(V 3+V4) ကောင်းကင်ယံထက်က ငွေက...
By MayKingMK119
348K 48.8K 1.6K
(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... More
True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အကျဉ်း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မကောင်းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
မြေအောက်လောက ဘုရင် Albert / မြေအောက်လောက ဘုရင် Albert
Chapter (15) - Trap Down (ထောင်ချောက်)
Chapter (16) - လောင်းကစားနှင့် ဝှက်ဖဲ
Tang Feng ရဲ့ အချစ်ကို ဘယ်သူ ရမလဲ..
Chapter (17) - ရွေးချယ်ခြင်း - 1
Chapter (18) သီးသန့်ကျွန်း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကွယ်ထားသည့် ခံစားချက် အဟုန်များ
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - လေလံပွဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကျွန် လေလံပွဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးလေလံပွဲ(Z+U)
Volume III_ Chapter (24) - Gino လွတ်မြောက်ခြင်း (Z+U)
Volume III_ Chapter (25) - သူက ဘာကြောင့် Fiennes Tang နဲ့ တူနေတာလဲ (Z+U)
Volume - 3 _ Chapter (26) - အောင်မြင်မှု၏ဆုလာဘ်ကို ခံစားခြင်း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက်သော Albert
Chapter (28) - မကောင်းဆိုးဝါး လူသတ်သမား ရောက်ရှိလာခြင်း
Chapter (29) - Lu Tian Chen ကိုယ်တိုင် လာရောက်ကယ်တင်ခြင်း (Z+U)
Chapter (30) - Dr. Harvey ဆီက ဝန်ခံစကား (Z+U)
True Star_ Volume 3 _ Chapter 31: ဗင်းနစ် ရုပ်ရှင်ပွဲတော်
Chapter (32) - ဗင်းနစ်ရုပ်ရှင်ပွဲတော် (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုပေးပွဲအခမ်းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ်ဆို့ခြင်း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4 - Chapter (7) : ပန်းချီပြခန်း
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု
Vol 4- Chapter (8): -I love you
1.5K 248 12
By MayKingMK119
Vol 4- Chapter (8): -I love you
"ယွမ် 100,000 ပဲ မဟုတ်လား။ အဲ့ဒါ ကျုပ်အတွက် ထမင်းတနပ်စာလောက်ပဲ ရှိပါတယ်"
မစ္စတာစုန့် က အမှုမထားသည့် အသံဖြင့်ပြောလိုက်သည်။
"သူက ထမင်းစားတာလား၊ ငွေတွေကို ထိုင်ဝါးနေတာလား.... "
ချန်မင်ရွှိ က Tang Feng ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး နားရွက်နားကပ်ကာ တီးတိုး အတင်းပြောလိုက်သည်။
"ငါက ကြွားလုံးထုတ်တာကို သဘောကျတဲ့ အထက်တန်းလွှာက လူတွေကို မုန်းလိုက်တာ "
လူဘယ်လောက်က တနေကုန် အဲ့လောက်ပိုက်ဆံတွေကို အိတ်ထဲ ထည့်ပြီးလျှောက် သွား နေလို့လဲ။
"ဝိုး၊ ယွမ် 100,000 က စီအီးအိုစုန့်အတွက် ထမင်းတနပ်စာလောက်ပဲ ရှိတယ်ဆိုတော့... ကျုပ်က ဒီပန်းချီကားလေးကို တတ်နိုင်ပါ့မလားတောင် မသိတော့ဘူး။ "
Charles က ထုံးစံအတိုင်း ရယ်မောပြီး စိတ်တိုင်းကျ ဈေးကို တိုးပေးလိုက်တော့သည်။
"ကောင်းပြီး။ မူလဈေး ယွမ် 100,000 အပြင် တစ်ယွမ် တိုးပေးမယ်....ဟား...ဟား... "
ချားလ်ရဲ့ စကားကို ကြားတော့ စီအီးအိုစုန့်ရဲ့မျက်ခုံးက နှစ်ကြိမ် ပင့်လိုက်ကာ ကဲ့ရဲ့ရှုံ့ချဟန်ဖြင့် ပြောလိုက်သည်။
"ကျူပ်က ယွမ် 200,000 သိန်းပေးတယ်!"
