အသုံးမကျသောအိမ်ထောင်သည်ခင်ပွန...

By Little_taro00

940K 64.9K 2.8K

ပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင... More

Description
Chapter 1_U
Chapter 1 _ Z
Chapter 2_U
Chapter 2_Z
Chapter 3_U
Chapter 3_Z
Chapter 4_U
Chapter 4_Z
Chapter 5_U
Chapter 5_Z
Chapter 6_U
Chapter 6_Z
Chapter 7_U
Chapter 7 _ Z
Chapter 8_U
Chapter 8_Z
ပုံအကြမ်း
Chapter 9_U
Chapter 9_Z
Chapter 10_U
Chapter 10_Z
Chapter 11_U
Chapter 11_Z
Chapter 12_U
Chapter 12_Z
Chapter 13_U
Chapter 14_U
Chapter 14_Z
Chapter 15_U
Chapter 15_Z
Chapter 16_U
Chapter 16_Z
ပုံအကြမ်း -2
Chapter 17_U
Chapter 17_Z
Chapter 18_U
Chapter 18_Z
Chapter 19_U
Chapter 19_Z
Chapter 20_U
Chapter 20_Z
Chapter 21_U
Chapter 21_Z
Chapter 22_U
Chapter 22_Z
Chapter 23_U
Chapter 23_Z
Chapter 24_U
Chapter 24_Z
Chapter 25_U
Chapter 25_Z
Chapter 26_U
Chapter 26_Z
Chapter 27_U
Chapter 27_Z
Chapter 28_U
Chapter 28_Z
Chapter 29_U
Chapter 29_Z
Chapter 30_U
Chapter 30_Z
Chapter 31_U
Chapter 31_Z
Chapter 32_U
Chapter 32_Z
Chapter 33_U
Chapter 33_Z
Chapter 34_U
Chapter 34_Z
Chapter 35_U
Chapter 35_Z
Chapter 36_U
Chapter 36_Z
Chapter 37_U
Chapter 37_Z
Chapter 38_U
Chapter 38_Z
Chapter 39_U
Chapter 39_Z
Chapter 40_U
Chapter 40_Z
Chapter 41_U
Chapter 41_Z
Chapter 42_U
Chapter 42_Z
Chapter 43_U
Chapter 43_Z
Chapter 44_U
Chapter 44_Z
Chapter 45_U
Chapter 45_Z
Chapter 46_U
Chapter 46_Z
Finale-Chapter 47_U
Finale-Chapter 47_Z
♥‿♥
အချပ်ပို - ၁ (U)
အချပ်ပို- ၁ (Z)
အချပ်ပို - ၂ (U)
အချပ်ပို - ၂ (Z)
ခန့်ကဲကဲသဲသဲညိုတို့မိသားစုနှင့် ပတ်သက်သော

Chapter 13_Z

4.9K 165 3
By Little_taro00

" ဒီမျက်နှာလေးပေါ်လဲ ဘာမှမဖြည့်နဲ့ ရင်မှာလှပြီးသားပါပဲ ~~~

ဘာမှမဟောင်းနွမ်းသေးဘူး ~~~ ယနေ့ထက်ထိတော့ ဟိုးအရင်လိုပဲကွယ် အသစ်ဖြစ်နေဆဲပဲ ~~~

အချိန်များစွာပြောင်းကာ နှစ်တွေဟောင်းခဲ့လဲ ရာသီစက်ဝန်းများစွာထဲ ~~~

မြင်နိုင်တယ်အရေးအကြောင်းလေးများက ဝိုးတဝါးတဖြည်းဖြည်းနဲ့ ထင်လာပေမယ့်လဲ ~~~

မင်းပါးပြင်လေးနူးညံ့ဆဲ အို မွှေးပျံ့ဆဲပဲ ~~~

ယုံပါ ညို့အားများကလဲ ရင်ထဲ ခမ်းနားနေတုန်းပဲ မျက်ဝန်းများတောက်ပဆဲ ~~~

ယုံပါ နှုတ်ခမ်းများကလဲ ရင်ထဲ ချိုမြနေတုန်းပဲ အထိအတွေ့တို့နွေးထွေးဆဲ ~~~

ဘာမှ မဟောင်းနွမ်းဘူး မပြောင်းလဲဘူးကွယ် အရင်အတိုင်းပဲ ~~~

ဘာမှ မဟောင်းနွမ်းဘူး အို မပြောင်းလဲဘူး ယုံကွယ် ~~~ "

မနက် ၇နာရီပင်မထိုးသေး။ ခုနစ်အိမ်ကြားရှစ်အိမ်ကြား အာပြဲကြီးနှင့် သီချင်းအော်ဆိုနေသူမှာမည်သူဟု သင်ထင်ပါသနည်း။

တရားခံကတော့ ညတုန်းက အစာဝဝလင်လင်စားခဲ့ရတာကြောင့် အားအင်အပြည့်ရှိကာ အူမြူးနေသော ကိုခန့်မင်းညိုဖြစ်ပါသည်။

ညက မြတ်လေးကိုအပြည့်အဝစားသုံးပြီး အာဟာရသိဒ္ဓိပြည့်ဝနေတာကြောင့် ကိုခန့်မင်းညိုတစ်ယောက်တက်ကြွစွာဖြင့် မနက်ခင်း ၅နာရီလောက်ကတည်းကအိပ်ယာထကာ ဈေးသုံးပြီးနောက် ထမင်း၊ဟင်းများပင် ချက်ပြုတ်ပြီးစီးနေပြီ ဖြစ်သည်။

