ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...
By Doh_Clover
515K 54.6K 416
. More
Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)
Chapter 4
8.8K 1K 19
By Doh_Clover
Chapter 4 - ပွဲ
စုလုရီတစ်ယောက် ဘာလို့ မူလပိုင်ရှင်က အဲ့လောက် အထီးကျန်ရတာလဲ နောက်ဆုံးတော့ နားလည်သွားပါပြီ။ ဘာ အလှတရားကို အသုံးချတာလဲ။ မူလပိုင်ရှင်က တကယ်ကို လှပပေမယ့် အရူးတစ်ယောက်ပဲ။ သူက ထိုင်ခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေရင်း စုချီရဲ့ အေးစက်မှုတွေကိုတောင် လွမ်းလာသလိုပင်။ စုလုရီတစ်ယောက် သူ့ ဘေးက အကြည့်တွေနဲ့ တီးတိုးပြောသံကို လျစ်လျူရှုထားရင်း အချိန်ကုန် မြန်‌စေဖို့ ဖုန်းထုတ်ကာ ရှောင်ရှောင်ဂိမ်းကို ကစားနေလိုက်သည်။
{ရှောင်ရှောင်ဂိမ်း - ဘလော့တုံးလေးကို တူရာတူရာစုပြီး ဖြေရတဲ့ဂိမ်းပါ။ Candy Crush လိုမျိုး}
ပွဲထဲမှာရှိတဲ့ လူတွေက ဖြစ်လာမယ့် အရာတွေကို ပျော်ရွှင်စွာ စောင့်စားနေကြပေမယ့် ရှောင်ရှောင်ရွာမှာ နယ်မြေတစ်ခုသာ ကျန်တော့သည်။
တပ်ဖ် တပ်ဖ် တပဖ်....
စတုရန်းကွက်တွေက တစ်ခုပြီးတစ်ခု မျက်နှာပြင်ပေါ်မှာ ဖြိုခွဲခံလိုက်ရသည်။ သတ်မှတ်ထားတဲ့အရေအတွက် ပြည့်ဖို့ တစ်ခါပဲ ကျန်တော့ပေမယ့် သူ့မှာ ဘလော့တုံးသုံးတုံးတောင် ကျန်သေးသည်။
စုလုရီ မျက်မှောင်ကျုံ့ကာ ဗျူဟာ ချလိုက်၏။
*ဝေ့ကို ဝန်းရံပြီး ကျောက်ကိုကယ်....*မြစ်ကို ဖြတ်ပြီး တံတားကိုဖျက်....
{*ဝိုင်းရံထားတဲ့အခြေကို တိုက်ခိုက်ပြီး မယာမိတ်တွေကိုကယ်တင်}
{*ကိုယ်လိုတဲ့ ပန်းတိုင်ကို ရောက်ပြီးတာနဲ့ ကူညီခဲ့တဲ့သူကို ကျေးဇူးကန်း}
အရိပ်တစ်ခုက သူ့ အရှေ့ ရောက်လာတာကြောင့် သူက စုချီ ဖြစ်မယ်ထင်ပြီး ပြောလိုက်သည်။
“ခဏလေး စောင့်အုန်း”
မော့ကြည့်လိုက်တော့ သူ မသိတဲ့ ငယ်ရွယ်တဲ့ယောကျာ်းလေးတစ်ယောက် ဖြစ်နေလေ၏။
ဘယ်သူကြီးလဲ။
လူငယ်လေးက အိပ်ကပ်ထဲ လက်ထည့်ထားပြီး သူ့ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မနိုင်တော့ဘူး...သေဖို့သာ စောင့်လိုက်တော့...”
စုလုရီက မျက်ခုံးပင့်မိသွားရသည်။ သူက ငါ့ကို ဂိမ်းကစားပုံကို ပြောပြဖို့အတွက်လေးနဲ့ သည်ကို လာတာလား။
လူငယ်လေးက မေးကိုမော့ထားပြီး အရာရာသိနေတဲ့ပုံစံနဲ့ ...
“မင်း ကိုယ့်ကို သတိထားသင့်တယ်။ ပထမ အခေါက်မှာကတည်းက သိသာတယ်။ မင်း အခုနေ အခြားအကူတွေ သုံးမယ်ဆိုရင်တောင် မနိုင်တော့ဘူး။ အဲ့တော့ စောစော အရှုံးပေးလိုက်တာက...”
အို၊ သူက ငါ့ကို ဘယ်လိုလုပ်ရတယ်ဆိုတာ လာပြောနေတာပဲ။ အဲ့တာဆို နားထောင်စရာအကြောင်းမရှိတော့ဘူး။
တက်ဖ် တက်ဖ် တက်ဖ်...စုလုရီ ခေါင်းကို ငုံ့ကာ တူသေးသေးလေး သုံးချောင်း ဝယ်လိုက်ပြီး ကျန်တဲ့ဘလော့တုံးတွေကို အပိုင်းလေးတွေအဖြစ် ခွဲလိုက်သည်။
“Stage Clear…”
ခရစ်ပတွန် ရွှေအဆင့် ကစားသမားတွေ အကြောက်အလန့်ကင်းတယ်ကွ။
{ခရစ်ပတွန် ရွှေအဆင့် ကစားသမားဆိုတာက ဂိမ်းထဲက ပစ္စည်းတွေကို ပိုက်ဆံပေးဝယ်ပြီး ကစားတဲ့သူတွေပါ}
လူငယ်လေး ; “...”
