ကိုယ့်ချစ်သူလက်ထောက်လေး (Comp...
Por LazyFlower555
159K 20.1K 411
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ Más
Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl
EP10(U&Z)
2.1K 324 16
Por LazyFlower555
.Uni
လွန်ခဲ့သော တလကတော့ ဒီလိုအချိန်,
သူ့ ဆံပင်တွေဖရိုဖရဲဖြင့်စိတ်ပင်ပန်းမှုများစွာနဲ့အတူ အိမ်မှာသာရှိနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်
သတ်သေချင်လောက်တဲ့အထိ ရူးရူးမိုက်မိုက် တွေးနေခဲ့မိတယ်။
ဘာတစ်ခုမှကောင်းမွန်မှုမရှိတဲ့ပါမွှားတစ်ယောက်လိုတနေ့တနေ့ ရုံးမှာသာထိုင်နေခဲ့
ရပြီး အထက်လူကြီးရဲ့ အပြောအဆိုအား
နေ့စဥ်နဲ့အမျှ ခံနေရလျက် တံတွေးခွက်ထဲ
ပက်လက်မျောနေခဲ့ရတယ်။ ယခုတော့မူ
သူက သက်ရှိနတ်ဘုရား လုကျိုးနဲ့ အတူ
ကားတွန်းနေရပြီး နေ့စဥ်နဲ့ အမျှထိုသူရဲ့
ဆူပူမှုကိုခံနေရပေမယ့် ပျော်ရွှင်မှုကတော့
နှိုင်းယှဥ်လို့မရအောင် ကွာခြားနေခဲ့တယ်။
"သူ ဒီအလုပ်လေးကို အရမ်းချစ်တယ်'
လို့ ရှောင်ရီ တွေးလိုက်မိတယ်။
'ကျေးဇူးတင်ပါတယ် ကျိုးကော"
ရှောင်ရီလုကျိုးဘက်လှည့်ပြီးပြောလိုက်ရင်း ကားတွန်းရန်အတွက်အစွမ်းကုန်
အားအင်များကို ထုတ်လိုက်တယ်။လုကျိုး
အရမ်းဒေါသထွက်နေပြီး သူလည်းဘဲ
ကားကို တွန်းတင်ရန် ရှိသမျှအားအင်တွေကို အသုံးပြုနေခဲ့ရတယ်၊သူတို့နှစ်ယောက်ရဲ့
စုပေါင်းအားအင်ကြောင့်ကားကရွံ့ထဲတွင်
နှစ်နေရာမှအပေါ်ဘက်သို့ ရောက်အောင် ရွေ့လျား သွားခဲ့တယ်။
"ရပ်တော့ , ရပ်......ရပ်"
လုကျိုး ထိတ်လန့်စွာဖြင့် ရှိနေလျက်
"ငါတို့ ထပ်ပြီးတွန်းလိုက်ရင် ဒီကား တောင်အောက်ကို လိမ့်ဆင်းသွားလိမ့်မယ်"
သူတို့နှစ်ယောက်လုံး မောပန်းနေကြပြီး
တောင်ကုန်းပေါ်မှဆင်ခြေလျှောတစ်လျှောက်ကားအား ခက်ခဲစွာပင်ထိန်းမောင်းလာခဲ့ပြီးနောက် တောင်ခြေဆီသို့ ရောက်လာခဲ့ကြတယ်၊လုကျိုး ကရေချိုးရန် သွားခဲ့ပြီး ရှောင်ရီကတော့မိုးရေနဲ့ ချွေးများရောနှောနေလျက် သူ့ အကျီများ စိုစွတ်နေ
သည့်တိုင် ချက်ပြုတ်ရန် အလျင်စလို ပြင်ဆင်ပြီးမှသာသူ့အခန်းကို ပြန်ပြီးရေချိုး လိုက်ရတယ်။
ရိုက်ကူးရေးအဖွဲ့သားတွေတောင် ဟိုတယ်ကို ပြန်ရောက်လာကြပြီ။
ရှောင်ရီ ရေချိုးပြီးပြီးချင်း ထွက်လာခဲ့တာမို့
ခေါင်းကိုတောင်ခြောက်အောင်မသုတ်ရသေးလျက် ဆံပင်များပင်စိုနေဆဲဖြစ်တယ်။
ဖိနပ်အပါးတရံစီးကာ စတီးလင်ပန်း တချပ်အားကိုင်လျက်အစားအသောက်ယူရန်အတွက်ကန်တင်းန်တွင်တန်းစီနေလိုက်တယ်။လုကျိုးနဲ့ အတူ ကားတွန်းခဲ့ပြီးနောက် မမျှော်လင့်စွာပင် တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွားခဲ့ပြီးနောက် သူ့ရဲ့လက်ရှိ အလုပ်မှပေးလာတဲ့ ပျော်ရွှင်မှုက သူ့အား
များစွာပင် တက်ကြွလန်းဆန်းလာစေလျက် ရှိနေတယ်။
အရင်အလုပ်ကိုသူဘာလို့လုံးဝဆက်မလုပ်နိုင်တာလဲဆိုတာကိုပါ သူတဆက်တည်း
သဘောပေါက်လာခဲ့တယ်။ထိုသို့ မလုပ်နိုင်ခဲ့ခြင်းကသူ့ အနာဂတ်မျှော်လင့်ချက်ရောင်ခြည်က အလွန့်အလွန်ပင် ကင်းမဲ့နေခဲ့ပြီး ထိုအလုပ်နဲ့ ပတ်သက်ပြီးဘဝအာမခံချက်လည်းမရှိသလို ထိုအလုပ်ကိုလည်း သူမချစ်တာမို့ ဖြစ်နိုင်တယ်၊အကယ်များထိုအလုပ်ကို ချစ်ခဲ့မယ်ဆိုရင်တောင်သူ့ဘဝပြည့်စုံနိုင်ဖို့တော့လုံးဝပင်မဖြစ်နိုင်လောက်ဘူး။
"ရှောင်ရီ...မင်းကတော့ နေ့တိုင်းပျော်ရွှင်နေတာဘဲနော်"
စတိုင်လစ်ရဲ့ လက်ထောက်ကသူ့ကို
စနောက်လာတယ်။
"မင်းက တကယ်အလုပ်ကြိုးစားတယ်"
"အာ.." ရှောင်ရီရယ်မောလိုက်ပြီး ,
"မင်းက ငါ့ကို လာနောက်နေတယ်"
"သူက အရမ်းတော်တယ်"
နင်ယာချင်းရဲ့တက်ကြွတဲ့ လက်ထောက်အမက နောက်အစ်မတစ်ယောက်ကိုပြောလာတယ်။
" လုကျိုး ကြောင့် အမြဲတမ်း အရှေ့ပြေးလိုက်
အနောက်ပြေးလိုက်နဲ့ ဒီလောက်အလုပ်များနေတာတောင်,သူရအောင်လုပ်နိုင်တယ်,ပြီးတော့ ဒီအလုပ်ကသူ့အတွက် ပထမဆုံးအကြိမ်တဲ့,အဲ့ဒါတောင် သူအကုန်နားလည်အောင်လုပ်နိုင်တယ်ဆိုတော့ မင်းအတွက်တော့ အတော်ခက်ခဲမှာဘဲနော်"
"လူတိုင်းကတော့ အတူတူပါဘဲ"
ရှောင်ရီပြောလိုက်တယ်။
"ဒီအလုပ်က လူတိုင်းအတွက် ခက်ခဲပေမယ့်
ပျော်ဖို့လည်းကောင်းတယ်"
ရှောင်ရီ သူ့ ဝေစုအတွက်အစားအစာတွေကို ရရှိပြီးနောက် တံခါးဝအနီး၌ထိုင်ပြီး စားလိုက်တယ်။
အစားစားပြီးနောက် သူ့စားထားတဲ့ ပန်းကန်ကို ဆေးပြီး လုကျိုး စားသောက်ထားတဲ့
အကြွင်းအကျန်တွေကိုပါစွန့်ပစ် ဆေးကြောခြင်းတို့ကိုတခါထဲလုပ်လိုက်တယ်။
လုကျိုးက အိပ်ရာထဲတွင် လဲလျောင်းနေစဥ်
ရှောင်ရီ ပြောလိုက်တယ်။
"ကျိုးကော ဖုန်းသုံးချင်လား ? ကျွန်တော်
ရှောင်လင်ကို အသစ်တလုံးဝယ်ခိုင်းထားပြီးပြီ၊ ချက်ခြင်းလာပို့ခိုင်းလိုက်မယ်လေ"
"မလာနဲ့လို့သူ့ကိုပြောလိုက်"
လုကျိုး ဆက်ပြောလာတယ်။
"ငါတို့ ပြန်လာမှဘဲ ယူမယ်ပြောလိုက်,
၊ဒီ ရက်တွေ ငါ အပြင်လောကနဲ့ ဆက်သွယ်ချင်စိတ်မရှိဘူး "
ရှောင်ရီ ထောက်ခံသည့်အနေဖြင့်တချက်သာ
အသံပြုလိုက်ပြီး နောက် Ipadကို ထုတ်လိုက်တယ်၊လုကျိုး ရုတ်တရက် မေးလာတယ်။
"အချစ်ခန်းတွေမှာ ငါသရုပ်ဆောင်တာ
အတော်ဆိုးနေလားဟင် ?"
