(V 3+V4) ကောင်းကင်ယံထက်က ငွေက...

By MayKingMK119

348K 48.8K 1.6K

(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... More

True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အက်ဥ္း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
ေျမေအာက္ေလာက ဘုရင္ Albert / မြေအောက်လောက ဘုရင် Albert
Chapter (15) - Trap Down (ေထာင္ေခ်ာက္)
Chapter (16) - ေလာင္းကစားႏွင့္ ဝွက္ဖဲ
Tang Feng ရဲ႕ အခ်စ္ကို ဘယ္သူ ရမလဲ..
Chapter (17) - ေရြးခ်ယ္ျခင္း - 1
Chapter (18) သီးသန႔္ကြၽန္း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကြယ္ထားသည့္ ခံစားခ်က္ အဟုန္မ်ား
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - ေလလံပြဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကြ်န္ ေလလံပြဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးေလလံပြဲ(Z+U)
Volume III_ Chapter (24) - Gino လြတ္ေျမာက္ျခင္း (Z+U)
Volume III_ Chapter (25) - သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ (Z+U)
Volume - 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက္ေသာ Albert
Chapter (28) - မေကာင္းဆိုးဝါး လူသတ္သမား ေရာက္ရွိလာျခင္း
Chapter (29) - Lu Tian Chen ကိုယ္တိုင္ လာေရာက္ကယ္တင္ျခင္း (Z+U)
Chapter (30) - Dr. Harvey ဆီက ဝန္ခံစကား (Z+U)
True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္
Chapter (32) - ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုေပးပြဲအခမ္းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ္ဆို႔ျခင္း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ္ကိုယ္ မိတ္ဆက္ျခင္း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4- Chapter (8): -I love you
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု
Chapter 49: ပြည်တော်ပြန်ခြင်း

Vol 4 - Chapter (7) : ပန်းချီပြခန်း

1.3K 227 12
By MayKingMK119

Vol 4 - Chapter (7) : ပန်းချီပြခန်း



နောက်တစ်နေ့မနက်တွင် Tang Feng သည် ထုံးစံအတိုင်း လေ့ကျင့်ရေးဆင်းရန် ကုမ္ပဏီသို့ သွားခဲ့သည်။ လေ့ကျင့်ရေးကွင်းသို့ ဝင်လိုက်သောအခါတွင် ရင်းနှီးနေသည့် လူကို မတွေ့ခဲ့ရဘဲ သူ့ကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သော အခြားနည်းပြတစ်ဦးကို တွေ့လိုက်ရသည်။

ပြောရလျှင် Lu Tian chen ဆိုတာ အဲ့ဒီလို မထင်တာကို ကောက်ကာငင်ကာ လုပ်တတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။

နေ့ခင်းဘက်တွင် Tang Feng က ချန်မင်ရွှိ ကိုဖုန်းဆက်ပြီး နှစ်ယောက် ကော်ဖီသောက်ရန် ချိန်းလိုက်သည်။

"မနေ့က နေ့ခင်းတုန်းက မင်း ဘာဖြစ်နေလို့လဲ၊  မင်းဘယ်သွားနေလို့ ဖုန်းမကိုင်တာလဲ၊  စီနီယာကျန့် နဲ့ ငါက မင်းကိုစောင့်နေတာကွ"
 

သူတို့ တွေ့တဲ့အခါ ချန်မင်ရွှိ က Tang Feng နဲ့ ပုံမှန်အတိုင်း စကားပြောနေပေမယ့်  ကော်ဖီဆိုင်ထဲ ထိုင်ပြီးတဲ့အခါ   နည်းနည်းမှားသွားတာကို ချန်မင်ရွှိက သတိထားလိုက်မိသည်။
 

"မင်းကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ၊ ငါ့ကို ပြောပြစမ်း"

 "အိုး..?"

Tang Feng သည် သူ့အတွက် ရန်ဖြစ်ရန် အသင့်ဖြစ်နေသည့် သူငယ်ချင်းကောင်းကို ကြည့်ပြီး ရယ်မောလျက်ဖြေလိုက်သည်။

 "ငါ့ကို ဘယ်သူမှ အနိုင်မကျင့်ပါဘူး"

 " မင်းစိတ်ထဲမှာ တစ်ခုခုပြောစရာ ရှိနေပုံရတယ်။ မဟုတ်ရင် မနေ့ကနေ့လည်က ဖြစ်ခဲ့တဲ့ အကြောင်းရင်းကြောင့် ငါ့ကို ဖုန်းဆက်မှာ မဟုတ်ဘူး။"

ချန်မင်ရွှိ က ခါးသက်တဲ့ ကော်ဖီတစ်ငုံကို သောက်ပြီး ခါးလွန်းလို့ သကြားတခဲကို ထည့်ပေးလိုက်သည်။

Tang Feng က သူ့ ကော်ဖီကို တစ်ငုံသောက်ကာ ပြောလိုက်သည်။

  "Lu Tianchen က နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။ အခု သူက ငါ့ရဲ့ နည်းပြ မဟုတ်တော့ဘူး။ နည်းပြအဖြစ်ကနေ သူ နူတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ "

"အာာာ? "

 Tang Feng ပြောလိုက်သည့် စကားကြောင့် ရုတ်တရက် တုန်လှုပ်သွားပြီး ချန်မင်ရွှိ က ခဏတာ မတုံ့ပြန်နိုင်ခဲ့ဘူး။ စက္ကန့်အတော်ကြာပြီးမှ ဘာပြောလိုက်တယ်ဆိုတာ  ဖမ်းမိသွားတဲ့  ချန်မင်ရွှိ က စိတ်အားထက်သန်စွာ မေးလိုက်သည်။

 "မင်းဆိုလိုတာက ... Lu Tian chen ထွက်သွားပြီ ဟုတ်လား"

 "ဟုတ်တယ်။"

Tang Fengက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

" နောင်တမရသင့်မှန်းသိပေမယ့် ဒီအဖြစ်ကြောင့် ငါ့ရင်ထဲမှာ အဆင်မပြေ သလို ဖြစ်နေတယ်။"

"Tang Feng၊ Tang Fengရေ.... ဒီကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့ အရာတွေ အများကြီးရှိတယ်၊ Lu Tian chen လို ယောက်ျားကြီးတစ်ယောက်က တခြားသူ့ မင်းကို ခွဲဝေချစ်ဖို့ိကို သူက  ဆန္ဒရှိနေနိုင်ပါ့မလား။"

ချန်မင်ရွှိ က တကယ့် အကြောင်းရင်းကို သိသွားသလို ခေါင်းယမ်းလိုက်ပေမယ့် တစ်ချိန်တည်းမှာဘဲ သူက Lu Tian chen တကယ်ကို စွန့်လွှတ်လိုက်တာကြောင့်  နည်းနည်းတော့ အံ့သြသွားသည်။

"ကောင်းပြီ၊ Lu Tian chenတော့ နူတ်ထွက်သွားပြီ၊ ငါးမန်း နဲ့ဝက်ဝံခြေသည်းတွေ အများကြီးစားထားတဲ့ ချားလ်စ်ကော မင်းဘေးမှာ မရှိဘူးလား။"

Tang Feng ရဲ့ နောက်ကျောကို   ပုတ်လိုက်ကာ  ချန်မင်ရွှိ က မေးရင်း ဆက်ပြောလိုက်သည်။

 "မင်း သိပ်ပြီး မပျော်မရွှင် ဖြစ်နေတာလား။ မင်းတစ်ယောက်ယောက်ကို ဘယ်တော့မှ ထပ်မချစ်တော့ဘူးလို့ ငါ ထင်ခဲ့တာကွ"

