ခပ်ဖြည်းဖြည်းနှင့်ပုံမှန်အတိုင်းမောင်းနှင်လာသောကားပေါ်တွင် သီချင်းညည်းရင်းလိုက်ပါလာခဲ့သည်။
"မနေ့ကဒီဘက်ကိုလာသေးတယ်...ကျောက်မြောင်းဝင်ပြီးမုန့်တောင်စားလိုက်သေးတယ်"
"တီနွယ်တစ်ယောက်ထဲလား"
"အသိတစ်ယောက်ပါတယ်"
"ဪ..."
"ရှေ့ဆိုရောက်ပြီ မြတ်အထဲလိုက်အုံးမလား"
"မလိုက်တော့ဘူး မြတ်ကားပေါ်ကပဲစောင့်နေတော့မယ်"
"အင်း အင်း"
ကားမှန်တံခါးအားအောက်ချကာ အပြင်ပတ်ဝန်းကျင်ဆီသို့တစ်ချက်အကြည့်ရောက်နေခဲ့စဉ်
"အင်ကြင်း"
ကားလမ်းတစ်ဖက်မှလမ်းကူးလာသော အင်ကြင်းဖြူအားတွေ့လိုက်ရသည်။ကားတံခါးအားချက်ချင်းဖွင့်ကာ သူမ၏နောက်သို့လိုက်သွားရန်အပြင်
"ဘယ်သွားမလို့လဲမြတ်"
"ခဏလေးတီနွယ် မြတ်အသိတစ်ယောက်ကိုမြင်လိုက်လို့"
မိမိရှေ့တွင်ပိတ်ကာရပ်နေသောတီနွယ်ကြောင့် မေမြတ်မှူး အင်ကြင်းဖြူအားမျက်ခြေပျက်သွားခဲ့သည်။
ထိုနေ့မှစကာ မေမြတ်မှူးတစ်ယောက်ကျောက်မြောင်းဘက်ဆီသို့ နေ့စဉ်တိုင်းနီးပါးလာခဲ့သည်။မရေရာမသေချာသောသူတစ်ယောက်အားနေ့တိုင်းလာရှာနေတတ်သည်။
"မြတ် နင်ခုတစ်လောကျောက်မြောင်းဘက်မကြာမကြာသွားနေတယ်ဆို"
"အင်း"
"ဘာသွားလုပ်တာလဲ နင်နေတဲ့နေရာနဲ့ဝေးတာကို"
"ငါ အဲ့မှာအင်ကြင်းကိုတွေ့မိလိုက်လို့'
"မြတ် ရယ်တွေ့မိတယ်ဆိုတိုင်းလည်းသူသေချာလို့လား သေချာတယ်ပဲထားကျောက်မြောင်းမှာတွေ့တယ်ဆိုပေမဲ့ သူကကျောက်မြောင်းမှာနေတာလို့နင့်ဘက်ကအသေအချာသိလို့လား'
"အဲ့တာတော့"
"ကြည့်နင်လည်းသေသေချာချာသိတာမဟုတ်ဘဲ"
"သူ့ကိုမေ့လိုက်ပါတော မြတ်ရယ်"
ဧကရီဖူးစကားကြောင့် မေမြတ်မှူးမျက်နှာအနည်းငယ်ပျက်သွား၏။မြတ် ၏စိတ်မှာအင်ကြင်းဖြူအားမေ့ဖျောက်ချင်စိတ်အလျဉ်းမျှပင်မရှိသည့်လူတစ်ယောက်သကဲ့သို့ပင်
အချိန်မှာလည်းကြာသင့်သလောက်ကြာသွားခဲ့လေ၏။မေမြတ်မှူးသည်လည်း သူမ၏အတတ်ပညာနှင့်လုပ်ငန်းခွင်ဝင်ခဲ့သည်။
"ခုလိုဖိတ်ကြားပေးလို့ကျေးဇူးတင်ပါတယ်အန်ကယ်"
"မဟုတ်တာသမီးရယ် မိတ်ဆွေတွေပဲဖိတ်ရမှာပေါ့"
Hotelသစ်တစ်ခု၏ဖွင့်ပွဲသို့တတ်ရောက်ရန်ဖိတ်ကြားသောကြောင့် မေမြတ်မှူးပွဲတတ်လာခဲ့သည်။လုပ်ငန်းရှင်များကြားတွင် သင့်တင့်စွာလိုက်လျောညီထွေနေထိုင်တတ်သောကြောင့် မေမြတ်မှူးအားခင်မင်သူပေါကြသည်။
"သမီးလေးရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး အန်တီ"
ပိုင်ရှင်အမျိုးသမီးနှင့်လက်ဆွဲနူတ်ဆက်လိုက်၏
"သမီးကိုမိတ်ဆက်ပေးရအုံးမယ် ဒါ အန်တီကိုလုပ်ငန်းကြီးတစ်ခုလုံးမှာအားထားရတဲ့အင်ဂျင်နီယာလေးအင်ကြင်းဖြူတဲ့'
ကံကြမ္မာဟာမျက်နှာသာပေးလေသည်သလား ရှေးဆုတောင်းများပင်ကောင်းခဲ့လေသလား...လိုက်ကာရှာဖွေနေခဲ့ချိန် အရိပ်ပင်မတွေ့ခဲ့သောလည်း မျက်ဝါးထင်ထင်ပေါ်လာခဲ့လေသောအခါ ရင်ခုန်သံများဟာကျယ်လောင်စွာထွက်မလာတော့ပဲ တိတ်ဆိတ်သွားရလေပြီ။အံ့ဩမှင်သက်မှုကြောင့်ပင်ဖြစ်လေမည်လား
