Part-2

110 11 7
                                    

Unicode
Akiraသည် အမြန်ထ ထိုင်လိုက်သည်။ ထို့နောက် ရေမိုးချိုးပြင်ဆင်ကာ သပ်ရပ်စွာဝတ်စားလိုက်သည်။ ပြန်ရောက်လာပြီးနောက် သူ့စိတ်ထားနှင့် အတွေးအခေါ်တို့သည် ပြောင်းလဲသွားခဲ့ပြီ။

တွေ့ဆုံပွဲရလဒ်ကိုတော့ သူခန့်မှန်းထားပြီးဖြစ်သည်။ ဝတ္ထုထဲတွင် သူဖတ်ခဲ့ရသလောက် သူ့မိခင်က Keikoကို သဘောမကျခဲ့ပေ။ သူကသာ Keikoကိုမှ လက်မထပ်ရလျှင် ဘယ်သူ့ကိုမှလက်မထပ်ဟု ပြောဆိုခဲ့သည်အတွက် မိဘနှစ်ပါးက သဘောတူပေးခဲ့ခြင်းဖြစ်လေသည်။

Akiraသည် ယခုအချိန်တွင် ခံစားချက်များစွာဖြင့်ရှုပ်ထွေးနေခဲ့သည်။ ယခင်ဘဝမှာ သူKeikoကို မမုန်းခဲ့ဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။ Shiroကို နာကျင်စေခဲ့သော အဓိကတရားခံဖြစ်သည့် Keikoကို သူမုန်းခဲ့သည်။ Keikoက Shiroအပေါ်ကောင်းပြနေလျှင်တောင် သူမဘက်က စိတ်ရင်းနဲ့ နာကျင်စေတာမဟုတ်ရပါဟု ပြောခဲ့လျှင်တောင် သူမုန်းခဲ့သည်။

ယခုဘဝမှာလည်း သူမအ​ကြောင်းကို သူသေချာမသိသေးပေ။ သို့သော် သူမမြင်နိုင်ခဲ့သော အကြောင်းအရာတို့ကိုတော့ မြင်နိုင်လာခဲ့သည်။

ကျောင်းတုန်းက Keikoသည် အလိမ်အညာစကားတို့ဖြင့် သနားစဖွယ်ကောင်းယောင်ဆောင်ကာ သူ့အနားသို့ချဥ်းကပ်ခဲ့သည်။ Shiroက သူမကိုအနိုင်ကျင့်သည်ဟုပြောခဲ့သည်။ တစ်ခါတရံဆိုလျှင် သူမမှာ နေ့လည်စာထမင်းဘူးပင်မပါခဲ့၍ သူကဝယ်ကျွေးခဲ့ရသည်။ ထိုအချိန်က Keiko၏စကားတစ်ခုတည်းဖြင့်သာ Shiroကို သူမုန်းတီးခဲ့သည်။

Keikoသည် နောက်ပိုင်းတွင် သူဌေးသမီးလိုသုံးဖြုန်းလာပြီးနောက် Shiroမရှိတော့၍ မိဘများကသူမကို အမြင်ကြည်သွားပြီဟု လိမ်ညာခဲ့သည်။ အမှန်တော့အစကတည်းက မိဘများ၏အချစ်ဆုံးကလေးမှာ Keikoဆိုတာကို ဝတ္ထုဖတ်ပြီးမှသူသိခဲ့ရသည်။

အရင်က Keikoကို သူကသာအသိဆုံးလူဟု သူထင်ခဲ့မိသည်။ ယခုပြန်တွေးကြည့်လေတော့ သူမသည် ထင်သလောက်မရိုးရှင်းလောက်ပေ။ သူမအလှအပနှင့်ဆိုလျှင်ပင် သူ့ကိုအပိုင်ရနိုင်ဖို့သေချာသည်။ သို့သော် ဘာကြောင့်များ Shiroကိုအသုံးချကာ သူ့အနားသို့ချဥ်းကပ်ခဲ့သနည်း။ ထို့ပြင် သူမသည် မွေးစားသမီးဖြစ်ကြောင်း Fukumura မျိုးနွယ်ဝင်များမှလွဲ၍ အပြင်လူများများစားစားမသိကြချေ။ ထိုအကြောင်းအရာသည် အရေးမကြီးသော်ငြား Shiroအတွက်တော့အရေးပါသည်။ သို့သော် Keikoသည် သူ့ကိုလည်း ယခုအချိန်အထိ ပြောမထားသလို ဝတ္ထုထဲတွင်လည်း သူ့ကိုပြောပြသည်ဟု နောက်ဆုံးအထိ ရေးမထားခဲ့ပေ။

အချစ်ဆုံးသို့Where stories live. Discover now