အချစ်ဆုံးသို့

By WhiteButterfly2342

2.4K 250 254

Akiraသည် ဝတ္ထုထဲမှ ဗီလိန်တစ်ဦးကို ချစ်မြတ်နိုးခဲ့သည်။ ထိုဗီလိန်သေဆုံးသွားချိန်တွင်တော့ သူနာကျင်ခံစားခဲ့ရသည်။... More

Description
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30

Part-22

41 6 3
By WhiteButterfly2342

Unicode

Akiraသည် Susieထံသို့ ဆက်သွယ်ကာ ညွှန်ကြားချက်အချို့ပေးလိုက်ပြီးသည့်နောက် Keikoနှင့် စီးပွားရေးအရရော လူမှုရေးအရပါ လုံးဝပတ်သတ်ခြင်းမရှိကြောင်း ထပ်မံကြေညာစေလိုက်သည်။ Daigoတို့ကတော့ အရင်ပြန်နှင့်သွားပြီဖြစ်သော်ငြား ကျန်ရှိနေသည့် Fukumura မိသားစုဝင်များသည် ရှက်လွန်း၍ မျက်နှာမပြရဲကြတော့ပေ။

Ginကတော့ Shiroအနားရောက်လာကာ ဘာလိုအပ်သလဲလာမေးရှာသည်။

"ကျွန်တော်အဆင်ပြေပါတယ်။"

"​ပွဲပြီးရင် အချိန်ရတယ်မလား။ ဦးလေးရယ် မင်းဒေါလေးရယ်နဲ့ တစ်ခုခုသွားစားကြရအောင်လေ။"

ထိုအခိုက် Akiraက ဝင်ပြောလာသည်။

"Shiroက နေမကောင်းသေးဘူးဗျ။ ဆေးရုံကဆင်းလာတာမကြာသေးဘူး။ အစာမာတောင်စားလို့မရသေးဘူး။"

ထိုအချိန်မှ Ginတို့လည်း Shiroဆေးရုံတက်ရသည်ကိုသိကာ စိတ်ပူသွားကြလေသည်။

"အခုနေကောင်းသွားပြီလား။"

"ဗိုက်နာနေသေးလား။ ခုဏကမတည့်တာတွေစားလိုက်သေးလား။"

Hanaရော Gin ပါ စိုးရိမ်တကြီး ဝိုင်းမေးကြရာ Shiroခမျာ နေရထိုင်ရပင် ခက်လာတော့သည်။ သူ့ကိုထိုကဲ့သို့ လူအများကြီးက ဝိုင်းဂရုမစိုက်ကြဖူးပေ။

"အာ... ကျွန်တော်အဆင်ပြေပါတယ်။ ဒီနေ့စားရတာတွေကလည်း တော်တော်များများက ကျွန်တော်နဲ့တည့်တာတွေချည်းပဲ။"

Hanaက ပြောလာသည်။

"ဒါဆို တို့စွပ်ပြုတ်ဆိုင်ပဲသွားရအောင်လေ။ ရာသီဥတုက အေးနေသေးတာပဲကို။ ခေါက်ဆွဲဆိုင်သွားလည်းမဆိုးဘူး။ အနောက်တိုင်းအစားအစာဆိုင်လည်း ကောင်းတာပဲ။"

Ginကရယ်ရင်း ပြန်ပြောလာသည်။

"Hanaကတော့ ဆိုင်ကောင်းတွေအကုန်သိနေတဲ့ပုံပဲ။ Akiraရော လိုက်ခဲ့ပါလား။"

Ginက ခေါ်တာကြောင့် Akiraမှာ အားတုံ့အားနာဖြစ်သွားရသည်။ သူလိုက်ခဲ့လို့မရပေ။

"ကျွန်တော်က မိသားစုနဲ့အတူ ညစာစားပွဲလေးရှိသေးလို့ပါဗျာ။ တကယ်အားနာပါတယ်။"

Akikoလည်းပြန်ရောက်နေကာ Ayato၏မိသားစုလည်းရှိနေမည်ဖြစ်တာကြောင့် Shiroတို့နှင့်လိုက်သွားပါက သူ့မိခင်​က ရေဆုံးမြေဆုံး လိုက်သတ်မှာ သူကြောက်ရပါသည်။

"ရပါတယ်ဗျာ။ နောက်တစ်ခါပေါ့။"

Hanaရော Gin ပါ သူ့ကိုဆက်သွယ်ရမည့် IDယူသွားကြကာ Shiroနှင့်အတူထွက်သွားကြလေသည်။ ဤခေတ်တွင် သေးငယ်သော ကုဗတုံးလေးမှ အလင်းထုတ်လွှတ်သော မှန်သားပြင်ကိုဖန်တီးနိုင်ပြီး ထိုအရာကိုဖုန်းဟုခေါ်သည်။ ထိုသေးငယ်သောအရာလေးသည် အလှဆင်ပစ္စည်းများနှင့်လည်း တွဲဖက်နိုင်ရာ အချို့က လက်ကောက်၊ ရင်ထိုး၊ ဆွဲကြိုးစသဖြင့် ဝတ်ဆင်ကာ အသုံးပြုကြသည်။ ထိုဖုန်းသည် ဘက်စုံသုံးနိုင်ပြီး ဖုန်း၊ ကွန်ပြူတာစသော ပစ္စည်းများ၏ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်နိုင်ကာ ဂိမ်းဆော့ကစားခြင်းမှအပ ကျန်လုပ်ဆောင်ချက်အားလုံးကိုလုပ်ဆောင်နိုင်သည်။

ထို့ပြင် ဖုန်းနံပါတ်အစား IDကိုသာ သုံးစွဲကြတော့သည်။ IDသည် ဆိုရှယ်မီဒီယာ ပလပ်ဖောင်းအားလုံးကိုအသုံးပြုနိုင်ကာ အကောင့်များစွာဖွင့်လို့ရနိုင်သည်။ သို့သော် ID passwordမသိလျှင် ထိုIDကို တုပသုံးစွဲလို့မရနိုင်ပေ။ IDသည် တရားဝင်အကောင့်ပုံစံဖြစ်ကာ Fake အကောင့်ဖွင့်လိုလျှင်တော့ ID မသုံးဘဲဖွင့်နိုင်သည်။ သို့သော် ထိုနည်းအားဖြင့် တရားဝင်အကောင့်နှင့် Fake အကောင့်သည် ခွဲခြားထားခြင်းခံရကာ လုံခြုံရေးတိုးမြှင့်ပြီးသားလည်းဖြစ်သွားသည်။

Shiroတို့ ထွက်သွားခါနီးတွင်တော့ တစ်ဖက်မှရန်ပွဲတစ်ပွဲကို နားစွန်နားဖျားကြားလိုက်ရလေသည်။

"အဲဒီလိုမလောက်လေးမလောက်စားကောင်တွေကို သွားအဖက်လုပ်စရာမလိုဘူး။ ပါပါးမပြောထားဘူးလား။ အောက်ခြေကကောင်တွေကို စကားမပြောနဲ့လို့။"

ကြည့်ရသည်မှာ အဖေဖြစ်သူက သမီးကိုဆူပူနေပုံရသည်။ လေ့လာရေးအားကောင်းသော Hanaက ခပ်တိုးတိုးပြောပြလာသည်။

"ခုဏက အဲဒီကောင်မလေးက Shiroဆီကို လက်ကိုင်ပုဝါလာပေးချင်နေတာ။ သူ့အဖေကဆွဲထားလို့။"

ထိုကောင်မလေးကို Shiroအကဲခတ်လိုက်မိသည်။ ထိုကောင်မလေးသည် မျက်နှာချိုသည့်ပုံစံလေးဖြစ်ကာ အသားအနည်းငယ်ညိုသည်။ ကြည့်ရသည်မှာ အရှေ့အလယ်ပိုင်းဒေသမှ လူမျိုးဖြစ်ဟန်ရ၏။ မျက်နှာက အတော်လေးလှကာ Dubaမြို့မှလာသည့်ပုံပင်။ ထိုမြို့သည် အတိတ်က သယံဇာတများစွာထွက်သောမြို့ဖြစ်ကာ ချမ်းသာခဲ့သည်။ သို့သော် ယခု မော်လီကျူးများကို တည်ဆောက်လာနိုင်ချိန်မှာတော့ သိပ္ပံပညာက အားသာသွားကာ သယံဇာတများကို ထုတ်ယူမှုနည်းသွားခဲ့သည်။

ထို့ကြောင့် သိပ္ပံပညာအားသာသော NewYokမြို့က ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်ကာ Hanaနေထိုင်သည့် မြို့က နည်းပညာအားဖြင့်တိုးတက်ပြီး ဒုတိယအချမ်းသာဆုံးမြို့ဖြစ်လာခဲ့သည်။