" နှစ်သိန်း နဲ့ တစ်ယွမ်.... "
ဒီလိုလုပ်နေရင်း Charles က ပြုံးပြီး ပြောလိုက်သည်။ ဒီပုံစံက ဒီလူကို ကစားနေတယ်ဆိုတာ ထင်ရှားသည်။ စီအီးအိုစုန့်က ချားလ်ရဲ့ ဈေးတင်ပေးမှုကို ကြားသော် ဒေါသတကြီး အံကြိတ်ကာ သူ့ပါးစပ်က ထုတ်ပြောလိုက်သည်။
"တစ်သန်း!"
Charles သည် အေးဆေးစွာပင် ဈေးထပ်တိုးပေးလိုက်သည်။
"တစ်သန်းနှင့် နောက်ထပ်တစ်ယွမ် "
ဝေ့တောက်မင် က သူ့ကို ကြည့်ပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။
"ဒီက သခင်လေး.... မင်း ဒီမှာ ကစားဖို့လာတာလား....."
"အိုး မင်းက အရမ်း ဉာဏ်ကောင်းတာပဲ၊ ငါ ကစားဖို့ ရောက်လာတာပဲ။ "
Charles ရဲ့ ခပ်မြူးမြူးပုံစံက သူ့အကြိုက်ဆိုတာ Tang Feng ဝန်မခံပဲမနေနိုင်တော့ပေ။ သူ့ရဲ့ မထီတရီပုံစံက တဖက်သားကို သွားတွေ ယားယံလာစေသည်အထိ မုန်းတီးမှုကို ကောင်းကောင်းလှုံ့ဆော်နိုင်လေသည်။
ချားလ်က တစ်ကြိမ်ကို စီအီးအိုစုန့်ပေးသည့် ဈေးထက် တစ်ယွမ်စီ တိုးပေးကာ ကောင်းကောင်း ကစားပေးနေသည်။
"ဆယ်သန်း"
နောက်ဆုံး စိတ်မရှည်တော့သည့် စီအီးအိုစုန့်က စိတ်လွတ်ကာ ထိုပမာဏကို တစ်ခါတည်း ပြောချပစ်လိုက်သည်။ ဒီလိုပြောပြီး ချားလ်ကို စိန်ခေါ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သေးသည်။
မင်းက တစ်ခါကို တစ်ယွမ်လိုက်တိုးပေးချင်နေတယ် မဟုတ်လား။ အခု ငါ ဆယ်သန်း ပေးလိုက်ပြီ။ မင်းဘက်က ပန်းချီကားတစ်ချပ်အတွက် ဆယ်သန်းကို လိုက်ပေးနိုင်သေးရဲ့လား...... ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ယောက်ျားတစ်ယောက်အတွက် ယွမ် တစ်သိန်းတန် ပန်းချီကားတစ်ချပ်အတွက် ဆယ်သန်းလောက် ကုန်ကျတာက မမှုဘူးလို့တော့ မဆိုလိုပါဘူး။ ငွေဆယ်သန်းဆိုတာ နည်းနည်းနောနော ပိုက်ဆံတော့ မဟုတ်ဘူးလေ။
"အဲဒါ..." Charles က သူ့လေသံကို တမင်တကာ ဆွဲကာ ပြောလိုက်သည်။