လူငယ်လေးနဲ့ စုလုရီ ထိုင်စကားပြောနေကြတဲ့အချိန်မှာ အခန်းထဲ အကြည့်တွေက စုရုံးလာခဲ့ကြသည်။
အမျိုးသား၊ အမျိုးသမီးတွေက သူတို့ရဲ့ရပ်တည်ချက်ကို တိုးတိုးလေးသာဖော်ပြထားရင် သူတို့ ကုမ္ပဏီအကြောင်းကိုသာ ပြောင်ပြောင်တင်းတင်း နှိုင်းယှဥ်နေလေသည်။
“အဲ့တာ ဆန်းမိသားစုရဲ့ဒုတိယအငယ်ဆုံး၊ ဆန်းဟဲယု မဟုတ်ဘူးလား။ သူ စုမိသားစုက‌ တစ်ယောက်နဲ့ ဘာ‌တွေပြောနေကြတာလဲ”
“သူ့ ကြည့်ရတာ ချေမှုန်းခံလိုက်ရသလိုပဲ”
“ဝိုး ဝိုး ဝိုး၊ ဒီနေ့ ရထားလေး မလှုပ်ရှားသလိုပဲ“
{TN _ ရထားလေးဆိုတာ စုလုရီကို ပြောတာပါ }
စုလုရီက လူငယ်လေးကို ကြည့်လိုက်သည်။ မူလပိုင်ရှင်ရဲ့အသိတွေထဲမှာတော့ သည်လူငယ်လေး မပါပေ။ သူက လူတွေ အများကြီးနဲ့ ဆန့်ကျင်ခဲ့တော့ သည်လူက ဘယ်သူမှန်း သူမသိပေ။
“ဟယ်လို”
ဘေးကင်းစေဖို့ရာ စုလုရီက ယဉ်ယဉ်ကျေးကျေးလေး နှုတ်ဆက်လိုက်သည်။
လူငယ်လေးက ...
“ဟယ်လို ...“
ဆန်းဟဲယုက မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကို ကြည့်ကာ ...
“မင်း ပြောင်းလဲသွားတဲ့ပုံပဲ”
စုလုရီကလည်း အဲ့အတိုင်းပဲ ခံစားရတာကြောင့် ပြောလိုက်သည်။
“ဟုတ်တယ်...ငါ အရင်က တစ်ခါမှ ခရစ်ပတွန်ကစားသမား မဖြစ်ဖူးဘူး“
“…..”
ဆန်းဟဲယုတစ်ယောက် သူ့ လည်ပင်းထဲ မီးအိမ်ကြီးနင်သလိုဖြစ်သွားရသည်။ ဘယ်သူက အဲ့အကြောင်း ပြောနေလို့လဲဟ။
ဘာမှ စိတ်လှုပ်ရှားစရာလည်း မရှိတော့ ကြည့်နေတဲ့ လူအုပ်ကြးက တဖြည်းဖြည်း သူတို့နေရာပြန်သွားကြ၏။ စုလုရီကလည်း ဗျူဟာကျကျ ဆုတ်ခွာလိုက်သည်။
“ငါ အရင် သွားနှင့်ပြီ...”
“ရို့...မင်းက ဒီမှာ ဘာလုပ်နေတာလဲ“
စိတ်ဝင်စားမှုတွေနဲ့ ပြည့်နေတဲ့ အသံတစ်သံက သူ့နောက်ကနေ ထွက်လာခဲ့၏။ ဘေးပတ်လည်က မျက်လုံးတွေကလည်း နောက်တစ်ကြိမ် ပြန်စုလာပြန်သည်။
စုလုရီက ကြည့်လိုက်တော့ ရှည်လျားတဲ့ခြေထောက်တွေနဲ့ ရင်ဘတ်မှာ ပန်းထိုးထားတဲ့ လူငယ်လေးတစ်ယောက်က သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်။ ပထမဆုံးအမူအရာ : ဟိတ်ကြီးဟန်ကြီးနိုင်တယ်၊ ရိုင်းစိုင်းတယ်။
ဆန်းဟဲယုက ပြောတဲ့သူရဲ့နာမည်ကို အော်ပြောလာသည်။
“ကျောက်ချင်းချန်”
ကျောက်ချင်းချန်က စိတ်လှုပ်ရှားနေခဲ့သည်။
“စုလုရီ၊ မင်း နောက်တစ်ကြိမ် ပြေးတိုက်ပြီးပြီလား”
အဲ့ “နောက်တစ်ကြိမ် “ ဆိုတာကြီးကို တော်တော်စိတ်ပျက်နေပြီ။
စုလုရီတစ်ယောက် အကျဉ်းချုပ်တော့ သဘောပေါက်လာပြီ : စောနက လူငယ်လေးက ဆန်းရဲ့ဒုတိသခင်လေးဖြစ်ပြီး အခုလာတဲ့တစ်ယောက်က ကျောက်မိသားစုကပဲ ဖြစ်ရမယ်။ နောက်လာတဲ့သူက ဒုတိယလား၊ တတိယလား၊ ဒါမှမဟုတ် စတုတ္ထလား၊ သူ မသိတော့ပေ။
ကျောက်ချင်းချန်က စုလုရီ အရှေ့ကပ်ကာ နောက်က တစ်ယောက်ပေါ်ကို လက်တင်လိုက်သည်။ သူက အရပ်ရှည်တာကြောင့် ကုန်းလိုက်ပြီး စုလုရီကို ကစားနေတဲ့ မျက်လုံးတွေနဲ့ သေချာကြည့်ကာ ...
