Chapter 1: ကုတင်ခြေရင်းသို့ လေထီးခုန်ခြင်း
"ဘုန်း"
မသဲမကွဲအသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
စုလုရီက သူ့ခေါင်းအနောက်ဖက်ကိုကိုင်ထားရင်း အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်တယ်။ မျက်ခွံတွေကို ဖြေးဖြေးချင်းဖွင့်ကြည့်တော့ သူက ကုတင်ခြေရင်းမှာ လှဲနေတာကို တွေ့လိုက်ရတယ်။
ဘာဖြစ်သွားတာလဲ...သူအိပ်ပျော်နေတာမဟုတ်ဘူးလား။ အိပ်ယာထဲမှာလှိမ့်ရင်းနဲ့ ဂျွမ်းထိုးပြီးများပြုတ်ကျသွားတာလား။
တကယ်ကြီးလား ... သူကိုက အော်တိုလှိမ့်နေတာဖြစ်မှာပါ။
စုလုရီက သူ့ခေါင်းကိုပွတ်ပြီး ပြန်လှဲအိပ်ဖို့ ကုတင်ခြေရင်းကနေ တရွတ်တိုက်ထလိုက်တယ်။ တရွတ်တိုက်ထနေရင်းနဲ့ပဲ တစ်ခုခုမှားနေတာကို စုလုရီနားလည်လိုက်တယ်။ အိပ်ခန်းကမှောင်နေတယ်။ ဝရံတာမှန်တံခါးကနေလည်း အလင်းဖြဖြဝင်လာနေတယ်။ ပြီးတော့ ရိုးရှင်းပြီးစတိုင်ကျတဲ့ အိမ်သုံးပရိဘောဂတွေကိုလည်း ဝိုးတဝါးမြင်နေရတယ်။
သူ့မျက်ဝန်းတွေ တုန်လှုပ်သွားရတယ်...ဒါသူ့အိပ်ခန်းမှမဟုတ်တာ။
သူလက်ရှိအခြေအနေကို နားမလည်နိုင်သေးခင်မှာပဲ 'ကလစ်' ဆိုတဲ့အသံနဲ့အတူ အခန်းတံခါးက ရုတ်တရက်ပွင့်လာခဲ့တယ်။ သိပ်မကြာဘူး အခန်းတစ်ခုလုံး မီးတွေလင်းသွားရော...
သူ့မျက်လုံးတွေ တဖြည်းဖြည်းကြည်လင်တာနဲ့တစ်ပြိုင်နက် တံခါးဝကလူကို သူလှမ်းကြည့်လိုက်မိတယ်။
အေး...အဲ့တာကရော ဘယ်သူကြီးတုန်းဟ ...
စုလုရီတစ်ယောက် ရုတ်တရက်ဆန်တဲ့အခြေအနေတွေကြောင့် ဖရိုဖရဲပြိုကွဲနေတုန်းမှာပဲ အဲ့လူကသူ့ရှေ့ကိုခြေလှမ်းကျဲနဲ့လျှောက်လာတယ်။ သူ့ရဲ့ခက်ထန်တဲ့မျက်ခုံးတွေကလည်း စူးရှနေရောပဲ။
သူက စုလုရီရဲ့ရှေ့မှာရပ်လိုက်တယ်။ သူ့မျက်ဝန်းတွေက နင့်နင့်နဲနဲ....
'' မင်းက ဒီမှာဘာလုပ်နေတာလဲ ... ''
လေသံက ရင်းနှီးနေသလိုပဲ။ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်သိနေသလိုမျိုး။
စုလုရီတစ်ယောက် ခနလောက်ဆိတ်ဆိတ်နေလိုက်တယ် ပြီးတော့ အရှက်သည်းစွာခေါင်းကိုငုံ့လိုက်ပြီး...
''ငါက မင်းကိုစပရိုက်လုပ်ချင်လို့ပါ''
အဲ့ဒီနောက်မှာ အဲ့လူရဲ့မျက်နှာ မိုးလိုမှောင်ကျသွားတာကို မြင်လိုက်ရတယ်။ အဲ့ဒီလူရဲ့မျက်ဝန်းတွေက ကုတင်ခြေရင်းကိုကြည့်ရင်း ရွဲ့တဲ့တဲ့လေသံနဲ့
''ဒီလိုနေရာမှာလား ..."
"အေးလေ စပရိုက်ပေါ့" စုလုရီဖြေလိုက်တယ်။
"........."
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးနောက်မှာတော့ ထိုလူ့ရဲ့တွေးဆဆပုံနဲ့ စူးစမ်းတဲ့မျက်ဝန်းတွေက စုလုရီပေါ်ကို ကျရောက်လာခဲ့တယ်။
လေထုက ခေတ္တခဏရပ်တန့်သွားပြီးတဲ့နောက်မှာတော့ သူကပြောလိုက်တယ်။
"ကြမ်းပြင်က ဆွဲထားလို့လား ..."
စုလုရီ အခုမှသူ့အခြေနေကိုနားလည်သွားရတယ်။ သူကိုယ်လုံးက ကြမ်းပြင်မှာတစ်ဝက်၊ ကုတင်ပေါ်မှာတစ်ဝက် တန်းလန်းကြီးဖြစ်နေတာကိုး....
"......"
သူမြန်မြန်ထလိုက်ပေမဲ့ သူ့ခြေထောက်တွေ ရုတ်တရက်ကြီးအေးစက်သွားတာကို ခံစားလိုက်ရတယ်။
စုလုရီ အောက်ကိုငုံ့ကြည့်လိုက်မိတာနဲ့ လန့်သွားတာသေမလိုပဲ...သူအခု အဖြူရောင်ရှပ်အကြီးကြီးတစ်ထည်ပဲ ဝတ်ထားတာလေ။ ရှပ်အနားက သူ့ပေါင်ရင်းတောင်မလုံချင်ဘူး သူ့ပေါင်ဖြူဖြူရှည်ရှည်နှစ်ချောင်းလုံး ပေါ်နေပြီ မျက်စိကျစရာကြီး။ အရှက်မရှိလိုက်တာ...
တစ်ဖက်လူရဲ့ အကြည့်တွေကလည်း သူ့ပေါင်တံပေါ်မှာတည်မြဲလို့....
"တကယ် စပရိုက်ပဲ"
ကောင်းရောပဲ။ ရွဲ့တဲ့အသံကြီးနဲ့....
စုလုရီ အဲ့လူကြီးသူ့ကိုအမြင်တော်တော်စောင်းနေတာသိပေမဲ့ ဘာလို့လဲဆိုတာတော့တကယ်မသိတာပါ။ သူစကားမပြောတာမြင်တော့ ထိုလူကြီးက
"မင်းကိုယ်မင်း ဘယ်သူဆိုတာရောသိလား ..."
