Part-1

248 14 10
                                    

Unicode

ကမ္ဘာကြီးသည် တိုက်ကြီးတစ်ခုပမာ ဖြစ်တည်နေပြီးနောက် လူသားများသည်လည်း မျိုးနွယ်တစ်ခုတည်းအဖြစ်စည်းလုံးညီညွတ်ခဲ့ကြသည်။ မတူကွဲပြားမှုများစွာ ရှိနေသော်ငြား လူသားမျိုးနွယ်စုသည် အတူတကွပူးပေါင်းကာ တိုးတက်မှုများစွာကို ဖန်တီးခဲ့ကြသည်။

ထိုကမ္ဘာကြီးတွင် အကြီးကျယ်ဆုံးသော မြို့တော်ကြီးဆယ်မြို့ရှိသည်။ Miyabiမြို့သည်လည်း တစ်မြို့အပါအဝင်ဖြစ်သည်။ Miyabiမြို့သည် ပညာရေးနယ်ပယ်တွင် အကျော်ကြားဆုံးမြို့ကြီးဖြစ်ပြီး ထူးချွန်ကျောင်းသားပေါင်းများစွာကိုမွေးထုတ်ပေးသော အကောင်းဆုံးကျောင်းကြီးနှစ်ကျောင်းသည် ထိုမြို့ထဲတွင်တည်ရှိနေသည်။

အကြီးမားဆုံးမြို့ကြီးဖြစ်သည့်အလျောက် အခြားသော စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာလည်း လည်ပတ်နေကာ လူနေထူထပ်ပြီး အပြိုင်အဆိုင်လည်းများလှသည်။

Miyabiမြို့ အထက်တန်းကျောင်းတော်ကြီးသည် ဝင်ခွင့်လည်း ခက်ခဲသလို ထိုကျောင်းတွင်တက်နိုင်ရန်လည်း ငွေများစွာကုန်ကျသည်။ ပညာသင်ဆုရထားသော ကျောင်းသားများသာ ငွေကြေးမကုန်ကျဘဲ တက်ရောက်နိုင်တာဖြစ်သော်လည်း ထိုပညာသင်ဆုသည် တော်ရုံလူမရရှိနိုင်ပေ။

ထိုကျောင်းတွင် နာမည်ကြီးသောကျောင်းသားများစွာလည်းရှိပြီး ထိုကျောင်းသားများထဲတွင် ကျောင်း၏ပန်းကလေးဖြစ်သော Keikoနှင့် ကျောင်း၏မြက်ခင်းစိမ်းလေး Akiraတို့သည် အပြန်အလှန်ချစ်မြတ်နိုးကြသော ချစ်သူစုံတွဲအဖြစ်လည်း နာမည်ကျော်ကြားသည်။ Keikoသည် ချမ်းသာသော Fukumura မိသားစု၏ မွေးစားသမီးငယ်လေးဖြစ်ကာ အဆင်းရောအချင်းပါလှသလို ပညာအရည်အချင်းကလည်းမနိမ့်ပေ။

ဘာဘီအရုပ်မလေးလို မျက်လုံးကျယ်လေးများနှင့် နှုတ်ခမ်းပါးပါးလေးရှိ၏။ နှာတံလုံးလုံးလေးနှင့် မျက်နှာလေးက သွယ်ကာ ပါးလေးကအနည်းငယ်ဖောင်းသည်။ အသားအရည်ကဖြူဝင်းကာ စိုပြေသည်။ ရင်ခွင်မှီအရပ်လေးနှင့် ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးလေးဖြစ်သည်။

Akiraသည် ကျောင်းစာနှင့်ပတ်သတ်လျှင် သိပ်မထင်ရှားသော်ငြား ငယ်ရွယ်သည့်အရွယ်မှာပင် စီးပွားရေးလုပ်ငန်းအချို့ကို စတင်နေပြီဖြစ်ကာ စီးပွားရေးလောကထဲ ခြေတစ်ဖက်လှမ်းနေပြီဖြစ်သည်။ အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်နှင့် အခြားရွယ်တူများထက်ပိုထွားတာကြောင့် အားကစားအသင်းများတွင် မကြာခဏ ဝင်ကစားရလေ့ရှိသည်။ ညို့အားပြင်းသော မျက်ဝန်းညိုတို့နှင့် စင်ရော်တောင်မျက်ခုံးတို့က နာမည်ကြီးလှသည်။ နှာတံမြင့်မြင့်နှင့် ခန့်ညားသောအသွင်ရှိပြီး မေးရိုးထင်းထင်းကလည်း သူ့ကိုပိုမိုချောမောစေလေသည်။

အချစ်ဆုံးသို့Where stories live. Discover now