မှော် (ေမွာ္)

By suekhatpann

93.4K 5K 179

🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended... More

Ep (1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep(8)
Ep(9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Season-2 Ep(1)
Season-2 Ep(2)
Season-2 Ep(3)
Season-2 Ep(4)
Season-2 Ep(5)
Season-2 Ep(6)
Season -2 Ep(7)
Season-2 Ep(8)
Season-2 Ep(9)
Season-2 Ep(10)
Season-2 Ep(11)
Season-2 Ep(12)
Season-2 Ep(13)
Season -3 Ep(1)
Season-3 Ep(2)
Season-3 Ep(3)
Season-3 Ep (4)
Season-3 Ep(5)
Season-3 Ep(6)
Season-3 Ep(7)
Season-3 Ep(8)
Season-3 Ep(9)
Season-3 Ep(10)
Season-3 Ep(11)
Season-3 Ep(12)
Season-3 Ep(13)
Season-4 Ep(1)
Season-4 Ep(2)
Season-4 Ep(3)
Season-4 Ep(4)
Season-4 Ep(5)
Season- Ep(6)
Season-4 Ep(7)
Season-4 Ep(8)
Season-4 Ep(9)
Season-4 Ep(10)
Season-4 Ep(11)
Season-4 Ep(12)
Season-4 Ep(13)
Season-5 Ep(1)
Season (5) Ep(2)
Season (5) Ep(3)
Season-5 Ep (4)
Season-5 Ep(5)
Season -5 Ep(6)
Season-5 Ep(7)
Season-5 Ep(8)
Season-5 Ep(9)
Season-5 Ep(10)
Season-5 Ep(11)
Season-5 Ep (12)
Season-6 Ep (1)
Season 6 Ep (2)
Season-6 Ep (3)
Season-6 Ep(4)
Season-6 Ep(5)
Season-6 Ep(6)
Season-6 Ep(7)
Season -6 Ep(8)
Season-6 Ep(9)
Season-6 Ep(10)
Season-6 Ep(11)
Season-6 Ep(12)
Season-6 Ep(13)
Season-7 Ep(1)
Season-7 Ep(2)
Season-7 Ep(3)
Season-7 Ep(4)
Season-7 Ep(5)
Season-7 Ep(6)
Season-7 Ep(7)
Season-7 Ep(8)
Season-7 Ep(9)
Season-7 Ep(10)
Season-7 Ep(11)
Season-7 Ep(12)
Season-7 Ep(13)
Season -8 Ep(1)
Season-8 Ep(2)
Season-8 Ep(3)
Season-8 Ep(4)
Season-8 Ep(5)
Season-8 Ep(6)
Season(8) Ep-7
Season-8 Ep(8)
Season-8 Ep(9)
Season-8 Ep(10)
Season-8 Ep(11)
Season-8 Ep(12)
Season-8 Ep(13)
Season-8 Ep(14)
Season-8 Ep (15)
Season- 8 Ep(16)
Season-8 Ep(17)
Season-8 Ep(18)
Season-8 Ep(19)
Season-9 Ep(1)
Season-8 Ep(2)
Season-9 Ep(3)

Season-5 Ep(13)

993 42 0
By suekhatpann

Unicode

~~မှော်~~
(Season -5)
အပိုင်း( ၁၃)

သိပ်သည်းသောအမှောင်ထုလား။
ဟင့်အင်း... မဟုတ်ဘူး

အောက်သို့ဆင်းသွားသည့်လှေကားတို့ကို သူမအတိုင်းသာမြင်နေရသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်တောင်မရှိဘဲနှင့် မြင်ကွင်းတို့ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်မှာ ထူးဆန်းလွန်းလှသည်။

သို့သော် အားနည်းနေသည့် အလင်းရောင်အောက်တွင် မြင်တွေ့သမျှကတော့ ချောက်ချားစရာကောင်းလှသည်။ လှေကားအဆုံးတွင် ဟာလာဟင်းလင်းအခန်းအချို့မှလွဲ၍ ဘာမှရှိမနေပါ။ ထိုဟာလာဟင်းလင်းဖြစ်နေသည်ကပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။

ဒါအော်သံတွေ ညည်းညူသံတွေ ငိုကြွေးသံတွေကြားနေရသည့်နေရာလား.။ နှိပ်စက်ညှင်းပန်းမှုတွေနှင့် ကြောက်စရာကောင်းသောသေခြင်းတရားတွေ ပြည့်နေသည့်နေရာလား။

အတွေးဖြင့် ကြက်သီးတွေထသွားရသည်အထိ လန့်ဖျပ်သွားမိသော်လည်း သိလိုစိတ်ပြင်းပြနေသည့်ဆန္ဒကို သူမမချုပ်ထိန်းနိုင်ခဲ့ပါ။ ထို့ကြောင့်လည်း ခြေလှမ်းတို့က ရှေ့သို့တရွေ့ရွေ့သွားနေမိသည်။

ဘာသံမှမကြားရအောင် တိတ်ဆိတ်ခြောက်ကပ်နေမှုကိုလည်း သူမမနှစ်မြိုမိ။ သို့သော် တစ်ပြိုက်နက်တည်းမှာပင် အသံတစ်ခုခု ထွက်လာမှာကိုလည်းစိုးရွံ့နေမိသည်။ သံတိုင်များနှင့်အခန်းများကို တွေ့မြင်နေရသည့်တိုင် အထဲတွင်ဘာမှရှိမနေပါ။ ရှင်းလင်းလွန်းနေသည်မှာ စိတ်ကိုမလုံခြုံစေသကဲ့သို့ ခံစားစေပါသည်။ ထိုအခန်းများကိုဖြတ်ကျော်အပြီး လမ်းတောင့်ချိုးတစ်ခုတွင်တော့...

"ဟင်..."

မီးရောင်ခပ်သဲ့သဲ့လေးတွေ့မြင်ရသည်။ အထဲသို့ဝင်သည့်စင်္ကြန်လမ်းတစ်လျှောက် နံရံတွင်မီးတုတ်များထွန်းထားသည်။ သို့သော်ထိန်လင်းနေတာမျိုးမဟုတ်ဘဲ ခပ်ဖျော့ဖျော့အလင်းရောင်ရရုံမျှသာ။ ထိုအဝါရောင်ဖျော့ဖျော့မီးအလင်းရောင်ကို ဘာကြောင့်မှန်းမသိအောင် သူမမနှစ်မြိုမိပြန်ပါ။

ထို့အပြင် သူမကိုစိတ်ရူပ်ထွေးသွားစေသည်က လှေကားအဆင်းအောက်တွင် မှောက်မိုက်နေသော်လည်း မီးတုတ်တစ်ခုမှထွန်းမထားဘဲ ဒီဘက်စင်္ကြန်လမ်းတစ်လျှောက်ကိုတော့ မီးတုတ်တွေတစ်တန်းလုံး ထွန်းညှိထားသည်။ စင်္ကြန်လမ်းအဆုံးတွင် မည်သည့်အရာတည်ရှိမည်နည်း။ သူမတွေးတောနေစဉ်မှာပင်

"အင်း...ဟင်း ဟင်း "

ရုတ်တရက်ထွက်ပေါ်လာသည့်ခပ်တိုးတိုးညည်းညူသံကြောင့် ကြက်သီးတွေဖြန်းခနဲ့ထသွားပြီး ကျောပြင်တစ်ခုလုံးအေးစိမ့်သွားရသည်။ အသံက နောက်ကျောဘက်ဆီက။

"ဟင်..."

မရဲတရဲဖြင့်နောက်ကိုလှည့်ကြည့်မိတော့ မြင်လိုက်ရသည့်မြင်ကွင်းက သူမတစ်ကိုယ်လုံးကို လွင့်စင်သွားလုမတက် ခံစားသွားစေသည်။

ခုနကဟာလာဟင်းလင်းဖြစ်နေသည့်တံတိုင်းများနှင့်အခန်းထဲတွင်တွေ့လိုက်ရသည်ကတော့ သွေးသံရဲရဲနှင့်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မိန်းကလေးတွေ.... မိန်းကလေးတွေ

အို...ဘုရားရေ ဒါတွေကဘာတွေလဲ
ကြောက်စရာကောင်းလိုက်တာ။

အမှောင်ရိပ်သန်းနေသည့်တိုင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မြောက်မြားစွာသော မိန်းကလေးတို့ကို အထင်းသားတွေ့နေရသဖြင့် သူမအကြောက်လွန်ပြီး မလှုပ်မယှက်ကြက်သေသေနေမိသည်။ သွေးတွေစွန်းနေသော သွေးပျက်ဖွယ်မိန်းကလေးတို့ကာ လက်နှစ်ဖက်ကိုဆန့်တန်းလျက် သံတိုင်ကိုကိုင်ထားရင်းနှင့်

"ကယ်ပါ.... ကယ်ပါ အင်း ဟင်း ဟင်း "

"ကယ်ပေးပါ ဟင်း... ဟင်း "

အော်ဟစ်ညည်းညူနေသည့်အသံတို့ကြားမှ သူမသတိဝင်လာပြီး အထိတ်တလန့်ဖြင့်..