ရှောင်ရီ :".......'
ဘာလို့ ဒီကိစ္စကိုဘဲ ဂရုစိုက်နေရတာလဲ လို့
ရှောင်ရီတွေးလိုက်မိတယ်၊ သို့သော် လုကျိုး
သူ့ကို မေးလာတာမို့ များစွာသော ရုပ်ရှင်အပိုင်းလေးများအား လုကျိုး ကြည့်ရန်အတွက် Ipadကိုသုံးပြီး ရှောင်ရီအလျင်အမြန် ရှာဖွေပေးလိုက်တယ်။
"ကျိုးကော, ကျွန်တော်ကအရင်ကဒီတေးဂီတ website မှာ အယ်ဒီတာ တစ်ယောက်လေ၊ MVတွေကို တည်းဖြတ်ရတယ်,
အမှန်တကယ်တော့, အချစ်နဲ့ ပတ်သက်ပြီး
စဥ်းစားမိတာ ပြောရမယ်ဆိုရင် အဓိကအားဖြင့် လူတွေရဲ့ မျက်လုံးတွေ နဲ့ အပြုအမူတွေကို ကြည့်ပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို
အစမှအဆုံး အကုန် တွေ့မြင်နိုင်မယ်လို့
ကျွန်တော်ထင်တယ်"
လုကျိုး Ipadကို အသေအချာကြည့်လာတယ်, ရှောင်ရီက အချစ်ကို ဖော်ကျုးတဲ့
MVတစ်ခုကို နှိပ်လိုက်တယ်, ရှောင်ရီ
ပြလိုက်တဲ့ ဗီဒီယိုအပိုင်းလေးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ရဲ့ အနမ်းခန်းဖြစ်ပြီး နောက်ခံသီချင်းကိုတော့
Enya၏ နွေဦး အချစ်နဲ့ ပုံဖော်ထားခြင်း ဖြစ်တယ်။ရှောင်ရီ ပြောလိုက်တယ်။
"အဲ့ဒါကို ကြည့်ကျိုးကော ,
ဒီအခန်းလေးကို နမူအဖြစ် ယူလိုက်,
တေးဂီတကလည်း classicဖြစ်တယ်,
လူနဲ့ ဝိညာဥ်တို့ကြားက အဆုံးမရှိတဲ့
ချစ်ခြင်း မေတ္တာကို ဖော်ကျုးထားတာ'
"သူတို့က တစ်ဦးနဲ့ တစ်ဦး အရမ်း
အလေးထား ကြတယ်လေ,
ယောကျ်ားနဲ့ မိန်းမ နှစ်ဦးရဲ့အချစ်က
အရမ်းယစ်မူးစေတယ်"
လုကျိုး ဗီဒီယိုလေးကို ကြည့်ပြီး ရှောင်ရီကို ပြောလာတယ်။
"ကျန်းရှီးရမ် နဲ့ ငါလည်းအဲ့ဒီလိုသရုပ်ဆောင်တာဘဲ မဟုတ်ဘူးလား ?ဘာတွေကွာခြားနေလို့လဲ?"
"အာ ..., တစ်ခုခုတော့ ကွဲခြားနေလိမ့်မယ်,
ကျိုးကော သူ့ကို မျက်နှာချင်းဆိုင်တဲ့ အခါတိုင်း ,ကျိုးကော နည်းနည်းလေး
စိတ်လှုပ်ရှားနေတယ်လို့ကျွန်တော်ထင်တယ်"
ရှောင်ရီက " Love of Siam " ဆိုတဲ့
MVလေးကို ထပ်ရွေးပြီးပြလိုက်တယ်။
ထို ဗွီဒီယိုလေးကကျ ဆယ်ကျော်သက်
ယောကျ်ားလေး နှစ်ယောက်နမ်းနေတဲ့
မြင်ကွင်းလေးဖြစ်ပြီး သူလည်းဘဲ
ငြိမ့်ငြိမ့်ညောင်းညောင်းလေးဖြစ်နေတယ်။
လုကျိုး ရုတ်တရက် တစ်စုံတစ်ရာအား
သဘောပေါက်လာတယ်။
လုကျိုး ပြောလာတယ်။
"ငါက တဖက်လူနဲ့ မျက်နှာချင်းဆိုင်ကြည့်ရတာကို သဘောမကျဘူး"
"ဟိုက် !!!"
ရှောင်ရီ ထရယ်လိုက်မိတယ်။
"အင်းပါ ...နည်းနည်းလေးတော့ ကြည့်ရမယ်လေ"
လုကျိုးတစ်ယောက်bathrobeတစ်ထည်
ဖိနပ်အပါးတစ်ရံ ဖြင့် ဆိုဖာပေါ်တွင် ထိုင်လျက် လက်ချောင်းလေးများကိုအလုပ်ပေးကာအတွေးများနေပုံရတယ် ။ ရှောင်ရီ
လေသန့်စင်စက်လေးကိုဖွင့်လိုက်တယ်။
လုကျိုးထိုင်နေရာမှထလာပြီး အခန်းထဲတွင် ရှေ့နောက် ခဏ လျှောက်နေပြီးမှရှောင်ရီကို
ပြောလာတယ်။
"တကယ်တမ်းပြောရမယ်ဆိုရင် ,အချစ်ကို
ဖော်ပြလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတာကို ငါသိတယ်, အချို့ကျတော့ တံခါးနားမှာ ဖိကပ်ပြီး အနမ်းခံရတာကို သဘောကျတယ်, တချိူ့ကျတော့ သူတို့ရဲ့ နားထဲမှာ
ကလူတဲ့မြူတဲ့ စကားတွေကြားရတာကို
ကြိုက်တယ်...နောက်ပြီး အခြားနည်းတွေလည်း ရှိသေးတယ်...."