Charles က ဒီမှာပဲ ရပ်လိုက်ရင် ပန်းချီကားအတွက် ပိုက်ဆံကုန်တဲ့လူက စီအီးအိုစုန့်ပဲ ဖြစ်လိမ့်မည်။ ဒါပေမယ့် ဒါက နူတ်ဖြင့်ဈေးပြိုင်ပေးနေတာဖြစ်ပြီး တကယ်ဝယ်၊ မဝယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီအကြောင်းကို ဖုံးကွယ်ထားမယ်ဆိုရင် ဘယ်သူမှ မသိနိုင်ဘူးလေ။
ဒါပေမယ့် Charles က မဝယ်ရင် ပျော်မယ့်သူက ဝေ့တောက်မင်ပဲဖြစ်သည်။ ယခု တစ်ကြိမ်တွင်၊ သူက ခပ်လျှိုလျှိုနေနေရသည့် အချိန်ခါဖြစ်သည်။ ပထမ စပွန်ဆာနိုင်ငံရေးသမားရဲ့ လာဘ်စားသည့် ကိစ္စကြောင့် သူ့နာမည်ကို လူတွေကြား သိပ်ပေါ်ပေါ်ထင်ထင်မဖြစ်အောင် ရှောင်ရှားနေရသည်။ ပြီးတော့ အနုပညာလောကတွင် Tang Feng ၏ တဟုန်ထိုးကျော်ကြားကာ အောင်မြင်နေသည့် အချိန်ဖြစ်လို့ Tang Feng က သူ့ရှေ့မှာေ ပါ်လာချိန် ဘာမှ မလုပ်ပဲလည်း မနေနိုင်တော့ပေ။
Tang Feng ၏ဂုဏ်သိက္ခာကို ချိုးနှိမ်ရန် ဒီအခွင့်အရေးကို ဝေ့တောက်မင်က အရယူ လိုက်ခြင်းဖြစ်သည်။
"ဆယ်သန်းဆိုတာ သေးငယ်တဲ့ ပမာဏတော့ မဟုတ်ဘူး။ ဒါကြောင့် ဒီလူကြီးမင်း သေချာ စဉ်းစားရမယ်။ စိတ်လိုက်မာန်ပါ လုပ်ပြီးမှ နောင်တရမနေပါစေနဲ့။"
လှောင်ပြောင်သော အပြုံးဖြင့် စီအီးအိုစုန့်က ချားလ်ကို ကော်လို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဝေ့တောက်မင် သည် ဒေါသတကြီးဖြင့် စီအီးအိုစုန့် ၏လက်ကို အနည်းငယ်ဆွဲကာ ဟန့်တားသယောင် လုပ်လိုက်ပြီးနောက် သူ ဘာမှ မသိသလို ဟန်ဆောင်လိုက်သည်။
"ဆယ်သန်းနဲ့ တစ်ယွမ် ...."
Charles ၏ ပါးစပ်ထောင့်ရှိ အပြုံးသည် အေးစက်လာပြီး Tang Feng ၏ ရှေ့တွင် တမင်သက်သက် ခဏရပ်တန့်သွားကာ အနားမှာ စိတ်ဝင်တစားဝိုင်းကြည့်နေသည့် လူအားလုံးကို မမြင်သလို ကျော်သွားခဲ့သည်။ Tang Feng ၏ မျက်နှာပြင်ထက်တွင် တစ်စက္ကန့်မျှ ပြုံးပြလိုက်သည်။ ထိုအခိုက်အတန့်တွင် ချားလ်သည် ရုတ်တရက် အေးခဲသွားပြီး ညင်သာစွာ ပြောလိုက်သည်။
"ငွေချေမယ်!"
