First Love , Perfect Love (Co...

Von TreasureHeaven

2.3M 171K 22.2K

Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023 Mehr

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
ဇာတ်သိမ်းပိုင်း
💞
Book Details

20

58.4K 4.7K 299
Von TreasureHeaven

" စိုင်းစွမ်း ​နေမ​​ကောင်းဘူးလား။ "

​နေ့လယ်စာ ထမင်းစားပွဲမှာ စိုင်းစွမ်းထက်ပိုင်က ငူငူကြီးထိုင်​နေ​တော့ ​ဒေါ်နန်းခမ်းလွင်က ​မေးလာသည်။ ဒီ​တော့မှ စိုင်းစွမ်းထက်ပိုင်က ဇွန်း​ကောက်ကိုင်ပြီး တိုဟူးတစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

" ​ကောင်းပါတယ်ဗျ။ "

" ဒဏ်ရာအရှိန်​ကြောင့် ဖျားချင်​နေတာ​​​နေမယ်။ အပြင်ဆိုက်ဆို​​တော့ အလုပ်ထဲက ​နေပူတယ်။ သား ​နေလို့ သိပ်မ​​ကောင်းရင် သား အ​ဖေကို လွှတ်လိုက်​လေ။ "

" ​နေ​ကောင်းပါတယ်။ အလုပ်က အပြန် အစ်ကို့ကို ​တွေ့ဖို့ ချိန်းကြည့်ဦးမယ်။ "

" ကာရံလည်း အ​ခြေအ​နေ သိပ်မ​ကောင်း​လောက်ဘူး။ ကိုယ်ဖြစ်ချင်တာ​တွေပဲ အတင်းဖိအား​ပေးမ​နေနဲ့။ ဟိုက လူ​ကောင်​သေး​သေး ပိန်ပိန်​လေးနဲ့ ဖိအား​တွေများပြီး လဲသွားဦးမယ်။နှစ်​​ယောက်အတူ ​သေချာ​လေး တိုင်ပင်ပြီး ဘာဆက်လုပ်မလဲ ​တွေးကြ။ လိုအပ်ရင် သူမိဘ​တွေကို အ​​မေတို့ သွား​တွေ့​ပေးဆိုလည်း သွား​​တွေ့​ပေးမယ်။ "

" ဟုတ်ကဲ့ "

စိုင်းစွမ်းထက်ပိုင်က ထမင်းစားချင်စိတ် မရှိ​ပေမယ့်လည်း မိဘ​တွေကို စိတ်မပူ​စေချင်တာ​ကြောင့် အတင်းမြိုချ​နေရသည်။

" ငါ့​ကောင်ကြီး အသည်းကွဲ​​နေတယ်ဆို။ "

စိုင်းရတုဟန်က ထမင်းစားခန်းထဲ ဝင်လာကာ စိုင်းစွမ်းထက်ပိုင်၏ ပန်းကန်ထဲမှ ဝက်သားမုန်ညင်း​ကြော်ကို ယူစားရင်း လက်တစ်ဖက်က စိုင်းစွမ်းထက်ပိုင်ကို ဖက်ထားရင်းမှ ​ပြောလာသည်။

" အသည်းကွဲရ​အောင် အစ်ကိုက ငါ့ကို ပစ်သွားတာမှ မဟုတ်တာ။ "

" ပစ်မသွားတာ​တောင် တက်ကြွတဲ့ ကြက်​ဖကြီးက ​ကြက်​ပေါက်က​လေး လည်လိမ်ထားသလို ဖြစ်​နေပါ့လား။အရင်လို​တောင် ပွဲတိုင်းမ​ကျော်နိုင်​တော့ဘူး။ အဲ့ဒါပဲ အချစ်ကို အ​လေးအနက်ထားတဲ့သူ​တွေရဲ့ ဒုက္ခ။ "

စိုင်းစွမ်းထက်ပိုင် စိတ်အ​​ခြေအ​နေ မ​ကောင်းတာ​ကြောင့် စိုင်းရတုဟန်က စကား​ပြော​ဖော်ရအောင် ​ရောက်လာ​ပေးခြင်း ဖြစ်သည်။​​​ဆောက်လုပ်​ရေးအင်
ဂျင်နီယာ လုပ်ငန်းကိုစိတ်မဝင်စား​ပေမယ့် သင်ယူခဲ့တာမို့ စိုင်းရတုဟန်လည်း လုပ်ငန်းပိုင်း ကျွမ်းကျင်တာ​ကြောင့် အလုပ်လည်း ကူညီ​ပေးလို့ရသည်။

" ရတု ​နေ့လယ်စာ စားမလား။ ​ဒေါ်​လေး ပြင်​ပေးမယ်။ "

" မစား​တော့ဘူး။ သား ဝိတ်ချ​နေတာ။ ဒီ​ကောင့် ပန်းကန်ထဲကပဲ ကပ်စားလိုက်​တော့မယ်။ "

စိုင်းရတုဟန်က စိုင်းစွမ်းထက်ပိုင်၏ ​ကျောကို တတောင်နဲ့ တိုက်လိုက်သည်။ စား​လေဆိုတဲ့ သ​ဘော။ စိုင်းရတုဟန်က တစ်လှည့်စားလိုက်၊ စိုင်းစွမ်းထက်ပိုင်က တစ်လှည့်စားလိုက်နဲ့မို့ ခုနကထက်​တော့ ထမင်းပိုစားဝင်လာသလိုပဲ။

" ​ဟေး ... ငါ့ကိုနှစ်သိမ့်စရာမလိုဘူး​နော်။ ပြသနာကို ဘယ်လို ​ဖြေရှင်းရမလဲ ​​​​တွေး​နေရုံပဲ။ ရင်ကွဲနာကျ​နေတာ မဟုတ်ဘူး။ လူက အလတ်ကြီး ရှိ​သေးတာ။ "

" ​ခွေးစကား​တွေ​ပြော​နေလိုက်တာ။ မိဘ​တွေ သ​ဘောမတူရုံ​လေး​တောင် ဒီလို​ကြောင်​တောင်​တောင်ကြီး ဖြစ်​​နေတာ။ဟိုကသာ ပစ်သွားရင် ဒူးနဲ့မျက်ရည်သုတ်​နေရ​​လောက်တယ်။ "

" ပစ်သွားစရာ ဘာအ​ကြောင်းမှရှိမ​နေဘူး။ "

" ဒါ​ပေါ့ ... ပစ်သွားလည်း ကားတင်​ပြေး​ပေါ့။ "

စိုင်းရတုဟန်​​ရောက်လာ​တော့ ​လေထုက အနည်းငယ် ​ပေါ့ပါးသွားသည်။စိုင်းစွမ်းထက်ပိုင်လည်း ခုနကထက်​တော့ ပိုပြီး သက်​တောင့်သက်သာ ရှိသွားသည်။

" ​ရောက်လာတာ ​ကျေးဇူးပဲ။ "

" ဒါ​ပေါ့ ​ကျေးဇူးတင်သင့်တာ​ပေါ့။ ငါက အိမ်ရဲ့ ဆည်းလည်း​လေး​လေ။ "

" ဘာဆည်းလည်းလဲ။အိမ်က ဆဲတဲ့သူ​တွေသာ လဲသွားမယ်။​ပွေတဲ့ရှုပ်တဲ့ အကျင့်မပြင်တာလား။ "

စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်၏ ​ခေါင်းကို ရိုက်လိုက်ရင်း ​ပြောလာသည်။ အခုမှ ရယ်ရယ်​မော​မော ဖြစ်လာတာ အမှန်ပင်။

........................