“မင်း ဒီနေ့ ငါ့ကို ဝင်မတိုက်တော့ဘူးလား“
သူ့ စကားဆုံးတာနဲ့ အကုန်လုံးက ထရယ်ကြလေသည်။ အဓိပ္ပါယ်ကရှင်းပါတယ်။ သူတို့က ပွဲကောင်းကောင်း ကြည့်‌ချင်နေတာပဲ။
“နိုး“
“ဝိုး၊ တကယ်ကြီလား“
ကျောက်ချင်းချန်ရဲ့ပြုံးနေတဲ့ မျက်နှာက စိတ်ဝင်စားစရာတစ်ခု ရှာတွေ့သွားသလိုမျိုး မြင့်တက်သွားသည်။
“ဘာလို့လဲ“
စုလုရီက ရိုးရိုးပဲ ပြန်ဖြေလိုက်သည်။
“ငါ ပျင်းလာလို့“
ကျောက်ချင်းချန် “...”
ဆန်းဟဲယု “ခွီး...”
လူအုပ်ကြီး “ ... ”
ဒါက တကယ်ရော ရထားလေးဟုတ်ရဲ့လား။
ကျောက်ချင်းချန်ရဲ့ဆွဲဆောင်မှုရှိတဲ့ အပြုံးက ပျောက်ကွယ်သွားသည်။ သူက စုလုရီကို စိတ်ရှုပ်စွာနဲ့ တွန်းပစ်လိုက်သည်။ ဒါပေမယ့် အားတော့ မပါပေ။ သူက တွန်းပြီးတာနဲ့ ဆန်းဟဲယုကို အော်တော့၏။
“မင်းက ဘယ်သူ့ဘက်ကလဲ။ ဘာတွေများ ရယ်စရာပါလို့ ရယ်နေရတာလဲ“
ဆန်းဟဲယုက တန့်သွားပြီး မရယ်မိအောင် သူ့ပါးစပ်ကို အုပ်ထားလိုက်ကာ ...
“ငါက ဒီအတိုင်း ရယ်ရုံလေးတင်ပါ“
“ချီးပဲ“
ကျောက်ချင်းချန်က စုလုရီဘက် လှည့်ကာ သူ့မျက်နှာကို ပြန်ဆယ်ဖို့ လုပ်လိုက်သည်။
“အရင်တစ်ခေါက်တုန်းက ငါ့ကို ပန်းပြပွဲသွားဖို့ လာဖိတ်တာ မင်း မဟုတ်ဘူးလား“
သူ့ ဘေးပတ်လည်က လူတွေရဲ့နားက နောက်တစ်ကြိမ် ပြန်ထောင်လာပြန်သည်။ ဝိုး၊ သည်မှာ အတင်းအဖျင်းတွေ ရှိနေတာပဲ။
စုလုရီ မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။ ထင်ထားတဲ့အတိုင်း သူ လွယ်လွယ်ကူကူတော့ မရှောင်နိုင်ဘူးပဲ။
သူက ခပ်တည်တည်ပဲ ပြောလိုက်သည်။
“အဲ့တာ ကျွန်တော့်ရဲ့အရောင်းအဖွဲ့ကပါ။ လူလတ်ပိုင်းတွေက ထူးခြားတယ်လေ“
“….”
ကျောက်ချင်းချန်က ဒေါသထွက်သွားခဲ့ပြီး သူ့ကြည့်ရတာ ငါးပူတင်ကြီးနဲ့ တူလေသည်။ ဆန်းဟဲယုကတော့ သူ့ သူငယ်ချင်းနဲ့အတူတူ ထွက်သွားလေပြီ။ သူက အခု အော်ရယ်ချင်နေပေမယ့် လုပ်လို့ မကောင်းသေးတာကြောင့် အတင်းသည်းခံထားရင်း မျက်နှာက ရှုံ့မဲ့သွားရ၏။
စုလုရီက ဆန်းဟဲယု၏ မျက်နှာပေါ်က အပြုံးကိုကြည့်လိုက်ပြီး တစ်ခုခုကို သိသွားခဲ့သည်။ အဲ့တာက သိသိသသာသာကြီးကို ...
