနသားမက်ျဖစ္ၿပီး အလိုမက် ျဖစ္ေနခဲ့တာ။
" ကြၽန္ေတာ့္အိမ္မွာပဲ ေနရမွာ အဆင္ေျပလား။ လူႀကီးေတြနဲ႕ မေနခ်င္ရင္ သီးသန့္အိမ္ခြဲေနခ်င္လည္း ရတယ္။ "
" ဘယ္မွာပဲေနေန ရတယ္။ "
ကာရံညီညာက ေျပာလိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က ေခါင္းၿငိမ့္သည္။ႏွစ္ေယာက္ထဲ ခြဲေနရင္ ကာရံညီညာ အေတြးပိုမ်ားေနမွာ။ အိမ္မွာဆိုေတာ့ ေႏြးေထြးတဲ့ အေမနဲ႕အဘြားလည္း ရွိသလို ဂ႐ုစိုက္ေပးမယ့္အေဖလည္း ရွိသည္။ကာရံညီညာ့အတြက္ ပိုအဆင္ေျပေလာက္သည္။
မေန႕ညက ကိစၥျဖစ္ၿပီးထဲက ကာရံညီညာ မႀကိဳက္တာ မလုပ္ေတာ့ဘဲ ကာရံညီညာ စိတ္ခ်မ္းသာေအာင္သာ ထားမည္ဟု ဆုံးျဖတ္ထားသည္။အတင္းလိုက္ကပ္ေနရင္ ပိုလို႔ စိတ္ညစ္မွာလည္း စိုးရိမ္ပါသည္။ကာရံညီညာ စိတ္အဆင္သင့္ျဖစ္သည္အထိ အခ်ိန္ေပးခ်င္သည္။ ဒီအေတာအတြင္းေတာ့ ကာရံညီညာ့၏ မိဘေတြနဲ႕ အဆင္ေျပေအာင္ ႀကိဳးစားရမည္။ မဟုတ္ရင္ ကိုယ့္အတြက္နဲ႕ မိသားစု ဆက္ဆံေရး ျပတ္ေတာက္သြားလိမ့္မည္။ ကာရံညီညာလည္း အၾကာႀကီး စိတ္ဆိုးေနလိမ့္မည္။
" ကြၽန္ေတာ့္အိမ္မွာပဲ ေနတာေပါ့။ "
ကာရံညီညာက ျပန္မေျဖေတာ့ဘူး။ ေနထိုးေနတာမို႔ ကာရံညီညာ့ေဘးက မွန္မွာေပၚေနတဲ့ စိုင္းစြမ္းထက္ပိုင္၏ မ်က္ႏွာကိုသာ ေငးၾကည့္ေနလိုက္သည္။ မ်က္ခုံးတန္းတန္းပါးပါးေလးေတြ၊ ႏွာေခါင္းခြၽန္ခြၽန္ေလးေတြ၊ လိေမၼာ္ေရာင္သန္းေနတဲ့ ႏႈတ္ခမ္းေတြ တစ္ခုခ်င္းကို ေငးၾကည့္ၿပီး မွန္ေပၚ ေခါင္းေလးကပ္မီထားလိုက္သည္။
" လားရွိုုးဆိုင္ခြဲ အမဲလုံးေခါက္ဆြဲဆိုင္ရွိတယ္။ အဲ့ဒီဆိုင္မွာ ကားရပ္လိုက္မယ္။ "
ကာရံညီညာက ဘာမွမေျပာေတာ့ အိပ္ေပ်ာ္သြားသည္အထင္နဲ႕ မွန္နဲ႕ကပ္ထားရင္ နဖူးနာေနမွာ စိုးတာေၾကာင့္ ခုံကို ေနာက္လွန္ေပးလိုက္ၿပီး ကားေမာင္းေနရင္းမွ လက္တစ္ဖက္ျဖင့္ ေခါင္းေလးကို တည့္ေပးေတာ့ ကာရံညီညာက မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ၾကည့္လာသည္။