ချားလ် အချက်ပြလိုက်သည်နှင့် သူ့ ဘေးနားက သက်တော်စောင့်တစ်ယောက်က ချက်ချင်း ရှေ့တက်လာသည်။
"ကားပေါ်တက်ပြီး ဆယ်သန်းယူလာလိုက် "
မင်း ငါ့ကို စီးကရက်တစ်ဘူး သွားဝယ်ပေးစမ်း လို့ ပြောသလို ချားလ်ရဲ့လေသံက အေးဆေးရှိ လွန်းလှသည်။ ထိုသက်တော်စောင့်က ထွက်သွားစဉ် ချားလ်က သူ့ ပိုက်ဆံအိတ်ထဲက တစ်ယွမ်တန်ငွေကို ထုတ်ယူရင်း စီအီးအိုစုန့်ရဲ့ရှေ့မှာ ဝေ့ယမ်းလိုက်ကာ ပြောလိုက်သည်။
"စီအီးအိုစုန့်က ဈေးကိုသာ တက်ပေးနေတယ်။ တကယ်ငွေချေဖို့ ချက်ခ် လက်မှတ်ကိုတောင် ထုတ်မယ့် သဘောမမြင်ရဘူး။ ကျုပ်တို့က ပါးစပ်နဲ့ပဲ ဈေးပြိုင်ပေးနေတာ မဟုတ်ဘူး။ ဈေးပြိုင်ပေးပြီး လက်ငင်းငွေချေတတ်ရတယ်"
""ဟား...ဟား! ဒီလူကြီးမင်းက ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပါပေတယ်။ ဒီပန်းချီကားကို ခင်ဗျားက တကယ် ကြိုက်နေတာဖြစ်လို့ ကျုပ်က လုမဝယ်တော့ပါဘူး။ ခင်ဗျားကိုပဲ ပိုင်ဆိုင်ခွင့်ပေးလိုက်ပါ့မယ်"
စီအီးအိုစုန့်က အသံကျယ်ကျယ်ဖြင့် အရှက်ပြေပြောကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေ သည့် ဝေ့တောက်မင် နဲ့ မျက်နှာချင်းတချက်ကြည့်ကာ ထွက်သွားဟန်ပြင်လိုက်သည်။
" မနက်ဖြန်မှ ကျုပ်တို့ ထပ်လာရအောင်... သွားတော့မယ်! "
"နှုတ်ဆက်ပါတယ်!"
စီနီယာကျန်းက စီအီးအိုစုန့်ကို နူတ်ဆက်လိုက်ပေမယ့် ထိုလူက ချက်ချင်း ထွက်မသွားပဲ Tang Feng ကို ကြည့်ချင်နေတုန်းဖြစ်နေသဖြင့် Charles သည် သူ့ကိုယ်ကြီးဖြင့် တံတိုင်းတစ်ခုအဖြစ် ယဉ်ယဉ်ကျေးကျေး ပြုမူလိုက်သည်။ စီအီးအိုစုန့်က ဟန်ဆောင် ပြုံးပြီး မျက်နှာပျက်နေသည့် ဝေ့တောက်မင်ကို ထားရစ်ကာ ထွက်သွားလိုက်သည်။
"ခင်ဗျား ငွေ 10 သန်းကို သွားလေရာ ယူသွားဖို့ တကယ်စိတ်ကူးရှိတာလား။"
ထိုအချိန်မှာ ချားလ်ကို Tang Feng က မေးလိုက်သည်။
"ဟား ..ဟား... ဒီဝက်လိုကောင်ကို ခြောက်လှန့်ဖို့ ငွေအများကြီးထည့် လာပါ့မလား"
ထိုသို့ပြောပြီး အစောပိုင်းက မိမိုက်လွန်းသည့် သူဌေးကြီးလို ပြုမူခဲ့သည့် ချားလ် တစ်ယောက် အခု Tang Feng ခြေထောက်နား တစ်ဝိုက်မှာ သခင်ကို ဖားနေသည့် ခွေးအကြီးကြီးကဲ့သို့ ပြုမူလိုက်တော့သည်။
ချန်မင်ရွှိ က သူ့မျက်လုံးတွေကို သေချာပွတ်ကာ Tang Feng ဘေးနားမှာ အမြီးတယမ်းယမ်း လုပ်နေသည့် ခွေးကြီးတစ်ကောင်ကို မမြင်ရကြောင်း သေချာ အတည်ပြုလိုက်ရတော့သ်။
"ချစ်လေး၊ ကိုယ်တို့ နှစ်ယောက် ခွဲနေရတာ လေးလ၊ လေးရက်နဲ့ ဆယ့်လေးနာရီရှိနေပြီ"
Charles က သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အိုး..အခု ဆယ့်ရှစ်မိနစ်တောင် စွန်းနေပြီ။ မင်း ကိုယ့်ကို တကယ် သေစေ ချင်နေတာလား။ အိုး... မင်းအတွက်ဆိုရင် ကိုယ်သေမယ်ဆိုလည်း သေဝံ့ပါတယ် !"
