စာမေးပွဲဖြေဖို့ ငါးရက်လောက်အလိုမှာ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာတို့အိမ် ရောက်လာသည်။ ကိုးတန်းတွေက နားရက်ရောက်ပြီမို့ စိုင်းစွမ်းထက်ပိုင်လည်း ကျောင်းတက်စရာမလိုဘူး။ ကာရံညီညာကလည်း အိမ်မှာပဲ စာကျက်ဖြစ်တော့သည်။
" သေချာလေး ပြန်ပို့ပေးမယ်နော်။စိတ်ချပါရှင့်။ "
စိုင်းစွမ်းထက်ပိုင်၏ အမေဒေါ်နန်းခမ်းလွင်ပါ လိုက်လာပြီး ကာရံညီညာ့ကို လာခေါ်တော့ ဒေါ်ခင်ချိုက ထည့်ပေးလိုက်သည်။
" ဟုတ်ကဲ့ပါ ... စိုင်းစွမ်းကို ကာရံနဲ့ ပတ်သတ်ပြီး ရင်းနှီးပြီးသားပဲ။ ခေါ်သွားပါ။"
ကားပေါ်ရောက်တော့ ကာရံညီညာက ကားရှေ့ခန်းက ဒေါ်နန်းခမ်းလွင်ကို ပြုံးပြပြီးမှ စိုင်းစွမ်းထက်ပိုင်ဘက်ကို လှည့်ကာ ဘာလဲဆိုတဲ့ သဘော မျက်ခုံးပင့်ပြကာ မေးသည်။ကားအနောက်ခန်းမှာ စိုင်းစွမ်းထက်ပိုင်နဲ့ကာရံညီညာ နှစ်ယောက်သာရှိသည်။
" လာတောင်းတာမဟုတ်ပါဘူးဗျာ။ ဒီနေ့ ကျွန်တော့်မွေးနေ့မို့လေ။ ဘုရားသွားပြီး အလှုူလုပ်ရင်း ဘုရားကအပြန် အစ်ကို စာမေးပွဲဖြေခါနီး ယထျာချေပေးမလို့တဲ့။ "
" မင်းအမေကို ဘာတွေ လျှောက်ပြောထားသေးလဲ။"
" သူငယ်ချင်းလို့ပဲ ပြောထားတာပါ စိတ်မပူပါနဲ့။ "
စိုင်းစွမ်းထက်ပိုင်က တက်ကြွစွာ ဖြေလာသည်။ မျက်မှန်ကိုင်း၏ အလည်တည့်တည့်ကိုလည်း လက်ညှိုးနဲ့ တစ်ချက်ပင့်လိုက်သေးသည်။ ကာရံညီညာက မျက်စောင်းသာ ထိုးလိုက်ပေမယ့် စိုင်းစွမ်းထက်ပိုင်က အရွယ်နဲ့မလိုက်အောင် Styleကျတာကိုတော့ ဝန်ခံရပါမည်။
" အကုန်လျှောက်လုပ်တာနော် ... မပြောချင်ဘူး။ "
ကာရံညီညာက အပြစ်တင်တော့ စိုင်းစွမ်းထက်ပိုင်က သွားညီညီသေးသေးလေးတွေ ပေါ်သည်အထိ ရယ်သည်။စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ဘေးကို အတင်းတိုးကပ်ထိုင်ရင်းမှ ခပ်တိုးတိုး ပြောလာသည်။
" ကျွန်တော့် မွေးနေ့မို့ အိမ်မှာ ဒံပေါက်ကျွေးတာ။ ကျွန်တော်တို့အိမ်ကို ဝင်ပြီးမှ ပြန်နော်။ "
" မဝင်ချင်ပါဘူး။ "
" မရဘူး ... ဝင်ရမယ်... ဒံပေါက်မစားချင်ရင်တောင် အိမ်ကလူတွေနဲ့ မိတ်ဖြစ်ဆွေဖြစ် တစ်ခွက်လောက်တော့ သောက်သွားပေါ့။ "
" ဘာ "
" ကော်ဖီ ... ကော်ဖီ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာနဲ့ ဒီရက်ပိုင်း မတွေ့ဖြစ်တာမို့ အခုလိုတွေ့ရချိန်မှာ တက်ကြွနေသည်။ စကားတွေ တရစပ်ပြောကာ စ, နောက်နေသည်။
" တအားကပ်နေပြီ ... ဟိုဖက်နည်းနည်းတိုးဦး။ "
ကာရံညီညာ၏ မျက်နှာက ကားမှန်နဲ့တောင် ထိမိနေပြီ။ စိုင်းစွမ်းထက်ပိုင်ဘေးတစ်ဖက်မှာ နေရာလွတ်ကြီး။
" မတိုးချင်ဘူး။ဒီလိုလေး ကပ်ထားတော့ နွေးထွေးတယ်လေ။ ဆောင်းတွင်းကြီး အိပ်ယာထဲ သေးပေါက်ချမိသလိုပဲ။ "
ကာရံညီညာက တစ်ချက်ပြုံးလိုက်သည်။ဒီရက်ပိုင်းအတွင်း ဒါမျိုးပြောတာလေးတွေကို မကြားခဲ့ရဘူးလေ။ကာရံညီညာ့၏ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးက တံခါးနဲ့ စိုင်းစွမ်းထက်ပိုင်၏ ခန္ဓာကိုယ်ကြား ညှပ်ပိတ်နေသည်။စိုင်းစွမ်းထက်ပိုင်ကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို ကာရံညီညာ့၏ ကိုယ်ပေါ် ပစ်မီထားရင်း ခပ်ချောချောမျက်နှာလေးက ပြုံးနေသည်။
" မျက်မှန်က ပါဝါဘယ်လောက်လဲ။ "
" ဟမ် "
" မင်းမျက်မှန်ကို မေးတာ။အဝေးမှုန်လား။ အနီးမှုန်လား။ "
" သြော် " စိုင်းစွမ်းထက်ပိုင်က မျက်မှန်လေးကို ပင့်တင်ရင်းမှ ဖြေသည်။
" ဒါက Long_ Sightလည်းမဟုတ်ဘူး။ Short Sightလည်း မဟုတ်ဘူး။Show_Sight ,Showလုပ်ပြီး လှချင်လို့တက်ထားတာ။ ဘာပါဝါမှမပါဘူး။ ဘယ်လိုလဲ ခန့်တယ်မလား။ "
" အရူး "
ဒေါ်နန်းခမ်းလွင်ပါ ရှိနေတာမို့ ကာရံညီညာက ခပ်တိုးတိုးသာ ပြောလိုက်သည်။
.........................
