Snow Flake

Від Eaindra1011Ella

10.2K 810 40

Більше

Intro
part 1
part 2
part 3
part4
part 5
part 7
Part 8
part 9
part 10
part 11
Part 12
Part 13
Part 14
Final

part 6

563 44 0
Від Eaindra1011Ella

ဒီလိုနဲ့ yunho နဲ့ သူနဲ့ တစ်အိမ်ထဲနေဖြစ်ခဲ့တယ် မနက်တိုင်း yunho အတွက် မနက်စာ ပြင်ပေးတာက သူ့အလုပ်
အလုပ်ကပြန်လာတိုင်း yunho ရှိမရှိ နားစွင့်ရတာလည်း သူ့အလုပ်ပင်ဖြစ်သည်

yoona ကတော့ yunho ခုလိုလာနေတာကို ဘာမှမပြောခဲ့ ဒါပေမယ့်သူမစိတ်ထဲမှာအနည်းငယ်လောက်တော့ မကျေနပ်ဖြစ်နေလိမ့်မယ်လို့ changmin ထင်သည်
ဒါပေမယ့် သူဘာကိုမှထည့်မတွက်နိုင်လောက်အောင်ပျော်နေခဲ့သည် yunho နဲ့ သူအတူနေရခြင်းဟာ သူအတွက်တော့အေးချမ်းမှုနဲ့နွေးထွေးမှုကိုပေါင်းစပ်ခံစားနေရသလိုပင်

ရက်တွေအချိန်တွေပြောင်းလာသည်
yunho နဲ့သူဟာ အခင်ဆုံးသူငယ်ချင်းတွေအဖြစ်ရောက်ရှိလာတယ် တတွဲတွဲဖြစ်လာတယ် သူ yoona ကိုပေးတဲ့အချိန်ကလည်းတစ်ဖြည်းဖြည်းနည်းလာတယ်

ဒါပေမယ့်သူyoona ရဲ့ မျက်နှာကိုတစ်ချက်ပင်ငဲ့မကြည့်မိခဲ့
အချိန်ပြည့်သူ့စိတ်ထဲတွင် Jung Yunho ကနေရာယူထားသည်

သူမှားနေမှန်းသိပေမယ့် သူနောက်ပြန်လှည့်မကြည့်မိပါ
သူမျက်စိစုံမှိတ်ကာရှေ့ဆက်တိုးမိသည်
တကယ်လို့သာအရှေ့မှာစောင့်ကြိုနေတာက မျက်ရည်စတွေသာဆို သူရှေ့ဆက်တိုးမိပါ့မလား
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ yunho ကသာသူ့အတွက်အရေးအကြီးဆုံးဖြစ်နေသည်

Yunho နဲ့သူ တစ်အိမ်ထဲနေခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့မှာ ပြသနာတွေကစတင်ဝင်ရောက်လာသည် မမျှော်လင့်ထားသောအဆိုးတွေပေါ့

အဲ့ဒီနေ့က yunho entertainment တစ်ခုနှင့်စာချုပ် ပြန်ချုပ်ဖြစ်သည်
yunho အတွက်တော့ အောင်မြင်မှုတွေတစ်ဖန်စတင်သည့်နေ့ဖြစ်သည်
yunho ကအရမ်းပျော်နေခဲ့ပြီး သူနဲ့ yoona ကို ညစာလိုက်ကျွေး သည် အဲ့ဒီနောက် သူတို့ ဘားမှာ အရက်သွားသောက်ကြသည်