ရှောင်ရီ လုကျိုးရဲ့ bathrobeကော်လာအား ဆွဲကိုင်ပြီး သရုပ်ပြရန်အတွက်အိပ်ရာထဲသို့ ဆွဲခေါ်လိုက်တယ်,လုကျိုးနှင့်အနီးကပ်မျက်လုံးချင်းဆုံအောင်ခေါင်းငုံ့ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်တယ်။
"ကျွန်တော့်ကောင်မလေးက ဒီလိုပုံကို
သဘောကျတယ်,ခုလိုအနေအထားက
အရမ်း ...အရေးပါတယ်, တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရင်းအရာအားလုံးကို မေ့သွားတဲ့ခံစားချက်မျိုး ,
သူတို့ရဲ့ မျက်စိထဲမှာရှိတဲ့ကမ္ဘာပေါ်က
အရာအားလုံးကအရမ်းကိုလှနေလိမ့်မယ် ..."
လုကျိုး :"........"
ရှောင်ရီ:"........."
လုကျိုး ရုတ်တရက် ထလိုက်ပြီး
ရှောင်ရီခါးကိုလက်တစ်ဖက်ဖြင့်ဆတ်ကနဲဖက်ပြီးစားပွဲပေါ်ကိုတွန်းချလိုက်တယ်,
သူ့မျက်လုံးများကို ငေးကြည့်လာပြီး
မျက်ခုံး များကို ပင့်ကာပြောလာတယ်။
"ဒီလိုလား ?"
လုကျိုး ရဲ့ ရုတ်တရက်ဆန်တဲ့အပြုအမူက
ရှောင်ရီ နုလုံးခုန်သံကို မြန်ဆန်ခုန်ပေါက်သွားစေတယ်၊လုကျိုးသူ့ကို ကြည့်တဲ့ ပုံစံကလုံးဝပင် မတူညီနေလျက် စိတ်ခံစားချက်တွေကတဖြေးဖြေးပင်မျက်လုံးတွေမှာအရောင်လက်နေပုံရနေတာမို့ လုကျိုးကိုသူချက်ခြင်းတွန်းထုတ်ပြီးပြောလိုက်တယ်။
"မဟုတ်ဘူး ...အဲ့လိုပုံတော့ မဟုတ်ဘူး,
ဒါပေမယ့် ကျိုးကော ရဲ့ ပုံစံကတူတော့တူပါတယ်"
လုကျိုး ခဏမျှစဥ်းစားပြီး ပြောလာတယ်။
"မင်းအလုပ်ပြီးပြီ "
လုကျိုး သူ့ကိုအစောပိုင်းဖိထားစဥ်အခါက ,
သူ့နှလုံးတွေအရမ်း ခုန်နေတာကို ရှောင်ရီ
သတိထားလိုက်မိတယ်, လုကျိုးကကျားမ အရွယ်စုံတို့ရဲ့ အမှန်တကယ်နှစ်သက်သဘောကျခံရတဲ့ သူဖြစ်တာကြောင့်လို့
သူတွေးလိုက်မိရင်းသူလည်းဘဲသဘော
ကျမှုအားတွန်းလှန်နိုင်ရန်ခဲယဥ်းနေခဲ့တယ်။
သူ့ကို ဖိကပ်လာခြင်းက အမှန်တကယ်တော့ ဘာမှမဟုတ်ပေမယ့် လုကျိုးက
သူ့အား ထိန်းချုပ်ထားသလိုပင်ခံစားနေရပြီး ချက်ခြင်းပင်ပျော်ရွှင်စွာအညံ့ခံနေမိခဲ့တယ်။
သူက လုကျိုးကို ယခင်ထဲက သဘောကျခဲ့ရတာမို့ ထိုခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ခြင်းသာဖြစ်နိုင်လောက်ပြီး သူတွေးမိတဲ့
အဲ့ဒီလိုဟာနဲ့တော့ ဘာမှမဆိုင်လောက်ဘူး။
ဒါက တကယ်တော့ ရိုးရိုးသားသား သဘောကျခြင်းသာ ဖြစ်လောက်တယ်။
"ကျွန်တော်.....အခု သွားအိပ်တော့မယ်"
ရှောင်ရီပြောလိုက်တယ်။
"မနက်ဖြန်ကျွန်တော်တို့ စောစောထရဦးမယ်မလား ?"
လုကျိုး အမှတ်မထင်ထပြောလာတယ်။
"ခဏ ...ဒီကိုလာဦး "
ရှောင်ရီ".........?????"
"ထိုင် !"
ရှောင်ရီ အမိန့်အတိုင်းထိုင်လိုက်တယ်။
လုကျိုးက ကုလားထိုင်တလုံးဆွဲယူပြီး
သူ့ရှေ့မှာ ထိုင်ကာ သူ့လက်ကို ကိုင်ပြီး
ပြောလာတယ်။
"ငါကြိုးစားကြည့်ချင်တယ်, စိတ်မပူပါနဲ့ "
"!!!!!"
"ဟင့်အင်း , မဟုတ်ဘူးနော် , ကောကို
ကျွန်တော် လေးစားမိပေမယ့် ....ကျိုးကော,
ကျွန်တော်သေသွားရင်တောင် ,ကောကို
သဘောကျတဲ့ စိတ်က ပျောက်သွားမှာမဟုတ်ဘူး ,ဒါပေမယ့် ဒါကြီးကတကယ်ကြီး
မသင့်တော်ဘူးလေ"
"မင်းဘာတွေလျှောက်ပြောနေတာလဲ ?!"
လုကျိုး ပြောလာတယ်။
"သရုပ်ဆောင်ဖို့ လေးအတွက်နဲ့
ချစ်ရမယ်လို့တော့ငါ့ကို မပြောပါနဲ့လား? !
ငါ က မျောက်တို့ ခွေးတို့နဲ့တောင် သရုပ်ဆောင်ဘူးတယ်,အရင်က
ငါသရုပ်ဆောင်ဖူးတာတွေကလည်း
ငါ့အတွက်အားသာချက်တစ်ခုဘဲလေ"
ရှောင်ရီ မလှုပ်မယှက်နဲ့ ရှိနေတာမို့
လုကျိုး ပြောလိုက်တယ်။
"သရုပ်ဆောင်တဲ့အချိန် တစ်ခုခုတော့
ပြန်တုံ့ပြန်ပေး , မင်းကိုယ်မင်း အမျိုးသမီး ဇာတ်ဆောင် တစ်ယောက်လိုသဘောထား "
"ဟုတ် .....ဟုတ်ကဲ့ "
လုကျိုး က သူ့အားအလွန်တရာချစ်မြတ်နိုးနေပုံ ဖြင့် ရှောင်ရီရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်လာပြီး သူ့လက်လေးကိုလည်း
ဖွဖွလေး ဆုပ်ကိုင်ထားလျက် ရှိနေတယ်။
ထိုသို့ ဆုပ်ကိုင်ထားရာမှသူ့လက်ချောင်းလေးများကိုလည်းတယုတယဖြင့်
ကိုင်တွယ်ပွတ်သပ်နေတာမို့ရှောင်ရီတကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာတယ်။
"စိတ်နှစ်ထား "
လုကျိုးပြောလာတယ်။
"မင်းဘာတွေးနေတယ်ဆိုတာကို
ငါမသိဘူးလို့ ထင်မနေနဲ့ "
ရှောင်ရီ လုကျိုးရဲ့ ပျင်းစရာကောင်းတဲ့ မျက်နှာကို ကြည့်ပြီး မအောင့်အီးနိုင်ဘဲ
ထရယ်လိုက်မိတယ်။
"သရုပ်ဆောင်နေတဲ့အချိန်
ကျိုးကော......ကောထမရယ်ဘူးလို့လား ?"