" ကလေးက စာမေးပွဲဖြေခါနီးနေတော့ ကံကောင်းစေအောင် ဘာအဆောင်လေးတွေများ ဆောင်ပေးရမလဲ။ "
ဒေါ်နန်းခမ်းလွင်က ကာရံညီညာ့၏ ပခုံးလေးကို ကိုင်ရင်း ဗေဒင်ဆရာ့ကို မေးလာသည်။ အခုမှ တွေ့ဖူးတဲ့ ကာရံညီညာ့အပေါ်မှာ နွေးထွေးလွန်းသည်။
" ယထျာကောင်းကောင်းလေး လုပ်ပေးလိုက်မယ်။ကံကောင်းစေတဲ့ပန်းက စံပယ်ပန်း။ "
ဗေဒင်ဆရာတွက်ချက်ပေးသမျှကို ဒေါ်နန်းခမ်းလွင်က သေချာလေး လိုက်မှတ်သည်။ ကာရံညီညာ့ကိုလည်း မကြာခဏ ပြုံးပြပါသေးသည်။
" အမေ သားအလှည့်။ "
အနောက်မှာထိုင်နေတဲ့ စိုင်းစွမ်းထက်ပိုင်ဆီက အသံထွက်လာသည်။ ဒေါ်နန်းခမ်းလွင်က စိုင်းစွမ်းထက်ပိုင်၏ နဖူးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး
" မင်းအလှည့်ရောက်ပြီ လာခဲ့။ "
" မေးရချည်သေးရဲ့။ "
ခြေမျက်စိ ဖုံးသည်အထိ ရှည်နေသော ပုဆိုးအနီကွက်လေးကို စိုင်းစွမ်းထက်ပိုင်က အနည်းငယ် မ, လိုက်ပြီးမှ ခုနက ကာရံညီညာ ထိုင်နေသော နေရာမှာလာထိုင်သည်။နေရာကကျဥ်းတာမို့ ကာရံညီညာက အနောက်ရောက်သွားသည်။
" ဒီကလေးလည်း ပညာရေးပဲလား။ မွေးသက္ကရာဇ်က ... "
" ဟင့်အင်း ... ကျွန်တော်က အချစ်ရေး။ ပညာရေးလမ်းကြောင်းက တရုတ်ပြည်က မဟာတံတိုင်းထက်ရှည်ပြီးသား။ အချစ်ရေးလေးပဲ သိချင်တာ။ ယထျာမှန်သမျှ အကုန်လုပ်မယ်။ "
" အသက်က လက်တစ်ဆစ်လောက်နဲ့ ... "
စိုင်းစွမ်းထက်ပိုင်၏ ကျောကို မအေဖြစ်သူက နှစ်ချက်လောက်ရိုက်လိုက်တော့လည်း တဟဲဟဲနဲ့ ရယ်နေသေးသည်။
ဗေဒင်ဆရာက စိုင်းစွမ်းထက်ပိုင်၏ မွေးသက္ကရာဇ်တွေ၊လက္ခဏာတွေနဲ့ တွက်ချက်ပေးသည်။ စိုင်းစွမ်းထက်ပိုင်က စိတ်ဝင်တစား နားစွန့်နေသည်။
" အသက် နှစ်ဆယ်ကျော်ဝန်းကျင်လောက်နဲ့ အိမ်ထောင်ကျလောက်မယ်။အိမ်ထောင်ကျ စောမှာ။ "
" ဗျာ "
စိုင်းစွမ်းထက်ပိုင်၏ အသံက ကျယ်သွားတာမို့ အကုန်လန့်သွားကြသည်။
"အိမ်ထောင်ကျ စောလို့ လန့်သွားတာလား။ "
" ဟင့်အင်း ... နောက်ကျလို့။ ဒီက ၁၉လောက်ဆို ယူချင်နေပြီ။နှစ်ဆယ်ကျော်ဆိုလည်း နှစ်ဆယ်ကျော်ပေါ့။ နည်းနည်းပဲကျော်ပေး။ ဘာယထျာလေးများရှိလဲ။ "
" ဆရာလုပ်ပေးလိုက်မယ်။ "