Tang Feng သည် Charles ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှေ့တည့်တည့်တွင် ပြုံးကာ ကြည့်နေသည့် စီနီယာကျန့် (ကျန့်ရွှယ်ချန်) ဆီသို့ ခေါင်းလှည့်ကာ ပြောလိုက်ရသည်။
"ဒီနေ့ စီနီယာရဲ့လုပ်ငန်းကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး၊ ဒီပုံကို ထုပ်ပိုးပေးပါဦး"
ချားလ်စ်က သူ့ပါးစပ်ကို အုပ်ထားသည့် လက်ဖဝါးကို နမ်းလိုက်သည့်အပြင် ထိုလက်ကို သူ့လက်ဝါးကြီးထဲ အုပ်ကာ ဆုပ်ကိုင်လိုက်သေးသည်။ ဒီလောက် အရှက်မဲ့ကာ မျက်နှာပြောင်သည့် လူကို ချန်မင်ရွှိ လုံးဝ မတွေ့ဖူးပေ။
"မင်းနဲ့ကိုယ် ပြောစရာရှိတယ်၊ ကိုယ့်လူတွေက ဒီပန်းချီကားကို မင်းဆီကို နောက်ပိုင်း လာပို့ပေးလိမ့်မယ်"
ချားလ်က ပြောပြီး Tang Feng က သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အဝေးကို ဆွဲခေါ်သွားတော့သည်။
ချန်မင်ရွှီ က အဝေးကို လျှောက်သွားနေတဲ့ လူနှစ်ယောက်ကို ကြည့်ပြီး စီနီယာကျန့် (ကျန့်ရွှယ်ချန်) ဆီကို လှည့်ပြီး မေးလိုက်သည်။
"ဘာလို့ စီနီယာက မအံ့သြတာလဲ"
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ပြုံးပြီးပြောတယ်။
"ဒါက ထိတ်လန့်စရာမဟုတ်လား? လူတစ်ယောက်လုံးကို မျက်မြင် တွေ့လိုက်ရတာကိုး..."
စီနီယာကျန့် (ကျန့်ရွှယ်ချန်) သည် Tang Feng နှင့် Charles ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်ပြီး ပြောလိုက်သည်။
"Tang Feng က အများကြီး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။"
"သူက ပိုကောင်းလာတယ်လေ။ အဲ့ဒါ မကောင်းဘူးလား"
ချန်မင်ရွှိ က ပြောလိုက်သည်။
"ဒါဆို မင်းနဲ့သူက..."
"အခု ကျွန်တော်တို့က သူငယ်ချင်းဖြစ်နေပြီ၊ တခြားဘာမှ စဉ်းစားမနေနဲ့။"
ချန်မင်ရွှီ က မြန်မြန်ပြောလိုက်သည်။
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ပြုံးပြီး ဘာမှ မပြောတော့ပေ။
......*......