စုလုရီ ပျော်သွားတယ်။ ငါဘာမှ,မှ သိပ်မသိတာ။
"စုလုရီ၊ စုမိသားစုက မင်းကိုပျိုးထောင်ခဲ့ပြီးတော့ မင်းကိုဒါမျိုးတွေလုပ်ဖို့မသင်ထားဘူး"
စုလုရီ ကြောင်သွားတယ်။ ဘယ်စုမိသားစုက သူ့ကိုပျိုးထောင်ခဲ့တာတုန်း ...။ သူ့အဖေက ဟိုးအရင်ထဲက မိသားစုကိုပြန်ထူထောင်ခဲ့တာ။ သူ့အမေဆုံးပြီးကတည်းက သူအမြဲတစ်ယောက်ထဲပဲ၊ ဘယ်သူမှသူ့ကိုထောက်ပံ့ခဲ့တာမဟုတ်ဘူး။
နေပါဦး...။ စုလုရီ ရုတ်တရက်တစ်ခုခုကိုနားလည်သွားတယ်။ သူ့ခြေထောက်တွေကို ငုံ့ကြည့်လိုက်တယ်၊ နူးညံ့ဖွေးဥနေတယ်။ သူ့ခြေထောက်တွေက ပိန်ပါးသွယ်လျနေပြီး လက်သည်းတွေကလည်း သေသေချာချာလှီးဖြတ်ထားသလို ဝိုင်းဝန်းသေသပ်နေတယ်။
သူအခုအရမ်းရှုပ်ထွေးသွားတယ် ပြီးတော့ ဒါကသူ့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကိုပါ နားလည်လိုက်တယ်။
အုန်းခနဲဆိုသလို စိတ်ထဲမှာ မိုးကြိုးအဆင်းတစ်ရာလောက်ပစ်ခွင်းသွားတယ်။ ပြီးတော့ စုလုရီတစ်ယောက် ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက်ကြက်သေသေသွားတယ်။ လက်ချောင်းထိပ်တွေကတော့တုန်ရီနေပြီ။ ခဏကြာတော့ မယုံကြည်နိုင်တဲ့ပုံစံနဲ့မော့ကြည့်လိုက်တယ်။ ပြီးတော့တစ်ခုခုကိုအတည်ပြုချင်တဲ့ပုံနဲ့ ...
"ငါ့ကို ဘယ်လိုခေါ်လိုက်တယ် ..."
"စုလုရီ လေ"
ထိုလူကထပ်ပြောလိုက်တယ်။ ပြီးတော့ လှောင်ချင်တဲ့အေးစက်စက်အသံနဲ့ ...
"မဟုတ်ရင် ဘယ်လိုခေါ်ရဦးမှာလဲ လုရီ လား။ ရီလေး လား။ ညီလေး ဆိုပြီးတော့လား ..."
မဖြစ်နိုင်ဘူးထင်တဲ့ခန့်မှန်းမှုက သေချာသွားပါပြီ။ စုလုရီတစ်ယောက် ခေါင်းလေးထုတ်ပြီး တုန်ရီနေတဲ့အသံနဲ့ခေါ်ကြည့်လိုက်တယ်
"စုချီ ..."
"ဘာလဲ ..."
တစ်ဖက်လူက အေးအေးဆေးဆေးပုံစံနဲ့လက်ပိုက်ပြီး ပြန်ဖြေလိုက်တယ်။
စုလုရီချာချာလည်သွားတယ်။ တကယ်ကြီး စုချီပဲ။ နောက်ဆုံးတော့ သူဘာတွေဖြစ်သွားလည်းဆိုတာ နားလည်လိုက်ပြီ။ သူကစုလုရီတော့ စုလုရီပဲ၊ ဒါပေမဲ့အရင်စုလုရီမဟုတ်တော့ဘူး။ သူဖတ်ထားတဲ့ ချမ်းသာတဲ့မိသားစု အရှုပ်အထွေးဝတ္ထုတစ်ခုထဲက ရက်စက်တတ်တဲ့မွေးစားသား 'စုလုရီ' ဖြစ်နေပြီ။
သူ့အရှေ့ကလူကတော့ စုမိသားစုရဲ့တကယ့်အစစ်မှန်အမွေဆက်ခံမဲ့ အကြီးဆုံးသား 'စုချီ' ပဲ...သူနဲ့မျိုးရိုးတူ အကြီးဆုံးအကိုပေါ့။
စုလုရီ ဒီဝတ္ထုကိုဖတ်ရတဲ့အဓိကအကြောင်းရင်းက ကာရိုက်တာကြောင့်ပေမဲ့ သူနဲ့နာမည်တူ၊ မျိုးရိုးတူနေလို့ သူတောင်အံ့သြခဲ့ရသေးတယ်။
စာအုပ်ထဲမှာ 'စုလုရီ'က မိဘမဲ့။ ဆဲတတ်တဲ့မိဘမဲ့တော့မဟုတ်ဘူး။ ဒါပေမဲ့ မိဘမဲ့ကျောင်းမှာပဲကြီးပြင်းလာခဲ့တယ်ပေါ့။ နောက်တော့ စုလုရီက ကလေးမွေးစားဖို့လာတဲ့ စုမိသားစုရဲ့အကြီးကဲ စုကျစ်ထုံကို သူ့ရဲ့ထက်မြက်တဲ့ပုံစံ ချိုသာတဲ့စကားတွေနဲ့ဆွဲဆောင်ပြီး အောင်မြင်စွာလှည့်ဖြားနိုင်ခဲ့တယ်။ သူ့ကိုစုမိသားစုဆီခေါ်သွားပြီးတဲ့နောက်မှာတော့ သူကနေ့ချင်းညချင်းပဲ စုမိသားစုရဲ့သခင်လေးဖြစ်လာတော့တာပဲ။
စုကျစ်ထုံက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်၊ ပြီးတော့ ပရဟိတသမား။ သူ့မှာသွေးသားရင်း သားသုံးယောက်ရှိပေမဲ့ သူ့ကိုကောင်းကောင်းဆက်ဆံပါတယ်။ ပြီးတော့ သူ့ကိုအငယ်ဆုံးကလေးလေးလိုဆက်ဆံတာကလည်း တကယ်ကိုခံရခက်စေတာပဲ။
ဒါပေမဲ့လို့ ဝတ္ထုထဲကစုလုရီက ရုပ်ကလေးလှသလောက် စိတ်ထားကတော့ယုတ်မာတယ်။ မွေးစားသား၊ အငယ်ဆုံးသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင်မကျေနပ်ပဲ စုမိသားစုရဲ့ချမ်းသာတဲ့ပိုင်ဆိုင်မှုတွေကိုပါ လက်ဝါးကြီးအုပ်ချင်နေတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စုလုရီ သူ့နာမည်က စုမိသားစုသန်းခေါင်စာရင်းထဲမပါတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူရူးလောက်အောင် ပေါက်ကွဲသွားရတယ်။
ဒီလိုလား၊ ရတယ်လေ။ စုမိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့ သူက ဘာမှမဆိုင်ဘူးဆိုရင် သူကိုယ်တိုင်ပဲရအောင်ယူပြလိုက်မယ်။
အဲ့တာနဲ့ပဲသူက မိသားစုပိုင်စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ သူ့အကိုတွေကို တစ်မျိုးပြီးတစ်မျိုးလိုက်နှောင့်ယှက်တယ်။ နောက်ဆုံးမှာတော့ သူကားအက်စီးဒန့်ဖြစ်တယ်။ သူ့အစ်ကိုတွေက သူ့ကိုအတူတူပြန်တိုက်ခိုက်တယ်။ သူ့ခွေး ခြေထောက်ကျိုးသွားတယ်။ စိတ်ဓာတ်တွေဟိုးအောက်ဆုံးထိထိုးကျပြီး နောက်ဆုံးမှာတော့ စိတ္တဇဆေးရုံမှာ တစ်သက်လုံးနေသွားရရော။
ဝတ္ထုကို ပြန်တွေးကြည့်တဲ့နောက်မှာတော့ စုလုရီ စိတ်ညစ်သွားရတယ်။
စုချီ သူ့ကိုရွဲ့စောင်းနေတာကိုလည်း မအံ့သြတော့ပါဘူး။ ဒီခန္ဓာကိုယ်နဲ့သာဆို ရိုက်နှက်ပြီးကန်မထုတ်တာကို ကျေးဇူးတင်လှပါပြီ။
စုလုရီ ဒီနဂိုခန္ဓာကိုယ်ပိုင်ရှင် စာအုပ်ထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်ရေတွက်နေလိုက်တယ်။ သူများအဖြူဆို သူကအမဲလုပ်တယ်။ အမှန်တွေကိုအမှားလုပ်တယ်၊ ရန်တိုက်တယ်၊ ညစ်ပတ်တဲ့ရေတွေနဲ့ သူ့အကိုတွေကိုလောင်းချတယ်။ ပြီးတော့ စုမိသားစုရဲ့လျှို့ဝှက်ချက်တွေကို သစ္စာဖောက်တယ်....