အခုလည်း ညကတက်ကြွမှုကြောင့် ပေကျံနေသောအခင်းများစောင်များကို လျှော်ဖွတ်ရင်း သီချင်းအကျယ်ကြီးအော်ဆိုနေခြင်းဖြစ်သည်။

မနက်ငါးနာရီမထိုးခင်ခန့်မင်းညိုနိုးလာစဉ်က မြတ်လေးလည်း နိုးလာသေးသည်။ မြတ်လေးက မနက်ခင်းပိုင်းလုပ်စရာများကိုလုပ်ရန် အိပ်ယာထမည်ဟု ကြံသော်လည်း ခန့်မင်းညိုက မထခိုင်း။ သူ့လက်ဆ သူသိသည်လေ။

မြတ်လေးလည်း ပင်ပန်းနေတာကြောင့် ထပ်မံအိပ်ပျော်သွားခဲ့သည်။

ခန့်မင်းညိုက အိပ်ရာခင်းများအား လျှော်လှမ်းပြီးနောက် မနက်စာသွားဝယ်ရန်ပြင်သည်။

လက်ဖက်ရည်ဆိုင်က အိမ်နှင့် နီးတာကြောင့် စားခါနီးမှသာ အမြဲသွားဝယ်ဖြစ်သည်။

ခန့်ညားမောင်ကလည်း နိုးနေပြီဖြစ်ပြီး မိုးလင်းတိုင်း အမြဲကြိုဆိုနေကျဖြစ်သော တူဖြစ်သူ၏အထုပ်အထည်( သိတယ်မလား အဟင်းဟင်း) များကိုသန့်ရှင်းရေးလုပ်နေရသည်။

"ခန့်ညား မနက်စာ ဘာစားမလဲ အစ်ကိုသွားဝယ်မလို့"

"ဘယ်ဆိုင်သွားမှာလဲ အစ်ကိုက"

"ထုံးစံအတိုင်း ဒီနားက လက်ဖက်ရည်ဆိုင်ပဲပေါ့"

"အဲတာဆို ကျွန်တော့်အတွက် အီကြာကွေးနဲ့ လက်ဘက်ရည်ပဲ ဝယ်ခဲ့တော့"

"အေး အေး အဲတာဆို အစ်ကိုသွားပြီ"

ခန့်မင်းညို လက်ဖက်ရည်ဆိုင်သို့ရောက်တော့ ခန့်ညားနှင့် သူစားဖို့အတွက် အီကြာကွေးနှင့် လက်ဖက်ရည်မှာလိုက်ပြီး မြတ်လေးအတွက်ကတော့ နွားနို့နှင့် ပဲပလာတာတစ်ပွဲ မှာလိုက်သည်။

ပါဆယ်စောင့်နေခိုက် ဆိုင်ရှင်က ခန့်မင်းညိုအား မေးလာ၏။

"မောင်ညို ဒီနေ့တော့ တစ်ယောက်တည်းပါလားကွ"

"ဟုတ်တယ် ဦးလေးရေ ကျွန်တော့် အမျိုးသားက နေမကောင်းလို့လေ ... ဒီနေ့တော့ပါဆယ်ပဲဆွဲသွားရတော့မယ်"

"ဟေ ဂရုစိုက်ဦး မင်းခင်ပွန်းလေးကို ... ခုတလော ရာသီအပြောင်းအလဲကြောင့် တုပ်ကွေးတွေဖြစ်နေကြတာ"

"ဟုတ်ကဲ့ ဦးလေး"

ပါဆယ်ရလာပြီဖြစ်တာကြောင့် ခန့်မင်းညိုလည်း ကျသင့်ငွေရှင်းကာ အိမ်သို့ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တော့ ခန့်ညားမောင်က ခန့်မင်းညိုဝယ်လာသောစားစရာများကို ဖန်ခွက်နှင့် ပန်းကန်များအတွင်း အသီးသီးထည့်ပြီး မနက်စာပြင်ဆင်သည့်တာဝန်ကိုယူလိုက်၏။

"ကိုမြတ်သူ နေမကောင်းဘူးလား အခုထိမနိုးသေးဘူး"

"အေး သူနည်းနည်းကိုယ်လက်မအီမသာဖြစ်ချင်တယ် ပြောလို့ ပြန်အိပ်ခိုင်းထားတာ ... အစ်ကိုသွားကြည့်လိုက်ဦးမယ် ... ခန့်ညားက အရင်စားနှင့်လိုက် အစ်ကိုတို့ကိုမစောင့်တော့နဲ့"

ထိုသို့ပြောပြီးနောက် ခန့်မင်းညိုက မြတ်လေးရှိရာအိပ်ခန်းထဲသို့ဝင်လာခဲ့သည်။

ခန့်မင်းညိုအိပ်ခန်းထဲရောက်လာတော့ မြတ်လေးက အိပ်နေတုန်းဖြစ်သည်။

ခန့်မင်းညိုက အိပ်ယာပေါ်သို့တက်ကာ မြတ်လေး၏နဖူးလေးကို ခပ်ဖွဖွနမ်းတော့ အိပ်နေသောမြတ်လေးက နိုးလာ၏။

မြတ်လေးက အိပ်နေရာမှထထိုင်လိုက်သောကြောင့် ခန့်မင်းညိုကလည်း ကုတင်ကိုကျောမှီပြီးထိုင်လိုက်ကာ မြတ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက်လိုက်သည်။