သူ့မေးစေ့ကို လက်ဖြင့် ထောက်ထားရင်း Tang Feng သည် ခေါင်းကို စောင်းလိုက်ပြီး Hua guo စားသောက်ဆိုင်၏ လေဟာပြင်လသာဆောင်တွင် ထိုင်ကာ ကားတွေ သွားလာကာ ရှုပ်ယှက်ခတ်နေသည့် မြို့ရှုခင်းကို ကြည့်နေသည်။ ရံဖန်ရံခါတွင် အဖြူရောင် မီးခိုးငွေ့တန်းကို ထုတ်လွှတ်ကာ ဖြတ်သန်းသွားသည့် ကောင်းကင်ထက်က လေယာဉ်ပျံတွေ၊ မြေဖြူခဲနဲ့ခြစ်ထားသလိုဖြစ်နေသည့် မိုးသားပြာပြာထက် မျှောလွင့်နေတဲ့တိမ်မျှင်တွေကို ငေးကြည့်နေသည်။
မိုးပျံတိုက်ကြီး၏ လဟာပြင် စားသောက်ဆိုင်တစ်ခုလုံးတွင် သူနှင့် Charles နှစ်ယောက်တည်းသာ ရှိသောကြောင့် သူ့ကို ငေးစိုက်ကြည့်နေသည့် Charles ၏ တုံးအသော အကြည့်ကို အခြားမည်သူမျှမမြင်နိုင်တာ ကံကောင်းသည်ဟု တွေးနေသည်။
"ကြည့်လို့ဝပြီလား။ ပြုံးလို့ဝပြီလား"
ရှုခင်းတွေကို ကြည့်နေသည့် သူ့အကြည့်တွေကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး Tang Feng သည် သူ့ဘေးတွင်ထိုင်နေသော ပြုံးနေသောလူကို ကြည့်လိုက်သည်။
ဒီနေရာမှ ... မဟုတ်ဘူး၊ Charles က ကားပေါ်မှာကတည်းက သူ့ကို ရယ်စရာကောင်းတဲ့ ရူးကြောင်ကြောင် အမူအရာနဲ့ ကြည့်နေပြီး တချိန်လုံး ပြုံးကာ ကြည့်နေခဲ့သည်။
"ဟင့်အင်း... တစ်သက်လုံးကြည့်နေလည်း မလုံလောက်ဘူး။"
ချားလ်စ်ရဲ့ ပါးစပ်က နားရွက်ကို တက်ချိတ်လုမတတ် ပြုံးကာ ဖြေလိုက်သည်။
Tang Feng က တခစ်ခစ်ရယ်ကာ Charles ဆီသို့ အလျင်အမြန် တိုးလိုက်ပြီးနောက် ထိုလူ၏ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပြင်းထန်စွာ နမ်းလိုက်သည်။
"စိတ်အားထက်သန်မှု အပြည့်နဲ့ အနမ်းကိုသုံးပြိး မင်းရဲ့ ခင်ပွန်းကို သတ်ဖို့ စီစဉ်နေသလား။ "
ချားလ်က မေးလိုက်တော့ Tang Feng က ချားလ်ရဲ့လက်ကို လွှတ်လို်က်ကာ ပြောလိုက်သည်။
" ငါ မင်းကို စချင်ရုံလေးပါ"
"ဒီအဖြစ်ပျက်က ထူးဆန်းအံ့သြဖွယ်အိမ်မက်လေးလိုပဲ။ ဒီလိုအိပ်မက်ထဲမှာ ကိုယ် တစ်သက်လုံး နေလိုက်ချင်တော့တယ်"
ချားလ်စ်သည် ထိုစကားကို ခပ်ညည်းညည်းလေး ပြောလိုက်ကာ သက်ပြင်းချလိုက်သည်။ ပြီးတော့ ချားလ်က မတ်တပ်ထရပ်ကာ အပြင်ဘက်သို့ မျက်နှာမူကာ လက်ကိုဖွင့်ကာ အသက်ပြင်းပြင်းရှူလျက် အသံကုန်ဟစ်ကာ အော်လိုက်သည်။
"ကိုယ် အရမ်းပျော်နေတယ်ကွ!"
