အသုံးမကျသောအိမ်ထောင်သည်ခင်ပွန...
By Little_taro00
984K 66.9K 2.9K
ပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင... More
Description
Chapter 1_U
Chapter 1 _ Z
Chapter 2_U
Chapter 2_Z
Chapter 3_U
Chapter 3_Z
Chapter 4_U
Chapter 4_Z
Chapter 5_U
Chapter 5_Z
Chapter 6_U
Chapter 6_Z
Chapter 7_U
Chapter 7 _ Z
Chapter 8_U
Chapter 8_Z
ပုံအကြမ်း
Chapter 9_U
Chapter 9_Z
Chapter 10_U
Chapter 10_Z
Chapter 11_U
Chapter 11_Z
Chapter 12_U
Chapter 12_Z
Chapter 13_U
Chapter 13_Z
Chapter 14_U
Chapter 14_Z
Chapter 15_U
Chapter 15_Z
Chapter 16_U
ပုံအကြမ်း -2
Chapter 17_U
Chapter 17_Z
Chapter 18_U
Chapter 18_Z
Chapter 19_U
Chapter 19_Z
Chapter 20_U
Chapter 20_Z
Chapter 21_U
Chapter 21_Z
Chapter 22_U
Chapter 22_Z
Chapter 23_U
Chapter 23_Z
Chapter 24_U
Chapter 24_Z
Chapter 25_U
Chapter 25_Z
Chapter 26_U
Chapter 26_Z
Chapter 27_U
Chapter 27_Z
Chapter 28_U
Chapter 28_Z
Chapter 29_U
Chapter 29_Z
Chapter 30_U
Chapter 30_Z
Chapter 31_U
Chapter 31_Z
Chapter 32_U
Chapter 32_Z
Chapter 33_U
Chapter 33_Z
Chapter 34_U
Chapter 34_Z
Chapter 35_U
Chapter 35_Z
Chapter 36_U
Chapter 36_Z
Chapter 37_U
Chapter 37_Z
Chapter 38_U
Chapter 38_Z
Chapter 39_U
Chapter 39_Z
Chapter 40_U
Chapter 40_Z
Chapter 41_U
Chapter 41_Z
Chapter 42_U
Chapter 42_Z
Chapter 43_U
Chapter 43_Z
Chapter 44_U
Chapter 44_Z
Chapter 45_U
Chapter 45_Z
Chapter 46_U
Chapter 46_Z
Finale-Chapter 47_U
Finale-Chapter 47_Z
♥‿♥
အချပ်ပို - ၁ (U)
အချပ်ပို- ၁ (Z)
အချပ်ပို - ၂ (U)
အချပ်ပို - ၂ (Z)
ခန့်ကဲကဲသဲသဲညိုတို့မိသားစုနှင့် ပတ်သက်သော
Chapter 16_Z
4.5K 158 1
By Little_taro00
"အဲတော့ ကိုခန့်က ဆိုင်ခန်းတွေကို ပေနှစ်ဆယ်ပတ်လည် တစ်ဆက်တည်းဆောက်မယ် ... နောက်ပြီး ဆိုင်ခန်းတွေနောက်မှာ အဆောင်ဆောက်မယ်ပေါ့"
"ဟုတ်တယ် ဦးလေး"
ဧည့်ခန်းအတွင်းတွင် ခန့်မင်းညိုနှင့် ဦးပြည့်ဖြိုးတို့ ခန့်မင်းညို၏ ခက်မမြို့ပေါ်ကခြံအတွင်း အဆောက်အဦးဆောက်ရန် အတွက် ဆွေးနွေးနေစဉ် ဘေးတွင် လေးလေးနက်နက်နားထောင်နေသော ဘုန်းမိုရ်က ခန့်မင်းညိုတို့ စကားဝိုင်းအတွင်း ဝင်ပြောလာသည်။
"နေဦး ကျွန်တော် တစ်ခုလောက်ဝင်ပြီး အကြံပေးပါရစေ ... အကောင်အထည်ဖော်တာ၊ လုပ်တာ၊ မလုပ်တာက ကိုခန့်တို့အပိုင်းပါ "
ခန့်မင်းညိုက
"ဟုတ်ကဲ့ ကိုဘုန်းမိုရ် ပြောပါခင်ဗျ "
"ကိုခန့် ဝယ်ထားတဲ့ ခြံ အနောက်ဖက်ခြမ်း လမ်းပဲခြားတယ် အဲ့နေရာက မြေကွက်လပ်ကွင်းပြင်ကျယ်ကြီးကို သတိထားမိလား"
ခန့်မင်းညိုနှင့် ဦးပြည့်ဖြိုးက ခေါင်းညိတ်တော့ ဘုန်းမိုရ်ကဆက်ပြောသည်။