"နေရထိုင်ရအဆင်ပြေလား"

"ခါးနည်းနည်းနာတယ်"

မြတ်လေးက ခါးနာတယ်ဆိုတာကြောင့် ခန့်မင်းညိုက မြတ်လေး၏ခါးနားတစ်ဝိုက်ကို နှိပ်နယ်ပေးနေလိုက်သည်။

"အကျင့် မရှိသေးလို့ပါ ... နောက်အကျင့်ဖြစ်သွားရင် နာတော့မှာမဟုတ်ဘူး ... ကျင့်သားရအောင် လေ့ကျင့်ပေးဖို့အတွက် ဒီယောက်ျားက တာဝန်အပြည့်အဝယူတယ်"

ခန့်မင်းညိုစကားကြောင့် မြတ်လေးက နှာခေါင်းရှုံ့လိုက်ပြီး သူ့ယောက်ျားအားပြောလိုက်သည်။

"အကို အရမ်းနစ်နာနေပါဦးမယ်"

ဘောက်ဆတ်ဆတ်လေသံလေးနှင့်ပြောလာသော မြတ်လေးကိုကြည့်ရင်း ခန့်မင်းညို အရမ်းအသည်းယားလာတာကြောင့် မြတ်လေးနှုတ်ခမ်းဖူးဖူးလေးကို စုပ်ယူနမ်းရှိုက်လိုက်၏။

အတန်ကြာနမ်းပြီးနောက် မြတ်လေးမောလာသည်ကိုသတိထားမိသဖြင့် ခန့်မင်းညိုမြတ်လေး၏နှုတ်ခမ်းလေးကို မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးလိုက်ရသည်။

"ဘာလို့ ကိုယ့်ခင်ပွန်းလေးက အဲ့လောက်ချစ်ဖို့ကောင်းနေတာတုန်း ... ရွှတ် ... အသည်းယားလာပြီ ... ရွှတ်"

ထိုသို့ဆိုကာ ခန့်မင်းညိုတစ်ယောက် မြတ်လေး၏ပါးနှစ်ဖက်ကို ထပ်နမ်းပြန်သည်။

မြတ်လေးမှာ ခန့်မင်းညိုက သူ့ခါးလေးကိုအဆက်မပြတ်နှိပ်ပေးနေတာကြောင့် သက်တောင့်သက်သာရှိသလိုခံစားနေရသော်လည်း ယောက်ျားဖြစ်သူ၏ ကဲသဲမှုကိုတော့ အသားမကျနိုင်သေး။

ရှက်လာတာကြောင့် ခန့်မင်းညို၏ရင်ခွင်ထဲ မျက်နှာလေးအပ်ကာ ပိုတိုးဝင်မိသည်။

ခန့်မင်းညိုကတော့ မြတ်လေး၏ အပြုအမူလေးကြောင့် နွားပြာကြီးအောက်သွားမရှိသကဲ့သို့ ပြုံးဖြီးနေရင်း မြတ်လေး၏ ခါးလေးကိုနှိပ်ပေးနေတော့သည်။

အတန်ကြာအနှိပ်ခံပြီးနောက် မြတ်လေးက ခန့်မင်းညိုရင်ခွင်ထဲမှ ထွက်ကာ ခန့်မင်းညိုအားပြောလိုက်သည်။

"သက်သာပြီအကို မျက်နှာသစ်တော့မယ် ... ကိုဈာန်တို့လာမှာမို့ချက်ပြုတ်ရဦးမယ်"

"ထမင်းနဲ့ ဟင်းက ကိုယ်ချက်ပြီးသွားပြီ ... ကြက်သားဆီပြန်ဟင်းရယ်၊ အချဉ်ဟင်းရယ် နောက်ပြီး ပဲပုတ်စေ့ကိုခပ်စပ်စပ်လေးကြော်ထားတာရယ် "

"မြတ်လေးကိုတော့ နှိုးတာမဟုတ်ဘူး"

"ကိုယ့်အမျိုးသားလေးက ညကကိုယ့်ကြောင့်ပင်ပန်းထားလို့မနှိုးရက်ပါဘူးဗျာ ... ကဲ သက်သာပြီဆို မျက်နှာသွားသစ်တော့ ... ပြီးရင်မနက်စာစားကြမယ်"

"ဟုတ်"

"လမ်းလျှောက်လို့ရော အဆင်ပြေပါ့မလား ... ရေချိုးခန်းကို ကိုယ်လိုက်ပို့ပေးရမလား"

"လိုက်မပို့ပေးနဲ့ရတယ် အဆင်ပြေတယ်"

"သေချာလို့လား"

"သေချာပါတယ် အကိုရဲ့"

မြတ်လေးမျက်နှာသွားသစ်တော့ ခန့်မင်းညိုက အိပ်ယာသိမ်းသည်။ ပြီးနောက် ခန့်မင်းညိုက မြတ်လေးသောက်ရန်အတွက် ဝယ်လာသည့် နွားနို့ကို ပြန်နွှေးလိုက်သည်။

နွားနို့နွှေးပြီးသည့်အချိန်တွင် မြတ်လေးကလည်း မျက်နှာသစ်ပြီးသွားတာမို့ နှစ်ယောက်သား မနက်စာအတူတူစားကြသည်။

"အကို ဘုရားဆွမ်းတော်ကပ်ပြီးပြီလားဟင်"

