အပိုင်း ၂၃

219 21 0
                                    

၄လပိုင်း ၂၉ရက်နေ့ ထိုညတွင်မွေးနေ့တူနေခဲ့ကြသော မေမြတ်မှူးနှင့်ခတ်တာကိုကိုတို့နှစ်ဦး၏ ပျော်ရွှင်ဖွယ်ရက်ကလေးတစ်ခုဖြစ်ခဲ့သည်။

"အဆင်မပြေလို့ပါ အမ ကျွန်တော်တို့ဘက်ကလည်းတတ်နိုင်သလောက်လုပ်ပေးထားပါတယ်"

လက်စွပ်အား ပြန်ချထားလိုက်ပြီး

"မနေ့ကမှဝယ်သွားတဲ့လက်စွပ်တစ်ကွင်းကို မင်းတို့ကပြန်ပြီး လဲပေးတာတောင်အဆင်မပြေနိုင်ဘူးပေါ့"

စကားသံကျယ်လာသောကြောင့် ဆိုင်မန်နေဂျာရောက်လာသည်။

"ဘာများဆောင်ရွက်ပေးရမလဲဗျာ"

သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားသောထိုကောင်လေးသည် ဝန်ထမ်းကောင်လေး၏ဘေးတွင်ဝင်ရပ်ကာပြောလိုက်သည်။

"အမ မနေ့ကဒီလက်စွပ်လေးကိုကြိုက်လိုဝယ်သွားတာကွာ ညရောက်တော့လက်စွပ်ကအမလက်နဲ့ဝတ်ထားရတာသိပ်သက်တောင့်သက်တာသိပ်မရှိတော့ အမလက်စွပ်ကိုပြန်လဲချင်တယ်"

ဆိုင်မန်နေဂျာကောင်လေးသည်ထိုလက်စွပ်အားကောက်ယူပြီး

"တကယ်လို့ အမဘက်ကအလိုက်နဲ့ပြန်လဲမယ်ဆိုရင်တော့ အဆင်ပြေပါမယ်ဗျ"

"အလိုက်ကဘယ်လောက်ပေးရမှာလဲ"

"ဟုတ် ကျွန်တော်တို့ဆီမှာတော့အလဲဆိုရင် တစ်ဝက်နဲ့ပြန်လဲပေးပါတယ်ဗျ"

"မနေ့ကမှဝယ်သွားတာကိုထက်ဝက်ဆိုတော့ နည်းနည်းမများဘူးလား...ပြီးတော့လက်နဲ့သက်တောင့်သက်တာမရှိဘူးဆိုတာလည်း ဒီမှာလက်စွပ်ရဲ့အဆက်ဒီနေရာမှာအနည်းငယ်ဟနေလို့ "

ထိုမိန်းကလေးနားသို့ အမျိုးသမီးတစ်ဦးရောက်လာကာ

"ကျော့လေး ဘာတွေဖြစ်နေတာလဲ"

"ဟာ တီနွယ်"

လက်စွပ်ကြောင့်စကားများနေရသောသူမှာ မြကျော့ရှင်းဖြစ်သည်။ဒေါ်သဥ္ဇာနွယ်သည်လည်း သူမ၏မိတ်ဆွေဆိုင်ဖြစ်သောကြောင့် အလည်လာစဉ် တိုက်တိုက်ဆိုင်ဆိုင်ပင်တွေ့ခဲ့ကြသည်။

"ကျော့ လက်စွပ်လေးလာပြန်လဲတာပါ တီနွယ်"

"ဪ...ဘာအဆင်မပြေလို့လဲ ကျော့လေး"

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Donde viven las historias. Descúbrelo ahora