" ကာရံညီညာ "

​ကာရံညီညာ ကျောင်းမှာ စာသင်မသွားတာ နှစ်ရက်ရှိ​နေပြီ။ ဖုန်းလည်း ဦးမြတ်သာက သိမ်းသွားတယ်။ခင်မီ​ဇော့်ဆီ ဖုန်းငှားဖို့ ခိုးထွက်လာ​တော့ အခန်းဝမှာတင် ​ဒေါ်ခင်ချိုက ​ခေါ်လာသည်။

" ဗျာ အ​မေ "

" အ​မေက သားကို ခက်ခဲ​အောင် မလုပ်ချင်တာမို့ သားကလည်း မိဘ​တွေကို စိတ်ဆင်းရဲ​အောင် မလုပ်ပါနဲ့လား။ အ​မေက သားကို ​​တောင်းပန်​​နေတာပါ။ အ​မေတို့နဲ့ အသိ​လေ ... သူ့မှာသမီးမိန်းက​လေး​တွေရှိတယ်။ ယဥ်ယဥ်​ကျေး​ကျေး​လေး​တွေပဲ။သား ​တွေ့ကြည့်ပါ့လား။ "

" အ​မေ့ "

ကာရံညီညာက တားဆီးသလို ​ပြောသည်။

" ဘယ်တစ်​ယောက်နဲ့ပဲ ​​တွေ့​တွေ့ သားမှ မချစ်တာ အပိုပဲ​လေ။ "

" ​ခေါင်းမာလိုက်တာ ။နင် ... နင့်အ​ဖေလာမှရှင်း။ အ​သေသတ်ခံရမှာဆိုးလို့ အ​မေဖြစ်သူက ​ပြေလည်​အောင် နည်းလမ်းရှာ​ပေး​နေတာ။ "

" လက်မခံဘူး။ စိုင်းစွမ်းထက်ပိုင်မှ မဟုတ်ရင် မဖြစ်ဘူး။ သူ့ကို ချစ်တယ်။ အ​မေတို့ဘက်က သားကို နည်းနည်းငဲ့ပြီး​တော့ပဲ ဖြစ်ဖြစ် အ​​​ဖေ့ကို စည်းရုံး​ပေးလို့မရဘူးလား ဟင် အ​​မေ့ ။ "

​ဒေါ်ခင်ချိုက ကာရံညီညာ့ကို စိတ်ပျက်သလို ကြည့်သည်။သား၊သမီး မျက်ရည်ကို မိဘတိုင်း မမြင်ရက်​ပေမယ့် အခုကိစ္စက လုံးဝမဖြစ်နိုင်​ပေ။ခင်မီ​ဇော်၏ အခန်းတံခါးကို ဆွဲဖွင့်ပြီး အထဲမှ အပြင်က အ​ခြေအ​နေ နား​ထောင်​နေ​သော ခင်မီ​ဇော့်လက်ထဲက ဖုန်းကို ​ဒေါ်ခင်ချိုက ဆွဲလုသွားသည်။

" ညည်းလည်း ကိုယ့်​နေရာ ကိုယ်​နေ​နော်။ ဟိုဟိုဒီဒီ ဝင်ပါကြည့် ... နင့်အ​ဖေနဲ့ ​တွေ့သွားမယ်။ "

ဖုန်းကို သိမ်းလာပြီး ​ဒေါ်ခင်ချိုက ကာရံညီညာ့ကို ဝင်တိုက်သွားသည်။ကာရံညီညာက ​ဒေါ်ခင်ချို၏ လက်ကို ဆွဲထားပြီး ငို​နေရင်းမှ ​တောင်းဆိုသည်။

" သား သူ့ကိုချစ်တယ် အ​မေ။သူနဲ့အတူ​နေချင်တယ်။ တွဲလာတဲ့ တစ်​လျှောက်လုံးသူက သားအ​ပေါ် အရမ်း​ကောင်းမွန်တဲ့လူပါ။နှစ်​တွေအများကြီး တွဲလာခဲ့​တော့ ခံစားချက်​တွေက အမြစ်တွယ်​နေပြီ။ ဘယ်လိုမှ ဖြတ်လို့မရ​​​တော့ဘူး။ ​​တောင်းပန်ပါတယ် ... သူနဲ့သ​ဘောတူ​ပေးပါ ဟမ် အ​မေ ... အ​မေ။ "

​ဒေါ်ခင်ချိုက ကာရံညီညာ့ကို တွန်းဖယ်ပစ်သည်။

" တစ်သက်လုံး လိမ္မာလာလည်း ​စောက်ပိုပဲ။ မိဘက သ​ဘောမတူ​ပေးပါဘူးဆိုတာကို ​ခေါင်းဆက်မာ​နေပြီး မိဘ​စိတ်ဆင်းရဲ​အောင်လုပ်တာ ကျေးဇူးကန်းတာနဲ့အတူတူပဲ။ နင်တို့ အ​ဖေ ​ဒေါသထွက်တဲ့ တစ်​နေ့ အကုန် ကျိုးကန်းကုန်မယ်။ "

............................

" ကြက်သားစွပ်ပြုတ် ပူပူ​လေးရပြီ။ "

​ငွေလသာက စွပ်ပြုတ်ပန်းကန်ကို ထမင်းစားပွဲမှာ လာချ​ပေးသည်။ ကြက်ရင်အုပ်အသား​​လေး​​တွေချည်း သုံးကာ ပြင်ဆင်​ပေးတဲ့ စွပ်ပြုတ်က ​သောက်ချင်စရာ​​လေးပင်။ဆီလည်းမပါဝင်တာမို့ ​အ​ရောင်ကြည်ကြည်​လေး။

" ကိုကို​လေး ဝိတ်ချ​နေတယ်ဆိုရင် ဒါက အဆင်​ပြေတယ်။ ဗိုက်လည်းဝတယ်။ ဆီလုံးဝ သုံးမထားဘူး သိလား။ "

Fashion Week​တွေကို Youtubeက ကြည့်​နေရင်းမှ စိုင်းရတုဟန်က ကြက်သားစွပ်ပြုတ်ကို ယူ​သောက်လိုက်သည်။ မီးဖို​ပေါ်က ချခါစမို့ လျှာ​တောင် ပူထူသွားသည်။

" ကျွန်​တော်မှုတ်​ပေးမယ်​လေ။ "

" ကိုယ်က လူမမာမှ မဟုတ်တာ။ "

စိုင်းရတုဟန်က စွပ်ပြုတ်ပန်းကန်ကို အနားဆွဲတိုးလိုက်သည်။မုန်လာဥနီ ခပ်​သေး​သေး​လေး​တွေနဲ့ နံနံပင်အနည်းငယ် ညှပ်ထည့်ထား​တော့ ​အ​ရောင်လှလှ​လေး ဖြစ်​နေသည်။

" ကိုကို​လေး ... အိပ်ယာ​ပေါ်မှာ တင်ထားတဲ့ အထုပ်​တွေက ... "

" ​​​သြော် ...Parisကို သွားတဲ့သူငယ်ချင်း တစ်​​ယောက်ကို လမ်းကြုံမှာထား​တာ​တွေ။ ​ရေ​မွှေး​တွေ၊နာရီ​တွေကစ ပါတယ်။ ဆင်တူသုံး​လေးခု ပါတာမို့ မင်းကြိုက်တာ ယူသုံး​​​လေ။ မဟုတ်လည်း မင်းကိုပါ ​ပေးမလို့။ "

" ဟုတ်ကဲ့ ... ကျန်တာ​တွေက​ရော ... "

" ​လောဘမကြီးနဲ့​ကောင်​လေးရဲ့။ ​ကိုယ့်အနားမှာ ​​နေရင် ​ရောင့်ရဲနိုင်တာ အ​ကောင်းဆုံးပဲကွ။ "

" ဟုတ်ကဲ့ "

ဒီလိုပါပဲ။ ကိုကို​လေးက သူနဲ့လက်ရှိတွဲ​နေတဲ့သူ​တွေကို ညီတူမျှတူပဲ ​ပေးကမ်းတတ်တာမျိုး။ သူ့ခံစားချက်​တွေအပါအဝင်​ပေါ့။

" စွပ်ပြုတ်က ​အေးသွား​တော့ နည်းနည်းငန်တယ်။ငံပြာရည်​တွေ ထည့်တာများသွားတယ်မလား။ "

" ဟုတ်လား ... ပြန်ပြင်​ပေးရမလား။ "

" ​​နေပါ ... ​နောက်တစ််ခါ အပြင်က မှာမစားဖြစ်ရင် မချက်တတ်တဲ့အရာဆိုရင် ကိုယ့်ကိုလာ​မေး။ "

" ကိုကို​လေးက ချက်တတ်တယ်လား။ တစ်ခါမှ ချက်တာမမြင်ဖူးဘူး။ "

စိုင်းရတုဟန်က စွပ်ပြုတ်ပန်းကန်ကို ဖယ်လိုက်ပြီးမှ ​ငွေလသာကို ကြည့်ကာ ​​ဖြေသည်။

" ကိုယ်တို့ အမျိုးက ​​ယောကျ်ား​လေး​တွေ အကုန် ချက်တတ်တယ်။ "

​ငွေလသာက ဆွယ်တာအကျီ အဝါအကြား​​လေးက ရှည်​နေတဲ့ လက်​တွေကို ဆွဲ​ခေါက်ရင်း ​ပြောလာသည်။

" တစ်ခါ​​လောက် စားဖူးချင်တယ်။ "

" ကိုယ်ချစ်မိတဲ့သူကိုမှ ပထမဆုံးချက်​ကျွေးမှာ။ "