"အင်ကြင်း"
မိမိမှစကာသူမ၏အမည်အား မတိုးမရှပ်ခေါ်လိုက်တော့သည်။
"သမီးတို့ကသိနေကြတာလား"
"ဟုတ်အန်တီ"
ဟုမေမြတ်မှူးဘက်မှစကာပြောလိုက်သောလည်း အင်ကြင်းဖြူမှာတော့ခေါင်းခါကာငြင်းပြလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် အင်ကြင်းဖြူပါ"
ဟုပြောရင်းသူမဘက်မှစကာလက်ဆွဲနူတ်ဆက်ရန်လက်ကမ်းပေးလိုက်သည်။ဝေခွဲမရသောအတွေးများအား ခတ္တရုတ်သိမ်းလိုက်ပြီး
"မေမြတ်မှူးပါ တွေ့ရတာဝမ်းသာပါတယ်"
ခပ်စိမ်းစိမ်းနူတ်ဆက်လိုက်သောအသံကိုတော့ စိတ်ထဲတွင်ဘဝင်မကျသောလည်း မိမိတွင်စောဒဂတတ်နိုင်စွမ်းမရှိခဲ့ပါ။
မျှော်လင့်နေသောသူအားရှာဖွေကာတွေ့ရှိခဲ့သောလည်း မထင်မှတ်ထားသောတွေ့ဆုံမှုနှင့် မတွေးခဲ့ဖူးသောမျက်ဝန်းမျိူးနှင့်တွေ့ဆုံခဲ့ရသည်။
"အဲ့တော့ နင်ဒီနေ့အင်ကြင်းဖြူနဲ့တွေ့ခဲ့တယ်ပေါ့'
"အင်း"
"နင့်ကိုတွေ့တောသူဘာပြောလဲ"
"မသိတော့ပါဘူးဟာငါလည်းပြန်မပြောချင်တော့ဘူး"
"မြတ် နင်စိတ်ညစ်နေတာလား"
သူငယ်ချင်းသုံးယောက် video chatပြောနေရင်း ပုံမှန်မဟုတ်သောမေမြတ်မှူး၏အသံအားသူငယ်များရိပ်မိကြသည်။
ထိုနေ့ည ခပ်အေးအေးဝိုင်တစ်ခွက်သောက်ရင်း မေမြတ်မှူးအိပ်ယာဝင်ခဲ့သည်။
"သူကအခုမင်္ဂလာတောင်ညွန့်မှာနေတာ မမမြတ် အမနဲ့တူတူနေတယ်တဲ့ မနက်၇နာရီဆိုသူရုံးသွားတယ်။ညဆိုရင်၈နာရီလောက်ပြန်လာတယ်မမမြတ်"
"သူ့မှာအိမ်ထောင်တွေဘာတွေရောရှိလား'
"အရင်ကတော့ချစ်သူရှိတယ်လို့ကြားမိပါတယ်မမမြတ် ခုတော့ပြတ်သွားပါပြီတဲ့'
"အင်းအင်းရပြီ အလုပ်သွားလုပ်တော့"
တစ်နေ့ထက်တစ်နေ့တိုးလာသောသိချင်စိတ်များသည် မိမိရင်ထဲဆက်လက်သိမ်းထားနိုင်စွမ်းမရှိတော့ပေ။
"ဟဲလို"
"အင်ကြင်း"
ရင်းနှီးနေသောအသံဖြစ်သည့်အတွက်ကြောင့်ပင် ဘယ်သူလဲဟုဆက်ခါမမေးတော့ပါ
"ဘာကိစ္စရှိလို့ပါလဲ"
"အင်ကြင်း မမမြတ်ကိုမုန်းနေတာလား"
"မမုန်းပါဘူးမမမြတ်"
"မမမြတ်လေ ခုလိုအင်ကြင်းကိုပြန်တွေ့ရတာသိပ်ပျော်တယ်သိလား အင်ကြင်းကိုမမမြတ်ကျောက်မြောင်းဘက်မှာရှာခဲ့သေးတယ် "
"ဟုတ်ကဲ့ အားတော့နာပါတယ် မမမြတ် အင်ကြင်းအလုပ်ကိစ္စလေးတွေရှိသေးလို့ ဖုန်းချလိုက်ပါတော့မယ်နော်"
ဖုန်းချသွားခဲ့သည်။မေမြတ်မှူးလည်းထပ်ခါမဆက်တော့ပေ။ရက်သတ္တပတ်အကြာတွင် အင်ကြင်းဖြူတို့companyမှလုပ်ငန်းသစ်တစ်ခုအတွက်အစည်းအဝေးလုပ်ကြသည်။ထိုအစည်းအဝေးသို့ အင်ကြင်းဖြူမကြိုဆိုသောဧည့်သည်တစ်ဦးရောက်လာခဲ့၏
"လာ သမီးဒီမှာထိုင်"
မေမြတ်မှူးလုပ်ငန်းရှင်များကြားတည်ငြိမ်စွာဝင်ထိုင်လိုက်သည်။
"ကျွန်တော်တို့ခုဆောက်လုပ်မဲ့အဆောက်အဦးကို M3ဘက်ကလည်းတူတူပါဝင်ပူးပေါင်းမှာဖြစ်ပါတယ်"
ပရိုဂျက်တာရှေ့တွင်မတ်တပ်ရပ်နေသောလူ၏စကားကြောင့် အင်ကြင်းဖြူမျက်နှာအနည်းငယ်အံ့ဩသွားလောက်၏
