True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
တံခါးခေါက်သံကြားတော့ Tang Feng က လမ်းလျှောက်လာပြီး တံခါးကိုဖွင့်လိုက်တော့ နတ်ဆိုးလေးက အပြင်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ?" Tang Feng က မေးသည်။
"မင်းရဲ့ဝက်ဝံကောင်ကြီးက ဘယ်မှာလဲ" နတ်ဆိုးလေးက အေးစက်စွာ မေးခဲ့သည်။ Tang Feng ရောက်သွားသည့်နေရာတိုင်း Charles က သူ့ကို သောက်ဖင်ကိုရွှေ့ကာ Tang Feng နောက် တကောက်ကောက်လိုက်နေသလိုပဲ။
တံခါးကနေ အထဲကို လှမ်းကြည့်လိုက်ပေမယ့် Charles ကို မတွေ့ရပေ။
"သူ ရေချိုးခန်းထဲမှာ ရှိနေတယ်၊ မင်း သူ့ကိုရှာနေတာလား" Tang Feng က နောက်ပြောင်ကာ ပြောလိုက်သည်။
"ချီးပဲ....ငါက သူ့ကို ဘာလုပ်ခိုင်းရမှာလဲ။"
အောက်ကိုငုံ့ကြည့်လိုက်တော့ နတ်ဆိုးလေးဟာ Tang Feng ရဲ့ ညဝတ်အင်္ကျီတွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"သွားပြီးတော့ မင်းရဲ့အဝတ်အစားတွေကို လဲလိုက်ဦး "
"ပြဿနာ တခုခုဖြစ်လို့လား "
စေ့စပ်ပွဲက ပြန်လာတဲ့အခါ ရေချိုးပြီးတာနဲ့ သူ့အိပ်ယာဝင်ဖို့ ညအိပ်ဝတ်စုံ ပြောင်းလိုက်တယ်။ ဘာလို့ သူ့အဝတ်အစားတွေ ထပ်ပြောင်းနေရမှာလဲ။
"မင်းရဲ့သူငယ်ချင်း ချန်မင်ရွှိ မူးနေပြီ၊ နောက်ဆုံး ကျန်းမျိုးရိုးနဲ့ လူက သူ့ရဲ့ ညံ့ဖျင်းတဲ့ ဂျူနီယာ ကျောင်းသူလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အလုပ်ရှုပ်နေပြီး အခု ချန်မင်ရွှိက သူ့ကို စောင့်ရှောက်ပေးမယ့်သူ မရှိဘူး။ မင်း သွား မကြည့်ဖူးလား။"
"ငါက လူတွေကို ဂရုမစိုက်တတ်ဘူး။ ချန်မင်ရွှိရဲ့ အခန်းက ဘယ်မှာလဲ မင်းသိနေသားပဲ။ ငါကိုယ်တိုင် သွားခေါ်မှ ဖြစ်မှာလား။ "
အဲ့ဒီနောက်မှာ နတ်ဆိုးလေးက Tang Fengက သူ့ကို ခိုင်းမှာစိုးလို့ ထွက်ပြေးသွားတော့သည်။
"တစ္ဆေတစ်ကောင်လို မြန်မြန်ပြေးတော့တာပဲ"
ချန်မင်ရွှိ တစ်ခုခုဖြစ်မှာကိုကြောက်လို့ Tang Feng က သူ့အဝတ်အစားလဲဖို့ အချိန်မရှိလို့ ခေါင်းယမ်းလိုက်တယ်။ သူသည် အိပ်ယာဘေးတွင် မှတ်စုတစ်စောင်ရေးပြီး သူ့အိပ်ဝတ် အဝတ်စားပေါ်တွင် အပေါ်ထပ် တစ်ထည် ထပ်ဝတ်ကာ ချန်မင်ရွှီအခန်းဆီသို့ ပြေးသွားခဲ့သည်။
ပထမတော့ Tang Feng နှင့် နှစ်ယောက်တည်း ချစ်ကမ္ဘာကြီး တည်ဆောက်ရာမှာ အနှောက်ယှက်ကင်းစေဖို့ Charles သည် ချန်မင်ရွှီနှင့် နတ်ဆိုးလေး၏အခန်းကို သူတို့ဘေးခန်းမှာ ယူရမယ့်အစား သူတို့အပေါ်ထပ်တွင် တမင်စီစဉ်ပေးခဲ့သည်။
ဓါတ်လှေကားမှ အပေါ်ထပ်သို့ Tang Feng သည် တက်လာပြီး ချန်မင်ရွှီ၏ အခန်းနံပါတ် 035 သို့ တိုက်ရိုက်သွားခဲ့သည်။
မှန်တယ်...အဲ့ဒီမှာ ဒီအဖြစ်ပျက်တွေကို ကြုံလိုက်ရတော့တာပဲ။
တံခါးဖွင့်ထားလို့ သူ သိပ်ပြီး မစဉ်းစားခဲ့လိုက်ဘူး။ သူဝင်ပြီးပြီးချင်းမှာပဲ နတ်ဆိုးလေးက ဘေးတံခါးကနေ ခုန်ထွက်လာတယ်။ အခန်း နံပါတ် 035 ကို မည်သူမျှမမြင်ခင် သူက လဲလှယ်ခဲ့သည်။
Tang Feng ဝင်သွားသည့် အခန်းသည် အမှန်တကယ်က နံပါတ် 037 ဖြစ်သည်။
ဟီး...ဟီး
ကျေနပ်စွာ ပြုံးရင်း လုပ်ကြံမှုကြီးရဲ့တရားခံ ဖြစ်တဲ့ နတ်ဆိုးလေးက နောက်ပြန်လှည့်ပြီး အခန်းတံခါးကို ပိတ်လိုက်တယ်။
"ဘာရယ်နေတာလဲ... ဟယ်လို မင်းက ဘာလို့ ငါ့အခန်းကို လာနေနေရတာလဲ"
ချန်မင်ရွှီက တစ်ဖက်က ရယ်နေတဲ့ နတ်ဆိုးလေးကို ထူးထူးခြားခြားကြည့်ရင်းမေးလိုက်သည်။ နတ်ဆိုးလေးက ရုတ်တရက် သူ့အခန်းထဲကနေ ပြေးထွက်သွားပြီး ပြန်လာတော့ ရယ်နေသဖြင့် သူလည်း ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။
Tang Feng အနား ရုတ်တရက်ပေါ်လာတဲ့ ဒီလူအတွက် ချန်မင်ရွှိက တဖက်လူက Tang Feng က အချိန်အတော်ကြာအောင် ငှားထားတဲ့ အစေခံတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အစေခံအနည်းငယ်သာ ရုပ်ရည်ချောမောတယ် မဟုတ်လား။
"ဘာလို့ ....ငါ ဒီအခန်းထဲ ရောက်နေတာလဲ၊ ငါ လာလို့ မရဘူးလား"
နတ်ဆိုးလေးသည် ချန်မင်ရွှိ၏ အိပ်ယာကို မျက်နှာမူကာ မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်ပြီး တချက်ပြုံးရင်းပြောလိုက်သည်။
"ငါထွက်သွားမှာ မဟုတ်ဘူး။"
"မင်း သဘောပဲ"
ချန်မင်ရွှီသည် နတ်ဆိုးလေးကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ရေချိုးရန် ရေချိုးခန်းသို့ သွားခဲ့သည်။