" Sorry ...အိပ္ေနတယ္ထင္လို႔။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ကို ဖယ္လိုက္ၿပီးမွ ခါးမတ္မတ္ျဖင့္ ျပန္ထိုင္သည္။ အေဝးေျပးလမ္းမို႔ ကားေမာင္းတဲ့ အရွိန္အနည္းငယ္ ျမင့္ထားသည္မို႔ လမ္းေပၚ သိုးအုပ္က ျဖတ္လာေတာ့ စိုင္းစြမ္းထက္ပိုင္က ဘရိတ္နင္းကာ ရပ္လိုက္သည္။ ဇိမ္္ခံကားမို႔ ခပ္ၾကမ္းၾကမ္းမဟုတ္ေပမယ့္ ခုံေနာက္လွန္ထားတာေၾကာင့္ ကာရံညီညာက အေနာက္ကို ယိုင္သြားေတာ့ စိုင္းစြမ္းထက္ပိုင္၏ လက္ေမာင္းတစ္ဖက္ကို အားကိုးစြာျဖင့္ ဖမ္းဆုပ္ထားသည္။ပက္လက္က်သြားေပမယ့္ နာၾကင္မႈတစ္ခုမွ မခံစားရပါ။ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ေမာင္းကို ျပန္လႊတ္ေပးလိုက္ၿပီးမွ ခပ္တိုးတိုးနဲ႕ ' Sorry ' လို႔ျပန္ေျပာသည္။
သူစိမ္းဆန္တဲ့ စကားက ဘယ္ေလာက္ေတာင္ ၾကားရခက္ခဲလဲ စိုင္းစြမ္းထက္ပိုင္ကိုလည္း သိေစခ်င္ပါသည္။
" ခင္မီေဇာ္ ဖုန္းဆက္ေနတာ။ "
စိုင္းစြမ္းထက္ပိုင္က ဖုန္းေပးလာေတာ့ ကာရံညီညာက ကိုင္လိုက္သည္။ ခင္မီေဇာ္က စိုင္းစြမ္းထက္ပိုင္ကို ေျပာျပခဲ့သလိုပဲ ကာရံညီညာကို ေျပာသည္။
' အေဖလည္း သက္သာတယ္။ စိုးရိမ္စရာမရွိေတာ့ဘူး။ ညီမေလး ေသခ်ာေစာင့္ေရွာက္ထားတာမို႔ စိတ္္ခ်ပါ။အေမလည္း အဆင္ေျပတယ္။ စိတ္ဆိုးေနၾကေသးေပမယ့္ အရမ္းစိတ္မပူနဲ႕။ ေနာက္ေတာ့ အဆင္ေျပသြားမွာပါ။ အစ္ကိုသာ စိတ္္ခ်ၿပီး ေနေနာ္။" တဲ့။ကာရံညီညာလည္း အခုမွ အနည္းငယ္စိတ္သက္သာသြားသည္။
သိုးအုပ္ေတြ အကုန္ျဖတ္သြားၿပီးေနာက္ ငါးမိနစ္ေလာက္ပဲ ကားေမာင္းလိုက္ရၿပီး ေခါက္ဆြဲဆိုင္ ေရာက္သည္။ႏွစ္ေယာက္အတူ ေဘးခ်င္းကပ္လ်က္ ဆိုင္ထဲ ဝင္လာေပမယ့္ ပခုံးခ်င္းေတာ့ ထိမေနပါ။
" ေခါက္ဆြဲအသုပ္ႏွစ္ပြဲ။အမဲသားလုံး ဟင္းရည္သပ္သပ္ယူမယ္။ အေပၚဆီေတြ မထည့္ေပးနဲ႕။ ကန္စြန္းဥ ဒါမွမဟုတ္ ပိန္းဥနဲ႕ ထည့္လုပ္တဲ့ ငါးမုန့္
ရွိရင္လည္း ေပးပါ။ "