​ငွေလသာ၏ ပြုံးရွှင်ပြီး တက်ကြွ​နေတဲ့ မျက်နှာ​လေးက ချက်ချင်းပင် စိတ်​လျော့အားငယ်သလို ဖြစ်သွားသည်။

"  နှစ်နှစ်ကာကာ ချစ်မိတဲ့သူ ​တွေ့စရာ မရှိ​​သေးတော့ အခု​လော​လောဆယ် သံ​ယောဇဥ် အရှိဆုံး ဖြစ်တဲ့ မင်းပဲ အရင်ဆုံး စားဖူး​လောက်ပါတယ်။​​နောက်​တော့ ကြုံရင် ချက်​ကျွေးမယ်။ "

​ငွေလသာက စိုင်းရတုဟန်၏ လက်​မောင်းကို ချိတ်လာကာ ခပ်ချွဲချွဲ ​ပြောလာသည်။

" တကယ်​နော် "

" အင်း "

​ငွေလသာက စိုင်းရတုဟန်၏ ပါးကို မွခနဲ အသံထွက်ကာ နမ်းလိုက်​တော့ စိုင်းရတုဟန်က ရယ်လိုက်ပြီး ​​ငွေလသာ၏ ခါးကို ဖက်သည်။ပြီး​​​နောက် နှာ​ခေါင်းထိပ်ဖျား​လေးချင်းထိပြီးမှ နှုတ်ခမ်းကို နမ်းသည်။ဒီထက်မက​တောင် ရင်းနှီးဖူးတာမို့ ငြင်သာတဲ့ အနမ်းတစ်ခုမှ အသက်ရူူကြပ်​စေသည်အထိ ဖြစ်လာသည်။လွှတ်​ပေးလိုက်​တော့ ​ငွေလသာ၏ ​​အောက်နှုတ်ခမ်း​လေး​တောင် အနည်းငယ် ​ပေါက်သွားကာ ​သွေးစို့သွားသည်။

" ဒီဟာက အစ်မ သုံး​နေကြ​ရေ​မွှေးတံဆိပ်ပဲ သိလား။ပြီး​​တော့ ဒီအနံ့ပဲ။ "

စိုင်းရတုဟန်က အိပ်ယာ​ပေါ်မှာ အကျီဗလာနဲ့ ဝမ်းလျား​မှောက်အိပ်​နေသည်။​ငွေလသာက စိုင်းရတုဟန် ဝယ်လာခဲ့တဲ့ ပစ္စည်းအိတ်​တွေကို ဟိုဒီလှန်ရင်း အကုန်ထုတ်ကြည့်​နေရင်းမှ ​ပြောလာသည်။

" အဲ့ဒီဘူးကို သိမ်းထား။ လိုချင်ရင် ကျန်တဲ့ဟာ​တွေယူ။ "

" ဟုတ် "

​ငွေလသာက ဘူး​လေးထဲ ​ရေ​မွှေးပုလင်းပြန်ထည့်လိုက်ပြီး သူ့အိတ်​လေးအတိုင်း ထားသည်။ ပြီး​နောက် ဆင်တူပါလာသည့် ပစ္စည်း​တွေထဲက ပိုပြီး နှစ်လိုဖွယ်​ကောင်းသည့် အ​ရောင်​တွေကို ​ရွေးချယ်​နေလိုက်သည်။စိုင်းရတုဟန် တွဲ​နေတဲ့သူထဲမှာ​တောင် ကိုယ်က ဒီလို ​ရွေးချယ်ခွင့် ရှိတာမို့ ကြံဖန်ပြီး ​ပျော်​အောင် ​ဖြေသိမ့်တတ်ပါ​သေးသည်။

" အရင်က ကိုကို​လေးနဲ့ အစ်မက အရမ်းရင်းနှီးတာဆို။အခုကြ ဘာလို့ စကား​တောင် သိပ်မ​ပြောကြတာလဲ။ "

" မြို့မလင်းက မင်းအတွက်နဲ့ ငါ့ကို ခနခန နားပူလို့ သူငယ်ချင်းခန်း ဖြတ်ထားတာ။ "

" ​သြော် "

ပစ္စည်း​တွေ ရှုပ်လို့ ဝသွား​တော့ ​ငွေလသာက စိုင်းရတုဟန်၏ ​ဘေးမှာ လာလှဲအိပ်သည်။စိုင်းရတုဟန်က မျက်လုံးပင် မဖွင့်ဘဲ ​ငွေလသာ၏ ခါး​သေး​သေး​လေးကို ​ပွေ့ဖက်လာသည်။

" ကိုကို​လေးသိလား။ အစ်မနဲ့ အ​မေမတူ​ပေမယ့် ကျွန်​တော့်ကို အရမ်းချစ်တာ။ အစ်မရဲ့ အ​မေဆိုလည်း ရိုင်းရိုင်း​ပြောရရင် ကျွန်​တော့် မိ​ထွေး​​ပေါ့။ အန်တီကလည်း ကျွန်​တော့် အ​ပေါ် ​ကောင်းတာပဲ။ အ​မေက အ​လျော်ယူပြီး ပစ်သွားတဲ့ ကျွန်​တော့်ကို သူတို့ကပဲ ​စောင့်​ရှောက်​ပေးထားတာ။ အဲ့ဒါ​ကြောင့် ကျွန်​တော့်အတွက်နဲ့ အစ်မက တစ်ခုခု ​ပြောရင် အစ်မကို စိတ်မဆိုးနဲ့​​​နော်။ကိုကို​လေး ​ဒေါသထွက်ရင် ကျွန်​တော့်ကို ​​အော်ပြီး ​ဖြေ​လျော့လိုက်။ "

" အို​ကေ "

စိုင်းရတုဟန်က အိပ််ချင်​နေသည်မို့ ခန​လေးအတွင်း အိပ်​ပျော်သွားသည်။​ငွေလသာက တစ်ခြမ်းသာ မြင်ရ​သော စိုင်းရတု​ဟန်၏ မျက်နှာကို ​​ငေး​​မောရင်း ​တော်​တော်​လေး ကြာမှ အိပ်​ပျော်သွားခဲ့သည်။

......................

ကားအ​နောက်ခန်းထဲမှာ စိုင်းစွမ်းထက်ပိုင်နဲ့အတူ ကာရံညီညာက ရှိ​နေသည်။စိုင်းစွမ်းထက်ပိုင်က ခုံ​​ပေါ်ကို ခပ်​လျော​လျောမှီထိုင်ထားပြီး ကာရံညီညာ့ကို ရင်ခွင်အတွင်း ​ပွေ့သိမ်းဖက်ထားသည်။

" ဖုန်းသိမ်းခံရတယ်ဆို "

" အင်း ၁၈နှစ်အရွယ်​လောက်လည်း မဟုတ်ပါဘဲ ဖုန်းပါ သိမ်းသွားကြတယ်။အခုလည်း အ​မေ အလုပ်ကိစ္စနဲ့ အပြင်ခဏသွားတုန်း ထွက်လာခဲ့တာ။ "

" ခိုး​ပြေးကြလား။ လိုက်ဖို့ ဆန္ဒရှိရဲ့လား။ "

ကာရံညီညာက ​ခေါင်းရမ်းပြသည်။ အဲ့ဒီလို လုံးဝ မလုပ်ချင်ပါ။ ခင်မီ​ကျော့်တုန်းက ကိစ္စ​တွေ လွန်ကုန်လို့ မြန်မြန်ဆန်ဆန် လက်ထပ်​ပေးခဲ့ရ​တော့ ရပ်ကွက်ထဲမှာ မိဘ​တွေ ဘယ်​လောက်ထိ မျက်နှာပူပြီး ရှက်ခဲ့ရလဲ ကိုယ်သာ အသိဆုံး။ ဦးမြတ်သာဆိုရင် မနက်မလင်းခင်အလုပ်သွား၊ ညပိုင်း လူ​ခြေတိတ်မှ အလုပ်က ပြန်လာတာ နှစ်လ​လောက်ပဲ။​ဒေါ်ခင်ချိုဆိုလည်း အမြဲတမ်း ကြိတ်ငို​နေခဲ့တာ။ ကိုယ့်သမီးက မလိမ္မာ​တော့ ပါးစပ်​ပေါက်တစ်ရာမှ ကွယ်ရာတစ်မျိုး၊​ရှေ့တစ်မျိုး ​ပြောတာ ခံခဲ့ရသည်။ ကာရံညီညာကပါ ​​ယောကျ်ား​လေးချင်း သ​ဘောမတူသည့်ကြားမှ ထွက်​ပြေးသွားပါတယ်ဆိုရင် မိဘ​တွေကို နှိပ်စက်လွန်းရာ ကျသွားပြီ။

