First Love , Perfect Love (Co...

Per TreasureHeaven

2.3M 171K 22.2K

Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023 Més

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
ဇာတ်သိမ်းပိုင်း
💞
Book Details

14

61.2K 5K 781
Per TreasureHeaven

" အိမ်က ဘယ်​ထိသွားရမှာလဲ။ "

ကာရံညီညာက မင်းသက်ထက်ပို့ထားတဲ့ လိပ်စာကို ဖုန်းထဲက တစ်​​ခေါက်ကြည့်ပြီးမှ စိုင်းစွမ်းထက်ပိုင်ကို ပြသည်။စိုင်းစွမ်းထက်ပိုင်က ကား​မောင်း​နေရင်းမှ ဖုန်းကိုလက်လွှဲယူပြီး ကြည့်လိုက်သည်။

" လို​​သေးတာပဲ။ ပန်းကမ္ဘာ​တောင် ​ကျော်တယ်။ "

" ဟုတ်လား။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာကို တစ်ချက်ကြည့်သည်။

" ​နေရာကို ​သေချာမသိဘဲ သွားတာပဲလား။ "

" နှစ်​ခေါက်​လောက်​​ရောက်ဖူးပါတယ်။အဲ့ဒီတုန်းက ကားနဲ့ဆို​တော့ တအား​ဝေးတယ်မထင်ဘူး​လေ။ "

" ​နောက်ဆို ဒီလို​သေချာမကျွမ်းကျင်ဘဲ သွားမယ်ဆိုရင် ကျွန်​တော့်ကို အရင်​ပြော။အခုလို လိုက်ပို့​ပေးမယ်။မဟုတ်ရင် စိတ်ပူ​နေရမှာ။ "

ကာရံညီညာက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။

" အင်းပါ ... စိတ်ချ​နော်။ ​နောင်ဆို အခုလိုပဲ မင်းကို ဒုက္ခ​ပေးရ​တော့မယ်။ ​သြော် ... ဟို ပိုက်ဆံက မန္တ​လေး​​ရောက်ရင် ငါပြန်​ပေးမယ်​နော်။ "

စိုင်းစွမ်းထက်ပိုင်၏ မိသားစုက ဘယ်​လောက်ပဲ ချမ်းသာ​နေ​စေဦး​တော့။ချစ်သူရည်းစားအဆင့်နဲ့ စိုင်းစွမ်းထက်ပိုင်၏ ပိုက်ဆံကို မသုံးချင်ပါ။ကာရံညီညာ့၏ သ​ဘောထားကို စိုင်းစွမ်းထက်ပိုင်ကလည်း နားလည်ပါသည်။

" အစ်ကို့သ​​ဘော။ အခုပဲပြန်ဆပ်ဆပ် ​နောင်မှ ဘဝကြီးနဲ့ပဲ ထိုးဆပ်ဆပ် ကျွန်​တော်က အဆင်​ပြေပါတယ်။ "

" မင်းက​တော့ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ​ခေါင်းကို ခပ်ဖွဖွ တွန်းလိုက်သည်။

" အစ်ကို "

​ပေါင်​ပေါ်တင်ထားတဲ့ ​ကျောပိုးအိတ်ထဲမှ ဘီစကစ်​ချောင်းဘူး​လေးကို ထုတ်စားရင်း ကာရံညီညာက ပြန်ထူးသည်။

" ဟမ် "

" ကျွန်​တော်​တို့ နှုတ်ခမ်းချင်းမနမ်းဖူး​သေးဘူး​နော်။ "

စား​နေတဲ့အချိန်မှ ​ပြောရလား ​ကောင်စုတ်​လေးရဲ့။

" ဘာ​​တွေ လာ​ပြော​နေတာလဲ။ "

ကာရံညီညာက ခပ်ရှက်ရှက်နဲ့ လမ်းဘက် မျက်နှာလွှဲသွားသည်။

" နှုတ်ခမ်းချင်းနမ်းရင် တံ​တွေးက မြိုချရတာလား။ အခြားသူကို ခွံ့ရတာလား မသည်းကွဲလို့။ ​နောက်ပြီး လက်နှစ်ဖက်ကိုလည်း ဘယ်ထားရမှန်းမသိလို့။အစ်ကိုက အကြီးဆို​တော့ အစ်ကိုများသိမလားလို့ပါ။ တကယ်က နမ်းချင်​နေတာကြာပြီ အဲ့နှစ်ခု မသိလို့။ဒါပဲမသိတာ​နော် ... ကျန်တဲ့အဆင့်​တွေ  အကုန်သိတယ်။ ကိုယ်က ဆရာကြီး။ "

ကာရံညီညာက ဘီစကစ်​တွေ ပါးစပ်ထဲ ထိုးထည့်ပြီး မျက်နှာခပ်ရဲရဲနဲ့ နှုတ်ဆိတ်​နေသည်။ စိုင်းစွမ်းထက်ပိုင်က ကားကိုလမ်း​ဘေးချရပ်လိုက်ပြီးမှ

"အ​ခြေခံ စာမ​​ကြေတာ​ပေါ့​နော်။ များများနမ်း​ပေးရင်​​တော့ ထူးချွန်သွားမယ်ထင်တယ်။ဒီလိုပဲ နမ်းရင်းအလုပ်က သင်​ပေးသွားမှာ​ပေါ့​လေ​နော်။ ​​နော်လို့ ... အစ်ကို ... ​နော်လို့။ "

စိုင်းစွမ်းထက်ပိုင်က လက်တစ်ဖက်က ကာရံညီညာ့ကို လက်​မောင်းမှ ဆွဲကာ မျက်နှာလှည့်​စေ​တော့ ကာရံညီညာက ချက်ချင်း​ဖြေသည်။