ကာရံညီညာကတော့ စိုင်းစွမ်းထက်ပိုင်ကို ကြည့်ပြီး မျက်စံသာ လှန်လိုက်သည်။စိုင်းစွမ်းထက်ပိုင်တို့ ပိုးထိုးနေတာများ။
" အိမ်ထောင်ကကျတော့ ကျမှာမလား။ကျမှ ဖြစ်မှာနော် ဆရာကြီး။ ငယ်ငယ်က နောင်ချိုမှာ ဘေးအိမ်က အန်တီကြီး ကြည့်ပေးတာက သားကို လူပျိုကြီး ဖြစ်မှာတဲ့။ အိုချင်သေးတာ သားက ... "
စိုင်းစွမ်းထက်ပိုင်က ဗေဒင်ဆရာ တွက်ချက်နေသော စာရွက်အစွန်းလေးကို ဖိပေးထားရင်း ကာရံညီညာ့ကို ကြည့်ရင်း ပြောလာသည်။
စီးပွားရေးအကြောင်းတွေ မေးရင်း ဒေါ်နန်းခမ်းလွင်က ကျန်ခဲ့သည်။ ဗေဒင်ဆရာကတော့ စိုင်းစွမ်းထက်ပိုင်ကို သွက်လွန်းလို့ ချီးကျူးနေသည်။
ကာရံညီညာနဲ့စိုင်းစွမ်းထက်ပိုင်က ဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးလုပ်သည်။ ရေ၊ပန်း ကပ်လှုူသည်။
" အရှင်ဘုရား တပည့်တော်ရဲ့ အခုဘေးမှာ ရှိနေတဲ့သူနဲ့ ဘဝတစ်လျှောက်လုံး လက်တွဲနိုင်ပါစေ။ ခွဲခွာခြင်းဆိုတာမျိုး မကြုံပါရစေနဲ့။ "
စိုင်းစွမ်းထက်ပိုင်က ဆုတောင်းလိုက်တော့ ကာရံညီညာက မျက်လုံးပြူးလေးနဲ့ ခေါင်းလေးစောင်းငဲ့ကြည့်သည်။ စိုင်းစွမ်းထက်ပိုင်က လေးနက်စွာ ဆုတောင်းသွားတာ သိသိသာသာပင်။
"ခဲတွေစူးနေတာ။ "
ကာရံညီညာ၏ ခြေဖဝါးမှာ စူးဝင်နေတဲ့ ခဲသေးသေးလေးတွေကို စိုင်းစွမ်းထက်ပိုင်က ဒူးတစ်ဖက်ထောက်လျက်နဲ့ သေချာလေး ဖယ်ပေးသည်။ကာရံညီညာက ခုံလေးပေါ် ထိုင်နေရင်း စိုင်းစွမ်းထက်ပိုင် ကိုယ်တိုင် သားရေဖိနပ်လေး စီးပေးတာကို ငြိမ်နေပေးသည်။ စိုင်းစွမ်းထက်ပိုင်၏ ဆံပင်လေးကို ကာရံညီညာက ခပ်ဖွဖွလေးကိုင်လိုက်သည်။
" ကြွေသွားတာလား။ "
စိုင်းစွမ်းထက်ပိုင်က ပြောလိုက်တော့ ကာရံညီညာက ခေါင်းလေးစောင်းငဲ့ကာ ပြုံးသည်။ မျက်စံနက်နက်နဲ့ အခတ်လိုက်ရှိနေသော မျက်တောင်လေးတွေက ပနံရသည်။
" သိပ်လှတာပဲ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို မော့ကြည့်ရင်း ခပ်တိုးတိုးပြောသည်။ ယောကျ်ားလေး တစ်ယောက်ကို လှတယ်လို့ သုံးနှုန်းတာ တစ်မျိုး ဖြစ်နိုင်ပေမယ့် ကာရံညီညာက သေသေသပ်သပ်နဲ့ကို လှပတာ။
......................
