Yellow Is The Warmest Colour�...

Від AliceYay-Zhang

59.3K 6.2K 1.3K

ဒေစီပန်း​တွေက နေ​ရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး​ ရှင်သန်ကြရတာ​ကြောင့် Day's Eye လို့ လူ​တွေက တင်စား... Більше

Yellow Is The Warmest Colour ¹
Yellow Is The Warmest Colour ²
Yellow Is The Warmest Colour ⁴
Yellow Is The Warmest Colour ⁵
Yellow Is The Warmest Colour ⁶
Yellow Is The Warmest Colour ⁷
Yellow Is The Warmest Colour ⁸
Yellow Is The Warmest Colour ⁹+¹⁰
Yellow Is The Warmest Colour ¹¹
Yellow Is The Warmest Colour ¹²
Yellow Is The Warmest Colour ¹³
Yellow Is The Warmest Colour ¹⁴
Yellow Is The Warmest Colour ¹⁵
Yellow Is The Warmest Colour ¹⁶
Yellow Is The Warmest Colour ¹⁷
Yellow Is The Warmest Colour ¹⁸
Yellow Is The Warmest Colour ¹⁹
Yellow Is The Warmest Colour ²⁰
Yellow Is The Warmest Colour ²¹
Yellow Is The Warmest Colour ²²
Yellow Is The Warmest Colour ²³'1
Yellow Is The Warmest Colour ²³'2
Yellow Is The Warmest Colour ²⁴
Yellow Is The Warmest Colour ²⁵
Yellow Is The Warmest Colour ²⁵' short "S"
Yellow Is The Warmest Colour ²⁶'1
Yellow Is The Warmest Colour ²⁶'2
Yellow Is The Warmest Colour ²⁷'1
Yellow Is The Warmest Colour ²⁷'2
Yellow Is The Warmest Colour ²⁸

Yellow Is The Warmest Colour ²⁹

2.3K 135 30
Від AliceYay-Zhang

Unicode
________

လွတ်လွတ်လပ်လပ်စကား​ပြောနိုင်​ဖို့အတွက်
အ​ပေါ်ထပ်ကအလုပ်ရုံးခန်းဆီကို
Jennie နဲ့အတူ Lisa ​ရောက်လာခဲ့ကြတယ် ။
အထဲ​ရောက်​တော့
ဆိုဖာ​ပေါ်မှာထိုင်နှင့်​နေပြီဖြစ်တဲ့ Jennie ရဲ့အ​ရှေ့မှာ
Lisa မျက်နှာချင်းဆိုင်ထိုင်ရင်း
နှစ်​ယောက်ထဲသီးသန့်​ပြောချင်တယ်ဆိုတဲ့
သူမရဲ့​ပြောလာမယ့်စကား​တွေကို Lisa ​စောင့်​နေတာဟာ
အခုဆိုရင်ဖြင့် နာရီဝက်နီးပါး​လောက်​တောင်ရှိ​​သွားပါပြီ ။

အ​စောတုန်းက Lisa ကို စီနီယာ​ပြောခဲ့သလိုမျိုး
' မချစ်လို့အကြိမ်ကြိမ်အခါခါရက်စက်သွားခဲ့တာ
ဘာ​တွေများထပ်​မျှော်လင့်ချင်​နေ​သေးတာလဲ '
ဆိုတဲ့စကားအတိုင်းပါပဲ ။
မကြာခင်ပြို​တော့မယ့်မိုးလိုမျက်နှာနဲ့ Lisa ဟာ
သူမရဲ့ နဲနဲ​လောက်​ ကောင်း​ပေးသလိုပုံစံမျိုးကို
စကြဝဠာကြီး​လောက်​အထိ​တောင်မျှော်လင့်တတ်တဲ့
အကျင့်ဆိုး​လေးလည်းရှိပါ​​သေး၏ ။

" ဒီကိုလာတဲ့လမ်းတစ်​လျှောက်လုံး​
​လေယာဥ်ပေါ်မှာ​ရော ၊ ကား​ပေါ်မှာ​ရော
Lisa ကို​ ပြောဖို့အတွက်ဆိုပြီး​
စကားလုံးတစ်လုံးချင်းစီတိုင်းကို
J သေ​သေချာချာပြင်ဆင်ခဲ့​သေးတာ "

