First Love , Perfect Love (Co...

By TreasureHeaven

2.3M 171K 22.2K

Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023 More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32
ဇာတ်သိမ်းပိုင်း
💞
Book Details

19

57.6K 4.7K 177
By TreasureHeaven

" အသီးလာစား​လေ "

ခင်မီ​ဇော်က ​ခေါ်လိုက်​တော့ ​ရေချိုးပြီး အိမ်​ပေါ်က ဆင်းလာတဲ့ ကာရံညီညာက ဧည့်ခန်း​​မှာ ထိုင်​နေတဲ့ ခင်မီ​ဇော့်​ဘေး လာထိုင်သည်။​ဘေးမှာက မိဘနှစ်ဦးက အသီးပွဲရုံမှ စာရင်း​တွေ တွက်ချက်​နေကြသည်။

" အသီးက သိပ်မချိုဘူး​နော်။ "

" အင်း "

သခွား​မွှေးသီးက အစိမ်းဘက် နည်းနည်း​ရောက်​တော့ အချို​ပေါ့သည်။ အတုံးကြီးကြီး လှီးဖြတ်ထားတဲ့ သခွား​မွှေးသီးကို ကာရံညီညာက ​ကော်ခက်ရင်းနှင့် ထိုးစိုက်ကာ တို့တိတို့တိ​လေး စား​နေသည်။

" Facebook​ပေါ်မှာ တက်လာတာ တကယ်လား​တော့ မသိဘူး။ ​ယောကျ်ား​လေးချင်း မင်္ဂလာ​ဆောင်တာတဲ့။ "

ဦးမြတ်သာက စာရင်း​​တွေပြီးသွား​တော့ ဖုန်းကြည့်ရင်းမှ ​ပြောလာသည်။များ​​သောအားဖြင့် စီးပွား​ရေး သတင်း​တွေ၊နိုင်ငံ​ရေး သတင်း​Page​တွေသာ Likeလုပ်ထားပြီး Friendလည်း မရှိတဲ့ Accountမှာ လတ်တ​လောနာမည်ကြီး​နေတဲ့ သတင်းက ကျလာသည်။

" ဟုတ်လို့လား ... ထူးထူးဆန်းဆန်း​တော် "

​ဒေါ်ခင်ချိုကပါ စာအုပ်​တွေ သိမ်း​နေရာမှ ရပ်လိုက်ပြီး လာကြည့်သည်။​ဦးမြတ်သာ ​ပြောသလို ​ကောင်​လေး​နှစ်​ယောက်က အ​နောက်တိုင်းပုံစံ တကယ်ကို မင်္ဂလာ​ဆောင်ထားတာ ဖြစ်သည်။

" အဟမ်း!!! ဒီဘက်​ခေတ်မှာ အဲ့ဒါမျိုး​တွေ ရှိကြတယ် အ​ဖေနဲ့အ​မေရဲ့။ သမီးတို့​ကျောင်းမှာလည်း ရှိတယ်။ တစ်ဘဝလုံး လက်တွဲသွားမယ့် လူနှစ်​ယောက် အချင်းချင်း ချစ်ပြီးနားလည်​ဖေးမဖို့က အ​ရေးကြီးတယ်မလား။ ​ယောကျ်ား​လေး၊မိန်းက​လေး အ​ရေးမကြီးဘူး​လေ ဟုတ်တယ်မလား။ "

ခင်မီ​​​ဇော်က ကာရံညီညာ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ မိဘ​တွေကို စကားနဲ့ တီး​ခေါက်ကြည့်သည်။ ဦးမြတ်သာက အနက်​ရောင် မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီးမှ ဖုန်းကိုကြည့်​နေရင်း ​ဖြေလာသည်။

" ဒါမျိုးကို ဗရုတ်ကျတာလို့ပဲမြင်တယ်။​တော်​သေးတယ် ... ငါ့သား၊သမီးထဲ အဲ့ဒီလို ဟိုမ​ရောက်ဒီမ​ရောက်​တွေမရှိလို့။ ဒီလိုပုံစံသာရှိကြည့် ... အချိုးကိုရ​​အောင်ပြင်မှာ။ပြင်မရရင် ​သေခန်းပြတ်ပဲ။ "

ကာရံညီညာက လက်ထဲမှ ​ကော်ခက်ရင်း​လေးကို ဖိဆုပ်ရင်း ငြိမ်​နေမိသည်။

" အင်း​​နော် ... သူတို့ခံစားချက်ဆို​​တော့လည်း အပြစ်ဆိုရလည်း အခက်သား​နော်။ ထားပါ ... ရှင်ကလည်း သူများသားသမီးကို ​ပြောမ​နေပါနဲ့။ "

​ဒေါ်ခင်ချိုက ပွစိပွစိ​ပြောပြီး စာရင်းစာအုပ်​တွေဆီ လက်က ပြန်​ရောက်သွားသည်။

" ခင်မီ​ကျော့်လိုလည်း မလုပ်ကြနဲ့ဦး။သ​ဘောကျတဲ့သူရှိရင် အိမ်အရင်​ခေါ်လာ။ငါတို့နဲ့ အရင်​တွေ့​ပေးပြီး ​ကောင်း၏၊ဆိုး၏ ဆုံးဖြတ်​ပေးမှာ။အိမ်​ထောင်တစ်ခုက လွယ်တာမဟုတ်ဘူး။ကြားလား ... ဟိုနှစ်​ယောက်။ "

စာအုပ်​တွေ ထပ်​နေရင်းမှ ​ဒေါ်ခင်ချိုက ထပ်​ပြောလာပြန်​တော့ ကာရံညီညာနဲ့ ​ခင်မီ​ဇော်က ' ဟုတ်ကဲ့ ' ဟု ​ပြောကာ ​ခေါင်းငြိမ့်ကြသည်။

ကာရံညီညာက ​ကျောက်ရုပ််ချထားသလို ထိုင်​နေပြီး ဦးမြတ်သာကိုသာ ခနခန ခိုးကြည့်​နေမိသည်။ဖခင်ဖြစ်သူက စိတ်တိုခဲကာ စိတ်တို​ဒေါသထွက်လာရင်လည်း တစ်ဆုံးထိပင် ဖြစ်သည်။ဒီရက်ပိုင်းအတွင်း စိုင်းစွမ်းထက်ပိုင်နဲ့ ကိစ္စ ​ပြောဖို့ စီစဥ်ထား​ပေမယ့် အခု​တော့ဖြင့် ဘယ်က ဘယ်လို စရမှန်း​တောင် မသိ​တော့ပါ။

" အဆင်​ပြေသွားမှာပါ။ "

ခင်မီ​​​ဇော်က အစ်ကိုဖြစ်သူ၏ လက်ကို လာကိုင်ရင်း နှစ်သိမ့်သလို ခပ်တိုးတိုး​ပြော​လာတော့ ကာရံညီညာက ​ခေါင်းငြိမ့်လိုက်သည်။ စိတ်ထဲတွင်​တော့ ခဲဆွဲသလို ​​လေးလံသွားတာ အမှန်ပင်။

.......................

" ကိုကို​လေးလို့ ​​​ခေါ်လို့ရလား ဟင် "

​​ငွေလသာက စိုင်းရတုဟန်ကို ကြည့်ကာ ​မေးလာ​တော့ စိုင်းရတုဟန်က တဟားဟား ​အော်ရယ်သည်။ စား​သောက်ဆိုင်ထဲမှာ ထိုင်​နေရင်း ရယ်စရာ မပါပါဘဲ ​ပေါင်​တွေကို​တောင် ကုပ်ဖဲ့ပြီး စိုင်းရတုဟန်က ရယ်​နေတာမို့ ​ငွေလသာက နည်းနည်း​နေရခက်သွားသည်။

" မင်းက ဘာလို့ အဲ့ဒီလို ​ခေါ်ချင်တာလဲ။ "

" ဟို ... အစ်ကို့ရည်းစား​​ကောင်မ​လေး​တွေက ကိုကိုလို့ ​ခေါ်ကြတယ်​လေ။ အဲ့ဒါ သူတို့နဲ့ မတူချင်လို့ ကိုကိုရဲ့အ​နောက်မှာ ​လေးနက်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းပါ​အောင် ကိုကို​လေးလို့ ​ခေါ်ချင်တာ။ ဒီနာမည်ရဖို့ နှစ်ည ...နှစ်ည စဥ်းစားခဲ့ရတာ။ "

​ငွေလသာက လက်ညှိုး​လေးနှစ်​​ချောင်း ​ထောင်ပြ​သေးသည်။အသားအရည် ဖြူ​ပေမယ့် အနည်းငယ် ​ခြောက်​သွေ့ပြီး မလှမပနဲ့ ​ကောင်​လေးက တခါတ​လေ​တော့လည်း ချစ်စရာ​ကောင်းသည်ဟု စိုင်းရတုဟန် ထင်မိသည်။​ငွေလသာ၏ မျက်လုံး​လေး​တွေက ​မှေးတဲ့ဘက်သွားကာ နှုတ်ခမ်းက အနည်းငယ်​ထော်​နေ​သေးသည်။ကျန်တဲ့ အစိတ်အပိုင်း​တွေကလည်း ကြည့်ဖြစ်ရုံသာ။

" မင်းလည်း ငါ့ရည်းစားပဲ​လေ။ ​​​ခေါ်ချင်​​​ခေါ်​ပေါ့။ "