"အဲ့တာက ဝန်ကြီးဟောင်းတစ်ဦးက ပိုင်တဲ့မြေကွက်လပ်ကြီး ... အဲဒီမြေကွက်လပ်ကြီးမှာ ဒီနှစ်ကုန် ဈေးဝယ်စင်တာတစ်ခုဆောက်မယ့်ပရောဂျက်ရှိတယ် ... အစိုးရက ခွင့်ပြုထားပြီးဖြစ်သလို အကောင်အထည်ဖော်မှာကလည်း လုံးဝကျိန်းသေတယ်"
"နောက်ပြီး တက္ကသိုလ်ရဲ့ မျက်စောင်းထိုးလောက်မှာ ပုဂ္ဂလိကဘဏ်တစ်ခုဆောက်ဖို့ရှိတယ် ... နောက်တစ်ခုက အခုကိုခန့်တို့ခြံရဲ့ အရှေ့ဘက်ခြမ်း ခြံနဲ့ သိပ်မဝေးဘူး ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ကို ရောက်ပြီ ... ခက်မ - ၂၁ လမ်း လမ်းဘေးမှာပဲ ပုဂ္ဂလိကဆေးရုံဆောက်ဖို့ လျှောက်ထားတာရှိတယ် ... မကြာခင် ခွင့်ပြုချက်ရပြီး သိပ်မကြာခင်အကောင်အထည်ဖော်တော့မှာပဲ "
"သေချာစဉ်းစားကြည့်ရင် ကိုခန့်က တော်တော်လေးကို ကံကောင်းတာနော် ... နောက်တစ်နှစ် နှစ်နှစ်အတွင်း တကယ့် အဓိကဖြစ်မယ့်နေရာကြီးကို ဈေးသက်သက်သာသာနဲ့ရလိုက်တာ "
ဦးပြည့်ဖြိုးကလည်း ဘုန်းမိုရ်၏စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလာသည်။
ဘုန်းမိုရ်က ဆက်ပြောသည်။
"ပြောရရင်ကွာ နောက်ပိုင်း အဲနေရာက အရမ်းစည်ကားလာမှာဆိုတော့ ... အဆောင်ထက်စာရင် အထပ်မြင့်တိုက်ခန်းဆောက်ဖို့ကို ကိုယ် အကြံပေးချင်တယ်"
"အထပ်မြင့်တိုက်ခန်းဆိုရင်တော့ ကျွန်တော်ပိုက်ဆံ မနိုင်လောက်ဘူးဗျ"
"အဲ့အတွက် ကိုယ် တာဝန်ယူတယ်"
"ဗျာ"
"ကိုယ်က တိုက်ခန်းဆောက်ဖို့အတွက် ငွေစိုက်ပေးမယ် အစအဆုံးတာဝန်ယူတယ် ... ၈လွှာအထိဆောက်မယ် ... ကိုယ့်ကိုဒုတိယအလွှာနဲ့ အပေါ်ဆုံးက အလွှာနှစ်ခု စုစုပေါင်း သုံးလွှာပေးရမယ် .... ကိုယ်ပြောတာက ကိုခန့် ဒီပုံကြမ်းထဲမှာဆွဲထားတဲ့ အဆောင်ဆောက်ဖြစ်မယ့် အတိုင်းအတာအထိပဲယူပြီဆောက်မှာ အနောက်က မြေကွက်လပ်နဲ့ အိမ်ရှိတဲ့ ပေလေးဆယ်ကိုထိမှာမဟုတ်ဘူး"
ခန့်မင်းညိုက လေးလေးနက်နက်စဉ်းစားလိုက်ပြီး ကိုဘုန်းမိုရ်အားပြောလိုက်သည်။
"ကျွန်တော့်ကို ဒီညတစ်ညတော့ အချိန်ပေးလို့ရမလားဗျ ... ကျွန်တော်မြတ်လေးနဲ့လည်း တိုင်ပင်ချင်သလို သေချာလည်းစဉ်းစားချင်သေးတယ်"
"ရတယ် ကိုခန့် ... ကိုခန့်အဆင်ပြေမှပါ"
ထို့နောက် ဦးပြည့်ဖြိုးနှင့် ခန့်မင်းညိုတို့က ဆိုင်ခန်းဆောက်ရန်အတွက် ထပ်မံဆွေးနွေးကြသည်။
စကားဝိုင်းကောင်းနေတုန်း ဈာန်မင်းညိုက နေ့လည်စာ စားချိန်ရောက်ပြီဖြစ်သဖြင့် ခန့်မင်းညိုတို့အား ထမင်းစားရန်လာခေါ်သည်။
ဧည့်သည်များနှင့်အတူ နေ့လည်စာ ဝိုင်းဖွဲ့စားလိုက်ကြပြီးနောက် ခန့်မင်းညိုတို့ လင်ခင်ပွန်းနှစ်ယောက်က အိမ်သို့ခဏပြန်လာကြသည်။
အိမ်ရောက်တော့ ဧည့်ခန်းထဲတွင် လင်ခင်ပွန်းနှစ်ယောက် အခင်းအပါးလေးခင်းပြီး ထိုအခင်းအပါးလေးပေါ်တွင်လှဲလိုက်ကြ၏။
ခန့်မင်းညိုက မြတ်လေးအား သူ့လက်တစ်ဖက်ကိုခေါင်းအုံးစေကာ ရင်ခွင်ထဲထည့်ဖက်ထားရင်း ဦးပြည့်ဖြိုး၊ကိုဘုန်းမိုရ်တို့နှင့် ပြောခဲ့သည့်အကြောင်းအရာများကို ပြန်လည်ပြောပြနေသည်။
"မြတ်လေးရော ဘယ်လိုသဘောရလဲ ... ကိုဘုန်းမိုရ်ရဲ့ ကမ်းလှမ်းချက်ကိုသဘောကျလား"
