နှလုံးသားနူးညံ့သောဗီလိန်နှင့်...

De Camichel_Miamo

280K 38.4K 1.9K

»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinter... Mais

Story Description
Chapter-1 သူမကရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ဝံပုလွေတစ်ကောင်နဲ့လက်ထပ်ရမှာလား
Chapter-2 လူတိုင်းကယွမ်ချိုးချိုးမကြာခင်မှာပြန်လာလိမ့်မယ်လို့ယုံကြည်ကြတယ်
Chapter-3 သားမွေးမင်္ဂလာဝတ်စုံဝတ်ထားသောသတို့သမီးနှင့်ဝံပုလွေလေး
Chapter-4 သူမထိတ်လန့်တကြားအော်လို့ကတော့ သူ သူမကိုသတ်ပစ်မည်
Chapter - 5 သူ၏ကျိုးပဲ့ပျက်စီးနေသောခန္ဓာကိုယ်ကိုသူမမြင်သောအခါ
Chapter-6 ပထမအကြိမ်အဖြစ်မျက်လုံးကန်းနေခြင်းမှာဆိုးဝါးလှသည်ဟုMr.ဝံပုလွေခံစားမိသည်
Chapter-7 သေအံ့ဆဲဆဲမစ္စတာအရန်အစားအစာနှင့် ယွမ်ချိုးချိုး၏ပြုစုပျိုးထောင်ခြင်း
Chapter-8 ယွမ်ချိုးချိုး သေသွားနိုင်သည်
Chapter-9 မစ္စတာဝံပုလွေဆိုးကြီးသည် သူအေးခဲကာသေသွားတော့မည်ဟုထင်ခဲ့သည်
Chapter-10 သူ့တွင်အမွှေးအများကြီးရှိသောကြောင့်ဖြစ်နိုင်သည်
Chapter-11 သူနှင့်နီးကပ်သည့်သူမှန်သမျှတဖြည်းဖြည်းသေဆုံးသွားကြသည်
Chapter-12 ဆောင်းညတစ်ည၏ပထမဆုံးပူပူနွေးနွေးအစားအစာတစ်နပ်
Chapter-13 ရှင်ကောင်းကောင်းလုပ်ဆောင်သရွေ့တဖြည်းဖြည်းတော့.....
Chapter-14 သူမကသူ့ဘေးမှာဘယ်လိုတောင်လာအိပ်နေရတာလဲ?
Chapter-15 ငါတို့ကကျောက်ကုတင်တစ်ခုတည်းမှာအိပ်ပြီးသွားပြီ
Chapter-16 သူမကSlowpokeလို့ခေါ်တဲ့ဝံပုလွေဆိုးကြီးတစ်ကောင်ကိုကြိုက်နေတာ
Chapter-17 မစ္စတာဝံပုလွေဆိုးကြီးကသူဟာအစားထိုးတစ်ယောက်ပဲလို့တွေးနေတယ်
Chapter-18
Chapter-19 သူကဘယ်လိုတောင်မိုက်မဲလိုက်တဲ့အရန်အစားအစာမျိုးလဲ
Chapter-20 မစ္စတာဝံပုလွေဆိုးကြီးရေခဲရိုက်ဝံပုလွေဖြစ်တော့မလို့
Chapter-21
Chapter-22
Chapter-23 ယောက်ျား,ရှင်မသေရဘူးနော်
Chapter-24
Chapter-25
Chapter-26
Chapter-27 ဝံပုလွေ၏အမြီးအားထိခြင်း
Chapter - 28 ဒီညအတွက် ဥရှိပြီ
Chapter - 29 ရွမ်းကျောင်နိုးနေပြီ
Chapter-30 နောက်ဆုံးတော့ဗိုက်ပြည့်သွားပြီ
Chapter-31 သူမ၏လက်ဖဝါးအားထိခြင်း
Chapter-32
Sorry
Chapter-33 ဘောင်းဘီနှင့်မစ္စတာဝံပုလွေဆိုးကြီး
Chapter-34 မစ္စတာဝံပုလွေ၏ပုံဆွဲစွမ်းရည်
Chapter-35
Chapter-36 သနားစရာကောင်းလှသည့်ဝံပုလွေကြီးသည်ရုတ်တရတ်ပေါ်လာခဲ့၏
Chapter-37 နှင်းပေါ်သို့ကျဆင်းသွားခဲ့သည့်သွေးစွန်းသွားသောပွင့်ချပ်လေးများ
Chapter-38 ကိုယ်ပျောက်မကောင်းဆိုးဝါး
Chapter-39 ချိုးချိုးအတွက်မစ္စတာဝံပုလွေဆိုးကြီး၏ခံစားချက်များ
Chapter-40 သူမ‌,ပျော်နေလျှင်သူ့အားနမ်းလိမ့်မလား?
Chapter-41 မစ္စတာဝံပုလွေဆိုးကြီးဂရုတစိုက်ရေးဆွဲထားလေသည့်အစီအစဉ်
Chapter-42 အင်္ကျီဇောက်ထိုးဝတ်ထားသည့်မစ္စတာဝံပုလွေဆိုးကြီး
Chapter-43 မိုင်ထောင်ပေါင်းများစွာအဝေးမှအနီရောင်တောင်ပံသိမ်းငှက်
Chapter-44 ပြန်ထိခြင်း
Chapter-45 သူတို့အလွန်နီးကပ်နေသည်ဟုမစ္စတာဝံပုလွေထင်မိသည်
Chapter-46 အိမ်တံခါးလာခေါက်တဲ့လင်းတ
Chapter-47 မမြင်ရဘူး
Chapter-48 ချင်းရူရီ
Chapter-49 ဝံပုလွေအားစတင်နားလည်လာပြီဟုယွမ်ချိုးချိုးခံစားရ၏
Chapter-50 နှစ်ဆယ့်သုံးနှစ်တာကြာခဲ့ပြီးနောက်ပြန်လည်ဆုံဆည်းခြင်း
Chapter-51 မိုဘူကွေ့
Chapter-52 ဝံပုလွေ၏ဖြားယောင်း‌သွေးဆောင်မှု
Chapter-53 ညဘက်တွင်ခိုးယူနေသည့်ဝံပုလွေတစ်‌ကောင်
Chapter-54 ဝိညာဉ်ကျောက်တုံးရှိနေသည့်ခိုဖက်တီးတစ်ကောင်
Chapter-55 ကြင်နာတတ်သည့်အဖွားတစ်ဦးအဖြစ်သို့အမှန်တစ်ကယ်ပင်ပြောင်းသွားလေရဲ့
Chapter-56 သားရဲတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း
Chapter-57 ငါတို့သွားခဲ့ကြတဲ့အဲ့ဒီမှောင်မိုက်နေတဲ့လမ်းတွေ
Chapter-58 ကျွန်မနဲ့ရွမ်းကျောင်အပေါ်မှာ လောင်းကြေးထပ်လိုက်ပါ
Chapter-59 မစ္စတာဝံပုလွေဆိုးကြီး!
Chapter-60 ဝံပုလွေ၏ငိုကြွေးမှုများ
Chapter-61 ငါမဟုတ်ဘူး
Chapter-62 ဝံပုလွေပေါက်လေး
Chapter-63 သူတို့နင့်ကိုမယုံကြပေမယ့်ငါကတော့နင့်ကိုယုံတယ်
Chapter-64 သူမသည်သူစိတ်ကူးယဉ်ခဲ့ဖူးသောလူသားအမျိုးသမီးလေးဖြစ်၏
Chapter-65 ဝုဖ်၏တစ်ဦးတည်သောအမျိုးသမီးလေး
Chapter-66 အရာအားလုံးအစစ်အမှန်မဖြစ်နိုင်သည်ကိုသူသိပါ၏
Chapter-67 မျက်တောင်တို့ထက်ကနူးညံ့သောအနမ်းပွင့်များ
Chapter-68 မစ္စတာဝံပုလွေဆိုးကြီး၏လက်ဆောင်
Chapter-69 ဝံပုလွေ၏တိုးတက်မှု
Chapter-70 ကတိသစ္စာချုပ်ဆိုချက်နှင့်မစ္စတာရှာလကာဝုဖ်
Chapter-71 ရွမ်းကတော်
Chapter-72 မစ္စတာဝံပုလွေဆိုးကြီး၏မျက်ရည်များ
Chapter-73 ဝုဖ် သူ့ဇနီးကို ကိုက်လို့ရမလား?
Chapter-75 ရှောင်မင်နှင့်ရှဲ့ချင်
Chapter-76 အဖြူထည်
Chapter-77 ရွှေ့ပြောင်းခြင်း
Chapter-78 သူ၏နှုတ်ခမ်းတို့အားမတော်တဆပွတ်တိုက်မိသွားခြင်း
Chapter-79 သွေးနှောကလေး
Chapter-80 မိန်းမက ဝုဖ်နဲ့ခွဲအိပ်ချင်လို့လား?
Chapter-81 ဝုဖ်မိန်းမနဲ့ခွဲအိပ်ဖို့စဉ်းတောင်မစဉ်းစားဖူးပါဘူး
Chapter-82 ဝုဖ်ရဲ့သားမွေးကထိရတာလုံလုံလောက်လောက်မကောင်းလို့လား?
Chapter-83 မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေSlowpoke
Chapter-84 သူသည်သူ့ကိုယ်သူရှာလကာရည်မှောက်နေခဲ့ခြင်းဖြစ်၏
Chapter-85 မိန်းမနဲ့အိပ်မယ်
Chapter-86 အရိုင်းဓလေ့ရေချိုးခြင်း
Chapter-87 ပထမဆုံးအနမ်း
Chapter-88 အဆင့်တက်ခြင်း
Chapter-89 မင်းကိုမြင်ချင်တယ်
Chapter-90 ကျွန်မယောက်ျားကအချောဆုံးပါ
Chapter-91 မစ္စတာဝံပုလွေ၏အချက်အပြုတ်
Chapter-92 ရှဲ့ချင်၏အကြေးခွံများ
Chapter-93 ကျွန်မ ယောက်ျားကို မကြောက်ပါဘူး
Chapter-94 သိပ်သည်းလှသောနှင်းများအောက်ခြေဖျားထောက်အနမ်း
Chapter-95 ဝံပုလွေနဲ့လူသားက ဥဥလို့ရလား?
Chapter-96 ဝုဖ်မကောင်းဘူး
Chapter-97 ကန့်သတ်တောင်
Main story complete(1-125) pdf