ဒီလက်သီးက သဲအိတ်ကို ထိုးနှက်သလို အားနည်းလှတယ်။ မာရ်နတ်ငယ်လေးသည် တဟင့်ဟင့်နှင့် ရယ်မောကာ ရေချိုးခန်းထဲ ဝင်ရောက်သွားသည်၊ ဒီကောင်လေးက တကယ်ကို ရယ်စရာကောင်းသူဖြစ်သည်။
ကုတင်ပေါ်ပြန်လှဲချလိုက်ရင်း ရေတွေ စီးကျနေသည့် ရေချိုးခန်းကို ကြည့်လိုက်တော့ ရုတ်တရက် အိပ်ပျော်သွားသလို ခံစားလိုက်ရတယ်။ ရေသံကို အမှတ်မှားသံကဲ့သို့ နားထောင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ဘေးအခန်းက Tang Feng က အခန်းထဲဝင်သွားတော့ ဘာမှ မှားနေတယ်လို့ မထင်ဘူး။ တစ်ချိန်တည်းတွင် ဟိုတယ်ရှိ အခန်းများ၏ အပြင်အဆင်က တူညီနေသည်။ ပထမတစ်ချက် ကြည့်လိုက်ပေမယ့် ကွာခြားချက်လုံးဝမရှိပါ။
"မင်ရွှိ?" Tang Feng သည် ချန်မင်ရွှိ ကို မမြင်ရလို့ အိပ်ခန်းထဲသို့ လျှောက်သွားတော့ အိပ်ခန်းသည် သန့်ရှင်းနေပြီး အရင်တခါက မြင်ရတဲ့ ရှုပ်ပွနေသလိုမဟုတ်ပေ။ အရင်တခါက အခန်းကို မြင်ရစဉ်က ချန်မင်ရွှိက ဆိုဖာပေါ်ပစ်ချလိုက်သော အိတ်နှင့် ခရီးဆောင်အိတ်များဖြင့် ပွနေသည်။ အခု ဒါတွေ မရှိပေ။
"ထူးဆန်းလိုက်တာ...လူတွေကော"
အိပ်ခန်းထဲကို လှည့်ကြည့်လိုက်ပြီးနောက် Tang Feng က ရေချိုးခန်းထဲက ရေသံကို ကြားလိုက်ရတယ်။ ချန်မင်ရွှိက မူးမူးနဲ့ ရေချိုးခန်းထဲ ပြေးသွားတာလား ? အရက်မူးနေသူသည် အိမ်သာတက်နေစဉ် အော့အန်နေတာလည်း ဖြစ်နိုင်သည်။
သူက အမြန်လျှောက်လာပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ အတွင်းကလူကလည်း ရေချိုးခန်းထဲက အထွက် နှစ်ယောက်သား တိုက်မိလုနီးနီးဖြစ်ခဲ့သော်လည်း ထွက်လာသည့်လူများမှာ ချန်မင်ရွှိ မဟုတ်ပေ။ အခုလေးတင်မှ စေ့စပ်ပွဲဖျက်သိမ်းခဲ့သည့် Lu Tian chen ဖြစ်နေသည်။
"မင်း ဘာလို့ဒီမှာနေတာလဲ ချန်မင်ရွှိကော..."
Tang Feng လန့်သွားသည်။ သူသည် ရေချိုးခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ဘာမှမရှိပဲ လွတ်နေသည်။
ချန်မင်ရွှိ ဘယ်မှာလဲ။
"ချန်မင်ရွှိလား...?"
Lu Tian chen က ဒီလူ ဘယ်သူလဲဆိုတာ တွေးနေပုံပဲ။ သူ့မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်ဖြင့် စဉ်းစားလိုက်စဉ် ချန်မင်ရွှိဆိုတာ Tang Feng နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အစီစဉ်မှုး Host တစ်ယောက် ဖြစ်ကြောင်း သတိရမိသည်။
"ငါ့အခန်းက ဒီမှာပဲလေ၊ တခြားဘယ်သူရှိမှာလဲ။"
Lu Tian chen သည် Tang Feng ကို စိုက်ကြည့်နေသည်။
Tang Feng သည် နတ်ဆိုးလေးက မူလကတည်းက Lu Tian chen ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နောက်လိုက်လေး ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူ့ကို တစ်နေ့လုံး စားလိုက်သောက်လိုက် ဖြင့် သဘောကောင်းစွာ ထားခဲ့မိသည်ကို နောင်တရနေမိပြီ။ နောက်တခါ နတ်ဆိုးလေးကို ကြမ်းပြင်ကို ဆယ်ကြိမ်လောက် သုတ်ခိုင်းချင်စိတ်ပေါ်လာမိသည်။
"တောင်းပန်ပါတယ်။ ကျွန်တော် အခန်းမှားသွားတယ်။"
စကားပြောပြီးနောက် Tang Feng လှည့်ထွက်သွားသည်။
ကွဲကွာသွားသော ချစ်သူများက ပြကန်လည် ဆက်သွယ်မှုများ မလုပ်သင့်ပေ။
"ငါ့ကို မစိမ်းကားပါနဲ့ Tang Feng။"
ထိုကောင်လေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး Lu Tian chen သည် လက်မလွှတ်ချင်ပုံဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"အင်း ကျွန်တော် သွားရတော့မယ်။ ကျွန်တော့် သူငယ်ချင်း မူးနေတာ။ ကျွန်တော် သူ့ဆီလာတာ အခန်းမှားသွားတယ်။"
Tang Feng က ထိုလူနှင့် နီးနီးကပ်ကပ် မနေချင်ပေ။
"ကိုယ့်ကို မလွမ်းဘူးလား?" Lu Tian chen သည် ခြေလှမ်းနှစ်လှမ်း တိုးလာပြီး Tang Feng ရှေ့ကို ကပ်လာသည်။
"Lu Tian chen၊ လွန်ခဲ့တဲ့တစ်လက ခင်ဗျားပြောခဲ့တာကို မေ့သွားပြီလား။ လက်လွှတ်လိုက်ကတည်းက တစ်ခါတည်း ပြီးသွားပြီ"
Tang Feng က ဒီလိုအချိန်မျိုးမှာ လွမ်းဆွတ်ခြင်း သို့မဟုတ် တမ်းတခြင်းအကြောင်း ပြောရတာ ပျင်းဖို့ကောင်းသည်ဟု ထင်သည်။
Lu Tian chen က တစ်ခုခုပြောခါနီးမှာ ရုတ်တရက် တံခါးခေါက်သံပေါ်လာသည်။
"ပုန်းနေလိုက်...စကားမပြောနဲ့။"
Tang Feng ကို လက်တစ်ဖက်ဖြင့် ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့ကာ Lu Tian chen သည် တံခါးကိုပိတ်လိုက်ပြီး Tang Feng ကို အပြင်ဘက်ကနေ သော့ခတ်ထားလိုက်သည်။
"ဟေး..."