" ပြန်ရောက်ပါပြီ။"
စိုင်းစွမ်းထက်ပိုင်က အိမ်ထဲကို ဝင်ဝင်ချင်း အော်ပြောလာသည်။ဒေါ်နန်းခမ်းလွင်ကပါ အိမ်ကိုခေါ်နေသည်မို့ ကာရံညီညာလည်း လိုက်လာရသည်။ ဧည့်သည်တွေ အနည်းငယ် ရောက်နေပေမယ့် မွေးနေ့ရှင် ဖြစ်တဲ့ စိုင်းစွမ်းထက်ပိုင် ကိုယ်စား လူကြီးတွေက ဧည့်ခံနေရသည်။
ဧည့်ခန်းမှာထိုင်နေတဲ့ အသက်၇၀ကျော်အရွယ် အဘွားကြီးကို စိုင်းစွမ်းထက်ပိုင်က ဖက်ထားသည်။အဘွားကြီးက ခေါင်းဘီးကို လက်ကကိုင်ထားပြီး စိုင်းစွမ်းထက်ပိုင်ကို လက်တစ်ဖက်က ပြန်ဖက်ထားသည်။
" ကလေး ထိုင်လေကွဲ့။ "
" ဟုတ် "
ကာရံညီညာက ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
" အငယ်လေးက ဆိုးတယ်မလား။ အိမ်မှာလည်း ဆိုးတယ်။ တစ်ခုခုဆိုရင် ဒါမှဒါ။ ဂျစ်ကန်ကန်နဲ့။ "
ကာရံညီညာက ပြုံးရင်းသာ နားထောင်နေလိုက်သည်။
" အဘွားကလည်း ကျွန်တော် အဲ့လောက်လည်း မဆိုးပါဘူးနော်။ "
" ဖယ်စမ်းပါဦးဟယ်။ လူကို အတင်းလာဖက်နေတာ။ "
စိုင်းစွမ်းထက်ပိုင်က ဖယ်သွားပြီး ဆိုဖာလက်ရန်းမှာ ဘေးတစောင်းထိုင်သည်။
" အဘွားဆံပင်ဖြီးပြီး ဆံထုံး ထုံးမှာဆို ထုံးစမ်းပါ။ ဆံပင်က တစ်ခေါင်းလုံးဖြူနေပါတယ်ဆို ဖားလျားကြီး ချထားတာများ သိုင်းလောကသားကြီးကျနေတာပဲ။ "
" အဲ့ဒါသာကြည့် "
အဘွားကြီးက စိုင်းစွမ်းထက်ပိုင်ကို ခေါင်းဘီးနဲ့ တစ်ချက်ရိုက်လိုက်သည်။ဆံထုံး ထုံးဖို့ပြင်နေတာကို သူပဲ အတင်းလာဖက်ပြီးများ။
" သူက နည်းနည်းဆိုးတယ်။ သူတကယ် ဂျစ်တာ သား မမြင်ဘူးလို့။ ဒေါသထွက်ရင်လည်း အရွယ်နဲ့မလိုက်ဘူး။ ဒီလို ခပ်နောက်နောက်သာနေတာ တကယ်စိတ်တိုလာရင် တော်တော်ထိန်းယူရတာ။ "
စိုင်းစွမ်းထက်ပိုင်တို့ မိသားစုဝင်တွေက တော်တော်လေး သဘောကောင်းကြသည်။လူကြီးတွေကစ ကာရံညီညာကို ရင်းရင်းနှီးနှီးရှိသည်။ တကယ်Socialကောင်းသည်။
" ဟုတ်တယ် အစ်ကိုကာရံ။ သူ တကယ်ဒေါသထွက်တာ မြင်ရင် သတိတောင် လစ်သွားလောက်တယ်။ "
ဧည့်ခန်းက စားပွဲမှာတင်ထားတဲ့ ပန်းသီးစိပ်ကို ခက်ရင်းနဲ့ ကောက်စားရင်း စိုင်းရတုဟန်ကပါ ဝင်ပြောလာသည်။
" ဟုတ်ပါ့။ "
" ဒါကတော့ အဘွားရယ်။ အဘွားတို့နဲ့မို့လို့ ဆိုးတာလေ။ အစ်ကိုသာ မကြိုက်ဘူးဆိုရင် ဟုတ်ကဲ့ဆိုပြီး နာခံမှာ။ "
" လူကြီးရှိနေတယ်လေ။ "
ကာရံညီညာက ခပ်တိုးတိုးဟန့်သည်။ စိုင်းစွမ်းထက်ပိုင်ကတော့ ပုံမှန်စကားပြောနေသလို သက်တောင့်သက်သာပဲ။
" ယုံမနေဘူး။ မင်းက ဇိုး။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ပခုံးပေါ် ခေါင်းလေး မမီတမီ မီရင်း ပြောလာသည်။
" အစ်ကိုနဲ့ဆိုရင် နွဲ့ဆိုးဖြစ်နေမှာ။ "
စိုင်းရတုဟန်က အော့အန်ပြသည်။ အဘွားကတော့ ခပ်ပြုံးပြုံးပဲ။ ကာရံညီညာလည်း မပွင့်တပွင့် ပြုံးလိုက်မိပါသည်။
ဆက်ရန်
Zawgyi
စာေမးပြဲေျဖဖို႔ ငါးရက္ေလာက္အလိုမွာ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာတို႔အိမ္ ေရာက္လာသည္။ ကိုးတန္းေတြက နားရက္ေရာက္ၿပီမို႔ စိုင္းစြမ္းထက္ပိုင္လည္း ေက်ာင္းတက္စရာမလိုဘူး။ ကာရံညီညာကလည္း အိမ္မွာပဲ စာက်က္ျဖစ္ေတာ့သည္။
" ေသခ်ာေလး ျပန္ပို႔ေပးမယ္ေနာ္။စိတ္ခ်ပါရွင့္။ "