"ဟင့်အင်း... မလာနဲ့ မလာပါနဲ့"

တစ်ကိုယ်လုံးတဆက်ဆက်တုန်ယင်နေမိသော်လည်း ကြောက်လွန်းနေသဖြင့် ခြေထောက်တွေက ထုံနေကာ လူကရွေ့မရ။ မျက်လုံးကို အတင်းစုံမှိတ်ထားရင်း တစ်ယောက်တည်းသွေးပျက်စွာ အော်ဟစ်နေမိတော့သည်။ သို့သော် ထိုချောက်ချားဖွယ် မိန်းကလေးများကာ တံတိုင်ကိုမကျော်ဖြတ်နိုင်၍ထင်သည်။ စက်ဆုပ်ဖွယ်ညည်းညူနေရုံမှအပ ထွက်မလာခဲ့ပါ။ သို့တိုင်ထိုအသံနှင့် ရုပ်ဆင်းအင်္ဂါတို့သည်ကလည်း အသက်ရှူရပ်လုမတက်အောင် သွေးပျက်ဖွယ် ကောင်းလွန်းနေသဖြင့် သူမမျက်လုံးကိုမဖွင့်ရဲဘဲ နေရာမှာတင်ငုတ်တုတ်ထိုင်လျက် တုန်ယင်နေတော့သည်။

မည်မျှကြာသွားသည်မသိပါ။ ရုတ်တရက် အသံတွေတိတ်ဆိတ်သွား၏။ ဘာသံမှမကြားရတော့သည့်အခါ သူမမရဲတရဲဖြင့်မျက်လုံးကို အသာဖွင့်ကြည့်လိုက်တော့ အခန်းတွေအားလုံးကနဂိုအတိုင်း ဟာလာဟင်းလင်းဖြစ်သွားသည်။ ခုနက ရုပ်ပျက်ဆင်းပျက်နှင့်မိန်းကလေးများကာ လုံးဝပျောက်ကွယ်သွားချေပြီ။ ကြောက်ရွံ့တုန်လှုပ်နေသည့်ကြားမှ သူမအံ့သြသင့်နေစဉ်

"မြူနှင်းသိင်္ဃာ..... "

"ဟင်..... "

ဟိုး... အဝေးဆီမှလွင့်မျောလာသည့် ခေါ်သံသဲ့သဲ့လေး။ ဆွဲဆွဲငင်ငင်ခေါ်သံတစ်ခုကို သူမသေချာပေါက်ကြားလိုက်ရသည်။ ပို၍တိတိကျကျဆိုရလျှင် အဝါရောင်မီးတွေ ထွန်းညှိထားသည့်စင်္ကြန်လမ်းဘက်မှ ထွက်ပေါ်လာသည့်အသံ။ သူမစင်္ကြန်လမ်းရှေ့သို့ရပ်ငေးရင် မျှော်ကြည့်လိုက်သည်။ လမ်းကာ သိပ်မရှည်လျားလှသော်လည်း အဝါရောင်မီးတုတ်မှဖြာထွက်လာသည့် အလင်းရောင်သည် မြင်ကွင်းကိုပိတ်ဆို့ဝေဝါးသွားစေသည်။ လမ်းအဆုံးတွင်ဘာရှိမှန်း သဲသဲကွဲကွဲမမြင်ပါ။ သို့သော် ဆွဲဆွဲငင်ငင် ခေါ်ဆိုသောအသံတို့ကာ ဤနေရာမှထွက်လာသည်ကိုတော့ မြူခံစားမိပါသည်။ စင်္ကြန်လမ်းကျဉ်းလေးကတော့ ဝါဖျော့ဖျော့မီးရောင်အောက်တွင် တိတ်ဆိတ်နေမြဲ။

"မြူနှင်းသိင်္ဃာ"

"အမလေး..."

ရုတ်တရက်အေးစက်သောအသံနှင့်အတူ ပုခုံးပေါ်တင်လာသည့်ခပ်အေးအေးလက်တစ်ဖက်ကြောင့် မြူလွင့်ပြာလွင့်မတက် လန့်ဖျပ်သွားသည်။ သို့သော် သူမနောက်တွင်ရပ်နေသူကို မြင်လိုက်ရတော့ ပို၍တုန်လှုပ်သွားရသည်။

"ဗဒ္ဒရီ..... "

ဟုတ်ပါသည်။ သူမကိုမျက်လုံးစိမ်းများဖြင့် စိုက်ကြည့်နေသော ဗဒ္ဒရီ။ မြူကြောက်ကြောက်ရွံ့ရွံ့နှင့်

"ဟို.. ဗဒ္ဒရီဘယ်လိုလုပ်ရောက်လာသလဲ "

"ဒီမေးခွန်းကိုငါမေးရမှာပါ မိန်းကလေး"

ဗဒ္ဒရီအသံကတင်းမာလွန်းနေရာ မြူဇက်ကလေးပုသွားရင်း ဘာဖြေရမှန်းမသိအောင် တုန်တုန်ယင်ယင်ဖြစ်နေတော့သည်။ ဗဒ္ဒရီက သူမကိုမျက်တောင့်နီကြီးနှင့်စိုက်ကြည့်ပြီး

"ငါ့နောက်လိုက်ခဲ့..... "

"ရှင်.... "

"ဇီဝင်္ဃာမင်းကိုဖမ်းမိပြီးတစ်စစီဆွဲမဆုတ်ခင် ဒီနေရာကအမြန်ထွက်စမ်း "

ဒေါသကိုထိန်းချုပ်ထားဟန်နှင့်ဗဒ္ဒရီက ခပ်တင်းတင်းဆိုလိုက်ပြီး လှည့်ထွက်သွားတော့ သူမလည်းမနေသာတော့ဘဲ နောက်ကနေ ခပ်ကုပ်ကုပ်လေးလိုက်လာခဲ့သည်။

အဝါရောင်မီးတွေဖြန်းပက်ထားသည့် စင်္ကြန်လမ်းအဆုံး ဘာရှိမည်နည်း။ သူမကြားလိုက်ရသောခေါ်သံကရော ဘာတွေလဲ။

မြူမတွေးအားတော့ပါ။ လက်တစ်လောတွင်အရေးကြီးနေသည်က ဗဒ္ဒရီဒေါသကိုရင်ဆိုင်ဖို့အတွက်မဟုတ်လား။
............ .................... ......................

"ငါတရေးနိုးလာတော့ ဒီနေ့မှစိတ်ထဲထူးထူးခြားခြားခံစားနေရတာနဲ့ မင်းအခန်းကိုသွားကြည့်မိတာ ထင်တဲ့အတိုင်းပဲ မင်းကအဲဒီကိုရောက်နေတယ် ပြောစမ်း မင်းဘယ်လိုလုပ် မြေအောက်ခန်းထဲရောက်သွားသလဲ "

စိတ်ဆိုးလွန်းသဖြင့် ဗဒ္ဒရီမှာမျက်နှာတစ်ခုလုံး နီမြန်းနေတော့၏။ မြူမျက်နှာငယ်လေးနှင့်..

"ဟို... ခေါ်သံလိုလိုကြားရတော့ မြူ မြူလည်းလိုက်ကြည့်ရင်းနဲ့ ရောက် ရောက်သွားတာပါ"

"ငါမင်းကိုမပြောထားဘူးလာ ဘာအကြောင်းနဲ့မှအဲ့ဒီနေရာကို မသွားရဘူးဆိုတာ ဘာကိစ္စပဲ ဖြစ်နေပါစေ မင်းအခန်းထဲမှာပဲမင်းနေသင့်တယ် ငါမင်းကိုတားနေတာအလကားလို့ မင်းထင်နေသလား "

"မဟုတ်... မဟုတ်ပါဘူး ခေါ်သံ ခေါ်သံကလေ စိတ်ညှို့နေသလိုပဲ မြူဘယ်လိုမှမလွန်ဆန်နိုင်လို့ပါ ဗဒ္ဒရီစကားကို မြူဂရုစိုက်ပါတယ်..."

မြူ ဗဒ္ဒရီယုံကြည်အောင် လိမ်ညာလိုက်သည့်တိုင် ဗဒ္ဒရီမျက်ဝန်းတွေကမီးဝင်းဝင်းတောက်နေဆဲ။

"ငါ့စကားကိုမင်းတကယ်အလေးထားတယ်ဆိုရင် မင်းအဲ့ဒီ့အခန်းထဲရောက်နေစရာအကြောင်းကိုမရှိဘူး မြူနှင်းသိင်္ဃာ"

"မြူ.... "

"ပြောစမ်း ... မြေအောက်ခန်းထဲမှာ မင်းဘာတွေတွေ့ခဲ့လဲ ငါ့ကိုမညာနဲ့ "

အမှန်တကယ်စိတ်ဆိုးနေသော ဗဒ္ဒရီကိုကြည့်ရင်းမြူမညာရဲတော့ဘဲ..