စိုင်းရတုဟန်က Open Relationshipရှိတဲ့သူမျိုး။ရည်းစား​တွေများသလို အဲ့ဒါကို ဖုံးကွယ်ဖို့လည်း မကြိုးစားဘူး။အ​ဆင်​​ပြေတဲ့သူနဲ့ တွဲတယ်။သူတို့လိုချင်တာ၊လိုအပ်တာ​တွေ ဝယ်​ပေးတယ်။ စပွန်ဆာ ​ပေးထားတဲ့ သ​ဘောမျိုး သက်​​​ရောက်​ပေမယ့် များ​သောအားဖြင့်က တစ်ဖက်က စိုင်းရတုဟန်၏ ရုပ်ရည်​ကြောင့် ​တွဲကြတာမျိုး ဖြစ်သည်။

" ဟုတ်ကဲ့ ... ဒီတစ်ပတ်​ကျောင်းပိတ်ရက်က အ​ဖေပြန်လာမှာမို့ အစ်ကို့ဆီ လာမ​နေ​​ပေးနိုင်ဘူး။ အဲ့ဒါ ဒီ​နေ့ပဲ ဖြစ်ဖြစ် အစ်ကို သွားစရာမရှိရင် တစ်​​နေ့လုံး အတူတူ​နေလို့ ရမလား။ "

" မရဘူးကွ။ကိုယ် ည​နေကျရင်ပွဲတစ်ခု သွားစရာရှိတယ်။ "

" အစ်မ​တေးသံသာ ​​ခေါ်ထားလို့လား။ "

" အင်း "

" ဟုတ်ကဲ့ "

​ငွေလသာက ​ခေါင်း​လေးငုံ့သွားပြီး စိုင်းရတုဟန်၏ ​ခေါက်ဆွဲပန်းကန်ထဲက ခပ်နုပ်နုပ် ကြက်သွန်မြိတ်​တွေကို တူနဲ့​သေချာ​လေး ဖယ်ထုတ်​​ပေး​နေသည်။ ​ဘေးမှာ​တော့ စိုင်းရတုဟန်က ​ခြေ​ထောက်နှဲ့ကာ ထိုင်ရင်း ဖုန်းကြည့်​နေသည်။

" မင်းက အလိုက်သိတယ်။ အဲ့ဒါ​ကြောင့် ငါ့အနားမှာ အကြာဆုံး ​နေနိုင်တာ မင်းပဲ။ "

​ငွေလသာက ​ခေါင်းငြိမ့်ပြသည်။

" ဒါ​ပေမယ့် ငါ, မင်းကို ဘာနဲ့မှ ချည်​နှောင်မထားပါဘူး။ မင်း စွန့်ခွာချင်ရင် အချိန်မ​ရွေးပဲ။ အခြားသူ​တွေ ငါ့ကို စ,ဖြတ်ရင် ရိုက်သတ်ချင်​လောက်​အောင် ​ဒေါသထွက်မှာ​ပေမယ့် မင်းက​တော့ ချွင်းချက်ပဲ။ မင်းသ​​​​ဘော ... "

" ကိုကို​လေး အနားမှာ ​နေရတာ ​ပျော်ပါတယ်။ "

​ငွေလသာက ​ခေါက်ဆွဲပန်းကန်ကို စိုင်းရတုဟန် အ​​ရှေ့ပြန်ချ​ပေးသည်။

" မင်း နစ်နာလိမ့်မယ်။ "

စိုင်းရတုဟန်ဆီက ကိုယ်ချင်းစာစွာ ပထမဆုံး​ပြောဖူးခြင်းပဲ။ တွဲခဲ့သမျှ ရည်းစားတိုင်းက အ​ပေါ်ယံ​တွေချည်းပဲ၊ အင်း သူတို့ဘက်က အတည်ဖြစ်လာမယ့် အ​ရေးမြင်ရင်လည်း စိုင်းရတုဟန်က ​စော​စောစီးစီး ဖြတ်ပစ်ခဲ့တာ။ ဒီတစ်​ယောက်ကျ ကိုယ့်အ​ပေါ် အတည်ဖြစ်​နေမှန်း သိပါလျက်နဲ့ ထားခဲ့စရာ အ​ကြောင်းပြချက်က မရှိ​တော့ လက်လွတ်စပယ် ဖြတ်ပစ်လို့မရဘူး။

" ကိုကို​လေးကို သ​ဘောကျ​နေရတာမို့ တန်ပါတယ်။ "

" အို​ကေ​​​လေ။ "

စိုင်းရတုဟန်က အ​​တွေး​တွေကို ဖယ်ထုတ်ပစ်လိုက်သည်။တစ်ဖက်သူက လိုလိုလားလားရှိမှ​တော့ ကိုယ်လည်း မတတ်နိုင်​ပေ။ပွင့်လင်းတဲ့ ဆက်ဆံ​​ရေးမှာ ဘာတာဝန်မှမရှိဘူးလို့ စိုင်းရတုဟန် ထင်သည်။

" ပုစွန်တန်ပူရာ​ကြော် ကြိုက်တယ်မလား။ "

စိုင်းရတုဟန်က ​ငွေလသာ၏ ပန်းကန်​လေးထဲ ထည့်​ပေးသည်။​ငွေလသာက အနီးကပ်မြင်​နေရတဲ့ စိုင်းရတုဟန်ကို ​သေချာ​လေး ကြည့်​နေမိသည်။ရှမ်းစပ်ဖြစ်တဲ့ စိုင်းရတုဟန်က မျက်နှာကျသွယ်သွယ်မှာ Mullet Hair  Styleထားဖြစ်ပြီး အညို​ရောင် အ​တောက်ဆိုးထား​တော့ ပြီးပြည့်စုံသွားသလိုပင်။

" ငါ့​ကြောင့်နဲ့ မင်းအသည်းကွဲရရင် မြို့မလင်းကို အပြစ်တင်။ သူ မင်းကို Model Show​ခေါ်လာလို့သာ ငါ့လို​ကောင်နဲ့ ​တွေ့သွားတာ။ "

​ငွေလသာက ပြုံးသည်။ အ​ဖေတူ၊အ​မေကွဲ အစ်မဖြစ်တဲ့ မြို့မလင်းက Modelတစ်​ယောက်ပဲမို့ သူမနဲ့  ပွဲအတူလိုက်လာရင်းမှ စိုင်းရတုဟန်နဲ့ ဆုံခဲ့ရတာ။ဒီလူ ဘာဆိုတာ သိလျက်နဲ့ပဲ မြို့မလင်း တား​နေတဲ့ကြားမှ ​ငွေလသာက ပိုတိုးခဲ့တာ။ ​ယောကျ်ား​လေး​တွေနဲ့ မတွဲဘူးလို့ ပြတ်ပြတ်သားသား ငြင်းတဲ့ စိုင်းရတုဟန်ကပဲ ​ငွေလသာကို သုံးကြိမ်​မြောက်မှာ လက်ခံခဲ့သည်။ တွဲလာတဲ့ တစ်နှစ်​ကျော်အတွင်း အခုထိ ဘာပြသနာမှမရှိဘူး။ စိုင်းရတုဟန်က ​ပွေရှုပ်တယ်။ဒါကို ​ငွေလသာက သိထားပြီးသားမို့ နားလည်မ​ပေးနိုင်စရာ မရှိဘူး။Relationshipက ဒီလိုပဲ ဆက်သွား​နေခဲ့တာ။ စိုင်းရတုဟန် ဘဝထဲ စိုင်းရတုဟန် ချစ်ရတဲ့တစ်​ယောက်​​​ယောက်သာ ဝင်မလာခဲ့ရင်​တော့ သိပ်​ကောင်းမှာပါပဲ။

" ကျွန်​တော်က အစ်မကို ​ကျေးဇူးတင်​နေတာ တကယ်။ "

​ငွေလသာက ​ပြောလိုက်​တော့ စိုင်းရတုဟန်က ​​သေချာ ကြည့်လာပြီးမှ သွားညီညီ​လေး​​တွေ ​​ပေါ်သည်အထိ ရယ်သည်။

" ထားပါ​တော့​လေ။ ဗိုက်ပြည့်​အောင်စားပြီးရင် ထွက်ခဲ့​တော့။ကိုယ်ကားသွားထုတ်လိုက်ဦးမယ်။ "

စိုင်းရတုဟန်က ပိုက်ဆံရှင်းပြီး ဆိုင်အပြင်ဘက် ထွက်သွားသည်။Model Boyမို့ ခန္ဓာကိုယ်က ​တောင့်တင်းကာ လမ်း​​လျှောက်ပုံကစ Smartဖြစ်​နေ​​သော စိုင်းရတုဟန်ကို ​ငွေလသာက လိုက်​ငေး​နေမိသည်။

" ကျွန်​တော် တစ်​ယောက်ထဲ အပိုင်ဆိုရင် သိပ်​​ကောင်းမှာပဲ။ "

မရနိုင်တဲ့ အရာ​တွေကို လက်​​လျော့ဖို့အတွက် သင်ယူထား​ပေမယ့်လည်း မရနိုင်တဲ့ စိုင်းရတုဟန်၏ နှလုံးသားကို​တော့ ​ငွေလသာ လိုချင်မိသည်။ခန္ဓာကိုယ်ကို အပိုင်ရထား​​ပေမယ့် နှလုံးသားနဲ့ ချည်မှ မ​ဝေးရမှာမလား။
.............................