စိုင္းစြမ္းထက္ပိုင္၏ အေမေဒၚနန္းခမ္းလြင္ပါ လိုက္လာၿပီး ကာရံညီညာ့ကို လာေခၚေတာ့ ေဒၚခင္ခ်ိဳက ထည့္ေပးလိုက္သည္။
" ဟုတ္ကဲ့ပါ ... စိုင္းစြမ္းကို ကာရံနဲ႕ ပတ္သတ္ၿပီး ရင္းႏွီးၿပီးသားပဲ။ ေခၚသြားပါ။"
ကားေပၚေရာက္ေတာ့ ကာရံညီညာက ကားေရွ႕ခန္းက ေဒၚနန္းခမ္းလြင္ကို ၿပဳံးျပၿပီးမွ စိုင္းစြမ္းထက္ပိုင္ဘက္ကို လွည့္ကာ ဘာလဲဆိုတဲ့ သေဘာ မ်က္ခုံးပင့္ျပကာ ေမးသည္။ကားအေနာက္ခန္းမွာ စိုင္းစြမ္းထက္ပိုင္နဲ႕ကာရံညီညာ ႏွစ္ေယာက္သာရွိသည္။
" လာေတာင္းတာမဟုတ္ပါဘူးဗ်ာ။ ဒီေန႕ ကြၽန္ေတာ့္ေမြးေန႕မို႔ေလ။ ဘုရားသြားၿပီး အလႈူလုပ္ရင္း ဘုရားကအျပန္ အစ္ကို စာေမးပြဲေျဖခါနီး ယထ်ာေခ်ေပးမလို႔တဲ့။ "
" မင္းအေမကို ဘာေတြ ေလွ်ာက္ေျပာထားေသးလဲ။"
" သူငယ္ခ်င္းလို႔ပဲ ေျပာထားတာပါ စိတ္မပူပါနဲ႕။ "
စိုင္းစြမ္းထက္ပိုင္က တက္ႂကြစြာ ေျဖလာသည္။ မ်က္မွန္ကိုင္း၏ အလည္တည့္တည့္ကိုလည္း လက္ညွိုးနဲ႕ တစ္ခ်က္ပင့္လိုက္ေသးသည္။ ကာရံညီညာက မ်က္ေစာင္းသာ ထိုးလိုက္ေပမယ့္ စိုင္းစြမ္းထက္ပိုင္က အ႐ြယ္နဲ႕မလိုက္ေအာင္ Styleက်တာကိုေတာ့ ဝန္ခံရပါမည္။
" အကုန္ေလွ်ာက္လုပ္တာေနာ္ ... မေျပာခ်င္ဘူး။ "
ကာရံညီညာက အျပစ္တင္ေတာ့ စိုင္းစြမ္းထက္ပိုင္က သြားညီညီေသးေသးေလးေတြ ေပၚသည္အထိ ရယ္သည္။စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ေဘးကို အတင္းတိုးကပ္ထိုင္ရင္းမွ ခပ္တိုးတိုး ေျပာလာသည္။
" ကြၽန္ေတာ့္ ေမြးေန႕မို႔ အိမ္မွာ ဒံေပါက္ေကြၽးတာ။ ကြၽန္ေတာ္တို႔အိမ္ကို ဝင္ၿပီးမွ ျပန္ေနာ္။ "
" မဝင္ခ်င္ပါဘူး။ "
" မရဘူး ... ဝင္ရမယ္... ဒံေပါက္မစားခ်င္ရင္ေတာင္ အိမ္ကလူေတြနဲ႕ မိတ္ျဖစ္ေဆြျဖစ္ တစ္ခြက္ေလာက္ေတာ့ ေသာက္သြားေပါ့။ "
" ဘာ "
" ေကာ္ဖီ ... ေကာ္ဖီ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာနဲ႕ ဒီရက္ပိုင္း မေတြ႕ျဖစ္တာမို႔ အခုလိုေတြ႕ရခ်ိန္မွာ တက္ႂကြေနသည္။ စကားေတြ တရစပ္ေျပာကာ စ, ေနာက္ေနသည္။
" တအားကပ္ေနၿပီ ... ဟိုဖက္နည္းနည္းတိုးဦး။ "
ကာရံညီညာ၏ မ်က္ႏွာက ကားမွန္နဲ႕ေတာင္ ထိမိေနၿပီ။ စိုင္းစြမ္းထက္ပိုင္ေဘးတစ္ဖက္မွာ ေနရာလြတ္ႀကီး။
" မတိုးခ်င္ဘူး။ဒီလိုေလး ကပ္ထားေတာ့ ေႏြးေထြးတယ္ေလ။ ေဆာင္းတြင္းႀကီး အိပ္ယာထဲ ေသးေပါက္ခ်မိသလိုပဲ။ "
ကာရံညီညာက တစ္ခ်က္ၿပဳံးလိုက္သည္။ဒီရက္ပိုင္းအတြင္း ဒါမ်ိဳးေျပာတာေလးေတြကို မၾကားခဲ့ရဘူးေလ။ကာရံညီညာ့၏ ပိန္ပိန္ေသးေသး ခႏၶာကိုယ္ေလးက တံခါးနဲ႕ စိုင္းစြမ္းထက္ပိုင္၏ ခႏၶာကိုယ္ၾကား ညွပ္ပိတ္ေနသည္။စိုင္းစြမ္းထက္ပိုင္ကလည္း ခႏၶာကိုယ္တစ္ခုလုံးကို ကာရံညီညာ့၏ ကိုယ္ေပၚ ပစ္မီထားရင္း ခပ္ေခ်ာေခ်ာမ်က္ႏွာေလးက ၿပဳံးေနသည္။
" မ်က္မွန္က ပါဝါဘယ္ေလာက္လဲ။ "
" ဟမ္ "
" မင္းမ်က္မွန္ကို ေမးတာ။အေဝးမႈန္လား။ အနီးမႈန္လား။ "
" ေၾသာ္ " စိုင္းစြမ္းထက္ပိုင္က မ်က္မွန္ေလးကို ပင့္တင္ရင္းမွ ေျဖသည္။
" ဒါက Long_ Sightလည္းမဟုတ္ဘူး။ Short Sightလည္း မဟုတ္ဘူး။Show_Sight ,Showလုပ္ၿပီး လွခ်င္လို႔တက္ထားတာ။ ဘာပါဝါမွမပါဘူး။ ဘယ္လိုလဲ ခန့္တယ္မလား။ "
" အ႐ူး "
ေဒၚနန္းခမ္းလြင္ပါ ရွိေနတာမို႔ ကာရံညီညာက ခပ္တိုးတိုးသာ ေျပာလိုက္သည္။
.........................
