အချစ်ဆုံးသို့

By WhiteButterfly2342

2.4K 250 254

Akiraသည် ဝတ္ထုထဲမှ ဗီလိန်တစ်ဦးကို ချစ်မြတ်နိုးခဲ့သည်။ ထိုဗီလိန်သေဆုံးသွားချိန်တွင်တော့ သူနာကျင်ခံစားခဲ့ရသည်။... More

Description
Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30

Part-5

79 12 7
By WhiteButterfly2342

Unicode
"အဖေ... ဒါမဖြစ်သင့်တာပဲမလား။ ဘာလို့ကျွန်တော့်ခွင့်ပြုချက်တောင်မယူဘဲ အလျင်စလိုဆုံးဖြတ်ပစ်လိုက်တာလဲ။ ကျွန်တော့်ကိစ္စကိုကျွန်တော်ရှင်းမယ်ဆိုနေမှဗျာ။"

Mr.Hagaက ထိုင်ခုံပေါ်အေးအေးဆေးဆေးခြေ ချိတ်ထိုင်လိုက်ပြီး ပြန်ပြောလာသည်။

"မင်းကလက်နှေးတာကိုးAkiraရ။"

"ဒီအတိုင်းဆို Shiroက လက်ခံမှာမဟုတ်ဘူး။"

"ပြောပါအုံး... မင်းမှာ ဘယ်လိုအကြံအစည်တွေများရှိထားလို့လဲ။"

Akiraသည် သူ့အကြံအစည်များကိုပြောပြလာခဲ့သည်။ Mr.Hagaက မျက်ခုံးမြှင့်ကာ ခေါင်းအသာညိတ်သည်။

"အဲဒီအတိုင်းဆို မနှေးလွန်းဘူးလား။"

"ဒီကိစ္စက လုံးဝလောလို့မရဘူးအဖေ။ ကျွန်တော်ဖြည်းဖြည်းချင်းသွားဖို့ပဲစဥ်းစားထားတာ။"

"မင်းအမေရော ဘာပြောလဲ။"

"ဒါကအမေနဲ့မှ မဆိုင်တာကို။"

Mr.Hagaသည် သူသိနေနှင့်ပြီးသားဟူသော အထာဖြင့် ခပ်ပြုံးပြုံးဆိုလာသည်။

"နောက်ဆို ဆိုင်ရင်ဆိုင်လာမှာပေါ့။"

ထိုစကားတို့ကြောင့် Akiraအနည်းငယ်ရှက်သွားသည်။ သူ့ဘက်ကအသည်းအသန်ဖြစ်နေခြင်းကို မိဘများပါသိနေပြီထင့်။

"ဒါပေမဲ့ ကျွန်တော်ပဲသွားမှာနော်အဖေ။ ဘယ်သူ့ကိုမှ မလွှတ်ရဘူး။"

ထိုအချက်ကိုတော့ Mr.Hagaက လက်မခံခဲ့ပေ။

"မင်းသွားလို့မရဘူးလေ Akira.. မင်းကအခုမှ ကုမ္ပဏီကို ဦးဆောင်ရုံပဲရှိသေးတာ။ မင်းဦးဆောင်တဲ့ကုမ္ပဏီကို တိုးတက်အောင်ကြိုးစားနိုင်မှ မင်းအတွက် နေရာကောင်းကသေချာမှာ။ အမျိုးတွေအားလုံးက မင်းကိုပံ့ပိုးပေးနေတယ်ဆိုတာလည်း မင်းကတခြားသူတွေထက်တော်လို့ပဲ။ မင်းသေချာမကြိုးစားရင် မင်းကာကွယ်ချင်တဲ့သူကိုထား... မင်းကိုယ်မင်းတောင်ကာကွယ်နိုင်မှာမဟုတ်ဘူး။"

ထိုစကားကိုကြားတော့ သူတိတ်ဆိတ်သွားသည်။ Shiroအနားမှာနေရဖို့ကို သူထပ်မစောင့်ချင်တော့ပေ။ သို့သော် ယခုအခြေအနေနှင့်ဆိုလျှင် ဝေးကွာလွန်းနေသေးသည်လေ။

"ဒါပေမဲ့ ကျွန်တော် မကြာမကြာတော့သွားချင်တယ်။ သွားလို့ရအောင်စီစဥ်ပေးနိုင်မလား။"

"ကောင်းပြီ။"

ရုံးချုပ်မှပြန်လာပြီးနောက် Akiraသည် Jackကိုချက်ချင်းဆက်သွယ်ခဲ့သည်။ Jack၏ အတွင်းရေးမှူးက ဖုန်းကိုJackထံသို့ ချက်ချင်းလွှဲပြောင်းပေးခဲ့သည်။

"ဟဲလို Akira... Keikoအကြောင်းပြောမယ်ဆိုရင်တော့ ငါတို့ဆက်မပြောကြရင်ကောင်းမယ်။"

Jackက စတင်၍ စကားစလာခဲ့သည်။ Akiraက ပြုံးလိုက်ရင်း ပြန်ပြောလာသည်။

"ခင်ဗျားအခုကြုံတွေ့နေရတာတွေက ကျွန်တော့်လက်ချက်မဟုတ်ဘူးနော်။"

ထိုဆိုလိုရင်းကို Jackချက်ချင်းနားလည်လိုက်သည်။ သူသည် အခုတလော ပစ်မှတ်ထားကာ တိုက်ခိုက်ခံနေရပြီး ငွေများလည်း ဆုံးရှုံးနေရသည်။ သူ၏လုပ်ငန်းများသည် တစ်ဦးတည်းပိုင် လုပ်ငန်းသာဖြစ်ရာ လုပ်ငန်းစုကြီးများနှင့် မယှဥ်နိုင်ပေ။ အခု သူ့ဖောက်သည်အချို့က သူနှင့်အရောင်းအဝယ်လုပ်ရန်ငြင်းဆန်လာကြသလို ပြိုင်ဘက်စီးပွားရေးလုပ်ငန်းများကလည်း ပြင်းပြင်းထန်ထန်တွန်းတိုက်လာကြသည်။ အတွင်းသတင်းအရ အုပ်စုကြီးတစ်ခုက သူတို့ကိုထောက်ပံ့ပေးနေကာ သူ့ကိုရှုံးနိမ့်စေချင်နေသည်ဟူ၏။

မနေ့ကတင် အတွင်းသတင်းဖောက်ကာ ရောင်းစားခံရလုနီးနီးဖြစ်သွားခဲ့သေးသည်။ ကံကောင်း၍သာ သူအချိန်မီသိကာ အရေးယူနိုင်ခဲ့သည်။

Jackသည် ရယ်မောလိုက်ရင်း ဆိုလာသည်။

"ကောင်းပြီ။ မင်းဘာလိုချင်လို့လဲ။"

"ကျွန်တော်တို့ပူးပေါင်းကြမယ်လေ။ ဘယ်လိုလဲ။"

စီးပွားရေးလောကတွင် အင်အားကြီးသော မဟာမိတ်သည် မင်္ဂလာတစ်ပါးဖြစ်သည်။ သို့သော် Jackသည်လည်း လူရိုးတစ်ယောက်မဟုတ်ပါပေ။

"ငါကလုပ်ငန်းရှင်လေးတစ်ယောက်ပဲလေ။ မင်းအတွက်အကျိုးမှမရှိတာပဲ။"

ထိုအချက်ကို Akiraလည်းစဥ်းစားမိသည်။ Jackရှိနေသော Soulသည် အနုပညာနှင့် အလှအပရေးရာတို့ကြောင့် ထင်ရှားသည်။ Akikoသည် အလှကုန်များနှင့်ပတ်သတ်၍ အထူးပြုလေ့လာနေရာ သူမအတွက်လေ့လာစရာများစွာရှိနိုင်သောနေရာပင်။ သူ့မိဘများက Akikoကို အမြဲစိုးရိမ်နေကြပြီး Akikoကလည်း သူတို့လက်ထဲမှ အမြဲထွက်ပြေးချင်နေသည်။ Haga Groupတွင် အလှကုန်လုပ်ငန်းများစွာရှိပြီး Akikoအတွက် လေ့လာစရာများစွာရှိသော်ငြား လွတ်လပ်စွာရှင်သန်ပြီးလုပ်ချင်ရာလုပ်နိုင်သော နေရာတစ်ခုမဟုတ်ပေ။ Jackနှင့်ပတ်သတ်မှုအတွက်ကတော့.... သူစိတ်မပူပေ။ Akikoသည် ယောကျ်ားသားများကို စိတ်မဝင်စားပါဟု သူမကိုယ်တိုင်ဝန်ခံထားပြီးဖြစ်သည်။