"အလေးမထားတတ်တဲ့သူတွေကသာ
သရုပ်ဆောင်နေတဲ့အချိန် ထရယ်ကြတာ,
နေ့တိုင်းရယ်နေကြတယ်လေ, သူတို့ကိုယ်သူတို့ ချစ်စရာကောင်းတယ်လို့ထင်နေကြတာ ,
ငါ့ဖင်ကြီးကိုဘဲ ချစ်စရာကောင်းလေ...!
ရိုက်ကူးရေး ဝန်ထမ်းတွေကတနေကုန် ကြိုးစားပန်းစား လုပ်ထားရတာကို,
ရယ်သံတချက်ကြောင့်အကုန်ကုန်ရောဘဲ ,
သရုပ်ဆောင်နေတဲ့အချိန် ရယ်တဲ့လူတွေကို
သူတို့က မုန်းတယ်, မင်းရယ်ရတာဒီလောက် သဘောကျနေရင်, ဘာလို့ ရှောင်ယော့စန်ကို
သွားမစားတာလဲ ! မင်း သတိထား !"
{T/N..ရှောင်ယော့စန် က အဆိပ်သုံးမျိုးပါတဲ့ အမှုန့်လေးတစ်ခုပါ, မြွေများ , ကင်းမြီးကောက်များ ,အဆိပ်ပြင်းတဲ့
ဖားပြုပ်များ ,ကင်းခြေများ များ ,အဆိပ်ပြင်းတဲ့ ပင့်ကူတွေပါဝင်ပါတယ်, အဲ့ဒီ အဆိပ်ကို
စားလိုက်မိရင် ခန္ဓာကိုယ်ကိုတော့ မသက်မသာမဖြစ်စေဘူး ဒါပေမယ့် ရယ်ချင်လာတယ်။သုံးကြိမ်လောက်ရယ်မောပြီးတာတဲ့
ချက်ခြင်းသေသွားစေတဲ့ အဆိပ်ပါ }
"တကယ်ကြီးလား ?"
ရှောင်ရီတွေးလိုက်မိတယ်။အဲ့ဒီလူတွေက
မကြာခဏရယ်တတ်တဲ့သရုပ်ဆောင်တွေကို
မုန်းတယ်တဲ့၊သရုပ်ဆောင်တွေကို သူတို့က ရယ်စရာလို့ ထင်နေကျတာကကော?
ဒါပေမယ့် တကြိမ် NGဖြစ်ပြီး ဆိုတာနဲ့
အဲ့ဒီအခန်းကိုဘဲ တဖွဲ့လုံး အကုန်ထပ်ခါထပ်ခါ ပြန်လုပ်ရတာမို့ ,ဝန်ထမ်းတွေကတော့ရယ်စရာ လို့မထင်လောက်ဘူး။
လုကျိုး အသက်ပြင်းပြင်းတချက်ရှုလိုက်တာမို့ သူအလေးအနက်ထားပြောနေတယ်ဆိုတာကို ရှောင်ရီ သဘောပေါက်လိုက်တယ်။
ထို့နောက် သူ့ရဲ့ စိတ်အနေအထား ကို
ထိန်းသိမ်းလိုက်ပြီး သူ့ကိုယ်သူ လုကျိုးရဲ့ချစ်သူအဖြစ် သဘောထားလိုက်တယ်။
ဒါက အနည်းငယ်ထူးဆန်းသလိုရှိနေခဲ့ပေ
မယ့် ,လုကျိုး အတွက်ရှောင်ရီက နည်းနည်းလေး အားရစရာကောင်းတယ်၊ ထို ကျေနပ်စရာ ကောင်းတဲ့စိတ်လေးကိုအချစ်နေရာမှာ
အစားထိုးလိုက်ရုံနဲ့အဆင်ပြေစေတယ်။
လုကျိုး တိတ်ဆိတ်စွာပင်ရှိနေရင်းရှောင်ရီလက်လေးများကို ကြည့်နေရာမှခပ်တင်းတင်းလေး ဆုပ်ကိုင်လိုက်တယ်။
"ခုဘဝအတွက်ရော နောက်ဘဝတွေပါ,
မင်းလက်လေးကိုဘဲဆုပ်ကိုင်ထားပြီး
မင်းနဲ့ အတူဘဲ အိုမင်းပါ့မယ်, ရှုလုပင်"
လုကျိုးကသူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ အသံဖြင့်
ပြောလာပြီး နောက်ရှောင်ရီရဲ့ မျက်လုံးတွေကို ကြည့်လာတယ်၊ရှောင်ရီကလည်း လုကျိုးရဲ့လက်ချောင်းလေးတွေကို ပြန်လည်ဆုပ်ကိုင်မိလိုက်တယ်၊ လုကျိုး ကလည်း
သူ့အနားသို့ ပိုမိုတိုးကပ်လာတာမို့ သူတို့ရဲ့
အသက်ရူသံတွေပင် ရောနှောသွားခဲ့တယ်။
ရှောင်ရီ:"......."
ဆွဲဆောင်နိုင်တဲ့မျက်ဝန်းအကြည့်တွေက
လုကျိုးကဲ့သို့ထူးခြားတဲ့ လူထံမှသာထွက်ပေါ်လာခဲ့ပြီးထိုနူးညံ့တဲ့ အကြည့်တွေက
ရှောင်ရီအား အသက်ရူရပ်မတတ်ရှိနေစေခဲ့တယ်၊သူလုကျိုးရဲ့ မျက်လုံးတွေကို
ငေးကြည့်နေရာမှ ထိုအကြည့်တွေကရှောင်ရီ အားပရမ်းပတာဖြစ်အောင်လုပ်နေသလိုဘဲ။
သူတို့ တစ်ယောက်လက်ကို တစ်ယောက်
ဆုပ်ကိုင်ထားမိရာမှ အသက်ရူသံရောယှက်နေလျက်ရှောင်ရီအား ခက်ထန်*လာစေတယ်။
{T/N.....hard .ဟိုဟာထန်လာတာနော်}.
ရှောင်ရီ မျက်နှာတစ်ခုလုံးနီရဲလာပြီးသူ့ တုံ့ပြန်မှုက အတော်ဆိုးဆိုးမဟုတ်ပေမယ့်
လုကျိုး ကိုလည်း တနည်းတဖုံလွှမ်းမိုးသွားစေလျက် လုကျိုး မျက်နှာလည်းနီမြန်းလာခဲ့ပြီး ရှောင်ရီလက်ကို ချက်ခြင်းလွှတ်ပေးလိုက်တယ်။
လုကျိုး "...မင်း "
ရှောင်ရီ သေမတတ်ရှက်ရွံ့သွားခဲ့ပြီး သူချက်ခြင်းပြောလိုက်တယ်။
"ကျွန်တော် ကျွန်တော့်အခန်းကို ပြန်တော့မယ်"
ထိုနောက် ရှောင်ရီ လုကျိုးရှေ့မှအလျင်
အမြန်ထပြီး ပြေးထွက်လာခဲ့လိုက်တယ်။
ရှောင်ရီ သူ့အခန်းဆီသို့ ပြန်လာပြီး ရေချိုးနေရင်း သူ့နဖူးပြင်၌ ဝေခွဲရခက်နေပုံဖြင့် မျဥ်းသုံးကြောင်း{-_ -|||} ပေါ်လာတယ်။
ဒီလို ခံစားမှုကြီးက သူ့ဘဝရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီး အရမ်းထူးဆန်းတယ်!