အခုလည်း စုချီရဲ့ကုတင်ခြေရင်းမှာ ပေါ်လာပြန်ပြီ။ မူလခန္ဓာကိုယ် (ဝတ္ထုထဲက စုလုရီ) က စုချီအိပ်မောကျနေတဲ့အချိန် ကုတင်ပေါ်တတ်ပြီး သနားစရာညီငယ်လေးကို မတရားပြုကျင့်ပါတယ်လို့ အရှက်မရှိစွပ်စွဲဖို့ ကြံစည်ထားပုံပဲ။
မူရင်းဝတ္ထုမှာ စုမိသားစုရဲ့အစ်ကိုသုံးယောက်က ဘာလို့ဒီခန္ဓာကိုယ်ပိုင်ရှင်ကို မကောင်းဆိုးဝါးဖြစ်အောင် အကြာကြီးလွှတ်ထားပေးမှန်း စုလုရီ တကယ်နားမလည်နိုင်ဘူး။
သူ သူ့ကိုယ်သူ အပေါက်တစ်သိန်းနဲ့ ပဆုပ်ပနီကောင်ရဲ့အသိုက်လို ပိုးကောင်လို့ပဲမှတ်ယူလိုက်တယ်။
စုချီက စုလုရီရဲ့မျက်ဝန်းတွေအားယုတ်နေတာကို တွေ့လိုက်ရတယ်။ သူဘာတွေတွေးနေလဲမသိနိုင်တာမို့ သူ့လေသံကိုမြှင့်လိုက်ပြီး ...
"အဖေက မင်းကိုအလိုလိုက်လွန်းလို့ မင်းကောင်းသည်၊ ဆိုးသည် အားလုံးကို မျက်လုံးစုံမှိတ်လက်ခံပေးထားတာ။ အဖေစိတ်ညစ်မှာစိုးလို့မပြောတာ တော်ရုံပဲကောင်းတယ် "
စုလုရီလည်း သူ့ကိုယ်သူတောင်မသိလိုက်ပဲ မေးလိုက်မိတယ် ...
"မင်းသူ့ကို စိတ်ရှုပ်အောင်တစ်ခါလောက် ဘာလို့လုပ်မကြည့်တာလဲ ..."
ဖြတ်မဲ့ဖြတ် အမြစ်ထိဖြတ်ကွာ...။
"...."
"မင်းကဘာလို့ အဖေ့ကိုပြန်ပြောစေချင်နေတာလဲ ..."
စုလုရီ မြန်မြန်ပြန်ပြင်ပြောလိုက်ရတယ် ...
"နိုး နိုး"
သူက သူ့လက်ချောင်းလှလှလေးတွေကို စုချီဆီထိုးလိုက်ပြီး ...
"ဒါက ငါတို့ညီအစ်ကိုတွေကြားက လျှို့ဝှက်ချက်လေးပေါ့"
စုချီက မဲ့ပြုံးပြုံးလိုက်တယ်။
စုလုရီတစ်ယောက် သူ့လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ရှေ့ကလူကို တစ်ချက်ခိုးကြည့်လိုက်တယ်။ နည်းနည်းလောက် စဥ်းစားပြီးတာနဲ့ ခေါင်းကိုငုံ့နိုင်သလောက် အောက်ငုံ့ချပြီး
"တောင်းပန်ပါတယ်။ အစ်ကို့အခန်းကို ခွင့်ပြုချက်မရှိပဲမဝင်သင့်တာကို ကျွန်တော်နောက်မလုပ်တော့ပါဘူး"
စုချီက ဘာမှမပြောပဲ သူ့မျက်နှာကိုပဲစိုက်ကြည့်နေလိုက်တယ်။ ဒီမျက်နှာကတော်တော်လှတယ်၊ မျက်ခုံးလည်းလှတယ်၊ အထူးသဖြင့် အဲ့မျက်ဝန်းတွေ...ကြည်လင်ပြီးစိုစွတ်နေတာ...မျက်ဝန်းထောင့်စွန်းလေးတွေက အနည်းငယ်အောက်ကိုကျချင်ချင်ပဲ အဲ့လိုမျက်ဝန်းတွေက သနားစရာအဓိပ္ပာယ်တွေအများကြီးရှိတတ်တယ်လေ...
ကြမ်းတမ်းခက်ထန်မှုမရှိတဲ့မျက်နှာလေးပါပဲ။ ဒါပေမဲ့ အဲ့မျက်နှာလေးနဲ့ပဲ သူများယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ပြီး အောင်မြင်ဖို့တွက် ဘာမဆိုချနင်းပစ်တတ်တာတော့ အမှန်ပဲ။
သူတော်ကောင်းယောင်ဆောင်၊ အလိမ်အညာကောင်။ စိတ်ကင်ဆာ ...
စုချီ မဲ့ပြုံးပြုံးပြလိုက်တယ် ...
"ဘာလဲ လှည့်ကွက်အသစ်တွေလား ..."
စုလုရီက သူ့လက်ကိုဆန့်ထုတ်ပြီး ဘယ်ဖက်ရင်အုံကိုညစ်ကာ ...
"ငါ့စိတ်ရင်းတွေပါ"
စုချီရဲ့မျက်လုံးတွေကတော့ အဲ့နှလုံးသားကြီးပေါ်မှာပေါ့ ...
"အစ်ကိုကြီး ငါပြန်လို့ရပြီလား ..." စုလုရီက သူ့လက်ကိုပြန်ရုတ်ပြီး
"ငါ့ခြေထောက်တွေ အေးနေပြီ"
စုချီက မျက်ခုံးတွေပင့်လိုက်ပြီး...