Chapter-74 ကိုက်ခြင်း

1.6K 223 12
De Camichel_Miamo

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ကိုက်ခြင်း

ရွမ်းကျောင်၏အသံမှာ တိုးညင်းသော်လည်း ထင်းမီး တဖျစ်ဖျစ်မြည်သံ တစ်ခုတည်းသာရှိသည့် ဂူထဲတွင် အလွန်ပင်ထင်ရှားနေလေ၏။

ယွမ်ချိုးချိုး၏လက်များသည် တုန်ရီနေဆဲဖြစ်ပြီး သူမ၏ရှည်လျားပျော့ပြောင်းကာ နက်မှောင်နေသည့်ဆံပင်အား လက်ချောင်းတို့ဖြင့် အသာအယာသပ်တင်လိုက်ရင်း နားများတွင် ပြဿနာတစ်စုံတစ်ရာများ ရှိနေသလားဆိုသည်ကို တစ်ခဏလောက် တွေးမိသွားရလေသည်။

ရွမ်းကျောင် ယခုလေးတင် ပြောလိုက်သည်က...

သူ သူမကို ကိုက်ချင်သည်?????

ယွမ်ချိုးချိုး၏ နီရဲနေပြီးသား ပါးပြင်တို့မှာ ချက်ချင်းပင် ပိုမိုနီရဲလာရသည်။ 

သူမမှာ သူမ၏ခံစားချက်တို့ ဤဝံပုလွေအပေါ်တွင် သာမန်မဟုတ်ကြောင်း ယခုမှ သဘောပေါက်သွားရုံ ရှ်ိသေးသည် သူ‌ပြောလာသည်က ... သူ ... သူမအား ... ကိုက်ချင်သည်???

သူ သူမအား မည်သို့မည်ပုံ ကိုက်ကာ မည်သည့်နေရာသို့ ကိုက်မည်နည်း.......

အသက်တစ်ချက်ရှူစာအတွင်းမှာပင် ယွမ်ချိုးချိုး၏ခေါင်းသည် ယောက်ယက်ခတ်နေသည့် အတွေးမျိုးစုံတို့ဖြင့် ပြည့်နှက်သွားလေပြီး ဖြေရန်ပင် မေ့သွားတော့လေ၏။

ရွမ်းကျောင် အချိန်အကြာကြီး ကြာပြီးသည်အထိ အမျိုးသမီးလေ၏ အဖြေကို မကြားရပေ။ အပြစ်ရှိစိတ်နှင့် နောင်တစိတ်တို့ကြောင့် နာကျင်နေခဲ့ရသော နှလုံးသားသည် တဖြည်းဖြည်း တင်းကျပ်လာ၏။ သူ၏အသံထဲက ဗလာဖြစ်မှုကို ထိန်းထားရန် အကောင်းဆုံးကြိုးစားနေရကာ ဤလူသားအား အိပ်ယာပေါ်သို့ ချက်ချင်းဖိချလိုက်ပြီး အထိန်းအချုပ်မရှိ လျက်ကာကိုက်ပစ်ရန် ဆူညံအော်ဟစ်နေကြသည့် နတ်ဆိုးဆန်ဆန်အတွေးများကိုလည်း သည်းခံနေရ၏။

ယွမ်ချိုးချိုး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် သူ ကျိန်းစပ်နေသည့်မျက်လုံးများကို ဖြည်းညင်းစွာသာ ပိတ်ချလိုက်တော့၏။ "ရပါတယ် ကိစ္စမရှိပါဘူး"ဟူသော စာကြောင်းအား သူပြောရန်လုပ်လိုက်သော်လည်း စကားတစ်ခွန်းပင်ထွက်မလာ။

မစ္စတာဝံပုလွေဆိုးကြီး၏ အမြီးအကြီးကြီး လွှဲယမ်းနေခြင်း တဖြည်းဖြည်းရပ်သွားသည်ကို မြင်သောအခါတွင်မှ ယွမ်ချိုးချိုးမှာ ထိုထူးဆန်းသောအတွေးတို့မှ ချက်ချင်း အသိပြန်ဝင်သွားတော့၏။

သူမ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် စတင်ခွဲခြမ်းစိတ်ဖြာလိုက်သည်။

နတ်ဆိုးအသွင်ပြောင်းလဲခြင်း ကာလအလယ်တွင် ရှိနေကြသည့် သားရဲတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းများသည် တစ်ခါတစ်ရံတွင် သွေးအားဆာလောင်သည့် ဆန္ဒကိုမထိန်းချုပ်နိုင်ဟု ဘွားဘွားရူရီ ပြောပြဖူးသည်။ မစ္စတာဝံပုလွေဆိုးကြီးလည်း အနည်းငယ်လွှမ်းမိုးခံနေရခြင်းများလား?

တစ်ကိုက်လောက် ပေးကိုက်လိုက်ရုံဖြင့် ဘာမှမဖြစ်နိုင်လောက်ဘူးမလား?

ဤသို့စဉ်းစားပြီးနောက် ယွမ်ချိုးချိုး စည်းပေးထားသည့် သိုးမွေးကြိုးကို ဖြည်းဖြည်းချင်း ဖြေလျော့ပေးလိုက်သည်။ သူ၏အနီရောင်ဝတ်ရုံရှည်ကို ပုတ်လိုက်ပြီး တစ်ခဏတွန့်ဆုတ်နေပြီးနောက် မေးလိုက်သည် "ဘယ် ... ဘယ်နေရာကို ကိုက်မှာလဲ?"

သူ သူမ၏လည်ပင်းကို သွေးစုပ်ဖုတ်‌ကောင်ကဲ့သို့ ကိုက်ရန်များ လိုသေးလား?

ယွမ်ချိုးချိုး မေးပြီးသည်နှင့်တစ်ပြိုင်နက် မစ္စတာဝံပုလွေဆိုးကြီး လှည့်လာသည်ကို သူမ,မြင်ရလေ၏။

နူးညံ့သည့်အဖြူရောင် သိုးမွေးပတ်တီးသည် သူ၏မျက်လုံးနှင့် နဖူးကိုဖုံးအုပ်ထားပြီး ဖြောင့်တန်းနေသောနှာတံတစ်စင်းနှင့် ပါးပါးလျလျနှုတ်ခမ်းလေးတို့ကိုသာ ဖော်ပြနေ၏။

သူ၏လက်ဖဝါးအကြီးကြီးသည် ဖြည်းဖြည်းချင်း ရှေ့သို့ရွေ့လာပြီး ယွမ်ချိုးချိုး၏လက်ဖဝါးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်၏။

သူမသည် ယခုလေးတင်မှ ဝံပုလွေ၏မျက်လုံးတို့ကို ဖုံးကာပေးထားသည်ဖြစ်သောကြောင့် ယွမ်ချိုးချိုးသည် ကျောက်ကုတင်ပေါ်တွင် ဒူးတစ်ဝက်ထောက်လျက်ဖြင့် ရှိနေဆဲဖြစ်လေသည်။ ဤအခိုက်အတန့်တွင် သူ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာပြီး သူမ,ငြင်းဆန်နိုင်စွမ်း မရှိပါချေ။ သူမ လက်ကောက်ဝတ်ကို ရွမ်းကျောင်၏နှုတ်ခမ်းများဆီသို့ ယူသွားခွင့်ပြုထားလိုက်တော့၏။

မူလက ချိုးချိုး၏ညှပ်ရိုးအားကိုက်ရန် စီစဉ်ထားသည့် မစ္စတာဝံပုလွေဆိုးကြီး : "....."

သူမ၏လက်ကောက်ဝတ်သည် တုန်ရီနေပြီး သူမ,စိတ်လှုပ်ရှားနေသည်ကို သူခံစားနိုင်၏။

သူ၏မျက်ခုံးတန်းတို့မှာ ပျော့ပြောင်းသွားရပြီး ရွမ်းကျောင်း တဖြည်းဖြည်းချင်း ငုံ့ကိုင်းကာ ဝင်သက်ထွက်သက်နွေးနွေးသည်  ယွမ်ချိုးချိုး၏လက်ကောက်ဝတ်ပေါ်တွင် ပက်ဖြန်းနေလေ၏။

ယွမ်ချိုးချိုး၏ နှလုံးခုန်နှုန်းတို့ မြန်သည်ထက်မြန်ဆန်လာရပြီး အကြည့်တို့သည် သူ၏အရောင်ဖျော့ဖျော့ နှုတ်ခမ်းများပေါ်သို့ ကျရောက်သွား၏။ သူမ ပို၍ပင် တုန်ရီလာပြီး မျက်လုံးတို့ကို စုံမှိတ်ချလိုက်တော့သည်။

မစ္စတာဝံပုလွေဆိုးကြီး၏ အစွယ်လေးများသည် သူမ၏နုနယ်ကျိုးပဲ့လွယ်သည့် လက်ကောက်ဝတ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။ ယွမ်ချိုးချိုး သူမ၏ညာဘက်လက်ကောက်ဝတ်ပေါ်မှ ပေါ့ပါးသည့် ငှက်တောင်မွှေးလို ယားယံမှုမျိုးနဲ့တွဲဖက်လျက် တစစ်စစ်ဖြစ်နေသည့် ခံစားချက်လေးတစ်ခုကိုသာလျှင် ခံစားမိသည်။

သူသည် နာအောင်မကိုက်ဘဲ အမှန်တကယ်ကို ကိုက်ရုံလေးသာ ကိုက်ခြင်းလား?