သူ့လက်က ရေချိုးခန်းတံခါးကို ခေါက်လုနီးပါးဖြစ်သော်လည်း Lu Tian chen ၏ ယခုမြင်တွေ့နေရသော အသွင်အပြင်ကို တွေးရင်း Tang Feng က သက်ပြင်းတစ်ချက်သာချလိုက်ပြီး ရေချိုးခန်းထဲတွင် တိတ်တဆိတ်စယ နေခဲ့လေသည်။
အိမ်သာခုံမှာ ထိုင်ရင်း Tang Feng က Lu Tian chen ကို အရမ်းစိတ်ပူအောင် လုပ်နိုင်တဲ့သူက သူ့ရဲ့ ဖခင်ဖြစ်မလားလို့ တွေးနေသည်။
သေစမ်း..! ရွံ့စရာကောင်းတဲ့ နတ်ဆိုးလေးက သူ့ကို အသေသတ်ချင်နေတာပဲ...
ရေချိုးခန်းထဲတွင် ပုန်းနေသည့် Tang Feng သည် မကြာမီ တံခါးပိတ်သံကို ကြားလိုက်ရပြီး လူတစ်ဦး၏ နက်နဲသိမ်မွေ့သော အသံတစ်ခုထွက်ပေါ်လာသည်။
"ဒီနေ့ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"
ပထမရောက်ရောက်ချင်း ပြောလိုက်သည့် စကားက Tang Feng ကို အံ့အားသင့်စေတယ်။ Lu Tian chen ၏ဖခင်က Lu Tian chen ကို အပြစ်တင်ရန် လာနေပြီဟု သူ ထင်ခဲ့သော်လည်း သူက ဘယ်လိုလုပ်ပြီး သူ့သားကို ချီးကျူးနေတာလဲ။ ဒီလူတွေက တကယ်ကို ထူးဆန်းလှတယ်။
နောက်ပိုင်းတွင်၊ Tang Feng သည် Lu Tian chen ၏အသံကိုကြားရပြီး၊ အေးစက်သည်လည်းမဟုတ်၊ လှိုက်လှဲသည်လည်း မဟုတ်ပေ။ တဖက်လူက သူ့အဖေဖြစ်သောကြောင့် အနည်းငယ် ရင်းနှီးပုံတော့ပေါ်သည်။
"ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ မလိုအပ်ပါဘူး။ ခင်ဗျား ရဲ့စွမ်းဆောင်ရည်လည်း ဟာကွက် မရှိတဲ့အပြင် ကြောက်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။"
Lu Tian chen က သူ့အဖေကို ဒီလိုပြောရဲတယ်။
"သြော် ..မင်းက ဒီလိုပြောတယ်ပေါ့" လူလတ်ပိုင်းလူကြီးက လှောင်ရယ်နေပုံရသည်။
"ဒီမိန်းမနဲ့ စေ့စပ်လိုက်တာက ကျွန်တော့် အတွက် ဘာကိုဆိုလိုသလဲ ဆိုတာ သိပါလျက်နဲ့ ခင်ဗျားက Tang Feng သိအောင် တမင်တကာ ပြောလိုက်တာ။ ကလေးတစ်ယောက်လို မိုက်မဲမနေပါနဲ့။"
Lu Tian chen က တဖက်လူကို စွပ်စွဲတယ်။
" Tang Feng ရဲ့ လာရောက်လည်ပတ်မယ့် အချိန်ဇယားကို သိပြီး ခင်ဗျားရဲ့ လူတွေက Tang Feng ဆီကို တမင်တကာ ချဉ်းကပ်ပြီး စေ့စပ်ဖို့ အမျိုးသမီးတစ်ယောက်ကို ရှာခိုင်းပြီး သူတို့တည်းခိုတဲ့ ဟိုတယ်မှာ စေ့စပ်ပွဲ နေရာကို သတ်မှတ်ခဲ့တယ်။ "
" မင်းကို မကောင်းတဲ့ အရသာလေးကို ခံစားရအောင် လုပ်လိုက်တာပဲ ။ မင်း ကျေနပ်ရဲ့လား။ "
ထိုလူလတ်ပိုင်းလူကြီးက ပြောလိုက်တော့ Lu Tian chen က ရယ်မောလိုက်သည်။
ဒီသားအဖ ကောင်းကောင်းပြောလို့မရဘူးလား။ Tang Feng သည် သူ လိုချင်သောအဖြေကို ရခဲ့ပြီး ထိုလူက တကယ်ကို Lu Tian chen ၏ဖခင်ဖြစ်နေခဲ့သည်၊ သို့သော် Lu Tian chen ၏စေ့စပ်ထားသူကိုပင် ရှောင်တခင်ရှာတွေ့နိုင်မည်ဟု မမျှော်လင့်ထားမိပေ။
"ဖန်သားပြင်ပေါ်က စွဲမက်ဖွယ်ကောင်းတဲ့ ကြယ်ပွင့်ကြီးတွေက အပြင်မှာ ဆွဲဆောင်မှုရှိ မရှိကို ငါ သိချင်တယ်လေ၊ ဒါမှမဟုတ် တခြားကြယ်ပွင့်တွေလို ကောက်ရိုးအိတ်နဲ့ တူသလားဆိုတာ ကြည့်ချင်လို့ ငါ လုပ်ခဲ့တာပဲ"
လူလတ်ပိုင်းအရွယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
" အဲလ်ဘတ်နဲ့ ချားလ်စ်တို့ ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ သူက သူ့ရဲ့ ကျက်သရေရှိတဲ့ ဘယ်အရာက မင်းရဲ့စိတ်ကို ဆွဲဆောင်နေတယ်ဆိုတာ ငါသိချင်တယ်။"
" သူက လောဘအရမ်းကြီးတယ်၊ သူ လိုချင်တာကို ကျွန်တော် မပေးနိုင်ဘူး။"
"လောဘကြီးတာက ကောင်းတဲ့အရာပဲ၊ ဘာကိုတောင်းရမှန်းမသိဘဲ ဘာပေးရမယ်မှန်း မသိတာထက် ပိုကောင်းတယ်" ဟု လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်ပြောသည်။