" လက်ထားတဲ့​နေရာ​တော့ ငါသိတယ်။ လက်နှစ်ဖက်လုံးက လည်တိုင်မှာ​နေရာယူပြီး ခပ်ကြမ်းကြမ်း​လေး ညှစ်လိုက်ရုံပဲ။ "

ကာရံညီညာက လည်ပင်းညှစ်ဟန်ပြလိုက်သည်။ စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်​လေးထင်း​နေ​အောင် ပြုံးလိုက်ပြီး ကာရံညီညာ၏ လက်​လေးကို ဆွဲယူကာ နှာ​ခေါင်းနားကပ်ပြီး အသံထွက်သည်အထိ နမ်းသွားသည်။ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လိ​မ္မော်​ရောင်သန်း​နေ​သော နှုတ်ခမ်း​လေးကို ​ငေးကြည့်ပြီးမှ

" ထပ်နမ်းရ​အောင်။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ဂုတ်ပိုးမှကိုင်ကာ နှုတ်ခမ်းချင်း ထိကာနမ်းသည်။ကာရံညီညာနမ်းသလို နူးညံ့မှုနဲ့ အစချီပြီး စွဲမက်ဖွယ်ဖြစ်​အောင် သိမ်းသွင်းသွားသည်။သုံးမိနစ်​လောက်​​တောင် ကြာပါသည်။

" အစ်ကို့ နှုတ်ခမ်းက အိစိစိနဲ့ ဂျယ်လီ​လေး မြုံထားရသလို၊သကြားခဲ​လေးငုံထားရသလိုပဲ​နော်။ဘီစကစ်က စ​တော်ဘယ်ရီခရင်မ် အနံ့ကလည်း သင်းသင်း​လေး။ တစ်ခုပဲ ... ဘီစကစ်က သွားကြားညှပ်တယ်​​နော်။ "

" မင်း ... "

စိုင်းစွမ်းထက်ပိုင် မနမ်းတတ်ဘူးဆိုတာ တကယ်အာပလာ။လူကို နမ်းသွားလိုက်တာများ အားအင်​တွေ အကုန်စုပ်ယူသွားသလိုပဲ။

" ဟဲဟဲ ... French Kissနမ်းချင်မှ​​​​တော့   ဂွင်​တော့ဖန်တတ်ရတာ​ပေါ့။"

" ငါထင်သားပဲ ... မင်း လူယုတ်မာ။ "

" ဒါက​တော့ ...စွတ်စွဲခံရတာ​နော်။ ခုနတုန်းက အစ်ကိုလည်း မျက်လုံးကြီး မှိတ်ထားပြီး ငြိမ်​နေတာပဲ​လေ။ "

" ဘယ်တုန်းကငြိမ်​နေလို့လဲ။ "

" နမ်း​နေတဲ့သုံးမိနစ်မှာ တစ်မိနစ်နဲ့​လေးဆယ့်တစ် စက္ကန့်ကစပြီး နှစ်မိနစ်နဲ့ ငါးဆယ့်နှစ်စက္ကန့်ထိ။လာမလိမ်နဲ့​နော်။  ​ပြောင်ငြင်းမှာမှန်းသိလို့ကို ​ကိုယ်က နာရီသေချာကြည့်ထားတာ။"

" အရူး​ကောင် "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်​​မောင်းတစ်ဖက်ကို တ​ဖြောင်း​ဖြောင်းရိုက်ပါ​​တော့သည်။အသားယူလိုက်ရတာမို့ စိုင်းစွမ်းထက်ပိုင်က သူ့နှုတ်ခမ်းသူ လက်မနဲ့ ဖိပွတ်ရင်း ပြုံး​နေ​တော့သည်။

.......................

မင်းသက်ထက်၏ အိမ်​ရောက်​တော့ မင်းသက်ထက်၏ ဖခင်က သက်သာ​နေပြီဖြစ်သည်။ ပြီးခဲ့တဲ့ရက်​တွေက အသည်းအသန် ဖြစ်​နေလို့ မင်းသက်ထက် မတ္တရာကို ပြန်သွားတာ တစ်ပတ်​လောက်ရှိ​နေပြီ။

" ဦး​လေး သက်သာသွားလို့ ဝမ်းသာပါတယ်။ စာ​မေးပွဲနီး​နေပြီဆို​တော့ စာ​အုပ်​တွေလည်း ယူလာခဲ့တယ်။​စာ​မေးပွဲဖြေခါနီးရက်မှ မင်းလည်းလာခဲ့​​ပေါ့။ "

" ​အေးပါ ​ကျေးဇူးပဲ။ "

စိုင်းစွမ်းထက်ပိုင်က​တော့ ကျွန်းထိုင်ခုံ​ပေါ်မှာ ထိုင်​နေရင်း ဘာမှဝင်မ​ပြော​ပေ။မင်းသက်ထက်၏ မိခင်က စားပွဲ​ပေါ် ​ရေ​နွေးခရားနဲ့မုန့်​​တွေလာချ​ပေးရင်းမှ ကာရံညီညာ့ကို နှုတ်ဆက်လာသည်။

" ဒီ​နေ့ လာမယ်ဆိုတာ ကြိုသိရင် အစားအ​သောက် ​သေချာစီစဥ်ထားတာ​ပေါ့သားရယ်။ဒီဘက်က က​လေးက သားတို့နဲ့အတန်းတူပဲလား။တစ်ခါမှ ပါမလာဖူးဘူး​နော်။ "

