Snow Flake

By Eaindra1011Ella

10.2K 810 40

More

Intro
part 1
part 3
part4
part 5
part 6
part 7
Part 8
part 9
part 10
part 11
Part 12
Part 13
Part 14
Final

part 2

658 66 2
By Eaindra1011Ella

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးနေခဲ့တယ်
သူနဲ့ Yunho နဲ့ကြားမှလည်း ဘာမှဖြစ်မလာခဲ့ပေ
တစ်စုံတစ်ခုဖြစ်လာဖို့လည်းသူမကြိုးစားမိပေ
ဒါပေမယ့် yunho အကြောင်းတွေ သူအမြဲနားစွင့်နေခဲ့တယ်
အခုမပတ်သတ်ပေမယ့်တစ်ချိန်မှာတော့တစ်နည်းနည်းနှင့်သူတို့ပတ်သတ်မယ်လို့သူယုံကြည်ထားမိတယ်

၂၀၀၇ ၁ ၁၂
သူစာမေးပွဲဖြေပြီး၍ အိမ်သို့ပြန်လာခဲ့တယ် အိမ်မှာ အမေနေမကောင်းပေ အမေနှလုံးရောဂါ ပိုဆိုးလာခဲ့တယ်
ဒါကြောင့် သူဘာကိုမှဂရုမစိုက်နိုင်ခဲ့ပေ
အဖေကလည်းခရီးသွားနေတော့ အိမ်မှာအမေတစ်ယောက်သာရှိနေသည်
အိမ်ထဲသို့သူဝင်လိုက်ချိန်တွေ အေးစက်မှုတစ်ခုကိုသူစတင်ခံစားမိသည် စိတ်ထင်နေတာပါလို့သူကိုယ့်ကိုယ်ကို လိမ်လိုက်တယ်
CM'momး သားပြန်လာပြီလား
CM: ဟုတ်ကဲ့ပါ မေမေ
CM'momး ဖြေရောဖြေနိုင်ရဲ့လား သားစာမေးပွဲဖြေချိန်မှာ အမေကြောင့် သားကိုအနှောက်အယှက်ပေးသလိုဖြစ်နေတယ်
CM: မေမေကလည်း မဟုတ်တာတွေပြောနေပြန်ပြီ သားအဆင်ပြေပါတယ် မေမေကြောင့် သားကဘာကိုအဆင်မပြေဖြစ်ရမှာလဲ သားမှာ ဒီအမေနဲ့ ဒီအဖေပဲရှိတာ မေမေသာ နေကောင်းအောင်နေ သားအတွက်ဘာမှမလိုဘူး
ချမ်းမင်ကသူ့အမေကိုဖတ်ကာပြောလိုက်သည်
CM'Momး အေးပါသားရယ် ဒီလိုသားမျိုးလေးရှိလို့ အမေမှာအမြဲဂုဏ်ယူနေရတာ
CM: ဟုတ်ကဲ့ ဒီနေ့ဖေဖေပြန်လာမယ်ပြောတယ် ညစာအတူစားကြရအောင် မေမေ
ခဏနော် သားအကျီင်္လဲလိုက်ဦးမယ်
သူအပေါ်သို့တက်သွားလိုက်သည်
အကျီင်္လဲနေတုန်းမှာပင် အောက်ထပ်က လဲကျသံတစ်ချို့ကြားလိုက်ရသည်
သူအောက်ထပ်ကိုအလျင်အမြန်ပြေးဆင်းသွားတဲ့အချိန်မှာဖုန်းဘေးမှာ သူ့အမေလဲကျနေတာကိုတွေ့လိုက်ရတယ်
CM: မေမေ မေမေ သတိထားပါဦး မေမေ ဘာဖြစ်တာလဲ
သူအော်ခေါ်နေပေမယ့် သူ့အမေကသတိလစ်နေဆဲပါ
သူသူ့အမေဘေးနားမှာတွဲလဲကျနေတဲ့ဖုန်းကိုယူကိုင်လိုက်တယ်
CM: ဟယ်လို ဘာကိစ္စ ရှိလို့ပါလဲခင်ဗျာ
Unknowး ဟုတ်ကဲ့ပါ ကျွန်တော်တို့က ဆေးရုံကပါ Mr.Shim ကားအက်စီးဒင့် ဖြစ်မှုအတွက် အကြောင်းကြားတာပါ ဖြစ်နိုင်ရင်ဆေးရုံကိုအမြန်ဆုံးလာခဲ့စေချင်ပါတယ်
အသံတို့သည် တစ်ဖြေးဖြေးဝေးသွားပါသည် သူဘာလုပ်ရမှန်းမသိပေ
သူ သူ့အမေကို ပွေ့လိုက်သည်
မေမေ ဟုသူခေါ်ကြည့်သည်
သူတစ်စုံတစ်ခုကိုနားလည်လိုက်ပါတဟ်
သူ့ရင်တွေတစ်စစီကြေကွဲသွားသလိုပင်
သူအမှောင်ထဲရောက်သွားသလိုပင်