သို့သော် ချမ်းသာသည့်လူများကတော့ ချမ်းသာနေကြဆဲပင်။ ထိုကောင်မလေး၏မိသားစုသည် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်လုပ်ကာ ကမ္ဘာတစ်လွှားဖြန့်ချီပြီး ထိပ်တန်းအုပ်စုကြီး ငါးဆယ်ထဲတွင်ပါဝင်သည်ဟု သိရလေသည်။

ထိုကောင်မလေးသည် ငိုမဲ့မဲ့နှင့် သူ့အဖေဆွဲခေါ်ရာနောက်ပါသွားပြီးသည့်နောက် လူအုပ်ကြားမှပျောက်ကွယ်သွားခဲ့သည်။

Haga မိသားစုညစာစားပွဲတွင်တော့ အားလုံးက ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောနေကြပြီး Mrs.Hagaက Ayatoတို့မိသားစုကို ဒီမှာပဲ ညအိပ်သွားကြရန်ပြောဆိုနေသည်။ သူမ၏မြေးငယ်လေးများအတွက်ပင် လက်ဆောင်များစီစဥ်ထားပေးကာ အချိုပွဲများကိုလည်း များများစားစားစီစဥ်ထားပေးသည်။ ချွေးမလေးအတွက်လည်း Skin-care တစ်setကို သီးသန့် လက်ဆောင်ပေးထားသေးသည်။

"Akira... ဘယ်တော့အိမ်ထောင်ပြုမယ်လို့တွေးထားလဲ။ အဲဒီလိုနဲ့ မင်းတူတွေတူမတွေအရွယ်ရောက်လာပြီး မင်းထက်အရင် အိမ်ထောင်ကျကုန်တော့မယ်။"

Mrs.Hagaက ပြောလာတော့ Ayatoကရယ်သည်။

"Akiraက ငယ်သေးတာပဲအမေရဲ့။ သူစိတ်ရှည်ရှည်နဲ့ရွေးပါစေပါ။"

Ayato၏ဇနီးကလည်းဝင်ပြောလာသည်။

"Akiraက တော်လည်းတော်တော့ သူ့ကိုသဘောကျတဲ့မိန်းမလှလေးတွေအများကြီးရှိမှာပါ။ အမေစိတ်မပူပါနဲ့။"

Mrs.Hagaက သက်ပြင်းချလိုက်ရင်း ပြန်ပြောလာသည်။

"နင်တို့နှစ်ယောက်ကတော့ သူ့ကိုအလိုလိုက်တာပေါ့။ အမေက သူဘယ်သူ့ကိုရွေးရွေး သဘောတူပေးမှာပဲ။ ဒါပေမဲ့ ဒီအဘွားကြီးက အိုနေပြီလေကွယ်။ မြေးလေးတွေချီချင်သေးတာပေါ့။"

ထိုစကားကိုကြားတော့ Akiraကပြောလာသည်။

"တူလေးတူမလေးတွေရှိနေတာပဲကိုအမေရယ်။"

ထိုအချိန်တွင် Ayato၏ဇနီးသည်က ကလေးနှစ်ယောက်ကို ဧည့်ခန်းထဲသွားကစားစေလိုက်သည်။ Mrs.Hagaက ​လေးလေးနက်နက်မေးလာသည်။

"Akira... အဲဒီကောင်လေးက မင်းကိုသဘောကျတယ်တဲ့လား။ အမေက သူငယ်ချင်းရဲ့သမီးတွေကိုရွေးနေတာနော်။ မင်းစိတ်ဆုံးဖြတ်ထားပြီးသားဆိုရင် အမေ့ဘက်က ခြေလှမ်းပြောင်းရမှာ။"

"အဲဒီကောင်လေး??"

Ayatoတို့ဇနီးမောင်နှံနှစ်ယောက်ထံမှ အသံပြိုင်တူထွက်လာကြပြီးနောက် Akikoက အကြောင်းစုံပြောပြလာလေသည်။ Akiraကတော့ လေးလေးနက်နက်ပြောလာသည်။

"ကျွန်တော်က သူ့ကိုပျော်စေချင်ရုံပါပဲ။ အရင်ကတည်းက ကျွန်တော်တို့နှစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့နာကြည်းချက်တွေရှိနေခဲ့ပြီးသား။ သူ့ဆီကဘာမှပြန်ရဖို့ ကျွန်တော်မမျှော်လင့်ဘူး။"

Akira၏စကားကိုကြားရချိန်တွင်တော့ အားလုံးက စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်သည်။ အထူးသဖြင့် Mrs.Hagaသည် မျက်နှာလုံးဝမကောင်းတော့ပေ။ သူမသားကို မိသားစုလေးတစ်ခုနှင့် ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်သည်။

သို့သော် Akiraသည် သူတို့ဘာပြောပြောလက်ခံမည်မဟုတ်ဘဲ ထိုကောင်လေးအနားတွင် တွယ်ကပ်နေမည်ဆိုတာကိုလည်း သူတို့သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် မိဘသဘောတူသည့်လူကို လက်ထပ်ဖို့ရာလည်း သူတို့မဖြောင်းဖြဖြစ်တော့ပေ။

အားလုံးတိတ်ဆိတ်သွားကြချိန်တွင်တော့ Akikoက အေးစက်စက်လေထုကို ဖြိုခွဲရန်ကြိုးစားလာခဲ့သည်။

"Akiအခုတလော အစားအသောက်သင်တန်းတက်နေတာလေ။ အိမ်မှာရောက်တုန်းရောက်ခိုက် အစားအစာတွေလုပ်ကျွေးမယ်လေ။ ဘာစားချင်လဲ။"

Mrs.Hagaက ကြိုးစားပြုံးလိုက်ရင်း ပြောလာသည်။

"အမေတို့အတူတူချက်ကြမယ်လေ။ မနက်ဖြန် Ayatoတို့လည်း အိမ်မှာလာစားပေါ့။"

Ayato၏ဇနီးကလည်း ဆိုလာသည်။

"ဒါဆို ကျွန်မလည်း ကူပေးမယ်လေ။"

အားလုံးက ရယ်ရယ်မောမောနှင့် စကားဝိုင်းကိုဆက်နေကြသော်လည်း Mrs.Haga ဝမ်းနည်းသွားမှန်း ခန့်မှန်းမိကြသည်။ ထို့ကြောင့် အားလုံးက သူမကိုစိတ်ကြည်အောင် ပြန်ကြိုးစားနေကြလေသည်။

Mrs.Hagaသည် သားသမီးသုံးယောက်လုံးကိုချစ်တာမှန်သော်ငြား Ayatoနှင့် Akikoက လူကြီးဆန်ကာ ကိုယ့်လမ်းကိုယ်လျှောက်ကြတာမို့ သူမသိပ်စိတ်မပူနေ။ Mr.Hagaက Akikoအပေါ်အရမ်းစိတ်ပူသော်လည်း Akiက ကိုယ့်လမ်းကိုဖောက်ထွက်မည့်မိန်းကလေးမျိုးဖြစ်မှန်း သူမသိပြီးသားပင်။

သို့သော် Akiraကမတူ။ ခေါင်းမာလွန်းကာ အစွဲအလမ်းကြီးတတ်သည့်စရိုက်လေးကြောင့် ငယ်ကတည်းက ထိန်းရခက်ကာ သူမနှင့် ကတောက်ကဆအဖြစ်ဆုံးပင်။ မိသားစုတစ်ခုကိုအမြန်ဆုံးထူထောင်သွားစေချင်ပေမဲ့ အခု ထိုကလေးက တစ်ယောက်တည်းနေဖို့ အစီအစဥ်ဆွဲနေပုံပင်။

Shiroဆိုသောကောင်လေးသည် ဘယ်လိုလူမျိုးမို့လို့ အဲဒီလောက်တောင်တန်းတန်းစွဲဖြစ်နေရသလဲ သူမသိချင်မိသည်။ သူမသားက ထိုကောင်လေး၏အနာဂတ်ကိုဖျက်ဆီးခဲ့သည်ဆိုသော်ငြား ထိုအနာဂတ်ကိုပြန်တည်ဆောက်ပေးပြီးလျှင်တောင် ထိုကောင်လေးအနားက ခွဲခွာနိုင်မည်မဟုတ်မှန်းသိ၍ သူမစိုးရိမ်မိသည်။

သို့သော် သူမသား လူဆိုးကောင်လေးအ​ကြောင်းကိုလည်း သိနေတာကြောင့် သူမဘာမှမပြောလို။ ထို့ပြင် ထိုကိစ္စသည် Akiraဖြေရှင်းရမည့် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် သူမဝင်မပါရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