" မဟုတ်ဘူးခင်ဗျ။ သူက ... "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို လက်ညှိုးညွှန်လိုက်ပြီးမှ " ဟို ... ကျွန်​တော့်ညီ​လေးဗျ။ "လို့ ​ဖြေလိုက်သည်။လူကြီးက ​မေးလာသည်မို့ အဆင်​ပြေတဲ့ အ​ဖြေ​ပေးလိုက်ခြင်းဖြစ်သည်။

" အင်းအင်း  ... ညစာစားကြ​တော့မလား။ ပြင်လိုက်မယ်​လေ။ "

" မစား​တော့ဘူးဗျ။ ကျွန်​တော်တို့ မြို့ထဲက Hotelမှာပဲ ညအိပ်မှာမို့ အပြန်လမ်းမှာ စားလိုက်မယ်ဗျ။ "

လူမမာရှိတဲ့အိမ်မို့ ညအိပ်ည​နေ ​နေရင် အားနာစရာဖြစ်တာမို့ ကာရံညီညာက အစထဲက Hotelတစ်ခုခုမှာ အိပ်ဖို့​တွေးထားတာဖြစ်သည်။စိုင်းစွမ်းထက်ပိုင်ပါ ပါလာ​လေ​တော့ အ​ဖော်ရသွားသည်။

ဖြည့်စွက်စာနဲ့မုန့်အချို့ကို မင်းသက်ထက်ဆီ​သေချာ​လေး ​ပေးခဲ့ပြီးမှ နှစ်​ယောက်ပြန်လာခဲ့ကြသည်။အပြန်လမ်းမှာ စိုင်းစွမ်းထက်ပိုင်က သူနဲ့မတူစွာ ငြိမ်​နေသည်။

" အ​ရှေ့နားမှာ  mini mart​လေးရှိတယ်။စားဖို့တစ်ခုခု ဝယ်ရ​အောင်​လေ။ "

ကာရံညီညာက ​ပြောလိုက်​တော့ စိုင်းစွမ်းထက်ပိုင်က ကားရပ်​ပေးသည်။ဆိုင်ထဲဝင်ခဲ့ပြီး ညစာအတွက် အဆင်​ပြေမယ့် အစားအ​သောက်​လေး​တွေ ​ရွေးလိုက်သည်။

" လက်ဖက်ကြက်ဥစားမလား။ "

" အင်း "

" ကားအကြာကြီးစီးထား​တော့ လူကနုံး​နေပြီ။ ​ခေါက်ဆွဲပြုတ်ချဥ်စပ်​လေးပဲ ​​​သောက်ရ​အောင်​နော်။ "

စိုင်းစွမ်းထက်ပိုင်က ရုပ်တည်ကြီးနဲ့ ​ဖြေလာ​ပေမယ့် ကာရံညီညာက ခရီးပန်း​နေတယ်ထင်ပြီး သတိမထားဘူး။

" အင်း "

" Cola​လား Orange Juiceလား။ "

ကာရံညီညာက မုန့်​လေး​တွေကို ခါး​​လေးကိုင်းကာ ​ရွေးချယ်ရင်း ​ကျောဘက်က စိုင်းစွမ်းထက်ပိုင်ကိုလည်း လှည့်ကြည့်ကာ ​မေးတတ်သည်။

" အစ်ကိုကြီး သ​ဘော။ "

" အာ ... မင်းကြိုက်တာလည်း ​ရွေး​လေ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ စားတတ်သည့် ကန်စွန်းဥကြွပ်​ကြော်တို့ ပိန်းဥကြွပ်​ကြော်တို့ကိုသာ ​ရွေးယူလာခဲ့သည်။စိတ်​ကောက်တာကသက်သက်၊ ချစ်တာကသက်သက်ပါပဲ။

" ဒီဟာ ဘယ်​လောက်ကျလဲ။ "

စိုင်းစွမ်းထက်ပိုင်က ​ငွေရှင်း​ကောင်တာ​ပေါ် တင်လိုက်ပြီး ​မေးလိုက်သည်။

" သုံး​ထောင့်ငါးရာပါဗျ။ "

" သူနဲ့​ပေါင်းရှင်းမှာဗျ။ကျွန်​တော်က သူ့ညီ​လေး​လေ။ "

" ​​သြော် ဟုတ်ကဲ့ခင်ဗျ။ "

ဝန်ထမ်း​ကောင်​လေးက ​ကြောင်​တောင်​တောင်​လေးနဲ့ ​ခေါင်းငြိမ့်သည်။ကာရံညီညာက နှစ်​ယောက်လုံးစာ ရှင်းလိုက်သည်။

" ​ခေါက်ဆွဲဘူးက ​ရေ​နွေးနဲ့​ဖျော်မှာဗျ။ ဒီမှာပဲ စားသွားမှာ။ ​ရေ​နွေးအတွက် Feesကို သူ့ဆီကပဲ ​တောင်းလိုက်​နော်။ ကျွန်​တော်က သူ့ညီ​​လေး​​လေ။ "

စိုင်းစွမ်းထက်ပိုင်က သူ့​ခေါက်ဆွဲဘူးကိုပဲ ယူသွားကာ ​နေရာလွတ်မှာ သွားစားသည်။ကာရံညီညာက မုန့်ထုတ်​တွေပါ လက်က​ပွေ့လာရင်း ​ဘေးမှာ လာထိုင်သည်။ဒီတစ်​ယောက်​ကောက်​နေတာမှန်း သိ​ပေမယ့် ဘာ​ကောက်​နေမှန်း​တော့ မသိပါ။ကိုယ်လည်း ဘာအမှားမှ မလုပ်မိဘူး ထင်တာပဲ။

" ဘာဖြစ်​နေတာလဲ။ "

" မဖြစ်ပါဘူး။ ပုံမှန်ပါပဲ။ "

" ပြီးတာပဲ။ "

ကာရံညီညာက နှုတ်ခမ်းအနည်းငယ် ​ထော်သွားပြီး ​ခေါက်ဆွဲကိုပဲ အားထည့်​မွှေ​နေ​​တော့သည်။ စိုင်းစွမ်းထက်ပိုင်က စကားသာ မ​ပြော​ပေမယ့် ကာရံညီညာ့ဘက်ကို Snacksထုပ်​လေး​တွေ လက်ညှိုး​လေးနဲ့ တွန်းပို့​ပေးသည်။စိတ်​ကောက်တာက တစ်မျိုး​လေး။

......................

