အပိုင်း ၁၃

241 21 4
                                    

ကံတရားနှင့်ရှေးရေစက် ဘယ်အရာဟာကောင်းမွန်သော သဘောကိုဆောင်လေမလဲ မေးလာခဲ့ရင် ရုတ်တရက်တော့ ဘာပြန်ဖြေရမယ်မှန်းမသိဖြစ်ကောင်းဖြစ်တတ်သွားလိမ့်မည်...

"အဲ့တော့ အဆင်ပြေနေတယ်ပေါ့လေ"

"ဒါပေါ့ "

"မြတ်တို့များနော် အဆင်ပြေနေတဲ့အချိန်ဆိုတော့ငါတို့ကိုဖုန်းတောင်မခေါ်တော့ဘူး"

"ငါလည်းသိပ်မအားလို့ပါ "

"ဒါနဲ့နင်သူ့ကိုအတည်တကျဖွင့်ပြောပြီးပြီလား"

"အင်း"

"ငါနားမလည်တာတစ်ခုရှိတယ် မြတ်"

"ဘာလဲ"

"သူများတွေပြောနေကြသလိုဆိုဟာ tom တို့ tachi nekoအဲ့လိုမျိုးတွေထဲမှာဆို နင်ကဘာလဲသူကရောဘာလဲ"

မေမြတ်မှူး ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

"ငါ့အတွက်အဲ့လို သတ်မှတ်ချက်တွေမရှိဘူး...ငါအမျိုးသမီးတစ်ယောက်အပေါ်ကိုရင်ခုန်ကောင်းရင်ခုန်မိမယ်။အဲ့အမျိုးသမီးဟာ ဘယ်လိုပုံစံဘယ်လိုနေထိုင်မှု ဘယ်လိုစိတ်ဆိုတာကိုငါတွေးမနေတတ်ဘူး သူဟာဘယ်လိုပုံစံနဲ့နေထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပါစေ ငါသူ့အပေါ်ကိုမေတ္တာသက်ဝင်မိခြင်းဟာ ငါကဘာ သူကဘာဆိုတာမျိုး မဟုတ်ပဲ ဒီအတိုင်းသတ်မှတ်ချက်မရှိတဲ့ သဘောကျနှစ်သက်မှုမျိုးပဲ "

"စာတော်တော်တတ်နေနော်"

"စာတတ်တာမဟုတ်ပါဘူး နင်တို့မေးလို့လဲပြောရသေးတယ်'

"တကယ်လို့များထင်ထားတာတွေဖြစ်မလာရင် ရင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားတာမျိုးနင့်မှာရှိလား"

"အဲ့လိုပြင်ဆင်မှုမျိုးဆိုတာ တကယ်တမ်းမျှော်လင့်ချက်မဲ့နေတဲ့လူမျိုးတွေဆီမှာပဲရှိတာပါ ဧကရီရာ"

မိမိစိတ်ခံစားချက်အား ရိုးသားစွာဖွင့်ဟဝန်ခံပြီးသော တစ်ဖန်အဖြေအားမျှော်လင့်စောင့်စားရချိန်သို့ရောက်လာပြန်သည်။

"အင်ကြင်း မမမြတ်ကိုခုထိဘာအဖြေမှရေရေရာရာမပြောသေးဘူးနော်"

"အင်ကြင်းဆီကဘယ်လိုစကားမျိုးကို မမမြတ်ကပြန်ကြားချင်တာလဲ"

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now