ချန်မင်ရွှီ ရဲ့ စကားတွေကို နားထောင်ပြီးနောက် Tang Feng က ရယ်ပြီး ပြောလိုက်သည်။

" ငါလည်း အဲ့လိုထင်ထားပေမယ့် တကယ်တော့ မဟုတ်ဘူးထင်ပါရဲ့။  ငါ ဒီကိစ္စကို ငါ့စိတ်ထဲ အကြာကြီး စွဲလန်းနေမှာတော့ မဟုတ်ဘူး၊ နောက်ဆုံးတော့ အဆင်ပြေသွားမှာပါ"
 
"အနာဂတ်မှာ Lu Tian chen ဆိုတဲ့ ဘောစိဆီမှာ ဇနီး၊ သားသမီးတွေနဲ့ မိသားစုတစ်ခု ရှိပါလိမ့်မယ်။ ဒါက အမျိုးသားအများစု လျှောက်ရမယ့်လမ်းပဲလေ"


Lu Tian chen က သူ့မိသားစုအကြောင်းကို တစ်ခါမှ မပြောဖူးပေမယ့် ပျမ်းမျှအားဖြင့် လူတစ်ယောက်က သူ့သားကို ယောက်ျာလေးတစ်ယောက်နဲ့  ရောထွေးနေတာကို ဘယ်မိဘကမှ လိုလားမှာ မဟုတ်ဘူး၊ မိဘတိုင်းက Charles ရဲ့ အမေလို စိတ်ထား ပွင့်လင်းမှု မရှိကြဘူးလေ။

Charles ရဲ့ အမေအကြောင်းကို တွေးတောရင်း Tang Feng က နူတ်ခမ်းထောင့်စွန်းတွေ မြင့်တက်မလာပဲ မနေနိုင်တော့ပေ။    လင်ဒါ က တကယ်ကို ချစ်ဖို့ကောင်းတဲ့ မိန်းမ တစ်ယောက်ပဲ။ ဒီလိုမိခင်မျိုးနဲ့ ကြီးပြင်းလာတဲ့ ချားလ်စ်ဟာ ငယ်ငယ်လေး ကတည်းက အပြုံးနဲ့ ကြီးပြင်းလာလောက်သည်။  အသဲနှလုံးကင်းမဲ့ပြီး အေးစက်တဲ့ ဘဝကို ဖြတ်သန်းလာတဲ့ လူတစ်ယောက်အနေနဲ့  ပျော်ရွှင်နွေးထွေးတဲ့ လေထုတွေလို ပျံ့နှံ့နေတဲ့ Charles နဲ့ သာ အတူရှိမယ်ဆိုရင် အမြဲတမ်း စိတ်အေးလက်အေး ပျော်ရွှင်နေနိုင်တယ်ဆိုတာ Tang Feng တိတ်တခိုး ဝန်ခံလိုက်မိသည်။

အခု Lu Tian chen သွားပြီ၊ သူ Charles နဲ့ အတူ ရှိသင့်သလား။ ဖြစ်သင့်တာက ...

 "မင်း နေ့လည်မှာ ဘာမှလုပ်စရာမရှိဘူးလား"  ထိုစဉ် ချန်မင်ရွှိ က မေးခဲ့သည်။

"အင်း၊ လောလောဆယ် အားနေတယ် "
Tang Feng ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"အတိအကျပြောရရင်၊ စီနီယာကျန့် ရဲ့ ပြခန်းက ဒီမွန်းလွဲပိုင်းမှာ ဖွင့်တယ်တဲ့ကွ။ ငါတို့ သွားအားပေးရင်း မင်းလည်း စိတ်ပြေလက်ပျောက်  အနားယူနိုင်တယ်လေ။ သွားကြမလား။"

"ဟုတ်ပြီ၊ ငါ့အကြိုက်နဲ့ ကိုက်တာတွေ့ရင် အိမ်မှာ ချိတ်ဆွဲထားဖို့ တစ်ခုလောက်  ရွေးလိုက်တာပေါ့။ ဒါပေမယ့် ဈေးကို ငါ မတတ်နိုင်မှာတော့ စိုးရိမ်မိတယ်"
 

Tang Feng က ပြုံးပြုံးလေးပြောလိုက်သည်။

ကော်ဖီသောက်ပြီးနောက် ချန်မင်ရွှိ သည် Tang Feng ကို မြို့လယ်ရှိ ပြခန်းတစ်ခုသို့ ကားဖြင့် မောင်းနှင်ကာ ခေါ်ခဲ့သည်။ ပြခန်း၏ တည်နေရာသည် မြို့လည်ခေါင်၏ မြောက်ဘက်တွင် တည်ရှိသည်။ ထိုနေရာ၏ လစဉ်ငှားရမ်းခ တစ်ခုတည်းနှင့်ပင် အတော်ကုန်ကျမှာ ဖြစ်သည့်အပြင် ပြခန်းကို အလှဆင်ထားပုံက အတော်လေးကို အသေးစိတ်ကာ အထူးပြုလုပ်ထားကြောင်း မြင်ရုံနှင့် သိသာလှသည်။ ဒီပြခန်းကို ဖွင့်လှစ်ထားသူက အတော်လေးကို   အားထုတ်ကာ ငွေကြေးများစွာ သုံးစွဲခဲ့ပုံရသည်။

ချန်မင်ရွှိ နှင့် Tang Feng တို့သည် ထိုနေရာကို မကြာမီရောက်လာပြီး ကားကို ခပ်လှမ်းလှမ်းတွင် ရပ်ကာ ပြခန်းကို  လမ်းလျှောက်လာခဲ့ကြစဉ် ပန်းချီကားအကြောင်း ဧည့်သည်တစ်ဦးနှင့် စကားပြောနေသော စီနီယာကျန့် (ကျန့်ရွှယ်ချန်) သည် မကြာမီ သူတို့ကို တွေ့ရှိခဲ့ပြီး သူ့ဘေးနားရှိ ဧည့်သည်များကို တစ်စုံတစ်ခုပြောကာ သူတို့ဆီသို့ ပြန်သွားခဲ့သည်။

"မင်ရွှိ နဲ့ Tang Feng ၊ မင်းတို့ကို ချက်ချင်း မကြိုဆိုမိတာ တောင်းပန်ပါတယ်။"

စီနီယာကျန့် (ကျန့်ရွှယ်ချန်) က တောက်ပစွာပြုံးကာ လူနှစ်ယောက်ကို အမြန်နှုတ်ဆက်လိုက်သည်။

"အိုး ဘုရားရေ....ဒီပြခန်းက ပိုက်ဆံအများကြီးကုန်မှာပဲ"

ချန်မင်ရွှိက နံရံမှာဆွဲထားတဲ့ ပန်းချီကားတွေကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

"ဒီနေ့ ပန်းချီကားတွေက ဘယ်လောက်ဈေးရှိတယ်ဆိုတာ လာကြည့်ရုံလေးပါဗျာ။ ခင်ဗျားရဲ့ ပန်းချီကားဖိုးကို မတတ်နိုင်ပါဘူး။ !"