"ကပ်ပြီးပါပြီ ခင်ဗျာ"

ခန့်မင်းညိုရဲ့အဖြေစကားကိုကြားရတော့ မြတ်လေးက သဘောကျစွာဖြင့် ပြုံးလိုက်တာကြောင့် မြတ်လေး၏ပါးပြင်ထက် ပါးချိုင့်လေးနှစ်ဖက်က ထင်ရှားစွာပေါ်လာသည်။

သင်သိပါသလား? အမောင်ခန့်မင်းညိုဟာ ထိုအပြုံးကိုအငမ်းလွန်ပြီး အီကြာကွေးကိုကိုက်ရင်းတန်းလန်းလောကကြီးနဲ့ အဆက်ပြတ်သွားတယ်ဆိုတာ။

ထိုအချိန်မှာပဲ ကလေးပွေ့ချီထားတဲ့ ခန့်ညားမောင်ကအိမ်ထဲဝင်လာကာ မြတ်လေးအား လှမ်းမေး၏။

"ကိုမြတ်သူ ကိုယ်လက်မအီမသာဖြစ်နေတယ်ဆို"

ခန့်ညားမောင်၏ စကားကြောင့် အငမ်းလွန်ကာ လောကကြီးနှင့် အဆက်ပြတ်နေတဲ့ ခန့်မင်းညိုက ပြန်အသိဝင်လာပြီး မြတ်လေးကတော့ မျက်နှာပူပြီး မျက်နှာလေးရဲခနဲပင်။

ကိုယ့်အကြောင်း ကိုယ်သာသိသည်လေ။

မျက်နှာတစ်ပြင်လုံး ရဲတက်လာတဲ့ မြတ်လေးကိုကြည့်ရင်း ခန့်ညားမောင်က စိုးရိမ်တကြီးဖြင့်ပြောလာပြန်သည်။

"ကိုမြတ်သူ မျက်နှာလည်း ရဲနေပါ့လား အဖျားရှိနေပြီထင်တယ် ... ရွာကဆေးခန်းသွားပြပါလား မနေ့က ဈေးဝယ်တွေ အချင်းချင်းပြောနေတာ ကိုစိုးသူရိန်ရောက်နေတယ်တဲ့"

ကိုစိုးသူရိန်ကဆရာဝန်တစ်ဦးဖြစ်ပြီး ခက်မမြို့ပေါ်မှ ရွာသို့ နှစ်လတစ်ခါလာရောက်ကာ ရွာသူရွာသားများ၏ ကျန်းမာရေးကို စစ်ဆေးပေးနေကြဖြစ်သည်။

ကိုစိုးသူရိန်က မြတ်လေးကို တစ်ဖက်သတ်ကြိုက်နေသူဖြစ်သည်။

သူရွာသို့ရောက်လာတိုင်း မြတ်လေးဆီကိုလာလည်တတ်ပြီး ခန့်ညားမောင်တို့ မိသားစုရွာကိုလာလည်စဉ်က တိုက်တိုက်ဆိုင်ဆိုင်တွေ့ဖူးတာကြောင့် ခန့်ညားမောင်က ကိုစိုးသူရိန်ကို မှတ်မိနေတာဖြစ်သည်။

ခန့်ညားမောင်မှတ်မိပါသေးသည်။

ကိုမြတ်သူကို ကိုစိုးသူရိန်က ပိုးကြေးပန်းကြေအဖြစ်ပေးသော မြို့ကဝယ်လာပေးသည့် မုန့်အချိုများကို ကိုမြတ်သူကမစားသဖြင့် ခန့်ညားမောင်က စေတနာ့ဝန်ထမ်းလုပ်ကာ အကုန်စားပေးလိုက်ပြီးနောက် တစ်ပတ်လောက်ချောင်းဆိုးသွားခဲ့သည်အကြောင်းကိုပေါ့။

ထိုအကြောင်းကို ပြန်တွေးမိတော့ ခန့်ညားမောင် အခုတောင်လည်ချောင်းပင်ယားလာသလိုလို။

ထိုအချိန်က ခန့်ညားမောင်၏ ဘကြီး ကိုမြတ်သူ၏ဖခင်ဖြစ်သူကလဲ ကိုစိုးသူရိန်ကို သားမက်အဖြစ် အနည်းငယ်သဘောကျပုံရသည်။

ကိုမြတ်သူဘက်ကတော့ ကိုစိုးသူရိန်အပေါ်သာမန်ခင်မင်မှုထက်မပို။

ဘကြီးက ကိုမြတ်သူကို ကိုစိုးသူရိန်နှင့်ဆို စိတ်ချရသည်မို့ သဘောတူသည့်အကြောင်း အရိပ်အမြွက်ပြပြောသော်လဲ ကိုမြတ်သူကတော့ အင်းမလုပ်အဲမလုပ်။

တကယ်ပဲ အရိပ်ပြလို့အကောင်မမြင်တာလား တမင်မသိချင်ယောင်ဆောင်တာလားဆိုတာကတော့ ကိုမြတ်သူသာအသိဆုံးဖြစ်လိမ့်မည်။

အခုတော့လည်း ကိုခန့်မင်းညိုနှင့်အိမ်ထောင်ကျကာ အိမ်ထောင်ရေးကလည်း အတော်လေးကိုအဆင်ပြေနေပြီဖြစ်သည်။