စိုင္းစြမ္းထက္ပိုင္က Menuကဒ္ ၾကည့္ၿပီး မွာလိုက္သည္။ ကာရံညီညာ စားတတ္သည့္ ပုံစံေတြပင္။စိုင္းစြမ္းထက္ပိုင္က လက္က နာရီကို တစ္ခ်က္ပင့္ကာ ၾကည့္ေတာ့ ဆယ့္တစ္နာရီ ေက်ာ္သြားၿပီ။ အိမ္ကို ဆယ့္ႏွစ္နာရီေက်ာ္ေလာက္ေတာ့ ေရာက္နိုင္တာမို႔ ဆိုင္ျပင္ထြက္ကာ အိမ္ဖုန္းေခၚလိုက္ၿပီး ကာရံညီညာ ႀကိဳက္တတ္သည့္အရာေလးေတြ ေန႕လယ္စာဟင္းေတြအျပင္ ထပ္ျဖည့္ဖို႔ မွာရသည္။
စိုင္းစြမ္းထက္ပိုင္ ဆိုင္္ထဲ ျပန္ဝင္လာေတာ့ ကာရံညီညာက ပိန္းဥကို ငါးမုန့္ေၾကာ္လို ျပဳလုပ္ထားတဲ့ မုန့္အႂကြပ္ကို စားေနသည္။ကာရံညီညာက ပိန္းဥအရမ္းႀကိဳက္တတ္လို႔ လူကလည္း ဓါတ္တူနာမ္တူ ပိန္းမ်ားေနသလားလို႔ စိုင္းစြမ္းထက္ပိုင္ ေတြးမိသြားေတာ့ ညာဘက္ပါးက ပါးခ်ိဳင့္ ရွည္ရွည္ေလး ထင္းေနေအာင္ ၿပဳံးလိုက္မိသည္။
စိုင္းစြမ္းထက္ပိုင္ ခုံမွာ ဝင္ထိုင္ေတာ့ ကာရံညီညာက ေရစိမ္ရွမ္းေခါက္ဆြဲအသုပ္ကို ေခါင္းငုံ႕ကာ စားေနသည္။ ေခါက္ဆြဲထဲတြင္ ထည့္ထားသည့္ အဆာေတြႏွံ႕ေအာင္ စိုင္းစြမ္းထက္ပိုင္၏ ေခါက္ဆြဲပန္းကန္ကိုပါ ကာရံညီညာက ေမႊေပးထားေသးသည္။ စိတ္ဆိုးေနေပမယ့္ ဒီလိုေလး လုပ္ေပးထားေတာ့ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာကို ခဏခဏ ခိုးၾကည့္မိေသးသည္။
ႏွစ္ေယာက္ကို ဖန္ခြက္တစ္ခြက္ထဲနဲ႕ ေရသန့္ဘူး ခ်ေပးထားသည္။ ကာရံညီညာက ဖန္ခြက္ထဲ ထည့္ကာ ေရအရင္ေသာက္လိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က ေရဘူးလိုက္ပဲ ေမာ့ေသာက္လိုက္သည္။ ပိုက္ဆံရွင္းၿပီး စိုင္းစြမ္းထက္ပိုင္က ေရွ႕က ထြက္သြားေတာ့ ေရမက်န္ေတာ့သည့္ ေရဘူးကို ကာရံညီညာက ၾကမ္းေပၚပစ္ခ်ၿပီး ေျခေထာက္နဲ႕ပိန္ရႈံ႕ေနေအာင္ တက္နင္းခဲ့သည္။
" ဘယ္သူကေရာ မင္းကို ေခၚေျပာေနခ်င္လို႔လဲ။ " တဲ့။
ကာရံညီညာ့အေနျဖင့္ မေန႕ညက ကိုယ္တိုင္လည္း လြန္တာမွန္ေပမယ့္ စိုင္းစြမ္းထက္ပိုင္လည္း မမွန္ခဲ့ဘူး ထင္တာပဲ။
..........................