"အဲ့တာ ငါလုပ်တာလား ..."
စုလုရီက အရိပ်ကဲတော့နားလည်ပါတယ်။
"ငါ့ဟာငါ ဖြစ်တာပါ"
"မင်းပြောတဲ့စကား မင်းမှတ်ထားနော်" စုချီပြောလိုက်တယ်။
စုလုရီခေါင်းငြိမ့်လိုက်ပြီး
"မပူနဲ့ ငါစာအုပ်ထဲချရေးပြီး နေ့တိုင်းထုတ်ကြည့်ပြီး တရုတ်လိုတစ်ခါ အင်္ဂလိပ်လိုတစ်ခါ တနေ့သုံးခါရွတ်မယ်။ ပြီးတော့ စကားလုံးတွေ ဝါကျတွေ...."
"အိုး မင်းကအင်္ဂလိပ်လိုပြောတတ်တာလား ..."
စုလုရီရဲ့ ရွှေဥာဏ်တော်စူးရောက်မှုက ...
"ဒါ..ဒါပေါ့ ပြောတတ်တာပေါ့"
"....."
စုချီ သက်ပြင်းချကာ မြန်မြန်ထွက်သွားဖို့ လက်ရမ်းပြလိုက်တယ်။
စုလုရီက လက်ရှိအခြေနေကိုနားလည်ပြီး သူ့ရှပ်အနားစကိုကိုင်ကာ တံခါးရှိရာသို့ရွေ့လျားသွားတယ်။ တံခါးနားရောက်တော့ သူရုတ်တရက်တားခံလိုက်ရတယ် ...
"နေပါဦး..."
စုလုရီ ကြောင်တောင်တောင်နဲ့ လှည့်ကြည့်လိုက်တော့ စုချီကသူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ...
"မင်းက ယောင်္ကျားတွေကြိုက်တာလား ..."
"....."
စုချီကို အပြစ်မတင်ပါဘူး။ ငါလည်း ဒီပုံစံကြီးနဲ့ သူများကုတင်ပေါ်သွားတတ်တာ တော်တော်စောက်ကျိုးနည်းတဲ့ ကိစ္စလို့ထင်တာပါပဲ။
"မကြိုက်ပါဘူး"
စုလုရီ မြန်မြန်ရှင်းပြလိုက်တယ်။ သူ့ရဲ့အရိုးခံမျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး ...
"မင်း ငါ့ကိုယုံ"
ငါ သုန်မှုန်သွားတယ်။
စုချီ ကြည့်ရတာတော့ ဒီတိုင်းမေးလိုက်တဲ့ပုံပါပဲ။
"မင်းဟာမင်း ယောင်္ကျားကြိုက်ကြိုက် မိန်းမကြိုက်ကြိုက် ကိစ္စမရှိဘူး"
သူက သူ့မျက်ဝန်းတွေကိုပင့်လိုက်ပြီး...
"အေး အပိုတွေတော့မလုပ်နဲ့"
စုလုရီ ခပ်မြန်မြန်ပဲ ...
"သိပါတယ် ငါပြောင်းလဲသွားပါပြီ" လို့ပြောလိုက်တယ်။
တကယ်လည်း ဘဝသစ်ဖြစ်သွားပြီလေ။
စုချီက မယုတ်မလွန် အနေအထားပဲ။ စုလုရီ ကြည့်လိုက်တာနဲ့သိပါတယ် သူ့ကိုမယုံဘူးဆိုတာ။ ဒီလို နောက်ကြောင်းမရှင်းတဲ့သူတစ်ယောက်ကို အလွယ်တကူ စုချီမယုံတာဟာ ဖြစ်သင့်ပါတယ်လေ။
သူ့လက်ရှိအခြေနေက နည်းနည်းစိမ်းသက်နေရုံပါ။ ဒါနဲ့ စာအုပ်အရဆို သူလုပ်သမျှနောက်က လိုက်ရှင်းမှာ ရွှေလက်ချောင်းလေးရှိတယ်မဟုတ်ဘူးလား။ ဘာလို့မရှိတာပါလိမ့်။ စုလုရီက တံခါးဖွင့်ပြီးထွက်လာလိုက်တယ်။ သူ့ရွှေလက်ချောင်းလေးက လမ်းမှာကားပိတ်နေလို့နေမှာပေါ့လေ။
နေ...နေပါဦး ဒီတံခါးကို...မဟုတ်မှလွဲရော သူ့ရွှေလက်ချောင်းက....
"ဒီမှာ ဘာလုပ်နေတာလဲ"
အိပ်ခန်းတံခါးပွင့်သွားတယ်။ စုလုရီရဲ့ခေါင်းရော အပြင်ဖက်က စုကျစ်ထုံရဲ့မျက်နှာရော အံ့အားသင့်ခြင်းတွေနဲ့ပြည့်နှက်သွားတယ်။ စုကျစ်ထုံရဲ့ မျက်နှာက အခန်းထဲက စုချီကိုလည်းမြင်လိုက်ရော ပိုအံ့အားသင့်သွားပြီး
"မင်းကရော ဒီမှာဘာလုပ်နေတာလဲ"
"......"
"......."
စောက်ကျိုးတော့နည်းပြီ။
.......................................................................
Zawgyi
Chapter 1: ကုတင္ေျခရင္းသို႔ ေလထီးခုန္ျခင္း
"ဘုန္း"
မသဲမကြဲအသံတစ္ခု ထြက္ေပၚလာခဲ့တယ္။
စုလုရီက သူ႕ေခါင္းအေနာက္ဖက္ကိုကိုင္ထားရင္း အသက္ျပင္းျပင္းတစ္ခ်က္ရႈသြင္းလိုက္တယ္။ မ်က္ခြံေတြကို ေျဖးေျဖးခ်င္းဖြင့္ၾကည့္ေတာ့ သူက ကုတင္ေျခရင္းမွာ လွဲေနတာကို ေတြ႕လိုက္ရတယ္။
ဘာျဖစ္သြားတာလဲ...သူအိပ္ေပ်ာ္ေနတာမဟုတ္ဘူးလား။ အိပ္ယာထဲမွာလွိမ့္ရင္းနဲ႕ ဂြၽမ္းထိုးၿပီးမ်ားျပဳတ္က်သြားတာလား။
တကယ္ႀကီးလား ... သူကိုက ေအာ္တိုလွိမ့္ေနတာျဖစ္မွာပါ။
စုလုရီက သူ႕ေခါင္းကိုပြတ္ၿပီး ျပန္လွဲအိပ္ဖို႔ ကုတင္ေျခရင္းကေန တ႐ြတ္တိုက္ထလိုက္တယ္။ တ႐ြတ္တိုက္ထေနရင္းနဲ႕ပဲ တစ္ခုခုမွားေနတာကို စုလုရီနားလည္လိုက္တယ္။ အိပ္ခန္းကေမွာင္ေနတယ္။ ဝရံတာမွန္တံခါးကေနလည္း အလင္းျဖျဖဝင္လာေနတယ္။ ၿပီးေတာ့ ရိုးရွင္းၿပီးစတိုင္က်တဲ့ အိမ္သုံးပရိေဘာဂေတြကိုလည္း ဝိုးတဝါးျမင္ေနရတယ္။
သူ႕မ်က္ဝန္းေတြ တုန္လႈပ္သြားရတယ္...ဒါသူ႕အိပ္ခန္းမွမဟုတ္တာ။
သူလက္ရွိအေျခအေနကို နားမလည္နိုင္ေသးခင္မွာပဲ 'ကလစ္' ဆိုတဲ့အသံနဲ႕အတူ အခန္းတံခါးက ႐ုတ္တရက္ပြင့္လာခဲ့တယ္။ သိပ္မၾကာဘူး အခန္းတစ္ခုလုံး မီးေတြလင္းသြားေရာ...