"ငတုံး"
Tang Feng က အပြုံးဖြင့် ချားလ်ကိုပြောလိုက်သည်။
"ကိုယ်က မင်း တစ်ယောက်တည်းကိုပဲ ရူးသွပ်တဲ့သူပါ"
Tang Feng ဘက်ကို လှည့်ပြီး ချားလ်စ်သည် ဒူးထောက်တစ်ဖက်ထောက်ကာ ထိုင်ချပြီး သူ့လက်ကို ဆန့်တန်းကာ Tang Feng ၏ ခါးကို ဖက်ပြီး ဒူးပေါ်တွင် ခေါင်းကိုမှေးတင်ပြီး တိုးတိုးလေး မေးလိုက်သည်။
ချားလ်စ်သည် Lu Tian chen နုတ်ထွက်ကြောင်းကို သိပုံရသည်။ Lu Tian chen က Charles ကို ကိုယ်တိုင်ပြောပြခဲ့တာလား။ Tang Feng သည် ခေါင်းငုံ့ကာ Charles ၏ ခေါင်းကို ဖက်ထားလျက် ဆံပင်တွေကို လက်နှင့် ထိုးဖွလိုက်သည်။ ချားလ်၏ ဆံပင်တွေက ပျော့ပျောင်းပြီး ချောမွတ်လို့နေသည်။
"ခင်ဗျား .... ကျွန်တော်ကို လိုချင်တာ သေချာလား"
"ဒါထက် ပိုသေချာတာ မရှိပါဘူး၊ ငါ မင်းကို ချစ်တယ်။"
ထိုသို့ဖြေလိုက်ပြီး မော့ကြည့်လိုက်ကာ Charles က ရှေ့ကို လှမ်းလာပြီး အဲဒီလူကို ညင်သာစွာ နမ်းလိုက်သည်။ချားလ်ရဲ့ နက်မှောင်တဲ့ အညိုရင့်ရောင် မျက်လုံးတွေက စိတ်အားထက်သန်မှုနဲ့ တင်းမာမှုတွေ ပြည့်နေသည်။
" Tang Feng ၊ ကိုယ် သောက်သုံးမကျတဲ့ တစ်ချို့အရာတွေကို လုပ်ခဲ့မိတယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် သောက်သုံးမကျတဲ့ အတိတ်မရှိတဲ့လူ ရယ်လို့ ဘယ်သူမှ မရှိဘူးလေ။ အင်း... ပြောချင်တာက ဘယ်သူမဆို အမှားလုပ်မိနိုင်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလို အရာတွေကို ကိုယ် ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။ "
" ခင်ဗျားက ဘာကိုပြောနေတာလဲ အရူး "
Tang Fengက ချားလ်ကို ဆူလိုက်ပေမယ့် ထိုစကားကြောင့် Tang feng ရဲ့ နူတ်ခမ်းထောင့် အထက်ကို မြှောက်တက်ကာ ပြုံးလိုက်မိသည်။
"ကိုယ် ....မင်းကို အတင်းအကြပ်လုပ်ဖူးတယ်လေ..."
Charles က ပြောရင်း ရပ်လိုက်သည်။ ပြီးမှ အားတင်းကာ ဆက်ပြောလိုက်သည်။
" ကိုယ် တကယ် နောင်ဘယ်တော့မှ အဲ့ဒီလို လုပ်ရပ်မျိုး မလုပ်တော့ပါဘူး၊ မင်းကလွဲရင် ဒုတိယလူကို ကိုယ် ဘယ်တော့မှ သွားတွေ့မှာမဟုတ်ဘူး"
"အိုး၊ မိန်းမတွေနဲ့ရော....."