ခင်ပွန်းဖြစ်သူ၏ သူ့အပေါ်အလေးထားကာ တကူးတကရင်ဖွင့်တိုင်ပင်လာမှုကြောင့် ရင်ထဲတွင်တော့ ကြည်နူးမိသော်လည်း မြတ်လေးက စီးပွားရေးအကြောင်းသိပ်မသိ။
သို့သော်လည်း ဦးဘုန်းမိုရ်၏ ကမ်းလှမ်းချက်က မက်လောက်စရာကြီးပင်။
မိမိတို့ဘက်က လုံးဝအမြတ်ထွက်မည့်ကိစ္စမျိုးမှန်းတော့ မြတ်လေးနားလည်သေးသည်။
ရင်ခွင်ထဲက မြတ်လေးက ခန့်မင်းညိုကိုမော့ကြည့်လာပြီး ပြောလိုက်သည်။
"မြတ်လေးကတော့ ၈လွှာမှာ လေးလွှာပဲရရင်တောင် အဆောင်ဆောက်တာထက်စာရင်တော့ အဆင်ပြေတယ်ထင်တာပဲ ... ပြောရရင် အဲဒီမြေက စီးပွားရေးလုပ်ဖို့သက်သက်အတွက်ပဲမလား"
"အင်း"
"ဆိုင်ခန်းတွေဆောက်ဖို့အတွက်ပဲ ငွေကလိုတော့မှာပေါ့ "
ခန့်မင်းညိုက မြတ်လေး၏ ခေါင်းလေးကို သူ့မေးစေ့ဖြင့်ပွတ်ရင်း တွေးတောကာ ပြောလာသည်။
"ဆိုင်ခန်းဆောက်ဖို့က တွက်ပြီးသွားပြီ ... ကိုယ်တို့ဆီမှာရှိတဲ့ငွေနဲ့ လောက်တယ်"
မြတ်လေးက အနည်းငယ်ပြုံးလိုက်ပြီး
"အကို ကိုဈာန်နဲ့ အဲတုန်းကစကားသေချာပြောကြည့်မိတာ အရမ်းမှန်သွားတယ်နော် ... မြေကွက်လည်း ရသလို ... ဦးပြည့်ဖြိုးတို့ မိသားစုအပြင် ဦးဘုန်းမိုရ်လိုမြို့တော်ဝန်နဲ့ပါသိခွင့်ရတာ ... ဦးဘုန်းမိုရ်က အခုမှဆုံဖူးတာကို ဒီလိုမျိုးကမ်းလှမ်းလာမယ်လို့တောင်မထင်ထားဘူး"
ခန့်မင်းညိုက အနည်းငယ်မဲ့လိုက်ပြီး ပြောလိုက်၏။
"ဟွန်း အကျိုးလိုလို့ညောင်ရေလောင်းတာလဲ ဖြစ်နိုင်တာပဲ"
မြတ်လေးကခေါင်းထောင်လာပြီး အံ့ဩနေသလိုပုံစံလေးဖြင့် မေးလာသည်။
"သူက ဘာကိုအကျိုးလိုချင်လို့လဲ"
"ကိုယ်လည်း ခန့်မှန်းထားတာပဲရှိတာ တိတိကျကျသေချာမသိသေးဘူး ... တိတိကျကျသိတဲ့အခါ ပြောပြမယ် ... လောလောဆယ်တော့ နမ်းရအောင်"
"ဟင်"ဟုဆိုကာ မြတ်လေးကကြောင်အနေတုန်း ခန့်မင်းညိုက မြတ်လေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို စုပ်ယူနမ်းရှိုက်လိုက်တော့သည်။
လင်ခင်ပွန်းနှစ်ယောက်တစ်တီတူးနေတုန်း ခြံရှေ့မှ ကလေးငိုသံနှင့် သွဲ့သွဲ့၏ အသံဆာဆာကိုကြားလိုက်ရတာကြောင့် ခန့်မင်းညိုလည်း စိတ်ပျက်လက်ပျက်ဖြင့် မြတ်လေး၏ နှုတ်ခမ်းလေးအားလွှတ်ပေးလိုက်ရသည်။
ကလေးငိုသံက အဆက်မပြတ်ဖြစ်လာတာမို့ ခန့်မင်းညိုလည်း ကမန်းကတန်းထကာ အိမ်ရှေ့သို့သွားလိုက်၏။
အိမ်ရှေ့ရောက်တော့ တွေ့လိုက်ပါပြီ။ ကိုဖြိုး၊ သွဲ့သွဲ့ နှင့် ခန့်ညားမောင်။
ခန့်ညားမောင်က ငိုနေသည့်ကလေးကို ချော့ရင်း ခြံထဲဝင်လာသည်။
ခန့်မင်းညိုက အိမ်ပေါက်ဝမှထွက်လာရင်း ခန့်ညားမောင်အားလှမ်းမေးလိုက်သည်။
"ခန့်ညား သားက ဘာဖြစ်လို့အရမ်းအော်ငိုနေတာလဲ"
ထိုသို့ မေးကာ ခန့်မင်းညိုက ခန့်ညားလက်ထဲမှ သားသားအားလှမ်းယူမယ်အလုပ် ခန့်ညားက ခန့်မင်းညိုအားပြောလာ၏။
"သေးစိုနေလို့ အစ်ကိုရေ လမ်းမှာ ဒင်းလေးက ကိုဈာန့်အပေါ် ရှူရှူးဖလားဝါးလိုက်တယ်လေ"
ခန့်မင်းညိုလည်း ကလေးကို ခန့်ညားလက်ထဲမှ သေချာလေး ပွေ့ချီကာ မြတ်လေးအား လှမ်းပြောလိုက်၏။
"မြတ်လေးရေ သားတော်မောင်ရဲ့ ရွှေပြွန်တော်က ရေသွန်လာသတဲ့ ... ပေါင်ဒါဘူးရယ်၊ အဝတ်သန့်သန့်လေးရယ်၊ အနှီးရယ်ယူလာပေးပါဦးကွာ"
