အပိုင်း ၂၁

281 18 2
                                    

"ဒါဆိုနောက်မှတွေ့မယ်နော် မြတ်"

"ဟုတ် မဖူး"

"အားလည်းအားနာပါတယ်မြတ်ရယ် မြတ်အုန်းနို့နဲ့မတည့်မှန်း မဖူးလည်းမသိလိုက်လို့"

"ရပါတယ် မဖူးရယ်"

မေမြတ်မှူးနူတ်ဆက်ပြီးတစ်ယောက်ထဲသာပြန်လာခဲ့သည်။

"အဲ့မိန်းမကကိုပြောပြောနေတဲ့ မမမြတ်ဆိုတာပေါ့လေ"

"မမမြတ်ကသဘောကောင်းတဲ့လူတစ်ယောက်ပါ အိမ့်ရယ်"

"မသိချင်ဘူး ကိုကဘာလို့သူ့အိမ်မှာနေနေရတာလဲ"

"ကို ပြောပြဖူးတယ် တီနွယ်နဲ့မမမြတ်တို့က ကိုဘဝရဲ့ကျေးဇူးရှင်တွေလို့"

"မသိချင်ဘူးကွာ ကိုနော် ဖြစ်နိုင်ရင်အဲ့အိမ်မှာမနေနဲ့တော့ပါလား"

"အိမ့်ကလည်းကွာ"

မဖူးတစ်ယောက် ခတ်တာကိုကိုနှင့်အိမ့်တို့အားဆက်ဆံရေးအားရိပ်မိနေခဲ့သည်။

"ခုလိုအလုပ်တူတူလုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ဘက်ကဝမ်းသာပါတယ် မနွယ်"

"နွယ်ကလည်းခုလို အကျိုးတူတူပြုခွင့်ရလို့ဝမ်းသာပါတယ်"

"ဒါနဲ့ မနွယ်ကHotelလုပ်ငန်းတွေပဲလုပ်တာမဟုတ်ဘူးလား"

"စီးပွားရေးဆိုတာပိုတယ်လိုတော့မရှိဘူးပေါ့ရှင့်"

စီးပွားဘက်များဖြစ်သွားကြသည်မှာ ဒေါ်သဥ္ဇာ နွယ်နှင့်ခန့်ပိုင်၏ဖခင်တို့ပင်။ဒေါ်နွယ်သည် ခန့်ပိုင်၏ဖခင်ပိုင်ဆိုင်သောလုပ်ငန်းတစ်ခုအတွင်းရှယ်ယာများဝယ်ယူသည့်အပြင် အချို့သောလုပ်ငန်းများတွင်လည်းပါဝင်လာခဲ့သည်။

"နေ့လည်စာလာစားတာလား တီနွယ်"

"ဟုတ်တယ် ဒီနေ့တီနွယ် နည်းနည်းစိတ်ပျော်နေတော့ ကျော့လေးအတွက် ယုဇနပန်းအိုးလေးဝယ်လာပေးတယ်"

"အားနာစရာကြီးတီနွယ်ရယ် ဆိုင်မှာလည်းပန်းအိုးတွေများနေပါပြီ"

"တီနွယ်ကအိမ်ဝယ်သွားလဲ တူမတော်ကအခြားလူပေးခိုင်နေတာနားညီးလို့ပါ ကယ်ယူလိုက် ပန်းပွင့်နေတာလေးရွေးလာတာ"

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now