နာရီဝက်​လောက်အထိတိတ်ဆိတ်​နေခဲ့တဲ့သူမရဲ့နှုတ်က​နေ
ပထမဦးဆုံး​ကြားလိုက်ရတဲ့ ထိုစကား​လေးတစ်ခွန်း​ကြောင့်
Lisa ရဲ့ မျက်နှာထက်မှာ
အပြုံးအကြီးကြီးတစ်ခုဖြစ်​ပေါ်လာခဲ့တယ် ။

" ​ဒါ​ပေမဲ့ ... "

ရုတ်တရက်

ကြေကွဲဝမ်းနည်းစရာ​ကောင်းတဲ့အီမိုဂျီ​လေး​တွေဟာ
မိမိရဲ့​ဘေးပတ်ပတ်လည်မှာဝဲပျံ​လာသောအခါ ... ၊
မျှော်လင့်မိရင်မှားမှာ​ပေါ့ဆိုတဲ့ပုံ​သေနည်းဟာ
မိမိတို့နှစ်​ယောက်ကြားက
နှလုံးသားပုစ္ဆာ​တွေကိုဖြေရှင်းဖို့အတွက်
ပုံမှန်အသုံးပြု​နေရ​သောအခါ ... ၊
ဒီနှလုံးသားဇာတ်လမ်း​လေးမှာ
ဇာတ်သိမ်းဟာ
သူမတစ်​ယောက်တည်းကပဲဆုံးဖြတ်ပိုင်ခွင့်ရှိ​သောအခါ ... ၊

မိမိတတ်စွမ်းနိုင်တာဟာ
နှုတ်ဆိတ်​နေဖို့နဲ့ သူမ​ပြောသမျှကိုလက်ခံ​နားလည်ပေးဖို့ပါပဲ ။

" ဒါ​ပေမဲ့အခု​ကျတော့
အဲ့ဒီ့ပြင်ဆင်လာခဲ့တဲ့စကား​တွေကို
မပြောထွက်တော့ဘူးထင်တယ် ။
J ကို စိတ်အ​ပြောင်းအလဲအရမ်းမြန်တယ်လို့များ
Lisa ထင်မလား​တော့မသိဘူး "

" ကိုယ် Jennie ကို
အဲ့လိုမျိုးပုံစံခွက်​တွေနဲ့ခိုင်းနှိုင်းပြီး​တော့
ဘယ်တုန်းကများမြင်ဖူးလို့လဲ ? "

သူမက Lisa ရဲ့စကား​ကြောင့်ပြုံး​လေတယ် ။
ဒီအခါမှာ​တော့ ​
တောက်​​တောက်ပပအပြုံး​မဟုတ်ဘဲ
အမုန်းတရားအချို့ရှိ​နေသည့်
အသက်မပါ​သော
ခပ်မှိုင်းမှိုင်းအ​ရောင်လွှမ်းတဲ့
အပြုံးတစ်ခုဖြစ်သည် ။

ဘာဖြစ်လို့များ
သူမရဲ့အပြုံး​​တွေထဲမှာ
Lisa အ​ပေါ်နာကျည်းတဲ့ ခံစားချက်​တွေ၊
အမုန်းတရား​တွေရှိ​နေတယ်လို့
ထင်​နေမိတာလဲဆိုတာ
ကိုယ်တိုင်လည်းမ​တွေးတတ်​တော့ပါဘူး ။

အတတ်နိုင်ဆုံး
ဂယက်ထ​နေတဲ့မိမိနှလုံးသားကိုတည်ငြိမ်​အောင်
အသက်ကို​ဖြေး​ဖြေးနဲ့ပုံမှန်ရှူသွင်းရင်း
သူမကိုစကားထပ်​ပြောဖို့
Lisa အသင့်ပြင်လိုက်တယ် ။

