Part-18

60 8 10
                                    

Unicode

နောက်တစ်နေ့မနက်တွင်တော့ ဗိုက်ထဲမှနာကျင်မှုကြောင့် Shiroနိုးလာခဲ့သည်။ ဗိုက်ထဲတွင်ပူလောင်ကာ နာကျင်နေသည့်အပြင် အစာအိမ်တစ်ခုလုံးကိုပြန်အန်ထုတ်ပစ်ချင်လာတာကြောင့် သန့်စင်ခန်းသို့ အမြန်ပြေးရသည်။ အစားလည်းများသွားသည့်အပြင် သောက်ချင်သလောက်သောက်ထားတာကြောင့် အစာအိမ်ထဲကျန်သမျှအားလုံးတို့ကို ပြန်အန်ထုတ်မိလေသည်။

အစာအိမ်ထဲဘာမှမကျန်တော့သည့်တိုင် ခေါင်းထဲမှာတရိပ်ရိပ်မူးနေဆဲ။ မျက်နှာသစ်လိုက်ပြီးနောက် ဆေးသောက်လိုက်သော်ငြား ချက်ချင်းမသက်သာပေ။ ဆိုဖာပေါ်တွင်လှဲနေရင်း အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးနေမိသည်။ နာကျင်မှုကြောင့် ချွေးစေးများပင်ထွက်လာပြီး အသက်ရှူရပင် ခက်ခဲလာလေတော့သည်။ ထိုအချိန်မှာပဲ တံခါးခေါက်သံကြားရတာကြောင့် သူအားယူကာ ထကြည့်လိုက်သည်။

"ကိုယ်ပါ"

Akiraသည် ယခင်နေ့များထက် အစောကြီးရောက်လာပြန်သည်။ တံခါးဖွင့်ပေးလိုက်ပြီးသည့်နောက် Shiroသည် ခြေထောက်တို့ပင် အားမရှိဖြစ်လာကာ Akira၏ရင်ခွင်ထဲသို့ ယိုင်လဲကျသွားလေတော့သည်။

"Shiro!!!"

Akiraသည် Shiroကို အမြန်ပွေ့ဖမ်းလိုက်ပြီးနောက် အသေအချာပွေ့ချီလိုက်လေသည်။ ပိန်ပါးလှသော ထိုကောင်လေးသည် ယောကျ်ားလေးဖြစ်သည့်တိုင် ပေါ့ပါးလို့နေသည်။ Shiroကိုပွေ့ချီထားရင်း ကုမ္ပဏီမှအမြန်ထွက်လာလိုက်ပြီးနောက် ဆေးရုံသို့အမြန်သွားလိုက်သည်။

ဆရာဝန်က သင့်တော်သောဆေးညွှန်းများကိုပေးကာ အစာအိမ်ကိုလည်း သေချာစစ်ဆေးပေးလာသည်။

"အစာအိမ်ရောင်နေတာမို့ အစာမာဘာမှစားလို့မရပါဘူး။ အေးတာလည်းစားလို့မရဘူး။ ဆေးရုံမတက်လည်း ရတယ်ဆိုပေမဲ့ မသက်သာသေးတဲ့ နှစ်ရက်သုံးရက်လောက်တော့ အနားယူရမှာပါ။ ကျွန်တော်တို့ဆီက အာဟာရဆေးရည်တွေလည်း သွင်းထားပေးပါတယ်။ ဒါပေမဲ့လူနာက ကိုယ်ခံအားအရမ်းနည်းတဲ့အပြင် အလေးချိန်ကလည်းမပြည့်တော့ ပြန်ကောင်းလာဖို့က ပိုကြာလောက်တယ်။ ဒီကြားထဲ အက်စစ်များတဲ့အစာတွေနဲ့ အစပ်တွေ၊ အရက်၊ ဆေးလိပ် အကုန်ရှောင်ခိုင်းပါ။"

အချစ်ဆုံးသို့Where stories live. Discover now