" ကေလးက စာေမးပြဲေျဖခါနီးေနေတာ့ ကံေကာင္းေစေအာင္ ဘာအေဆာင္ေလးေတြမ်ား ေဆာင္ေပးရမလဲ။ "
ေဒၚနန္းခမ္းလြင္က ကာရံညီညာ့၏ ပခုံးေလးကို ကိုင္ရင္း ေဗဒင္ဆရာ့ကို ေမးလာသည္။ အခုမွ ေတြ႕ဖူးတဲ့ ကာရံညီညာ့အေပၚမွာ ေႏြးေထြးလြန္းသည္။
" ယထ်ာေကာင္းေကာင္းေလး လုပ္ေပးလိုက္မယ္။ကံေကာင္းေစတဲ့ပန္းက စံပယ္ပန္း။ "
ေဗဒင္ဆရာတြက္ခ်က္ေပးသမွ်ကို ေဒၚနန္းခမ္းလြင္က ေသခ်ာေလး လိုက္မွတ္သည္။ ကာရံညီညာ့ကိုလည္း မၾကာခဏ ၿပဳံးျပပါေသးသည္။
" အေမ သားအလွည့္။ "
အေနာက္မွာထိုင္ေနတဲ့ စိုင္းစြမ္းထက္ပိုင္ဆီက အသံထြက္လာသည္။ ေဒၚနန္းခမ္းလြင္က စိုင္းစြမ္းထက္ပိုင္၏ နဖူးကို ခပ္ဖြဖြ ရိုက္လိုက္ၿပီး
" မင္းအလွည့္ေရာက္ၿပီ လာခဲ့။ "
" ေမးရခ်ည္ေသးရဲ႕။ "
ေျခမ်က္စိ ဖုံးသည္အထိ ရွည္ေနေသာ ပုဆိုးအနီကြက္ေလးကို စိုင္းစြမ္းထက္ပိုင္က အနည္းငယ္ မ, လိုက္ၿပီးမွ ခုနက ကာရံညီညာ ထိုင္ေနေသာ ေနရာမွာလာထိုင္သည္။ေနရာကက်ဥ္းတာမို႔ ကာရံညီညာက အေနာက္ေရာက္သြားသည္။
" ဒီကေလးလည္း ပညာေရးပဲလား။ ေမြးသကၠရာဇ္က ... "
" ဟင့္အင္း ... ကြၽန္ေတာ္က အခ်စ္ေရး။ ပညာေရးလမ္းေၾကာင္းက တ႐ုတ္ျပည္က မဟာတံတိုင္းထက္ရွည္ၿပီးသား။ အခ်စ္ေရးေလးပဲ သိခ်င္တာ။ ယထ်ာမွန္သမွ် အကုန္လုပ္မယ္။ "
" အသက္က လက္တစ္ဆစ္ေလာက္နဲ႕ ... "
စိုင္းစြမ္းထက္ပိုင္၏ ေက်ာကို မေအျဖစ္သူက ႏွစ္ခ်က္ေလာက္ရိုက္လိုက္ေတာ့လည္း တဟဲဟဲနဲ႕ ရယ္ေနေသးသည္။
ေဗဒင္ဆရာက စိုင္းစြမ္းထက္ပိုင္၏ ေမြးသကၠရာဇ္ေတြ၊လကၡဏာေတြနဲ႕ တြက္ခ်က္ေပးသည္။ စိုင္းစြမ္းထက္ပိုင္က စိတ္ဝင္တစား နားစြန့္ေနသည္။
" အသက္ ႏွစ္ဆယ္ေက်ာ္ဝန္းက်င္ေလာက္နဲ႕ အိမ္ေထာင္က်ေလာက္မယ္။အိမ္ေထာင္က် ေစာမွာ။ "
" ဗ်ာ "
စိုင္းစြမ္းထက္ပိုင္၏ အသံက က်ယ္သြားတာမို႔ အကုန္လန့္သြားၾကသည္။
"အိမ္ေထာင္က် ေစာလို႔ လန့္သြားတာလား။ "
" ဟင့္အင္း ... ေနာက္က်လိဳ႕။ ဒီက ၁၉ေလာက္ဆို ယူခ်င္ေနၿပီ။ႏွစ္ဆယ္ေက်ာ္ဆိုလည္း ႏွစ္ဆယ္ေက်ာ္ေပါ့။ နည္းနည္းပဲေက်ာ္ေပး။ ဘာယထ်ာေလးမ်ားရွိလဲ။ "
" ဆရာလုပ္ေပးလိုက္မယ္။ "
ကာရံညီညာကေတာ့ စိုင္းစြမ္းထက္ပိုင္ကို ၾကည့္ၿပီး မ်က္စံသာ လွန္လိုက္သည္။စိုင္းစြမ္းထက္ပိုင္တို႔ ပိုးထိုးေနတာမ်ား။
" အိမ္ေထာင္ကက်ေတာ့ က်မွာမလား။က်မွ ျဖစ္မွာေနာ္ ဆရာႀကီး။ ငယ္ငယ္က ေနာင္ခ်ိဳမွာ ေဘးအိမ္က အန္တီႀကီး ၾကည့္ေပးတာက သားကို လူပ်ိဳႀကီး ျဖစ္မွာတဲ့။ အိုခ်င္ေသးတာ သားက ... "
စိုင္းစြမ္းထက္ပိုင္က ေဗဒင္ဆရာ တြက္ခ်က္ေနေသာ စာ႐ြက္အစြန္းေလးကို ဖိေပးထားရင္း ကာရံညီညာ့ကို ၾကည့္ရင္း ေျပာလာသည္။
စီးပြားေရးအေၾကာင္းေတြ ေမးရင္း ေဒၚနန္းခမ္းလြင္က က်န္ခဲ့သည္။ ေဗဒင္ဆရာကေတာ့ စိုင္းစြမ္းထက္ပိုင္ကို သြက္လြန္းလို႔ ခ်ီးက်ဴးေနသည္။
ကာရံညီညာနဲ႕စိုင္းစြမ္းထက္ပိုင္က ဘုရားရင္ျပင္ေတာ္မွာ သန့္ရွင္းေရးလုပ္သည္။ ေရ၊ပန္း ကပ္လႈူသည္။
" အရွင္ဘုရား တပည့္ေတာ္ရဲ႕ အခုေဘးမွာ ရွိေနတဲ့သူနဲ႕ ဘဝတစ္ေလွ်ာက္လုံး လက္တြဲနိုင္ပါေစ။ ခြဲခြာျခင္းဆိုတာမ်ိဳး မႀကဳံပါရေစနဲ႕။ "
စိုင္းစြမ္းထက္ပိုင္က ဆုေတာင္းလိုက္ေတာ့ ကာရံညီညာက မ်က္လုံးျပဴးေလးနဲ႕ ေခါင္းေလးေစာင္းငဲ့ၾကည့္သည္။ စိုင္းစြမ္းထက္ပိုင္က ေလးနက္စြာ ဆုေတာင္းသြားတာ သိသိသာသာပင္။
"ခဲေတြစူးေနတာ။ "
ကာရံညီညာ၏ ေျခဖဝါးမွာ စူးဝင္ေနတဲ့ ခဲေသးေသးေလးေတြကို စိုင္းစြမ္းထက္ပိုင္က ဒူးတစ္ဖက္ေထာက္လ်က္နဲ႕ ေသခ်ာေလး ဖယ္ေပးသည္။ကာရံညီညာက ခုံေလးေပၚ ထိုင္ေနရင္း စိုင္းစြမ္းထက္ပိုင္ ကိုယ္တိုင္ သားေရဖိနပ္ေလး စီးေပးတာကို ၿငိမ္ေနေပးသည္။ စိုင္းစြမ္းထက္ပိုင္၏ ဆံပင္ေလးကို ကာရံညီညာက ခပ္ဖြဖြေလးကိုင္လိုက္သည္။
" ေႂကြသြားတာလား။ "
စိုင္းစြမ္းထက္ပိုင္က ေျပာလိုက္ေတာ့ ကာရံညီညာက ေခါင္းေလးေစာင္းငဲ့ကာ ၿပဳံးသည္။ မ်က္စံနက္နက္နဲ႕ အခတ္လိုက္ရွိေနေသာ မ်က္ေတာင္ေလးေတြက ပနံရသည္။
" သိပ္လွတာပဲ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ေမာ့ၾကည့္ရင္း ခပ္တိုးတိုးေျပာသည္။ ေယာက်္ားေလး တစ္ေယာက္ကို လွတယ္လို႔ သုံးႏႈန္းတာ တစ္မ်ိဳး ျဖစ္နိုင္ေပမယ့္ ကာရံညီညာက ေသေသသပ္သပ္နဲ႕ကို လွပတာ။
......................
" ျပန္ေရာက္ပါၿပီ။"
စိုင္းစြမ္းထက္ပိုင္က အိမ္ထဲကို ဝင္ဝင္ခ်င္း ေအာ္ေျပာလာသည္။ေဒၚနန္းခမ္းလြင္ကပါ အိမ္ကိုေခၚေနသည္မို႔ ကာရံညီညာလည္း လိုက္လာရသည္။ ဧည့္သည္ေတြ အနည္းငယ္ ေရာက္ေနေပမယ့္ ေမြးေန႕ရွင္ ျဖစ္တဲ့ စိုင္းစြမ္းထက္ပိုင္ ကိုယ္စား လူႀကီးေတြက ဧည့္ခံေနရသည္။
ဧည့္ခန္းမွာထိုင္ေနတဲ့ အသက္၇၀ေက်ာ္အ႐ြယ္ အဘြားႀကီးကို စိုင္းစြမ္းထက္ပိုင္က ဖက္ထားသည္။အဘြားႀကီးက ေခါင္းဘီးကို လက္ကကိုင္ထားၿပီး စိုင္းစြမ္းထက္ပိုင္ကို လက္တစ္ဖက္က ျပန္ဖက္ထားသည္။
" ကေလး ထိုင္ေလကြဲ႕။ "
" ဟုတ္ "
ကာရံညီညာက ေဘးခုံမွာ ဝင္ထိုင္လိုက္သည္။
" အငယ္ေလးက ဆိုးတယ္မလား။ အိမ္မွာလည္း ဆိုးတယ္။ တစ္ခုခုဆိုရင္ ဒါမွဒါ။ ဂ်စ္ကန္ကန္နဲ႕။ "
ကာရံညီညာက ၿပဳံးရင္းသာ နားေထာင္ေနလိုက္သည္။
" အဘြားကလည္း ကြၽန္ေတာ္ အဲ့ေလာက္လည္း မဆိုးပါဘူးေနာ္။ "
" ဖယ္စမ္းပါဦးဟယ္။ လူကို အတင္းလာဖက္ေနတာ။ "
စိုင္းစြမ္းထက္ပိုင္က ဖယ္သြားၿပီး ဆိုဖာလက္ရန္းမွာ ေဘးတေစာင္းထိုင္သည္။
" အဘြားဆံပင္ၿဖီးၿပီး ဆံထုံး ထုံးမွာဆို ထုံးစမ္းပါ။ ဆံပင္က တစ္ေခါင္းလုံးျဖဴေနပါတယ္ဆို ဖားလ်ားႀကီး ခ်ထားတာမ်ား သိုင္းေလာကသားႀကီးက်ေနတာပဲ။ "
" အဲ့ဒါသာၾကည့္ "
အဘြားႀကီးက စိုင္းစြမ္းထက္ပိုင္ကို ေခါင္းဘီးနဲ႕ တစ္ခ်က္ရိုက္လိုက္သည္။ဆံထုံး ထုံးဖို႔ျပင္ေနတာကို သူပဲ အတင္းလာဖက္ၿပီးမ်ား။
" သူက နည္းနည္းဆိုးတယ္။ သူတကယ္ ဂ်စ္တာ သား မျမင္ဘူးလို႔။ ေဒါသထြက္ရင္လည္း အ႐ြယ္နဲ႕မလိုက္ဘူး။ ဒီလို ခပ္ေနာက္ေနာက္သာေနတာ တကယ္စိတ္တိုလာရင္ ေတာ္ေတာ္ထိန္းယူရတာ။ "
စိုင္းစြမ္းထက္ပိုင္တို႔ မိသားစုဝင္ေတြက ေတာ္ေတာ္ေလး သေဘာေကာင္းၾကသည္။လူႀကီးေတြကစ ကာရံညီညာကို ရင္းရင္းႏွီးႏွီးရွိသည္။ တကယ္Socialေကာင္းသည္။
" ဟုတ္တယ္ အစ္ကိုကာရံ။ သူ တကယ္ေဒါသထြက္တာ ျမင္ရင္ သတိေတာင္ လစ္သြားေလာက္တယ္။ "
ဧည့္ခန္းက စားပြဲမွာတင္ထားတဲ့ ပန္းသီးစိပ္ကို ခက္ရင္းနဲ႕ ေကာက္စားရင္း စိုင္းရတုဟန္ကပါ ဝင္ေျပာလာသည္။
" ဟုတ္ပါ့။ "
" ဒါကေတာ့ အဘြားရယ္။ အဘြားတို႔နဲ႕မို႔လို႔ ဆိုးတာေလ။ အစ္ကိုသာ မႀကိဳက္ဘူးဆိုရင္ ဟုတ္ကဲ့ဆိုၿပီး နာခံမွာ။ "
" လူႀကီးရွိေနတယ္ေလ။ "
ကာရံညီညာက ခပ္တိုးတိုးဟန့္သည္။ စိုင္းစြမ္းထက္ပိုင္ကေတာ့ ပုံမွန္စကားေျပာေနသလို သက္ေတာင့္သက္သာပဲ။
" ယုံမေနဘူး။ မင္းက ဇိုး။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ ပခုံးေပၚ ေခါင္းေလး မမီတမီ မီရင္း ေျပာလာသည္။
" အစ္ကိုနဲ႕ဆိုရင္ ႏြဲ႕ဆိုးျဖစ္ေနမွာ။ "
စိုင္းရတုဟန္က ေအာ့အန္ျပသည္။ အဘြားကေတာ့ ခပ္ၿပဳံးၿပဳံးပဲ။ ကာရံညီညာလည္း မပြင့္တပြင့္ ၿပဳံးလိုက္မိပါသည္။
ဆက္ရန္