သူ႕မ်က္လုံးေတြ တျဖည္းျဖည္းၾကည္လင္တာနဲ႕တစ္ၿပိဳင္နက္ တံခါးဝကလူကို သူလွမ္းၾကည့္လိုက္မိတယ္။
ေအး...အဲ့တာကေရာ ဘယ္သူႀကီးတုန္းဟ ...
စုလုရီတစ္ေယာက္ ႐ုတ္တရက္ဆန္တဲ့အေျခအေနေတြေၾကာင့္ ဖရိုဖရဲၿပိဳကြဲေနတုန္းမွာပဲ အဲ့လူကသူ႕ေရွ႕ကိုေျခလွမ္းက်ဲနဲ႕ေလွ်ာက္လာတယ္။ သူ႕ရဲ႕ခက္ထန္တဲ့မ်က္ခုံးေတြကလည္း စူးရွေနေရာပဲ။
သူက စုလုရီရဲ႕ေရွ႕မွာရပ္လိုက္တယ္။ သူ႕မ်က္ဝန္းေတြက နင့္နင့္နဲနဲ....
'' မင္းက ဒီမွာဘာလုပ္ေနတာလဲ ... ''
ေလသံက ရင္းႏွီးေနသလိုပဲ။ လူႏွစ္ေယာက္ တစ္ေယာက္နဲ႕တစ္ေယာက္သိေနသလိုမ်ိဳး။
စုလုရီတစ္ေယာက္ ခနေလာက္ဆိတ္ဆိတ္ေနလိုက္တယ္ ၿပီးေတာ့ အရွက္သည္းစြာေခါင္းကိုငုံ႕လိုက္ၿပီး...
''ငါက မင္းကိုစပရိုက္လုပ္ခ်င္လို႔ပါ''
အဲ့ဒီေနာက္မွာ အဲ့လူရဲ႕မ်က္ႏွာ မိုးလိုေမွာင္က်သြားတာကို ျမင္လိုက္ရတယ္။ အဲ့ဒီလူရဲ႕မ်က္ဝန္းေတြက ကုတင္ေျခရင္းကိုၾကည့္ရင္း ႐ြဲ႕တဲ့တဲ့ေလသံနဲ႕
''ဒီလိုေနရာမွာလား ..."
"ေအးေလ စပရိုက္ေပါ့" စုလုရီေျဖလိုက္တယ္။
"........."
သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ၿပီးေနာက္မွာေတာ့ ထိုလူ႕ရဲ႕ေတြးဆဆပုံနဲ႕ စူးစမ္းတဲ့မ်က္ဝန္းေတြက စုလုရီေပၚကို က်ေရာက္လာခဲ့တယ္။
ေလထုက ေခတၱခဏရပ္တန့္သြားၿပီးတဲ့ေနာက္မွာေတာ့ သူကေျပာလိုက္တယ္။
"ၾကမ္းျပင္က ဆြဲထားလို႔လား ..."
စုလုရီ အခုမွသူ႕အေျခေနကိုနားလည္သြားရတယ္။ သူကိုယ္လုံးက ၾကမ္းျပင္မွာတစ္ဝက္၊ ကုတင္ေပၚမွာတစ္ဝက္ တန္းလန္းႀကီးျဖစ္ေနတာကိုး....
"......"
သူျမန္ျမန္ထလိုက္ေပမဲ့ သူ႕ေျခေထာက္ေတြ ႐ုတ္တရက္ႀကီးေအးစက္သြားတာကို ခံစားလိုက္ရတယ္။
စုလုရီ ေအာက္ကိုငုံ႕ၾကည့္လိုက္မိတာနဲ႕ လန့္သြားတာေသမလိုပဲ...သူအခု အျဖဴေရာင္ရွပ္အႀကီးႀကီးတစ္ထည္ပဲ ဝတ္ထားတာေလ။ ရွပ္အနားက သူ႕ေပါင္ရင္းေတာင္မလုံခ်င္ဘူး သူ႕ေပါင္ျဖဴျဖဴရွည္ရွည္ႏွစ္ေခ်ာင္းလုံး ေပၚေနၿပီ မ်က္စိက်စရာႀကီး။ အရွက္မရွိလိုက္တာ...
တစ္ဖက္လူရဲ႕ အၾကည့္ေတြကလည္း သူ႕ေပါင္တံေပၚမွာတည္ၿမဲလို႔....
"တကယ္ စပရိုက္ပဲ"
ေကာင္းေရာပဲ။ ႐ြဲ႕တဲ့အသံႀကီးနဲ႕....
စုလုရီ အဲ့လူႀကီးသူ႕ကိုအျမင္ေတာ္ေတာ္ေစာင္းေနတာသိေပမဲ့ ဘာလို႔လဲဆိုတာေတာ့တကယ္မသိတာပါ။ သူစကားမေျပာတာျမင္ေတာ့ ထိုလူႀကီးက
"မင္းကိုယ္မင္း ဘယ္သူဆိုတာေရာသိလား ..."
စုလုရီ ေပ်ာ္သြားတယ္။ ငါဘာမွ,မွ သိပ္မသိတာ။
"စုလုရီ၊ စုမိသားစုက မင္းကိုပ်ိဳးေထာင္ခဲ့ၿပီးေတာ့ မင္းကိုဒါမ်ိဳးေတြလုပ္ဖို႔မသင္ထားဘူး"
စုလုရီ ေၾကာင္သြားတယ္။ ဘယ္စုမိသားစုက သူ႕ကိုပ်ိဳးေထာင္ခဲ့တာတုန္း ...။ သူ႕အေဖက ဟိုးအရင္ထဲက မိသားစုကိုျပန္ထူေထာင္ခဲ့တာ။ သူ႕အေမဆုံးၿပီးကတည္းက သူအၿမဲတစ္ေယာက္ထဲပဲ၊ ဘယ္သူမွသူ႕ကိုေထာက္ပံ့ခဲ့တာမဟုတ္ဘူး။
ေနပါဦး...။ စုလုရီ ႐ုတ္တရက္တစ္ခုခုကိုနားလည္သြားတယ္။ သူ႕ေျခေထာက္ေတြကို ငုံ႕ၾကည့္လိုက္တယ္၊ ႏူးညံ့ေဖြးဥေနတယ္။ သူ႕ေျခေထာက္ေတြက ပိန္ပါးသြယ္လ်ေနၿပီး လက္သည္းေတြကလည္း ေသေသခ်ာခ်ာလွီးျဖတ္ထားသလို ဝိုင္းဝန္းေသသပ္ေနတယ္။
သူအခုအရမ္းရႈပ္ေထြးသြားတယ္ ၿပီးေတာ့ ဒါကသူ႕ခႏၶာကိုယ္မဟုတ္ဘူးဆိုတာကိုပါ နားလည္လိုက္တယ္။
အုန္းခနဲဆိုသလို စိတ္ထဲမွာ မိုးႀကိဳးအဆင္းတစ္ရာေလာက္ပစ္ခြင္းသြားတယ္။ ၿပီးေတာ့ စုလုရီတစ္ေယာက္ ငါးစကၠန့္၊ ေျခာက္စကၠန့္ေလာက္ၾကက္ေသေသသြားတယ္။ လက္ေခ်ာင္းထိပ္ေတြကေတာ့တုန္ရီေနၿပီ။ ခဏၾကာေတာ့ မယုံၾကည္နိုင္တဲ့ပုံစံနဲ႕ေမာ့ၾကည့္လိုက္တယ္။ ၿပီးေတာ့တစ္ခုခုကိုအတည္ျပဳခ်င္တဲ့ပုံနဲ႕ ...