" စာမလိုက္နိုင္ဘဲ ဘာလို႔ ဒီဘာသာရပ္ကို သင္တာလဲ။ "
ေငြလသာက ေခါင္းေလးငုံ႕ေနသည္။ စိုင္းရတုဟန္က သက္ျပင္းခ်လိဳက္ၿပီးမွ ေငြလသာ ထိုင္သလို ၾကမ္းေပၚ ထိုင္လိုက္ၿပီး ေဘးခ်င္းကပ္လ်က္အေနအထားျဖင့္ ေငြလသာ လက္နဲ႕ဖိေနေသာ စာအုပ္ကို ဆြဲယူသည္။
" ပုံဆြဲတာကလည္း ေတာ္ေတာ္ေလး ႏုံခ်ာတာပဲ။ အမွတ္ေကာင္းေနတာကို IRတို႔၊ Dentalတို႔ မယူဘဲ Civilမွ လာတက္ရတယ္လို႔။ "
စိုင္းရတုဟန္လည္း Civilကို အရမ္းႀကီး စိတ္ဝင္စားတာ မဟုတ္ေပမယ့္ ငယ္ငယ္ထဲက ထိေတြ႕ေနရေတာ့ ကြၽမ္းက်င္မႈရွိသည္။ အသက္ေမြးဝမ္းေက်ာင္း ျပဳနိုင္သည္။ အခုေလာေလာဆယ္ Fashionဆိုင္ေတြပဲ ဖြင့္ထားေပမယ့္ေပါ့။
" ကိုကိုေလး သင္ေပးေလ။ ကိုကိုေလးက အမွတ္ေကာင္းတာပဲ။ "
" ငါက မင္းPartnerေနာ္။ မင္းဆရာမဟုတ္ဘူး။အၿမဲတမ္း အကုန္လိုက္လုပ္မေပးနိုင္ဘူး။အတန္းကႀကီးေနၿပီ။ စာေၾကမွ ျဖစ္မွာ။ "
ေငြလသာကလည္း Civilကပဲ ျဖစ္သည္။ အခုေတာ့ စိုင္းရတုဟန္က ေက်ာင္းၿပီးသြားၿပီမို႔ စီနီယာေပါ့။
" ဟုတ္ ... နည္းနည္းေလာက္ေတာ့ သင္ေပးပါ။ ေသခ်ာလိုက္မွတ္မယ္။ ကတိေပးတယ္။ "
ေငြလသာက ဘယ္ဖက္ လက္သန္းေလးကို ေထာင္ၿပီး ေျပာလာေတာ့ စိုင္းရတုဟန္က မသိမသာ ၿပဳံးလိုက္သည္။
" မင္း ဘာလို႔ ဒီဘာသာကို ေ႐ြးတတ္တာလဲ ငါေမးေနတာ မေျဖရေသးဘူးေနာ္။ငါ့ေၾကာင့္နဲ႕ တက္တာလို႔ေတာ့ လာမ႐ႊီးနဲ႕ေနာ္။ မင္းနဲ႕ငါ ေတြ႕တာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကမွ။မင္းအခုေရာက္ေနတဲ့ ႏွစ္နဲ႕ဆို ငါနဲ႕မေတြ႕ခင္ထဲက တက္ၿပီးေနၿပီ။ "
ေငြလသာက မ်က္ေတာင္ေတြ ပုတ္ခတ္ပုတ္ခတ္နဲ႕ ေျပာလာသည္။
" ဒီတိုင္း တက္ခ်င္လို႔ပါ။ "
" ေကာင္းလိုက္တဲ့ ရည္႐ြယ္ခ်က္။ "
စိုင္းရတုဟန္ေတာင္ အိမ္က ေဆာက္လုပ္ေရးကန္ထရိုက္ လုပ္ငန္းမို႔ ဒီလုပ္ငန္းအတြက္ အကူအညီရေအာင္ ဒီဘာသာကို သင္ခဲ့တာေၾကာင့္ သဘာဝက်ပါေသးသည္။
