Part-17

61 7 8
                                    

Unicode
"ကိုယ်ဒီနေ့တော့ ခေါက်ဆွဲဝယ်လာတယ်။ မနက်စာရောင်းတဲ့ဆိုင်ကလေ။ အရမ်းစားကောင်းတာ။ မင်းလည်းခေါက်ဆွဲမစားဖြစ်တာကြာပြီမလား။"

"ကျွန်တော်ပြောထားတယ်မလား။ ကျွန်တော်နဲ့မပတ်သတ်နဲ့တော့လို့။ ကျွန်တော်"

Shiroစကားမဆုံးခင်မှာဘဲ Akiraက ပြောလာသည်။ သူ့မျက်ဝန်းတို့တွင်တော့ စိတ်ပိုင်းဖြတ်ထားမှုတို့က ထင်ဟပ်လျက်။

"မင်းကိုယ့်ကိုမုန်းချင်သလောက်မုန်းလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ကို အဝေးကိုတွန်းမထုတ်နဲ့။ မင်းကိုဒုက္ခထပ်မပေးဘူးလို့ ကိုယ်ကတိပေးထားပြီးသားပဲမလား။ ကိုယ့်ကိုမယုံဘူးဆိုရင်တောင် မင်းဝန်ထမ်းနဲ့ ကုမ္ပဏီကိုတွေးပြီးတော့ ကိုယ့်အကူအညီကိုပဲ လက်ခံပေးရင်ရပြီ။"

ထိုလူက အရင်က သူ့ကိုမုန်းသည်ဟု ​ပြောခဲ့သည်။ အခုတော့ သူနှင့်မိတ်ဆွေဖြစ်ချင်ကာ သူ့ကိုလည်း တောင်းပန်ခဲ့သည်။ သူ့ဘက်ကတော့ ဘယ်လိုမှမယုံချင်ပေ။ Akiraသည် သူ့ကိုကူညီပေးကာ ကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်။ ဒါကြီးကမှ ထူးဆန်းနေတာမဟုတ်ဘူးလား။

....ထားလိုက်တော့.....

သူ့အသက်ကို ရှည်ရှည်လျားလျားနေရမည်ဟုလည်း Shiroမမျှော်လင့်ထားခဲ့။ ပျော်ရွှင်ရလိမ့်မည်လို့လည်း သူမမျှော်လင့်ထားပေ။ တစ်ချိန်ချိန်မှာ သူသေဆုံးသွားခဲ့လျှင် ကုမ္ပဏီက Akiraလက်ထဲသေချာပေါက်ရောက်မှာ ဖြစ်နိုင်သည်။ သို့သော် အနည်းဆုံးတော့ သူ့ဝန်ထမ်းတွေ ဒုက္ခမရောက်တော့ဘူးပေါ့လေ။ ထို့သို့သာ သူဖြေတွေးဖြစ်သည်။

" ခင်ဗျားလုပ်ချင်ရာသာလုပ်တော့။"

Shiro၏ ခွင့်ပြုစကားကိုကြားလိုက်ရသည်နှင့် Akiraသည် ပျော်ရွှင်သွားကာ ရုံးခန်းထဲဝင်လာလေသည်။ ပါဆယ်ဘူးတို့ကို စားပွဲပေါ်ချလိုက်ပြီးနောက် သူ့ဘက်ကိုလှည့်ကာ ပြောလာပြန်သည်။

"အစားအရင်လာစားလိုက်။ ပြီးမှအလုပ်ဆက်လုပ်နော်။ ဟုတ်ပြီလား။"

"အင်း။ ကျွန်တော်မျက်နှာသွားသစ်လိုက်အုံးမယ်။"

အစားတို့လည်းအလကားစားရ၍ သူ့အခြေအနေလည်း များစွာကောင်းမွန်နေခဲ့သည်။ အမြဲလိုလိုသူ့ဘက်က သူနှင့်ပတ်သတ်မိသမျှကို ဒုက္ခတွင်းထဲသာ ဆွဲသွင်းခဲ့မိသော်လည်း အခုလိုသက်တောင့်သက်သာရှိနေသည်မှာ ပထမဆုံးပင်။ ဒီလိုလေးလည်း မဆိုးဘူးဟု သူတွေးလိုက်မိသည်။ သို့သော် သတိလျော့သွားလိမ့်မည်တော့မဟုတ်ပေ။ တစ်ချိန်ချိန်မှာ အရာအားလုံးဆုံးရှုံးရမည်ဆိုလျှင်တောင် အသက်ရှင်နေသ၍ အရာအားလုံးကိုပြန်စတင်၍ရနိုင်သည်လေ။ သို့သော် သူသိပ်ပင်ပန်းလို့နေခဲ့ပြီ။ စိတ်ရောကိုယ်ပါ နွမ်းနယ်နေခဲ့သည်။

အချစ်ဆုံးသို့Where stories live. Discover now