"ငါ့ကို ဘယ္လိုေခၚလိုက္တယ္ ..."
"စုလုရီ ေလ"
ထိုလူကထပ္ေျပာလိုက္တယ္။ ၿပီးေတာ့ ေလွာင္ခ်င္တဲ့ေအးစက္စက္အသံနဲ႕ ...
"မဟုတ္ရင္ ဘယ္လိုေခၚရဦးမွာလဲ လုရီ လား။ ရီေလး လား။ ညီေလး ဆိုၿပီးေတာ့လား ..."
မျဖစ္နိုင္ဘူးထင္တဲ့ခန့္မွန္းမႈက ေသခ်ာသြားပါၿပီ။ စုလုရီတစ္ေယာက္ ေခါင္းေလးထုတ္ၿပီး တုန္ရီေနတဲ့အသံနဲ႕ေခၚၾကည့္လိုက္တယ္
"စုခ်ီ ..."
"ဘာလဲ ..."
တစ္ဖက္လူက ေအးေအးေဆးေဆးပုံစံနဲ႕လက္ပိုက္ၿပီး ျပန္ေျဖလိုက္တယ္။
စုလုရီခ်ာခ်ာလည္သြားတယ္။ တကယ္ႀကီး စုခ်ီပဲ။ ေနာက္ဆုံးေတာ့ သူဘာေတြျဖစ္သြားလည္းဆိုတာ နားလည္လိုက္ၿပီ။ သူကစုလုရီေတာ့ စုလုရီပဲ၊ ဒါေပမဲ့အရင္စုလုရီမဟုတ္ေတာ့ဘူး။ သူဖတ္ထားတဲ့ ခ်မ္းသာတဲ့မိသားစု အရႈပ္အေထြးဝတၳဳတစ္ခုထဲက ရက္စက္တတ္တဲ့ေမြးစားသား 'စုလုရီ' ျဖစ္ေနၿပီ။
သူ႕အေရွ႕ကလူကေတာ့ စုမိသားစုရဲ႕တကယ့္အစစ္မွန္အေမြဆက္ခံမဲ့ အႀကီးဆုံးသား 'စုခ်ီ' ပဲ...သူနဲ႕မ်ိဳးရိုးတူ အႀကီးဆုံးအကိုေပါ့။
စုလုရီ ဒီဝတၳဳကိုဖတ္ရတဲ့အဓိကအေၾကာင္းရင္းက ကာရိုက္တာေၾကာင့္ေပမဲ့ သူနဲ႕နာမည္တူ၊ မ်ိဳးရိုးတူေနလို႔ သူေတာင္အံ့ၾသခဲ့ရေသးတယ္။
စာအုပ္ထဲမွာ 'စုလုရီ'က မိဘမဲ့။ ဆဲတတ္တဲ့မိဘမဲ့ေတာ့မဟုတ္ဘူး။ ဒါေပမဲ့ မိဘမဲ့ေက်ာင္းမွာပဲႀကီးျပင္းလာခဲ့တယ္ေပါ့။ ေနာက္ေတာ့ စုလုရီက ကေလးေမြးစားဖို႔လာတဲ့ စုမိသားစုရဲ႕အႀကီးကဲ စုက်စ္ထုံကို သူ႕ရဲ႕ထက္ျမက္တဲ့ပုံစံ ခ်ိဳသာတဲ့စကားေတြနဲ႕ဆြဲေဆာင္ၿပီး ေအာင္ျမင္စြာလွည့္ျဖားနိုင္ခဲ့တယ္။ သူ႕ကိုစုမိသားစုဆီေခၚသြားၿပီးတဲ့ေနာက္မွာေတာ့ သူကေန႕ခ်င္းညခ်င္းပဲ စုမိသားစုရဲ႕သခင္ေလးျဖစ္လာေတာ့တာပဲ။
စုက်စ္ထုံက ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္၊ ၿပီးေတာ့ ပရဟိတသမား။ သူ႕မွာေသြးသားရင္း သားသုံးေယာက္ရွိေပမဲ့ သူ႕ကိုေကာင္းေကာင္းဆက္ဆံပါတယ္။ ၿပီးေတာ့ သူ႕ကိုအငယ္ဆုံးကေလးေလးလိုဆက္ဆံတာကလည္း တကယ္ကိုခံရခက္ေစတာပဲ။
ဒါေပမဲ့လို႔ ဝတၳဳထဲကစုလုရီက ႐ုပ္ကေလးလွသေလာက္ စိတ္ထားကေတာ့ယုတ္မာတယ္။ ေမြးစားသား၊ အငယ္ဆုံးသားဆိုတဲ့ ဂုဏ္ပုဒ္နဲ႕တင္မေက်နပ္ပဲ စုမိသားစုရဲ႕ခ်မ္းသာတဲ့ပိုင္ဆိုင္မႈေတြကိုပါ လက္ဝါးႀကီးအုပ္ခ်င္ေနတာ။ တိုက္တိုက္ဆိုင္ဆိုင္ပဲ စုလုရီ သူ႕နာမည္က စုမိသားစုသန္းေခါင္စာရင္းထဲမပါတာကို သိသြားတာနဲ႕တစ္ၿပိဳင္နက္ သူ႐ူးေလာက္ေအာင္ ေပါက္ကြဲသြားရတယ္။
ဒီလိုလား၊ ရတယ္ေလ။ စုမိသားစုရဲ႕ပိုင္ဆိုင္မႈေတြနဲ႕ သူက ဘာမွမဆိုင္ဘူးဆိုရင္ သူကိုယ္တိုင္ပဲရေအာင္ယူျပလိုက္မယ္။
အဲ့တာနဲ႕ပဲသူက မိသားစုပိုင္စီးပြားေရးေတြကို လက္ဝါးႀကီးအုပ္ဖို႔ သူ႕အကိုေတြကို တစ္မ်ိဳးၿပီးတစ္မ်ိဳးလိုက္ေႏွာင့္ယွက္တယ္။ ေနာက္ဆုံးမွာေတာ့ သူကားအက္စီးဒန့္ျဖစ္တယ္။ သူ႕အစ္ကိုေတြက သူ႕ကိုအတူတူျပန္တိုက္ခိုက္တယ္။ သူ႕ေခြး ေျခေထာက္က်ိဳးသြားတယ္။ စိတ္ဓာတ္ေတြဟိုးေအာက္ဆုံးထိထိုးက်ၿပီး ေနာက္ဆုံးမွာေတာ့ စိတၱဇေဆး႐ုံမွာ တစ္သက္လုံးေနသြားရေရာ။
ဝတၳဳကို ျပန္ေတြးၾကည့္တဲ့ေနာက္မွာေတာ့ စုလုရီ စိတ္ညစ္သြားရတယ္။
စုခ်ီ သူ႕ကို႐ြဲ႕ေစာင္းေနတာကိုလည္း မအံ့ၾသေတာ့ပါဘူး။ ဒီခႏၶာကိုယ္နဲ႕သာဆို ရိုက္ႏွက္ၿပီးကန္မထုတ္တာကို ေက်းဇူးတင္လွပါၿပီ။
စုလုရီ ဒီနဂိုခႏၶာကိုယ္ပိုင္ရွင္ စာအုပ္ထဲမွာ ဘာေတြလုပ္ခဲ့လဲဆိုတာကို ျပန္ေရတြက္ေနလိုက္တယ္။ သူမ်ားအျဖဴဆို သူကအမဲလုပ္တယ္။ အမွန္ေတြကိုအမွားလုပ္တယ္၊ ရန္တိုက္တယ္၊ ညစ္ပတ္တဲ့ေရေတြနဲ႕ သူ႕အကိုေတြကိုေလာင္းခ်တယ္။ ၿပီးေတာ့ စုမိသားစုရဲ႕လွ်ို႔ဝွက္ခ်က္ေတြကို သစၥာေဖာက္တယ္....