ခန့်မင်းညိုက ကျွမ်းကျင်သွက်လက်စွာဖြင့် ကလေး ခါးမှ အနှီးကို ဖယ်လိုက်သည်။
အနှီးအစိုကို ဖယ်လိုက်တော့ မြတ်မင်းမောင်က မငိုတော့။
ခန့်မင်းညိုပေါင်ပေါ်တွင် ခြေနှစ်ချောင်းထောင်ကာ ယက်ကန်ယက်ကန် နှင့်။
မျက်လုံးဝိုင်းဝိုင်းလေးကလည်း ပတ်ဝန်းကျင်ကို လိုက်စပ်စုနေသလို ' အာ အွန်း ဂူး အ' စသဖြင့် ဘာမှန်းမသိသောစကားများပြောနေသည်။
"သားသားရေ ... ဖေကြီးရဲ့သားသားလေး ... ခဏလေးစောင့်နော် ... ဖေကြီးသားသားက ရှူရှူးတွေစိုလို့ငိုတာပေါ့ ... ဖေဖေရေ မြန်မြန်လာပါ... သားသားအအေးပတ်တော့မယ်လို့ ... နော်"
ခန့်မင်းညိုက အသံနေအသံထားအမျိုးမျိုးလုပ်ကာ ရင်ခွင်ထဲမှ ကလေးလေးကို မြူနေသည်။
ရင်ခွင်ထဲက ပေါက်စနကလည်း ခန့်မင်းညိုကိုကြည့်ကာ ရယ်သည်။
ထိုအချိန် မြတ်လေးက ကလေးပစ္စည်းများယူကာရောက်လာ၏။
ခန့်မင်းညိုက မြတ်မင်းမောင်ကို ကျွမ်းကျင်သွက်လက်စွာ သန့်ရှင်းရေးလုပ်ပေးပြီး နောက် အနှီးပတ်ပေးလိုက်တော့သည်။
"ဖေကြီး သားသားလေးက အခုတော့ မွှေးသွားပြီကြည့်စမ်း "
ထိုသို့ ပြောပြီး ခန့်မင်းညိုတစ်ယောက် ကလေးအား တရှုံ့ရှုံ့ နမ်းနေလိုက်သည်။
မြတ်မင်းမောင်ကလည်း ရယ်နေလိုက်တာမှ အသံများပင် တော်တော်ကျယ်ကျယ်ထွက်လာသည်။
မြတ်လေးက မျက်လုံးပြူးလေးဖြင့်ကြည့်ရင်း ခန့်မင်းညိုအားသတိပေးသည်။
"အကို အကို့သားက အရမ်းရယ်နေတာ အူတက်ပြီး တခုခုဖြစ်ဦးမယ်"
ခန့်မင်းညိုက မြတ်လေး၏စကားကြောင့် သားကိုမနမ်းတော့ဘဲ ရပ်တန့်လိုက်သည်။
"ကဲ သားဖေဖေက သားသားကို မနမ်းတော့နဲ့ တဲ့ ... ဖေကြီးက နမ်းချင်သေးတာကို ... နော် ... ဒီအတိုင်းတော့မရဘူး ညကျမှပဲ ဖေဖေက သားသားအစား ဖေကြီးမဝမချင်း နမ်းတာကိုခံရမှာလို့ နော်"
"အာ .... ဂူး .... အွန်း"
ခန့်မင်းညို၏စကားဆုံးသွားတော့ သားသားဆီမှ ဝူးဝူးဝါးဝါးအသံများထွက်လာသည်။
ခန့်မင်းညိုက မျက်ခုံးပင့်ကာ မြတ်လေးအားပြောလိုက်သည်။
"ဟော မြတ်လေး သားသားက ကိုယ့်အစား ပြောပေးနေပြီ ... ညကျရင် ကိုယ်နမ်းလို့မဝမချင်းမအိပ်ရဘူးနော်"
မြတ်လေးကတော့ ခန့်မင်းညိုစကားကို မကြားချင်ယောင်ဆောင်ပြီး သေးစိုဝတ်များကို ယူကာ လျှော်ရန် ရေချိုးခန်းသို့ထွက်သွားတော့သည်။
ခန့်မင်းညိုကတော့ ထွက်သွားသောမြတ်လေး၏ နောက်ကျောကိုကြည့်ကာ လျှာသပ်ရင်းတီးတိုးရွတ်လိုက်သည်။
"ရှက်သွားပြီထင်တယ် ... နားရွက်လေးတွေက နီရဲနေတာမှ .... လုံးနေတာပဲ"
အိမ်အပြင်ဘက်မှ ခန့်ညားမောင်ကတော့ အိမ်အတွင်းမှ ခန့်မင်းညိုတို့ လင်ခင်ပွန်းနှစ်ယောက်နှင့် သူတူလေးကို ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
==============================
ဈာန်တစ်ယောက် သူဝတ်ထားသည့် အဝတ်အစားများကလေးသေးစိုသွားသဖြင့် ကိုကြီးအိမ်ကို ဆက်မသွားတော့ဘဲ ရေချိုး၊အဝတ်အစားလဲရန် အိမ်သို့ပြန်လာခဲ့သည်။
ဒေါ်သက်မာက အိမ်ပြန်လာသည့် ကိုဈာန့်ကိုမြင်တော့ မေးလာ၏။
"ကိုဈာန် ဘာကျန်ခဲ့လို့လဲ"