စားသောက်ကြပြီးနောက် Mrs.Hagaသည် ဧည့်ခန်းရှိ ဆိုဖာတွင်ထိုင်နေရင်း ချွေးမဖြစ်သူကိုပြောပြကာ ညည်းညူမိသည်။ သူမတို့ဧည့်ခန်းသည် အတော်လေးကျယ်ဝန်းကာ ဆိုဖာ နှစ်စုံသုံးစုံဖြင့် အလှဆင်ထားသည်။ ဧည့်ခန်းထဲဝင်ဝင်လာခြင်းတွင်တစ်စုံ၊ ညာဘက် မှာတစ်စုံရှိသည်။ အတွင်းဘက်ကို ဆက်သွားလျှင်တော့ အရှည်လိုက် ဟောကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တစ်စုံစီရှိကာ အလည်မှာတော့ လှေကားရှိသည်။

Akikoကတော့ Akiraအနားကပ်ကာ အပြစ်တင်ဆူပူနေလေသည်။

"ကိုကိုကတော့!!! Akiမရှိတာနဲ့ တလွဲတွေလုပ်တော့တာပဲ။ ဘာလို့သူငယ်ချင်းသွားလုပ်တာလဲ။ အဲဒီမှာ တစ်သက်လုံးပဲ တစ်ဖက်သတ်ချစ်နေလိုက်တော့။"

Akiraခပ်ရေးရေးပြုံးလိုက်မိသည်။ သူ့ပုံစံက ချစ်ခင်မြတ်နိုးရသည့်သူကို တွေးတောနေသလိုပင်။

"တစ်ဖက်သတ်ဆိုလည်းရပါတယ်။"

သူ့ဖုန်းကိုသာမကြာခဏကြည့်နေမိသည်။ Shiroဘယ်တော့အားလပ်မလဲ သူမေးထားသော်ငြား ထိုစာသည် seenပြခြင်းပင် မခံရပေ။

အချစ်တွင်လုံးလုံးလျားလျားနစ်မြုပ်နေရှာသော အစ်ကိုဖြစ်သူကိုကြည့်ရင်း သူမသက်ပြင်းချလိုက်မိသည်။

"မပြောချင်တော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။"

Akiraသည် ရယ်မောလိုက်ရင်း ပွစိပွစိရွတ်နေသော ညီမဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။ နှလုံးသားထဲတွင်တော့ အလွမ်းဝေဒနာတို့က တစ်မြေ့မြေ့တိုက်စားလို့နေခဲ့သည်။

နောက်တစ်ရက်တွင်လည်း Akiraသည် မိခင်နှင့် ညီမ၏အဆူအဆဲကိုခံကာ အိမ်ကချက်သော အစားအသောက်များကို Shiroအတွက်ထုပ်ပိုးသွားလေသည်။

Ayato၏ဇနီးက ရယ်မောလိုက်ရင်း ပြောလာသည်။

"Akiraကို အဲဒီလိုဖြစ်သွားအောင် ပြုစားလိုက်တဲ့ကောင်လေးက ဘယ်လိုကောင်လေးဖြစ်မလဲမသိဘူးနော်။"

Akikoကတော့ တက်ကြွစွာနှင့် Shiro၏ပုံကိုပြလာခဲ့သည်။ ထိုပုံကို သုံးယောက်သားဝိုင်းကြည့်ကြရင်း လက်မထောင်ကာ မှတ်ချက်ပေးလာကြသည်။

Mrs.Hagaကဆိုလာသည်။

"ရုပ်ရည်ကတော့ထိပ်တန်းပဲ။ အပြုအမူကလည်း ရည်မွန်တယ်။ သဘောကောင်းမယ့်ပုံမပေါက်ပေမဲ့ ကြင်နာတတ်မယ့်ရုပ်လေးပါ။ မဆိုးပါဘူး။"

ထို့နောက် ယောင်းမက ဆိုလာသည်။

"အတော်လေးချစ်ဖို့ကောင်းတာပဲ။ အလုပ်အရမ်းကြိုးစားတယ်လို့ကြားဖူးတယ်။ လူတွေကတော့ သူ့ကိုကံမကောင်းဘူးလို့ပြောကြတာပဲ။"

သူမတို့သုံးယောက်သားသည် တစ်ယောက်တစ်ပေါက်ပြောနေကြရင်း အခြားအကြောင်းအရာများအထိရောက်သွားပြီးနောက် Akiraကိုဒေါသထွက်နေသည်ကို မေ့သွားကြတော့သည်။

သူများမကျွေးခင် အစားအသောက်များလုလာသော Akiraသည်လည်း Shiro၏ကုမ္ပဏီသို့ စောစောရောက်လာကာ ရုံးခန်းတံခါးရှိအချက်ပေးကိုနှိပ်လိုက်သည်။

Shiroသည် မချည်ထားရသေးသော နက်ကတိုင်ကို လည်ပင်းမှာဆွဲလိုက်ရင်း တံခါးလာဖွင့်ပေးလေသည်။ ခါတိုင်းထက်စိတ်ကြည်နေပုံရကာ ကျန်းမာနေပုံလည်းပေါက်တာကြောင့် ယခင်ညက အရက်မသောက်ခဲ့မှန်း သူခန့်မှန်းလိုက်မိသည်။

Shiroကိုလွမ်းလွန်း၍ သူ့မှာတစ်ညလုံးအိပ်လို့မပျော်ခဲ့သော်ငြား ထိုကောင်လေးကတော့ သူ့စာကို မြင်ပင်မမြင်ခဲ့ပေ။ ထို့ကြောင့် ရုံးခန်းထဲဝင်ဝင်လာချင်း သူပြောလိုက်သည်။

"ကိုယ်မင်းကို စာပို့ထားသေးတယ်လေ။ မင်းမကြည့်အားဘူးထင်တယ်။"

Shiroလည်း ထိုအချိန်မှ ဖုန်းကိုကောက်ဖွင့်ကြည့်မိသည်။

"ဟုတ်သားပဲ။ ကျွန်တော်သတိမထားလိုက်မိလို့။"

အမှန်တော့ ထိုကောင်လေးသည် သူ့စာကိုမဖတ်ချင်ရုံသာဖြစ်မှန်း သူသိသည်။ သူ့အတွက်ကတော့ မျက်နှာလေးကိုမြင်ရရုံနှင့်ပင် ကျေနပ်ပြီမို့ စိတ်ထဲကြာကြာမထားဖြစ်လိုက်ပေ။

Akiraသည် ထမင်းဘူးများကို စားပွဲပေါ်ချလိုက်ရင်း ပြောလာသည်။

"ဒါက ကိုယ့်အိမ်ကချက်တာ။ မိသားစုတွေစုံကြတုန်း အမေတို့ချက်ကြတာရယ်။ မင်းမတည့်တာတော့မပါပါဘူး။ ပူတုန်းလေးစားရအောင်။"

"ခင်ဗျားမိသားစုနဲ့အတူတူမစားဘူးလား။ သူတို့စိတ်ဆိုးနေကြတော့မှာပဲ။"

Shiroက လာထိုင်ရင်း ပြောလာတော့ သူပြန်ပြောလိုက်သည်။

"သူတို့စိတ်ဆိုးနေကြဖြစ်နေပါပြီ။"

ထမင်းဘူးကိုဖွင့်လိုက်လေတော့ ပူပူနွေးနွေး ထမင်းနှစ်ခွက်ပါသည်။ ဟင်းများကတော့ အသားချက်နှစ်မျိုးအပြင် အသားပြည့်ပြည့်ဖက်ထုပ်ဝိုင်းဝိုင်းလေးများ၊ အရွက်နှင့်တို့ဖူးရောကြော်ထားသော အရံဟင်းလေးအပြင် သောက်စရာဟင်းချိုရည် ချဥ်ချဥ်လေးက ပါသေးသည်။ အစပ်အရသာအနည်းငယ်သာပါတာကြောင့် Shiro၏အစာအိမ်အတွက်လည်း ကောင်းမွန်သည်။

အငွေ့တထောင်းထောင်းထကာ ဟင်းခတ်အမွှေးအကြိုင်စုံစုံလင်လင်နှင့် ကောင်းမွန်လွန်းသော ဟင်းပွဲများကိုကြည့်ရင်း Shiroအားတုံ့အားနာပြောမိရသည်။

"ခင်ဗျားဒီလိုယူလာဖို့မလိုပါဘူး။"

Akiraက သူ့ကိုဇွန်းတစ်ချောင်းပေးလာပြီး ပြောလာလေသည်။

"မဟုတ်တာ။ ကိုယ်ယူလာချင်လို့ပါ။ မင်းလည်း ကန်တင်းကအစားအသောက်တွေပဲ အမြဲလိုလိုစားနေရတော့ ငြီးငွေ့မှာပေါ့။"

ထို့နောက် Akiraက Shiro၏ပန်းကန်ထဲကို အသားတစ်တုံးထည့်ပေးလာသည်။

"မနက်စာက နည်းနည်းတော့ လေးသွားတယ်ဆိုပေမဲ့ အားရှိအောင်စားလိုက်ပါ။"

ထိုအသားတုံးလေးသည် တစ်လုပ်စာဖြစ်သည့်အပြင် ကိုက်ဝါးရလည်းလွယ်သည်။ ပါးစပ်ထဲရောက်သည့်နှင့် ကောင်းမွန်သောအရသာက ပြန့်နှံ့လို့သွားသည်။