"ဒီအဆင့်မှီကွန်ဒိုတွေကိုကျွန်တော်ဆောက်ချင်နေခဲ့တာကြာပါပြီ တစ်ခါမှအကောင်အထည်မဖော်နိုင်ခဲ့သေးတာပါ။ခုတော့ ဟော့ဒီကသမီးလေးမေမြတ်မှူးနဲ့အတူတူ ကျွန်တော်တို့အကောင်အထည်ဖော်တည်ဆောက်ကြမှာပါ"
"ခုမှဒီလောကထဲဝင်လာတဲ့သူတွေ့နဲ့လက်တွဲလို့အဆင်ပြေနိုင်ပါ့မလား"
ရှယ်ယာရှင်တစ်ဦး၏မေးခွန်းစကားကြောင့် မေမြတ်မှူးအနည်းငယ်မာနထိခိုက်သွား၏
"ဒီလောကထဲဝင်ခါစဆိုတာတော့မှန်ပါတယ် မြတ်ကခုမှဒီဆောက်လုပ်ရေးလောကထဲဝင်လာတာတစ်နှစ်တောင်မပြည့်သေးပါဘူး။ဒါပေမဲ့လူတိုင်းကတော့ နေရာတစ်ခုကိုရောက်ဖို့အချိန်ဆိုတဲ့အရာနဲ့အတူခရီးထွက်လာမှရတာမဟုတ်ဘူးလား အန်ကယ်...ခုဒီထဲမှာထိုင်နေတဲ့လူတွေလည်း ဒီထိုင်ခုံကိုထိုင်ရဖို့အချိန်နဲ့အတူခရီးထွက်လာတာပဲမဟုတ်ဘူးလားအန်ကယ်...နေရာတိုင်းမှာတော့အရင်ပေါ်လာတဲ့သူကအရင်လူပါပဲ ဒါပေမဲ့နောက်ပေါ်တဲ့လူကအရည်အချင်းနဲ့အချိန်ကိုတူတူကိုင်လာပြီးအရင်လူရှေ့ကိုလည်း အချိန်မရွေးရောက်သွားနိုင်ပါသေးတယ် အန်ကယ်"
ပညာသားပါပါပြန်လည်ချေပလိုက်သောမေမြတ်မှူး၏စကားကြောင့်ထိုလူမှာမျက်နှာပျက်သွားခဲ့သည်။အချို့သောရင်းနှီးမြုပ်နှံသူများမှာလည်း မေမြတ်မှူးအားသဘောတွေ့သွားကြသည်။သည်လိုနှင့် မေမြတ်မှူးနှင့်အင်ကြင်းဖြူတို့ အတူတူအလုပ်တွဲလုပ်ရမည့်အချိန်တစ်ခုရောက်လာတော့သည်။
"ဒါဆိုနင်တမင်တကာ အဲ့ကောင်မလေးနဲ့အလုပ်တူတူလုပ်ချင်လို့ သွားပြောလာတာမှတ်လား"
"အင်း"
"ထင်ပါတယ် နင်ကတော့လေ တီနွယ်ကိုပဲလိုက်အပူကပ်နေ"
"လမင်း ရယ်အချစ်စိတ်တွေလေဟယ်"
"အေးပါ ဘယ်နေ့အသဲကွဲပြီးလာငိုမလဲကြည့်ကြသေးတာပေါ့"
လုပ်ငန်းတူတူလုပ်ကြရသောလည်း အင်ကြင်းဖြူသည်မေမြတ်မှူးနှင့်စကားမပြောဖြစ်အောင်ရှောင်၏
"ငြမ်းတွေကိုလည်းသေချာစစ်ပြီးမှတက်ခိုင်းပါ အကို"
"ဟုတ် "
"မနေ့က သံပန်းအဖွဲ့လာသေးတယ်ဆို မတွေ့ပါလား'
"ဟိုမအင်ကြင်းခေါ်ထားလို့သွားကြတယ်ခင်ဗျ"
"ဪ..."
အလုပ်သမားတစ်ဦးနှင့်စကားပြောပြီး မေမြတ်မှူး အင်ကြင်းဖြူရှိသောနေရာသို့ ထွက်သွားသည်။
"အဲ့တာလေးတွေကိုဂရုစိုက်ပေးပါနော်အကိုတို့'
"ရပါတယ်ညီမ ပြီးတော့ ဒီတစ်ခုကလည်းလေ"
ဒီဇိုင်းဆွဲထားသောစာရွက်တစ်ခုအားအတူစိုက်ကြည့်နေကြသော အင်ကြင်းဖြူနှင့်အမျိုးသားတစ်ဦးအားမြင်လိုက်ရသော မေမြတ်မှူးတစ်ယောက်စိတ်ဘဝင်မကျပေ
"အင်ကြင်း"
သူမအနားသို့ခပ်ဖြည်းဖြည်းချင်းကပ်ကာ
"သံပန်းဒီဇိုင်းတွေကြည့်နေတာလား အင်ကြင်း"
မိမိအနားသိသိသာသာတိုးကပ်နေသော မေမြတ်မှူးကြောင့် အင်ကြင်းဖြူအနည်းငယ်စိတ်ကျဉ်းကြပ်နေသည့်ဟန်
"ဘာကိစ္စရှိလို့ပါလဲ မမမြတ်"
"သံပန်းအဖွဲ့ကိုဂိတ်တံခါးကိစ္စပြောမလို့ပါ"
"ဪ...ဟုတ် အင်ကြင်းလည်းအဲ့ကိစ္စပဲပြောနေတာပါ"
ဂိတ်တံခါးအကြောင်းဆိုသောလည်းထွေထွေထူးထူးအရေးတကြီးမဟုတ်ခဲ့ပေ။
ဤသို့ဖြင့်တစ်နေ့တွင်တော့
"အင်ကြင်း မမမြတ်ကိုဘာလို့ရှောင်နေတာလဲ"
