Part-19

53 7 7
                                    

Unicode
Akiraသည် Shiroနှင့် တစ်ချိန်လုံးရှိနေပေးပြီးနောက် Shiroကို စွပ်ပြုတ်နည်းနည်းစီ မကြာခဏတိုက်ပေးရာ ထိုကောင်လေးက စိတ်မရှည်တော့သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လာတော့သည်။

"အီလာပြီ။ မစားချင်တော့ဘူး။"

"ကြက်စွပ် မစားချင်တော့ဘူးဆို တခြားစွပ်ပြုတ်ရော၊ ဒါမှမဟုတ် ပဲနို့သောက်မလား။"

"ပဲနို့သောက်မယ်။"

"အင်း။ ကိုယ်မှာပေးမယ်နော်။"

Akiraသည် သူ့အတွက် ညစာတစ်ပွဲနှင့် ပဲနို့ကိုဆေးရုံမှမှာယူလိုက်လေသည်။ Shiroသည် အတော်လေးသက်သာလာပြီဖြစ်တာကြောင့် ခွံ့ကျွေး၍ မရနိုင်တော့ချေ။

"အာဟာရစွပ်ပြုတ်လည်းမှာပေးထားတယ်။ မင်းအိပ်ခါနီးကျလာပို့ပေးလိမ့်မယ်။ ဆေးရုံကကန်တင်းက အပြင်ကနဲ့မတူတာက ဒီကအစားအစာတွေက ပိုသန့်ရှင်းပြီး ကျန်းမာရေးနဲ့လည်း ပိုညီညွတ်တယ်။ မင်းနည်းနည်းသက်သာလာတာနဲ့ ဆေးရုံကနေဆင်းခွင့်ပေးမယ်လို့ ဆရာဝန်ကပြောတယ်။ အဲဒါကြောင့် အစားကိုသေချာစားရမယ်နော်။"

"အင်း။ ခင်ဗျားဘယ်တော့ပြန်မှာလဲ။"

"ကိုယ်လား။ မနက်ဖြန်မနက်။ မနက်ဖြန်ကျ Kimက သူ့ကလေးတွေရော ခေါ်လာပြီး လာစောင့်ပေးမယ်တဲ့။ မနက်တစ်ပိုင်းပါပဲ။"

"ကျွန်တော့်ဘာသာ တစ်ယောက်တည်းနေလည်းဖြစ်ပါတယ်။ Kimက သူ့မိဘတွေကိုရော သွားပြုစုရမှာလေ။"

"သူကလာလည်ချင်လို့တဲ့။ တစ်ယောက်တည်းနေလို့မရဘူး။ အခုအချိန် ဗိုက်နာလာရင်ဘယ်လိုလုပ်မလဲ။ နာစ့်တွေဆရာဝန်တွေ ရောက်လာကြမှာဆိုပေမဲ့ အနားမှာလူရှိနေတော့ပိုကောင်းတာပေါ့။"

တဇွတ်ထိုးဆန်လွန်းသော ထိုလူကို Shiroဘာမှမပြောချင်တော့ပေ။ Akiraပြောတာတွေကလည်း မှန်သည်မို့ သူအခုဆန္ဒရှိနေသည်မှာ နေအမြန်ပြန်ကောင်းပြီး အလုပ်အမြန်လုပ်နိုင်ရန်သာဖြစ်သည်။ ခဏကြာတော့ Akiraက ပဲနို့နွေးနွေးလေးယူပြီးပြန်လာသည်။

ညအိပ်ခါနီးပြန်တော့ အာဟာရစွပ်ပြုတ်ကိုယူလာပြန်သည်။

"ကျွန်တော်မစားနိုင်တော့ဘူးဆိုနေမှ။ အိပ်ခါနီးအစာစားရင် အစာမကြေဘဲနေမယ်လို့ ဆရာဝန်ကပြောထားတယ်လေ။"

အချစ်ဆုံးသို့Where stories live. Discover now