ထိုနေ့က...
ရာသီဥတုကကြည်လင်နေသော်လည်းတိမ်ထူသောနေ့ဖြစ်တာကြောင့်ပတ်ဝန်းကျင်ကအုံ့မှိုင်းမှိုင်းပေမို့အိမ်ထဲမှာခပ်ဆွေးဆွေးရုပ်ရှင်တွေကြည့်ရင်း စောင်ခြုံထဲမှာပဲကွေးနေလို့ကောင်းမယ့်ရာသီဥတုမျိုးဖြစ်သည်။ သို့ပေမယ့်.. သိပ်မကြာခင်final examဖြေရမည့်တက္ကသိုလ်ကျောင်းသားတစ်ဦးအနေဖြင့် ဘယ်လောက်ပဲပျင်းရိနေပါစေအတင်းကျိတ်မှိတ်ဖျစ်ညှစ်ပြီးစာကျက်ကိုကျက်ရမယ့်ဝတ္တရားကလည်းရှိနေလေတော့.. စိတ်မပါပေမယ့်စာကြည့်တိုက်မှာပဲအချိန်လာဖြုန်းနေရသည်။
"ရုပ်ရှင်တွေထဲကကျောင်းသားတွေလိုစာကျက်စရာမလိုဘဲလတ်လျားလတ်လျား လျှောက်သွားနေလို့ရရင်သိပ်ကောင်းမှာပဲ"
ဟု..စိတ်ထဲမှမကျေမချမ်းတီးတိုးရေရွတ်မိရင်းသက်ပြင်းတစ်ချက်လေးကန်စွာချကာ ကြောင်တစ်ကောင်လိုလက်နှစ်ဖက်ကိုဆန့်တန်း၍အညောင်းဆန့်လိုက်၏။ ထို့နောက်.. ခေါင်းကိုဘယ်တစ်လှည့်ညာတစ်လှည့်စောင်း၍အကြောဖြေနေစဥ်.. သူထိုင်နေသည့်နေရာနှင့်စားပွဲတစ်လုံးခြားက နေရာလွတ်တွင်ဝင်ထိုင်လိုက်သည့်အဝါရောင်ပုံရိပ်လေးဆီသို့မမျှော်လင့်ဘဲအကြည့်ရောက်သွားသည်။
ခေါင်းကိုငုံ့ကာစာအုပ်ကိုပဲစိတ်ဝင်တစားဖတ်နေသည့်ထိုပုံရိပ်လေးကနုဖတ်နေသည့်မျက်နှာလေးနှင့်လွန်စွာပနံသင့်သည့် အဝါရောင်ရှပ်လက်ရှည်၏အောက်တွင်တီရှပ်အဖြူကိုအောက်ခံ၍ဝတ်ဆင်ထားသည်။ မျက်ခုံးနှစ်ဖက်လုံးဖုံးလုနီးပါးရှည်နေသောအရှေ့ဆံပင်အုပ်အုပ်လုံးလုံးလေးကပါးပြင်မို့မို့နှင့်မျက်နှာဖူးဖူးလုံးလုံးလေးကိုဘောင်ခတ်ပေးထားသလိုဖြစ်နေတာကြောင့်ချစ်စဖွယ်လေးဖြစ်နေသည်။ နှုတ်ခမ်းထူထူပြည့်ပြည့်လေးကလည်းဖတ်နေတဲ့စာအုပ်ထဲပိုစိတ်ဝင်စားသွားလေပိုစူထွက်လာလေမို့.. ထိုစုစုထွေးထွေးနှုတ်ခမ်းလေးကိုအကြည့်ရောက်မိခိုက်အသည်းတွေအူတွေထဲမှလိမ့်လိမ့်လာအောင်ယားကျိကျိဖြစ်လာသည်။
"ဘာတွေများဒီလောက်တောင်စိတ်ဝင်တစားဖတ်နေပါလိမ့်"
ထိုနှုတ်ခမ်းလေးတွေကိုဆက်မကြည့်မိအောင်ကိုယ့်ကိုယ်ကိုအာရုံလွှဲသည့်အနေဖြင့် အဝါလေးဖတ်နေသည့်စာအုပ်ကိုမြင်သာအောင်ခေါင်းငုံ့ကြည့်လိုက်သည်။ အဝါလေးကသူထင်ထားသလိုကျောင်းစာဖတ်နေတာမဟုတ်ဘဲ The little Prince ဆိုတဲ့ပုံပြင်စာအုပ်လေးကိုဖတ်နေတာမြင်လိုက်ရလို့ပြုံးမိသေးသည်။ သူက စာမေးပွဲနီးလို့စာတွေအသည်းအသန်ကြိုးစားနေတဲ့စာကြမ်းပိုးလေးမှတ်နေတာ..
"ဟင်း.. ဟင်း"
စာအုပ်ဖတ်နေရင်းပါးစပ်အကျယ်ကြီးဟပြီးသမ်းလိုက်သည့်အဝါလေးကြောင့်သူဟင်းခနဲအသံထွက်အောင်ရယ်လိုက်မိသည်။ အဝါလေးကတော့ဘေးပတ်ဝန်းကျင်ကိုလည်းဂရုစိုက်ပုံမပေါ်.. ဘေးလူအမြင်မှာကြည့်ရဆိုးသွားမလားဆိုတဲ့အတွေးမျိုးလည်းရှိပုံမပေါ်ဘဲပါးစပ်ကိုလက်နဲ့တောင်မအုပ်ဘဲစိတ်လွတ်ကိုယ်လွတ်အားရပါးရပါးစပ်ကြီးဖြဲပြီးသမ်းသည်။ ဒါပေမယ့်.. ဘာလိုနေနေချစ်စရာလေးဖြစ်နေတာကအံ့ဩစရာကောင်း၏။ ဒီ့ထက်ပိုအံ့ဩစရာကောင်းတာက ကောင်လေးတစ်ယောက်ကိုအဝေးကနေထိုင်ငေးမိတဲ့သူကိုယ်တိုင်ပင်ဖြစ်သည်။
"အော.. မိုးရွာနေပြီ"
အဝါလေးက မှန်ပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုလှမ်းကြည့်ပြီးမျက်မှောင်လေးကုတ်ကာညည်းညူသလိုလေးပြော၏။ အသံမထွက်ဘဲနှုတ်ခမ်းလေးလှုပ်ရုံပြောလိုက်တာဆိုပေမယ့်သူကဒီအဝါလေးကိုပဲမမှိတ်မသုန်စိုက်ကြည့်နေခဲ့လေတော့အဝါလေးပြောလိုက်တဲ့စကားကိုတန်းခနဲနားလည်လိုက်တာကြောင့်အဝါလေးနည်းတူအပြင်သို့လှည့်ကြည့်လိုက်၏။ အပြင်ဘက်တွင်မှုန်မှုန်ဖွဲဖွဲမိုးစက်လေးများသည်သိပ်သိပ်သည်းသည်းရွာသွန်းနေလေသည်။သူ.. မိုးပေါက်ကလေးများကိုခေတ္တမျှသတိလက်လွတ်ငေးကြည့်နေပြီးမှခေါင်းကိုချာခနဲပြန်လှည့်ကာအဝါလေးဘက်ကိုကြည့်လိုက်တော့အဝါလေးကထိုနေရာမှာရှိမနေတော့ပါ။
"ပြန်သွားပြီလား"
ထိုအသိသည်ဦးနှောက်မှတစ်ဆင့်ရင်ထဲသို့ဝင်ရောက်လာသောအခါ.. ရင်ထဲမှာဟာပြီးတစ်ခုခုပျောက်ဆုံးသွားရသလိုလွတ်လွတ်လပ်လပ်ကြီးဖြစ်ကျန်ခဲ့သည်။ သူ.. နေရာမှအလျင်အမြန်ထ၍အပြင်သို့အဆောတလျင်ပြေးထွက်မိ၏။ ကံကောင်းချင်တော့အဝါလေးကဝေးဝေးမရောက်သေးဘဲဆင်ဝင်အောက်တွင်ရပ်၍ကောင်းကင်ကြီးကိုမော့ကြည့်နေသည်။ ပြီးတော့..ထီးအကြည်လေးကိုဖွင့်ဆောင်းလိုက်ပြီးခေါင်းကလေးငိုက်စိုက်ချကာမိုးဖွဲများကြားတစ်ရွေ့ရွေ့ထွက်သွားသည်။ သူ.. ဘာမှတွေးတောစဥ်းစားမနေတော့ဘဲအနောက်ကနေအပြေးလိုက်သွားပြီးအဝါလေးရဲ့တံတောင်ဆစ်မှတစ်ဆင့်ကိုယ်လုံးလေးပါလည်ထွက်လာအောင်ဆောင့်ဆွဲလိုက်ကာသူနဲ့မျက်နှာချင်းဆိုင်စေ၍ သူကိုယ်တိုင်ကလည်းအဝါလေးရဲ့ထီးအောက်ကိုဝင်လိုက်တာမို့မျက်နှာနှစ်ခုကထိတော့မတတ်နီးကပ်သွား၏။
"ထီးမပါလာလို့.. ဟိုးရှေ့နားလေးထိလမ်းကြုံလိုက်လို့ရမလား"
သူ့စိတ်ထဲတွင်တော့ 'ဂျွန်ဂျောင်ကု.. မင်းဘာတွေလျှောက်လုပ်နေတာလဲ' လို့ကိုယ့်ကိုယ်ကိုမချိတင်ကဲအပြစ်တင်နေမိသည်။ တကယ်လည်းသူ့ကိုယ်သူဘာတွေလျှောက်လုပ်နေမိလဲဆိုတာဘယ်လိုမှနားလည်လို့မရပါ။ ဘဝမှာသူစိမ်းတစ်ယောက်ကို နောက်တစ်ကြိမ်ထပ်ဆုံခွင့်မရတော့မှာ.. ဒီအတိုင်းလက်လွှတ်လိုက်ရမှာ.. စိုးရိမ်မိတဲ့စိတ်ကပထမဆုံးမို့ခံစားချက်ကထူးဆန်းနေသည်။ ဒါပေမယ့်ကျေနပ်စရာလည်းကောင်းသည်။
"လမ်း.. လမ်းကြုံလိုက်မယ်?"
"အင်း"
အဝါလေးကသူ့မျက်နှာကိုမျက်လုံးအပြူးသား၊ ပါးစပ်ကလေးအဟောင်းသားနှင့်အူကြောင်ကြောင်လေးငေးကြည့်နေရာမှစကားသံလေးတွေအထစ်ထစ်အငေါ့ငေါ့ထွက်လာသည်။ ရုတ်တရက်မို့အံ့ဩတုန်လှုပ်သွားသည်ထင်.. ပါးပြင်လေးတွေနဲ့နားရွက်လေးတွေကဆေးနီဖြန်းလိုက်သလိုနီရဲလာသည်.. အူယားစရာလေး..
သူကကြောင်စီစီဖြစ်သွားတဲ့မျက်နှာလေးကိုငေးကြည့်ရင်းပြုံးနေမိတုန်းအဝါလေးကဘာမပြောညာမပြောနဲ့သူ့လက်ထဲကိုထီးလေးလာထိုးပေးပြီး..