စိုင်းစွမ်းထက်ပိုင်က လုပ်ငန်းခွင် ဝင်​နေပြီမို့ နှစ်​ယောက်လုံး အားလပ်သည့် အချိန်မှ ​သေချာချိန်းကာ ​တွေ့ရသည်။

" ဝက်နံကင်ထမင်း​ကြော် ... ဆိုင်ခွဲကလည်း လူရှုပ်လို့ နာရီဝက်​လောက်ရပ်​စောင့်​နေရ​သေးတယ်။ "

ကား​ပေါ်မှာ ထိုင်​စောင့်​နေတဲ့ ကာရံညီညာ့ဆီ အ​ပြေးလာရင်း ကား​ပေါ်​ရောက်​​တော့ စိုင်းစွမ်းထက်ပိုင်က ​ပြောသည်။ ကာရံညီညာက စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ​ငေး​မော​နေရာမှ စိုင်းစွမ်းထက်ပိုင်​ရောက်လာမှ အသိကပ်လာသလို လှည့်ကြည့်သည်။

" ဘာဖြစ်တာလဲ။ မျက်နှာလည်း မ​ကောင်းဘူး။ "

လူရှင်းသည့် လမ်း​ဘေးတစ်​နေရာမှာ ကားရပ်ထားတာမို့ ​လေတိုက်သံ ခပ်တိုးတိုး​တောင် ကြား​နေရ​သေးသည်။

" ​​ယောကျ်ား​တစ်​ယောက်ဖြစ်​နေလို့ ​​အခြားယောကျ်ား တစ်​ယောက်ကို မချစ်ရဘူးလား။ လူကြီး​တွေက ဘာလို့များ ခံစားချက်​တွေကို ​တွေးမ​ပေးရတာလဲ။ "

စိုင်းစွမ်းထက်ပိုင်က ခန္ဓာကိုယ်ကို ​ရွှေ့ကာ ထိုင်လိုက်ပြီး ကာရံညီညာ့ကို ပခုံးမှ ခပ်ဖွဖွဖက်ကာ ရင်ခွင်ထဲ အသာအယာ ဆွဲသွင်းသည်။ ပြီး​နောက် ကာရံညီညာ့၏ လက်​လေး​တွေကို ယုယုယယဆွဲကိုင်ရင်းမှ ခပ်တိုးတိုး​ပြောသည်။

" ​ရှေးရိုးစွဲခဲ့ကြတာ​လေ။ သူတို့ကို နားလည်သည်အထိ ​သေချာရှင်းပြ၊​ပြောပြရင် လက်ခံလာမှာပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ သူတို့သားသမီးပဲ​​လေ ... ဘာကြီးပဲ ဖြစ်​နေပါ​စေ လက်ခံ​ပေးကြမှာပါ။ သူတို့မှာ လက်ခံနိုင်ဖို့ အချိန်လိုအပ်​နေတာပါ။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်​လေးကို ပြန်ကိုင်လိုက်ရင်းမှ ​ပြောသည်။

" ငါတို့ အဆင်​ပြေမှာပါ​နော်။ ငါ ​ကြောက်တယ်...  မင်းနဲ့ခွဲရမှာလည်း ​ကြောက်တယ်။ အ​ဖေ့ကိုလည်း ​ကြောက်တယ်။ "

" ကိုယ် ရှိ​နေပါတယ်။"

စိုင်းစွမ်းထက်ပိုင်က တည်ကြည်​​လေးနက်စွာ​ပြောသည်။အ​ပြောသက်သက်ဖြင့် မဟုတ်ဘဲ အားကိုးလို့ရ​ကြောင်း ကတိ​ပေးခြင်း​တွေပါ ပါဝင်သည်။

" ဒီအပတ်ပဲ ဖွင့်​ပြောရ​အောင်။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ​ခေါင်း​လေး​ထောင်ကာ ကြည့်​တော့ စိုင်းစွမ်းထက်ပိုင်က ​ခေါင်းငြိမ့်ပြသည်။

" အဆင်​ပြေသွားမှာပါ။ ကိုယ့်ကို ယုံပါ။"

" အင်း ... ယုံတယ်။ကိုကို ငါ, မင်းကို ယုံတယ်။  "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို သိုင်းဖက်လာ​တော့လည်း သ​ဘောကျ ငြိမ်​နေ​ပေးသည်။ စိတ်ညစ်တာ​​တွေ ​ပြေ​လျော့​လို့ငြား ကာရံညီညာ့၏ ​ကျော​​လေးကို ခပ်ဖွဖွ​လေး ပွတ်​ပေး​နေ​သေးသည်။နှစ်​ယောက်တစ်ဘဝ ထူ​ထောင်ဖို့ ပထမဆုံး ​​ခြေလှမ်းမှာတင် အခက်အခဲ​တွေ စတင်လာ​ပေမယ့် နှစ်​ယောက်လုံးဆီမှာ ရင်ဆိုင်ရဲတဲ့ သတ္တိ​ရှိ​နေကြသည်။

.....................

" ထူးထူးဆန်းဆန်းဟယ် ... မိဘနှစ်​ယောက်လုံးကို အိမ်နားခိုင်းရတယ်လို့။ "

​ဒေါ်ခင်ချိုက ခပ်ပြုံးပြုံးနဲ့​ပြောလာ​ပေမယ့် ကာရံညီညာက မပြုံးနိုင်ပါ။စိတ်ထဲတွင် ​လေးလံ​​နေသည်။ဦးမြတ်သာက ကာရံညီညာ့ကို အကဲခတ်သလို ကြည့်​နေသည်။

" ကျွန်​​တော် ​ပြောစရာရှိလို့ပါ။ "

ကာရံညီညာက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ကားသံကြားရသည်မို့ စိုင်းစွမ်းထက်ပိုင် ​ရောက်​​နေပြီမို့ အပြင်ဘက်သွားကာ ​ခေါ်သည်။ ပြီးမှ နှစ်​​ယောက်အတူ အိမ်ထဲ ဝင်ခဲ့သည်။

" ဘာ ... ဘာ​ပြောမလို့လဲ။ "

စိုင်းစွမ်းထက်ပိုင်​​ရောပါလာတာမို့ ​ဒေါ်ခင်ချိုက စကား​တွေပင် ​လေ​ပေးသိပ်မ​ဖြောင့်​တော့ပါ။ဦးမြတ်သာက တည်ငြိမ်စွာပင် ရှိ​နေ​သေးသည်။ဧည့်ခန်းကမျက်နှာချင်းဆိုင် ခုံမှာ စိုင်းစွမ်းထက်ပိုင်နဲ့အတူ ကာရံညီညာက ထိုင်လိုက်သည်။ပြီး​နောက် ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်ဖဝါး ခပ်ကြီးကြီးထဲ သူ့လက်က​​လေး ထည့်ကာ အားယူသလို ပြုမူသည်။

" ကျွန်​တော် လက်ထပ်ချင်တဲ့သူပါ။ စိုင်းစွမ်းနဲ့ တွဲ​နေခဲ့တာ ​ခုနှစ်နှစ်​လောက်ရှိပါပြီ။ အခုအချိန်မှာ နှစ်​​ယောက်လုံး အဆင်သင့်ဖြစ်​နေပြီမို့ လက်ထပ်ချင်ပါတယ်။ အ​မေနဲ့အ​ဖေက လက်ခံ​ပေးလို့ ရ ... ရမလား။ "

အားတင်းပြီး ​ပြောလာတဲ့ ကာရံညီညာ့၏ စကားသံက အဆုံးသတ်မှာ ရှိုုက်သံစွန်းထင်း​နေသည်။လူကြီးနှစ်​ယောက်က ရုတ်တရက်မို့ ထူပူ​နေကာ ချက််ချင်း မတုံ့ပြန်နိုင်​ပေ။ ​ဒေါ်ခင်ချိုက စိုင်းစွမ်းထက်ပိုင်ကို ​သေချာကြည့်လာပြီးမှ ​ပြောသည်။

" စိုင်းစွမ်း ဒီအိမ်ကို ခနခန လာ​​နေတာက အန်တီ့သမီးထဲက တစ်​ယောက်ကို သ​ဘောကျ​နေလို့ လာတယ် ထင်ခဲ့တာ။ စိုင်းစွမ်းကို အန်တီ့သမီး​တွေ အတွက်သာဆိုရင် ငြင်းစရာမရှိ​ပေမယ့် ကာရံနဲ့ဆို မရဘူး။ မကြည်ဖြူ​ပေးနိုင်ဘူး။ ဘယ်​တော့မှလည်း ကြည်ဖြူ​ပေးမှာ မဟုတ်ဘူး။ ​ယောကျ်ား​လေးနှစ်​​​ယောက်က ဘယ်လိုများ လက်ထပ်ကြမှာတဲ့လဲ။ အရမ်းရင်းနှီးကြတဲ့ သူငယ််ချင်း​​တွေလို့ ထင်ခဲ့တာ။"

" ​တောင်းပန်ပါတယ် အန်တီ။ ကျွန်​တော် အစ်ကို့​အတွက်ကြောင့်ပဲ ဒီအိမ်က လူ​တွေနဲ့ ရင်းနှီးချင်ခဲ့တာပါ။အစ်ကိုနဲ့ နီးစပ်ဖို့ ရည်ရွယ်ချက်တစ်ခုထဲပါ။ စိတ်ပျက်​စေခဲ့လို့ ​တောင်းပန်ပါတယ်။ "

ကိုယ့်သားရဲ့ သူငယ်ချင်းဆိုပြီး ရင်းနှီး​​ပေးခဲ့သမျှ၊ ကိုယ့်သမီး​တွေထဲက တစ်​ယောက်နဲ့ ချစ်ကြိုက်သွားရင် ​ကောင်းမှာပဲလို့ တိတ်တိတ်​လေး သ​ဘောတူ​ပေးခဲ့သမျှ အခု​တော့ အားလုံးက အမှား​တွေချည်း။ ​ယောကျ်ား​လေးချင်းဆိုပြီး သံသယမရှိဘဲ ညအိပ်ည​နေ​တွေအထိ အတူလွှတ်​​ပေးခဲ့ဖူး​သေးတာ။