 "ကောင်းပြီ၊ မင်းလို နာမည်ကျော် အစီစဉ်မှုးတောင် ပိုက်ဆံပြတ်တုန်းပဲလား။ လာ..မြန်မြန်လေး ငါ့ ပန်းချီကားတွေကို လိုက်ကြည့်လိုက်ဦး"   

 ချန်မင်ရွှီ က ပြုံးပြီး Tang Feng ရဲ့ ပခုံးပေါ်မှာ သူ့လက်ကိုတင်ပြီး   ညွှန်ပြပြီး ပြောလိုကသ်ည်။

"ခင်ဗျားရဲ့ ပန်းချီကားကို ဝယ်ဖို့ သူ့ကို ရှာသင့်တယ်၊ သူ့မှာ ပိုက်ဆံအများကြီးရှိတယ်။"

" မင်းနဲ့ ငါက အတူတူူပဲလေကွာ! "

 Tang Feng က ချန်မင်ရွှိရဲ့လက်ကို တွန်းဖယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

 "ငါက ဘယ်လို ဝယ်နိုင်ပါ့မလဲ။ တစ်ချို့ ပန်းချီကားတွေက ပျမ်းမျှ ဆယ်သန်းကျော်လောက်တောင် ရှိတယ်လေ။ ငါ့မှာ ဒီလောက်ဝင်ငွေ ဘယ်ရှိပါ့မလဲ   "  

"ကောင်းပြီ ဝေ့တောက်မင်ကတော့ ငါတို့လို ငွေပြတ်ပုံတော့  မဟုတ်ဘူး၊ သူက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေပါလိမ့်"

ချန်မင်ရွှိ ရဲ့ မျက်လုံးတွေက ပန်းချီကားတစ်ချပ်ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတဲ့ ဝေ့တောက်မင်ကို ကြည့်ကာ ပြောလိုက်သည်။
ဒီနေ့မှာ ဝေ့တောက်မင် သည် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး လူကြိုက်များသော ဆွဲဆောင်မှု ရှိတဲ့  သရုပ်ဆောင်တစ်ယောက်ပုံရိပ်ကို ထင်ရှားစွာ ပေါ်လွင်နေစေသည်။  သူ့ပုံကိုသာ ကြည့်ရင် စပွန်ဆာ ရှာတတ်တဲ့ ရုပ်လုံးဝ ပေါက်မနေဘူး။
 
"အဲဒါ ဘယ်သူလဲ?" ချန်မင်ရွှိ သည် ဝေ့တောက်မင်က သူ့ကိုတွေ့သွားမည်ကို ကြောက်သဖြင့် ဘေးသို့ အသာလေး ပုန်းလိုက်သည်။

စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ဖြေပေးလိုက်သည်။

 "ဝေ့တောက်မင်ရဲ့ ဘေးမှာ ရပ်နေတဲ့လူလား။ သူက အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်ပါ။"

"သြော်....  အဲ့လူ စကားပြောပုံကို မြင်မှ တစ်ခါက အင်တာဗျူးလုပ်ခဲ့ဖူးတဲ့ အိမ်ခြံမြေ လုပ်ငန်းတစ်ခုက အထွေထွေမန်နေဂျာ ဆိုတာ ခုမှ မှတ်မိတော့တယ် "
 

ချန်မင်ရွှိ က နည်းနည်းပြောလိုက်ပြီး Tang Feng ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

"အချစ်ဌက်မောင်နှံက တပူးတွဲတွဲနေပေမယ့် အရေးကြောင်း ကြုံလာရင် ပျံသန်းထွက်ပြေးကုန်တော့တာပဲ  "

ဝေ့တောက်မင်ရဲ့ နောက်ခံ စပွန်ဆာ နိုင်ငံရေးသမားကြီး က အစိုးရစုံစမ်းစစ်ဆေးရေး ဌာနတွင် စစ်မေးခံနေရသည့်အချိန် ဝေ့တောက်မင်က အခြားသော ပစ်မှတ်တစ်ယောက်ကို ပြောင်းလိုက်ပုံပေါ်သည်။ စိတ်နေစိတ်ထား ညစ်ပတ်တဲ့ လူပီသပါပေတယ်။
 
အိမ်ခြံမြေလုပ်ငန်းက ရာထူးကြီးလူက အရင် နိုင်ငံရေးသမားလို သြဇာအာဏာ မကြီးပေမယ့် ငွေရှိတယ်လေ။ ဘာပြောပြော အဲ့ငွေနဲ့ သူ့အတွက် ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ ငွေထည့်ဝင်ပေးနိုင်တယ်။ အခြားလုပ်ငန်းစုတွေရဲ့ ကြေငြာတွေ ရအောင် မိတ်ဆက်ပေးနိုင်တယ်။ ဘာမှ မရှိတာထက်စာရင် အနည်းဆုံး ငွေလျှံတဲ့ ဘောစိ တစ်ယောက်ကို အမိဖမ်းထားနိုင်တာက ဝေ့တောက်မင်အတွက်  ပိုကောင်းပါတယ်။

"အဲ့ဒါက သူတို့ရဲ့ ရွေးချယ်မှုပဲလေ။"

စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ပြုံးပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်တာပေါ့...ဒါနဲ့  မင်းတို့ ဘယ်လို ပန်းချီကားကို လိုချင်တာလဲ ပြောလေ။ ငါ လိုက်ပြပေးမယ်"

"ဟုတ်ကဲ့" Tang Feng က ဝမ်းသာအားရ တုံ့ပြန်ခဲ့သည်။

စီနီယာကျန့် (ကျန့်ရွှယ်ချန်) သည် ပြခန်းဖွင့်လှစ်ရန် အတွေ့အကြုံရင့်သူ ဖြစ်ထိုက်ပါပေတယ်။ သူသည် ပန်းချီဆွဲသော ပန်းချီဆရာရဲ့ အကြောင်းကို နောကြေသည့်အပြင် ထိုပန်းချီ ဖန်တီးမှုနောက်ခံ အကြောင်းတရား တို့ကိုသာမက  ပန်းချီကားတစ်ချပ်စီ၏ အကြောင်းကို အသေးစိတ်နားလည်မှုရှိသည်။ သူ ရှင်းပြတာကို နားထောင်ပြီးလျှင် ထိုပန်းချီဆရာက ဘယ်လို ခံစားချက်၊ ရည်ရွယ်ချက်နဲ့ ပန်းချီကားကို ဆွဲခဲ့တယ်ဆိုတာကို ပိုမိုနားလည်လာစေသည်။
 
ပန်းချီကားတစ်ချပ်သည် လူတစ်ဦးတစ်ယောက်၏ တည်ရှိမှုကို ကိုယ်စားပြုသည်။

Tang Feng သည် အလွန်ရိုးရှင်းသော ပန်းချီကားတစ်ချပ်ရှေ့တွင် ရပ်လိုက်သည်။ ပန်းချီကားက  အလွန်ရိုးရှင်းပါသည်။ ညနေခင်းတစ်ခုမှာ လူတစ်ယောက်ရဲ့ ကျောပြင်နဲ့ ပင်လယ်နဲ့ ကောင်းကင်ကြီးတစ်ခုလုံးပါဝင်သည့် လှပတဲ့ မြင်ကွင်းတစ်ခုကို ရေးဆွဲထားခြင်းဖြစ်သည်။

ကောင်းကင်က တိမ်တွေက ပင်လယ်ထဲမှာ ရောင်ပြန်ဟပ်နေပြီး ပင်လယ်လှိုင်းလုံးတွေက နေဝင်ချိန် ဆည်းဆာအရောင်တို့ စွန်းထင်းနေတဲ့ ညနေခင်း ကောင်းကင်ကို ရောင်ပြန်ဟပ်ပြီး  မှန်တစ်ချပ်လို စွဲမက်ဖွယ်ကောင်းလွန်းနေသည်။

"ဒီပုံကို ကြိုက်လား? မင်းကြိုက်ရင် ငါမင်းကို လျှော့ပေးနိုင်ပါတယ်။ "

စီနီယာကျန့် (ကျန့်ရွှယ်ချန်)က ပြုံးကာ ပြောလိုက်သည်။

"ဒီပုံက ကောင်းပါတယ်။ ဒါပေမယ့် စီနီယာကျန်းက လူရင်းလျှော့ဈေးနဲ့ ပေးမှ ရတော့မယ် "

"ပြဿနာမရှိပါဘူး။" စီနီယာကျန့်က  ရဲဝံ့စွာ ဖြေလိုက်သည်။

Tang Feng သည် ထိုပန်းချီကားက ကောင်းသည်ဟု  ထင်ခဲ့သည်။ သူ့ကိုယ်သူ ပျော်ရွှင်စေရန် ထိုပန်းချီကားတစ်ချပ်ကို ဝယ်ခါနီးတွင်  အဝေးက ဝေ့မင်တောက် ပြောလိုက်သံကို ကြားလိုက်ရသည်–