"ရ.. ရတယ်။ ဒါကိုယူသွားလိုက်နော်"
"ဟိတ်.. ခဏနေဦးလေ"
သူလှမ်းအော်တာကိုလှည့်တောင်မကြည့်တော့ဘဲတဖွဲဖွဲရွာနေသောမိုးမှုန်များထဲသို့သမင်လေးတစ်ကောင်လိုလှစ်ခနဲပြေးထွက်သွားလေသည်။သူက..အဝါရောင်သဏ္ဌာန်လေးကိုလမ်းချိုးမှပျောက်ကွယ်သွားသည်အထိမတုန်မလှုပ်ငေးကြည့်နေရင်းထီးကလေးတစ်ချောင်းနှင့်အတူကျန်ရစ်ခဲ့လေသည်။
ကျန်ခဲ့တာကထီးလေးတစ်ချောင်း.. ပေးလိုက်ရတာကအသည်းနှလုံးတစ်စုံ။ မျှတမှုမရှိတဲ့အလဲအလှယ်ကြားမှာအကျေနပ်ကြီးကျေနပ်နေမိတဲ့သူ့ကိုမိုးသီးမိုးပေါက်များကသောင်းသောင်းဖျဖျထောပနာပြုကြလေရဲ့..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
လက်ကနာရီလေးကိုတစ်ချက်ငုံ့ကြည့်လိုက်တော့အချိန်ကမနက်ခြောက်နာရီထိုးဖို့ ၅ မိနစ်သာလိုတော့သည်။ သူသံရှည်ဆွဲညည်းညူကာခါးကိုဘယ်ညာလှည့်ချိုးသည်။ မနက် ၂ နာရီကတည်းကအပြင်းအထန်လေ့ကျင့်ခန်းတွေလုပ်ထားခဲ့လို့နွမ်းနယ်ပင်ပန်းခဲ့ရသမျှအိမ်ပြန်ပြီးအနားယူချင်ပြီမို့ခြေလှမ်းတို့ကိုကားပါကင်ဆီသို့ကြိုးစားပြီးရွှေ့လိုက်သည်။ မနက်ပိုင်းအားကစားလုပ်ရန်တခြားသူတွေ gym သို့လာတဲ့အချိန်သည်သူ့အတွက်အိမ်ပြန်အိပ်သည့်အချိန်ပင်ဖြစ်သည်။ ဘယ်သူမှအားကစားမလုပ်တဲ့အချိန်မှရွေးပြီး gym လာတတ်တာဂျွန်ဂျောင်ကု၏အကျင့်ပင်။ အိမ်မှာလည်းကိုယ်ပိုင် gym ရှိတယ်ဆိုပေမယ့်ရိုဘင်နဲ့မျက်နှာချင်းမဆိုင်ချင်တာမို့မဆော့ဖြစ်။ အပြင်မှာကျပြန်တော့လူအများနဲ့ရောရောနှောနှောမရှိချင်တာကြောင့်ဘယ်သူမှမရှိတဲ့ညသန်းခေါင်အချိန်ကိုပဲရွေးပြီး gymဆော့ဖြစ်တော့သည်။
လမ်းအတိုင်းကိုယ့်အာရုံနဲ့ကိုယ်ကားရှိရာသို့သွားနေတုန်း.. သူ့အာရုံမှာဖျတ်ခနဲကိုလာထိတာကစည်းမဲ့ကမ်းမဲ့အရှိန်ပြင်းပြင်းဖြတ်မောင်းသွားတဲ့ကားတစ်စီးကိုအရှောင်မှာဗိုင်းခနဲလဲကျသွားတဲ့စက်ဘီးတစ်စင်းပြီးတော့စက်ဘီးရဲ့အရှေ့ခြင်းထဲမှလွင့်ထွက်သွားပြီး လမ်းမပေါ်သို့ပြန့်ကြဲသွားသည့်သတင်းစာတွေ.. အစကတော့အမှုမဲ့အမှတ်မဲ့ပါပဲ။ ဒါပေမယ့်မျက်နှာလေးရှုံ့မဲ့ပြီးကုန်းရုန်းထလာတဲ့ကို့ရိုးကားရားပုံရိပ်လေးထံအကြည့်ရောက်သွားချိန်မှာတော့..
အဝါလေး၊ ထီးကလေး..စသည့်နာမ်စားလေးတွေရဲ့ပိုင်ရှင်ကင်ဆော့ဂျင်ဆိုတဲ့လူသားလေး..မပြေးရုံတမယ်ခြေလှမ်းတွေနှင့်ထိုလူသားလေးအနားကိုအရောက်သွားမိသည်။
"ကျေးဇူးတင်ပါတယ်.. ခင်ဗျ"
ရုတ်တရက်မတ်တပ်ရပ်ဖို့အခက်အခဲဖြစ်နေတဲ့ခန္ဓာကိုယ်လေးကိုသူဆွဲထူပေးလိုက်လို့ကျေးဇူးတင်စကားပြောလာပေမယ့်မျက်ဝန်းတွေကတော့သူ့ဆီကိုမရောက်လာ.. လမ်းပေါ်ပြန့်ကြဲနေတဲ့သတင်းစာစက္ကူတွေဆီကိုပဲအကြည့်ပို့ထားသည်။ အရှိန်နဲ့ပစ်လဲသွားတာမို့ချက်ချင်းမတ်မတ်မရပ်နိုင်သေးဘဲယိုင်တိုင်တိုင်ဖြစ်နေသည့်ကိုယ်လုံးလေးကိုထိန်းကိုင်ထားတဲ့သူ့လက်တွေမလွှတ်သေးတာသတိထားမိတော့မှမျက်လုံးလေးစွေပြီးလှည့်ကြည့်လာသည်။
"အော.. "
သူ့ကိုမြင်တော့မှတ်မိသွားဟန်ဖြင့်မျက်လုံးလေးတွေအရောင်တောက်လာသည်။ ဒါပေမယ့်ကြာကြာအကြည့်မဆုံစေဘဲချက်ချင်းမျက်နှာပြန်လွှဲသွားသည်.. ပါးပြင်လေးတွေနဲ့နားရွက်လေးတွေကလည်းရဲရဲနီလို့.. သူ့ကိုမြင်တိုင်းမျက်နှာလေးနီ,နီသွားတတ်တာကလည်းစဥ်းစားစရာ..
"ဘာဖြစ်သွားသေးလဲ"
"ဘာ.. ဘာမှမဖြစ်ပါဘူး.. ကျေးဇူးပါ"
အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေရင်း သူ့လက်ထဲမှမသိမသာရုန်းကာသတင်းစာတွေအနားထိုင်ချလိုက်ပြီးပြန့်ကြဲနေတဲ့သတင်းစာတွေကိုလိုက်ကောက်ဖို့ပြင်သည်။ သို့ပေမယ့်.. လက်ချောင်းကောက်ကောက်လေးတွေသတင်းစာတွေဆီလှမ်းလို့မမှီခင်မှာ သူကအရင်လက်ဦးမှုယူကာသတင်းစာတွေကိုတစ်ခုမကျန်အကုန်ကောက်ပြီးလဲနေတဲ့စက်ဘီးကိုပါတခါတည်းထူပေးလိုက်သည်။
"အလုပ်ကဘယ်နှစ်ခုတောင်လုပ်နေတာလဲ.. ကင်ဆော့ဂျင်ရှီ"
လို့ရင်းရင်းနှီးနှီးသူပြောလိုက်တော့သူ့ကိုအံ့ဩသလိုလေးမျက်လုံးလေးပြူးကြည့်သည်။
"သိနေလို့အံ့ဩသွားတာလား"
မျက်လုံးအပြူးသားလေးနဲ့ဆတ်ခနဲခေါင်းညိတ်ပြလိုက်တော့ မို့နေတဲ့ပါးလေးတွေတောင်ခါသွားသယောင်..
"မင်းကကျောင်းကကန်တင်းမှာအလုပ်လုပ်တာမဟုတ်လား.. သိနေတာဘာဆန်းလဲ"
သူ့စကားကြောင့်မသိမသာမျက်မှောင်ကြုတ်သည်။ ခပ်ထော်ထော်ဖြစ်လာတဲ့နှုတ်ခမ်းတွေကလည်းသူ့ကိုရန်တွေ့ဖို့ပြင်နေကြောင်းသက်သေထူနေ၏။ သူ.. ဘာတွေများစကားမှားသွားပါလိမ့်..
"စကားကိုယဥ်ယဥ်ကျေးကျေးပြောရမယ်ထင်တယ်။ ငါသာတကယ်လို့.. တက္ကသိုလ်တက်ဖြစ်မယ်ဆိုရင်ဘွဲ့ရတဲ့အရွယ်တောင်ရောက်နေပြီ။ မင်းတို့ထက်အသက်အများကြီးကြီးတယ်"
လေသံကိုကအသက်ကြီးရတာကိုဂုဏ်ယူမဆုံးဖြစ်နေတဲ့လေသံ.. ဘာပဲဖြစ်ဖြစ်အကြည့်ချင်းဆုံတိုင်းမျက်နှာလွှဲသွားတာထက်စကားပြန်ပြောတာကိုပဲကျေးဇူးတင်ရမည်။
"ဒီက Hyung ကိုကန်တင်းမှာတွေ့ဖူးလို့သိနေခဲ့တာပါခင်ဗျာ။ ကဲ.. ကျေနပ်ပြီလား"
သူရွဲ့ပြီး hyung လို့ခေါ်လိုက်တာကိုတကယ်ကျေနပ်သွားဟန်ဖြင့်ခပ်သွက်သွက်ခေါင်းညိတ်ပြသည်။ တကယ်ပဲ.. လူကြီးတစ်ယောက်လိုဆက်ဆံခံရတာကိုကြိုက်တယ်ထင်တယ်..
"စက်ဘီးရော.. နင်းနိုင်သေးရဲ့လား"
"နင်းနိုင်တာပေါ့.. လူကအကောင်းကြီးပဲဟာ။ နောက်ကျနေလို့.. သွားတော့မယ်။ ကူညီပေးတဲ့အတွက်ကျေးဇူးပါ"
"နေ.. နေဦး"
သူ့မှာကယောင်ကတန်းနှင့်စက်ဘီး handle ကိုဆွဲထားမိသည်။ တားချင်ဇောတွေကပ်ပြီးစကားတွေတောင်ထစ်ကုန်၏။
"ဒီလောက်.. ကူညီပေးထားတာကို.. ဒီအတိုင်းထွက်သွားလို့ဘယ်ရမလဲ"
ဣန္ဒြေဆယ်ကာမှင်သေသေမျက်နှာနဲ့သူပြောလိုက်တော့မျက်တောင်ကလေးပုတ်ခတ်,ပုတ်ခတ်နှင့်ယောင်နနလေးဖြစ်သွားသည်။
"ကျေးဇူးတင်တယ်လို့.. ပြော.. ပြီးပြီလေ"
ပြန်ပြောတဲ့လေသံကမဝင့်မရဲတိုးတိုးညင်ညင်လေး...