ကိုခန့်မင်းညိုက ဘေးလူအမြင်ကပ်ရလောက်အောင်ကို ကိုမြတ်သူကို ချစ်ပေးသည်။

ကိုမြတ်သူကိုစိတ်ချရသော်လည်း တခါတရံကိုခန့်မင်းညို၏ ကဲသဲမှုတစ်သိန်းကို မခံစားနိုင်။

ခန့်ညားမောင် တွေးနေရင်းမှ ကဲကဲသဲသဲကိုခန့်မင်းညိုကို ပညာပေးရန် အကြံတစ်ခုရလိုက်သည်။

"အဲ့ ကိုစိုးသူရိန်ကလေ ကိုမြတ်သူကို အသေအလဲကြိုက်ခဲ့တာလေ"

ရေနွေးသောက်နေသောခန့်မင်းညို : "..." ဖူးးးး အဟွတ် အဟွတ်

ဘေးမှာထိုင်နေသော မြတ်လေးက ခန့်ညားမောင် စကားကြောင့် ရေနွေးသောက်ရင်း သီးသွားသော ယောက်ျားဖြစ်သူ၏ ကျောပြင်ကို ခပ်ဖွဖွလေးပုတ်ပေးလိုက်၏။

"ဘာကြီး ...အဟွတ်... အဲ့လူက မြတ်လေးကို အသေအလဲကြိုက်ခဲ့တာ ... မြတ်လေး ဟုတ်လား"

မြတ်လေးကလည်း ရိုးရိုးသားသားပင် ခေါင်းငြိမ့်ပြလာသည်။

မြတ်လေး၏ ခေါင်းငြိမ့်ပြမှု အဆုံးတွင်တော့ ခန့်မင်းညိုက မျက်နှာကြောကြီးတည်တင်းကာ အံကြိတ်သံဖြင့် "မြတ်လေး အခန်းထဲကိုလိုက်ခဲ့"ဟု ဆိုပြီး အိပ်ခန်းထဲသို့ဝင်သွားတော့သည်။

=========================

ခန့်မင်းညို အမှန်တကယ်ကြီး စိတ်တိုနေသည်ဟု သင်ထင်ပါသလား?

အဖြေကတော့ နိုး ပါ။

သူသိတာပေါ့။ မြတ်လေးက သူကိုချစ်နေတာ။ နှုတ်ကဖွင့်မပြောပေမယ့်လဲ မြတ်လေးရဲ့ အပြုအမူလေးတွေကနေခံစားလို့ရပါတယ်နော်။

ခန့်မင်းညို တမင်သက်သက်စိတ်တိုချင်ယောင်ဆောင်ရသည့် အကြောင်းအရင်းကတော့

မြတ်လေးနဲ့ ချစ်ကြည်နူးတစ်တီတူးချင်သေးလို့ပါပဲ။

စိုးသူရိန်ဆိုသည့် ဆရာဝန်က မြတ်လေးကို ကြိုက်နေသည်ဆိုသည့်စကားကိုကြားတော့ ခန့်မင်းညို စိတ်ထဲသဝန်တိုမိပါသည်။

ဒါပေမဲ့ မြတ်လေးဘက်က စိတ်ဝင်စားခဲ့လျှင်တောင် လက်မထပ်ခင်အချိန်အရင်တုန်းက ကိစ္စတွေမို့ သူဗွေယူမှာမဟုတ်။

အခုအချိန်မှာ မြတ်လေးက သူ့အပိုင်ပင်။

မြတ်လေးကိုသူစိတ်ချသော်လည်း ကလေးဆန်တယ်ပဲပြောပြော မြတ်လေး၏နှုတ်က ချစ်တယ်ဆိုသည့်စကားကိုတော့သူကြားချင်သေးသည်။

အမြဲလိုလို ခန့်မင်းညိုက မြတ်လေးကိုချစ်သည်ဟု တဖွဖွပြောဖူးသော်လည်း မြတ်လေးကတော့ သူ့ကိုချစ်သည့်အကြောင်း ထုတ်မပြောဖူးသေး။

အခွင့်အရေးရတုန်း သူ့ခင်ပွန်းသေးသေးလေးကို အနိုင်ကျင့်ကာ အဖြေတောင်းပစ်ဦးမည်။

လူကိုရော၊ စိတ်ကိုပါ အပိုင်ရကြောင်း အတည်ပြုပြီး ခန့်မင်းညိုတို့ ဂုဏ်ဆာပစ်ပါဦးမည်။

ဆိုင်ကိုတော့ သူတို့လင်မယားကြား ချွန်တဲ့ ကောင်စုတ်လေး ဖွင့်ပါလိမ့်မည်။

မြတ်လေးက ခန့်ညားမောင်ကို ဆိုင်ဖွင့်ထားရန် ပြောပြီးနောက် အိပ်ခန်းထဲသို့လိုက်သွားသည်။

အိပ်ခန်းထဲရောက်တော့ ခန့်မင်းညိုက အိပ်ယာပေါ်မှာလှဲနေသည်။ သို့သော်လည်း မျက်နှာကြီးကတော့တည်တင်းနေတာကြောင့် မြတ်လေးလည်း ကြောက်လာသဖြင့် ကုတင်ဘေးတွင်ရပ်နေလိုက်သည်။

ကုတင်ပေါ်က ခန့်မင်းညိုက မြတ်လေးအားပြောလိုက်၏။

"အဲ့မှာဘာရပ်လုပ်နေတာလဲ ... လာလေ ... ကိုယ့်ဘေးမှာလာလှဲ"