"ဘာကိုဆိုလိုချင်တာလဲမမမြတ် အင်ကြင်းတို့အလုပ်မှာလည်းရှောင်ဖယ်တာမျိုးမလုပ်ဖူးပါဘူး"
"မမမြတ်နဲ့ခဏလောက်ဖြစ်ဖြစ်အရင်တုန်းကအကြောင်းလေးများပြန်မပြောချင်ဘူးလား အင်ကြင်း"
"အရင်တုန်းက အင်ကြင်းနဲ့မမမြတ်ကြားမှာဘာတွေများရှိခဲ့လို့ပါလဲ"
"မဟုတ်ဘူး အင်ကြင်းကဘာလို့အဲ့လိုကြီးဆက်ဆံနေတာလဲဆိုတာ မမမြတ်နားမလည်ဘူးကွာ'
အလုပ်ထဲတွင်နှစ်ဦးသားစကားပြောနေခိုက် လုပ်ငန်းခွင်တွင်းသို့ပစည်းပို့သည်ကားများရောက်လာ၏
"ဒါကဘာတွေလဲ"
အင်ကြင်းဖြူ ကားများမြင်သည်နှင့်ခက်မြန်မြန်သွားကာမေး၏
"ဘိလပ်မြေတွေနဲ့လက်သမားသုံးပစ္စည်းးတွေပါ"
"ဘိလပ်မြေက ဟိုတစ်နေ့ကမှတစ်ရာယူထားတာကုန်ပြီလား"
"ဒါတွေက မမေမြတ်မှူးတို့ဘက်ကဝင်လာတာပါ"
မေမြတ်မှူးရောက်လာ၏
"လိုမယ်ထင်လို့ထပ်ယူထားတာပါ အင်ကြင်း "
"ဂိုထောင်ထဲမှာပုံနေမှာစိုးလို့ပါ "
"မဟုတ်တာ"
ခပ်ပြင်းပြင်းအသံတစ်ခုထွက်လာသည်။ရုတ်တရက်ဆန်ဆန်ပင်။ခေါင်းအားခပ်ဖြည်းဖြည်းအပေါ်ဘက်ဆီသို့မော့ကြည့်လိုက်ချိန်
"သတိရလာပြီလား အင်ကြင်း"
ကုတင်တစ်ခုမဟုတ်ပေ။ဆိုဖာဖြစ်ပုံရသည်။မျက်လုံးအားဘေးဘယ်ညာကြည့်လိုက်သော အခန်းတစ်ခုပင်။ရုံးခန်းတစ်ခု မိမိတစ်ခါမှမဝင်ရောက်ဖူးသောရုံးခန်း
"နေရတာသက်သာရဲ့လားအင်ကြင်း ဘယ်နားနာနေသေးလဲ "
ပုံမှန်အတိုင်းထထိုင်လိုက်သည်။မကြာလှသေးသောနာရီပိုင်းလောက် မိမိရုတ်တရက် မေမြတ်မှူးအပေါ်သို့ကျလာမည့် ငြမ်းများအားမြင်မြင်ချင်း သူမအားဘေးသို့တွန်းပို့လိုက်ပြီး မိမိခေါင်းပေါ်သို့ငြမ်းတစ်ချောင်းပြုတ်ကျခဲ့သည်။အချိန်ကြာကြာသတိမေ့သွားသည့်ပုံတော့ဟုတ်မည်မထင်
"သက်သာရဲ့လား အင်ကြင်း"
သူမသုံးခါမြောက်မေးချိန်တွင်တော့ သူမအားစေ့စေ့ကြည့်ကာမျက်တောင်တစ်ချက်ခတ်ပြလိုက်သည်။
"တော်သေးတာပေါ့ အင်ကြင်းရယ် မမမြတ်စိုးရိမ်သွားတာ ဘာလုပ်လို့လုပ်ရမှန်းတောင်မသိလိုက်မိဘူး"
"ဘယ်နားထိခိုက်သွားသေးလို့လဲ"
"မမမြတ်လား ဘယ်နားမှမထိခိုက်ပါဘူး အင်ကြင်းရဲ့"
ထို့နောက်တွင်တော့ သူမတို့နှစ်ဦးဆက်ဆံရေးမှာပြေလည်လာသယောင်အနေအထားတစ်ခုသို့ရောက်ခဲ့တော့သည်။
"တီနွယ် ဒါလေးဆိုရင်ရောလှလား"
"ထူးထူးဆန်းဆန်းပါလား မြတ် အရင်ကဆို အနောက်တိုင်းပုံတွေပဲဝတ်နေပြီး ဒီနေ့မြန်မာဝိုင်းဆက်ဝတ်မယ်ဆိုတော့"
"အင်ကြင်းကသူ့မွေးနေ့ဘုန်းကြီးကျောင်းမှာအလှူလုပ်မှာမို့"
"ဪ...ဘယ်ကျောင်းလဲ မြတ်ရဲ့"
"သူတို့နားကကျောင်းမှာပဲလုပ်မယ်တီနွယ်
"အေအေ အဲ့တာလေးပဲဝတ်လိုက်လေ မြတ်နဲ့လိုက်တယ်'
ပန်းနုရောင်မြန်မာဝိုင်းဆက်နှင့်မေမြတ်မှူးတစ်ယောက်အိမ်မှထွက်လာခဲ့သည်။
ခပ္ျဖည္းျဖည္းႏွင့္ပုံမွန္အတိုင္းေမာင္းႏွင္လာေသာကားေပၚတြင္ သီခ်င္းညည္းရင္းလိုက္ပါလာခဲ့သည္။
"မေန႕ကဒီဘက္ကိုလာေသးတယ္...ေက်ာက္ေျမာင္းဝင္ၿပီးမုန႔္ေတာင္စားလိုက္ေသးတယ္"
"တီႏြယ္တစ္ေယာက္ထဲလား"
"အသိတစ္ေယာက္ပါတယ္"
"ဪ..."