"Tian chen၊ မင်းက ငါအရင်က ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပဲ။ ငါ့ကိုစိတ်မပျက်စေနဲ့။ ယောက်ျားတွေနဲ့ ကစားရတာ အဆင်ပြေပေမယ့် ခံစားချက်တွေက မင်းအတွက်ပဲဖြစ်ပြီး ဘယ်သူ့ကိုမှ ပေးလို့မရဘူးဆိုတာ သတိရဖို့လိုတယ်။"
ခေတ္တနားပြီးနောက် တဖက်လူက ဆက်ပြောခဲ့သည်။
"လူတစ်ယောက်ကို သတ်ပစ်နိုင်တာ ခံစားချက်ပဲ၊ ခံစားချက်တွေက မရှိသင့်ဘူး။ ဒါပေမယ့် ခံစားချက်ကို ငါတို့ လက်နက်အဖြစ် အသုံးပြုလို့တော့ရတယ် "
" ဒီစကားတွေ ခင်ဗျား ကျွန်တော့်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောပြီးပြီ၊ အခု ကျွန်တော့် အခန်းထဲက ထွက်သွားတော့"
Lu Tian chen က လူကို မောင်းထုတ်လိုက်သည်။
"မင်း အခု ပိုကောင်းလာတာ ငါ သိပါတယ်၊ ဒါပေမယ့် Lu မိသားစုရဲ့ အကြီးအကဲက ဘယ်သူလဲ၊ အဖွဲ့အစည်းရဲ့ နာယက က ဘယ်သူလဲဆိုတာ မမေ့ပါနဲ့။"
မသွားခင် Lu Tian chen ရဲ့အဖေက ဆက်ပြောခဲ့သည်။
"Albert နဲ့ Charles က သူ့ကို တန်ဖိုးထားတယ်ဆိုရင်တောင် ပစ်မှတ်စာအုပ်မှာ Tang Feng တစ်ယောက်ကြောင့် စာရင်းသွင်းခံရဖို့အထိတော့ သူတို့ စိတ်မဝင်စားပါဘူး။ ဒီလူဟာ ဒီကမ္ဘာကြီးကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မယ်။ သူက မနက်ဖြန်မနက်အထိတောင် အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး။"
Lu Tian chen က ထိုလူရဲ့စကားကို လျစ်လျူရှုရင်း ပြောလိုက်သည်။
"အဲ့ဒါက ခင်ဗျား ဖြစ်ချင်တဲ့ဟာပဲလေ"
"သူ့ဘဝက ငါ့ဘဝနဲ့ ယှဉ်လို့မရဘူး"
ခြေသံ ခပ်ပါးပါးနဲ့ နောက်ဆုံးတော့ တံခါးပိတ်သံကို ကြားလိုက်ရသည်။
သားအဖကြားက စကားစမြည်ပြောသမျှကို Tang Feng က အိမ်သာအဖုံးပေါ်မှာ ပေါင်မုန့်လေးတစ်လုံးလို ငြိမ်ငြိမ် ထိုင်နေပြီး နားထောင်သေနည်။ Lu Tian chen က ရေချိုးခန်းတံခါးကို ပြန်မဖွင့်မချင်း သူအဲဒီမှာ ထိုင်နေတုန်းပါပဲ။
"မင်းလည်း လူသတ်သမားလို့ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးဘူး။"
Tang Feng သည် Lu Tian chen ၏ ကျွမ်းကျင်မှုနှင့် လျင်မြန်သည်ကို သိသော်လည်း Lu Tian chen ကို လူသတ်သမား ဆိုသည့် ပုံရိပ်နှင့် မတွဲမိခဲ့ပေ။
"လူတော်တော်များများရဲ့ သွေးတွေက ငါ့လက်ပေါ်မှာ စွန်းထင်းနေတယ်။"
တစ်ဝက်လောက်ထိုင်ချလိုက်ပြီး Lu Tian chen က သူ့ရဲ့သန့်ရှင်းတဲ့လက်ကိုဖွင့်ပြီး Tang Feng ရှေ့မှာဖြန့်လိုက်ပါတယ်။
" မင်းကို ညစ်ပတ်စေမှာ ငါ ကြောက်လို့ မင်းကို အကြိမ်ကြိမ် မထိရဲဘူး ။ "
**********-************
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ္မွန္
တံခါးေခါက္သံၾကားေတာ့ Tang Feng က လမ္းေလွ်ာက္လာၿပီး တံခါးကိုဖြင့္လိုက္ေတာ့ နတ္ဆိုးေလးက အျပင္မွာ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
"ဘာျဖစ္လို႔လဲ?" Tang Feng က ေမးသည္။
"မင္းရဲ႕ဝက္ဝံေကာင္ႀကီးက ဘယ္မွာလဲ" နတ္ဆိုးေလးက ေအးစက္စြာ ေမးခဲ့သည္။ Tang Feng ေရာက္သြားသည့္ေနရာတိုင္း Charles က သူ႔ကို ေသာက္ဖင္ကိုေရႊ႕ကာ Tang Feng ေနာက္ တေကာက္ေကာက္လိုက္ေနသလိုပဲ။
တံခါးကေန အထဲကို လွမ္းၾကည့္လိုက္ေပမယ့္ Charles ကို မေတြ႕ရေပ။
"သူ ေရခ်ိဳးခန္းထဲမွာ ရွိေနတယ္၊ မင္း သူ႔ကိုရွာေနတာလား" Tang Feng က ေနာက္ေျပာင္ကာ ေျပာလိုက္သည္။
"ခ်ီးပဲ....ငါက သူ႔ကို ဘာလုပ္ခိုင္းရမွာလဲ။"
ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ နတ္ဆိုးေလးဟာ Tang Feng ရဲ႕ ညဝတ္အက်ႌေတြကို လက္ညႇိဳးထိုးျပၿပီး ေျပာလိုက္သည္။
"သြားၿပီးေတာ့ မင္းရဲ႕အဝတ္အစားေတြကို လဲလိုက္ဦး "
"ျပႆနာ တခုခုျဖစ္လို႕လား "
