လရောင်မှိန်မှိန်တွင်နက်ပြာရောင်ကောင်းကင်ထက်မိုးတိမ်မဲများစုရုံးချီတက်၍ လေပြင်းကျကာလျှပ်စီးတို့ဝင်းဝင်းလက်နေသောညတစ်ညဖြစ်ပါ၏။ မိုးသီးမိုးပေါက်တို့ကရန်စွယ်တကြီးနှင့်သဲသဲဖောက်ဖောက်ကျရောက်လျက်ရှိရာ အရှိန်ဖြင့်အပြေးနှင်နေသောသူတို့ကားခေါင်းမိုးပေါ်သို့မိုးပေါက်တို့သည်ကျောက်ခဲနှင့်ပစ်ပေါက်သကဲ့သို့စင်ပက်ဝင်မှန်နေ၏။ တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့မိုးခြိမ်းသံကြီးကလည်းမြေကြီးကိုတုန်ဟီးစေလျက်ကားမီးရောင်မှလွဲ၍တလောကလုံးအမှောင်ဖုံးနေ၏။ ဤကဲ့သို့..ဆိုးရွားလှတဲ့ရာသီဥတုနှင့်အပြိုင်သူ့ရင်၌လည်းအပူလှိုင်းအဖုံဖုံကဝိုင်းအုံကြွနေပါတော့သည်။
"အသက်ကလေး"
သူ့ရဲ့ခေါ်သံတိုးတိုးကိုအသက်ကလေးကပြန်လည်တုံ့ပြန်ခြင်းမပြုပါ။ မျက်နှာလေးကသွေးရောင်မရှိတော့အောင်ဖြူဖတ်ဖြူရော်နှင့် နှုတ်ခမ်းတွေလည်းပြာနှမ်းနေသည်။ နှလုံးခုန်သံကလည်းတစ်ချက်တစ်ချက်နှေးနှေးသွားတာမို့တစ်ခုခုများဖြစ်သွားရင်.. ဆိုသည့်အတွေးကအခါမလပ်နှိပ်စက်လွန်းနေတာကြောင့်သူ့ရင်အစုံဟာမွန်းကျပ်လျက်ဆောက်တည်ရာမရနိုင်ဘဲနှလုံးသွေးတို့ကတဆတ်ဆတ်အတိုးမြန်လာ၏။ သူကမိုးရေတို့ဖြင့်ရွှဲရွှဲစိုနေသော်လည်းပူနွေးနေသည့်အသက်ကလေးရဲ့ကိုယ်လေးကိုရင်ခွင်တွင်ပွေ့ဖက်ထားရင်းအေးစက်နေသည့်လက်ချောင်းလေးများအား ဆုပ်ချေကာမကြာမကြာအာငွေ့ပေး၍နွေးစေလိုက်သည်။
"အတွင်းရေးမှူးမင်.. ဆေးရုံကိုရောက်ဖို့လိုသေးလား"
"နောက် ၁၀ မိနစ်လောက်ဆိုရင်ရောက်.. "
"မြန်မြန်.. မြန်မြန်လေးမောင်းစမ်းပါ"
စိတ်လောကြီးစွာဖြင့်အမိန့်ပေးလိုက်တော့အတွင်းရေးမှူးမင်ကသူ့ကိုအထွန့်မတက်ဘဲကားကိုအရှိန်ထပ်မြှင့်လိုက်သည်။ ဒီရာသီဥတုအခြေအနေမှာကားကိုအရှိန်ပြင်းပြင်းမောင်းနေရတာခက်ခဲမှန်းသိပေမယ့်သူ့အတွက်တစ်စက္ကန့်တိုင်းကအနိမ့်ဆုံးမျှော်လင့်ချက်ကိုပြည့်ဝဖြည့်ဆည်းနိုင်ဖို့အထောက်အကူဖြစ်နေတော့လည်း..
"အသက်ကလေး"
သူနောက်တစ်ကြိမ်ထပ်ခေါ်ကြည့်တော့အသက်ကလေးရဲ့နှုတ်ခမ်းလေးများကလှုပ်လာသည်။ မျက်တောင်လေးများကလည်းပင်ပန်းစွာတစ်ချက်ပွင့်လာပြီးပြန်မှိတ်သွားသည်။
"အသက်ကလေး.. အသက်ကလေး.. မောင်ခေါ်နေတယ်လေ.. ကြားရဲ့လား"
သူကအသက်ကလေးရဲ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ကာထပ်ခေါ်မိတော့မှိတ်ဆင်းကျသွားသောမျက်လုံးလေးများသည်အသာအယာပြန်ဖွင့်လာသည်။ နှုတ်ခမ်းလေးမှာလှုပ်ရှားလာပြီးခေါ်သံတိုးတိုးညင်ညင်လေးကိုကြားရသည်။
"မောင်.. "
"ဟုတ်တယ်.. မောင်.. အသက်ကလေးအနားမှာမောင်ရှိတယ်။ ထပ်ပြီးအိပ်မပျော်သွားစေနဲ့နော်..ခဏနေ.. ဆေးရုံရောက်တော့မှာ။ ခဏလေးပဲ.. တောင့်ခံပေး.. မောင့်အတွက်.. ဆာရန်းအတွက်.. ခဏလေးပဲ.. တောင့်ခံပေး.. နော်"
အသက်ကလေးကသူဆုပ်ကိုင်ထားသည့်လက်ကလေးကိုရုန်း၍သူ့လက်မောင်းကိုပြန်ဆုပ်ကိုင်လိုက်၏။ထို့နောက်စကားပြောဖို့အားယူသည့်ဟန်ဖြင့်သွေ့ခြောက်နေသောနှုတ်ခမ်းကိုလျှာလေးဖြင့်လျက်သည်။
"မောင်.. "
"ရတယ်.. ရတယ်.. ပြန်မအိပ်သွားရင်ရပြီ။ စကားမပြောနဲ့.. မောနေလိမ့်မယ်"
အသက်ကလေးကသူ့ကိုညှိုးညှိုးနွမ်းနွမ်းလေးပြန်ပြုံးပြရှာသည်။ သူ့လက်မောင်းကိုဆုပ်ကိုင်ထားသောအသက်ကလေးရဲ့လက်များကပိုမိုတင်းကျပ်မြဲမြံလာပြီး..
"ဂျယ်.. ဟာ.. ဂျယ်.. ဟာ.. နဲ့.. တွေ့.. ခဲ့.. တယ်"
ကြားလိုက်ရသည့်စကားတို့ကြောင့်သူ့အောက်နှုတ်ခမ်းကိုပြတ်လုမတတ်သွားဖြင့်ခဲထားမိသည်။ ရင်တွေလည်းတလှပ်လှပ်တုန်လာ၏။
"ဒါ.. ဒါ.. ပေ.. မယ့်.. ယူ.. ယူ..ဂျောင်း.. က.. အ.. ရမ်း.. စိတ်.. ဆိုး.. နေ.. တယ်။ ဂျယ်.. ဟာ.. ဆီ.. ကို.. သွား.. လို့.. တဲ့.. အဲ့.. ဒါ.. ကြောင့်.. "
"အသက်ကလေး"
အသက်ကလေးကစကားတွေကိုတစ်လုံးချင်းပင်ပန်းစွာပြောနေရင်းမျက်လုံးများသည်ပြန်ပိတ်ကျသွားသည်။ သူ့လက်မောင်းကိုဆုပ်ကိုင်ထားတဲ့လက်ကလေးသည်လည်းပြေကျသွား၏။ သို့ပေမယ့်.. ဖျော့တော့တော့အပြုံးလေးတစ်ပွင့်သည်ခြောက်သွေ့နေသောနှုတ်ခမ်းလေးထက်ပွင့်လန်းကျန်ရစ်ခဲ့လေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဘဝဆိုတာအမြဲထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်နေတယ်ဆိုတာမပြောလည်းသိကြပြီးသားဖြစ်မှာပါ။ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ တိုက်ဆိုင်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ စိုးထိတ်မှုတွေ၊ မျှော်လင့်ချက်တွေ၊ နာကျင်မှုတွေ၊နောင်တတွေ.. ကြုံရတွေ့ရတဲ့အခြအနေအပေါ်မူတည်ပြီးဘဝဆိုတဲ့အဓိပ္ပါယ်ဟာအမျိုးမျိုးကွဲပြားနေဦးမှာပဲလေ။ လူ့ဘဝဆိုတာကိုသစ်ရွက်လေးများနှင့်ခိုင်းနှိုင်းရမယ်ဆိုရင်..ရိုးတံတစ်ခုတည်းတွင်အလွှာငယ်ဆယ်ခုပါတဲ့စိန်ပန်းရွက်လိုဘဝမျိုးလည်းရှိနိုင်သည်။ တစ်ညှာတွင်တစ်လွှာသာပါသည့်ညောင်ရွက်ကဲ့သို့ဘဝမျိုးလည်းရှိနိုင်သည်။ဒါပေမယ့်.. နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ခွင့်ရမည့်စွယ်တော်ရွက်လိုဘဝမျိုးကျတော့.. တစ်လွှာကြွေသွားခဲ့လျှင်..
"အသက်ကလေး.. "
အရိုးကွဲမတတ် ချမ်းစိမ့်နေသောဆောင်းမနက်ခင်းတွင်တစ်ယောက်တည်းအထီးကျန်စွာနိုးထခဲ့ရ၏။ တစ်ထောင့်တစ်ညပုံပြင်များသဖွယ်မဆုံးနိုင်အောင်ရှည်လျားလွန်းလှသည့်ဆောင်းတွင်းအိပ်မက်ဆိုးမှအခုမှနိုးထခွင့်ရသည့်သူတစ်ယောက်လိုမောဟိုက်နေကာအသက်ကိုအလုအယက်ပြင်းပြင်းရှူနေရသဖြင့်သူ၏ရင်အစုံသည်နိမ့်ချည်မြင့်ချည်ဖြစ်လို့နေသည်။ ခြေဖျားလက်ဖျားတွေလည်းအေးနေပြီးနဖူးကြောတစ်လျှောက်တွင်ချွေးတို့ဖြင့်စိုရွှဲနေ၏။
"အသက်ကလေး"
ထိတ်လန့်တုန်လှုပ်နေသည့်သူ့ခေါ်သံအဆုံးမှာရယ်သံလွင်လွင်လေးတစ်ခုကလွင့်ပျံလာသည်။ သူကသက်ပြင်းကိုဟင်းခနဲတစ်ချက်ချကာနဖူးကချွေးစေးတို့ကိုအင်္ကျီလက်ဖြင့်သုတ်ရင်းမွေ့ရာပေါ်တွင်ပြန်လှဲချလိုက်သည်။
"ဟာ.. ကွာ.. လန့်သွားတာပဲ။ လူက trauma ရချင်နေပါတယ်ဆိုမှ"
အသက်ကလေးကမွေ့ရာအစွန်းတွင်မေးတင်ကာမျက်လုံးပေါက်လေးတွေပျောက်သွားသည်အထိအားရပါးရရယ်သည်။ ပြီးတော့.. ကုတင်ပေါ်တွင်တင်ပါးလွှဲဝင်ထိုင်လိုက်သည်။
"အဲ့ဒီမှာဘာလုပ်နေတာလဲ"
"မောင်.. အိပ်နေတာကိုထိုင်ကြည့်နေတာ"
"လာ.. ဒီနားကို"
သူကအသက်ကလေးရဲ့လက်ကလေးတစ်ဖက်ကိုအားထည့်ပြီးဆွဲချလိုက်တော့အလိုက်သင့်လေးပါလာတဲ့ကိုယ်လုံးလေးကိုဆီးကြို၍ထွေးပွေ့ထားလိုက်သည်။
"ဒီလိုလေး.. ပွေ့ဖက်ထားခွင့်ရဖို့.. "
သူကစကားကိုဆက်မပြောသေးဘဲအသက်ကလေးရဲ့ခါးသိမ်သိမ်လေးကိုတိုးဖက်၍နဖူးလေးကိုခပ်ဖွဖွနမ်းသည်။ သူ့မျက်နှာကိုစူးစမ်းသလိုလေးပြူးကြည့်နေတဲ့မျက်လုံးလေးတွေမှိတ်သွားအောင်မျက်ခွံလေးတွေကိုအသာအယာဖိကပ်နမ်းသည်။ ပြီးတော့.. ပန်းသွေးရောင်သမ်းစပြုနေပြီဖြစ်သောပါးမို့မို့လေးတွေ၊ နှာခေါင်းလုံးလုံးလေးမှတစ်ဆင့်အနမ်းတို့ကိုနယ်ချကာစိုအိနေသည့်နှုတ်ခမ်းလေးထက်ကြာရှည်စွာဖိနမ်းပြီးမှမျက်လုံးချင်းစုံအောင်ကြည့်လိုက်သည်။
"ဒီလိုလေး.. နမ်းခွင့်ရဖို့.. "
ထို့နောက်.. သူ့ရင်ဘတ်ပေါ်တွင်မှေးတင်ထားသောလက်ကလေးတစ်ဖက်ကိုဆွဲယူကာလက်ချောင်းချင်းယှက်၍ ဆုပ်ကိုင်ပြီးယခုထိတိုင် အပ်ပေါက်ရာအညိုအမဲလေးတွေတင်ကျန်ဆဲရှိသည့်လက်ခုံလေးကိုသူ့ပါးဖြင့်ညင်သာစွာပွတ်သပ်ရင်း..
"ဒီလို.. လက်ကလေးတစ်ဖက်ဖြစ်ဖြစ်ဆုပ်ကိုင်ခွင့်ရဖို့.. ဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲသိရဲ့သားနဲ့.. နောက်ဆိုရင်.. အပျော်သဘောနဲ့တောင်.. မောင့်ကို.. အဲ့လိုမစပါနဲ့"
လေးလေးနက်နက်ပြောလာတဲ့မောင့်စကားကြောင့်ဆော့ဂျင်၏မျက်ဝန်းထဲတွင်တ်ဟုတ်ချင်းမျက်ရည်များဝဲလာရတော့သည်။ အိပ်ရာနိုးနိုးချင်းသူ့ကိုခဏလောက်မတွေ့ရရုံနဲ့မောင်.. ဒီလောက်တောင်ခံစားသွားရလားတွေးမိတော့သူ့ကိုယ်သူအပြစ်ရှိသလိုခံစားလိုက်ရသည်။ ကုန်လွန်ခဲ့သည့်နှစ်များသည်သူ့အတွက်ရော၊ မောင့်အတွက်ပါအနာကျင်ရဆုံး၊ ကြေကွဲရဆုံးနှစ်များအဖြစ်မှတ်တမ်းတင်စရာဖြစ်ခဲ့တာမို့.. ဖြစ်နိုင်ရင်သူ့ကြောင့်မောင့်ကိုထပ်ပြီးစိတ်မညစ်စေချင်တော့ပါ။ သူကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတဲ့အဖြစ်တွေကို အိပ်မက်ထဲတွင်ထည့်မက်မိမှာကိုတောင်ကြောက်ပါသည်။
"ဆော့ဂျင်ရှီရဲ့white blood cell count က normal range မှာပြန်ဖြစ်သွားပါပြီ။ အကျိတ်ကလည်းလုံးဝပျောက်သွားပြီဆိုတော့ radiotherapy ခံယူဖို့မလိုတော့ပါဘူး။ ဒါပေမယ့်.. ကျန်နေတဲ့ကင်ဆာဆဲလ်တွေကိုတိုက်ထုတ်နိုင်ဖို့ဆော့ဂျင်ရှီရဲ့ခန္ဓာကိုယ်ထဲကို T-cells ထိုးပေးထားမယ်။ အင်း.. Chemotherapy ကိုတော့တစ်ကြိမ်လောက်ဆက်ခံယူဖို့လိုလိမ့်ဦးမယ်။ တစ်ကြိမ်တည်းပါပဲ.. အဲ့ဒါပြီးရင်သာမန်လူတစ်ယောက်လိုပဲဆက်နေနိုင်တော့မှာပါ။ ကဲ.. ကျွန်တော်မပြောခဲ့ဘူးလား.. ဆေးပညာနဲ့တောင်ရှင်းပြလို့မရနိုင်တဲ့ထူးဆန်းအံ့ဖွယ်တွေလည်းကြုံလာနိုင်ပါတယ်.. လို့"
ဆရာဝန်ရဲ့ရှည်လျားတဲ့ရှင်းပြချက်အဆုံးမှာမောင်ကသူ့ကိုတင်းနေအောင်ဖက်ပြီးငိုသည်။ တစ်ချိန်လုံးထမ်းတင်ထားရတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကိုအခုမှစိတ်အေးလက်အေးနဲ့လွှတ်ချခွင့်ရလိုက်သလိုမျိုး.. ကျောပြင်တစ်ခုလုံးတသိမ့်သိမ့်တုန်အောင်အားရပါးရရှိုက်ကြီးတငင်ငိုသည်။ မောင်ဒီလောက်ထိအသည်းအသန်ငိုတာပထမဆုံးအကြိမ်မြင်ဖူးတာမို့အံ့ဩမိသလို သူ့ရှေ့မှာပျော့ညံ့တဲ့ပုံမပြမိအောင်ဘယ်လောက်တောင်စိတ်တင်းထားရရှာမလဲဆိုတဲ့အတွေးတို့ကြောင့်မောင့်ကိုသနားရလွန်းလို့အသည်းနှလုံးတွေလောင်မြိုက်မတတ်ပါပဲ။ အဲ့ဒီ့နေ့ကမောင့်ကိုဖက်ပြီးသူလည်းမောင်နဲ့အတူတူလိုက်ငိုခဲ့သည်။
"ဟောဗျာ.. သူပဲ လူကိုစိတ်ပူအောင်လုပ်ပြီးသူကအရင်ဦးအောင်ငိုရသလား"
မောင်ကသူ့နဖူးကိုလက်ညှိုးနဲ့အသာအယာတောက်ပြီးပြုံးစစမျက်နှာဖြင့်ပြောလာတော့ပိုငိုချင်လာသည်။
"မှားသွားပါတယ်။ နောက်.. မဖြစ်စေရဘူး"
"ဒီအတိုင်း.. ပါးစပ်နဲ့တောင်းပန်ရုံနဲ့ဘယ်ရမလဲ"
ပြောပြောဆိုဆိုနဲ့မောင်ကသူ့ကိုယ်ပေါ်ကိုဆတ်ခနဲအုပ်မိုးလာပြီးသူ့လက်နှစ်ဖက်ကိုမွေ့ရာထက်တွင်ဖိချုပ်ထားလိုက်သည်။
"ဘယ်လို..."