"ေရွ႕ဆိုေရာက္ၿပီ ျမတ္အထဲလိုက္အုံးမလား"
"မလိုက္ေတာ့ဘူး ျမတ္ကားေပၚကပဲေစာင့္ေနေတာ့မယ္"
"အင္း အင္း"
ကားမွန္တံခါးအားေအာက္ခ်ကာ အျပင္ပတ္ဝန္းက်င္ဆီသို႔တစ္ခ်က္အၾကည့္ေရာက္ေနခဲ့စဥ္
"အင္ၾကင္း"
ကားလမ္းတစ္ဖက္မွလမ္းကူးလာေသာ အင္ၾကင္းျဖဴအားေတြ႕လိုက္ရသည္။ကားတံခါးအားခ်က္ခ်င္းဖြင့္ကာ သူမ၏ေနာက္သို႔လိုက္သြားရန္အျပင္
"ဘယ္သြားမလို႔လဲျမတ္"
"ခဏေလးတီႏြယ္ ျမတ္အသိတစ္ေယာက္ကိုျမင္လိုက္လို႔"
မိမိေရွ႕တြင္ပိတ္ကာရပ္ေနေသာတီႏြယ္ေၾကာင့္ ေမျမတ္မႉး အင္ၾကင္းျဖဴအားမ်က္ေျခပ်က္သြားခဲ့သည္။
ထိုေန႕မွစကာ ေမျမတ္မႉးတစ္ေယာက္ေက်ာက္ေျမာင္းဘက္ဆီသို႔ ေန႕စဥ္တိုင္းနီးပါးလာခဲ့သည္။မေရရာမေသခ်ာေသာသူတစ္ေယာက္အားေန႕တိုင္းလာရွာေနတတ္သည္။
"ျမတ္ နင္ခုတစ္ေလာေက်ာက္ေျမာင္းဘက္မၾကာမၾကာသြားေနတယ္ဆို"
"အင္း"
"ဘာသြားလုပ္တာလဲ နင္ေနတဲ့ေနရာနဲ႕ေဝးတာကို"
"ငါ အဲ့မွာအင္ၾကင္းကိုေတြ႕မိလိုက္လို႔'
"ျမတ္ ရယ္ေတြ႕မိတယ္ဆိုတိုင္းလည္းသူေသခ်ာလို႔လား ေသခ်ာတယ္ပဲထားေက်ာက္ေျမာင္းမွာေတြ႕တယ္ဆိုေပမဲ့ သူကေက်ာက္ေျမာင္းမွာေနတာလို႔နင့္ဘက္ကအေသအခ်ာသိလို႔လား'
"အဲ့တာေတာ့"
"ၾကည့္နင္လည္းေသေသခ်ာခ်ာသိတာမဟုတ္ဘဲ"
"သူ႕ကိုေမ့လိုက္ပါေတာ ျမတ္ရယ္"
ဧကရီဖူးစကားေၾကာင့္ ေမျမတ္မႉးမ်က္ႏွာအနည္းငယ္ပ်က္သြား၏။ျမတ္ ၏စိတ္မွာအင္ၾကင္းျဖဴအားေမ့ေဖ်ာက္ခ်င္စိတ္အလ်ဥ္းမွ်ပင္မရွိသည့္လူတစ္ေယာက္သကဲ့သို႔ပင္
အခ်ိန္မွာလည္းၾကာသင့္သေလာက္ၾကာသြားခဲ့ေလ၏။ေမျမတ္မႉးသည္လည္း သူမ၏အတတ္ပညာႏွင့္လုပ္ငန္းခြင္ဝင္ခဲ့သည္။
"ခုလိုဖိတ္ၾကားေပးလို႔ေက်းဇူးတင္ပါတယ္အန္ကယ္"
"မဟုတ္တာသမီးရယ္ မိတ္ေဆြေတြပဲဖိတ္ရမွာေပါ့"
Hotelသစ္တစ္ခု၏ဖြင့္ပြဲသို႔တတ္ေရာက္ရန္ဖိတ္ၾကားေသာေၾကာင့္ ေမျမတ္မႉးပြဲတတ္လာခဲ့သည္။လုပ္ငန္းရွင္မ်ားၾကားတြင္ သင့္တင့္စြာလိုက္ေလ်ာညီေထြေနထိုင္တတ္ေသာေၾကာင့္ ေမျမတ္မႉးအားခင္မင္သူေပါၾကသည္။
"သမီးေလးေရာက္ေနတာၾကာၿပီလား"
"မၾကာေသးပါဘူး အန္တီ"
ပိုင္ရွင္အမ်ိဳးသမီးႏွင့္လက္ဆြဲႏူတ္ဆက္လိုက္၏
"သမီးကိုမိတ္ဆက္ေပးရအုံးမယ္ ဒါ အန္တီကိုလုပ္ငန္းႀကီးတစ္ခုလုံးမွာအားထားရတဲ့အင္ဂ်င္နီယာေလးအင္ၾကင္းျဖဴတဲ့'
ကံၾကမၼာဟာမ်က္ႏွာသာေပးေလသည္သလား ေရွးဆုေတာင္းမ်ားပင္ေကာင္းခဲ့ေလသလား...လိုက္ကာရွာေဖြေနခဲ့ခ်ိန္ အရိပ္ပင္မေတြ႕ခဲ့ေသာလည္း မ်က္ဝါးထင္ထင္ေပၚလာခဲ့ေလေသာအခါ ရင္ခုန္သံမ်ားဟာက်ယ္ေလာင္စြာထြက္မလာေတာ့ပဲ တိတ္ဆိတ္သြားရေလၿပီ။အံ့ဩမွင္သက္မႈေၾကာင့္ပင္ျဖစ္ေလမည္လား
"အင္ၾကင္း"
မိမိမွစကာသူမ၏အမည္အား မတိုးမရွပ္ေခၚလိုက္ေတာ့သည္။
"သမီးတို႔ကသိေနၾကတာလား"
"ဟုတ္အန္တီ"
ဟုေမျမတ္မႉးဘက္မွစကာေျပာလိုက္ေသာလည္း အင္ၾကင္းျဖဴမွာေတာ့ေခါင္းခါကာျငင္းျပလိုက္သည္။
"ေတြ႕ရတာဝမ္းသာပါတယ္ အင္ၾကင္းျဖဴပါ"
ဟုေျပာရင္းသူမဘက္မွစကာလက္ဆြဲႏူတ္ဆက္ရန္လက္ကမ္းေပးလိုက္သည္။ေဝခြဲမရေသာအေတြးမ်ားအား ခတၱ႐ုတ္သိမ္းလိုက္ၿပီး
"ေမျမတ္မႉးပါ ေတြ႕ရတာဝမ္းသာပါတယ္"
ခပ္စိမ္းစိမ္းႏူတ္ဆက္လိုက္ေသာအသံကိုေတာ့ စိတ္ထဲတြင္ဘဝင္မက်ေသာလည္း မိမိတြင္ေစာဒဂတတ္နိုင္စြမ္းမရွိခဲ့ပါ။
ေမွ်ာ္လင့္ေနေသာသူအားရွာေဖြကာေတြ႕ရွိခဲ့ေသာလည္း မထင္မွတ္ထားေသာေတြ႕ဆုံမႈႏွင့္ မေတြးခဲ့ဖူးေသာမ်က္ဝန္းမ်ိဴးႏွင့္ေတြ႕ဆုံခဲ့ရသည္။
"အဲ့ေတာ့ နင္ဒီေန႕အင္ၾကင္းျဖဴနဲ႕ေတြ႕ခဲ့တယ္ေပါ့'
"အင္း"
"နင့္ကိုေတြ႕ေတာသူဘာေျပာလဲ"
"မသိေတာ့ပါဘူးဟာငါလည္းျပန္မေျပာခ်င္ေတာ့ဘူး"
"ျမတ္ နင္စိတ္ညစ္ေနတာလား"
သူငယ္ခ်င္းသုံးေယာက္ video chatေျပာေနရင္း ပုံမွန္မဟုတ္ေသာေမျမတ္မႉး၏အသံအားသူငယ္မ်ားရိပ္မိၾကသည္။
ထိုေန႕ည ခပ္ေအးေအးဝိုင္တစ္ခြက္ေသာက္ရင္း ေမျမတ္မႉးအိပ္ယာဝင္ခဲ့သည္။
"သူကအခုမဂၤလာေတာင္ၫြန႔္မွာေနတာ မမျမတ္ အမနဲ႕တူတူေနတယ္တဲ့ မနက္၇နာရီဆိုသူ႐ုံးသြားတယ္။ညဆိုရင္၈နာရီေလာက္ျပန္လာတယ္မမျမတ္"
"သူ႕မွာအိမ္ေထာင္ေတြဘာေတြေရာရွိလား'
"အရင္ကေတာ့ခ်စ္သူရွိတယ္လို႔ၾကားမိပါတယ္မမျမတ္ ခုေတာ့ျပတ္သြားပါၿပီတဲ့'
"အင္းအင္းရၿပီ အလုပ္သြားလုပ္ေတာ့"
တစ္ေန႕ထက္တစ္ေန႕တိုးလာေသာသိခ်င္စိတ္မ်ားသည္ မိမိရင္ထဲဆက္လက္သိမ္းထားနိုင္စြမ္းမရွိေတာ့ေပ။
"ဟဲလို"
"အင္ၾကင္း"
ရင္းႏွီးေနေသာအသံျဖစ္သည့္အတြက္ေၾကာင့္ပင္ ဘယ္သူလဲဟုဆက္ခါမေမးေတာ့ပါ
"ဘာကိစၥရွိလို႔ပါလဲ"
"အင္ၾကင္း မမျမတ္ကိုမုန္းေနတာလား"
"မမုန္းပါဘူးမမျမတ္"
"မမျမတ္ေလ ခုလိုအင္ၾကင္းကိုျပန္ေတြ႕ရတာသိပ္ေပ်ာ္တယ္သိလား အင္ၾကင္းကိုမမျမတ္ေက်ာက္ေျမာင္းဘက္မွာရွာခဲ့ေသးတယ္ "
"ဟုတ္ကဲ့ အားေတာ့နာပါတယ္ မမျမတ္ အင္ၾကင္းအလုပ္ကိစၥေလးေတြရွိေသးလို႔ ဖုန္းခ်လိဳက္ပါေတာ့မယ္ေနာ္"
ဖုန္းခ်သြားခဲ့သည္။ေမျမတ္မႉးလည္းထပ္ခါမဆက္ေတာ့ေပ။ရက္သတၱပတ္အၾကာတြင္ အင္ၾကင္းျဖဴတို႔companyမွလုပ္ငန္းသစ္တစ္ခုအတြက္အစည္းအေဝးလုပ္ၾကသည္။ထိုအစည္းအေဝးသို႔ အင္ၾကင္းျဖဴမႀကိဳဆိုေသာဧည့္သည္တစ္ဦးေရာက္လာခဲ့၏
"လာ သမီးဒီမွာထိုင္"
ေမျမတ္မႉးလုပ္ငန္းရွင္မ်ားၾကားတည္ၿငိမ္စြာဝင္ထိုင္လိုက္သည္။
"ကြၽန္ေတာ္တို႔ခုေဆာက္လုပ္မဲ့အေဆာက္အဦးကို M3ဘက္ကလည္းတူတူပါဝင္ပူးေပါင္းမွာျဖစ္ပါတယ္"
ပရိုဂ်က္တာေရွ႕တြင္မတ္တပ္ရပ္ေနေသာလူ၏စကားေၾကာင့္ အင္ၾကင္းျဖဴမ်က္ႏွာအနည္းငယ္အံ့ဩသြားေလာက္၏
"ဒီအဆင့္မွီကြန္ဒိုေတြကိုကြၽန္ေတာ္ေဆာက္ခ်င္ေနခဲ့တာၾကာပါၿပီ တစ္ခါမွအေကာင္အထည္မေဖာ္နိုင္ခဲ့ေသးတာပါ။ခုေတာ့ ေဟာ့ဒီကသမီးေလးေမျမတ္မႉးနဲ႕အတူတူ ကြၽန္ေတာ္တို႔အေကာင္အထည္ေဖာ္တည္ေဆာက္ၾကမွာပါ"
"ခုမွဒီေလာကထဲဝင္လာတဲ့သူေတြ႕နဲ႕လက္တြဲလို႔အဆင္ေျပနိုင္ပါ့မလား"
ရွယ္ယာရွင္တစ္ဦး၏ေမးခြန္းစကားေၾကာင့္ ေမျမတ္မႉးအနည္းငယ္မာနထိခိုက္သြား၏
"ဒီေလာကထဲဝင္ခါစဆိုတာေတာ့မွန္ပါတယ္ ျမတ္ကခုမွဒီေဆာက္လုပ္ေရးေလာကထဲဝင္လာတာတစ္ႏွစ္ေတာင္မျပည့္ေသးပါဘူး။ဒါေပမဲ့လူတိုင္းကေတာ့ ေနရာတစ္ခုကိုေရာက္ဖို႔အခ်ိန္ဆိုတဲ့အရာနဲ႕အတူခရီးထြက္လာမွရတာမဟုတ္ဘူးလား အန္ကယ္...ခုဒီထဲမွာထိုင္ေနတဲ့လူေတြလည္း ဒီထိုင္ခုံကိုထိုင္ရဖို႔အခ်ိန္နဲ႕အတူခရီးထြက္လာတာပဲမဟုတ္ဘူးလားအန္ကယ္...ေနရာတိုင္းမွာေတာ့အရင္ေပၚလာတဲ့သူကအရင္လူပါပဲ ဒါေပမဲ့ေနာက္ေပၚတဲ့လူကအရည္အခ်င္းနဲ႕အခ်ိန္ကိုတူတူကိုင္လာၿပီးအရင္လူေရွ႕ကိုလည္း အခ်ိန္မေ႐ြးေရာက္သြားနိုင္ပါေသးတယ္ အန္ကယ္"
ပညာသားပါပါျပန္လည္ေခ်ပလိုက္ေသာေမျမတ္မႉး၏စကားေၾကာင့္ထိုလူမွာမ်က္ႏွာပ်က္သြားခဲ့သည္။အခ်ိဳ႕ေသာရင္းႏွီးျမဳပ္ႏွံသူမ်ားမွာလည္း ေမျမတ္မႉးအားသေဘာေတြ႕သြားၾကသည္။သည္လိုႏွင့္ ေမျမတ္မႉးႏွင့္အင္ၾကင္းျဖဴတို႔ အတူတူအလုပ္တြဲလုပ္ရမည့္အခ်ိန္တစ္ခုေရာက္လာေတာ့သည္။
"ဒါဆိုနင္တမင္တကာ အဲ့ေကာင္မေလးနဲ႕အလုပ္တူတူလုပ္ခ်င္လို႔ သြားေျပာလာတာမွတ္လား"
"အင္း"
"ထင္ပါတယ္ နင္ကေတာ့ေလ တီႏြယ္ကိုပဲလိုက္အပူကပ္ေန"
"လမင္း ရယ္အခ်စ္စိတ္ေတြေလဟယ္"
"ေအးပါ ဘယ္ေန႕အသဲကြဲၿပီးလာငိုမလဲၾကည့္ၾကေသးတာေပါ့"
လုပ္ငန္းတူတူလုပ္ၾကရေသာလည္း အင္ၾကင္းျဖဴသည္ေမျမတ္မႉးႏွင့္စကားမေျပာျဖစ္ေအာင္ေရွာင္၏
"ျငမ္းေတြကိုလည္းေသခ်ာစစ္ၿပီးမွတက္ခိုင္းပါ အကို"
"ဟုတ္ "
"မေန႕က သံပန္းအဖြဲ႕လာေသးတယ္ဆို မေတြ႕ပါလား'
"ဟိုမအင္ၾကင္းေခၚထားလို႔သြားၾကတယ္ခင္ဗ်"
"ဪ..."
အလုပ္သမားတစ္ဦးႏွင့္စကားေျပာၿပီး ေမျမတ္မႉး အင္ၾကင္းျဖဴရွိေသာေနရာသို႔ ထြက္သြားသည္။
"အဲ့တာေလးေတြကိုဂ႐ုစိုက္ေပးပါေနာ္အကိုတို႔'
"ရပါတယ္ညီမ ၿပီးေတာ့ ဒီတစ္ခုကလည္းေလ"
ဒီဇိုင္းဆြဲထားေသာစာ႐ြက္တစ္ခုအားအတူစိုက္ၾကည့္ေနၾကေသာ အင္ၾကင္းျဖဴႏွင့္အမ်ိဳးသားတစ္ဦးအားျမင္လိုက္ရေသာ ေမျမတ္မႉးတစ္ေယာက္စိတ္ဘဝင္မက်ေပ
"အင္ၾကင္း"
သူမအနားသို႔ခပ္ျဖည္းျဖည္းခ်င္းကပ္ကာ
"သံပန္းဒီဇိုင္းေတြၾကည့္ေနတာလား အင္ၾကင္း"
မိမိအနားသိသိသာသာတိုးကပ္ေနေသာ ေမျမတ္မႉးေၾကာင့္ အင္ၾကင္းျဖဴအနည္းငယ္စိတ္က်ဥ္းၾကပ္ေနသည့္ဟန္
"ဘာကိစၥရွိလို႔ပါလဲ မမျမတ္"
"သံပန္းအဖြဲ႕ကိုဂိတ္တံခါးကိစၥေျပာမလို႔ပါ"
"ဪ...ဟုတ္ အင္ၾကင္းလည္းအဲ့ကိစၥပဲေျပာေနတာပါ"
ဂိတ္တံခါးအေၾကာင္းဆိုေသာလည္းေထြေထြထူးထူးအေရးတႀကီးမဟုတ္ခဲ့ေပ။
ဤသို႔ျဖင့္တစ္ေန႕တြင္ေတာ့
"အင္ၾကင္း မမျမတ္ကိုဘာလို႔ေရွာင္ေနတာလဲ"
"ဘာကိုဆိုလိုခ်င္တာလဲမမျမတ္ အင္ၾကင္းတို႔အလုပ္မွာလည္းေရွာင္ဖယ္တာမ်ိဳးမလုပ္ဖူးပါဘူး"
"မမျမတ္နဲ႕ခဏေလာက္ျဖစ္ျဖစ္အရင္တုန္းကအေၾကာင္းေလးမ်ားျပန္မေျပာခ်င္ဘူးလား အင္ၾကင္း"
"အရင္တုန္းက အင္ၾကင္းနဲ႕မမျမတ္ၾကားမွာဘာေတြမ်ားရွိခဲ့လို႔ပါလဲ"
"မဟုတ္ဘူး အင္ၾကင္းကဘာလို႔အဲ့လိုႀကီးဆက္ဆံေနတာလဲဆိုတာ မမျမတ္နားမလည္ဘူးကြာ'
အလုပ္ထဲတြင္ႏွစ္ဦးသားစကားေျပာေနခိုက္ လုပ္ငန္းခြင္တြင္းသို႔ပစည္းပို႔သည္ကားမ်ားေရာက္လာ၏
"ဒါကဘာေတြလဲ"
အင္ၾကင္းျဖဴ ကားမ်ားျမင္သည္ႏွင့္ခက္ျမန္ျမန္သြားကာေမး၏
"ဘိလပ္ေျမေတြနဲ႕လက္သမားသုံးပစၥည္းးေတြပါ"
"ဘိလပ္ေျမက ဟိုတစ္ေန႕ကမွတစ္ရာယူထားတာကုန္ၿပီလား"
"ဒါေတြက မေမျမတ္မႉးတို႔ဘက္ကဝင္လာတာပါ"
ေမျမတ္မႉးေရာက္လာ၏
"လိုမယ္ထင္လို႔ထပ္ယူထားတာပါ အင္ၾကင္း "
"ဂိုေထာင္ထဲမွာပုံေနမွာစိုးလို႔ပါ "
"မဟုတ္တာ"
ခပ္ျပင္းျပင္းအသံတစ္ခုထြက္လာသည္။႐ုတ္တရက္ဆန္ဆန္ပင္။ေခါင္းအားခပ္ျဖည္းျဖည္းအေပၚဘက္ဆီသို႔ေမာ့ၾကည့္လိုက္ခ်ိန္
"သတိရလာၿပီလား အင္ၾကင္း"
ကုတင္တစ္ခုမဟုတ္ေပ။ဆိုဖာျဖစ္ပုံရသည္။မ်က္လုံးအားေဘးဘယ္ညာၾကည့္လိုက္ေသာ အခန္းတစ္ခုပင္။႐ုံးခန္းတစ္ခု မိမိတစ္ခါမွမဝင္ေရာက္ဖူးေသာ႐ုံးခန္း
"ေနရတာသက္သာရဲ႕လားအင္ၾကင္း ဘယ္နားနာေနေသးလဲ "
ပုံမွန္အတိုင္းထထိုင္လိုက္သည္။မၾကာလွေသးေသာနာရီပိုင္းေလာက္ မိမိ႐ုတ္တရက္ ေမျမတ္မႉးအေပၚသို႔က်လာမည့္ ျငမ္းမ်ားအားျမင္ျမင္ခ်င္း သူမအားေဘးသို႔တြန္းပို႔လိုက္ၿပီး မိမိေခါင္းေပၚသို႔ျငမ္းတစ္ေခ်ာင္းျပဳတ္က်ခဲ့သည္။အခ်ိန္ၾကာၾကာသတိေမ့သြားသည့္ပုံေတာ့ဟုတ္မည္မထင္
"သက္သာရဲ႕လား အင္ၾကင္း"
သူမသုံးခါေျမာက္ေမးခ်ိန္တြင္ေတာ့ သူမအားေစ့ေစ့ၾကည့္ကာမ်က္ေတာင္တစ္ခ်က္ခတ္ျပလိုက္သည္။
"ေတာ္ေသးတာေပါ့ အင္ၾကင္းရယ္ မမျမတ္စိုးရိမ္သြားတာ ဘာလုပ္လို႔လုပ္ရမွန္းေတာင္မသိလိုက္မိဘူး"
"ဘယ္နားထိခိုက္သြားေသးလို႔လဲ"
"မမျမတ္လား ဘယ္နားမွမထိခိုက္ပါဘူး အင္ၾကင္းရဲ႕"
ထို႔ေနာက္တြင္ေတာ့ သူမတို႔ႏွစ္ဦးဆက္ဆံေရးမွာေျပလည္လာသေယာင္အေနအထားတစ္ခုသို႔ေရာက္ခဲ့ေတာ့သည္။
"တီႏြယ္ ဒါေလးဆိုရင္ေရာလွလား"
"ထူးထူးဆန္းဆန္းပါလား ျမတ္ အရင္ကဆို အေနာက္တိုင္းပုံေတြပဲဝတ္ေနၿပီး ဒီေန႕ျမန္မာဝိုင္းဆက္ဝတ္မယ္ဆိုေတာ့"
"အင္ၾကင္းကသူ႕ေမြးေန႕ဘုန္းႀကီးေက်ာင္းမွာအလႉလုပ္မွာမို႔"
"ဪ...ဘယ္ေက်ာင္းလဲ ျမတ္ရဲ႕"
"သူတို႔နားကေက်ာင္းမွာပဲလုပ္မယ္တီႏြယ္
"ေအေအ အဲ့တာေလးပဲဝတ္လိုက္ေလ ျမတ္နဲ႕လိုက္တယ္'
ပန္းႏုေရာင္ျမန္မာဝိုင္းဆက္ႏွင့္ေမျမတ္မႉးတစ္ေယာက္အိမ္မွထြက္လာခဲ့သည္။