"တံတိုင်တွေနဲ့ အခန်းတွေ... အဲ့ဒီ့အခန်းထဲမှာ ရုပ်ပျက်ဆင်းပျက်နဲ့ကြောက်စရာကောင်းတဲ့ မိန်းကလေးတွေ အများ.. အများကြီးပဲ မြူတွေ့လိုက်ရတယ် သူတို့ကကြောက်စရာကောင်းပေမဲ့ မြူ့ကိုတော့ရန်မပြုပါဘူး သူ သူတို့က ကယ်ဖို့ပဲပြောနေတယ် စက္ကန့်ပိုင်းပါလောက်ပါပဲ မြူထင်ယောင်ထင်မှားဖြစ်နေသလားတောင် မသဲကွဲဘူး.... "

"ဒီနေရာမှာ ဘာထင်ယောင်ထင်မှားမှမရှိဘူး မင်းမြင်တွေ့တဲ့အရာက အမှန်တရားပဲ "

"ဟင်.. "

"ပြီးတော့ရော.... "

သူမကိုစေ့စေ့ကြည့်ပြီး ဗဒ္ဒရီထပ်မေးတော့ မြူသက်ပြင်းချလိုက်ရင်း...

"ဆွဲဆွဲငင်ငင်နဲ့ခေါ်သံတစ်ခု.... "

"ဘာ...."

"အဝါရောင်မီးတွေထွန်းထားတဲ့ စင်္ကြန်လမ်းဘက်ကထင်တယ်"

ဘာကြောင့်မှန်းမသိ ဗဒ္ဒရီမျက်နှာပျက်ယွင်းသွားပြီး

"မင်းအဲ့ဒီ့ဘက်လျှောက်သွားသေးလား..."

"ဟင့်အင်း.... "

"ကောင်းတယ်... "

သက်ပြင်းချရင်းဆိုလိုက်သောဗဒ္ဒရီစကားကို သူမနားမလည်ပါ။ သို့တိုင်မေးလည်းမမေးရဲသဖြင့်

"ဟို... စင်္ကြန်လမ်းတစ်ဘက်မှာ တစ်ခုခုရှိမယ်ထင်တယ်နော်ဗဒ္ဒရီ မြူလှမ်းကြည့်တာတစ်မျိုးပဲ တစ်ယောက်ယောက်ရှိနေသလို..."

"မင်းနဲ့မဆိုင်ဘူး မင်းဘာမှမသိချင်နဲ့ "

ဗဒ္ဒရီလေသံကတင်းမာသွားပြန်သဖြင့် မြူထပ်ပြီးစောဒကမတက်ရဲတော့ပေ။ ဗဒ္ဒရီက သူမကိုစူးစူးရဲရဲစိုက်ကြည့်ပြီး

"ဒီမှာ... မြူနှင်းသိင်္ဃာ မင်းမြင်တွေ့ခဲ့ရသမျှတွေအားလုံးကို မေ့ဖျောက်ပစ်ရမယ် ထပ်မတွေးနဲ့ ဘာအကြောင်းမှမသိချင်နဲ့.. "

"ရှင်..."

"မြေအောက်ခန်းမှာရှိတဲ့အရာတွေက အန္တရာယ်များတယ်ဆိုတာထက် ပိုကြောက်စရာကောင်းတယ် အရှင်လတ်လတ်ငရဲကျသလို ခံစားသွားစေရမယ်..."

"ဒါပေမဲ့ အချိန်တစ်ခုရောက်လာရင် မြူအဲ့ဒီ့နေရာကိုပဲ သွားရမယ်မဟုတ်လား "

မြူ့စကားကြောင့် ဗဒ္ဒရီနူတ်ခမ်းတွေ တင်းတင်းစေ့သွားသည်ကိုမြင်ရတော့ မြူနာကျင်ရပါသည်။ ဗဒ္ဒရီက သူမထံမှအကြည့်လွဲလိုက်ပြီး

"ဘာပဲဖြစ်ဖြစ် မင်းငါ့စကားကိုနားထောင်ပါ နောက်တစ်ခါမြေအောက်ခန်းကို ထပ်မဆင်းသွားပါနဲ့... "

".......... "

"ငါမင်းကိုဂရုစိုက်လို့ အခုလိုတားနေရတာပါ"

ရုတ်တရက်ဗဒ္ဒရီအသံကပျော့ညံ့သွားတော့ သူမအံ့သြသင့်သွားရသည်။ အမြဲတင်းမာနေတတ်သောမျက်ဝန်းတို့က အို... ဘုရားရေ စိုစွတ်နေပါလား။

မယုံကြည်နိုင်အောင်အံ့သြသင့်နေသော သူမကိုကြည့်ပြီး ဗဒ္ဒရီကခပ်ယဲ့ယဲ့ပြုံးလိုက်ကာ

"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ဝန်းကျင်က ငါ့မှာသမီးလေးတစ်ယောက်ရှိခဲ့တယ် နှင်းခဲလေးလိုပဲ စွတ်စွတ်ဖြူပြီး သိပ်လှပတဲ့ကလေးလေး ဒါပေမဲ့ ငါသူ့ကိုအကြာကြီးမထွေးပိုက်ထားလိုက်ရဘူး နို့ရည်လေးတစ်ခါတောင်မတိုက်ကျွေးလိုက်ရဘူး သိပ်အေးလွန်းတဲ့နှင်းတွေအောက်မှာ စွန့်ပစ်ခဲ့ရတယ်... "

"အို...."

"ဒါကရက်စက်လွန်းရာကျပေမဲ့ သူ့ကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောနည်းလမ်းပဲလေ ငါဘာမှမတတ်နိုင်ခဲ့ဘူး ဒါ ငါလွဲပြောင်းယူရမဲ့ကံတရားကို ငါကသေလူဖြစ်သွားခဲ့ပြီ ငါမှော်တိုင်းပြည်ကိုသွားရတော့မယ် "

"မြူ.. စိတ်မကောင်းပါဘူး ဒါပေမဲ့ ရှင်ဘာလို့များ ရုတ်တရက်မြူ့ကို ဒါတွေပြောပြနေရသလဲဟင် "

ဗဒ္ဒရီကဘာမှမဆိုဘဲ အဆက်အစပ်မရှိပြောလိုက်ပြန်သည်က

"သိပ်မကြာခင် မင်းမွေးနေ့ရောက်တော့မယ် မဟုတ်လား "

"ဟင်.. ရှင်ဘယ်လိုသိသလဲ"

အံ့သြသင့်နေသောသူမကိုငေးစိုက်ကြည့်ရင်း ဗဒ္ဒရီက ပြုံးလိုက်ပြန်၏။ ထိုအပြုံးတို့က ဆွေးမြေ့လွန်းသဖြင့် မြူဘယ်လိုမှ နားမလည်နိုင်အောင်ပင်ဖြစ်ရသည်။

"မင်းဒီကိုစရောက်ခါစက မင်းဆီက လည်ဆွဲလေးကိုငါကိုင်ပြီး အာရုံပြုလိုက်မိတယ်"

"လည်ဆွဲဟုတ်လား... ဒီလည်ဆွဲက မြူ့မွေးနေ့တုန်းကမေမေ့ဆီက လက်ဆောင်ရထားတာပါ မေမေ့ငယ်ငယ်ကတည်းက လည်ဆွဲလေးဆိုတော့ မြူအမြဲတမ်းမြတ်မြတ်နိုးနိုးဆွဲထားခဲ့တာပါ ဘာဖြစ်လို့လဲဟင် "

လည်ပင်းကလည်ဆွဲလေးကိုကိုင်လျက် မြူနားမလည်နိုင်စွာမေးလိုက်တော့ ဗဒ္ဒရီခေါင်းတစ်ချက်ညိတ်လိုက်ပြီး..

"ဒီနှင်းတောင်တန်းမှာအစောဆုံးမျိုးနွယ်စုလို့ ဆိုနိုင်တဲ့အင်မတန်ထူးကဲတဲ့ပါရမီတွေနဲ့ ပညာသာရီဆိုတဲ့မျိုးနွယ်စုရှိခဲ့တယ် သူတို့တွေဟာ လူတစ်ယောက်ရဲ့ရိုးရာအမွေပစ္စည်းဖြစ်ဖြစ် တန်ဖိုးထားရတဲ့ပစ္စည်းကနေပဲဖြစ်ဖြစ် အဲ့ဒီလူရဲ့ကံကြမ္မာအဆိုးအကောင်းကိုသိမြင်ခံစားနိုင်တဲ့ ပါရမီထူးရှိခဲ့တယ် အဲ့ဒီ့လူရဲ့အတိတ်ကဖြစ်ရပ်တွေကိုပါ တွေ့မြင်နိုင်စွမ်းရှိခဲ့တယ် "

"ထူးဆန်းလိုက်တာ..."