အဓိကအကြောင်းအရင်းမှာ အချစ်အတွက် လက်စားချေလိုခြင်းသာဖြစ်သော်လည်း ထိုနယ်ပယ်သစ်တွင် လုပ်ငန်းစလိုက်ခြင်းက ယခုပြင်ဆင်နေသော ပရောဂျက်နှင့်လည်း ကိုက်ညီသည်။ Akiraဦးစီးသော အားကစားပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ Spikeသည် စတုရန်းမိုင် ခုနစ်သိန်းကျော် ကျယ်ဝန်းသော Miyabiမြို့၏ ပတ်ဝန်းကျင်မြို့များအထိ ခရီးဆန့်နေနိုင်ပြီဖြစ်ကာ သိပ်မဝေးလှသော Soulမြို့တွင် စတင်ဖွင့်လှစ်ရန် ဆွေးနွေးတိုင်ပင်နေပြီဖြစ်သည်။ ထိုနေရာတွင် ကျင်လည်နေတာ ကြာပြီဖြစ်သော Jackလိုမဟာမိတ်မျိုးကိုရလျှင် သူ့အတွက်အများကြီးအကျိုးရှိသွားမှာ ဖြစ်လေသည်။

"ကျွန်တော့်စီးပွားရေးလုပ်ငန်းကို Soulမှာ ချဲ့ထွင်ချင်တယ်။ ခင်ဗျားရဲ့အကူအညီပါရင် ပိုပြီးတော့ကောင်းတာပေါ့။ ဘယ်လိုလဲ။ အဆင်ပြေတယ်မလား။"

Jackသည် ခေတ္တမျှစဥ်းစားနေပြီးနောက် ပြောလာသည်။

"ကောင်းပြီလေ။ မင်းဘာလိုချင်တာလဲ။"

"မင်းဆီမှာ ပုံတချို့ရှိတယ်မလား။ မင်းကိုအဲဒါတွေကို ဖြန့်စေချင်တယ်။"

ထိုစကားသည် Jackကိုပင် ထိတ်လန့်သွားစေခဲ့သည်။

"ဘာ! မင်း... သူ့ကိုတကယ်ထိခိုက်စေချင်နေတာလား။"

သူ့ထံတွင် ဘယ်လိုပုံများရှိနေသလဲဆိုတာ ဘယ်သူမှမမေးဘဲနဲ့တင်သိနိုင်ပါ၏။ သို့ပေမဲ့ Akiraက ဘာကြောင့် ဒီလိုအရှက်တကွဲဖြစ်စေချင်ရသလဲ သူစဥ်းစားမရပေ။ ချစ်ရသူကြောင့် စိတ်နာသွားရသည်ဆိုလျှင်တောင် ဒါမျိုးက တော်တော်လွန်သည်။

Akiraက ဆိုလာသည်။

"ဟုတ်တယ်။ သူက ဆင်ခြင်တုံတရားနည်းနည်းလောက် လိုအပ်နေတာလေ။ အဲဒါလေးပဲလုပ်ပေးဖို့မျှော်လင့်ပါတယ်။ အဲဒါဆိုရင် ခင်ဗျားအတွက်အခက်အခဲတွေအားလုံးအဆင်ပြေသွားစေရမယ်လို့ အာမခံတယ်။"

"ကောင်းပြီ။"

Akira၏ လုပ်ငန်းများသည် Soulတွင်မရှိသေးသော်ငြား Haga Group၏ လုပ်ငန်းများစွာသည် Soulတွင်ရှိနှင့်နေပြီးဖြစ်လေသည်။ အလှကုန်နှင့်ပတ်သတ်သော Haga Groupပိုင် လုပ်ငန်းပေါင်းများစွာသည် Soulတွင် နာမည်ကြီးပြီးသားပင်။

ဖုန်းချလိုက်ပြီးနောက် Jackသက်ပြင်းချလိုက်မိသည်။ Keikoနှင့်တွဲရသည်မှာ စိတ်လှုပ်ရှားဖွယ်ရာဖြစ်၍သာ တွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်တော့ ရန်ငြိုးတစ်ခုအတွင်း ဝင်ပါလိုက်မိသလိုခံစားရလေသည်။ Keikoနှင့်ပတ်သတ်မိခြင်းကိုပင် သူနောင်တရမိသည်။

နောက်တစ်နေ့မနက်တွင်တော့ Keiko၏ အဖော်အချွတ်ပုံများစွာသည် ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လို့သွားခဲ့ရာ ပွဲအကြီးအကျယ်ဖြစ်ကြပြန်သည်။ ထိုထိုသော အတွင်းလူများထံမှသိရသည်မှာ Jack၏ဖုန်းသည် ခိုးယူခြင်းခံရကာ ပြန့်နှံ့သွားသည်ဟူ၏။

ထိုသတင်းကိုကြားရသောအခါတွင် Keikoသည် နေရာတွင်ပင် မူးမေ့လဲသွားကာ Fukumura Groupမှ သတင်းများကိုလိုက်ဖျက်သော်ငြား ဟိုဟိုဒီဒီ ပလပ်ဖောင်း*များစွာမှ ပေါ်ပေါ်လာလျက်ရှိရာ ပြင်းထန်သော ဗုံးတစ်ခုလို ပြန့်လို့သွားခဲ့သည်။

ထို့နောက် Mr.Fukumuraသည် Jackထံသို့ ဆက်သွယ်လာလေသည်။

"Jack... ငါတို့ကမိတ်ဆွေတွေမဟုတ်ဘူးလား။ Keikoရဲ့သတင်းတွေနဲ့ပတ်သတ်လို့ ဘာလို့ဖြေရှင်းချက်ထုတ်မပေးရတာလဲ။"

Jackက ​ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။

"အခုအချိန်က ဖြေရှင်းနေလည်းဘာမှမထူးလောက်တော့ဘူးလေဗျာ။ ကျွန်တော်လည်းမပြောတတ်ဘူးဗျ။ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေမှာ အနှောင့်အယှက်အချို့ပေါ်လာပြီးတဲ့နောက် ဖုန်းပါအခိုးခံလိုက်ရတာပဲ။ အခုတလော ကံတွေဆိုးနေလို့ ဘာမှတောင်ထပ်မလုပ်ရဲပါဘူးဗျာ။"

"အဲဒါက Haga Groupကဖြစ်မယ်။ မင်းလည်းသတိထားနေပေါ့။ Keikoကလည်း မင်းနဲ့စကားပြောချင်တယ်ပြောတယ်။ သူကမင်းကိုသတိရနေတယ်လေ။"

Jackက ရယ်မောလိုက်သည်။

"Keikoရဲ့ အနာဂတ်ကို ထပ်မနှောင့်ယှက်တော့ပါဘူးဗျာ။ ကျွန်တော်တို့ရေစက်ကုန်သွားတယ်လို့ပဲ မှတ်လိုက်ကြတာပေါ့။"

"ကောင်းပြီလေ။ မင်းစကားကိုမြဲမြဲမှတ်ထားပါ။"

ဖုန်းချလိုက်ပြီးနောက် Mr.Fukumuraသည် ဒေါသထွက်စွာဆဲရေးလိုက်လေသည်။

"ဒီခွေးကောင်က ခေါင်းရှောင်သွားပြန်ပြီ။ သူ့ဖုန်းအခိုးခံရတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းကွ။ Keikoနဲ့တောင်အဆက်အသွယ် ဖြတ်ရဲနေတာ သေမှာမကြောက်လို့ပဲ ဖြစ်ရမယ်။ ဒီတစ်ခါတော့ နာလန်မထူနိုင်အောင် အပျောက်ဖျောက်ပစ်မှပဲ တစ်စခန်းအေးမှာ။"

ထို့နောက် Mr.Fukumuraသည် လူအချို့ငှားကာ ဆိုရှယ်မီဒီယာတွင် Jackကို ဆဲဆိုကာနာမည်ဖျက်စေလိုက်သည်။ Jackက Keikoကို ခြိမ်းခြောက်ကာ အတင်းအဓမ္မ လုပ်ဆောင်ခဲ့သည်ဟူ၍။

သို့သော် မကြာမီမှာပင် Jackနှင့်တွဲဖူးသော မော်ဒယ်နှင့် စတားအများစုကာ Jackနှင့်တွဲရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းပြီး သူကလည်း ပျော်တတ်သော လူကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေခံပေးလာကြလေသည်။ ထိုအထဲတွင် Haga Groupနှင့် လတ်တလော အလုပ်တွဲလုပ်နေသော မော်ဒယ်များပင် ပါလိုက်သေးသည်။