" အဲ့​တော့
ဒီကို​ရောက်လာတာက
ကိုယ့်ညီမရဲ့သူငယ်ချင်းအဖြစ်ပဲ​ပေါ့​လေ ။
ဟုတ်လား ? "

" အင်း ။
အဲ့လိုပဲသတ်မှတ်ကြတာ​ပေါ့ "

အ​ကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးပြုံးပြလိုက်တယ် ။
အဲ့​ဒါလည်းကောင်းပါတယ်​လေ ။
Lisa ကိုယ်တိုင်လည်း
လမ်းခွဲမှု​တွေနဲ့ အဆုံးသတ်တဲ့အချစ်​ရေးမျိုးကို
ထပ်မလိုချင်​တော့ပါဘူး ။ ​​

" အဲ့ဒါဆိုကိုယ်တို့ အပြင်ထွက်ကြမလား ?
Jennie နဲ့ Chaeyoung တို့အိပ်ဖို့အတွက်
ကိုယ် အခန်းကိုပြင်ဆင်​ပေးရဦးမှာမို့ ... "

" Lily ! "

" ဟင် ? ဘာ​ပြောလိုက်တာ ? "

" Lily လို့​ခေါ်လိုက်တာ​လေ "

Jisoo တစ်​ယောက်ပဲ​ခေါ်ပိုင်ခွင့်ရှိခဲ့တဲ့
မိမိရဲ့ Lily ဆိုတဲ့နာမည်​ပြောင်ကို
Jennie ဆီက​နေ
ရုတ်တရက်ကြားလိုက်ရတာ​ကြောင့်
Lisa အ​တော်​လေးအံ့အားသင့်သွားခဲ့တယ် ။

ဒါ​ပေမဲ့လည်း
Jennie ​ခေါ်တာကပိုပြီး​တော့
နား​ထောင်​ကောင်း​နေသလိုမျိုး ၊
Lisa အတွက်ပိုပြီး​တော့လည်း
သက်​သောင့်သက်သာရှိ​လှတယ် ။

" အဲ့လိုမျိုး Lily လို့ ​ခေါ်တာကို
Jisoo တစ်​ယောက်အပြင်
ဘယ်သူ့ဆီက​မှ ကိုယ်မကြားဖူးခဲ့ဘူး ။
တစ်​ယောက်​​တော့ရှိတယ်ထင်တယ် ။
Jennie ရဲ့အမ Yoona Unnie ​လေ ။
ဒါ​ပေမဲ့ ကိုယ်ငြင်းခဲ့တယ်သိလား ?
ကိုယ့်ကို Jisoo တစ်​ယောက်တည်းကပဲ
အဲ့လို​ခေါ်ပိုင်ခွင့်ရှိတယ်​ဆိုပြီး​တော့​ပေါ့ "

" J က​တော့ ကိုယ်​ခေါ်ချင်ရင်​ခေါ်မှာပဲ​လေ "

Lisa သ​ဘောကျစွာနဲ့ပြုံးလိုက်တယ် ။

" ကိုယ်လည်းသ​ဘောကျပါတယ် "

" ဒါနဲ့​လေ Lily ! "

" ဟင် ? "

" အဲ့နာမည်ကိုစ​ခေါ်ဖူးတဲ့​သူက Kim Jisoo ဆိုတာ
ရာခိုင်နှုန်းအပြည့် ​သေ​ရော​သေချာရဲ့လားဟင် ? "

" Jennie ဘာကိုဆိုလိုတာလဲ ? "

" J ​မေးတဲ့မေးခွန်းရဲ့အ​ဖြေကို​
Lily ဖြေနိုင်ပြီဆိုတဲ့​နေ့ကျရင်​ပြောပြပါ ။
အဲ့ဒါဆိုရင် J လည်းပဲ
​လေယာဥ်​ပေါ်မှာ​ရော ၊ ကား​ပေါ်မှာ​ပါ
သေချာပြင်ဆင်လာခဲ့တယ်ဆိုတဲ့စကား​​တွေကို
Lily ကို​ မချွင်းမချန်​ အားလုံးပြောပြမယ် ။
အဲ့ဒါဆိုရင်အခု အပြင်ထွက်ကြ​တော့မလား ? "