"ဘာမှမကျန်ဘူး အမေရေ ... အမေ့မြေးပေါ့ လမ်းမှာ သားအပေါ်ရှူးပေါက်ချလိုက်တယ်လေ ... အဲ့တာကြောင့်ရေပြန်ချိုးတာ"
"ငါ့မြေးလေးက သေးအစိုကြီးနဲ့ အိမ်ပြန်သွားတာရပေါ့ ... ငိုနေတော့မှာငါသိတယ် ... ငါ့မြေးက စိုစိစိဆို မနေတတ်ဘူး"
ဈာန်တစ်ယောက် သူ့ရှေ့မှ ဘွားအေ အသစ်စက်စက်၏ ကဲသဲမှုကို ခံစားဖို့မအားသေး။ ရင်ဘတ်က ကလေးသေးများဖြင့် စိုစိစိဖြစ်နေတာကြောင့် ရေချိုးခန်းထဲပြေးတော့သည်။
မြတ်မင်းမောင်လေးက တကယ့်အချစ်ခံလေးပင်။
ခန့်မင်းညိုနှင့် မြတ်လေးက မြတ်မင်းမောင်လေးအားမွေးစားလိုသည့်အကြောင်းအား ဦးမင်းညိုနှင့် ဒေါ်သက်မာကို ပြောပြထားသည်။
ဦးမင်းညိုနှင့် ဒေါ်သက်မာက မကြည်ဖြူခြင်းမရှိသလို ကန့်ကွက်ခြင်းလည်းမရှိအပြင် ဝမ်းသာနေသေးသည်။
ဦးမင်းညိုနှင့် ဒေါ်သက်မာတို့မှာ မွေးမိခင် ကဆုံးသွားသည့်အပြင် ဖခင်၏စွန့်ပစ်ခြင်းပါခံရသော ကလေးငယ်လေးကို သနားမိသည်။
ကလေးချစ်တတ်သူများလည်း ဖြစ်တာကြောင့် မြတ်မင်းမောင်လေးကို သူတို့၏မြေးဦး မြေးအရင်းသဖွယ် သတ်မှတ်ထားပြီး ဖခင်အရင်းမပေးခဲ့သော ချစ်ခြင်းမေတ္တာများကို ပေါပေါသီသီပေးမည်ဟု ဆုံးဖြတ်ထားကြသည်။
ကလေးကို ခန့်မင်းညိုတို့ထံ မွေးစားခွင့် ပေးမပေးကိုတော့ ခန့်ညားမောင်၏ အဆုံးအဖြတ်ကိုစောင့်ရဦးမည်။
ခန့်ညားမောင်က မွေးစားခွင့်မပေးလျှင်တောင် သူတို့ကတော့ မြေးအဖြစ် စိတ်ထဲမှာ သတ်မှတ်ထားပြီးသားဖြစ်သည်။
==================================================
ဈာန်က ရေချိုး အဝတ်အစားလဲပြီးနောက် ကိုကြီးအိမ်သို့သွားရန် အိမ်အပြင်သို့ထွက်လာသည်။
မြတ်မင်မောင်လေးအား ကိုကြီးတို့လင်ခင်ပွန်းဆီပို့ပြီး ဈာန်၊ သွဲ့သွဲ့ ၊ ခန့်ညားနှင့် ဖြိုးကိုကိုတို့လေးယောက်ပွဲဈေးတန်းသို့သွားရန် ကြံစည်ထားခြင်းဖြစ်သည်။
ကိုယ်တော်ချောလေး မြတ်မင်းမောင်က သူ့အပေါ်တွင် သေးပေါက်ချလိုက်တာမို့ ဈာန့်ခမျာအိမ်တစ်ခေါက်ပြန်လာပြီး ရေချိုးရတော့သည်။
သူခြံပေါက်ဝရောက်တော့အိမ်ထဲမှ ဦးစည်က သူ့အားလှမ်းခေါ်သည်။
"ကိုဈာန် ဘယ်သွားမှာလဲ ... ကိုဖြိုးရော"
"ကျွန်တော်က ကိုကြီးအိမ်သွားမလို့ ဦးစည် ... ကိုဖြိုးက ကိုကြီးအိမ်မှာ ... ကျွန်တော်တို့လေးယောက် တူလေးကို ကိုကြီးတို့နားသွားပို့ပြီး ပွဲဈေးတန်းသွားမလို့ကြံထားတာ ... လမ်းမှာဗျာ ကိုယ်တော်ချောလေးက ကျွန်တော့် အပေါ်ရှူးပေါက်ချလိုက်လို့ ... အဲ့တာနဲ့ ကျွန်တော် တစ်ယောက်တည်း အိမ်ကို ရေပြန်လာချိုးတာ ... ကိုဖြိုးတို့က ကိုကြီးအိမ်မှာကျွန်တော့်ကိုစောင့်နေကြတယ်"
"ဟား ဟား ကိုဈာန်တို့ ရှူရှူးသင်္ကြန်ကျသွားတယ်ပေါ့ ... အေး အေး ဦးစည်တို့ကတော့ ခဏနေမှ ပွဲဈေးတန်းဆီ လိုက်လာခဲ့မယ် ... သတိထားသွားကြဦး"
"ဟုတ် ဦးစည်"
ထိုစဉ် အိမ်ပေါက်ဝကိုဘယ်အချိန်ကရောက်နေမှန်း မသိသည့် မြို့တော်ဝန်ဆိုသူက ဈာန့်အားမေးလာ၏။
"ဈာန် ... ကိုယ်လဲ လိုက်ခဲ့လို့ရမလား"
ထိုလူ၏ နှုတ်ဖျားမှ ထွက်ကျလာသော 'ဈာန်' ဆိုသည့် အသံကြောင့် ဈာန် ရင်ထဲတစ်မျိုးတစ်မည်ခံစားသွားရ၏။