"အယ်.. ဟုတ်တယ်လေ။ ပြောတာ.. ကြားသားပဲ။ ဒါ.. ဒါပေမယ့်.. စကားနဲ့ကျေးဇူးတင်ရုံနဲ့မလုံလောက်ဘူးလေ"
"အဲ့.. အဲ့ဒီ့တော့... "
"မုန့်လိုက်ကျွေး"
"ဟမ်"
"မင်း.. အဲ..hyungကကျေးဇူးသိတတ်တဲ့လူတစ်ယောက်ဆိုရင်ပေါ့"
စိတ်ထဲမှာကိုယ့်နဖူးကိုယ်ပြန်ရိုက်နေမိတာအကြိမ်ကြိမ်.. ဟိုကတော့ထင်မှာပဲ.. မဖြစ်စလောက်လေးဝင်ကူညီပြီးမုန့်တောင်းစားတဲ့အငတ်ကြီးလို့.. သူ့ကိုယ်သူလည်းဘာလို့ဒီလိုတွေလျှောက်ပြောနေမိမှန်းမသိတော့..တောက်လက်နေတဲ့မျက်ဝန်းလေးတွေကိုကြည့်မိတိုင်းနှလုံးသားထဲဗိုင်းရပ်တစ်မျိုးဝင်လာသလိုတဆတ်ဆတ်ခါလာပြီးပစ္စုပ္ပန်ကိုမေ့သွားတတ်သည်။ အခွင့်အရေးရှိသလောက်အနားမှာပဲတွယ်ကပ်နေချင်၏။
"ထိုက်သင့်တဲ့ကျေးဇူးကျွေးပြန်မရဘူးဆိုရင်တော့.. hyung ကိုကျေးဇူးမသိတတ်တဲ့လူလို့သတ်မှတ်လိုက်မှာပဲ"
"ကျေးဇူးမသိတတ်တဲ့သူမဟုတ်ပါဘူးနော်"
"မဟုတ်ရင်.. မဟုတ်ကြောင်းသက်သေပြလေ"
"ဒါ.. ဒါပေမယ့်.. အခုအလုပ်ရှိနေသေးလို့။ နောက်ကြုံမှပဲအစာလိုက်ကျွေး... "
"ဘာ! အစာလိုက်ကျွေးမယ်ပြောရအောင်.. ကျွန်တော်ကဝက်လား"
သူကလေသံမာမာနဲ့ပြောလိုက်တော့ခေါင်းတခါခါလက်တခါခါနဲ့အသည်းအသန်ငြင်းရှာသည်။
"အဲ့လိုပြောတာမဟုတ်ပါဘူး။ နောက်ကြုံမှတစ်ခုခုလိုက်ကျွေးမယ်လို့ပြောချင်တာပါ။ အခုက.. မြင်တဲ့အတိုင်း.. သတင်းစာပို့ဖို့ကလည်းကျန်နေသေးတော့.. "
"မတတ်နိုင်ဘူးလေ.. အလုပ်ပြီးတဲ့အထိအနောက်ကလိုက်ပြီးစောင့်ရုံပေါ့"
"လိုက်မယ်? ဘယ်လိုလိုက်... "
စကားကိုခဏရပ်လိုက်ပြီးစက်ဘီးအဟောင်းလေးကိုတစ်လှည့်သူ့ကိုတစ်လှည့်ကြည့်သည်။
"စက်ဘီးပေါ်တော့တင်မနင်းနိုင်ဘူးနော်။ စက်ဘီးကယိုင်နဲ့နဲ့ရယ်.. တစ်ယောက်တည်းတောင်မနည်းထိန်းစီးနေရတာ"
"လမ်းလျှောက်လိုက်မှာပေါ့။ သတင်းစာကဒီရပ်ကွက်ထဲပဲပို့ရမှာမဟုတ်လား.. စက်ဘီးကိုတော့ဖြေးဖြေးနင်းပေါ့ဗျာ။ ထွက်ပြေးမယ်တော့မကြံနဲ့နော်။ ပြေးရဲပြေးကြည့်.. ကင်ဆော့ဂျင်ကကျေးဇူးကန်းသူပါလို့ကျောင်းရှေ့က board မှာစာလုံးအကြီးကြီးနဲ့သွားရေးပစ်မှာ"
သူ့ခမျာအစားလေးတစ်လုတ်အတွက်နဲ့ခြိမ်းခြောက်လိုက်ရတာ.. ဘေးလူကြားရင်ရှက်စရာတောင်ကောင်းနေသည်။ ဒါပေမယ့်..ဇဝေဇဝါဟန်လေးသာဖြစ်သွားသောမျက်ဝန်းလေးများမှာဒေါသလည်းမရှိ၊ သင်္ကာမကင်းဖြစ်သွားသည့်အရိပ်အယောင်များလည်းမတွေ့ရဘဲ.. သူ့ရဲ့ကလေးဆန်တဲ့ခြိမ်းခြောက်မှုတွေကိုအကြွင်းမဲ့ယုံကြည်ပေးနေတဲ့အဖြူထည်လေးကတော့တသက်လုံးလက်မလွှတ်တမ်းဖက်တွယ်ချင်စရာကောင်းလောက်အောင်မြတ်နိုးစရာ..
ထိုနေ့က.. အတူရှိခွင့်ရတဲ့ခဏလေးကို.. ဘယ်လောက်ထိတောင်အတိုင်းအဆမသိကြည်နူးခဲ့ရလဲဆိုရင်.. ရိုဘင်နဲ့အလောင်းကစားကိစ္စကိုမေ့သွားမိသည်အထိပင်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အလုပ်ပြီးရင်းအလုပ်ပဲ လုပ်မနေနဲ့လေ.. နင့်အသက်ကအခုမှငယ်ငယ်လေးပဲရှိသေးတာ။ငယ်တုန်းရွယ်တုန်းခရီးလေးဘာလေးမကြာမကြာထွက်၊ ကပ်စေးနည်းမနေနဲ့.. စားချင်တာရှိတာစား.. branded တွေဝယ်ဝတ်၊ နောက်.. လူငယ်တွေသွားသွားနေတာလေ.. ဘာ.. ကလပ်ဆိုလား.. အဲ့လိုနေရာလေးတွေလည်းသွားပြီးရခဲတဲ့လူ့ဘဝကိုရတုန်းအစွမ်းကုန်ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ။ နင့်ကိုကြည့်ရတာမွန်းကျပ်လွန်းလို့"
Nutrition Manager တစ်ဖြစ်လဲအဒေါ်ကြီးလီကသူ့ကိုသားအရင်းတစ်ယောက်လိုပဲချစ်ခင်ရှာသည်။ တခါတလေပွစိပွစိပြောပြီးဆူပူတတ်ပေမယ့်စိတ်ရင်းကောင်းသူမို့သူကလည်းလေးစားချစ်ခင်ပါ၏။
"အဲ့ဒါတွေလုပ်ဖို့ကငွေရှိမှပဲဖြစ်မှာပေါ့.. manager-nim ရဲ့။ ကျွန်တော့်မှာပိုက်ဆံမှမရှိတာ.. အဲ့တော့အလုပ်ပဲလုပ်ရတာပေါ့"
"အဲ့ဒါဆိုရည်းစားထား"
"ရည်းစားထားဖို့အချိန်မှမရှိတာ"
"ဟိုကောင်လေးကရော"
"ဘယ်ကောင်လေးလဲ"
"နင်.. တစ်ချိန်လုံးလိုက်ကြည့်နေတဲ့ကောင်လေးလေ"
"ဘယ်.. ဘယ်တုန်းကလိုက်ကြည့်လို့လဲ။ မကြည့်ပါဘူး။ ဘာမှလည်းမသိဘဲနဲ့.. လျှောက်ပြောနေတယ်။ ကိုယ့်ဟာကိုယ်တောင်အလုပ်မအားရတဲ့ကြားထဲ.. ယားလို့ကုတ်ချိန်တောင်မရှိတဲ့ဟာကို.. ဘယ်သူ့ကိုလိုက်ကြည့်ရမှာလဲ"
"ဟုတ်ပါပြီ.. မကြည့်ဘူးပဲထားလိုက်ပါ.. "
Hyung နဲ့စကားပြောနေတဲ့အဒေါ်ကြီးကသူရောက်နေတာမြင်တော့အံ့ဩသွားသည်ထင်.. ခေတ္တမျှအသံတိတ်သွားသည်။ ထို့နောက်.. လှမ်းနှုတ်ဆက်ဖို့ပါးစပ်ပြင်လိုက်စဥ်.. သူကနှုတ်ခမ်းပေါ်လက်ညှိုးတင်၍အချက်ပြလိုက်တော့နားလည်သွားပုံဖြင့်ခေါင်းညိတ်ပြသည်။ hyung ကတော့သူ့ကိုကျောခိုင်းလျက်ရှိနေတာမို့သူရောက်နေတာကိုမသိသေးပေ။
"ငါတို့ဆော့ဂျင်လေးကဘယ်လိုလူမျိုးကိုသဘောကျလဲ။ ideal type တို့ဘာတို့.. အဲ့လိုမျိုး.. ရှိလား"
"ရှိတာပေါ့"
"ပြောပါဦး.. အဆင်ပြေတဲ့သူတွေ့ရင်အောင်သွယ်ပေးလို့ရအောင်"
"အင်း.. ကျွန်တော်က.. ဘယ်လိုပြောရမလဲ.. အဲ့လို.. လူပုံက.. bad guy လိုမျိုး။ ဒါပေမယ့်.. စိတ်သဘောထားကနွေးထွေးပြီး.. ခံစားချက်တွေဘာတွေထုတ်မပြတတ်ပေမယ့်နောက်ကွယ်ကနေတိတ်တိတ်ကလေးအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးတတ်တဲ့သူမျိုး"
ကြားလိုက်ရတဲ့စကားတို့ကြောင့်လူကကြမ်းပြင်နှင့် ခြေထောက်ပင်မထိတော့သလိုလို.. ရင်ကိုမသိမသာကော့၍ သတိလက်လွတ်ပြုံးနေမိတုန်း..
"အဲ့လိုလူမျိုးကလွဲရင်အကုန်သဘောကျတယ်"
"အယ်"
ကင်ဆော့ဂျင်သာဘောလီဘောကစားရင်နိုင်ငံအတွက်ရွှေတံဆိပ်တွေအများကြီးယူပေးနိုင်လောက်သည်။ပုတ်ထုတ်တဲ့နေရာမှာတော်လွန်းလို့။ ဟိုအဒေါ်ကြီးကတော့အီလည်လည်ဖြစ်သွားသည့်သူ့ရဲ့မျက်နှာပေးကိုကြည့်ပြီးနှုတ်ခမ်းကိုတင်းတင်းစေ့၍မရယ်မိအောင်ထိန်းထားရသည့်ပုံ..
"ကျွန်တော်ကလူကဲခတ်ညံ့လို့စိတ်ခံစားချက်တွေမဖော်ပြတတ်တဲ့သူဆိုသဘောမကျဘူး။ နောက်ပြီး.. နောက်ကွယ်ကနေပဲလိုက်ဂရုစိုက်နေလို့ရောဘာလုပ်မှာလဲ.. ကျွန်တော်မှမသိတာ.. မဟုတ်ဘူးလား"
"ဘယ်လိုလုပ်မလဲ.. hyung ရဲ့ကံကြမ္မာကိုက hyung သဘောမကျတဲ့လူမျိုးနဲ့ပဲတစ်သက်လုံးပိတ်မိနေမယ့်ကံကြမ္မာဖြစ်နေလို့"
ဆတ်ခနဲချက်ချင်းလှည့်လာတဲ့အံ့ဩမင်သက်သွားတဲ့မျက်နှာလေး.. ရှေ့ဆံပင်လေးတွေရမ်းခါသွားတာလေပွေမွှေ့သွားတဲ့အတိုင်း..