‘ငါလည်း အဲ့လို အနှိမ်နင်းခံလိုက်ရပေမယ့် မင်းပါ အဲ့လိုအလုပ်ခံလိုက်ရတော့ ငါ့ ပျော်ရွှင်မှုတွေကို မထိန်းနိုင်တော့ဘူးကွာ‘ ဆိုတဲ့ ပုံစံကြီးပင်။
သူက အဲ့လို ထူတာပဲ ဖြစ်စေ၊ ပါးတာပဲ ဖြစ်စေ၊ အတူတူ တစ်လှေထဲမှာရှိနေတဲ့ ယောကျာ်းနှစ်ယောက်ရဲ့ ခင်မင်မှုကို စိတ်ထဲ ကြိတ်ချီးကျူးလိုက်သည်။
စုချီက ပါတီမစခင် သုံးမိနစ်လောက်အလိုမှာပြန်လာခဲ့၏။
ပင်ပန်းနေတဲ့ ငှက်လေးက သူ့ အသိုက်ထဲ အသည်းအသန်ပြန်သွားသလိုမျိုး စုလုရီကလည်း စုချီ၏ ဘေးကို ပျံ့သွားမတက် ရောက်သွားတော့သည်။
“အစ်ကိုကြီး“
သူ့အသံက ချိုသာတဲ့ သံစဉ်လိုမျိုး ဖြစ်နေကာ စုချီတစ်ယောက် သူ့ဆံပင်တွေ ထောင်သွားတယ်လို့ ခံစားလိုက်ရသည်။
“ဘာလဲ“
စုလုရီ ; “ငါ မင်းကို လွမ်းနေတာ“
မင်းက သည်သောက်သုံးမကျတဲ့ ကမ္ဘာကြီးထဲမှာ ငါ သိတဲ့ တစ်ဦးတည်းသောသူပဲ။
စုချီက သည်လို ရုတ်တရက်ကြီး ချွဲပျစ်လာမှုကို သည်းမခံနိုင်တော့ဘဲ ပြောလိုက်၏။
“အဲ့လို ရွံ့စရာကောင်းတာတွေ မပြောစမ်းနဲ့“
စုလုရီက သူ့ပါးစပ်ကို ပိတ်ထားလိုက်သည်။
“....”
ငါ အဲ့တာကို မှတ်ထားတယ်ကွ။
ပါတီက စတော့မှာဖြစ်တာကြောင့် စုချီက သူ့ကို ခန်းမရဲ့နေရာအချို့အကြောင်း အကျဉ်းချုံးပြောပြလိုက်ကာ ...
“မင်း တစ်နေရာရာကို သွားတော့မယ်ဆိုရင် ငါ့ကို အသိပေးဖို့မမေ့နဲ့“
စုလုရီက ချက်ချင်းပဲ အနားတိုးလာကာ ...
“စိတ်မပူပါနဲ့၊ ငါ မင်းကို ခွဲမသွားပါဘူး“
စုချီကတော့ သူ့ကို သံသယအကြည့်တွေနဲ့ ကြည့်လေသည်။
………..
ခြောက်နာရီတွင် ပါတီပွဲက တရားဝင်ကျင်းပလေသည်။ ပွဲပိုင်ရှင်က စင်ပေါ်မှာ စကားအနည်းငယ်ပြောပြီး ဧည့်သည်တွေကို အလိုရှိသလို ဆင်နွှဲခွင့်ပေးလိုက်တော့၏။
ခန်းမရဲ့အကျယ်က စတုရန်း‌ ရာပေါင်းများစွာကျယ်ဝန်းပြီး အပေါ်မှာလည်း အနက်ရောင်နဲ့ရွှေရောင် ရောစပ်ထားတဲ့ မျက်နှာကျက်ကြီး ရှိလေသည်။ ပန်းပွင့်ဖတ်တွေ အဖြူရောင် ငှက်မွှေးတွေနဲ့ အခန်းကို အလှဆင်ထားကာ ကြမ်းပြင်ကိုလည်း ရှမ်ပိန်ရောင် စကျင်ကျောက် ခင်းထားပြီး တောက်ပကာ ထူးခြားနေအောင် ပြုလုပ်ထားလေသည်။
မြူးကြွနေတဲ့အသံက လူထုထဲပျံ့နှံ့သွားပြီး အမျိုးသမီးတွေရဲ့ ရှည်လျားတဲ့ဝတ်စုံက လှုပ်ရှားလိုက်တိုင်း အနံ့မွှေးမွှေးလေးတွေ ပျံ့နှံ့သွားသည်။