အခုလည္း စုခ်ီရဲ႕ကုတင္ေျခရင္းမွာ ေပၚလာျပန္ၿပီ။ မူလခႏၶာကိုယ္ (ဝတၳဳထဲက စုလုရီ) က စုခ်ီအိပ္ေမာက်ေနတဲ့အခ်ိန္ ကုတင္ေပၚတတ္ၿပီး သနားစရာညီငယ္ေလးကို မတရားျပဳက်င့္ပါတယ္လို႔ အရွက္မရွိစြပ္စြဲဖို႔ ႀကံစည္ထားပုံပဲ။
မူရင္းဝတၳဳမွာ စုမိသားစုရဲ႕အစ္ကိုသုံးေယာက္က ဘာလို႔ဒီခႏၶာကိုယ္ပိုင္ရွင္ကို မေကာင္းဆိုးဝါးျဖစ္ေအာင္ အၾကာႀကီးလႊတ္ထားေပးမွန္း စုလုရီ တကယ္နားမလည္နိုင္ဘူး။
သူ သူ႕ကိုယ္သူ အေပါက္တစ္သိန္းနဲ႕ ပဆုပ္ပနီေကာင္ရဲ႕အသိုက္လို ပိုးေကာင္လို႔ပဲမွတ္ယူလိုက္တယ္။
စုခ်ီက စုလုရီရဲ႕မ်က္ဝန္းေတြအားယုတ္ေနတာကို ေတြ႕လိုက္ရတယ္။ သူဘာေတြေတြးေနလဲမသိနိုင္တာမို႔ သူ႕ေလသံကိုျမႇင့္လိုက္ၿပီး ...
"အေဖက မင္းကိုအလိုလိုက္လြန္းလို႔ မင္းေကာင္းသည္၊ ဆိုးသည္ အားလုံးကို မ်က္လုံးစုံမွိတ္လက္ခံေပးထားတာ။ အေဖစိတ္ညစ္မွာစိုးလို႔မေျပာတာ ေတာ္႐ုံပဲေကာင္းတယ္ "
စုလုရီလည္း သူ႕ကိုယ္သူေတာင္မသိလိုက္ပဲ ေမးလိုက္မိတယ္ ...
"မင္းသူ႕ကို စိတ္ရႈပ္ေအာင္တစ္ခါေလာက္ ဘာလို႔လုပ္မၾကည့္တာလဲ ..."
ျဖတ္မဲ့ျဖတ္ အျမစ္ထိျဖတ္ကြာ...။
"...."
"မင္းကဘာလို႔ အေဖ့ကိုျပန္ေျပာေစခ်င္ေနတာလဲ ..."
စုလုရီ ျမန္ျမန္ျပန္ျပင္ေျပာလိုက္ရတယ္ ...
"နိုး နိုး"
သူက သူ႕လက္ေခ်ာင္းလွလွေလးေတြကို စုခ်ီဆီထိုးလိုက္ၿပီး ...
"ဒါက ငါတို႔ညီအစ္ကိုေတြၾကားက လွ်ို႔ဝွက္ခ်က္ေလးေပါ့"
စုခ်ီက မဲ့ၿပဳံးၿပဳံးလိုက္တယ္။
စုလုရီတစ္ေယာက္ သူ႕လက္ကိုျပန္႐ုတ္လိုက္ၿပီး သူ႕ေရွ႕ကလူကို တစ္ခ်က္ခိုးၾကည့္လိုက္တယ္။ နည္းနည္းေလာက္ စဥ္းစားၿပီးတာနဲ႕ ေခါင္းကိုငုံ႕နိုင္သေလာက္ ေအာက္ငုံ႕ခ်ၿပီး
"ေတာင္းပန္ပါတယ္။ အစ္ကို႔အခန္းကို ခြင့္ျပဳခ်က္မရွိပဲမဝင္သင့္တာကို ကြၽန္ေတာ္ေနာက္မလုပ္ေတာ့ပါဘူး"
စုခ်ီက ဘာမွမေျပာပဲ သူ႕မ်က္ႏွာကိုပဲစိုက္ၾကည့္ေနလိုက္တယ္။ ဒီမ်က္ႏွာကေတာ္ေတာ္လွတယ္၊ မ်က္ခုံးလည္းလွတယ္၊ အထူးသျဖင့္ အဲ့မ်က္ဝန္းေတြ...ၾကည္လင္ၿပီးစိုစြတ္ေနတာ...မ်က္ဝန္းေထာင့္စြန္းေလးေတြက အနည္းငယ္ေအာက္ကိုက်ခ်င္ခ်င္ပဲ အဲ့လိုမ်က္ဝန္းေတြက သနားစရာအဓိပၸာယ္ေတြအမ်ားႀကီးရွိတတ္တယ္ေလ...