" ကိုယ့်ကို Lily ဆိုပြီးစ​ခေါ်တဲ့သူက
ကိုယ်သိထားသလိုမျိုး Jisoo မဟုတ်ဘဲ
အခြားတစ်​ယောက်လို့ဆိုလိုချင်တာလား ? "

" J သွားနှင့်​တော့မယ်​နော် "

​တည်ငြိမ်​သောမျက်နှာအမူအရာဖြင့်
Lisa ကို ​အေး​အေး​ဆေး​ဆေးပြောဆိုပြီး
အခန်းအပြင်ကိုထွက်သွားတဲ့ Jennie ကို
စိတ်ရှုပ်​ထွေးစွာနဲ့​ပဲငေးကြည့်​နေရင်း
အခန်းထဲမှာ Lisa ကျန်​နေရစ်ခဲ့တယ် ။

အချိန်အ​တော်ကြာတဲ့အထိ
တစ်စုံတစ်ခုကို​တွေး​နေ​မိ​ပေမဲ့လည်း
အဲ့ဒီ့တစ်စုံတစ်ခုဟာ
ဘာမှန်း​တောင်​သေချာမသိတာမို့
ဒီအတိုင်း​ငေးငိုင်​နေမိတာဆိုပိုမှန်လိမ့်မယ် ။

***

အသိတရားက
အ​တော်​လေး​နောက်ကျ​တော့မှ
ဝင်လာခဲ့ဟန်တူပါတယ် ။
နှလုံးသားကလည်း
ထပ်ရလာမယ့်ဒါဏ်ရာ​တွေကို
လက်မခံနိုင်​တော့ဟန်ရှိသည် ။

အလုပ်ခန်းထဲက​နေထွက်လာ​ခဲ့တော့
ဆုံးဖြတ်ချက်တစ်ခုဟာလည်း
Lisa ဆီမှာပြတ်သားစွာရှိ​နေခဲ့ပါတယ် ။

​အောက်ထပ်ကို​ရောက်​တော့
Chaeyoung နဲ့ သူမကစကား​ပြော​နေတယ် ။

မိမိ​ရောက်​နေတာကိုသိ​ပေမဲ့လည်း
လုံးဝကို ဂရုမစိုက်အ​ရေးမယူတတ်တာက
Jennie Kim ရဲ့အကျင့်ပဲမဟုတ်လား ?

Lisa ရဲ့မျက်နှာအမူအရာကို
အရိပ်အကဲခတ်​နေကြတဲ့သူငယ်ချင်း​တွေကြား
ဖြတ်​လျှောက်လာပြီး​တော့
သူမရဲ့အ​ရှေ့မှာမတ်တပ်သွားရပ်လိုက်တယ် ။

မိမိကို​မော့ကြည့်လာတဲ့
သူမရဲ့မျက်ဝန်း​တွေဟာ
ပဲရစ်​မျှော်စင်ကြီးထက်​တောင်
ပိုပြီးတည်ငြိမ်​နေပါ​သေးတယ် ။

တစ်ခါမှအမှားမလုပ်ခဲ့ဖူးသလိုမျိုး
အပြစ်ကင်းစင်တဲ့သူမရဲ့မျက်နှာ​ဘေး​က
ရက်ရက်စက်စက်လှပလွန်း​နေခဲ့သည် ။

" အ​စောက​ပြောတဲ့ဟာ
အဲ့ကိစ္စကို ကိုယ်မလုပ်ချင်ဘူး "

" ဘာကိုလဲ ? "

" ကိုယ့်ကို Lily လို့ ဘယ်သူစ​ခေါ်ခဲ့တာလဲဆိုတာကို​လေ "

ထိုစကားဝိုင်းမှာအနီးကပ်ဆုံးရှိ​နေတဲ့
Chaeyoung ရဲ့မျက်နှာ​က
သူတို့​ပြော​နေတဲ့စကား​​တွေအားလုံးကို
နားမလည်​သည့်ဟန် ဖြစ်နေခဲ့တယ် ။

သူမက ​တစ်ခုခုကိုများသိလိုသိငြား
ဘေးဘီကိုအကဲခတ်ကြည့်​တော့
Seulgi အပါအဝင်
Lisa ရဲ့သူငယ်ချင်း​တွေအားလုံး
မျက်နှာအမူအရာ​တွေ​ပြောင်းသွားတာကို
သတိထားမိလိုက်တယ် ။

သူမရဲ့နားနှစ်ဖက်ကသာ
အမဖြစ်သူနဲ့သူငယ်ချင်းတို့ရဲ့
အပြန်အလှန်​ပြောစကား​တွေကို
နား​ထောင်​နေ​ပေမဲ့
မျက်လုံးတစ်စုံက​​တော့
Seulgi တို့​​တွေအားလုံးကို
မျက်​တောင်မခတ်​စောင့်ကြည့်​နေစဲ ။

" အ​ပေးအယူ​တွေ ၊ အကဲဖြတ်တာ​တွေနဲ့
mission ​အောင်တာကိုကြည့်ပြီး​တော့မှ
ကိုယ့်ကိုချစ်မယ်မချစ်ဘူးဆုံးဖြတ်​ရ​အောင်
ဂိမ်းကစားချင်တယ်ဆိုပြီး​တော့များ
ကိုယ် မင်းကို​​​ပြောခဲ့ဖူးလို့လား ?
တစ်ခုခုကိုအထင်လွဲ​နေတယ်ထင်တယ် ။
ငါက ငါတစ်​​ယောက်ထဲကပဲပိုင်တာ​နော် !
ဒီခန္ဓာကိုယ် ၊ ဒီဦး​နှောက် ၊ ဒီနှလုံးသား
​ဟော့ဒီ့ Lalisa ဆိုတဲ့ဖြစ်တည်မှုက
​ဒီဘဝမကူး​မ​ပြောင်းသေးသ၍
Lalisa တစ်​ယောက်ထဲကပဲပိုင်တာလို့ ။
ငါ မင်းအ​ပေါ်မှာဘာအမှား​တွေလုပ်ခဲ့လို့လဲ ?
ဘာဖြစ်လို့ ငါ့ရဲ့ဘဝကြီးကို
ခဏခဏ​မွှေ​နှောက်ပစ်ချင်​နေရတာလဲ ? "

" ကိုယ်ဘာမှားခဲ့သလဲဆိုတာ​ကိုတောင်
​သေချာမသိတဲ့အဲ့ဒီ့ဖြစ်တည်မှုကြီးကလား ?
ခုနက​ပြောတဲ့အားလုံးကို J လက်ခံပါတယ်​လေ ။
အဲ့ဖြစ်တည်မှုက Lily ရဲ့အပိုင်ပါ​လေ "

" နင်​တော်လိုက်​တော့ Kim Jennie ! "

Chaeyoung က ​
အခြားသူ​တွေထက်ပိုပြီး​တော့
ထူးဆန်းတဲ့ပုံ​ပေါက်​နေတဲ့ Seulgi ကို
​သေချာ​လေး​စောင့်ကြည့်​နေတုန်းမှာပဲ
ရုတ်တရက် Kim Jisoo က
Lisa ရဲ့အ​​ရှေ့မှာ ဝင်မတ်တပ်ရပ်ပြီး​တော့
Jennie ရဲ့ဘယ်ဖက်ပုခုံးကို
လက်ညှိုးနဲ့ထိုးရင်း​ပြောလိုက်တယ် ။

" နင် Lisa ရဲ့ဘဝကိုဝင်ရှုပ်တာ​တော်သင့်ပြီ "

Chaeyoung ရဲ့အကြည့်​တွေက
ချက်ချင်း Jisoo ဆီကို​​ရောက်သွားခဲ့တယ် ။
သူမဟာ တစ်ခါမှ ဇနီးသည်ဖြစ်သူ
Jisoo ရဲ့ဒီလိုပုံစံမျိုးကိုမမြင်ဖူးခဲ့ပါ ။
ရန်လို​နေတဲ့သားရဲတစ်​​ကောင်လို
သိပ်​ကြောက်ဖို့​ကောင်း​​နေခဲ့သည်​လေ ။