"ရှာပေးစရာတောင်မလိုတော့ဘူး.. ရှေ့တည့်တည့်ကိုတန်းတန်းမတ်မတ်ကြီးကိုရောက်လာတာ"
"မဟုတ်.. "
"ပြန်တော့လေ.. အလုပ်ချိန်လည်းပြီးပြီမဟုတ်လား။ ဟိုတစ်ယောက်.. ငါတို့ဆော့ဂျင်လေးကိုသေချာဂရုစိုက်နော်"
"ဘာတွေလျှောက်ပြော.. "
"စိတ်ချ.. မှဲ့တစ်ပေါက်တောင်မစွန်းစေရဘူး"
ထိုသို့ပြော၍.. သူ့ဘက်တည့်တည့်လှည့်ကာရယ်ပြတော့ချိုသာပြေပြစ်သွားတဲ့မျက်နှာမှာသူကဝိဉာဥ်အနုတ်ခံရသူလိုငေးခနဲ။ ဒီကောင်လေး..သူ့နားကိုဘာရည်ရွယ်ချက်နဲ့ရောက်,ရောက်လာတာလဲ.. လို့မေးလိုက်ချင်သည်။ ဒါပေမယ့်.. မေးလည်းမမေးရဲ။ ကင်ဆော့ဂျင်ဆိုတဲ့.. သူဟာ.. ခဏတာဖမ်းဆုပ်ခွင့်ရတဲ့အခွင့်အရေးသေးသေးလေးနဲ့လည်းရောင့်ရဲတင်းတိမ်နိုင်သူဖြစ်ပါသည်။ ဒီ့ထက်ပိုပြီးမမျှော်လင့်တော့ပါ.. မဟုတ်ဘူး.. မမျှော်လင့်ရဲပါ။
"ဒါပြီးရင်ဘယ်သွားမှာလဲ။ ကျွန်တော်ကတော့အတန်းမရှိလို့အားနေတယ်"
"ငါကတော့မအားဘူး.. အလုပ်ရှိသေးတယ်"
ခပ်ပြတ်ပြတ်ပြောပြီးသူကန်တင်းကနေထွက်ခဲ့တော့ဂျောင်ကုကသူ့နောက်ကနေထပ်ကြပ်မကွာလိုက်လာသည်။
"အလုပ်? ဘာလို့အလုပ်တွေအများကြီးလုပ်နေတာလဲ။ စာညံ့လို့လား..အဲ့ဒါကြောင့်ခွန်အားသုံးရတဲ့အလုပ်တွေပဲလုပ်နေတာလား"
မေးချလိုက်တဲ့မေးခွန်းကလည်းစိတ်တိုတတ်တဲ့သူသာဆိုတကယ့်ရိုက်ပေါက်..
"မင်းမှာဘာမှလုပ်စရာမရှိဘူးလား"
"အင်း.. မရှိဘူး။ ပြောပြီးပြီလေ.. အတန်းတက်စရာမရှိတော့ပါဘူးလို့။ ပြီးတော့.. အလုပ်လည်းမရှိဘူး။ အိမ်ကချမ်းသာလို့ဘာအလုပ်မှလုပ်စရာမလိုဘူး"
"ကောင်းလိုက်တာ.. အားကျစရာဘဝကြီးပဲ"
"တော်တော်များများကတော့အဲ့လိုပဲပြောကြပါတယ်။ ဒါနဲ့ အခုဘယ်သွားမှာလဲ။ ပီဇာဆိုင်? ကြက်ကြော်ဆိုင်? ဘယ်နေရာဖြစ်ဖြစ်ကိစ္စမရှိပါဘူး.. ဘယ်သွားသွားလိုက်မှာပဲ"
"ဘာလိုက်လုပ်မှာလဲ"
"အဲ့ဒါပြောတာပေါ့.. ဘာလို့လဲ"
"ဟမ်"
"အရင်ကအတန်းစောစောပြီးတဲ့နေ့တွေအိမ်ပဲတန်းပြန်ပြီးအိပ်ရာထဲမှာပဲရုပ်ရှင်တွေတစ်ကားပြီးတစ်ကားကြည့်ရင်းဇိမ်ခံနေကျ။ ပြီးတော့.. ကျောင်းကိုရောက်တာနဲ့အိမ်ပဲပြန်ချင်နေတဲ့ကျွန်တော်က.. ဘာလို့အတန်းပြီးတာနဲ့ကန်တင်းဘက်ပဲလာချင်နေတာလဲ၊ ဘာလို့အိမ်ပြန်ချင်စိတ်မရှိတော့တာလဲ၊ ဘာလို့တခါမှမသွားဖူးတဲ့ကြက်ကြော်ဆိုင်တို့ပီဇာဆိုင်တို့ကိုသွားချင်နေတာလဲ.. အဲ့ဒါဘာလို့လဲ"
"ပီဇာနဲ့ကြက်ကြော်ကြိုက်လို့နေမှာပေါ့.. ဒါမှမဟုတ်.. "
"ဒါမှမဟုတ်.. ဘာဖြစ်လဲ"
သူ့အဖြေကိုစောင့်ရင်းပင့်တင်လိုက်တဲ့မျက်ခုံးတွေမှာမျှော်လင့်ချက်တွေနှင့်..
"မဟုတ်မှလွဲရော.. ကူပွန်လိုချင်လို့လား"
ဂျောင်ကုကကျွတ်ခနဲတစ်ချက်စုတ်သပ်၍အခက်တွေ့သွားသလိုမျက်ခုံးရိုးကိုလက်မနှင့်ဖွဖွခြစ်သည်။
"အဲ့ဒါများ.. စောစောကပြောတာမဟုတ်ဘူး။ သူဌေးဆီကတောင်းပေးမှာပေါ့။ ဘယ်နှစ်ခုလိုချင်လဲသာပြောလိုက်.. လိုသလောက်တောင်းပေးလို့ရတယ်"
"ကျွန်တော်က.. hyung ဆီကလိုချင်တာ"
"ဟင်"
"ကင်ဆော့ဂျင်ရဲ့.. ချစ်သူဖြစ်ခွင့်.. ကူပွန်"
နူးညံ့တိုးတိတ်သောထိုအသံကချိုမြိန်တဲ့ပျားရည်မြစ်တစ်ဆင်းအဖြစ်သူ့နှလုံးသားဆီသို့ထိုးခွဲစီးဆင်းသွားသည်။ အလိုက်တသိဖြည်းညှင်းစွာတိုက်ခတ်ပေးနေတဲ့လေညှင်းလေးတွေကသူ့နှလုံးသားလေးအရည်ပျော်နေတဲ့အဖြစ်ကိုသိနှင့်နေတဲ့အတိုင်း..
🐹❤️🐰
ဒါလေးကသူတို့နှစ်ယောက်ရဲ့ရည်းစားဘဝလေးပြန်ရေးပါလားဆိုတဲ့မန့်လေးကိုမြင်ပြီးရေးထားတာပါ။ အစကတော့ honeymoon ထွက်တာရေးမလို့။ ဒါပေမယ့် honeymoon ကတော့သိတဲ့အတိုင်းဘာမှရေးစရာသိပ်မရှိဘူးလေ 😁
ရေးသမျှထဲမှာတော့ဒီ fic လေးကအမှတ်တရအများဆုံး fic လေးပါ။ ကိုယ်ကဇာတ်လမ်းတစ်ခု plot ချပြီဆိုရင်ဇာတ်သိမ်းပိုင်းကိုအရင်ရေးတတ်ပါတယ်။ ပြီးတော့ plot ကိုလည်းတစ်ခါမှမပြောင်းဖူးပါဘူး။
ဒါပေမယ့်ဒီficလေးကိုတော့နှစ်ခါတောင်ပြောင်းလိုက်ရတယ်။ဆာရန်းကဂျင်ရဲ့သမီးအရင်းမဟုတ်တဲ့အပိုင်းရယ်၊ ဇာတ်သိမ်းပိုင်းရယ်။အစကကိုယ်ရေးထားတဲ့ဇာတ်သိမ်းပိုင်းက SEမဟုတ်ပေမယ့်အခုလိုမျိုးမဟုတ်ဘူး။ "Can we become strangers?" ဆိုတဲ့ခေါင်းစဥ်နဲ့လိုက်ဖက်မယ့်ဇာတ်သိမ်းမျိုးလေးပဲ။ ပြောင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ဖိအားတွေများလို့ပါ.. ဘယ်သူကဖိအားပေးတာလဲဆိုရင်.. တခြားလူမဟုတ်ပါဘူးကိုယ့်ရဲ့မာတာမိခင်ပါပဲ။ ဆယ်တန်းတုန်းကတော့အဲ့လောက် pressure မပေးခဲ့ဘူးရယ် 😅
ဘာပဲဖြစ်ဖြစ်last minuteမှကမန်းကတန်းပြောင်းလိုက်ရလို့မသပ်မရပ်နဲ့အဆုံးသတ်သွားတဲ့ဒီficလေးကိုသည်းခံပြီးဖတ်ပေးကြတဲ့အတွက်ကျေးဇူးပါ 😘
အသစ်လေးတွေမျှော်နေမယ်လို့မမန့်ကြပါနဲ့ဦး.. အသစ်ရေးဖို့အစီအစဥ်မရှိလို့ပါ။ October 23 ကတည်းက plot ချထားတာလေးတော့ကိုယ့် draft ထဲမှာရှိနေပေမယ့်မရေးဖြစ်ပါဘူး။ ဒါပေမယ့်ကိုယ့်ချစ်မေမေရဲ့မွေးနေ့ကလည်း September 1 ဆိုတော့အဲ့ဒီ့နေ့မှာစပရိုက်တိုက်ဖြစ်မှာပါ..
ဖန်ခွက်ယူခဲ့ကြဖို့တော့မမေ့နဲ့ပေါ့ 😜
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
ထိုေန႕က...