"ဒီပန်းချီကားကို ကျွန်တော် ကြိုက်တယ်၊ စီအီးအိုစုန့်...ခင်ဗျား ကျွန်တော့်ကို ဝယ်ပေးပါလားဟင်"

"ကိစ္စမရှိပါဘူး၊ ရှောင်မင် က အဲဒါကို သဘောကျတယ်ဆိုရင် ကိုယ်က သေချာပေါက် ဝယ်ပေးမှာပေါ့"

စီအီးအိုစုန့်က ဝေ့တောက်မင်ရဲ့ အလှမှာ ယစ်မူးနေခဲ့လို့ ချက်ချင်း သဘောတူခဲ့ပြီး Tang Feng တို့  ပန်းချီကားကို ဝယ်ယူဖို့ စကားပြောဆိုမှုများကို မကြားခဲ့ကြပေ။

ဝေ့တောက်မင် ၏မျက်လုံးများသည် Tang Feng အပေါ်သို့ ကျရောက်သွားသည်။ သူက တိုးတိုးလေး ငြီးတွားရင်း စီနီယာကျန့် (ကျန့်ရွှယ်ချန်) ဘက်လှည့်ပြီး ပြောလိုက်သည်။

"သူဌေးကျန့်... ပြခန်းဖွင့်တာက လုပ်ငန်းတစ်ခုလုပ်တာပဲ။ ကျွန်တော်တို့က ခင်ဗျားဆီက  ပန်းချီကားပေါင်းများစွာကို ဝယ်ယူဖို့ ကြိုတင်စာရင်းပေးထားတယ်။ ဒီပုံကိုလည်း ကျွန်တော်တို့ဆီကို ရောင်းလိုက်ပါ။ ခင်ဗျား ဖွင့်တဲ့ဈေးအတိုင်းပေးပါ့မယ်။ ကျွန်တော်တို့က  လျှော့ဈေးကို မလိုအပ်ပါဘူး၊ မိတ်ဆွေ ဆိုတဲ့ နာမည်အောက်မှာ အခွင့်ရေးယူတဲ့ လူတချို့လို မလုပ်ပါဘူး "

"မစ္စတာဝေ့.... ဒီပန်းချီကားကို Tang Feng က ပထမဆုံး ဝယ်ဖို့ ပြောထားပါတယ်။  ပြခန်းထဲမှာ တခြား ပန်းချီကားတွေ ရှိတယ်။ခင်ဗျားတို့ နောက်တစ်ခုကို ရွေးနိုင်ပါတယ်။"


 "ငါတို့က အရင်ရောက်တဲ့သူပဲလေ။ ပြီးတော့ စီအီးအိုစုန့်လိုလူက ပန်းချီကားလေး တစ်ချပ်ကြောင့် ငါတို့ကို ကပ်တွက်မယ့်လား"
  ချန်မင်ရွှိ လည်း ကူညီပေးခဲ့ပြီး ဝေ့တောက်မင်ကို တမင်သက်သက် လှုံ့ဆော်သူအဖြစ် ပေါ်လွင်အောင် ပြောဆိုလိုက်သည်။
 

စီအီးအိုစုန့်က အောင့်သီးအောင့်သက် ပြုံးပြီး ပြောလိုက်သည်။

 "လောင်ကျန့်က စီပွားလုပ်နေတာလေ။ သူ့ကို အခက်မတွေ့ပါစေနဲ့။ ဒါက ရိုးရိုး   ပန်းချီကားတစ်ချပ်ပါပဲ။ အဲ့ဒီဘယ်ချီကား ဈေး ဘယ်လောက်ကြီးပါစေ ငါ ဂရုမစိုက်ဘူး။ ၊ ဈေးနှုန်းမြင့်တာက အရေးမကြီးဘူး "
 

"ဒါ..." စီနီယာကျန့် (ကျန့်ရွှယ်ချန်) က အနည်းငယ် ရှက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဝိုး၊ ဒါက တကယ်ကောင်းတဲ့ အကြံတစ်ခုလို့ ကျူပ် ထင်တယ်၊ ကျူပ်လည်း ဒီပုံကို အရမ်းကြိုက်တယ်၊ ကံမကောင်းစွာပဲ၊ ချစ်ဖို့ကောင်းတဲ့ အမျိုးသားတစ်ယောက်က အဲဒါကို အရင်ကတည်းက သဘောကျသွားပြီပြီ"
 

တရုတ်ဘာသာစကားကို နိုင်ငံခြား လေယူလေသိမ်း နှင့်  ပြေပြစ်စွာ ပြောလိုက်သည့်   အရပ်ရှည်ရှည် နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က နူတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးများဖြင့် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုလူက The godfather ရုပ်ရှင်ထဲက လူဆိုးဂိုဏ်းခေါင်းဆောင်ကဲ့သို့ သက်တော်စောင့်နှစ်ယောက်လည်း ခြံရံထားသည်။

ချားလ်လား? Tang Feng သည် ချားလ်ကို မြင်လိုက်စဉ် မသိလိုက်ပါပဲ သူ့မျက်လုံးများတွင် အပြုံးတစ်ခုဖြင့် ထိုလူကို ကြည့်လိုက်သည်။ ဒီကောင် ဘယ်တုန်းကပေါ်လာတာလဲ။

ချားလ် က Tang Feng ကို တိုက်ရိုက်မနှုတ်ဆက်ဘဲ လမ်းလျှောက်လာပြီး ပြခန်းပိုင်ရှင်ကို မေးလိုက်သည်။

 "ကျန့်လောင်ပန်.... ဒီပန်းချီကားက ဘယ်လောက်လဲ?"

"ဈေးက ယွမ် ၁၀၀၀၀၀ ပါ။"

စီနီယာကျန့် (ကျန့်ရွှယ်ချန်) က အမှန်အတိုင်းဖြေသည်။

"တကယ်ဈေးပေါတယ်။"

Charles သည် စီအီးအိုစုန့်ရဲက  ဒေါသကြီးသော အကြည့်ကို တန်ပြန် ကြည့်လိုက်သည်။

"ဒီသူဌေးက ဘယ်လောက်ဈေးတိုးပေးနိုင်မလဲ ဆိုတာ ကျူပ်လည်း မသိဘူး"


********-**********


















































Vol 4 Chapter (7) : ပန္းခ်ီျပခန္း



ေနာက္တစ္ေန႔မနက္တြင္ Tang Feng သည္ ထုံးစံအတိုင္း ေလ့က်င့္ေရးဆင္းရန္ ကုမၸဏီသို႔ သြားခဲ့သည္။ ေလ့က်င့္ေရးကြင္းသို႔ ဝင္လိုက္ေသာအခါတြင္ ရင္းႏွီးေနသည့္ လူကို မေတြ႕ခဲ့ရဘဲ သူ႕ကို ခင္မင္ရင္းႏွီးစြာ ႏႈတ္ဆက္ေသာ အျခားနည္းျပတစ္ဦးကို ေတြ႕လိုက္ရသည္။

ေျပာရလွ်င္ Lu Tian chen ဆိုတာ အဲ့ဒိီလို မထင္တာကို ေကာက္ကာငင္ကာ လုပ္တတ္သည့္ ပုဂၢိဳလ္ျဖစ္သည္။

ေန႔ခင္းဘက္တြင္ Tang Feng က ခ်န္မင္ရႊိ ကိုဖုန္းဆက္ၿပီး ႏွစ္ေယာက္ ေကာ္ဖီေသာက္ရန္ ခ်ိန္းလိုက္သည္။

"မေန႔က ေန႔ခင္းတုန္းက မင္း ဘာျဖစ္ေနလုိ႕လဲ၊  မင္းဘယ္သြားေနလို႕ ဖုန္းမကိုင္တာလဲ၊  စီနီယာက်န္႕ နဲ႔ ငါက မင္းကိုေစာင့္ေနတာကြ"
 

သူတို႕ ေတြ႕တဲ့အခါ ခ်န္မင္ရႊိ က Tang Feng နဲ႔ ပုံမွန္အတိုင္း စကားေျပာေနေပမယ့္  ေကာ္ဖီဆိုင္ထဲ ထိုင္ၿပီးတဲ့အခါ   နည္းနည္းမွားသြားတာကို ခ်န္မင္ရႊိက သတိထားလိုက္မိသည္။
 

"မင္းကို ဘယ္သူအႏိုင္က်င့္လိုက္တာလဲ၊ ငါ့ကို ေျပာျပစမ္း"

 "အိုး..?"

Tang Feng သည္ သူ႕အတြက္ ရန္ျဖစ္ရန္ အသင့္ျဖစ္ေနသည့္ သူငယ္ခ်င္းေကာင္းကို ၾကည့္ၿပီး ရယ္ေမာလ်က္ေျဖလိုက္သည္။

 "ငါ့ကို ဘယ္သူမွ အႏိုင္မက်င့္ပါဘူး"

 " မင္းစိတ္ထဲမွာ တစ္ခုခုေျပာစရာ ရွိေနပုံရတယ္။ မဟုတ္ရင္ မေန႔ကေန႔လည္က ျဖစ္ခဲ့တဲ့ အေၾကာင္းရင္းေၾကာင့္ ငါ့ကို ဖုန္းဆက္မွာ မဟုတ္ဘူး။"

ခ်န္မင္ရႊိ က ခါးသက္တဲ့ ေကာ္ဖီတစ္ငုံကို ေသာက္ၿပီး ခါးလြန္းလို႕ သၾကားတခဲကို ထည့္ေပးလိုက္သည္။

Tang Feng က သူ႕ ေကာ္ဖီကို တစ္ငံုေသာက္ကာ ေျပာလိုက္သည္။

  "Lu Tianchen က ႏိုင္ငံျခားကို အလုပ္ကိစၥနဲ႔ ခရီးထြက္သြားတယ္။ အခု သူက ငါ့ရဲ႕ နည္းျပ မဟုတ္ေတာ့ဘူး။ နည္းျပအျဖစ္ကေန သူ နူတ္ထြက္ဖို႔ ဆုံးျဖတ္လိုက္ၿပီ။ "

"အာာာ? "

 Tang Feng ေျပာလိုက္သည့္ စကားေႀကာင့္ ႐ုတ္တရက္ တုန္လႈပ္သြားၿပီး ခ်န္မင္ရႊိ က ခဏတာ မတုံ႔ျပန္နိုင္ခဲ့ဘူး။ စကၠန႔္အေတာ္ၾကာၿပီးမွ ဘာေျပာလိုက္တယ္ဆိုတာ  ဖမ္းမိသြားတဲ့  ခ်န္မင္ရႊိ က စိတ္အားထက္သန္စြာ ေမးလိုက္သည္။

 "မင္းဆိုလိုတာက ... Lu Tian chen ထြက္သြားၿပီ ဟုတ္လား"

 "ဟုတ္တယ္။"

Tang Fengက ေခါင္းညိတ္ၿပီး သက္ျပင္းခ်လိုက္ကာ ေျပာလိုက္သည္။

" ေနာင္တမရသင့္မွန္းသိေပမယ့္ ဒီအျဖစ္ေႀကာင့္ ငါ့ရင္ထဲမွာ အဆင္မေျပ သလို ျဖစ္ေနတယ္။"

"Tang Feng၊ Tang Fengေရ.... ဒီကမာၻႀကီးမွာ ၿပီးျပည့္စုံတဲ့ အရာေတြ အမ်ားႀကီးရွိတယ္၊ Lu Tian chen လို ေယာက္်ားႀကီးတစ္ေယာက္က တျခားသူ႕ မင္းကို ခြဲေဝခ်စ္ဖို႔ိကို သူက  ဆႏၵရွိေနႏိုင္ပါ့မလား။"

ခ်န္မင္ရႊိ က တကယ့္ အေႀကာင္းရင္းကို သိသြားသလို ေခါင္းယမ္းလိုက္ေပမယ့္ တစ္ခ်ိန္တည္းမွာဘဲ သူက Lu Tian chen တကယ္ကို စြန္႕လႊတ္လိုက္တာေႀကာင့္  နည္းနည္းေတာ့ အံ့ၾသသြားသည္။

"ေကာင္းၿပီ၊ Lu Tian chenေတာ့ နူတ္ထြက္သြားၿပီ၊ ငါးမန္း နဲ႔ဝက္ဝံေျခသည္းေတြ အမ်ားႀကီးစားထားတဲ့ ခ်ားလ္စ္ေကာ မင္းေဘးမွာ မရွိဘူးလား။"

Tang Feng ရဲ႕ ေနာက္ေက်ာကို   ပုတ္လိုက္ကာ  ခ်န္မင္ရႊိ က ေမးရင္း ဆက္ေျပာလိုက္သည္။

 "မင္း သိပ္ျပီး မေပ်ာ္မရႊင္ ျဖစ္ေနတာလား။ မင္းတစ္ေယာက္ေယာက္ကို ဘယ္ေတာ့မွ ထပ္မခ်စ္ေတာ့ဘူးလို႔ ငါ ထင္ခဲ့တာကြ"

ခ်န္မင္ရႊိီ ရဲ႕ စကားေတြကို နားေထာင္ၿပီးေနာက္ Tang Feng က ရယ္ၿပီး ေျပာလိုက္သည္။

" ငါလည္း အဲ့လိုထင္ထားေပမယ့္ တကယ္ေတာ့ မဟုတ္ဘူးထင္ပါရဲ႕။  ငါ ဒီကိစၥကို ငါ့စိတ္ထဲ အၾကာႀကီး စြဲလန္းေနမွာေတာ့ မဟုတ္ဘူး၊ ေနာက္ဆုံးေတာ့ အဆင္ေျပသြားမွာပါ"
 
"အနာဂတ္မွာ Lu Tian chen ဆိုတဲ့ ေဘာစိဆီမွာ ဇနီး၊ သားသမီးေတြနဲ႔ မိသားစုတစ္ခု ရွိပါလိမ့္မယ္။ ဒါက အမ်ိဳးသားအမ်ားစု ေလွ်ာက္ရမယ့္လမ္းပဲေလ"


Lu Tian chen က သူ႔မိသားစုအေႀကာင္းကို တစ္ခါမွ မေျပာဖူးေပမယ့္ ပ်မ္းမွ်အားျဖင့္ လူတစ္ေယာက္က သူ႔သားကို ေယာက္်ာေလးတစ္ေယာက္နဲ႕  ေရာေထြးေနတာကို ဘယ္မိဘကမွ လိုလားမွာ မဟုတ္ဘူး၊ မိဘတိုင္းက Charles ရဲ႕ အေမလို စိတ္ထား ပြင့္လင္းမႈ မရွိၾကဘူးေလ။

Charles ရဲ႕ အေမအေႀကာင္းကို ေတြးေတာရင္း Tang Feng က နူတ္ခမ္းေထာင့္စြန္းေတြ ျမင့္တက္မလာပဲ မေနနိုင္ေတာ့ေပ။    လင္ဒါ က တကယ္ကို ခ်စ္ဖို႔ေကာင္းတဲ့ မိန္းမ တစ္ေယာက္ပဲ။ ဒီလိုမိခင္မ်ိဳးနဲ႔ ႀကီးျပင္းလာတဲ့ ခ်ားလ္စ္ဟာ ငယ္ငယ္ေလး ကတည္းက အၿပဳံးနဲ႔ ႀကီးျပင္းလာေလာက္သည္။  အသဲႏွလုံးကင္းမဲ့ၿပီး ေအးစက္တဲ့ ဘဝကို ျဖတ္သန္းလာတဲ့ လူတစ္ေယာက္အေနနဲ႕  ေပ်ာ္႐ႊင္ေႏြးေထြးတဲ့ ေလထုေတြလို ပ်ံ႕ႏွံ႔ေနတဲ့ Charles နဲ႔ သာ အတူရွိမယ္ဆုိရင္ အၿမဲတမ္း စိတ္ေအးလက္ေအး ေပ်ာ္႐ႊင္ေနနိုင္တယ္ဆိုတာ Tang Feng တိတ္တခိုး ဝန္ခံလိုက္မိသည္။

အခု Lu Tian chen သြားၿပီ၊ သူ Charles နဲ႔ အတူ ရွိသင့္သလား။ ျဖစ္သင့္တာက ...