စိုင်းစွမ်းထက်ပိုင်က ကားကို Hotelဆီ​မောင်းလာလိုက်သည်။Hotel Receptionမှာ ထိုင်​နေတဲ့ နှစ်ဆယ့်ငါး၊နှစ်ဆယ့်​ခြောက်နှစ်အရွယ် အမျိုးသားက နှုတ်ဆက်စကားဆိုသည်။

" မင်္ဂလာပါ။ "

"နှစ်​ယောက်ခန်း တစ်ခန်းယူမယ်ဗျ။"

ကာရံညီညာက ​ပြောလိုက်ရင်း မှတ်ပုံတင် ထုတ်လိုက်သည်။

" မှတ်ပုံတင်က တစ်​ယောက်​ပေးရင်ရတယ်​​မလား အစ်ကို။ ကျွန်​တော်က သူ့ညီ​လေးဗျ။ညီအစ်ကို နှစ်​ယောက်အတူလာတာမို့ ကျွန်​တော့် မှတ်ပုံတင်​တော့ မလိုဘူး​နော်။ လိုအပ်ရင် ကားလိုင်စင်​တော့ ရှိပါတယ်။"

" ဟုတ်ကဲ့ "

ကာရံညီညာက အခုမှ စိုင်းစွမ်းထက်ပိုင် ဘာကို ​ကောက်​ကွေး​နေမှန်း သ​ဘော​ပေါက်သည်။ မျက်စံနက်နက်​လေး​တွေက အရည်ကြည်လဲ့သည်အထိ ကြိတ်ရယ်ပါသည်။

" ကဲပါ ... ​ကောက်မ​​နေပါနဲ့။ ညဝတ်လဲဖို့အတွက် ဘာဝယ်လာလဲ ကြည့်ဦး။ "

အခန်းထဲ ​ရောက်​ရောက်ချင်း ကာရံညီညာက ရယ်ကြဲကြဲနဲ့ ခပ်တိုးတိုး ​ပြောလာသည်။mini mart​လေး​ဘေးက စတိုးဆိုင် ခပ်​သေး​သေး​လေး​တွေ့တာမို့ စိုင်းစွမ်းထက်ပိုင်ကို အသိမ​ပေးဘဲ ကာရံညီညာက ဝယ်လာခဲ့တာဖြစ်သည်။စိုင်းစွမ်းထက်ပိုင် လှည့်ကြည့်လိုက်​တော့ ကာရံညီညာ့လက်ထဲမှာ ကာတွန်းရုပ်​​လေး​​​တွေပါတဲ့ အနီ​ရောင်ညအိပ်ဝတ်စုံ ဆင်တူဖြစ်​နေသည်။

" မင်းနဲ့ငါ Couple​ ဝတ်မှာလေ။ လှတယ်မလား။"

" လှသားပဲ။One Setဆင်တူနဲ့ အမွှာညီအစ်ကို​လေး​တွေလို​ပေါ့ဗျာ။ "

" ဘယ်လို​တောင် စိတ်​ကောက်​နေရတာလဲ။လူကြီးက ​မေးလာတာကို ကျွန်​​တော့်ချစ်သူပါလို့ ​ဖြေလို့​ကောင်းမလား။ "

" မသိဘူးဗျာ ... "

စိုင်းစွမ်းထက်ပိုင်က အိပ်ယာ​ပေါ် ဝမ်းလျား​​မှောက်ပြီး ထိုးအိပ်သည်။ကာရံညီညာက နူးညံ့စွာ ပြုံးလိုက်ရင်း ​စိုင်းစွမ်းထက်ပိုင် အနား ခပ်ဖြည်းဖြည်းချင်း ချဥ်းကပ်လာပါ​တော့သည်။

ဆက်ရန်

Zawgyi

" အိမ္က ဘယ္​ထိသြားရမွာလဲ။ "

ကာရံညီညာက မင္းသက္ထက္ပို႔ထားတဲ့ လိပ္စာကို ဖုန္းထဲက တစ္​​ေခါက္ၾကည့္ၿပီးမွ စိုင္းစြမ္းထက္ပိုင္ကို ျပသည္။စိုင္းစြမ္းထက္ပိုင္က ကား​ေမာင္း​ေနရင္းမွ ဖုန္းကိုလက္လႊဲယူၿပီး ၾကည့္လိုက္သည္။

" လို​​ေသးတာပဲ။ ပန္းကမာၻ​ေတာင္ ​ေက်ာ္တယ္။ "

" ဟုတ္လား။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာကို တစ္ခ်က္ၾကည့္သည္။

" ​ေနရာကို ​ေသခ်ာမသိဘဲ သြားတာပဲလား။ "

" ႏွစ္​ေခါက္​ေလာက္​​ေရာက္ဖူးပါတယ္။အဲ့ဒီတုန္းက ကားနဲ႕ဆို​ေတာ့ တအား​ေဝးတယ္မထင္ဘူး​ေလ။ "