မြတ်လေးက စကားနားထောင်စွာဝင်လှဲလာတော့ ခန့်မင်းညိုက အကျင့်အရ မြတ်လေးကို သူ့လက်တစ်ဖက်ပေါ်ခေါင်းအုံးစေကာ ပွေ့ဖက်ထားသည်။

"အဲ့စိုးသူရိန်နဲ့ မြတ်လေးနဲ့က ချစ်သူတွေဖြစ်ခဲ့သေးလား"

"ဟင့်အင်း မဖြစ်ပါဘူး "

" မြတ်လေးက သူ့ကိုစိတ်ဝင်စားခဲ့သေးလား"

"ဟင့်အင်း မြတ်လေးက သူ့ကိုရိုးရိုးသားသားပဲခင်တာပါ"

"အော် အဲ့တာဆိုမြတ်လေးက သူ့ကိုမချစ်ဘူးပေါ့"

"ဟုတ်"

"ကိုယ်နဲ့လက်မထပ်ခင် မြတ်လေးမှာချစ်ရတဲ့သူတွေများရှိခဲ့သေးလား"

"မရှိဘူး"

မြတ်လေး၏ အဖြေစကားကြောင့် ခန့်မင်းညိုလည်း ကျေနပ်သွားရသည်။ စိတ်ထဲမှာတော့ အပျော်လွန်ပြီး ခြံနှစ်ပတ်ပတ်ပြေးပြီးနေပြီဖြစ်သည်။

"အဲ့တာဆို အခုရော"

"ဟင်"

"အခုရော ချစ်ရမယ့်သူရှိလား"

မြတ်လေး၏ မျက်နှာလေး ပူပြီး ပါးမို့မို့လေးနဲ့ နားရွက်လေးများ နီရဲလာပြန်ပါသည်။

"အင်း ရှိတယ်"

"ဘယ်သူလဲ"

မြတ်လေး ရှက်လွန်းလို့ ခုချိန် ကုတင်အောက်ထဲ ဝင်ပုန်းပစ်ချင်နေပါပြီ။

မြတ်လေးက ရှက်လို့ မဖြေချင်။ သို့သော် ကိုရစ်ကြီး ကိုခန့်မင်းညိုကတော့ အလွတ်မပေးပါ။

"ဖြေလေ မြတ်လေးရ ... ဘယ်သူလဲလို့"

မြတ်လေးက တိုးတိုးလေးဖြေလာသည်။

"အကို့ ကို ချစ်တာ"

ပြောပြီးနောက် ရှက်ပြီး သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ မျက်နှာဝှက်ထားသော မြတ်လေးကို ခန့်မင်းညိုအရမ်းအသည်းယားလာသည်။

နားရွက်ကလေးတွေများ နီလို့။

အသည်းယားလာသဖြင့် ထပ်စချင်တာကြောင့် ခန့်မင်းညို သူ့မျက်နှာကို တည်တင်းလိုက်သည်။ ထို့နောက် မြတ်လေးကို ရင်ခွင်ထဲမှ ဆွဲထုတ်ပြီး မျက်နှာတည့်တည့်ကြည့်ကာ မေးလိုက်သည်။

"ဘယ်ကအကိုလဲ ... အကို က ကိုယ်တစ်ယောက်တည်းရောရှိတာဟုတ်ရဲ့လား"

မြတ်လေးက သူ့မေးခွန်းကြောင့် မျက်နှာလေးတည်တင်းသွားပြီး ခဏငြိမ်ကျသွားသည်။ ထို့နောက် ခန့်မင်းညို၏မျက်နှာကိုပြန်ကြည့်ရင်း မျက်ရည်များ ပိုးတိုးပေါက်တောက်ကျလာကာ ငိုချလာတော့သည်။

"အဟင့် ... အကိုပါဆိုမှတော့ ကိုခန့်မင်းညိုပေါ့ ... အကို ဆိုတဲ့ စကားကို ကိုခန့်မင်းညိုက ခေါ်ခိုင်းလို့ မြတ်လေးက ခေါ်တာ ... မြတ်လေးက ကိုယ့်ယောက်ျားကလွဲလို့ သူစိမ်းယောက်ျားကိုများ စိတ်ရှိမယ်ထင်နေတာလား ...အဟင့် ... ကိုခန့်မင်းညိုက မြတ်လေးကိုယ်ကျင့်တရားကို စော်ကားလိုက်တာ .... မြတ်လေးမှာ ကိုခန့်မင်းညိုလို ရည်းစားဟောင်းလည်း မရှိဘူး ... ကိုခန့်မင်းညိုလိုလည်း အိမ်ထောင်ကျပြီးနောက်ပိုင်းကို ရည်းစားဟောင်း နာမည် မမေ့နိုင်ဘဲ ယောင်နေတာလည်း မဟုတ်ဘူး ...မြတ်လေးကို ကိုခန့်မင်းညိုလို ဘယ်ရည်းစားဟောင်းကမှ လာမရှာဘူး ... ဟင့် ရွှတ်... ကိုခန့်မင်းညိုလိုလည်း ရည်းစားဟောင်းနဲ့ နှစ်ယောက်တည်း သွားမတွေ့ဘူး"

မြတ်လေး ရှက်တာရော စိတ်တိုလာတာရော ပေါင်းပြီး ငိုချလိုက်တော့သည်။

ခန့်ညားမောင်ရှာခဲ့သည့် ပြဿနာကိုဖြေရှင်းပြီးသော်လည်း နောက်ပိုင်းအကိုမေးသည့် မေးခွန်းများကြောင့် မြတ်လေးမှာ ပူထူအောင် ရှက်မိနေတာဖြစ်သည်။