ဤသို့စဉ်းစားလိုက်ရင်း ယွမ်ချိုးချိုး အနည်းငယ်သက်သာရာရစွာဖြင့် မျက်လုံးတို့ကို ဂရုတစိုက် ဖွင့်လိုက်ပြီး တစ်စုံတစ်ခုအား ပြောရန်လုပ်လိုက်၏။ သို့သော် နောက်တစ်စက္ကန့်အတွင်း၌ သူမ မရယ်မောနိုင်တော့--

သည်းမခံနိုင်လောက်သည့် ယားယံမှုလေးတစ်ခုသည် မစ္စတာဝံပုလွေဆိုးကြီး ကိုက်လိုက်သည့်နေရာမှ ရုတ်တရတ် ထွက်ပေါ်လာလေ၏။ ထိုနောက် သူမ၏လက်ကောက်ဝတ်မှ သူမ၏ခြေလက်တို့အထိအကုန် ပြေးလွှားသွားကြလျက် ပျံ့နှံ့သွားရာ လမ်းကြောင်းအကုန်လုံးတွင် သူမမှာ ပျော့ခွေသွားရတော့၏။

ယွမ်ချိုးချိုး၏ပါးပြင်တို့ နီမြန်းသွားရပြီး ဘယ်လက်ဖြင့် နှုတ်ခမ်းတို့ကို ကာထားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ရင်း ရှက်စရာကောင်းသည့် အသံတစ်စုံတစ်ရာကိုမျှ မလုပ်မိစေရန် ကြိုးစားနေရ၏။

ရွမ်းကျောင် သူမ၏လက်ကောက်ဝတ်ကို အလျင်အမြန်ပင် ဖြေလျော့ပေးလိုက်သည်။ သို့သော် ယွမ်ချိုးချိုးမှာ လက်မြှောက်ရန် အင်အားပင်မရှိရှာတော့ချေ။ သူမ၏လက်ကောက်ဝတ်ထက်တွင် ခပ်ရေးရေးသွားရာလေးတစ်ခုနှင့် လျှပ်တစ်ပြက် အဖြူရောင်အလင်းဖျော့ဖျော့ကိုသာ မြင်လိုက်ရ၏။

အစက ဘွားဘွားရူရီ ချန်ထားခဲ့သည့် "ကတိသစ္စာချုပ်ဆိုချက်"၏ ခြေရာလက်ရာတစ်စွန်းတစ်ပင်မရှိ။ 

ယွမ်ချိုးချိုး မျက်လုံးတို့ကို အံ့ဩစွာဖွင့်လိုက်ပြီး သဘောတူညီချက်မှာ ရွမ်းကျောင်၏ လက်ကောက်ဝတ်ပေါ်သို့ ပြောင်းလဲရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရလေ၏။ 

ယွမ်ချိုးချိုး ရှက်သွားရပြီး မစ္စတာဝံပုလွေဆိုးကြီးသည် လျှာဖျားလေးကိုထုတ်ကာ သူ၏အရောင်ဖျော့ဖျော့ နှုတ်ခမ်းပါးတို့အား အသာအယာ လျက်နေသည်ကို မြင်ရသည်မှာ---

(နှုတ်ခမ်းပေါ်က) သူမ၏ကျန်ခဲ့သည့် အရသာအား အရသာခံနေသကဲ့သို့......

ယွမ်ချိုးချိုးမှာ ချက်ချင်းပင် အလွန့်အလွန်ကို ရှက်သွားရသည်။

သူမ ဘာစကားမျှပင် မပြောနိုင်တော့ပေ။ သူမ၏လက်ပေါ်တွင် ရှိနေရမည့် သူ၏လက်ကောက်ဝတ်ပေါ်ရှိ အမှတ်အသားအားကြည့်ရင်း သူမ ရှုပ်ထွေးနေမိသည်။

"ဝုဖ် နောက်တစ်ကိုက်လောက် ကိုက်လို့ရမလား?" မဖော်ပြနိုင်သည့် စိတ်ဆန္ဒများပါဝင်နေသကဲ့သို့ ဩရှရှအသံသည် သူမ၏နားများထဲသို့ ဝင်ရောက်လာလေရာ ဝံပုလွေသည် ယနေ့ညတွင် သူမအား သူမ၏ဇနီးမယားတစ်ဦး၏ တာဝန်များအား ဖြည့်ဆည်းချင်နေစေသလားဟုပင် တစ်ခဏလောက် အတွေးဝင်သွားတော့သည်။

ယွမ်ချိုးချိုး ခေါင်းကိုခါယမ်းလိုက်ပြီး သူမ အတွေးလွန်နေသည်ဟု လေးလေးနက်နက် ခံစားမိသည်။

သူမ၏ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော ခံစားချက်သည် တဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး ယွမ်ချိုးချိုး သူမ၏အသံအား နောက်ဆုံး‌တော့ ပြန်ရသွားလေ၏။ နွေးထွေးနူးညံ့သည့် အလင်းရောင်နှင့် ချောမောသည့် ပါးပြင်တို့ထက်တွင် မသိမသာနီရဲနေသည့် ဝံပုလွေအားကြည့်ရင်း သူမ၏နှလုံးသားထဲတွင် ထူးထူးဆန်းဆန်း သဟဇာတ ဖြစ်နေသလို ခံစားရ၏။

အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူမ၏အတွေးအခေါ်စွမ်းရည်တစ်ချို့ကို ပြန်လည်သိုလှောင်လိုက်ရသည်။

သူမ ယခုလေးတင် ထင်လိုက်သည်မှာ မစ္စတာဝံပုလွေဆိုးကြီးသည် လတ်လတ်ဆတ်ဆတ်သွေးသားအား အာသာပြင်းပြသည့် ဗီဇအား မထိန်းချုပ်နိုင်ဖြစ်နေသောကြောင့် သူမအား ကိုက်ချင်သည်ဟူ၍။ သို့သော် သူမ၏အထင်မှာမှားကြောင်း ထင်ရှားလေ၏။ သူသည် သူမ၏စာချုပ်ကို သူ့ထံသို့ လွှဲပြောင်းယူလိုရုံသာ။

ယခု မစ္စတာဝံပုလွေဆိုးကြီးသည် ဘာမျှခြားနားသွားသည့်ပုံမပေါ်သော်လည်း ကိစ္စတို့မှာ ထိုမျှလောက် မရိုးစင်းနိုင်သည်ကို ယွမ်ချိုးချိုး နားလည်သည်။ တန်းကြေးတစ်စုံတစ်ရာအား မ ပေးရပါဘဲ ကတိသစ္စာချုပ်ဆိုအား မည်ကဲ့သို့ လွှဲပြောင်းယူနိုင်ပါ့မည်နည်း?

ဤကဲ့သို့အတွေးဖြင့် သူမနှလုံးသားတွင် အစောက မြင့်တက်လာနေခဲ့သည့် အတွေးတို့မှာ ပျောက်ကွယ်သွားရသည်။

ခွန်အားအချို့ပြန်လည်ရရှိပြီးနောက် ယွမ်ချိုးချိုး ခါးကိုမတ်လိုက်ပြီး ယခု သူမ ဝံပုလွေကို မမြင်နိုင်တော့ပေ။ (ဒီနားအိုင်လည်းနားမလည်ဘူး ဘာသာပြန်က notပိုနေသလားတော့ မပြောတတ်ဘူး) သူမ သူ၏လက်မောင်းကို တိတိကျကျဆုပ်ကိုင်ကာ မေးလိုက်သည် "... ဝုဖ် အခုလေးတင် ကတိကို ပြောင်းယူလိုက်တာလား?"

ရွမ်းကျောင် နှုတ်ခမ်းတို့ကိုစေ့ထားပြီး သူမ၏မေးခွန်းကို မဖြေချင်ပါပေ။ သူ၏ငွေရောင်-မီးခိုးရောင် နားရွက်ချွန်ချွန်လေးများကိုသာ အောက်သို့ငိုက်စိုက်ချထားလျက် အသံတိုးတိုးလေးဖြင့် ပြောလာသည် "လုပ်လို့မရဘူးလား?"

ယွမ်ချိုးချိုး : "..........."

ကူကယ်ရာမဲ့စွာဖြင့် ယွမ်ချိုးချိုး ဒေါသထွက်စွာ ပြောလိုက်သည် "... ဝုဖ် ကိုက်လည်း ကိုက်သေးတယ်"

"... ဟုတ်တယ်လေ"

အမြဲလိုလို သူသည် အေးစက်ပြီး မေးခွန်းတိုင်းကို အချိန်အတော်ကြာအောင် စဉ်စားရသော်လည်း ဤအကြိမ်တွင်မူ တုံ့ပြန်မှုမှာ အလွန်ကို မြန်ဆန်နေလေသည်။ သူ၏အသံမှာ ရှက်ရွံ့မှုလေးတို့ဖြင့် အပြည့်ဖြစ်နေပြီး ယွမ်ချိုးချိုး၏ စကားတို့ဆုံးသည်နှင့် ချက်ချင်းကို တုံ့ပြန်လာသည်မှာ သူမ,နောင်တရသွားမည်ကို ကြောက်နေသကဲ့သို့ပင်။

ယွမ်ချိုးချိုး : "..........."

သူမ မေးထောက်ကာ သူမ၏ရှေ့ရှိ ရုတ်တရတ် ပိုမိုပွင့်လင်းလာပုံရသည့် ဝံပုလွေကို ကြည့်လိုက်သည်။ ကူကယ်ရာမဲ့စွာပင် သက်ပြင်းချရတော့သည် "ကျွန်မ အိပ်ပျော်သွားတဲ့အချိန်ထိစောင့် ပြီးမှကိုက်"

သူတို့ အခုထိ ညစာတောင် စားရသေးတာမဟုတ်ဘူး။

မစ္စတာဝံပုလွေဆိုးကြီး အနည်းငယ် စိတ်ပျက်အားလျော့သွားရသော်လည်း သူ့ကိုယ်သူထိန်းချုပ်သင့်ကြောင်းကို သူနားလည်ဆဲဖြစ်သည်။ ထို့ကြောင့် ထိုမဖော်ပြနိုင်သည့် အာရုံစိုက်စရာအတွေးများကို ဖိနှိပ်ရင်းသာ အသာအယာ ခေါင်းငြိမ့်ပြလိုက်လေသည်။

...