စိတ္မရွည္ပါဘူးဆိုတဲ့ စိုင္းရတုဟန္က စာကို ေသခ်ာရွင္းျပေပးသည္။ေငြလသာက ေခါင္းေလးငုံ႕ၿပီး ပုံေတြ ဆြဲေနျပန္ေတာ့လည္း စိုင္းရတုဟန္က ေဘးမွာ ထိုင္ၾကည့္ေနသည္။ မ်က္လုံးေထာင့္က်ဥ္းက်ဥ္းေလးနဲ႕ အနည္းငယ္ေထာ္ေနတဲ့ ေငြလသာ၏ ေရွ႕ႏႈတ္ခမ္းေလးကို ၾကည့္ေနမိသည္။
" မင္း ငါ့အရင္မွာ ရည္းစားရွိလား။ "
ခဲတံေလးကို ႏႈတ္ခမ္းနားကပ္ထားရင္းမွ ေငြလသာက ေခါင္းရမ္းျပသည္။
" ကိုကိုေလးက ပထမဆုံးပဲ။ "
" ယုံေပးလိုက္ပါ့မယ္။ "
" တကယ္ေျပာတာ ... ကိုကိုေလးကသာ ကြၽန္ေတာ့္အရင္ေရာ၊ အခုေရာ ရည္းစားေတြ မေရမတြက္နိုင္ေအာင္ ရွိေနၿပီးေတာ့။ ဒါေပမယ့္ ကိုကိုေလးကို နားလည္တယ္။ ကိုကိုေလးက Straightေလ ... မိန္းကေလးရည္းစားထားမွာေပါ့။ ကြၽန္ေတာ္တစ္ေယာက္ထဲနဲ႕ ဘယ္လိုတြဲမွာလဲ။ "
" Bisexualityေလာက္ေတာ့လုပ္ပါ။ ေယာက်္ားေလး တစ္ေယာက္ကို သေဘာက်ၿပီး တြဲတယ္ဆိုကတည္းက Straightအစစ္ေတာ့ မဟုတ္ေတာ့ဘူးေလ။ "
" ေယာက်္ားေလးထဲဆိုရင္ ကြၽန္ေတာ္နဲ႕ပဲ တြဲဖူးတာမလား။ ဘာလို႔လဲ ဟင္။ ကြၽန္ေတာ့္ကို လက္ခံတာ ဘာလို႔လဲ။ "
စိုင္းရတုဟန္က ေငြလသာနဲ႕ အၾကည့္ခ်င္းဆုံေတာ့ အၾကည့္လႊဲလိုက္ၿပီးမွ ေျဖသည္။
" မင္းက ေခ်ာေခ်ာလွလွေလးမို႔လို႔။ ငါက ေခ်ာတာလွတာေတြ သေဘာက်တယ္ေလ။ "
ေငြလသာ၏ မ်က္ခုံးေလးေတြ ေကြးကုပ္သြားေပမယ့္ ဘာမွေတာ့ မေျပာပါ။ စိုင္းရတုဟန္၏ အေျဖက အမွန္မဟုတ္ေၾကာင္း မွန္ေရွ႕ရပ္႐ုံနဲ႕တင္ အသိသာႀကီး။ေငြလသာ၏ ႐ုပ္ရည္က ၾကည့္လို႔အဆင္ေျပ႐ုံတင္။
" စာလုပ္ေတာ့။ ဒီညေန မင္းလည္း မင္းအိမ္ျပန္ခ်င္ရင္ျပန္ေနာ္။ ကိုယ္လည္း အိမ္မွာ အလုပ္ရွိလို႔ Condoကို ျပန္မအိပ္ျဖစ္ဘူး။ "
" ဒီေန႕ ညဘက္အျပင္ေလွ်ာက္လည္မယ္လို႔ ကိုကိုေလး ကတိေပးထားတာ။ "
" ကိုယ္မအားလို႔ေလ ... ေနာက္မွေပါ့။ "
" အလုပ္က အေရးႀကီးလို႔လား။ "
" ဆိုပါေတာ့ "
" ဟုတ္ကဲ့ "
ေငြလသာက ထပ္ၿပီး မေတာင္းဆိုေတာ့ဘူး။ စာအုပ္ေတြဆီမွာပဲ အာ႐ုံ ျပန္ေရာက္သြားသည္။ေငြလသာ စာလုပ္ေနစဥ္ တစ္ေလွ်ာက္လုံး စိုင္းရတုဟန္က ေဘးမွာ ဖုန္းၾကည့္ရင္း ထိုင္ေနေပးသည္။
.......................