ထိုလူ၏အသံမှာ ဩရှရှအသံမျိုးကိုမှ နူးညံ့ပြီး နားထောင်လို့ကောင်းသည်။
ဈာန့်စိတ်ထဲတွင် ထိုလူကို အရင်က တစ်နေရာရာမှာ မြင်ဖူး တွေ့ဖူးခဲ့သကဲ့သို့ခံစားနေရ၏။
သို့သော် ဘယ်မှာဆုံခဲ့ဖူးသလဲတော့ မမှတ်မိ။
ဈာန် ရှည်ရှည်ဝေးဝေးတွေးမနေတော့။
နောက်မှပဲ အသေအချာပြန်စဉ်းစားတော့မည်ဟု တွေးလိုက်သည်။
"ဟုတ်ကဲ့ ... လိုက်လို့ရပါတယ်ပါဗျ" ဟု ဈာန်က ယဉ်ကျေးသွက်လက်စွာ ပြန်ဖြေလိုက်ပြီး ဦးဘုန်းမိုရ်အား ကိုကြီးခန့်မင်းညို အိမ်သို့ ဦးဆောင်ခေါ်သွားတော့သည်။
နှစ်ယောက်လား လမ်လျှောက်လာရင်း ဘုန်းမိုရ်က ဈာန့်အားမေး၏။
"ဈာန် ကိုယ့်ကို မမှတ်မိဘူးလား"
"ဗျာ ကျွန်တော်တို့အရင်ကတွေ့ဖူးလို့လား"
ဈာန်က ကြောင်တောင်တောင်လေးဖြင့်မော့ကြည့်လာတော့ ဘုန်းမိုရ်က အနည်းငယ်ဝမ်းနည်းသွားသည့်ပုံဖမ်းကာ ပြောလာသည်။
"အာ ... ဈာန်က ကိုယ့်ကိုမမှတ်မိဘူးပဲ ... ကိုယ်ကတော့ မှတ်မိပါသေးတယ် ... ကိုယ်အသက် ၁၇၊ ၁၈ လောက်တုန်းက ဦးစည်တို့အိမ်ကိုသွားလည်တော့ သစ်ပင်ပေါ်တက်ပြီး ပြန်မဆင်းတတ်တော့လို့ ငိုယိုနေတဲ့ မျောက်လောင်းလေးကို"
ဘုန်းမိုရ်၏ စကားကိုကြားတော့ ဈာန်တစ်ယောက်မျက်လုံးလေးများပြူးလာပြီး ဘုန်းမိုရ်အား တအံ့တဩမော့ကြည့်လာကာ သူ မခေါ်ဖြစ်တာကြာသည့် နာမည်တစ်ခုကို ပြောလိုက်မိသည်။
"ဦးဦးလှလှ"
ဘုန်းမိုရ်က အရှေ့တည့်တည့်သွားနေရာမှ ရပ်တန့်လိုက်သည်။
ထို့နောက် လက်ကိုနောက်ပစ်လိုက်ပြီး ဈာန့်ဘက်ကိုလှည့်လိုက်ကာ သူ့အားမော့ကြည့်နေသောဈာန်မျက်နှာလေးအား ငုံ့ကိုင်းကြည့်ရင်း ဈာန့်မျက်လုံးများဖြင့် အကြည့်ချင်းဆုံစေလျက် မေးလာသည်။
"မှတ်မိသွားပြီလား"
ဈာန်က ခေါင်းတဆတ်ဆတ်ညိတ်ပြကာ ဖြေသည်။
"ဟုတ် မှတ်မိသွားပြီ ... အဲတာကြောင့် ကျွန်တော် မြို့တော်ဝန်ကြီးကိုမြင်တော့ တစ်နေရာရာမှာ မြင်ဖူးပါတယ်လို့တွေးနေတာ ... ဦးဦးလှလှဖြစ်နေတာကိုး"
ဘုန်းမိုရ် အသက် ၁၇၊ ၁၈ လောက်တုန်းက ဈာန်မင်းညိုနှင့်ဆုံဖူးတာဖြစ်သည်။
ထိုနေ့က ဘုန်းမိုရ်တို့ အိမ်တွင် အုန်းနို့ခေါက်ဆွဲချက်စားသည်မို့ ဘုန်းမိုရ်အမေက ဘုန်းမိုရ်အား ဦးစည်တို့အိမ်သို့ အုန်းနို့ခေါက်ဆွဲသွားပို့ပေးရန် ခိုင်းလိုက်သည်။
ဘုန်းမိုရ် ဦးစည်တို့အိမ်သို့ရောက်တော့ ခြံတံခါးကြီးပွင့်နေတာမို့ အိမ်ထဲဝင်သွားလိုက်ရာ အိမ်ထဲတွင်လူမရှိ။
အိမ်၏ တောင်ဘက်အခြမ်းမှ ကိုဖြိုး၏ငိုသံကြားသည်မို့ ဘုန်းမိုရ်အပြေးအလွှားသွားကြည့်မိတော့ မာလကွတ်ပင်ပေါ်မှာ ငိုနေသည့် ကလေးနှစ်ယောက်။
ကိုဖြိုးက အသံပြဲကြီးနှင့် အော်ငိုနေတာဖြစ်ပြီး ဘေးမှကလေးကတော့ အသံသိပ်မထွက်ဘဲ ရှိုက်ငိုနေတာဖြစ်သည်။
"ကိုဖြိုး ဘာဖြစ်လို့ငိုနေတာလဲ"
"သား ... ဟင့် ... သားတို့မဆင်းတတ်လို့"
ဘုန်းမိုရ်လည်း သစ်ပင်ပေါ်က မျောက်နှစ်ကောင်ကြောင့် ရယ်လည်း ရယ်ချင်သလို သနားလည်းသနားမိသည်။
ဘုန်းမိုရ် က ကိုဖြိုးကိုအရင် ဆင်းရန်အတွက် သစ်ကိုင်းများကို မည်သို့မည်ပုံနင်းရမည်ကို ညွှန်ကြားကာ အနိမ့်ဆုံးနေရာတွင် ခုန်ချခိုင်းပြီး သူက အောက်မှာဖမ်းကာ ပွေ့လိုက်သည်။