ခက်ထန်လွန်း​နေတဲ့ထိုအ​ခြေအ​နေမှာ
သူမက Jennie ရဲ့အ​ရှေ့ကိုဝင်ပြီး
ဇနီးဖြစ်သူနဲ့​ဖြေရှင်းဖို့ကြိုးစား​တော့တယ် ။

" ဘာဖြစ်လို့အခုလိုမျိုး​ပြောရတာလဲ ?
Chu ကိုယ်တိုင်ကပဲ Chae ရဲ့အမဘဝမှာ
အရမ်းဝင်ပါလွန်း​နေတာမဟုတ်ဘူးလား ? "

" နင့်ဟာမကိုကာကွယ်​ပေးဖို့မကြိုးစားနဲ့ ။
သူ့ကို Lisa ဆီ နင်ခေါ်လာ​ခဲ့တဲ့ကိစ္စ
အခုထိမရှင်းရ​သေးဘူး​နော် Park Chaeyoung ! "

" Chu လည်း အရင်က​စေ့စပ်ခဲ့ဖူးတဲ့သူကို
အခုအချိန်ထိလိုက်ပြီး​တော့ကပ်တွယ်​နေ​တာ
ရပ်လိုက်သင့်ပြီမဟုတ်ဘူးလားဟင် ?
​ကျေးဇူးပြုပြီး​တော့ ဖြေ​​ပေးစမ်းပါဦး ။
တစ်ကြိမ်တစ်ခါ​လောက်​တောင်
Chae ကို Chu ချစ်ခဲ့ဖူးရဲ့လားလို့ ။
အကယ်၍ အမနဲ့ Chae နဲ့ဆိုရင်
Chu ဘယ်သူ့ကို​ရွေးချယ်မှာလဲဟင် ? "

Jisoo က ခနဲ့စွာနဲ့ပြုံး​လေတယ် ။

" ဒီ​မေးခွန်းကို ​မေးရဲတယ်တဲ့လား ?
ငါလုပ်ခဲ့သမျှအရာအားလုံးက Lisa အတွက်ပဲ ။
Lisa ​ကြောင့်ပဲ ငါ မင်းကိုလက်ထပ်ခဲ့တာ ။
အဲ့​လောက်ဆိုရင်သ​ဘော​ပေါက်သွားပြီလား ? "

" Yrrr ... Kim Jisoo !
နင်ဘာဖြစ်လို့ဒီလိုမျိုး​တွေ​ပြော​နေတာလဲ ? "

Lisa က လုံးဝသည်းမခံနိုင်​​တဲ့အဆုံး
ထိုစကားဝိုင်းထဲကို ဝင်​ပြောလာခဲ့တယ် ။

သူမရဲ့စကားမဆုံးခင်​လေးမှာပဲ
Jennie က​တော့ ဆိုင်အပြင်ဖက်ဆီကို
​ဒေါသတကြီးထွက်သွား​လေသည် ။

" ​ကောင်း​​ကောင်းကြီးသ​ဘော​ပေါက်သွားပါပြီ "

Chaeyoung က
Jisoo ရဲ့မျက်ဝန်း​တွေကို
​သေချာစိုက်ကြည့်ပြီး​တော့
ထိုစကားကို​ပြောလိုက်သည် ။

သူမလည်းပဲ
အ​စောက Jennie ထွက်သွားတဲ့ဆီကို
အတူလိုက်ထွက်သွား​လေတယ် ။

***

​ကော်ဖီဆိုင်ထဲက​လေထုဟာ
တ​ဖြေး​ဖြေးနဲ့ ပူပြင်းလာခဲ့တယ် ။

Seulgi အပါအဝင် Jessi နဲ့
Ten တို့​​​တွေက
​ကော်ဖီဆိုင်ရဲ့​ထောင့်ကျတဲ့
စားပွဲဝိုင်း​နေရာ​လေးမှာထိုင်​နေကြပြီး​တော့
အခုထိအ​စောက​နေရာမှာပဲ
မလှုပ်မယှက်​ကျောက်ရုပ်ကြီး​​တွေလို
မတ်တပ်ရပ်​နေကြတဲ့ Jisoo နဲ့ Lisa တို့ကို
အရိပ်တကြည့်ကြည့် ကြည့်​နေကြသည် ။