ရာသီဥတုကၾကည္လင္ေနေသာ္လည္းတိမ္ထူေသာေန႕ျဖစ္တာေၾကာင့္ပတ္ဝန္းက်င္ကအုံ႕မွိုင္းမွိုင္းေပမို႔အိမ္ထဲမွာခပ္ေဆြးေဆြး႐ုပ္ရွင္ေတြၾကည့္ရင္း ေစာင္ၿခဳံထဲမွာပဲေကြးေနလို႔ေကာင္းမယ့္ရာသီဥတုမ်ိဳးျဖစ္သည္။ သို႔ေပမယ့္.. သိပ္မၾကာခင္final examေျဖရမည့္တကၠသိုလ္ေက်ာင္းသားတစ္ဦးအေနျဖင့္ ဘယ္ေလာက္ပဲပ်င္းရိေနပါေစအတင္းက်ိတ္မွိတ္ဖ်စ္ညွစ္ၿပီးစာက်က္ကိုက်က္ရမယ့္ဝတၱရားကလည္းရွိေနေလေတာ့.. စိတ္မပါေပမယ့္စာၾကည့္တိုက္မွာပဲအခ်ိန္လာျဖဳန္းေနရသည္။
"႐ုပ္ရွင္ေတြထဲကေက်ာင္းသားေတြလိုစာက်က္စရာမလိုဘဲလတ္လ်ားလတ္လ်ား ေလွ်ာက္သြားေနလို႔ရရင္သိပ္ေကာင္းမွာပဲ"
ဟု..စိတ္ထဲမွမေက်မခ်မ္းတီးတိုးေရ႐ြတ္မိရင္းသက္ျပင္းတစ္ခ်က္ေလးကန္စြာခ်ကာ ေၾကာင္တစ္ေကာင္လိုလက္ႏွစ္ဖက္ကိုဆန့္တန္း၍အေညာင္းဆန့္လိုက္၏။ ထို႔ေနာက္.. ေခါင္းကိုဘယ္တစ္လွည့္ညာတစ္လွည့္ေစာင္း၍အေၾကာေျဖေနစဥ္.. သူထိုင္ေနသည့္ေနရာႏွင့္စားပြဲတစ္လုံးျခားက ေနရာလြတ္တြင္ဝင္ထိုင္လိုက္သည့္အဝါေရာင္ပုံရိပ္ေလးဆီသို႔မေမွ်ာ္လင့္ဘဲအၾကည့္ေရာက္သြားသည္။
ေခါင္းကိုငုံ႕ကာစာအုပ္ကိုပဲစိတ္ဝင္တစားဖတ္ေနသည့္ထိုပုံရိပ္ေလးကႏုဖတ္ေနသည့္မ်က္ႏွာေလးႏွင့္လြန္စြာပနံသင့္သည့္ အဝါေရာင္ရွပ္လက္ရွည္၏ေအာက္တြင္တီရွပ္အျဖဴကိုေအာက္ခံ၍ဝတ္ဆင္ထားသည္။ မ်က္ခုံးႏွစ္ဖက္လုံးဖုံးလုနီးပါးရွည္ေနေသာအေရွ႕ဆံပင္အုပ္အုပ္လုံးလုံးေလးကပါးျပင္မို႔မို႔ႏွင့္မ်က္ႏွာဖူးဖူးလုံးလုံးေလးကိုေဘာင္ခတ္ေပးထားသလိုျဖစ္ေနတာေၾကာင့္ခ်စ္စဖြယ္ေလးျဖစ္ေနသည္။ ႏႈတ္ခမ္းထူထူျပည့္ျပည့္ေလးကလည္းဖတ္ေနတဲ့စာအုပ္ထဲပိုစိတ္ဝင္စားသြားေလပိုစူထြက္လာေလမို႔.. ထိုစုစုေထြးေထြးႏႈတ္ခမ္းေလးကိုအၾကည့္ေရာက္မိခိုက္အသည္းေတြအူေတြထဲမွလိမ့္လိမ့္လာေအာင္ယားက်ိက်ိျဖစ္လာသည္။
"ဘာေတြမ်ားဒီေလာက္ေတာင္စိတ္ဝင္တစားဖတ္ေနပါလိမ့္"
ထိုႏႈတ္ခမ္းေလးေတြကိုဆက္မၾကည့္မိေအာင္ကိုယ့္ကိုယ္ကိုအာ႐ုံလႊဲသည့္အေနျဖင့္ အဝါေလးဖတ္ေနသည့္စာအုပ္ကိုျမင္သာေအာင္ေခါင္းငုံ႕ၾကည့္လိုက္သည္။ အဝါေလးကသူထင္ထားသလိုေက်ာင္းစာဖတ္ေနတာမဟုတ္ဘဲ The little Prince ဆိုတဲ့ပုံျပင္စာအုပ္ေလးကိုဖတ္ေနတာျမင္လိုက္ရလို႔ၿပဳံးမိေသးသည္။ သူက စာေမးပြဲနီးလို႔စာေတြအသည္းအသန္ႀကိဳးစားေနတဲ့စာၾကမ္းပိုးေလးမွတ္ေနတာ..
"ဟင္း.. ဟင္း"
စာအုပ္ဖတ္ေနရင္းပါးစပ္အက်ယ္ႀကီးဟၿပီးသမ္းလိုက္သည့္အဝါေလးေၾကာင့္သူဟင္းခနဲအသံထြက္ေအာင္ရယ္လိုက္မိသည္။ အဝါေလးကေတာ့ေဘးပတ္ဝန္းက်င္ကိုလည္းဂ႐ုစိုက္ပုံမေပၚ.. ေဘးလူအျမင္မွာၾကည့္ရဆိုးသြားမလားဆိုတဲ့အေတြးမ်ိဳးလည္းရွိပုံမေပၚဘဲပါးစပ္ကိုလက္နဲ႕ေတာင္မအုပ္ဘဲစိတ္လြတ္ကိုယ္လြတ္အားရပါးရပါးစပ္ႀကီးၿဖဲၿပီးသမ္းသည္။ ဒါေပမယ့္.. ဘာလိုေနေနခ်စ္စရာေလးျဖစ္ေနတာကအံ့ဩစရာေကာင္း၏။ ဒီ့ထက္ပိုအံ့ဩစရာေကာင္းတာက ေကာင္ေလးတစ္ေယာက္ကိုအေဝးကေနထိုင္ေငးမိတဲ့သူကိုယ္တိုင္ပင္ျဖစ္သည္။
"ေအာ.. မိုး႐ြာေနၿပီ"
အဝါေလးက မွန္ျပတင္းေပါက္မွတစ္ဆင့္အျပင္ကိုလွမ္းၾကည့္ၿပီးမ်က္ေမွာင္ေလးကုတ္ကာညည္းၫူသလိုေလးေျပာ၏။ အသံမထြက္ဘဲႏႈတ္ခမ္းေလးလႈပ္႐ုံေျပာလိုက္တာဆိုေပမယ့္သူကဒီအဝါေလးကိုပဲမမွိတ္မသုန္စိုက္ၾကည့္ေနခဲ့ေလေတာ့အဝါေလးေျပာလိုက္တဲ့စကားကိုတန္းခနဲနားလည္လိုက္တာေၾကာင့္အဝါေလးနည္းတူအျပင္သို႔လွည့္ၾကည့္လိုက္၏။ အျပင္ဘက္တြင္မႈန္မႈန္ဖြဲဖြဲမိုးစက္ေလးမ်ားသည္သိပ္သိပ္သည္းသည္း႐ြာသြန္းေနေလသည္။သူ.. မိုးေပါက္ကေလးမ်ားကိုေခတၱမွ်သတိလက္လြတ္ေငးၾကည့္ေနၿပီးမွေခါင္းကိုခ်ာခနဲျပန္လွည့္ကာအဝါေလးဘက္ကိုၾကည့္လိုက္ေတာ့အဝါေလးကထိုေနရာမွာရွိမေနေတာ့ပါ။
"ျပန္သြားၿပီလား"
ထိုအသိသည္ဦးႏွောက္မွတစ္ဆင့္ရင္ထဲသို႔ဝင္ေရာက္လာေသာအခါ.. ရင္ထဲမွာဟာၿပီးတစ္ခုခုေပ်ာက္ဆုံးသြားရသလိုလြတ္လြတ္လပ္လပ္ႀကီးျဖစ္က်န္ခဲ့သည္။ သူ.. ေနရာမွအလ်င္အျမန္ထ၍အျပင္သို႔အေဆာတလ်င္ေျပးထြက္မိ၏။ ကံေကာင္းခ်င္ေတာ့အဝါေလးကေဝးေဝးမေရာက္ေသးဘဲဆင္ဝင္ေအာက္တြင္ရပ္၍ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေနသည္။ ၿပီးေတာ့..ထီးအၾကည္ေလးကိုဖြင့္ေဆာင္းလိုက္ၿပီးေခါင္းကေလးငိုက္စိုက္ခ်ကာမိုးဖြဲမ်ားၾကားတစ္ေ႐ြ႕ေ႐ြ႕ထြက္သြားသည္။ သူ.. ဘာမွေတြးေတာစဥ္းစားမေနေတာ့ဘဲအေနာက္ကေနအေျပးလိုက္သြားၿပီးအဝါေလးရဲ႕တံေတာင္ဆစ္မွတစ္ဆင့္ကိုယ္လုံးေလးပါလည္ထြက္လာေအာင္ေဆာင့္ဆြဲလိုက္ကာသူနဲ႕မ်က္ႏွာခ်င္းဆိုင္ေစ၍ သူကိုယ္တိုင္ကလည္းအဝါေလးရဲ႕ထီးေအာက္ကိုဝင္လိုက္တာမို႔မ်က္ႏွာႏွစ္ခုကထိေတာ့မတတ္နီးကပ္သြား၏။
"ထီးမပါလာလို႔.. ဟိုးေရွ႕နားေလးထိလမ္းႀကဳံလိုက္လို႔ရမလား"
သူ႕စိတ္ထဲတြင္ေတာ့ 'ဂြၽန္ေဂ်ာင္ကု.. မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ' လို႔ကိုယ့္ကိုယ္ကိုမခ်ိတင္ကဲအျပစ္တင္ေနမိသည္။ တကယ္လည္းသူ႕ကိုယ္သူဘာေတြေလွ်ာက္လုပ္ေနမိလဲဆိုတာဘယ္လိုမွနားလည္လို႔မရပါ။ ဘဝမွာသူစိမ္းတစ္ေယာက္ကို ေနာက္တစ္ႀကိမ္ထပ္ဆုံခြင့္မရေတာ့မွာ.. ဒီအတိုင္းလက္လႊတ္လိုက္ရမွာ.. စိုးရိမ္မိတဲ့စိတ္ကပထမဆုံးမို႔ခံစားခ်က္ကထူးဆန္းေနသည္။ ဒါေပမယ့္ေက်နပ္စရာလည္းေကာင္းသည္။
"လမ္း.. လမ္းႀကဳံလိုက္မယ္?"
"အင္း"
အဝါေလးကသူ႕မ်က္ႏွာကိုမ်က္လုံးအျပဴးသား၊ ပါးစပ္ကေလးအေဟာင္းသားႏွင့္အူေၾကာင္ေၾကာင္ေလးေငးၾကည့္ေနရာမွစကားသံေလးေတြအထစ္ထစ္အေငါ့ေငါ့ထြက္လာသည္။ ႐ုတ္တရက္မို႔အံ့ဩတုန္လႈပ္သြားသည္ထင္.. ပါးျပင္ေလးေတြနဲ႕နား႐ြက္ေလးေတြကေဆးနီျဖန္းလိုက္သလိုနီရဲလာသည္.. အူယားစရာေလး..
သူကေၾကာင္စီစီျဖစ္သြားတဲ့မ်က္ႏွာေလးကိုေငးၾကည့္ရင္းၿပဳံးေနမိတုန္းအဝါေလးကဘာမေျပာညာမေျပာနဲ႕သူ႕လက္ထဲကိုထီးေလးလာထိုးေပးၿပီး..