သူ့နှုတ်ခမ်းလေးတစ်ခုလုံးမြိုချခြင်းခံရမတတ်ဆွဲငုံခြင်းခံလိုက်ရတာကြောင့်စကားသံလေးတွေပျောက်ဆုံးသွားရသည်။ သူ့နှုတ်ခမ်းလွှာလေးဟာတစ်ချက်တစ်ချက်ဆွဲစုပ်ခံရလိုက်တိုင်းပြုတ်ပြတ်ထွက်သွားမလားထင်ရလောက်အောင်နူးညံ့ခြင့်အလျဥ်းမရှိတဲ့အနမ်းများအောက်မှာအလူးအလဲခံနေရပေမယ့်သူ.. အသက်ထက်ချစ်မြတ်နိုးရတဲ့သူကသူ့ကိုနမ်းနေပါလားဆိုသည့် အသိသည်သူ့ကိုအကောင်းမွန်ဆုံးသောခံစားချက်ကိုဖြစ်တည်စေပါသည်။
ထို့ကြောင့်သူကိုယ်တိုင်လည်းတပ်မက်ဖွယ်အနမ်းတို့ကို လက်လှမ်းမှီသလောက်မမောနိုင်မပန်းနိုင်တုံ့ပြန်နေမိပါတော့သည်။
"အင်း"
သူ့၏ဝင်သက်ထွက်သက်တို့သည်ပုံမှန်ထက်သွေဖယ်၍ ဘယ်လိုမှအမောဒဏ်မခံနိုင်တော့တဲ့အဆုံးမှာတော့သူ့ခေါင်းကိုဘယ်ညာယိမ်းပြီးမရမကအတင်းရုန်းရသည်။ဒါတောင်ရှည်လျားတဲ့အနမ်းတို့ကအမျှင်မပြတ်နိုင်စွာဖြင့်သူ့အောက်နှုတ်ခမ်းလေးသည် အဆုံးသတ်တွင်မညှာမတာအကိုက်ခံလိုက်ရသေးသည်။
"လုပ်လိုက်ရင်အရမ်းပဲ..တော်တော်ဆိုးတဲ့လူ။ နှုတ်ခမ်းတစ်ခုလုံးလည်းထုံဆေးမိထားတဲ့အတိုင်းပဲ.. ထိလို့ထိမှန်းတောင်မသိတော့ဘူး"
သူကမျက်စောင်းထိုး၍မကျေနပ်သလိုလေးပြောလိုက်တော့မောင်ကပြုံးသည်။ ပြီးတော့သူ့ပါးလေးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ညှစ်၍စူထွက်လာသောနှုတ်ခမ်းလုံးလုံးလေးကိုလေး,ငါးချက်လောက်ဆင့်ကာဆင့်ကာနမ်းသည်။
"အခုရော.. ထိတာကိုသိပြီလား။ မသိသေးရင်.. သိအောင်ထပ်လုပ်ပေးမယ်"
သွားရှည်ရှည်လေးတွေပေါ်အောင်ပြုံး၍မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလာပုံကအူယားစရာ။ ဒါပေမယ့်အူယားတယ်ဆိုပြီးဘာမှသွားမစရဲ.. ဟိုကအူပြန်ယားမှာကိုခံနိုင်ရည်ရှိမှာမဟုတ်။
"တော်.. တော်ပြီ.. ဖယ်လိုက်တော့.. "
သူကအိပ်ရာပေါ်ကကုန်းရုန်းထဖို့ပြင်လိုက်ပေမယ့်တင်းကြပ်တဲ့ချုပ်နှောင်မှုကြားကမလွတ်မြောက်နိုင်ဘဲမွေ့ရာနှင့်ကျောပြင်တသားတည်းဖိကပ်ထားခြင်းခံလိုက်ရသည်။
"ဒီလို.. လွယ်လွယ်နဲ့ထထွက်သွားလို့ဘယ်ရမလဲ"
"ဆာ.. ဆာရန်းမနိုးခင်မနက်စာချက်ရဦးမယ်"
"ရတယ်လေ.. အဲ့ဒါဆိုလည်းမီးဖိုချောင်ထဲထိလိုက်ချင်ရုံပေါ့။ မောင်က.. အိပ်ရာပေါ်မှာပဲချစ်တတ်တာမဟုတ်ဘူးဆိုတာသိတယ်မဟုတ်လား"
"ရား.. "
"ရေချိုးခန်း.. မီးဖိုချောင်.. ဆိုဖာ.. စာကြည့်ခန်း.. ရုံးခန်း.. ရေကူးကန်ဘေး... "
"ရား!"
"တကယ်တော့.. ဒီအိမ်ရဲ့အခန်းတိုင်းမှာအသက်ကလေးနဲ့ချစ်ကြည့်ဖို့ကမောင့်ရဲ့အိပ်မက်ပဲ။ ဆာရန်းလေးကိုတစ်ရက်လောက်ဖြစ်ဖြစ်သူ့အဖွားအိမ်ပို့ထားပြီးအိပ်မက်ကိုအကောင်အထည်ဖော်ကြည့်ရင်ကောင်းမလား"
"တကယ်ပြောနေတာမဟုတ်ဘူးမဟုတ်လား.. နောက်နေတာမဟုတ်လား"
"မနောက်ပါဘူး"
တကယ်လည်းမောင့်ပုံကနောက်နေတဲ့ပုံမပေါ်တာကြောင့်သူယောင်ယမ်းပြီးတံတွေးမြိုချလိုက်မိသည်။
"အဲ့ဒါ.. ရောဂါပဲ.. ဆရာဝန်ပြကြည့်မှဖြစ်တော့မယ်ထင်တယ်"
"ကိစ္စမရှိပါဘူး.. ရောဂါဆိုလည်းဘာဖြစ်လဲ။ ဒီလိုရောဂါမျိုးကိုတသက်လုံးပိုကြီးထွားလာအောင်မွေးထားဦးမှာ"
ဘယ်အပေါက်ကပဲလှည့်ထွက်,လှည့်ထွက်ဒီနေရာပဲပြန်, ပြန်ရောက်လာသဖြင့်ဆော့ဂျင်တစ်ယောက်ဘာလုပ်ရမှန်းမသိဘဲအကြံအိုက်နေတုန်း..
~တင်းတောင်.. တင်းတောင်~
"ဟယ်.. ဧည့်သည်ထင်တယ်။ စောစောစီးစီး.. ဘယ်သူပါလိမ့်"
သူ့ကိုအကျပ်အတည်းကြားမှကယ်တင်မည့်လူခေါ်ခေါင်းလောင်းသံကိုစိတ်ထဲတွင် အကြိမ်ကြိမ်ကျေးဇူးတင်ရင်းဝမ်းသာအားရဖြင့်ထထွက်ခဲ့သည်။ မောင်ကတော့သုန်မှုန်နေသည့်မျက်နှာကြီးနဲ့ရေချိုးခန်းထဲသို့ဆောင့်ကြီးအောင့်ကြီးဝင်သွားလေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အမေကစောစောစီးစီးသူများအိမ်ကိုဘာလာလုပ်တာလဲ"
စားရခါနီးမှပုတ်ချခံလိုက်ရတာကြောင့်မချင့်မရဲစိတ်တို့ဖြင့်ဒီကိစ္စရဲ့တရားခံအမေ့အပေါ်မှာမကျေနပ်မှုတွေကိုစုပြုံချကာထမင်းစားခန်းထဲဝင်ဝင်ချင်းဘုတောပစ်လိုက်တော့အမေကသူ့ကိုနှာခေါင်းရှုံ့၍ မျက်လုံးကိုထောင့်ကပ်ကြည့်သည်။ သူကအမေ့အကြည့်ကိုလျစ်လျူရှုကာအသက်ကလေးရဲ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ အသက်ကလေးကတော့သူ့ကိုတစ်ချက်ကလေးတောင်လှည့်ကြည့်ဖော်မရဘဲအမေပြင်ကျွေးတဲ့မနက်စာကိုခေါင်းမဖော်စတမ်းစားနေသည်။
"ငါ့သားအိမ်ငါလာတာ.. ကိစ္စရှိမှလာရမှာလား။ ဒီမှာငါ့သားလေးကအမေ့လက်ရာ kimchi pancake နဲ့ ရွှေဖရုံသီးဆန်ပြုတ်စားချင်တယ်ဆိုလို့လာပို့တာ"
"ဟင်.. ကျွန်တော်လည်းစားချင်တယ်မပြောမိပါလား"
"ဟဲ့.. နင့်ကိုပြောတာမဟုတ်ဘူး။ ငါ့သားလေးဆော့ဂျင်ကိုပြောတာ"
သူတို့လက်ထပ်ခါစကတော့အဆင့်အတန်းမတူလို့ သမက်အဖြစ်တောင်အသိအမှတ်မပြုနိုင်ဘူး.. ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လေကျယ်ခဲ့တဲ့မာနကြီးပြီးမောက်မာတတ်တဲ့အမေကအခုကျတော့လည်း 'ငါ့သားလေး ငါ့သားလေး' ဆိုတာကိုပါးစပ်ဖျားကမချ။ အသက်ကလေးအတွက်အမေတစ်ယောက်ထပ်တိုးသွားတယ်ဆိုပေမယ့်သူ့အတွက်ကတော့.. အမေအစားကြောက်စရာယောက္ခမရလိုက်တယ်လို့ပဲပြောရမလားပဲ။
"ဝါး.. တကယ်ပဲ.. ရွှေဖရုံသီးဆန်ပြုတ်ကတော့အမေ့လက်ရာကိုဘယ်သူမှမမှီဘူး"
"ဟုတ်လား.. တော်သေးတာပေါ့။မနက်က ကမန်းကတန်းချက်လာရတာမို့အပေါ့အငန်တောင်မမြည်းခဲ့ရဘူး။ ငန်သွားမယ်တောင်ထင်နေတာ"
"ဟင့်အင်း.. မငန်ပါဘူး..အတော်ပဲ။ အရမ်းကောင်းတယ်။ နောက်တစ်ပန်းကန်ထပ်ယူလို့ရသေးလား"
"စား.. စား.. များများစား။ အများကြီးကျန်သေးတယ်"
"ဟုတ်"
"နင်တို့ကအခုမှအိပ်ရာထကြတာလား။ငါ့မြေးလေးတောင်နိုးလာတော့မယ်။ မနက်စာလည်းဘာမှမချက်ရသေးဘူး။ တော်သေးတာပေါ့.. ငါရောက်လာလို့"
"အဲ့.. အဲ့.. ဒါက.. ဟိုလေ.. အိပ်.. အိပ်ရာထနောက်ကျသွားလို့။ အမေ့ဘဲလ်တီးသံကြားမှအိပ်ရာကနိုးကြတာ"
"နောက်ကျတယ်? ဘာလို့လဲ.. သားလေးနေမကောင်းဘူးလား"
"ကောင်းပါတယ်.. ညကအိပ်ရာဝင်တာနောက်ကျလို့ပါ။ အဲ့ဒါ.. ဂျောင်ကုကြောင့်ပေါ့.. စောစောအိပ်မယ်ဆိုတာကိုအတင်းလာမြူဆွယ်တယ်"
"ဪ.. အခုတော့အဲ့လိုပြောပြီပေါ့။ ဒီတစ်ကြိမ်ပြီးရင်အိပ်ပါတော့မယ်ဆိုတာကိုမပြီးနိုင်မစီးနိုင်ဖြစ်နေတာကရော.. ဘယ်သူလဲ"
သူတို့တွေအပြန်အလှန်ငြင်းခုန်နေကြတာကိုနားထောင်နေရင်းအမေ့မျက်လုံးတွေပြူးကျယ်လာပြီးမျက်နှာတစ်ခုလုံးနီရဲလာသည်။
"ဟဲ့.. ဟဲ့.. ဪ.. အမေတစ်ယောက်လုံးရှေ့ထားပြီး.. နင်တို့ဘာတွေပြောနေကြတာလဲ"
"Game ဆော့တာကိုပြောတာလေ"
"G.. game? ဪ.. Game ဆော့တာကိုပြောတာကိုး"
"ဟုတ်တယ်။ အမေတွေးလိုက်တဲ့ဟာကအခုမနက်မှလုပ်ဖို့အစပျိုးတုန်းရှိသေးတယ်.. အမေရောက်လာလို့ပျက်သွားတာ။ အဲ့ဒါကြောင့်.. ပြန်တော့.. လို့"
"ရား! ဂျွန်ဂျောင်ကု.. အမေ့ကိုဘာတွေလျှောက်ပြောနေတာလဲ"
အသက်ကလေးကသူ့လက်မောင်းကိုလက်သီးဆုပ်လေးနဲ့လှမ်းထုရင်းမျက်စောင်းလေးပါထိုး၍မာန်သလိုလေးပြောလာတော့သူကပါးဖောင်းဖောင်းလေးကိုချစ်စနိုးဆွဲလိမ်လိုက်သည်။
"ပြောမနေနဲ့တော့.. သားလေး.. သူ့ကိုဘေးမဲ့လွှတ်ထားလိုက်တော့။ စားစရာရှိတာသာဆက်စား"
"ဟုတ်ကဲ့.. အမေ"
"ဒါနဲ့.. သားလေးကကိုယ့်ယောက်ျားကိုယ်နာမည်ပဲခေါ်တာလား"
"မဟုတ်ပါဘူး..မောင်လို့ခေါ်တာပါ။အသက်ကလေး..မောင့်အမေကကြားချင်တယ်တဲ့။ ခေါ်ပြလိုက်လေ.. မောင်.. လို့"
"ရပြီ.. ရပြီ..လျှာရှည်ပြီးမေးမိတဲ့မေးခွန်းကိုပြန်ရုတ်သိမ်းတယ်.. သိလား။ သားလေး.. ဆော့ဂျင်"
"ခင်ဗျာ"
"ဒီအတိုင်း.. သူ့ကို.. ဂျောင်ကုလို့ပဲဆက်ခေါ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"နောက်မကျလောက်ပါဘူးနော်"
သူနာရီကိုကြည့်လိုက်တော့မောင်အလုပ်ကပြန်ရောက်ဖို့ဆယ်မိနစ်လောက်လိုသေးသည်။ အခုမှပဲစိတ်ချသွားဟန်ဖြင့်အသက်တစ်ချက်ရှူထုတ်ကာခြံအနောက်ဘက်သို့လှည့်ပတ်သွားပြီးခြံထောင့်ကဇွန်ပန်းရုံအောက်မှာမြေကြီးများဖြင့်ဖြစ်သလိုထိုးသိပ်ပိတ်ဆို့ထားသောသူ့တစ်ကိုယ်ဝင်စရာအပေါက်ကလေးကိုလက်ဖြင့်ခပ်မြန်မြန်တူးဖော်ကာဖွင့်လိုက်သည်။ ဇွန်ပန်းရုံအောက်ခြေတွင်ရေမြောင်းခွေထားသဖြင့်ထိုအနီးအနားတစ်ဝိုက်မြေကြီးတို့ကစိုပွပွဖြစ်နေတာမို့အနည်းငယ်တူးလိုက်ရုံနှင့်ဝင်ပေါက်တစ်ခုအလွယ်တကူဖြစ်သွားနိုင်သည်။
"တော်သေးတယ်.. အချိန်မီပြန်ရောက်လာလို့။ ဟိုပုဂ္ဂိုလ်သာသိသွားရင်မိုးမီးလောင်မှာ"
ပါးစပ်ကလည်းပွစိပွစိရေရွတ်ရင်းကျောပိုးအိတ်ကိုလက်တစ်ဖက်ဖြင့်ပိုက်ထားရင်းကျန်တစ်ဖက်ဖြင့်ဝင်ပေါက်ကိုမြေကြီးများဖြင့်ပြန်ဖာထေးသည်။
"တော်တယ်.. ကင်ဆော့ဂျင်.. ပိရိတယ်.. သေသပ်တယ်.. လုံးဝ perfect ပဲ"
ပန်းရုံအောက်ကနေကုန်းကွပြီးထွက်ရမှာမို့ကျောပိုးအိတ်ကိုအရင်ပစ်တင်လိုက်သည်။ ထို့နောက်လက်တစ်ဖက်နှင့်မြေကြီးကိုထောက်၍အားပြုကာထဖို့အပြင်.. ခါးမတ်မတ်ပင်မဆန့်ရသေးခင်မှာပဲမျက်လုံးအောက်မှာနက်ပြောင်နေသောရှူးဖိနပ်တစ်စုံကိုမြင်လိုက်ရတာကြောင့် ဆော့ဂျင်မျက်လုံးပြူးသွား၏။ ထိုနေရာမှာပင်ခါးကုန်းကုန်းလေးနဲ့ပြန်မတ်မလာရဲဘဲငြိမ်သက်သွားသည်။
"ပြောပါဦး..ဘာတွေပိရိပြီး.. ဘာတွေသေသပ်နေတာလဲ"
မောင့်ရဲ့မျက်နှာထားကတည်တင်းနေသလိုအသံကလည်းမာထန်နေ၏။ သူက.. ရုတ်တရက်ယုံကြည်လောက်မယ့်ဆင်ခြေမျိုးဘယ်လိုပေးရမှန်းစဥ်းစားလို့မရတော့သဖြင့်မြေမှုန်တွေပေနေသည့်လက်နှင့်လည်ပင်းကိုကုတ်ဖို့လက်ရွယ်လိုက်တော့မောင်ကသူ့လက်ကိုဖတ်ခနဲလှမ်းဆွဲထားလိုက်သည်။
"မတ်မတ်အရင်ရပ်လိုက်.. ပြီးရင်မေးတာကိုဖြေ"
မောင့်အသံကပျော့ပြောင်းမှုမရှိပေမယ့်ပေနေတဲ့သူ့လက်ကိုတော့လက်ကိုင်ပုဝါနဲ့ဂရုတစိုက်သုတ်ပေးဖို့မမေ့။ သူကမောင့်ထံမှသူ့လက်ကိုမရဲတရဲရုန်းလိုက်ပြီး ကိုယ်ကိုမတ်ကာမျက်လွှာလေးချထားလိုက်သည်။
"ဘာ.. ဘာမှမဟုတ်ပါဘူး"
"ဒါဆို.. အခုဘယ်ကပြန်လာတာလဲ"
"အဲ့.. အဲ့..အဲဒါကလေ.. "
"လိမ်မယ်လို့တော့မစဥ်းစားနဲ့နော်"
မောင်ကလက်ပိုက်၍သူ့ကိုတရားခံစစ်သလိုမေးလာတော့အယူခံဝင်သည့်အနေဖြင့်မအီမလည်ပြုံးလေးပြုံးပြလိုက်သည်။
"ဟို.. ကျောင်း.. ကျောင်းပြန်တက်နေတာ"
"ဘာပြောတယ်!"
မောင်ကရုတ်တရက်ဒေါသတကြီးထအော်လိုက်တာမို့သူ့ကိုယ်လေးတွန့်ခနဲဖြစ်သွားသည်။ တဆက်တည်းမှာပဲသူကြိုတင်ခန့်မှန်းထားသလိုတုန့်ပြန်မှုမျိုးမောင့်ဆီကရလိုက်တာမို့ဝမ်းနည်းစိတ်လည်းဝင်မိသည်။ ဒီလိုတွေကန့်ကွက်ခံရမှာစိုးလို့.. မောင်အလုပ်သွားနေတဲ့အချိန်မောင်မသိအောင်ခိုးကြောင်ခိုးဝှက်ကျိတ်လုပ်ခဲ့တာ။ ဒီနေ့ကျမှမထင်မှတ်ဘဲဘူးပေါ်သလိုပေါ်ပြီး..
"တ.. တက္ကသိုလ်တက်ရဖို့က.. ငါ့အိပ်မက်မဟုတ်လား။ အဲ့ဒါ.. ဘယ်တော့ဘာဖြစ်လာမယ်ဆိုတာကြိုမသိနိုင်တဲ့လောကကြီးမှာအခွင့်အရေးရှိတုန်းလေးကိုယ်ဖြစ်ချင်တာလေးတွေလုပ်ကြည့်ချင်.. "
"ဘာဆင်ခြေမှမလိုချင်ဘူး.. အခုချက်ချင်းထွက်လိုက်"
သူ့စကားကိုဆုံးအောင်နားမထောင်ဘဲအမိန့်ပေးသလိုလေသံနဲ့ပြောလာတော့ 'ငါကအကြီးပဲ.. သူပြောတိုင်းလုပ်စရာလား' ဆိုသည့်မာနကခေါင်းပြူလာပြီးလက်သီးကိုတင်းတင်းဆုပ်လျက်မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။
"မထွက်ဘူး"
"ဘာ! ဒီမှာ..မောင်ကအသက်ကလေးနဲ့ရန်ဖြစ်ချင်လို့ပြောနေတာမဟုတ်ဘူးနော်။ အသက်ကလေးကိုစိုးရိမ်လို့.. "
"ဒါ.. စိုးရိမ်တာမဟုတ်ဘူး.. ချုပ်ချယ်တာ။ ငါပိုင်တာပဲ.. ငါပြောတာမှန်သမျှသူနာခံမှာပဲဆိုတဲ့စိတ်နဲ့အာဏာပြတာ"
"ကင်ဆော့ဂျင်.. မင်း.. မောင့်ကိုဘယ်လိုစကားမျိုးပြောလိုက်တာလဲ"
"မထွက်တော့ဘာလုပ်ချင်လဲ.. ပြော။ စိတ်ကုန်လား.. ကွာရှင်းချင်လား"
"ရား!"
မောင်ကတစ်ခုခုပြန်ပြောဖို့သူ့ရှေ့ကိုတစ်လှမ်းတိုးလာပေမယ့်ဘာတစ်ခွန်းမှမပြောဘဲသူ့မျက်နှာကိုစူးစူးရဲရဲစိုက်ကြည့်သည်။ ထို့နောက်အကြည့်ကိုလွှဲလိုက်ပြီးဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းသပ်တင်ကာသူ့ရှေ့ကချာခနဲလှည့်ထွက်သွားသည်။ ခဏအကြာမှာ.. ကြမ်းကြမ်းရမ်းရမ်းမောင်းထွက်သွားတဲ့ကားသံကိုကြားလိုက်ရ၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အခုမှနေကောင်းခါစမို့.. တစ်ခုခုပြန်မှားယွင်းသွားမှာစိုးလို့.. အေ့.. ခက်ခက်ခဲခဲနဲ့ပိုင်ဆိုင်ခွင့်ရထားတဲ့အဖိုးမဖြတ်နိုင်တဲ့.. အေ့.. ရတနာလေးမို့မျက်စိအောက်ကအပျောက်မခံဘဲပိုးမွေးသလိုမွေးပြီးစောင့်ရှောက်မယ်ဆိုရင်တောင်မလုံလောက်လို့.. အစ်.. ရွှေကြုတ်လေးထဲထည့်သိမ်းထားမတတ်ချစ်တာကို.. အစ်.. ချုပ်ချယ်တာတဲ့.. အာဏာပြတာတဲ့.. ပြောရက်လိုက်တာ.. အစ်.. အဲ့ဒါတရားသလား.. တရားလား.. လို့"
"မတရားဘူး။ ဒါပေမယ့်.. ညကြီးအချိန်မတော်သူများအိမ်မှာမူးရူးနေအောင်သောက်ပြီးမိုက်ခရိုဖုန်းကြီးကိုင်ပြီးအသံသေးအသံကြောင်နဲ့လာအော်ဟစ်နေတာကိုရော.. မတရားဘူးလို့မထင်ဘူးလား"
"ဟုတ်ပါ့.. ကိုယ့် boss ဖြစ်နေလို့သည်းခံနေတာ။ မဟုတ်ရင် National Human Rights Committee ကိုတိုင်စာပို့တယ်"
"အခုလည်း Ministry of Labour မှာသွားတိုင်လို့ရပါတယ်.. အလုပ်သမားတွေကိုအလုပ်ချိန်ပြင်ပမှာပါဝါသုံးပြီးညှဉ်းပန်းနှိပ်စက်မှုနဲ့"
ဂျီမင်းနဲ့မင်ယွန်ဂီက ရင်တွင်းခံစားချက်တို့ကိုမိုက်တစ်လုံးနှင့်အော်ဟစ်နေသည့်သူတို့ရဲ့Bossကိုစိတ်ညစ်ညူးစွာကြည့်ရင်းနှုတ်ခမ်းတွေကိုမဲ့ကာခေါင်းတခါခါဖြင့်သူတို့ရဲ့ရင်တွင်းမကျေမနပ်မှုများကိုတီးတိုးထိတ်ဖော်နေကြသည်။
"အသက်ကလေးရေ.. အသက်ကလေးရဲ့.. အစ်.. မောင့်ကို.. အစ်.. သူတို့နှစ်ယောက်ပေါင်းပြီးဝိုင်းပြောနေကြတယ်.. အသက်ကလေးရဲ့"
"အဲ့လောက်တောင်အသက်ကလေးကိုတမ်းတနေတယ်ဆိုရင်လည်း.. ပြန်လိုက်တော့လေ"
"ဘာပြောတယ်.. အစ်.. လူကိုများစွပ်စွပ်စွဲစွဲ.. ဘယ်သူမှနှင်ချလိုက်တာမဟုတ်ဘူး.. အစ်.. ကိုယ့်ခြေထောက်နဲ့ကိုယ်ဆင်းလာတာ.. အစ်"
"ဟယ်.. ငါတို့ Boss အရက်မူးပြီးနားလေးသွားပြီလား"
"မဟုတ်လောက်ပါဘူး။ ခုနကသူ့အတင်းပြောတာတော့ကြားသားပဲ"
သူတို့ရဲ့ Boss ကတော့ပြောချင်ရာပြောအော်ချင်ရာအော်ပြီးမောသွားသည်ထင်.. ဆိုဖာနောက်မှီတွင်ခေါင်းမီကာတခေါခေါဖြင့်အိပ်ပျော်သွားတော့သည်။ ဒီတော့မှပဲသူတို့နှစ်ယောက်နားအေးပါးအေးနဲ့အေးအေးချမ်းချမ်းနေခွင့်ရသွားတော့သည်။
"Jagi က ဆော့ဂျင်ရှီကိုဖုန်းဆက်ပြောထားလိုက်။ Boss ကိုခဏနေလာပို့မယ်လို့။ Boss ကအမူးပြေတာမြန်ပါတယ်.. နာရီဝက်လောက်အိပ်လိုက်ရင်အမူးပြေသွားရော"
"အင်း"
ဂျီမင်းကမင်ယွန်ဂီပြောတဲ့အတိုင်းဆော့ဂျင်ဆီဖုန်းဆက်ဖို့ပြင်လိုက်ပေမယ့်ခေါင်းထဲမှာရုတ်တရက်ပေါ်လာတဲ့အကြံတစ်ခုကြောင့်ဖုန်းမဆက်ဖြစ်တော့ဘဲသူ၏ခင်ပွန်းဖြစ်သူဘက်လှည့်ကာ..
"ဒီအတိုင်းပြန်လွှတ်လိုက်ဖို့.. အရမ်းနှမြောစရာကောင်းနေသလားလို့"
"ဒီအတိုင်းပြန်မလွှတ်လို့ဘယ်လိုလွှတ်ချင်လို့လဲ"
"လာ.. ဒီနားလာ.. ပြောပြမယ်"
ဂျီမင်းကယွန်ဂီရဲ့နား,နားကိုတိုးကပ်ကာသူ့အကြံအစည်ကိုတိုးတိုးလေးပြောပြလိုက်သည်။ ဂျီမင်းရဲ့စကားကြောင့်ယွန်ဂီရဲ့မျက်လုံးတွေပြူးကျယ်သွားပြီးနှုတ်ခမ်းတွင်လည်းအပြုံးတစ်ခုဖြစ်ထွန်းသွား၏။ ထိုအပြုံးကဖြူစင်မှုအလျဥ်းမရှိပေ။
"ဒါပေမယ့်.. ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်။ Jagi လည်းသိရဲ့သားနဲ့.. ရန်ဖြစ်ပြီးမှပြန်ချစ်ရတာ.. ရင်ခုန်စရာအကောင်းဆုံးပဲလေ"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ကျွီခနဲကားတာယာပွတ်ဆွဲသံကြောင့်အိမ်ရှေ့တံခါးမကြီးရှေ့တွင်ဒူးလေးပိုက်ရင်းတစ်ချက်ငိုက်မြည်းသွားတဲ့ဆော့ဂျင်ရဲ့ခေါင်းလေးဆတ်ခနဲမော့လာသည်။ ခါးလေးကိုမတ်ကာအပျင်းကြောဆန့်ရင်းဖုန်းကနာရီကိုအိပ်ချင်မပျယ်သေးသည့်မျက်လုံးလေးများဖြင့်မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တော့ ညသန်းခေါင် ၁၂နာရီထိုးဖို့ ၁၅မိနစ်သာလိုမှန်းသိလိုက်ရသည်။
"အသက်ကလေး.. အသက်ကလေးလား"
"မောင်"
"ဒီမှာဘာလုပ်နေတာလဲ.. အအေးတွေတော့ပက်ကုန်တော့မှာပဲ"
"မောင်ကဘာလို့အခုမှပြန်လာတာလဲ"
ငိုချလိုက်တော့မလိုရှုံ့မဲ့မဲ့မျက်နှာကလေးနဲ့အသံတုန်တုန်လေးဖြင့်ပြောရင်းသူ့ကိုပြေးဖက်လာတဲ့အသက်ကလေးကြောင့်သူ့မှာကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးဖြစ်သွားရသည်။
"အရမ်းစိတ်ဆိုးသွားလားဟင်။ မှားသွားပါတယ်.. မောင့်ကိုတမင်သက်သက်ဖုံးကွယ်ထားတာမဟုတ်ပါဘူး။ မောင်သိရင်.. ခွင့်မပြုမှာစိုးလို့.. "
"မဟုတ်တာ..မောင်ကတောင်းပန်ရမှာပါ။အသက်ကလေးကိုအော်လိုက်မိတဲ့အတွက်တောင်းပန်ပါတယ်"
"အဲ့ဒါဆို.. ခွင့်ပြုပေးလို့မရဘူးလား။ ကိုယ့်ကျန်းမာရေးကိုယ်လည်းဂရုစိုက်မယ်လေ.. နော်။ပင်ပင်ပန်းပန်းအလုပ်သွားလုပ်မှာမှမဟုတ်တာ.. ကျောင်းတက်ရုံလေးပဲလေ.. အဲ့ဒါကြောင့်.. ခွင့်ပြုပေးပါ.. နော်"
"ပြီးရော.. ဒါပေမယ့်.. ဒီတခါဆေးခန်းသွားပြရင်ဆရာဝန်ကိုအရင်မေးကြည့်မယ်။ ဆရာဝန်က.. ရတယ်ဆိုမှခွင့်ပြုမယ်.. ဟုတ်ပြီလား"
"အင်း"
အသက်ကလေးကပါးလေးတွေမို့တက်သွားသည်အထိပြုံးပြပြီးခေါင်းလေးကိုခပ်သွက်သွက်ညိတ်ပြပုံကချစ်စဖွယ်အတိပင်။ သူကအသည်းတယားယားဖြင့်ပါးမို့မို့လေးကိုလက်နှစ်ဖက်ဖြင့်အုံ့ကိုင်လိုက်တော့ပါးပြင်လေးတွေအေးစက်နေတာကိုသတိထားမိသည်။
"ပါးလေးတွေကလည်းအေးစက်နေပါလား.. မြန်မြန်.. အထဲဝင်ကြမယ်"
သူတို့နှစ်ယောက်သည်တစ်ယောက်ခါးကိုတစ်ယောက်အပြန်အလှန်ဖက်ကာပေါ့ပါးသောခြေလှမ်းများဖြင့်ကြည်ကြည်နူးနူးပြုံးရင်းအိမ်ထဲသို့ဝင်ခဲ့ကြသည်။
"မောင်.. အရက်တွေသောက်လာတာလား"
"နည်းနည်းပါ"
"ဒါဆို.. ဒီကိုဘယ်လိုပြန်လာတာလဲ"
"အတွင်းရေးမှူမင်လိုက်ပို့ပေးတာလေ"
"ဪ.. တနေကုန်ပင်ပန်းထားတယ်မဟုတ်လား။ ရေချိုးပြီးနားတော့လေ"
"အင်္ကျီကြယ်သီးလာဖြုတ်ပေးဦး.. ဘယ်လိုဖြုတ်ရမလဲမသိတော့လို့"
ဆော့ဂျင်ကဒေါသမပါသည့်မျက်စောင်းလေးတစ်ချက်ပစ်လွှတ်၍မောင့်အနားကိုသွားပြီးအင်္ကျီကြယ်သီးတွေကိုဖြုတ်ဖို့ပြင်တုန်း.. မတော်တဆမောင့်ရဲ့ရှပ်အင်္ကျီကော်လံကိုအကြည့်ရောက်မိသွားသည်။
"ဒါ.. ဒါ.. နှုတ်ခမ်းနီတွေမဟုတ်လား"
"နှုတ်ခမ်းနီ?"
အသက်ကလေးရဲ့စကားကြောင့်အင်္ကျီကော်လံကိုမြင်သာအောင်ဆွဲယူကြည့်လိုက်တော့ အသက်ကလေးပြောတဲ့အတိုင်းပင်။ ထင်းနေတဲ့နှုတ်ခမ်းနီရာကတစ်ခု၊ နှစ်ခုမကရှိနေသည်။
"ဒါတွေကဘယ်လိုလုပ်ရောက်လာတာလဲ"
"ဘယ်လိုလုပ်သိမှာလဲ.. ကိုယ့်ဘာသာကိုယ်သိပေါ့။ မှန်မှန်ပြောစမ်း.. ဘယ်တွေသွားပြီးဘာလုပ်ခဲ့လဲ"
"ဘယ်မှမသွားပါဘူး။ ညနေအိမ်ကထွက်သွားကတည်းကအတွင်းရေးမှူးမင်တို့အိမ်မှာပဲရှိနေတာပါ။အသက်ကလေးမယုံရင်ဂျီမင်းကိုဖုန်းဆက်ပြီးလှမ်းမေးကြည့်"
အသက်ကလေးကဖုန်းကိုထုတ်ကာဂျီမင်းထံသို့စပီကာဖွင့် ၍ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်ပြီးအတော်ကြာမှတစ်ဖက်ကအိပ်ချင်မူးတူးအသံဖြင့်ဖုန်းကိုင်လာသည်။ အိပ်ပျော်သွားတာလည်းမြန်လိုက်ကြတာ..သူတောင်အိမ်ပြန်ရောက်တာနာရီဝက်မပြည့်သေးဘူး.. လို့သူ့စိတ်ထဲတွင်ရေရွတ်မိသည်။
"ဟဲလို"
"ဂျီမင်းရှီ.. ဒီအချိန်ကြီးဖုန်းဆက်ရတာအားနာပါတယ်.. နော်။ မေးစရာလေးတစ်ခုရှိလို့ပါ။ ဟိုလေ.. မောင်.. အဲ.. ဂျီမင်းရှီတို့ရဲ့ boss ကဒီတညနေလုံးဂျီမင်းရှီတို့ရဲ့အိမ်မှာပဲရှိနေတယ်ဆိုတာ.. ဟုတ်လား"
"ဟင့်အင်း.. ခုနကမှ GM ကအရမ်းမူးနေတယ်.. လာခေါ်ပါဆိုပြီးကိုယ့်ယောက်ျားကို KTV မှာလာခေါ်ပါဆိုပြီးဖုန်းခေါ်... "
"ဟာ.. မဟုတ်ဘူးနော်.. အသက်ကလေး.. သူလျှောက်ပြောနေတာ.. မောင်ရှင်းပြ.. "
စကားတောင်ဆုံးအောင်ပြောခွင့်မရလိုက်ဘဲသူ့ခန္ဓာကိုယ်ကအခန်းအပြင်ဘက်သို့တွန်းထုတ်ခြင်းခံလိုက်ရတာလွင့်ခနဲ.. ကြမ်းပြင်နဲ့ခြေထောက်မထိလိုက်သလိုတောင်ခံစားလိုက်ရသည်။ တံခါးကိုလည်းဆောင့်ပိတ်ပစ်လိုက်တာဂျိန်းခနဲ.. မိုးခြိမ်းသံလားထင်ရလောက်သည်။ ကံကောင်းလို့သူ့နှာခေါင်းကိုတံခါးနဲ့မရိုက်မိလိုက်တာ..