" ငါ အဲ့ဒီလို မလုပ်နိုင်တာ မင်းသိပါတယ်။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ဆံပင်​​လေး​တွေကို ခပ်ဖွဖွ​လေး နဖူး​ပေါ် သပ်တင်​ပေးသည်။

" ကျွန်​တော်က မ​ရေရာ မ​သေချာတာမျိုးကို ​စောင့်မ​နေဘဲ လက်​တွေ့အ​ကောင်အထည်​ဖော််ချင်ရုံပါ။ "

" ငါကြိုးစားမှာပါ။ ကတိ​ပေးတယ်။ "

" အစ်ကို့ကို ယုံပါတယ်။ မမြင်ရတဲ့ အနာဂတ်ကိုပဲ မယုံတာ။"

" အ​ဖေနဲ့အ​​မေကို ငါ့အတွက်နဲ့ မနာကျင်​​စေချင်ဘူး။ အခု​လော​လောဆယ် သူတို့ဘက်က ငြင်းဆန်​နေ​သေး​ပေမယ့် တဖြည်းဖြည်းချင်း တဆင့်ချင်း လက်ခံနိုင်​အောင် ကြိုးစားပါ့မယ်။ ငါတို့သာ ဇွဲမ​လျော့ရင် ​နောက်ဆုံးမှာ သူတို့ ​​သေချာ​ပေါက် လက်ခံ​​ပေးမှာပါ။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ရင်ဘတ်​ပေါ်ကို ​ခေါင်း​လေး​စောင်းကာ ကပ်မီရင်း မျက်လုံ​လေး မှိတ်ထားသည်။

" ည​ဘက်တွေအိပ်မ​ပျော်ဘူး။ မင်းနဲ့မ​တွေ့ရ​၊ဖုန်းမ​​ပြောရ​တော့ အိပ်လို့​တောင်မရဘူး ကိုကို။ "

" ခဏ​လောက် အိပ်လိုက်​လေ။  ကိုယ်ရှိ​နေ​ပေးမယ်။ "

" အင်း "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ အိပ်လို့ အဆင်​ပြေ​အောင် ခန္ဓာကိုယ်ကို အနည်းငယ် ပြင်ထိုင်​ပေးသည်။ကာရံညီညာက အိပ်​နေရင်းနဲ့​တောင် စိုင်းစွမ်းထက်ပိုင်၏ လက်​လေးကို တင်းကြပ်​​နေ​အောင် ဆုပ်ကိုင်ထားသည်။

တွဲလာခဲ့တဲ့ ခုနှစ်​နှစ်လောက် သက်တမ်းမှာ အမြဲ​ပျော်ရွှင်​ပေါ့ပါးပြီး ဘာပြသနာမှ မရှိခဲ့​သမျှ အခု​တော့ ပြသနာကြီးက အထုတ်လိုက် ​ရောက်ရှိလာသည်။ စိတ်​​အေး​အေးထားပါလို့ ကာရံညီညာက ​ပြော​နေ​ပေမယ့် ရင်ပူ​နေတာ​တော့ အမှန်ပါပဲ။

အိပ်​ပျော်​နေ​သော ကာရံညီညာ့၏ မျက်နှာ​လေးကို ​ငေး​နေတုန်း စိုင်းစွမ်းထက်ပိုင်၏ ဖုန်းမှ Ringtoneသံထွက်လာ​တော့ ဖုန်း​ဖြေလိုက်သည်။

' အစ်ကို နင်နဲ့ရှိ​နေ​သေးတာမလား။ သူ့ကို ဖုန်း​ပေးလိုက်ဦး။ '

ဖုန်းသံကြားထဲက ကာရံညီညာ နိုး​နေခဲ့တာ ဖြစ်သည်။စိုင်းစွမ်းထက်ပိုင်၏ လက်ထဲကဖုန်းကို လက်လွှဲယူလိုက်ပြီးမှ ​​ခပ်တိုးတိုးနဲ့ ဖုန်း​ဖြေလိုက်သည်။

' အ​မေပြန်​​ရောက်​နေပြီလား ခင်မီ​ဇော်။ '

' မဟုတ်ဘူး ... အ​ဖေ အလုပ်မှာ မ​တော်တဆ ဖြစ်လို့တဲ့။ အ​​မေ့ကို ဖုန်းဆက်မရလို့ အစ်ကို့ဆီ ဆက်လိုက်တာ။ ညီမ​​လေးလည်း ဘာလုပ်ရမလဲ မသိဘူး။ '

ကာရံညီညာက ဆက်ခနဲ ​ခေါင်း​​ထောင်လာသည်။

' ငါအခုလာပြီ။ အိမ်မှာပဲ ငါ့ကို​စောင့်​နေ။ '

' ဟုတ်ကဲ့အစ်ကို ... ခင်မီ​ကျော့်ကိုလည်း ​ခေါ်ထားလိုက်မယ်။ '

"ငါသွားလိုက်ဦးမယ်။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်​၏ လက်ချင်းတွဲထား​သော လက်ကို ရုန်းလိုက်​ပေမယ့် စိုင်းစွမ်းထက်ပိုင်က လွှတ်မ​ပေး​ပေ။

" ကျွန်​တော် လိုက်ပို့​ပေးမယ်။ "

" ဟင့်အင်း ... မင်းကို​တွေ့ရင် အ​မေက​ပြော​နေလိမ့်မယ်။ "

ကာရံညီညာက လက်ကိုရုန်း​နေပြန်​​တော့ စိုင်းစွမ်းထက်ပိုင်က ပိုပြီး မြဲ​နေ​အောင် ​လက်​ကောက်ဝတ်​​လေးကို ဆုပ်ထားသည်။

" မိသားစုအတွက်ဆိုရင် ဒီလိုပဲ ကျွန်​တော့်ကို ထားခဲ့မှာလား။ နှစ်ခါ မစဥ်းစားဘဲ​​လေ။ "

" မတူညီတဲ့ အ​ကြောင်းအရာနှစ်ခု​လေ။ အခုက အ​ရေးကြီး​ ကိစ္စဖြစ်နေလို့ လွှတ်​ပေးဦး ​နော်။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်အ​ပေါ်မှာ ထပ်အုပ်ကိုင်ကာ ခပ်တိုးတိုး​လေး ​ပြောသည်။

" ကျွန်​တော့်ကို ထားခဲ့တယ်လို့ ဘာလို့များ ခံစား​နေရတာလဲ။ ကျွန်​တော် တကယ်ကြီး အဲ့ဒီလို ခံစား​နေရတာဗျ။ "

စိုင်းစွမ်းထက်ပိုင်က လွှတ်​​ပေးလိုက်​တော့ ကာရံညီညာက တစ်ချက်ပြန်ကြည့်ပြီးမှ ကား​​ပေါ်မှ ဆင်းကာ ခပ်သွက်သွက် ထွက်သွားသည်။ဒီလိုနဲ့ပဲ ထားခဲ့ခံရမှာ  စိုင်းစွမ်းထက်ပိုင် အရမ်း​ကြောက်ပါသည်။

" မိသားစုနဲ့ ယှဥ်ပြိုင်ပြီး ဆွဲမထားနိုင်မှာ ကျွန်​တော်အရမ်း​ကြောက်တယ်ဗျ။ "

ဆက်ရန်

Zawgyi

" စိုင္းစြမ္း ​ေနမ​​ေကာင္းဘူးလား။ "

​ေန႕လယ္စာ ထမင္းစားပြဲမွာ စိုင္းစြမ္းထက္ပိုင္က ငူငူႀကီးထိုင္​ေန​ေတာ့ ​ေဒၚနန္းခမ္းလြင္က ​ေမးလာသည္။ ဒီ​ေတာ့မွ စိုင္းစြမ္းထက္ပိုင္က ဇြန္း​ေကာက္ကိုင္ၿပီး တိုဟူးတစ္ဖက္ကို ပါးစပ္ထဲ ထည့္လိုက္သည္။

" ​ေကာင္းပါတယ္ဗ်။ "

" ဒဏ္ရာအရွိန္​ေၾကာင့္ ဖ်ားခ်င္​ေနတာ​​​ေနမယ္။ အျပင္ဆိုက္ဆို​​ေတာ့ အလုပ္ထဲက ​ေနပူတယ္။ သား ​ေနလို႔ သိပ္မ​​ေကာင္းရင္ သား အ​ေဖကို လႊတ္လိုက္​ေလ။ "

" ​ေန​ေကာင္းပါတယ္။ အလုပ္က အျပန္ အစ္ကို႔ကို ​ေတြ႕ဖို႔ ခ်ိန္းၾကည့္ဦးမယ္။ "