ေစ့စပ္ပြဲက ျပန္လာတဲ့အခါ ေရခ်ိဳးၿပီးတာနဲ႔ သူ႔အိပ္ယာဝင္ဖို႕ ညအိပ္ဝတ္စံု ေျပာင္းလိုက္တယ္။ ဘာလို႔ သူ႔အဝတ္အစားေတြ ထပ္ေျပာင္းေနရမွာလဲ။
"မင္းရဲ႕သူငယ္ခ်င္း ခ်န္မင္ရႊိ မူးေနၿပီ၊ ေနာက္ဆုံး က်န္းမ်ိဳးရိုးနဲ႕ လူက သူ႔ရဲ႕ ညံ့ဖ်င္းတဲ့ ဂ်ဴနီယာ ေက်ာင္းသူေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ဖို႔ အလုပ္ရႈပ္ေနၿပီး အခု ခ်န္မင္ရႊိက သူ႔ကို ေစာင့္ေရွာက္ေပးမယ့္သူ မရွိဘူး။ မင္း သြား မၾကည့္ဖူးလား။"
"ငါက လူေတြကို ဂ႐ုမစိုက္တတ္ဘူး။ ခ်န္မင္ရႊိရဲ႕ အခန္းက ဘယ္မွာလဲ မင္းသိေနသားပဲ။ ငါကိုယ္တိုင္ သြားေခၚမွ ျဖစ္မွာလား။ "
အဲ့ဒီေနာက္မွာ နတ္ဆိုးေလးက Tang Fengက သူ႕ကို ခုိုင္းမွာစိုးလို႕ ထြက္ေျပးသြားေတာ့သည္။
"တေစၦတစ္ေကာင္လို ျမန္ျမန္ေျပးေတာ့တာပဲ"
ခ်န္မင္ရႊိ တစ္ခုခုျဖစ္မွာကိုေၾကာက္လို႔ Tang Feng က သူ႔အဝတ္အစားလဲဖို႔ အခ်ိန္မရွိလို႔ ေခါင္းယမ္းလိုက္တယ္။ သူသည္ အိပ္ယာေဘးတြင္ မွတ္စုတစ္ေစာင္ေရးၿပီး သူ႔အိပ္ဝတ္ အဝတ္စားေပၚတြင္ အေပၚထပ္ တစ္ထည္ ထပ္ဝတ္ကာ ခ်န္မင္ရႊီိအခန္းဆီသို႔ ေျပးသြားခဲ့သည္။
ပထမေတာ့ Tang Feng ႏွင့္ နွစ္ေယာက္တည္း ခ်စ္ကမာၻႀကီး တည္ေဆာက္ရာမွာ အေနွာက္ယွက္ကင္းေစဖို႕ Charles သည္ ခ်န္မင္ရႊီႏွင့္ နတ္ဆိုးေလး၏အခန္းကို သူတို႕ေဘးခန္းမွာ ယူရမယ့္အစား သူတို႔အေပၚထပ္တြင္ တမင္စီစဥ္ေပးခဲ့သည္။
ဓါတ္ေလွကားမွ အေပၚထပ္သို႔ Tang Feng သည္ တက္လာျပီး ခ်န္မင္ရႊီ၏ အခန္းနံပါတ္ 035 သို႔ တိုက္႐ိုက္သြားခဲ့သည္။
မွန္တယ္...အဲ့ဒီမွာ ဒီအျဖစ္ပ်က္ေတြကို ႀကံဳလိုက္ရေတာ့တာပဲ။
တံခါးဖြင့္ထားလို႕ သူ သိပ္ၿပီး မစဥ္းစားခဲ့လိုက္ဘူး။ သူဝင္ၿပီးၿပီးခ်င္းမွာပဲ နတ္ဆိုးေလးက ေဘးတံခါးကေန ခုန္ထြက္လာတယ္။ အခန္း နံပါတ္ 035 ကို မည္သူမွ်မျမင္ခင္ သူက လဲလွယ္ခဲ့သည္။
Tang Feng ဝင္သြားသည့္ အခန္းသည္ အမွန္တကယ္က နံပါတ္ 037 ျဖစ္သည္။
ဟီး...ဟီး
ေက်နပ္စြာ ၿပဳံးရင္း လုပ္ႀကံမႈႀကီးရဲ႕တရားခံ ျဖစ္တဲ့ နတ္ဆိုးေလးက ေနာက္ျပန္လွည့္ၿပီး အခန္းတံခါးကို ပိတ္လိုက္တယ္။
"ဘာရယ္ေနတာလဲ... ဟယ္လို မင္းက ဘာလို႔ ငါ့အခန္းကို လာေနေနရတာလဲ"
ခ်န္မင္ရႊီက တစ္ဖက္က ရယ္ေနတဲ့ နတ္ဆိုးေလးကို ထူးထူးျခားျခားၾကည့္ရင္းေမးလိုက္သည္။ နတ္ဆိုးေလးက ႐ုတ္တရက္ သူ႔အခန္းထဲကေန ေျပးထြက္သြားၿပီး ျပန္လာေတာ့ ရယ္ေနသျဖင့္ သူလည္း ဘာလုပ္ရမွန္းမသိျဖစ္သြားတယ္။
Tang Feng အနား ႐ုတ္တရက္ေပၚလာတဲ့ ဒီလူအတြက္ ခ်န္မင္ရႊိက တဖက္လူက Tang Feng က အခ်ိန္အေတာ္ၾကာေအာင္ ငွားထားတဲ့ အေစခံတစ္ေယာက္လို႔ ထင္ခဲ့ေပမယ့္ အေစခံအနည္းငယ္သာ ႐ုပ္ရည္ေခ်ာေမာတယ္ မဟုတ္လား။
"ဘာလို႔ ....ငါ ဒီအခန္းထဲ ေရာက္ေနတာလဲ၊ ငါ လာလို႕ မရဘူးလား"
နတ္ဆိုးေလးသည္ ခ်န္မင္ရႊိ၏ အိပ္ယာကို မ်က္ႏွာမူကာ မႈန္ကုပ္ကုပ္ႏွင့္ ႀကည့္လိုက္ျပီး တခ်က္ျပံဳးရင္းေျပာလိုက္သည္။
"ငါထြက္သြားမွာ မဟုတ္ဘူး။"
"မင္း သေဘာပဲ"
ခ်န္မင္ရႊီိသည္ နတ္ဆိုးေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးေအးေဆးေဆး ေရခ်ိဳးရန္ ေရခ်ိဳးခန္းသို႔ သြားခဲ့သည္။
ဒီလက္သီးက သဲအိတ္ကို ထိုးႏွက္သလို အားနည္းလွတယ္။ မာရ္နတ္ငယ္ေလးသည္ တဟင့္ဟင့္ႏွင့္ ရယ္ေမာကာ ေရခ်ိဳးခန္းထဲ ဝင္ေရာက္သြားသည္၊ ဒီေကာင္ေလးက တကယ္ကို ရယ္စရာေကာင္းသူျဖစ္သည္။
ကုတင္ေပၚျပန္လွဲခ်လိုက္ရင္း ေရေတြ စီးက်ေနသည့္ ေရခ်ိဳးခန္းကို ၾကည့္လိုက္ေတာ့ ႐ုတ္တရက္ အိပ္ေပ်ာ္သြားသလို ခံစားလိုက္ရတယ္။ ေရသံကို အမွတ္မွားသံကဲ့သို႔ နားေထာင္ရင္း မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာမွိတ္လိုက္သည္။