ထိုအချိန်မှာပဲ Lisa ဆီက​နေပြီး​တော့
သက်ပြင်းရှည်တစ်ချက်ထွက်​ပေါ်လာခဲ့၏ ။

" ငါ့ညီမကိုလက်ထပ်​တာငါ့​ကြောင့်တဲ့လား ?
နင့်ပါးစပ်က​နေ ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့
ငါ ယောင်လို့​တောင် တစ်ခါမှမ​တွေးဖူးပါဘူး "

" ငါက နင့်ကို​ပျော်ရွှင်​အောင်လို့ဆိုပြီး​တော့
လွတ်လပ်ခွင့်​ပေးခဲ့တာဆိုတာ နင်သိတယ်မလား ?
ငါ နင်​​ပြောသလိုမျိုး နင့်ညီမကိုလက်ထပ်ခဲ့တယ်​ ။
အရာအားလုံးက နင့်ကို​ပျော်​စေချင်လို့ပဲ Lily !
ငါ Lily အတွက်ဆို ဘာမဆိုလုပ်နိုင်တယ် "

" အဲ့အသုံးအနှုန်း ! "

" ဟင် ? "

Lisa ​ပြောလိုက်တဲ့စကား​လုံးကြောင့်
Jisoo ရဲ့မျက်ဆံတွေဂနာမငြိမ်ဖြစ်သွားခဲ့တယ်။

မိမိနဲ့အကြည့်ချင်းလုံးဝအဆုံမခံတဲ့ Jisoo ကြောင့်
Lisa ရဲ့သံသယတွေလည်းပိုပြီးကြီးထွားလာခဲ့သည်။

"ငါ့ကိုသေချာကြည့်ပြီးတော့အမှန်တိုင်းဖြေစမ်းပါ ။
တကယ်ပဲ Lily လို့ စခေါ်ခဲ့တဲ့သူက နင်မဟုတ်ဘူးမလား? "

" Lily ! "

" နင် ငါ့ဆီကနေတစ်ခုခုလိုချင်တိုင်း
အဲ့လိုမျိုး Lily လို့ခေါ်တတ်တယ်‌လေ ။
ငါပြောတာဟုတ်တယ်မလားဟမ် ? "

" နင်ဘာတွေ​ပြောနေတာလဲဆိုတာငါမသိဘူး "

" ငါလည်းမသိတော့ဘူး ။
နင်ငါ့​နေရာမှာဝင်ခံစားကြည့်​ပေးနိုင်မလား ?
ငါအခုရှင်သန်​နေရတဲ့ဘဝကြီးကို​တောင်မှ
သံသယဝင်စိတ်​တွေများလာတယ် ။
ဧကန္တ ငါ့မှတ်ဥာဏ်​​ရဲ့တစ်စိတ်တစ်​ဒေသများ
​ပျောက်သွားခဲ့​သေးလားဟင် ? "

ထို​​စကားအဆုံးမှာပဲ Jisoo
ဘားမှမ​ပြောနိုင်ဘဲ​အေးခဲသွားခဲ့တယ် ။
ရင်ထဲမှာမွန်းကြပ်လာပြီး​တော့
အသက်ရှူရလည်းခက်လာခဲ့သည် ။

" ငါ့ကို​ဖြေ​ပေးပါ Jisoo ! "

" မဟုတ်ဘူး "

ခါးကိုအသွင်သွင်ခါရင်း Jisoo ပြန်​ဖြေလိုက်တယ် ။
​ခြေဖျားလက်ဖျား​​တွေ​အေးစက်လာတာကို​တော့
Lisa သတိမထားမိ​သွားအောင်လို့ဖုံးကွယ်ရင်းနဲ့​ပေါ့ ။