ထိုအကြောင်းသည်လည်း ဟုတ်မှန်ပါ၏။ Jackသည် ရည်းစားများစွာထားတတ်သော်ငြား တစ်ဦးတစ်ယောက်ကိုမှ ၎င်းတို့ဆန္ဒမပါဘဲ သူ့အနားကိုမလာစေခဲ့ပေ။ စတားများစွာသည် နာမည်ရရန် အထောက်အပံ့အနေနှင့် Jackကိုတွဲခဲ့ဖူးကြသည်။ Jackကလည်း သူတို့လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးသည်။ ဒါက အပေးအယူမျှသော ဆက်ဆံရေးတစ်ခုသာ ဖြစ်လေသည်။

သတင်းမီဒီယာအချို့ကပင် Jack၏ အင်တာဗျူးများကို ပြန်တင်လာကြသည်။ Jackသည် သူ့စရိုက်ကို အရင်ကတည်းက ဖုံးကွယ်ထားတတ်သူမဟုတ်ပါချေ။ အင်တာဗျူးများထဲတွင်လည်း သူကထိုကဲ့သို့သောလူမျိုးဖြစ်ကြောင်းကို သူကိုယ်တိုင်ဝန်ခံလို့ထားသည်။ မည်သူကမှလည်း အတွန့်တက်ခြင်းမရှိပါချေ။

ထိုထိုသောသတင်းစကားတို့ကြောင့် ပရိသတ်အပေါင်းသည် ဥာဏ်အလင်းပွင့်သွားကြတော့သည်။

/ဒါဆို... Jackကခြိမ်းခြောက်ခဲ့တာမဟုတ်ရင်.... Keikoက သူ့သဘောနဲ့သူ ကုတင်ပေါ်တက်သွားခဲ့တာပေါ့လေ!!!!!!/

/အိုးမိုင်ဂေါ့... မနေ့ကအထိတောင် ငါJackကိုဆဲနေခဲ့သေးတာ။ အခု Keikoက ငါတို့ဂုဏ်သိက္ခာကို ပါးဖြတ်ရိုက်သွားတာလား/

/အဲဒါကို သူကခံရတဲ့သူလိုဟန်ဆောင်နေနိုင်တာ အံ့သြလိုက်တာကွာ။ တကယ်တမ်းကျ ယောကျ်ားနှစ်ယောက်ကြားမှာ လိမ်လည်နေတာပဲ။ ပြန့်လာတဲ့ပုံတွေထဲမှာ သူ့ပုံက တော်တော်လေးပျော်နေတဲ့ပုံပေါက်နေတာလေ/

/သူ့ကိုကာကွယ်ပေးရတဲ့ငါတို့ကဘာဖြစ်သွားပြီလဲ/

Keiko၏ ပရိတ်သတ်ပေါင်းများစွာသည် သူမကိုစိတ်ဆိုးခဲ့ကြ ကာ စိတ်ပျက်သွားခဲ့ကြသည်။ Keikoသည် တုန်လှုပ်လွန်းသဖြင့် အိမ်ထဲမှပင် မထွက်ဝံ့တော့ချေ။

သူမမိဘနှစ်ဦးသည်လည်း ဘာမှမပြောနိုင်ခဲ့ချေ။ Keikoကို Jackနှင့်တွေ့ရန် သူတို့ကိုယ်တိုင် ခွင့်ပြုခဲ့တာဖြစ်သည်။ Keiko၏ သတင်းမှာ ဆိုးဝါးနေလွန်း၍ လူ့အသိုင်းအဝိုင်းထဲပင် ထိုအကြောင်းသည် ထိပ်တန်းသတင်းတစ်ခုဖြစ်လို့နေပြီ။

Mrs.Fukumuraက ငိုကြွေးရင်း ပြောလာလေသည်။

"ဒီအတိုင်းဆို Keikoကို ဘယ်သူကလက်ထပ်တော့မှာလဲ။"

ဤခေတ်တွင် အပျိုစစ်ခြင်းမစစ်ခြင်းကရော ဘယ်နှစ်ယောက်နှင့် အိပ်ခဲ့ဖူးသလဲဆိုတာကရော ပြဿနာမဟုတ်ပါချေ။ မော်ဒယ်အများစုသည်ပင် အဖော်အချွတ်ပုံများ ရိုက်ဖူးကြရာ ထိုကိစ္စသည်လည်း ပြဿနာမဟုတ်။ တကယ်ပြဿနာက သစ္စာတရားပင်ဖြစ်ပါ၏။ ပိုင်ရှင်ရှိနေလျက် အခြားတစ်ယောက်နှင့် ဖောက်လွဲဖောက်ပြန်လုပ်ခဲ့ခြင်းသည် လူတိုင်းလက်မခံနိုင်သော အရာတစ်ခုဖြစ်နေဆဲပင်။

Mr.Fukumuraသည် စိတ်ပျက်လက်ပျက်နှင့် မျက်နှာကိုလက်နှင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိကာ ပြန်ဖြေလာသည်။

"အဲဒီကိစ္စက ပြဿနာမဟုတ်ဘူး။ ငါတို့စည်းစိမ်ကိုမက်မောတဲ့သူတိုင်းက Keikoကို လက်ထပ်ချင်လိမ့်မယ်။ ပြဿနာက Akiraက Keikoကို ဘယ်တော့မှ လက်မထပ်တော့ဘူးဆိုတာပဲ။ Akiraလိုမျိုး ငါတို့ထက်အင်အားကြီးတဲ့လူတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ ခက်သွားလိမ့်မယ်။ ဒီခေတ်ကြီးမှာ ထူးချွန်ပြီးလှပတဲ့ မိန်းမတွေမှအများကြီး။ Keikoက သူ့ကိုယ်သူ အဲဒီလိုမိန်းမလို့ထင်နေတာ။ ကံကောင်းလို့Akiraက သူ့ကိုကြိုက်တာတောင် သူကတန်ဖိုးမထားတတ်ဘူး။ သူ့မှာ ရုပ်လှပြီး သိမ်မွေ့တာလေးကလွဲရင် ဘာသိက္ခာမှ မကျန်တော့ဘူး။"

Mr.Fukumuraက ဆေးလိပ်ကို အောက်ခံပြားပေါ်ဖိချေလိုက်ရင်း ဆက်ပြောလာသည်။

"ဒီအတိုင်းဆို Keikoက အသက်ကြီးလာရင် နာမည်ကျလာတော့မှာ။ သူကလက်ထပ်ပြီးသာမန် အိမ်ထောင်ရှင်မဖြစ်လာရင် ငါတို့စီးပွားရေးလည်းကျဆင်းသွားမှာပဲ။ ဒါဆိုရင် Fukumura Groupမှာရှိနေတဲ့ငါတို့အဆင့်အတန်းလည်း ကျဆင်းသွားမှာပဲ။ စီးပွားရေးကိုဦးဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့ ဆက်ခံသူမရှိရင် ငါတို့စီးပွားရေးက သူများလက်ထဲရောက်သွားတော့မှာ။"

Mrs.Fukumuraက မဝံ့မရဲပြောလာခဲ့သည်။

"Shi...Shiroကရော..."

"အဲဒီမျိုးမစစ်လေးအကြောင်းကိုထပ်မပြောနဲ့!!!! သူ့ကိုဒီကိုပြန်ခေါ်လို့ရရင်တောင် သူကငါတို့ကို လက်စားပြန်ချေလိမ့်မယ်။"

ထို့နောက် သူသက်ပြင်းချလိုက်မိသည်။ သူအရမ်းကိုမှားခဲ့သည်။ ထိုကောင်လေးက သူတို့အပေါ်အရမ်းသိတတ်လိမ္မာခဲ့သည်။ ချော့မော့ကာ မွေးမြူထားခဲ့ပါလျှင် သူတို့ခိုင်းသမျှအကုန်လုပ်မည့်ကောင်လေးဖြစ်သည်။ သို့သော် ထိုကောင်လေးက ကံကောင်းသည့်အထဲမပါခဲ့သလို ဘယ်လောက်တော်တော်ထူးချွန်ခြင်းမရှိခဲ့ပေ။ သူတို့ဖိသလောက် ပုံထွက်မလာခဲ့ချိန်မှာ Keikoက သွက်လက်ကာ Akiraလိုလူကိုပင် အရချိတ်နိုင်ခဲ့သလို Jackကိုအသုံးပြု၍လည်း နာမည်ရလာခဲ့သည်။

ထို့ကြောင့်သူတို့သည် Shiroကိုပစ်ထားကာ Keikoစိတ်တိုင်းကျ ဒုက္ခပင်ရောက်စေခဲ့သည်။ ယခုShiroက သူ့ဘာသာအခြေခိုင်လာပြီး သူတို့လုပ်သမျှ ကိစ္စတိုင်းကိုလည်း မှတ်မိနေသည်။ ထိုသူကို သူတို့ဘက်ကိုပြန်လာအောင် ဘယ်လိုမှဆွဲမရတော့ပေ။