" ကာရံလည္း အ​ေျခအ​ေန သိပ္မ​ေကာင္း​ေလာက္ဘူး။ ကိုယ္ျဖစ္ခ်င္တာ​ေတြပဲ အတင္းဖိအား​ေပးမ​ေနနဲ႕။ ဟိုက လူ​ေကာင္​ေသး​ေသး ပိန္ပိန္​ေလးနဲ႕ ဖိအား​ေတြမ်ားၿပီး လဲသြားဦးမယ္။ႏွစ္​​ေယာက္အတူ ​ေသခ်ာ​ေလး တိုင္ပင္ၿပီး ဘာဆက္လုပ္မလဲ ​ေတြးၾက။ လိုအပ္ရင္ သူမိဘ​ေတြကို အ​​ေမတို႔ သြား​ေတြ႕​ေပးဆိုလည္း သြား​​ေတြ႕​ေပးမယ္။ "

" ဟုတ္ကဲ့ "

စိုင္းစြမ္းထက္ပိုင္က ထမင္းစားခ်င္စိတ္ မရွိ​ေပမယ့္လည္း မိဘ​ေတြကို စိတ္မပူ​ေစခ်င္တာ​ေၾကာင့္ အတင္းၿမိဳခ်​ေနရသည္။

" ငါ့​ေကာင္ႀကီး အသည္းကြဲ​​ေနတယ္ဆို။ "

စိုင္းရတုဟန္က ထမင္းစားခန္းထဲ ဝင္လာကာ စိုင္းစြမ္းထက္ပိုင္၏ ပန္းကန္ထဲမွ ဝက္သားမုန္ညင္း​ေၾကာ္ကို ယူစားရင္း လက္တစ္ဖက္က စိုင္းစြမ္းထက္ပိုင္ကို ဖက္ထားရင္းမွ ​ေျပာလာသည္။

" အသည္းကြဲရ​ေအာင္ အစ္ကိုက ငါ့ကို ပစ္သြားတာမွ မဟုတ္တာ။ "

" ပစ္မသြားတာ​ေတာင္ တက္ႂကြတဲ့ ၾကက္​ဖႀကီးက ​ၾကက္​ေပါက္က​ေလး လည္လိမ္ထားသလို ျဖစ္​ေနပါ့လား။အရင္လို​ေတာင္ ပြဲတိုင္းမ​ေက်ာ္နိုင္​ေတာ့ဘူး။ အဲ့ဒါပဲ အခ်စ္ကို အ​ေလးအနက္ထားတဲ့သူ​ေတြရဲ႕ ဒုကၡ။ "

စိုင္းစြမ္းထက္ပိုင္ စိတ္အ​​ေျခအ​ေန မ​ေကာင္းတာ​ေၾကာင့္ စိုင္းရတုဟန္က စကား​ေျပာ​ေဖာ္ရေအာင္ ​ေရာက္လာ​ေပးျခင္း ျဖစ္သည္။​​​ေဆာက္လုပ္​ေရးအင္
ဂ်င္နီယာ လုပ္ငန္းကိုစိတ္မဝင္စား​ေပမယ့္ သင္ယူခဲ့တာမို႔ စိုင္းရတုဟန္လည္း လုပ္ငန္းပိုင္း ကြၽမ္းက်င္တာ​ေၾကာင့္ အလုပ္လည္း ကူညီ​ေပးလို႔ရသည္။

" ရတု ​ေန႕လယ္စာ စားမလား။ ​ေဒၚ​ေလး ျပင္​ေပးမယ္။ "

" မစား​ေတာ့ဘူး။ သား ဝိတ္ခ်​ေနတာ။ ဒီ​ေကာင့္ ပန္းကန္ထဲကပဲ ကပ္စားလိုက္​ေတာ့မယ္။ "

စိုင္းရတုဟန္က စိုင္းစြမ္းထက္ပိုင္၏ ​ေက်ာကို တေတာင္နဲ႕ တိုက္လိုက္သည္။ စား​ေလဆိုတဲ့ သ​ေဘာ။ စိုင္းရတုဟန္က တစ္လွည့္စားလိုက္၊ စိုင္းစြမ္းထက္ပိုင္က တစ္လွည့္စားလိုက္နဲ႕မို႔ ခုနကထက္​ေတာ့ ထမင္းပိုစားဝင္လာသလိုပဲ။

" ​ေဟး ... ငါ့ကိုႏွစ္သိမ့္စရာမလိုဘူး​ေနာ္။ ျပသနာကို ဘယ္လို ​ေျဖရွင္းရမလဲ ​​​​ေတြး​ေန႐ုံပဲ။ ရင္ကြဲနာက်​ေနတာ မဟုတ္ဘူး။ လူက အလတ္ႀကီး ရွိ​ေသးတာ။ "

" ​ေခြးစကား​ေတြ​ေျပာ​ေနလိုက္တာ။ မိဘ​ေတြ သ​ေဘာမတူ႐ုံ​ေလး​ေတာင္ ဒီလို​ေၾကာင္​ေတာင္​ေတာင္ႀကီး ျဖစ္​​ေနတာ။ဟိုကသာ ပစ္သြားရင္ ဒူးနဲ႕မ်က္ရည္သုတ္​ေနရ​​ေလာက္တယ္။ "

" ပစ္သြားစရာ ဘာအ​ေၾကာင္းမွရွိမ​ေနဘူး။ "

" ဒါ​ေပါ့ ... ပစ္သြားလည္း ကားတင္​ေျပး​ေပါ့။ "

စိုင္းရတုဟန္​​ေရာက္လာ​ေတာ့ ​ေလထုက အနည္းငယ္ ​ေပါ့ပါးသြားသည္။စိုင္းစြမ္းထက္ပိုင္လည္း ခုနကထက္​ေတာ့ ပိုၿပီး သက္​ေတာင့္သက္သာ ရွိသြားသည္။

" ​ေရာက္လာတာ ​ေက်းဇူးပဲ။ "

" ဒါ​ေပါ့ ​ေက်းဇူးတင္သင့္တာ​ေပါ့။ ငါက အိမ္ရဲ႕ ဆည္းလည္း​ေလး​ေလ။ "

" ဘာဆည္းလည္းလဲ။အိမ္က ဆဲတဲ့သူ​ေတြသာ လဲသြားမယ္။​ေပြတဲ့ရႈပ္တဲ့ အက်င့္မျပင္တာလား။ "

စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္၏ ​ေခါင္းကို ရိုက္လိုက္ရင္း ​ေျပာလာသည္။ အခုမွ ရယ္ရယ္​ေမာ​ေမာ ျဖစ္လာတာ အမွန္ပင္။

........................

" ကာရံညီညာ "

​ကာရံညီညာ ေက်ာင္းမွာ စာသင္မသြားတာ ႏွစ္ရက္ရွိ​ေနၿပီ။ ဖုန္းလည္း ဦးျမတ္သာက သိမ္းသြားတယ္။ခင္မီ​ေဇာ့္ဆီ ဖုန္းငွားဖို႔ ခိုးထြက္လာ​ေတာ့ အခန္းဝမွာတင္ ​ေဒၚခင္ခ်ိဳက ​ေခၚလာသည္။

" ဗ်ာ အ​ေမ "

" အ​ေမက သားကို ခက္ခဲ​ေအာင္ မလုပ္ခ်င္တာမို႔ သားကလည္း မိဘ​ေတြကို စိတ္ဆင္းရဲ​ေအာင္ မလုပ္ပါနဲ႕လား။ အ​ေမက သားကို ​​ေတာင္းပန္​​ေနတာပါ။ အ​ေမတို႔နဲ႕ အသိ​ေလ ... သူ႕မွာသမီးမိန္းက​ေလး​ေတြရွိတယ္။ ယဥ္ယဥ္​ေက်း​ေက်း​ေလး​ေတြပဲ။သား ​ေတြ႕ၾကည့္ပါ့လား။ "

" အ​ေမ့ "

ကာရံညီညာက တားဆီးသလို ​ေျပာသည္။

" ဘယ္တစ္​ေယာက္နဲ႕ပဲ ​​ေတြ႕​ေတြ႕ သားမွ မခ်စ္တာ အပိုပဲ​ေလ။ "

" ​ေခါင္းမာလိုက္တာ ။နင္ ... နင့္အ​ေဖလာမွရွင္း။ အ​ေသသတ္ခံရမွာဆိုးလို႔ အ​ေမျဖစ္သူက ​ေျပလည္​ေအာင္ နည္းလမ္းရွာ​ေပး​ေနတာ။ "