"ကောင်းလိုက်တာ။"

Akiraက ပြုံးလိုက်ပြီး အခြားဟင်းများကိုလည်း ထပ်ထည့်ပေးလာသည်။

"များများစားနော်။ အဲဒါမှ မင်းကျန်းမာလာမှာ။"

နှစ်ခြိုက်စွာစားသောက်နေသော Shiroကိုကြည့်ရင်း Akiraရင်ထဲအတိုင်းမသိ ဝမ်းသာရသည်။ ထိုကောင်လေးသည် အလွယ်တကူပြည့်ဖြိုးမလာ၍ သူအနည်းငယ်စိတ်ညစ်ရသော်ငြား ယခုလိုအသားအရောင်လေးကြည်လာလျှင်ကို သူဝမ်းသာနေပြီ။

Shiroက ပြောလာပြန်သည်။

"ခရီးသွားဖို့ကို ကျွန်တော်စဥ်းစားထားပြီးပြီ။ ဒီလရဲ့ စာရင်းတွေအရဆို ဘဏ္ဍာရေးကလည်း ခရီးစရိတ်တချို့ခွဲထားပေးမယ်လို့ပြောတယ်။ အရန်စရိတ်တွေကိုပါ ထည့်လိုက်မယ်ဆိုရင် အတော်လေးအဆင်ပြေမယ့်နေရာတွေသွားလို့ရတယ်။"

Shiroပြလာသောနေရာများသည် အကုန်အကျသက်သာကာ စျေးနှုန်းအသင့်အတင့်ဖြစ်သည်။ Akiraပို့ထားသော နေရာများမှ ပြန်လည်ရွေးချယ်ကာ ဝန်ထမ်းများနှင့်လည်း တိုင်ပင်ထားပြီးဖြစ်သည်။ မဲခွဲကာရွေးချယ်ပြီးနောက် နှစ်​နေရာကို ရွေးချယ်ခဲ့ကြသည်။ ထိုနေရာများက ကမ်းခြေနှင့် သဘာဝတောရိုင်းဥယျာဥ်ဖြစ်သည်။

"ကျွန်တော်တို့ ကမ်းခြေမှာ အပန်းဖြေအိမ်ငှားမယ်။ အဲဒီမှာ တစ်ရက်နေကြမယ်။ နောက်တစ်ရက်ကျ တောရိုင်းဥယျာဥ်မှာ နှစ်ရက် စခန်းချကြမယ်လို့စိတ်ကူးထားတယ်။"

တောရိုင်းဥယျာဥ်ဟုဆိုသော်လည်း ပင်ပန်းခက်ခဲသောနေရာမဟုတ်ပေ။ ရွက်ဖျင်တဲကြီးများရှိကာ သက်တောင့်သက်သာနားနေနိုင်ပြီး သဘာဝတိရစ္ဆာန်များကို ကေဘယ်ကားလေးနှင့်ပတ်လေ့လာရင်း အချိန်ကုန်ဆုံးရုံသာဖြစ်သည်။ ထူထပ်သော တောအုပ်ကြီးများတွင် ကေဘယ်ကြိုးနှင့် တွဲချိတ်ထားသော လျှပ်စစ်ကားများကိုအသုံးပြုကာ ဟိုဟိုဒီဒီသွားလာရင်း တိရစ္ဆာန်များကြည့်လိုက် AIစက်က ရှင်းပြတာ နားထောင်လိုက်လုပ်ရုံသာ။

သို့သော် ထိုနေရာသည် အသက်ဆယ့်ရှစ်နှစ်အထက်များကိုသာဝင်ခွင့်ပြုပြီး တိရစ္ဆာန်ရုံနှင့်မတူညီချေ။ ကိုယ်ဝန်ဆောင်များနှင့် အသက်ကြီးသူများကိုပင် ဝင်ခွင့်မပြု။ အဘယ့်ကြောင့်ဆိုသော ထိုဥယျာဥ်ထဲမှ တိရစ္ဆာန်များသည် သဘာဝအတိုင်းနေထိုင်ကျက်စားနေကြခြင်းဖြစ်ကာ အခန့်မသင့်လျှင် အမဲလိုက်ခြင်းကိုပါမြင်တွေ့ရနိုင်ပြီး ကားမှန်များက ချက်ချင်းဆင်ဆာဖြတ်ပေးသည်ဆိုသော်ငြား ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။

သို့သော် ဝန်ထမ်းအားလုံးက စိတ်ဝင်စားကြပြီး Junကပင် ထိပ်ဆုံးက စာရင်းပေးလာခဲ့သည်။

"Junတို့ရောလိုက်မှာဆိုတော့ ကိုယ်လည်းလိုက်ခဲ့ချင်တယ်။ အဲဒီနေ့ကျ Susieတော့အလုပ်များတော့မှာပဲ။"

Akiraက တက်ကြွစွာပြောလာတော့ Shiroလည်းခေါင်းညိတ်ကာ လက်ခံလိုက်သည်။ Akiraသည်လည်း ဝန်ထမ်းအကုန်လုံးနှင့်ရင်းနှီးနေပြီဖြစ်တာကြောင့် အပြင်လူဟု သတ်မှတ်လို့မရတော့သည့်အခြေအနေဖြစ်နေသည်။ ထို့ပြင် Akiraသာပါလျှင် ခရီးကိုစီမံခန့်ခွဲသည့်နေရာ၌ အကူအညီလည်းရမှာဖြစ်သည်။

လိုက်ပါမည့်သူအားလုံးက လူကြီးများဖြစ်ကြတာကြောင့် ကလေးများလိုတော့ တစ်ချိန်လုံးလိုက်ကြည့်စရာလိုမည်မဟုတ်ပေ။ အားလုံးကို အချိန်ဇယားပို့ပေးထားမည်ဖြစ်ကာ စထွက်မှတ်နှင့် စုရပ်ကိုအချိန်နှင့်တကွပေးထားလိုက်ပြီး ဘယ်နေရာပြီးလျှင် ဘယ်နေရာဆက်ကြမည်ဆိုတာကို ရေးသားပေးထားလျှင် အဆင်ပြေသွားမှာဖြစ်လေသည်။ စားသောက်ဆိုင်များသည်လည်း ကြိုတင်Bookingချိတ်ထားနိုင်မည်ဖြစ်ရာ အလုပ်လည်းမရှုပ်၊ အပန်းလည်းပြေသောခရီးဖြစ်မှာပင်။

📨📨📨📨📨📨📨📨📨📨📨📨📨
Thanks For Reading...😘

အခုတလော သိပ်မအားလို့ အပိုင်းများများတော့ မတင်ပေးနိုင်သေးဘူးရယ်။ နောက်ရက်တွေကျ များများရေးဖြစ်ရင် double upပေးပါ့မယ်နော်။

1732023

📨📨📨📨📨📨📨📨📨📨📨📨📨📨
Zawgyi

Akiraသည္ Susieထံသို႔ ဆက္သြယ္ကာ ၫႊန္ၾကားခ်က္အခ်ိဳ႕ေပးလိုက္ၿပီးသည့္ေနာက္ Keikoႏွင့္ စီးပြားေရးအရေရာ လူမႈေရးအရပါ လုံးဝပတ္သတ္ျခင္းမရွိေၾကာင္း ထပ္မံေၾကညာေစလိုက္သည္။ Daigoတို႔ကေတာ့ အရင္ျပန္ႏွင့္သြားၿပီျဖစ္ေသာ္ျငား က်န္ရွိေနသည့္ Fukumura မိသားစုဝင္မ်ားသည္ ရွက္လြန္း၍ မ်က္ႏွာမျပရဲၾကေတာ့ေပ။

Ginကေတာ့ Shiroအနားေရာက္လာကာ ဘာလိုအပ္သလဲလာေမးရွာသည္။

"ကြၽန္ေတာ္အဆင္ေျပပါတယ္။"

"ပြဲၿပီးရင္ အခ်ိန္ရတယ္မလား။ ဦးေလးရယ္ မင္းေဒါေလးရယ္နဲ႕ တစ္ခုခုသြားစားၾကရေအာင္ေလ။"

ထိုအခိုက္ Akiraက ဝင္ေျပာလာသည္။

"Shiroက ေနမေကာင္းေသးဘူးဗ်။ ေဆး႐ုံကဆင္းလာတာမၾကာေသးဘူး။ အစာမာေတာင္စားလို႔မရေသးဘူး။"

ထိုအခ်ိန္မွ Ginတို႔လည္း Shiroေဆး႐ုံတက္ရသည္ကိုသိကာ စိတ္ပူသြားၾကေလသည္။

"အခုေနေကာင္းသြားၿပီလား။"

"ဗိုက္နာေနေသးလား။ ခုဏကမတည့္တာေတြစားလိုက္ေသးလား။"