"ဘယ်ကအကိုလဲ... အကို က ကိုယ်တစ်ယောက်တည်းရောရှိတာဟုတ်ရဲ့လား" ဆိုသောစကားကိုကြားတော့ မြတ်လေး ရှက်စိတ်ကနေဒေါသထွက်သွားတာဖြစ်သည်။

မသိလျှင် ကိုယ်ကပဲ ယောက်ျားတကာကို အကိုလို့ခေါ်ပြီး လိုက်တမ်းတနေသလိုလို။

သူ့ကိုတောင် သူခေါ် ခိုင်းလို့ အကို လို့ခေါ်တာ။

ကိုယ့်မှာ အိမ်ထောင်ကျပြီးနောက် သူကလွဲလျှင် ဘယ်သူမှမရှိတာ သူအသိဆုံး။

မြတ်လေး ကိုခန့်မင်းညိုကိုကြောက်သော်လည်း ကိုယ်ကျင့်တရားကိုတော့ စော်ကားလျှင် ငြိမ်ခံနေမှာမဟုတ်။

ပြန်ပြောလို့ ရိုက်လျှင်လည်း အရိုက်ခံလိုက်မည်။

မနေ့ကတနေကုန် မြို့ပေါ်သွားထားပြီး ညကလည်း မနားရ။ နောက်ကျမှ အိပ်ရပြီး မှောက်လိုက်လှန်လိုက် လေ့ကျင့်ခန်းလုပ်ထားရတာကြောင့် ပင်ပန်းနေတာဖြစ်သည်။

လူကပင်ပန်းပြီး ငြီးစီစီဖြစ်နေကာ မလန်းမဆန်းဖြစ်နေချိန် ဒီစကားကြားလိုက်ရတော့ ဒေါသလည်းထွက်၊ ဝမ်းလည်းနည်းလာကာ ငိုချပလိုက်တော့သည်။

စိတ်တိုလာတော့ အရင်က စိတ်ထဲ မကျေနပ်ခဲ့တာတွေပါ ပွင့်အန်ကျလာတော့၏။

ခန့်မင်းညိုကတော့ မြတ်လေးငိုကာ ပြောလာသည့် စကားများကြောင့် တအံ့တဩ။

သူမှားသွားခဲ့တာ။ စချင်တာပဲ သိပြီး မမေးသင့်တဲ့ မေးခွန်းကိုသွားမေးမိခဲ့တာ။

ရင်ခွင်ထဲက ခင်ပွန်းသေးသေးလေးကတော့ ငိုယိုပြီး သူ့ကို ရန်တွေ့ပြီးနောက် သူ့ရင်ခွင်ထဲမှ ထွက်ရန် ရုန်းနေလေသည်။

ခန့်မင်းညိုလဲ မလွှတ်ပေးပဲ ရုန်းနေသည့် ခန္ဓာကိုယ်လေးကို အတင်းချုပ်ကာဖက်ထားသည်။

နှစ်ယောက်သား တစ်ယောက်ကရုန်း၊ တစ်ယောက်ကချုပ်နှင့် ဖြစ်နေရာမှာ ခန့်မင်းညိုက တောက် တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်တော့ ရင်ခွင်ထဲမှ ကိုယ်သေးသေးလေးက တစ်ချက်တုန်သွားပြီး ငြိမ်သက်သွားတော့သည်။

ထို့နောက် တရှုံရှုံ့နှင့် ငိုနေတော့သည်။

မြတ်လေးက အတော်လေးဒေါသထွက်နေပုံရသည်။

သူ့အားရန်တွေ့စဉ်က အကိုလို့တောင်မခေါ်တော့။ ကိုခန့်မင်းညိုဆိုသော သူ့နာမည်ချည်းသာ ခေါ်သွားသည်။

ဘယ်အချိန်ကတည်းကမှန်းမသိ စုထားသော မကျေနပ်ချက်များကလည်း အခုမှပေါက်ကွဲထွက်လာသည်။

သူ့အားကြောက်လို့သာတော်တော့သည်။

အကောင်သေးလေးက အဆိပ်လေးတော့ပါသား။

ခန့်မင်းညို သက်ပြင်းချပြီး မြတ်လေး၏ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးရင်း တောင်းပန်လိုက်၏။

"ကိုယ်တောင်းပန်ပါတယ်ကွာ ... မြတ်လေးက အရမ်းချစ်ဖို့ကောင်းလွန်းတော့ ကိုယ်ကမနေနိုင်ပဲ စချင်တာနဲ့ ပြောသင့်လား မပြောသင့်လား မစဉ်းစားမိဘဲ ပြောလိုက်မိတာ ... ကိုယ်တမင် မြတ်လေးရဲ့ ကိုယ်ကျင့်တရားကိုစော်ကားချင်လို့ပြောလိုက်တာ မဟုတ်ရပါဘူးကွာ ... နောက်ဒါမျိုးစကားတွေမပြောမိအောင် ဆင်ခြင်ပါ့မယ် ... စိတ်လျှော့ပါနော် အချစ်ကလေး ... ကိုယ့်ကိုခွင့်လွှတ်ပေးနော် ... နော် .... အချစ်"