" လက္မခံဘူး။ စိုင္းစြမ္းထက္ပိုင္မွ မဟုတ္ရင္ မျဖစ္ဘူး။ သူ႕ကို ခ်စ္တယ္။ အ​ေမတို႔ဘက္က သားကို နည္းနည္းငဲ့ၿပီး​ေတာ့ပဲ ျဖစ္ျဖစ္ အ​​​ေဖ့ကို စည္း႐ုံး​ေပးလို႔မရဘူးလား ဟင္ အ​​ေမ့ ။ "

​ေဒၚခင္ခ်ိဳက ကာရံညီညာ့ကို စိတ္ပ်က္သလို ၾကည့္သည္။သား၊သမီး မ်က္ရည္ကို မိဘတိုင္း မျမင္ရက္​ေပမယ့္ အခုကိစၥက လုံးဝမျဖစ္နိုင္​ေပ။ခင္မီ​ေဇာ္၏ အခန္းတံခါးကို ဆြဲဖြင့္ၿပီး အထဲမွ အျပင္က အ​ေျခအ​ေန နား​ေထာင္​ေန​ေသာ ခင္မီ​ေဇာ့္လက္ထဲက ဖုန္းကို ​ေဒၚခင္ခ်ိဳက ဆြဲလုသြားသည္။

" ညည္းလည္း ကိုယ့္​ေနရာ ကိုယ္​ေန​ေနာ္။ ဟိုဟိုဒီဒီ ဝင္ပါၾကည့္ ... နင့္အ​ေဖနဲ႕ ​ေတြ႕သြားမယ္။ "

ဖုန္းကို သိမ္းလာၿပီး ​ေဒၚခင္ခ်ိဳက ကာရံညီညာ့ကို ဝင္တိုက္သြားသည္။ကာရံညီညာက ​ေဒၚခင္ခ်ိဳ၏ လက္ကို ဆြဲထားၿပီး ငို​ေနရင္းမွ ​ေတာင္းဆိုသည္။

" သား သူ႕ကိုခ်စ္တယ္ အ​ေမ။သူနဲ႕အတူ​ေနခ်င္တယ္။ တြဲလာတဲ့ တစ္​ေလွ်ာက္လုံးသူက သားအ​ေပၚ အရမ္း​ေကာင္းမြန္တဲ့လူပါ။ႏွစ္​ေတြအမ်ားႀကီး တြဲလာခဲ့​ေတာ့ ခံစားခ်က္​ေတြက အျမစ္တြယ္​ေနၿပီ။ ဘယ္လိုမွ ျဖတ္လို႔မရ​​​ေတာ့ဘူး။ ​​ေတာင္းပန္ပါတယ္ ... သူနဲ႕သ​ေဘာတူ​ေပးပါ ဟမ္ အ​ေမ ... အ​ေမ။ "

​ေဒၚခင္ခ်ိဳက ကာရံညီညာ့ကို တြန္းဖယ္ပစ္သည္။

" တစ္သက္လုံး လိမၼာလာလည္း ​ေစာက္ပိုပဲ။ မိဘက သ​ေဘာမတူ​ေပးပါဘူးဆိုတာကို ​ေခါင္းဆက္မာ​ေနၿပီး မိဘ​စိတ္ဆင္းရဲ​ေအာင္လုပ္တာ ေက်းဇူးကန္းတာနဲ႕အတူတူပဲ။ နင္တို႔ အ​ေဖ ​ေဒါသထြက္တဲ့ တစ္​ေန႕ အကုန္ က်ိဳးကန္းကုန္မယ္။ "

............................

" ၾကက္သားစြပ္ျပဳတ္ ပူပူ​ေလးရၿပီ။ "

​ေငြလသာက စြပ္ျပဳတ္ပန္းကန္ကို ထမင္းစားပြဲမွာ လာခ်​ေပးသည္။ ၾကက္ရင္အုပ္အသား​​ေလး​​ေတြခ်ည္း သုံးကာ ျပင္ဆင္​ေပးတဲ့ စြပ္ျပဳတ္က ​ေသာက္ခ်င္စရာ​​ေလးပင္။ဆီလည္းမပါဝင္တာမို႔ ​အ​ေရာင္ၾကည္ၾကည္​ေလး။

" ကိုကို​ေလး ဝိတ္ခ်​ေနတယ္ဆိုရင္ ဒါက အဆင္​ေျပတယ္။ ဗိုက္လည္းဝတယ္။ ဆီလုံးဝ သုံးမထားဘူး သိလား။ "

Fashion Week​ေတြကို Youtubeက ၾကည့္​ေနရင္းမွ စိုင္းရတုဟန္က ၾကက္သားစြပ္ျပဳတ္ကို ယူ​ေသာက္လိုက္သည္။ မီးဖို​ေပၚက ခ်ခါစမို႔ လွ်ာ​ေတာင္ ပူထူသြားသည္။

" ကြၽန္​ေတာ္မႈတ္​ေပးမယ္​ေလ။ "

" ကိုယ္က လူမမာမွ မဟုတ္တာ။ "

စိုင္းရတုဟန္က စြပ္ျပဳတ္ပန္းကန္ကို အနားဆြဲတိုးလိုက္သည္။မုန္လာဥနီ ခပ္​ေသး​ေသး​ေလး​ေတြနဲ႕ နံနံပင္အနည္းငယ္ ညွပ္ထည့္ထား​ေတာ့ ​အ​ေရာင္လွလွ​ေလး ျဖစ္​ေနသည္။

" ကိုကို​ေလး ... အိပ္ယာ​ေပၚမွာ တင္ထားတဲ့ အထုပ္​ေတြက ... "

" ​​​ေၾသာ္ ...Parisကို သြားတဲ့သူငယ္ခ်င္း တစ္​​ေယာက္ကို လမ္းႀကဳံမွာထား​တာ​ေတြ။ ​ေရ​ေမႊး​ေတြ၊နာရီ​ေတြကစ ပါတယ္။ ဆင္တူသုံး​ေလးခု ပါတာမို႔ မင္းႀကိဳက္တာ ယူသုံး​​​ေလ။ မဟုတ္လည္း မင္းကိုပါ ​ေပးမလို႔။ "

" ဟုတ္ကဲ့ ... က်န္တာ​ေတြက​ေရာ ... "

" ​ေလာဘမႀကီးနဲ႕​ေကာင္​ေလးရဲ႕။ ​ကိုယ့္အနားမွာ ​​ေနရင္ ​ေရာင့္ရဲနိုင္တာ အ​ေကာင္းဆုံးပဲကြ။ "

" ဟုတ္ကဲ့ "

ဒီလိုပါပဲ။ ကိုကို​ေလးက သူနဲ႕လက္ရွိတြဲ​ေနတဲ့သူ​ေတြကို ညီတူမွ်တူပဲ ​ေပးကမ္းတတ္တာမ်ိဳး။ သူ႕ခံစားခ်က္​ေတြအပါအဝင္​ေပါ့။

" စြပ္ျပဳတ္က ​ေအးသြား​ေတာ့ နည္းနည္းငန္တယ္။ငံျပာရည္​ေတြ ထည့္တာမ်ားသြားတယ္မလား။ "

" ဟုတ္လား ... ျပန္ျပင္​ေပးရမလား။ "

" ​​ေနပါ ... ​ေနာက္တစ္္ခါ အျပင္က မွာမစားျဖစ္ရင္ မခ်က္တတ္တဲ့အရာဆိုရင္ ကိုယ့္ကိုလာ​ေမး။ "

" ကိုကို​ေလးက ခ်က္တတ္တယ္လား။ တစ္ခါမွ ခ်က္တာမျမင္ဖူးဘူး။ "

စိုင္းရတုဟန္က စြပ္ျပဳတ္ပန္းကန္ကို ဖယ္လိုက္ၿပီးမွ ​ေငြလသာကို ၾကည့္ကာ ​​ေျဖသည္။

" ကိုယ္တို႔ အမ်ိဳးက ​​ေယာက်္ား​ေလး​ေတြ အကုန္ ခ်က္တတ္တယ္။ "

​ေငြလသာက ဆြယ္တာအက်ီ အဝါအၾကား​​ေလးက ရွည္​ေနတဲ့ လက္​ေတြကို ဆြဲ​ေခါက္ရင္း ​ေျပာလာသည္။

" တစ္ခါ​​ေလာက္ စားဖူးခ်င္တယ္။ "

" ကိုယ္ခ်စ္မိတဲ့သူကိုမွ ပထမဆုံးခ်က္​ေကြၽးမွာ။ "

​ေငြလသာ၏ ၿပဳံး႐ႊင္ၿပီး တက္ႂကြ​ေနတဲ့ မ်က္ႏွာ​ေလးက ခ်က္ခ်င္းပင္ စိတ္​ေလ်ာ့အားငယ္သလို ျဖစ္သြားသည္။

"  ႏွစ္ႏွစ္ကာကာ ခ်စ္မိတဲ့သူ ​ေတြ႕စရာ မရွိ​​ေသးေတာ့ အခု​ေလာ​ေလာဆယ္ သံ​ေယာဇဥ္ အရွိဆုံး ျဖစ္တဲ့ မင္းပဲ အရင္ဆုံး စားဖူး​ေလာက္ပါတယ္။​​ေနာက္​ေတာ့ ႀကဳံရင္ ခ်က္​ေကြၽးမယ္။ "

​ေငြလသာက စိုင္းရတုဟန္၏ လက္​ေမာင္းကို ခ်ိတ္လာကာ ခပ္ခြၽဲခြၽဲ ​ေျပာလာသည္။

" တကယ္​ေနာ္ "

" အင္း "

​ေငြလသာက စိုင္းရတုဟန္၏ ပါးကို မြခနဲ အသံထြက္ကာ နမ္းလိုက္​ေတာ့ စိုင္းရတုဟန္က ရယ္လိုက္ၿပီး ​​ေငြလသာ၏ ခါးကို ဖက္သည္။ၿပီး​​​ေနာက္ ႏွာ​ေခါင္းထိပ္ဖ်ား​ေလးခ်င္းထိၿပီးမွ ႏႈတ္ခမ္းကို နမ္းသည္။ဒီထက္မက​ေတာင္ ရင္းႏွီးဖူးတာမို႔ ျငင္သာတဲ့ အနမ္းတစ္ခုမွ အသက္႐ူူၾကပ္​ေစသည္အထိ ျဖစ္လာသည္။လႊတ္​ေပးလိုက္​ေတာ့ ​ေငြလသာ၏ ​​ေအာက္ႏႈတ္ခမ္း​ေလး​ေတာင္ အနည္းငယ္ ​ေပါက္သြားကာ ​ေသြးစို႔သြားသည္။

" ဒီဟာက အစ္မ သုံး​ေနၾက​ေရ​ေမႊးတံဆိပ္ပဲ သိလား။ၿပီး​​ေတာ့ ဒီအနံ႕ပဲ။ "

စိုင္းရတုဟန္က အိပ္ယာ​ေပၚမွာ အက်ီဗလာနဲ႕ ဝမ္းလ်ား​ေမွာက္အိပ္​ေနသည္။​ေငြလသာက စိုင္းရတုဟန္ ဝယ္လာခဲ့တဲ့ ပစၥည္းအိတ္​ေတြကို ဟိုဒီလွန္ရင္း အကုန္ထုတ္ၾကည့္​ေနရင္းမွ ​ေျပာလာသည္။

" အဲ့ဒီဘူးကို သိမ္းထား။ လိုခ်င္ရင္ က်န္တဲ့ဟာ​ေတြယူ။ "

" ဟုတ္ "

​ေငြလသာက ဘူး​ေလးထဲ ​ေရ​ေမႊးပုလင္းျပန္ထည့္လိုက္ၿပီး သူ႕အိတ္​ေလးအတိုင္း ထားသည္။ ၿပီး​ေနာက္ ဆင္တူပါလာသည့္ ပစၥည္း​ေတြထဲက ပိုၿပီး ႏွစ္လိုဖြယ္​ေကာင္းသည့္ အ​ေရာင္​ေတြကို ​ေ႐ြးခ်ယ္​ေနလိုက္သည္။စိုင္းရတုဟန္ တြဲ​ေနတဲ့သူထဲမွာ​ေတာင္ ကိုယ္က ဒီလို ​ေ႐ြးခ်ယ္ခြင့္ ရွိတာမို႔ ႀကံဖန္ၿပီး ​ေပ်ာ္​ေအာင္ ​ေျဖသိမ့္တတ္ပါ​ေသးသည္။

" အရင္က ကိုကို​ေလးနဲ႕ အစ္မက အရမ္းရင္းႏွီးတာဆို။အခုၾက ဘာလို႔ စကား​ေတာင္ သိပ္မ​ေျပာၾကတာလဲ။ "

" ၿမိဳ႕မလင္းက မင္းအတြက္နဲ႕ ငါ့ကို ခနခန နားပူလို႔ သူငယ္ခ်င္းခန္း ျဖတ္ထားတာ။ "

" ​ေၾသာ္ "

ပစၥည္း​ေတြ ရႈပ္လို႔ ဝသြား​ေတာ့ ​ေငြလသာက စိုင္းရတုဟန္၏ ​ေဘးမွာ လာလွဲအိပ္သည္။စိုင္းရတုဟန္က မ်က္လုံးပင္ မဖြင့္ဘဲ ​ေငြလသာ၏ ခါး​ေသး​ေသး​ေလးကို ​ေပြ႕ဖက္လာသည္။

" ကိုကို​ေလးသိလား။ အစ္မနဲ႕ အ​ေမမတူ​ေပမယ့္ ကြၽန္​ေတာ့္ကို အရမ္းခ်စ္တာ။ အစ္မရဲ႕ အ​ေမဆိုလည္း ရိုင္းရိုင္း​ေျပာရရင္ ကြၽန္​ေတာ့္ မိ​ေထြး​​ေပါ့။ အန္တီကလည္း ကြၽန္​ေတာ့္ အ​ေပၚ ​ေကာင္းတာပဲ။ အ​ေမက အ​ေလ်ာ္ယူၿပီး ပစ္သြားတဲ့ ကြၽန္​ေတာ့္ကို သူတို႔ကပဲ ​ေစာင့္​ေရွာက္​ေပးထားတာ။ အဲ့ဒါ​ေၾကာင့္ ကြၽန္​ေတာ့္အတြက္နဲ႕ အစ္မက တစ္ခုခု ​ေျပာရင္ အစ္မကို စိတ္မဆိုးနဲ႕​​​ေနာ္။ကိုကို​ေလး ​ေဒါသထြက္ရင္ ကြၽန္​ေတာ့္ကို ​​ေအာ္ၿပီး ​ေျဖ​ေလ်ာ့လိုက္။ "

" အို​ေက "

စိုင္းရတုဟန္က အိပ္္ခ်င္​ေနသည္မို႔ ခန​ေလးအတြင္း အိပ္​ေပ်ာ္သြားသည္။​ေငြလသာက တစ္ျခမ္းသာ ျမင္ရ​ေသာ စိုင္းရတု​ဟန္၏ မ်က္ႏွာကို ​​ေငး​​ေမာရင္း ​ေတာ္​ေတာ္​ေလး ၾကာမွ အိပ္​ေပ်ာ္သြားခဲ့သည္။

......................

ကားအ​ေနာက္ခန္းထဲမွာ စိုင္းစြမ္းထက္ပိုင္နဲ႕အတူ ကာရံညီညာက ရွိ​ေနသည္။စိုင္းစြမ္းထက္ပိုင္က ခုံ​​ေပၚကို ခပ္​ေလ်ာ​ေလ်ာမွီထိုင္ထားၿပီး ကာရံညီညာ့ကို ရင္ခြင္အတြင္း ​ေပြ႕သိမ္းဖက္ထားသည္။

" ဖုန္းသိမ္းခံရတယ္ဆို "

" အင္း ၁၈ႏွစ္အ႐ြယ္​ေလာက္လည္း မဟုတ္ပါဘဲ ဖုန္းပါ သိမ္းသြားၾကတယ္။အခုလည္း အ​ေမ အလုပ္ကိစၥနဲ႕ အျပင္ခဏသြားတုန္း ထြက္လာခဲ့တာ။ "

" ခိုး​ေျပးၾကလား။ လိုက္ဖို႔ ဆႏၵရွိရဲ႕လား။ "

ကာရံညီညာက ​ေခါင္းရမ္းျပသည္။ အဲ့ဒီလို လုံးဝ မလုပ္ခ်င္ပါ။ ခင္မီ​ေက်ာ့္တုန္းက ကိစၥ​ေတြ လြန္ကုန္လို႔ ျမန္ျမန္ဆန္ဆန္ လက္ထပ္​ေပးခဲ့ရ​ေတာ့ ရပ္ကြက္ထဲမွာ မိဘ​ေတြ ဘယ္​ေလာက္ထိ မ်က္ႏွာပူၿပီး ရွက္ခဲ့ရလဲ ကိုယ္သာ အသိဆုံး။ ဦးျမတ္သာဆိုရင္ မနက္မလင္းခင္အလုပ္သြား၊ ညပိုင္း လူ​ေျခတိတ္မွ အလုပ္က ျပန္လာတာ ႏွစ္လ​ေလာက္ပဲ။​ေဒၚခင္ခ်ိဳဆိုလည္း အၿမဲတမ္း ႀကိတ္ငို​ေနခဲ့တာ။ ကိုယ့္သမီးက မလိမၼာ​ေတာ့ ပါးစပ္​ေပါက္တစ္ရာမွ ကြယ္ရာတစ္မ်ိဳး၊​ေရွ႕တစ္မ်ိဳး ​ေျပာတာ ခံခဲ့ရသည္။ ကာရံညီညာကပါ ​​ေယာက်္ား​ေလးခ်င္း သ​ေဘာမတူသည့္ၾကားမွ ထြက္​ေျပးသြားပါတယ္ဆိုရင္ မိဘ​ေတြကို ႏွိပ္စက္လြန္းရာ က်သြားၿပီ။

" ငါ အဲ့ဒီလို မလုပ္နိုင္တာ မင္းသိပါတယ္။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ဆံပင္​​ေလး​ေတြကို ခပ္ဖြဖြ​ေလး နဖူး​ေပၚ သပ္တင္​ေပးသည္။

" ကြၽန္​ေတာ္က မ​ေရရာ မ​ေသခ်ာတာမ်ိဳးကို ​ေစာင့္မ​ေနဘဲ လက္​ေတြ႕အ​ေကာင္အထည္​ေဖာ္္ခ်င္႐ုံပါ။ "

" ငါႀကိဳးစားမွာပါ။ ကတိ​ေပးတယ္။ "

" အစ္ကို႔ကို ယုံပါတယ္။ မျမင္ရတဲ့ အနာဂတ္ကိုပဲ မယုံတာ။"

" အ​ေဖနဲ႕အ​​ေမကို ငါ့အတြက္နဲ႕ မနာက်င္​​ေစခ်င္ဘူး။ အခု​ေလာ​ေလာဆယ္ သူတို႔ဘက္က ျငင္းဆန္​ေန​ေသး​ေပမယ့္ တျဖည္းျဖည္းခ်င္း တဆင့္ခ်င္း လက္ခံနိုင္​ေအာင္ ႀကိဳးစားပါ့မယ္။ ငါတို႔သာ ဇြဲမ​ေလ်ာ့ရင္ ​ေနာက္ဆုံးမွာ သူတို႔ ​​ေသခ်ာ​ေပါက္ လက္ခံ​​ေပးမွာပါ။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ရင္ဘတ္​ေပၚကို ​ေခါင္း​ေလး​ေစာင္းကာ ကပ္မီရင္း မ်က္လုံ​ေလး မွိတ္ထားသည္။

" ည​ဘက္ေတြအိပ္မ​ေပ်ာ္ဘူး။ မင္းနဲ႕မ​ေတြ႕ရ​၊ဖုန္းမ​​ေျပာရ​ေတာ့ အိပ္လို႔​ေတာင္မရဘူး ကိုကို။ "

" ခဏ​ေလာက္ အိပ္လိုက္​ေလ။  ကိုယ္ရွိ​ေန​ေပးမယ္။ "

" အင္း "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ အိပ္လို႔ အဆင္​ေျပ​ေအာင္ ခႏၶာကိုယ္ကို အနည္းငယ္ ျပင္ထိုင္​ေပးသည္။ကာရံညီညာက အိပ္​ေနရင္းနဲ႕​ေတာင္ စိုင္းစြမ္းထက္ပိုင္၏ လက္​ေလးကို တင္းၾကပ္​​ေန​ေအာင္ ဆုပ္ကိုင္ထားသည္။

တြဲလာခဲ့တဲ့ ခုႏွစ္​ႏွစ္ေလာက္ သက္တမ္းမွာ အၿမဲ​ေပ်ာ္႐ႊင္​ေပါ့ပါးၿပီး ဘာျပသနာမွ မရွိခဲ့​သမွ် အခု​ေတာ့ ျပသနာႀကီးက အထုတ္လိုက္ ​ေရာက္ရွိလာသည္။ စိတ္​​ေအး​ေအးထားပါလို႔ ကာရံညီညာက ​ေျပာ​ေန​ေပမယ့္ ရင္ပူ​ေနတာ​ေတာ့ အမွန္ပါပဲ။

အိပ္​ေပ်ာ္​ေန​ေသာ ကာရံညီညာ့၏ မ်က္ႏွာ​ေလးကို ​ေငး​ေနတုန္း စိုင္းစြမ္းထက္ပိုင္၏ ဖုန္းမွ Ringtoneသံထြက္လာ​ေတာ့ ဖုန္း​ေျဖလိုက္သည္။

' အစ္ကို နင္နဲ႕ရွိ​ေန​ေသးတာမလား။ သူ႕ကို ဖုန္း​ေပးလိုက္ဦး။ '

ဖုန္းသံၾကားထဲက ကာရံညီညာ နိုး​ေနခဲ့တာ ျဖစ္သည္။စိုင္းစြမ္းထက္ပိုင္၏ လက္ထဲကဖုန္းကို လက္လႊဲယူလိုက္ၿပီးမွ ​​ခပ္တိုးတိုးနဲ႕ ဖုန္း​ေျဖလိုက္သည္။

' အ​ေမျပန္​​ေရာက္​ေနၿပီလား ခင္မီ​ေဇာ္။ '

' မဟုတ္ဘူး ... အ​ေဖ အလုပ္မွာ မ​ေတာ္တဆ ျဖစ္လို႔တဲ့။ အ​​ေမ့ကို ဖုန္းဆက္မရလို႔ အစ္ကို႔ဆီ ဆက္လိုက္တာ။ ညီမ​​ေလးလည္း ဘာလုပ္ရမလဲ မသိဘူး။ '

ကာရံညီညာက ဆက္ခနဲ ​ေခါင္း​​ေထာင္လာသည္။

' ငါအခုလာၿပီ။ အိမ္မွာပဲ ငါ့ကို​ေစာင့္​ေန။ '

' ဟုတ္ကဲ့အစ္ကို ... ခင္မီ​ေက်ာ့္ကိုလည္း ​ေခၚထားလိုက္မယ္။ '

"ငါသြားလိုက္ဦးမယ္။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္​၏ လက္ခ်င္းတြဲထား​ေသာ လက္ကို ႐ုန္းလိုက္​ေပမယ့္ စိုင္းစြမ္းထက္ပိုင္က လႊတ္မ​ေပး​ေပ။

" ကြၽန္​ေတာ္ လိုက္ပို႔​ေပးမယ္။ "

" ဟင့္အင္း ... မင္းကို​ေတြ႕ရင္ အ​ေမက​ေျပာ​ေနလိမ့္မယ္။ "

ကာရံညီညာက လက္ကို႐ုန္း​ေနျပန္​​ေတာ့ စိုင္းစြမ္းထက္ပိုင္က ပိုၿပီး ၿမဲ​ေန​ေအာင္ ​လက္​ေကာက္ဝတ္​​ေလးကို ဆုပ္ထားသည္။

" မိသားစုအတြက္ဆိုရင္ ဒီလိုပဲ ကြၽန္​ေတာ့္ကို ထားခဲ့မွာလား။ ႏွစ္ခါ မစဥ္းစားဘဲ​​ေလ။ "

" မတူညီတဲ့ အ​ေၾကာင္းအရာႏွစ္ခု​ေလ။ အခုက အ​ေရးႀကီး​ ကိစၥျဖစ္ေနလို႔ လႊတ္​ေပးဦး ​ေနာ္။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္အ​ေပၚမွာ ထပ္အုပ္ကိုင္ကာ ခပ္တိုးတိုး​ေလး ​ေျပာသည္။

" ကြၽန္​ေတာ့္ကို ထားခဲ့တယ္လို႔ ဘာလို႔မ်ား ခံစား​ေနရတာလဲ။ ကြၽန္​ေတာ္ တကယ္ႀကီး အဲ့ဒီလို ခံစား​ေနရတာဗ်။ "

စိုင္းစြမ္းထက္ပိုင္က လႊတ္​​ေပးလိုက္​ေတာ့ ကာရံညီညာက တစ္ခ်က္ျပန္ၾကည့္ၿပီးမွ ကား​​ေပၚမွ ဆင္းကာ ခပ္သြက္သြက္ ထြက္သြားသည္။ဒီလိုနဲ႕ပဲ ထားခဲ့ခံရမွာ  စိုင္းစြမ္းထက္ပိုင္ အရမ္း​ေၾကာက္ပါသည္။

" မိသားစုနဲ႕ ယွဥ္ၿပိဳင္ၿပီး ဆြဲမထားနိုင္မွာ ကြၽန္​ေတာ္အရမ္း​ေၾကာက္တယ္ဗ်။ "

ဆက္ရန္






Weiterlesen

Das wird dir gefallen

47.2K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021