Part-12

58 8 7
                                    

Unicode
ယာဥ်ပေါ်သို့တက်လိုက်သည်နှင့် Rinaက လက်ပိုက်ကာ သူမ၏ ကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။ ထိုကလေးနှစ်ဦးကလည်း သူတို့အပြစ်သူတို့သိနေသည့်အတိုင်း တိတ်တိတ်ကလေးနေနေကြလေသည်။

သူတို့ဖခင်နှင့် အဆက်အသွယ်မလုပ်ရဟု သူမအကြိမ်ကြိမ်တားမြစ်ခဲ့သော်လည်း Ginနှင့် ကလေးနှစ်ယောက် အမြဲအဆက်အသွယ်ရှိမှန်း သူမ သိသည်။ Ginက ကလေးများကို အမြဲလာလာခိုးတွေ့တတ်ကာ လက်ဆောင်များဝယ်လာပေးတတ်သည်။ Haruto၏ ထက်မြက်သော သင်္ချာစွမ်းရည်သာမက Hotaru၏ ပန်းချီပညာသည် Ginသင်ကြားပေးထားမှန်း သူမသိသော်ငြား မသိချင်ယောင်ဆောင်နေပေးခဲ့သည်။

"Haru ... အမေဘာပြောထားလဲ။ အဖေနဲ့ လုံးဝသွားမတွေ့ရဘူးလို့ ပြောထားတယ်လေ။"

Harutoက ပြောလာသည်။

"အဲဒါဆို ကျွန်တော်တို့ကို ခိုင်လုံတဲ့အကြောင်းပြချက်ပေးလေ။ အခုဆို ကျွန်တော်က အမေ့လုပ်ငန်းထဲတောင်ဝင်ကူနေပြီပဲ။ ကိုယ့်အဖေကိုဘာလို့သွားမတွေ့ရမှာလဲ။ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။ နောက်ဆို Miyabiကိုမကြာမကြာလာပြီး အဖေ့ကိုလာတွေ့မှာ။ အမေတစ်ယောက်တည်း စိတ်ကောက်နေလိုက်တော့။"

"Haruto!!!"

သူမဒေါသထွက်သွားမိသည်။

"သားအကျိုးအကြောင်းဆင်ခြင်နိုင်တဲ့ လူကြီးတစ်ယောက်မဖြစ်မချင်း မင်းအဖေကိုသွားမတွေ့ရဘူး။ အမေမပါဘဲနဲ့ အဖေ့ဆီမသွားရဘူးနော်။"

ထို့နောက်မှာတော့ Harutoဘက်က တိတ်ဆိတ်လို့သွားသည်။ သူမအိမ်တော်တွင် သူမအစ်ကိုများလည်းရှိသော်ငြား Harutoကတော့ သူ့အဖေကိုသာ ပိုခင်တွယ်သည်။ ဦးလေးများနှင့်ပင် သိပ်မတည့်ပေ။

လွန်ခဲ့သောနှစ်များက အဖြစ်မှန်ကိုသူမ သိရှိပြီးနောက်မှာတော့ သူမပထမဆုံးအကြိမ်အဖြစ် ကလေးများနှင့်အတူလိုက်လာခဲ့သည်။ ခါတိုင်းတော့ Hanaနှင့်ကလေးနှစ်ယောက်သာ သွားကြပြီး သူမကတော့ ဘယ်တော့မှမလိုက်သွားပေ။ ယခုအခြေအနေကို ကြည့်ရလျှင်တော့ ထိုFulumuraမိသားစုသည် အချိန်မရွေးကွဲအက်သွားနိုင်သော မှန်ပြင်ပါးပါးပေါ်ရောက်ရှိနေမှန်း သူမသိလိုက်ရသည်။ အားလုံးက Ginကိုဝိုင်းတိုက်ခိုက်နေကြပြီး Daigoက ခေါင်းဆောင်နေရာကို လုချင်နေသည်။

အချစ်ဆုံးသို့Where stories live. Discover now