 "မင္း ေန႔လည္မွာ ဘာမွလုပ္စရာမရွိဘူးလား"  ထိုစဥ္ ခ်န္မင္ရႊိ က ေမးခဲ့သည္။

"အင္း၊ ေလာေလာဆယ္ အားေနတယ္ "
Tang Feng ခဏေလာက္စဥ္းစားၿပီး ျပန္ေျဖလိုက္သည္။

"အတိအက်ေျပာရရင္၊ စီနီယာက်န္႕ ရဲ႕ ျပခန္းက ဒီမြန္းလြဲပိုင္းမွာ ဖြင့္တယ္တဲ့ကြ။ ငါတို႔ သြားအားေပးရင္း မင္းလည္း စိတ္ေျပလက္ေပ်ာက္  အနားယူနိုင္တယ္ေလ။ သြားႀကမလား။"

"ဟုတ္ၿပီ၊ ငါ့အႀကိဳက္နဲ႕ ကိုက္တာေတြ႕ရင္ အိမ္မွာ ခ်ိတ္ဆြဲထားဖို႔ တစ္ခုေလာက္  ေ႐ြးလိုက္တာေပါ့။ ဒါေပမယ့္ ေစ်းကို ငါ မတတ္ႏိုင္မွာေတာ့ စိုးရိမ္မိတယ္"
 

Tang Feng က ၿပဳံးၿပဳံးေလးေျပာလိုက္သည္။

ေကာ္ဖီေသာက္ၿပီးေနာက္ ခ်န္မင္ရႊိ သည္ Tang Feng ကို ၿမိဳ႕လယ္ရွိ ျပခန္းတစ္ခုသို႔ ကားျဖင့္ ေမာင္းႏွင္ကာ ေခၚခဲ့သည္။ ျပခန္း၏ တည္ေနရာသည္ ျမိဳ႕လည္ေခါင္၏ ေျမာက္ဘက္တြင္ တည္ရွိသည္။ ထိုေနရာ၏ လစဥ္ငွားရမ္းခ တစ္ခုတည္းနွင့္ပင္ အေတာ္ကုန္က်မွာ ျဖစ္သည့္အျပင္ ျပခန္းကို အလွဆင္ထားပံုက အေတာ္ေလးကို အေသးစိတ္ကာ အထူးျပဳလုပ္ထားေႀကာင္း ျမင္ရံုနွင့္ သိသာလွသည္။ ဒီျပခန္းကို ဖြင့္လွစ္ထားသူက အေတာ္ေလးကို   အားထုတ္ကာ ေငြေၾကးမ်ားစြာ သုံးစြဲခဲ့ပံုရသည္။

ခ်န္မင္ရႊိ ႏွင့္ Tang Feng တို႔သည္ ထိုေနရာကို မၾကာမီေရာက္လာျပီး ကားကို ခပ္လွမ္းလွမ္းတြင္ ရပ္ကာ ျပခန္းကို  လမ္းေလွ်ာက္လာခဲ့ၾကစဥ္ ပန္းခ်ီကားအေၾကာင္း ဧည့္သည္တစ္ဦးႏွင့္ စကားေျပာေနေသာ စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) သည္ မၾကာမီ သူတို႔ကို ေတြ႕ရွိခဲ့ၿပီး သူ႔ေဘးနားရွိ ဧည့္သည္မ်ားကို တစ္စုံတစ္ခုေျပာကာ သူတို႔ဆီသို႔ ျပန္သြားခဲ့သည္။

"မင္ရႊိ နဲ႔ Tang Feng ၊ မင္းတို႕ကို ခ်က္ခ်င္း မႀကိဳဆိုမိတာ ေတာင္းပန္ပါတယ္။"

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) က ေတာက္ပစြာၿပဳံးကာ လူႏွစ္ေယာက္ကို အျမန္ႏႈတ္ဆက္လိုက္သည္။

"အိုး ဘုရားေရ....ဒီျပခန္းက ပိုက္ဆံအမ်ားႀကီးကုန္မွာပဲ"

ခ်န္မင္ရႊိက နံရံမွာဆြဲထားတဲ့ ပန္းခ်ီကားေတြကို လက္ညႇိဳးထိုးျပၿပီး ေမးလိုက္သည္။

"ဒီေန႔ ပန္းခ်ီကားေတြက ဘယ္ေလာက္ေစ်းရွိတယ္ဆိုတာ လာႀကည့္ရံုေလးပါဗ်ာ။ ခင္ဗ်ားရဲ႕ ပန္းခ်ီကားဖိုးကို မတတ္နုိင္ပါဘူး။ !"

 "ေကာင္းၿပီ၊ မင္းလို နာမည္ေက်ာ္ အစီစဥ္မႈးေတာင္ ပိုက္ဆံျပတ္တုန္းပဲလား။ လာ..ျမန္ျမန္ေလး ငါ့ ပန္းခ်ီကားေတြကို လိုက္ႀကည့္လိုက္ဦး"   

 ခ်န္မင္ရႊိီ က ၿပဳံးၿပီး Tang Feng ရဲ႕ ပခုံးေပၚမွာ သူ႔လက္ကိုတင္ၿပီး   ၫႊန္ျပၿပီး ေျပာလိုကသ္ည္။

"ခင္ဗ်ားရဲ႕ ပန္းခ်ီကားကို ဝယ္ဖို႕ သူ႕ကို ရွာသင့္တယ္၊ သူ႔မွာ ပိုက္ဆံအမ်ားႀကီးရွိတယ္။"

" မင္းနဲ႕ ငါက အတူတူူပဲေလကြာ! "

 Tang Feng က ခ်န္မင္ရႊိရဲ႕လက္ကို တြန္းဖယ္လိုက္ၿပီး ဆက္ေျပာလိုက္သည္။

 "ငါက ဘယ္လို ဝယ္နုိုင္ပါ့မလဲ။ တစ္ခ်ိဳ႕ ပန္းခ်ီကားေတြက ပ်မး္မွ် ဆယ္သန္းေက်ာ္ေလာက္ေတာင္ ရွိတယ္ေလ။ ငါ့မွာ ဒီေလာက္ဝင္ေငြ ဘယ္ရွိပါ့မလဲ   "  

"ေကာင္းၿပီ ေဝ့ေတာက္မင္ကေတာ့ ငါတို႕လို ေငြျပတ္ပံုေတာ့  မဟုတ္ဘူး၊ သူက ဘယ္လိုျဖစ္ျပီး ဒီကို ေရာက္ေနပါလိမ့္"

ခ်န္မင္ရႊိ ရဲ႕ မ်က္လုံးေတြက ပန္းခ်ီကားတစ္ခ်ပ္ေရွ႕မွာ ရပ္ေနတဲ့ လူတစ္ေယာက္နဲ႔ စကားေျပာေနတဲ့ ေဝ့ေတာက္မင္ကို ႀကည့္ကာ ေျပာလိုက္သည္။
ဒီေန႕မွာ ေဝ့ေတာက္မင္ သည္ သပ္ရပ္စြာ ၀တ္ဆင္ထားၿပီး အျဖဴေရာင္ရွပ္အက်ႌ ႏွင့္ အနက္ေရာင္ ေဘာင္းဘီရွည္ကို တြဲဖက္ဝတ္ဆင္ထားျပီး လူႀကိဳက္မ်ားေသာ ဆြဲေဆာင္မႈ ရွိတဲ့  သရုပ္ေဆာင္တစ္ေယာက္ပံုရိပ္ကို ထင္ရွားစြာ ေပၚလြင္ေနေစသည္။  သူ႕ပံုကိုသာ ႀကည့္ရင္ စပြန္ဆာ ရွာတတ္တဲ့ ရုပ္လံုးဝ ေပါက္မေနဘူး။
 