ကိုဖြိုးဆင်းပြီးနောက် ဟိုကလေးလေးအလှည့်ပင်။
ကိုဖြိုးကို ပြောပြသည့်အတိုင်း ထိုကလေးလေးအားပြောပြကာ ဆင်းလာစေပြီး သူက အောက်ကနေဖမ်းပွေ့လိုက်သည်။
ရင်ခွင်ထဲက ကလေးလေးကို သေချာကြည့်လိုက်တော့ ညာဘက်မျက်လုံးထောင့်မှာ မှည့်နက်ကလေး။
အောက်ရောက်ပြီဖြစ်သဖြင့် ရင်ခွင်ထဲက ကလေးပေါက်စက ခုနက ရှိုက်ငိုနေတာသူမဟုတ်သည့်အတိုင်း ရယ်ပြလာတော့ အပေါ်ဘက်ရှေ့သွားနှစ်ချောင်းက တိုတိုလေးဖြစ်နေကာ ဘေးနေရာမှ သွားများက မရှိ။
ငယ်သွားအသစ်လဲထားသည်မို့ ရှေ့သွားနှစ်ချောင်းက တိုနေသေးတာဖြစ်မည်။
ဘုန်းမိုရ် ရယ်ချင်စိတ်ကို ထိန်းကာ ထိုကလေးလေးကို မြေပြင်ပေါ်သို့ ချပေးလိုက်တော့ ထိုကလေးလေးက သွားကျိုးလေးဖြင့် ပြောလာသည်။
"ဦးဦးလှလှ ကျေးဇူးတင်ပါတယ်ဂျ"
ဘုန်းမိုရ် သဘောကျစွာဖြင့် ကလေးနှစ်ယောက်အားကြည့်နေတုန်း ဦးစည်က ရောက်လာသည်။
"ဘုန်းမိုရ် ရောက်နေတာလား"
"ဟုတ်တယ် ဦးစည် အမေက အုန်းနို့ခေါက်ဆွဲလာပို့ခိုင်းလို့ ချိုင့်က ဧည့်ခန်းထဲမှာ ... ကလေးငိုသံကြားလို့ ဒီအပင်နားရောက်လာတာ ... သူတို့နှစ်ယောက်သစ်ပင်ပေါ်က မဆင်းတတ်လို့တဲ့ ငိုနေကြတယ်လေ ... အဲ့တာနဲ့ ကျွန်တော်လည်း သူတို့အပင်အောက်ပြန်ရောက်အောင် ကူပေးနေတာ"
ဦးစည်က မျက်မှောင်ကြုံလိုက်ပြီး ကလေးနှစ်ယောက်အား အနည်းငယ်ဆူလိုက်သည်။
" ကိုဖြိုး ဖေဖေ မှာထားတယ်လေ သစ်ပင်ပေါ်မတက်ရဘူးလို့ ... ကိုဈာန်ရော ဦးဦး သစ်ပင်ပေါ်မတက်ရဘူးလို့ပြောထားတာကို မေ့နေတာလား"
ကလေးနှစ်ကောင်ကတော့ မျက်နှာငယ်လေးတွေဖြင့် ဦးစည်ကိုဘာမှမပြောပဲ မော့ကြည့်လာကြသည်။
"အခုမှ မျက်နှာငယ်လေးတွေနဲ့ လုပ်မနေနဲ့ "
ဦးစည်က ထိုမျက်နှာငယ်လေးတွေဘက်မှ ဘုန်းမိုရ်ဘက်သို့လှည့်လိုက်ရင်း ပြောလာသည်။
"ဘုန်းမိုရ်ရယ် ဦးစည်က ဘေးနှစ်အိမ်ကျော်က ဈေးဆိုင်ကို မဆလာလိုလို့သွားဝယ်တာ ခဏပဲရှိသေးတယ် ... သူတို့နှစ်ယောက်က သောင်းကျန်းနေပြီ ... အဲသစ်ပင်မှာဆင်ထားတဲ့ ဒန်းပေါ်ကနေ တက်ကြတာ ... အရင်တစ်ပတ်ကျောင်းပိတ်ရက်တုန်းက သူတို့နှစ်ယောက်အဲ့ဒန်းပေါ်ကနေတစ်ဆင့် သစ်ပင်ပေါ်တက်မယ့်အရိပ်အယောင်မြင်လို့ သစ်ပင်ပေါ်မတက်ရဘူးလို့ ကြိုမှာထားတာကို ဒီတစ်ပတ် သစ်ပင်ပေါ်ကိုတက်ဖြစ်အောင်တက်သေးတယ်"
"ဟိုနှစ်ယောက်"
"ဂျာ"
"သွားကျိုးနှစ်ကောင် ဆိုတော့ ဗျာတောင်မပီဘူး ... အဲ ဒန်းကို မစီးရတော့ဘူး ဦးပြည့်ဖြိုးပြန်လာရင် ဖြုတ်ခိုင်းမယ် "
အပြစ်လုပ်ထားသည်မို့ နှစ်ယောက်သား ဒန်းဖြုတ်မည်ကို မလိုလားသော်လဲ အကွန့်မတက်ရဲ။
ထုံစံအတိုင်း မျက်နှာငယ်လေးတွေနှင့်ကြည့်လာတော့ ဦးစည်ဆိုသည်မှာ မနေတတ်။
"ဒန်းကို အိမ်ရှေ့မှာ သပ်သပ်ဆင်ပေးမယ် သွား ... လက်တွေသွားဆေးကြ ... အုန်းနို့ခေါက်ဆွဲလာပို့ထားတယ်တဲ့ စားကြမယ်"
ကလေးနှစ်ယောက်က "ဟုတ်" ဟု ဆိုကာ လိမ်လိမ်မာမာလေး သွားလိုက်ကြသည်။
"ကလေးတွေက လိမ်မာပါတယ်ဦးရ"
ဘုန်းမိုရ်က ပြောလာတော့ ဦးစည်က အနည်းငယ်ရယ်ကာ ပြောလိုက်သည်။
"အမလေး အဲ့တာ လူရှေ့မှာမို့ မယုံရင် လက်ဆေးကန်နားသွားချောင်းကြည့်ပါလား သွားကျိုးနှစ်ကောင် စပ်ဖြီးဖြီးနဲ့ လွတ်နေတဲ့ သွားနေရာတွေ အကုန်ပေါ်အောင် ရယ်နေပါလိမ့်မယ်"
ဘုန်းမိုရ်လည်း ဦးစည်၏ စကားကြောင့် အားရပါးရ အော်ရယ်မိတော့သည်။
ထိုအချိန်မှစပြီး ဘုန်းမိုရ် ကျောင်းပိတ်ရက်များရောက်လျှင် လမ်းကြုံတိုင်း မုန့်များနှင့် အရုပ်များဝယ်ပြီး ဦးစည်အိမ်သို့သွားကာ ထိုကလေးနှစ်ယောက်ကို သွားတွေ့တတ်သည်။
ခြောက်လခန့်ကြပြီးနောက် ဘုန်းမိုရ်နိုင်ငံခြားမှာကျောင်းသွားတက်သည်။
နိုင်ငံခြားတွင် ကျောင်းပြီးသွားသောအခါ အမိမြေသို့ပြန်လာပြီး ဘုန်းမိုရ် သူ့ဖခင်၏ ကျောထောက်နောက်ခံဖြင့် နိုင်ငံရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်ရင်း စီးပွားရေးတွင်ပါ အားထည့်ရတာကြောင့် မအားလပ်တော့။
စီးပွားရေးနိုင်ငံရေး နယ်ပယ်အတွင်း လူအမျိုးမျိုးစိတ်အထွေထွေနှင့် တွေ့ကြုံဆုံရသည်။
ရှေ့တွင်တော့ ဟန်ဆောင်မျက်နှာဖုံးများတပ်ကာ ပြုံးပြနေကြသော်လည်း နောက်ကွယ်တွင် တစ်ယောက်နှင့်တစ်ယောက် ထိုးချကြ၊ နင်းချေကြ၊ ချောက်တွန်းကြနှင့် မာယာများလှသော လူအများကြား ရုန်းရင်း ကန်ရင်း ဖြူစင်လှသောကလေးငယ်နှစ်ယောက်နှင့် တွေ့ဆုံခဲ့ချိန်က ပုံရိပ်များမှာ သူ့ခေါင်းထဲတွင် မပီပြင် ဝိုးတဝါးနှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အခက်အခဲများကို ကျော်လွှားပြီးနောက် တဖြည်းဖြည်းနှင့် စီးပွားရေးဘက်တွင်ရော နိုင်ငံရေးနယ်ပယ်မှာပါ အောင်မြင်လာသော ဘုန်းမိုရ်မှာ ငယ်ရွယ်သော်လည်း ထက်မြက်ပြီး ပါးနပ်ကာ စီးပွားရေးနောက်ခံတောင့်တင်းသည့်အပြင် လုပ်ကိုင်နိုင်စွမ်းကမြင့်မားတာကြောင့် ခက်မမြို့၏ မြို့တော်ဝန်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။
======================================
ခန့်ကဲကဲသဲသဲညို : ကဲ သားဖေဖေက သားသားကို မနမ်းတော့နဲ့ တဲ့ ... ဖေကြီးက နမ်းချင်သေးတာကို ... နော် ... ဒီအတိုင်းတော့မရဘူး ညကျမှပဲ ဖေဖေက သားသားအစား ဖေကြီးမဝမချင်း နမ်းတာကိုခံရမှာလို့ နော်
လေးလသားအရွယ် မြတ်မင်းမောင် : အာ .... ဂူး .... အွန်း
ခန့်ကဲကဲသဲသဲညို : ကဲ သားဖေဖေက သားသားကို မနမ်းတော့နဲ့ တဲ့ ... ဖေကြီးက နမ်းချင်သေးတာကို ... နော် ... ဒီအတိုင်းတော့မရဘူး ညကျမှပဲ ဖေဖေက သားသားအစား ဖေကြီးမဝမချင်း နမ်းတာကိုခံရမှာလို့ နော်
လေးနှစ်သားအရွယ် မြတ်မင်းမောင် : ပေပေ့ကို မနမ်းနဲ့ တားတားကိုပဲ အဝနမ်း တားတား အုမတက်ချေရဘူး ချိတ်ချ ပေပေ
ခန့်ကဲကဲသဲသဲညို :"..." 
Little_taro00
24 Oct 2022
Continue Reading
You'll Also Like
284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 63.3K 50
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
206K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)