အာ ....လုကျိုးက တကယ့်ကို ချစ်စရာကောင်းလွန်းသူမို့ ! ယောကျ်ားလေးတွေတောင် သူ့ကို မြင်တာနဲ့ ခုလို တုံ့ပြန်လာ
တတ်ကြတာလား ? !!!! ။
ရေချိုးပြီးတဲ့နောက်, သူ့ဖုန်းမေ့ကျန်ခဲ့တာကို
ရုတ်တရက် သတိရလိုက်တယ်၊သူလုကျိုးရဲ့
အခန်းထဲဆီသို့ ဝင်လာခဲ့ပြီးပြတင်းပေါက်များဖွင့်ထားတာကိုတွေ့လိုက်ရတယ်၊လုကျိုးကလည်း သူ့အိပ်ရာလေးပေါ်၌ အနည်းငယ်
တုန်လှုပ်စွာဖြင့်ငေးငိုင်ပြီးထိုင်နေလျက်ရှိနေတယ်။
"ကျိုးကော ,ဘာလို့ ပြတင်းပေါက်တွေ
မပိတ်သေးတာလဲ ? သတိထားလေ,
ကောအအေးမိလို့ မဖြစ်ဘူးလေ"
ရှောင်ရီ ပြောပြောဆိုဆို ဖြင့် ပြတင်း ပေါက်များ လိုက်ပိတ်နေချိန် လုကျိုး သူ့ကို
လိုက်ကြည့်နေတယ်။ရှောင်ရီ အနည်းငယ်
အဆင်မပြေဖြစ်နေလျက် ပြောလိုက်တယ်။
"ကျွန်တော် အိပ်တော့မယ်နော်,
ဂွတ်နိုက် ကျိုးကော "
"အမ်း ....စောစောအိပ်လေ "
လုကျိုး သူ့ကို ပြန်ပြောတယ်။
ရှောင်ရီ အခန်းထဲမှထွက်လာပြီးနောက်
အတော်လေး စိတ်သက်သာရာရသွားတယ်။
ထိုနေ့ညတွင် ,ရှောင်ရီ သူ့ဖုန်းအတွက်
နေရာအထိုင်ရှာရပြန်တယ်၊လိုင်းကမမိတချက် မိတချက်ဖြစ်နေတာမို့ ပုံလေးတပုံတင်ဖို့အတွက်တောင်အချိန် အတော်လေးပေးနေခဲ့ရတယ်၊စတူဒီယိုသို့ပရိသတ်တွေ
လာတုန်းက ရိုက်ထားတဲ့ပုံကို ကြည့်နေမိတယ်။ သူအိပ််ခါနီးမှ ဒူမိုင်ဆီမှ ဖုန်းဝင်လာခဲ့တယ်။
"အဲ့ဒီမှာ အခြေအနေဘယ်လိုရှိလဲ?"
ဒူမိုင်မေးလာတယ်။
ရှောင်ရီ အခြေအနေအားလုံးအား အလုံးစုံ
ပြောလိုက်ပြီးနောက် ဒူမိုင်ပြောလာတယ်။
"မနက်ဖြန် , ငါ ဟန်းတျန့် ကိုလာမယ်,
မင်းနဲ့လည်း တွေ့ချင်တယ်"
ယောက္ခမက သူ့ရဲ့ ချွေးမဖြစ်သူထံ စုံစမ်းစစ်ဆေးဖို့လာနေပြီလို့ ရှောင်ရီတွေးလိုက်မိရင်း ချက်ခြင်း သေချင်စိတ်ပေါက်သွားတယ်။ ဘာလို့ သူမက စစ်ဆေးဖို့ လာရတာလဲ? ဒူမိုင်ပြောလာတယ်။
"ဒါနဲ့ ချီချွမ်း မင်းဆီဖုန်းခေါ်သေးလား?"
"ခုထိတော့ မခေါ်ဘူး ....ကျွန်တော် တောင်းပန်ဖို့ ဖုန်းဆက်လိုက်ရမလား?"
"နောက်မှခေါ် , ချီချွမ်း ဆီ ဖုန်းခေါ်တဲ့အခါကျရင်လည်း တောင်းပန်တဲ့ စကားကိုဘဲ ဦးစားပေးပြောရမယ်, ဒါပေမယ့် မင်းတောင်းပန်လည်း အသုံးမဝင်လောက်ဘူး၊
ထားလိုက်တော့ !"
ရှောင်ရီ ဖုန်းချလိုက်တယ်၊မနက်ဖြန်က
တနလ်ာနေ့ မို့ နောက်ထပ် ရက်သတ္တပတ်တစ်ခု အသစ်စပြန်ပြီ၊ အချိန်တွေကို တွက်ကြည့်ပါက , သူ ဟန်းတျန့်ကို ရောက်နေတာ တလနီးပါးရှိပြီဖြစ်ပြီး လုကျိုးရဲ့ အချိန်ဇယားက
နှစ်လမပြည့်မီမှာပြီးလောက်တယ်။
အဲ့ဒီအချိန်လောက်ဆို လုကျိုး အကြောင်း
အတော်များများလည်း သိလောက်ပြီဖြစ်ကာ
သင်ယူစရာတွေလည်း သင်ယူခဲ့ပြီး ဖြစ်နေလောက်ပြီ၊ ရှောင်ရီ မီးပိတ်ပြီး ဆက်တွေးနေခဲ့ရင်း အိမ်မက် ကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့လိုက်တယ်။
နောက်တနေ့ မနက် ရှစ်နာရီ , လုကျိုးအား တောင်ပေါ်သို့ ကားမောင်းပို့ပြီးနောက် ,
အမျိုးသမီး တာဝန်ခံက ရှောင်ရီကိုမေးလာတယ်။
"ရှောင်ရှောင်,နင့် ဖုန်း လိုင်းမိလား ?"
ရှောင်ရီ ဖုန်းကို ချက်ခြင်းထုတ်ယူလိုက်ပြီး
ပြောလိုက်တယ်။
"ဟုတ်ကဲ့ မိတယ်, ဘာဖြစ်လို့လဲ?"
အမျိုးသမီးတာဝန်ခံက တိုးတိုး ပြောလာတယ်။
"Weibo ကိုကြည့်လိုက်"
ရှောင်ရီ :".????"
ရှောင်ရီ တောင်အောက်ရှိစျေးဆီသို့ ဆင်းလာပြီး ဂျင်းအချို့ ဝယ်ဖို့လုပ်လိုက်တယ်၊ဒီနေ့ မနက်လုကျိုး အိပ်ရာထတော့ နှာရည်ယိုနေတာကို တွေ့တာမို့ ဂျင်းပြုတ်ရည်ကသူနှင့် အဖွဲ့သားအားလုံးအတွက် အအေးဒဏ်မှကာကွယ်ပေးနိုင်တာမို့ ဖြစ်တယ်၊ရှောင်ရီ
တောင်အောက်သို့်ကားမောင်းဆင်းလာရင်း Weiboကို ကြည့်လိုက်ရာ ချက်ခြင်းပင်ခေါင်းတွေထူပူသွားတယ်....