ေဘးအခန္းက Tang Feng က အခန္းထဲဝင္သြားေတာ့ ဘာမွ မွားေနတယ္လို႕ မထင္ဘူး။ တစ္ခ်ိန္တည္းတြင္ ဟိုတယ္ရွိ အခန္းမ်ား၏ အျပင္အဆင္က တူညီေနသည္။ ပထမတစ္ခ်က္ ႀကည့္လိုက္ေပမယ့္ ကြာျခားခ်က္လုံးဝမရွိပါ။
"မင္ရႊိ?" Tang Feng သည္ ခ်န္မင္ရႊိ ကို မျမင္ရလို႕ အိပ္ခန္းထဲသို႔ ေလွ်ာက္သြားေတာ့ အိပ္ခန္းသည္ သန႔္ရွင္းေနၿပီး အရင္တခါက ျမင္ရတဲ့ ရႈပ္ပြေနသလိုမဟုတ္ေပ။ အရင္တခါက အခန္းကို ျမင္ရစဥ္က ခ်န္မင္ရႊိက ဆိုဖာေပၚပစ္ခ်လိုက္ေသာ အိတ္ႏွင့္ ခရီးေဆာင္အိတ္မ်ားျဖင့္ ပြေနသည္။ အခု ဒါေတြ မရွိေပ။
"ထူးဆန္းလိုက္တာ...လူေတြေကာ"
အိပ္ခန္းထဲကို လွည့္ၾကည့္လိုက္ၿပီးေနာက္ Tang Feng က ေရခ်ိဳးခန္းထဲက ေရသံကို ၾကားလိုက္ရတယ္။ ခ်န္မင္ရႊိက မူးမူးနဲ႕ ေရခ်ိဳးခန္းထဲ ေျပးသြားတာလား ? အရက္မူးေနသူသည္ အိမ္သာတက္ေနစဥ္ ေအာ့အန္ေနတာလည္း ျဖစ္ႏိုင္သည္။
သူက အျမန္ေလွ်ာက္လာၿပီး ေရခ်ိဳးခန္းတံခါးကို ဖြင့္လိုက္သည္။ အတြင္းကလူကလည္း ေရခိ်ဳးခန္းထဲက အထြက္ ႏွစ္ေယာက္သား တိုက္မိလုနီးနီးျဖစ္ခဲ့ေသာ္လည္း ထြက္လာသည့္လူမ်ားမွာ ခ်န္မင္ရႊိ မဟုတ္ေပ။ အခုေလးတင္မွ ေစ့စပ္ပြဲဖ်က္သိမ္းခဲ့သည့္ Lu Tian chen ျဖစ္ေနသည္။
"မင္း ဘာလို႔ဒီမွာေနတာလဲ ခ်န္မင္ရႊိေကာ..."
Tang Feng လန႔္သြားသည္။ သူသည္ ေရခ်ိဳးခန္းထဲသို႔ လွမ္းၾကည့္လိုက္သည္။ ဘာမွမရွိပဲ လြတ္ေနသည္။
ခ်န္မင္ရႊိ ဘယ္မွာလဲ။
"ခ်န္မင္ရႊိလား...?"
Lu Tian chen က ဒီလူ ဘယ္သူလဲဆိုတာ ေတြးေနပုံပဲ။ သူ႔မ်က္လုံးမ်ားကို မွိတ္တုတ္မွိတ္တုတ္ျဖင့္ စဥ္းစားလိုက္စဥ္ ခ်န္မင္ရႊိဆိုတာ Tang Feng ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိသည့္ အစီစဥ္မႈး Host တစ္ေယာက္ ျဖစ္ေၾကာင္း သတိရမိသည္။
"ငါ့အခန္းက ဒီမွာပဲေလ၊ တျခားဘယ္သူရွိမွာလဲ။"
Lu Tian chen သည္ Tang Feng ကို စိုက္ၾကည့္ေနသည္။
Tang Feng သည္ နတ္ဆိုးေလးက မူလကတည္းက Lu Tian chen ၏ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ ေနာက္လိုက္ေလး ျဖစ္သည္ကို ရုတ္တရက္ သေဘာေပါက္သြားသည္။ သူ႔ကို တစ္ေန႔လုံး စားလိုက္ေသာက္လိုက္ ျဖင့္ သေဘာေကာင္းစြာ ထားခဲ့မိသည္ကို ေနာင္တရေနမိျပီ။ ေနာက္တခါ နတ္ဆိုးေလးကို ၾကမ္းျပင္ကို ဆယ္ႀကိမ္ေလာက္ သုတ္ခိုင္းခ်င္စိတ္ေပၚလာမိသည္။
"ေတာင္းပန္ပါတယ္။ ကြ်န္ေတာ္ အခန္းမွားသြားတယ္။"
စကားေျပာၿပီးေနာက္ Tang Feng လွည့္ထြက္သြားသည္။
ကြဲကြာသြားေသာ ခ်စ္သူမ်ားက ျပကန္လည္ ဆက္သြယ္မႈမ်ား မလုပ္သင့္ေပ။
"ငါ့ကို မစိမ္းကားပါနဲ႕ Tang Feng။"
ထိုေကာင္ေလး၏လက္ကို ဆုပ္ကိုင္လိုက္ျပီး Lu Tian chen သည္ လက္မလႊတ္ခ်င္ပုံျဖင့္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"အင္း ကြ်န္ေတာ္ သြားရေတာ့မယ္။ ကြ်န္ေတာ့္ သူငယ္ခ်င္း မူးေနတာ။ ကြ်န္ေတာ္ သူ႕ဆီလာတာ အခန္းမွားသြားတယ္။"
Tang Feng က ထိုလူနွင့္ နီးနီးကပ္ကပ္ မေနခ်င္ေပ။
"ကိုယ့္ကို မလြမ္းဘူးလား?" Lu Tian chen သည္ ေျခလွမ္းႏွစ္လွမ္း တိုးလာျပီး Tang Feng ေရွ႕ကို ကပ္လာသည္။
"Lu Tian chen၊ လြန္ခဲ့တဲ့တစ္လက ခင္ဗ်ားေျပာခဲ့တာကို ေမ့သြားၿပီလား။ လက္လႊတ္လိုက္ကတည္းက တစ္ခါတည္း ျပီးသြားျပီ"
Tang Feng က ဒီလိုအခ်ိန္မ်ိဳးမွာ လြမ္းဆြတ္ျခင္း သို႔မဟုတ္ တမ္းတျခင္းအေၾကာင္း ေျပာရတာ ပ်င္းဖို႔ေကာင္းသည္ဟု ထင္သည္။
Lu Tian chen က တစ္ခုခုေျပာခါနီးမွာ ႐ုတ္တရက္ တံခါးေခါက္သံေပၚလာသည္။
"ပုန္းေနလိုက္...စကားမေျပာနဲ႔။"
Tang Feng ကို လက္တစ္ဖက္ျဖင့္ ေရခ်ိဳးခန္းထဲသို႔ ဆြဲေခၚသြားခဲ့ကာ Lu Tian chen သည္ တံခါးကိုပိတ္လိုက္ၿပီး Tang Feng ကို အျပင္ဘက္ကေန ေသာ့ခတ္ထားလိုက္သည္။
"ေဟး..."