စုလုရီ စားပွဲအလယ်က အချိုပွဲတွေကို စိုက်ကြည့်နေတုန်း စုချီက အနားကို ကပ်ကာ ငုံ့လိုက်သည်။ စုလုရီ သူ့ခေါင်းကို လှည့်လိုက်တော့ ကော်လံအပေါ်က ယောကျာ်းပီသသည့် လည်စလုပ်ကို တွေ့လိုက်ရ၏။
“တော်သေးတာပေါ့၊ ဂန္ဓမာပန်းအဆီနံ့ မရဘူး“
စုချီက ပြန်ခွာသွားသည်။
“ခဏနေရင် မင်း လူတွေနဲ့ နှုတ်ဆက်ရမှာ ဆေးနံ့တွေရနေလို့ မဖြစ်ဘူး“
စုလုရီက သူ့ရဲ့ မနာလိုနေတဲ့ မျက်လုံးတွေကို ဖုံးကွယ်လိုက်သည်။
“ငါ‌ ခေါင်းလျှော်ခဲ့ပါတယ်“
သူရဲ့ လည်စလုပ်ကျတော့ မသိသာပေ။ တကယ်လို့ စုချီသာ အရွယ်ရောက်ပြီးသား သိမ်းငှက်အထီးဆိုရင် သူက အပျံသင်ခါစ ငှက်တောင် မဟုတ်သေး၊ ဥထဲမှာပဲ ရှိနေအုန်းမှာ ဖြစ်သည်။
သူလိုချင်တဲ့ အရိုင်းဆန်မှုနဲ့ ကြီးကျယ်မှုတွေက သူ့ (စုချီ) မှာ အကုန်ရှိလေသည်။ အဲ့တာက အရမ်းဆွဲဆောင်မှုရှိတာပဲ။
“ဘာတွေကြည့်နေတာလဲ“
“အစ်ကိုကြီးက တော်တော်ချောတာပဲလို့ တွေးနေတာ“
စုချီက နှာမှုတ်လိုက်သည်။
“အခုတော့ ငါ့ကို ဘယ်လိုပျော်အောင်လုပ်ရမလဲ သိလာပြီပေါ့“
စုလုရီက ပြောလိုက်သည်။
“ငါက နှလုံးသားထဲက စကားအမှန်ကို ပြောလိုက်တာပါ။ ကိုယ့်ကို ယုံကြည်မှုရှိစမ်းပါ“
စုချီတစ်ယောက် ပြောစရာစကားမဲ့သွားရသည်။သူက ပညာသားပါပါနဲ့ပဲ စကားကို အဆုံးသတ်လိုက်ပြီး စားပွဲထိုးဆီက ကော့တေးတစ်ခွက်လောက် ယူကာ ပြောလိုက်၏။
“လမ်းလျှောက်ပြီး လူတွေကို လိုက်နှုတ်ဆက်ရအောင်“
စုလုရီကလည်း ထကာ ဝတ်စုံကို သပ်ရပ်အောင်လုပ်လိုက်ပြီး ကြည့်ကောင်းတဲ့ အမူအရာနဲ့ ခွက်တစ်ခွက်ကို ကိုင်လိုက်သည်။ စုချီက သူ့ကို အခြားသူတွေဆီ ခေါ်သွားကာ ...
“မင်းကို ထပ် မိတ်ဆက်ပေးဖို့တော့ မလိုဘူးမလား
စုလုရီက ရိုးသားစွာ ပြန်ဖြေလိုက်၏။
“ငါ သူ့ကို မသိဘူး“
စုချီ၏ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
“မင်း သူ့ကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ မင်းတို့ အရင်က တွေ့ဖူးတယ်လေ“
သူက ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
“မင်း အရင်တစ်ခေါက်က အထင်ကြီးလောက်စရာတစ်ခုလုပ်ထားတယ်“
စုလုရီ ; “...”
သူ့ အကြည့်တွေက ရိုးသားလေ၏။
“ဒီခန်းမကြီးထဲ ငါ့မျက်လုံးထဲမှာ လူနှစ်မျိုးပဲ မြင်တယ်။ အစ်ကိုကြီးရယ်၊ အခြားလူတွေရယ်“
စုချီက သူ့ကိုစိုက်ကြည့်လိုက်သည်။
“အဲ့တာဆို မင်းကရော“
စုလုရီက အမြန်ပဲပြန်ဖြေလေသည်။
“အစ်ကိုကြီးရဲ့လူ“
စုချီ ; “...”
စုလုရီက စုချီ ဘေးနားက အမြှီးလေးနဲ့ တူလေသည်။ ကျော်ကြားတဲ့ သခင်လေးတွေ၊ သခင်မလေးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ခွက်ချင်းတိုက်နေလေသည်။ စုချီ ဘေးမှာဆို သူ့ကို ကြည့်နေတဲ့အကြည့်တွေက နည်းနည်းတော့ လျော့ပါးသွားသည်။
ဒါက အထက်တန်းလွှာ လူတန်းစားဖြစ်နေရင်တောင်မှ လူတွေကို ဝေဖန်တဲ့နေရာမှာတော့ အတူတူပဲဆိုတာ စုလုရီ သိလာ၏။ သူတို့က ခွက်ချင်းတိုက်ပြီး ပြောလိမ့်မည်။
“ငါ မင်းအကြောင်း ကြားဖူးတယ်“ ဟု အစချီ၍ သူတို့ အချင်းချင်းကြားက ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာရတော့၏။
ဖန်ညီအစ်ကိုနှစ်ယောက်နဲ့ နှုတ်ဆက်တဲ့အခါမှာတော့  သူတို့က အချင်းချင်း ပျော်ရွှင်စွာ မိတ်ဆက်လိုက်ပြီး စုလုရီက စုချီ၏နောက် တပ်ကြပ်မကွာ လိုက်သွားတော့သည်။ သူလည်း ဟိုဘက်လှည့်လိုက်ရော သူ့နောက်က ညီအစ်ကိုနှစ်ယောက်ရဲ့တီးတိုးပြောသံတွေ ကြား‌လိုက်ရ၏။
ညီလေး ဖန် ; “သူ တော်တော်လေး ပြောင်းလဲသွားတာပဲ“
အစ်ကိုကြီး ဖန် ; “သူက တုံးအ,ပြီး ချစ်စရာကောင်းတယ်“
ညီလေး ဖန် ;  “ချစ်စရာကောင်းတယ်ဆို လုံလောက်ပါပြီ မဟုတ်ဘူးလား“
စုလုရီ ; “...”
ငါ အားလုံးကို‌ ကြားနေရတယ်ကွ၊ ကျေးဇူးပါ။
ဖန်ခွက်ကလည်း သုံးကြိမ်တိုင်တိုင် ပြန်ဖြည့်နေရပြီး လိုက်နှုတ်ဆက်တာကလည်း ပြီးတော့မည်ဖြစ်သည်။
နောက်ဆုံးတစ်ယောက်ကို ရောက်တော့ စုချီကဘေးမှာရပ်လိုက်ပြီး စုလုရီကို ပြောလိုက်သည်။
“အဲ့တာက ရှုကျန့်ပဲ...ရှောင်ရီ“
စုလုရီရဲ့ ခွက်ဘေးက မြှောက်တက်သွားရသည်။
“ဟယ်လို၊ ငါက စုလုရီပါ“
အဲ့တာက ရထားလေးပဲ။ ရှုကျန့်ရဲ့ခန္ဓာကိုယ်ကတောင့်တင်းသွားပြီး အရင် ကြွေသားလေးနဲ့ ထိတွေ့လိုက်ရတဲ့ခံစားချက်ကို အမှတ်ရသွားလေသည်။သူက စုလုရီရှိနေတာကြောင့် ခံစားချက်တွေကို ချိုးနှိမ်ထားပြီး ခွက်ကို တိုက်ကာ နှုတ်ဆက်လိုက်သည်။
“ဟယ်လို၊ ရထားလေး...”
စုလုရီက နှလုံးသား အောက်ခြေကနေ သက်ပြင်းချလိုက်ပြီး ချီးကျူးလိုက်သည်။
“နာမည်က ချစ်စရာလေးပဲ“
ရှုကျန့်တစ်ယောက် တောင့်တင်းသွားရသည်။
“....”
စုလုရီက နှုတ်ခမ်းထောင့်တွေ ကွေးလိုက်ပြီး မပီမသလေး ပြုံးလိုက်လေသည်။
သူ့အကြည့်တွေက ထက်ရှကာ အလင်းရောင်တွေကလည်း သူ့ရဲ့တောက်ပပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးပေါ် ထိုးကျလာ၏။
ရှုကျန့်က မတတ်နိုင်ဘဲ သူကို နှစ်ကြိမ်မက ပြန်ပြန်ကြည့်မိကာ သူ့နှလုံးသားထဲက စိုးရိမ်မှုကလည်း တဖြည်းဖြည်း ပျောက်ကွယ်သည်။ သည်လူကသာ တုံးအအ, အရာတွေ အများကြီး မလုပ်ရင်လည်း သူ့ကို သဘောကျတဲ့သူတွေ အများကြီးရှိမှာပဲ။
သူကို သည်နေ့လိုမျိုး အမြဲပုံမှန်လေးပဲ နှုတ်ဆက်ရင် ဘယ်လောက်‌ ကောင်းလိုက်မလဲနော်။
“သခင်လေး စုက ဒီနေ့ ဉာဏ်ပိုကောင်းလာသလိုပဲ"
ရှုကျန့်က ပြောပြီးတာ နဲ့ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ပြီး စုချီများ တစ်ခုခု တုန့်ပြန်မလားလို့ ချောင်းကြည့်လိုက်သည်။ အဲ့နောက် သူ့အကြည့်တွေက စုလုရီဆီ ရောက်သွားတော့ မျက်လုံးတွေပါပြူးသွားရ၏။
အဲ့တာ ပုံရိပ်ယောင်များလား။ ဘာလို့ အဲ့လူက အရမ်းပျော်ရွှင်နေတယ်လို့ ထင်ရတာပါလိမ့်။
စုလုရီက အတွင်းထဲမှာ တကယ်ကို ပျော်ရွှင်နေမိသည်။ အဲ့တာက သူက မူလပိုင်ရှင်ထက် သာတယ်ဆိုတာ ဖော်ပြလိုက်တာပဲ မလား။
စုလုရီက ပျော်ရွှင်သွားကာ စုချီအတွက် မျက်နှာရပေးအောင် လုပ်ပေးဖို့လည်း မမေ့ပေ။
“အစ်ကိုကြီးက ကောင်းကောင်း သင်ပေးထားတယ်လေ“
ယောကျာ်းတွေက မျက်နှာရတာကို တကယ်ကြိုက်သည်။ ထပ်ပြောရမယ်ဆိုရင် သူတို့က သူတို့ကို ချီးကျူးပေးတာကို ကြိုက်လေ၏။
စုချီရဲ့မျက်လုံးထောင့်က လှုပ်ရှားသွားကာ ...
“မခံယူရဲပါဘူး“
စုလုရီက မကျေမနပ်နဲ့ ပြန်ပြောလိုက်သည်။
“ကိုယ့်ကို ယုံကြည်မှုရှိရမယ်လေ“
ရှုကျန့် နောက်ထပ် တောင့်တင်းသွားပြန်သည်။
ဘာတွေဖြစ်ကုန်တာလဲ။ စုမိသားစု သခင်လေးရဲ့ပုံစံအမှန်က သူတို့ တွေးထားတာနဲ့ တော်တော်လေးကွာခြားတာပဲ။
သူ နောက်ထပ် စပ်စုမလို့ရှိတုန်း ဖန်ခွက် ကျကွဲသံက သာယာနေတဲ့ လေထုကို ပြိုကွဲသွားစေလေသည်...
ခွမ်း ...
မဝေးတဲ့တစ်နေရာက ခွက်ကျကွဲတဲ့ အပိုင်းအစတွေက မြေပြင်ပေါ်ရှိနေလေသည်။ ငြိမ့်ညောင်းတဲ့တေးသွားသံက ရပ်တန့်သွားကာ အဝါရောင်ဖျော့ဖျော့ဝိုင်တွေကလည်း မြေပြင်ပေါ်ပြန့်ကျဲနေလေ၏။
စုလုရီက လန့်သွားကာ စုချီ၏အနား ကပ်သွားလိုက်သည်။
ဖန်ခွက်ကျသွားတဲ့နေရာမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရပ်နေလေသည်။ ယောကျာ်းကို ကြည့်ရတာတော့ ငယ်ရွယ်ချမ်းသာမယ့်ပုံပေါ်ပြီး သူ့ဘေးက အနီရောင်စကတ် ဝတ်ထားတဲ့ အမျိုးသမီးကတော့  ဒေါသထွက်နေကာ သူတို့ရှေ့က အမျိုးသမီးကတော့ မိုးရေထဲမှာ ငိုနေတဲ့ ကြာပန်းလေးနဲ့ တူလေသည်။
ဝိုး...ကြည့်ရတာ ခွေးသွေး ပွဲကြီးပဲ ဖြစ်ရမယ်။ စုလုရီတစ်ယောက် မသိစိတ်ကနေ စုချီ၏ လက်မောင်းကို ဆွဲလိုက်သည်။ တစ်ဖက်က သူ့ လက်ကို ဆွဲဖြုတ်ပေမယ့် သူ ဂရုမစိုက်ပေ။ သူ့ခေါင်းကိုသာ ပွဲခင်းထဲ အတင်းတိုးကြည့်နေတော့သည်။
အနီရောင် စကတ်ဝတ်ထားတဲ့ အမျိုးသမီးရဲ့ ကျိန်ဆဲသံတွေက ခန်းမထဲ ပျံ့လွှင့်နေကာ အထက်တန်းလွှာက လူတွေကလည်း အတင်းအဖျင်းအကြည့်တွေနဲ့ ကြည့်နေလေသည်။
“အရှက်မရှိတဲ့ စနိုက်ကြော် ကြာပန်းဖြူမ၊ နင့်ရဲ့အကွက်တွေက ရိုးနေပြီဟဲ့“
စုလုရီတစ်ယောက် ဖရဲသီးစားနေတုန်း ရုတ်တရက် လူနှစ်ယောက်က သူ့ဘေး ရောက်လာသည်။ စုချီနဲ့ ရှု့ကျန့်က သူ့ဘယ်နဲ့ညာမှ ရပ်နေပြီး သူ လုံခြုံသွားသလို ခံစားရသည်။
စုလုရီက ရှု့ကျန့်ကို တံတောင်နဲ့တွတ်ပြီး မေးလိုက်၏။
“မင်းလည်း ဖရဲသီးစားဖို့ ရောက်လာတာလား”
{TN_ ဖရဲသီးစားတယ်ဆိုတာ ပွဲကြည့်တာကိုပြောတာပါ}
သူတို့နှစ်ယောက်ကို ကြည့်ရတာ သူငယ်ချင်းကောင်းတွေနဲ့ တူလေသည်။
ရှု့ကျန့် “...အမ်း”
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက ကျိန်ဆဲနေဆဲဖြစ်ပြီး လူငယ်လေးက သည်းမခံနိုင်တော့ပေ။ သူက သူမကို ဆွဲကာ ...
