ကျောင်းတစ်ခါမှမပျက်ဖူးသော မေမြတ်မှူးယခုနောက်ပိုင်းတွင် ကျောင်းပျက်တတ်လာသည်။အတန်းချိန်များပြေးတတ်လာသည်။
"အဲ့တော့ သူ့ဖုန်းနံပါတ်ရခဲ့လား"
"ငါ့ကောင်မလေးကိုတောင်းခိုင်းထားတယ်"
"မြတ် နင် အဲ့ကောင်မလေးကိုစိတ်ဝင်စားနေတာလား"
"အင်း"
"ဟင် ဒါဆို နင်တကယ်ကြီးအဲ့ကောင်မလေးကိုလိုက်မှာပေါ့"
"အင်း"
"လမင်းရယ် ဘာလို့အဲ့လောက်ကြီးလန့်ပြနေတာလဲ။မြတ် ငယ်ငယ်ထဲက ကောင်မလေးတွေပဲသဘောကျတယ်လို့ပြောဖူးတာကို"
"ငါကစတယ်ထင်တာပေါ့"
"ကယ် ကယ် စကားတွေများမနေကြနဲ့ ငါလည်းပြန်တော့မယ်"
"ပြန်တော့မလို့လား မုန့်သွားမစားတော့ဘူးလား"
"တော်ပြီ ငါ့ကိုအိမ်ကစောစောပြန်လာခိုင်းထားလို့"
"အင်းအင်း"
ဧကရီဖူးဦးစွာအိမ်ပြန်သွား၏။ကျန်ခဲ့သောသူငါ်ချင်းများသည်လည်း မိမိအိမ်မိမိပြန်သွားခဲ့ကြသည်။
မေမြတ်မှူးတစ်ယောက် ရံဖန်ရံခါအတန်းချိန်များပျက်လာတတ်သည်။မနက်ပိုင်းအချိန်များတွေ့ရတတ်ပြီး နေ့လည်ချိန်တိုလျှင်မရှိတော့ပေ။တစ်ဦးထဲ သန်လျင်ဘက်သို့သွားကာ ထန်းရည်ဆိုင်တစ်ဆိုင်တွင်ကျောင်းဆင်းချိန်ထိုင်စောင့်နေတတ်သည်။ထန်းရည်ဆိုင်ရှိ လူအချို့နှင့်တောင်ရင်းနှီးလာခဲ့သည်။
မေမြတ်မှူးအမြဲလာလာစောင့်တတ်ပြီး ကျောင်းဆင်းချိန်တိုင်းလည်း ကျောင်းလမ်းတစ်ဖက်မှအမြဲမတ်တပ်ရပ်စောင့်ကြည့်နေတတ်သည်။အမျိူးသားတစ်ဦးမဟုတ်ပေ...အမျိူးသမီးတစ်ဦးဤသို့လာလာစောင့်ကြည့်နေသောကြောင့် ကျောင်းသား၊သူများကြား မေမြတ်မှူးသည်လူပြောများလာ၏။"အတန်းချိန်တွေပျက်နေတယ်ဆို မြတ်"
"တစ်ချိန်နှစ်ချိန်ထဲပါ တီနွယ်ကလည်း"
"စာမေးပွဲကနီးနေပြီနော် အိမ်ကသိရင် ဆူခံထိမယ်"
"သိပါတယ်တီနွယ်ကလည်း"
YOU ARE READING
ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)
Romanceကြိုးစားသမျှ အရာမထင်ခင်မှာပဲ ကျွန်တော်ဟာအရင်ထားခဲ့ခံရတယ်။တစ်သက်လုံးကိုင်ထားချင်တဲ့ လက်တစ်စုံကို ကျွန်တော်ဖမ်းဆုပ်ခွင့်မရှိခဲ့ဘူး ကိုယ့်အတွက်မဟုတ်မှန်းသိသိလျက်နဲ့ ကြည်ကြည်နူးနူးကြီးရူးမိုက်စွာ တက်မက်စွဲလမ်းနေမိခဲ့သေးတာပဲ။ရူးမိခဲ့မှတော့ ဆက်ပြီးရူးသထက်...