"တစ်နေ့မှာတော့ ပညာသာရီမျိုးနွယ်စုဟာ မပါဝင်သင့်တဲ့ကိစ္စရပ်မှာဝင်ပါခဲ့မိလို့ မှော်ကျိန်စင်သင့်ခဲ့တယ် ကျိန်စာကြောင့် မျိုးနွယ်စုတစ်စုလုံးဟာ နှင်းတောင်ဒေသကနေပျောက်ကွယ်သွားခဲ့ရတယ် သူတို့ကိုနှင်းတောင်ဒေသမှာ ဘယ်သောမှမတွေ့နိုင်တော့ဘူး ဒါပေမဲ့ ပညာသာရီမျိုးနွယ်စုတစ်ယောက်ကတော့ ကျန်ခဲ့တယ် အဲ့ဒီလူက ငါပဲမိန်းကလေး "

"ဟင်... "

မြူ ဗဒ္ဒရီကိုတအံ့တသြကြည့်မိပြန်၏။ ဗဒ္ဒရီက နားလည်ရခက်သောအပြုံးဖြင့်...

"မင်းမွေးဖွားလာတဲ့ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ငါ့သမီးလေးကိုမွေးတဲ့ရက်နဲ့တူနေခဲ့တာကို ငါသိလိုက်ရတယ် မြူနှင်းသိင်္ဃာ"

"အို..... "

"ဒါကြောင့် မင်းကိုငါ့သမီးလေးအမှတ်နဲ့ ရင်ထဲခံစားခဲ့မိတယ် ငါမင်းအပေါ်တင်းမာသင့်ပေမဲ့ အချိန်အကြာကြီး မမာကျောနိုင်ခဲ့ဘူး ကျိန်စာသင့်နေတဲ့မိန်းကလေးမှန်း အချိန်တန်သေဆုံးရမယ်မှန်းသိပေမဲ့ ရှိနေတဲ့အချိန်လေးမှာ မင်းအပေါ်ကောင်းပေးဖို့ ငါ့နှလုံးသားကထပ်ခါထပ်ခါတောင်းဆိုတယ် ငါမလွန်ဆန်နိုင်ခဲ့ဘူး စေတနာတွေထားခဲ့တယ် အခြားမိန်းကလေးတွေလိုစိတ်မထားနိုင်တဲ့ငါက မင်းကိုဂရုစိုက်မိတယ် ပြီးတော့ မင်းအတွက်အများကြီးစိုးရိမ်ပေးနေခဲ့ရတယ် "

ဗဒ္ဒရီစကားကြောင့် သူမရင်ထဲ နင့်ခနဲ့ခံစားလိုက်ရသည်။ မာကြောကြမ်းတမ်းသည်ဟု သူမထင်ထားသောအမျိုးသမီးကြီးကာ သူမအပေါ်သမီးရင်းတစ်ယောက်နှယ် အမြဲဂရုစိုက်တတ်ခဲ့သည်တဲ့လား။

"ဒါကြောင့်ကျေးဇူးပြု၍ မြေအောက်ခန်းကို ထပ်မသွားပါနဲ့ ငါတောင်းဆိုနေတာမဟုတ်ပါဘူး မင်းကိုမေတ္တာရပ်ခံနေတာပါ"

"အို...... "

ဗဒ္ဒရီထွက်သွားသည်အထိ မြူဆွံ့အနေမိဆဲ။ အချိန်အတော်ကြာအောင် သူမငူငူကြီးထိုင်နေမိသည်။ ဘာကိုဝမ်းနည်းမှန်းမသိအောင်ပင် ရင်ထဲနင့်နင့်သည်းသည်းခံစားနေတော့သည်။

သူမဗဒ္ဒရီအပေါ်နာကျင်စေမိပြီလား.။

အတွေးများဖြင့် မိုးစင်စင်လင်းလာသည့်တိုင် အပြစ်မကင်းသောခံစားချက်များဖြင့် သူမဝမ်းနည်းနေခဲ့ရင်းနှင့်.... ။
............. ..................... .....................

ဗဒ္ဒရီဟာနှင်းတောင်တန်းဒေသမှာ တစ်ဦးတည်းရှင်ကျန်ရစ်ခဲ့သည့် ပညာသာရီမျိုးနွယ်ဝင် အမျိုးသမီး။

ဘယ်လိုကျိန်စာတွေကသူမမျိုးနွယ်စုကို ပျက်သုည်းစေခဲ့သနည်း။ ဤမျှဆိုးဝါးလှသောကံတရားကို အဘယ်ကြောင့် သူမလက်ခံခဲ့ရသနည်း။

ဗဒ္ဒရီအတိတ်နှင့်ပတ်သက်၍ မြူ့မှာမေးခွန်းများစွာရှိနေတော့သည်။ တစ်ရက်တွင်တော့ မေးကြည့်ဖို့ တွေးထားလိုက်၏။ ယခုအချိန်တွင်တော့ မှော်မင်းသားနှင့်ပတ်သက်သော အဖြေများစွာ ရှာဖွေဖို့လိုသေးသည်။ သူမဒီပဟေဋိတွေကို ရှင်းလင်းရပါဦးမည်။

ဒီရက်ပိုင်းမင်းသားကို သူမမတွေ့မိပါ။ သူမထံကိုအပြစ်ပေးဖို့ပင်ရောက်မလာသော မင်းသားကို မြူလွမ်းချင်သလိုလိုဖြစ်နေမိသည်မှာ ရယ်တော့ရယ်ရသည်။ မင်းသားဘယ်ရောက်နေသလဲဟုလည်း ဗဒ္ဒရီကိုသူမမေးရဲ။ သို့သော် ဤညတွင်ဇီဝင်္ဃာ မှော်ရဲတိုက်တွင်မရှိသည်ကိုတော့ သူမကြားထားသည်။ ထို့ကြောင့်လည်း ညည့်သန်းခေါင်ရောက်သည်နှင့် သူမခြေလှမ်းတို့က လျှိုဝှက်စာကြည့်ခန်းဆီသို့ ဦးတည်လာမိသည်။ မှော်မင်းသားနှင့်ပတ်သက်သော အဖြေများကို မင်းသား၏အတ္ထုပ္ပတိစာအုပ်ထဲတွင်သာ သူမရှာဖွေနိုင်မည်မဟုတ်လား။

လျှို့ဝှက်စာကြည့်ခန်းထဲမဝင်ခင် မြေအောက်ခန်းဆီသို့သွားသည့်နေရာကို လှမ်းကြည့်ရင်း သူမမှာကျောတစ်ခုလုံး အလိုလိုစိမ့်တက်သွားတော့သည်။

ဒီလောက်ကြောက်စရာကောင်းတဲ့နေရာကို ဝင်ပါဆိုရင်တောင် လုံးဝမဝင်တော့ဘူး
စိတ်ချပါ ဗဒ္ဒရီရေ....

စိတ်ထဲရေရွတ်ရင်း သူမလျှို့ဝှက်စာကြည့်ခန်းထဲသို့ဝင်လိုက်သည်။ အခန်းမီးသည်ယခင်အတိုင်း မှိန်ဖျော့ဖျော့လင်းနေဆဲ။ သို့သော် ညကာ ယခင်ညတွေထက် ပိုအေးစက်လွန်းနေသည်။ သူမလောင်းကုပ်ရှည်ကြားထဲလက်လေးပိုက်ရင်း စာအုပ်ထားရာနေရာသို့လျှောက်အလာ..

"ဟင်... "

တစ်ကိုယ်လုံးထုံထိုင်းအေးစက်ကာ ဟိုးအဝေးသို့ လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နေရာမှာတင် မှင်သက်အံ့သြနေရင်း ရင်ထဲအလုအယှက်တိုးဝင်လာခဲ့သည်က.

အကြောက်တရားတွေ၊ သွေးပျက်မှုတွေ၊ စိုးရွံ့ထိတ်လန့်မှုတွေ၊ တုန်လှုပ်မှုတွေ၊ ပြီးတော့.. မယုံကြည်နိုင်ခြင်းတွေ။

အဘယ်ကြောင့်ဆိုသော်သူမစာဖတ်နေကျ ကျွန်းစားပွဲခုံပေါ်တွင် လက်တစ်ဖက်ထောက်ထားရင်းနှင့် အေးစက်စက်အပြုံးဖြင့် ထိုင်နေသူကတော့..