ဖျော်ဖြေရေး websiteရဲ့ ခေါင်းကြီးပိုင်း
သတင်းတွင် ဓာတ်ပုံများနှင့်အတူ လုကျိုးနှင့်
နင်ယာချင်းရဲ့ အရှုပ်တော်ပုံများ
ဆိုတဲ့ခေါင်းစဥ်ကို တွေ့လိုက်ရတယ်။
အခုအချိန် ရှောင်ရီ ဘာပြောရမှန်းတောင်
မသိတော့ဘူး၊ဒီအစီအစဥ်ကို ရွေ့ဆိုင်းထားတာ မဟုတ်ဘူးလား ? ! ဒီကိစ္စဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ ?
ရှောင်ရီ ဒူမိုင်ကို ဖုန်းခေါ်တော့ ဖုန်းတိုင်းလိုလိုက မအားဘူး ၊နောက်ဆုံးတွင် ဒူမိုင်ဖုန်းကိုင်လာတယ်။
"ငါ မြင်ပြီးပြီ , မင်းအဲ့ဒီဘက်မှာ ငြိမ်ဘဲနေလိုက်, ဒီဘက်မှာ ဘာဘဲဖြစ်ဖြစ်, လုကျိုး
ဒါကို သိလို့မဖြစ်ဘူး , အဲ့ဒီသတင်းတင်တဲ့
လူကိုလည်း ငါရှာနေတယ် "
"ဒါဆို ကျန်းရှီးရမ် ဘက်မှာ ကော ......."
"ပထမဆုံး ငါတို့ ဘက်ကဟာကို
အရင်လုပ်ရမယ်"
ဒူမိုင်လေယာဥ် ပေါ်သို့ ခြေမချတော့ဘဲ ,
လုကျိုးနှင့် ပတ်သက်တဲ့ ကိစ္စတွေကို ချက်ခြင်း ကိုင်တွယ်နေရပုံရှိနေတယ်၊ရှောင်ရီ မှာတော့ တိမ်တိုက်များ နဲ့ အခိုးအငွေ့ များကြားထဲ၌သာပိတ်မိနေဆဲရှိနေသေးတယ်၊သူတွေးလိုက်မိတယ်။
"အခု Tianya မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေလောက်ပြီ"
ပုံမှန်အားဖြင့် ,နာမည်ကြီးများနှင့်ပတ်သက်တဲ့ သတင်းတွေကိုသူတွေ့ပါကအပေါ်ယံသာသူကြည့်လိုက်မိတယ်၊ဒါပေမယ့် လုကျိုးနဲ့ ပတ်သက်တဲ့ သတင်းကိုချက်ခြင်း လက်ငင်းသူတွေ့ရတဲ့အခါ ,မိသားစုရဲ့ပုဂ္ဂိုလ်ရေးရာအဖြစ်အပျက်တစ်ခုအား အင်တာနက်ပေါ် တင်ခံလိုက်ရသကဲ့သို့ခံစားနေရလျက် သူခိုးလူမိခံလိုက်ရသလိုဘဲ။အခြားသူမသိစေချင်တဲ့အရာတစ်ခုအားတစ်စုံတစ်ယောက်ကလူအများ သိအောင်ဖော်ထုတ်ခြင်းအားခံလိုက်ရသလိုဖြစ်နေခဲ့ တယ်။
ရှောင်ရီ စိတ်တွေရှုပ်နေတာမို့ ဂျင်းအမြန်အဆန်ဝယ်လာပြီး နေ့ လည်ပိုင်းလောက်တွင် ,ဟုတ်ချင်က အစားအစာများကို ယူဆောင်လာခဲ့တယ် ၊ လုကျိုးက သူ့ရဲ့
နေ့လည်စာထမင်းချိုင့်ကို ကြည့်ပြီးပြော
လာတယ်။
"မင်းမချက်ဘူးလား ?"
"ကျွန်တော်ဂျင်းသွားဝယ်နေတာနဲ့
နောက်ကျသွားလို့ "
"ထားလိုက်တော့....ခုနေ့လည်စာလည်း
စားလို့ကောင်းပါတယ်"
လုကျိုးချောင်းတွေဆိုးနေပြီးနှာတရှုံရှုံဖြစ်နေတာမို့ နေ့လည်စာကိုလည်း အနည်းအကျဥ်းမျှသာစားလိုက်တယ်၊ဒီနေ့တွင်မှရှားရှားပါးပါး ဝန်ထမ်းများကအတော်လေးပင်တိတ်ဆိတ် နေကြလျက် မည်သူကမှ
စကားမပြောကြဘူး။လူတိုင်းကနေ့လည်စာစားပြီးပြီးချင်း သူတို့ဖုန်းနှင့်သာအလုပ်ရှုပ်နေခဲ့ကြတယ်၊တစ်ခုခု ထူးဆန်းနေတယ်လို့
လုကျိုးခံစားမိတာမို့ သူ့ပတ်ဝန်းကျင်ကို
လေ့လာလိုက်ပေမယ့် ဘာဖြစ်နေတယ်ဆိုတာကိုတော့ သူမသိဘူး။
နေ့လည်ခင်းပိုင်းတွင်ရာသီဥတုကအတော်လေးကို ကောင်းမွန်သာယာနေခဲ့တယ်၊ရေကန် ပြာကကြည်လင်လျက်ရှိနေပြီး
ကန်ရေပြင်က နေရောင်ကြောင့်တလက်
လက်ပင်တောက်ပလျက် ရှိနေတယ်။
လုကျိုးနဲ့ နင်ယာချင်းတို့က ပေါင်ကျီးနဲ့
ရှုလုပင်တို့ကြား အချစ်ဇာတ်ဝင်ခန်း
အား စတင်ရိုက်ကူးခဲ့ကြတယ်။နေရောင်ခြည်အောက်၌လျောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချောမောခန့်ညားတဲ့ ယောကျ်ားပျိုတစ်ဦးနဲ့ လှပတဲ့ မိန်းမပျိုတစ်ဦးတို့ရေကန်ကြီးရှေ့၌ ရပ်လျက်ရှိနေကြတယ်၊လုကျိုးက နင်ယာချင်းရဲ့ လက်အား ယုယစွာကိုင်ထားလျက်
နင်ယာချင်းကတော့ ရှက်ဝဲဝဲလေးဖြင့်
ရှိနေတယ်။
"ခုဘဝအတွက်ရော နောက်ဘဝတွေပါ,
မင်းလက်လေးကိုဘဲဆုပ်ကိုင်ထားပြီး
မင်းနဲ့ အတူဘဲအိုမင်းပါ့မယ် "
လုကျိုးလေးလေးနက်နက်ပင် ပြောလိုက်ရင်း
နင်ယာချင်းရဲ့ပါးပြင်အားသူ့နှာခေါင်းလေး
ဖြင့် ပွတ်သပ်လိုက်တယ်။
" Cut !'"ဒါရိုက်တာထအော်လာတယ်။
'မကောင်းဘူး ...လုကျိုး , မင်းမျက်လုံးတွေမှာ အချစ်မပါဘူး ဖြစ်နေတယ်"
လုကျိုးတကိုယ်လုံး ပင်ပန်းနွမ်းနယ်နေခဲ့တယ်၊သူ ဒီလို ဇာတ်ဝင်ခန်းမျိုးတွေကို
အရမ်းကြောက်တယ် , သူပိုပြီးအားထည့်
သရုပ်ဆောင်လေ ပိုပြီးအဆင်မပြေလေ
ဖြစ်နေတယ်, အခြားဇာတ်ဝင်ခန်းတွေဆို
သူ့အတွက်ဘယ်လိုပုံစံဘဲဖြစ်ဖြစ်အခက်အခဲ မရှိခဲ့ပေမယ့် အချစ်ဇာတ်ဝင်ခန်းတစ်ခုမှာသတော့ပြသနာရှိမြဲဖြစ်နေတယ်, နူးညံ့တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့လေထုရှိနေရင်တောင်,သူ့ရဲ့ အသုံးအနှုန်းတွေက
မှန်နေခဲ့ရင်တောင် အချစ်ဇာတ်ဝင်ခန်းတွေမှာ အဆင်မပြေခြင်းကသူ့အတွက်အလေ့အထ
တစ်ခုလို ဖြစ်နေမြဲသာရှိနေတယ်။
အကယ်၍များ နင်ယာချင်းသာ သစ်ပင်တစ်ပင်, ရွှေချောင်းတစ်ချောင်း သို့မဟုတ် lollipopတစ်ခုအဖြစ် ပြောင်းလဲသွားမယ်ဆိုရင်တောင် လုကျိုးရဲ့ မျက်လုံးများက တော့
နူးညံ့သိမ်မွေ့ခြင်းတွေနဲ့ ပြည့်နေမြဲသာရှိနေပြီး ဘူးသီးတစ်လုံးကို ပုံစံခွက်ထဲထည့်ပြီး
ပုံသွင်းသလိုသာ ဖြစ်နေလိမ့်မယ်။
လုကျိုးနှာခေါင်းမှ ချွဲပျစ်ပျစ်နှာရည်များ
ကျလာတာမို့ ရှောင်ရီအား ခေါင်းခေါက်ပြီး ပြောလာတယ်။
"မင်းဘာလုပ်နေတာလဲ? တစ်ရှူးပေး !