အရက်မူးစအချိန်မှာ yunho က သူ့ငယ်ငယ်ကအကြောင်းတွေစပြောသည် သူမသိသော yunho ဘဝရဲ့အစိတ်အပိုင်းတွေ ပြီးတော့ yunhoရဲ့ချစ်သူ Jessica အကြောင်း yunho က သူ Jessica ကိုဘယ်လောက်အထိချစ်ခဲ့ကြောင်း Jessica နဲ့အတူဘဝကိုဘယ်လိုတည်ဆောက်ဖို့ကြံစည်ထားတယ်ဆိုတဲ့အကြောင်းတွေပြောလာသည်
Yunho ပြောစကားကိုနားထောင်ရင်းသူ မူးချင်လာသည် ဝီစကီက ပဲပြင်းတာလား သူ့ရင်ထဲက ခံစားချက်တွေကပဲ ပြင်းတာလား သူ ရင်ထဲတွင်ပူလောင်နေသည်
Jessica က yunho ကို လမ်းခွဲသွားတဲ့အခါ yunho ထက်သာတယ်ထင်ရတဲ့လူဆီကိုပါသွားတဲ့အခါ yunho ပြောရင်းနဲ့စငိုသည်
မူးမူးနဲ့ရင်ဖွင့်နေတဲ့ yunho က စပြီး ငိုတဲ့အခါသူုပါရောငိုချင်လာသည် သူဆက်မသိချင်တော့ သူဆက်မကြားနိုင်တော့ မကြားချင်တိုင်း သူအရက်တွေ ဖိသောက်တဲ့အခါ yoona က သူ့ကို ဆက်မသောက်ဖို့တားသည်
yunhoလည်း မှောက်နေပြီ

yunho ကအမူးလွန်နေသည်
သူလည်းအရက်နည်းနည်းသောက်ဖြစ်သည်
yoona က သူတို့နှစ်ယောက်ကို အိမ်ပြန်လိုက်ပို့သည်
yoona အခန်းတံခါးကို အနိုင်နိုင်သူဖွင့်ရင်း yunho ကောသူပါ ဟန်ချက်မညီပေ

Y.H: ဘာလို့လဲ ဘာလို့သူက ငါ့ကိုထားသွားတာလဲ changmin ငါ့ကိုဖြေပါ ငါဘယ်နေရာမှာများလို့လဲ

changmin နှုတ်ဆိတ်နေခဲ့သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်းသူဘာစကားမှမပြောဖြစ်ပါ စကားသံတစ်သံတောင်မထွက်နိုင်လောက်အောင် သူဆွံ့အနေခဲ့သည်

yunho အခန်းထဲအရောက်မှာ yunho ကုတင်ပေါ်ကိုသူနဲ့ yunho ဟန်ချက်မညီစွာလဲကျသွားသည်
yunho ဆီက အရက်နံ့နဲ့အတူ yunho ရဲ့ကိုယ်သင်းနံ့ခပ်ပြင်းပြင်းကိုသူရှူရှိုက်မိသည် သူ တစ်နှစ်လုံး ထို ကိုယ်သင်းနံ့ကို အိမ် ရဲ့နေရာအနှံ့မှာရနေကြပင်ဖြစ်သည်
ဒါပေမယ့် ဒီလိုမျိုးအနီးကပ်ရှုရှိုက်ဖူးတာတော့ ဒါပထမဆုံးပင်ဖြစ်သည်
ဖြစ်နိုင်ရင်ဒီအခြေအနေလေးက သူရုးန်းမထွက်ချင်ပါ
အသိစိတ်မလွတ်အောင် ထိန်းရင်း yunho ကို အိပ်ရာပေါ်မှာနေရာကြအောင် ထား လိုက်သည်
ပြီးတော့ သူ yunho အခန်းထဲက ထွက်သွားရန် ပြင်ဆင်နေတုန်းမှာပဲ yunho လက်တစ်ဖက်သည် သူ့ရဲ့လက်ကောက်ဝတ်ကိုဖမ်းဆွဲထားသည်
သူyunho မျက်နှာကို လှည့်ကြည့် မိချိန်မှာ မျက်ရည်စအချို့နဲ့ yunho မျက်နှာသည် သူ့အတွက်တော့ ဘဝမှာ ထိခိုက်နာကျင်စရာအကောင်းဆုံးပင်ဖြစ်သည် ဆုတ်ကိုင်ထားတဲ့ လက်ကိုဖြုတ်ချပြီးသူထွက်သွားဖို့ဆိုတာမဖြစ်န်ုင်တော့ပေ

yunho ကုတင်အစပ်မှာထိုင်ရင်းနဲ့ သူ yunho မျက်နှာကိုစိုက်ကြည့်နေသည်
လွန်ခဲ့တဲ့တစ်နှစ်ကလည်း yunho ဒီလိုညမျိုးမှာ အရက်တွေမူးကာသူ့ဆီရောက်လာဖူးသည်
ဒါပေမယ့် အဲ့ဒီတုန်းက သူ့ခံစားချက်က အခုလောက်မဆိုးဝါးသေးပါ ထိန်းသိမ်းနိုင်သေးသည် အခုသူ့စိတ်တို့ဟာ ဘာကိုမှမထိန်းသိမ်းချင်ပေ yunho ကိုသူဘယ်လိုခံစားရကြောင်းသိစေချင်သည် yunho ကို သူဘယ်လောက်ချစ်မိနေလည်းဆိုတာ သူပထမဆုံး သူ့ကိုယ်သူထိတ်လန့်မိသည်
အဲ့ဒီနောက်

Yoona: oppa

yoona ခေါ်သံကိုကြားလိုက်ရတဲ့အချိန်မှာ သူ့အသိစိတ်ပြန်ဝင်လာပြီ သွားပြီ အားလုံး ရှင်းလင်းရဖို့ဖြစ်လာခဲ့သည်
သူ yoona ဖက်ကိုလှည့်လိုက်တဲ့အခါ yoona မျက်ဝန်းမှာ အံ့သြခြင်းနဲ့ နာကျင်ခြင်းတို့ပေါင်းစပ်ထားတဲ့ ဒဏ်ရာတွေကိုသူတွေ့သူ မျက်ရည် စတွေ သူ စိတ်လွတ်၍ yunho နှုတ်ခမ်းကိုနမ်းလိုက်မိတာဟာ yoona ကိုအထိခိုက်ဆုံး ဖြစ်စေတော့သည်

သူ့စကားသံတွေလည်းဖွင့်ဟ မလာခဲ့
yoona က ကျောခိုင်းခါလှည့်ထွက်သွားပြီ
yoona နောက်ကိုသူပြေးလိုက် မသွားခဲ့ပါ ပြေးလိုက်ပြီးရှင်းပြရန် အကြောင်းလည်းသူ့မှာမရှိ
အရာ အားလုံးက အမှန်တရားပင် ဖြစ်သည်

သူ yunho ကိုချစ်သည် yoona အပေါ်တော့ညီမလေးတစ်ယောက်လိုသာ ခံစားချက်ရှိသည် အဆိုးဆုံးအမှန်တရားတစ်ခုက သူ yoona ကို လက်မထပ်နိုင်တော့ပေ
အဲ့ဒီအတွက် yoona အနေနဲ့ သူ့အပေါ်နာကြည်းခွင့်အပြည့်ရှိသည် မုန်းတီးခွင့်လည်းရှိသည်
ဒါပေမယ့် ဒီညတော့ yunho နားကသူတစ်ဖဝါးတောင်မခွာနိုင်ပါ ရှေ့ဆက်လာမည့်နေ့ရက်တွေမှာလည်း yunho က သူ့ကိုထွက်သွားပါ လို့မပြောမခြင်း သူ yunho ဘေးကထွက်မသွားပါ
ဆုံးဖြတ် ချက်တွေ အခိုင်အမာ ချထားရင်းသူ Yunho မျက်နှာလေးကို ငေးကြည့်မိသည် ပြီးတော့ Yunho နဖူး ပေါ်ကဆံပင်လေးတွေသပ်တင်ပေးရင်း တိုးတိုးလေးသူပြောမိသည်
C.M:Jung Yunho မင်းကိုငါ ချစ်တယ် အရမ်းချစ်တယ်
နှင်းတွေကျနေသည့် ဆောင်းသည် သူ့အတွက်တော့နွေးထွေးနေခဲ့သည် အဲ့ဒီညကသူyunho ဘေးမှာပဲ အိပ်မောကျခဲ့သည်

ထိုညပြီးကတည်းက Yunho သူ့ကိုရှောင်ဖယ်နေသလိုပင်
ဒါပေမယ့် yunho က အခုမစာချုပ် ချုပ်ပြီးကာစမို့လို့အလုပ်ရှုပ်နေတာဖြစ်နိုင်သည် သူအတွေးတွေနဲ့မော လာသည်

တစ်ပါတ်အကြာမှာ yoona သူ့ဆီ ဖုန်းဆက်ပြီး
သူ့ကိုတွေ့ဖို့ချိန်းသည်

yoona နဲ့သူ လူရှင်းတဲ့ စားသောက်ဆိုင်တစ်ခုမှာဆုံကြသည်
စားသောက်ခန်းမက တိတ်ဆိတ်လွန်းသည် yoona ဆီက စကားသံမကြားရသလို သူလည်း ဘာမှမပြောဖြစ်ပေ ညနေစာကိုသူတို့နှစ်ယောက်သားတိတ်ဆိတ်စွားစားသောက်ပြီးချိန်တွင် စားသောက်ခန်းမကနေ ဟန်မြစ်ကမ်းဘေးတလျောက်လမ်းလျောက်ရန်ထွက်လာကြသည်

လမ်းလျောက်ခါစအချိန်မှာတော့ သူစကားစလိုက်သည်
C.M: yoona မနေ့ကဖြစ်သွားတဲ့ကိစ္စက

Y.N: နားလည်ပါတယ် အဲ့ဒီညက ညီမလည်းရုတ်တရက်မို့ Shock ဖြစ်သွားတာပါ တကယ်ဆို oppa လည်းမူးနေတာပဲကို မူးပြီး ကိုယ့်သူငယ်ချင်းကိုနမ်းမိတာက အပြစ်ပြောလို့မှမရတာ

Yoona က နားလည်ပေးသလိုပြောနေပြီ သူခေါင်းညိတ်လိုက်ရင် ဒီကိစ္စသည် လုံးဝမရှိခဲ့သလို ပြီးပြတ်သွားမည် ဒါပေမယ့် သူ ဆက်မလိမ်ချင်ပါ yoona ကိုဆက်မလိမ် ချင်တော့ အားလုံး ထိခိုက်စေမယ်ဆိုပေမယ့် ရေရှည်မှာတော့ အားလုံးသူ့ဘဝနဲ့သူ ရခွင့်ရှိတာတွေပိုင်ဆိုင်စေချင်သည် yoona လို အစစအရာရာ နားလည်ပေးတတ်သော မိန်းကလေးသည် သူ့ကိုတကယ်ချစ်သော ယောကျာ်းလေးနဲ့သာပေါင်းဖက်ခွင့်ရသင့် သည်

C.M: yoona အဲ့ဒါ accident မဟုတ်ဘူး ကိုယ်မူးနေလို့မဟုတ်ဘူး

Y.N: oppa နောက်နေတာလား မနောက်ပါနဲ့ ဒီတစ်ခါနောက်တာဆိုရင်တော့ yoo တကယ် စိတ်ဆိုးမှာ

C.M: မဟုတ်ဘူး ကိုယ်မနောက်ဘူး yoo ကိုယ် yunho အပေါ်ခံစာူချက်ရှိနေတာ ကိုယ်

Y.N:oppa မနောက်ပါနဲ့လို့yoo တောင်းပန်နေတယ်လေ တော်ပြီအိမ်ပြန်ချင်ပြီ ပြန်ကြရအောင်
ဒီကိစ္စကို ထပ်မပြောနဲ့ ထပ်မပြောကြေး

yoona က စကားပြောပြီးတာနဲ့ ကျောခိုင်းကာ ကားဆီပြန်လှည့်ရန်ပြင်သည်
သူ yoona ကို ပခုံးက ဆွဲလှည့်သည်
သူ့ဘက်ကိုပြိုလဲကျလာတဲ့ yoo မျက်ဝန်းမှာ မျက်ရည်စတွေသူတွေ့နေသည်
yoo နားလည်နေရက်နဲ့ငြင်းနေသည်ပဲ

C.M: သေချာနားထောင် yoo ကိုယ်ဆက်မလိမ်ချင်ဘူး yoo လည်းခံစားမိနေတဟ် မလား ကိုယ် သူ့အပေါ်ခံစားချက်တွေရှိနေတာကို ဘာလို့ကိုယ့်ကိုကိုယ် လိမ်နေမလဲ yoo ကိုယ် ကို နားလည်ပေးပါ ကိုယ်တို့စေ့စပ်ပွဲဖျက်သိမ်းကြရအောင် ကိုယ်တို့ လမ်းခွဲတာ အမှန်ဆုံးဖြစ်မှာ

Y.N: မဟုတ်ဘူး oppa လိမ်နေတာ ဆက်နားမထောင်ချင်တော့ဘူး oppa သူ့အပေါ်ခံစားချက်တွေရှိနေတယ်ဆိုရင်တောင် အဲ့ဒါ ခဏတာပါ အနေနီးလို့ပါ oppa က gay မှမဟုတ်တာ ညီအကိုလို ချစ်နေတာလည်း ဖြစ်နိုင်တာပဲ ဘာကြောင့် yoo တို့စေ့စပ်ထားတာကို ဖျက်သိမ်းမလဲ ဒီအခြေအနေ ထိ yoo နဲ့ oppa ဘယ်လို ဖြတ်သန်းလာလဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်နားလည်ခဲ့ကြလည်း yoo တို့ ချစ်သူ သက်တမ်းတစ်လျောက် တစ်ခါတောင် ရန်မဖြစ်ဖူးခဲ့ပဲနဲ့ အခုမှ ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ yoo က ဘာကြောင့် လမ်းခွဲပေးရမလဲ ပြောပါဦး

yoona ပြောရင်း ငိုနေသည်
သူမဘယ်လောက်ဝမ်းနည်းမလဲ သူသိတယ်

C.M: yoo ကိုယ့်ကိုနာကြည်းလိုက်ပါ မုန်းတီလိုက်ပါ ပြီးရင် yoo စိတ်ထဲက ကိုယ့်ငို ထုတ်ပစ်လိုက်ပါ ကိုယ်လိုလူကို ကိုယ် gay ဟုတ်မဟုတ် ကိုယ်မသိဘူး yoo ဒါပေမယ့် ကိုယ် yunho အပေါ်ရှိနေတဲ့ခံစားချက်တွေက ရပ်တန့်မှာမဟုတ်ဘူး ဒါက ယာယီဖြစ်တာမဟုတ်ဘူး yoo ကိုယ်သူ့ကို ကိုယ် အထက်တန်းကျောင်းသားဘဝကတည်းက ခံစားချင်ရှိနေတာ ကိုယ်ဂျပန်ကိုလာတော့ ကိုယ်အရာအားလုံးကိုမေ့နိုင်မယ်ထင်နေခဲ့တာ ဒါပေမယ့် မရဘူး yoo ကိုယ်တားဆီးနေပေမယ့် အဲ့ဒီခံစားချက်က လျော့ပါမသွားဘူး ပိုပိုပြီး ပြင်းထန်လာတယ် အခုတော့ ကိုယ်မဖုံးကွယ်ချင်တော့ဘူး yoo
ကိုယ့်ကို နားလည်ပေးပါ

yoona ဆီက သူဘာသံမှမကြားရပေ yoona မျက်ဝန်းတွေသည် ကြေကွဲမှုနဲ့အတူ အရမ်းကို ခံစားချက်မဲ့နေသည်
yoona သူ့ကိုကျောခိုင်းပာလှည့်ထွက်သွားသည် သူမခြေလှမ်းတိုင်းသည် ယိုင်နဲ့နေသည် yoona ရဲ့ကျောပြင်ကိုကြည့်ကာ သူပင့်သက်ရှိုက်လိုက်သည် သူမအတွက် သူဘာမှမလုပ်ပေးနိုင် သူတကိုယ်ကောငိးဆန်ခဲ့မိသလား သူမသိပါ သူ့မျက်ဝန်းထဲမှာ မျက်ရည်စဝေ့ဝဲ တက်လာသည် ထိုမျက်ရည်စတို့သည် ဟန်မြစ်ကမ်းကိုရော တောက်ပနေတဲ့ ညမီးရောင်တွေရောကိုဝေဝါးစေသည်
အချစ်က လူတိုင်းကိုပူလောင်စေတာလား သူမသိပါ ယခုခဏအတွင်းမှာတော့ yoo တစ်ယောက်အချစ်ကြောင့်ပူဆွေးနေရသည်


Продовжити читання

Вам також сподобається

10.1M 595K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
14.6K 2K 33
Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 chapters
2.3M 169K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023