ၾကမ္းတမ္းခက္ထန္မႈမရွိတဲ့မ်က္ႏွာေလးပါပဲ။ ဒါေပမဲ့ အဲ့မ်က္ႏွာေလးနဲ႕ပဲ သူမ်ားယုံၾကည္မႈေတြကိုအလြဲသုံးစားလုပ္ၿပီး ေအာင္ျမင္ဖို႔တြက္ ဘာမဆိုခ်နင္းပစ္တတ္တာေတာ့ အမွန္ပဲ။
သူေတာ္ေကာင္းေယာင္ေဆာင္၊ အလိမ္အညာေကာင္။ စိတ္ကင္ဆာ ...
စုခ်ီ မဲ့ၿပဳံးၿပဳံးျပလိုက္တယ္ ...
"ဘာလဲ လွည့္ကြက္အသစ္ေတြလား ..."
စုလုရီက သူ႕လက္ကိုဆန့္ထုတ္ၿပီး ဘယ္ဖက္ရင္အုံကိုညစ္ကာ ...
"ငါ့စိတ္ရင္းေတြပါ"
စုခ်ီရဲ႕မ်က္လုံးေတြကေတာ့ အဲ့ႏွလုံးသားႀကီးေပၚမွာေပါ့ ...
"အစ္ကိုႀကီး ငါျပန္လို႔ရၿပီလား ..." စုလုရီက သူ႕လက္ကိုျပန္႐ုတ္ၿပီး
"ငါ့ေျခေထာက္ေတြ ေအးေနၿပီ"
စုခ်ီက မ်က္ခုံးေတြပင့္လိုက္ၿပီး...
"အဲ့တာ ငါလုပ္တာလား ..."
စုလုရီက အရိပ္ကဲေတာ့နားလည္ပါတယ္။
"ငါ့ဟာငါ ျဖစ္တာပါ"
"မင္းေျပာတဲ့စကား မင္းမွတ္ထားေနာ္" စုခ်ီေျပာလိုက္တယ္။
စုလုရီေခါင္းၿငိမ့္လိုက္ၿပီး
"မပူနဲ႕ ငါစာအုပ္ထဲခ်ေရးၿပီး ေန႕တိုင္းထုတ္ၾကည့္ၿပီး တ႐ုတ္လိုတစ္ခါ အဂၤလိပ္လိုတစ္ခါ တေန႕သုံးခါ႐ြတ္မယ္။ ၿပီးေတာ့ စကားလုံးေတြ ဝါက်ေတြ...."
"အိုး မင္းကအဂၤလိပ္လိုေျပာတတ္တာလား ..."
စုလုရီရဲ႕ ေ႐ႊဥာဏ္ေတာ္စူးေရာက္မႈက ...
"ဒါ..ဒါေပါ့ ေျပာတတ္တာေပါ့"
"....."
စုခ်ီ သက္ျပင္းခ်ကာ ျမန္ျမန္ထြက္သြားဖို႔ လက္ရမ္းျပလိုက္တယ္။
စုလုရီက လက္ရွိအေျခေနကိုနားလည္ၿပီး သူ႕ရွပ္အနားစကိုကိုင္ကာ တံခါးရွိရာသို႔ေ႐ြ႕လ်ားသြားတယ္။ တံခါးနားေရာက္ေတာ့ သူ႐ုတ္တရက္တားခံလိုက္ရတယ္ ...
"ေနပါဦး..."
စုလုရီ ေၾကာင္ေတာင္ေတာင္နဲ႕ လွည့္ၾကည့္လိုက္ေတာ့ စုခ်ီကသူ႕ကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး ...
"မင္းက ေယာကၤ်ားေတြႀကိဳက္တာလား ..."
"....."
စုခ်ီကို အျပစ္မတင္ပါဘူး။ ငါလည္း ဒီပုံစံႀကီးနဲ႕ သူမ်ားကုတင္ေပၚသြားတတ္တာ ေတာ္ေတာ္ေစာက္က်ိဳးနည္းတဲ့ ကိစၥလို႔ထင္တာပါပဲ။
"မႀကိဳက္ပါဘူး"
စုလုရီ ျမန္ျမန္ရွင္းျပလိုက္တယ္။ သူ႕ရဲ႕အရိုးခံမ်က္ဝန္းေတြနဲ႕ စိုက္ၾကည့္ၿပီး ...
"မင္း ငါ့ကိုယုံ"
ငါ သုန္မႈန္သြားတယ္။
စုခ်ီ ၾကည့္ရတာေတာ့ ဒီတိုင္းေမးလိုက္တဲ့ပုံပါပဲ။
"မင္းဟာမင္း ေယာကၤ်ားႀကိဳက္ႀကိဳက္ မိန္းမႀကိဳက္ႀကိဳက္ ကိစၥမရွိဘူး"
သူက သူ႕မ်က္ဝန္းေတြကိုပင့္လိုက္ၿပီး...
"ေအး အပိုေတြေတာ့မလုပ္နဲ႕"
စုလုရီ ခပ္ျမန္ျမန္ပဲ ...
"သိပါတယ္ ငါေျပာင္းလဲသြားပါၿပီ" လို႔ေျပာလိုက္တယ္။
တကယ္လည္း ဘဝသစ္ျဖစ္သြားၿပီေလ။
စုခ်ီက မယုတ္မလြန္ အေနအထားပဲ။ စုလုရီ ၾကည့္လိုက္တာနဲ႕သိပါတယ္ သူ႕ကိုမယုံဘူးဆိုတာ။ ဒီလို ေနာက္ေၾကာင္းမရွင္းတဲ့သူတစ္ေယာက္ကို အလြယ္တကူ စုခ်ီမယုံတာဟာ ျဖစ္သင့္ပါတယ္ေလ။
သူ႕လက္ရွိအေျခေနက နည္းနည္းစိမ္းသက္ေန႐ုံပါ။ ဒါနဲ႕ စာအုပ္အရဆို သူလုပ္သမွ်ေနာက္က လိုက္ရွင္းမွာ ေ႐ႊလက္ေခ်ာင္းေလးရွိတယ္မဟုတ္ဘူးလား။ ဘာလို႔မရွိတာပါလိမ့္။ စုလုရီက တံခါးဖြင့္ၿပီးထြက္လာလိုက္တယ္။ သူ႕ေ႐ႊလက္ေခ်ာင္းေလးက လမ္းမွာကားပိတ္ေနလို႔ေနမွာေပါ့ေလ။
ေန...ေနပါဦး ဒီတံခါးကို...မဟုတ္မွလြဲေရာ သူ႕ေ႐ႊလက္ေခ်ာင္းက....
"ဒီမွာ ဘာလုပ္ေနတာလဲ"
အိပ္ခန္းတံခါးပြင့္သြားတယ္။ စုလုရီရဲ႕ေခါင္းေရာ အျပင္ဖက္က စုက်စ္ထုံရဲ႕မ်က္ႏွာေရာ အံ့အားသင့္ျခင္းေတြနဲ႕ျပည့္ႏွက္သြားတယ္။ စုက်စ္ထုံရဲ႕ မ်က္ႏွာက အခန္းထဲက စုခ်ီကိုလည္းျမင္လိုက္ေရာ ပိုအံ့အားသင့္သြားၿပီး
"မင္းကေရာ ဒီမွာဘာလုပ္ေနတာလဲ"
"......"
"......."
ေစာက္က်ိဳးေတာ့နည္းၿပီ။
.......................................................................