"ရ.. ရတယ္။ ဒါကိုယူသြားလိုက္ေနာ္"
"ဟိတ္.. ခဏေနဦးေလ"
သူလွမ္းေအာ္တာကိုလွည့္ေတာင္မၾကည့္ေတာ့ဘဲတဖြဲဖြဲ႐ြာေနေသာမိုးမႈန္မ်ားထဲသို႔သမင္ေလးတစ္ေကာင္လိုလွစ္ခနဲေျပးထြက္သြားေလသည္။သူက..အဝါေရာင္သဏၭာန္ေလးကိုလမ္းခ်ိဳးမွေပ်ာက္ကြယ္သြားသည္အထိမတုန္မလႈပ္ေငးၾကည့္ေနရင္းထီးကေလးတစ္ေခ်ာင္းႏွင့္အတူက်န္ရစ္ခဲ့ေလသည္။
က်န္ခဲ့တာကထီးေလးတစ္ေခ်ာင္း.. ေပးလိုက္ရတာကအသည္းႏွလုံးတစ္စုံ။ မွ်တမႈမရွိတဲ့အလဲအလွယ္ၾကားမွာအေက်နပ္ႀကီးေက်နပ္ေနမိတဲ့သူ႕ကိုမိုးသီးမိုးေပါက္မ်ားကေသာင္းေသာင္းဖ်ဖ်ေထာပနာျပဳၾကေလရဲ႕..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
လက္ကနာရီေလးကိုတစ္ခ်က္ငုံ႕ၾကည့္လိုက္ေတာ့အခ်ိန္ကမနက္ေျခာက္နာရီထိုးဖို႔ ၅ မိနစ္သာလိုေတာ့သည္။ သူသံရွည္ဆြဲညည္းၫူကာခါးကိုဘယ္ညာလွည့္ခ်ိဳးသည္။ မနက္ ၂ နာရီကတည္းကအျပင္းအထန္ေလ့က်င့္ခန္းေတြလုပ္ထားခဲ့လို႔ႏြမ္းနယ္ပင္ပန္းခဲ့ရသမွ်အိမ္ျပန္ၿပီးအနားယူခ်င္ၿပီမို႔ေျခလွမ္းတို႔ကိုကားပါကင္ဆီသို႔ႀကိဳးစားၿပီးေ႐ႊ႕လိုက္သည္။ မနက္ပိုင္းအားကစားလုပ္ရန္တျခားသူေတြ gym သို႔လာတဲ့အခ်ိန္သည္သူ႕အတြက္အိမ္ျပန္အိပ္သည့္အခ်ိန္ပင္ျဖစ္သည္။ ဘယ္သူမွအားကစားမလုပ္တဲ့အခ်ိန္မွေ႐ြးၿပီး gym လာတတ္တာဂြၽန္ေဂ်ာင္ကု၏အက်င့္ပင္။ အိမ္မွာလည္းကိုယ္ပိုင္ gym ရွိတယ္ဆိုေပမယ့္ရိုဘင္နဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္တာမို႔မေဆာ့ျဖစ္။ အျပင္မွာက်ျပန္ေတာ့လူအမ်ားနဲ႕ေရာေရာႏွောႏွောမရွိခ်င္တာေၾကာင့္ဘယ္သူမွမရွိတဲ့ညသန္းေခါင္အခ်ိန္ကိုပဲေ႐ြးၿပီး gymေဆာ့ျဖစ္ေတာ့သည္။
လမ္းအတိုင္းကိုယ့္အာ႐ုံနဲ႕ကိုယ္ကားရွိရာသို႔သြားေနတုန္း.. သူ႕အာ႐ုံမွာဖ်တ္ခနဲကိုလာထိတာကစည္းမဲ့ကမ္းမဲ့အရွိန္ျပင္းျပင္းျဖတ္ေမာင္းသြားတဲ့ကားတစ္စီးကိုအေရွာင္မွာဗိုင္းခနဲလဲက်သြားတဲ့စက္ဘီးတစ္စင္းၿပီးေတာ့စက္ဘီးရဲ႕အေရွ႕ျခင္းထဲမွလြင့္ထြက္သြားၿပီး လမ္းမေပၚသို႔ျပန့္ႀကဲသြားသည့္သတင္းစာေတြ.. အစကေတာ့အမႈမဲ့အမွတ္မဲ့ပါပဲ။ ဒါေပမယ့္မ်က္ႏွာေလးရႈံ႕မဲ့ၿပီးကုန္း႐ုန္းထလာတဲ့ကို႔ရိုးကားရားပုံရိပ္ေလးထံအၾကည့္ေရာက္သြားခ်ိန္မွာေတာ့..
အဝါေလး၊ ထီးကေလး..စသည့္နာမ္စားေလးေတြရဲ႕ပိုင္ရွင္ကင္ေဆာ့ဂ်င္ဆိုတဲ့လူသားေလး..မေျပး႐ုံတမယ္ေျခလွမ္းေတြႏွင့္ထိုလူသားေလးအနားကိုအေရာက္သြားမိသည္။
"ေက်းဇူးတင္ပါတယ္.. ခင္ဗ်"
႐ုတ္တရက္မတ္တပ္ရပ္ဖို႔အခက္အခဲျဖစ္ေနတဲ့ခႏၶာကိုယ္ေလးကိုသူဆြဲထူေပးလိုက္လို႔ေက်းဇူးတင္စကားေျပာလာေပမယ့္မ်က္ဝန္းေတြကေတာ့သူ႕ဆီကိုမေရာက္လာ.. လမ္းေပၚျပန့္ႀကဲေနတဲ့သတင္းစာစကၠဴေတြဆီကိုပဲအၾကည့္ပို႔ထားသည္။ အရွိန္နဲ႕ပစ္လဲသြားတာမို႔ခ်က္ခ်င္းမတ္မတ္မရပ္နိုင္ေသးဘဲယိုင္တိုင္တိုင္ျဖစ္ေနသည့္ကိုယ္လုံးေလးကိုထိန္းကိုင္ထားတဲ့သူ႕လက္ေတြမလႊတ္ေသးတာသတိထားမိေတာ့မွမ်က္လုံးေလးေစြၿပီးလွည့္ၾကည့္လာသည္။
"ေအာ.. "
သူ႕ကိုျမင္ေတာ့မွတ္မိသြားဟန္ျဖင့္မ်က္လုံးေလးေတြအေရာင္ေတာက္လာသည္။ ဒါေပမယ့္ၾကာၾကာအၾကည့္မဆုံေစဘဲခ်က္ခ်င္းမ်က္ႏွာျပန္လႊဲသြားသည္.. ပါးျပင္ေလးေတြနဲ႕နား႐ြက္ေလးေတြကလည္းရဲရဲနီလို႔.. သူ႕ကိုျမင္တိုင္းမ်က္ႏွာေလးနီ,နီသြားတတ္တာကလည္းစဥ္းစားစရာ..
"ဘာျဖစ္သြားေသးလဲ"
"ဘာ.. ဘာမွမျဖစ္ပါဘူး.. ေက်းဇူးပါ"
အထစ္ထစ္အေငါ့ေငါ့ျပန္ေျဖရင္း သူ႕လက္ထဲမွမသိမသာ႐ုန္းကာသတင္းစာေတြအနားထိုင္ခ်လိဳက္ၿပီးျပန့္ႀကဲေနတဲ့သတင္းစာေတြကိုလိုက္ေကာက္ဖို႔ျပင္သည္။ သို႔ေပမယ့္.. လက္ေခ်ာင္းေကာက္ေကာက္ေလးေတြသတင္းစာေတြဆီလွမ္းလို႔မမွီခင္မွာ သူကအရင္လက္ဦးမႈယူကာသတင္းစာေတြကိုတစ္ခုမက်န္အကုန္ေကာက္ၿပီးလဲေနတဲ့စက္ဘီးကိုပါတခါတည္းထူေပးလိုက္သည္။
"အလုပ္ကဘယ္ႏွစ္ခုေတာင္လုပ္ေနတာလဲ.. ကင္ေဆာ့ဂ်င္ရွီ"
လို႔ရင္းရင္းႏွီးႏွီးသူေျပာလိုက္ေတာ့သူ႕ကိုအံ့ဩသလိုေလးမ်က္လုံးေလးျပဴးၾကည့္သည္။
"သိေနလို႔အံ့ဩသြားတာလား"
မ်က္လုံးအျပဴးသားေလးနဲ႕ဆတ္ခနဲေခါင္းညိတ္ျပလိုက္ေတာ့ မို႔ေနတဲ့ပါးေလးေတြေတာင္ခါသြားသေယာင္..
"မင္းကေက်ာင္းကကန္တင္းမွာအလုပ္လုပ္တာမဟုတ္လား.. သိေနတာဘာဆန္းလဲ"
သူ႕စကားေၾကာင့္မသိမသာမ်က္ေမွာင္ၾကဳတ္သည္။ ခပ္ေထာ္ေထာ္ျဖစ္လာတဲ့ႏႈတ္ခမ္းေတြကလည္းသူ႕ကိုရန္ေတြ႕ဖို႔ျပင္ေနေၾကာင္းသက္ေသထူေန၏။ သူ.. ဘာေတြမ်ားစကားမွားသြားပါလိမ့္..
"စကားကိုယဥ္ယဥ္ေက်းေက်းေျပာရမယ္ထင္တယ္။ ငါသာတကယ္လို႔.. တကၠသိုလ္တက္ျဖစ္မယ္ဆိုရင္ဘြဲ႕ရတဲ့အ႐ြယ္ေတာင္ေရာက္ေနၿပီ။ မင္းတို႔ထက္အသက္အမ်ားႀကီးႀကီးတယ္"
ေလသံကိုကအသက္ႀကီးရတာကိုဂုဏ္ယူမဆုံးျဖစ္ေနတဲ့ေလသံ.. ဘာပဲျဖစ္ျဖစ္အၾကည့္ခ်င္းဆုံတိုင္းမ်က္ႏွာလႊဲသြားတာထက္စကားျပန္ေျပာတာကိုပဲေက်းဇူးတင္ရမည္။
"ဒီက Hyung ကိုကန္တင္းမွာေတြ႕ဖူးလို႔သိေနခဲ့တာပါခင္ဗ်ာ။ ကဲ.. ေက်နပ္ၿပီလား"
သူ႐ြဲ႕ၿပီး hyung လို႔ေခၚလိုက္တာကိုတကယ္ေက်နပ္သြားဟန္ျဖင့္ခပ္သြက္သြက္ေခါင္းညိတ္ျပသည္။ တကယ္ပဲ.. လူႀကီးတစ္ေယာက္လိုဆက္ဆံခံရတာကိုႀကိဳက္တယ္ထင္တယ္..
"စက္ဘီးေရာ.. နင္းနိုင္ေသးရဲ႕လား"
"နင္းနိုင္တာေပါ့.. လူကအေကာင္းႀကီးပဲဟာ။ ေနာက္က်ေနလို႔.. သြားေတာ့မယ္။ ကူညီေပးတဲ့အတြက္ေက်းဇူးပါ"
"ေန.. ေနဦး"
သူ႕မွာကေယာင္ကတန္းႏွင့္စက္ဘီး handle ကိုဆြဲထားမိသည္။ တားခ်င္ေဇာေတြကပ္ၿပီးစကားေတြေတာင္ထစ္ကုန္၏။
"ဒီေလာက္.. ကူညီေပးထားတာကို.. ဒီအတိုင္းထြက္သြားလို႔ဘယ္ရမလဲ"
ဣႏၵျေဆယ္ကာမွင္ေသေသမ်က္ႏွာနဲ႕သူေျပာလိုက္ေတာ့မ်က္ေတာင္ကေလးပုတ္ခတ္,ပုတ္ခတ္ႏွင့္ေယာင္နနေလးျဖစ္သြားသည္။
"ေက်းဇူးတင္တယ္လို႔.. ေျပာ.. ၿပီးၿပီေလ"
ျပန္ေျပာတဲ့ေလသံကမဝင့္မရဲတိုးတိုးညင္ညင္ေလး...