ညစာပြင်နေသည့်အချိန်တွင် သူမ၏ပတ်ပတ်လည်၌ မမြင်ရသည့် အားတစ်ခုရှိနေပြီး သူမအား အင်အားအနည်းငယ်သာ စိုက်ရအောင် ပြုလုပ်ပေးနေသည်ကို ယွမ်ချိုးချိုး ခံစားမိလေသည်။ အရင်က ဖြတ်ရန်ခက်ခဲသည့် ပထမဆင့်အမဲသားသည်ပင် ယနေ့တွင် သူမ,အင်အားအများကြီးအား အသုံးမပြုရသေးခင်မှာပင် ဖြည်းဖြည်းချင်း ကွဲအက်သွားလေ၏။

ယွမ်ချိုးချိုး : "......." 

သူမ ကျောက်စားပွဲတွင်ထိုင်နေကာ ရိုးရိုးသားသားပုံစံလေးဖြင့် ညစာအားထိုင်စောင့်နေပုံရသည့် ဝံပုလွေအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ‌အလွန်ဖျော့တော့နေဆဲဖြစ်သည့် သူ၏အသားအရောင်ကိုပါ ကြည့်မိသည်။

မစ္စတာဝံပုလွေဆိုးကြီး၏ နှာခေါင်းမှာ အစားအစာအနံ့တို့ဖြင့်ပြည့်နေ၏။ နားရွက်လေးများမှာ အဆက်မပြတ် ခါယမ်းနေကြပြီး ရှေ့ရေးသို့မျှော်တွေးရင်း အနာဂတ်ကို စဉ်းစားနေလေ၏.....

အိမ်တွင် သစ်သားပန်းကန်လုံး တစ်လုံးတည်းသာ ရှိသည်။ ချိုးချိုး နောက်ပိုင်းတွင် သူနှင့်အတူ ပန်းကန်တစ်လုံးတည်း သုံးတော့မလား?

ယွမ်ချိုးချိုးသည်လည်း ဤပြဿနာနှင့် အမှန်ပင် ရင်ဆိုင်နေရလေသည်။ သူမ တစ်ခဏလောက် ကြိုးစားရုန်းကန်လိုက်ပြီးနောက် အရင်ကပြင်ဆင်ထားသည့် သစ်သားအင်တုံကို သူမ၏ပန်းကန်လုံးအဖြစ် ထုတ်ယူလိုက်တော့သည်။

မစ္စတာဝံပုလွေဆိုးကြီး : ".........." 

...

ယခုအချိန်တွင် သူမတို့သည် ပိုကောင်းသည့် အခြေအနေတွင် ရှိနေကြလေပြီ။ ညစာမှာ အလွန်ကိုပေါများပေ၏။ စားနေကျtuberအပြင် အမဲသားကင်နှင့် ငါးစွပ်ပြုတ်လည်းရှိသည်။

သူ,မမြင်နိုင်ဟုယူဆကာ ယွမ်ချိုးချိုး ဝံပုလွေအား ခွံ့ကျွေးတော့မည်ပင်။

သို့သော် ရွမ်းကျောင်သည် တည်ငြိမ်လှ၏။ သူ၏လှုပ်ရှားမှုတို့မှာ ကြော့ရှင်းနေပြီး အရှိန်မှာလည်း မနှေးပေ။ မျက်လုံးကွယ်နေမှုသည် သူ၏ပုံမှန်စားသောက်ပုံအား မသက်ရောက်သကဲ့သို့ပင်။ ထို့ကြောင့် ယွမ်ချိုးချိုး သူ့ဘာသာပင် စားစေလိုက်တော့သည်။

ညစားစားချိန်သည် တစ်မူထူးခြားစွာ တိတ်ဆိတ်နေလေရဲ့။

အစောတုန်းက ရှက်စရာကောင်းသည့် တုံ့ပြန်မှုကြောင့် ယွမ်ချိုးချိုး ရွမ်းကျောင်၏မျက်နှာအား မကြည့်ရဲပါချေ။

သို့သော် ရှေ့ဆက်လုပ်ရမည့် အစီအစဉ်တို့အား စဉ်းစားမိသောအခါ သူမ ထိုအကြောင်းအား စဉ်းစားကာ မေးလိုက်သည် "ယောက်ျား ပြောင်းဖို့.... "

ရွမ်းကျောင်၏ သွယ်လျသည့်လက်ချောင်းတို့သည် စားပွဲခုံကို အသာအယာခေါက်နေလေ၏ "အင်း"

ယွမ်ချိုးချိုး : "?"

မစ္စတာဝံပုလွေဆိုးကြီး : "ပြောင်းကြမယ်"

သူ၏ဇနီးလေးနှင့် သူ၏ပထမဆုံးအိမ်အား စွန့်ခွာရမည်ကို တွန့်ဆုတ်မိသော်လည်း ဝိညာဉ်စွမ်းအင်များ ပိုမိုအား‌ကောင်းသည့်‌ နေရာအားရွှေ့ခြင်းသည် သူမအတွက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်ကို သူသိသည်။

သူ၏လက်ချောင်းထိပ်တို့သည် လည်ပင်းထက်တွင်ဆွဲထားသည့် အသံပို့လွှတ်ပုတီးလုံးနှင့် ဟိုဟိုသည်သည် ကစားနေပြီး သူ၏အသံသည် ဂရုမစိုက်စွာ ပြောလာပုံရ၏ "မင်္ဂလာကုတင်ကို ယူသွားမယ်"

ယွမ်ချိုးချိုး : "....."

သူပြောသည့် "မင်္ဂလာကုတင်"ဆိုသည်မှာ သူမတို့ယခုအသုံးပြုနေကြသည့် ကျောက်ကုတင်ဆိုသည်ကို သဘောမပေါက်ခင်အထိ သူမ နှစ်စက္ကန့်မျှ မလှုပ်မယှက် ဖြစ်သွားခဲ့ရသည်။ သူမ သူမ၏ရှေ့က ပတ်တီးနှင့် မစ္စတာဝံပုလွေဆိုးကြီးကိုကြည့်ကာ စကားလုံးဝပင်မပြောနိုင်ခဲ့ပေ။

သူမသည် စကားမပြောဘဲ သူ၏နတ်ဆိုးအသိစိတ်မှာလည်း ကုန်ဆုံးသွားလေ၏။ သူမ၏စိတ်အခြေအနေကို အကဲမဖြတ်နိုင်တော့သည့် ဝံပုလွေသည် တဖြည်းဖြည်းနှင့် မသက်မသာ ခံစားလာရလေ၏။

သူပြောလိုက်သည်မှာ သူမအား မပျော်မရွှင်ဖြစ်သွားစေသည်ဟု တွေးလိုက်မိသည်။ သူ ထိုကဲ့သို့ စဉ်းစားမိပြီးနောက် မှတ်ဉာဏ်ကမ္ဘာထဲတွင် သူမအား မည်ကဲ့သို့ပျော်ရွှင်အောင် လုပ်ပေးသည့်အကြောင်းကို စဉ်းစားတော့၏။

သို့ဖြစ်ရာ ယွမ်ချိုးချိုး နောက်ဆုံးတွင် သတ္တိတို့ရှိလာပြီး သူ့အား အတင်းအကျပ်ဖိအားပေး ယူခဲ့ရသည့် လူသားဇနီးအပေါ်တွင် မည်ကဲ့သို့ခံစားရကြောင်း ရွမ်းကျောင်အား မေးတော့မည့်အချိန်တွင် မစ္စတာဝံပုလွေဆိုးကြီး၏ မသိမသာစိတ်သောရောက်နေသလိုအသံသည် နူးညံ့စွာပြောလာသည်ကို သူမ,ကြားလိုက်ရလေတော့၏ "မိန်းမ အမြီးကို ထိချင်လား?"

ယွမ်ချိုးချိုး : "....?"

ဝံပုလွေ မည်သည်တို့အား စဉ်းစားနေပြန်သည်ကို သူမ,မသိသော်လည်း သူမတံခါးသို့ရောက်လာသည့် အမြီးအား မထိဖို့ဆိုသည်က မည်သို့များ ဖြစ်နိုင်မတဲ့တုန်း?

သို့ဖြစ်ရာ ယွမ်ချိုးချိုး ခေါင်းငြိမ့်ကာ ဆိုလိုက်လေ၏ "ထိချင်တယ်"

...

...

ရိုးသားလှသည့် ဝက်ဝံနှစ်ကောင်သည် အခက်အခဲများစွာအား ကြုံခဲ့ရပြီးနောက် နောက်ဆုံးတွင် ဆင်မျိုးနွယ်စုနှင့် လုပ်ငန်းကို အပြီးသတ်နိုင်ခဲ့ပြီး ဖြစ်၏။ အပြန်လမ်းတွင် ရှောင်ဒိုဒိုသည် စိတ်နှင့်ကိုယ်နှင့်မကပ်သလို ငိုယိုနေလေသည်။

ရှောင်ယွမ် သူ၏ငိုနေသော ညီငယ်လေး၏ ပုခုံးကိုပုတ်ကာ ခြားနားသောအသံဖြင့် ဆိုလေသည် "မငိုပါနဲ့ ဒိုဒိုရာ ၊ မင်း အမွှေးပြောင်ဖြစ်သွားရင်တောင် သမုဒ္ဒရာမျိုးနွယ်စုက ရှောင်ဟုန်က မင်းကို စွန့်ပစ်မှာတဲ့လားကွာ?" 