" ​ေနာက္ဆို ဒီလို​ေသခ်ာမကြၽမ္းက်င္ဘဲ သြားမယ္ဆိုရင္ ကြၽန္​ေတာ့္ကို အရင္​ေျပာ။အခုလို လိုက္ပို႔​ေပးမယ္။မဟုတ္ရင္ စိတ္ပူ​ေနရမွာ။ "

ကာရံညီညာက ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္သည္။

" အင္းပါ ... စိတ္ခ်​ေနာ္။ ​ေနာင္ဆို အခုလိုပဲ မင္းကို ဒုကၡ​ေပးရ​ေတာ့မယ္။ ​ေၾသာ္ ... ဟို ပိုက္ဆံက မႏၲ​ေလး​​ေရာက္ရင္ ငါျပန္​ေပးမယ္​ေနာ္။ "

စိုင္းစြမ္းထက္ပိုင္၏ မိသားစုက ဘယ္​ေလာက္ပဲ ခ်မ္းသာ​ေန​ေစဦး​ေတာ့။ခ်စ္သူရည္းစားအဆင့္နဲ႕ စိုင္းစြမ္းထက္ပိုင္၏ ပိုက္ဆံကို မသုံးခ်င္ပါ။ကာရံညီညာ့၏ သ​ေဘာထားကို စိုင္းစြမ္းထက္ပိုင္ကလည္း နားလည္ပါသည္။

" အစ္ကို႔သ​​ေဘာ။ အခုပဲျပန္ဆပ္ဆပ္ ​ေနာင္မွ ဘဝႀကီးနဲ႕ပဲ ထိုးဆပ္ဆပ္ ကြၽန္​ေတာ္က အဆင္​ေျပပါတယ္။ "

" မင္းက​ေတာ့ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ​ေခါင္းကို ခပ္ဖြဖြ တြန္းလိုက္သည္။

" အစ္ကို "

​ေပါင္​ေပၚတင္ထားတဲ့ ​ေက်ာပိုးအိတ္ထဲမွ ဘီစကစ္​ေခ်ာင္းဘူး​ေလးကို ထုတ္စားရင္း ကာရံညီညာက ျပန္ထူးသည္။

" ဟမ္ "

" ကြၽန္​ေတာ္​တို႔ ႏႈတ္ခမ္းခ်င္းမနမ္းဖူး​ေသးဘူး​ေနာ္။ "

စား​ေနတဲ့အခ်ိန္မွ ​ေျပာရလား ​ေကာင္စုတ္​ေလးရဲ႕။

" ဘာ​​ေတြ လာ​ေျပာ​ေနတာလဲ။ "

ကာရံညီညာက ခပ္ရွက္ရွက္နဲ႕ လမ္းဘက္ မ်က္ႏွာလႊဲသြားသည္။

" ႏႈတ္ခမ္းခ်င္းနမ္းရင္ တံ​ေတြးက ၿမိဳခ်ရတာလား။ အျခားသူကို ခြံ႕ရတာလား မသည္းကြဲလို႔။ ​ေနာက္ၿပီး လက္ႏွစ္ဖက္ကိုလည္း ဘယ္ထားရမွန္းမသိလို႔။အစ္ကိုက အႀကီးဆို​ေတာ့ အစ္ကိုမ်ားသိမလားလို႔ပါ။ တကယ္က နမ္းခ်င္​ေနတာၾကာၿပီ အဲ့ႏွစ္ခု မသိလို႔။ဒါပဲမသိတာ​ေနာ္ ... က်န္တဲ့အဆင့္​ေတြ  အကုန္သိတယ္။ ကိုယ္က ဆရာႀကီး။ "

ကာရံညီညာက ဘီစကစ္​ေတြ ပါးစပ္ထဲ ထိုးထည့္ၿပီး မ်က္ႏွာခပ္ရဲရဲနဲ႕ ႏႈတ္ဆိတ္​ေနသည္။ စိုင္းစြမ္းထက္ပိုင္က ကားကိုရပ္လိုက္ၿပီးမွ

"အ​ေျခခံ စာမ​​ေၾကတာ​ေပါ့​ေနာ္။ မ်ားမ်ားနမ္း​ေပးရင္​​ေတာ့ ထူးခြၽန္သြားမယ္ထင္တယ္။ဒီလိုပဲ နမ္းရင္းအလုပ္က သင္​ေပးသြားမွာ​ေပါ့​ေလ​ေနာ္။ ​​ေနာ္လို႔ ... အစ္ကို ... ​ေနာ္လို႔။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို လက္​ေမာင္းမွ ဆြဲကာ မ်က္ႏွာလွည့္​ေစ​ေတာ့ ကာရံညီညာက ခ်က္ခ်င္း​ေျဖသည္။

" လက္ထားတဲ့​ေနရာ​ေတာ့ ငါသိတယ္။ လက္ႏွစ္ဖက္လုံးက လည္တိုင္မွာ​ေနရာယူၿပီး ခပ္ၾကမ္းၾကမ္း​ေလး ညွစ္လိုက္႐ုံပဲ။ "

ကာရံညီညာက လည္ပင္းညွစ္ဟန္ျပလိုက္သည္။ စိုင္းစြမ္းထက္ပိုင္က ပါးခ်ိဳင့္​ေလးထင္း​ေန​ေအာင္ ၿပဳံးလိုက္ၿပီး ကာရံညီညာ၏ လက္​ေလးကို ဆြဲယူကာ ႏွာ​ေခါင္းနားကပ္ၿပီး အသံထြက္သည္အထိ နမ္းသြားသည္။ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လိ​ေမၼာ္​ေရာင္သန္း​ေန​ေသာ ႏႈတ္ခမ္း​ေလးကို ​ေငးၾကည့္ၿပီး ထိသည္ဆို႐ုံမွ်​ေလး ကပ္နမ္းသြားသည္။