Hanaေရာ Gin ပါ စိုးရိမ္တႀကီး ဝိုင္းေမးၾကရာ Shiroခမ်ာ ေနရထိုင္ရပင္ ခက္လာေတာ့သည္။ သူ႕ကိုထိုကဲ့သို႔ လူအမ်ားႀကီးက ဝိုင္းဂ႐ုမစိုက္ၾကဖူးေပ။

"အာ... ကြၽန္ေတာ္အဆင္ေျပပါတယ္။ ဒီေန႕စားရတာေတြကလည္း ေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္နဲ႕တည့္တာေတြခ်ည္းပဲ။"

Hanaက ေျပာလာသည္။

"ဒါဆို တို႔စြပ္ျပဳတ္ဆိုင္ပဲသြားရေအာင္ေလ။ ရာသီဥတုက ေအးေနေသးတာပဲကို။ ေခါက္ဆြဲဆိုင္သြားလည္းမဆိုးဘူး။ အေနာက္တိုင္းအစားအစာဆိုင္လည္း ေကာင္းတာပဲ။"

Ginကရယ္ရင္း ျပန္ေျပာလာသည္။

"Hanaကေတာ့ ဆိုင္ေကာင္းေတြအကုန္သိေနတဲ့ပုံပဲ။ Akiraေရာ လိုက္ခဲ့ပါလား။"

Ginက ေခၚတာေၾကာင့္ Akiraမွာ အားတုံ႕အားနာျဖစ္သြားရသည္။ သူလိုက္ခဲ့လို႔မရေပ။

"ကြၽန္ေတာ္က မိသားစုနဲ႕အတူ ညစာစားပြဲေလးရွိေသးလို႔ပါဗ်ာ။ တကယ္အားနာပါတယ္။"

Akikoလည္းျပန္ေရာက္ေနကာ Ayato၏မိသားစုလည္းရွိေနမည္ျဖစ္တာေၾကာင့္ Shiroတို႔ႏွင့္လိုက္သြားပါက သူ႕မိခင္က ေရဆုံးေျမဆုံး လိုက္သတ္မွာ သူေၾကာက္ရပါသည္။

"ရပါတယ္ဗ်ာ။ ေနာက္တစ္ခါေပါ့။"

Hanaေရာ Gin ပါ သူ႕ကိုဆက္သြယ္ရမည့္ IDယူသြားၾကကာ Shiroႏွင့္အတူထြက္သြားၾကေလသည္။ ဤေခတ္တြင္ ေသးငယ္ေသာ ကုဗတုံးေလးမွ အလင္းထုတ္လႊတ္ေသာ မွန္သားျပင္ကိုဖန္တီးနိုင္ၿပီး ထိုအရာကိုဖုန္းဟုေခၚသည္။ ထိုေသးငယ္ေသာအရာေလးသည္ အလွဆင္ပစၥည္းမ်ားႏွင့္လည္း တြဲဖက္နိုင္ရာ အခ်ိဳ႕က လက္ေကာက္၊ ရင္ထိုး၊ ဆြဲႀကိဳးစသျဖင့္ ဝတ္ဆင္ကာ အသုံးျပဳၾကသည္။ ထိုဖုန္းသည္ ဘက္စုံသုံးနိုင္ၿပီး ဖုန္း၊ ကြန္ျပဴတာစေသာ ပစၥည္းမ်ား၏ လုပ္ေဆာင္ခ်က္အားလုံးကို လုပ္ေဆာင္နိုင္ကာ ဂိမ္းေဆာ့ကစားျခင္းမွအပ က်န္လုပ္ေဆာင္ခ်က္အားလုံးကိုလုပ္ေဆာင္နိုင္သည္။

ထို႔ျပင္ ဖုန္းနံပါတ္အစား IDကိုသာ သုံးစြဲၾကေတာ့သည္။ IDသည္ ဆိုရွယ္မီဒီယာ ပလပ္ေဖာင္းအားလုံးကိုအသုံးျပဳနိုင္ကာ အေကာင့္မ်ားစြာဖြင့္လို႔ရနိုင္သည္။ သို႔ေသာ္ ID passwordမသိလွ်င္ ထိုIDကို တုပသုံးစြဲလို႔မရနိုင္ေပ။ IDသည္ တရားဝင္အေကာင့္ပုံစံျဖစ္ကာ Fake အေကာင့္ဖြင့္လိုလွ်င္ေတာ့ ID မသုံးဘဲဖြင့္နိုင္သည္။ သို႔ေသာ္ ထိုနည္းအားျဖင့္ တရားဝင္အေကာင့္ႏွင့္ Fake အေကာင့္သည္ ခြဲျခားထားျခင္းခံရကာ လုံၿခဳံေရးတိုးျမႇင့္ၿပီးသားလည္းျဖစ္သြားသည္။

Shiroတို႔ ထြက္သြားခါနီးတြင္ေတာ့ တစ္ဖက္မွရန္ပြဲတစ္ပြဲကို နားစြန္နားဖ်ားၾကားလိုက္ရေလသည္။

"အဲဒီလိုမေလာက္ေလးမေလာက္စားေကာင္ေတြကို သြားအဖက္လုပ္စရာမလိုဘူး။ ပါပါးမေျပာထားဘူးလား။ ေအာက္ေျခကေကာင္ေတြကို စကားမေျပာနဲ႕လို႔။"

ၾကည့္ရသည္မွာ အေဖျဖစ္သူက သမီးကိုဆူပူေနပုံရသည္။ ေလ့လာေရးအားေကာင္းေသာ Hanaက ခပ္တိုးတိုးေျပာျပလာသည္။

"ခုဏက အဲဒီေကာင္မေလးက Shiroဆီကို လက္ကိုင္ပုဝါလာေပးခ်င္ေနတာ။ သူ႕အေဖကဆြဲထားလို႔။"

ထိုေကာင္မေလးကို Shiroအကဲခတ္လိုက္မိသည္။ ထိုေကာင္မေလးသည္ မ်က္ႏွာခ်ိဳသည့္ပုံစံေလးျဖစ္ကာ အသားအနည္းငယ္ညိုသည္။ ၾကည့္ရသည္မွာ အေရွ႕အလယ္ပိုင္းေဒသမွ လူမ်ိဳးျဖစ္ဟန္ရ၏။ မ်က္ႏွာက အေတာ္ေလးလွကာ Dubaၿမိဳ႕မွလာသည့္ပုံပင္။ ထိုၿမိဳ႕သည္ အတိတ္က သယံဇာတမ်ားစြာထြက္ေသာၿမိဳ႕ျဖစ္ကာ ခ်မ္းသာခဲ့သည္။ သို႔ေသာ္ ယခု ေမာ္လီက်ဴးမ်ားကို တည္ေဆာက္လာနိုင္ခ်ိန္မွာေတာ့ သိပၸံပညာက အားသာသြားကာ သယံဇာတမ်ားကို ထုတ္ယူမႈနည္းသြားခဲ့သည္။

ထို႔ေၾကာင့္ သိပၸံပညာအားသာေသာ NewYokၿမိဳ႕က ကမၻာ့နံပါတ္တစ္ အခ်မ္းသာဆုံးျဖစ္ကာ Hanaေနထိုင္သည့္ ၿမိဳ႕က နည္းပညာအားျဖင့္တိုးတက္ၿပီး ဒုတိယအခ်မ္းသာဆုံးၿမိဳ႕ျဖစ္လာခဲ့သည္။

သို႔ေသာ္ ခ်မ္းသာသည့္လူမ်ားကေတာ့ ခ်မ္းသာေနၾကဆဲပင္။ ထိုေကာင္မေလး၏မိသားစုသည္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားကို ထုတ္လုပ္ကာ ကမၻာတစ္လႊားျဖန့္ခ်ီၿပီး ထိပ္တန္းအုပ္စုႀကီး ငါးဆယ္ထဲတြင္ပါဝင္သည္ဟု သိရေလသည္။

ထိုေကာင္မေလးသည္ ငိုမဲ့မဲ့ႏွင့္ သူ႕အေဖဆြဲေခၚရာေနာက္ပါသြားၿပီးသည့္ေနာက္ လူအုပ္ၾကားမွေပ်ာက္ကြယ္သြားခဲ့သည္။

Haga မိသားစုညစာစားပြဲတြင္ေတာ့ အားလုံးက ေရွးေဟာင္းႏွောင္းျဖစ္မ်ားကို ျပန္ေျပာေနၾကၿပီး Mrs.Hagaက Ayatoတို႔မိသားစုကို ဒီမွာပဲ ညအိပ္သြားၾကရန္ေျပာဆိုေနသည္။ သူမ၏ေျမးငယ္ေလးမ်ားအတြက္ပင္ လက္ေဆာင္မ်ားစီစဥ္ထားေပးကာ အခ်ိဳပြဲမ်ားကိုလည္း မ်ားမ်ားစားစားစီစဥ္ထားေပးသည္။ ေခြၽးမေလးအတြက္လည္း Skin-care တစ္setကို သီးသန့္ လက္ေဆာင္ေပးထားေသးသည္။