" ကျွန်​တော့်မိဘ​တွေဘက်က လက်ခံ​ပေးထားပါတယ်။ ဟိုးအရင်ထဲကပါ။ဦး​လေးနဲ့အန်တီ့အတွက် အချိန်လိုအပ်မှာ သိတာမို့ စဥ်းစား​ပေးဖို့ ကျွန်​တော် အနူးအညွတ်​တောင်းပန်ပါတယ်။ ဒီလက်​​လေးကို ကျွန်​တော် ဘယ်​တော့မှ လွှတ်ချမှာ မဟုတ်ပါဘူး။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ လက်​လေးကို လက်ချင်းတွဲထားကာ ​ထိုလက်​လေးကို ပေါင်​​ပေါ်တင်ထားသည်။မိဘ​တွေနဲ့ ​တွေ့ရမည်မို့ ရည်ရည်မွန်မွန်ဖြစ်​အောင် စိုင်းစွမ်းထက်ပိုင်က ပုဆိုးအစိမ်းကွက် ဝတ်ထားပြီး လက်ရှည်အဖြူဝတ်ထားသည်။

" အစ်ကိုကြီးတို့ကို လက်ခံ​ပေးလိုက်ပါ။ ဆယ်တန်းထဲက အစ်ကိုကြီးနဲ့စိုင်းစွမ်းထက်ပိုင်က သံ​ယောဇဥ်ရှိ​နေကြတာ။ "

တစ်ချိန်လုံး ငြိမ်ငြိမ်​လေး ထိုင်​နေတဲ့ ခင်မီ​ဇော်က ခပ်တိုးတိုး​လေးနဲ့ မဝံ့မရဲ ဝင်​ပြောလာသည်။

" လူကြီး​​တွေကိစ္စ နင်ဝင်မပါနဲ့။ "

ပုံမှန်ဆို သ​ဘော​ကောင်းပြီး ​အေးချမ်းတဲ့ ​ဒေါ်ခင်ချိုက ​​အော်လိုက်​တော့ ခင်မီ​ဇော်လည်း ထပ်မ​ပြောရဲ​တော့​ပေ။

" အ​မေ ၊ အ​ဖေ သား သူ့ကို ချစ် ... "

ကာရံညီညာ့၏ စကားမဆုံးခင်မှာတင် ဦးမြတ်သာက စားပွဲခုံကို လှန်ပစ်သည်။ စားပွဲ​ပေါ်မှာ အလှတင်ထားတဲ့ ပန်းအိုးနဲ့ ချထားတဲ့ ​​​ကော်ဖီခွက်​တွေက ကြမ်း​ပေါ်ကျကာ ကွဲ​ကြေကုန်သည်။ကာရံညီညာလည်း ​တော်​တော်လန့်သွားသည်။

" ဦး​နှောက်​ရော ရှိ​​သေးရဲ့လား မင်း။ ဒီ​လောက်ရှက်စရာ​ကောင်းတဲ့ ကိစ္စမျိုးကို ဖွင့်​ပြောရဲတယ်။ ဘယ်လို ဗရုတ်သုတ်ခ​တွေလဲ။ မင်းတို့နှစ်​​ယောက်လုံး အတွက် မိန်းမက အဲ့ဒီ​လောက် ရှား​နေတာလား အချင်းချင်း ပြန်ကြိုက်ရ​လောက်တဲ့အထိ​လေ။ သူများ သား၊သမီးကို​တော့ ငါမ​ပြောလို​ပေမယ့် ကာရံညီညာ မင်းကို ငါ​မွေးထားတာ။ ​​​ယောကျ်ားက မိန်းမပဲ ယူရမယ်။ ​အေး ... ငါ​ပြောတာ နားမ​ထောင်ဘဲ တစ်ခုခု​ရှေ့ဆက်တိုးကြည့် ... ​​သေခန်းပြတ်ပဲ။ မိသားစုက အ​​ရေးပါလား။ သုံးစားမရတဲ့ ​​ယောကျ်ားချင်း ကြိုက်တဲ့ မင်းတို့ရဲ့ အချစ်ဆိုတာကြီးက အ​ရေးပါလား မင်း​ရွေးချယ်။ ​နောက်တစ်ခွန်းမ​ပြောဘူး။ အသုံးကို မကျဘူး။ "

" အ​ဖေ့ "

​စောဒက တက်ချင်ဟန် ကာရံညီညာက ​ခေါ်လိုက်​တော့ ဦးမြတ်သာက ​ဒေါသတကြီး လှည့်ကြည့်သည်။ထိုင်ခုံအ​နောက်က ဗီရိုမှာ တင်ထားသည့် နာရီအ​သေးဖြင့် ​ကောက်​ပေါက်ပစ်လိုက်သည်။

" ကာရံညီညာ "

​ကာရံညီညာ့ မျက်နှာတည့်တည့်မို့ ဒေါ်ခင်ချိုက ​​အော်လိုက်သည်။နာရီက ကာရံညီညာ့ကို မထိမိခင်မှာတင် စိုင်းစွမ်းထက်ပိုင်၏ တံ​​တောင်ဆစ်အနားကို ပြင်းထန်စွာထိပြီး ကြမ်း​ပေါ်ကျသွားသည်။ လက်ဖဝါးအရွယ်​လောက် နာရီ​ပေမယ့် သတ္ထုအ​လေးချိန်ပါတာမို့ စိုင်းစွမ်းထက်ပိုင်၏ လက်မှာ ချက်ချင်းပင် ​​သွေး​​​တွေ စီးကျလာသည်။

" စိုင်းစွမ်း "

ကာရံညီညာက ငို​နေပြီ ဖြစ်သည်။ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို နှစ်သိမ့်သလို ​ကျော​လေးကို ခပ်ဖွဖွ ပွတ်​ပေးပြီး ခပ်တိုးတိုး​ပြောသည်။

" ဘာမှမဖြစ်ဘူး။ "

ပြီး​နောက် ကာရံညီညာ့၏ မိဘ​တွေကို ​သေချာနှုတ်​ဆက်ခဲ့သည်။

" ကျွန်​တော်က လက်မ​လျော့မှာမို့ ကြိုးစားခွင့်​လေး​တော့​​ပေးပါ။​နောက်ရက်​တွေမှ ထပ်လာခဲ့ပါ့မယ်။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို အိမ်တံခါးနားထိ လိုက်ပို့​ပေးသည်။နှာ​ခေါင်း​ထိပ်ဖျား​တွေ ရဲ​တောက်​နေ​လောက်​အောင် ငိုထားသည့် ကာရံညီညာ့၏ ဂုတ်​လေးမှ စိုင်းစွမ်းထက်ပိုင်က အားထည့်ကိုင်ကာ မျက်နှာချင်းဆိုင်ပြီး မျက်လုံးချင်းဆုံကာ ကြည့်​စေသည်။

" ကိုယ်လက်မ​လျော့ဘူး။ အဲ့ဒါ​ကြောင့် လူကြီး​လေးကလည်း လက်မ​လျော့လိုက်ပါနဲ့။ကိုယ့်လက်ကို မလွှတ်ပစ်လိုက်ပါနဲ့။ ကိုယ်တို့ အတူတူ ကြိုးစားကြမယ် ... ​​နော်။ "

ကာရံညီညာက ငို​ပဲငို​နေ​တော့ စိုင်းစွမ်းထက်ပိုင်က အတင်းအကြပ်​မေးလာသည်။

" ဟုတ်ပြီလား ဟမ် "

ကာရံညီညာက ​ခေါင်းငြိမ့်ပြမှ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ပါး​လေးကို ခပ်ဖွဖွ​လေး ပုတ်​ပေးကာ ထွက်သွားသည်။ စိတ်ရှိတိုင်းသာဆို ကာရံညီညာ့ကိုပါ ဆွဲထုတ်ပြီး အပါ​ခေါ်သွားချင်​ပေမယ့် စိတ်ညစ်လွယ်ပြီး မိသားစုကို သံ​ယောဇဥ်ကြီးလွန်းတဲ့ ကာရံညီညာ့အ​ကြောင်းကို သိတာမို့ မလုပ်နိုင်ခဲ့ပါ။

ဆက်ရန်
Mood ချိန်းတာ သုံးရက်​လောက်ကြာသွားပါတယ်

Zawgyi

" အသီးလာစား​ေလ "

ခင္မီ​ေဇာ္က ​ေခၚလိုက္​ေတာ့ ​ေရခ်ိဳးၿပီး အိမ္​ေပၚက ဆင္းလာတဲ့ ကာရံညီညာက ဧည့္ခန္း​​မွာ ထိုင္​ေနတဲ့ ခင္မီ​ေဇာ့္​ေဘး လာထိုင္သည္။​ေဘးမွာက မိဘႏွစ္ဦးက အသီးပြဲ႐ုံမွ စာရင္း​ေတြ တြက္ခ်က္​ေနၾကသည္။

" အသီးက သိပ္မခ်ိဳဘူး​ေနာ္။ "

" အင္း "

သခြား​ေမႊးသီးက အစိမ္းဘက္ နည္းနည္း​ေရာက္​ေတာ့ အခ်ိဳ​ေပါ့သည္။ အတုံးႀကီးႀကီး လွီးျဖတ္ထားတဲ့ သခြား​ေမႊးသီးကို ကာရံညီညာက ​ေကာ္ခက္ရင္းႏွင့္ ထိုးစိုက္ကာ တို႔တိတို႔တိ​ေလး စား​ေနသည္။

" Facebook​ေပၚမွာ တက္လာတာ တကယ္လား​ေတာ့ မသိဘူး။ ​ေယာက်္ား​ေလးခ်င္း မဂၤလာ​ေဆာင္တာတဲ့။ "

ဦးျမတ္သာက စာရင္း​​ေတြၿပီးသြား​ေတာ့ ဖုန္းၾကည့္ရင္းမွ ​ေျပာလာသည္။မ်ား​​ေသာအားျဖင့္ စီးပြား​ေရး သတင္း​ေတြ၊နိုင္ငံ​ေရး သတင္း​Page​ေတြသာ Likeလုပ္ထားၿပီး Friendလည္း မရွိတဲ့ Accountမွာ လတ္တ​ေလာနာမည္ႀကီး​ေနတဲ့ သတင္းက က်လာသည္။

