အပိုင်း ၁၅

232 20 0
                                    

မြကျော့ရှင်းဆိုင်သို့ရောက်သော သူငယ်ချင်းနှစ်ဦးစကားပြောကြပြီး မေမြတ်မှူးနှင့်သူမ၏အဒေါ်မှာဗိုက်ဆာဆာနှင့် မှာထားသောအစားအသောက်များထိုင်စားနေကြသည်။၏

"ငါဘယ်လောက်စိတ်ပူရလဲ နင်သိလားကိုကို"

"အင်းပါ ငါတောင်းပန်ပါတယ်"

"ငါ့မှာလေ မမမြတ်ရှိလို့သာပေါ့ မဟုတ်ရင်ငါတစ်ယောက်ထဲယောင်ချာချာနဲ့ဘာလုပ်လို့လုပ်ရမှန်းမသိ"

"အင်းပါ"

"ဒါဆိုခုနင်အရင်တွေမသောက်တော့ဘူးမှတ်လား"

ခတ်တာကိုကို၏ဗိုက်အားလိမ်ဆွဲပြီး

"ဖြေလေ အရက်တွေအရမ်းမသောက်တော့ဘူးမှတ်လားလို့"

"အင်းပါ မသောက်တော့ဘူး နာတယ် လွှတ်လွှတ်"

မေမြတ်မှူးတို့စားသောက်ပြီးသော အချိုပွဲစားကြ၏

"စားရတာ အဆင်ပြေရဲ့လားတီနွယ်"

"ပြေပါတယ် ကျော့ "

"မမမြတ် ဟိုလေ ဒီနေ့ညတော့ မမမြတ်အိမ်မှာပဲ ကိုကို့ကိုခေါ်ထားပေးပါလား"

"မမမြတ်ကရပါတယ် အိမ်မှာလည်း မမမြတ်နဲ့တီနွယ်နှစ်ယောက်ထဲရှိတာဆိုတော့ အဆင်ပြေပါတယ်"

"ကယ် ကိုကိုနင်ဒီနေ့ညမမမြတ်တို့အိမ်မှာပဲလိုက်အိပ်"

"အားနာစရာကြီးကျော့ရာ"

"ငါမမမြတ်ကိုကိုယ်တိုင်ပြောပြီးပြီ မမမြတ်တို့ကသဘောကောင်းပါတယ် လိုက်အိပ်လိုက်"

"အင်းပါ"

"ဪ နင်ရောက်တုန်းလေး သီချင်းလေးတစ်ပုဒ်လောက်တက်ဆိုသွားပါလား ငါ့ဆိုင်လာတဲ့လူတွေက နင့်သီချင်းသံကိုတော်တော်လွမ်းနေကြတာ"

"ခတ်တာကအမူးပြေပြီလို့လား တော်ကြာခေါင်းမူးနေအုံးမယ်"

"ကျွန်တော်ဆိုနိုင်ပါတယ် မမမြတ် "

ခတ်တာကိုကို စတိတ်စင်ဘက်ဆီသို့ထွက်သွား၏စင်ပေါ်သို့ ဂီတာကိုင်ကာတတ်လာသော ခတ်တာကိုကိုအားမြင်သော ဆိုင်လာနေကျသူများမှလက်ခုပ်တီးကြ၏

"ကျွန်တော်တို့မတွေ့ရတာတောင်ကြာပြီနော်"

ဟုစကားလေးပြောပြီး ဂီတာစတီးတော့သည်။

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now