Tang Feng က ချက်ချင်း ထပ်ဖြည့်ကာ မေးလိုက်သည်။
"အခုပြောတဲ့ စကားက ဝန်ခံစကားတွေပေါ့ ဟုတ်လား။ "
Tang Feng က Charles ၏ နဖူးကို လက်ညှိုးနှင့် တချက်တောက်လိုက်ကာ ဆံပင်များထဲသို့ လက်ဖြင့်ထိုးဖွကာ ကစားရင်း Tang Feng သည် သူ့ခေါင်းကိုငုံ့ပြီး Charles ၏နဖူးကို နမ်းသည်။
"Baby၊ မင်း ကိုယ့်ကိုနမ်းပြီး ဒီလိုမရိုက်လို့မရဘူးလား "
ချားလ်က မကျေမနပ်ဟန်လေးဖြင့် ပြောနေပုံက အရပ်ရှည်တဲ့ သူ့ပုံစံနဲ့ ထော်လော်ကန့်လန့် လုံးဝ မဖြစ်နေပဲ မထင်မှတ်ဘဲ ဖော်ရွေရင်းနှီးဟန်ပေါ်နေသည်။
သူတို့နှစ်ယောက်ကြားမှာ ချစ်စရာကောင်းတဲ့ အထိအတွေ့တွေပဲ ရှိနေသည်။
"ကိုယ်က စိတ်ကူးယဉ်ဆန်ဆန် ခံစားချက်တွေကို ခံစားနေတဲ့အချိန် ဒီလိုလေထုလေးကို ဖျက်စီးပစ်ရလား...။"
ခေါင်းမာစွာဖြင့် ပင့်မော့နေသည့် Charles ၏ ခေါင်းကို ဆွဲနိမ့်ကာ Tang Feng သည် ထိုလူကို နမ်းလိုက်သည်။ ယခင်က တစ်ခုခုပြောချင်ပုံပေါက်သော်လည်း Tang Feng က ချားလ်ကို ပြင်းထန်စွာတားမြစ်လိုက်သည်။
"မပြောနဲ့!"
ပြောဟန်ပြင်နေသည့် Charles က စကားရပ်သွားတယ်။ ပြီးတော့ သူက Tang Feng ၏ခါးတွင် သူ့လက်များကို ပတ်ရစ်ပြီး လအနည်းငယ်ကြာ ခွဲခွာပြီးနောက် နောက်ဆုံးတွင် Tang Feng ကို အတိုးချပြီး ထပ်မံနမ်းလိုက်သည်၊ ထိုအနမ်းလေးက သူ့အား လေထဲ ပျံသန်းနေသလိုပင် ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
ယခုအချိန်မှစ၍ Tang Feng သည် သူ၏ တစ်ဦးတည်းပိုင် လူသားလေး ဖြစ်သွားလေပြီ။
ထိုအတွေးကြောင့် တစ်ကိုယ်လုံး သွေးတွေ ပွက်ပွက်ဆူနေသလိုခံစားလာရပြီး Charles က အဲဒီလူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းနဲ့ လျှာအချင်းချင်း ရစ်ပတ်ကာ နက်ရှိုင်းစွာ နမ်းလိုက်ပြီးနောက် စကားလုံးသုံးလုံးကို ပြောထွက်လာခဲ့သည်။
"I love you..."
*******-**********
Vol 4- Chapter (8): -I love you
" နှစ်သိန်း နဲ့ တစ်ယွမ်.... "
"တစ်သန်း!"
"ဆယ်သန်း"
"ဆယ်သန်းနဲ့ တစ်ယွမ် ...."
"ငွေချေမယ်!"
"နှုတ်ဆက်ပါတယ်!"
"သူက ပိုကောင်းလာတယ်လေ။ အဲ့ဒါ မကောင်းဘူးလား"
"ဒါဆို မင်းနဲ့သူက..."
......*......
"ကြည့်လို့ဝပြီလား။ ပြုံးလို့ဝပြီလား"
"ငတုံး"
"အိုး၊ မိန်းမတွေနဲ့ရော....."
"မပြောနဲ့!"
"I love you..."
*******-**********
Continue Reading
You'll Also Like
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
39.4K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
1.1M 58.2K 48
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...