Part-6

80 10 6
                                    

Unicode
Akiraသည်လည်း Jackနှင့်ပူးပေါင်းရန် လုပ်ငန်းဆောင်တာများကို ရုံးချုပ်တွင်လာရောက်လုပ်ဆောင်နေရသည်။ အဓိက ကတော့ ဖခင်နှင့်စကားပြောကာ သဘောတူညီချက်ယူရသည်။

"ဒီလိုလုပ်ပေးရင် Haga Groupအနေနဲ့ ဘာအကျိုးအမြတ်ရမှာလဲ။"

Akiraကဆိုသည်။

Haga Groupရဲ့ ထုတ်ကုန်တွေက အခုနောက်ပိုင်း သိပ်တိုးမပေါက်တော့ဘူးလို့ ကျွန်တော်ကြားတယ်။"

Mr.Hagaက ဆတ်ခနဲထပြောသည်။

"ဒီအကြောင်းလည်းမင်းသိတာပဲလား။ စပ်စုလှချည်လားကွ။"

"ကျွန်တော်တို့ဘက်ကပညာရှင်တစ်ယောက် Fukumura Groupဘက်ကိုပါသွားပြီးကတည်းက ဆိုတာကိုလည်းကြားထားပြီးသားပဲ။"

"အတင်းအဖျင်းကြီးပါကွာ။"

"Jackက အရင်က Fukumura Groupနဲ့ လက်တွဲခဲ့တဲ့သူဆိုတော့ သူတို့ရဲ့နည်းစနစ်တွေကိုလည်းသိထားသလို သူ့မှာလည်း ပညာရှင်တွေအများကြီးရှိတယ်။ အကျိုးအမြတ်ကိုတော့ အဖေအသိဆုံးဖြစ်မှာပါ။"

ထိုစကားကိုကြားတော့ Mr.Hagaက အားပါးတရရယ်သည်။

"ဟားဟားဟား... မဆိုးဘူးကောင်လေး။ မင်းကို အချစ်ရူးလေးလို့ပဲထင်ထားတာ။ စေ့စပ်ပွဲပျက်ပြီးတဲ့နောက်ပိုင်းမှ ဝှက်ထားတဲ့လက်သည်းလေးတွေပြလာတော့တယ်။ ကောင်းပြီလေ။ ဒီကိစ္စကိုဆွေးနွေးပြီး တစ်ပတ်အတွင်း တရားဝင်ကြေညာချက်ထုတ်ပြန်ပေးမယ်။"

Haga Group၏ အလှကုန်စျေးကွက်သည် ရောင်းအားတဖြည်းဖြည်းနှင့်ကျဆင်းလာခဲ့သည်မှာ မသိမသာလေးသာဖြစ်သော်လည်း နောက်ဆိုလျှင် တိမ်မြှုပ်သွားမည်ကို Mr.Hagaစိတ်ပူနေခဲ့သည်။ သို့သော် ယခုအခါတွင်တော့ အဆင်ပြေသည်ထက်ပိုသွားလောက်မည်။ Jackသည် လုပ်ငန်းရှင်လေးသာဖြစ်သော်ငြား ထိုအလှအပနယ်ပယ်တွင်တော့ သြဇာအတော်ရှိသောလူပင်။ ထိုလူနှင့်ပူးပေါင်းရခြင်းမှာ မြတ်သည်ထက်ပိုပါ၏။

Mr.Hagaတွေးလိုက်မိသည်။ ထိုကဲ့သို့အကျိုးရလဒ်မရှိလျှင်တောင် Akiraသည် နည်းလမ်းအမျိုးမျိုးရှာကာ Jackနှင့်ပူးပေါင်းအောင်လုပ်ဆောင်လာလိမ့်မည်ဟူ၍။

အချစ်ဆုံးသို့Onde as histórias ganham vida. Descobre agora