မြတ်လေးက အငိုလွန်ပြီး ရှိုက်သံလေးတွေတောင်ထွက်ပြီး စကားမပြောနိုင်သေး။

"ကြည့်ဦး အငိုလွန်ပြီး စကားတောင်မပြောနိုင်တော့ဘူး ... ရေသောက်မလား"

မြတ်လေးက ရင်ခွင်ထဲမှခေါင်းငြိမ့်ပြလာသည်။

ခန့်မင်းညို ကုတင်ဘေးရှိစားပွဲပေါ်တွင်တင်ထားသော ရေဘူးထဲမှ ရေကို ရေဘူးဘေး ပန်းကန်ပြားအသေးလေးပေါ်တွင်မှောက်ထားသော ဖန်ခွက်လေးထဲထည့်ကာ မြတ်လေးကိုယူပေးလိုက်သည်။

မြတ်လေးကထထိုင်ပြီး ဖန်ခွက်ထဲမှ ရေအကုန်လုံးကို ဖြည်းဖြည်းချင်းသောက်လိုက်၏။

"အဆင်ပြေသွားပြီလား ယူဦးမလား"

"မယူတော့ဘူး"

ခန့်မင်းညို ဖန်ခွက်ကို သူ့နေရာသူပြန်ထားပြီး ကုတင်ခေါင်းရင်းကိုမှီထိုင်ကာ သူ့ခင်ပွန်းလေးကိုသူ့ရင်ခွင်ထဲတွင် ပြန်လည်ထွေးပွေ့ထားလိုက်သည်။

ရင်ခွင်ထဲမှလူ၏ မေးစေ့လေးကိုကိုင်ကာ မျက်နှာလေးကိုမော့စေတော့ ငိုထားတာကြောင့် မျက်လုံးတွေက နီရဲနေသည်။ မျက်ရည်တွေ နှာရည်တွေနှင့် မျက်နှာလေးက ပေပွနေကာ တကယ့်ကြောင်ချေးရုပ်ကလေး။

ခန့်မင်းညို ရယ်ချင်စိတ်ကိုထိန်းကာ ခင်ပွန်းလေးအား ချော့မော့လိုက်၏။

"ကိုယ့်ကို စိတ်မဆိုးနဲ့တော့နော် ... ကိုယ်နောက်ထပ်မမှားအောင်ဆင်ခြင်ပါ့မယ် ... ကိုယ်က စချင်ဇောနဲ့မှားသွားတာ ... မြတ်လေးက ကိုယ့်ကိုခွင့်လွှတ်မယ်မဟုတ်လား"

ထိုသို့ပြောတော့ ရင်ခွင်ထဲကကြောင်ချေးရုပ်က ခေါင်းငြိမ့်ပြလာသည်။

"အဲ့တာဆို ကိုယ့်ကိုချစ်လား"

ကြောင်ချေးရုပ်က ထပ်ခေါင်းငြိမ့်ပြန်သည်။ ဒီတစ်ခါတော့ နားရွက်နီနီလေးနှင့် ကြောင်ချေးရုပ်ပေါ့။

"ကိုယ်က မြတ်လေးပါးစပ်ကပြောတာကြားချင်တာ"

ရင်ခွင်ထဲက နားရွက်နီကြောင်ချေးရုပ်က ခေါင်းမော့ကာမျက်စောင်းထိုးသည်။ သူအရမ်းသတ္တိရှိနေတာ ကြည့်စမ်း။

ပြီးတော့ နားရွက်နီကြောင်ချေးရုပ်က ဆူပုတ်ပုတ်လေးနှင့်ဖြေလာသည်။

"အကို့ကို မြတ်လေး ချစ်တယ်ဗျ"

ဒီတစ်ခါ နားရွက်တွေနီလာတာကတော့ ကြောင်ချေးရုပ်လေးခေါင်းတင်ထားတဲ့ ရင်ခွင်ကျယ်ကြီးရဲ့ ပိုင်ရှင်ဖြစ်နေပါသတဲ့။

=============================

မွှေလိုက်ရသဖြင့် အားရကျေနပ်နေသော ခန့်ညားမောင် : လင်မယားဆိုတာ အမြဲတမ်းချစ်ပြနေတာမကောင်းဘူး တခါတလေ သဝန်တိုမှုလေးတွေနဲ့ ရန်ဖြစ်စကားများပေးမှ

(* အချစ်ရေးအိမ်ထောင်ရေးမှာကျွမ်းကျင်သော လူတတ်ကြီးစတိုင်ဖမ်းကာပြောနေ*)

စာရေးသူ : အော် ငါ့သားလေးအက်ဖ်အေကောင်ခန့်ညား မုန့်အချိုတွေမစားဘဲ ရင်ကျပ်ချောင်းဆိုးမယ့် သူ့ကံကြမ္မာကို သူမသိရှာဘူး

====================

အချော့ခံချင်ပြီး ချစ်စကားတွေကြားချင်တာကြောင့် ရစ်စိန်လုပ်လိုက်တဲ့ မောင်ခန့်မင်းညိုတို့ သူက တစ်ပြန် ပြန်ချော့လိုက်ရပါတယ်။

မြတ်လေးကလဲ စိတ်တွေအရမ်းဆိုးတော့ အရမ်းချော့ရတာပဲ။ ငါးမိနစ်မကြာဘူး။

Little_taro00

Edited – 13 October 2022

Old version – 7 Oct and 12 Oct 2022

Continue Reading

You'll Also Like

1.2M 90.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
407K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
614K 59.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...