"အယ္.. ဟုတ္တယ္ေလ။ ေျပာတာ.. ၾကားသားပဲ။ ဒါ.. ဒါေပမယ့္.. စကားနဲ႕ေက်းဇူးတင္႐ုံနဲ႕မလုံေလာက္ဘူးေလ"
"အဲ့.. အဲ့ဒီ့ေတာ့... "
"မုန့္လိုက္ေကြၽး"
"ဟမ္"
"မင္း.. အဲ..hyungကေက်းဇူးသိတတ္တဲ့လူတစ္ေယာက္ဆိုရင္ေပါ့"
စိတ္ထဲမွာကိုယ့္နဖူးကိုယ္ျပန္ရိုက္ေနမိတာအႀကိမ္ႀကိမ္.. ဟိုကေတာ့ထင္မွာပဲ.. မျဖစ္စေလာက္ေလးဝင္ကူညီၿပီးမုန့္ေတာင္းစားတဲ့အငတ္ႀကီးလို႔.. သူ႕ကိုယ္သူလည္းဘာလို႔ဒီလိုေတြေလွ်ာက္ေျပာေနမိမွန္းမသိေတာ့..ေတာက္လက္ေနတဲ့မ်က္ဝန္းေလးေတြကိုၾကည့္မိတိုင္းႏွလုံးသားထဲဗိုင္းရပ္တစ္မ်ိဳးဝင္လာသလိုတဆတ္ဆတ္ခါလာၿပီးပစၥဳပၸန္ကိုေမ့သြားတတ္သည္။ အခြင့္အေရးရွိသေလာက္အနားမွာပဲတြယ္ကပ္ေနခ်င္၏။
"ထိုက္သင့္တဲ့ေက်းဇူးေကြၽးျပန္မရဘူးဆိုရင္ေတာ့.. hyung ကိုေက်းဇူးမသိတတ္တဲ့လူလို႔သတ္မွတ္လိုက္မွာပဲ"
"ေက်းဇူးမသိတတ္တဲ့သူမဟုတ္ပါဘူးေနာ္"
"မဟုတ္ရင္.. မဟုတ္ေၾကာင္းသက္ေသျပေလ"
"ဒါ.. ဒါေပမယ့္.. အခုအလုပ္ရွိေနေသးလို႔။ ေနာက္ႀကဳံမွပဲအစာလိုက္ေကြၽး... "
"ဘာ! အစာလိုက္ေကြၽးမယ္ေျပာရေအာင္.. ကြၽန္ေတာ္ကဝက္လား"
သူကေလသံမာမာနဲ႕ေျပာလိုက္ေတာ့ေခါင္းတခါခါလက္တခါခါနဲ႕အသည္းအသန္ျငင္းရွာသည္။
"အဲ့လိုေျပာတာမဟုတ္ပါဘူး။ ေနာက္ႀကဳံမွတစ္ခုခုလိုက္ေကြၽးမယ္လို႔ေျပာခ်င္တာပါ။ အခုက.. ျမင္တဲ့အတိုင္း.. သတင္းစာပို႔ဖို႔ကလည္းက်န္ေနေသးေတာ့.. "
"မတတ္နိုင္ဘူးေလ.. အလုပ္ၿပီးတဲ့အထိအေနာက္ကလိုက္ၿပီးေစာင့္႐ုံေပါ့"
"လိုက္မယ္? ဘယ္လိုလိုက္... "
စကားကိုခဏရပ္လိုက္ၿပီးစက္ဘီးအေဟာင္းေလးကိုတစ္လွည့္သူ႕ကိုတစ္လွည့္ၾကည့္သည္။
"စက္ဘီးေပၚေတာ့တင္မနင္းနိုင္ဘူးေနာ္။ စက္ဘီးကယိုင္နဲ႕နဲ႕ရယ္.. တစ္ေယာက္တည္းေတာင္မနည္းထိန္းစီးေနရတာ"
"လမ္းေလွ်ာက္လိုက္မွာေပါ့။ သတင္းစာကဒီရပ္ကြက္ထဲပဲပို႔ရမွာမဟုတ္လား.. စက္ဘီးကိုေတာ့ေျဖးေျဖးနင္းေပါ့ဗ်ာ။ ထြက္ေျပးမယ္ေတာ့မႀကံနဲ႕ေနာ္။ ေျပးရဲေျပးၾကည့္.. ကင္ေဆာ့ဂ်င္ကေက်းဇူးကန္းသူပါလို႔ေက်ာင္းေရွ႕က board မွာစာလုံးအႀကီးႀကီးနဲ႕သြားေရးပစ္မွာ"
သူ႕ခမ်ာအစားေလးတစ္လုတ္အတြက္နဲ႕ၿခိမ္းေျခာက္လိုက္ရတာ.. ေဘးလူၾကားရင္ရွက္စရာေတာင္ေကာင္းေနသည္။ ဒါေပမယ့္..ဇေဝဇဝါဟန္ေလးသာျဖစ္သြားေသာမ်က္ဝန္းေလးမ်ားမွာေဒါသလည္းမရွိ၊ သကၤာမကင္းျဖစ္သြားသည့္အရိပ္အေယာင္မ်ားလည္းမေတြ႕ရဘဲ.. သူ႕ရဲ႕ကေလးဆန္တဲ့ၿခိမ္းေျခာက္မႈေတြကိုအႂကြင္းမဲ့ယုံၾကည္ေပးေနတဲ့အျဖဴထည္ေလးကေတာ့တသက္လုံးလက္မလႊတ္တမ္းဖက္တြယ္ခ်င္စရာေကာင္းေလာက္ေအာင္ျမတ္နိုးစရာ..
ထိုေန႕က.. အတူရွိခြင့္ရတဲ့ခဏေလးကို.. ဘယ္ေလာက္ထိေတာင္အတိုင္းအဆမသိၾကည္ႏူးခဲ့ရလဲဆိုရင္.. ရိုဘင္နဲ႕အေလာင္းကစားကိစၥကိုေမ့သြားမိသည္အထိပင္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အလုပ္ၿပီးရင္းအလုပ္ပဲ လုပ္မေနနဲ႕ေလ.. နင့္အသက္ကအခုမွငယ္ငယ္ေလးပဲရွိေသးတာ။ငယ္တုန္း႐ြယ္တုန္းခရီးေလးဘာေလးမၾကာမၾကာထြက္၊ ကပ္ေစးနည္းမေနနဲ႕.. စားခ်င္တာရွိတာစား.. branded ေတြဝယ္ဝတ္၊ ေနာက္.. လူငယ္ေတြသြားသြားေနတာေလ.. ဘာ.. ကလပ္ဆိုလား.. အဲ့လိုေနရာေလးေတြလည္းသြားၿပီးရခဲတဲ့လူ႕ဘဝကိုရတုန္းအစြမ္းကုန္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနစမ္းပါ။ နင့္ကိုၾကည့္ရတာမြန္းက်ပ္လြန္းလို႔"
Nutrition Manager တစ္ျဖစ္လဲအေဒၚႀကီးလီကသူ႕ကိုသားအရင္းတစ္ေယာက္လိုပဲခ်စ္ခင္ရွာသည္။ တခါတေလပြစိပြစိေျပာၿပီးဆူပူတတ္ေပမယ့္စိတ္ရင္းေကာင္းသူမို႔သူကလည္းေလးစားခ်စ္ခင္ပါ၏။
"အဲ့ဒါေတြလုပ္ဖို႔ကေငြရွိမွပဲျဖစ္မွာေပါ့.. manager-nim ရဲ႕။ ကြၽန္ေတာ့္မွာပိုက္ဆံမွမရွိတာ.. အဲ့ေတာ့အလုပ္ပဲလုပ္ရတာေပါ့"
"အဲ့ဒါဆိုရည္းစားထား"
"ရည္းစားထားဖို႔အခ်ိန္မွမရွိတာ"
"ဟိုေကာင္ေလးကေရာ"
"ဘယ္ေကာင္ေလးလဲ"
"နင္.. တစ္ခ်ိန္လုံးလိုက္ၾကည့္ေနတဲ့ေကာင္ေလးေလ"
"ဘယ္.. ဘယ္တုန္းကလိုက္ၾကည့္လို႔လဲ။ မၾကည့္ပါဘူး။ ဘာမွလည္းမသိဘဲနဲ႕.. ေလွ်ာက္ေျပာေနတယ္။ ကိုယ့္ဟာကိုယ္ေတာင္အလုပ္မအားရတဲ့ၾကားထဲ.. ယားလို႔ကုတ္ခ်ိန္ေတာင္မရွိတဲ့ဟာကို.. ဘယ္သူ႕ကိုလိုက္ၾကည့္ရမွာလဲ"
"ဟုတ္ပါၿပီ.. မၾကည့္ဘူးပဲထားလိုက္ပါ.. "
Hyung နဲ႕စကားေျပာေနတဲ့အေဒၚႀကီးကသူေရာက္ေနတာျမင္ေတာ့အံ့ဩသြားသည္ထင္.. ေခတၱမွ်အသံတိတ္သြားသည္။ ထို႔ေနာက္.. လွမ္းႏႈတ္ဆက္ဖို႔ပါးစပ္ျပင္လိုက္စဥ္.. သူကႏႈတ္ခမ္းေပၚလက္ညွိုးတင္၍အခ်က္ျပလိုက္ေတာ့နားလည္သြားပုံျဖင့္ေခါင္းညိတ္ျပသည္။ hyung ကေတာ့သူ႕ကိုေက်ာခိုင္းလ်က္ရွိေနတာမို႔သူေရာက္ေနတာကိုမသိေသးေပ။
"ငါတို႔ေဆာ့ဂ်င္ေလးကဘယ္လိုလူမ်ိဳးကိုသေဘာက်လဲ။ ideal type တို႔ဘာတို႔.. အဲ့လိုမ်ိဳး.. ရွိလား"
"ရွိတာေပါ့"
"ေျပာပါဦး.. အဆင္ေျပတဲ့သူေတြ႕ရင္ေအာင္သြယ္ေပးလို႔ရေအာင္"
"အင္း.. ကြၽန္ေတာ္က.. ဘယ္လိုေျပာရမလဲ.. အဲ့လို.. လူပုံက.. bad guy လိုမ်ိဳး။ ဒါေပမယ့္.. စိတ္သေဘာထားကႏြေးေထြးၿပီး.. ခံစားခ်က္ေတြဘာေတြထုတ္မျပတတ္ေပမယ့္ေနာက္ကြယ္ကေနတိတ္တိတ္ကေလးအရိပ္တၾကည့္ၾကည့္နဲ႕ေစာင့္ေရွာက္ေပးတတ္တဲ့သူမ်ိဳး"
ၾကားလိုက္ရတဲ့စကားတို႔ေၾကာင့္လူကၾကမ္းျပင္ႏွင့္ ေျခေထာက္ပင္မထိေတာ့သလိုလို.. ရင္ကိုမသိမသာေကာ့၍ သတိလက္လြတ္ၿပဳံးေနမိတုန္း..
"အဲ့လိုလူမ်ိဳးကလြဲရင္အကုန္သေဘာက်တယ္"
"အယ္"
ကင္ေဆာ့ဂ်င္သာေဘာလီေဘာကစားရင္နိုင္ငံအတြက္ေ႐ႊတံဆိပ္ေတြအမ်ားႀကီးယူေပးနိုင္ေလာက္သည္။ပုတ္ထုတ္တဲ့ေနရာမွာေတာ္လြန္းလို႔။ ဟိုအေဒၚႀကီးကေတာ့အီလည္လည္ျဖစ္သြားသည့္သူ႕ရဲ႕မ်က္ႏွာေပးကိုၾကည့္ၿပီးႏႈတ္ခမ္းကိုတင္းတင္းေစ့၍မရယ္မိေအာင္ထိန္းထားရသည့္ပုံ..