"Akira... ဘယ္ေတာ့အိမ္ေထာင္ျပဳမယ္လို႔ေတြးထားလဲ။ အဲဒီလိုနဲ႕ မင္းတူေတြတူမေတြအ႐ြယ္ေရာက္လာၿပီး မင္းထက္အရင္ အိမ္ေထာင္က်ကဳန္ေတာ့မယ္။"

Mrs.Hagaက ေျပာလာေတာ့ Ayatoကရယ္သည္။

"Akiraက ငယ္ေသးတာပဲအေမရဲ႕။ သူစိတ္ရွည္ရွည္နဲ႕ေ႐ြးပါေစပါ။"

Ayato၏ဇနီးကလည္းဝင္ေျပာလာသည္။

"Akiraက ေတာ္လည္းေတာ္ေတာ့ သူ႕ကိုသေဘာက်တဲ့မိန္းမလွေလးေတြအမ်ားႀကီးရွိမွာပါ။ အေမစိတ္မပူပါနဲ႕။"

Mrs.Hagaက သက္ျပင္းခ်လိဳက္ရင္း ျပန္ေျပာလာသည္။

"နင္တို႔ႏွစ္ေယာက္ကေတာ့ သူ႕ကိုအလိုလိုက္တာေပါ့။ အေမက သူဘယ္သူ႕ကိုေ႐ြးေ႐ြး သေဘာတူေပးမွာပဲ။ ဒါေပမဲ့ ဒီအဘြားႀကီးက အိုေနၿပီေလကြယ္။ ေျမးေလးေတြခ်ီခ်င္ေသးတာေပါ့။"

ထိုစကားကိုၾကားေတာ့ Akiraကေျပာလာသည္။

"တူေလးတူမေလးေတြရွိေနတာပဲကိုအေမရယ္။"

ထိုအခ်ိန္တြင္ Ayato၏ဇနီးသည္က ကေလးႏွစ္ေယာက္ကို ဧည့္ခန္းထဲသြားကစားေစလိုက္သည္။ Mrs.Hagaက ေလးေလးနက္နက္ေမးလာသည္။

"Akira... အဲဒီေကာင္ေလးက မင္းကိုသေဘာက်တယ္တဲ့လား။ အေမက သူငယ္ခ်င္းရဲ႕သမီးေတြကိုေ႐ြးေနတာေနာ္။ မင္းစိတ္ဆုံးျဖတ္ထားၿပီးသားဆိုရင္ အေမ့ဘက္က ေျခလွမ္းေျပာင္းရမွာ။"

"အဲဒီေကာင္ေလး??"

Ayatoတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ထံမွ အသံၿပိဳင္တူထြက္လာၾကၿပီးေနာက္ Akikoက အေၾကာင္းစုံေျပာျပလာေလသည္။ Akiraကေတာ့ ေလးေလးနက္နက္ေျပာလာသည္။

"ကြၽန္ေတာ္က သူ႕ကိုေပ်ာ္ေစခ်င္႐ုံပါပဲ။ အရင္ကတည္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ နက္ရွိုင္းတဲ့နာၾကည္းခ်က္ေတြရွိေနခဲ့ၿပီးသား။ သူ႕ဆီကဘာမွျပန္ရဖို႔ ကြၽန္ေတာ္မေမွ်ာ္လင့္ဘူး။"

Akira၏စကားကိုၾကားရခ်ိန္တြင္ေတာ့ အားလုံးက စိတ္မေကာင္းျဖစ္႐ုံသာ တတ္နိုင္သည္။ အထူးသျဖင့္ Mrs.Hagaသည္ မ်က္ႏွာလုံးဝမေကာင္းေတာ့ေပ။ သူမသားကို မိသားစုေလးတစ္ခုႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားေစခ်င္သည္။

သို႔ေသာ္ Akiraသည္ သူတို႔ဘာေျပာေျပာလက္ခံမည္မဟုတ္ဘဲ ထိုေကာင္ေလးအနားတြင္ တြယ္ကပ္ေနမည္ဆိုတာကိုလည္း သူတို႔သိထားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ မိဘသေဘာတူသည့္လူကို လက္ထပ္ဖို႔ရာလည္း သူတို႔မေျဖာင္းျဖျဖစ္ေတာ့ေပ။

အားလုံးတိတ္ဆိတ္သြားၾကခ်ိန္တြင္ေတာ့ Akikoက ေအးစက္စက္ေလထုကို ၿဖိဳခြဲရန္ႀကိဳးစားလာခဲ့သည္။

"Akiအခုတေလာ အစားအေသာက္သင္တန္းတက္ေနတာေလ။ အိမ္မွာေရာက္တုန္းေရာက္ခိုက္ အစားအစာေတြလုပ္ေကြၽးမယ္ေလ။ ဘာစားခ်င္လဲ။"

Mrs.Hagaက ႀကိဳးစားၿပဳံးလိုက္ရင္း ေျပာလာသည္။

"အေမတို႔အတူတူခ်က္ၾကမယ္ေလ။ မနက္ျဖန္ Ayatoတို႔လည္း အိမ္မွာလာစားေပါ့။"

Ayato၏ဇနီးကလည္း ဆိုလာသည္။

"ဒါဆို ကြၽန္မလည္း ကူေပးမယ္ေလ။"

အားလုံးက ရယ္ရယ္ေမာေမာႏွင့္ စကားဝိုင္းကိုဆက္ေနၾကေသာ္လည္း Mrs.Haga ဝမ္းနည္းသြားမွန္း ခန့္မွန္းမိၾကသည္။ ထို႔ေၾကာင့္ အားလုံးက သူမကိုစိတ္ၾကည္ေအာင္ ျပန္ႀကိဳးစားေနၾကေလသည္။

Mrs.Hagaသည္ သားသမီးသုံးေယာက္လုံးကိုခ်စ္တာမွန္ေသာ္ျငား Ayatoႏွင့္ Akikoက လူႀကီးဆန္ကာ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကတာမို႔ သူမသိပ္စိတ္မပူေန။ Mr.Hagaက Akikoအေပၚအရမ္းစိတ္ပူေသာ္လည္း Akiက ကိုယ့္လမ္းကိုေဖာက္ထြက္မည့္မိန္းကေလးမ်ိဳးျဖစ္မွန္း သူမသိၿပီးသားပင္။

သို႔ေသာ္ Akiraကမတူ။ ေခါင္းမာလြန္းကာ အစြဲအလမ္းႀကီးတတ္သည့္စရိုက္ေလးေၾကာင့္ ငယ္ကတည္းက ထိန္းရခက္ကာ သူမႏွင့္ ကေတာက္ကဆအျဖစ္ဆုံးပင္။ မိသားစုတစ္ခုကိုအျမန္ဆုံးထူေထာင္သြားေစခ်င္ေပမဲ့ အခု ထိုကေလးက တစ္ေယာက္တည္းေနဖို႔ အစီအစဥ္ဆြဲေနပုံပင္။

Shiroဆိုေသာေကာင္ေလးသည္ ဘယ္လိုလူမ်ိဳးမို႔လို႔ အဲဒီေလာက္ေတာင္တန္းတန္းစြဲျဖစ္ေနရသလဲ သူမသိခ်င္မိသည္။ သူမသားက ထိုေကာင္ေလး၏အနာဂတ္ကိုဖ်က္ဆီးခဲ့သည္ဆိုေသာ္ျငား ထိုအနာဂတ္ကိုျပန္တည္ေဆာက္ေပးၿပီးလွ်င္ေတာင္ ထိုေကာင္ေလးအနားက ခြဲခြာနိုင္မည္မဟုတ္မွန္းသိ၍ သူမစိုးရိမ္မိသည္။

သို႔ေသာ္ သူမသား လူဆိုးေကာင္ေလးအေၾကာင္းကိုလည္း သိေနတာေၾကာင့္ သူမဘာမွမေျပာလို။ ထို႔ျပင္ ထိုကိစၥသည္ Akiraေျဖရွင္းရမည့္ ကိုယ္ေရးကိုယ္တာကိစၥျဖစ္တာေၾကာင့္ သူမဝင္မပါရန္ ဆုံးျဖတ္ထားၿပီးျဖစ္သည္။

စားေသာက္ၾကၿပီးေနာက္ Mrs.Hagaသည္ ဧည့္ခန္းရွိ ဆိုဖာတြင္ထိုင္ေနရင္း ေခြၽးမျဖစ္သူကိုေျပာျပကာ ညည္းၫူမိသည္။ သူမတို႔ဧည့္ခန္းသည္ အေတာ္ေလးက်ယ္ဝန္းကာ ဆိုဖာ ႏွစ္စုံသုံးစုံျဖင့္ အလွဆင္ထားသည္။ ဧည့္ခန္းထဲဝင္ဝင္လာျခင္းတြင္တစ္စုံ၊ ညာဘက္ မွာတစ္စုံရွိသည္။ အတြင္းဘက္ကို ဆက္သြားလွ်င္ေတာ့ အရွည္လိုက္ ေဟာႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ တစ္စုံစီရွိကာ အလည္မွာေတာ့ ေလွကားရွိသည္။