Keikoသည်လည်း စိတ်တိုနေခဲ့သည်။ ထိုအဖြစ်အပျက်ကသူမကို နာမည်ပိုကြီးသွားစေသော်ငြား သူမသည် စတားတစ်ယောက်အဖြစ်ရပ်တည်လိုသူမဟုတ်ပေ။ Jackနှင့်ပတ်သတ်ခဲ့ခြင်းမှာ သူမဒီဇိုင်းများကို ဖက်ရှင်လောကထဲချပြနိုင်ရန်နှင့် ပျော်စရာအနည်းငယ်ရှာလိုရုံသာ။

...Shiroဆိုတဲ့မျိုးမစစ်က ဘယ်ကနေ ကျောထောက်နောက်ခံတွေရနေလို့ Jackရဲ့ဖုန်းကိုပါ ခိုးသွားနိုင်ရတာလဲ။ ဒီအတိုင်းဆို ငါအပြင်ထွက်လို့မဖြစ်သေးဘူး။ ငါ့သူငယ်ချင်းတွေကလည်း ငါ့ကိုမပေါင်းချင်ကြတော့ဘူး။ နောက်လာမယ့်ဖက်ရှင်ရှိုးပွဲတောင် ဖျက်ပစ်လိုက်ရပြီ...

Keikoသည် Shiroထက်သာသော ဘဝကိုအမြဲရချင်ခဲ့သည်။ ဒါပေမဲ့ ယခုသူမ ပြိုလဲနေချိန်မှာ Shiroက ရပ်တည်နေဆဲပင်။ သူမရေရွတ်လိုက်သည်။

"ကုန်ပျက်စီးမှုတွေကနေ ပြန်လျော်ရမယ့်အကြွေးတွေနဲ့ ဘယ်အချိန်အထိ တောင့်ခံထားနိုင်မလဲကြည့်ရသေးတာပေါ့။ ငါ့မှာ မိဘတွေရှိတယ်။ နင့်မှာတော့မရှိဘူး။ Akiraဆီက ခွင့်လွှတ်မှုကိုအရယူပြီးတော့ အဆုံးသတ်မှာ ငါကအောင်နိုင်သူဖြစ်ကိုဖြစ်လာမှာ။"

သူမက လှပသည်။ ထက်မြက်သည်။ လူတိုင်းကသူမကိုလိုချင်ကြသည်ဟု Keikoသတ်မှတ်ထားသလို လူတိုင်းကလည်း သူမကိုပစားပေးကြသည်။ ယခုအချိန်မှာတော့ ထိုလူများကို သူမရှာမရခဲ့ပေ။ ဖက်ရှင်ပိုင်းတွင်တော့ သူမသည် လူသိများစ ဒီဇိုင်နာငယ်လေးတစ်ယောက်သာဖြစ်ပြီး ဖခင်ဖြစ်သူ၏ ကုမ္ပဏီတွင် အလုပ်လုပ်နေတာကြောင့် မည်သူကမှ သူမကိုအပြစ်မတင်ရဲချေ။

"ငါနင့်ကို သေချာပေါက်လက်စားပြန်ချေပြမယ်။"

Shiro၏ ရုံးခန်းထဲတွင်လည်း ဝန်ထမ်းများနှင့်အတူ အရေးကြီးအစည်းအဝေးတစ်ရပ်ပြုလုပ်နေလျက်။ ယခုဖြစ်ပေါ်နေသည့် ငွေကြေးအကြပ်အတည်းအပေါ် ချေးငွေရယူသင့်မယူသင့် ဆွေးနွေးနေကြခြင်းဖြစ်ကာ လက်ငင်းဆုံးဖြတ်ချက်ချရန်ဖြစ်သည်။

သို့သော် ဘယ်နမိနစ်မှ မဆွေးနွေးရသေးခင်မှာပဲ Shiro၏ ဖုန်းထဲသို့ စာတစ်စောင်ဝင်လာခဲ့သည်။ ထိုစာကိုဖွင့်ကြည့်လိုက်သည်နှင့် Shiroမျက်လုံးပြူးသွားရလေသည်။

/Haga Groupမှ Shiroလက်လီလက်ကားဖြန့်ချီရေးတွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းချက်..../

Shiroသည် သူ့အဖွဲ့သားများကို တစ်ချက်ကြည့်လိုက်မိသည်။ အားလုံးကမိသားစုကိုယ်စီနှင့် ထောက်ထားရမည့်သူများရှိကြသည်။ ချေးငွေသာရယူထားလျှင် နောက်လတွေမှာ ငွေကြေးထပ်မံမကြပ်တည်းလာဘူးလို့ အာမ မခံနိုင်ပေ။

"အစည်းအဝေးခနရပ်ထားမယ်။ ကျွန်တော်အရေးတကြီးသွားစရာလေးပေါ်လာလို့။ ဒီလနဲ့ပတ်သတ်လို့ စီမံဌာနရဲ့​ပြောင်းလဲသွားမယ့် အစီအစဥ်တွေကို တခြားဌာနတွေနဲ့တစ်ချက်ညှိနှိုင်းပြီး အစီအရင်ခံစာတစ်စောင်လောက်ဆွဲထားပေးပါ။ ဒီညနေလောက် အပြီးလိုချင်တယ်။ ပြီးတော့ ပျက်စီးဆုံးရှုံးမှု စာရင်းနဲ့တန်ဖိုးကိုလည်း တွက်ထားပေးပါ။"

Shiroသည် ကုတ်အင်္ကျီကိုချက်ချင်းထပ်လိုက်ကာ ရုံးခန်းထဲမှ အလျင်စလိုထွက်ခွာသွားလေတော့သည်။

☂☂☂☂☂☂☂☂☂☂☂☂☂

Thanks For Reading...😍

ပလပ်ဖောင်း- Platform (Facebookတို့ IGတို့လို နေရာမျိုးတွေကိုပြောတာပါ)

အချိန်မှန် Fic upပြီး လိမ္မာနေတဲ့ပြာပြာလေးကို VoteလေးတွေFeedbackလေးတွေပေးရင် အရမ်းအားဖြစ်မိမှာပါ။ အခုတောင် ကိုယ့်ပင်တိုင်စာဖတ်သူလေးက တစ်ယောက်တည်းပွဲတွေကြမ်းနေတာ😁😁😁 အရင်ကတည်းက ပြာပြာ့Ficလေးတွေအမြဲဖတ်လို့ ကျေးဇူးအများကြီးတင်ပါတယ်လို့။ ဒီလူကလည်းကြည်နူးရပါတယ်။

1712023

☂☂☂☂☂☂☂☂☂☂☂☂☂
Zawgyi
"အေဖ... ဒါမျဖစ္သင့္တာပဲမလား။ ဘာလို႔ကြၽန္ေတာ့္ခြင့္ျပဳခ်က္ေတာင္မယူဘဲ အလ်င္စလိုဆုံးျဖတ္ပစ္လိုက္တာလဲ။ ကြၽန္ေတာ့္ကိစၥကိုကြၽန္ေတာ္ရွင္းမယ္ဆိုေနမွဗ်ာ။"

Mr.Hagaက ထိုင္ခုံေပၚေအးေအးေဆးေဆးေျခ ခ်ိတ္ထိုင္လိုက္ၿပီး ျပန္ေျပာလာသည္။

"မင္းကလက္ႏွေးတာကိုးAkiraရ။"

"ဒီအတိုင္းဆို Shiroက လက္ခံမွာမဟုတ္ဘူး။"

"ေျပာပါအုံး... မင္းမွာ ဘယ္လိုအႀကံအစည္ေတြမ်ားရွိထားလို႔လဲ။"

Akiraသည္ သူ႕အႀကံအစည္မ်ားကိုေျပာျပလာခဲ့သည္။ Mr.Hagaက မ်က္ခုံးျမႇင့္ကာ ေခါင္းအသာညိတ္သည္။

"အဲဒီအတိုင္းဆို မႏွေးလြန္းဘူးလား။"

"ဒီကိစၥက လုံးဝေလာလို႔မရဘူးအေဖ။ ကြၽန္ေတာ္ျဖည္းျဖည္းခ်င္းသြားဖို႔ပဲစဥ္းစားထားတာ။"

"မင္းအေမေရာ ဘာေျပာလဲ။"

"ဒါကအေမနဲ႕မွ မဆိုင္တာကို။"

Mr.Hagaသည္ သူသိေနႏွင့္ၿပီးသားဟူေသာ အထာျဖင့္ ခပ္ၿပဳံးၿပဳံးဆိုလာသည္။

"ေနာက္ဆို ဆိုင္ရင္ဆိုင္လာမွာေပါ့။"