"ကြၽန္ေတာ္ကလူကဲခတ္ညံ့လို႔စိတ္ခံစားခ်က္ေတြမေဖာ္ျပတတ္တဲ့သူဆိုသေဘာမက်ဘဴး။ ေနာက္ၿပီး.. ေနာက္ကြယ္ကေနပဲလိုက္ဂ႐ုစိုက္ေနလို႔ေရာဘာလုပ္မွာလဲ.. ကြၽန္ေတာ္မွမသိတာ.. မဟုတ္ဘူးလား"
"ဘယ္လိုလုပ္မလဲ.. hyung ရဲ႕ကံၾကမၼာကိုက hyung သေဘာမက်တဲ့လူမ်ိဳးနဲ႕ပဲတစ္သက္လုံးပိတ္မိေနမယ့္ကံၾကမၼာျဖစ္ေနလို႔"
ဆတ္ခနဲခ်က္ခ်င္းလွည့္လာတဲ့အံ့ဩမင္သက္သြားတဲ့မ်က္ႏွာေလး.. ေရွ႕ဆံပင္ေလးေတြရမ္းခါသြားတာေလေပြေမႊ႕သြားတဲ့အတိုင္း..
"ရွာေပးစရာေတာင္မလိုေတာ့ဘူး.. ေရွ႕တည့္တည့္ကိုတန္းတန္းမတ္မတ္ႀကီးကိုေရာက္လာတာ"
"မဟုတ္.. "
"ျပန္ေတာ့ေလ.. အလုပ္ခ်ိန္လည္းၿပီးၿပီမဟုတ္လား။ ဟိုတစ္ေယာက္.. ငါတို႔ေဆာ့ဂ်င္ေလးကိုေသခ်ာဂ႐ုစိုက္ေနာ္"
"ဘာေတြေလွ်ာက္ေျပာ.. "
"စိတ္ခ်.. မွဲ႕တစ္ေပါက္ေတာင္မစြန္းေစရဘူး"
ထိုသို႔ေျပာ၍.. သူ႕ဘက္တည့္တည့္လွည့္ကာရယ္ျပေတာ့ခ်ိဳသာေျပျပစ္သြားတဲ့မ်က္ႏွာမွာသူကဝိဉာဥ္အႏုတ္ခံရသူလိုေငးခနဲ။ ဒီေကာင္ေလး..သူ႕နားကိုဘာရည္႐ြယ္ခ်က္နဲ႕ေရာက္,ေရာက္လာတာလဲ.. လို႔ေမးလိုက္ခ်င္သည္။ ဒါေပမယ့္.. ေမးလည္းမေမးရဲ။ ကင္ေဆာ့ဂ်င္ဆိုတဲ့.. သူဟာ.. ခဏတာဖမ္းဆုပ္ခြင့္ရတဲ့အခြင့္အေရးေသးေသးေလးနဲ႕လည္းေရာင့္ရဲတင္းတိမ္နိုင္သူျဖစ္ပါသည္။ ဒီ့ထက္ပိုၿပီးမေမွ်ာ္လင့္ေတာ့ပါ.. မဟုတ္ဘူး.. မေမွ်ာ္လင့္ရဲပါ။
"ဒါၿပီးရင္ဘယ္သြားမွာလဲ။ ကြၽန္ေတာ္ကေတာ့အတန္းမရွိလို႔အားေနတယ္"
"ငါကေတာ့မအားဘူး.. အလုပ္ရွိေသးတယ္"
ခပ္ျပတ္ျပတ္ေျပာၿပီးသူကန္တင္းကေနထြက္ခဲ့ေတာ့ေဂ်ာင္ကုကသူ႕ေနာက္ကေနထပ္ၾကပ္မကြာလိုက္လာသည္။
"အလုပ္? ဘာလို႔အလုပ္ေတြအမ်ားႀကီးလုပ္ေနတာလဲ။ စာညံ့လို႔လား..အဲ့ဒါေၾကာင့္ခြန္အားသုံးရတဲ့အလုပ္ေတြပဲလုပ္ေနတာလား"
ေမးခ်လိဳက္တဲ့ေမးခြန္းကလည္းစိတ္တိုတတ္တဲ့သူသာဆိုတကယ့္ရိုက္ေပါက္..
"မင္းမွာဘာမွလုပ္စရာမရွိဘူးလား"
"အင္း.. မရွိဘူး။ ေျပာၿပီးၿပီေလ.. အတန္းတက္စရာမရွိေတာ့ပါဘူးလို႔။ ၿပီးေတာ့.. အလုပ္လည္းမရွိဘူး။ အိမ္ကခ်မ္းသာလို႔ဘာအလုပ္မွလုပ္စရာမလိုဘူး"
"ေကာင္းလိုက္တာ.. အားက်စရာဘဝႀကီးပဲ"
"ေတာ္ေတာ္မ်ားမ်ားကေတာ့အဲ့လိုပဲေျပာၾကပါတယ္။ ဒါနဲ႕ အခုဘယ္သြားမွာလဲ။ ပီဇာဆိုင္? ၾကက္ေၾကာ္ဆိုင္? ဘယ္ေနရာျဖစ္ျဖစ္ကိစၥမရွိပါဘူး.. ဘယ္သြားသြားလိုက္မွာပဲ"
"ဘာလိုက္လုပ္မွာလဲ"
"အဲ့ဒါေျပာတာေပါ့.. ဘာလို႔လဲ"
"ဟမ္"
"အရင္ကအတန္းေစာေစာၿပီးတဲ့ေန႕ေတြအိမ္ပဲတန္းျပန္ၿပီးအိပ္ရာထဲမွာပဲ႐ုပ္ရွင္ေတြတစ္ကားၿပီးတစ္ကားၾကည့္ရင္းဇိမ္ခံေနက်။ ၿပီးေတာ့.. ေက်ာင္းကိုေရာက္တာနဲ႕အိမ္ပဲျပန္ခ်င္ေနတဲ့ကြၽန္ေတာ္က.. ဘာလို႔အတန္းၿပီးတာနဲ႕ကန္တင္းဘက္ပဲလာခ်င္ေနတာလဲ၊ ဘာလို႔အိမ္ျပန္ခ်င္စိတ္မရွိေတာ့တာလဲ၊ ဘာလို႔တခါမွမသြားဖူးတဲ့ၾကက္ေၾကာ္ဆိုင္တို႔ပီဇာဆိုင္တို႔ကိုသြားခ်င္ေနတာလဲ.. အဲ့ဒါဘာလို႔လဲ"
"ပီဇာနဲ႕ၾကက္ေၾကာ္ႀကိဳက္လို႔ေနမွာေပါ့.. ဒါမွမဟုတ္.. "
"ဒါမွမဟုတ္.. ဘာျဖစ္လဲ"
သူ႕အေျဖကိုေစာင့္ရင္းပင့္တင္လိုက္တဲ့မ်က္ခုံးေတြမွာေမွ်ာ္လင့္ခ်က္ေတြႏွင့္..
"မဟုတ္မွလြဲေရာ.. ကူပြန္လိုခ်င္လို႔လား"
ေဂ်ာင္ကုကကြၽတ္ခနဲတစ္ခ်က္စုတ္သပ္၍အခက္ေတြ႕သြားသလိုမ်က္ခုံးရိုးကိုလက္မႏွင့္ဖြဖြျခစ္သည္။
"အဲ့ဒါမ်ား.. ေစာေစာကေျပာတာမဟုတ္ဘူး။ သူေဌးဆီကေတာင္းေပးမွာေပါ့။ ဘယ္ႏွစ္ခုလိုခ်င္လဲသာေျပာလိုက္.. လိုသေလာက္ေတာင္းေပးလို႔ရတယ္"
"ကြၽန္ေတာ္က.. hyung ဆီကလိုခ်င္တာ"
"ဟင္"
"ကင္ေဆာ့ဂ်င္ရဲ႕.. ခ်စ္သူျဖစ္ခြင့္.. ကူပြန္"
ႏူးညံ့တိုးတိတ္ေသာထိုအသံကခ်ိဳၿမိန္တဲ့ပ်ားရည္ျမစ္တစ္ဆင္းအျဖစ္သူ႕ႏွလုံးသားဆီသို႔ထိုးခြဲစီးဆင္းသြားသည္။ အလိုက္တသိျဖည္းညွင္းစြာတိုက္ခတ္ေပးေနတဲ့ေလညွင္းေလးေတြကသူ႕ႏွလုံးသားေလးအရည္ေပ်ာ္ေနတဲ့အျဖစ္ကိုသိႏွင့္ေနတဲ့အတိုင္း..
🐹❤️🐰
ဒါေလးကသူတို႔ႏွစ္ေယာက္ရဲ႕ရည္းစားဘဝေလးျပန္ေရးပါလားဆိုတဲ့မန့္ေလးကိုျမင္ၿပီးေရးထားတာပါ။ အစကေတာ့ honeymoon ထြက္တာေရးမလို႔။ ဒါေပမယ့္ honeymoon ကေတာ့သိတဲ့အတိုင္းဘာမွေရးစရာသိပ္မရွိဘူးေလ 😁
ေရးသမွ်ထဲမွာေတာ့ဒီ fic ေလးကအမွတ္တရအမ်ားဆုံး fic ေလးပါ။ ကိုယ္ကဇာတ္လမ္းတစ္ခု plot ခ်ၿပီဆိုရင္ဇာတ္သိမ္းပိုင္းကိုအရင္ေရးတတ္ပါတယ္။ ၿပီးေတာ့ plot ကိုလည္းတစ္ခါမွမေျပာင္းဖူးပါဘူး။
ဒါေပမယ့္ဒီficေလးကိုေတာ့ႏွစ္ခါေတာင္ေျပာင္းလိုက္ရတယ္။ဆာရန္းကဂ်င္ရဲ႕သမီးအရင္းမဟုတ္တဲ့အပိုင္းရယ္၊ ဇာတ္သိမ္းပိုင္းရယ္။အစကကိုယ္ေရးထားတဲ့ဇာတ္သိမ္းပိုင္းက SEမဟုတ္ေပမယ့္အခုလိုမ်ိဳးမဟုတ္ဘူး။ "Can we become strangers?" ဆိုတဲ့ေခါင္းစဥ္နဲ႕လိုက္ဖက္မယ့္ဇာတ္သိမ္းမ်ိဳးေလးပဲ။ ေျပာင္းလိုက္ရတဲ့အေၾကာင္းအရင္းကေတာ့ဖိအားေတြမ်ားလို႔ပါ.. ဘယ္သူကဖိအားေပးတာလဲဆိုရင္.. တျခားလူမဟုတ္ပါဘူးကိုယ့္ရဲ႕မာတာမိခင္ပါပဲ။ ဆယ္တန္းတုန္းကေတာ့အဲ့ေလာက္ pressure မေပးခဲ့ဘူးရယ္ 😅
ဘာပဲျဖစ္ျဖစ္last minuteမွကမန္းကတန္းေျပာင္းလိုက္ရလို႔မသပ္မရပ္နဲ႕အဆုံးသတ္သြားတဲ့ဒီficေလးကိုသည္းခံၿပီးဖတ္ေပးၾကတဲ့အတြက္ေက်းဇူးပါ 😘
အသစ္ေလးေတြေမွ်ာ္ေနမယ္လို႔မမန့္ၾကပါနဲ႕ဦး.. အသစ္ေရးဖို႔အစီအစဥ္မရွိလို႔ပါ။ October 23 ကတည္းက plot ခ်ထားတာေလးေတာ့ကိုယ့္ draft ထဲမွာရွိေနေပမယ့္မေရးျဖစ္ပါဘူး။ ဒါေပမယ့္ကိုယ့္ခ်စ္ေမေမရဲ႕ေမြးေန႕ကလည္း September 1 ဆိုေတာ့အဲ့ဒီ့ေန႕မွာစပရိုက္တိုက္ျဖစ္မွာပါ..
ဖန္ခြက္ယူခဲ့ၾကဖို႔ေတာ့မေမ့နဲ႕ေပါ့ 😜