Akikoကေတာ့ Akiraအနားကပ္ကာ အျပစ္တင္ဆူပူေနေလသည္။

"ကိုကိုကေတာ့!!! Akiမရွိတာနဲ႕ တလြဲေတြလုပ္ေတာ့တာပဲ။ ဘာလို႔သူငယ္ခ်င္းသြားလုပ္တာလဲ။ အဲဒီမွာ တစ္သက္လုံးပဲ တစ္ဖက္သတ္ခ်စ္ေနလိုက္ေတာ့။"

Akiraခပ္ေရးေရးၿပဳံးလိုက္မိသည္။ သူ႕ပုံစံက ခ်စ္ခင္ျမတ္နိုးရသည့္သူကို ေတြးေတာေနသလိုပင္။

"တစ္ဖက္သတ္ဆိုလည္းရပါတယ္။"

သူ႕ဖုန္းကိုသာမၾကာခဏၾကည့္ေနမိသည္။ Shiroဘယ္ေတာ့အားလပ္မလဲ သူေမးထားေသာ္ျငား ထိုစာသည္ seenျပျခင္းပင္ မခံရေပ။

အခ်စ္တြင္လုံးလုံးလ်ားလ်ားနစ္ျမဳပ္ေနရွာေသာ အစ္ကိုျဖစ္သူကိုၾကည့္ရင္း သူမသက္ျပင္းခ်လိဳက္မိသည္။

"မေျပာခ်င္ေတာ့ဘူး။ ေျပာကိုမေျပာခ်င္ေတာ့ဘူး။"

Akiraသည္ ရယ္ေမာလိုက္ရင္း ပြစိပြစိ႐ြတ္ေနေသာ ညီမျဖစ္သူ၏ေခါင္းကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။ ႏွလုံးသားထဲတြင္ေတာ့ အလြမ္းေဝဒနာတို႔က တစ္ေျမ့ေျမ့တိုက္စားလို႔ေနခဲ့သည္။

ေနာက္တစ္ရက္တြင္လည္း Akiraသည္ မိခင္ႏွင့္ ညီမ၏အဆူအဆဲကိုခံကာ အိမ္ကခ်က္ေသာ အစားအေသာက္မ်ားကို Shiroအတြက္ထုပ္ပိုးသြားေလသည္။

Ayato၏ဇနီးက ရယ္ေမာလိုက္ရင္း ေျပာလာသည္။

"Akiraကို အဲဒီလိုျဖစ္သြားေအာင္ ျပဳစားလိုက္တဲ့ေကာင္ေလးက ဘယ္လိုေကာင္ေလးျဖစ္မလဲမသိဘူးေနာ္။"

Akikoကေတာ့ တက္ႂကြစြာႏွင့္ Shiro၏ပုံကိုျပလာခဲ့သည္။ ထိုပုံကို သုံးေယာက္သားဝိုင္းၾကည့္ၾကရင္း လက္မေထာင္ကာ မွတ္ခ်က္ေပးလာၾကသည္။

Mrs.Hagaကဆိုလာသည္။

"႐ုပ္ရည္ကေတာ့ထိပ္တန္းပဲ။ အျပဳအမူကလည္း ရည္မြန္တယ္။ သေဘာေကာင္းမယ့္ပုံမေပါက္ေပမဲ့ ၾကင္နာတတ္မယ့္႐ုပ္ေလးပါ။ မဆိုးပါဘူး။"

ထို႔ေနာက္ ေယာင္းမက ဆိုလာသည္။

"အေတာ္ေလးခ်စ္ဖို႔ေကာင္းတာပဲ။ အလုပ္အရမ္းႀကိဳးစားတယ္လို႔ၾကားဖူးတယ္။ လူေတြကေတာ့ သူ႕ကိုကံမေကာင္းဘူးလို႔ေျပာၾကတာပဲ။"

သူမတို႔သုံးေယာက္သားသည္ တစ္ေယာက္တစ္ေပါက္ေျပာေနၾကရင္း အျခားအေၾကာင္းအရာမ်ားအထိေရာက္သြားၿပီးေနာက္ Akiraကိုေဒါသထြက္ေနသည္ကို ေမ့သြားၾကေတာ့သည္။

သူမ်ားမေကြၽးခင္ အစားအေသာက္မ်ားလုလာေသာ Akiraသည္လည္း Shiro၏ကုမၸဏီသို႔ ေစာေစာေရာက္လာကာ ႐ုံးခန္းတံခါးရွိအခ်က္ေပးကိုႏွိပ္လိုက္သည္။

Shiroသည္ မခ်ည္ထားရေသးေသာ နက္ကတိုင္ကို လည္ပင္းမွာဆြဲလိုက္ရင္း တံခါးလာဖြင့္ေပးေလသည္။ ခါတိုင္းထက္စိတ္ၾကည္ေနပုံရကာ က်န္းမာေနပုံလည္းေပါက္တာေၾကာင့္ ယခင္ညက အရက္မေသာက္ခဲ့မွန္း သူခန့္မွန္းလိုက္မိသည္။

Shiroကိုလြမ္းလြန္း၍ သူ႕မွာတစ္ညလုံးအိပ္လို႔မေပ်ာ္ခဲ့ေသာ္ျငား ထိုေကာင္ေလးကေတာ့ သူ႕စာကို ျမင္ပင္မျမင္ခဲ့ေပ။ ထို႔ေၾကာင့္ ႐ုံးခန္းထဲဝင္ဝင္လာခ်င္း သူေျပာလိုက္သည္။

"ကိုယ္မင္းကို စာပို႔ထားေသးတယ္ေလ။ မင္းမၾကည့္အားဘူးထင္တယ္။"

Shiroလည္း ထိုအခ်ိန္မွ ဖုန္းကိုေကာက္ဖြင့္ၾကည့္မိသည္။

"ဟုတ္သားပဲ။ ကြၽန္ေတာ္သတိမထားလိုက္မိလို႔။"

အမွန္ေတာ့ ထိုေကာင္ေလးသည္ သူ႕စာကိုမဖတ္ခ်င္႐ုံသာျဖစ္မွန္း သူသိသည္။ သူ႕အတြက္ကေတာ့ မ်က္ႏွာေလးကိုျမင္ရ႐ုံႏွင့္ပင္ ေက်နပ္ၿပီမို႔ စိတ္ထဲၾကာၾကာမထားျဖစ္လိုက္ေပ။

Akiraသည္ ထမင္းဘူးမ်ားကို စားပြဲေပၚခ်လိဳက္ရင္း ေျပာလာသည္။

"ဒါက ကိုယ့္အိမ္ကခ်က္တာ။ မိသားစုေတြစုံၾကတုန္း အေမတို႔ခ်က္ၾကတာရယ္။ မင္းမတည့္တာေတာ့မပါပါဘူး။ ပူတုန္းေလးစားရေအာင္။"

"ခင္ဗ်ားမိသားစုနဲ႕အတူတူမစားဘူးလား။ သူတို႔စိတ္ဆိုးေနၾကေတာ့မွာပဲ။"

Shiroက လာထိုင္ရင္း ေျပာလာေတာ့ သူျပန္ေျပာလိုက္သည္။

"သူတို႔စိတ္ဆိုးေနၾကျဖစ္ေနပါၿပီ။"

ထမင္းဘူးကိုဖြင့္လိုက္ေလေတာ့ ပူပူႏြေးႏြေး ထမင္းႏွစ္ခြက္ပါသည္။ ဟင္းမ်ားကေတာ့ အသားခ်က္ႏွစ္မ်ိဳးအျပင္ အသားျပည့္ျပည့္ဖက္ထုပ္ဝိုင္းဝိုင္းေလးမ်ား၊ အ႐ြက္ႏွင့္တို႔ဖူးေရာေၾကာ္ထားေသာ အရံဟင္းေလးအျပင္ ေသာက္စရာဟင္းခ်ိဳရည္ ခ်ဥ္ခ်ဥ္ေလးက ပါေသးသည္။ အစပ္အရသာအနည္းငယ္သာပါတာေၾကာင့္ Shiro၏အစာအိမ္အတြက္လည္း ေကာင္းမြန္သည္။

အေငြ႕တေထာင္းေထာင္းထကာ ဟင္းခတ္အေမႊးအႀကိဳင္စုံစုံလင္လင္ႏွင့္ ေကာင္းမြန္လြန္းေသာ ဟင္းပြဲမ်ားကိုၾကည့္ရင္း Shiroအားတုံ႕အားနာေျပာမိရသည္။

"ခင္ဗ်ားဒီလိုယူလာဖို႔မလိုပါဘူး။"

Akiraက သူ႕ကိုဇြန္းတစ္ေခ်ာင္းေပးလာၿပီး ေျပာလာေလသည္။

"မဟုတ္တာ။ ကိုယ္ယူလာခ်င္လို႔ပါ။ မင္းလည္း ကန္တင္းကအစားအေသာက္ေတြပဲ အၿမဲလိုလိုစားေနရေတာ့ ၿငီးေငြ႕မွာေပါ့။"

ထို႔ေနာက္ Akiraက Shiro၏ပန္းကန္ထဲကို အသားတစ္တုံးထည့္ေပးလာသည္။

"မနက္စာက နည္းနည္းေတာ့ ေလးသြားတယ္ဆိုေပမဲ့ အားရွိေအာင္စားလိုက္ပါ။"

ထိုအသားတုံးေလးသည္ တစ္လုပ္စာျဖစ္သည့္အျပင္ ကိုက္ဝါးရလည္းလြယ္သည္။ ပါးစပ္ထဲေရာက္သည့္ႏွင့္ ေကာင္းမြန္ေသာအရသာက ျပန့္ႏွံ႕လို႔သြားသည္။

"ေကာင္းလိုက္တာ။"

Akiraက ၿပဳံးလိုက္ၿပီး အျခားဟင္းမ်ားကိုလည္း ထပ္ထည့္ေပးလာသည္။

"မ်ားမ်ားစားေနာ္။ အဲဒါမွ မင္းက်န္းမာလာမွာ။"

ႏွစ္ၿခိဳက္စြာစားေသာက္ေနေသာ Shiroကိုၾကည့္ရင္း Akiraရင္ထဲအတိုင္းမသိ ဝမ္းသာရသည္။ ထိုေကာင္ေလးသည္ အလြယ္တကူျပည့္ၿဖိဳးမလာ၍ သူအနည္းငယ္စိတ္ညစ္ရေသာ္ျငား ယခုလိုအသားအေရာင္ေလးၾကည္လာလွ်င္ကို သူဝမ္းသာေနၿပီ။

Shiroက ေျပာလာျပန္သည္။

"ခရီးသြားဖို႔ကို ကြၽန္ေတာ္စဥ္းစားထားၿပီးၿပီ။ ဒီလရဲ႕ စာရင္းေတြအရဆို ဘ႑ာေရးကလည္း ခရီးစရိတ္တခ်ိဳ႕ခြဲထားေပးမယ္လို႔ေျပာတယ္။ အရန္စရိတ္ေတြကိုပါ ထည့္လိုက္မယ္ဆိုရင္ အေတာ္ေလးအဆင္ေျပမယ့္ေနရာေတြသြားလို႔ရတယ္။"

Shiroျပလာေသာေနရာမ်ားသည္ အကုန္အက်သက္သာကာ ေစ်းႏႈန္းအသင့္အတင့္ျဖစ္သည္။ Akiraပို႔ထားေသာ ေနရာမ်ားမွ ျပန္လည္ေ႐ြးခ်ယ္ကာ ဝန္ထမ္းမ်ားႏွင့္လည္း တိုင္ပင္ထားၿပီးျဖစ္သည္။ မဲခြဲကာေ႐ြးခ်ယ္ၿပီးေနာက္ ႏွစ္ေနရာကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ ထိုေနရာမ်ားက ကမ္းေျခႏွင့္ သဘာဝေတာရိုင္းဥယ်ာဥ္ျဖစ္သည္။

"ကြၽန္ေတာ္တို႔ ကမ္းေျခမွာ အပန္းေျဖအိမ္ငွားမယ္။ အဲဒီမွာ တစ္ရက္ေနၾကမယ္။ ေနာက္တစ္ရက္က် ေတာရိုင္းဥယ်ာဥ္မွာ ႏွစ္ရက္ စခန္းခ်ၾကမယ္လို႔စိတ္ကူးထားတယ္။"

ေတာရိုင္းဥယ်ာဥ္ဟုဆိုေသာ္လည္း ပင္ပန္းခက္ခဲေသာေနရာမဟုတ္ေပ။ ႐ြက္ဖ်င္တဲႀကီးမ်ားရွိကာ သက္ေတာင့္သက္သာနားေနနိုင္ၿပီး သဘာဝတိရစ္ဆာန္မ်ားကို ေကဘယ္ကားေလးႏွင့္ပတ္ေလ့လာရင္း အခ်ိန္ကုန္ဆုံး႐ုံသာျဖစ္သည္။ ထူထပ္ေသာ ေတာအုပ္ႀကီးမ်ားတြင္ ေကဘယ္ႀကိဳးႏွင့္ တြဲခ်ိတ္ထားေသာ လွ်ပ္စစ္ကားမ်ားကိုအသုံးျပဳကာ ဟိုဟိုဒီဒီသြားလာရင္း တိရစ္ဆာန္မ်ားၾကည့္လိုက္ AIစက္က ရွင္းျပတာ နားေထာင္လိုက္လုပ္႐ုံသာ။

သို႔ေသာ္ ထိုေနရာသည္ အသက္ဆယ့္ရွစ္ႏွစ္အထက္မ်ားကိုသာဝင္ခြင့္ျပဳၿပီး တိရစ္ဆာန္႐ုံႏွင့္မတူညီေခ်။ ကိုယ္ဝန္ေဆာင္မ်ားႏွင့္ အသက္ႀကီးသူမ်ားကိုပင္ ဝင္ခြင့္မျပဳ။ အဘယ့္ေၾကာင့္ဆိုေသာ ထိုဥယ်ာဥ္ထဲမွ တိရစ္ဆာန္မ်ားသည္ သဘာဝအတိုင္းေနထိုင္က်က္စားေနၾကျခင္းျဖစ္ကာ အခန့္မသင့္လွ်င္ အမဲလိုက္ျခင္းကိုပါျမင္ေတြ႕ရနိုင္ၿပီး ကားမွန္မ်ားက ခ်က္ခ်င္းဆင္ဆာျဖတ္ေပးသည္ဆိုေသာ္ျငား ထိတ္လန့္ဖြယ္ရာပင္ျဖစ္သည္။

သို႔ေသာ္ ဝန္ထမ္းအားလုံးက စိတ္ဝင္စားၾကၿပီး Junကပင္ ထိပ္ဆုံးက စာရင္းေပးလာခဲ့သည္။

"Junတို႔ေရာလိုက္မွာဆိုေတာ့ ကိုယ္လည္းလိုက္ခဲ့ခ်င္တယ္။ အဲဒီေန႕က် Susieေတာ့အလုပ္မ်ားေတာ့မွာပဲ။"

Akiraက တက္ႂကြစြာေျပာလာေတာ့ Shiroလည္းေခါင္းညိတ္ကာ လက္ခံလိုက္သည္။ Akiraသည္လည္း ဝန္ထမ္းအကုန္လုံးႏွင့္ရင္းႏွီးေနၿပီျဖစ္တာေၾကာင့္ အျပင္လူဟု သတ္မွတ္လို႔မရေတာ့သည့္အေျခအေနျဖစ္ေနသည္။ ထို႔ျပင္ Akiraသာပါလွ်င္ ခရီးကိုစီမံခန့္ခြဲသည့္ေနရာ၌ အကူအညီလည္းရမွာျဖစ္သည္။

လိုက္ပါမည့္သူအားလုံးက လူႀကီးမ်ားျဖစ္ၾကတာေၾကာင့္ ကေလးမ်ားလိုေတာ့ တစ္ခ်ိန္လုံးလိုက္ၾကည့္စရာလိုမည္မဟုတ္ေပ။ အားလုံးကို အခ်ိန္ဇယားပို႔ေပးထားမည္ျဖစ္ကာ စထြက္မွတ္ႏွင့္ စုရပ္ကိုအခ်ိန္ႏွင့္တကြေပးထားလိုက္ၿပီး ဘယ္ေနရာၿပီးလွ်င္ ဘယ္ေနရာဆက္ၾကမည္ဆိုတာကို ေရးသားေပးထားလွ်င္ အဆင္ေျပသြားမွာျဖစ္ေလသည္။ စားေသာက္ဆိုင္မ်ားသည္လည္း ႀကိဳတင္Bookingခ်ိတ္ထားနိုင္မည္ျဖစ္ရာ အလုပ္လည္းမရႈပ္၊ အပန္းလည္းေျပေသာခရီးျဖစ္မွာပင္။

Thanks For Reading...😘

အခုတေလာ သိပ္မအားလို႔ အပိုင္းမ်ားမ်ားေတာ့ မတင္ေပးနိုင္ေသးဘူးရယ္။ ေနာက္ရက္ေတြက် မ်ားမ်ားေရးျဖစ္ရင္ double upေပးပါ့မယ္ေနာ္။

1732023

Continue Reading

You'll Also Like

215K 32.5K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
376K 9.2K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
267K 15.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
225K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .