Can We Become Strangers? (✔️)

By TtalgiJinnie

84.1K 9.4K 5.3K

(Unicode) ရင်ထဲမှာသူရှိ​,မရှိ​ကိုနှလုံးသားကအလိုလိုသိ​​နေပြီးသားပဲ.. အဲ့ဒါ​ကြောင့်အ​ကြောင်းအမျိုးမျိုး​ကြောင့်... More

Prologue
Chapter- I
Chapter- II
Chapter- III
Chapter- IV
Chapter- V
Chapter- VI
Chapter- VII
Chapter- VIII
Chapter- IX
Chapter- X
Chapter- XI
Chapter- XII
Chapter- XIII
Chapter- XIV
Chapter- XV
Chapter- XVI
Chapter- XVII
Chapter- XVIII
Chapter- XIX
Chapter- XX
Chapter- XXI
Chapter- XXII
Chapter- XXIII
Chapter- XXIV
Chapter- XXV
Chapter- XXVI
Chapter- XXVII
Chapter- XXIX
Final
Epilogue
Special Chapter: How it Started

Chapter- XXVIII

1.7K 236 128
By TtalgiJinnie

"ဟင့်အင်း.. အဲ့ဒါကြီးမဆောင်းချင်ဘူး။ အဲ့ဒါကြီးနဲ့ဆိုရုပ်ဆိုးသွားမှာ"

Radiationနဲ့ကင်ဆာဆေးအပြင်းစားတို့ကြောင့်အသက်ကလေးရဲ့ဆံပင်တွေအထွေးလိုက်ကျွတ်ကုန်၏။ အဲ့ဒါကြောင့်မနက်အိပ်ရာထတိုင်းခေါင်းအုံးပေါ်နှင့်ဆေးရုံးကုတင်ဖြူဖြူပေါ်တွင်အဆုပ်လိုက်ပြန့်ကျဲနေတဲ့ဆံပင်တွေကိုမြင်တိုင်းမှန်တောင်မကြည့်ချင်တော့အောင်စိတ်ဓါတ်ကျနေတဲ့သူ့ရဲ့အသက်ကလေးအတွက်ချစ်စရာသိုးမွှေးဦးထုပ်နီနီလုံးလုံးလေးကိုသူပြင်ဆင်လာခဲ့သည်။ ဒါပေမယ့်.. အသက်ကလေးကအဲ့ဒီ့ဦးထုပ်ဆောင်းရင်လူမမာနဲ့ပိုတူသွားပြီးပိုရုပ်ဆိုးသွားမှာ.. ဆိုတဲ့အကြောင်းပြချက်ဖြင့်ဦးထုပ်ကိုအဆောင်းမခံဘဲဂျီကျနေတော့သည်။

"ရုပ်ဆိုးတယ်ဆိုတဲ့စကားကကင်ဆော့ဂျင်အတွက်မဟုတ်ဘူး။ ကင်ဆော့ဂျင်ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမှအဲ့ဒီ့စကားသုံးလို့မရဘူး"

သူကကုတင်ပေါ်မှခြေထောက်နှစ်ချောင်းကိုတွဲလောင်းချကာစူပုပ်ပုပ်လေးထိုင်နေတဲ့သူ့ရဲ့အသက်လေးကိုဦးထုပ်ဆောင်းပေးလိုက်ပြီးပါးပြင်လေးကိုလက်မဖြင့်နူးညံ့ယုယစွာပွတ်သပ်ရင်းပြောတော့အသက်ကလေးကမယုံဘူးပါဆိုတဲ့မျက်နှာလေးဖြင့်သူ့ကိုမျက်စောင်းထိုးကြည့်သည်။

"အဲ့ဒါ.. လိမ်တာ။ ဒီလောက်ကိုယ်အလေးချိန်တွေအများကြီးကျသွားတာကို.. ဘယ်လိုလုပ်ကြည့်ကောင်းပါတော့မလဲ"

"အသက်ကလေးက.. ပိန်လည်းကြည့်ကောင်းတယ်။ နဂိုကတည်းကမျက်နှာကျက သွယ်သွယ်လေးမို့လို့ပိန်သွားရင်မေးရိုးတွေပိုထင်းပြီးပိုလို့တောင်ယောက်ျားပီသသွားသေးတယ်"

"တကယ်?"

"တကယ်ပေါ့"

"ဆော့ဂျင်းနီ!!!"

အသံလာရာကိုသူတို့နှစ်ဦးတစ်ပြိုင်တည်းလှည့်ကြည့်လိုက်တော့အခန်းထဲကိုရှေ့ဆင့်နောက်ဆင့်ဝင်လာကြတဲ့ဂျီမင်းနဲ့အတွင်းရေးမှူးမင်ကိုတွေ့ရ​လေသည်။ ဂျီမင်းကထုံးစံအတိုင်းမျက်လုံးပေါက်လေးတွေပျောက်သွားအောင်ပြုံးရင်းဆော့ဂျင်ဆီသို့တန်းတန်းမတ်မတ်သွားကာတင်းကြပ်စွာဖက်၍နှုတ်ဆက်လေသည်။

"၄စက္ကန့်လောက်ဖက်ရရင်..တော်ပြီပေါ့။ လွှတ်လိုက်တော့လေ"

သူကပါးစပ်ကလည်းထုတ်ပြောရင်းသူ့ရဲ့အသက်ကလေးကိုဂျီမင်းလက်ထဲကနေဆွဲလုလိုက်တော့ဂျီမင်းကသူ့ကိုပေစောင်းစောင်းပြန်ကြည့်သည်။ အတွင်းရေးမှူးမင်ကတော့ဘာစကားမှဝင်မပြောဘဲနှုတ်ခမ်းကိုမဲ့ကာ ခေါင်းတခါခါဖြင့်လှမ်းကြည့်နေ၏။ စိတ်ထဲတွင်တော့သူ့ကိုဖဲ့ဖို့နှက်ဖို့စာတွေစီချင်စီနေမှာပေါ့။

"အမလေးဟဲ့.. တွန့်တိုလိုက်တာ။ ကာယကံရှင်ကတောင်ဘာမှမပြောဘူး"

ဂျီမင်းကသူ့ကိုမျက်စောင်းခဲ၍ပြောတော့အသက်ကလေးကအသံထွက်အောင်ရယ်သည်။ ပျောက်ဆုံးနေတာကြာပြီဖြစ်သည့် ရယ်သံလေးတွေပြန်ကြားခွင့်ရလို့ဂျီမင်းတို့ကိုကျေးဇူးတင်စိတ်ဖြစ်မိတာတော့အမှန်ပင်။

"အော.. ဦးထုပ်လေးဆောင်းထားတာပဲ။ ဇက်ကြောတွေတက်ခံပြီးထိုးရကျိုးနပ်တယ်။ ဦးထုပ်လေးကဆော့ဂျင်းနီနဲ့ကွက်တိပဲ"

"ဒီ.. ဦးထုပ်ကိုဂျီမင်းရှီထိုးထားတာလား"

"အင်း.. ဆေးရုံလာဖြစ်တဲ့နေ့မှကိုယ်တိုင်ပေးမယ်ဆိုပြီးစဥ်းစားထားတာ။ မလာဖြစ်မှာစိုးလို့GMကနေတစ်ဆင့်ပေးခိုင်းလိုက်တာ။Aigoo!ကြည့်ပါဦး..ချစ်စရာကောင်းလိုက်တာ.. ခွေးပေါက်စလေးကျနေတာပဲ"

"တကယ်လား.. တကယ်ကြည့်ကောင်းလား"

"ဒါပေါ့.. ဆော့ဂျင်းနီနဲ့အရမ်းလိုက်တယ်"

ဂျီမင်းဆီကထောက်ခံသည့်စကားကိုကြားတော့အသက်ကလေးကသူ့မျက်နှာကိုမော့ကြည့်သည်။ သူက.. 'ကဲ.. သူမပြောဘူးလား' ဆိုသည့်အထာဖြင့်မျက်ခုံးတစ်ဖက်ကိုပင့်ပြလိုက်တော့ကျေနပ်သွားဟန်ဖြင့်သွားလေးတွေပေါ်အောင်ပြုံးပြ၏။

ထိုစဥ်..

"ကင်ဆော့ဂျင်ရှီ..radiotherapy ခံယူဖို့အချိန်ကျပါပြီ"

အခန်းပြင်ကသူနာပြုဆရာမရဲ့အသံကြောင့်ပြုံးရွှင်နေတဲ့မျက်နှာလေးကညှိုးကျသွားသည်။ အံလေးကိုမသိမသာခဲ၍လက်သီးလေးဆုပ်လိုက်တာမြင်တော့သူ့ရင်ထဲမှာအောင့်ခနဲဖြစ်သွားရ၏။ ဟုတ်မှာပေါ့.. ပါးစပ်ကထုတ်မပြောပေမယ့်ရင်ဆိုင်ရဦးမယ့်နာကျင်မှုတွေကိုကြိုတွေးပြီးကြောက်လန့်နေရှာမှာပေါ့။ ကုသမှုတစ်ကြိမ်ခံယူပြီးတိုင်းသူ့ရဲ့အသက်ကလေးဝေဒနာတွေကိုဘယ်လောက်တောင်လူးလှိမ့်နေအောင်ခံစားရသလဲဆိုတာသူလည်းမျက်မြင်ကိုယ်တွေ့ပဲလေ..

သူကသက်ပြင်းတစ်ချက်တိုးတိုးချကာ အသက်ကလေးကို wheel chair ပေါ်တွင်ပြောင်းထိုင်စေ၍အမူအရာနှင့်အားပေးသည့်အနေဖြင့်ပြုံးပြပြီးပခုံးလေးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"အကြိမ်ရေလည်းဘယ်လောက်မှကျန်တော့တာမှမဟုတ်တာ။ ခဏလေးပဲ.. သည်းခံလိုက်နော်။ သိပ်မကြာခင်.. အားလုံးကောင်းသွားမှာ။ အသက်ကလေးရဲ့အနားမှာမောင်လည်းတစ်ချိန်လုံးရှိနေမှာပဲ"

အသက်က​လေးကသူ့ကို​မော့ကြည့်ပြီး ညှိုးညှိုးနွမ်း​လေးပြန်ပြုံးပြသည်။

"ဂျီမင်းရှီတို့လည်းမပြန်သေးနဲ့ဦးနော်"

"စိတ်ချ.. ဒီနေ့တနေကုန်ဆော့ဂျင်းနီအနားမှာပဲနေမှာ"

"ကဲ.. လူနာအဆင်သင့်ဖြစ်ရင်သွားကြမယ်"

သူကသူနာပြုဆရာမကိုခေါင်းညိတ်ပြလိုက်ပြီး wheel chair လေးကိုဖြည်းဖြည်းမှန်မှန်တွန်းကာအတွင်းရေးမှူးမင်နဲ့ဂျီမင်းတို့နှင့်အတူကုသဆောင်ဘက်သို့ထွက်လာခဲ့သည်။

"Boss.. အခြေအနေဘယ်လိုရှိလဲ။ အဆင်ပြေရဲ့လား"

ကုသဆောင်ရှေ့မှာထိုင်စောင့်နေခိုက်အတွင်းရေးမှူးမင်ကသူ့လက်ထဲကိုကော်ဖီတစ်ခွက်လှမ်းပေးရင်းမေးလာတော့သူကအတွင်းရေးမှူးမင်ကမ်းပေးလာသည့်ကော်ဖီခွက်ကိုယူကာတစ်ငုံသောက်လိုက်ပြီး..

"တိုးတက်လာတယ်ပဲပြောရမှာပေါ့။အခုနောက်ပိုင်းအစားလည်းနည်းနည်းပြန်ဝင်လာပါပြီ။ ပျို့တာအန်တာလည်းမဖြစ်တော့ဘူး"

"Boss ကိုမေးတာ.. Boss.. အဆင်ပြေရဲ့လားလို့"

"ငါကတော့... ဘာအဆင်မပြေစရာရှိပါ့မလဲ"

သူကအတွင်းရေးမှူးမင်ကိုဖျော့တော့တော့ပြုံးပြပြီးမတ်တပ်ထရပ်လိုက်သည်။

"အတွင်းရေးမှူးမင်နဲ့ဂျီမင်းရှီတို့ရှိနေတာနဲ့အတော်ပဲ။ ဒီမှာလည်းစားစရာတွေကုန်သလောက်ဖြစ်နေပြီဆိုတော့ဒီနားကsupermarketမှာဈေးသွားဝယ်လိုက်ဦးမယ်။ဪ.. အသက်ကလေးပြန်ထွက်လာတာနဲ့ငါ့ကိုဖုန်းဆက်နော်။ ဒီနားလေးတင်သွားမှာဆိုတော့ချက်ချင်းပြန်လာလို့ရတယ်"

"ထွက်လက်စနဲ့အိမ်ပြန်.. တရေးတမောအိပ်ပြီးမှပြန်လာခဲ့ပါလား။ ကျွန်တော်တို့လည်းရှိနေတာပဲ"

"ဟင့်အင်း.. အခုအချိန်မှာဘယ်လိုလုပ်အိမ်ပြန်ပြီးစိတ်အေးလက်အေးအိပ်နိုင်ပါ့မလဲ"

"Boss.. "

"မကြာပါဘူး.. ချက်ချင်းပြန်လာမယ်"

သူ့ကိုစိုးရိမ်သည့်အကြည့်တို့ဖြင့်ငေးငေးလေးကြည့်နေတဲ့အတွင်းရေးမှူးမင်ရဲ့ပခုံးကိုခပ်ဖွဖွပုတ်ရင်းထိုနေရာမှထွက်လာခဲ့သည်။ သူ့ခေါင်းထဲမှာတော့.. 'အဆင်ပြေလား' ဆိုတဲ့အတွင်းရေးမှူးမင်ရဲ့မေးခွန်းကတဝဲဝဲလည်လည်ဖြင့်လျှောက်ပြေးနေသည်။ ထို့ကြောင့်.. သူ့ကိုယ်သူလည်းပြန်မေးကြည့်မိ၏။

"ငါ... တကယ်ပဲအဆင်ပြေနေရဲ့လား"

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

"ဒီ ward ကြီးကစိတ်ညစ်စရာကြီးနော်..နေ့တိုင်းငိုသံတွေချည်းကြားနေရသလိုပဲ"

"ဒါကတော့..brain cancer ဆိုတာ survival rate ကအရမ်းနည်းတာကိုး"

Supermarket မှအပြန်အသက်ကလေးရဲ့အခန်းရှိရာသို့သွားနေစဥ်လမ်းတစ်လျှောက်နားစွန်နားဖျားကြားနေရသည့်သူနာပြုဆရာမများ၏တီးတိုးစကားသံများ​ကြောင့်လက်ထဲမှအထုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိသည်။ သူကိုယ်တိုင်လည်းထိုအသံတွေကိုနေ့တိုင်းလိုလိုကြားနေရပါသည်။ အဲ့လိုအချိန်မျိုးဆို.. ထိုတအင့်အင့်ရှိုက်ငိုသံ၊ ညည်းညူသံ၊ အော်ဟစ်သံတွေကိုအသက်ကလေးမကြားနိုင်အောင်သူ့မှာနည်းမျိုးစုံသုံးပြီးအာရုံလွှဲရတာအမော..

"Emergency.. တဲ့ဟေ့.. Emergency တဲ့"

"ဟာ.. အခုမှနားမလို့ကို။ ဒီတခါရော.. ဘယ်အခန်းကလဲ"

"အခန်း ၃၀၁ တဲ့.. မြန်မြန်.. မြန်မြန်"

သူ့မျက်လုံးတွေမိုက်ခနဲပြာဝေသွား၏။ကြားနေရတဲ့စကားသံတို့ကစူးရှသောလေချွန်သံလိုသူ့နားထဲကိုစီခနဲဖြတ်ပြေးသွားသလိုပင်။သူ့ကိုတွန်းတိုက်ကာအပြေးအလွှားသွားနေကြတဲ့ဆရာဝန်နဲ့သူနာပြုများရဲ့နောက်သို့တုန်တုန်ယင်ယင်ဖြင့်ထပ်ကြပ်မကွာပြေးလိုက်သွားမိသည်။

"အသက်ကလေး"

အခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပြိုလဲလုမတတ်ဖြစ်သွားသည့်သူ့ကိုယ်ကိုတံခါးဘောင်ကိုကိုင်၍ ထိန်းလိုက်နိုင်သော်လည်း သူ၏ရင်အစုံကတော့မခံမရပ်နိုင်အောင်လှုပ်ရှားနာကျင်လွန်းနေရ၏။ အသက်ကလေးကကြမ်းပြင်ပေါ်တွင်လဲကျနေပြီးလူတွေအများကြီးဝိုင်းချုပ်ထားသည့်ကြားကသေးသွယ်တဲ့ခန္ဓာကိုယ်လေးကတဆတ်ဆတ်တုန်ခါနေပြီးမျက်ဆံတွေကအ​ပေါ်လိပ်တက်သွားကာနှာ​ခေါင်း၊ပါးစပ်တို့မှနှာရည်များနှင့်သွားရည်များအဆက်မပြတ်ထွက်ကျလာ၏။ ဆရာဝန်တစ်​ဦးကအသက်က​လေးရဲ့ဗိုက်​ပေါ်တွင်ခွထိုင်၍သတိလက်လွတ်လျှာမကိုက်မိ​စေရန်ပါးစပ်ထဲသို့လက်ညှိုးဖြင့်ထိုးသွင်းထားစဥ် ကျန်တဲ့ဆရာဝန်နဲ့သူနာပြုများကမနားတမ်းလှုပ်ခါ​နေတဲ့ခန္ဓာကိုယ်​လေးကိုချုပ်ထားလျက်​ပင်ဆေးထိုးဖို့ပြင်ဆင်​နေ၏။

ထိုကဲ့သို့မြင်ကွင်းတို့ကိုကြည့်နေရင်းရင်ဘတ်တွေအောင့်တက်လာပြီးမျက်ဝန်းအိမ်တွင်မျက်ရည်များကဝေ့ခြင်း၊ ပြည့်ခြင်းတို့ကိုမြန်ဆန်စွာဖြတ်သန်းလျက်ပါးပြင်ပေါ်သို့တသောသောသွန်ကျလာ၏။ တာကျိုးသလိုစီးကျလာတဲ့မျက်ရည်များကိုသူမဖယ်ရှားမသုတ်မိ.. ဖယ်ရှားသုတ်နိုင်စွမ်းလည်းမရှိ။ ဘယ်လိုမှမခံစားနိုင်တော့သည့်အဆုံးမှာ.. ထိုနေရာမှသူပြေးထွက်ခဲ့သည်.. မရပ်မနားပြေးထွက်ခဲ့သည်။

"Boss"

အခုအချိန်မှာသူ့အတွေးထဲမှာသူ့ကိုယ်သူအသားနာအောင်တစ်ခုခုလုပ်ပစ်လိုက်ချင်သည်။ ဖြစ်နိုင်ရင်သူ့တစ်ကိုယ်လုံးကိုရစရာမရှိအောင်ဓါးဖြင့်မွှန်းပစ်လိုက်ချင်သည်။

"အားးး"

တလိပ်လိပ်ဆောင့်တက်လာတဲ့မချိမဆန့်ဝေဒနာတွေကိုအော်သံတွေအဖြစ်ဖောက်ခွဲထုတ်ပစ်လိုက်၏။ ထို့နောက်.. သူ့ရဲ့မျက်စိရှေ့ကနံရံကိုလက်သီးဖြင့်အညှိုးတကြီးပြေးထိုးပစ်သည်။လက်ဆစ်တွေပေါက်ပြဲပြီးသွေးတွေဖွာခနဲထွက်ကျလာသည်အထိထိုးပစ်သည်။ နာကျင်တာကိုခံစားလို့မရနိုင်တော့လောက်အောင်လက်တွေထုံကျင်လာသည်အထိမနားတမ်းထိုးပစ်သည်။ ဒီလောက်လေးနာတာဘာအရေးလဲ.. ဒီဒဏ်ရာလောက်ကတော့ဆေးလိမ်းလိုက်ရုံနဲ့ပျောက်သွားမှာပဲ။ဒါပေမယ့်သူ့အသက်ကလေးကတော့...

"Boss.. boss.. တော်တော့.. သွေးတွေအရမ်းထွက်နေပြီ"

အတွင်းရေးမှူးမင်ကသူ့အနားကိုရောက်လာကာသူ့လက်ကိုအတင်းဆွဲချုပ်သည်။

"Boss"

သူကရုန်းကန်ခြင်းမပြုတော့ဘဲအတွင်းရေးမှူးမင်ကိုတင်းကြပ်စွာဖက်၍ကျောပြင်တွေတသိမ့်သိမ့်တုန်အောင်လှိုက်လှိုက်လှဲလှဲရှိုက်ငိုမိသည်။

"အဆင်မပြေဘူး.. ယွန်းဂီ hyung.. ကျွန်တော်.. အရမ်းပင်ပန်းနေပြီ"

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဆော့ဂျင်အိပ်ရာမှနိုးနိုးချင်းကုတင်ပေါ်မှာငုတ်တုတ်လေးထထိုင်ကြည့်လိုက်တော့အရင်နှင့်မတူဘဲသူ့ခန္ဓာကိုယ်ကအနည်းငယ်ပေါ့ပါးနေတာကိုသူသတိထားမိသည်။ ဒါပေမယ့်အားပြတ်သလိုခြေတွေလက်တွေမသယ်ချင်လောက်အောင်ပင်ပန်းထုံထိုင်းနေတဲ့ခံစားချက်ကြီးကတော့ရှိနေသေးသည်။

"ဆော့ဂျင်းနီနိုးလာပြီလား။ ဘာလို့မပြောမဆိုနဲ့ထလာတာလဲ။ ဘယ်လိုနေသေးလဲ.. သက်သာရဲ့လား"

သူ့အနားကိုကမန်းကတန်းအပြေးရောက်လာတဲ့ဂျီမင်းကိုမြင်တော့သူ့မျက်လုံးလေးတွေပြူးဝိုင်းသွားသည်။ ဂျီမင်းရဲ့အမေးစကားကိုပြန်မတုံ့ပြန်သေးဘဲအခန်းတစ်ပတ်ကိုအရင်မျက်လုံးဝေ့ပြီးကြည့်လိုက်သည်။ အခန်းထဲတွင်သူနဲ့ဂျီမင်းကလွဲပြီးတခြားမည်သူမျှရှိမနေ။ သူ.. ကိုယ့်ကိုယ်ကိုသတိမထားမိခင်မှာပဲမျက်မှောင်ကြုံ့၍နှုတ်ခမ်းအရင်စူမိသွားသည်။ အနားမှာတစ်ချိန်လုံးရှိပေးပါ့မယ်ပြောပြီးအိပ်ရာနိုးနိုးချင်းသူ့အနားမှာရှိမနေတာကိုမကျေနပ်ချင်။

"GM.. အိမ်ခဏပြန်သွားတယ်။ ခဏနေရင်.. ပြန်လာမှာပါ"

ဂျီမင်းကသူ့အရိပ်အကဲကိုနားလည်ဟန်ဖြင့်ပြောလာတော့သူကဂျီမင်းကိုပြုံးပြပြီးခေါင်းကိုဖြည်းညင်းစွာညိတ်ပြလိုက်သည်။ စိတ်ထဲမှာတော့ဒေါသအစိုင်အခဲတစ်ချို့ကရှိနေတုန်းပင်။ အိမ်ပြန်တာအပြစ်မဟုတ်ပေမယ့်အနည်းဆုံးတော့သူနိုးလာတာကိုစောင့်ကြည့်ပြီးမှပြန်သင့်တာပေါ့.. ပြန်လာရဲပြန်လာကြည့်မှတ်လောက်သားလောက်ရှိအောင်စိတ်ကောက်ပစ်ဦးမယ်.. လို့စိတ်ထဲကနေမကျေမချမ်းရေရွတ်နေမိသည်။ ကိုယ့်အတွေးနဲ့ကိုယ်ငေးငိုင်နေမိသည့်သူ.. ဂျီမင်းကသူ့ပါးပြင်လေးကိုလက်နှစ်ဖက်အုပ်ကိုင်လာမှဂျီမင်းရဲ့မျက်နှာကိုမျက်လုံးလှန်ပြီးကြည့်မိသည်။

"မျက်နှာလေးလန်းနေလို့တော်သေးတာပေါ့။ ခုနတုန်းကအရမ်းလန့်သွားတာပဲ.. GM ဆိုရင်.. "

ဂျီမင်းကပြောနေတုန်းတန်းလန်းအရှိန်ထိန်းလိုက်ဟန်ဖြင့်အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။ ထူးထူးခြားခြားအမြဲပြုံးရွှင်နေတတ်သည့်ဂျီမင်းရဲ့မျက်နှာလေးကနွမ်းသယောင်ယောင်ဖြစ်နေသည်။ သူပဲစိတ်ထင်လို့ပဲလားမသိ.. မျက်လုံးတွေကမို့အစ်နေပြီးငိုထားသည့်ပုံပေါ်နေ၏။

"ခုနတုန်းက? ခုနတုန်းကကျွန်တော်တစ်ခုခုဖြစ်သေးလို့လား"

"ဟင့်အင်း.. ဘာမှမဖြစ်ပါဘူး။ GM ကဆော့ဂျင်းနီစားဖို့တဲ့ blueberry တွေဝယ်ပေးသွားတယ်။ blueberry ကbrain tumorအတွက်အကောင်းဆုံးပဲတဲ့။ မှတ်ဉာဏ်တွေကိုလည်းပြန်ကောင်းစေတယ်တဲ့။ စားချင်လား"

"အင်း.. ချိုချိုချဥ်ချဥ်လေးတွေစားချင်နေတာနဲ့အတော်ပဲ။ ဒါနဲ့.. ဂျီမင်းရှီ..ကျွန်တော့်ကိုရေလေးတစ်ခွက်လောက်အရင်ယူပေးလို့ရမလား.. ရေတအားငတ်နေလို့"

"ယူပေးမယ်နော်.. ခဏ.. ဪ.. ရေကုန်နေတာပဲ"

"ဒုတိယထပ်မှာရေသွားဖြည့်လို့ရတယ်.. ကျွန်တော်ကရေခဲရေသောက်လို့မရလို့"

"အဲ့ဒါဆို.. ခဏနော်.. မြန်မြန်ဖြည့်ပြီးပြန်လာခဲ့မယ်"

ဂျီမင်းထွက်သွားတော့အခန်းထဲမှာသူတစ်ယောက်ပဲတိတ်တိတ်ဆိတ်ဆိတ်ကျန်နေခဲ့သည်။ သူကကုတင်ပေါ်တွင်ထိုင်လျက်တဖျပ်ဖျပ်တိုက်နေသောလေကြောင့်လူးလွန့်နေသောအပင်တို့ကိုပြတင်း​ပေါက်မှတစ်ဆင့်အမှတ်တမဲ့ငေးကြည့်နေရင်း ရုတ်တရက်တစ်ဖက်ခန်းမှဂျယ်ဟာဆိုသည့်ကောင်လေးကသူ့အတွေးထဲမှာပေါ်လာ၏။ မကြာမီဆေးရုံကဆင်းရတော့မယ့်ဂျယ်ဟာကို.. ဆေးရုံကမဆင်းခင်နှုတ်ဆက်စကားလေးတော့သွားပြောဦးမှပဲလေ.. လို့တွေးမိပြီးဒယိမ်းဒယိုင်ဖြင့်ကုတင်ပေါ်မှဆင်းလိုက်သည်။

"ဂျယ်ဟာ... ဂျယ်ဟာ.. ဂျယ်ဟာ"

သူအခန်းတံခါးကိုဖွင့်ဖို့လက်လှမ်းရုံရှိသေး.. အပြင်ဘက်မှဂျယ်ဟာရဲ့နာမည်ကိုတကြော်ကြော်ခေါ်ရင်းအော်ဟစ်ငိုယိုသံတွေကနားထဲအရင်ဝင်လာ၏။ သူလည်းဂျယ်ဟာတစ်ခုခုများဖြစ်သလားဟုသိချင်ဇောဖြင့်တံခါးကိုအလျင်အမြန်ဖွင့်ကြည့်လိုက်တော့.. အဝတ်ဖြူအုပ်ထားသည့်ခန္ဓာကိုယ်ကိုဂျယ်ဟာရဲ့အခန်းမှသယ်ထုတ်လာတာကိုမြင်တွေ့လိုက်ရသည်။

"မခေါ်သွားပါနဲ့.. ကျွန်မသားလေးကိုမခေါ်သွားကြပါနဲ့.. တောင်းပန်ပါတယ်။ ကျွန်မသားလေးကအခုမှငယ်ငယ်လေးပဲရှိသေးတာ.. ရှေ့ဆက်ပြီးလုပ်စရာတွေအများကြီးရှိသေးတယ်။ ကျေးဇူးပြုပြီး.. ခေါ်မသွားကြပါနဲ့.. "

"ဂျယ်.. ဂျယ်ဟာက.. "

အသည်းအသန်ငိုကြွေးနေတဲ့ဂျယ်ဟာရဲ့အမေကိုကြည့်ပြီးသူ့ရင်ထဲမှာစို့နင့်လာသည်။ ချက်ချင်းဆိုသလို.. မျက်ရည်တွေကမျက်ဝန်းထဲမှာပြည့်လျှံလာ၏။

"ခွဲစိတ်တာအောင်မြင်တယ်တဲ့.. မကြာခင်ဆေးရုံကဆင်းရတော့မယ်တဲ့"

"ကျွန်တော်ကoncologistအရမ်းဖြစ်ချင်တာ။ကျွန်တော် oncologist ဖြစ်ရင် ကျွန်တော့်လိုကင်ဆာရောဂါသည်တွေကိုအခမဲ့ကုသပေးမှာ"

မျှော်လင့်ချက်တွေနဲ့အရောင်တောက်နေတဲ့မျက်လုံးလေးတွေ၊ ရည်မှန်းချက်အပြည့်နဲ့တက်ကြွနေတဲ့စကားသံလေးတွေကိုပြန်ကြားယောင်လာပြီးလူကယိုင်လဲချင်လာသည်။

"အမလေး.. ဂျယ်ဟာရဲ့.. ဂျယ်ဟာ.."

ငိုကြွေးသံတွေကိုကြောက်ရွံ့စွာနားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားလိုက်သည်။ သေချင်တရားဆိုတာအချိန်မရွေးရောက်လာမှာပါလား.. သူ့မှာကျိန်းသေအသက်ရှင်ပါ့မယ်အာမခံချက်မရှိပါလား.. အသက်ရှင်ဖို့တောင်မသေချာဘဲနဲ့အပြင်းစားကုသမှုတွေကိုခံယူနေရတဲ့သူ့ဘဝကိုစိတ်နာလာသည်။ မတရားဘူးလို့လည်းထင်မိသည်။

"ဂျယ်ဟာ.. အမေ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့"

နားနှစ်ဖက်ကိုပိတ်ထားသော်လည်းအသံတွေကသူသွားရာနောက်ကိုထပ်ကြပ်မကွာလိုက်လာသလိုလို..ထို့ကြောင့်.. သူ.. အသံတွေနဲ့ဝေးရာကိုထွက်ပြေးမိတော့၏။ ခွန်အားရှိသလောက်ခြေထောက်တို့ကိုကြိုးစားသယ်၍ဘယ်နေရာပဲဖြစ်ဖြစ်.. ရောက်ချင်ရာရောက်ပါစေဆိုသည့်စိတ်ဖြင့်နောက်ကိုလှည့်မကြည့်စတမ်းယိုင်နဲ့နဲ့ဖြင့်လျှောက်သွားနေမိသည်။

လူတွေကြား.. ကားတွေကြား.. အဆောက်အဦးတွေကြားတိုးဝှေ့လျှောက်သွားရင်းခြေကုန်လက်ပမ်းကျလာသည်။ ပတ်ဝန်းကျင်ရဲ့သက်ဝင်လှုပ်ရှားမှုများကြားမှာမတ်မတ်မရပ်နိုင်လောက်အောင်ချာချာလည်နေ၏။ ဦးနှောက်ထဲမှာလည်းဗလာနတ္ထိ..

~တီ.. တီ.. တီ.. တီ~

ဆူဆူညံနေတဲ့ကားဟွန်းတီးသံတွေ၊ အလျင်စလိုလှုပ်ရှားနေကြတဲ့လူသားတွေ၊မြင့်မားတဲ့အဆောက်အအုံကြီးတွေ.. အရာအားလုံးကသူ့အတွက်အစိမ်းသက်သက်များသာ..

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

"အား.. ကျွတ်.. ကျွတ်.. ကျွတ်"

သွေးပူနေတုန်းကနာရကောင်းမှန်းမသိတဲ့ဒဏ်ရာကအခုဆေးရှိန်ပြယ်မှစပ်ဖျင်းဖျင်းဖြစ်လာတော့ကျွတ်ခနဲစုပ်သပ်လိုက်မိသည်။ ထို့နောက်.. အိပ်ရာမှကုန်းရုန်းထကာနာရီကိုလှမ်းကြည့်လိုက်မိတော့..

"ငါ.. အကြာကြီးအိပ်ပျော်သွားတာပါလား။ တောက်! ၁၅ မိနစ်နေရင်နှိုးပါလို့သေချာမှာထားရဲ့သားနဲ့"

ဒေါသဖြစ်စွာရေရွတ်မိနေတုန်းဖုန်းမြည်သံကြားလို့ကြည့်လိုက်တော့တိုက်တိုက်ဆိုင်ဆိုင်ပင်..သူဆီကိုဖုန်းဆက်လာသူကအတွင်းရေးမှူးမင်ဖြစ်နေသည်။

"ရား! အကြာကြီးမအိပ်စေနဲ့နှိုးပါလို့သေချာမှာ.. "

"Boss.. ခဏ.. ကျွန်တော့်ကိုနောက်မှဆူ.. ပြောတာကိုအရင်နားထောင်ဦး။ ဒီမှာအရေးပေါ်နေပြီ"

အတွင်းရေးမှူးမင်ရဲ့စကားကြောင့်သူ့နားထင်ကြောတွေထောင်သည်အထိခေါင်းနပန်းကြီးသွားသည်။ အခုအချိန်မှာအရေးပေါ်ကိစ္စဆိုတာသူ့အသက်ကလေးမှလွဲပြီးဘာမှမဖြစ်နိုင်မှန်းသူခန့်မှန်းလို့ရနေတာကြောင့်ပေါက်ကွဲထွက်မတတ်ခေါင်းတွေပူလာ၏။

"ဟို.. ဟို.. ဆော့ဂျင်ရှီကလေ.. "

သူ.. ထင်သည့်အတိုင်းပင်။ ဖုန်းကိုလက်ထဲမှာကျစ်​နေ​အောင်ဆုပ်ကိုင်ထားရင်းဆက်​ပြောလာမည့်စကားတို့ကို ရင်တထိတ်ထိတ်ဖြင့်​စောင့်​နေမိသည်။

"ဆော့ဂျင်ရှီ.. ပျောက်သွားလို့"

"ဘာ! ဘယ်လိုဖြစ်လို့.. "

"ကျွန်တော်တို့ဆေးရုံအနှံ့လိုက်ရှာပြီးပြီ။ ဘယ်လိုမှရှာလို့မတွေ့တာနဲ့.. "

"မင်းတို့.. အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ.. ဟမ်။ ဒီ.. နေမ​ကောင်းတဲ့သူ​လေးကို​တောင်​သေချာ​စောင့်မကြည့်နိုင်ကြဘူးလား။ရာသီဥတုကလည်းဒီလောက်အေးနေတာကို.. တ​နေရာရာမှာ.. မူးလဲ​နေရင်ဘယ်လိုလုပ်မလဲ။ မင်းတို့ကွာ.. "

"တောင်းပန်ပါတယ်"

အတွင်းရေးမှူးမင်ရဲ့လေသံခပ်တိုးတိုးဘေးမှာဂျီမင်းရဲ့ရှိုက်သံသဲ့သဲ့တစွန်းတစကပ်ပါလာတာကြောင့်စိတ်ပြန်လျှော့လိုက်သည်။ အေးလေ.. သူတို့ရဲ့အပြစ်လည်းဘယ်ဟုတ်ပါ့မလဲ.. စိတ်အေးလက်အေးလာအိပ်နေမိတဲ့သူ့ရဲ့အပြစ်ပဲပေါ့။

"တကယ်လို့.. မတော်တဆလမ်းပေါ်မှာမူးလဲခဲ့မယ်ဆိုရင်လည်းငါ့နာမည်နဲ့ဖုန်းနံပါတ်ပါတဲ့လက်ပတ်လေးကိုလိုရမယ်ရဝတ်ပေးထားတာမို့တစ်ယောက်ယောက်ကတွေ့ရင်အကြောင်းကြားလာမှာပါ။ လောလောဆယ်.. ဆေးရုံနားတစ်ဝိုက်မှာထပ်ရှာထားလိုက်။အခုချက်ချင်းလာခဲ့မယ်"

"ဟုတ်ကဲ့.. boss"

သူကအပေါ်ဝတ်အင်္ကျီကိုအလောသုံးဆယ်ကောက်စွပ်၍ အပြင်ထွက်ဖို့အလုပ်.. နောက်တစ်ကြိမ်ထပ်မြည်လာတဲ့ဖုန်းသံကြောင့်ဖုန်းကိုနံပါတ်တောင်ကြည့်မနေတော့ဘဲအလျင်စလိုကိုင်လိုက်သည်။

"ဟဲလို"

"......."

"ဟုတ်ပါတယ်.. ကျွန်တော်.. ဂျွန်ဂျောင်ကုပါ"

"......."

"ဗျာ! ဟုတ်ကဲ့.. အခုချက်ချင်းလာခဲ့ပါ့မယ်"

အသက်ကလေးကိုချက်ချင်းပြန်ရှာတွေ့လို့တော်သေးတာပေါ့လို့တွေးရင်းသက်ပြင်းကိုလေးပင်စွာချကာအိမ်ထဲမှအပြေးတစ်ပိုင်းထွက်လာခဲ့သည်။

"ဟို.. ခုနက.. ဖုန်းဆက်ထားတဲ့ ဂျွန်ဂျောင်ကုပါ"

ရဲစခန်းထဲဝင်ဝင်ချင်းရဲသားတစ်ဦးကိုသူမေးကြည့်တော့ထိုရဲသားကသူ့ကို​ခြေဆုံးခေါင်းဆုံးအကဲခတ်သလိုတစ်ချက်ဝေ့ကြည့်သည်။

"မှတ်ပုံတင်"

"ဗျာ? ဟုတ်ကဲ့"

သူကမှတ်ပုံတင်ထုတ်ပေးလိုက်တော့ထိုရဲကမှတ်ပုံတင်ကိုတစ်လှည့်သူ့မျက်နှာကိုတစ်လှည့်သေချာကြည့်ပြီးမှသူ့လက်ထဲကိုမှတ်ပုံတင်ပြန်ပေးသည်။

"ခင်ဗျားတို့ကလည်း.. လူမမာကိုတစ်ယောက်တည်းလွှတ်ထားရတယ်လို့.. တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ တော်သေးတယ်.. ကင်းလှည့်တဲ့ရဲကားနဲ့ပက်ပင်းတိုးလို့"

"ဟုတ်ကဲ့.. အကြောင်းကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အခု.. သူရော.. "

"ဟိုးမှာ.. "

ရဲသားညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ရဲစခန်းရဲ့ထောင့်ကထိုင်ခုံပေါ်မှာဝပ်ဝပ်လေးထိုင်နေရှာသည့်သူ့ရဲ့အသက်ကလေး။ ခန္ဓာကိုယ်သေးသေးလေးကစောင်ခြုံအောက်မှာမြုပ်နေကာဒူးလေးနှစ်ဖက်ကိုပိုက်ထားပြီးထိုဒူးပေါ်တွင်မေးတင်လျှက်မလှုပ်မယှက်ထိုင်နေ၏။ သနားရလွန်းလို့အသည်းနှလုံးတွေလည်းကျွမ်းမြေ့လောင်ကျွမ်းကုန်ပြီထင်ပါရဲ့..

သူကထိုနေရာသို့တစ်လှမ်းချင်းလျှောက်သွား၍အသက်ကလေးရဲ့ရှေ့တွင်မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီးလက်ကလေးတစ်ဖက်ကိုယုယစွာဆုပ်ကိုင်လိုက်သည်။ လက်ကလေးတစ်ဖက်ပဲဖြစ်ဖြစ်ဆုပ်ကိုင်ပြီးအနားမှာအမြဲရှိနေပါ့မယ်ဆိုတဲ့ကတိကိုမတည်နိုင်တဲ့အတွက်ခွင့်လွှတ်ပါလို့စိတ်ထဲကအကြိမ်ကြိမ်တောင်းပန်ရင်းနဲ့ပေါ့..

"အသက်ကလေး"

သူ့ခေါ်သံကြောင့်ခေါင်းလေးဆတ်ခနဲထောင်လာသည်။ ဒါပေမယ့်..သူ့ကိုပြန်လည်ငေးကြည့်လာသည့်မျက်ဝန်းလေးတွေကအရင်လိုမဟုတ်စိမ်းကားမှုတွေအတိုင်းသားမြင်နေရသည်။

"ဂျောင်ကုလာမယ်ဆိုလို့မျှော်နေတာ.. ဘာလို့အခုထိမလာသေးပါလိမ့်"

ရှိစုမဲ့စုတောင့်ခံထားတဲ့စိတ်ဓါတ်တို့ကကမ္ဘာမြေကြီးရဲ့ဆွဲအားနောက်သို့ကောက်ကောက်ပါအောင်လိုက်သွားသည်။ ဒီနေ့အတွက်ငိုစရာမျက်ရည်မကျန်တော့ဘူးလို့ထင်ထားခဲ့ပေမယ့်...

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

ဒါလေးကနောက်တစ်ပိုင်းဇာတ်သိမ်းနိုင်မယ်ထင်တယ်။ တကယ်လို့ word count အရမ်းများသွားရင်တော့နှစ်ပိုင်းဖြစ်ချင်ဖြစ်သွားမှာ။ မပြောတတ်ဘူး.. အခြေအနေအရပဲ 😄

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

Zawgyi

"ဟင့္အင္း.. အဲ့ဒါႀကီးမေဆာင္းခ်င္ဘူး။ အဲ့ဒါႀကီးနဲ႕ဆို႐ုပ္ဆိုးသြားမွာ"

Radiationနဲ႕ကင္ဆာေဆးအျပင္းစားတို႔ေၾကာင့္အသက္ကေလးရဲ႕ဆံပင္ေတြအေထြးလိုက္ကြၽတ္ကုန္၏။ အဲ့ဒါေၾကာင့္မနက္အိပ္ရာထတိုင္းေခါင္းအုံးေပၚႏွင့္ေဆး႐ုံးကုတင္ျဖဴျဖဴေပၚတြင္အဆုပ္လိုက္ျပန့္က်ဲေနတဲ့ဆံပင္ေတြကိုျမင္တိုင္းမွန္ေတာင္မၾကည့္ခ်င္ေတာ့ေအာင္စိတ္ဓါတ္က်ေနတဲ့သူ႕ရဲ႕အသက္ကေလးအတြက္ခ်စ္စရာသိုးေမႊးဦးထုပ္နီနီလုံးလုံးေလးကိုသူျပင္ဆင္လာခဲ့သည္။ ဒါေပမယ့္.. အသက္ကေလးကအဲ့ဒီ့ဦးထုပ္ေဆာင္းရင္လူမမာနဲ႕ပိုတူသြားၿပီးပို႐ုပ္ဆိုးသြားမွာ.. ဆိုတဲ့အေၾကာင္းျပခ်က္ျဖင့္ဦးထုပ္ကိုအေဆာင္းမခံဘဲဂ်ီက်ေနေတာ့သည္။

"႐ုပ္ဆိုးတယ္ဆိုတဲ့စကားကကင္ေဆာ့ဂ်င္အတြက္မဟုတ္ဘူး။ ကင္ေဆာ့ဂ်င္ရဲ႕ဘယ္ခႏၶာကိုယ္အစိတ္အပိုင္းကိုမွအဲ့ဒီ့စကားသုံးလို႔မရဘူး"

သူကကုတင္ေပၚမွေျခေထာက္ႏွစ္ေခ်ာင္းကိုတြဲေလာင္းခ်ကာစူပုပ္ပုပ္ေလးထိုင္ေနတဲ့သူ႕ရဲ႕အသက္ေလးကိုဦးထုပ္ေဆာင္းေပးလိုက္ၿပီးပါးျပင္ေလးကိုလက္မျဖင့္ႏူးညံ့ယုယစြာပြတ္သပ္ရင္းေျပာေတာ့အသက္ကေလးကမယုံဘူးပါဆိုတဲ့မ်က္ႏွာေလးျဖင့္သူ႕ကိုမ်က္ေစာင္းထိုးၾကည့္သည္။

"အဲ့ဒါ.. လိမ္တာ။ ဒီေလာက္ကိုယ္အေလးခ်ိန္ေတြအမ်ားႀကီးက်သြားတာကို.. ဘယ္လိုလုပ္ၾကည့္ေကာင္းပါေတာ့မလဲ"

"အသက္ကေလးက.. ပိန္လည္းၾကည့္ေကာင္းတယ္။ နဂိုကတည္းကမ်က္ႏွာက်က သြယ္သြယ္ေလးမို႔လို႔ပိန္သြားရင္ေမးရိုးေတြပိုထင္းၿပီးပိုလို႔ေတာင္ေယာက္်ားပီသသြားေသးတယ္"

"တကယ္?"

"တကယ္ေပါ့"

"ေဆာ့ဂ်င္းနီ!!!"

အသံလာရာကိုသူတို႔ႏွစ္ဦးတစ္ၿပိဳင္တည္းလွည့္ၾကည့္လိုက္ေတာ့အခန္းထဲကိုေရွ႕ဆင့္ေနာက္ဆင့္ဝင္လာၾကတဲ့ဂ်ီမင္းနဲ႕အတြင္းေရးမႉးမင္ကိုေတြ႕ရေလသည္။ ဂ်ီမင္းကထုံးစံအတိုင္းမ်က္လုံးေပါက္ေလးေတြေပ်ာက္သြားေအာင္ၿပဳံးရင္းေဆာ့ဂ်င္ဆီသို႔တန္းတန္းမတ္မတ္သြားကာတင္းၾကပ္စြာဖက္၍ႏႈတ္ဆက္ေလသည္။

"၄စကၠန့္ေလာက္ဖက္ရရင္..ေတာ္ၿပီေပါ့။ လႊတ္လိုက္ေတာ့ေလ"

သူကပါးစပ္ကလည္းထုတ္ေျပာရင္းသူ႕ရဲ႕အသက္ကေလးကိုဂ်ီမင္းလက္ထဲကေနဆြဲလုလိုက္ေတာ့ဂ်ီမင္းကသူ႕ကိုေပေစာင္းေစာင္းျပန္ၾကည့္သည္။ အတြင္းေရးမႉးမင္ကေတာ့ဘာစကားမွဝင္မေျပာဘဲႏႈတ္ခမ္းကိုမဲ့ကာ ေခါင္းတခါခါျဖင့္လွမ္းၾကည့္ေန၏။ စိတ္ထဲတြင္ေတာ့သူ႕ကိုဖဲ့ဖို႔ႏွက္ဖို႔စာေတြစီခ်င္စီေနမွာေပါ့။

"အမေလးဟဲ့.. တြန့္တိုလိုက္တာ။ ကာယကံရွင္ကေတာင္ဘာမွမေျပာဘူး"

ဂ်ီမင္းကသူ႕ကိုမ်က္ေစာင္းခဲ၍ေျပာေတာ့အသက္ကေလးကအသံထြက္ေအာင္ရယ္သည္။ ေပ်ာက္ဆုံးေနတာၾကာၿပီျဖစ္သည့္ ရယ္သံေလးေတြျပန္ၾကားခြင့္ရလို႔ဂ်ီမင္းတို႔ကိုေက်းဇူးတင္စိတ္ျဖစ္မိတာေတာ့အမွန္ပင္။

"ေအာ.. ဦးထုပ္ေလးေဆာင္းထားတာပဲ။ ဇက္ေၾကာေတြတက္ခံၿပီးထိုးရက်ိဳးနပ္တယ္။ ဦးထုပ္ေလးကေဆာ့ဂ်င္းနီနဲ႕ကြက္တိပဲ"

"ဒီ.. ဦးထုပ္ကိုဂ်ီမင္းရွီထိုးထားတာလား"

"အင္း.. ေဆး႐ုံလာျဖစ္တဲ့ေန႕မွကိုယ္တိုင္ေပးမယ္ဆိုၿပီးစဥ္းစားထားတာ။ မလာျဖစ္မွာစိုးလို႔GMကေနတစ္ဆင့္ေပးခိုင္းလိုက္တာ။Aigoo!ၾကည့္ပါဦး..ခ်စ္စရာေကာင္းလိုက္တာ.. ေခြးေပါက္စေလးက်ေနတာပဲ"

"တကယ္လား.. တကယ္ၾကည့္ေကာင္းလား"

"ဒါေပါ့.. ေဆာ့ဂ်င္းနီနဲ႕အရမ္းလိုက္တယ္"

ဂ်ီမင္းဆီကေထာက္ခံသည့္စကားကိုၾကားေတာ့အသက္ကေလးကသူ႕မ်က္ႏွာကိုေမာ့ၾကည့္သည္။ သူက.. 'ကဲ.. သူမေျပာဘူးလား' ဆိုသည့္အထာျဖင့္မ်က္ခုံးတစ္ဖက္ကိုပင့္ျပလိုက္ေတာ့ေက်နပ္သြားဟန္ျဖင့္သြားေလးေတြေပၚေအာင္ၿပဳံးျပ၏။

ထိုစဥ္..

"ကင္ေဆာ့ဂ်င္ရွီ..radiotherapy ခံယူဖို႔အခ်ိန္က်ပါၿပီ"

အခန္းျပင္ကသူနာျပဳဆရာမရဲ႕အသံေၾကာင့္ၿပဳံး႐ႊင္ေနတဲ့မ်က္ႏွာေလးကညွိုးက်သြားသည္။ အံေလးကိုမသိမသာခဲ၍လက္သီးေလးဆုပ္လိုက္တာျမင္ေတာ့သူ႕ရင္ထဲမွာေအာင့္ခနဲျဖစ္သြားရ၏။ ဟုတ္မွာေပါ့.. ပါးစပ္ကထုတ္မေျပာေပမယ့္ရင္ဆိုင္ရဦးမယ့္နာက်င္မႈေတြကိုႀကိဳေတြးၿပီးေၾကာက္လန့္ေနရွာမွာေပါ့။ ကုသမႈတစ္ႀကိမ္ခံယူၿပီးတိုင္းသူ႕ရဲ႕အသက္ကေလးေဝဒနာေတြကိုဘယ္ေလာက္ေတာင္လူးလွိမ့္ေနေအာင္ခံစားရသလဲဆိုတာသူလည္းမ်က္ျမင္ကိုယ္ေတြ႕ပဲေလ..

သူကသက္ျပင္းတစ္ခ်က္တိုးတိုးခ်ကာ အသက္ကေလးကို wheel chair ေပၚတြင္ေျပာင္းထိုင္ေစ၍အမူအရာႏွင့္အားေပးသည့္အေနျဖင့္ၿပဳံးျပၿပီးပခုံးေလးႏွစ္ဖက္ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။

"အႀကိမ္ေရလည္းဘယ္ေလာက္မွက်န္ေတာ့တာမွမဟုတ္တာ။ ခဏေလးပဲ.. သည္းခံလိုက္ေနာ္။ သိပ္မၾကာခင္.. အားလုံးေကာင္းသြားမွာ။ အသက္ကေလးရဲ႕အနားမွာေမာင္လည္းတစ္ခ်ိန္လုံးရွိေနမွာပဲ"

အသက္ကေလးကသူ႕ကိုေမာ့ၾကည့္ၿပီး ညွိုးညွိုးႏြမ္းေလးျပန္ၿပဳံးျပသည္။

"ဂ်ီမင္းရွီတို႔လည္းမျပန္ေသးနဲ႕ဦးေနာ္"

"စိတ္ခ်.. ဒီေန႕တေနကုန္ေဆာ့ဂ်င္းနီအနားမွာပဲေနမွာ"

"ကဲ.. လူနာအဆင္သင့္ျဖစ္ရင္သြားၾကမယ္"

သူကသူနာျပဳဆရာမကိုေခါင္းညိတ္ျပလိုက္ၿပီး wheel chair ေလးကိုျဖည္းျဖည္းမွန္မွန္တြန္းကာအတြင္းေရးမႉးမင္နဲ႕ဂ်ီမင္းတို႔ႏွင့္အတူကုသေဆာင္ဘက္သို႔ထြက္လာခဲ့သည္။

"Boss.. အေျခအေနဘယ္လိုရွိလဲ။ အဆင္ေျပရဲ႕လား"

ကုသေဆာင္ေရွ႕မွာထိုင္ေစာင့္ေနခိုက္အတြင္းေရးမႉးမင္ကသူ႕လက္ထဲကိုေကာ္ဖီတစ္ခြက္လွမ္းေပးရင္းေမးလာေတာ့သူကအတြင္းေရးမႉးမင္ကမ္းေပးလာသည့္ေကာ္ဖီခြက္ကိုယူကာတစ္ငုံေသာက္လိုက္ၿပီး..

"တိုးတက္လာတယ္ပဲေျပာရမွာေပါ့။အခုေနာက္ပိုင္းအစားလည္းနည္းနည္းျပန္ဝင္လာပါၿပီ။ ပ်ိဳ႕တာအန္တာလည္းမျဖစ္ေတာ့ဘူး"

"Boss ကိုေမးတာ.. Boss.. အဆင္ေျပရဲ႕လားလို႔"

"ငါကေတာ့... ဘာအဆင္မေျပစရာရွိပါ့မလဲ"

သူကအတြင္းေရးမႉးမင္ကိုေဖ်ာ့ေတာ့ေတာ့ၿပဳံးျပၿပီးမတ္တပ္ထရပ္လိုက္သည္။

"အတြင္းေရးမႉးမင္နဲ႕ဂ်ီမင္းရွီတို႔ရွိေနတာနဲ႕အေတာ္ပဲ။ ဒီမွာလည္းစားစရာေတြကုန္သေလာက္ျဖစ္ေနၿပီဆိုေတာ့ဒီနားကsupermarketမွာေဈးသြားဝယ္လိုက္ဦးမယ္။ဪ.. အသက္ကေလးျပန္ထြက္လာတာနဲ႕ငါ့ကိုဖုန္းဆက္ေနာ္။ ဒီနားေလးတင္သြားမွာဆိုေတာ့ခ်က္ခ်င္းျပန္လာလို႔ရတယ္"

"ထြက္လက္စနဲ႕အိမ္ျပန္.. တေရးတေမာအိပ္ၿပီးမွျပန္လာခဲ့ပါလား။ ကြၽန္ေတာ္တို႔လည္းရွိေနတာပဲ"

"ဟင့္အင္း.. အခုအခ်ိန္မွာဘယ္လိုလုပ္အိမ္ျပန္ၿပီးစိတ္ေအးလက္ေအးအိပ္နိုင္ပါ့မလဲ"

"Boss.. "

"မၾကာပါဘူး.. ခ်က္ခ်င္းျပန္လာမယ္"

သူ႕ကိုစိုးရိမ္သည့္အၾကည့္တို႔ျဖင့္ေငးေငးေလးၾကည့္ေနတဲ့အတြင္းေရးမႉးမင္ရဲ႕ပခုံးကိုခပ္ဖြဖြပုတ္ရင္းထိုေနရာမွထြက္လာခဲ့သည္။ သူ႕ေခါင္းထဲမွာေတာ့.. 'အဆင္ေျပလား' ဆိုတဲ့အတြင္းေရးမႉးမင္ရဲ႕ေမးခြန္းကတဝဲဝဲလည္လည္ျဖင့္ေလွ်ာက္ေျပးေနသည္။ ထို႔ေၾကာင့္.. သူ႕ကိုယ္သူလည္းျပန္ေမးၾကည့္မိ၏။

"ငါ... တကယ္ပဲအဆင္ေျပေနရဲ႕လား"

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

"ဒီ ward ႀကီးကစိတ္ညစ္စရာႀကီးေနာ္..ေန႕တိုင္းငိုသံေတြခ်ည္းၾကားေနရသလိုပဲ"

"ဒါကေတာ့..brain cancer ဆိုတာ survival rate ကအရမ္းနည္းတာကိုး"

Supermarket မွအျပန္အသက္ကေလးရဲ႕အခန္းရွိရာသို႔သြားေနစဥ္လမ္းတစ္ေလွ်ာက္နားစြန္နားဖ်ားၾကားေနရသည့္သူနာျပဳဆရာမမ်ား၏တီးတိုးစကားသံမ်ားေၾကာင့္လက္ထဲမွအထုပ္ကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္မိသည္။ သူကိုယ္တိုင္လည္းထိုအသံေတြကိုေန႕တိုင္းလိုလိုၾကားေနရပါသည္။ အဲ့လိုအခ်ိန္မ်ိဳးဆို.. ထိုတအင့္အင့္ရွိုက္ငိုသံ၊ ညည္းၫူသံ၊ ေအာ္ဟစ္သံေတြကိုအသက္ကေလးမၾကားနိုင္ေအာင္သူ႕မွာနည္းမ်ိဳးစုံသုံးၿပီးအာ႐ုံလႊဲရတာအေမာ..

"Emergency.. တဲ့ေဟ့.. Emergency တဲ့"

"ဟာ.. အခုမွနားမလို႔ကို။ ဒီတခါေရာ.. ဘယ္အခန္းကလဲ"

"အခန္း ၃၀၁ တဲ့.. ျမန္ျမန္.. ျမန္ျမန္"

သူ႕မ်က္လုံးေတြမိုက္ခနဲျပာေဝသြား၏။ၾကားေနရတဲ့စကားသံတို႔ကစူးရွေသာေလခြၽန္သံလိုသူ႕နားထဲကိုစီခနဲျဖတ္ေျပးသြားသလိုပင္။သူ႕ကိုတြန္းတိုက္ကာအေျပးအလႊားသြားေနၾကတဲ့ဆရာဝန္နဲ႕သူနာျပဳမ်ားရဲ႕ေနာက္သို႔တုန္တုန္ယင္ယင္ျဖင့္ထပ္ၾကပ္မကြာေျပးလိုက္သြားမိသည္။

"အသက္ကေလး"

အခန္းထဲဝင္ဝင္ခ်င္းျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ၿပိဳလဲလုမတတ္ျဖစ္သြားသည့္သူ႕ကိုယ္ကိုတံခါးေဘာင္ကိုကိုင္၍ ထိန္းလိုက္နိုင္ေသာ္လည္း သူ၏ရင္အစုံကေတာ့မခံမရပ္နိုင္ေအာင္လႈပ္ရွားနာက်င္လြန္းေနရ၏။ အသက္ကေလးကၾကမ္းျပင္ေပၚတြင္လဲက်ေနၿပီးလူေတြအမ်ားႀကီးဝိုင္းခ်ဳပ္ထားသည့္ၾကားကေသးသြယ္တဲ့ခႏၶာကိုယ္ေလးကတဆတ္ဆတ္တုန္ခါေနၿပီးမ်က္ဆံေတြကအေပၚလိပ္တက္သြားကာႏွာေခါင္း၊ပါးစပ္တို႔မွႏွာရည္မ်ားႏွင့္သြားရည္မ်ားအဆက္မျပတ္ထြက္က်လာ၏။ ဆရာဝန္တစ္ဦးကအသက္ကေလးရဲ႕ဗိုက္ေပၚတြင္ခြထိုင္၍သတိလက္လြတ္လွ်ာမကိုက္မိေစရန္ပါးစပ္ထဲသို႔လက္ညွိုးျဖင့္ထိုးသြင္းထားစဥ္ က်န္တဲ့ဆရာဝန္နဲ႕သူနာျပဳမ်ားကမနားတမ္းလႈပ္ခါေနတဲ့ခႏၶာကိုယ္ေလးကိုခ်ဳပ္ထားလ်က္ပင္ေဆးထိုးဖို႔ျပင္ဆင္ေန၏။

ထိုကဲ့သို႔ျမင္ကြင္းတို႔ကိုၾကည့္ေနရင္းရင္ဘတ္ေတြေအာင့္တက္လာၿပီးမ်က္ဝန္းအိမ္တြင္မ်က္ရည္မ်ားကေဝ့ျခင္း၊ ျပည့္ျခင္းတို႔ကိုျမန္ဆန္စြာျဖတ္သန္းလ်က္ပါးျပင္ေပၚသို႔တေသာေသာသြန္က်လာ၏။ တာက်ိဳးသလိုစီးက်လာတဲ့မ်က္ရည္မ်ားကိုသူမဖယ္ရွားမသုတ္မိ.. ဖယ္ရွားသုတ္နိုင္စြမ္းလည္းမရွိ။ ဘယ္လိုမွမခံစားနိုင္ေတာ့သည့္အဆုံးမွာ.. ထိုေနရာမွသူေျပးထြက္ခဲ့သည္.. မရပ္မနားေျပးထြက္ခဲ့သည္။

"Boss"

အခုအခ်ိန္မွာသူ႕အေတြးထဲမွာသူ႕ကိုယ္သူအသားနာေအာင္တစ္ခုခုလုပ္ပစ္လိုက္ခ်င္သည္။ ျဖစ္နိုင္ရင္သူ႕တစ္ကိုယ္လုံးကိုရစရာမရွိေအာင္ဓါးျဖင့္မႊန္းပစ္လိုက္ခ်င္သည္။

"အားးး"

တလိပ္လိပ္ေဆာင့္တက္လာတဲ့မခ်ိမဆန့္ေဝဒနာေတြကိုေအာ္သံေတြအျဖစ္ေဖာက္ခြဲထုတ္ပစ္လိုက္၏။ ထို႔ေနာက္.. သူ႕ရဲ႕မ်က္စိေရွ႕ကနံရံကိုလက္သီးျဖင့္အညွိုးတႀကီးေျပးထိုးပစ္သည္။လက္ဆစ္ေတြေပါက္ၿပဲၿပီးေသြးေတြဖြာခနဲထြက္က်လာသည္အထိထိုးပစ္သည္။ နာက်င္တာကိုခံစားလို႔မရနိုင္ေတာ့ေလာက္ေအာင္လက္ေတြထုံက်င္လာသည္အထိမနားတမ္းထိုးပစ္သည္။ ဒီေလာက္ေလးနာတာဘာအေရးလဲ.. ဒီဒဏ္ရာေလာက္ကေတာ့ေဆးလိမ္းလိုက္႐ုံနဲ႕ေပ်ာက္သြားမွာပဲ။ဒါေပမယ့္သူ႕အသက္ကေလးကေတာ့...

"Boss.. boss.. ေတာ္ေတာ့.. ေသြးေတြအရမ္းထြက္ေနၿပီ"

အတြင္းေရးမႉးမင္ကသူ႕အနားကိုေရာက္လာကာသူ႕လက္ကိုအတင္းဆြဲခ်ဳပ္သည္။

"Boss"

သူက႐ုန္းကန္ျခင္းမျပဳေတာ့ဘဲအတြင္းေရးမႉးမင္ကိုတင္းၾကပ္စြာဖက္၍ေက်ာျပင္ေတြတသိမ့္သိမ့္တုန္ေအာင္လွိုက္လွိုက္လွဲလွဲရွိုက္ငိုမိသည္။

"အဆင္မေျပဘူး.. ယြန္းဂီ hyung.. ကြၽန္ေတာ္.. အရမ္းပင္ပန္းေနၿပီ"

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ေဆာ့ဂ်င္အိပ္ရာမွနိုးနိုးခ်င္းကုတင္ေပၚမွာငုတ္တုတ္ေလးထထိုင္ၾကည့္လိုက္ေတာ့အရင္ႏွင့္မတူဘဲသူ႕ခႏၶာကိုယ္ကအနည္းငယ္ေပါ့ပါးေနတာကိုသူသတိထားမိသည္။ ဒါေပမယ့္အားျပတ္သလိုေျခေတြလက္ေတြမသယ္ခ်င္ေလာက္ေအာင္ပင္ပန္းထုံထိုင္းေနတဲ့ခံစားခ်က္ႀကီးကေတာ့ရွိေနေသးသည္။

"ေဆာ့ဂ်င္းနီနိုးလာၿပီလား။ ဘာလို႔မေျပာမဆိုနဲ႕ထလာတာလဲ။ ဘယ္လိုေနေသးလဲ.. သက္သာရဲ႕လား"

သူ႕အနားကိုကမန္းကတန္းအေျပးေရာက္လာတဲ့ဂ်ီမင္းကိုျမင္ေတာ့သူ႕မ်က္လုံးေလးေတြျပဴးဝိုင္းသြားသည္။ ဂ်ီမင္းရဲ႕အေမးစကားကိုျပန္မတုံ႕ျပန္ေသးဘဲအခန္းတစ္ပတ္ကိုအရင္မ်က္လုံးေဝ့ၿပီးၾကည့္လိုက္သည္။ အခန္းထဲတြင္သူနဲ႕ဂ်ီမင္းကလြဲၿပီးတျခားမည္သူမွ်ရွိမေန။ သူ.. ကိုယ့္ကိုယ္ကိုသတိမထားမိခင္မွာပဲမ်က္ေမွာင္ႀကဳံ႕၍ႏႈတ္ခမ္းအရင္စူမိသြားသည္။ အနားမွာတစ္ခ်ိန္လုံးရွိေပးပါ့မယ္ေျပာၿပီးအိပ္ရာနိုးနိုးခ်င္းသူ႕အနားမွာရွိမေနတာကိုမေက်နပ္ခ်င္။

"GM.. အိမ္ခဏျပန္သြားတယ္။ ခဏေနရင္.. ျပန္လာမွာပါ"

ဂ်ီမင္းကသူ႕အရိပ္အကဲကိုနားလည္ဟန္ျဖင့္ေျပာလာေတာ့သူကဂ်ီမင္းကိုၿပဳံးျပၿပီးေခါင္းကိုျဖည္းညင္းစြာညိတ္ျပလိုက္သည္။ စိတ္ထဲမွာေတာ့ေဒါသအစိုင္အခဲတစ္ခ်ိဳ႕ကရွိေနတုန္းပင္။ အိမ္ျပန္တာအျပစ္မဟုတ္ေပမယ့္အနည္းဆုံးေတာ့သူနိုးလာတာကိုေစာင့္ၾကည့္ၿပီးမွျပန္သင့္တာေပါ့.. ျပန္လာရဲျပန္လာၾကည့္မွတ္ေလာက္သားေလာက္ရွိေအာင္စိတ္ေကာက္ပစ္ဦးမယ္.. လို႔စိတ္ထဲကေနမေက်မခ်မ္းေရ႐ြတ္ေနမိသည္။ ကိုယ့္အေတြးနဲ႕ကိုယ္ေငးငိုင္ေနမိသည့္သူ.. ဂ်ီမင္းကသူ႕ပါးျပင္ေလးကိုလက္ႏွစ္ဖက္အုပ္ကိုင္လာမွဂ်ီမင္းရဲ႕မ်က္ႏွာကိုမ်က္လုံးလွန္ၿပီးၾကည့္မိသည္။

"မ်က္ႏွာေလးလန္းေနလို႔ေတာ္ေသးတာေပါ့။ ခုနတုန္းကအရမ္းလန့္သြားတာပဲ.. GM ဆိုရင္.. "

ဂ်ီမင္းကေျပာေနတုန္းတန္းလန္းအရွိန္ထိန္းလိုက္ဟန္ျဖင့္ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။ ထူးထူးျခားျခားအၿမဲၿပဳံး႐ႊင္ေနတတ္သည့္ဂ်ီမင္းရဲ႕မ်က္ႏွာေလးကႏြမ္းသေယာင္ေယာင္ျဖစ္ေနသည္။ သူပဲစိတ္ထင္လို႔ပဲလားမသိ.. မ်က္လုံးေတြကမို႔အစ္ေနၿပီးငိုထားသည့္ပုံေပၚေန၏။

"ခုနတုန္းက? ခုနတုန္းကကြၽန္ေတာ္တစ္ခုခုျဖစ္ေသးလို႔လား"

"ဟင့္အင္း.. ဘာမွမျဖစ္ပါဘူး။ GM ကေဆာ့ဂ်င္းနီစားဖို႔တဲ့ blueberry ေတြဝယ္ေပးသြားတယ္။ blueberry ကbrain tumorအတြက္အေကာင္းဆုံးပဲတဲ့။ မွတ္ဉာဏ္ေတြကိုလည္းျပန္ေကာင္းေစတယ္တဲ့။ စားခ်င္လား"

"အင္း.. ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလးေတြစားခ်င္ေနတာနဲ႕အေတာ္ပဲ။ ဒါနဲ႕.. ဂ်ီမင္းရွီ..ကြၽန္ေတာ့္ကိုေရေလးတစ္ခြက္ေလာက္အရင္ယူေပးလို႔ရမလား.. ေရတအားငတ္ေနလို႔"

"ယူေပးမယ္ေနာ္.. ခဏ.. ဪ.. ေရကုန္ေနတာပဲ"

"ဒုတိယထပ္မွာေရသြားျဖည့္လို႔ရတယ္.. ကြၽန္ေတာ္ကေရခဲေရေသာက္လို႔မရလို႔"

"အဲ့ဒါဆို.. ခဏေနာ္.. ျမန္ျမန္ျဖည့္ၿပီးျပန္လာခဲ့မယ္"

ဂ်ီမင္းထြက္သြားေတာ့အခန္းထဲမွာသူတစ္ေယာက္ပဲတိတ္တိတ္ဆိတ္ဆိတ္က်န္ေနခဲ့သည္။ သူကကုတင္ေပၚတြင္ထိုင္လ်က္တဖ်ပ္ဖ်ပ္တိုက္ေနေသာေလေၾကာင့္လူးလြန့္ေနေသာအပင္တို႔ကိုျပတင္းေပါက္မွတစ္ဆင့္အမွတ္တမဲ့ေငးၾကည့္ေနရင္း ႐ုတ္တရက္တစ္ဖက္ခန္းမွဂ်ယ္ဟာဆိုသည့္ေကာင္ေလးကသူ႕အေတြးထဲမွာေပၚလာ၏။ မၾကာမီေဆး႐ုံကဆင္းရေတာ့မယ့္ဂ်ယ္ဟာကို.. ေဆး႐ုံကမဆင္းခင္ႏႈတ္ဆက္စကားေလးေတာ့သြားေျပာဦးမွပဲေလ.. လို႔ေတြးမိၿပီးဒယိမ္းဒယိုင္ျဖင့္ကုတင္ေပၚမွဆင္းလိုက္သည္။

"ဂ်ယ္ဟာ... ဂ်ယ္ဟာ.. ဂ်ယ္ဟာ"

သူအခန္းတံခါးကိုဖြင့္ဖို႔လက္လွမ္း႐ုံရွိေသး.. အျပင္ဘက္မွဂ်ယ္ဟာရဲ႕နာမည္ကိုတေၾကာ္ေၾကာ္ေခၚရင္းေအာ္ဟစ္ငိုယိုသံေတြကနားထဲအရင္ဝင္လာ၏။ သူလည္းဂ်ယ္ဟာတစ္ခုခုမ်ားျဖစ္သလားဟုသိခ်င္ေဇာျဖင့္တံခါးကိုအလ်င္အျမန္ဖြင့္ၾကည့္လိုက္ေတာ့.. အဝတ္ျဖဴအုပ္ထားသည့္ခႏၶာကိုယ္ကိုဂ်ယ္ဟာရဲ႕အခန္းမွသယ္ထုတ္လာတာကိုျမင္ေတြ႕လိုက္ရသည္။

"မေခၚသြားပါနဲ႕.. ကြၽန္မသားေလးကိုမေခၚသြားၾကပါနဲ႕.. ေတာင္းပန္ပါတယ္။ ကြၽန္မသားေလးကအခုမွငယ္ငယ္ေလးပဲရွိေသးတာ.. ေရွ႕ဆက္ၿပီးလုပ္စရာေတြအမ်ားႀကီးရွိေသးတယ္။ ေက်းဇူးျပဳၿပီး.. ေခၚမသြားၾကပါနဲ႕.. "

"ဂ်ယ္.. ဂ်ယ္ဟာက.. "

အသည္းအသန္ငိုေႂကြးေနတဲ့ဂ်ယ္ဟာရဲ႕အေမကိုၾကည့္ၿပီးသူ႕ရင္ထဲမွာစို႔နင့္လာသည္။ ခ်က္ခ်င္းဆိုသလို.. မ်က္ရည္ေတြကမ်က္ဝန္းထဲမွာျပည့္လွ်ံလာ၏။

"ခြဲစိတ္တာေအာင္ျမင္တယ္တဲ့.. မၾကာခင္ေဆး႐ုံကဆင္းရေတာ့မယ္တဲ့"

"ကြၽန္ေတာ္ကoncologistအရမ္းျဖစ္ခ်င္တာ။ကြၽန္ေတာ္ oncologist ျဖစ္ရင္ ကြၽန္ေတာ့္လိုကင္ဆာေရာဂါသည္ေတြကိုအခမဲ့ကုသေပးမွာ"

ေမွ်ာ္လင့္ခ်က္ေတြနဲ႕အေရာင္ေတာက္ေနတဲ့မ်က္လုံးေလးေတြ၊ ရည္မွန္းခ်က္အျပည့္နဲ႕တက္ႂကြေနတဲ့စကားသံေလးေတြကိုျပန္ၾကားေယာင္လာၿပီးလူကယိုင္လဲခ်င္လာသည္။

"အမေလး.. ဂ်ယ္ဟာရဲ႕.. ဂ်ယ္ဟာ.."

ငိုေႂကြးသံေတြကိုေၾကာက္႐ြံ႕စြာနားႏွစ္ဖက္ကိုလက္ျဖင့္ပိတ္ထားလိုက္သည္။ ေသခ်င္တရားဆိုတာအခ်ိန္မေ႐ြးေရာက္လာမွာပါလား.. သူ႕မွာက်ိန္းေသအသက္ရွင္ပါ့မယ္အာမခံခ်က္မရွိပါလား.. အသက္ရွင္ဖို႔ေတာင္မေသခ်ာဘဲနဲ႕အျပင္းစားကုသမႈေတြကိုခံယူေနရတဲ့သူ႕ဘဝကိုစိတ္နာလာသည္။ မတရားဘူးလို႔လည္းထင္မိသည္။

"ဂ်ယ္ဟာ.. အေမ့ကိုတစ္ေယာက္တည္းမထားခဲ့ပါနဲ႕"

နားႏွစ္ဖက္ကိုပိတ္ထားေသာ္လည္းအသံေတြကသူသြားရာေနာက္ကိုထပ္ၾကပ္မကြာလိုက္လာသလိုလို..ထို႔ေၾကာင့္.. သူ.. အသံေတြနဲ႕ေဝးရာကိုထြက္ေျပးမိေတာ့၏။ ခြန္အားရွိသေလာက္ေျခေထာက္တို႔ကိုႀကိဳးစားသယ္၍ဘယ္ေနရာပဲျဖစ္ျဖစ္.. ေရာက္ခ်င္ရာေရာက္ပါေစဆိုသည့္စိတ္ျဖင့္ေနာက္ကိုလွည့္မၾကည့္စတမ္းယိုင္နဲ႕နဲ႕ျဖင့္ေလွ်ာက္သြားေနမိသည္။

လူေတြၾကား.. ကားေတြၾကား.. အေဆာက္အဦးေတြၾကားတိုးေဝွ႕ေလွ်ာက္သြားရင္းေျခကုန္လက္ပမ္းက်လာသည္။ ပတ္ဝန္းက်င္ရဲ႕သက္ဝင္လႈပ္ရွားမႈမ်ားၾကားမွာမတ္မတ္မရပ္နိုင္ေလာက္ေအာင္ခ်ာခ်ာလည္ေန၏။ ဦးႏွောက္ထဲမွာလည္းဗလာနတၳိ..

~တီ.. တီ.. တီ.. တီ~

ဆူဆူညံေနတဲ့ကားဟြန္းတီးသံေတြ၊ အလ်င္စလိုလႈပ္ရွားေနၾကတဲ့လူသားေတြ၊ျမင့္မားတဲ့အေဆာက္အအုံႀကီးေတြ..အရာအားလုံးကသူ႕အတြက္အစိမ္းသက္သက္မ်ားသာ..

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

"အား.. ကြၽတ္.. ကြၽတ္.. ကြၽတ္"

ေသြးပူေနတုန္းကနာရေကာင္းမွန္းမသိတဲ့ဒဏ္ရာကအခုေဆးရွိန္ျပယ္မွစပ္ဖ်င္းဖ်င္းျဖစ္လာေတာ့ကြၽတ္ခနဲစုပ္သပ္လိုက္မိသည္။ ထို႔ေနာက္.. အိပ္ရာမွကုန္း႐ုန္းထကာနာရီကိုလွမ္းၾကည့္လိုက္မိေတာ့..

"ငါ.. အၾကာႀကီးအိပ္ေပ်ာ္သြားတာပါလား။ ေတာက္! ၁၅ မိနစ္ေနရင္ႏွိုးပါလို႔ေသခ်ာမွာထားရဲ႕သားနဲ႕"

ေဒါသျဖစ္စြာေရ႐ြတ္မိေနတုန္းဖုန္းျမည္သံၾကားလို႔ၾကည့္လိုက္ေတာ့တိုက္တိုက္ဆိုင္ဆိုင္ပင္..သူဆီကိုဖုန္းဆက္လာသူကအတြင္းေရးမႉးမင္ျဖစ္ေနသည္။

"ရား! အၾကာႀကီးမအိပ္ေစနဲ႕ႏွိုးပါလို႔ေသခ်ာမွာ.. "

"Boss.. ခဏ.. ကြၽန္ေတာ့္ကိုေနာက္မွဆူ.. ေျပာတာကိုအရင္နားေထာင္ဦး။ ဒီမွာအေရးေပၚေနၿပီ"

အတြင္းေရးမႉးမင္ရဲ႕စကားေၾကာင့္သူ႕နားထင္ေၾကာေတြေထာင္သည္အထိေခါင္းနပန္းႀကီးသြားသည္။ အခုအခ်ိန္မွာအေရးေပၚကိစၥဆိုတာသူ႕အသက္ကေလးမွလြဲၿပီးဘာမွမျဖစ္နိုင္မွန္းသူခန့္မွန္းလို႔ရေနတာေၾကာင့္ေပါက္ကြဲထြက္မတတ္ေခါင္းေတြပူလာ၏။

"ဟို.. ဟို.. ေဆာ့ဂ်င္ရွီကေလ.. "

သူ.. ထင္သည့္အတိုင္းပင္။ ဖုန္းကိုလက္ထဲမွာက်စ္ေနေအာင္ဆုပ္ကိုင္ထားရင္းဆက္ေျပာလာမည့္စကားတို႔ကို ရင္တထိတ္ထိတ္ျဖင့္ေစာင့္ေနမိသည္။

"ေဆာ့ဂ်င္ရွီ.. ေပ်ာက္သြားလို႔"

"ဘာ! ဘယ္လိုျဖစ္လို႔.. "

"ကြၽန္ေတာ္တို႔ေဆး႐ုံအႏွံ႕လိုက္ရွာၿပီးၿပီ။ ဘယ္လိုမွရွာလို႔မေတြ႕တာနဲ႕.. "

"မင္းတို႔.. အလုပ္ကိုဘယ္လိုလုပ္ေနၾကတာလဲ.. ဟမ္။ ဒီ.. ေနမေကာင္းတဲ့သူေလးကိုေတာင္ေသခ်ာေစာင့္မၾကည့္နိုင္ၾကဘူးလား။ရာသီဥတုကလည္းဒီေလာက္ေအးေနတာကို.. တေနရာရာမွာ.. မူးလဲေနရင္ဘယ္လိုလုပ္မလဲ။ မင္းတို႔ကြာ.. "

"ေတာင္းပန္ပါတယ္"

အတြင္းေရးမႉးမင္ရဲ႕ေလသံခပ္တိုးတိုးေဘးမွာဂ်ီမင္းရဲ႕ရွိုက္သံသဲ့သဲ့တစြန္းတစကပ္ပါလာတာေၾကာင့္စိတ္ျပန္ေလွ်ာ့လိုက္သည္။ ေအးေလ.. သူတို႔ရဲ႕အျပစ္လည္းဘယ္ဟုတ္ပါ့မလဲ.. စိတ္ေအးလက္ေအးလာအိပ္ေနမိတဲ့သူ႕ရဲ႕အျပစ္ပဲေပါ့။

"တကယ္လို႔.. မေတာ္တဆလမ္းေပၚမွာမူးလဲခဲ့မယ္ဆိုရင္လည္းငါ့နာမည္နဲ႕ဖုန္းနံပါတ္ပါတဲ့လက္ပတ္ေလးကိုလိုရမယ္ရဝတ္ေပးထားတာမို႔တစ္ေယာက္ေယာက္ကေတြ႕ရင္အေၾကာင္းၾကားလာမွာပါ။ ေလာေလာဆယ္.. ေဆး႐ုံနားတစ္ဝိုက္မွာထပ္ရွာထားလိုက္။အခုခ်က္ခ်င္းလာခဲ့မယ္"

"ဟုတ္ကဲ့.. boss"

သူကအေပၚဝတ္အကၤ်ီကိုအေလာသုံးဆယ္ေကာက္စြပ္၍ အျပင္ထြက္ဖို႔အလုပ္.. ေနာက္တစ္ႀကိမ္ထပ္ျမည္လာတဲ့ဖုန္းသံေၾကာင့္ဖုန္းကိုနံပါတ္ေတာင္ၾကည့္မေနေတာ့ဘဲအလ်င္စလိုကိုင္လိုက္သည္။

"ဟဲလို"

"......."

"ဟုတ္ပါတယ္.. ကြၽန္ေတာ္.. ဂြၽန္ေဂ်ာင္ကုပါ"

"......."

"ဗ်ာ! ဟုတ္ကဲ့.. အခုခ်က္ခ်င္းလာခဲ့ပါ့မယ္"

အသက္ကေလးကိုခ်က္ခ်င္းျပန္ရွာေတြ႕လို႔ေတာ္ေသးတာေပါ့လို႔ေတြးရင္းသက္ျပင္းကိုေလးပင္စြာခ်ကာအိမ္ထဲမွအေျပးတစ္ပိုင္းထြက္လာခဲ့သည္။

"ဟို.. ခုနက.. ဖုန္းဆက္ထားတဲ့ ဂြၽန္ေဂ်ာင္ကုပါ"

ရဲစခန္းထဲဝင္ဝင္ခ်င္းရဲသားတစ္ဦးကိုသူေမးၾကည့္ေတာ့ထိုရဲသားကသူ႕ကိုေျခဆုံးေခါင္းဆုံးအကဲခတ္သလိုတစ္ခ်က္ေဝ့ၾကည့္သည္။

"မွတ္ပုံတင္"

"ဗ်ာ? ဟုတ္ကဲ့"

သူကမွတ္ပုံတင္ထုတ္ေပးလိုက္ေတာ့ထိုရဲကမွတ္ပုံတင္ကိုတစ္လွည့္သူ႕မ်က္ႏွာကိုတစ္လွည့္ေသခ်ာၾကည့္ၿပီးမွသူ႕လက္ထဲကိုမွတ္ပုံတင္ျပန္ေပးသည္။

"ခင္ဗ်ားတို႔ကလည္း.. လူမမာကိုတစ္ေယာက္တည္းလႊတ္ထားရတယ္လို႔.. တစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ။ ေတာ္ေသးတယ္.. ကင္းလွည့္တဲ့ရဲကားနဲ႕ပက္ပင္းတိုးလို႔"

"ဟုတ္ကဲ့.. အေၾကာင္းၾကားေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ အခု.. သူေရာ.. "

"ဟိုးမွာ.. "

ရဲသားၫႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ရဲစခန္းရဲ႕ေထာင့္ကထိုင္ခုံေပၚမွာဝပ္ဝပ္ေလးထိုင္ေနရွာသည့္သူ႕ရဲ႕အသက္ကေလး။ ခႏၶာကိုယ္ေသးေသးေလးကေစာင္ၿခဳံေအာက္မွာျမဳပ္ေနကာဒူးေလးႏွစ္ဖက္ကိုပိုက္ထားၿပီးထိုဒူးေပၚတြင္ေမးတင္လွ်က္မလႈပ္မယွက္ထိုင္ေန၏။ သနားရလြန္းလို႔အသည္းႏွလုံးေတြလည္းကြၽမ္းေျမ့ေလာင္ကြၽမ္းကုန္ၿပီထင္ပါရဲ႕..

သူကထိုေနရာသို႔တစ္လွမ္းခ်င္းေလွ်ာက္သြား၍အသက္ကေလးရဲ႕ေရွ႕တြင္မုဆိုးဒူးေထာက္ထိုင္ခ်လိဳက္ၿပီးလက္ကေလးတစ္ဖက္ကိုယုယစြာဆုပ္ကိုင္လိုက္သည္။ လက္ကေလးတစ္ဖက္ပဲျဖစ္ျဖစ္ဆုပ္ကိုင္ၿပီးအနားမွာအၿမဲရွိေနပါ့မယ္ဆိုတဲ့ကတိကိုမတည္နိုင္တဲ့အတြက္ခြင့္လႊတ္ပါလို႔စိတ္ထဲကအႀကိမ္ႀကိမ္ေတာင္းပန္ရင္းနဲ႕ေပါ့..

"အသက္ကေလး"

သူ႕ေခၚသံေၾကာင့္ေခါင္းေလးဆတ္ခနဲေထာင္လာသည္။ ဒါေပမယ့္..သူ႕ကိုျပန္လည္ေငးၾကည့္လာသည့္မ်က္ဝန္းေလးေတြကအရင္လိုမဟုတ္စိမ္းကားမႈေတြအတိုင္းသားျမင္ေနရသည္။

"ေဂ်ာင္ကုလာမယ္ဆိုလို႔ေမွ်ာ္ေနတာ.. ဘာလို႔အခုထိမလာေသးပါလိမ့္"

ရွိစုမဲ့စုေတာင့္ခံထားတဲ့စိတ္ဓါတ္တို႔ကကမၻာေျမႀကီးရဲ႕ဆြဲအားေနာက္သို႔ေကာက္ေကာက္ပါေအာင္လိုက္သြားသည္။ ဒီေန႕အတြက္ငိုစရာမ်က္ရည္မက်န္ေတာ့ဘူးလို႔ထင္ထားခဲ့ေပမယ့္...

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

ဒါေလးကေနာက္တစ္ပိုင္းဇာတ္သိမ္းနိုင္မယ္ထင္တယ္။ တကယ္လို႔ word count အရမ္းမ်ားသြားရင္ေတာ့ႏွစ္ပိုင္းျဖစ္ခ်င္ျဖစ္သြားမွာ။ မေျပာတတ္ဘူး.. အေျခအေနအရပဲ 😄

Continue Reading

You'll Also Like

53.5K 5.9K 29
အကြောင်းအမျိုးမျိုးကြောင့် အိမ်အငှားအဖြစ်ရောက်လာတဲ့ ကောင်လေးခြောက်ယောက်နှင့်အတူ သီးသန့်နေတတ်တဲ့ အိမ်ပိုင်ရှင် ကောင်လေးတို့ရဲ့ သံယောဇဥ်
14.7K 1.7K 21
သံသယတွေလွန်ကဲရင်လည်း ချစ်သူတွေဝေးသွားတက်တယ်
364K 12.4K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
5.5K 362 12
A Jaywon Fanfiction(Myanmar)