"အဲဒါ ဘယ္သူလဲ?" ခ်န္မင္ရႊိ သည္ ေဝ့ေတာက္မင္က သူ႕ကိုေတြ႕သြားမည္ကို ေၾကာက္သျဖင့္ ေဘးသို႔ အသာေလး ပုန္းလိုက္သည္။

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) က ေျဖေပးလိုက္သည္။

 "ေဝ့ေတာက္မင္ရဲ႕ ေဘးမွာ ရပ္ေနတဲ့လူလား။ သူက အိမ္ၿခံေျမလုပ္ငန္းရွင္ တစ္ေယာက္ပါ။"

"ေၾသာ္....  အဲ့လူ စကားေျပာပံုကို ျမင္မွ တစ္ခါက အင္တာဗ်ဴးလုပ္ခဲ့ဖူးတဲ့ အိမ္ျခံေျမ လုပ္ငန္းတစ္ခုက အေထြေထြမန္ေနဂ်ာ ဆုိတာ ခုမွ မွတ္မိေတာ့တယ္ "
 

ခ်န္မင္ရႊိ က နည္းနည္းေျပာလိုက္ျပီး Tang Feng ကို တစ္ခ်က္ၾကည့္လိုက္ကာ ေျပာလိုက္သည္။

"အခ်စ္ဌက္ေမာင္နွံက တပူးတြဲတြဲေနေပမယ့္ အေရးေႀကာင္း ႀကံဳလာရင္ ပ်ံသန္းထြက္ေျပးကုန္ေတာ့တာပဲ  "

ေဝ့ေတာက္မင္ရဲ႕ ေနာက္ခံ စပြန္ဆာ နိုင္ငံေရးသမားႀကီး က အစိုးရစံုစမ္းစစ္ေဆးေရး ဌာနတြင္ စစ္ေမးခံေနရသည့္အခ်ိန္ ေဝ့ေတာက္မင္က အျခားေသာ ပစ္မွတ္တစ္ေယာက္ကို ေျပာင္းလိုက္ပံုေပၚသည္။ စိတ္ေနစိတ္ထား ညစ္ပတ္တဲ့ လူပီသပါေပတယ္။
 
အိမ္ၿခံေျမလုပ္ငန္းက ရာထူးႀကီးလူက အရင္ နုိင္ငံေရးသမားလို ႀသဇာအာဏာ မႀကီးေပမယ့္ ေငြရွိတယ္ေလ။ ဘာေျပာေျပာ အဲ့ေငြနဲ႕ သူ႕အတြက္ ရုပ္ရွင္ဇာတ္ကားႀကီး ေတြမွာ ေငြထည့္ဝင္ေပးနုိင္တယ္။ အျခားလုပ္ငန္းစုေတြရဲ႕ ေႀကျငာေတြ ရေအာင္ မိတ္ဆက္ေပးနိုင္တယ္။ ဘာမွ မရွိတာထက္စာရင္ အနည္းဆံုး ေငြလွ်ံတဲ့ ေဘာစိ တစ္ေယာက္ကို အမိဖမ္းထားနုိင္တာက ေဝ့ေတာက္မင္အတြက္  ပိုေကာင္းပါတယ္။

"အဲ့ဒါက သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈပဲေလ။"

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) က ၿပဳံးၿပဳံးေလးျဖင့္ ဆက္ေျပာလိုက္သည္။
"ဟုတ္တာေပါ့...ဒါနဲ႕  မင္းတို႕ ဘယ္လို ပန္းခ်ီကားကို လိုခ်င္တာလဲ ေျပာေလ။ ငါ လိုက္ျပေပးမယ္"

"ဟုတ္ကဲ့" Tang Feng က ဝမ္းသာအားရ တုံ႔ျပန္ခဲ့သည္။

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) သည္ ျပခန္းဖြင့္လွစ္ရန္ အေတြ႕အႀကဳံရင့္သူ ျဖစ္ထိုက္ပါေပတယ္။ သူသည္ ပန္းခ်ီဆြဲေသာ ပန္းခ်ီဆရာရဲ႕ အေႀကာင္းကို ေနာေႀကသည့္အျပင္ ထိုပန္းခ်ီ ဖန္တီးမႈေနာက္ခံ အေႀကာင္းတရား တုိ႕ကိုသာမက  ပန္းခ်ီကားတစ္ခ်ပ္စီ၏ အေႀကာင္းကို အေသးစိတ္နားလည္မႈရွိသည္။ သူ ရွင္းျပတာကို နားေထာင္ျပီးလွ်င္ ထိုပန္းခ်ီဆရာက ဘယ္လို ခံစားခ်က္၊ ရည္ရြယ္ခ်က္နဲ႕ ပန္းခ်ီကားကို ဆြဲခဲ့တယ္ဆုိတာကို ပိုမိုနားလည္လာေစသည္။
 
ပန္းခ်ီကားတစ္ခ်ပ္သည္ လူတစ္ဦးတစ္ေယာက္၏ တည္ရွိမႈကို ကိုယ္စားျပဳသည္။

Tang Feng သည္ အလြန္႐ိုးရွင္းေသာ ပန္းခ်ီကားတစ္ခ်ပ္ေရွ႕တြင္ ရပ္လိုက္သည္။ ပန္းခ်ီကားက  အလြန္႐ိုးရွင္းပါသည္။ ညေနခင္းတစ္ခုမွာ လူတစ္ေယာက္ရဲ႕ ေက်ာျပင္နဲ႔ ပင္လယ္နဲ႔ ေကာင္းကင္ႀကီးတစ္ခုလုံးပါဝင္သည့္ လွပတဲ့ ျမင္ကြင္းတစ္ခုကို ေရးဆြဲထားျခင္းျဖစ္သည္။

ေကာင္းကင္က တိမ္ေတြက ပင္လယ္ထဲမွာ ေရာင္ျပန္ဟပ္ေနၿပီး ပင္လယ္လႈိင္းလုံးေတြက ေနဝင္ခ်ိန္ ဆည္းဆာအေရာင္တို႕ စြန္းထင္းေနတဲ့ ညေနခင္း ေကာင္းကင္ကို ေရာင္ျပန္ဟပ္ၿပီး  မွန္တစ္ခ်ပ္လို စြဲမက္ဖြယ္ေကာင္းလြန္းေနသည္။

"ဒီပုံကို ႀကိဳက္လား? မင္းႀကိဳက္ရင္ ငါမင္းကို ေလွ်ာ့ေပးႏိုင္ပါတယ္။ "

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္)က ျပံဳးကာ ေျပာလိုက္သည္။

"ဒီပုံက ေကာင္းပါတယ္။ ဒါေပမယ့္ စီနီယာက်န္းက လူရင္းေလွ်ာ့ေစ်းနဲ႕ ေပးမွ ရေတာ့မယ္ "

"ျပႆနာမရွိပါဘူး။" စီနီယာက်န္႕က  ရဲဝံ့စြာ ေျဖလိုက္သည္။

Tang Feng သည္ ထိုပန္းခ်ီကားက ေကာင္းသည္ဟု  ထင္ခဲ့သည္။ သူ႔ကိုယ္သူ ေပ်ာ္႐ႊင္ေစရန္ ထိုပန္းခ်ီကားတစ္ခ်ပ္ကို ဝယ္ခါနီးတြင္  အေဝးက ေဝ့မင္ေတာက္ ေျပာလိုက္သံကို ၾကားလိုက္ရသည္–

"ဒီပန္းခ်ီကားကို ကြ်န္ေတာ္ ႀကိဳက္တယ္၊ စီအီးအိုစုန္႕...ခင္ဗ်ား ကြ်န္ေတာ့္ကို ဝယ္ေပးပါလားဟင္"

"ကိစၥမရွိပါဘူး၊ ေရွာင္မင္ က အဲဒါကို သေဘာက်တယ္ဆိုရင္ ကိုယ္က ေသခ်ာေပါက္ ဝယ္ေပးမွာေပါ့"

စီအီးအိုစုန္႕က ေဝ့ေတာက္မင္ရဲ႕ အလွမွာ ယစ္မူးေနခဲ့လို႕ ခ်က္ခ်င္း သေဘာတူခဲ့ၿပီး Tang Feng တို႕  ပန္းခ်ီကားကို ဝယ္ယူဖို႕ စကားေျပာဆိုမႈမ်ားကို မၾကားခဲ့ၾကေပ။

ေဝ့ေတာက္မင္ ၏မ်က္လုံးမ်ားသည္ Tang Feng အေပၚသို႔ က်ေရာက္သြားသည္။ သူက တိုးတိုးေလး ၿငီးတြားရင္း စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) ဘက္လွည့္ၿပီး ေျပာလိုက္သည္။

"သူေဌးက်န္႕... ျပခန္းဖြင့္တာက လုပ္ငန္းတစ္ခုလုပ္တာပဲ။ ကြ်န္ေတာ္တို႕က ခင္ဗ်ားဆီက  ပန္းခ်ီကားေပါင္းမ်ားစြာကို ဝယ္ယူဖို႕ ႀကိဳတင္စာရင္းေပးထားတယ္။ ဒီပုံကိုလည္း ကြ်န္ေတာ္တို႕ဆီကို ေရာင္းလိုက္ပါ။ ခင္ဗ်ား ဖြင့္တဲ့ေစ်းအတိုင္းေပးပါ့မယ္။ ကြ်န္ေတာ္တို႕က  ေလွ်ာ့ေစ်းကို မလိုအပ္ပါဘူး၊ မိတ္ေဆြ ဆိုတဲ့ နာမည္ေအာက္မွာ အခြင့္ေရးယူတဲ့ လူတခ်ိဳ႕လို မလုပ္ပါဘူး "

"မစၥတာေဝ့.... ဒီပန္းခ်ီကားကို Tang Feng က ပထမဆုံး ဝယ္ဖို႕ ေျပာထားပါတယ္။  ျပခန္းထဲမွာ တျခား ပန္းခ်ီကားေတြ ရွိတယ္။ခင္ဗ်ားတို႕ ေနာက္တစ္ခုကို ေ႐ြးႏိုင္ပါတယ္။"


 "ငါတို႕က အရင္ေရာက္တဲ့သူပဲေလ။ ျပီးေတာ့ စီအီးအိုစုန္႕လိုလူက ပန္းခ်ီကားေလး တစ္ခ်ပ္ေႀကာင့္ ငါတို႕ကို ကပ္တြက္မယ့္လား"
  ခ်န္မင္ရႊိ လည္း ကူညီေပးခဲ့ၿပီး ေဝ့ေတာက္မင္ကို တမင္သက္သက္ လံႈ႕ေဆာ္သူအျဖစ္ ေပၚလြင္ေအာင္ ေျပာဆိုလိုက္သည္။
 

စီအီးအိုစုန္႕က ေအာင့္သီးေအာင့္သက္ ၿပဳံးၿပီး ေျပာလိုက္သည္။

 "ေလာင္က်န္႕က စီပြားလုပ္ေနတာေလ။ သူ႕ကို အခက္မေတြ႕ပါေစနဲ႕။ ဒါက ရိုးရိုး   ပန္းခ်ီကားတစ္ခ်ပ္ပါပဲ။ အဲ့ဒီဘယ္ခ်ီကား ေစ်း ဘယ္ေလာက္ႀကီးပါေစ ငါ ဂ႐ုမစိုက္ဘူး။ ၊ ေစ်းနႈန္းျမင့္တာက အေရးမႀကီးဘူး "
 

"ဒါ..." စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) က အနည္းငယ္ ရွက္သြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဝိုး၊ ဒါက တကယ္ေကာင္းတဲ့ အႀကံတစ္ခုလို႔ က်ဴပ္ ထင္တယ္၊ က်ဴပ္လည္း ဒီပုံကို အရမ္းႀကိဳက္တယ္၊ ကံမေကာင္းစြာပဲ၊ ခ်စ္ဖို႔ေကာင္းတဲ့ အမ်ိဳးသားတစ္ေယာက္က အဲဒါကို အရင္ကတည္းက သေဘာက်သြားျပီျပီ"
 

တ႐ုတ္ဘာသာစကားကို နိုင္ငံျခား ေလယူေလသိမ္း နွင့္  ေျပျပစ္စြာ ေျပာလိုက္သည့္   အရပ္ရွည္ရွည္ နွင့္ အနက္ေရာင္ဝတ္စုံကို ၀တ္ဆင္ထားသည့္ လူတစ္ေယာက္က နူတ္ခမ္းေထာင့္တြင္ ေလွာင္ေျပာင္ေသာ အၿပဳံးမ်ားျဖင့္ သူတို႔ဆီသို႔ ေရာက္ရွိလာခဲ့သည္။ ထိုလူက The godfather ႐ုပ္ရွင္ထဲက လူဆိုးဂိုဏ္းေခါင္းေဆာင္ကဲ့သို႔ သက္ေတာ္ေစာင့္ႏွစ္ေယာက္လည္း ျခံရံထားသည္။

ခ်ားလ္လား? Tang Feng သည္ ခ်ားလ္ကို ျမင္လိုက္စဥ္ မသိလိုက္ပါပဲ သူ႔မ်က္လုံးမ်ားတြင္ အၿပဳံးတစ္ခုျဖင့္ ထိုလူကို ၾကည့္လိုက္သည္။ ဒီေကာင္ ဘယ္တုန္းကေပၚလာတာလဲ။

ခ်ားလ္ က Tang Feng ကို တိုက္႐ိုက္မႏႈတ္ဆက္ဘဲ လမ္းေလွ်ာက္လာၿပီး ျပခန္းပိုင္ရွင္ကို ေမးလိုက္သည္။

 "က်န္႕ေလာင္ပန္.... ဒီပန္းခ်ီကားက ဘယ္ေလာက္လဲ?"

"ေဈးက ယြမ္ ၁၀၀၀၀၀ ပါ။"

စီနီယာက်န္႕ (က်န္႕ရႊယ္ခ်န္) က အမွန္အတိုင္းေျဖသည္။

"တကယ္ေစ်းေပါတယ္။"

Charles သည္ စီအီးအိုစုန္႕ရဲက  ေဒါသႀကီးေသာ အၾကည့္ကို တန္ျပန္ ၾကည့္လိုက္သည္။

"ဒီသူေဌးက ဘယ္ေလာက္ေစ်းတိုးေပးနုိင္မလဲ ဆုိတာ က်ဴပ္လည္း မသိဘူး"


********-**********

Continue Reading

You'll Also Like

29.4K 3.9K 6
Title 标题: Please Don't Eat Me 請不要吃掉我 Author 作者: Hao E O 好餓哦 (So Hungry) Genre 类型: romance 愛情,drama 劇情,fantasy 奇幻 [ENG TRANS] 請不要吃掉我 BY 好餓哦 ~Translate...
488K 83K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
10.3K 1.2K 9
ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက္စရာနတ္ဆိုးႀကီးရဲ႕ဝိဥာဥ္ခြဲေတြကငါ့ကိုအတင...
1.1M 183K 179
မင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽...