Hello Wife! (Mm translation)

Par Ribbon97Red

215K 18.9K 230

Plus

Intro
M-1
M-2
M-3
M-4
M-4.2
M-5
M-6
M-7
M-8
M-9
M-10
M-11
M-12
M-13
M-14
M-15
M-16
M-17
M-18.1
M-18.2
M-19.1
M-19.2
M-20.1
M-20.2
M-21.1
M-21.2
M-22.1
M-22.2
M-23.1
M-23.2
M-24.1
M-25.1
M-25.2
M-26.1
M-26.2
Announcement
M-27.1
M-27.2
M-28.1
M-28.2
M-29.1
M-29.2
M-30.1
M-30.2
M-31
M-32
M-33
M-34
M-35
M-36
M-37
M-38
M-39
M~40
Note
M~41
M-42
M-44
M~43
M-44
M-45
🤍
M-46
M~47
M-48
M-49
M-50
M-51
M-52
M-53
M-54
M-55
M-56
M-57
M-58
M-59
M-60
M-61
M-62 (end)

M-24.2

2K 230 1
Par Ribbon97Red

စုလဲ့ ကဝေချုကို ဒေါသတကြီးလှည်ကြည့်ပြီး ရှ့င်အနာဂတ်ကောင်မလေးသာသိရင် ဒေါသထွက်မှာအသေချာပဲလို့ ပြောလို့နေသည်။

တွေးကြည့်လိုက်တော့ စုလဲ့ စိတ်အေးသွားတော့သည်။ ပြောရရင် သူမဘာမှဆုံးရှုံးတာမှမဟုတ်တာ ပြီးတော့ နောင်ကျ ဒီလူတွေနဲ့တွေ့ဖို့ အကြောင်းကလည်းသိပ်မရှိဘူးလေ ပြီးတော့ ဝေချုနောင်ကျ ကောင်မလေးရလာရင် သူတို့အထင်လွဲနေမှန််း အလိုလိုသိသွားကြလိမ့်မယ်လေ ထိုသို့တွေးမိပြီး စုလဲ့ မုန့်ချိုတွေကို ပျော်ရွှင်စွာထိုင်ယူတော့သည်။ ဒိက လူတွေက တအားဖော်ရွေနေသလို မုန့်တွေကလည်း စျေးကြီးတယ်လေ ငြင်းရင် ရိုင်းရာကျမှာပေါ့

စုလဲ့ မျက်နှာထား အမြန်ပြန်ကောင်းသွားတာကိုကြည့်ပြီးဝေချု နောင်တရသွားသလိုပင် စိတ်ပိုင်းဆိုင်ရာသန်မာတာကလည်း ကောင်းတဲ့အရာတော့မဟုတ်ဘူးပဲ

-

မင်္ဂလာပွဲ ပြီးဆုံးသည်နှင့် ပွဲတော် စတင်တော့သည်။  အအေး ဟင်းလျာများ အရင်ရောက်လာသော်လည်းဘယ်သူမှ တူကိုင်တာမတွေ့တာနဲ့ စုလဲ့လည်း တူမကိုင်ရဲ

"အားလုံးက မိသားစုဝင်တွေပဲ။ ကျင့်ဝတ်တွေ မလိုပါဘူး စားရအောင်" လို့ သူ့တူတွေကိုကိုင်ကာ လူကြီးတစ်ယောက်က ပြောလာသည်။

စုလဲ့က တခြားလူတွေ အတိုင်း အတုယူကာလိုက်စားတော့သည်။  အစားအသောက် အရသာ တော်တော်ကောင်းတာပင်  ဒီပွဲအတွက် စားဖိုမှူးကို အထူးတလည် ငှါးထားပုံရသည်။ သူမ အနည်းငယ် ခါးသီးမှုတောင်ကိုတောင် ခံစားလိုက်ရသည်။ အချို့ကိစ္စတွေတွင် သာမာန်လူတွေနဲ့ ယှဉ်လျှင် ချမ်းသာတဲ့သူတွေက ပိုပြီး သာလွန်တာကြောင့်  ချမ်းသာတဲ့လူတွေကိုမှီခိုခိုင်းကြတာပေါ့လေ

စားနေရင်းလူတွေက ရယ်လိုက် မောလိုက် ဟာသပြောလိုက် သူများကလေးကိုချီးမွမ်းလိုက်နဲ့ပင် စုလဲ့အတွက်ကတော့ သူမနဲ့မဆိုင်တာတွေဝင်ပြောမယ့်အစား စားသာစားနေခဲ့သည်။

"စုလဲ့ သမီးက ဘယ်ကလာတာလဲ?" ဝေချု့အမေက ရုတ်တရက် စုလဲ့ဘက်ကိုလှည့်လာကာ "ရှောင်ချုနဲ့ တူတူထိုင်လိုက်တော့ ဒီအဘွားကြီးကြောင်တောင် ကြောင်သွားတာ"

"အန်တီကြည့်ရတာ တအားငယ်သေးတာကို ဘယ်လိုလုပ် အဘွားကြီးဖြစ်မှာလဲ" စုလဲ့က  ချီးမွမ်းပြီးမှ ဆက်ကာ "မွေးရပ်မြေက စိီချွမ်းပါ"

"အာ စီချွမ်းမှာ အရသာရှိတာတွေအများကြီးပဲ" ဝေချု့အမေမျက်နှာက အပြုံးက ပိုပြီး ရှင်းလင်းလာကာ "အန်တီကလည်း စီချွမ်းကပဲ ဒါမဲ့ ဝေချု့အဖေနဲ့လက်ထပ်ပြီးတော့ ပြန်မသွားဖြစ်တော့တာ အခု အဲ့နာမည်ထပ်ကြားလိုက်ရတော့ စီချွမ်းဟော့ပေါ့တောင်စားချင်လာပြီ"

စုလဲ့က ဝေချုအမေနဲ့ စီချွမ်းရဲ့ပြောင်းလဲမှုတွေကို စကားလက်ဆုံကျလို့နေသည်။ ဝေချုအမေက စကားပြောကောင်းပြီးတော့ သူများတွေကို သူမ ကချမ်းသာတယ်ဆိုတာမျိုး ကြွားတာမျိုးမလုပ် စုလဲ့က ဒီအမျိုးသမီးကို စိတ်ရင်းနဲ့ သဘောကျမိတဲ့ထိပင် ဝေချုလို့ ကလေးမျိုးကို ဒိလိုအမျိုးသမီးကပဲ ပျိုးထောင်နိုင်မှာဟုကော

နှစ်ယောက်သား စိတ်အားထက်သန်စွာပြောဆိုနေကြတုန်းမှာပဲ ဝေချုက စုလဲ့ကိုရုတ်တရက် "ဒီစွံတန်် ငါးစွတ်ပြုတ်အရသာ မဆိုးဘူး စားကြည့်မလား"

စုလဲ့က ငါးစွတ်ပြုတ်ကို သိပ်မကြိုက်ပေမယ့် ဝေချုပြောတာကြားတော့ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ ဘာမှမပြောရသေးခင်မှာပဲ​ဝေချုက သူမရှေ့ကပန်းကန်လုံးကိုယူပြီး ခပ်ထည့်ပေးလိုက်သည်။

စားပွဲက လူကြီးတွေ အကုန်လုံးကဝေချု့အပြုအမူကိုကြည့်ပြီးလန့်ကုန်ကြတော့သည်။ ဒီလူလေးက မိန်းကလေးတစ်ယောက်ကိုဖားတတ်တယ်ဆိုတာ သူတို့မသိဘူးလေ  မာနကလည်းကြီးတဲ့သူက တစ်ယောက်ယောက်ကို တကယ်ကြီး စွတ်ပြုတ်ခပ်ထည့်ပေးနေတယ်တဲ့ သူ့ကို အားလုံး ဝိုင်းကြည့်ပြီး လန့်လည်းလန့်သွားသလိုရယ်ချင်လာကြသည်။

မောက်မာတဲ့လူတောင် သူတို့ချစ်တဲ့သူဆို ဦးကျိုးတာပဲ သူတို့ချစ်တဲ့သူရှေ့မှာလည်းမောက်မာပြနေမှာဆို အဲ့ဒါကို အချစ်လို့မှတ်ယူလို့ရမှာတဲ့လား

ပြဇာတ်ကိုကြည့်ပြီး လူကြိီးတွေ တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်လိုက်ကြသည်။ 

ဝေချုကအမေက စုလဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်လို့နေသည်။စုလဲ့သာမရှိရင် ဝေချုကို ဆွဲခေါ်ပြီး စုလဲ့မိသားစုနောက်ခံ မွေးးရက်တွေမေးနေပြီပင်

"ငါးစွတ်ပြုတ်အကြောင်းပြောမှ ရှောင်ချုက လွန်ခဲ့တဲ့နှစ်နှစ်က စီချွမ်းစားစရာလုပ်နည်းသင်ခဲ့တယ်လေ ဒါမဲ့ သူငါးစွတ်ပြုတ်လုပ်နိုင်လားတော့ အန်တီမသိဘူးရယ်" သူမသားက ဟင်းချက်တာ မကြိုက်တာ ဆိုးတာပဲလို့ သူမထင်နေတာ ဒါမဲ့ဘာလို့ သင်မှန်းလည်းမသိဘူး

စုလဲ့ ငါးစွတ်ပြုတ်သောက်လိုက်တော့ အရသာက တကယ်ကောင်းတာပင် ဝေချု့အမေပြောတာကြားတော့ သူမက "စီနီယာဝေ ဟင်းချက်တာ တကယ်ကောင်းတာ ငါးအစပ်ဟင်းဆို တကယ်စားကောင်းတာ"

"အို့" ဝေချု့အမေ မျက်လုံးတွေတောက်ပသွားပေမယ့်ချက်ချင်း သက်ပြင်းချကာ "ဒါမဲ့ အန်တီက အလုပ်များတော့ ရှောင်ချု ဟင်းချက်တာ စားဖို့အခွင့်ရေးးမရသေးဘူး"

ဝေချု သူ့အမေပြောတာကြားတော့ ကူကယ်ရာမဲ့စွာ "အမေ အမေအားရင် ကျွန်တော် ဟင်းချက်ကျွေးပါ့မယ်"

ဝေချုအမေက သူ့ကို တခွန်းသာပြန်ပြောပြီး စုလဲ့နဲ့ စကားဆက်ပြောနေခဲ့သည်။ သူမသာားစကားကိုစိတ်ထဲ မထားတာ အသိသာကြီးပင် သူမသားက အနာဂတ်ချွေးမလေးနဲ့ယှဉ်ရင် ဖန်ပုလဲနဲ့စိန်လို ကွဲကွဲပြားပြားဆက်ဆံတာလေ

စုလဲ့ အမေရဲ့ အရင်က စိတ်ဝင်စားစရာ အကြောင်းတွေကို ကြားတော့ သူမ ရယ်နေတော့သည်။

အမေ​ဝေက ပြောနေရင်းနဲ့ "သမီးမိဘတွေကကော စီချွမ်းကပဲလား?"

စုလဲ့ မျက်နှာက အပြုံးက အနည်းငယ်ပျောက်သွားကာ ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး "ဟုတ်ပါတယ်"

"အမေ အမေ ဒီဟင်းကြိုက်တယ်မလား စားပါဦး" ဝေချုက သူ့အမေပန်းကန်ထဲ ဟင်းထည့်ပေးကာ ဆိုသည်။

ဝေချုအမေက သူ့ပန်းကန်လုံးထဲက ဟင်းကိုကြည့်ပြီး ဘယ်တုန်းက အဲ့ဟင်းကို ကြိုက်ခဲ့ဖူးလဲ မမှတ်မိတော့ ဒါမဲ့ နှစ်ပေါင်းများစွာနေလာတဲ့သူမလို့ တစ်ခုခုမှားနေမှန်းသိလိုက်ကာ ဒီကောင်မရဲ့ အထိမခံတဲ့နေရာကို သူမ ထိလိုက်မိပြီဆိုတာ တွေးမိပြီး အမြန်ခေါင်းစဉ်ပြောင်းလိုက်တော့သည်။

ဒီ ဝတ္ထုက အပိုင်း 62 ပိုင်းရှိပြီးတော့ paid gp ရှိပါတယ် 2000 ပါ

Free လည်းတင်ပေးနေမှာမို့ အေးဆေး ဖတ်လို့ရပါတယ်

Viber or telegram- 09755992540

စုလဲ့ ကေဝခ်ဳကို ေဒါသတႀကီးလွည္ၾကည့္ၿပီး ရွ႕င္အနာဂတ္ေကာင္မေလးသာသိရင္ ေဒါသထြက္မွာအေသခ်ာပဲလို႔ ေျပာလို႔ေနသည္။

ေတြးၾကည့္လိုက္ေတာ့ စုလဲ့ စိတ္ေအးသြားေတာ့သည္။ ေျပာရရင္ သူမဘာမွဆုံးရႈံးတာမွမဟုတ္တာ ၿပီးေတာ့ ေနာင္က် ဒီလူေတြနဲ႔ေတြ႕ဖို႔ အေၾကာင္းကလည္းသိပ္မရွိဘူးေလ ၿပီးေတာ့ ေဝခ်ဳေနာင္က် ေကာင္မေလးရလာရင္ သူတို႔အထင္လြဲေနမွန္္း အလိုလိုသိသြားၾကလိမ့္မယ္ေလ ထိုသို႔ေတြးမိၿပီး စုလဲ့ မုန္႔ခ်ိဳေတြကို ေပ်ာ္႐ႊင္စြာထိုင္ယူေတာ့သည္။ ဒိက လူေတြက တအားေဖာ္ေ႐ြေနသလို မုန္႔ေတြကလည္း ေစ်းႀကီးတယ္ေလ ျငင္းရင္ ႐ိုင္းရာက်မွာေပါ့

စုလဲ့ မ်က္ႏွာထား အျမန္ျပန္ေကာင္းသြားတာကိုၾကည့္ၿပီးေဝခ်ဳ ေနာင္တရသြားသလိုပင္ စိတ္ပိုင္းဆိုင္ရာသန္မာတာကလည္း ေကာင္းတဲ့အရာေတာ့မဟုတ္ဘူးပဲ

-

မဂၤလာပြဲ ၿပီးဆုံးသည္ႏွင့္ ပြဲေတာ္ စတင္ေတာ့သည္။  အေအး ဟင္းလ်ာမ်ား အရင္ေရာက္လာေသာ္လည္းဘယ္သူမွ တူကိုင္တာမေတြ႕တာနဲ႔ စုလဲ့လည္း တူမကိုင္ရဲ

"အားလုံးက မိသားစုဝင္ေတြပဲ။ က်င့္ဝတ္ေတြ မလိုပါဘူး စားရေအာင္" လို႔ သူ႔တူေတြကိုကိုင္ကာ လူႀကီးတစ္ေယာက္က ေျပာလာသည္။

စုလဲ့က တျခားလူေတြ အတိုင္း အတုယူကာလိုက္စားေတာ့သည္။  အစားအေသာက္ အရသာ ေတာ္ေတာ္ေကာင္းတာပင္  ဒီပြဲအတြက္ စားဖိုမႉးကို အထူးတလည္ ငွါးထားပုံရသည္။ သူမ အနည္းငယ္ ခါးသီးမႈေတာင္ကိုေတာင္ ခံစားလိုက္ရသည္။ အခ်ိဳ႕ကိစၥေတြတြင္ သာမာန္လူေတြနဲ႔ ယွဥ္လွ်င္ ခ်မ္းသာတဲ့သူေတြက ပိုၿပီး သာလြန္တာေၾကာင့္  ခ်မ္းသာတဲ့လူေတြကိုမွီခိုခိုင္းၾကတာေပါ့ေလ

စားေနရင္းလူေတြက ရယ္လိုက္ ေမာလိုက္ ဟာသေျပာလိုက္ သူမ်ားကေလးကိုခ်ီးမြမ္းလိုက္နဲ႔ပင္ စုလဲ့အတြက္ကေတာ့ သူမနဲ႔မဆိုင္တာေတြဝင္ေျပာမယ့္အစား စားသာစားေနခဲ့သည္။

"စုလဲ့ သမီးက ဘယ္ကလာတာလဲ?" ေဝခ်ဳ႕အေမက ႐ုတ္တရက္ စုလဲ့ဘက္ကိုလွည့္လာကာ "ေရွာင္ခ်ဳနဲ႔ တူတူထိုင္လိုက္ေတာ့ ဒီအဘြားႀကီးေၾကာင္ေတာင္ ေၾကာင္သြားတာ"

"အန္တီၾကည့္ရတာ တအားငယ္ေသးတာကို ဘယ္လိုလုပ္ အဘြားႀကီးျဖစ္မွာလဲ" စုလဲ့က  ခ်ီးမြမ္းၿပီးမွ ဆက္ကာ "ေမြးရပ္ေျမက စိီခြၽမ္းပါ"