ထိုစကားတို႔ေၾကာင့္ Akiraအနည္းငယ္ရွက္သြားသည္။ သူ႕ဘက္ကအသည္းအသန္ျဖစ္ေနျခင္းကို မိဘမ်ားပါသိေနၿပီထင့္။

"ဒါေပမဲ့ ကြၽန္ေတာ္ပဲသြားမွာေနာ္အေဖ။ ဘယ္သူ႕ကိုမွ မလႊတ္ရဘူး။"

ထိုအခ်က္ကိုေတာ့ Mr.Hagaက လက္မခံခဲ့ေပ။

"မင္းသြားလို႔မရဘူးေလ Akira.. မင္းကအခုမွ ကုမၸဏီကို ဦးေဆာင္႐ုံပဲရွိေသးတာ။ မင္းဦးေဆာင္တဲ့ကုမၸဏီကို တိုးတက္ေအာင္ႀကိဳးစားနိုင္မွ မင္းအတြက္ ေနရာေကာင္းကေသခ်ာမွာ။ အမ်ိဳးေတြအားလုံးက မင္းကိုပံ့ပိုးေပးေနတယ္ဆိုတာလည္း မင္းကတျခားသူေတြထက္ေတာ္လို႔ပဲ။ မင္းေသခ်ာမႀကိဳးစားရင္ မင္းကာကြယ္ခ်င္တဲ့သူကိုထား... မင္းကိုယ္မင္းေတာင္ကာကြယ္နိုင္မွာမဟုတ္ဘူး။"

ထိုစကားကိုၾကားေတာ့ သူတိတ္ဆိတ္သြားသည္။ Shiroအနားမွာေနရဖို႔ကို သူထပ္မေစာင့္ခ်င္ေတာ့ေပ။ သို႔ေသာ္ ယခုအေျခအေနႏွင့္ဆိုလွ်င္ ေဝးကြာလြန္းေနေသးသည္ေလ။

"ဒါေပမဲ့ ကြၽန္ေတာ္ မၾကာမၾကာေတာ့သြားခ်င္တယ္။ သြားလို႔ရေအာင္စီစဥ္ေပးနိုင္မလား။"

"ေကာင္းၿပီ။"

႐ုံးခ်ဳပ္မွျပန္လာၿပီးေနာက္ Akiraသည္ Jackကိုခ်က္ခ်င္းဆက္သြယ္ခဲ့သည္။ Jack၏ အတြင္းေရးမႉးက ဖုန္းကိုJackထံသို႔ ခ်က္ခ်င္းလႊဲေျပာင္းေပးခဲ့သည္။

"ဟဲလို Akira... Keikoအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ငါတို႔ဆက္မေျပာၾကရင္ေကာင္းမယ္။"

Jackက စတင္၍ စကားစလာခဲ့သည္။ Akiraက ၿပဳံးလိုက္ရင္း ျပန္ေျပာလာသည္။

"ခင္ဗ်ားအခုႀကဳံေတြ႕ေနရတာေတြက ကြၽန္ေတာ့္လက္ခ်က္မဟုတ္ဘူးေနာ္။"

ထိုဆိုလိုရင္းကို Jackခ်က္ခ်င္းနားလည္လိုက္သည္။ သူသည္ အခုတေလာ ပစ္မွတ္ထားကာ တိုက္ခိုက္ခံေနရၿပီး ေငြမ်ားလည္း ဆုံးရႈံးေနရသည္။ သူ၏လုပ္ငန္းမ်ားသည္ တစ္ဦးတည္းပိုင္ လုပ္ငန္းသာျဖစ္ရာ လုပ္ငန္းစုႀကီးမ်ားႏွင့္ မယွဥ္နိုင္ေပ။ အခု သူ႕ေဖာက္သည္အခ်ိဳ႕က သူႏွင့္အေရာင္းအဝယ္လုပ္ရန္ျငင္းဆန္လာၾကသလို ၿပိဳင္ဘက္စီးပြားေရးလုပ္ငန္းမ်ားကလည္း ျပင္းျပင္းထန္ထန္တြန္းတိုက္လာၾကသည္။ အတြင္းသတင္းအရ အုပ္စုႀကီးတစ္ခုက သူတို႔ကိုေထာက္ပံ့ေပးေနကာ သူ႕ကိုရႈံးနိမ့္ေစခ်င္ေနသည္ဟူ၏။

မေန႕ကတင္ အတြင္းသတင္းေဖာက္ကာ ေရာင္းစားခံရလုနီးနီးျဖစ္သြားခဲ့ေသးသည္။ ကံေကာင္း၍သာ သူအခ်ိန္မီသိကာ အေရးယူနိုင္ခဲ့သည္။

Jackသည္ ရယ္ေမာလိုက္ရင္း ဆိုလာသည္။

"ေကာင္းၿပီ။ မင္းဘာလိုခ်င္လို႔လဲ။"

"ကြၽန္ေတာ္တို႔ပူးေပါင္းၾကမယ္ေလ။ ဘယ္လိုလဲ။"

စီးပြားေရးေလာကတြင္ အင္အားႀကီးေသာ မဟာမိတ္သည္ မဂၤလာတစ္ပါးျဖစ္သည္။ သို႔ေသာ္ Jackသည္လည္း လူရိုးတစ္ေယာက္မဟုတ္ပါေပ။

"ငါကလုပ္ငန္းရွင္ေလးတစ္ေယာက္ပဲေလ။ မင္းအတြက္အက်ိဳးမွမရွိတာပဲ။"

ထိုအခ်က္ကို Akiraလည္းစဥ္းစားမိသည္။ Jackရွိေနေသာ Soulသည္ အႏုပညာႏွင့္ အလွအပေရးရာတို႔ေၾကာင့္ ထင္ရွားသည္။ Akikoသည္ အလွကုန္မ်ားႏွင့္ပတ္သတ္၍ အထူးျပဳေလ့လာေနရာ သူမအတြက္ေလ့လာစရာမ်ားစြာရွိနိုင္ေသာေနရာပင္။ သူ႕မိဘမ်ားက Akikoကို အၿမဲစိုးရိမ္ေနၾကၿပီး Akikoကလည္း သူတို႔လက္ထဲမွ အၿမဲထြက္ေျပးခ်င္ေနသည္။ Haga Groupတြင္ အလွကုန္လုပ္ငန္းမ်ားစြာရွိၿပီး Akikoအတြက္ ေလ့လာစရာမ်ားစြာရွိေသာ္ျငား လြတ္လပ္စြာရွင္သန္ၿပီးလုပ္ခ်င္ရာလုပ္နိုင္ေသာ ေနရာတစ္ခုမဟုတ္ေပ။ Jackႏွင့္ပတ္သတ္မႈအတြက္ကေတာ့.... သူစိတ္မပူေပ။ Akikoသည္ ေယာက်္ားသားမ်ားကို စိတ္မဝင္စားပါဟု သူမကိုယ္တိုင္ဝန္ခံထားၿပီးျဖစ္သည္။

အဓိကအေၾကာင္းအရင္းမွာ အခ်စ္အတြက္ လက္စားေခ်လိဳျခင္းသာျဖစ္ေသာ္လည္း ထိုနယ္ပယ္သစ္တြင္ လုပ္ငန္းစလိုက္ျခင္းက ယခုျပင္ဆင္ေနေသာ ပေရာဂ်က္ႏွင့္လည္း ကိုက္ညီသည္။ Akiraဦးစီးေသာ အားကစားပစၥည္းထုတ္လုပ္သည့္ကုမၸဏီ Spikeသည္ စတုရန္းမိုင္ ခုနစ္သိန္းေက်ာ္ က်ယ္ဝန္းေသာ Miyabiၿမိဳ႕၏ ပတ္ဝန္းက်င္ၿမိဳ႕မ်ားအထိ ခရီးဆန့္ေနနိုင္ၿပီျဖစ္ကာ သိပ္မေဝးလွေသာ Soulၿမိဳ႕တြင္ စတင္ဖြင့္လွစ္ရန္ ေဆြးႏြေးတိုင္ပင္ေနၿပီျဖစ္သည္။ ထိုေနရာတြင္ က်င္လည္ေနတာ ၾကာၿပီျဖစ္ေသာ Jackလိုမဟာမိတ္မ်ိဳးကိုရလွ်င္ သူ႕အတြက္အမ်ားႀကီးအက်ိဳးရွိသြားမွာ ျဖစ္ေလသည္။

"ကြၽန္ေတာ့္စီးပြားေရးလုပ္ငန္းကို Soulမွာ ခ်ဲ့ထြင္ခ်င္တယ္။ ခင္ဗ်ားရဲ႕အကူအညီပါရင္ ပိုၿပီးေတာ့ေကာင္းတာေပါ့။ ဘယ္လိုလဲ။ အဆင္ေျပတယ္မလား။"

Jackသည္ ေခတၱမွ်စဥ္းစားေနၿပီးေနာက္ ေျပာလာသည္။

"ေကာင္းၿပီေလ။ မင္းဘာလိုခ်င္တာလဲ။"

"မင္းဆီမွာ ပုံတခ်ိဳ႕ရွိတယ္မလား။ မင္းကိုအဲဒါေတြကို ျဖန့္ေစခ်င္တယ္။"

ထိုစကားသည္ Jackကိုပင္ ထိတ္လန့္သြားေစခဲ့သည္။

"ဘာ! မင္း... သူ႕ကိုတကယ္ထိခိုက္ေစခ်င္ေနတာလား။"

သူ႕ထံတြင္ ဘယ္လိုပုံမ်ားရွိေနသလဲဆိုတာ ဘယ္သူမွမေမးဘဲနဲ႕တင္သိနိုင္ပါ၏။ သို႔ေပမဲ့ Akiraက ဘာေၾကာင့္ ဒီလိုအရွက္တကြဲျဖစ္ေစခ်င္ရသလဲ သူစဥ္းစားမရေပ။ ခ်စ္ရသူေၾကာင့္ စိတ္နာသြားရသည္ဆိုလွ်င္ေတာင္ ဒါမ်ိဳးက ေတာ္ေတာ္လြန္သည္။

Akiraက ဆိုလာသည္။

"ဟုတ္တယ္။ သူက ဆင္ျခင္တုံတရားနည္းနည္းေလာက္ လိုအပ္ေနတာေလ။ အဲဒါေလးပဲလုပ္ေပးဖို႔ေမွ်ာ္လင့္ပါတယ္။ အဲဒါဆိုရင္ ခင္ဗ်ားအတြက္အခက္အခဲေတြအားလုံးအဆင္ေျပသြားေစရမယ္လို႔ အာမခံတယ္။"

"ေကာင္းၿပီ။"

Akira၏ လုပ္ငန္းမ်ားသည္ Soulတြင္မရွိေသးေသာ္ျငား Haga Group၏ လုပ္ငန္းမ်ားစြာသည္ Soulတြင္ရွိႏွင့္ေနၿပီးျဖစ္ေလသည္။ အလွကုန္ႏွင့္ပတ္သတ္ေသာ Haga Groupပိုင္ လုပ္ငန္းေပါင္းမ်ားစြာသည္ Soulတြင္ နာမည္ႀကီးၿပီးသားပင္။

ဖုန္းခ်လိဳက္ၿပီးေနာက္ Jackသက္ျပင္းခ်လိဳက္မိသည္။ Keikoႏွင့္တြဲရသည္မွာ စိတ္လႈပ္ရွားဖြယ္ရာျဖစ္၍သာ တြဲ ျဖစ္ခဲ့ျခင္းျဖစ္ၿပီး ယခုအခါတြင္ေတာ့ ရန္ၿငိဳးတစ္ခုအတြင္း ဝင္ပါလိုက္မိသလိုခံစားရေလသည္။ Keikoႏွင့္ပတ္သတ္မိျခင္းကိုပင္ သူေနာင္တရမိသည္။

ေနာက္တစ္ေန႕မနက္တြင္ေတာ့ Keiko၏ အေဖာ္အခြၽတ္ပုံမ်ားစြာသည္ ဆိုရွယ္မီဒီယာေပၚတြင္ ျပန့္ႏွံ႕လို႔သြားခဲ့ရာ ပြဲအႀကီးအက်ယ္ျဖစ္ၾကျပန္သည္။ ထိုထိုေသာ အတြင္းလူမ်ားထံမွသိရသည္မွာ Jack၏ဖုန္းသည္ ခိုးယူျခင္းခံရကာ ျပန့္ႏွံ႕သြားသည္ဟူ၏။

ထိုသတင္းကိုၾကားရေသာအခါတြင္ Keikoသည္ ေနရာတြင္ပင္ မူးေမ့လဲသြားကာ Fukumura Groupမွ သတင္းမ်ားကိုလိုက္ဖ်က္ေသာ္ျငား ဟိုဟိုဒီဒီ ပလပ္ေဖာင္း*မ်ားစြာမွ ေပၚေပၚလာလ်က္ရွိရာ ျပင္းထန္ေသာ ဗုံးတစ္ခုလို ျပန့္လို႔သြားခဲ့သည္။

ထို႔ေနာက္ Mr.Fukumuraသည္ Jackထံသို႔ ဆက္သြယ္လာေလသည္။

"Jack... ငါတို႔ကမိတ္ေဆြေတြမဟုတ္ဘူးလား။ Keikoရဲ႕သတင္းေတြနဲ႕ပတ္သတ္လို႔ ဘာလို႔ေျဖရွင္းခ်က္ထုတ္မေပးရတာလဲ။"

Jackက ပုံမွန္အတိုင္းသာ ျပန္ေျဖလိုက္သည္။

"အခုအခ်ိန္က ေျဖရွင္းေနလည္းဘာမွမထူးေလာက္ေတာ့ဘူးေလဗ်ာ။ ကြၽန္ေတာ္လည္းမေျပာတတ္ဘူးဗ်။ ကြၽန္ေတာ့္ စီးပြားေရးလုပ္ငန္းေတြမွာ အႏွောင့္အယွက္အခ်ိဳ႕ေပၚလာၿပီးတဲ့ေနာက္ ဖုန္းပါအခိုးခံလိုက္ရတာပဲ။ အခုတေလာ ကံေတြဆိုးေနလို႔ ဘာမွေတာင္ထပ္မလုပ္ရဲပါဘူးဗ်ာ။"

"အဲဒါက Haga Groupကျဖစ္မယ္။ မင္းလည္းသတိထားေနေပါ့။ Keikoကလည္း မင္းနဲ႕စကားေျပာခ်င္တယ္ေျပာတယ္။ သူကမင္းကိုသတိရေနတယ္ေလ။"

Jackက ရယ္ေမာလိုက္သည္။

"Keikoရဲ႕ အနာဂတ္ကို ထပ္မႏွောင့္ယွက္ေတာ့ပါဘူးဗ်ာ။ ကြၽန္ေတာ္တို႔ေရစက္ကုန္သြားတယ္လို႔ပဲ မွတ္လိုက္ၾကတာေပါ့။"

"ေကာင္းၿပီေလ။ မင္းစကားကိုၿမဲၿမဲမွတ္ထားပါ။"

ဖုန္းခ်လိဳက္ၿပီးေနာက္ Mr.Fukumuraသည္ ေဒါသထြက္စြာဆဲေရးလိုက္ေလသည္။

"ဒီေခြးေကာင္က ေခါင္းေရွာင္သြားျပန္ၿပီ။ သူ႕ဖုန္းအခိုးခံရတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာတုန္းကြ။ Keikoနဲ႕ေတာင္အဆက္အသြယ္ ျဖတ္ရဲေနတာ ေသမွာမေၾကာက္လို႔ပဲ ျဖစ္ရမယ္။ ဒီတစ္ခါေတာ့ နာလန္မထူနိုင္ေအာင္ အေပ်ာက္ေဖ်ာက္ပစ္မွပဲ တစ္စခန္းေအးမွာ။"

ထို႔ေနာက္ Mr.Fukumuraသည္ လူအခ်ိဳ႕ငွားကာ ဆိုရွယ္မီဒီယာတြင္ Jackကို ဆဲဆိုကာနာမည္ဖ်က္ေစလိုက္သည္။ Jackက Keikoကို ၿခိမ္းေျခာက္ကာ အတင္းအဓမၼ လုပ္ေဆာင္ခဲ့သည္ဟူ၍။

သို႔ေသာ္ မၾကာမီမွာပင္ Jackႏွင့္တြဲဖူးေသာ ေမာ္ဒယ္ႏွင့္ စတားအမ်ားစုကာ Jackႏွင့္တြဲရသည္မွာ ေပ်ာ္႐ႊင္ဖြယ္ေကာင္းၿပီး သူကလည္း ေပ်ာ္တတ္ေသာ လူေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း သက္ေသခံေပးလာၾကေလသည္။ ထိုအထဲတြင္ Haga Groupႏွင့္ လတ္တေလာ အလုပ္တြဲလုပ္ေနေသာ ေမာ္ဒယ္မ်ားပင္ ပါလိုက္ေသးသည္။

ထိုအေၾကာင္းသည္လည္း ဟုတ္မွန္ပါ၏။ Jackသည္ ရည္းစားမ်ားစြာထားတတ္ေသာ္ျငား တစ္ဦးတစ္ေယာက္ကိုမွ ၎တို႔ဆႏၵမပါဘဲ သူ႕အနားကိုမလာေစခဲ့ေပ။ စတားမ်ားစြာသည္ နာမည္ရရန္ အေထာက္အပံ့အေနႏွင့္ Jackကိုတြဲခဲ့ဖူးၾကသည္။ Jackကလည္း သူတို႔လိုခ်င္တာမွန္သမွ် ျဖည့္ဆည္းေပးသည္။ ဒါက အေပးအယူမွ်ေသာ ဆက္ဆံေရးတစ္ခုသာ ျဖစ္ေလသည္။

သတင္းမီဒီယာအခ်ိဳ႕ကပင္ Jack၏ အင္တာဗ်ဴးမ်ားကို ျပန္တင္လာၾကသည္။ Jackသည္ သူ႕စရိုက္ကို အရင္ကတည္းက ဖုံးကြယ္ထားတတ္သူမဟုတ္ပါေခ်။ အင္တာဗ်ဴးမ်ားထဲတြင္လည္း သူကထိုကဲ့သို႔ေသာလူမ်ိဳးျဖစ္ေၾကာင္းကို သူကိုယ္တိုင္ဝန္ခံလို႔ထားသည္။ မည္သူကမွလည္း အတြန့္တက္ျခင္းမရွိပါေခ်။

ထိုထိုေသာသတင္းစကားတို႔ေၾကာင့္ ပရိသတ္အေပါင္းသည္ ဥာဏ္အလင္းပြင့္သြားၾကေတာ့သည္။

/ဒါဆို... Jackကၿခိမ္းေျခာက္ခဲ့တာမဟုတ္ရင္.... Keikoက သူ႕သေဘာနဲ႕သူ ကုတင္ေပၚတက္သြားခဲ့တာေပါ့ေလ!!!!!!/

/အိုးမိုင္ေဂါ့... မေန႕ကအထိေတာင္ ငါJackကိုဆဲေနခဲ့ေသးတာ။ အခု Keikoက ငါတို႔ဂုဏ္သိကၡာကို ပါးျဖတ္ရိုက္သြားတာလား/

/အဲဒါကို သူကခံရတဲ့သူလိုဟန္ေဆာင္ေနနိုင္တာ အံ့ၾသလိုက္တာကြာ။ တကယ္တမ္းက် ေယာက်္ားႏွစ္ေယာက္ၾကားမွာ လိမ္လည္ေနတာပဲ။ ျပန့္လာတဲ့ပုံေတြထဲမွာ သူ႕ပုံက ေတာ္ေတာ္ေလးေပ်ာ္ေနတဲ့ပုံေပါက္ေနတာေလ/

/သူ႕ကိုကာကြယ္ေပးရတဲ့ငါတို႔ကဘာျဖစ္သြားၿပီလဲ/

Keiko၏ ပရိတ္သတ္ေပါင္းမ်ားစြာသည္ သူမကိုစိတ္ဆိုးခဲ့ၾက ကာ စိတ္ပ်က္သြားခဲ့ၾကသည္။ Keikoသည္ တုန္လႈပ္လြန္းသျဖင့္ အိမ္ထဲမွပင္ မထြက္ဝံ့ေတာ့ေခ်။

သူမမိဘႏွစ္ဦးသည္လည္း ဘာမွမေျပာနိုင္ခဲ့ေခ်။ Keikoကို Jackႏွင့္ေတြ႕ရန္ သူတို႔ကိုယ္တိုင္ ခြင့္ျပဳခဲ့တာျဖစ္သည္။ Keiko၏ သတင္းမွာ ဆိုးဝါးေနလြန္း၍ လူ႕အသိုင္းအဝိုင္းထဲပင္ ထိုအေၾကာင္းသည္ ထိပ္တန္းသတင္းတစ္ခုျဖစ္လို႔ေနၿပီ။

Mrs.Fukumuraက ငိုေႂကြးရင္း ေျပာလာေလသည္။

"ဒီအတိုင္းဆို Keikoကို ဘယ္သူကလက္ထပ္ေတာ့မွာလဲ။"

ဤေခတ္တြင္ အပ်ိဳစစ္ျခင္းမစစ္ျခင္းကေရာ ဘယ္ႏွစ္ေယာက္ႏွင့္ အိပ္ခဲ့ဖူးသလဲဆိုတာကေရာ ျပႆနာမဟုတ္ပါေခ်။ ေမာ္ဒယ္အမ်ားစုသည္ပင္ အေဖာ္အခြၽတ္ပုံမ်ား ရိုက္ဖူးၾကရာ ထိုကိစၥသည္လည္း ျပႆနာမဟုတ္။ တကယ္ျပႆနာက သစၥာတရားပင္ျဖစ္ပါ၏။ ပိုင္ရွင္ရွိေနလ်က္ အျခားတစ္ေယာက္ႏွင့္ ေဖာက္လြဲေဖာက္ျပန္လုပ္ခဲ့ျခင္းသည္ လူတိုင္းလက္မခံနိုင္ေသာ အရာတစ္ခုျဖစ္ေနဆဲပင္။

Mr.Fukumuraသည္ စိတ္ပ်က္လက္ပ်က္ႏွင့္ မ်က္ႏွာကိုလက္ႏွင့္ ခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္မိကာ ျပန္ေျဖလာသည္။

"အဲဒီကိစၥက ျပႆနာမဟုတ္ဘူး။ ငါတို႔စည္းစိမ္ကိုမက္ေမာတဲ့သူတိုင္းက Keikoကို လက္ထပ္ခ်င္လိမ့္မယ္။ ျပႆနာက Akiraက Keikoကို ဘယ္ေတာ့မွ လက္မထပ္ေတာ့ဘူးဆိုတာပဲ။ Akiraလိုမ်ိဳး ငါတို႔ထက္အင္အားႀကီးတဲ့လူတစ္ေယာက္ကို လက္ထပ္ဖို႔ဆိုတာ ခက္သြားလိမ့္မယ္။ ဒီေခတ္ႀကီးမွာ ထူးခြၽန္ၿပီးလွပတဲ့ မိန္းမေတြမွအမ်ားႀကီး။ Keikoက သူ႕ကိုယ္သူ အဲဒီလိုမိန္းမလို႔ထင္ေနတာ။ ကံေကာင္းလို႔Akiraက သူ႕ကိုႀကိဳက္တာေတာင္ သူကတန္ဖိုးမထားတတ္ဘူး။ သူ႕မွာ ႐ုပ္လွၿပီး သိမ္ေမြ႕တာေလးကလြဲရင္ ဘာသိကၡာမွ မက်န္ေတာ့ဘူး။"

Mr.Fukumuraက ေဆးလိပ္ကို ေအာက္ခံျပားေပၚဖိေခ်လိဳက္ရင္း ဆက္ေျပာလာသည္။

"ဒီအတိုင္းဆို Keikoက အသက္ႀကီးလာရင္ နာမည္က်လာေတာ့မွာ။ သူကလက္ထပ္ၿပီးသာမန္ အိမ္ေထာင္ရွင္မျဖစ္လာရင္ ငါတို႔စီးပြားေရးလည္းက်ဆင္းသြားမွာပဲ။ ဒါဆိုရင္ Fukumura Groupမွာရွိေနတဲ့ငါတို႔အဆင့္အတန္းလည္း က်ဆင္းသြားမွာပဲ။ စီးပြားေရးကိုဦးေဆာင္နိုင္မယ့္ အရည္အခ်င္းရွိတဲ့ ဆက္ခံသူမရွိရင္ ငါတို႔စီးပြားေရးက သူမ်ားလက္ထဲေရာက္သြားေတာ့မွာ။"

Mrs.Fukumuraက မဝံ့မရဲေျပာလာခဲ့သည္။

"Shi...Shiroကေရာ..."

"အဲဒီမ်ိဳးမစစ္ေလးအေၾကာင္းကိုထပ္မေျပာနဲ႕!!!! သူ႕ကိုဒီကိုျပန္ေခၚလို႔ရရင္ေတာင္ သူကငါတို႔ကို လက္စားျပန္ေခ်လိမ့္မယ္။"

ထို႔ေနာက္ သူသက္ျပင္းခ်လိဳက္မိသည္။ သူအရမ္းကိုမွားခဲ့သည္။ ထိုေကာင္ေလးက သူတို႔အေပၚအရမ္းသိတတ္လိမၼာခဲ့သည္။ ေခ်ာ့ေမာ့ကာ ေမြးျမဴထားခဲ့ပါလွ်င္ သူတို႔ခိုင္းသမွ်အကုန္လုပ္မည့္ေကာင္ေလးျဖစ္သည္။ သို႔ေသာ္ ထိုေကာင္ေလးက ကံေကာင္းသည့္အထဲမပါခဲ့သလို ဘယ္ေလာက္ေတာ္ေတာ္ထူးခြၽန္ျခင္းမရွိခဲ့ေပ။ သူတို႔ဖိသေလာက္ ပုံထြက္မလာခဲ့ခ်ိန္မွာ Keikoက သြက္လက္ကာ Akiraလိုလူကိုပင္ အရခ်ိတ္နိုင္ခဲ့သလို Jackကိုအသုံးျပဳ၍လည္း နာမည္ရလာခဲ့သည္။

ထို႔ေၾကာင့္သူတို႔သည္ Shiroကိုပစ္ထားကာ Keikoစိတ္တိုင္းက် ဒုကၡပင္ေရာက္ေစခဲ့သည္။ ယခုShiroက သူ႕ဘာသာအေျခခိုင္လာၿပီး သူတို႔လုပ္သမွ် ကိစၥတိုင္းကိုလည္း မွတ္မိေနသည္။ ထိုသူကို သူတို႔ဘက္ကိုျပန္လာေအာင္ ဘယ္လိုမွဆြဲမရေတာ့ေပ။

Keikoသည္လည္း စိတ္တိုေနခဲ့သည္။ ထိုအျဖစ္အပ်က္ကသူမကို နာမည္ပိုႀကီးသြားေစေသာ္ျငား သူမသည္ စတားတစ္ေယာက္အျဖစ္ရပ္တည္လိုသူမဟုတ္ေပ။ Jackႏွင့္ပတ္သတ္ခဲ့ျခင္းမွာ သူမဒီဇိုင္းမ်ားကို ဖက္ရွင္ေလာကထဲခ်ျပနိုင္ရန္ႏွင့္ ေပ်ာ္စရာအနည္းငယ္ရွာလို႐ုံသာ။

...Shiroဆိုတဲ့မ်ိဳးမစစ္က ဘယ္ကေန ေက်ာေထာက္ေနာက္ခံေတြရေနလို႔ Jackရဲ႕ဖုန္းကိုပါ ခိုးသြားနိုင္ရတာလဲ။ ဒီအတိုင္းဆို ငါအျပင္ထြက္လို႔မျဖစ္ေသးဘူး။ ငါ့သူငယ္ခ်င္းေတြကလည္း ငါ့ကိုမေပါင္းခ်င္ၾကေတာ့ဘူး။ ေနာက္လာမယ့္ဖက္ရွင္ရွိုးပြဲေတာင္ ဖ်က္ပစ္လိုက္ရၿပီ...

Keikoသည္ Shiroထက္သာေသာ ဘဝကိုအၿမဲရခ်င္ခဲ့သည္။ ဒါေပမဲ့ ယခုသူမ ၿပိဳလဲေနခ်ိန္မွာ Shiroက ရပ္တည္ေနဆဲပင္။ သူမေရ႐ြတ္လိုက္သည္။

"ကုန္ပ်က္စီးမႈေတြကေန ျပန္ေလ်ာ္ရမယ့္အေႂကြးေတြနဲ႕ ဘယ္အခ်ိန္အထိ ေတာင့္ခံထားနိုင္မလဲၾကည့္ရေသးတာေပါ့။ ငါ့မွာ မိဘေတြရွိတယ္။ နင့္မွာေတာ့မရွိဘူး။ Akiraဆီက ခြင့္လႊတ္မႈကိုအရယူၿပီးေတာ့ အဆုံးသတ္မွာ ငါကေအာင္နိုင္သူျဖစ္ကိုျဖစ္လာမွာ။"

သူမက လွပသည္။ ထက္ျမက္သည္။ လူတိုင္းကသူမကိုလိုခ်င္ၾကသည္ဟု Keikoသတ္မွတ္ထားသလို လူတိုင္းကလည္း သူမကိုပစားေပးၾကသည္။ ယခုအခ်ိန္မွာေတာ့ ထိုလူမ်ားကို သူမရွာမရခဲ့ေပ။ ဖက္ရွင္ပိုင္းတြင္ေတာ့ သူမသည္ လူသိမ်ားစ ဒီဇိုင္နာငယ္ေလးတစ္ေယာက္သာျဖစ္ၿပီး ဖခင္ျဖစ္သူ၏ ကုမၸဏီတြင္ အလုပ္လုပ္ေနတာေၾကာင့္ မည္သူကမွ သူမကိုအျပစ္မတင္ရဲေခ်။

"ငါနင့္ကို ေသခ်ာေပါက္လက္စားျပန္ေခ်ျပမယ္။"

Shiro၏ ႐ုံးခန္းထဲတြင္လည္း ဝန္ထမ္းမ်ားႏွင့္အတူ အေရးႀကီးအစည္းအေဝးတစ္ရပ္ျပဳလုပ္ေနလ်က္။ ယခုျဖစ္ေပၚေနသည့္ ေငြေၾကးအၾကပ္အတည္းအေပၚ ေခ်းေငြရယူသင့္မယူသင့္ ေဆြးႏြေးေနၾကျခင္းျဖစ္ကာ လက္ငင္းဆုံးျဖတ္ခ်က္ခ်ရန္ျဖစ္သည္။

သို႔ေသာ္ ဘယ္နမိနစ္မွ မေဆြးႏြေးရေသးခင္မွာပဲ Shiro၏ ဖုန္းထဲသို႔ စာတစ္ေစာင္ဝင္လာခဲ့သည္။ ထိုစာကိုဖြင့္ၾကည့္လိုက္သည္ႏွင့္ Shiroမ်က္လုံးျပဴးသြားရေလသည္။

/Haga Groupမွ Shiroလက္လီလက္ကားျဖန့္ခ်ီေရးတြင္ ရင္းႏွီးျမႇုပ္ႏွံရန္ ကမ္းလွမ္းခ်က္..../

Shiroသည္ သူ႕အဖြဲ႕သားမ်ားကို တစ္ခ်က္ၾကည့္လိုက္မိသည္။ အားလုံးကမိသားစုကိုယ္စီႏွင့္ ေထာက္ထားရမည့္သူမ်ားရွိၾကသည္။ ေခ်းေငြသာရယူထားလွ်င္ ေနာက္လေတြမွာ ေငြေၾကးထပ္မံမၾကပ္တည္းလာဘူးလို႔ အာမ မခံနိုင္ေပ။

"အစည္းအေဝးခနရပ္ထားမယ္။ ကြၽန္ေတာ္အေရးတႀကီးသြားစရာေလးေပၚလာလို႔။ ဒီလနဲ႕ပတ္သတ္လို႔ စီမံဌာနရဲ႕ေျပာင္းလဲသြားမယ့္ အစီအစဥ္ေတြကို တျခားဌာနေတြနဲ႕တစ္ခ်က္ညွိႏွိုင္းၿပီး အစီအရင္ခံစာတစ္ေစာင္ေလာက္ဆြဲထားေပးပါ။ ဒီညေနေလာက္ အၿပီးလိုခ်င္တယ္။ ၿပီးေတာ့ ပ်က္စီးဆုံးရႈံးမႈ စာရင္းနဲ႕တန္ဖိုးကိုလည္း တြက္ထားေပးပါ။"

Shiroသည္ ကုတ္အကၤ်ီကိုခ်က္ခ်င္းထပ္လိုက္ကာ ႐ုံးခန္းထဲမွ အလ်င္စလိုထြက္ခြာသြားေလေတာ့သည္။

☂☂☂☂☂☂☂☂☂☂☂☂☂☂

Thanks For Reading...😍

ပလပ္ေဖာင္း- Platform (Facebookတို႔ IGတို႔လို ေနရာမ်ိဳးေတြကိုေျပာတာပါ)

အခ်ိန္မွန္ Fic upၿပီး လိမၼာေနတဲ့ျပာျပာေလးကို VoteေလးေတြFeedbackေလးေတြေပးရင္ အရမ္းအားျဖစ္မိမွာပါ။ အခုေတာင္ ကိုယ့္ပင္တိုင္စာဖတ္သူေလးက တစ္ေယာက္တည္းပြဲေတြၾကမ္းေနတာ😁😁😁 အရင္ကတည္းက ျပာျပာ့Ficေလးေတြအၿမဲဖတ္လို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔။ ဒီလူကလည္းၾကည္ႏူးရပါတယ္။

1712023

☂☂☂☂☂☂☂☂☂☂☂☂☂☂☂

Continue Reading

You'll Also Like

214K 32.4K 82
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 78.2K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
372K 9.1K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
580K 36.6K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...