အပိုင်း ၃

369 44 0
                                    

"ဂျပန်စာမို့လားမသိဘူးနော် စားရင်းနဲ့တောင် ဂျပန်ရောက်သွားသလိုပဲ"

"အပိုတွေလျှောက်ပြောနေပြန်ပြီ မိဖူး"

"တကယ်ပြောတာမမခွန်းရဲ့"

Myanmar Plaza တွင်ဂျပန်စာစားပြီး ရွှေယမင်းတို့လျှောက်ကြည့်ကြသည်။

"ဟိုဆိုင်မှာ အင်္ကျီလေးတွေလှတယ် ယမင်း သွားကြည့်ကြည့်ရအောင်လေ"

မိဖူးလက်ဆွဲခေါ်သည့်နောက်သို့ ရွှေယမင်းလိုက်ရပြန်သည်။ဆိုင်ထဲတွင် အင်္ကျီ၊ဒေါက်ဖိနပ်၊ဘောင်းဘီ၊ဂါဝန်၊စကတ် အမျိုးအစားများစုံလင်လှ၏။မိဖူးတစ်ယောက် တစ်ခုပြီးတစ်ခုတမော့တမောလိုက်ကြည့်နေလေသည်။ရွှေယမင်း၏မျက်ဝန်းအားဖမ်းစားသွားသော ဒေါက်ဖိနပ်ကလေးတစ်ရံအား ခွန်းချိုခဝယ်ပစ်လိုက်သည်။

"ဒီဂါဝန်လေးလှတယ်နော် မမခွန်း"

"အင်းဟုတ်တယ်နော်...ယမင်းနဲ့ဆိုလည်းလိုက်မှာ"

"ဟုတ်တယ်နော်...ဝတ်ကြည့်ပါလားယမင်း"

"မဝတ်ချင်ပါဘူး မိဖူးရယ်။ကိုယ်လည်းဝယ်နိုင်တာမဟုတ်ဘဲနဲ့"

ဆိုင်ဝန်ထမ်းမိန်းမလေးတစ်ဦးရောက်လာပြီး

"ဒီဂါဝန်လေးကတစ်ထည်ထဲကျန်တော့တာပါ။Bodyရွေးတော့ စျေးဝယ်သူတွေကကျော်ကျော်သွားကြတယ်။ညီမလေးနဲ့ဆိုရင်တော့တော်မဲ့ပုံလေးပါ စမ်းဝတ်ကြည့်နော်ရပါတယ်"

"ဟုတ်ပါတယ် ယမင်းရဲ့ဝတ်ကြည့်လိုက်နော်"

မိန်းမလေးသဘာဝလှချင်သည့်စိတ်ကလေးမှာလည်း ကိန်းအောင်းနေလေတော့ ရွှေယမင်းတစ်ယောက်အဝတ်လဲခန်းထဲဝင်ကာစမ်းဝတ်ကြည့်လိုက်သည်။

"wow...ယမင်းနဲ့အရမ်းလိုက်တာပဲ။ကြည့်ပါအုံး ကော်ရုပ်ကလေးကျနေတာပဲ"

"အဲ့ဂါဝန်လေးနဲ့ဆီဒီဒေါက်လေးနဲ့လိုက်တယ်ညီမလေး စီးကြည့်ပါလား"

ရွှေယမင်းလိုချင်နေသော ဒေါက်ဖိနပ်လေးအားထိုဆိုင်ဝန်ထမ်းမိန်းမလေးယူလာပေး၏။

"ဝတ်ကြည့်လိုက်ပါ ယမင်းရဲ့"

ရွှေယမင်းဒေါက်ဖိနပ်လဲဝတ်ပြီးသော ကိုယ်လုံးပေါ်မှန်ရှေ့တွင်မတ်တပ်ရပ်ကာ မိမိကိုယ်ကိုပြန်ကြည့်နေခဲ့သည်။မိမိငယ်စဥ်ထဲကလိုချင်ခဲ့ဖူးသော ပုံရိပ်တစ်ခုဖြစ်သည်။ဂါဝန်လှလှကလေးဝတ်၊ဒေါက်ဖိနပ်လှလှကလေးစီးကာ လူအများကြားလှချင်ခဲ့သည့် ရွှေယမင်း၏လိုအင်တစ်ခုပင်...ခွန်းချိုခတစ်ယောက်မိမိ၏ဖုန်းအားထုတ်ကာ ရွှေယမင်း၏လှပနေသောပုံရိပ်လေးအားဓာတ်ပုံရိုက်ထားလိုက်သည်။

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now