သူ႔လက္က ေရခ်ိဳးခန္းတံခါးကို ေခါက္လုနီးပါးျဖစ္ေသာ္လည္း Lu Tian chen ၏ ယခုျမင္ေတြ႕ေနရေသာ အသြင္အျပင္ကို ေတြးရင္း Tang Feng က သက္ျပင္းတစ္ခ်က္သာခ်လိုက္ၿပီး ေရခ်ိဳးခန္းထဲတြင္ တိတ္တဆိတ္စယ ေနခဲ့ေလသည္။
အိမ္သာခုံမွာ ထိုင္ရင္း Tang Feng က Lu Tian chen ကို အရမ္းစိတ္ပူေအာင္ လုပ္နုိင္တဲ့သူက သူ႕ရဲ႕ ဖခင္ျဖစ္မလားလို႕ ေတြးေနသည္။
ေသစမ္း..! ႐ြံ႕စရာေကာင္းတဲ့ နတ္ဆိုးေလးက သူ႕ကို အေသသတ္ခ်င္ေနတာပဲ...
ေရခ်ိဳးခန္းထဲတြင္ ပုန္းေနသည့္ Tang Feng သည္ မၾကာမီ တံခါးပိတ္သံကို ၾကားလိုက္ရၿပီး လူတစ္ဦး၏ နက္နဲသိမ္ေမြ႕ေသာ အသံတစ္ခုထြက္ေပၚလာသည္။
"ဒီေန႔ မင္း ေကာင္းေကာင္းလုပ္ခဲ့တာပဲ။"
ပထမေရာက္ေရာက္ခ်င္း ေျပာလိုက္သည့္ စကားက Tang Feng ကို အံ့အားသင့္ေစတယ္။ Lu Tian chen ၏ဖခင္က Lu Tian chen ကို အျပစ္တင္ရန္ လာေနၿပီဟု သူ ထင္ခဲ့ေသာ္လည္း သူက ဘယ္လိုလုပ္ျပီး သူ႕သားကို ခ်ီးက်ဴးေနတာလဲ။ ဒီလူေတြက တကယ္ကို ထူးဆန္းလွတယ္။
ေနာက္ပိုင္းတြင္၊ Tang Feng သည္ Lu Tian chen ၏အသံကိုၾကားရၿပီး၊ ေအးစက္သည္လည္းမဟုတ္၊ လိႈက္လွဲသည္လည္း မဟုတ္ေပ။ တဖက္လူက သူ႔အေဖျဖစ္ေသာေၾကာင့္ အနည္းငယ္ ရင္းနွီးပံုေတာ့ေပၚသည္။
"ကြ်န္ေတာ့္ရဲ႕စြမ္းေဆာင္ရည္ကို အကဲျဖတ္ဖို႔ မလိုအပ္ပါဘူး။ ခင္ဗ်ား ရဲ႕စြမ္းေဆာင္ရည္လည္း ဟာကြက္ မရွိတဲ့အျပင္ ေၾကာက္စရာေကာင္းတယ္လို႔ ကြ်န္ေတာ္ ထင္တယ္။"
Lu Tian chen က သူ႔အေဖကို ဒီလိုေျပာရဲတယ္။
"ေၾသာ္ ..မင္းက ဒီလိုေျပာတယ္ေပါ့" လူလတ္ပိုင္းလူႀကီးက ေလွာင္ရယ္ေနပုံရသည္။
"ဒီမိန္းမနဲ႔ ေစ့စပ္လိုက္တာက ကြ်န္ေတာ့္ အတြက္ ဘာကိုဆိုလိုသလဲ ဆုိတာ သိပါလ်က္နဲ႕ ခင္ဗ်ားက Tang Feng သိေအာင္ တမင္တကာ ေျပာလိုက္တာ။ ကေလးတစ္ေယာက္လို မိုက္မဲမေနပါနဲ႔။"
Lu Tian chen က တဖက္လူကို စြပ္စြဲတယ္။
" Tang Feng ရဲ႕ လာေရာက္လည္ပတ္မယ့္ အခ်ိန္ဇယားကို သိၿပီး ခင္ဗ်ားရဲ႕ လူေတြက Tang Feng ဆီကို တမင္တကာ ခ်ဥ္းကပ္ၿပီး ေစ့စပ္ဖို႔ အမ်ိဳးသမီးတစ္ေယာက္ကို ရွာခိုင္းၿပီး သူတို႔တည္းခိုတဲ့ ဟိုတယ္မွာ ေစ့စပ္ပြဲ ေနရာကို သတ္မွတ္ခဲ့တယ္။ "
" မင္းကို မေကာင္းတဲ့ အရသာေလးကို ခံစားရေအာင္ လုပ္လိုက္တာပဲ ။ မင္း ေက်နပ္ရဲ႕လား။ "
ထိုလူလတ္ပိုင္းလူႀကီးက ေျပာလိုက္ေတာ့ Lu Tian chen က ရယ္ေမာလိုက္သည္။
ဒီသားအဖ ေကာင္းေကာင္းေျပာလို႔မရဘူးလား။ Tang Feng သည္ သူ လိုခ်င္ေသာအေျဖကို ရခဲ့ၿပီး ထိုလူက တကယ္ကို Lu Tian chen ၏ဖခင္ျဖစ္ေနခဲ့သည္၊ သို႔ေသာ္ Lu Tian chen ၏ေစ့စပ္ထားသူကိုပင္ ေရွာင္တခင္ရွာေတြ႕ႏိုင္မည္ဟု မေမွ်ာ္လင့္ထားမိေပ။
"ဖန္သားျပင္ေပၚက စြဲမက္ဖြယ္ေကာင္းတဲ့ ၾကယ္ပြင့္ႀကီးေတြက အျပင္မွာ ဆြဲေဆာင္မႈရွိ မရွိကို ငါ သိခ်င္တယ္ေလ၊ ဒါမွမဟုတ္ တျခားၾကယ္ပြင့္ေတြလို ေကာက္႐ိုးအိတ္နဲ႔ တူသလားဆိုတာ ၾကည့္ခ်င္လို႕ ငါ လုပ္ခဲ့တာပဲ"
လူလတ္ပိုင္းအ႐ြယ္က ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ေျပာလိုက္သည္။