ရှောင်ရီ တစ်ရှုးလိပ်ကြီးတလိပ်အားအလျင် အမြန်ထုတ်ယူလိုက်တယ်၊သူတို့ဘေးမှလူတွေကတော့ သူတို့ကို ကြည့်ပြီးရယ်နေကြတယ်၊လုကျိုး တစ်ဖက်သို့လှည့်ပြီးတစ်ရှုးစဖြင့် သုတ်လိုက်ရင်း သူအအေးမိခြင်းက
ပိုဆိုးလာတယ်လို့တောင်တွေးလိုက်မိတယ်။
သုတ်ပြီးနောက် အလွယ်တကူဘေးဘက်ဆီသို့ ပစ်လိုက်ရာ ရှောင်ရီက အလျင်အမြန်တစ်ရှုးစအား ကောက်ယူပြီး အပြင်ဘက်သို့
ယူလာကာလွှင့်ပစ်လိုက်တယ်၊ထို့နောက်
weiboကို ဆက်လက်ကြည့်ရှုနေခဲ့တယ်။
ဒီနေ့ ရဲ့အဓိကသတင်းတွေထဲမှာပါဝင်လာတဲ့ နင်ယာချင်းနဲ့ လုကျိုးတို့ရဲ့ရိုက်ကူးရေးဓာတ်ပုံတွေက ပိုလို့တောင် ဖောင်းပွကာဆိုးဝါးလာနေပြီဖြစ်ပြီးနေ့လည်ဘက်တွင်
ကျန်းရှီးရမ်ကတောင် Weibo မှာ မှတ်ချက်
ဝင်ရေး လာခဲ့တယ်။
''လူနှစ်ဦးက ကိုယ့်လမ်းကိုယ်လျှောက်နေ
ကျပြီမို့ လူတိုင်းက ပျော်ရွှင်နေကြတယ်"
ရှောင်ရီ မိုးကြိုးပစ်ချလိုက်သကဲ့သို့အက်ကွဲသံ အကျယ်ကြီးအား သူ့ခေါင်းထဲတွင်
နောက်တကြိမ် ထပ်မံ၍ ကြားလိုက်ရတယ်။
ရှောင်ရီ :".........."
ပရိသတ်များ :".........."
လူတိုင်းက weiboကို ကြည့်ပြီးနောက် ရှောင်ရီအား စာနာသနားတဲ့ အကြည့်တွေနဲ့ ကြည့်လာကျတယ်၊ရေကန်အနီးတွင်သာသူရှိနေတာမို့ , လုကျိုး သည်လည်း ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းများ ရရှိနိုင်ရေးနှင့် နင်ယာချင်းအား
နူးညံ့စွာနမ်းနိုင်ရေးအတွက် အစွမ်းရှိသမျှ
အတတ်နိုင်ဆုံးကြိုးစားနေရှာတယ်။
"Cut! ....မကောင်းဘူး , ခဏနားမယ်"
ဒါရိုက်တာက အနားပေးလာတယ်။
တနေ့ခင်းလုံးရေကန်ရှေ့မှာ ရပ်နေရတာမို့
နင်ယာချင်းလည်း အတော်ပင်ပန်းနေပုံရတယ်။
လုကျိုး တစ်ယောက်အအေးမိခြင်းကြောင့်အနည်းငယ်မူးဝေနေခဲ့ပြီး သစ်ပင်အောက်တွင် ရပ်လျက်နှာရည်တရွဲရွဲဖြင်အဆက် မပြတ်နှာချေလာတယ်၊နင်ယာချင်းလူအုပ်ထဲသို့ ပြန် ရောက်လာတဲ့အခါ, လူတိုင်းက သူတို့
ဖုန်းတွေကို ချက်ခြင်း ဖွက်ထားလိုက်ကြတယ်။
"နောက်တခန်းကို တချက်ကြည့်ကြည့်မယ်"
ဒါရိုက်တာ လုကျိုးကို လှမ်းပြောလာတယ်။
အမျိုးသမီးတာဝန်ခံက ဒါရိုက်တာ နဲ့ ဆွေးနွေးဖို့ သွားလိုက်တယ်၊ခဏအကြာတွင်
နေရောင်ခေါင်းတည့်တည့်ရောက်လာချ်ိန်တနေ့ခင်းလုံးထိုအခန်းတစ်ခုထဲကိုသာအကြိမ်ကြိမ်ရိုက်ကူးနေရတယ်၊ ယခင်နင်ယာချင်းကရိုက်ကူးရေးအား နှေးကွေးစေခဲ့ခြင်းမှ ယခုအခါအခြေအနေက ပြောင်းပြန်ဖြစ်နေတယ်၊အခုက လုကျိုး အလှည့်ဖြစ်နေတယ်၊
လုကျိုးက အချစ်ဇာတ်ဝင်ခန်းတစ်ခု မှာ
အကြိမ်ကြိမ် အခါခါ မှားယွင်းနေခဲ့ခြင်းက
လုံးဝပင် စိတ်နှစ်လို့မရဖြစ်နေလျက်
သူ့ကိုယ်သူ မနည်းရပ်တည်နိုင်အောင်
ကြိုးစားနေရပုံဖြစ်နေတယ်။
" ခုဘဝအတွက်ရော နောက်ဘဝတွေပါ,
မင်းလက်လေးကိုဘဲဆုပ်ကိုင်ထားပြီး
မင်းနဲ့ အတူဘဲ အိုမင်းမယ်, ရှုလုပင်"
လုကျိုး နူးညံ့စွာပင်ပြောလိုက်တယ်။
"ငါ့ဘဝတစ်လျှောက်လုံးမင်းနဲ့သာအတူနေနိုင်မယ်ဆိုရင်,မိုးကောင်းကင်အောက်က
ရေမြေအစ နိုင်ငံအဆုံး ငါအားလုံးကို
စွန့်လွှတ်နိုင်တယ် "
"ပေါင်ကျီး ...."