“ကျန့်ချင်...မင်း ဆူဆူညံညံလုပ်တာ တော်လောက်ပြီ“
“ငါက ဆူညံတယ်ပေါ့“
ကျန့်ချင်ရဲ့အသံက ပိုလို့တောင် ကျယ်လာကာ သူရဲ့ကာလာစုံ လက်သည်းတွေကလည်း အခန်းတစ်ဖက်က မျက်ရည်တွေကို သုတ်နေတဲ့အမျိုးသမီးကို လက်ညိုးထိုးလိုက်ကာ ...
“ဒီနေရာမှာ အရှက်မရှိတာက သူပဲလေ။ ဒီလိုအကွက်တွေက လွန်ခဲ့တဲ့ အချိန်ကတည်းက ရိုးအီနေပြီကို...နင်က သူ အဲ့တာကို တမင်တကာ လုပ်တာ မဟုတ်ဘူးဆိုတာကို ယုံနေတုန်းလား"
စုလုရီ ; “...”
သည်မြင်ကွင်းက ရင်းနှီးနေတယ်။
သူက စုချီအနား ကပ်သွားလိုက်သည်။
အအော်ခံလိုက်ရတဲ့ အမျိုးသမီးက မျက်ရည်တွေကိုသုတ်ကာ ...
“ငါ တကယ်မရည်ရွယ်ပါဘူး...ငါ့ ဖိနပ်နဲ့ ချော်သွားပြီး အဲ့ လူကြီးမင်းပေါ် မတော်တဆ လဲကျသွားလို့ ဝိုင်ဖိတ်မိသွားတာပါ။ ငါ တောင်းပန်ပြီးပြီလေ“
ကျန့်ချင်က ဒေါသကြောင့်နီရဲလာပြီး ကျိန်ဆဲလိုက်ပြန်သည်။
“ငါ့ တစ်သက်နဲ့တစ်ကိုယ် နင့်လို ကြာပန်းဖြူမမျိုးမတွေ့ဖူးဘူး“
အကြည့်တစ်ခုက စုလုရီရဲ့ခေါင်းပေါ်ကျလာသည်။
စုလုရီက ခေါင်းကို မော့လိုက်ပြီး စုချီရဲ့မျက်လုံးတွေကို ကြည့်လိုက်၏။
“... မင်း ဘာလို့ ငါ့လာကြည့်နေတာလဲ“
“ဟီး ...”
Zawgyi
Chapter 4 - ပြဲ
တပ်ဖ် တပ်ဖ် တပဖ်....
“ခဏလေး စောင့်အုန်း”
ဘယ်သူကြီးလဲ။
“Stage Clear…”
လူငယ်လေး ; “...”
“ဟယ်လို”
လူငယ်လေးက ...
“ဟယ်လို ...“
“…..”
“ငါ အရင် သွားနှင့်ပြီ...”
“ကျောက်ချင်းချန်”
“နိုး“
“ဝိုး၊ တကယ်ကြီလား“
“ဘာလို့လဲ“
“ငါ ပျင်းလာလို့“
ကျောက်ချင်းချန် “...”
ဆန်းဟဲယု “ခွီး...”
လူအုပ်ကြီး “ ... ”
“ချီးပဲ“
“….”
“အစ်ကိုကြီး“
“ဘာလဲ“
“....”
………..
“ဘာတွေကြည့်နေတာလဲ“
စုလုရီက ပြောလိုက်သည်။
“ငါ သူ့ကို မသိဘူး“
စုလုရီ ; “...”
“အဲ့တာဆို မင်းကရော“
“အစ်ကိုကြီးရဲ့လူ“
စုချီ ; “...”
စုလုရီ ; “...”
“ဟယ်လို၊ ငါက စုလုရီပါ“
“ဟယ်လို၊ ရထားလေး...”
“နာမည်က ချစ်စရာလေးပဲ“
“....”
“မခံယူရဲပါဘူး“
ခွမ်း ...
ရှု့ကျန့် “...အမ်း”
“ငါက ဆူညံတယ်ပေါ့“
စုလုရီ ; “...”
“ဟီး ...”
Continue Reading
You'll Also Like
203K 17.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
865K 17.3K 83
ကောင်မလေးကိုချစ်ပါသည်။