" Jennie Kim က နင့်စိတ်ကိုကစား​နေတာ ။
သူ့​ပြောတာ​တွေကိုမယုံဘဲ ငါ​ပြောတာကိုပဲယုံ​ပေးပါ ။
နင်က နင်အခုသိထားတဲ့ဘဝရဲ့ Lalisa အစစ်ပါပဲ "

Lisa က ​Jisoo ကို ဘားမှပြန်မ​ပြောဘဲ
အ​ပေါ်ထပ်ကိုတက်သွားတယ် ။

ထို့​နောက်မှာ​တော့ Jisoo ရဲ့အကြည့်​တွေက
Seulgi ၊ Jessi နဲ့ Ten တို့ဆီမှာ ...
​သူတို့ ၃ ​ယောက်ရဲ့မိမိကိုပြန်ကြည့်လာတဲ့
အကြည့်​တွေမှာ အဓိပ္ပါယ်​တွေများစွာရှိ​နေခဲ့သည် ။

" အဲ့တုန်းက ၁၃ နှစ်အရွယ်​ကောင်မ​လေးက
​ကောင်း​ကောင်းကြီးပြင်းလာခဲ့တယ်တူပါရဲ့​နော် "

လက်နှစ်ဖက်လုံးကိုကျစ်​နေ​အောင်လက်သီးဆုပ်ရင်း​
Kim Jisoo က ဒေါသတကြီး​ပြောလိုက်ပါတယ် ။

To be continued ...... 🌼💛

ကဲ ချစ်လိုက် မုန်းလိုက် ပြန်မုန်းလိုက်
ပြန်မုန်းလိုက် ပြန်မုန်းလိုက် 😆 .. .. .. .. .. 🤷‍♀️ ???

▪️▪️▪️▪️▪️▪️▪️▪️▫️▫️

Zawgyi
_______

အထဲ​ရောက်​တော့




" ​ဒါ​ပေမဲ့ ... "

ရုတ်တရက်

ဇာတ်သိမ်းဟာ


" ဒါ​ပေမဲ့အခု​ကျတော့

" ကိုယ် Jennie ကို

ဒီအခါမှာ​တော့ 
အသက်မပါ​သော
အပြုံးတစ်ခုဖြစ်သည် ။

ဘာဖြစ်လို့များ
ထင်​နေမိတာလဲဆိုတာ

အတတ်နိုင်ဆုံး

" အဲ့​တော့
ဒီကို​ရောက်လာတာက
ဟုတ်လား ? "

" အင်း ။

Lisa ကိုယ်တိုင်လည်း


" Lily ! "

" ဟင် ? ဘာ​ပြောလိုက်တာ ? "


Jennie ဆီက​နေ

ဒါ​ပေမဲ့လည်း

Jisoo တစ်​ယောက်အပြင်




" ဒါနဲ့​လေ Lily ! "

" ဟင် ? "



အဲ့ဒါဆိုရင် J လည်းပဲ




အဲ့ဒီ့တစ်စုံတစ်ခုဟာ

***

အသိတရားက
ဝင်လာခဲ့ဟန်တူပါတယ် ။
နှလုံးသားကလည်း





သူမရဲ့မျက်ဝန်း​တွေဟာ


" အ​စောက​ပြောတဲ့ဟာ

" ဘာကိုလဲ ? "



Seulgi အပါအဝင်
သတိထားမိလိုက်တယ် ။

သူမရဲ့နားနှစ်ဖက်ကသာ
နား​ထောင်​နေ​ပေမဲ့
မျက်လုံးတစ်စုံက​​တော့




Chaeyoung က 
ရုတ်တရက် Kim Jisoo က









" Yrrr ... Kim Jisoo !




Chaeyoung က

သူမလည်းပဲ

***


Ten တို့​​​တွေက
အခုထိအ​စောက​နေရာမှာပဲ




" အဲ့အသုံးအနှုန်း ! "

" ဟင် ? "




" Lily ! "



" ငါလည်းမသိတော့ဘူး ။


" ငါ့ကို​ဖြေ​ပေးပါ Jisoo ! "

" မဟုတ်ဘူး "







To be continued ...... 🌼💛


Продовжити читання

Вам також сподобається

265K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
473K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
104K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...