"အသက်... "
"ကျွတ်.. ကျွတ်.. ကျွတ်.. ဖြစ်ကြပြန်ပြီ။ နားအေးပါးအေးကိုမနေရပါလား.. နော်။ ဒီ Appa နှစ်ယောက်နဲ့တော့ခက်ပါတယ်"
"ဆာရန်း.. ချစ်သမီးလေး.. တစ်ခါလေးပဲ.. တစ်ခါလေးပဲကူညီပေးစမ်းပါ"
သူကဆာရန်းရှေ့မှာမျက်နှာငယ်လေးနဲ့လက်ညှိုးလေးတစ်ထောင်ပြီးခခယယအကူအညီတောင်းမိတော့ဆာရန်းကဟင်းခနဲသက်ပြင်းချလိုက်ပြီးသူတို့အခန်းတံခါးကိုနှစ်ချက်၊ သုံးချက်ဆင့်ခေါက်လိုက်သည်။
"Appa.. ဆာရန်းပါ။ Appa တို့ရန်ဖြစ်ကြတာလား.. Appa အဆင်ပြေရဲ့လား"
ဆာရန်းရဲ့အသံကိုကြားတော့အထဲကအသက်ကလေးကသံသယကင်းစွာဖြင့်တံခါးကိုဖွင့်ပေးလာသည်။ ဒါကိုအခွင့်ကောင်းယူကာ အခန်းအတွင်းသို့အလျင်အမြန်တိုးဝင်လိုက်ပြီးအသက်ကလေးရဲ့ခန္ဓာကိုယ်လေးကိုသိမ်းကျုံးဖက်လိုက်သည်။ အသက်ကလေးကခေတ္တခဏကြောင်ငေးငေးလေးဖြစ်သွားပေမယ့်သူမှန်းသိတော့ခန္ဓာကိုယ်လေးကိုလူးလွန့်နေအောင်ရုန်းတော့သည်။ သူကရုန်းကန်နေတဲ့ခန္ဓာကိုယ်လေးကိုအတင်းအကျပ်ပွေ့ချီပြီးမွေ့ယာပေါ်ထိုင်လျက်သားလေးချပေးလိုက်သည်။
"မထိနဲ့.. လွှတ်.. လွှတ်လို့ပြောနေတယ်လေ"
မျက်နှာလေးတစ်ခုလုံးနီရဲနေအောင်ဒေါသထွက်နေတဲ့အသက်ကလေးကသူ့ရင်ဘတ်ကိုလက်သီးဆုပ်လေးတွေဖြင့်ထုရိုက်လာသည်။ ထုရိုက်လာတဲ့လက်ကလေးတွေကိုလက်ကောက်ဝတ်ကနေအတင်းဖမ်းချုပ်ထားလို့ရပေမယ့်အသက်ကလေးနာသွားမှာစိုးတာကြောင့်သူပဲအနာခံပြီးလွတ်အောင်ရှောင်ရင်းအသက်ကလေးရဲ့ကိုယ်လုံးလေးကိုဇွတ်အတင်းချုပ်ဖက်ထားလိုက်ရသည်။
"ဖယ်.. ဖယ်နော်.. လွှတ်"
"အသက်ကလေးလည်းကွာ..လက်တွေနားကုန်တော့မှာပဲ။ မောင်ပြောတာခဏလေးနားထောင်ပါဦး"
"နားမထောင်နိုင်ဘူး။ အသက်ကလေးတွေဘာတွေလာမလုပ်နဲ့.. မောင်တွေဘာတွေလည်းမခေါ်နိုင်ဘူး။ ကြားချင်သပဆိုခေါ်မယ့်.. ကောင်မတွေဆီသွား.. ထွက်သွား.. ပြန်မလာနဲ့"
"တကယ်ပြောတာပါကွာ။ ဒီနေ့တကယ်ကိုအတွင်းရေးမှူးမင်တို့ရဲ့အိမ်မှာရှိနေခဲ့တာပါ။ အသက်ကလေးမယုံရင်.. အင်း.. ဟုတ်ပြီ.. မောင့်ကားရဲ့ Black box ကိုယူပြီးစစ်ကြည့်လိုက်..မောင့်ကားကသူတို့အိမ်ရှေ့မှာပဲတနေကုန်ရပ်ထားတာ။ ဘယ်လိုလဲ.. စစ်ကြည့်ချင်လား.. သွားယူပေးရမလား"
အသက်ကလေးကအတင်းရုန်းကန်နေရာကငြိမ်ကျသွားသည်။ သူ့ကိုထုရိုက်တာတွေမလုပ်တော့ပေမယ့်မျက်နှာလေးကိုသုန်မှုန်ထားပြီးနှုတ်ခမ်းလေးစူထားသည်။
"အဲ့..အဲ့ဒါဆို.. ဂျီမင်းကဘာလို့ KTV မှာပါလို့ပြောလဲ"
"သူတို့နှစ်ယောက်ပေါင်းပြီးမောင့်ကိုသက်သက်ချွန်တာဖြစ်မှာပေါ့"
"ဘာပဲဖြစ်ဖြစ်.. မကျေနပ်ဘူး။ အိမ်ပေါ်ကဆင်းမယ်"
"အိမ်ပေါ်ကဆင်းမယ်? ပြောပါဦး.. အိမ်ပေါ်ကဆင်းပြီးဘယ်မှာသွားနေမှာလဲ"
"ဂျီမင်းတို့အိမ်မှာသွားနေတယ်"
"ဟုတ်ပါပြီ။ အဲ့ဒီ့အိမ်မှာသွားနေတယ်ပဲထားပါတော့.. သူတို့စုံတွဲကအသက်ကလေးကိုမောင့်ရဲ့အတင်းတွေဝိုင်းပြောကြမှာ။ အသက်ကလေးကသူများမကောင်းပြောကြမှာကိုခံနိုင်လို့လား"
အသက်ကလေးကတွေဝေသွားဟန်ဖြင့်မျက်မှောင်လေးကြုံ့ပြီးငြိမ်ငြိမ်လေးစဥ်းစားသည်။ သူကစိတ်လည်းမဆိုးတတ်ဘဲနဲ့စိတ်ဆိုးချင်နေရှာတဲ့သူ့ရဲ့အသက်ကလေးကိုမြတ်နိုးမဝစွာကြည့်ရင်းအတင်းဆွဲမွေ့နမ်းပစ်ချင်တဲ့စိတ်ကိုမနည်းချုပ်တီးထားရသည်။
"အမေ့အိမ်ရှိသားပဲ.. အမေ့အိမ်မှာသွားနေမှာပေါ့"
"အမေ့အိမ်? မောင့်အမေရဲ့အိမ်လား"
"အင်း"
"သေချာလည်းစဥ်းစားဦးနော်။ အသက်ကလေးကအမေ့အိမ်မှာသွားနေရင်.. မောင့်အမေကမောင့်ကိုသူ့သမက်လေးကိုစိတ်ဆင်းရဲအောင်လုပ်လို့ဆိုပြီးမောင့်ကိုအမွေဖြတ်စွန့်လွှတ်လိုက်ရင်ဘယ်လိုလုပ်မလဲ။ မောင်.. မိဘမဲ့ဖြစ်သွားမှာကိုအသက်လေးကကြည့်ရက်လို့လား"
"အဲ့ဒါဆို.. ဒီညဆာရန်းရဲ့အခန်းမှာသွားအိပ်မယ်"
"ရတယ်လေ.. ဒီည.. မောင်တို့နှစ်ယောက်ဆာရန်းနဲ့အခန်းချင်းလဲအိပ်ကြတာပေါ့"
"ဟာ.. သူနဲ့တစ်ကုတင်တည်းမအိပ်ချင်လို့သွားအိပ်ပါတယ်ဆိုမှ"
"အပိုတွေပြောမနေပါနဲ့.. မောင်မရှိဘဲအသက်ကလေးကအိပ်တတ်လို့လား"
"အရမ်းမုန်းဖို့ကောင်းတာပဲ"
"ဒါပေမယ့်မမုန်းဘူးမဟုတ်လား"
"အမြဲသူအသာချည်းပဲ"
သူကသဘောကျစွာရယ်ရင်းအသက်ကလေးရဲ့နဖူးလေးကိုနမ်းလိုက်ပြီးမျက်ဝန်းလေးတွေထဲကိုရွှန်းရွှန်းစားစားစိုက်ကြည့်လိုက်သည်။
"မောင်ကအသက်ကလေးကိုဒီလောက်သဝန်တိုတတ်လိမ့်မယ်လို့တောင်မထင်ဘူး"
"အော်.. ချစ်တတ်တယ်လေ.. ချစ်တတ်လို့သဝန်တိုတတ်တာဆန်းလား"
နှုတ်ခမ်းကိုချွန်နေအောင်စူထော်ကာမျက်စောင်းလေးဝင့်ပြီးပြောလာပုံလေးကနေရာမှာပင်တစ်ထိုင်တည်းကိုက်စားပစ်ချင်စရာကောင်းအောင်အူယားဖွယ်.. သူကအသည်းတယားယားဖြင့်အသက်ကလေးရဲ့မေးဖျားကိုမနာအောင်ခပ်ဖွဖွကိုက်လိုက်ပြီး..
"မောင့်ကိုနမ်းပါဦး"
သူ့စကားအဆုံးတွင် အသက်ကလေးကသူ့လည်ပင်းကိုလက်လေးနှစ်ဖက်ဖြင့်သိုင်းဖက်ကာသူ့နှုတ်ခမ်းတို့ကိုရင်ခုန်ရလွန်းလောက်စွာဖြည်းဖြည်းချင်းစုပ်ယူနမ်းရှိုက်လာသည်။ အသက်ကလေးခေါင်းလေးကိုဘယ်ညာတစ်လှည့်စီယိမ်းကာမွတ်သိပ်စွာနမ်း၍လျှာဖျားလေးကိုပါအသုံးပြုလာတော့သူကအသက်ကလေးဦးဆောင်တဲ့အနမ်းယာဥ်ကျောနောက်တွင်အလိုက်သင့်လေးစီးမြောလိုက်ပါနေမိရင်းသူ့အသွေးအသားဆဲလ်တစ်ထောက်ချင်းဆီတိုင်းကရ မက်ဆန္ဒတို့ဖြင့်တဟုန်းဟုန်းတောက်လောင်လာကာတောင့်တလိုအပ်ချက်များပြင်းထန်လာပါတော့သည်။ အသက်ကလေးသည်အနမ်းတစ်ခုဖြင့်ပင်သူ့ကိုအဲ့လောက်ထိထိန်းချုပ်နိုင်စွမ်းရှိလေသည်။
"တော်ပြီ.. ပင်ပန်းနေပြီ။ အိပ်တော့မယ်"
"ဟာ.. အဲ့လိုမရက်စက်နဲ့လေ.. "
"မနက်ဖြန်ကျောင်းလည်းတက်ရဦးမယ်ဆိုတော့.. အိပ်မှဖြစ်မယ်.. မောင်ရင်.. ရဲ့"
"ရား.. ကင်ဆော့ဂျင်.. ဒါ.. နောက်စရာမဟုတ်.. "
"အော.. နှင်းကျပြီ"
အသက်ကလေးကပြတင်းပေါက်ရှိရာသို့အပြေးလေးသွားပြီးတံခါးကိုဖွင့်ကာအပြင်ဘက်ကိုခေါင်းပြူကြည့်လိုက်သည်။
"မောင်.. နှင်းတွေကျနေပြီ။ ဒါ.. ဒီနှစ်အတွက်ပထမဆုံးနှင်းမဟုတ်လား.. ဟုတ်တယ်နော်.. ပထမဆုံးကျတဲ့နှင်းနော်"
ကလေးတစ်ယောက်လိုအပြင်ဘက်ကိုလက်ညှိုးတထိုးထိုးနှင့်ဝမ်းသာအားရခုန်ပေါက်နေတဲ့အသက်ကလေးရဲ့ပခုံးသိုင်းဖက်လျက်လည်တိုင်နုနုလေးကိုဖိကာနမ်းရှိုက်လိုက်ပြီး..
"Happy Birthday မောင့်ရဲ့အသက်ကလေး"
"ဒီနှစ်တော့.. မွေးနေ့ကိုချစ်ရတဲ့သူနဲ့အတူဖြတ်သန်းခွင့်ရပြီပေါ့.. နော်။ ဒါ.. အိပ်မက်မဟုတ်ဘူး.. မဟုတ်လား"
"အိပ်မက်မဟုတ်ပါဘူး.. အသက်ကလေးရယ်.. အိပ်မက်မဟုတ်ပါဘူး"
ဝန်းကျင်တစ်ခုလုံးတွင်တလက်လက်တောက်နေသောစိန်ပွင့်များနှယ်နှင်းမှုန်မွှားလေးများသည်ဖြန့်ကျက်ဝှေ့ဝင်လျက်ရှိသည်။ ကောင်းကင်၌မူတိမ်မည်းတို့ကင်းစင်နေပြီးခရီးကျူးသောတိမ်ဖြူဖြူတစ်သိုက်သာငွေလဝန်းကိုပွတ်တိုက်ဖြတ်သန်းနေကြသည်။
သူကမောင့်ပခုံးထက်ခေါင်းလေးမှီပြီးအပြင်ဘက်ကိုကြည့်လိုက်တော့.. သူတို့နှစ်ဦးကိုပြုံးကြည့်နေတဲ့ယူဂျောင်းကိုတွေ့လိုက်ရလေသည်။
THE END
︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အစအဆုံးအချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰🥰
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
လေရာင္မွိန္မွိန္တြင္နက္ျပာေရာင္ေကာင္းကင္ထက္မိုးတိမ္မဲမ်ားစု႐ုံးခ်ီတက္၍ ေလျပင္းက်ကာလွ်ပ္စီးတို႔ဝင္းဝင္းလက္ေနေသာညတစ္ညျဖစ္ပါ၏။ မိုးသီးမိုးေပါက္တို႔ကရန္စြယ္တႀကီးႏွင့္သဲသဲေဖာက္ေဖာက္က်ေရာက္လ်က္ရွိရာ အရွိန္ျဖင့္အေျပးႏွင္ေနေသာသူတို႔ကားေခါင္းမိုးေပၚသို႔မိုးေပါက္တို႔သည္ေက်ာက္ခဲႏွင့္ပစ္ေပါက္သကဲ့သို႔စင္ပက္ဝင္မွန္ေန၏။ တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာတဲ့မိုးၿခိမ္းသံႀကီးကလည္းေျမႀကီးကိုတုန္ဟီးေစလ်က္ကားမီးေရာင္မွလြဲ၍တေလာကလုံးအေမွာင္ဖုံးေန၏။ ဤကဲ့သို႔..ဆိုး႐ြားလွတဲ့ရာသီဥတုႏွင့္အၿပိဳင္သူ႕ရင္၌လည္းအပူလွိုင္းအဖုံဖုံကဝိုင္းအုံႂကြေနပါေတာ့သည္။
"အသက္ကေလး"
သူ႕ရဲ႕ေခၚသံတိုးတိုးကိုအသက္ကေလးကျပန္လည္တုံ႕ျပန္ျခင္းမျပဳပါ။ မ်က္ႏွာေလးကေသြးေရာင္မရွိေတာ့ေအာင္ျဖဴဖတ္ျဖဴေရာ္ႏွင့္ ႏႈတ္ခမ္းေတြလည္းျပာႏွမ္းေနသည္။ ႏွလုံးခုန္သံကလည္းတစ္ခ်က္တစ္ခ်က္ႏွေးႏွေးသြားတာမို႔တစ္ခုခုမ်ားျဖစ္သြားရင္.. ဆိုသည့္အေတြးကအခါမလပ္ႏွိပ္စက္လြန္းေနတာေၾကာင့္သူ႕ရင္အစုံဟာမြန္းက်ပ္လ်က္ေဆာက္တည္ရာမရနိုင္ဘဲႏွလုံးေသြးတို႔ကတဆတ္ဆတ္အတိုးျမန္လာ၏။ သူကမိုးေရတို႔ျဖင့္႐ႊဲ႐ႊဲစိုေနေသာ္လည္းပူႏြေးေနသည့္အသက္ကေလးရဲ႕ကိုယ္ေလးကိုရင္ခြင္တြင္ေပြ႕ဖက္ထားရင္းေအးစက္ေနသည့္လက္ေခ်ာင္းေလးမ်ားအား ဆုပ္ေခ်ကာမၾကာမၾကာအာေငြ႕ေပး၍ႏြေးေစလိုက္သည္။
"အတြင္းေရးမႉးမင္.. ေဆး႐ုံကိုေရာက္ဖို႔လိုေသးလား"
"ေနာက္ ၁၀ မိနစ္ေလာက္ဆိုရင္ေရာက္.. "
"ျမန္ျမန္.. ျမန္ျမန္ေလးေမာင္းစမ္းပါ"
စိတ္ေလာႀကီးစြာျဖင့္အမိန့္ေပးလိုက္ေတာ့အတြင္းေရးမႉးမင္ကသူ႕ကိုအထြန့္မတက္ဘဲကားကိုအရွိန္ထပ္ျမႇင့္လိုက္သည္။ ဒီရာသီဥတုအေျခအေနမွာကားကိုအရွိန္ျပင္းျပင္းေမာင္းေနရတာခက္ခဲမွန္းသိေပမယ့္သူ႕အတြက္တစ္စကၠန့္တိုင္းကအနိမ့္ဆုံးေမွ်ာ္လင့္ခ်က္ကိုျပည့္ဝျဖည့္ဆည္းနိုင္ဖို႔အေထာက္အကူျဖစ္ေနေတာ့လည္း..
"အသက္ကေလး"
သူေနာက္တစ္ႀကိမ္ထပ္ေခၚၾကည့္ေတာ့အသက္ကေလးရဲ႕ႏႈတ္ခမ္းေလးမ်ားကလႈပ္လာသည္။ မ်က္ေတာင္ေလးမ်ားကလည္းပင္ပန္းစြာတစ္ခ်က္ပြင့္လာၿပီးျပန္မွိတ္သြားသည္။
"အသက္ကေလး.. အသက္ကေလး.. ေမာင္ေခၚေနတယ္ေလ.. ၾကားရဲ႕လား"
သူကအသက္ကေလးရဲ႕လက္ေလးတစ္ဖက္ကိုဆုပ္ကိုင္ကာထပ္ေခၚမိေတာ့မွိတ္ဆင္းက်သြားေသာမ်က္လုံးေလးမ်ားသည္အသာအယာျပန္ဖြင့္လာသည္။ ႏႈတ္ခမ္းေလးမွာလႈပ္ရွားလာၿပီးေခၚသံတိုးတိုးညင္ညင္ေလးကိုၾကားရသည္။
"ေမာင္.. "
"ဟုတ္တယ္.. ေမာင္.. အသက္ကေလးအနားမွာေမာင္ရွိတယ္။ ထပ္ၿပီးအိပ္မေပ်ာ္သြားေစနဲ႕ေနာ္..ခဏေန.. ေဆး႐ုံေရာက္ေတာ့မွာ။ ခဏေလးပဲ.. ေတာင့္ခံေပး.. ေမာင့္အတြက္.. ဆာရန္းအတြက္.. ခဏေလးပဲ.. ေတာင့္ခံေပး.. ေနာ္"
အသက္ကေလးကသူဆုပ္ကိုင္ထားသည့္လက္ကေလးကို႐ုန္း၍သူ႕လက္ေမာင္းကိုျပန္ဆုပ္ကိုင္လိုက္၏။ထို႔ေနာက္စကားေျပာဖို႔အားယူသည့္ဟန္ျဖင့္ေသြ႕ေျခာက္ေနေသာႏႈတ္ခမ္းကိုလွ်ာေလးျဖင့္လ်က္သည္။
"ေမာင္.. "
"ရတယ္.. ရတယ္.. ျပန္မအိပ္သြားရင္ရၿပီ။ စကားမေျပာနဲ႕.. ေမာေနလိမ့္မယ္"
အသက္ကေလးကသူ႕ကိုညွိုးညွိုးႏြမ္းႏြမ္းေလးျပန္ၿပဳံးျပရွာသည္။ သူ႕လက္ေမာင္းကိုဆုပ္ကိုင္ထားေသာအသက္ကေလးရဲ႕လက္မ်ားကပိုမိုတင္းက်ပ္ၿမဲၿမံလာၿပီး..
"ဂ်ယ္.. ဟာ.. ဂ်ယ္.. ဟာ.. နဲ႕.. ေတြ႕.. ခဲ့.. တယ္"
ၾကားလိုက္ရသည့္စကားတို႔ေၾကာင့္သူ႕ေအာက္ႏႈတ္ခမ္းကိုျပတ္လုမတတ္သြားျဖင့္ခဲထားမိသည္။ ရင္ေတြလည္းတလွပ္လွပ္တုန္လာ၏။
"ဒါ.. ဒါ.. ေပ.. မယ့္.. ယူ.. ယူ..ေဂ်ာင္း.. က.. အ.. ရမ္း.. စိတ္.. ဆိုး.. ေန.. တယ္။ ဂ်ယ္.. ဟာ.. ဆီ.. ကို.. သြား.. လို႔.. တဲ့.. အဲ့.. ဒါ.. ေၾကာင့္.. "
"အသက္ကေလး"
အသက္ကေလးကစကားေတြကိုတစ္လုံးခ်င္းပင္ပန္းစြာေျပာေနရင္းမ်က္လုံးမ်ားသည္ျပန္ပိတ္က်သြားသည္။ သူ႕လက္ေမာင္းကိုဆုပ္ကိုင္ထားတဲ့လက္ကေလးသည္လည္းေျပက်သြား၏။ သို႔ေပမယ့္.. ေဖ်ာ့ေတာ့ေတာ့အၿပဳံးေလးတစ္ပြင့္သည္ေျခာက္ေသြ႕ေနေသာႏႈတ္ခမ္းေလးထက္ပြင့္လန္းက်န္ရစ္ခဲ့ေလသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဘဝဆိုတာအၿမဲထူးဆန္းအံ့ဩဖြယ္ရာေတြနဲ႕ျပည့္ႏွက္ေနတယ္ဆိုတာမေျပာလည္းသိၾကၿပီးသားျဖစ္မွာပါ။ေပ်ာ္႐ႊင္မႈေတြ၊ ဝမ္းနည္းမႈေတြ၊ တိုက္ဆိုင္မႈေတြ၊ စိတ္လႈပ္ရွားမႈေတြ၊ စိုးထိတ္မႈေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ၊ နာက်င္မႈေတြ၊ေနာင္တေတြ.. ႀကဳံရေတြ႕ရတဲ့အျခအေနအပေါ်မူတည်ပြီးဘဝဆိုတဲ့အဓိပ္ပါယ်ဟာအမျိုးမျိုးကွဲပြားေနဦးမွာပဲေလ။ လူ႕ဘဝဆိုတာကိုသစ္႐ြက္ေလးမ်ားႏွင့္ခိုင္းႏွိုင္းရမယ္ဆိုရင္..ရိုးတံတစ္ခုတည္းတြင္အလႊာငယ္ဆယ္ခုပါတဲ့စိန္ပန္း႐ြက္လိုဘဝမ်ိဳးလည္းရွိနိုင္သည္။ တစ္ညွာတြင္တစ္လႊာသာပါသည့္ေညာင္႐ြက္ကဲ့သို႔ဘဝမ်ိဳးလည္းရွိနိုင္သည္။ဒါေပမယ့္.. ႏွစ္လႊာေပါင္းမွတစ္႐ြက္ျဖစ္ခြင့္ရမည့္စြယ္ေတာ္႐ြက္လိုဘဝမ်ိဳးက်ေတာ့.. တစ္လႊာေႂကြသြားခဲ့လွ်င္..
"အသက္ကေလး.. "
အရိုးကြဲမတတ္ ခ်မ္းစိမ့္ေနေသာေဆာင္းမနက္ခင္းတြင္တစ္ေယာက္တည္းအထီးက်န္စြာနိုးထခဲ့ရ၏။ တစ္ေထာင့္တစ္ညပုံျပင္မ်ားသဖြယ္မဆုံးနိုင္ေအာင္ရွည္လ်ားလြန္းလွသည့္ေဆာင္းတြင္းအိပ္မက္ဆိုးမွအခုမွနိုးထခြင့္ရသည့္သူတစ္ေယာက္လိုေမာဟိုက္ေနကာအသက္ကိုအလုအယက္ျပင္းျပင္းရႉေနရသျဖင့္သူ၏ရင္အစုံသည္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လို႔ေနသည္။ ေျခဖ်ားလက္ဖ်ားေတြလည္းေအးေနၿပီးနဖူးေၾကာတစ္ေလွ်ာက္တြင္ေခြၽးတို႔ျဖင့္စို႐ႊဲေန၏။
"အသက္ကေလး"
ထိတ္လန့္တုန္လႈပ္ေနသည့္သူ႕ေခၚသံအဆုံးမွာရယ္သံလြင္လြင္ေလးတစ္ခုကလြင့္ပ်ံလာသည္။ သူကသက္ျပင္းကိုဟင္းခနဲတစ္ခ်က္ခ်ကာနဖူးကေခြၽးေစးတို႔ကိုအကၤ်ီလက္ျဖင့္သုတ္ရင္းေမြ႕ရာေပၚတြင္ျပန္လွဲခ်လိဳက္သည္။
"ဟာ.. ကြာ.. လန့္သြားတာပဲ။ လူက trauma ရခ်င္ေနပါတယ္ဆိုမွ"
အသက္ကေလးကေမြ႕ရာအစြန္းတြင္ေမးတင္ကာမ်က္လုံးေပါက္ေလးေတြေပ်ာက္သြားသည္အထိအားရပါးရရယ္သည္။ ၿပီးေတာ့.. ကုတင္ေပၚတြင္တင္ပါးလႊဲဝင္ထိုင္လိုက္သည္။
"အဲ့ဒီမွာဘာလုပ္ေနတာလဲ"
"ေမာင္.. အိပ္ေနတာကိုထိုင္ၾကည့္ေနတာ"
"လာ.. ဒီနားကို"
သူကအသက္ကေလးရဲ႕လက္ကေလးတစ္ဖက္ကိုအားထည့္ၿပီးဆြဲခ်လိဳက္ေတာ့အလိုက္သင့္ေလးပါလာတဲ့ကိုယ္လုံးေလးကိုဆီးႀကိဳ၍ေထြးေပြ႕ထားလိုက္သည္။
"ဒီလိုေလး.. ေပြ႕ဖက္ထားခြင့္ရဖို႔.. "
သူကစကားကိုဆက္မေျပာေသးဘဲအသက္ကေလးရဲ႕ခါးသိမ္သိမ္ေလးကိုတိုးဖက္၍နဖူးေလးကိုခပ္ဖြဖြနမ္းသည္။ သူ႕မ်က္ႏွာကိုစူးစမ္းသလိုေလးျပဴးၾကည့္ေနတဲ့မ်က္လုံးေလးေတြမွိတ္သြားေအာင္မ်က္ခြံေလးေတြကိုအသာအယာဖိကပ္နမ္းသည္။ ၿပီးေတာ့.. ပန္းေသြးေရာင္သမ္းစျပဳေနၿပီျဖစ္ေသာပါးမို႔မို႔ေလးေတြ၊ ႏွာေခါင္းလုံးလုံးေလးမွတစ္ဆင့္အနမ္းတို႔ကိုနယ္ခ်ကာစိုအိေနသည့္ႏႈတ္ခမ္းေလးထက္ၾကာရွည္စြာဖိနမ္းၿပီးမွမ်က္လုံးခ်င္းစုံေအာင္ၾကည့္လိုက္သည္။
"ဒီလိုေလး.. နမ္းခြင့္ရဖို႔.. "
ထို႔ေနာက္.. သူ႕ရင္ဘတ္ေပၚတြင္ေမွးတင္ထားေသာလက္ကေလးတစ္ဖက္ကိုဆြဲယူကာလက္ေခ်ာင္းခ်င္းယွက္၍ ဆုပ္ကိုင္ၿပီးယခုထိတိုင္ အပ္ေပါက္ရာအညိုအမဲေလးေတြတင္က်န္ဆဲရွိသည့္လက္ခုံေလးကိုသူ႕ပါးျဖင့္ညင္သာစြာပြတ္သပ္ရင္း..
"ဒီလို.. လက္ကေလးတစ္ဖက္ျဖစ္ျဖစ္ဆုပ္ကိုင္ခြင့္ရဖို႔.. ဘယ္ေလာက္ေတာင္ပင္ပန္းခဲ့ရလဲသိရဲ႕သားနဲ႕.. ေနာက္ဆိုရင္.. အေပ်ာ္သေဘာနဲ႕ေတာင္.. ေမာင့္ကို.. အဲ့လိုမစပါနဲ႕"
ေလးေလးနက္နက္ေျပာလာတဲ့ေမာင့္စကားေၾကာင့္ေဆာ့ဂ်င္၏မ်က္ဝန္းထဲတြင္တ္ဟုတ္ခ်င္းမ်က္ရည္မ်ားဝဲလာရေတာ့သည္။ အိပ္ရာနိုးနိုးခ်င္းသူ႕ကိုခဏေလာက္မေတြ႕ရ႐ုံနဲ႕ေမာင္.. ဒီေလာက္ေတာင္ခံစားသြားရလားေတြးမိေတာ့သူ႕ကိုယ္သူအျပစ္ရွိသလိုခံစားလိုက္ရသည္။ ကုန္လြန္ခဲ့သည့္ႏွစ္မ်ားသည္သူ႕အတြက္ေရာ၊ ေမာင့္အတြက္ပါအနာက်င္ရဆုံး၊ ေၾကကြဲရဆုံးႏွစ္မ်ားအျဖစ္မွတ္တမ္းတင္စရာျဖစ္ခဲ့တာမို႔.. ျဖစ္နိုင္ရင္သူ႕ေၾကာင့္ေမာင့္ကိုထပ္ၿပီးစိတ္မညစ္ေစခ်င္ေတာ့ပါ။ သူကိုယ္တိုင္လည္းႀကဳံေတြ႕ခဲ့ရတဲ့အျဖစ္ေတြကို အိပ္မက္ထဲတြင္ထည့္မက္မိမွာကိုေတာင္ေၾကာက္ပါသည္။
"ေဆာ့ဂ်င္ရွီရဲ႕white blood cell count က normal range မွာျပန္ျဖစ္သြားပါၿပီ။ အက်ိတ္ကလည္းလုံးဝေပ်ာက္သြားၿပီဆိုေတာ့ radiotherapy ခံယူဖို႔မလိုေတာ့ပါဘူး။ ဒါေပမယ့္.. က်န္ေနတဲ့ကင္ဆာဆဲလ္ေတြကိုတိုက္ထုတ္နိုင္ဖို႔ေဆာ့ဂ်င္ရွီရဲ႕ခႏၶာကိုယ္ထဲကို T-cells ထိုးေပးထားမယ္။ အင္း.. Chemotherapy ကိုေတာ့တစ္ႀကိမ္ေလာက္ဆက္ခံယူဖို႔လိုလိမ့္ဦးမယ္။ တစ္ႀကိမ္တည္းပါပဲ.. အဲ့ဒါၿပီးရင္သာမန္လူတစ္ေယာက္လိုပဲဆက္ေနနိုင္ေတာ့မွာပါ။ ကဲ.. ကြၽန္ေတာ္မေျပာခဲ့ဘူးလား.. ေဆးပညာနဲ႕ေတာင္ရွင္းျပလို႔မရနိုင္တဲ့ထူးဆန္းအံ့ဖြယ္ေတြလည္းႀကဳံလာနိုင္ပါတယ္.. လို႔"
ဆရာဝန္ရဲ႕ရွည္လ်ားတဲ့ရွင္းျပခ်က္အဆုံးမွာေမာင္ကသူ႕ကိုတင္းေနေအာင္ဖက္ၿပီးငိုသည္။ တစ္ခ်ိန္လုံးထမ္းတင္ထားရတဲ့ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခုကိုအခုမွစိတ္ေအးလက္ေအးနဲ႕လႊတ္ခ်ခြင့္ရလိုက္သလိုမ်ိဳး.. ေက်ာျပင္တစ္ခုလုံးတသိမ့္သိမ့္တုန္ေအာင္အားရပါးရရွိုက္ႀကီးတငင္ငိုသည္။ ေမာင္ဒီေလာက္ထိအသည္းအသန္ငိုတာပထမဆုံးအႀကိမ္ျမင္ဖူးတာမို႔အံ့ဩမိသလို သူ႕ေရွ႕မွာေပ်ာ့ညံ့တဲ့ပုံမျပမိေအာင္ဘယ္ေလာက္ေတာင္စိတ္တင္းထားရရွာမလဲဆိုတဲ့အေတြးတို႔ေၾကာင့္ေမာင့္ကိုသနားရလြန္းလို႔အသည္းႏွလုံးေတြေလာင္ၿမိဳက္မတတ္ပါပဲ။ အဲ့ဒီ့ေန႕ကေမာင့္ကိုဖက္ၿပီးသူလည္းေမာင္နဲ႕အတူတူလိုက္ငိုခဲ့သည္။
"ေဟာဗ်ာ.. သူပဲ လူကိုစိတ္ပူေအာင္လုပ္ၿပီးသူကအရင္ဦးေအာင္ငိုရသလား"
ေမာင္ကသူ႕နဖူးကိုလက္ညွိုးနဲ႕အသာအယာေတာက္ၿပီးၿပဳံးစစမ်က္ႏွာျဖင့္ေျပာလာေတာ့ပိုငိုခ်င္လာသည္။
"မွားသြားပါတယ္။ ေနာက္.. မျဖစ္ေစရဘူး"
"ဒီအတိုင္း.. ပါးစပ္နဲ႕ေတာင္းပန္႐ုံနဲ႕ဘယ္ရမလဲ"
ေျပာေျပာဆိုဆိုနဲ႕ေမာင္ကသူ႕ကိုယ္ေပၚကိုဆတ္ခနဲအုပ္မိုးလာၿပီးသူ႕လက္ႏွစ္ဖက္ကိုေမြ႕ရာထက္တြင္ဖိခ်ဳပ္ထားလိုက္သည္။
"ဘယ္လို..."
သူ႕ႏႈတ္ခမ္းေလးတစ္ခုလုံးၿမိဳခ်ျခင္းခံရမတတ္ဆြဲငုံျခင္းခံလိုက္ရတာေၾကာင့္စကားသံေလးေတြေပ်ာက္ဆုံးသြားရသည္။ သူ႕ႏႈတ္ခမ္းလႊာေလးဟာတစ္ခ်က္တစ္ခ်က္ဆြဲစုပ္ခံရလိုက္တိုင္းျပဳတ္ျပတ္ထြက္သြားမလားထင္ရေလာက္ေအာင္ႏူးညံ့ျခင့္အလ်ဥ္းမရွိတဲ့အနမ္းမ်ားေအာက္မွာအလူးအလဲခံေနရေပမယ့္သူ.. အသက္ထက္ခ်စ္ျမတ္နိုးရတဲ့သူကသူ႕ကိုနမ္းေနပါလားဆိုသည့္ အသိသည္သူ႕ကိုအေကာင္းမြန္ဆုံးေသာခံစားခ်က္ကိုျဖစ္တည္ေစပါသည္။
ထို႔ေၾကာင့္သူကိုယ္တိုင္လည္းတပ္မက္ဖြယ္အနမ္းတို႔ကို လက္လွမ္းမွီသေလာက္မေမာနိုင္မပန္းနိုင္တုံ႕ျပန္ေနမိပါေတာ့သည္။
"အင္း"
သူ႕၏ဝင္သက္ထြက္သက္တို႔သည္ပုံမွန္ထက္ေသြဖယ္၍ ဘယ္လိုမွအေမာဒဏ္မခံနိုင္ေတာ့တဲ့အဆုံးမွာေတာ့သူ႕ေခါင္းကိုဘယ္ညာယိမ္းၿပီးမရမကအတင္း႐ုန္းရသည္။ဒါေတာင္ရွည္လ်ားတဲ့အနမ္းတို႔ကအမွ်င္မျပတ္နိုင္စြာျဖင့္သူ႕ေအာက္ႏႈတ္ခမ္းေလးသည္ အဆုံးသတ္တြင္မညွာမတာအကိုက္ခံလိုက္ရေသးသည္။
"လုပ္လိုက္ရင္အရမ္းပဲ..ေတာ္ေတာ္ဆိုးတဲ့လူ။ ႏႈတ္ခမ္းတစ္ခုလုံးလည္းထုံေဆးမိထားတဲ့အတိုင္းပဲ.. ထိလို႔ထိမွန္းေတာင္မသိေတာ့ဘူး"
သူကမ်က္ေစာင္းထိုး၍မေက်နပ္သလိုေလးေျပာလိုက္ေတာ့ေမာင္ကၿပဳံးသည္။ ၿပီးေတာ့သူ႕ပါးေလးႏွစ္ဖက္ကိုလက္ႏွစ္ဖက္ျဖင့္ညွစ္၍စူထြက္လာေသာႏႈတ္ခမ္းလုံးလုံးေလးကိုေလး,ငါးခ်က္ေလာက္ဆင့္ကာဆင့္ကာနမ္းသည္။
"အခုေရာ.. ထိတာကိုသိၿပီလား။ မသိေသးရင္.. သိေအာင္ထပ္လုပ္ေပးမယ္"
သြားရွည္ရွည္ေလးေတြေပၚေအာင္ၿပဳံး၍မ်က္ခုံးတစ္ဖက္ပင့္ၿပီးေျပာလာပုံကအူယားစရာ။ ဒါေပမယ့္အူယားတယ္ဆိုၿပီးဘာမွသြားမစရဲ.. ဟိုကအူျပန္ယားမွာကိုခံနိုင္ရည္ရွိမွာမဟုတ္။
"ေတာ္.. ေတာ္ၿပီ.. ဖယ္လိုက္ေတာ့.. "
သူကအိပ္ရာေပၚကကုန္း႐ုန္းထဖို႔ျပင္လိုက္ေပမယ့္တင္းၾကပ္တဲ့ခ်ဳပ္ႏွောင္မႈၾကားကမလြတ္ေျမာက္နိုင္ဘဲေမြ႕ရာႏွင့္ေက်ာျပင္တသားတည္းဖိကပ္ထားျခင္းခံလိုက္ရသည္။
"ဒီလို.. လြယ္လြယ္နဲ႕ထထြက္သြားလို႔ဘယ္ရမလဲ"
"ဆာ.. ဆာရန္းမနိုးခင္မနက္စာခ်က္ရဦးမယ္"
"ရတယ္ေလ.. အဲ့ဒါဆိုလည္းမီးဖိုေခ်ာင္ထဲထိလိုက္ခ်င္႐ုံေပါ့။ ေမာင္က.. အိပ္ရာေပၚမွာပဲခ်စ္တတ္တာမဟုတ္ဘူးဆိုတာသိတယ္မဟုတ္လား"
"ရား.. "
"ေရခ်ိဳးခန္း.. မီးဖိုေခ်ာင္.. ဆိုဖာ.. စာၾကည့္ခန္း.. ႐ုံးခန္း.. ေရကူးကန္ေဘး... "
"ရား!"
"တကယ္ေတာ့.. ဒီအိမ္ရဲ႕အခန္းတိုင္းမွာအသက္ကေလးနဲ႕ခ်စ္ၾကည့္ဖို႔ကေမာင့္ရဲ႕အိပ္မက္ပဲ။ ဆာရန္းေလးကိုတစ္ရက္ေလာက္ျဖစ္ျဖစ္သူ႕အဖြားအိမ္ပို႔ထားၿပီးအိပ္မက္ကိုအေကာင္အထည္ေဖာ္ၾကည့္ရင္ေကာင္းမလား"
"တကယ္ေျပာေနတာမဟုတ္ဘူးမဟုတ္လား.. ေနာက္ေနတာမဟုတ္လား"
"မေနာက္ပါဘူး"
တကယ္လည္းေမာင့္ပုံကေနာက္ေနတဲ့ပုံမေပၚတာေၾကာင့္သူေယာင္ယမ္းၿပီးတံေတြးၿမိဳခ်လိဳက္မိသည္။
"အဲ့ဒါ.. ေရာဂါပဲ.. ဆရာဝန္ျပၾကည့္မွျဖစ္ေတာ့မယ္ထင္တယ္"
"ကိစၥမရွိပါဘူး.. ေရာဂါဆိုလည္းဘာျဖစ္လဲ။ ဒီလိုေရာဂါမ်ိဳးကိုတသက္လုံးပိုႀကီးထြားလာေအာင္ေမြးထားဦးမွာ"
ဘယ္အေပါက္ကပဲလွည့္ထြက္,လွည့္ထြက္ဒီေနရာပဲျပန္, ျပန္ေရာက္လာသျဖင့္ေဆာ့ဂ်င္တစ္ေယာက္ဘာလုပ္ရမွန္းမသိဘဲအႀကံအိုက္ေနတုန္း..
~တင္းေတာင္.. တင္းေတာင္~
"ဟယ္.. ဧည့္သည္ထင္တယ္။ ေစာေစာစီးစီး.. ဘယ္သူပါလိမ့္"
သူ႕ကိုအက်ပ္အတည္းၾကားမွကယ္တင္မည့္လူေခၚေခါင္းေလာင္းသံကိုစိတ္ထဲတြင္ အႀကိမ္ႀကိမ္ေက်းဇူးတင္ရင္းဝမ္းသာအားရျဖင့္ထထြက္ခဲ့သည္။ ေမာင္ကေတာ့သုန္မႈန္ေနသည့္မ်က္ႏွာႀကီးနဲ႕ေရခ်ိဳးခန္းထဲသို႔ေဆာင့္ႀကီးေအာင့္ႀကီးဝင္သြားေလသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အေမကေစာေစာစီးစီးသူမ်ားအိမ္ကိုဘာလာလုပ္တာလဲ"
စားရခါနီးမွပုတ္ခ်ခံလိုက္ရတာေၾကာင့္မခ်င့္မရဲစိတ္တို႔ျဖင့္ဒီကိစၥရဲ႕တရားခံအေမ့အေပၚမွာမေက်နပ္မႈေတြကိုစုၿပဳံခ်ကာထမင္းစားခန္းထဲဝင္ဝင္ခ်င္းဘုေတာပစ္လိုက္ေတာ့အေမကသူ႕ကိုႏွာေခါင္းရႈံ႕၍ မ်က္လုံးကိုေထာင့္ကပ္ၾကည့္သည္။ သူကအေမ့အၾကည့္ကိုလ်စ္လ်ဴရႈကာအသက္ကေလးရဲ႕ေဘးတြင္ဝင္ထိုင္လိုက္သည္။ အသက္ကေလးကေတာ့သူ႕ကိုတစ္ခ်က္ကေလးေတာင္လွည့္ၾကည့္ေဖာ္မရဘဲအေမျပင္ေကြၽးတဲ့မနက္စာကိုေခါင္းမေဖာ္စတမ္းစားေနသည္။
"ငါ့သားအိမ္ငါလာတာ.. ကိစၥရွိမွလာရမွာလား။ ဒီမွာငါ့သားေလးကအေမ့လက္ရာ kimchi pancake နဲ႕ ေ႐ႊဖ႐ုံသီးဆန္ျပဳတ္စားခ်င္တယ္ဆိုလို႔လာပို႔တာ"
"ဟင္.. ကြၽန္ေတာ္လည္းစားခ်င္တယ္မေျပာမိပါလား"
"ဟဲ့.. နင့္ကိုေျပာတာမဟုတ္ဘူး။ ငါ့သားေလးေဆာ့ဂ်င္ကိုေျပာတာ"
သူတို႔လက္ထပ္ခါစကေတာ့အဆင့္အတန္းမတူလို႔ သမက္အျဖစ္ေတာင္အသိအမွတ္မျပဳနိုင္ဘူး.. ဘာျဖစ္တယ္ညာျဖစ္တယ္နဲ႕ေလက်ယ္ခဲ့တဲ့မာနႀကီးၿပီးေမာက္မာတတ္တဲ့အေမကအခုက်ေတာ့လည္း 'ငါ့သားေလး ငါ့သားေလး' ဆိုတာကိုပါးစပ္ဖ်ားကမခ်။ အသက္ကေလးအတြက္အေမတစ္ေယာက္ထပ္တိုးသြားတယ္ဆိုေပမယ့္သူ႕အတြက္ကေတာ့.. အေမအစားေၾကာက္စရာေယာကၡမရလိုက္တယ္လို႔ပဲေျပာရမလားပဲ။
"ဝါး.. တကယ္ပဲ.. ေ႐ႊဖ႐ုံသီးဆန္ျပဳတ္ကေတာ့အေမ့လက္ရာကိုဘယ္သူမွမမွီဘူး"
"ဟုတ္လား.. ေတာ္ေသးတာေပါ့။မနက္က ကမန္းကတန္းခ်က္လာရတာမို႔အေပါ့အငန္ေတာင္မျမည္းခဲ့ရဘူး။ ငန္သြားမယ္ေတာင္ထင္ေနတာ"
"ဟင့္အင္း.. မငန္ပါဘူး..အေတာ္ပဲ။ အရမ္းေကာင္းတယ္။ ေနာက္တစ္ပန္းကန္ထပ္ယူလို႔ရေသးလား"
"စား.. စား.. မ်ားမ်ားစား။ အမ်ားႀကီးက်န္ေသးတယ္"
"ဟုတ္"
"နင္တို႔ကအခုမွအိပ္ရာထၾကတာလား။ငါ့ေျမးေလးေတာင္နိုးလာေတာ့မယ္။ မနက္စာလည္းဘာမွမခ်က္ရေသးဘူး။ ေတာ္ေသးတာေပါ့.. ငါေရာက္လာလို႔"
"အဲ့.. အဲ့.. ဒါက.. ဟိုေလ.. အိပ္.. အိပ္ရာထေနာက္က်သြားလို႔။ အေမ့ဘဲလ္တီးသံၾကားမွအိပ္ရာကနိုးၾကတာ"
"ေနာက္က်တယ္? ဘာလို႔လဲ.. သားေလးေနမေကာင္းဘူးလား"
"ေကာင္းပါတယ္.. ညကအိပ္ရာဝင္တာေနာက္က်လိဳ႕ပါ။ အဲ့ဒါ.. ေဂ်ာင္ကုေၾကာင့္ေပါ့.. ေစာေစာအိပ္မယ္ဆိုတာကိုအတင္းလာျမဴဆြယ္တယ္"
"ဪ.. အခုေတာ့အဲ့လိုေျပာၿပီေပါ့။ ဒီတစ္ႀကိမ္ၿပီးရင္အိပ္ပါေတာ့မယ္ဆိုတာကိုမၿပီးနိုင္မစီးနိုင္ျဖစ္ေနတာကေရာ.. ဘယ္သူလဲ"
သူတို႔ေတြအျပန္အလွန္ျငင္းခုန္ေနၾကတာကိုနားေထာင္ေနရင္းအေမ့မ်က္လုံးေတြျပဴးက်ယ္လာၿပီးမ်က္ႏွာတစ္ခုလုံးနီရဲလာသည္။
"ဟဲ့.. ဟဲ့.. ဪ.. အေမတစ္ေယာက္လုံးေရွ႕ထားၿပီး.. နင္တို႔ဘာေတြေျပာေနၾကတာလဲ"
"Game ေဆာ့တာကိုေျပာတာေလ"
"G.. game? ဪ.. Game ေဆာ့တာကိုေျပာတာကိုး"
"ဟုတ္တယ္။ အေမေတြးလိုက္တဲ့ဟာကအခုမနက္မွလုပ္ဖို႔အစပ်ိဳးတုန္းရွိေသးတယ္.. အေမေရာက္လာလို႔ပ်က္သြားတာ။ အဲ့ဒါေၾကာင့္.. ျပန္ေတာ့.. လို႔"
"ရား! ဂြၽန္ေဂ်ာင္ကု.. အေမ့ကိုဘာေတြေလွ်ာက္ေျပာေနတာလဲ"
အသက္ကေလးကသူ႕လက္ေမာင္းကိုလက္သီးဆုပ္ေလးနဲ႕လွမ္းထုရင္းမ်က္ေစာင္းေလးပါထိုး၍မာန္သလိုေလးေျပာလာေတာ့သူကပါးေဖာင္းေဖာင္းေလးကိုခ်စ္စနိုးဆြဲလိမ္လိုက္သည္။
"ေျပာမေနနဲ႕ေတာ့.. သားေလး.. သူ႕ကိုေဘးမဲ့လႊတ္ထားလိုက္ေတာ့။ စားစရာရွိတာသာဆက္စား"
"ဟုတ္ကဲ့.. အေမ"
"ဒါနဲ႕.. သားေလးကကိုယ့္ေယာက္်ားကိုယ္နာမည္ပဲေခၚတာလား"
"မဟုတ္ပါဘူး..ေမာင္လို႔ေခၚတာပါ။အသက္ကေလး..ေမာင့္အေမကၾကားခ်င္တယ္တဲ့။ ေခၚျပလိုက္ေလ.. ေမာင္.. လို႔"
"ရၿပီ.. ရၿပီ..လွ်ာရွည္ၿပီးေမးမိတဲ့ေမးခြန္းကိုျပန္႐ုတ္သိမ္းတယ္.. သိလား။ သားေလး.. ေဆာ့ဂ်င္"
"ခင္ဗ်ာ"
"ဒီအတိုင္း.. သူ႕ကို.. ေဂ်ာင္ကုလို႔ပဲဆက္ေခၚ"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ေနာက္မက်ေလာက္ပါဘူးေနာ္"
သူနာရီကိုၾကည့္လိုက္ေတာ့ေမာင္အလုပ္ကျပန္ေရာက္ဖို႔ဆယ္မိနစ္ေလာက္လိုေသးသည္။ အခုမွပဲစိတ္ခ်သြားဟန္ျဖင့္အသက္တစ္ခ်က္ရႉထုတ္ကာၿခံအေနာက္ဘက္သို႔လွည့္ပတ္သြားၿပီးၿခံေထာင့္ကဇြန္ပန္း႐ုံေအာက္မွာေျမႀကီးမ်ားျဖင့္ျဖစ္သလိုထိုးသိပ္ပိတ္ဆို႔ထားေသာသူ႕တစ္ကိုယ္ဝင္စရာအေပါက္ကေလးကိုလက္ျဖင့္ခပ္ျမန္ျမန္တူးေဖာ္ကာဖြင့္လိုက္သည္။ ဇြန္ပန္း႐ုံေအာက္ေျခတြင္ေရေျမာင္းေခြထားသျဖင့္ထိုအနီးအနားတစ္ဝိုက္ေျမႀကီးတို႔ကစိုပြပြျဖစ္ေနတာမို႔အနည္းငယ္တူးလိုက္႐ုံႏွင့္ဝင္ေပါက္တစ္ခုအလြယ္တကူျဖစ္သြားနိုင္သည္။
"ေတာ္ေသးတယ္.. အခ်ိန္မီျပန္ေရာက္လာလို႔။ ဟိုပုဂၢိုလ္သာသိသြားရင္မိုးမီးေလာင္မွာ"
ပါးစပ္ကလည္းပြစိပြစိေရ႐ြတ္ရင္းေက်ာပိုးအိတ္ကိုလက္တစ္ဖက္ျဖင့္ပိုက္ထားရင္းက်န္တစ္ဖက္ျဖင့္ဝင္ေပါက္ကိုေျမႀကီးမ်ားျဖင့္ျပန္ဖာေထးသည္။
"ေတာ္တယ္.. ကင္ေဆာ့ဂ်င္.. ပိရိတယ္.. ေသသပ္တယ္.. လုံးဝ perfect ပဲ"
ပန္း႐ုံေအာက္ကေနကုန္းကြၿပီးထြက္ရမွာမို႔ေက်ာပိုးအိတ္ကိုအရင္ပစ္တင္လိုက္သည္။ ထို႔ေနာက္လက္တစ္ဖက္ႏွင့္ေျမႀကီးကိုေထာက္၍အားျပဳကာထဖို႔အျပင္.. ခါးမတ္မတ္ပင္မဆန့္ရေသးခင္မွာပဲမ်က္လုံးေအာက္မွာနက္ေျပာင္ေနေသာရႉးဖိနပ္တစ္စုံကိုျမင္လိုက္ရတာေၾကာင့္ ေဆာ့ဂ်င္မ်က္လုံးျပဴးသြား၏။ ထိုေနရာမွာပင္ခါးကုန္းကုန္းေလးနဲ႕ျပန္မတ္မလာရဲဘဲၿငိမ္သက္သြားသည္။
"ေျပာပါဦး..ဘာေတြပိရိၿပီး.. ဘာေတြေသသပ္ေနတာလဲ"
ေမာင့္ရဲ႕မ်က္ႏွာထားကတည္တင္းေနသလိုအသံကလည္းမာထန္ေန၏။ သူက.. ႐ုတ္တရက္ယုံၾကည္ေလာက္မယ့္ဆင္ေျခမ်ိဳးဘယ္လိုေပးရမွန္းစဥ္းစားလို႔မရေတာ့သျဖင့္ေျမမႈန္ေတြေပေနသည့္လက္ႏွင့္လည္ပင္းကိုကုတ္ဖို႔လက္႐ြယ္လိုက္ေတာ့ေမာင္ကသူ႕လက္ကိုဖတ္ခနဲလွမ္းဆြဲထားလိုက္သည္။
"မတ္မတ္အရင္ရပ္လိုက္.. ၿပီးရင္ေမးတာကိုေျဖ"
ေမာင့္အသံကေပ်ာ့ေျပာင္းမႈမရွိေပမယ့္ေပေနတဲ့သူ႕လက္ကိုေတာ့လက္ကိုင္ပုဝါနဲ႕ဂ႐ုတစိုက္သုတ္ေပးဖို႔မေမ့။ သူကေမာင့္ထံမွသူ႕လက္ကိုမရဲတရဲ႐ုန္းလိုက္ၿပီး ကိုယ္ကိုမတ္ကာမ်က္လႊာေလးခ်ထားလိုက္သည္။
"ဘာ.. ဘာမွမဟုတ္ပါဘူး"
"ဒါဆို.. အခုဘယ္ကျပန္လာတာလဲ"
"အဲ့.. အဲ့..အဲဒါကေလ.. "
"လိမ္မယ္လို႔ေတာ့မစဥ္းစားနဲ႕ေနာ္"
ေမာင္ကလက္ပိုက္၍သူ႕ကိုတရားခံစစ္သလိုေမးလာေတာ့အယူခံဝင္သည့္အေနျဖင့္မအီမလည္ၿပဳံးေလးၿပဳံးျပလိုက္သည္။
"ဟို.. ေက်ာင္း.. ေက်ာင္းျပန္တက္ေနတာ"
"ဘာေျပာတယ္!"
ေမာင္က႐ုတ္တရက္ေဒါသတႀကီးထေအာ္လိုက္တာမို႔သူ႕ကိုယ္ေလးတြန့္ခနဲျဖစ္သြားသည္။ တဆက္တည္းမွာပဲသူႀကိဳတင္ခန့္မွန္းထားသလိုတုန့္ျပန္မႈမ်ိဳးေမာင့္ဆီကရလိုက္တာမို႔ဝမ္းနည္းစိတ္လည္းဝင္မိသည္။ ဒီလိုေတြကန့္ကြက္ခံရမွာစိုးလို႔.. ေမာင္အလုပ္သြားေနတဲ့အခ်ိန္ေမာင္မသိေအာင္ခိုးေၾကာင္ခိုးဝွက္က်ိတ္လုပ္ခဲ့တာ။ ဒီေန႕က်မွမထင္မွတ္ဘဲဘူးေပၚသလိုေပၚၿပီး..
"တ.. တကၠသိုလ္တက္ရဖို႔က.. ငါ့အိပ္မက္မဟုတ္လား။ အဲ့ဒါ.. ဘယ္ေတာ့ဘာျဖစ္လာမယ္ဆိုတာႀကိဳမသိနိုင္တဲ့ေလာကႀကီးမွာအခြင့္အေရးရွိတုန္းေလးကိုယ္ျဖစ္ခ်င္တာေလးေတြလုပ္ၾကည့္ခ်င္.. "
"ဘာဆင္ေျခမွမလိုခ်င္ဘူး.. အခုခ်က္ခ်င္းထြက္လိုက္"
သူ႕စကားကိုဆုံးေအာင္နားမေထာင္ဘဲအမိန့္ေပးသလိုေလသံနဲ႕ေျပာလာေတာ့ 'ငါကအႀကီးပဲ.. သူေျပာတိုင္းလုပ္စရာလား' ဆိုသည့္မာနကေခါင္းျပဴလာၿပီးလက္သီးကိုတင္းတင္းဆုပ္လ်က္မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္သည္။
"မထြက္ဘူး"
"ဘာ! ဒီမွာ..ေမာင္ကအသက္ကေလးနဲ႕ရန္ျဖစ္ခ်င္လို႔ေျပာေနတာမဟုတ္ဘူးေနာ္။ အသက္ကေလးကိုစိုးရိမ္လို႔.. "
"ဒါ.. စိုးရိမ္တာမဟုတ္ဘူး.. ခ်ဳပ္ခ်ယ္တာ။ ငါပိုင္တာပဲ.. ငါေျပာတာမွန္သမွ်သူနာခံမွာပဲဆိုတဲ့စိတ္နဲ႕အာဏာျပတာ"
"ကင္ေဆာ့ဂ်င္.. မင္း.. ေမာင့္ကိုဘယ္လိုစကားမ်ိဳးေျပာလိုက္တာလဲ"
"မထြက္ေတာ့ဘာလုပ္ခ်င္လဲ.. ေျပာ။ စိတ္ကုန္လား.. ကြာရွင္းခ်င္လား"
"ရား!"
ေမာင္ကတစ္ခုခုျပန္ေျပာဖို႔သူ႕ေရွ႕ကိုတစ္လွမ္းတိုးလာေပမယ့္ဘာတစ္ခြန္းမွမေျပာဘဲသူ႕မ်က္ႏွာကိုစူးစူးရဲရဲစိုက္ၾကည့္သည္။ ထို႔ေနာက္အၾကည့္ကိုလႊဲလိုက္ၿပီးဆံပင္ကိုၾကမ္းၾကမ္းတမ္းတမ္းသပ္တင္ကာသူ႕ေရွ႕ကခ်ာခနဲလွည့္ထြက္သြားသည္။ ခဏအၾကာမွာ.. ၾကမ္းၾကမ္းရမ္းရမ္းေမာင္းထြက္သြားတဲ့ကားသံကိုၾကားလိုက္ရ၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အခုမွေနေကာင္းခါစမို႔.. တစ္ခုခုျပန္မွားယြင္းသြားမွာစိုးလို႔.. ေအ့.. ခက္ခက္ခဲခဲနဲ႕ပိုင္ဆိုင္ခြင့္ရထားတဲ့အဖိုးမျဖတ္နိုင္တဲ့.. ေအ့.. ရတနာေလးမို႔မ်က္စိေအာက္ကအေပ်ာက္မခံဘဲပိုးေမြးသလိုေမြးၿပီးေစာင့္ေရွာက္မယ္ဆိုရင္ေတာင္မလုံေလာက္လို႔.. အစ္.. ေ႐ႊၾကဳတ္ေလးထဲထည့္သိမ္းထားမတတ္ခ်စ္တာကို.. အစ္.. ခ်ဳပ္ခ်ယ္တာတဲ့.. အာဏာျပတာတဲ့.. ေျပာရက္လိုက္တာ.. အစ္.. အဲ့ဒါတရားသလား.. တရားလား.. လို႔"
"မတရားဘူး။ ဒါေပမယ့္.. ညႀကီးအခ်ိန္မေတာ္သူမ်ားအိမ္မွာမူး႐ူးေနေအာင္ေသာက္ၿပီးမိုက္ခရိုဖုန္းႀကီးကိုင္ၿပီးအသံေသးအသံေၾကာင္နဲ႕လာေအာ္ဟစ္ေနတာကိုေရာ.. မတရားဘူးလို႔မထင္ဘူးလား"
"ဟုတ္ပါ့.. ကိုယ့္ boss ျဖစ္ေနလို႔သည္းခံေနတာ။ မဟုတ္ရင္ National Human Rights Committee ကိုတိုင္စာပို႔တယ္"
"အခုလည္း Ministry of Labour မွာသြားတိုင္လို႔ရပါတယ္.. အလုပ္သမားေတြကိုအလုပ္ခ်ိန္ျပင္ပမွာပါဝါသုံးၿပီးညွဥ္းပန္းႏွိပ္စက္မႈနဲ႕"
ဂ်ီမင္းနဲ႕မင္ယြန္ဂီက ရင္တြင္းခံစားခ်က္တို႔ကိုမိုက္တစ္လုံးႏွင့္ေအာ္ဟစ္ေနသည့္သူတို႔ရဲ႕Bossကိုစိတ္ညစ္ၫူးစြာၾကည့္ရင္းႏႈတ္ခမ္းေတြကိုမဲ့ကာေခါင္းတခါခါျဖင့္သူတို႔ရဲ႕ရင္တြင္းမေက်မနပ္မႈမ်ားကိုတီးတိုးထိတ္ေဖာ္ေနၾကသည္။
"အသက္ကေလးေရ.. အသက္ကေလးရဲ႕.. အစ္.. ေမာင့္ကို.. အစ္.. သူတို႔ႏွစ္ေယာက္ေပါင္းၿပီးဝိုင္းေျပာေနၾကတယ္.. အသက္ကေလးရဲ႕"
"အဲ့ေလာက္ေတာင္အသက္ကေလးကိုတမ္းတေနတယ္ဆိုရင္လည္း.. ျပန္လိုက္ေတာ့ေလ"
"ဘာေျပာတယ္.. အစ္.. လူကိုမ်ားစြပ္စြပ္စြဲစြဲ.. ဘယ္သူမွႏွင္ခ်လိဳက္တာမဟုတ္ဘူး.. အစ္.. ကိုယ့္ေျခေထာက္နဲ႕ကိုယ္ဆင္းလာတာ.. အစ္"
"ဟယ္.. ငါတို႔ Boss အရက္မူးၿပီးနားေလးသြားၿပီလား"
"မဟုတ္ေလာက္ပါဘူး။ ခုနကသူ႕အတင္းေျပာတာေတာ့ၾကားသားပဲ"
သူတို႔ရဲ႕ Boss ကေတာ့ေျပာခ်င္ရာေျပာေအာ္ခ်င္ရာေအာ္ၿပီးေမာသြားသည္ထင္.. ဆိုဖာေနာက္မွီတြင္ေခါင္းမီကာတေခါေခါျဖင့္အိပ္ေပ်ာ္သြားေတာ့သည္။ ဒီေတာ့မွပဲသူတို႔ႏွစ္ေယာက္နားေအးပါးေအးနဲ႕ေအးေအးခ်မ္းခ်မ္းေနခြင့္ရသြားေတာ့သည္။
"Jagi က ေဆာ့ဂ်င္ရွီကိုဖုန္းဆက္ေျပာထားလိုက္။ Boss ကိုခဏေနလာပို႔မယ္လို႔။ Boss ကအမူးေျပတာျမန္ပါတယ္.. နာရီဝက္ေလာက္အိပ္လိုက္ရင္အမူးေျပသြားေရာ"
"အင္း"
ဂ်ီမင္းကမင္ယြန္ဂီေျပာတဲ့အတိုင္းေဆာ့ဂ်င္ဆီဖုန္းဆက္ဖို႔ျပင္လိုက္ေပမယ့္ေခါင္းထဲမွာ႐ုတ္တရက္ေပၚလာတဲ့အႀကံတစ္ခုေၾကာင့္ဖုန္းမဆက္ျဖစ္ေတာ့ဘဲသူ၏ခင္ပြန္းျဖစ္သူဘက္လွည့္ကာ..
"ဒီအတိုင္းျပန္လႊတ္လိုက္ဖို႔.. အရမ္းႏွေျမာစရာေကာင္းေနသလားလို႔"
"ဒီအတိုင္းျပန္မလႊတ္လို႔ဘယ္လိုလႊတ္ခ်င္လို႔လဲ"
"လာ.. ဒီနားလာ.. ေျပာျပမယ္"
ဂ်ီမင္းကယြန္ဂီရဲ႕နား,နားကိုတိုးကပ္ကာသူ႕အႀကံအစည္ကိုတိုးတိုးေလးေျပာျပလိုက္သည္။ ဂ်ီမင္းရဲ႕စကားေၾကာင့္ယြန္ဂီရဲ႕မ်က္လုံးေတြျပဴးက်ယ္သြားၿပီးႏႈတ္ခမ္းတြင္လည္းအၿပဳံးတစ္ခုျဖစ္ထြန္းသြား၏။ ထိုအၿပဳံးကျဖဴစင္မႈအလ်ဥ္းမရွိေပ။
"ဒါေပမယ့္.. ျဖစ္ပါ့မလား"
"ျဖစ္ပါတယ္။ Jagi လည္းသိရဲ႕သားနဲ႕.. ရန္ျဖစ္ၿပီးမွျပန္ခ်စ္ရတာ.. ရင္ခုန္စရာအေကာင္းဆုံးပဲေလ"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ကြၽီခနဲကားတာယာပြတ္ဆြဲသံေၾကာင့္အိမ္ေရွ႕တံခါးမႀကီးေရွ႕တြင္ဒူးေလးပိုက္ရင္းတစ္ခ်က္ငိုက္ျမည္းသြားတဲ့ေဆာ့ဂ်င္ရဲ႕ေခါင္းေလးဆတ္ခနဲေမာ့လာသည္။ ခါးေလးကိုမတ္ကာအပ်င္းေၾကာဆန့္ရင္းဖုန္းကနာရီကိုအိပ္ခ်င္မပ်ယ္ေသးသည့္မ်က္လုံးေလးမ်ားျဖင့္မ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္လိုက္ေတာ့ ညသန္းေခါင္ ၁၂နာရီထိုးဖို႔ ၁၅မိနစ္သာလိုမွန္းသိလိုက္ရသည္။
"အသက္ကေလး.. အသက္ကေလးလား"
"ေမာင္"
"ဒီမွာဘာလုပ္ေနတာလဲ.. အေအးေတြေတာ့ပက္ကုန္ေတာ့မွာပဲ"
"ေမာင္ကဘာလို႔အခုမွျပန္လာတာလဲ"
ငိုခ်လိဳက္ေတာ့မလိုရႈံ႕မဲ့မဲ့မ်က္ႏွာကေလးနဲ႕အသံတုန္တုန္ေလးျဖင့္ေျပာရင္းသူ႕ကိုေျပးဖက္လာတဲ့အသက္ကေလးေၾကာင့္သူ႕မွာကိုယ့္ကိုယ္ကိုအျပစ္တင္မဆုံးျဖစ္သြားရသည္။
"အရမ္းစိတ္ဆိုးသြားလားဟင္။ မွားသြားပါတယ္.. ေမာင့္ကိုတမင္သက္သက္ဖုံးကြယ္ထားတာမဟုတ္ပါဘူး။ ေမာင္သိရင္.. ခြင့္မျပဳမွာစိုးလို႔.. "
"မဟုတ္တာ..ေမာင္ကေတာင္းပန္ရမွာပါ။အသက္ကေလးကိုေအာ္လိုက္မိတဲ့အတြက္ေတာင္းပန္ပါတယ္"
"အဲ့ဒါဆို.. ခြင့္ျပဳေပးလို႔မရဘူးလား။ ကိုယ့္က်န္းမာေရးကိုယ္လည္းဂ႐ုစိုက္မယ္ေလ.. ေနာ္။ပင္ပင္ပန္းပန္းအလုပ္သြားလုပ္မွာမွမဟုတ္တာ.. ေက်ာင္းတက္႐ုံေလးပဲေလ.. အဲ့ဒါေၾကာင့္.. ခြင့္ျပဳေပးပါ.. ေနာ္"
"ၿပီးေရာ.. ဒါေပမယ့္.. ဒီတခါေဆးခန္းသြားျပရင္ဆရာဝန္ကိုအရင္ေမးၾကည့္မယ္။ ဆရာဝန္က.. ရတယ္ဆိုမွခြင့္ျပဳမယ္.. ဟုတ္ၿပီလား"
"အင္း"
အသက္ကေလးကပါးေလးေတြမို႔တက္သြားသည္အထိၿပဳံးျပၿပီးေခါင္းေလးကိုခပ္သြက္သြက္ညိတ္ျပပုံကခ်စ္စဖြယ္အတိပင္။ သူကအသည္းတယားယားျဖင့္ပါးမို႔မို႔ေလးကိုလက္ႏွစ္ဖက္ျဖင့္အုံ႕ကိုင္လိုက္ေတာ့ပါးျပင္ေလးေတြေအးစက္ေနတာကိုသတိထားမိသည္။
"ပါးေလးေတြကလည္းေအးစက္ေနပါလား.. ျမန္ျမန္.. အထဲဝင္ၾကမယ္"
သူတို႔ႏွစ္ေယာက္သည္တစ္ေယာက္ခါးကိုတစ္ေယာက္အျပန္အလွန္ဖက္ကာေပါ့ပါးေသာေျခလွမ္းမ်ားျဖင့္ၾကည္ၾကည္ႏူးႏူးၿပဳံးရင္းအိမ္ထဲသို႔ဝင္ခဲ့ၾကသည္။
"ေမာင္.. အရက္ေတြေသာက္လာတာလား"
"နည္းနည္းပါ"
"ဒါဆို.. ဒီကိုဘယ္လိုျပန္လာတာလဲ"
"အတြင္းေရးမႉမင္လိုက္ပို႔ေပးတာေလ"
"ဪ.. တေနကုန္ပင္ပန္းထားတယ္မဟုတ္လား။ ေရခ်ိဳးၿပီးနားေတာ့ေလ"
"အကၤ်ီၾကယ္သီးလာျဖဳတ္ေပးဦး.. ဘယ္လိုျဖဳတ္ရမလဲမသိေတာ့လို႔"
ေဆာ့ဂ်င္ကေဒါသမပါသည့္မ်က္ေစာင္းေလးတစ္ခ်က္ပစ္လႊတ္၍ေမာင့္အနားကိုသြားၿပီးအကၤ်ီၾကယ္သီးေတြကိုျဖဳတ္ဖို႔ျပင္တုန္း.. မေတာ္တဆေမာင့္ရဲ႕ရွပ္အကၤ်ီေကာ္လံကိုအၾကည့္ေရာက္မိသြားသည္။
"ဒါ.. ဒါ.. ႏႈတ္ခမ္းနီေတြမဟုတ္လား"
"ႏႈတ္ခမ္းနီ?"
အသက္ကေလးရဲ႕စကားေၾကာင့္အကၤ်ီေကာ္လံကိုျမင္သာေအာင္ဆြဲယူၾကည့္လိုက္ေတာ့ အသက္ကေလးေျပာတဲ့အတိုင္းပင္။ ထင္းေနတဲ့ႏႈတ္ခမ္းနီရာကတစ္ခု၊ ႏွစ္ခုမကရွိေနသည္။
"ဒါေတြကဘယ္လိုလုပ္ေရာက္လာတာလဲ"
"ဘယ္လိုလုပ္သိမွာလဲ.. ကိုယ့္ဘာသာကိုယ္သိေပါ့။ မွန္မွန္ေျပာစမ္း.. ဘယ္ေတြသြားၿပီးဘာလုပ္ခဲ့လဲ"
"ဘယ္မွမသြားပါဘူး။ ညေနအိမ္ကထြက္သြားကတည္းကအတြင္းေရးမႉးမင္တို႔အိမ္မွာပဲရွိေနတာပါ။အသက္ကေလးမယုံရင္ဂ်ီမင္းကိုဖုန္းဆက္ၿပီးလွမ္းေမးၾကည့္"
အသက္ကေလးကဖုန္းကိုထုတ္ကာဂ်ီမင္းထံသို႔စပီကာဖြင့္ ၍ဖုန္းေခၚလိုက္သည္။ ဖုန္းဝင္ၿပီးအေတာ္ၾကာမွတစ္ဖက္ကအိပ္ခ်င္မူးတူးအသံျဖင့္ဖုန္းကိုင္လာသည္။ အိပ္ေပ်ာ္သြားတာလည္းျမန္လိုက္ၾကတာ..သူေတာင္အိမ္ျပန္ေရာက္တာနာရီဝက္မျပည့္ေသးဘူး.. လို႔သူ႕စိတ္ထဲတြင္ေရ႐ြတ္မိသည္။
"ဟဲလို"
"ဂ်ီမင္းရွီ.. ဒီအခ်ိန္ႀကီးဖုန္းဆက္ရတာအားနာပါတယ္.. ေနာ္။ ေမးစရာေလးတစ္ခုရွိလို႔ပါ။ ဟိုေလ.. ေမာင္.. အဲ.. ဂ်ီမင္းရွီတို႔ရဲ႕ boss ကဒီတညေနလုံးဂ်ီမင္းရွီတို႔ရဲ႕အိမ္မွာပဲရွိေနတယ္ဆိုတာ.. ဟုတ္လား"
"ဟင့္အင္း.. ခုနကမွ GM ကအရမ္းမူးေနတယ္.. လာေခၚပါဆိုၿပီးကိုယ့္ေယာက္်ားကို KTV မွာလာေခၚပါဆိုၿပီးဖုန္းေခၚ... "
"ဟာ.. မဟုတ္ဘူးေနာ္.. အသက္ကေလး.. သူေလွ်ာက္ေျပာေနတာ.. ေမာင္ရွင္းျပ.. "
စကားေတာင္ဆုံးေအာင္ေျပာခြင့္မရလိုက္ဘဲသူ႕ခႏၶာကိုယ္ကအခန္းအျပင္ဘက္သို႔တြန္းထုတ္ျခင္းခံလိုက္ရတာလြင့္ခနဲ.. ၾကမ္းျပင္နဲ႕ေျခေထာက္မထိလိုက္သလိုေတာင္ခံစားလိုက္ရသည္။ တံခါးကိုလည္းေဆာင့္ပိတ္ပစ္လိုက္တာဂ်ိန္းခနဲ.. မိုးၿခိမ္းသံလားထင္ရေလာက္သည္။ ကံေကာင္းလို႔သူ႕ႏွာေခါင္းကိုတံခါးနဲ႕မရိုက္မိလိုက္တာ..
"အသက္... "
"ကြၽတ္.. ကြၽတ္.. ကြၽတ္.. ျဖစ္ၾကျပန္ၿပီ။ နားေအးပါးေအးကိုမေနရပါလား.. ေနာ္။ ဒီ Appa ႏွစ္ေယာက္နဲ႕ေတာ့ခက္ပါတယ္"
"ဆာရန္း.. ခ်စ္သမီးေလး.. တစ္ခါေလးပဲ.. တစ္ခါေလးပဲကူညီေပးစမ္းပါ"
သူကဆာရန္းေရွ႕မွာမ်က္ႏွာငယ္ေလးနဲ႕လက္ညွိုးေလးတစ္ေထာင္ၿပီးခခယယအကူအညီေတာင္းမိေတာ့ဆာရန္းကဟင္းခနဲသက္ျပင္းခ်လိဳက္ၿပီးသူတို႔အခန္းတံခါးကိုႏွစ္ခ်က္၊ သုံးခ်က္ဆင့္ေခါက္လိုက္သည္။
"Appa.. ဆာရန္းပါ။ Appa တို႔ရန္ျဖစ္ၾကတာလား.. Appa အဆင္ေျပရဲ႕လား"
ဆာရန္းရဲ႕အသံကိုၾကားေတာ့အထဲကအသက္ကေလးကသံသယကင္းစြာျဖင့္တံခါးကိုဖြင့္ေပးလာသည္။ ဒါကိုအခြင့္ေကာင္းယူကာ အခန္းအတြင္းသို႔အလ်င္အျမန္တိုးဝင္လိုက္ၿပီးအသက္ကေလးရဲ႕ခႏၶာကိုယ္ေလးကိုသိမ္းက်ဳံးဖက္လိုက္သည္။ အသက္ကေလးကေခတၱခဏေၾကာင္ေငးေငးေလးျဖစ္သြားေပမယ့္သူမွန္းသိေတာ့ခႏၶာကိုယ္ေလးကိုလူးလြန့္ေနေအာင္႐ုန္းေတာ့သည္။ သူက႐ုန္းကန္ေနတဲ့ခႏၶာကိုယ္ေလးကိုအတင္းအက်ပ္ေပြ႕ခ်ီၿပီးေမြ႕ယာေပၚထိုင္လ်က္သားေလးခ်ေပးလိုက္သည္။
"မထိနဲ႕.. လႊတ္.. လႊတ္လို႔ေျပာေနတယ္ေလ"
မ်က္ႏွာေလးတစ္ခုလုံးနီရဲေနေအာင္ေဒါသထြက္ေနတဲ့အသက္ကေလးကသူ႕ရင္ဘတ္ကိုလက္သီးဆုပ္ေလးေတြျဖင့္ထုရိုက္လာသည္။ ထုရိုက္လာတဲ့လက္ကေလးေတြကိုလက္ေကာက္ဝတ္ကေနအတင္းဖမ္းခ်ဳပ္ထားလို႔ရေပမယ့္အသက္ကေလးနာသြားမွာစိုးတာေၾကာင့္သူပဲအနာခံၿပီးလြတ္ေအာင္ေရွာင္ရင္းအသက္ကေလးရဲ႕ကိုယ္လုံးေလးကိုဇြတ္အတင္းခ်ဳပ္ဖက္ထားလိုက္ရသည္။
"ဖယ္.. ဖယ္ေနာ္.. လႊတ္"
"အသက္ကေလးလည္းကြာ..လက္ေတြနားကုန္ေတာ့မွာပဲ။ ေမာင္ေျပာတာခဏေလးနားေထာင္ပါဦး"
"နားမေထာင္နိုင္ဘူး။ အသက္ကေလးေတြဘာေတြလာမလုပ္နဲ႕.. ေမာင္ေတြဘာေတြလည္းမေခၚနိုင္ဘူး။ ၾကားခ်င္သပဆိုေခၚမယ့္.. ေကာင္မေတြဆီသြား.. ထြက္သြား.. ျပန္မလာနဲ႕"
"တကယ္ေျပာတာပါကြာ။ ဒီေန႕တကယ္ကိုအတြင္းေရးမႉးမင္တို႔ရဲ႕အိမ္မွာရွိေနခဲ့တာပါ။ အသက္ကေလးမယုံရင္.. အင္း.. ဟုတ္ၿပီ.. ေမာင့္ကားရဲ႕ Black box ကိုယူၿပီးစစ္ၾကည့္လိုက္..ေမာင့္ကားကသူတို႔အိမ္ေရွ႕မွာပဲတေနကုန္ရပ္ထားတာ။ ဘယ္လိုလဲ.. စစ္ၾကည့္ခ်င္လား.. သြားယူေပးရမလား"
အသက္ကေလးကအတင္း႐ုန္းကန္ေနရာကၿငိမ္က်သြားသည္။ သူ႕ကိုထုရိုက္တာေတြမလုပ္ေတာ့ေပမယ့္မ်က္ႏွာေလးကိုသုန္မႈန္ထားၿပီးႏႈတ္ခမ္းေလးစူထားသည္။
"အဲ့..အဲ့ဒါဆို.. ဂ်ီမင္းကဘာလို႔ KTV မွာပါလို႔ေျပာလဲ"
"သူတို႔ႏွစ္ေယာက္ေပါင္းၿပီးေမာင့္ကိုသက္သက္ခြၽန္တာျဖစ္မွာေပါ့"
"ဘာပဲျဖစ္ျဖစ္.. မေက်နပ္ဘူး။ အိမ္ေပၚကဆင္းမယ္"
"အိမ္ေပၚကဆင္းမယ္? ေျပာပါဦး.. အိမ္ေပၚကဆင္းၿပီးဘယ္မွာသြားေနမွာလဲ"
"ဂ်ီမင္းတို႔အိမ္မွာသြားေနတယ္"
"ဟုတ္ပါၿပီ။ အဲ့ဒီ့အိမ္မွာသြားေနတယ္ပဲထားပါေတာ့.. သူတို႔စုံတြဲကအသက္ကေလးကိုေမာင့္ရဲ႕အတင္းေတြဝိုင္းေျပာၾကမွာ။ အသက္ကေလးကသူမ်ားမေကာင္းေျပာၾကမွာကိုခံနိုင္လို႔လား"
အသက္ကေလးကေတြေဝသြားဟန္ျဖင့္မ်က္ေမွာင္ေလးႀကဳံ႕ၿပီးၿငိမ္ၿငိမ္ေလးစဥ္းစားသည္။ သူကစိတ္လည္းမဆိုးတတ္ဘဲနဲ႕စိတ္ဆိုးခ်င္ေနရွာတဲ့သူ႕ရဲ႕အသက္ကေလးကိုျမတ္နိုးမဝစြာၾကည့္ရင္းအတင္းဆြဲေမြ႕နမ္းပစ္ခ်င္တဲ့စိတ္ကိုမနည္းခ်ဳပ္တီးထားရသည္။
"အေမ့အိမ္ရွိသားပဲ.. အေမ့အိမ္မွာသြားေနမွာေပါ့"
"အေမ့အိမ္? ေမာင့္အေမရဲ႕အိမ္လား"
"အင္း"
"ေသခ်ာလည္းစဥ္းစားဦးေနာ္။ အသက္ကေလးကအေမ့အိမ္မွာသြားေနရင္.. ေမာင့္အေမကေမာင့္ကိုသူ႕သမက္ေလးကိုစိတ္ဆင္းရဲေအာင္လုပ္လို႔ဆိုၿပီးေမာင့္ကိုအေမြျဖတ္စြန့္လႊတ္လိုက္ရင္ဘယ္လိုလုပ္မလဲ။ ေမာင္.. မိဘမဲ့ျဖစ္သြားမွာကိုအသက္ေလးကၾကည့္ရက္လို႔လား"
"အဲ့ဒါဆို.. ဒီညဆာရန္းရဲ႕အခန္းမွာသြားအိပ္မယ္"
"ရတယ္ေလ.. ဒီည.. ေမာင္တို႔ႏွစ္ေယာက္ဆာရန္းနဲ႕အခန္းခ်င္းလဲအိပ္ၾကတာေပါ့"
"ဟာ.. သူနဲ႕တစ္ကုတင္တည္းမအိပ္ခ်င္လို႔သြားအိပ္ပါတယ္ဆိုမွ"
"အပိုေတြေျပာမေနပါနဲ႕.. ေမာင္မရွိဘဲအသက္ကေလးကအိပ္တတ္လို႔လား"
"အရမ္းမုန္းဖို႔ေကာင္းတာပဲ"
"ဒါေပမယ့္မမုန္းဘူးမဟုတ္လား"
"အၿမဲသူအသာခ်ည္းပဲ"
သူကသေဘာက်စြာရယ္ရင္းအသက္ကေလးရဲ႕နဖူးေလးကိုနမ္းလိုက္ၿပီးမ်က္ဝန္းေလးေတြထဲကို႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္လိုက္သည္။
"ေမာင္ကအသက္ကေလးကိုဒီေလာက္သဝန္တိုတတ္လိမ့္မယ္လို႔ေတာင္မထင္ဘူး"
"ေအာ္.. ခ်စ္တတ္တယ္ေလ.. ခ်စ္တတ္လို႔သဝန္တိုတတ္တာဆန္းလား"
ႏႈတ္ခမ္းကိုခြၽန္ေနေအာင္စူေထာ္ကာမ်က္ေစာင္းေလးဝင့္ၿပီးေျပာလာပုံေလးကေနရာမွာပင္တစ္ထိုင္တည္းကိုက္စားပစ္ခ်င္စရာေကာင္းေအာင္အူယားဖြယ္.. သူကအသည္းတယားယားျဖင့္အသက္ကေလးရဲ႕ေမးဖ်ားကိုမနာေအာင္ခပ္ဖြဖြကိုက္လိုက္ၿပီး..
"ေမာင့္ကိုနမ္းပါဦး"
သူ႕စကားအဆုံးတြင္ အသက္ကေလးကသူ႕လည္ပင္းကိုလက္ေလးႏွစ္ဖက္ျဖင့္သိုင္းဖက္ကာသူ႕ႏႈတ္ခမ္းတို႔ကိုရင္ခုန္ရလြန္းေလာက္စြာျဖည္းျဖည္းခ်င္းစုပ္ယူနမ္းရွိုက္လာသည္။ အသက္ကေလးေခါင္းေလးကိုဘယ္ညာတစ္လွည့္စီယိမ္းကာမြတ္သိပ္စြာနမ္း၍လွ်ာဖ်ားေလးကိုပါအသုံးျပဳလာေတာ့သူကအသက္ကေလးဦးေဆာင္တဲ့အနမ္းယာဥ္ေက်ာေနာက္တြင္အလိုက္သင့္ေလးစီးေျမာလိုက္ပါေနမိရင္းသူ႕အေသြးအသားဆဲလ္တစ္ေထာက္ခ်င္းဆီတိုင္းကရ မက္ဆႏၵတို႔ျဖင့္တဟုန္းဟုန္းေတာက္ေလာင္လာကာေတာင့္တလိုအပ္ခ်က္မ်ားျပင္းထန္လာပါေတာ့သည္။ အသက္ကေလးသည္အနမ္းတစ္ခုျဖင့္ပင္သူ႕ကိုအဲ့ေလာက္ထိထိန္းခ်ဳပ္နိုင္စြမ္းရွိေလသည္။
"ေတာ္ၿပီ.. ပင္ပန္းေနၿပီ။ အိပ္ေတာ့မယ္"
"ဟာ.. အဲ့လိုမရက္စက္နဲ႕ေလ.. "
"မနက္ျဖန္ေက်ာင္းလည္းတက္ရဦးမယ္ဆိုေတာ့.. အိပ္မွျဖစ္မယ္.. ေမာင္ရင္.. ရဲ႕"
"ရား.. ကင္ေဆာ့ဂ်င္.. ဒါ.. ေနာက္စရာမဟုတ္.. "
"ေအာ.. ႏွင္းက်ၿပီ"
အသက္ကေလးကျပတင္းေပါက္ရွိရာသို႔အေျပးေလးသြားၿပီးတံခါးကိုဖြင့္ကာအျပင္ဘက္ကိုေခါင္းျပဴၾကည့္လိုက္သည္။
"ေမာင္.. ႏွင္းေတြက်ေနၿပီ။ ဒါ.. ဒီႏွစ္အတြက္ပထမဆုံးႏွင္းမဟုတ္လား.. ဟုတ္တယ္ေနာ္.. ပထမဆုံးက်တဲ့ႏွင္းေနာ္"
ကေလးတစ္ေယာက္လိုအျပင္ဘက္ကိုလက္ညွိုးတထိုးထိုးႏွင့္ဝမ္းသာအားရခုန္ေပါက္ေနတဲ့အသက္ကေလးရဲ႕ပခုံးသိုင္းဖက္လ်က္လည္တိုင္ႏုႏုေလးကိုဖိကာနမ္းရွိုက္လိုက္ၿပီး..
"Happy Birthday ေမာင့္ရဲ႕အသက္ကေလး"
"ဒီႏွစ္ေတာ့.. ေမြးေန႕ကိုခ်စ္ရတဲ့သူနဲ႕အတူျဖတ္သန္းခြင့္ရၿပီေပါ့.. ေနာ္။ ဒါ.. အိပ္မက္မဟုတ္ဘူး.. မဟုတ္လား"
"အိပ္မက္မဟုတ္ပါဘူး.. အသက္ကေလးရယ္.. အိပ္မက္မဟုတ္ပါဘူး"
ဝန္းက်င္တစ္ခုလုံးတြင္တလက္လက္ေတာက္ေနေသာစိန္ပြင့္မ်ားႏွယ္ႏွင္းမႈန္မႊားေလးမ်ားသည္ျဖန့္က်က္ေဝွ႕ဝင္လ်က္ရွိသည္။ ေကာင္းကင္၌မူတိမ္မည္းတို႔ကင္းစင္ေနၿပီးခရီးက်ဴးေသာတိမ္ျဖဴျဖဴတစ္သိုက္သာေငြလဝန္းကိုပြတ္တိုက္ျဖတ္သန္းေနၾကသည္။
သူကေမာင့္ပခုံးထက္ေခါင္းေလးမွီၿပီးအျပင္ဘက္ကိုၾကည့္လိုက္ေတာ့.. သူတို႔ႏွစ္ဦးကိုၿပဳံးၾကည့္ေနတဲ့ယူေဂ်ာင္းကိုေတြ႕လိုက္ရေလသည္။
THE END
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အစအဆုံးအခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰🥰