အပိုင်း ၁၈

219 20 2
                                    

လူအမြဲစည်ကားတတ်သော မြကျော့ရှင်း၏စားသောက်ဆိုင်တွင် ပုံမှန်ဖောက်သည် မေမြတ်မှူးတို့ရောက်လာခဲ့ပြန်သည်။

"ဒီနေ့ကျောင်းတတ်ရတာ အဆင်ပြေလား ကိုကို"

"ဒီလိုပါပဲဟာ"

"ကြိုပြောထားမယ်နော် ငါ့ထက်ပိုပြီးအခြားသူကိုခင်သွားရင် မမမြတ်နဲ့ရောတီနွယ်နဲ့ပါတိုင်ပြောမှာ"

"မခင်ပါဘူးကျော့ရဲ့"

"ပြီးတော့ ကောင်မလေးချောချောလေးတွေပဲလိုက်ကြည့်မနေနဲ့ စာကိုသေချာအာရုံစိုက်"

"အင်းပါ"

"အတန်းထဲမှာလည်းလူတကာကိုလိုက်ရောမနေနဲ့"

"ဟုတ်ကဲ့"

တစ်ခွန်းပြီးတစ်ခွန်းဆက်တိုက်ပြောနေသော မြကျော့ရှင်းနှင့် ခေါင်းအဆက်မပြတ်ညိတ်နေရသော ခတ်တာကိုကိုတို့နှစ်ဦးအားကြည့်ကာ မေမြတ်မှူးနှင့်တီနွယ်တို့ ပြုံးရွှင်နေကြသည်။

"ဒါပေမဲ့ ဆိုင်မှာအရင်လို ကိုကိုမရှိတော့ သီချင်းဆိုပေးမဲ့သူအသစ်ရှာရတော့မှာပေါ့"

"ငါ့အသိတွေရှိပါတယ် ငါရှာပေးမယ်"

"ဒါပေမဲ့ "

"နင်စိတ်တိုင်းကျစေရမယ်နော် သူကငါ့ထက်တောင်သီချင်းဆိုတာကောင်းသေးတယ်။နောက်အားရင်ခေါ်လာခဲ့မယ်"

"ပြီးရော"

ခတ်တာကိုကိုတို့ထိုင်နေသည့်ဝိုင်းအနားသို့ အမျိုးသားနှစ်ဦးချဉ်းကပ်လာပြီး

"မေမြတ်မှူး ဟုတ်တယ်မှတ်လား'

မေမြတ်မှူးထို့အမျိုးသားနှစ်ဦးအားကြည့်ကာ

"ဟုတ်ပါတယ်"

"တိုက်ဆိုင်လိုက်တာနော် ငါလေအောင်ကို မမှတ်မိဘူးလား"

မေမြတ်မှူး မမှတ်မိချင်ယောင်တမင်ဆောင်နေလိုက်သည်။ထိုအောင်ကိုဆိုသောသူသည် မေမြတ်မှူးအားတစ်ချိန်က တစ်ဖက်သတ်သဘောကျခဲ့သူတစ်ယောက်ဖြစ်၏

"နင်ကတော့ငါ့ကိုမမှတ်ဘူးပေါ့ ငါကတော့ခုထိနင့်ကိုတစ်ရက်မှမမေ့သေးဘူးဟာ နင်အိမ်ထောင်တွေဘာတွေကျနေပြီလား"

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now