နင်ယာချင်းရဲ့ မျက်ဝန်းများထဲ၌
နူးညံ့သိမ်မွေ့မှုနှင့်အတူ စိတ်ကူးယဥ်ဆန်တဲ့ ခံစားချက်တွေပြည့်နှက်လျက်ရှိနေခဲ့ တယ်။
လုကျိုး ခေါင်းငုံ့လိုက်တဲ့အခါ, သူ့နှာခေါင်းထဲမှ နှာရည်များက နင်ယာချင်းရဲ့ မျက်နှာပေါ်သို့ စီးကျလာခဲ့တယ်။
နင်ယာချင်း :"........."
လုကျိုး :"......."
"ငါတောင်းပန်ပါတယ်....ဟတ်ချိုး !"
လုကျိုး သူ့မျက်နှာကိုကွယ်လိုက်တယ်။
နင်ယာချင်းက ပြုံးလိုက်ပြီးနောက် သူမ မျက်နှာအား မိတ်ကပ်ပြန်ပြင်ရန် ထွက်သွားတယ်၊ လုကျိုးရဲ့မိတ်ကပ်ပညာရှင်ကလည်း
လုကျိုးမျက်နှာအား မိတ်ကပ်ပြင်ရန်
ရောက်လာတယ်၊လူတိုင်းကတော့
ဘာမှမပြောဘဲထူးဆန်းစွာပင်တိတ်ဆိတ်နေခဲ့ကြတယ်။
W5230
31.7.2021
.......
..
Zawgyi
"ရပ်တော့ , ရပ်......ရပ်"
စနောက်လာတယ်။
"သူက အရမ်းတော်တယ်"
လုကျိုး ဆက်ပြောလာတယ်။
အတော်ဆိုးနေလားဟင် ?"
ရှောင်ရီ :".......'
ကျွန်တော်ထင်တယ်"
အလေးထား ကြတယ်လေ,
ယောက်ျားနဲ့ မိန်းမ နှစ်ဦးရဲ့အချစ်က
အရမ်းယစ်မူးစေတယ်"
ပြောလာတယ်။
ကျွန်တော်ထင်တယ်"
ယောက်ျားလေး နှစ်ယောက်နမ်းနေတဲ့
သဘောပေါက်လာတယ်။
လုကျိုး ပြောလာတယ်။
သဘောမကျဘူး"
"ဟိုက် !!!"
ငါသိတယ်, အချို့ကျတော့ တံခါးနားမှာ ဖိကပ်ပြီး အနမ်းခံရတာကို သဘောကျတယ်, တချို့ကျတော့ သူတို့ရဲ့ နားထဲမှာ ကလူတဲ့မြူတဲ့ စကားတွေကြားရတာကို ကြိုက်
လုကျိုး :"........"
ရှောင်ရီ:"........."
"ဒီလိုလား ?"
၊လုကျိုးသူ့ကို ကြည့်တဲ့ ပုံစံကလုံးဝပင် မတူညီနေလျက် စိတ်ခံစားချက်တွေကတဖြေးဖြေးပင်မျက်လုံးတွေမှာယအရောင်လက်နေပုံရနေတာမို့ လုကျိုးကိုသူချက်ခြင်းတွန်းထုတ်ပြီးပြောလိုက်တယ်။
"မင်းအလုပ်ပြီးပြီ "
"ခဏ ...ဒီကိုလာဦး "
ရှောင်ရီ".........?????"
"ထိုင် !"
ပြောလာတယ်။
"!!!!!"
လုကျိုး ပြောလာတယ်။
လုကျိုး ပြောလိုက်တယ်။
"ဟုတ် .....ဟုတ်ကဲ့ "
"စိတ်နှစ်ထား "
လုကျိုးပြောလာတယ်။
"တကယ်ကြီးလား ?"
လောက်ဘူး။
ရှောင်ရီ:"......."
လုကျိုး "...မင်း "
လိုက်တယ်။
အာ ....လုကျိုးက တကယ့်ကို ချစ်စရာကောင်းလွန်းသူမို့ ! ယောက်ျားလေးတွေတောင် သူ့ကို မြင်တာနဲ့ ခုလို တုံ့ပြန်လာတတ်ကြတာလား ? !!!!   ။
လိုက်ကြည့်နေတယ်။ရှောင်ရီ အနည်းငယ်
ဂွတ်နိုက် ကျိုးကော "
"အမ်း ....စောစောအိပ်လေ "
တယ်။ သူအိပ်ခါနီးမှ ဒူမိုင်ဆီမှ ဖုန်းဝင်လာခဲ့တယ်။
ဒူမိုင်မေးလာတယ်။
ဖုန်းဆက်လိုက်ရမလား?"
ထားလိုက်တော့ !"
ပြောလိုက်တယ်။
"Weibo ကိုကြည့်လိုက်"
ရှောင်ရီ :".????"
ရှောင်ရီ တောင်အောက်ရှိဈေးဆီသို့ ဆင်းလာပြီးဂျင်းအချို့ ဝယ်ဖို့လုပ်လိုက်တယ်၊ဒီနေ့ မနက်လုကျိုး အိပ်ရာထတော့ နှာရည်ယိုနေတာကို တွေ့တာမို့ ဂျင်းပြုတ်ရည်ကသူနှင့် အဖွဲ့သားအားလုံးအတွက် အအေးဒဏ်မှကာကွယ်ပေးနိုင်တာမို့ ဖြစ်တယ်၊ရှောင်ရီ တောင်အောက်သို့်ကားမောင်း
အရင်လုပ်ရမယ်"
ဖြစ်နေလောက်ပြီ"
"မင်းမချက်ဘူးလား ?"
နောက်ကျသွားလို့ "
စားလို့ကောင်းပါတယ်"
ကိုတော့ သူမသိဘူး။
၌လျောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချောမောခန့်ညားတဲ့ ယောက်ျားပျိုတစ်ဦးနဲ့ လှပတဲ့ မိန်းမပျိုတစ်ဦးတို့ရေကန်ကြီးရှေ့၌ ရပ်လျက်ရှိနေကြတယ်၊လုကျိုးက နင်ယာချင်းရဲ့ လက်အား ယုယစွာကိုင်ထားလျက် နင်ယာချင်း
မရှိခဲ့ပေမယ့် အချစ်ဇာတ်ဝင်ခန်းတစ်ခုမှာတော့ပြသနာရှိမြဲဖြစ်နေတယ်, နူးညံ့တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့လေထုရှိနေရင်တောင်,သူ့ရဲ့ အသုံးအနှုန်းတွေက
ဝင်ရေး လာခဲ့တယ်။
ရှောင်ရီ :".........."
ပရိသတ်များ :".........."
တည့်တည့်ရောက်လာချိနိတနေ့ ခင်းလုံး
"ပေါင်ကျီး ...."
နင်ယာချင်း :"........."
လုကျိုး :"......."
နင်ယာချင်းက ပြုံးလိုက်ပြီးနောက် သူမ မျက်နှာအား ယမိတ်ကပ်ပြန်ပြင်ရန် ထွက်သွားတယ်၊ လုကျိုးရဲ့မိတ်ကပ်ပညာရှင်ကလည်း လုကျိုးမျက်နှာအား မိတ်ကပ်ပြင်ရန်
W5230
31.7.2021
.......
..
Seguir leyendo
También te gustarán
244K 26.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
350K 38.5K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
745K 92.1K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား
794K 66K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...