"အာ စီခြၽမ္းမွာ အရသာရွိတာေတြအမ်ားႀကီးပဲ" ေဝခ်ဳ႕အေမမ်က္ႏွာက အၿပဳံးက ပိုၿပီး ရွင္းလင္းလာကာ "အန္တီကလည္း စီခြၽမ္းကပဲ ဒါမဲ့ ေဝခ်ဳ႕အေဖနဲ႔လက္ထပ္ၿပီးေတာ့ ျပန္မသြားျဖစ္ေတာ့တာ အခု အဲ့နာမည္ထပ္ၾကားလိုက္ရေတာ့ စီခြၽမ္းေဟာ့ေပါ့ေတာင္စားခ်င္လာၿပီ"

စုလဲ့က ေဝခ်ဳအေမနဲ႔ စီခြၽမ္းရဲ႕ေျပာင္းလဲမႈေတြကို စကားလက္ဆုံက်လို႔ေနသည္။ ေဝခ်ဳအေမက စကားေျပာေကာင္းၿပီးေတာ့ သူမ်ားေတြကို သူမ ကခ်မ္းသာတယ္ဆိုတာမ်ိဳး ႂကြားတာမ်ိဳးမလုပ္ စုလဲ့က ဒီအမ်ိဳးသမီးကို စိတ္ရင္းနဲ႔ သေဘာက်မိတဲ့ထိပင္ ေဝခ်ဳလို႔ ကေလးမ်ိဳးကို ဒိလိုအမ်ိဳးသမီးကပဲ ပ်ိဳးေထာင္ႏိုင္မွာဟုေကာ

ႏွစ္ေယာက္သား စိတ္အားထက္သန္စြာေျပာဆိုေနၾကတုန္းမွာပဲ ေဝခ်ဳက စုလဲ့ကို႐ုတ္တရက္ "ဒီစြံတန္္ ငါးစြတ္ျပဳတ္အရသာ မဆိုးဘူး စားၾကည့္မလား"

စုလဲ့က ငါးစြတ္ျပဳတ္ကို သိပ္မႀကိဳက္ေပမယ့္ ေဝခ်ဳေျပာတာၾကားေတာ့ ေခါင္းၿငိမ့္ျပလိုက္သည္။ သူမ ဘာမွမေျပာရေသးခင္မွာပဲ​ေဝခ်ဳက သူမေရွ႕ကပန္းကန္လုံးကိုယူၿပီး ခပ္ထည့္ေပးလိုက္သည္။

စားပြဲက လူႀကီးေတြ အကုန္လုံးကေဝခ်ဳ႕အျပဳအမူကိုၾကည့္ၿပီးလန္႔ကုန္ၾကေတာ့သည္။ ဒီလူေလးက မိန္းကေလးတစ္ေယာက္ကိုဖားတတ္တယ္ဆိုတာ သူတို႔မသိဘူးေလ  မာနကလည္းႀကီးတဲ့သူက တစ္ေယာက္ေယာက္ကို တကယ္ႀကီး စြတ္ျပဳတ္ခပ္ထည့္ေပးေနတယ္တဲ့ သူ႔ကို အားလုံး ဝိုင္းၾကည့္ၿပီး လန႔္လည္းလန္႔သြားသလိုရယ္ခ်င္လာၾကသည္။

ေမာက္မာတဲ့လူေတာင္ သူတို႔ခ်စ္တဲ့သူဆို ဦးက်ိဳးတာပဲ သူတို႔ခ်စ္တဲ့သူေရွ႕မွာလည္းေမာက္မာျပေနမွာဆို အဲ့ဒါကို အခ်စ္လို႔မွတ္ယူလို႔ရမွာတဲ့လား

ျပဇာတ္ကိုၾကည့္ၿပီး လူႀကိီးေတြ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္စပစ္လိုက္ၾကသည္။ 

ေဝခ်ဳကအေမက စုလဲ့ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ၾကည့္လို႔ေနသည္။စုလဲ့သာမရွိရင္ ေဝခ်ဳကို ဆြဲေခၚၿပီး စုလဲ့မိသားစုေနာက္ခံ ေမြးးရက္ေတြေမးေနၿပီပင္

"ငါးစြတ္ျပဳတ္အေၾကာင္းေျပာမွ ေရွာင္ခ်ဳက လြန္ခဲ့တဲ့ႏွစ္ႏွစ္က စီခြၽမ္းစားစရာလုပ္နည္းသင္ခဲ့တယ္ေလ ဒါမဲ့ သူငါးစြတ္ျပဳတ္လုပ္ႏိုင္လားေတာ့ အန္တီမသိဘူးရယ္" သူမသားက ဟင္းခ်က္တာ မႀကိဳက္တာ ဆိုးတာပဲလို႔ သူမထင္ေနတာ ဒါမဲ့ဘာလို႔ သင္မွန္းလည္းမသိဘူး

စုလဲ့ ငါးစြတ္ျပဳတ္ေသာက္လိုက္ေတာ့ အရသာက တကယ္ေကာင္းတာပင္ ေဝခ်ဳ႕အေမေျပာတာၾကားေတာ့ သူမက "စီနီယာေဝ ဟင္းခ်က္တာ တကယ္ေကာင္းတာ ငါးအစပ္ဟင္းဆို တကယ္စားေကာင္းတာ"

"အို႔" ေဝခ်ဳ႕အေမ မ်က္လုံးေတြေတာက္ပသြားေပမယ့္ခ်က္ခ်င္း သက္ျပင္းခ်ကာ "ဒါမဲ့ အန္တီက အလုပ္မ်ားေတာ့ ေရွာင္ခ်ဳ ဟင္းခ်က္တာ စားဖို႔အခြင့္ေရးးမရေသးဘူး"

ေဝခ်ဳ သူ႔အေမေျပာတာၾကားေတာ့ ကူကယ္ရာမဲ့စြာ "အေမ အေမအားရင္ ကြၽန္ေတာ္ ဟင္းခ်က္ေကြၽးပါ့မယ္"

ေဝခ်ဳအေမက သူ႔ကို တခြန္းသာျပန္ေျပာၿပီး စုလဲ့နဲ႔ စကားဆက္ေျပာေနခဲ့သည္။ သူမသာားစကားကိုစိတ္ထဲ မထားတာ အသိသာႀကီးပင္ သူမသားက အနာဂတ္ေခြၽးမေလးနဲ႔ယွဥ္ရင္ ဖန္ပုလဲနဲ႔စိန္လို ကြဲကြဲျပားျပားဆက္ဆံတာေလ

စုလဲ့ အေမရဲ႕ အရင္က စိတ္ဝင္စားစရာ အေၾကာင္းေတြကို ၾကားေတာ့ သူမ ရယ္ေနေတာ့သည္။

အေမ​ေဝက ေျပာေနရင္းနဲ႔ "သမီးမိဘေတြကေကာ စီခြၽမ္းကပဲလား?"

စုလဲ့ မ်က္ႏွာက အၿပဳံးက အနည္းငယ္ေပ်ာက္သြားကာ ေခါင္းအနည္းငယ္ငုံ႔လိုက္ၿပီး "ဟုတ္ပါတယ္"

"အေမ အေမ ဒီဟင္းႀကိဳက္တယ္မလား စားပါဦး" ေဝခ်ဳက သူ႔အေမပန္းကန္ထဲ ဟင္းထည့္ေပးကာ ဆိုသည္။

ေဝခ်ဳအေမက သူ႔ပန္းကန္လုံးထဲက ဟင္းကိုၾကည့္ၿပီး ဘယ္တုန္းက အဲ့ဟင္းကို ႀကိဳက္ခဲ့ဖူးလဲ မမွတ္မိေတာ့ ဒါမဲ့ ႏွစ္ေပါင္းမ်ားစြာေနလာတဲ့သူမလို႔ တစ္ခုခုမွားေနမွန္းသိလိုက္ကာ ဒီေကာင္မရဲ႕ အထိမခံတဲ့ေနရာကို သူမ ထိလိုက္မိၿပီဆိုတာ ေတြးမိၿပီး အျမန္ေခါင္းစဥ္ေျပာင္းလိုက္ေတာ့သည္။

ဒီ ဝတၳဳက အပိုင္း 62 ပိုင္းရွိၿပီးေတာ့ paid gp ရွိပါတယ္ 2000 ပါ

Free လည္းတင္ေပးေနမွာမို႔ ေအးေဆး ဖတ္လို႔ရပါတယ္

Viber or telegram- 09755992540

Continuer la Lecture

Vous Aimerez Aussi

30.1K 1.5K 49
ချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။...
237K 5.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
433K 22.6K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
44.4K 4.6K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...