"မင်းသား.... "

Season- 5 ပြီးပါပြီ။
ဆူးခတ်ပန်း

Zawgyi

~~ေမွာ္~~
(Season -5)
အပိုင္း( ၁၃)

သိပ္သည္းေသာအေမွာင္ထုလား။
ဟင့္အင္း... မဟုတ္ဘူး

ေအာက္သို႔ဆင္းသြားသည့္ေလွကားတို႔ကို သူမအတိုင္းသာျမင္ေနရသည္။ မွိန္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္ေတာင္မရွိဘဲႏွင့္ ျမင္ကြင္းတို႔ကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္မွာ ထူးဆန္းလြန္းလွသည္။

သို႔ေသာ္ အားနည္းေနသည့္ အလင္းေရာင္ေအာက္တြင္ ျမင္ေတြ႕သမွ်ကေတာ့ ေခ်ာက္ခ်ားစရာေကာင္းလွသည္။ ေလွကားအဆုံးတြင္ ဟာလာဟင္းလင္းအခန္းအခ်ိဳ႕မွလြဲ၍ ဘာမွရွိမေနပါ။ ထိုဟာလာဟင္းလင္းျဖစ္ေနသည္ကပင္ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းလွသည္။

ဒါေအာ္သံေတြ ညည္းညဴသံေတြ ငိုေႂကြးသံေတြၾကားေနရသည့္ေနရာလား.။ ႏွိပ္စက္ညႇင္းပန္းမႈေတြႏွင့္ ေၾကာက္စရာေကာင္းေသာေသျခင္းတရားေတြ ျပည့္ေနသည့္ေနရာလား။

အေတြးျဖင့္ ၾကက္သီးေတြထသြားရသည္အထိ လန္႔ဖ်ပ္သြားမိေသာ္လည္း သိလိုစိတ္ျပင္းျပေနသည့္ဆႏၵကို သူမမခ်ဳပ္ထိန္းႏိုင္ခဲ့ပါ။ ထို႔ေၾကာင့္လည္း ေျခလွမ္းတို႔က ေရွ႕သို႔တေ႐ြ႕ေ႐ြ႕သြားေနမိသည္။

ဘာသံမွမၾကားရေအာင္ တိတ္ဆိတ္ေျခာက္ကပ္ေနမႈကိုလည္း သူမမႏွစ္ၿမိဳမိ။ သို႔ေသာ္ တစ္ၿပိဳက္နက္တည္းမွာပင္ အသံတစ္ခုခု ထြက္လာမွာကိုလည္းစိုး႐ြံ႕ေနမိသည္။ သံတိုင္မ်ားႏွင့္အခန္းမ်ားကို ေတြ႕ျမင္ေနရသည့္တိုင္ အထဲတြင္ဘာမွရွိမေနပါ။ ရွင္းလင္းလြန္းေနသည္မွာ စိတ္ကိုမလုံၿခဳံေစသကဲ့သို႔ ခံစားေစပါသည္။ ထိုအခန္းမ်ားကိုျဖတ္ေက်ာ္အၿပီး လမ္းေတာင့္ခ်ိဳးတစ္ခုတြင္ေတာ့...

"ဟင္..."

မီးေရာင္ခပ္သဲ့သဲ့ေလးေတြ႕ျမင္ရသည္။ အထဲသို႔ဝင္သည့္စၾကၤန္လမ္းတစ္ေလွ်ာက္ နံရံတြင္မီးတုတ္မ်ားထြန္းထားသည္။ သို႔ေသာ္ထိန္လင္းေနတာမ်ိဳးမဟုတ္ဘဲ ခပ္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ရ႐ုံမွ်သာ။ ထိုအဝါေရာင္ေဖ်ာ့ေဖ်ာ့မီးအလင္းေရာင္ကို ဘာေၾကာင့္မွန္းမသိေအာင္ သူမမႏွစ္ၿမိဳမိျပန္ပါ။

ထို႔အျပင္ သူမကိုစိတ္႐ူပ္ေထြးသြားေစသည္က ေလွကားအဆင္းေအာက္တြင္ ေမွာက္မိုက္ေနေသာ္လည္း မီးတုတ္တစ္ခုမွထြန္းမထားဘဲ ဒီဘက္စၾကၤန္လမ္းတစ္ေလွ်ာက္ကိုေတာ့ မီးတုတ္ေတြတစ္တန္းလုံး ထြန္းညႇိထားသည္။ စၾကၤန္လမ္းအဆုံးတြင္ မည္သည့္အရာတည္ရွိမည္နည္း။ သူမေတြးေတာေနစဥ္မွာပင္

"အင္း...ဟင္း ဟင္း "

႐ုတ္တရက္ထြက္ေပၚလာသည့္ခပ္တိုးတိုးညည္းညဴသံေၾကာင့္ ၾကက္သီးေတြျဖန္းခနဲ႔ထသြားၿပီး ေက်ာျပင္တစ္ခုလုံးေအးစိမ့္သြားရသည္။ အသံက ေနာက္ေက်ာဘက္ဆီက။

"ဟင္..."

မရဲတရဲျဖင့္ေနာက္ကိုလွည့္ၾကည့္မိေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းက သူမတစ္ကိုယ္လုံးကို လြင့္စင္သြားလုမတက္ ခံစားသြားေစသည္။

ခုနကဟာလာဟင္းလင္းျဖစ္ေနသည့္တံတိုင္းမ်ားႏွင့္အခန္းထဲတြင္ေတြ႕လိုက္ရသည္ကေတာ့ ေသြးသံရဲရဲႏွင့္႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ မိန္းကေလးေတြ.... မိန္းကေလးေတြ

အို...ဘုရားေရ ဒါေတြကဘာေတြလဲ
ေၾကာက္စရာေကာင္းလိုက္တာ။

အေမွာင္ရိပ္သန္းေနသည့္တိုင္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ ေျမာက္ျမားစြာေသာ မိန္းကေလးတို႔ကို အထင္းသားေတြ႕ေနရသျဖင့္ သူမအေၾကာက္လြန္ၿပီး မလႈပ္မယွက္ၾကက္ေသေသေနမိသည္။ ေသြးေတြစြန္းေနေသာ ေသြးပ်က္ဖြယ္မိန္းကေလးတို႔ကာ လက္ႏွစ္ဖက္ကိုဆန္႔တန္းလ်က္ သံတိုင္ကိုကိုင္ထားရင္းႏွင့္

"ကယ္ပါ.... ကယ္ပါ အင္း ဟင္း ဟင္း "

"ကယ္ေပးပါ ဟင္း... ဟင္း "

ေအာ္ဟစ္ညည္းညဴေနသည့္အသံတို႔ၾကားမွ သူမသတိဝင္လာၿပီး အထိတ္တလန္႔ျဖင့္..

"ဟင့္အင္း... မလာနဲ႔ မလာပါနဲ႔"

တစ္ကိုယ္လုံးတဆက္ဆက္တုန္ယင္ေနမိေသာ္လည္း ေၾကာက္လြန္းေနသျဖင့္ ေျခေထာက္ေတြက ထုံေနကာ လူကေ႐ြ႕မရ။ မ်က္လုံးကို အတင္းစုံမွိတ္ထားရင္း တစ္ေယာက္တည္းေသြးပ်က္စြာ ေအာ္ဟစ္ေနမိေတာ့သည္။ သို႔ေသာ္ ထိုေခ်ာက္ခ်ားဖြယ္ မိန္းကေလးမ်ားကာ တံတိုင္ကိုမေက်ာ္ျဖတ္ႏိုင္၍ထင္သည္။ စက္ဆုပ္ဖြယ္ညည္းညဴေန႐ုံမွအပ ထြက္မလာခဲ့ပါ။ သို႔တိုင္ထိုအသံႏွင့္ ႐ုပ္ဆင္းအဂၤါတို႔သည္ကလည္း အသက္ရႉရပ္လုမတက္ေအာင္ ေသြးပ်က္ဖြယ္ ေကာင္းလြန္းေနသျဖင့္ သူမမ်က္လုံးကိုမဖြင့္ရဲဘဲ ေနရာမွာတင္ငုတ္တုတ္ထိုင္လ်က္ တုန္ယင္ေနေတာ့သည္။

မည္မွ်ၾကာသြားသည္မသိပါ။ ႐ုတ္တရက္ အသံေတြတိတ္ဆိတ္သြား၏။ ဘာသံမွမၾကားရေတာ့သည့္အခါ သူမမရဲတရဲျဖင့္မ်က္လုံးကို အသာဖြင့္ၾကည့္လိုက္ေတာ့ အခန္းေတြအားလုံးကနဂိုအတိုင္း ဟာလာဟင္းလင္းျဖစ္သြားသည္။ ခုနက ႐ုပ္ပ်က္ဆင္းပ်က္ႏွင့္မိန္းကေလးမ်ားကာ လုံးဝေပ်ာက္ကြယ္သြားေခ်ၿပီ။ ေၾကာက္႐ြံ႕တုန္လႈပ္ေနသည့္ၾကားမွ သူမအံ့ၾသသင့္ေနစဥ္

"ျမဴႏွင္းသိဃၤာ..... "

"ဟင္..... "

ဟိုး... အေဝးဆီမွလြင့္ေမ်ာလာသည့္ ေခၚသံသဲ့သဲ့ေလး။ ဆြဲဆြဲငင္ငင္ေခၚသံတစ္ခုကို သူမေသခ်ာေပါက္ၾကားလိုက္ရသည္။ ပို၍တိတိက်က်ဆိုရလွ်င္ အဝါေရာင္မီးေတြ ထြန္းညႇိထားသည့္စၾကၤန္လမ္းဘက္မွ ထြက္ေပၚလာသည့္အသံ။ သူမစၾကၤန္လမ္းေရွ႕သို႔ရပ္ေငးရင္ ေမွ်ာ္ၾကည့္လိုက္သည္။ လမ္းကာ သိပ္မရွည္လ်ားလွေသာ္လည္း အဝါေရာင္မီးတုတ္မွျဖာထြက္လာသည့္ အလင္းေရာင္သည္ ျမင္ကြင္းကိုပိတ္ဆို႔ေဝဝါးသြားေစသည္။ လမ္းအဆုံးတြင္ဘာရွိမွန္း သဲသဲကြဲကြဲမျမင္ပါ။ သို႔ေသာ္ ဆြဲဆြဲငင္ငင္ ေခၚဆိုေသာအသံတို႔ကာ ဤေနရာမွထြက္လာသည္ကိုေတာ့ ျမဴခံစားမိပါသည္။ စၾကၤန္လမ္းက်ဥ္းေလးကေတာ့ ဝါေဖ်ာ့ေဖ်ာ့မီးေရာင္ေအာက္တြင္ တိတ္ဆိတ္ေနၿမဲ။

"ျမဴႏွင္းသိဃၤာ"

"အမေလး..."

႐ုတ္တရက္ေအးစက္ေသာအသံႏွင့္အတူ ပုခုံးေပၚတင္လာသည့္ခပ္ေအးေအးလက္တစ္ဖက္ေၾကာင့္ ျမဴလြင့္ျပာလြင့္မတက္ လန္႔ဖ်ပ္သြားသည္။ သို႔ေသာ္ သူမေနာက္တြင္ရပ္ေနသူကို ျမင္လိုက္ရေတာ့ ပို၍တုန္လႈပ္သြားရသည္။

"ဗဒၵရီ..... "

ဟုတ္ပါသည္။ သူမကိုမ်က္လုံးစိမ္းမ်ားျဖင့္ စိုက္ၾကည့္ေနေသာ ဗဒၵရီ။ ျမဴေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ႏွင့္

"ဟို.. ဗဒၵရီဘယ္လိုလုပ္ေရာက္လာသလဲ "

"ဒီေမးခြန္းကိုငါေမးရမွာပါ မိန္းကေလး"

ဗဒၵရီအသံကတင္းမာလြန္းေနရာ ျမဴဇက္ကေလးပုသြားရင္း ဘာေျဖရမွန္းမသိေအာင္ တုန္တုန္ယင္ယင္ျဖစ္ေနေတာ့သည္။ ဗဒၵရီက သူမကိုမ်က္ေတာင့္နီႀကီးႏွင့္စိုက္ၾကည့္ၿပီး

"ငါ့ေနာက္လိုက္ခဲ့..... "

"ရွင္.... "

"ဇီဝဃၤာမင္းကိုဖမ္းမိၿပီးတစ္စစီဆြဲမဆုတ္ခင္ ဒီေနရာကအျမန္ထြက္စမ္း "

ေဒါသကိုထိန္းခ်ဳပ္ထားဟန္ႏွင့္ဗဒၵရီက ခပ္တင္းတင္းဆိုလိုက္ၿပီး လွည့္ထြက္သြားေတာ့ သူမလည္းမေနသာေတာ့ဘဲ ေနာက္ကေန ခပ္ကုပ္ကုပ္ေလးလိုက္လာခဲ့သည္။

အဝါေရာင္မီးေတြျဖန္းပက္ထားသည့္ စၾကၤန္လမ္းအဆုံး ဘာရွိမည္နည္း။ သူမၾကားလိုက္ရေသာေခၚသံကေရာ ဘာေတြလဲ။

ျမဴမေတြးအားေတာ့ပါ။ လက္တစ္ေလာတြင္အေရးႀကီးေနသည္က ဗဒၵရီေဒါသကိုရင္ဆိုင္ဖို႔အတြက္မဟုတ္လား။
............ .................... ......................

"ငါတေရးႏိုးလာေတာ့ ဒီေန႔မွစိတ္ထဲထူးထူးျခားျခားခံစားေနရတာနဲ႔ မင္းအခန္းကိုသြားၾကည့္မိတာ ထင္တဲ့အတိုင္းပဲ မင္းကအဲဒီကိုေရာက္ေနတယ္ ေျပာစမ္း မင္းဘယ္လိုလုပ္ ေျမေအာက္ခန္းထဲေရာက္သြားသလဲ "

စိတ္ဆိုးလြန္းသျဖင့္ ဗဒၵရီမွာမ်က္ႏွာတစ္ခုလုံး နီျမန္းေနေတာ့၏။ ျမဴမ်က္ႏွာငယ္ေလးႏွင့္..

"ဟို... ေခၚသံလိုလိုၾကားရေတာ့ ျမဴ ျမဴလည္းလိုက္ၾကည့္ရင္းနဲ႔ ေရာက္ ေရာက္သြားတာပါ"

"ငါမင္းကိုမေျပာထားဘူးလာ ဘာအေၾကာင္းနဲ႔မွအဲ့ဒီေနရာကို မသြားရဘူးဆိုတာ ဘာကိစၥပဲ ျဖစ္ေနပါေစ မင္းအခန္းထဲမွာပဲမင္းေနသင့္တယ္ ငါမင္းကိုတားေနတာအလကားလို႔ မင္းထင္ေနသလား "

"မဟုတ္... မဟုတ္ပါဘူး ေခၚသံ ေခၚသံကေလ စိတ္ညႇိဳ႕ေနသလိုပဲ ျမဴဘယ္လိုမွမလြန္ဆန္ႏိုင္လို႔ပါ ဗဒၵရီစကားကို ျမဴဂ႐ုစိုက္ပါတယ္..."

ျမဴ ဗဒၵရီယုံၾကည္ေအာင္ လိမ္ညာလိုက္သည့္တိုင္ ဗဒၵရီမ်က္ဝန္းေတြကမီးဝင္းဝင္းေတာက္ေနဆဲ။

"ငါ့စကားကိုမင္းတကယ္အေလးထားတယ္ဆိုရင္ မင္းအဲ့ဒီ့အခန္းထဲေရာက္ေနစရာအေၾကာင္းကိုမရွိဘူး ျမဴႏွင္းသိဃၤာ"

"ျမဴ.... "

"ေျပာစမ္း ... ေျမေအာက္ခန္းထဲမွာ မင္းဘာေတြေတြ႕ခဲ့လဲ ငါ့ကိုမညာနဲ႔ "

အမွန္တကယ္စိတ္ဆိုးေနေသာ ဗဒၵရီကိုၾကည့္ရင္းျမဴမညာရဲေတာ့ဘဲ..

"တံတိုင္ေတြနဲ႔ အခန္းေတြ... အဲ့ဒီ့အခန္းထဲမွာ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ေၾကာက္စရာေကာင္းတဲ့ မိန္းကေလးေတြ အမ်ား.. အမ်ားႀကီးပဲ ျမဴေတြ႕လိုက္ရတယ္ သူတို႔ကေၾကာက္စရာေကာင္းေပမဲ့ ျမဴ႕ကိုေတာ့ရန္မျပဳပါဘူး သူ သူတို႔က ကယ္ဖို႔ပဲေျပာေနတယ္ စကၠန္႔ပိုင္းပါေလာက္ပါပဲ ျမဴထင္ေယာင္ထင္မွားျဖစ္ေနသလားေတာင္ မသဲကြဲဘူး.... "

"ဒီေနရာမွာ ဘာထင္ေယာင္ထင္မွားမွမရွိဘူး မင္းျမင္ေတြ႕တဲ့အရာက အမွန္တရားပဲ "

"ဟင္.. "

"ၿပီးေတာ့ေရာ.... "

သူမကိုေစ့ေစ့ၾကည့္ၿပီး ဗဒၵရီထပ္ေမးေတာ့ ျမဴသက္ျပင္းခ်လိုက္ရင္း...

"ဆြဲဆြဲငင္ငင္နဲ႔ေခၚသံတစ္ခု.... "

"ဘာ...."

"အဝါေရာင္မီးေတြထြန္းထားတဲ့ စၾကၤန္လမ္းဘက္ကထင္တယ္"

ဘာေၾကာင့္မွန္းမသိ ဗဒၵရီမ်က္ႏွာပ်က္ယြင္းသြားၿပီး

"မင္းအဲ့ဒီ့ဘက္ေလွ်ာက္သြားေသးလား..."

"ဟင့္အင္း.... "

"ေကာင္းတယ္... "

သက္ျပင္းခ်ရင္းဆိုလိုက္ေသာဗဒၵရီစကားကို သူမနားမလည္ပါ။ သို႔တိုင္ေမးလည္းမေမးရဲသျဖင့္

"ဟို... စၾကၤန္လမ္းတစ္ဘက္မွာ တစ္ခုခုရွိမယ္ထင္တယ္ေနာ္ဗဒၵရီ ျမဴလွမ္းၾကည့္တာတစ္မ်ိဳးပဲ တစ္ေယာက္ေယာက္ရွိေနသလို..."

"မင္းနဲ႔မဆိုင္ဘူး မင္းဘာမွမသိခ်င္နဲ႔ "

ဗဒၵရီေလသံကတင္းမာသြားျပန္သျဖင့္ ျမဴထပ္ၿပီးေစာဒကမတက္ရဲေတာ့ေပ။ ဗဒၵရီက သူမကိုစူးစူးရဲရဲစိုက္ၾကည့္ၿပီး

"ဒီမွာ... ျမဴႏွင္းသိဃၤာ မင္းျမင္ေတြ႕ခဲ့ရသမွ်ေတြအားလုံးကို ေမ့ေဖ်ာက္ပစ္ရမယ္ ထပ္မေတြးနဲ႔ ဘာအေၾကာင္းမွမသိခ်င္နဲ႔.. "

"ရွင္..."

"ေျမေအာက္ခန္းမွာရွိတဲ့အရာေတြက အႏၲရာယ္မ်ားတယ္ဆိုတာထက္ ပိုေၾကာက္စရာေကာင္းတယ္ အရွင္လတ္လတ္ငရဲက်သလို ခံစားသြားေစရမယ္..."

"ဒါေပမဲ့ အခ်ိန္တစ္ခုေရာက္လာရင္ ျမဴအဲ့ဒီ့ေနရာကိုပဲ သြားရမယ္မဟုတ္လား "

ျမဴ႕စကားေၾကာင့္ ဗဒၵရီႏူတ္ခမ္းေတြ တင္းတင္းေစ့သြားသည္ကိုျမင္ရေတာ့ ျမဴနာက်င္ရပါသည္။ ဗဒၵရီက သူမထံမွအၾကည့္လြဲလိုက္ၿပီး

"ဘာပဲျဖစ္ျဖစ္ မင္းငါ့စကားကိုနားေထာင္ပါ ေနာက္တစ္ခါေျမေအာက္ခန္းကို ထပ္မဆင္းသြားပါနဲ႔... "

".......... "

"ငါမင္းကိုဂ႐ုစိုက္လို႔ အခုလိုတားေနရတာပါ"

႐ုတ္တရက္ဗဒၵရီအသံကေပ်ာ့ညံ့သြားေတာ့ သူမအံ့ၾသသင့္သြားရသည္။ အၿမဲတင္းမာေနတတ္ေသာမ်က္ဝန္းတို႔က အို... ဘုရားေရ စိုစြတ္ေနပါလား။

မယုံၾကည္ႏိုင္ေအာင္အံ့ၾသသင့္ေနေသာ သူမကိုၾကည့္ၿပီး ဗဒၵရီကခပ္ယဲ့ယဲ့ၿပဳံးလိုက္ကာ

"လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္ဝန္းက်င္က ငါ့မွာသမီးေလးတစ္ေယာက္ရွိခဲ့တယ္ ႏွင္းခဲေလးလိုပဲ စြတ္စြတ္ျဖဴၿပီး သိပ္လွပတဲ့ကေလးေလး ဒါေပမဲ့ ငါသူ႔ကိုအၾကာႀကီးမေထြးပိုက္ထားလိုက္ရဘူး ႏို႔ရည္ေလးတစ္ခါေတာင္မတိုက္ေကြၽးလိုက္ရဘူး သိပ္ေအးလြန္းတဲ့ႏွင္းေတြေအာက္မွာ စြန္႔ပစ္ခဲ့ရတယ္... "

"အို...."

"ဒါကရက္စက္လြန္းရာက်ေပမဲ့ သူ႔ကိုကယ္တင္ႏိုင္မဲ့တစ္ခုတည္းေသာနည္းလမ္းပဲေလ ငါဘာမွမတတ္ႏိုင္ခဲ့ဘူး ဒါ ငါလြဲေျပာင္းယူရမဲ့ကံတရားကို ငါကေသလူျဖစ္သြားခဲ့ၿပီ ငါေမွာ္တိုင္းျပည္ကိုသြားရေတာ့မယ္ "

"ျမဴ.. စိတ္မေကာင္းပါဘူး ဒါေပမဲ့ ရွင္ဘာလို႔မ်ား ႐ုတ္တရက္ျမဴ႕ကို ဒါေတြေျပာျပေနရသလဲဟင္ "

ဗဒၵရီကဘာမွမဆိုဘဲ အဆက္အစပ္မရွိေျပာလိုက္ျပန္သည္က

"သိပ္မၾကာခင္ မင္းေမြးေန႔ေရာက္ေတာ့မယ္ မဟုတ္လား "

"ဟင္.. ရွင္ဘယ္လိုသိသလဲ"

အံ့ၾသသင့္ေနေသာသူမကိုေငးစိုက္ၾကည့္ရင္း ဗဒၵရီက ၿပဳံးလိုက္ျပန္၏။ ထိုအၿပဳံးတို႔က ေဆြးေျမ့လြန္းသျဖင့္ ျမဴဘယ္လိုမွ နားမလည္ႏိုင္ေအာင္ပင္ျဖစ္ရသည္။

"မင္းဒီကိုစေရာက္ခါစက မင္းဆီက လည္ဆြဲေလးကိုငါကိုင္ၿပီး အာ႐ုံျပဳလိုက္မိတယ္"

"လည္ဆြဲဟုတ္လား... ဒီလည္ဆြဲက ျမဴ႕ေမြးေန႔တုန္းကေမေမ့ဆီက လက္ေဆာင္ရထားတာပါ ေမေမ့ငယ္ငယ္ကတည္းက လည္ဆြဲေလးဆိုေတာ့ ျမဴအၿမဲတမ္းျမတ္ျမတ္ႏိုးႏိုးဆြဲထားခဲ့တာပါ ဘာျဖစ္လို႔လဲဟင္ "

လည္ပင္းကလည္ဆြဲေလးကိုကိုင္လ်က္ ျမဴနားမလည္ႏိုင္စြာေမးလိုက္ေတာ့ ဗဒၵရီေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး..

"ဒီႏွင္းေတာင္တန္းမွာအေစာဆုံးမ်ိဳးႏြယ္စုလို႔ ဆိုႏိုင္တဲ့အင္မတန္ထူးကဲတဲ့ပါရမီေတြနဲ႔ ပညာသာရီဆိုတဲ့မ်ိဳးႏြယ္စုရွိခဲ့တယ္ သူတို႔ေတြဟာ လူတစ္ေယာက္ရဲ႕႐ိုးရာအေမြပစၥည္းျဖစ္ျဖစ္ တန္ဖိုးထားရတဲ့ပစၥည္းကေနပဲျဖစ္ျဖစ္ အဲ့ဒီလူရဲ႕ကံၾကမၼာအဆိုးအေကာင္းကိုသိျမင္ခံစားႏိုင္တဲ့ ပါရမီထူးရွိခဲ့တယ္ အဲ့ဒီ့လူရဲ႕အတိတ္ကျဖစ္ရပ္ေတြကိုပါ ေတြ႕ျမင္ႏိုင္စြမ္းရွိခဲ့တယ္ "

"ထူးဆန္းလိုက္တာ..."

"တစ္ေန႔မွာေတာ့ ပညာသာရီမ်ိဳးႏြယ္စုဟာ မပါဝင္သင့္တဲ့ကိစၥရပ္မွာဝင္ပါခဲ့မိလို႔ ေမွာ္က်ိန္စင္သင့္ခဲ့တယ္ က်ိန္စာေၾကာင့္ မ်ိဳးႏြယ္စုတစ္စုလုံးဟာ ႏွင္းေတာင္ေဒသကေနေပ်ာက္ကြယ္သြားခဲ့ရတယ္ သူတို႔ကိုႏွင္းေတာင္ေဒသမွာ ဘယ္ေသာမွမေတြ႕ႏိုင္ေတာ့ဘူး ဒါေပမဲ့ ပညာသာရီမ်ိဳးႏြယ္စုတစ္ေယာက္ကေတာ့ က်န္ခဲ့တယ္ အဲ့ဒီလူက ငါပဲမိန္းကေလး "

"ဟင္... "

ျမဴ ဗဒၵရီကိုတအံ့တၾသၾကည့္မိျပန္၏။ ဗဒၵရီက နားလည္ရခက္ေသာအၿပဳံးျဖင့္...

"မင္းေမြးဖြားလာတဲ့ရက္ဟာ တိုက္တိုက္ဆိုင္ဆိုင္ ငါ့သမီးေလးကိုေမြးတဲ့ရက္နဲ႔တူေနခဲ့တာကို ငါသိလိုက္ရတယ္ ျမဴႏွင္းသိဃၤာ"

"အို..... "

"ဒါေၾကာင့္ မင္းကိုငါ့သမီးေလးအမွတ္နဲ႔ ရင္ထဲခံစားခဲ့မိတယ္ ငါမင္းအေပၚတင္းမာသင့္ေပမဲ့ အခ်ိန္အၾကာႀကီး မမာေက်ာႏိုင္ခဲ့ဘူး က်ိန္စာသင့္ေနတဲ့မိန္းကေလးမွန္း အခ်ိန္တန္ေသဆုံးရမယ္မွန္းသိေပမဲ့ ရွိေနတဲ့အခ်ိန္ေလးမွာ မင္းအေပၚေကာင္းေပးဖို႔ ငါ့ႏွလုံးသားကထပ္ခါထပ္ခါေတာင္းဆိုတယ္ ငါမလြန္ဆန္ႏိုင္ခဲ့ဘူး ေစတနာေတြထားခဲ့တယ္ အျခားမိန္းကေလးေတြလိုစိတ္မထားႏိုင္တဲ့ငါက မင္းကိုဂ႐ုစိုက္မိတယ္ ၿပီးေတာ့ မင္းအတြက္အမ်ားႀကီးစိုးရိမ္ေပးေနခဲ့ရတယ္ "

ဗဒၵရီစကားေၾကာင့္ သူမရင္ထဲ နင့္ခနဲ႔ခံစားလိုက္ရသည္။ မာေၾကာၾကမ္းတမ္းသည္ဟု သူမထင္ထားေသာအမ်ိဳးသမီးႀကီးကာ သူမအေပၚသမီးရင္းတစ္ေယာက္ႏွယ္ အၿမဲဂ႐ုစိုက္တတ္ခဲ့သည္တဲ့လား။

"ဒါေၾကာင့္ေက်းဇူးျပဳ၍ ေျမေအာက္ခန္းကို ထပ္မသြားပါနဲ႔ ငါေတာင္းဆိုေနတာမဟုတ္ပါဘူး မင္းကိုေမတၱာရပ္ခံေနတာပါ"

"အို...... "

ဗဒၵရီထြက္သြားသည္အထိ ျမဴဆြံ႕အေနမိဆဲ။ အခ်ိန္အေတာ္ၾကာေအာင္ သူမငူငူႀကီးထိုင္ေနမိသည္။ ဘာကိုဝမ္းနည္းမွန္းမသိေအာင္ပင္ ရင္ထဲနင့္နင့္သည္းသည္းခံစားေနေတာ့သည္။

သူမဗဒၵရီအေပၚနာက်င္ေစမိၿပီလား.။

အေတြးမ်ားျဖင့္ မိုးစင္စင္လင္းလာသည့္တိုင္ အျပစ္မကင္းေသာခံစားခ်က္မ်ားျဖင့္ သူမဝမ္းနည္းေနခဲ့ရင္းႏွင့္.... ။
............. ..................... .....................

ဗဒၵရီဟာႏွင္းေတာင္တန္းေဒသမွာ တစ္ဦးတည္းရွင္က်န္ရစ္ခဲ့သည့္ ပညာသာရီမ်ိဳးႏြယ္ဝင္ အမ်ိဳးသမီး။

ဘယ္လိုက်ိန္စာေတြကသူမမ်ိဳးႏြယ္စုကို ပ်က္သုည္းေစခဲ့သနည္း။ ဤမွ်ဆိုးဝါးလွေသာကံတရားကို အဘယ္ေၾကာင့္ သူမလက္ခံခဲ့ရသနည္း။

ဗဒၵရီအတိတ္ႏွင့္ပတ္သက္၍ ျမဴ႕မွာေမးခြန္းမ်ားစြာရွိေနေတာ့သည္။ တစ္ရက္တြင္ေတာ့ ေမးၾကည့္ဖို႔ ေတြးထားလိုက္၏။ ယခုအခ်ိန္တြင္ေတာ့ ေမွာ္မင္းသားႏွင့္ပတ္သက္ေသာ အေျဖမ်ားစြာ ရွာေဖြဖို႔လိုေသးသည္။ သူမဒီပေဟဋိေတြကို ရွင္းလင္းရပါဦးမည္။

ဒီရက္ပိုင္းမင္းသားကို သူမမေတြ႕မိပါ။ သူမထံကိုအျပစ္ေပးဖို႔ပင္ေရာက္မလာေသာ မင္းသားကို ျမဴလြမ္းခ်င္သလိုလိုျဖစ္ေနမိသည္မွာ ရယ္ေတာ့ရယ္ရသည္။ မင္းသားဘယ္ေရာက္ေနသလဲဟုလည္း ဗဒၵရီကိုသူမေမးရဲ။ သို႔ေသာ္ ဤညတြင္ဇီဝဃၤာ ေမွာ္ရဲတိုက္တြင္မရွိသည္ကိုေတာ့ သူမၾကားထားသည္။ ထို႔ေၾကာင့္လည္း ညည့္သန္းေခါင္ေရာက္သည္ႏွင့္ သူမေျခလွမ္းတို႔က လွ်ိဳဝွက္စာၾကည့္ခန္းဆီသို႔ ဦးတည္လာမိသည္။ ေမွာ္မင္းသားႏွင့္ပတ္သက္ေသာ အေျဖမ်ားကို မင္းသား၏အတၳဳပၸတိစာအုပ္ထဲတြင္သာ သူမရွာေဖြႏိုင္မည္မဟုတ္လား။

လွ်ိဳ႕ဝွက္စာၾကည့္ခန္းထဲမဝင္ခင္ ေျမေအာက္ခန္းဆီသို႔သြားသည့္ေနရာကို လွမ္းၾကည့္ရင္း သူမမွာေက်ာတစ္ခုလုံး အလိုလိုစိမ့္တက္သြားေတာ့သည္။

ဒီေလာက္ေၾကာက္စရာေကာင္းတဲ့ေနရာကို ဝင္ပါဆိုရင္ေတာင္ လုံးဝမဝင္ေတာ့ဘူး
စိတ္ခ်ပါ ဗဒၵရီေရ....

စိတ္ထဲေရ႐ြတ္ရင္း သူမလွ်ိဳ႕ဝွက္စာၾကည့္ခန္းထဲသို႔ဝင္လိုက္သည္။ အခန္းမီးသည္ယခင္အတိုင္း မွိန္ေဖ်ာ့ေဖ်ာ့လင္းေနဆဲ။ သို႔ေသာ္ ညကာ ယခင္ညေတြထက္ ပိုေအးစက္လြန္းေနသည္။ သူမေလာင္းကုပ္ရွည္ၾကားထဲလက္ေလးပိုက္ရင္း စာအုပ္ထားရာေနရာသို႔ေလွ်ာက္အလာ..

"ဟင္... "

တစ္ကိုယ္လုံးထုံထိုင္းေအးစက္ကာ ဟိုးအေဝးသို႔ လြင့္စင္သြားသကဲ့သို႔ ခံစားလိုက္ရသည္။ ေနရာမွာတင္ မွင္သက္အံ့ၾသေနရင္း ရင္ထဲအလုအယွက္တိုးဝင္လာခဲ့သည္က.

အေၾကာက္တရားေတြ၊ ေသြးပ်က္မႈေတြ၊ စိုး႐ြံ႕ထိတ္လန္႔မႈေတြ၊ တုန္လႈပ္မႈေတြ၊ ၿပီးေတာ့.. မယုံၾကည္ႏိုင္ျခင္းေတြ။

အဘယ္ေၾကာင့္ဆိုေသာ္သူမစာဖတ္ေနက် ကြၽန္းစားပြဲခုံေပၚတြင္ လက္တစ္ဖက္ေထာက္ထားရင္းႏွင့္ ေအးစက္စက္အၿပဳံးျဖင့္ ထိုင္ေနသူကေတာ့..

"မင္းသား.... "

Season- 5 ၿပီးပါၿပီ။
ဆူးခတ္ပန္း

Continue Reading

You'll Also Like

10.3K 301 30
⛔️Piad Novel Only⛔️ စာမြည်းဖတ်ရန် (၂၉)ပိုင်း PDFစဆုံး စာမျက်နှာ - ၂၀၃၂ မျက်နှာ စုစုပေါင်း အပိုင်း - ၁၂၄ပိုင်း အမျိုးအစား - Superna...
241K 20.6K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
358K 4.1K 102
[Completed- Season one & two] Author... Blackclock
25.1K 4.5K 63
විෂ කැවුණු සෙල් හදක ආලෝකයක් උපදින්නට,විනාශයටම උපන් අයෙක් දිවිතුරා රකින්නට,අවසානය නොදකින ශාපලත් දෛවයක් දහස් වසරකට පතන්නටත් තරම්..... ආදරය...... එය එතර...