" ထပ္နမ္းရ​ေအာင္။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ဂုတ္ပိုးမွကိုင္ကာ ႏႈတ္ခမ္းခ်င္း ထိကာနမ္းသည္။ကာရံညီညာနမ္းသလို ႏူးညံ့မႈနဲ႕ အစခ်ီၿပီး စြဲမက္ဖြယ္ျဖစ္​ေအာင္ သိမ္းသြင္းသြားသည္။သုံးမိနစ္​ေလာက္​​ေတာင္ ၾကာပါသည္။

" အစ္ကို႔ ႏႈတ္ခမ္းက အိစိစိနဲ႕ ဂ်ယ္လီ​ေလး ၿမဳံထားရသလို၊သၾကားခဲ​ေလးငုံထားရသလိုပဲ​ေနာ္။ဘီစကစ္က စ​ေတာ္ဘယ္ရီခရင္မ္ အနံ႕ကလည္း သင္းသင္း​ေလး။ တစ္ခုပဲ ... ဘီစကစ္က သြားၾကားညွပ္တယ္​​ေနာ္။ "

" မင္း ... "

စိုင္းစြမ္းထက္ပိုင္ မနမ္းတတ္ဘူးဆိုတာ တကယ္အာပလာ။လူကို နမ္းသြားလိုက္တာမ်ား အားအင္​ေတြ အကုန္စုပ္ယူသြားသလိုပဲ။

" ဟဲဟဲ ... French Kissနမ္းခ်င္မွ​​​​ေတာ့   ဂြင္​ေတာ့ဖန္တတ္ရတာ​ေပါ့။"

" ငါထင္သားပဲ ... မင္း လူယုတ္မာ။ "

" ဒါက​ေတာ့ ...စြတ္စြဲခံရတာ​ေနာ္။ ခုနတုန္းက အစ္ကိုလည္း မ်က္လုံးႀကီး မွိတ္ထားၿပီး ၿငိမ္​ေနတာပဲ​ေလ။ "

" ဘယ္တုန္းကၿငိမ္​ေနလို႔လဲ။ "

" နမ္း​ေနတဲ့သုံးမိနစ္မွာ တစ္မိနစ္နဲ႕​ေလးဆယ့္တစ္ စကၠန့္ကစၿပီး ႏွစ္မိနစ္နဲ႕ ငါးဆယ့္ႏွစ္စကၠန့္ထိ။လာမလိမ္နဲ႕​ေနာ္။  ​ေျပာင္ျငင္းမွာမွန္းသိလို႔ကို ​ကိုယ္က နာရီေသခ်ာၾကည့္ထားတာ။"

" အ႐ူး​ေကာင္ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္​​ေမာင္းတစ္ဖက္ကို တ​ေျဖာင္း​ေျဖာင္းရိုက္ပါ​​ေတာ့သည္။အသားယူလိုက္ရတာမို႔ စိုင္းစြမ္းထက္ပိုင္က သူ႕ႏႈတ္ခမ္းသူ လက္မနဲ႕ ဖိပြတ္ရင္း ၿပဳံး​ေန​ေတာ့သည္။

.......................

မင္းသက္ထက္၏ အိမ္​ေရာက္​ေတာ့ မင္းသက္ထက္၏ ဖခင္က သက္သာ​ေနၿပီျဖစ္သည္။ ၿပီးခဲ့တဲ့ရက္​ေတြက အသည္းအသန္ ျဖစ္​ေနလို႔ မင္းသက္ထက္ မတၱရာကို ျပန္သြားတာ တစ္ပတ္​ေလာက္ရွိ​ေနၿပီ။

" ဦး​ေလး သက္သာသြားလို႔ ဝမ္းသာပါတယ္။ စာ​ေမးပြဲနီး​ေနၿပီဆို​ေတာ့ စာ​အုပ္​ေတြလည္း ယူလာခဲ့တယ္။​စာ​ေမးပြဲေျဖခါနီးရက္မွ မင္းလည္းလာခဲ့​​ေပါ့။ "

" ​ေအးပါ ​ေက်းဇူးပဲ။ "

စိုင္းစြမ္းထက္ပိုင္က​ေတာ့ ကြၽန္းထိုင္ခုံ​ေပၚမွာ ထိုင္​ေနရင္း ဘာမွဝင္မ​ေျပာ​ေပ။မင္းသက္ထက္၏ မိခင္က စားပြဲ​ေပၚ ​ေရ​ေႏြးခရားနဲ႕မုန့္​​ေတြလာခ်​ေပးရင္းမွ ကာရံညီညာ့ကို ႏႈတ္ဆက္လာသည္။

" ဒီ​ေန႕ လာမယ္ဆိုတာ ႀကိဳသိရင္ အစားအ​ေသာက္ ​ေသခ်ာစီစဥ္ထားတာ​ေပါ့သားရယ္။ဒီဘက္က က​ေလးက သားတို႔နဲ႕အတန္းတူပဲလား။တစ္ခါမွ ပါမလာဖူးဘူး​ေနာ္။ "

" မဟုတ္ဘူးခင္ဗ်။ သူက ... "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို လက္ညွိုးၫႊန္လိုက္ၿပီးမွ " ဟို ... ကြၽန္​ေတာ့္ညီ​ေလးဗ်။ "လို႔ ​ေျဖလိုက္သည္။လူႀကီးက ​ေမးလာသည္မို႔ အဆင္​ေျပတဲ့ အ​ေျဖ​ေပးလိုက္ျခင္းျဖစ္သည္။