Disneyဆိုတဲ့ စားေသာက္ဆိုင္ကို ေငြလသာက ဖခင္ျဖစ္သူနဲ႕ ေရာက္ေနသည္။ ဦးထင္လင္းက အၿမဲတမ္း ျပည္ပမွာပဲ ရွိတတ္တာမို႔ ဒီကို ႏွစ္ပတ္တစ္ခါ ျပန္ေရာက္လာတိုင္း ေငြလသာနဲ႕အတူ ညစာထြက္စားၿပီး လိုခ်င္တာေတြ ဝယ္ေပးတတ္သည္။ လူလည္မိန္းမနဲ႕ ရတဲ့သားဆိုေပမယ့္ ေငြလသာကိုေတာ့ အရမ္းခ်စ္သည္။ ဖခင္ေမတၱာလည္း အျပည့္အဝေပးသည္။
" ဒီညအျပင္မွာပဲ ေနျဖစ္မွာဆို။ ဘယ္ကဘယ္လို အစီအစဥ္ေျပာင္းသြားတာလဲ။သားသာ ႀကိဳေျပာရင္ ၿမိဳ႕မလင္းနဲ႕သူ႕အေမကိုပါ ေခၚထားလို႔ ရတယ္။ "
" ဒီလိုပဲ အစီအစဥ္ေျပာင္းသြားတာ။ "
ေငြလသာက ၿပဳံးေနေပမယ့္ စိတ္ထဲေတာ့ ေပ်ာ္မေနပါ။ စိုင္းရတုဟန္မ်ား အျခားသူနဲ႕ သြားေတြ႕ေနတာမ်ားလားဆိုတဲ့ အေတြးေတြ ဝင္လာသည္။ မေတြးဘဲ ေနခ်င္ေပမယ့္ သူ႕ဘာသာ ေခါင္းထဲေရာက္လာတာ။
" လိုခ်င္တာ တစ္ခုခုရွိလို႔လား။ "
" မရွိပါဘူး အေဖကလည္း "
"မုန့္ဖိုးေရာေလာက္ရဲ႕လား။ မေလာက္ရင္ သားအန္တီဆီက လိုသေလာက္ေတာင္းသုံး။ "
" ဟုတ္ ... သိပါတယ္။ "
Mango Smoothieကို စိတ္မပါစြာ ဇြန္းေလးနဲ႕ ေကာ္စားေနလိုက္ရင္း မွန္ေတြကာရံထားတဲ့ တံခါးဘက္ကို ေငးၾကည့္လိုက္ေတာ့ စိုင္းရတုဟန္ကို ျမင္လိုက္ရသည္။ ေဘးမွာလည္း ေကာင္မေလး တစ္ေယာက္ပါသည္။စိုင္းရတုဟန္က မ်က္လုံးကစားရင္း ေဝ့ဝဲၾကည့္ေတာ့ ေငြလသာကို ျမင္သြားသည္။ ေငြလသာက အလ်င္အျမန္ပင္ ေခါင္းငုံ႕ကာ အရသာေတာင္ ခံလို႔မရေတာ့တဲ့ Mango Smoothieကို တရစပ္စားေနလိုက္သည္။စိုင္းရတုဟန္ အေၾကာင္းကို သိၿပီးသားမို႔ ငိုခ်င္ရင္ေတာင္ ငိုေနလည္းအပိုပဲမို႔ ေငြလသာက အံႀကိတ္သည္းခံထားသည္။ ကိုယ့္ကိုေတာ့ အခ်ိန္မေပးနိုင္ဘဲ အေရးႀကီးကိစၥဆိုတာ ဒီတစ္ေယာက္နဲ႕ လည္ပတ္ဖို႔ အတြက္ဆိုတာ သိရေတာ့ စိတ္မေကာင္း ျဖစ္တာေတာ့ အမွန္ပင္။
" အသိလား "
စိုင္းရတုဟန္ေဘးက အစ္မဝမ္းကြဲက ေမးလာေတာ့ ေခါင္းၿငိမ့္ရင္း ေျဖလိုက္သည္။
" အင္း ... နည္းနည္းေတာ့ ရင္းႏွီးတယ္။ "
"အခုလက္ရွိတြဲေနတဲ့ ေကာင္ေလးမလား။ စိုင္းစြမ္းေျပာျပလို႔ သိထားတယ္။ "
" သတင္းက ျမန္လိုက္တာ။ "
" စိုင္းစြမ္း သူ႕ေကာင္ေလးကို ခိုးေျပးတာေတာင္ နင္ျဖန့္လို တစ္မ်ိဳးလုံး သိေသးတာပဲ။ နင့္ကိစၥလည္း သိတာ အဆန္းလုပ္လို႔။နင္တို႔ႏွစ္ေယာက္က အမ်ိဳးထဲပြဲတိုင္းေက်ာ္ေလ။ "
စိုင္းရတုဟန္က ရယ္လိုက္သည္။
" ၾကားတာေတာ့ ဟိုေကာင္ ပြဲတိုင္း မေက်ာ္နိုင္ေတာ့ဘူးတဲ့။ လင္ပူမိေနတယ္တဲ့။ ဒီကအျပန္ ဒင္းဆီ ဝင္ဦးမယ္။"
" ေအး ...သူမ်ားကို ရယ္ေန။ကိုယ့္အလွည့္မွ ကားေနမယ္။ နင့္အႀကိဳက္ပုံစံ မဟုတ္ဘဲ ဒီေကာင္ေလးနဲ႕ ဘာလို႔ တြဲေနတာလဲ။ "
" ငါက ဘယ္လိုပုံစံမ်ိဳးႀကိဳက္တာမို႔လဲ။ "
" အၿမဲတြဲေနတဲ့သူေတြက ေခ်ာေပ့လွေပ့ဆိုတာေတြေလ။ ဟိုကေလး ငါတို႔ကို တစ္မ်ိဳးထင္သြားေလာက္တယ္။ ရွင္းျပလိုက္ဦး။ "
" ရတယ္ ... သူကေအးေဆး။ "
စိုင္းရတုဟန္က ဝမ္းကြဲအစ္မျဖစ္သူ၏ အဝတ္အစားအိတ္ေတြ ကူဆြဲေပးကာ ေငြလသာ ထိုင္ေနတဲ့ မွန္တံခါးေဘးမွ ခပ္တည္တည္ပဲ ျဖတ္သြားသည္။
" ဝဋ္အႀကီးႀကီး လည္မွာပဲ။ "
စိုင္းစြမ္းထက္ပိုင္ဆီကလည္း ဒီစကား ၾကားေနၾကမို႔ စိုင္းရတုဟန္က မၿဖဳံပါ။ ဝဋ္လည္ေၾကးသာဆို အေစာပိုင္းထဲက ဝဋ္လည္တာ ၾကာလွေပါ့။ စိုင္းရတုဟန္ကိုက ဒီတစ္ဘဝလုံး သက္ေတာင့္သက္သာနဲ႕ အခ်စ္ခံရမယ့္ ကံပါလာတာ။
Recommend Song
ဆက္ရန္