"မင်းကိုလက်ထပ်ဖို့ သူ(မ)ဆူညံပူညံတွေတောင် လုပ်ထားတာ ၊ ဘာစိုးရိမ်စရာလိုလဲ?"

ရှောင်ဒိုဒို သူ့အစ်ကိုအား ကြောက်စရာကောင်းစွာ စိုက်ကြည့်လိုက်ပြီး မထိန်းနိုင်စွာ သင်းပျံ့ကြိုင်လှိုင်လှသည့် အဆဲစကားလုံးတို့မှာ ပွင့်အံကျ‌လာလေ၏ "ယီး ၊ မင်း အမွှေးတွေကို ထိန်းသိမ်းထားဖို့ သူများအပေါ်မှာ မှီခိုထားရပြီးတော့များ ၊ မင်းက အမွှေးမပြောင်တော့ ရယ်နိုင်မှာပေါ့!"

"ရှောင်ဟုန်အကြောင်း မပြောနဲ့ ၊ ပန်ဒါနဲ့ သွားအကြီးကြီးတွေနဲ့ ငါးမန်းတွေမှာ ဘာအနာဂတ်မှမရှိဘူးကွ" ရှောင်ဒိုဒိုသည် အော်ဟစ်မြည်တမ်းကာ မြည်တမ်းကာဖြင့် ငိုယိုနေလေသည်။ သို့သော် တစ်ခဏစဉ်းစားပြီးနောက် မျက်ရည်တို့ကိုသုတ်ကာ ပြောလာပြန်သည် "အစ်ကို ၊ မြန်မြန်ပြန်ကြစို့။ နောက်ဆုံးတော့ ဆေးပင်၁၅ပင် လဲလို့ရခဲ့ပြီ ၊ သူတို့တွေအသုံးပြုဖို့ စောင့်နေကြတုန်း"

ထိုအကြောင်းအားပြောရင်း သူအနည်းငယ် ဂုဏ်ဆာနေလေသည် "ကျွန်တော့်သားမွေးတွေက အဲ့လောက်အဖိုးတန်လိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး ၊ အရင်တုန်းက သားရဲပုံစံကို ပိုဝအောင်နဲ့ သားမွှေးတွေ ပိုကြီးထွားအောင် အသားတွေကို ဘာလို့များ ပိုမစားမိခဲ့ပါလိမ့်ကွာ"

"..." ရှောင်ယွမ်သည် သူ့ညီငယ်၏ခေါင်းကို သပ်ပေးကာ အလွန်မခြားမနားပင် ပြောလေသည် "ဘာလို့လဲဆိုတော့ ငါတို့မျိုးနွယ်စုက ဆင်းရဲလို့ပေါ့ကွာ"

ရှောင်ဒိုဒို : "..........."

#This is not my own story



--




Clickဖို႔မေမ့ၾကပါနဲ႔ရွင့္🌻

Title - ကိုက္ျခင္း

႐ြမ္းေက်ာင္၏အသံမွာ တိုးညင္းေသာ္လည္း ထင္းမီး တဖ်စ္ဖ်စ္ျမည္သံ တစ္ခုတည္းသာရွိသည့္ ဂူထဲတြင္ အလြန္ပင္ထင္ရွားေနေလ၏။

ယြမ္ခ်ိဳးခ်ိဳး၏လက္မ်ားသည္ တုန္ရီေနဆဲျဖစ္ၿပီး သူမ၏ရွည္လ်ားေပ်ာ့ေျပာင္းကာ နက္ေမွာင္ေနသည့္ဆံပင္အား လက္ေခ်ာင္းတို႔ျဖင့္ အသာအယာသပ္တင္လိုက္ရင္း နားမ်ားတြင္ ျပႆနာတစ္စုံတစ္ရာမ်ား ရွိေနသလားဆိုသည္ကို တစ္ခဏေလာက္ ေတြးမိသြားရေလသည္။

႐ြမ္းေက်ာင္ ယခုေလးတင္ ေျပာလိုက္သည္က...

သူ သူမကို ကိုက္ခ်င္သည္?????

ယြမ္ခ်ိဳးခ်ိဳး၏ နီရဲေနၿပီးသား ပါးျပင္တို႔မွာ ခ်က္ခ်င္းပင္ ပိုမိုနီရဲလာရသည္။ 

သူမမွာ သူမ၏ခံစားခ်က္တို႔ ဤဝံပုေလြအေပၚတြင္ သာမန္မဟုတ္ေၾကာင္း ယခုမွ သေဘာေပါက္သြား႐ုံ ရွ္ိေသးသည္ သူ‌ေျပာလာသည္က ... သူ ... သူမအား ... ကိုက္ခ်င္သည္???

သူ သူမအား မည္သို႔မည္ပုံ ကိုက္ကာ မည္သည့္ေနရာသို႔ ကိုက္မည္နည္း.......

အသက္တစ္ခ်က္ရႉစာအတြင္းမွာပင္ ယြမ္ခ်ိဳးခ်ိဳး၏ေခါင္းသည္ ေယာက္ယက္ခတ္ေနသည့္ အေတြးမ်ိဳးစုံတို႔ျဖင့္ ျပည့္ႏွက္သြားေလၿပီး ေျဖရန္ပင္ ေမ့သြားေတာ့ေလ၏။

႐ြမ္းေက်ာင္ အခ်ိန္အၾကာႀကီး ၾကာၿပီးသည္အထိ အမ်ိဳးသမီးေလ၏ အေျဖကို မၾကားရေပ။ အျပစ္ရွိစိတ္ႏွင့္ ေနာင္တစိတ္တို႔ေၾကာင့္ နာက်င္ေနခဲ့ရေသာ ႏွလုံးသားသည္ တျဖည္းျဖည္း တင္းက်ပ္လာ၏။ သူ၏အသံထဲက ဗလာျဖစ္မႈကို ထိန္းထားရန္ အေကာင္းဆုံးႀကိဳးစားေနရကာ ဤလူသားအား အိပ္ယာေပၚသို႔ ခ်က္ခ်င္းဖိခ်လိုက္ၿပီး အထိန္းအခ်ဳပ္မရွိ လ်က္ကာကိုက္ပစ္ရန္ ဆူညံေအာ္ဟစ္ေနၾကသည့္ နတ္ဆိုးဆန္ဆန္အေတြးမ်ားကိုလည္း သည္းခံေနရ၏။

ယြမ္ခ်ိဳးခ်ိဳး အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနခဲ့ၿပီးေနာက္ သူ က်ိန္းစပ္ေနသည့္မ်က္လုံးမ်ားကို ျဖည္းညင္းစြာသာ ပိတ္ခ်လိုက္ေတာ့၏။ "ရပါတယ္ ကိစၥမရွိပါဘူး"ဟူေသာ စာေၾကာင္းအား သူေျပာရန္လုပ္လိုက္ေသာ္လည္း စကားတစ္ခြန္းပင္ထြက္မလာ။

မစၥတာဝံပုေလြဆိုးႀကီး၏ အၿမီးအႀကီးႀကီး လႊဲယမ္းေနျခင္း တျဖည္းျဖည္းရပ္သြားသည္ကို ျမင္ေသာအခါတြင္မွ ယြမ္ခ်ိဳးခ်ိဳးမွာ ထိုထူးဆန္းေသာအေတြးတို႔မွ ခ်က္ခ်င္း အသိျပန္ဝင္သြားေတာ့၏။

သူမ အသက္ျပင္းျပင္း တစ္ခ်က္ရႉသြင္းလိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ စတင္ခြဲျခမ္းစိတ္ျဖာလိုက္သည္။

နတ္ဆိုးအသြင္ေျပာင္းလဲျခင္း ကာလအလယ္တြင္ ရွိေနၾကသည့္ သားရဲတစ္ပိုင္း နတ္ဆိုးတစ္ပိုင္းမ်ားသည္ တစ္ခါတစ္ရံတြင္ ေသြးအားဆာေလာင္သည့္ ဆႏၵကိုမထိန္းခ်ဳပ္ႏိုင္ဟု ဘြားဘြား႐ူရီ ေျပာျပဖူးသည္။ မစၥတာဝံပုေလြဆိုးႀကီးလည္း အနည္းငယ္လႊမ္းမိုးခံေနရျခင္းမ်ားလား?

တစ္ကိုက္ေလာက္ ေပးကိုက္လိုက္႐ုံျဖင့္ ဘာမွမျဖစ္ႏိုင္ေလာက္ဘူးမလား?

ဤသို႔စဥ္းစားၿပီးေနာက္ ယြမ္ခ်ိဳးခ်ိဳး စည္းေပးထားသည့္ သိုးေမြးႀကိဳးကို ျဖည္းျဖည္းခ်င္း ေျဖေလ်ာ့ေပးလိုက္သည္။ သူ၏အနီေရာင္ဝတ္႐ုံရွည္ကို ပုတ္လိုက္ၿပီး တစ္ခဏတြန႔္ဆုတ္ေနၿပီးေနာက္ ေမးလိုက္သည္ "ဘယ္ ... ဘယ္ေနရာကို ကိုက္မွာလဲ?"

သူ သူမ၏လည္ပင္းကို ေသြးစုပ္ဖုတ္‌ေကာင္ကဲ့သို႔ ကိုက္ရန္မ်ား လိုေသးလား?

ယြမ္ခ်ိဳးခ်ိဳး ေမးၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ မစၥတာဝံပုေလြဆိုးႀကီး လွည့္လာသည္ကို သူမ,ျမင္ရေလ၏။

ႏူးညံ့သည့္အျဖဴေရာင္ သိုးေမြးပတ္တီးသည္ သူ၏မ်က္လုံးႏွင့္ နဖူးကိုဖုံးအုပ္ထားၿပီး ေျဖာင့္တန္းေနေသာႏွာတံတစ္စင္းႏွင့္ ပါးပါးလ်လ်ႏႈတ္ခမ္းေလးတို႔ကိုသာ ေဖာ္ျပေန၏။

သူ၏လက္ဖဝါးအႀကီးႀကီးသည္ ျဖည္းျဖည္းခ်င္း ေရွ႕သို႔ေ႐ြ႕လာၿပီး ယြမ္ခ်ိဳးခ်ိဳး၏လက္ဖဝါးကို ခပ္ဖြဖြ ဆုပ္ကိုင္လိုက္၏။

သူမသည္ ယခုေလးတင္မွ ဝံပုေလြ၏မ်က္လုံးတို႔ကို ဖုံးကာေပးထားသည္ျဖစ္ေသာေၾကာင့္ ယြမ္ခ်ိဳးခ်ိဳးသည္ ေက်ာက္ကုတင္ေပၚတြင္ ဒူးတစ္ဝက္ေထာက္လ်က္ျဖင့္ ရွိေနဆဲျဖစ္ေလသည္။ ဤအခိုက္အတန႔္တြင္ သူ သူမ၏လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လာၿပီး သူမ,ျငင္းဆန္ႏိုင္စြမ္း မရွိပါေခ်။ သူမ လက္ေကာက္ဝတ္ကို ႐ြမ္းေက်ာင္၏ႏႈတ္ခမ္းမ်ားဆီသို႔ ယူသြားခြင့္ျပဳထားလိုက္ေတာ့၏။

မူလက ခ်ိဳးခ်ိဳး၏ညႇပ္႐ိုးအားကိုက္ရန္ စီစဥ္ထားသည့္ မစၥတာဝံပုေလြဆိုးႀကီး : "....."

သူမ၏လက္ေကာက္ဝတ္သည္ တုန္ရီေနၿပီး သူမ,စိတ္လႈပ္ရွားေနသည္ကို သူခံစားႏိုင္၏။

သူ၏မ်က္ခုံးတန္းတို႔မွာ ေပ်ာ့ေျပာင္းသြားရၿပီး ႐ြမ္းေက်ာင္း တျဖည္းျဖည္းခ်င္း ငုံ႔ကိုင္းကာ ဝင္သက္ထြက္သက္ေႏြးေႏြးသည္  ယြမ္ခ်ိဳးခ်ိဳး၏လက္ေကာက္ဝတ္ေပၚတြင္ ပက္ျဖန္းေနေလ၏။

ယြမ္ခ်ိဳးခ်ိဳး၏ ႏွလုံးခုန္ႏႈန္းတို႔ ျမန္သည္ထက္ျမန္ဆန္လာရၿပီး အၾကည့္တို႔သည္ သူ၏အေရာင္ေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းမ်ားေပၚသို႔ က်ေရာက္သြား၏။ သူမ ပို၍ပင္ တုန္ရီလာၿပီး မ်က္လုံးတို႔ကို စုံမွိတ္ခ်လိုက္ေတာ့သည္။

မစၥတာဝံပုေလြဆိုးႀကီး၏ အစြယ္ေလးမ်ားသည္ သူမ၏ႏုနယ္က်ိဳးပဲ့လြယ္သည့္ လက္ေကာက္ဝတ္သို႔ ျဖည္းျဖည္းခ်င္း ေရာက္ရွိလာခဲ့သည္။ ယြမ္ခ်ိဳးခ်ိဳး သူမ၏ညာဘက္လက္ေကာက္ဝတ္ေပၚမွ ေပါ့ပါးသည့္ ငွက္ေတာင္ေမႊးလို ယားယံမႈမ်ိဳးနဲ႔တြဲဖက္လ်က္ တစစ္စစ္ျဖစ္ေနသည့္ ခံစားခ်က္ေလးတစ္ခုကိုသာလွ်င္ ခံစားမိသည္။

သူသည္ နာေအာင္မကိုက္ဘဲ အမွန္တကယ္ကို ကိုက္႐ုံေလးသာ ကိုက္ျခင္းလား?

ဤသို႔စဥ္းစားလိုက္ရင္း ယြမ္ခ်ိဳးခ်ိဳး အနည္းငယ္သက္သာရာရစြာျဖင့္ မ်က္လုံးတို႔ကို ဂ႐ုတစိုက္ ဖြင့္လိုက္ၿပီး တစ္စုံတစ္ခုအား ေျပာရန္လုပ္လိုက္၏။ သို႔ေသာ္ ေနာက္တစ္စကၠန႔္အတြင္း၌ သူမ မရယ္ေမာႏိုင္ေတာ့--

သည္းမခံႏိုင္ေလာက္သည့္ ယားယံမႈေလးတစ္ခုသည္ မစၥတာဝံပုေလြဆိုးႀကီး ကိုက္လိုက္သည့္ေနရာမွ ႐ုတ္တရတ္ ထြက္ေပၚလာေလ၏။ ထိုေနာက္ သူမ၏လက္ေကာက္ဝတ္မွ သူမ၏ေျခလက္တို႔အထိအကုန္ ေျပးလႊားသြားၾကလ်က္ ပ်ံ႕ႏွံ႔သြားရာ လမ္းေၾကာင္းအကုန္လုံးတြင္ သူမမွာ ေပ်ာ့ေခြသြားရေတာ့၏။

ယြမ္ခ်ိဳးခ်ိဳး၏ပါးျပင္တို႔ နီျမန္းသြားရၿပီး ဘယ္လက္ျဖင့္ ႏႈတ္ခမ္းတို႔ကို ကာထားကာ အသက္ျပင္းျပင္းရႉသြင္းလိုက္ရင္း ရွက္စရာေကာင္းသည့္ အသံတစ္စုံတစ္ရာကိုမွ် မလုပ္မိေစရန္ ႀကိဳးစားေနရ၏။

႐ြမ္းေက်ာင္ သူမ၏လက္ေကာက္ဝတ္ကို အလ်င္အျမန္ပင္ ေျဖေလ်ာ့ေပးလိုက္သည္။ သို႔ေသာ္ ယြမ္ခ်ိဳးခ်ိဳးမွာ လက္ေျမႇာက္ရန္ အင္အားပင္မရွိရွာေတာ့ေခ်။ သူမ၏လက္ေကာက္ဝတ္ထက္တြင္ ခပ္ေရးေရးသြားရာေလးတစ္ခုႏွင့္ လွ်ပ္တစ္ျပက္ အျဖဴေရာင္အလင္းေဖ်ာ့ေဖ်ာ့ကိုသာ ျမင္လိုက္ရ၏။

အစက ဘြားဘြား႐ူရီ ခ်န္ထားခဲ့သည့္ "ကတိသစၥာခ်ဳပ္ဆိုခ်က္"၏ ေျခရာလက္ရာတစ္စြန္းတစ္ပင္မရွိ။ 

ယြမ္ခ်ိဳးခ်ိဳး မ်က္လုံးတို႔ကို အံ့ဩစြာဖြင့္လိုက္ၿပီး သေဘာတူညီခ်က္မွာ ႐ြမ္းေက်ာင္၏ လက္ေကာက္ဝတ္ေပၚသို႔ ေျပာင္းလဲေရာက္ရွိသြားသည္ကို ေတြ႕ရွိလိုက္ရေလ၏။ 

ယြမ္ခ်ိဳးခ်ိဳး ရွက္သြားရၿပီး မစၥတာဝံပုေလြဆိုးႀကီးသည္ လွ်ာဖ်ားေလးကိုထုတ္ကာ သူ၏အေရာင္ေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းပါးတို႔အား အသာအယာ လ်က္ေနသည္ကို ျမင္ရသည္မွာ---

(ႏႈတ္ခမ္းေပၚက) သူမ၏က်န္ခဲ့သည့္ အရသာအား အရသာခံေနသကဲ့သို႔......

ယြမ္ခ်ိဳးခ်ိဳးမွာ ခ်က္ခ်င္းပင္ အလြန႔္အလြန္ကို ရွက္သြားရသည္။

သူမ ဘာစကားမွ်ပင္ မေျပာႏိုင္ေတာ့ေပ။ သူမ၏လက္ေပၚတြင္ ရွိေနရမည့္ သူ၏လက္ေကာက္ဝတ္ေပၚရွိ အမွတ္အသားအားၾကည့္ရင္း သူမ ရႈပ္ေထြးေနမိသည္။

"ဝုဖ္ ေနာက္တစ္ကိုက္ေလာက္ ကိုက္လို႔ရမလား?" မေဖာ္ျပႏိုင္သည့္ စိတ္ဆႏၵမ်ားပါဝင္ေနသကဲ့သို႔ ဩရွရွအသံသည္ သူမ၏နားမ်ားထဲသို႔ ဝင္ေရာက္လာေလရာ ဝံပုေလြသည္ ယေန႔ညတြင္ သူမအား သူမ၏ဇနီးမယားတစ္ဦး၏ တာဝန္မ်ားအား ျဖည့္ဆည္းခ်င္ေနေစသလားဟုပင္ တစ္ခဏေလာက္ အေတြးဝင္သြားေတာ့သည္။

ယြမ္ခ်ိဳးခ်ိဳး ေခါင္းကိုခါယမ္းလိုက္ၿပီး သူမ အေတြးလြန္ေနသည္ဟု ေလးေလးနက္နက္ ခံစားမိသည္။

သူမ၏ခႏၶာကိုယ္ထဲရွိ ထူးဆန္းေသာ ခံစားခ်က္သည္ တျဖည္းျဖည္းခ်င္း တည္ၿငိမ္လာၿပီး ယြမ္ခ်ိဳးခ်ိဳး သူမ၏အသံအား ေနာက္ဆုံး‌ေတာ့ ျပန္ရသြားေလ၏။ ေႏြးေထြးႏူးညံ့သည့္ အလင္းေရာင္ႏွင့္ ေခ်ာေမာသည့္ ပါးျပင္တို႔ထက္တြင္ မသိမသာနီရဲေနသည့္ ဝံပုေလြအားၾကည့္ရင္း သူမ၏ႏွလုံးသားထဲတြင္ ထူးထူးဆန္းဆန္း သဟဇာတ ျဖစ္ေနသလို ခံစားရ၏။

အသက္ျပင္းျပင္းတစ္ခ်က္ရႉကာ သူမ၏အေတြးအေခၚစြမ္းရည္တစ္ခ်ိဳ႕ကို ျပန္လည္သိုေလွာင္လိုက္ရသည္။

သူမ ယခုေလးတင္ ထင္လိုက္သည္မွာ မစၥတာဝံပုေလြဆိုးႀကီးသည္ လတ္လတ္ဆတ္ဆတ္ေသြးသားအား အာသာျပင္းျပသည့္ ဗီဇအား မထိန္းခ်ဳပ္ႏိုင္ျဖစ္ေနေသာေၾကာင့္ သူမအား ကိုက္ခ်င္သည္ဟူ၍။ သို႔ေသာ္ သူမ၏အထင္မွာမွားေၾကာင္း ထင္ရွားေလ၏။ သူသည္ သူမ၏စာခ်ဳပ္ကို သူ႔ထံသို႔ လႊဲေျပာင္းယူလို႐ုံသာ။

ယခု မစၥတာဝံပုေလြဆိုးႀကီးသည္ ဘာမွ်ျခားနားသြားသည့္ပုံမေပၚေသာ္လည္း ကိစၥတို႔မွာ ထိုမွ်ေလာက္ မ႐ိုးစင္းႏိုင္သည္ကို ယြမ္ခ်ိဳးခ်ိဳး နားလည္သည္။ တန္းေၾကးတစ္စုံတစ္ရာအား မ ေပးရပါဘဲ ကတိသစၥာခ်ဳပ္ဆိုအား မည္ကဲ့သို႔ လႊဲေျပာင္းယူႏိုင္ပါ့မည္နည္း?

ဤကဲ့သို႔အေတြးျဖင့္ သူမႏွလုံးသားတြင္ အေစာက ျမင့္တက္လာေနခဲ့သည့္ အေတြးတို႔မွာ ေပ်ာက္ကြယ္သြားရသည္။

ခြန္အားအခ်ိဳ႕ျပန္လည္ရရွိၿပီးေနာက္ ယြမ္ခ်ိဳးခ်ိဳး ခါးကိုမတ္လိုက္ၿပီး ယခု သူမ ဝံပုေလြကို မျမင္ႏိုင္ေတာ့ေပ။ (ဒီနားအိုင္လည္းနားမလည္ဘူး ဘာသာျပန္က notပိုေနသလားေတာ့ မေျပာတတ္ဘူး) သူမ သူ၏လက္ေမာင္းကို တိတိက်က်ဆုပ္ကိုင္ကာ ေမးလိုက္သည္ "... ဝုဖ္ အခုေလးတင္ ကတိကို ေျပာင္းယူလိုက္တာလား?"

႐ြမ္းေက်ာင္ ႏႈတ္ခမ္းတို႔ကိုေစ့ထားၿပီး သူမ၏ေမးခြန္းကို မေျဖခ်င္ပါေပ။ သူ၏ေငြေရာင္-မီးခိုးေရာင္ နား႐ြက္ခြၽန္ခြၽန္ေလးမ်ားကိုသာ ေအာက္သို႔ငိုက္စိုက္ခ်ထားလ်က္ အသံတိုးတိုးေလးျဖင့္ ေျပာလာသည္ "လုပ္လို႔မရဘူးလား?"

ယြမ္ခ်ိဳးခ်ိဳး : "..........."

ကူကယ္ရာမဲ့စြာျဖင့္ ယြမ္ခ်ိဳးခ်ိဳး ေဒါသထြက္စြာ ေျပာလိုက္သည္ "... ဝုဖ္ ကိုက္လည္း ကိုက္ေသးတယ္"

"... ဟုတ္တယ္ေလ"

အၿမဲလိုလို သူသည္ ေအးစက္ၿပီး ေမးခြန္းတိုင္းကို အခ်ိန္အေတာ္ၾကာေအာင္ စဥ္စားရေသာ္လည္း ဤအႀကိမ္တြင္မူ တုံ႔ျပန္မႈမွာ အလြန္ကို ျမန္ဆန္ေနေလသည္။ သူ၏အသံမွာ ရွက္႐ြံ႕မႈေလးတို႔ျဖင့္ အျပည့္ျဖစ္ေနၿပီး ယြမ္ခ်ိဳးခ်ိဳး၏ စကားတို႔ဆုံးသည္ႏွင့္ ခ်က္ခ်င္းကို တုံ႔ျပန္လာသည္မွာ သူမ,ေနာင္တရသြားမည္ကို ေၾကာက္ေနသကဲ့သို႔ပင္။

ယြမ္ခ်ိဳးခ်ိဳး : "..........."

သူမ ေမးေထာက္ကာ သူမ၏ေရွ႕ရွိ ႐ုတ္တရတ္ ပိုမိုပြင့္လင္းလာပုံရသည့္ ဝံပုေလြကို ၾကည့္လိုက္သည္။ ကူကယ္ရာမဲ့စြာပင္ သက္ျပင္းခ်ရေတာ့သည္ "ကြၽန္မ အိပ္ေပ်ာ္သြားတဲ့အခ်ိန္ထိေစာင့္ ၿပီးမွကိုက္"

သူတို႔ အခုထိ ညစာေတာင္ စားရေသးတာမဟုတ္ဘူး။

မစၥတာဝံပုေလြဆိုးႀကီး အနည္းငယ္ စိတ္ပ်က္အားေလ်ာ့သြားရေသာ္လည္း သူ႔ကိုယ္သူထိန္းခ်ဳပ္သင့္ေၾကာင္းကို သူနားလည္ဆဲျဖစ္သည္။ ထို႔ေၾကာင့္ ထိုမေဖာ္ျပႏိုင္သည့္ အာ႐ုံစိုက္စရာအေတြးမ်ားကို ဖိႏွိပ္ရင္းသာ အသာအယာ ေခါင္းၿငိမ့္ျပလိုက္ေလသည္။

...

ညစာျပင္ေနသည့္အခ်ိန္တြင္ သူမ၏ပတ္ပတ္လည္၌ မျမင္ရသည့္ အားတစ္ခုရွိေနၿပီး သူမအား အင္အားအနည္းငယ္သာ စိုက္ရေအာင္ ျပဳလုပ္ေပးေနသည္ကို ယြမ္ခ်ိဳးခ်ိဳး ခံစားမိေလသည္။ အရင္က ျဖတ္ရန္ခက္ခဲသည့္ ပထမဆင့္အမဲသားသည္ပင္ ယေန႔တြင္ သူမ,အင္အားအမ်ားႀကီးအား အသုံးမျပဳရေသးခင္မွာပင္ ျဖည္းျဖည္းခ်င္း ကြဲအက္သြားေလ၏။

ယြမ္ခ်ိဳးခ်ိဳး : "......." 

သူမ ေက်ာက္စားပြဲတြင္ထိုင္ေနကာ ႐ိုး႐ိုးသားသားပုံစံေလးျဖင့္ ညစာအားထိုင္ေစာင့္ေနပုံရသည့္ ဝံပုေလြအား တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ‌အလြန္ေဖ်ာ့ေတာ့ေနဆဲျဖစ္သည့္ သူ၏အသားအေရာင္ကိုပါ ၾကည့္မိသည္။

မစၥတာဝံပုေလြဆိုးႀကီး၏ ႏွာေခါင္းမွာ အစားအစာအနံ႔တို႔ျဖင့္ျပည့္ေန၏။ နား႐ြက္ေလးမ်ားမွာ အဆက္မျပတ္ ခါယမ္းေနၾကၿပီး ေရွ႕ေရးသို႔ေမွ်ာ္ေတြးရင္း အနာဂတ္ကို စဥ္းစားေနေလ၏.....

အိမ္တြင္ သစ္သားပန္းကန္လုံး တစ္လုံးတည္းသာ ရွိသည္။ ခ်ိဳးခ်ိဳး ေနာက္ပိုင္းတြင္ သူႏွင့္အတူ ပန္းကန္တစ္လုံးတည္း သုံးေတာ့မလား?

ယြမ္ခ်ိဳးခ်ိဳးသည္လည္း ဤျပႆနာႏွင့္ အမွန္ပင္ ရင္ဆိုင္ေနရေလသည္။ သူမ တစ္ခဏေလာက္ ႀကိဳးစား႐ုန္းကန္လိုက္ၿပီးေနာက္ အရင္ကျပင္ဆင္ထားသည့္ သစ္သားအင္တုံကို သူမ၏ပန္းကန္လုံးအျဖစ္ ထုတ္ယူလိုက္ေတာ့သည္။

မစၥတာဝံပုေလြဆိုးႀကီး : ".........." 

...

ယခုအခ်ိန္တြင္ သူမတို႔သည္ ပိုေကာင္းသည့္ အေျခအေနတြင္ ရွိေနၾကေလၿပီ။ ညစာမွာ အလြန္ကိုေပါမ်ားေပ၏။ စားေနက်tuberအျပင္ အမဲသားကင္ႏွင့္ ငါးစြပ္ျပဳတ္လည္းရွိသည္။

သူ,မျမင္ႏိုင္ဟုယူဆကာ ယြမ္ခ်ိဳးခ်ိဳး ဝံပုေလြအား ခြံ႕ေကြၽးေတာ့မည္ပင္။

သို႔ေသာ္ ႐ြမ္းေက်ာင္သည္ တည္ၿငိမ္လွ၏။ သူ၏လႈပ္ရွားမႈတို႔မွာ ေၾကာ့ရွင္းေနၿပီး အရွိန္မွာလည္း မေႏွးေပ။ မ်က္လုံးကြယ္ေနမႈသည္ သူ၏ပုံမွန္စားေသာက္ပုံအား မသက္ေရာက္သကဲ့သို႔ပင္။ ထို႔ေၾကာင့္ ယြမ္ခ်ိဳးခ်ိဳး သူ႔ဘာသာပင္ စားေစလိုက္ေတာ့သည္။

ညစားစားခ်ိန္သည္ တစ္မူထူးျခားစြာ တိတ္ဆိတ္ေနေလရဲ႕။

အေစာတုန္းက ရွက္စရာေကာင္းသည့္ တုံ႔ျပန္မႈေၾကာင့္ ယြမ္ခ်ိဳးခ်ိဳး ႐ြမ္းေက်ာင္၏မ်က္ႏွာအား မၾကည့္ရဲပါေခ်။

သို႔ေသာ္ ေရွ႕ဆက္လုပ္ရမည့္ အစီအစဥ္တို႔အား စဥ္းစားမိေသာအခါ သူမ ထိုအေၾကာင္းအား စဥ္းစားကာ ေမးလိုက္သည္ "ေယာက္်ား ေျပာင္းဖို႔.... "

႐ြမ္းေက်ာင္၏ သြယ္လ်သည့္လက္ေခ်ာင္းတို႔သည္ စားပြဲခုံကို အသာအယာေခါက္ေနေလ၏ "အင္း"

ယြမ္ခ်ိဳးခ်ိဳး : "?"