ဈာပနပွဲ သည် ငိုသံကင်းမဲ့နေသည်
သူမငိုခဲ့ပါ မိဘနှစ်ပါးကိုဆုံးရှုံးရခြင်းဟာ သူ့အတွက်ကမ္ဘာပျက်နေသကဲ့သို့ပင်
သို့သော် သူ့စိတ်ရောကိုယ်ပါတောင့်ခဲနေခဲ့သည်

ဂျပန်မှာရှိနေတဲ့သူ့အဒေါ်မိသားစုကိုတော့ သူဒီမနက်မှာပင်အကြောင်းကြားခဲ့ပြီးဖြစ်သည်
သူ့အဒေါ်ကတော့ငိုနေခဲ့တယ် ဒါပေမယ့် သူငိုဖို့စွမ်းအားမရှိပါ
သူရှေ့ဆက်ဖို့ရှိသေးသည်
လုပ်စရာတွေအများကြီးရှိသေးသည်
သူ အိမ်ပြန်ဖို့ ဈာပနပွဲကနေ ထွက်ခဲ့သည်
ထိုအချိန်မှာ သူ yunho ကို မြင်လိုက်သည်
yunho ငိုနေခဲ့ပါသည်

ခန်းမကျယ်ကြီးရဲ့မှောင်မိုက်ခြင်း
အေးစက်စက် အငွေ့အသက်တွေ
ပြီးတော့ သူ့ရဲ့ဆုံးရှုံးမှု
Yunho ရဲ့ဆုံးရှုံးမှု
သူဝမ်းနည်းမိပါတယ်

ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့အခွင့်ထူးတစ်ခုပင်ဖြစ်သည်
yunho မျက်နှာကို နောက်ဆုံးအနေဖြင့် သူမြင်ခွင့်ရသည်
နောက်နှစ်ရက်အကြာတွင် သူ ဂျပန်ကိုသွားတော့မည် ဖြစ်သည်
ဟိုမှာပင် အခြေချတော့မည်ဟုသူစိတ်ကူးထားသည်
yunho အရမ်းခံစားနေရသည် သူဘာလုပ်ပေးရမှန်းမသိပေ
အနီးအနားရှိ ကော်ဖီဖျော်စက်တွင် ကော်ဖီတစ်ခွက်သူဝယ်လိုက်သည်
ပြီးတော့မုန့်တစ်ခု သူဝယ်သည်

yunho အနားသို့တစ်ဖြည်းဖြည်းသူလျောက်သွားမိသည်
အရင်လို တုန်လှုပ်မနေပါ ကြောက်ရွံ့မနေတော့ပေ

သူကော်ဖီတစ်ခွက်ရယ် မုန့်တစ်ခုရယ် လက်ကိုင်ပဝါ တစ်ထည်ရယ်
Yunho ဘေးနားတွင် သူချထားခဲ့သည်

သူနောက်ကိုလှည့်မကြည့်ပါ ဘာစကားတစ်ခွန်းမှသူမပြောခဲ့ပါ

သူစိတ်ထဲတွင်တော့ yunho ကိုနုတ်ဆက်မိသည်
နှုတ်ဆက်ပါတယ် Yunho ငါတို့ရဲ့နောက်ဆုံးတွေ့ဆုံမှုပဲဖြစ်လိမါ့မယ်
ပြန်တွေ့ဖြစ်ခဲ့ရင်တောင် မင်းကို မသိတော့တဲ့လူတစ်ယောက်လိုဖစ်နေဖို့ငါ့ကိုယ်ငါမျှော်လင့်မိတယ်

Continue Reading

You'll Also Like

10.1M 595K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
346K 69.8K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
5.1M 563K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...
656K 36.3K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...