" အဲလ္ဘတ္နဲ႔ ခ်ားလ္စ္တို႕ ျပဳစုေစာင့္ေရွာက္ေပးႏိုင္တဲ့ သူက သူ႔ရဲ႕ က်က္သေရရွိတဲ့ ဘယ္အရာက မင္းရဲ႕စိတ္ကို ဆြဲေဆာင္ေနတယ္ဆိုတာ ငါသိခ်င္တယ္။"
" သူက ေလာဘအရမ္းႀကီးတယ္၊ သူ လိုခ်င္တာကို ကြ်န္ေတာ္ မေပးႏိုင္ဘူး။"
"ေလာဘႀကီးတာက ေကာင္းတဲ့အရာပဲ၊ ဘာကိုေတာင္းရမွန္းမသိဘဲ ဘာေပးရမယ္မွန္း မသိတာထက္ ပိုေကာင္းတယ္" ဟု လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ဆက္ေျပာသည္။
"Tian chen၊ မင္းက ငါအရင္က ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ကေလးပဲ။ ငါ့ကိုစိတ္မပ်က္ေစနဲ႔။ ေယာက္်ားေတြနဲ႔ ကစားရတာ အဆင္ေျပေပမယ့္ ခံစားခ်က္ေတြက မင္းအတြက္ပဲျဖစ္ၿပီး ဘယ္သူ႔ကိုမွ ေပးလို႔မရဘူးဆိုတာ သတိရဖို႔လိုတယ္။"
ေခတၱနားၿပီးေနာက္ တဖက္လူက ဆက္ေျပာခဲ့သည္။
"လူတစ္ေယာက္ကို သတ္ပစ္နုိင္တာ ခံစားခ်က္ပဲ၊ ခံစားခ်က္ေတြက မရွိသင့္ဘူး။ ဒါေပမယ့္ ခံစားခ်က္ကို ငါတုိ႕ လက္နက္အျဖစ္ အသုံးျပဳလို႕ေတာ့ရတယ္ "
" ဒီစကားေတြ ခင္ဗ်ား ကြ်န္ေတာ့္ကို အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ ေျပာၿပီးၿပီ၊ အခု ကြ်န္ေတာ့္ အခန္းထဲက ထြက္သြားေတာ့"
Lu Tian chen က လူကို ေမာင္းထုတ္လိုက္သည္။
"မင္း အခု ပိုေကာင္းလာတာ ငါ သိပါတယ္၊ ဒါေပမယ့္ Lu မိသားစုရဲ႕ အႀကီးအကဲက ဘယ္သူလဲ၊ အဖြဲ႕အစည္းရဲ႕ နာယက က ဘယ္သူလဲဆိုတာ မေမ့ပါနဲ႔။"
မသြားခင္ Lu Tian chen ရဲ႕အေဖက ဆက္ေျပာခဲ့သည္။
"Albert နဲ႔ Charles က သူ႔ကို တန္ဖိုးထားတယ္ဆိုရင္ေတာင္ ပစ္မွတ္စာအုပ္မွာ Tang Feng တစ္ေယာက္ေႀကာင့္ စာရင္းသြင္းခံရဖို႕အထိေတာ့ သူတုိ႕ စိတ္မ၀င္စားပါဘူး။ ဒီလူဟာ ဒီကမာၻႀကီးကေန လုံးလုံးလ်ားလ်ား ေပ်ာက္ကြယ္သြားလိမ့္မယ္။ သူက မနက္ျဖန္မနက္အထိေတာင္ အသက္ရွင္ဖို႕ မျဖစ္ႏိုင္ဘူး။"
Lu Tian chen က ထိုလူရဲ႕စကားကို လ်စ္လ်ဴရႈရင္း ေျပာလိုက္သည္။
"အဲ့ဒါက ခင္ဗ်ား ျဖစ္ခ်င္တဲ့ဟာပဲေလ"
"သူ႔ဘဝက ငါ့ဘဝနဲ႔ ယွဥ္လို႕မရဘူး"
ေျခသံ ခပ္ပါးပါးနဲ႔ ေနာက္ဆုံးေတာ့ တံခါးပိတ္သံကို ႀကားလိုက္ရသည္။
သားအဖၾကားက စကားစျမည္ေျပာသမွ်ကို Tang Feng က အိမ္သာအဖုံးေပၚမွာ ေပါင္မုန႔္ေလးတစ္လုံးလို ျငိမ္ျငိမ္ ထိုင္ေနၿပီး နားေထာင္ေသနည္။ Lu Tian chen က ေရခ်ိဳးခန္းတံခါးကို ျပန္မဖြင့္မခ်င္း သူအဲဒီမွာ ထိုင္ေနတုန္းပါပဲ။
"မင္းလည္း လူသတ္သမားလို႔ ကြ်န္ေတာ့္ကို တစ္ခါမွ မေျပာဖူးဘူး။"
Tang Feng သည္ Lu Tian chen ၏ ကြၽမ္းက်င္မႈနွင့္ လ်င္ျမန္သည္ကို သိေသာ္လည္း Lu Tian chen ကို လူသတ္သမား ဆိုသည့္ ပံုရိပ္နွင့္ မတြဲမိခဲ့ေပ။
"လူေတာ္ေတာ္မ်ားမ်ားရဲ႕ ေသြးေတြက ငါ့လက္ေပၚမွာ စြန္းထင္းေနတယ္။"
တစ္ဝက္ေလာက္ထိုင္ခ်လိုက္ၿပီး Lu Tian chen က သူ႔ရဲ႕သန႔္ရွင္းတဲ့လက္ကိုဖြင့္ၿပီး Tang Feng ေရွ႕မွာျဖန႔္လိုက္ပါတယ္။
" မင္းကို ညစ္ပတ္ေစမွာ ငါ ေၾကာက္လို႔ မင္းကို အႀကိမ္ႀကိမ္ မထိရဲဘူး ။ "
**********-************