" ဟုတ္လို႔လား ... ထူးထူးဆန္းဆန္း​ေတာ္ "

​ေဒၚခင္ခ်ိဳကပါ စာအုပ္​ေတြ သိမ္း​ေနရာမွ ရပ္လိုက္ၿပီး လာၾကည့္သည္။​ဦးျမတ္သာ ​ေျပာသလို ​ေကာင္​ေလး​ႏွစ္​ေယာက္က အ​ေနာက္တိုင္းပုံစံ တကယ္ကို မဂၤလာ​ေဆာင္ထားတာ ျဖစ္သည္။

" အဟမ္း!!! ဒီဘက္​ေခတ္မွာ အဲ့ဒါမ်ိဳး​ေတြ ရွိၾကတယ္ အ​ေဖနဲ႕အ​ေမရဲ႕။ သမီးတို႔​ေက်ာင္းမွာလည္း ရွိတယ္။ တစ္ဘဝလုံး လက္တြဲသြားမယ့္ လူႏွစ္​ေယာက္ အခ်င္းခ်င္း ခ်စ္ၿပီးနားလည္​ေဖးမဖို႔က အ​ေရးႀကီးတယ္မလား။ ​ေယာက်္ား​ေလး၊မိန္းက​ေလး အ​ေရးမႀကီးဘူး​ေလ ဟုတ္တယ္မလား။ "

ခင္မီ​​​ေဇာ္က ကာရံညီညာ့ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ မိဘ​ေတြကို စကားနဲ႕ တီး​ေခါက္ၾကည့္သည္။ ဦးျမတ္သာက အနက္​ေရာင္ မ်က္မွန္ကိုင္းကို ပင့္တင္လိုက္ၿပီးမွ ဖုန္းကိုၾကည့္​ေနရင္း ​ေျဖလာသည္။

" ဒါမ်ိဳးကို ဗ႐ုတ္က်တာလို႔ပဲျမင္တယ္။​ေတာ္​ေသးတယ္ ... ငါ့သား၊သမီးထဲ အဲ့ဒီလို ဟိုမ​ေရာက္ဒီမ​ေရာက္​ေတြမရွိလို႔။ ဒီလိုပုံစံသာရွိၾကည့္ ... အခ်ိဳးကိုရ​​ေအာင္ျပင္မွာ။ျပင္မရရင္ ​ေသခန္းျပတ္ပဲ။ "

ကာရံညီညာက လက္ထဲမွ ​ေကာ္ခက္ရင္း​ေလးကို ဖိဆုပ္ရင္း ၿငိမ္​ေနမိသည္။

" အင္း​​ေနာ္ ... သူတို႔ခံစားခ်က္ဆို​​ေတာ့လည္း အျပစ္ဆိုရလည္း အခက္သား​ေနာ္။ ထားပါ ... ရွင္ကလည္း သူမ်ားသားသမီးကို ​ေျပာမ​ေနပါနဲ႕။ "

​ေဒၚခင္ခ်ိဳက ပြစိပြစိ​ေျပာၿပီး စာရင္းစာအုပ္​ေတြဆီ လက္က ျပန္​ေရာက္သြားသည္။

" ခင္မီ​ေက်ာ့္လိုလည္း မလုပ္ၾကနဲ႕ဦး။သ​ေဘာက်တဲ့သူရွိရင္ အိမ္အရင္​ေခၚလာ။ငါတို႔နဲ႕ အရင္​ေတြ႕​ေပးၿပီး ​ေကာင္း၏၊ဆိုး၏ ဆုံးျဖတ္​ေပးမွာ။အိမ္​ေထာင္တစ္ခုက လြယ္တာမဟုတ္ဘူး။ၾကားလား ... ဟိုႏွစ္​ေယာက္။ "

စာအုပ္​ေတြ ထပ္​ေနရင္းမွ ​ေဒၚခင္ခ်ိဳက ထပ္​ေျပာလာျပန္​ေတာ့ ကာရံညီညာနဲ႕ ​ခင္မီ​ေဇာ္က ' ဟုတ္ကဲ့ ' ဟု ​ေျပာကာ ​ေခါင္းၿငိမ့္ၾကသည္။

ကာရံညီညာက ​ေက်ာက္႐ုပ္္ခ်ထားသလို ထိုင္​ေနၿပီး ဦးျမတ္သာကိုသာ ခနခန ခိုးၾကည့္​ေနမိသည္။ဖခင္ျဖစ္သူက စိတ္တိုခဲကာ စိတ္တို​ေဒါသထြက္လာရင္လည္း တစ္ဆုံးထိပင္ ျဖစ္သည္။ဒီရက္ပိုင္းအတြင္း စိုင္းစြမ္းထက္ပိုင္နဲ႕ ကိစၥ ​ေျပာဖို႔ စီစဥ္ထား​ေပမယ့္ အခု​ေတာ့ျဖင့္ ဘယ္က ဘယ္လို စရမွန္း​ေတာင္ မသိ​ေတာ့ပါ။

" အဆင္​ေျပသြားမွာပါ။ "

ခင္မီ​​​ေဇာ္က အစ္ကိုျဖစ္သူ၏ လက္ကို လာကိုင္ရင္း ႏွစ္သိမ့္သလို ခပ္တိုးတိုး​ေျပာ​လာေတာ့ ကာရံညီညာက ​ေခါင္းၿငိမ့္လိုက္သည္။ စိတ္ထဲတြင္​ေတာ့ ခဲဆြဲသလို ​​ေလးလံသြားတာ အမွန္ပင္။

.......................

" ကိုကို​ေလးလို႔ ​​​ေခၚလို႔ရလား ဟင္ "

​​ေငြလသာက စိုင္းရတုဟန္ကို ၾကည့္ကာ ​ေမးလာ​ေတာ့ စိုင္းရတုဟန္က တဟားဟား ​ေအာ္ရယ္သည္။ စား​ေသာက္ဆိုင္ထဲမွာ ထိုင္​ေနရင္း ရယ္စရာ မပါပါဘဲ ​ေပါင္​ေတြကို​ေတာင္ ကုပ္ဖဲ့ၿပီး စိုင္းရတုဟန္က ရယ္​ေနတာမို႔ ​ေငြလသာက နည္းနည္း​ေနရခက္သြားသည္။

" မင္းက ဘာလို႔ အဲ့ဒီလို ​ေခၚခ်င္တာလဲ။ "

" ဟို ... အစ္ကို႔ရည္းစား​​ေကာင္မ​ေလး​ေတြက ကိုကိုလို႔ ​ေခၚၾကတယ္​ေလ။ အဲ့ဒါ သူတို႔နဲ႕ မတူခ်င္လို႔ ကိုကိုရဲ႕အ​ေနာက္မွာ ​ေလးနက္ျခင္းဆိုတဲ့ အဓိပၸါယ္လည္းပါ​ေအာင္ ကိုကို​ေလးလို႔ ​ေခၚခ်င္တာ။ ဒီနာမည္ရဖို႔ ႏွစ္ည ...ႏွစ္ည စဥ္းစားခဲ့ရတာ။ "

​ေငြလသာက လက္ညွိုး​ေလးႏွစ္​​ေခ်ာင္း ​ေထာင္ျပ​ေသးသည္။အသားအရည္ ျဖဴ​ေပမယ့္ အနည္းငယ္ ​ေျခာက္​ေသြ႕ၿပီး မလွမပနဲ႕ ​ေကာင္​ေလးက တခါတ​ေလ​ေတာ့လည္း ခ်စ္စရာ​ေကာင္းသည္ဟု စိုင္းရတုဟန္ ထင္မိသည္။​ေငြလသာ၏ မ်က္လုံး​ေလး​ေတြက ​ေမွးတဲ့ဘက္သြားကာ ႏႈတ္ခမ္းက အနည္းငယ္​ေထာ္​ေန​ေသးသည္။က်န္တဲ့ အစိတ္အပိုင္း​ေတြကလည္း ၾကည့္ျဖစ္႐ုံသာ။

" မင္းလည္း ငါ့ရည္းစားပဲ​ေလ။ ​​​ေခၚခ်င္​​​ေခၚ​ေပါ့။ "

စိုင္းရတုဟန္က Open Relationshipရွိတဲ့သူမ်ိဳး။ရည္းစား​ေတြမ်ားသလို အဲ့ဒါကို ဖုံးကြယ္ဖို႔လည္း မႀကိဳးစားဘူး။အ​ဆင္​​ေျပတဲ့သူနဲ႕ တြဲတယ္။သူတို႔လိုခ်င္တာ၊လိုအပ္တာ​ေတြ ဝယ္​ေပးတယ္။ စပြန္ဆာ ​ေပးထားတဲ့ သ​ေဘာမ်ိဳး သက္​​​ေရာက္​ေပမယ့္ မ်ား​ေသာအားျဖင့္က တစ္ဖက္က စိုင္းရတုဟန္၏ ႐ုပ္ရည္​ေၾကာင့္ ​တြဲၾကတာမ်ိဳး ျဖစ္သည္။

" ဟုတ္ကဲ့ ... ဒီတစ္ပတ္​ေက်ာင္းပိတ္ရက္က အ​ေဖျပန္လာမွာမို႔ အစ္ကို႔ဆီ လာမ​ေန​​ေပးနိုင္ဘူး။ အဲ့ဒါ ဒီ​ေန႕ပဲ ျဖစ္ျဖစ္ အစ္ကို သြားစရာမရွိရင္ တစ္​​ေန႕လုံး အတူတူ​ေနလို႔ ရမလား။ "

" မရဘူးကြ။ကိုယ္ ည​ေနက်ရင္ပြဲတစ္ခု သြားစရာရွိတယ္။ "

" အစ္မ​ေတးသံသာ ​​ေခၚထားလို႔လား။ "

" အင္း "

" ဟုတ္ကဲ့ "

​ေငြလသာက ​ေခါင္း​ေလးငုံ႕သြားၿပီး စိုင္းရတုဟန္၏ ​ေခါက္ဆြဲပန္းကန္ထဲက ခပ္ႏုပ္ႏုပ္ ၾကက္သြန္ၿမိတ္​ေတြကို တူနဲ႕​ေသခ်ာ​ေလး ဖယ္ထုတ္​​ေပး​ေနသည္။ ​ေဘးမွာ​ေတာ့ စိုင္းရတုဟန္က ​ေျခ​ေထာက္ႏွဲ႕ကာ ထိုင္ရင္း ဖုန္းၾကည့္​ေနသည္။

" မင္းက အလိုက္သိတယ္။ အဲ့ဒါ​ေၾကာင့္ ငါ့အနားမွာ အၾကာဆုံး ​ေနနိုင္တာ မင္းပဲ။ "

​ေငြလသာက ​ေခါင္းၿငိမ့္ျပသည္။

" ဒါ​ေပမယ့္ ငါ, မင္းကို ဘာနဲ႕မွ ခ်ည္​ေႏွာင္မထားပါဘူး။ မင္း စြန့္ခြာခ်င္ရင္ အခ်ိန္မ​ေ႐ြးပဲ။ အျခားသူ​ေတြ ငါ့ကို စ,ျဖတ္ရင္ ရိုက္သတ္ခ်င္​ေလာက္​ေအာင္ ​ေဒါသထြက္မွာ​ေပမယ့္ မင္းက​ေတာ့ ခြၽင္းခ်က္ပဲ။ မင္းသ​​​​ေဘာ ... "

" ကိုကို​ေလး အနားမွာ ​ေနရတာ ​ေပ်ာ္ပါတယ္။ "

​ေငြလသာက ​ေခါက္ဆြဲပန္းကန္ကို စိုင္းရတုဟန္ အ​​ေရွ႕ျပန္ခ်​ေပးသည္။

" မင္း နစ္နာလိမ့္မယ္။ "

စိုင္းရတုဟန္ဆီက ကိုယ္ခ်င္းစာစြာ ပထမဆုံး​ေျပာဖူးျခင္းပဲ။ တြဲခဲ့သမွ် ရည္းစားတိုင္းက အ​ေပၚယံ​ေတြခ်ည္းပဲ၊ အင္း သူတို႔ဘက္က အတည္ျဖစ္လာမယ့္ အ​ေရးျမင္ရင္လည္း စိုင္းရတုဟန္က ​ေစာ​ေစာစီးစီး ျဖတ္ပစ္ခဲ့တာ။ ဒီတစ္​ေယာက္က် ကိုယ့္အ​ေပၚ အတည္ျဖစ္​ေနမွန္း သိပါလ်က္နဲ႕ ထားခဲ့စရာ အ​ေၾကာင္းျပခ်က္က မရွိ​ေတာ့ လက္လြတ္စပယ္ ျဖတ္ပစ္လို႔မရဘူး။

" ကိုကို​ေလးကို သ​ေဘာက်​ေနရတာမို႔ တန္ပါတယ္။ "

" အို​ေက​​​ေလ။ "

စိုင္းရတုဟန္က အ​​ေတြး​ေတြကို ဖယ္ထုတ္ပစ္လိုက္သည္။တစ္ဖက္သူက လိုလိုလားလားရွိမွ​ေတာ့ ကိုယ္လည္း မတတ္နိုင္​ေပ။ပြင့္လင္းတဲ့ ဆက္ဆံ​​ေရးမွာ ဘာတာဝန္မွမရွိဘူးလို႔ စိုင္းရတုဟန္ ထင္သည္။

" ပုစြန္တန္ပူရာ​ေၾကာ္ ႀကိဳက္တယ္မလား။ "

စိုင္းရတုဟန္က ​ေငြလသာ၏ ပန္းကန္​ေလးထဲ ထည့္​ေပးသည္။​ေငြလသာက အနီးကပ္ျမင္​ေနရတဲ့ စိုင္းရတုဟန္ကို ​ေသခ်ာ​ေလး ၾကည့္​ေနမိသည္။ရွမ္းစပ္ျဖစ္တဲ့ စိုင္းရတုဟန္က မ်က္ႏွာက်သြယ္သြယ္မွာ Mullet Hair  Styleထားျဖစ္ၿပီး အညို​ေရာင္ အ​ေတာက္ဆိုးထား​ေတာ့ ၿပီးျပည့္စုံသြားသလိုပင္။

" ငါ့​ေၾကာင့္နဲ႕ မင္းအသည္းကြဲရရင္ ၿမိဳ႕မလင္းကို အျပစ္တင္။ သူ မင္းကို Model Show​ေခၚလာလို႔သာ ငါ့လို​ေကာင္နဲ႕ ​ေတြ႕သြားတာ။ "

​ေငြလသာက ၿပဳံးသည္။ အ​ေဖတူ၊အ​ေမကြဲ အစ္မျဖစ္တဲ့ ၿမိဳ႕မလင္းက Modelတစ္​ေယာက္ပဲမို႔ သူမနဲ႕  ပြဲအတူလိုက္လာရင္းမွ စိုင္းရတုဟန္နဲ႕ ဆုံခဲ့ရတာ။ဒီလူ ဘာဆိုတာ သိလ်က္နဲ႕ပဲ ၿမိဳ႕မလင္း တား​ေနတဲ့ၾကားမွ ​ေငြလသာက ပိုတိုးခဲ့တာ။ ​ေယာက်္ား​ေလး​ေတြနဲ႕ မတြဲဘူးလို႔ ျပတ္ျပတ္သားသား ျငင္းတဲ့ စိုင္းရတုဟန္ကပဲ ​ေငြလသာကို သုံးႀကိမ္​ေျမာက္မွာ လက္ခံခဲ့သည္။ တြဲလာတဲ့ တစ္ႏွစ္​ေက်ာ္အတြင္း အခုထိ ဘာျပသနာမွမရွိဘူး။ စိုင္းရတုဟန္က ​ေပြရႈပ္တယ္။ဒါကို ​ေငြလသာက သိထားၿပီးသားမို႔ နားလည္မ​ေပးနိုင္စရာ မရွိဘူး။Relationshipက ဒီလိုပဲ ဆက္သြား​ေနခဲ့တာ။ စိုင္းရတုဟန္ ဘဝထဲ စိုင္းရတုဟန္ ခ်စ္ရတဲ့တစ္​ေယာက္​​​ေယာက္သာ ဝင္မလာခဲ့ရင္​ေတာ့ သိပ္​ေကာင္းမွာပါပဲ။

" ကြၽန္​ေတာ္က အစ္မကို ​ေက်းဇူးတင္​ေနတာ တကယ္။ "

​ေငြလသာက ​ေျပာလိုက္​ေတာ့ စိုင္းရတုဟန္က ​​ေသခ်ာ ၾကည့္လာၿပီးမွ သြားညီညီ​ေလး​​ေတြ ​​ေပၚသည္အထိ ရယ္သည္။

" ထားပါ​ေတာ့​ေလ။ ဗိုက္ျပည့္​ေအာင္စားၿပီးရင္ ထြက္ခဲ့​ေတာ့။ကိုယ္ကားသြားထုတ္လိုက္ဦးမယ္။ "

စိုင္းရတုဟန္က ပိုက္ဆံရွင္းၿပီး ဆိုင္အျပင္ဘက္ ထြက္သြားသည္။Model Boyမို႔ ခႏၶာကိုယ္က ​ေတာင့္တင္းကာ လမ္း​​ေလွ်ာက္ပုံကစ Smartျဖစ္​ေန​​ေသာ စိုင္းရတုဟန္ကို ​ေငြလသာက လိုက္​ေငး​ေနမိသည္။

" ကြၽန္​ေတာ္ တစ္​ေယာက္ထဲ အပိုင္ဆိုရင္ သိပ္​​ေကာင္းမွာပဲ။ "

မရနိုင္တဲ့ အရာ​ေတြကို လက္​​ေလ်ာ့ဖို႔အတြက္ သင္ယူထား​ေပမယ့္လည္း မရနိုင္တဲ့ စိုင္းရတုဟန္၏ ႏွလုံးသားကို​ေတာ့ ​ေငြလသာ လိုခ်င္မိသည္။ခႏၶာကိုယ္ကို အပိုင္ရထား​​ေပမယ့္ ႏွလုံးသားနဲ႕ ခ်ည္မွ မ​ေဝးရမွာမလား။
.............................

စိုင္းစြမ္းထက္ပိုင္က လုပ္ငန္းခြင္ ဝင္​ေနၿပီမို႔ ႏွစ္​ေယာက္လုံး အားလပ္သည့္ အခ်ိန္မွ ​ေသခ်ာခ်ိန္းကာ ​ေတြ႕ရသည္။

" ဝက္နံကင္ထမင္း​ေၾကာ္ ... ဆိုင္ခြဲကလည္း လူရႈပ္လို႔ နာရီဝက္​ေလာက္ရပ္​ေစာင့္​ေနရ​ေသးတယ္။ "

ကား​ေပၚမွာ ထိုင္​ေစာင့္​ေနတဲ့ ကာရံညီညာ့ဆီ အ​ေျပးလာရင္း ကား​ေပၚ​ေရာက္​​ေတာ့ စိုင္းစြမ္းထက္ပိုင္က ​ေျပာသည္။ ကာရံညီညာက စိတ္နဲ႕ကိုယ္နဲ႕ မကပ္သလို ​ေငး​ေမာ​ေနရာမွ စိုင္းစြမ္းထက္ပိုင္​ေရာက္လာမွ အသိကပ္လာသလို လွည့္ၾကည့္သည္။

" ဘာျဖစ္တာလဲ။ မ်က္ႏွာလည္း မ​ေကာင္းဘူး။ "

လူရွင္းသည့္ လမ္း​ေဘးတစ္​ေနရာမွာ ကားရပ္ထားတာမို႔ ​ေလတိုက္သံ ခပ္တိုးတိုး​ေတာင္ ၾကား​ေနရ​ေသးသည္။

" ​​ေယာက်္ား​တစ္​ေယာက္ျဖစ္​ေနလို႔ ​​အျခားေယာက်္ား တစ္​ေယာက္ကို မခ်စ္ရဘူးလား။ လူႀကီး​ေတြက ဘာလို႔မ်ား ခံစားခ်က္​ေတြကို ​ေတြးမ​ေပးရတာလဲ။ "

စိုင္းစြမ္းထက္ပိုင္က ခႏၶာကိုယ္ကို ​ေ႐ႊ႕ကာ ထိုင္လိုက္ၿပီး ကာရံညီညာ့ကို ပခုံးမွ ခပ္ဖြဖြဖက္ကာ ရင္ခြင္ထဲ အသာအယာ ဆြဲသြင္းသည္။ ၿပီး​ေနာက္ ကာရံညီညာ့၏ လက္​ေလး​ေတြကို ယုယုယယဆြဲကိုင္ရင္းမွ ခပ္တိုးတိုး​ေျပာသည္။

" ​ေရွးရိုးစြဲခဲ့ၾကတာ​ေလ။ သူတို႔ကို နားလည္သည္အထိ ​ေသခ်ာရွင္းျပ၊​ေျပာျပရင္ လက္ခံလာမွာပါ။ မျဖစ္နိုင္ဘူးဆိုတာ မရွိပါဘူး။ သူတို႔သားသမီးပဲ​​ေလ ... ဘာႀကီးပဲ ျဖစ္​ေနပါ​ေစ လက္ခံ​ေပးၾကမွာပါ။ သူတို႔မွာ လက္ခံနိုင္ဖို႔ အခ်ိန္လိုအပ္​ေနတာပါ။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္​ေလးကို ျပန္ကိုင္လိုက္ရင္းမွ ​ေျပာသည္။

" ငါတို႔ အဆင္​ေျပမွာပါ​ေနာ္။ ငါ ​ေၾကာက္တယ္...  မင္းနဲ႕ခြဲရမွာလည္း ​ေၾကာက္တယ္။ အ​ေဖ့ကိုလည္း ​ေၾကာက္တယ္။ "

" ကိုယ္ ရွိ​ေနပါတယ္။"

စိုင္းစြမ္းထက္ပိုင္က တည္ၾကည္​​ေလးနက္စြာ​ေျပာသည္။အ​ေျပာသက္သက္ျဖင့္ မဟုတ္ဘဲ အားကိုးလို႔ရ​ေၾကာင္း ကတိ​ေပးျခင္း​ေတြပါ ပါဝင္သည္။

" ဒီအပတ္ပဲ ဖြင့္​ေျပာရ​ေအာင္။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို ​ေခါင္း​ေလး​ေထာင္ကာ ၾကည့္​ေတာ့ စိုင္းစြမ္းထက္ပိုင္က ​ေခါင္းၿငိမ့္ျပသည္။

" အဆင္​ေျပသြားမွာပါ။ ကိုယ့္ကို ယုံပါ။"

" အင္း ... ယုံတယ္။ကိုကို ငါ, မင္းကို ယုံတယ္။  "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို သိုင္းဖက္လာ​ေတာ့လည္း သ​ေဘာက် ၿငိမ္​ေန​ေပးသည္။ စိတ္ညစ္တာ​​ေတြ ​ေျပ​ေလ်ာ့​လို႔ျငား ကာရံညီညာ့၏ ​ေက်ာ​​ေလးကို ခပ္ဖြဖြ​ေလး ပြတ္​ေပး​ေန​ေသးသည္။ႏွစ္​ေယာက္တစ္ဘဝ ထူ​ေထာင္ဖို႔ ပထမဆုံး ​​ေျခလွမ္းမွာတင္ အခက္အခဲ​ေတြ စတင္လာ​ေပမယ့္ ႏွစ္​ေယာက္လုံးဆီမွာ ရင္ဆိုင္ရဲတဲ့ သတၱိ​ရွိ​ေနၾကသည္။

.....................

" ထူးထူးဆန္းဆန္းဟယ္ ... မိဘႏွစ္​ေယာက္လုံးကို အိမ္နားခိုင္းရတယ္လို႔။ "

​ေဒၚခင္ခ်ိဳက ခပ္ၿပဳံးၿပဳံးနဲ႕​ေျပာလာ​ေပမယ့္ ကာရံညီညာက မၿပဳံးနိုင္ပါ။စိတ္ထဲတြင္ ​ေလးလံ​​ေနသည္။ဦးျမတ္သာက ကာရံညီညာ့ကို အကဲခတ္သလို ၾကည့္​ေနသည္။

" ကြၽန္​​ေတာ္ ​ေျပာစရာရွိလို႔ပါ။ "

ကာရံညီညာက သက္ျပင္းတစ္ခ်က္ရွိုက္လိုက္သည္။ကားသံၾကားရသည္မို႔ စိုင္းစြမ္းထက္ပိုင္ ​ေရာက္​​ေနၿပီမို႔ အျပင္ဘက္သြားကာ ​ေခၚသည္။ ၿပီးမွ ႏွစ္​​ေယာက္အတူ အိမ္ထဲ ဝင္ခဲ့သည္။

" ဘာ ... ဘာ​ေျပာမလို႔လဲ။ "

စိုင္းစြမ္းထက္ပိုင္​​ေရာပါလာတာမို႔ ​ေဒၚခင္ခ်ိဳက စကား​ေတြပင္ ​ေလ​ေပးသိပ္မ​ေျဖာင့္​ေတာ့ပါ။ဦးျမတ္သာက တည္ၿငိမ္စြာပင္ ရွိ​ေန​ေသးသည္။ဧည့္ခန္းကမ်က္ႏွာခ်င္းဆိုင္ ခုံမွာ စိုင္းစြမ္းထက္ပိုင္နဲ႕အတူ ကာရံညီညာက ထိုင္လိုက္သည္။ၿပီး​ေနာက္ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ဖဝါး ခပ္ႀကီးႀကီးထဲ သူ႕လက္က​​ေလး ထည့္ကာ အားယူသလို ျပဳမူသည္။

" ကြၽန္​ေတာ္ လက္ထပ္ခ်င္တဲ့သူပါ။ စိုင္းစြမ္းနဲ႕ တြဲ​ေနခဲ့တာ ​ခုႏွစ္ႏွစ္​ေလာက္ရွိပါၿပီ။ အခုအခ်ိန္မွာ ႏွစ္​​ေယာက္လုံး အဆင္သင့္ျဖစ္​ေနၿပီမို႔ လက္ထပ္ခ်င္ပါတယ္။ အ​ေမနဲ႕အ​ေဖက လက္ခံ​ေပးလို႔ ရ ... ရမလား။ "

အားတင္းၿပီး ​ေျပာလာတဲ့ ကာရံညီညာ့၏ စကားသံက အဆုံးသတ္မွာ ရွိုုက္သံစြန္းထင္း​ေနသည္။လူႀကီးႏွစ္​ေယာက္က ႐ုတ္တရက္မို႔ ထူပူ​ေနကာ ခ်က္္ခ်င္း မတုံ႕ျပန္နိုင္​ေပ။ ​ေဒၚခင္ခ်ိဳက စိုင္းစြမ္းထက္ပိုင္ကို ​ေသခ်ာၾကည့္လာၿပီးမွ ​ေျပာသည္။

" စိုင္းစြမ္း ဒီအိမ္ကို ခနခန လာ​​ေနတာက အန္တီ့သမီးထဲက တစ္​ေယာက္ကို သ​ေဘာက်​ေနလို႔ လာတယ္ ထင္ခဲ့တာ။ စိုင္းစြမ္းကို အန္တီ့သမီး​ေတြ အတြက္သာဆိုရင္ ျငင္းစရာမရွိ​ေပမယ့္ ကာရံနဲ႕ဆို မရဘူး။ မၾကည္ျဖဴ​ေပးနိုင္ဘူး။ ဘယ္​ေတာ့မွလည္း ၾကည္ျဖဴ​ေပးမွာ မဟုတ္ဘူး။ ​ေယာက်္ား​ေလးႏွစ္​​​ေယာက္က ဘယ္လိုမ်ား လက္ထပ္ၾကမွာတဲ့လဲ။ အရမ္းရင္းႏွီးၾကတဲ့ သူငယ္္ခ်င္း​​ေတြလို႔ ထင္ခဲ့တာ။"

" ​ေတာင္းပန္ပါတယ္ အန္တီ။ ကြၽန္​ေတာ္ အစ္ကို႔​အတြက္ေၾကာင့္ပဲ ဒီအိမ္က လူ​ေတြနဲ႕ ရင္းႏွီးခ်င္ခဲ့တာပါ။အစ္ကိုနဲ႕ နီးစပ္ဖို႔ ရည္႐ြယ္ခ်က္တစ္ခုထဲပါ။ စိတ္ပ်က္​ေစခဲ့လို႔ ​ေတာင္းပန္ပါတယ္။ "

ကိုယ့္သားရဲ႕ သူငယ္ခ်င္းဆိုၿပီး ရင္းႏွီး​​ေပးခဲ့သမွ်၊ ကိုယ့္သမီး​ေတြထဲက တစ္​ေယာက္နဲ႕ ခ်စ္ႀကိဳက္သြားရင္ ​ေကာင္းမွာပဲလို႔ တိတ္တိတ္​ေလး သ​ေဘာတူ​ေပးခဲ့သမွ် အခု​ေတာ့ အားလုံးက အမွား​ေတြခ်ည္း။ ​ေယာက်္ား​ေလးခ်င္းဆိုၿပီး သံသယမရွိဘဲ ညအိပ္ည​ေန​ေတြအထိ အတူလႊတ္​​ေပးခဲ့ဖူး​ေသးတာ။

" ကြၽန္​ေတာ့္မိဘ​ေတြဘက္က လက္ခံ​ေပးထားပါတယ္။ ဟိုးအရင္ထဲကပါ။ဦး​ေလးနဲ႕အန္တီ့အတြက္ အခ်ိန္လိုအပ္မွာ သိတာမို႔ စဥ္းစား​ေပးဖို႔ ကြၽန္​ေတာ္ အႏူးအၫြတ္​ေတာင္းပန္ပါတယ္။ ဒီလက္​​ေလးကို ကြၽန္​ေတာ္ ဘယ္​ေတာ့မွ လႊတ္ခ်မွာ မဟုတ္ပါဘူး။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ လက္​ေလးကို လက္ခ်င္းတြဲထားကာ ​ထိုလက္​ေလးကို ေပါင္​​ေပၚတင္ထားသည္။မိဘ​ေတြနဲ႕ ​ေတြ႕ရမည္မို႔ ရည္ရည္မြန္မြန္ျဖစ္​ေအာင္ စိုင္းစြမ္းထက္ပိုင္က ပုဆိုးအစိမ္းကြက္ ဝတ္ထားၿပီး လက္ရွည္အျဖဴဝတ္ထားသည္။

" အစ္ကိုႀကီးတို႔ကို လက္ခံ​ေပးလိုက္ပါ။ ဆယ္တန္းထဲက အစ္ကိုႀကီးနဲ႕စိုင္းစြမ္းထက္ပိုင္က သံ​ေယာဇဥ္ရွိ​ေနၾကတာ။ "

တစ္ခ်ိန္လုံး ၿငိမ္ၿငိမ္​ေလး ထိုင္​ေနတဲ့ ခင္မီ​ေဇာ္က ခပ္တိုးတိုး​ေလးနဲ႕ မဝံ့မရဲ ဝင္​ေျပာလာသည္။

" လူႀကီး​​ေတြကိစၥ နင္ဝင္မပါနဲ႕။ "

ပုံမွန္ဆို သ​ေဘာ​ေကာင္းၿပီး ​ေအးခ်မ္းတဲ့ ​ေဒၚခင္ခ်ိဳက ​​ေအာ္လိုက္​ေတာ့ ခင္မီ​ေဇာ္လည္း ထပ္မ​ေျပာရဲ​ေတာ့​ေပ။

" အ​ေမ ၊ အ​ေဖ သား သူ႕ကို ခ်စ္ ... "

ကာရံညီညာ့၏ စကားမဆုံးခင္မွာတင္ ဦးျမတ္သာက စားပြဲခုံကို လွန္ပစ္သည္။ စားပြဲ​ေပၚမွာ အလွတင္ထားတဲ့ ပန္းအိုးနဲ႕ ခ်ထားတဲ့ ​​​ေကာ္ဖီခြက္​ေတြက ၾကမ္း​ေပၚက်ကာ ကြဲ​ေၾကကုန္သည္။ကာရံညီညာလည္း ​ေတာ္​ေတာ္လန့္သြားသည္။

" ဦး​ေႏွာက္​ေရာ ရွိ​​ေသးရဲ႕လား မင္း။ ဒီ​ေလာက္ရွက္စရာ​ေကာင္းတဲ့ ကိစၥမ်ိဳးကို ဖြင့္​ေျပာရဲတယ္။ ဘယ္လို ဗ႐ုတ္သုတ္ခ​ေတြလဲ။ မင္းတို႔ႏွစ္​​ေယာက္လုံး အတြက္ မိန္းမက အဲ့ဒီ​ေလာက္ ရွား​ေနတာလား အခ်င္းခ်င္း ျပန္ႀကိဳက္ရ​ေလာက္တဲ့အထိ​ေလ။ သူမ်ား သား၊သမီးကို​ေတာ့ ငါမ​ေျပာလို​ေပမယ့္ ကာရံညီညာ မင္းကို ငါ​ေမြးထားတာ။ ​​​ေယာက်္ားက မိန္းမပဲ ယူရမယ္။ ​ေအး ... ငါ​ေျပာတာ နားမ​ေထာင္ဘဲ တစ္ခုခု​ေရွ႕ဆက္တိုးၾကည့္ ... ​​ေသခန္းျပတ္ပဲ။ မိသားစုက အ​​ေရးပါလား။ သုံးစားမရတဲ့ ​​ေယာက်္ားခ်င္း ႀကိဳက္တဲ့ မင္းတို႔ရဲ႕ အခ်စ္ဆိုတာႀကီးက အ​ေရးပါလား မင္း​ေ႐ြးခ်ယ္။ ​ေနာက္တစ္ခြန္းမ​ေျပာဘူး။ အသုံးကို မက်ဘဴး။ "

" အ​ေဖ့ "

​ေစာဒက တက္ခ်င္ဟန္ ကာရံညီညာက ​ေခၚလိုက္​ေတာ့ ဦးျမတ္သာက ​ေဒါသတႀကီး လွည့္ၾကည့္သည္။ထိုင္ခုံအ​ေနာက္က ဗီရိုမွာ တင္ထားသည့္ နာရီအ​ေသးျဖင့္ ​ေကာက္​ေပါက္ပစ္လိုက္သည္။

" ကာရံညီညာ "

​ကာရံညီညာ့ မ်က္ႏွာတည့္တည့္မို႔ ေဒၚခင္ခ်ိဳက ​​ေအာ္လိုက္သည္။နာရီက ကာရံညီညာ့ကို မထိမိခင္မွာတင္ စိုင္းစြမ္းထက္ပိုင္၏ တံ​​ေတာင္ဆစ္အနားကို ျပင္းထန္စြာထိၿပီး ၾကမ္း​ေပၚက်သြားသည္။ လက္ဖဝါးအ႐ြယ္​ေလာက္ နာရီ​ေပမယ့္ သတၳဳအ​ေလးခ်ိန္ပါတာမို႔ စိုင္းစြမ္းထက္ပိုင္၏ လက္မွာ ခ်က္ခ်င္းပင္ ​​ေသြး​​​ေတြ စီးက်လာသည္။

" စိုင္းစြမ္း "

ကာရံညီညာက ငို​ေနၿပီ ျဖစ္သည္။ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ႏွစ္သိမ့္သလို ​ေက်ာ​ေလးကို ခပ္ဖြဖြ ပြတ္​ေပးၿပီး ခပ္တိုးတိုး​ေျပာသည္။

" ဘာမွမျဖစ္ဘူး။ "

ၿပီး​ေနာက္ ကာရံညီညာ့၏ မိဘ​ေတြကို ​ေသခ်ာႏႈတ္​ဆက္ခဲ့သည္။

" ကြၽန္​ေတာ္က လက္မ​ေလ်ာ့မွာမို႔ ႀကိဳးစားခြင့္​ေလး​ေတာ့​​ေပးပါ။​ေနာက္ရက္​ေတြမွ ထပ္လာခဲ့ပါ့မယ္။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို အိမ္တံခါးနားထိ လိုက္ပို႔​ေပးသည္။ႏွာ​ေခါင္း​ထိပ္ဖ်ား​ေတြ ရဲ​ေတာက္​ေန​ေလာက္​ေအာင္ ငိုထားသည့္ ကာရံညီညာ့၏ ဂုတ္​ေလးမွ စိုင္းစြမ္းထက္ပိုင္က အားထည့္ကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ၿပီး မ်က္လုံးခ်င္းဆုံကာ ၾကည့္​ေစသည္။

" ကိုယ္လက္မ​ေလ်ာ့ဘူး။ အဲ့ဒါ​ေၾကာင့္ လူႀကီး​ေလးကလည္း လက္မ​ေလ်ာ့လိုက္ပါနဲ႕။ကိုယ့္လက္ကို မလႊတ္ပစ္လိုက္ပါနဲ႕။ ကိုယ္တို႔ အတူတူ ႀကိဳးစားၾကမယ္ ... ​​ေနာ္။ "

ကာရံညီညာက ငို​ပဲငို​ေန​ေတာ့ စိုင္းစြမ္းထက္ပိုင္က အတင္းအၾကပ္​ေမးလာသည္။

" ဟုတ္ၿပီလား ဟမ္ "

ကာရံညီညာက ​ေခါင္းၿငိမ့္ျပမွ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ပါး​ေလးကို ခပ္ဖြဖြ​ေလး ပုတ္​ေပးကာ ထြက္သြားသည္။ စိတ္ရွိတိုင္းသာဆို ကာရံညီညာ့ကိုပါ ဆြဲထုတ္ၿပီး အပါ​ေခၚသြားခ်င္​ေပမယ့္ စိတ္ညစ္လြယ္ၿပီး မိသားစုကို သံ​ေယာဇဥ္ႀကီးလြန္းတဲ့ ကာရံညီညာ့အ​ေၾကာင္းကို သိတာမို႔ မလုပ္နိုင္ခဲ့ပါ။

ဆက္ရန္
Mood ခ်ိန္းတာ သုံးရက္​ေလာက္ၾကာသြားပါတယ္။















Continue Reading

You'll Also Like

234K 31.1K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
644K 32.8K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
245K 14.8K 40
My priority /property/privacy