Part-29

48 6 7
                                    

Unicode
Akiraသည် အိတ်ထဲမှဆေးအချို့ထုတ်ကာ Shiroကိုပေးလာသည်။ Shiroက အိပ်ရာပေါ်ထိုင်နေရင်း သူ့ကိုမော့ကြည့်လာတော့ သူပြောလိုက်သည်။

"ဆေးတွေက အစာအိမ်ကိုမထိခိုက်ဘူး။ သောက်ပြီးရင်နားလိုက်နော်။ ဟုတ်ပြီလား။ ခရီးကပြန်ရောက်တာနဲ့ ကိုယ်တို့ ဆေးရုံသွားပြမယ်။"

ခေါင်းမာသောထိုကောင်လေးသည် ယခုချက်ချင်း ဆေးရုံဆေးခန်းသွားဖို့ကို သဘောတူမှာမဟုတ်မှန်းသူသိသည်။ ပထမဆုံးအကြိမ် ဝန်ထမ်းများနှင့်အတူ ခရီးထွက်ရသည်မို့ စိတ်မချနိုင်ဖြစ်နေမှန်းလည်း သူသိသည်။ ထို့ကြောင့် မနက်ဖြန်တစ်ရက်ကို အတတ်နိုင်ဆုံးဂရုစိုက်ပေးကာ Miyabiပြန်ရောက်သည်နှင့် ဆေးရုံတန်းပို့ရန်သာ ဆုံးဖြတ်လိုက်သည်။

Shiroကလည်း ခေါင်းညိတ်ကာ သူ့လက်ဖဝါးထဲမှဆေးကိုယူလိုက်သည်။ ထိုအထိအတွေ့လေးသည် သူ့နှလုံးသားကို ငှက်မွှေးလေးနှင့် ထိတို့ကျီစယ်သွားသည့်နှယ်။ ထိုကောင်လေးကို သူနမ်းချင်လာမိသည်။

မဟုတ်ကဟုတ်က အတွေးတို့ကို ခေါင်းထဲမှအတင်းခါထုတ်လိုက်ပြီးနောက် Akiraသည် Shiroအတွက်ရေဘူးယူပေးကာ အနွေးထည်ပါးပါးတစ်ထပ်လည်းထပ်စေလိုက်သည်။

"ညဘက်နေလို့မကောင်းရင် ကိုယ့်ကိုနှိုးလိုက်နော်။"

"အင်း"

အဖျားကနည်းနည်းလေးသာရှိတာကြောင့် သက်သာသွားဖို့ကိုသာ သူမျှော်လင့်မိသည်။ Shiroမှာ အစာအိမ်ရောဂါလည်းရှိသေးတာမို့ ဆေးများကို လက်လွှတ်စပယ် မတိုက်ချင်။ ဤစခန်းတွင် ဆရာဝန်များမရှိဘဲ ဆေးAIများသာရှိပြီး ထိခိုက်ဒဏ်ရာကိုသာ အထူးပြုထားသည်။ ထို့ပြင် ထိုAIစက်ရုပ်များက စစ်ဆေးပြီးလျှင် ဒေသခံဆေးရုံကို တန်းဆက်သွယ်ပေးမှာဖြစ်တာကြောင့် Shiroက သွားချင်ပါ့မလားမသိပေ။

"ဆေးဝါးAI တွေဆီ ကိုယ်ဆက်သွယ်လိုက်ရမလား။"

သူမေးလိုက်မိတော့ ထင်သည့်အတိုင်းပင် Shiroက ငြင်းလာလေသည်။

"မလိုဘူး။ ခေါင်းနည်းနည်းကိုက်တာပဲရှိတာ။ သူ့ဘာသာ သက်သာသွားလိမ့်မယ်။"

"အင်းပါ။"

Akiraသည် Shiroအိပ်ပျော်သွားသည်အထိ ခပ်လှမ်းလှမ်းတွင် ထိုင်စောင့်နေပြီးနောက် Shiro၏အသက်ရှူသံတို့ တည်ငြိမ်သွားတော့မှ နဖူးလေးကို နောက်တစ်ခေါက်ထပ်စမ်းပေးဖြစ်သည်။

အချစ်ဆုံးသို့Wo Geschichten leben. Entdecke jetzt