မစၥတာဝံပုေလြဆိုးႀကီး : "ေျပာင္းၾကမယ္"

သူ၏ဇနီးေလးႏွင့္ သူ၏ပထမဆုံးအိမ္အား စြန႔္ခြာရမည္ကို တြန႔္ဆုတ္မိေသာ္လည္း ဝိညာဥ္စြမ္းအင္မ်ား ပိုမိုအား‌ေကာင္းသည့္‌ ေနရာအားေ႐ႊ႕ျခင္းသည္ သူမအတြက္ ပိုမိုေကာင္းမြန္ေသာ ေ႐ြးခ်ယ္မႈျဖစ္သည္ကို သူသိသည္။

သူ၏လက္ေခ်ာင္းထိပ္တို႔သည္ လည္ပင္းထက္တြင္ဆြဲထားသည့္ အသံပို႔လႊတ္ပုတီးလုံးႏွင့္ ဟိုဟိုသည္သည္ ကစားေနၿပီး သူ၏အသံသည္ ဂ႐ုမစိုက္စြာ ေျပာလာပုံရ၏ "မဂၤလာကုတင္ကို ယူသြားမယ္"

ယြမ္ခ်ိဳးခ်ိဳး : "....."

သူေျပာသည့္ "မဂၤလာကုတင္"ဆိုသည္မွာ သူမတို႔ယခုအသုံးျပဳေနၾကသည့္ ေက်ာက္ကုတင္ဆိုသည္ကို သေဘာမေပါက္ခင္အထိ သူမ ႏွစ္စကၠန႔္မွ် မလႈပ္မယွက္ ျဖစ္သြားခဲ့ရသည္။ သူမ သူမ၏ေရွ႕က ပတ္တီးႏွင့္ မစၥတာဝံပုေလြဆိုးႀကီးကိုၾကည့္ကာ စကားလုံးဝပင္မေျပာႏိုင္ခဲ့ေပ။

သူမသည္ စကားမေျပာဘဲ သူ၏နတ္ဆိုးအသိစိတ္မွာလည္း ကုန္ဆုံးသြားေလ၏။ သူမ၏စိတ္အေျခအေနကို အကဲမျဖတ္ႏိုင္ေတာ့သည့္ ဝံပုေလြသည္ တျဖည္းျဖည္းႏွင့္ မသက္မသာ ခံစားလာရေလ၏။

သူေျပာလိုက္သည္မွာ သူမအား မေပ်ာ္မ႐ႊင္ျဖစ္သြားေစသည္ဟု ေတြးလိုက္မိသည္။ သူ ထိုကဲ့သို႔ စဥ္းစားမိၿပီးေနာက္ မွတ္ဉာဏ္ကမာၻထဲတြင္ သူမအား မည္ကဲ့သို႔ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးသည့္အေၾကာင္းကို စဥ္းစားေတာ့၏။

သို႔ျဖစ္ရာ ယြမ္ခ်ိဳးခ်ိဳး ေနာက္ဆုံးတြင္ သတၱိတို႔ရွိလာၿပီး သူ႔အား အတင္းအက်ပ္ဖိအားေပး ယူခဲ့ရသည့္ လူသားဇနီးအေပၚတြင္ မည္ကဲ့သို႔ခံစားရေၾကာင္း ႐ြမ္းေက်ာင္အား ေမးေတာ့မည့္အခ်ိန္တြင္ မစၥတာဝံပုေလြဆိုးႀကီး၏ မသိမသာစိတ္ေသာေရာက္ေနသလိုအသံသည္ ႏူးညံ့စြာေျပာလာသည္ကို သူမ,ၾကားလိုက္ရေလေတာ့၏ "မိန္းမ အၿမီးကို ထိခ်င္လား?"

ယြမ္ခ်ိဳးခ်ိဳး : "....?"

ဝံပုေလြ မည္သည္တို႔အား စဥ္းစားေနျပန္သည္ကို သူမ,မသိေသာ္လည္း သူမတံခါးသို႔ေရာက္လာသည့္ အၿမီးအား မထိဖို႔ဆိုသည္က မည္သို႔မ်ား ျဖစ္ႏိုင္မတဲ့တုန္း?

သို႔ျဖစ္ရာ ယြမ္ခ်ိဳးခ်ိဳး ေခါင္းၿငိမ့္ကာ ဆိုလိုက္ေလ၏ "ထိခ်င္တယ္"

...

...

႐ိုးသားလွသည့္ ဝက္ဝံႏွစ္ေကာင္သည္ အခက္အခဲမ်ားစြာအား ႀကဳံခဲ့ရၿပီးေနာက္ ေနာက္ဆုံးတြင္ ဆင္မ်ိဳးႏြယ္စုႏွင့္ လုပ္ငန္းကို အၿပီးသတ္ႏိုင္ခဲ့ၿပီး ျဖစ္၏။ အျပန္လမ္းတြင္ ေရွာင္ဒိုဒိုသည္ စိတ္ႏွင့္ကိုယ္ႏွင့္မကပ္သလို ငိုယိုေနေလသည္။

ေရွာင္ယြမ္ သူ၏ငိုေနေသာ ညီငယ္ေလး၏ ပုခုံးကိုပုတ္ကာ ျခားနားေသာအသံျဖင့္ ဆိုေလသည္ "မငိုပါနဲ႔ ဒိုဒိုရာ ၊ မင္း အေမႊးေျပာင္ျဖစ္သြားရင္ေတာင္ သမုဒၵရာမ်ိဳးႏြယ္စုက ေရွာင္ဟုန္က မင္းကို စြန႔္ပစ္မွာတဲ့လားကြာ?" 

"မင္းကိုလက္ထပ္ဖို႔ သူ(မ)ဆူညံပူညံေတြေတာင္ လုပ္ထားတာ ၊ ဘာစိုးရိမ္စရာလိုလဲ?"

ေရွာင္ဒိုဒို သူ႔အစ္ကိုအား ေၾကာက္စရာေကာင္းစြာ စိုက္ၾကည့္လိုက္ၿပီး မထိန္းႏိုင္စြာ သင္းပ်ံ႕ႀကိဳင္လႈိင္လွသည့္ အဆဲစကားလုံးတို႔မွာ ပြင့္အံက်‌လာေလ၏ "ယီး ၊ မင္း အေမႊးေတြကို ထိန္းသိမ္းထားဖို႔ သူမ်ားအေပၚမွာ မွီခိုထားရၿပီးေတာ့မ်ား ၊ မင္းက အေမႊးမေျပာင္ေတာ့ ရယ္ႏိုင္မွာေပါ့!"

"ေရွာင္ဟုန္အေၾကာင္း မေျပာနဲ႔ ၊ ပန္ဒါနဲ႔ သြားအႀကီးႀကီးေတြနဲ႔ ငါးမန္းေတြမွာ ဘာအနာဂတ္မွမရွိဘူးကြ" ေရွာင္ဒိုဒိုသည္ ေအာ္ဟစ္ျမည္တမ္းကာ ျမည္တမ္းကာျဖင့္ ငိုယိုေနေလသည္။ သို႔ေသာ္ တစ္ခဏစဥ္းစားၿပီးေနာက္ မ်က္ရည္တို႔ကိုသုတ္ကာ ေျပာလာျပန္သည္ "အစ္ကို ၊ ျမန္ျမန္ျပန္ၾကစို႔။ ေနာက္ဆုံးေတာ့ ေဆးပင္၁၅ပင္ လဲလို႔ရခဲ့ၿပီ ၊ သူတို႔ေတြအသုံးျပဳဖို႔ ေစာင့္ေနၾကတုန္း"

ထိုအေၾကာင္းအားေျပာရင္း သူအနည္းငယ္ ဂုဏ္ဆာေနေလသည္ "ကြၽန္ေတာ့္သားေမြးေတြက အဲ့ေလာက္အဖိုးတန္လိမ့္မယ္လို႔ ထင္ေတာင္ထင္မထားဘူး ၊ အရင္တုန္းက သားရဲပုံစံကို ပိုဝေအာင္နဲ႔ သားေမႊးေတြ ပိုႀကီးထြားေအာင္ အသားေတြကို ဘာလို႔မ်ား ပိုမစားမိခဲ့ပါလိမ့္ကြာ"

"..." ေရွာင္ယြမ္သည္ သူ႔ညီငယ္၏ေခါင္းကို သပ္ေပးကာ အလြန္မျခားမနားပင္ ေျပာေလသည္ "ဘာလို႔လဲဆိုေတာ့ ငါတို႔မ်ိဳးႏြယ္စုက ဆင္းရဲလို႔ေပါ့ကြာ"

ေရွာင္ဒိုဒို : "..........."

#This is not my own story












Continue lendo

Você também vai gostar

346K 23.4K 146
The Villainess Female Supporting Character raising her bun
1.1M 87.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
254K 20K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
1.2M 42.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd