အပိုင်း ၂၇

676 32 0
                                    

ခတ်တာကိုကို၏ဒေါသထွက်နေသောမျက်နှာထားအား ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရသည်။

"လက်နာသွားသေးလား မမမြတ်"

"မနာပါဘူး။ခတ်တာကဘယ်လိုလုပ်ပြီးဒီကို"

"တီနွယ်ကလိုက်လာခိုင်းလို့ ခတ်တာလိုက်လာတာပါ မမမြတ်"

"ဪ..."

"ခုမမမြတ်ပြန်တော့မှာမှတ်လား"

"အင်း"

"တီနွယ်ကကားမယူသွားနဲ့ဆိုလို့ ခတ်တာကားမယူလာဘူး မမမြတ်ကားနဲ့ပဲပြန်လိုက်မယ်လေ'

"အင်း"

"ကားကိုခတ်တာမောင်းလိုက်မယ်နော်"

"အင်း"

မေမြတ်မှူး၏မျက်ဝန်းနှင့်အသံသည် အလွန်တမင်းပင်ပန်းနွမ်းနယ်နေခဲ့သည်ကို ခတ်တာကိုကိုသဘောပေါက်၏။

"မနေ့ညကကိစ္စအတွက် ခတ်တာကိုကိုမမမြတ်ကျေးဇူးတင်ပါတယ်"

"မဟုတ်တာ မမမြတ် ခတ်တာမှာ မမမြတ်နဲ့တီနွယ်တို့ရဲ့ကျေးဇူးတွေအများကြီးရှိပါတယ်။ညကကိစ္စနဲ့ဆို မြေကြီးနဲ့ကောင်းကင်လိုခြားနားလှပါသေးတယ်"

"တော်သေးတာပေါ့ တီနွယ် ခတ်တာကိုလိုက်သွားခိုင်းလိုက်တာမှန်လို့"

"မြတ်လည်းဒီလိုဖြစ်မယ်မှန်းမသိလို့ပါ တီနွယ်ရယ်"

"ဒါနဲ့ မြတ် ရှင်းမဲ့ကိစ္စကဘယ်တော့လောက်လုပ်မှာလဲ"

"ဒီနေ့ နေ့လည်အင်တာဗျူးလာမှာတီနွယ်"

"ဪ...ဘာမှမပူနဲ့နော်ကြားလား ဒါကရှက်စရာကိစ္စလည်းမဟုတ်သလို သူများဉစ္စာကိုခိုးယူထားတဲ့အရာမျိုးလဲမဟုတ်ဘူး"

"မြတ် မရှက်ပါဘူး တီနွယ်ရယ်"

ထိုနေ့ နေ့လည် မေမြတ်မှူး၏အိမ်သို့သတင်းထောက်တစ်ဦးနှင့်ကင်မရာမန်းတို့ရောက်လာကြသည်။

"တွေ့ရတာဝမ်းသာပါတယ် မမေမြတ်မှူး"

"ဟုတ် ဝမ်းသာပါတယ်"

"ခုလိုညီမတို့ရဲ့အင်တာဗျူးကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ် "

"ဟုတ်"

"ဒါဆို ခုတစ်လောလူတော်တော်များများစိတ်ဝင်စားနေတဲ့ မမေမြတ်မှူးရဲ့အချစ်ရေးလေးကိုစမေးလိုက်မယ်နော်"

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 20, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Donde viven las historias. Descúbrelo ahora