" အင္းအင္း  ... ညစာစားၾက​ေတာ့မလား။ ျပင္လိုက္မယ္​ေလ။ "

" မစား​ေတာ့ဘူးဗ်။ ကြၽန္​ေတာ္တို႔ ၿမိဳ႕ထဲက Hotelမွာပဲ ညအိပ္မွာမို႔ အျပန္လမ္းမွာ စားလိုက္မယ္ဗ်။ "

လူမမာရွိတဲ့အိမ္မို႔ ညအိပ္ည​ေန ​ေနရင္ အားနာစရာျဖစ္တာမို႔ ကာရံညီညာက အစထဲက Hotelတစ္ခုခုမွာ အိပ္ဖို႔​ေတြးထားတာျဖစ္သည္။စိုင္းစြမ္းထက္ပိုင္ပါ ပါလာ​ေလ​ေတာ့ အ​ေဖာ္ရသြားသည္။

ျဖည့္စြက္စာနဲ႕မုန့္အခ်ိဳ႕ကို မင္းသက္ထက္ဆီ​ေသခ်ာ​ေလး ​ေပးခဲ့ၿပီးမွ ႏွစ္​ေယာက္ျပန္လာခဲ့ၾကသည္။အျပန္လမ္းမွာ စိုင္းစြမ္းထက္ပိုင္က သူနဲ႕မတူစြာ ၿငိမ္​ေနသည္။

" အ​ေရွ႕နားမွာ  mini mart​ေလးရွိတယ္။စားဖို႔တစ္ခုခု ဝယ္ရ​ေအာင္​ေလ။ "

ကာရံညီညာက ​ေျပာလိုက္​ေတာ့ စိုင္းစြမ္းထက္ပိုင္က ကားရပ္​ေပးသည္။ဆိုင္ထဲဝင္ခဲ့ၿပီး ညစာအတြက္ အဆင္​ေျပမယ့္ အစားအ​ေသာက္​ေလး​ေတြ ​ေ႐ြးလိုက္သည္။

" လက္ဖက္ၾကက္ဥစားမလား။ "

" အင္း "

" ကားအၾကာႀကီးစီးထား​ေတာ့ လူကႏုံး​ေနၿပီ။ ​ေခါက္ဆြဲျပဳတ္ခ်ဥ္စပ္​ေလးပဲ ​​​ေသာက္ရ​ေအာင္​ေနာ္။ "

စိုင္းစြမ္းထက္ပိုင္က ႐ုပ္တည္ႀကီးနဲ႕ ​ေျဖလာ​ေပမယ့္ ကာရံညီညာက ခရီးပန္း​ေနတယ္ထင္ၿပီး သတိမထားဘူး။

" အင္း "

" Cola​လား Orange Juiceလား။ "

ကာရံညီညာက မုန့္​ေလး​ေတြကို ခါး​​ေလးကိုင္းကာ ​ေ႐ြးခ်ယ္ရင္း ​ေက်ာဘက္က စိုင္းစြမ္းထက္ပိုင္ကိုလည္း လွည့္ၾကည့္ကာ ​ေမးတတ္သည္။

" အစ္ကိုႀကီး သ​ေဘာ။ "

" အာ ... မင္းႀကိဳက္တာလည္း ​ေ႐ြး​ေလ။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ စားတတ္သည့္ ကန္စြန္းဥႂကြပ္​ေၾကာ္တို႔ ပိန္းဥႂကြပ္​ေၾကာ္တို႔ကိုသာ ​ေ႐ြးယူလာခဲ့သည္။စိတ္​ေကာက္တာကသက္သက္၊ ခ်စ္တာကသက္သက္ပါပဲ။

" ဒီဟာ ဘယ္​ေလာက္က်လဲ။ "

စိုင္းစြမ္းထက္ပိုင္က ​ေငြရွင္း​ေကာင္တာ​ေပၚ တင္လိုက္ၿပီး ​ေမးလိုက္သည္။

" သုံး​ေထာင့္ငါးရာပါဗ်။ "

" သူနဲ႕​ေပါင္းရွင္းမွာဗ်။ကြၽန္​ေတာ္က သူ႕ညီ​ေလး​ေလ။ "

" ​​ေၾသာ္ ဟုတ္ကဲ့ခင္ဗ်။ "

ဝန္ထမ္း​ေကာင္​ေလးက ​ေၾကာင္​ေတာင္​ေတာင္​ေလးနဲ႕ ​ေခါင္းၿငိမ့္သည္။ကာရံညီညာက ႏွစ္​ေယာက္လုံးစာ ရွင္းလိုက္သည္။

" ​ေခါက္ဆြဲဘူးက ​ေရ​ေႏြးနဲ႕​ေဖ်ာ္မွာဗ်။ ဒီမွာပဲ စားသြားမွာ။ ​ေရ​ေႏြးအတြက္ Feesကို သူ႕ဆီကပဲ ​ေတာင္းလိုက္​ေနာ္။ ကြၽန္​ေတာ္က သူ႕ညီ​​ေလး​​ေလ။ "

စိုင္းစြမ္းထက္ပိုင္က သူ႕​ေခါက္ဆြဲဘူးကိုပဲ ယူသြားကာ ​ေနရာလြတ္မွာ သြားစားသည္။ကာရံညီညာက မုန့္ထုတ္​ေတြပါ လက္က​ေပြ႕လာရင္း ​ေဘးမွာ လာထိုင္သည္။ဒီတစ္​ေယာက္​ေကာက္​ေနတာမွန္း သိ​ေပမယ့္ ဘာ​ေကာက္​ေနမွန္း​ေတာ့ မသိပါ။ကိုယ္လည္း ဘာအမွားမွ မလုပ္မိဘူး ထင္တာပဲ။

" ဘာျဖစ္​ေနတာလဲ။ "

" မျဖစ္ပါဘူး။ ပုံမွန္ပါပဲ။ "

" ၿပီးတာပဲ။ "

ကာရံညီညာက ႏႈတ္ခမ္းအနည္းငယ္ ​ေထာ္သြားၿပီး ​ေခါက္ဆြဲကိုပဲ အားထည့္​ေမႊ​ေန​​ေတာ့သည္။ စိုင္းစြမ္းထက္ပိုင္က စကားသာ မ​ေျပာ​ေပမယ့္ ကာရံညီညာ့ဘက္ကို Snacksထုပ္​ေလး​ေတြ လက္ညွိုး​ေလးနဲ႕ တြန္းပို႔​ေပးသည္။စိတ္​ေကာက္တာက တစ္မ်ိဳး​ေလး။

......................

စိုင္းစြမ္းထက္ပိုင္က ကားကို Hotelဆီ​ေမာင္းလာလိုက္သည္။Hotel Receptionမွာ ထိုင္​ေနတဲ့ ႏွစ္ဆယ့္ငါး၊ႏွစ္ဆယ့္​ေျခာက္ႏွစ္အ႐ြယ္ အမ်ိဳးသားက ႏႈတ္ဆက္စကားဆိုသည္။

" မဂၤလာပါ။ "

"ႏွစ္​ေယာက္ခန္း တစ္ခန္းယူမယ္ဗ်။ "

ကာရံညီညာက ​ေျပာလိုက္ရင္း မွတ္ပုံတင္ ထုတ္လိုက္သည္။

" မွတ္ပုံတင္က တစ္​ေယာက္​ေပးရင္ရတယ္​​မလား အစ္ကို။ ကြၽန္​ေတာ္က သူ႕ညီ​ေလးဗ်။ညီအစ္ကို ႏွစ္​ေယာက္အတူလာတာမို႔ ကြၽန္​ေတာ့္ မွတ္ပုံတင္​ေတာ့ မလိုဘူး​ေနာ္။ လိုအပ္ရင္ ကားလိုင္စင္​ေတာ့ ရွိပါတယ္။"

" ဟုတ္ကဲ့ "

ကာရံညီညာက အခုမွ စိုင္းစြမ္းထက္ပိုင္ ဘာကို ​ေကာက္​ေကြး​ေနမွန္း သ​ေဘာ​ေပါက္သည္။ မ်က္စံနက္နက္​ေလး​ေတြက အရည္ၾကည္လဲ့သည္အထိ ႀကိတ္ရယ္ပါသည္။

" ကဲပါ ... ​ေကာက္မ​​ေနပါနဲ႕။ ညဝတ္လဲဖို႔အတြက္ ဘာဝယ္လာလဲ ၾကည့္ဦး။ "

အခန္းထဲ ​ေရာက္​ေရာက္ခ်င္း ကာရံညီညာက ရယ္ႀကဲႀကဲနဲ႕ ခပ္တိုးတိုး ​ေျပာလာသည္။mini mart​ေလး​ေဘးက စတိုးဆိုင္ ခပ္​ေသး​ေသး​ေလး​ေတြ႕တာမို႔ စိုင္းစြမ္းထက္ပိုင္ကို အသိမ​ေပးဘဲ ကာရံညီညာက ဝယ္လာခဲ့တာျဖစ္သည္။စိုင္းစြမ္းထက္ပိုင္ လွည့္ၾကည့္လိုက္​ေတာ့ ကာရံညီညာ့လက္ထဲမွာ ကာတြန္း႐ုပ္​​ေလး​​​ေတြပါတဲ့ အနီ​ေရာင္ညအိပ္ဝတ္စုံ ဆင္တူျဖစ္​ေနသည္။

" မင္းနဲ႕ငါ Couple​ ဝတ္မွာေလ။ လွတယ္မလား။"

" လွသားပဲ။One Setဆင္တူနဲ႕ အမႊာညီအစ္ကို​ေလး​ေတြလို​ေပါ့ဗ်ာ။ "

" ဘယ္လို​ေတာင္ စိတ္​ေကာက္​ေနရတာလဲ။လူႀကီးက ​ေမးလာတာကို ကြၽန္​​ေတာ့္ခ်စ္သူပါလို႔ ​ေျဖလို႔​ေကာင္းမလား။ "

" မသိဘူးဗ်ာ ... "

စိုင္းစြမ္းထက္ပိုင္က အိပ္ယာ​ေပၚ ဝမ္းလ်ား​​ေမွာက္ၿပီး ထိုးအိပ္သည္။ကာရံညီညာက ႏူးညံ့စြာ ၿပဳံးလိုက္ရင္း ​စိုင္းစြမ္းထက္ပိုင္ အနား ခပ္ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာပါ​ေတာ့သည္။

ဆက္ရန္


Continua llegint

You'll Also Like

532K 35.1K 136
Author -Elizabeth chi Type-System လင္းေလ်ာင္တစ္ေယာက္ေယာက္်ားမယူခ်င္လို႔ထြက္ေျပးရင္း Systemနဲ႔ခ်ိတ္မိၿပီးဘယ္လိုေတြကေမာက္ကမျဖစ္ၾကမလဲ oocျဖစ္ေနတဲ့world...
205K 20K 56
[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့ ၊ M Preg ကိုမကြိုက်တဲ့ ဘေဘေးတို့ လက်ရှေ...
71.9K 4.2K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...
491K 50.4K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000