Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
စင်္ကြံတွင် နှင်းမည်းမည်းများ ကျဆင်းနေသလိုပဲ။ ကျန်းယာ့ သည် စုတ်ပြတ်နေသော သေးငယ်သော မကောင်းဆိုးဝါး များထံမှ စွမ်းအင်ကို စုပ်ယူလိုက်ပြီး သူမ၏ အနက်ရောင် ဆံပင်များ အလယ်တွင် မတ်တပ်ရပ်နေသဖြင့် သူမ၏ အဝတ်အစားပေါ်ရှိ အနီရောင်သည် ပို၍ပင် တောက်လောင်နေသလို ထင်ရှားလာသည်။
သူမ ပိုတောင် သန်မာလာသေးတယ်...
ချန်ကော ၏ မျက်လုံးများ ပြူးသွားသည်။ ကျန်းယာ့ သည် သူ့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာ အဆင့်သည် လျှပ်စီးလက်သလို တိုးလာသည်။ အဆင့်တစ်ခုကို ဖြတ်ကျော်ပြီး ကျန်းယာ့ က သူ့ကို မတော်တဆ သတ်ခဲ့ရင် ဘာဖြစ်မလဲ။
ချစ်စရာကောင်းပြီး ဆိတ်ဆိတ်နေပုံရတဲ့ ဒီမိန်းကလေးက သူ့သားကောင်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ ဝါသနာပါပုံရတယ်။ ဒီဇာတ်လမ်းမှာ အဆိုးဆုံးဗီလိန်အတွက် ရွေးရင် သူမက သေချာပေါက် အရွေးခံရလိမ့်မည်။
"ငါတို့ တတိယ နာမကျန်းခန်းမကနေ မြန်မြန်ထွက်သွားရင် ပိုကောင်းမယ်"
ချန်ကော က သူမကို ထွက်သွားဖို့ ကြိုးစားဖို့ ကျန်းယာ့ ဆီကို လျှောက်သွားတယ်။ မကောင်းဆိုးဝါး သုံးကောင်တွင် မျက်စိကွယ်သူ တစ်ဦးသာ ကျန်ရှိတော့သည် ။ ထိုတစ်ကောင်က ဒဏ်ရာအပြင်းအထန်ရပြီး ခန္ဓာကိုယ်ပေါ်ရှိ မျက်နှာများက အော်ဟစ်အကူအညီတောင်းနေကြသည်။ ချန်ကော ပင် အကူအညီမဲ့နေသည့် သတ္တဝါအတွက် သနားစိတ်ဝင်လာမိတော့သည်။
"ကျန်းယာ့.... သူတို့ကို အပြစ်ပေးတာ လုံလောက်ပြီ။ သူတို့ကို နှိပ်စက်တာကို ရပ်လိုက်ပါ၊ သူ့အသက်ကို အဆုံးသတ်လိုက်တော့...ငါတို့ အလျင်လိုနေတယ်၊ ဒီနေရာမှာ အကြာကြီးနေဖို့ ငါ မစီစဉ်ထားဘူး။"
မကောင်းဆိုးဝါး ၏ တစ်ခုတည်းသော မျက်လုံးမှ မျက်ရည်များကဲ့သို့ သွေးများ စီးကျလာသည်။ အနက်ရောင်ဆံပင်ချည်နှောင်ခြင်းမှ လွတ်အောင် အစွမ်းကုန်ကြိုးစားနေခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ မျက်နှာများက ရှိုက်ကြီးတငင် အော်ဟစ်နေတော့သည်။
"အဲဒါ အကူအညီတောင်းနေတာလား... ထားပါတော့၊ သွားကြရအောင်!"
ချန်ကော ခြေလှမ်းအနည်းငယ်လှမ်းပြီး ပေမယ့် ကျန်းယာ့ သည် သူမနေရာတွင် ရပ်နေဆဲဖြစ်ကြောင်း ရိပ်မိသွားပြီး သူမ၏အနက်ရောင်ဆံပင်များသည် မကောင်းဆိုးဝါး ၏ ခြေရင်းတစ်ဝိုက်တွင် ဖြည်းညှင်းစွာကွေးကောက်နေသည်။ စင်္ကြံ၏အခြားတစ်ဖက်တွင်၊ အဆုံးမရှိသောသွေးလွှတ်ကြောများသည် ထိုအရာကိုကယ်တင်ရန်ကြိုးစားနေသကဲ့သို့ မကောင်းဆိုးဝါး ၏ခန္ဓာကိုယ်ထဲသို့ရောက်ရှိသွားပုံရသည်။
လေထုထဲတွင် အနံ့အသက်က ပိုပြင်းထန်လာသည်။ ကျန်းယာ့ သည် သွေးကြောများနှင့် တိုက်ခိုက်နေချိန်တွင် တတိယ နာမကျန်းခန်းမ မှ တကယ့်မကောင်းဆိုးဝါး ကြီး နိုးထ လာခဲ့သည်။ နံရံများနှင့် မျက်နှာကျက်များမှ သွေးကြောများ ပိုထွက်လာသည်။ ထိုအရာတို့ထဲမှ တစ်စိတ်တစ်ပိုင်းသည် မကောင်းဆိုး၏ခန္ဓာကိုယ်အပေါ်ပိုင်း၌ ရစ်ပတ်ထားပြီး ကျန်တစ်ပိုင်းသည် ကျန်းယာ့ ဆီသို့ ဦးတည်သွားကြသည်။
ထိုသွေးကြောများကို ထိန်းချုပ်သည့်အရာက ဘယ်သူလဲ။ ချန်ကော က ကျန်းယာ့ ကို သွားပြီး ကူညီဖို့ ကြိုးစားပေမယ့် သူ အနားကို မရောက်ခင်မှာ ပိတ်ပါးတဲ့ မကောင်းဆိုးဝါး က နှစ်ခြမ်းကွဲသွားတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကို သွေးကြောများဖြင့် ဖုံးအုပ်ထားပြီး အောက်ထပ်သို့ သယ်ဆောင်သွားခြင်း ခံခဲ့သည်။ ကျန်းယာ့ က ထိုမကောင်းဆိုးဝါး၏ အစိတ်အပိုင်း အနည်းငယ်သာ ရရှိခဲ့သည်။
ကျန်းယာ့ဘက်က ရှုံးသွားတာ ဒါပထမဆုံးအကြိမ်ဖြစ်ပေမယ့် ချန်ကော က ဒါကို မြင်လိုက်ရတော့ သူတို့အသက်ကို ထိန်းထားနိုင်တာ ကံကောင်းပြီဟု တွေးနေသည်။ ကျန်းယာ့ကို ထွက်သွားဖို့ အကြံပေးချင်ပေမယ့် ဘာမှပြန်မပြောခင် ကျန်းယာ့ ရဲ့နောက်ကျောက လှိုင်းလုံးတွေလို အနက်ရောင်ဆံပင်တွေ ထွက်လာတာကို တွေ့လိုက်ရပြီး အနီရောင်တောက်တောက် အရိပ်က လှေကားပေါ်မှ ပြေးဆင်းသွားခဲ့တယ်။
လမ်းတစ်လျှောက်ရှိနံရံပေါ်မှာ သွေးကြောများ ကွဲအက်သွားကာ မကြာမီပင် စတုတ္ထထပ်စင်္ကြံတွင် ကျန်းယာ ပျောက်ကွယ်သွားခဲ့သည်။ ချန်ကောက လေအေးတွေ ရှိုက်ထုတ်လိုက်ပြီး နှစ်စက္ကန့်အကြာတွင် သူ့ဖာသာ ပြောလိုက်မိသည်။
"သူမက မကောင်းဆိုးဝါးကြီးကို လိုက်ဖမ်းချင်သေးတာလား?"
ချန်ကော သည် မှောင်မိုက်သော စင်္ကြံကို ကြည့်လိုက်စဉ် အမျိုးမျိုးသော ကြောက်စရာကောင်းသော ပုံရိပ်များက သူ့စိတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။ သူ့ရဲ့ ကျိုးကြောင်းဆီလျော်မှုက ဒီကနေ ထွက်ခွာဖို့ အချိန်ရောက်ပြီလို့ ပြောနေသည်။ အခြေနေတွေက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီ။ ဒီနေရာက ဆုတ်ခွာခြင်းသည် ပညာရှိတော့ ဆုံးဖြတ်ချက်ဖြစ်လို့ သူ ထွက်သွားချင်ပေမယ့် ကျန်းယာ့ တစ်ယောက်တည်း ရှေ့ကို ပြေးတက်သွားတယ်။ တကယ်တော့ သူမသည် သွေးထွက်နေတဲ့ တံခါးထဲသို့ ဝင်ရောက်စေဖို့ လှည့်စားခြင်းခံရတာ ဖြစ်နိုင်သည်။
တံခါးရဲ့တစ်ဖက်ခြမ်းက အန္တရာယ်ရှိတဲ့ကမ္ဘာတစ်ခုဖြစ်ပြီး ကျန်းယာ့ ကိုင်တွယ်နိုင်တဲ့ အရေအတွက်ထက် မကောင်းဆိုးယါးတွေ ပိုများနိုင်ပါတယ်။ ထိုအကြောင်းတွေ ပိုတွေးလေ ချန်ကောက ပိုကြောက်လာလေပဲ။ ချန်ကော က နံရံပေါ်က အသားခုတ်ဓားမကိုကိုင်ကာ အံကြိတ်ကာ အမှောင်ထဲသို့ ပြေးဝင်ခဲ့သည်။
ဖောင်းနေသောမွေ့ရာဘေးတွင်ထိုင်နေသော ကြောင်ဖြူ၏မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ သူသည် တစုံတခုကို ပြောနေသော်လည်း၊ သူ့ခန္ဓာကိုယ်က အရင်ထက်တောင် ပိုမြန်လာတယ်။
ချန်ကော သည် စတုတ္ထထပ်မှ ဒုတိယထပ်သို့ ပြေးသွားသော်လည်း ကျန်းယာ့ ကို မတွေ့ရ သေးပေ။ နံရံများတွင် သွေးကွက်များ ပေါ်လာပြီး ပိုလို့တောင် ကြောက်မက်ဖွယ် ကောင်းလာ သည်။
"တတိယထပ်နဲ့ စတုတ္ထထပ်က သွေးတွေအားလုံးကို ထိန်းထားပေမယ့် ဒီထပ်မှာ တစ်ချို့ အတားအစီးက ပျက်စီးသွားတဲ့အတွက် ကျန်းယာ့ က ဒီမှာပဲ ရပ်နေတာဖြစ်နိုင်ပါတယ်။"
ချန်ကော သည် ဒုတိယထပ်တွင် ကျန်းယာ့ ကိုမတွေ့သဖြင့် ပထမထပ်သို့ဆင်းသွားခဲ့သည်။ အနီရောင်စင်္ကြံမှာ သွေးတွေချည်းပဲ။ ချန်ကော က သတိကြီးကြီးနဲ့ ဝင်သွားတယ်။
" ကျန်းယာ့ က သွေးတံခါးထဲဝင်သွားပြီလား"
အခန်း(၃)သို့ လျှောက်သွားကာ မူလက ပိတ်ထားသော တံခါးသည် ယခုအခါ လုံးဝဖွင့်နေပြီဖြစ်သည်။ သေချာသည်ကတော့ တစ်စုံတစ်ယောက်သည် တံခါးကို ဖြတ်ကာ ဝင်သွားခဲ့လေပြီ။ ချန်ကော သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဒေါက်တာအရိုးရဲ့ သံစူးတွေပါသည့် တူကို ကောက်ကိုင်လိုက်သည်။ သူ့ကျောပိုးအိတ်အတွင်းကို တစ်ချက်ကြည့်လိုက်တော့ ကြက်က သေနေပြီ၊ အသံတောင်မထွက်ဘဲ သေသွားခဲ့တယ်။
"အပြင်မှာ ခဏစောင့်ရမလား ဒါမှမဟုတ် သူ့ကိုရှာဖို့ ဝင်သွားရမလား "
တံခါးတစ်ဖက်က ဘာသံမှ မကြားရတော့ ချန်ကော က တုံ့ဆိုင်းသွားတယ်။ သူသည် တံခါးအတွင်းရှိ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်သော်လည်း တံခါးအတွင်း၌ ကျန်းယာ့ တစ်ခုခုဖြစ်ခဲ့ပါက ချန်ကော သည် တံခါးအပြင်ဘက်တွင်ရှိနေရင်လည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။
တံခါးလက်ကိုင်ကို ကိုင်ထားရင်း ချန်ကော ၏ လက်ချောင်းများ လှုပ်ယမ်းသွားသည်။ သူ အသက်ပြင်းပြင်းရှူပြီး ကွဲလုနီးပါးဖြစ်နေတဲ့ ဘောပင်ကို အိတ်ကပ်ထဲက ထုတ်ပစ်လိုက်တယ်။
"နေ့သစ်တစ်ရက်ဖြစ်နေပြီ၊ ငါ့ရဲ့ ဗေဒင်အခွင့်အလမ်းကို အသုံးချချင်တယ်"
ချန်ကော သည် အညိုရောင်မွေ့ရာထက်တွင် ဘောပင်ကို ဖြောင့်တန်းစွာ ထောင်ထားကာ မေးလိုက်သည်။
"Pen Spirit၊ ငါနဲ့ ကျန်းယာ့ ကယ်တင်ဖို့ နည်းလမ်းရှိသေးလား"
တုံ့ဆိုင်းနေသော ဘောပင် ဝိဉာဉ်သည် မွေ့ယာပေါ်တွင် စကားလုံးသုံးလုံးကို ရေးချလိုက်သည်။
—တံခါးထဲကို ဝင်လိုက်ပါ....
"ဒါက နည်းနည်းမြန်လွန်းတယ်မဟုတ်လား၊ မင်းစဉ်းစားဖို့ မလိုတော့ဘူးလား"
ချန်ကော က ဘောပင်ကို အိတ်ထဲထည့်လိုက်တယ်။ တံခါးကိုကြည့်ကာ ဆုံးဖြတ်ချက်ချ လိုက်သည်။ သူ့ဖုန်းကို ထုတ်လိုက်ကာ စစ်ဆေးတော့ ဘက်ထရီ ပမာဏ အနည်းငယ်သာ ကျန်ရှိတော့သည် ။
"မင်းစိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှတ်ရစရာတွေ ပေါ်လာမယ်လို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား။ အဲဒီအမှတ်တရတွေထဲမှာ သွေးလို နီရဲတဲ့ အဖြစ်အပျက်တွေ ရှိသလား"
ဒါကို မေးဖို့ မန်နန်ကို ဖုန်းဆက်လိုက်တယ်။
"ရှိတယ်။"
"အဲဒီအမှတ်တရတွေကို အာရုံစိုက်ပြီး ပြောပြပေးပါ၊ ဒီသွေးလိုနီရဲတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အာရုံစိုက်သင့်တဲ့အရာ တစ်ခုရှိသလား"
ချန်ကော က ကျန်းယာ့ ကို ချန်ထားခဲ့ရုံနဲ့ မရဘူး။ သူနဲ့ ကျန်းယာ့ရဲ့ပတ်သတ်မှုက အလွန်နက်ရှိုင်းလွန်းသဖြင့် နောင်တွင် ကျန်းယာ့ ၏အကူအညီကို လိုအပ်မည်ဖြစ်သည်။ သူမကို အဆုံးရှုံးမခံနိုင်ဘုူး။
"အမှတ်တရတွေက သွေးနီတွေနဲ့ ဆက်စပ်မှု မရှိသလောက် နည်းပါးပြီး သူတို့ရှိနေချိန်မှာ တောင် အလားတူ အခြေအနေမျိုးမှာ ဖြစ်ပျက်နေပုံရတယ်။"
မန်နန်တွေးကြည့်ကာ ဆက်ပြောခဲ့သည်။
"ဒါဟာလုံးဝ အလုံပိတ်အခန်းတစ်ခုပဲ၊ ပြတင်းပေါက်မရှိပဲ တံခါးတစ်ပေါက်ပဲ ရှိတယ်။ နေရာက ကျဉ်းကျဉ်းနဲ့ သစ်သားကုတင် ရှိတယ်။ ကုတင်မှာ ချိတ်တွေ ရှိပြီး ဘေးမှာ စက်တွေ ရှိတယ်။ အဲဒါက လျှပ်စစ်ရှော့ခ် ကုထုံးအခန်းနဲ့ တူတယ်။ ."
" လျှပ်စစ်ရှော့ခ် ကုထုံးလား?"
"ဟုတ်တယ်၊ ကျွ်နတော့် မှတ်ဉာဏ်ထဲမှာ၊ မကောင်းဆိုးဝါး မျိုးစုံ အခန်းထဲကို ဝင်လာကြတယ်။ သူတို့ အိပ်ရာပတ်လည်မှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို လိမ်ပြီး နိုးမလာစေနဲ့လို့ အချင်းချင်း ပြောကြတယ်။ "
အဲ့ဒီအရာတွေကို များကို တွေးတောရင်း မန်နန်၏ ခေါင်းက ပိုဖိအားမျးလာပုံရသည်။ သူ့လေသံက နာကျင်လာသည်။
"ကျွန်တော်က မကောင်းဆိုးဝါး တွေကို အနီးကပ်မမြင်ရပေမယ့် အဲဒီထဲက တစ်ကောင်က မျက်နှာပုံပန်းပျက်နေပုံရပြီး မကောင်းဆိုးဝါး က နာမည်တစ်ခု ပြောလိုက်သံ ကြားလိုက်သလိုပဲ...ဝူဖေး ဆိုလားပဲ..."
မျက်နှာပုံပျက်နေတဲ့ လူနာနဲ့ ဝူဖေးတို့ နှစ်ဦးစလုံးသည် တတိယ နာမကျန်းခန်းမမှ လူနာများဖြစ်သည်။ အခန်း ၁၀ နှင့် အခန်း ၉ တို့တွင် အသီးသီးနေထိုင်ခဲ့ကြသည်။ သူတို့နေသည့် နေရာက ဒီဆေးရုံတွင် အန္တရာယ်အရှိဆုံး နေရာများဖြစ်သည်။
"အခြားတစ်ခုခုရှိသေးလား?" ချန်ကော တံခါးနားမှာ ရပ်နေတယ်။
"တစ်ခုခုလား။ အဲ့ဒါ အသုံးဝင်မလားဆိုတာ မသေချာဘူး ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူ့ကို ရှာဖို့ လိုအပ်ရင် သွေးနီတံခါးထဲဝင်ပြီး စကားမပြောသင့်ဘူးလို့ ပြောခဲ့တာကို မှတ်မိသေးတယ်၊ ."
"ကောင်းပြီ ကျေးဇူးပဲ။"
ချန်ကော က ပါးစပ်ကိုပိတ်ပြီး ဖုန်းကို အိတ်ကပ်ထဲထည့်ကာ တူနဲ့ ဓားမတို့ကို ကိုင်ကာ တံခါးကို လှမ်းဝင်လိုက်တယ်။
***-***
Chapter (178) -မေကာင္းဆိုးဝါးကို က်န္းယာ့က လိုက္ဖမ္းျခင္း
စႀကႍတြင္ ႏွင္းမည္းမည္းမ်ား က်ဆင္းေနသလိုပဲ။ က်န္းယာ့ သည္ စုတ္ျပတ္ေနေသာ ေသးငယ္ေသာ မေကာင္းဆိုးဝါး မ်ားထံမွ စြမ္းအင္ကို စုပ္ယူလိုက္ျပီး သူမ၏ အနက္ေရာင္ ဆံပင္မ်ား အလယ္တြင္ မတ္တပ္ရပ္ေနသျဖင့္ သူမ၏ အဝတ္အစားေပၚရွိ အနီေရာင္သည္ ပို၍ပင္ ေတာက္ေလာင္ေနသလို ထင္ရွားလာသည္။
သူမ ပိုေတာင္ သန္မာလာေသးတယ္...
ခ်န္ေကာ ၏ မ်က္လုံးမ်ား ျပဴးသြားသည္။ က်န္းယာ့ သည္ သူ႔အေပၚထားရွိေသာ ခ်စ္ျခင္းေမတၱာ အဆင့္သည္ လွ်ပ္စီးလက္သလို တိုးလာသည္။ အဆင့္တစ္ခုကို ျဖတ္ေက်ာ္ၿပီး က်န္းယာ့ က သူ႔ကို မေတာ္တဆ သတ္ခဲ့ရင္ ဘာျဖစ္မလဲ။
ခ်စ္စရာေကာင္းၿပီး ဆိတ္ဆိတ္ေနပုံရတဲ့ ဒီမိန္းကေလးက သူ႔သားေကာင္ေတြကို ညႇဥ္းပန္းႏွိပ္စက္တဲ့ ဝါသနာပါပံုရတယ္။ ဒီဇာတ္လမ္းမွာ အဆိုးဆုံးဗီလိန္အတြက္ ေရြးရင္ သူမက ေသခ်ာေပါက္ အေရြးခံရလိမ့္မည္။
"ငါတို႔ တတိယ နာမက်န္းခန္းမကေန ျမန္ျမန္ထြက္သြားရင္ ပိုေကာင္းမယ္"
ခ်န္ေကာ က သူမကို ထြက္သြားဖို႔ ႀကိဳးစားဖို႔ က်န္းယာ့ ဆီကို ေလွ်ာက္သြားတယ္။ မေကာင္းဆိုးဝါး သုံးေကာင္တြင္ မ်က္စိကြယ္သူ တစ္ဦးသာ က်န္ရွိေတာ့သည္ ။ ထိုတစ္ေကာင္က ဒဏ္ရာအျပင္းအထန္ရၿပီး ခႏၶာကိုယ္ေပၚရွိ မ်က္ႏွာမ်ားက ေအာ္ဟစ္အကူအညီေတာင္းေနၾကသည္။ ခ်န္ေကာ ပင္ အကူအညီမဲ့ေနသည့္ သတၱဝါအတြက္ သနားစိတ္ဝင္လာမိေတာ့သည္။
"က်န္းယာ့.... သူတို႕ကို အျပစ္ေပးတာ လုံေလာက္ျပီ။ သူတုိ႕ကို ႏွိပ္စက္တာကို ရပ္လိုက္ပါ၊ သူ႔အသက္ကို အဆုံးသတ္လိုက္ေတာ့...ငါတို႔ အလ်င္လိုေနတယ္၊ ဒီေနရာမွာ အၾကာႀကီးေနဖို႔ ငါ မစီစဥ္ထားဘူး။"
မေကာင္းဆိုးဝါး ၏ တစ္ခုတည္းေသာ မ်က္လုံးမွ မ်က္ရည္မ်ားကဲ့သို႔ ေသြးမ်ား စီးက်လာသည္။ အနက္ေရာင္ဆံပင္ခ်ည္ေႏွာင္ျခင္းမွ လြတ္ေအာင္ အစြမ္းကုန္ႀကိဳးစားေနခဲ့ျပီး သူ႕ရဲ႕ ခႏၶာကိုယ္ေပၚရွိ မ်က္ႏွာမ်ားက ရႈိက္ႀကီးတငင္ ေအာ္ဟစ္ေနေတာ့သည္။
"အဲဒါ အကူအညီေတာင္းေနတာလား... ထားပါေတာ့၊ သြားၾကရေအာင္!"
ခ်န္ေကာ ေျခလွမ္းအနည္းငယ္လွမ္းၿပီး ေပမယ့္ က်န္းယာ့ သည္ သူမေနရာတြင္ ရပ္ေနဆဲျဖစ္ေၾကာင္း ရိပ္မိသြားၿပီး သူမ၏အနက္ေရာင္ဆံပင္မ်ားသည္ မေကာင္းဆိုးဝါး ၏ ေျခရင္းတစ္ဝိုက္တြင္ ျဖည္းညႇင္းစြာေကြးေကာက္ေနသည္။ စႀကႍ၏အျခားတစ္ဖက္တြင္၊ အဆုံးမရွိေသာေသြးလႊတ္ေၾကာမ်ားသည္ ထိုအရာကိုကယ္တင္ရန္ႀကိဳးစားေနသကဲ့သို႔ မေကာင္းဆိုးဝါး ၏ခႏၶာကိုယ္ထဲသို႔ေရာက္ရွိသြားပုံရသည္။
ေလထုထဲတြင္ အနံ႔အသက္က ပိုျပင္းထန္လာသည္။ က်န္းယာ့ သည္ ေသြးေၾကာမ်ားႏွင့္ တိုက္ခိုက္ေနခ်ိန္တြင္ တတိယ နာမက်န္းခန္းမ မွ တကယ့္မေကာင္းဆိုးဝါး ႀကီး ႏိုးထ လာခဲ့သည္။ နံရံမ်ားႏွင့္ မ်က္ႏွာက်က္မ်ားမွ ေသြးေၾကာမ်ား ပိုထြက္လာသည္။ ထိုအရာတို႔ထဲမွ တစ္စိတ္တစ္ပိုင္းသည္ မေကာင္းဆိုး၏ခႏၶာကိုယ္အေပၚပိုင္း၌ ရစ္ပတ္ထားၿပီး က်န္တစ္ပိုင္းသည္ က်န္းယာ့ ဆီသို႔ ဦးတည္သြားၾကသည္။
ထိုုေသြးေႀကာမ်ားကို ထိန္းခ်ဳပ္သည့္အရာက ဘယ္သူလဲ။ ခ်န္ေကာ က က်န္းယာ့ ကို သြားၿပီး ကူညီဖို႔ ႀကိဳးစားေပမယ့္ သူ အနားကို မေရာက္ခင္မွာ ပိတ္ပါးတဲ့ မေကာင္းဆိုးဝါး က ႏွစ္ျခမ္းကြဲသြားတယ္။ ခႏၶာကိုယ္ အစိတ္အပိုင္းအမ်ားစုကို ေသြးေၾကာမ်ားျဖင့္ ဖုံးအုပ္ထားၿပီး ေအာက္ထပ္သို႔ သယ္ေဆာင္သြားျခင္း ခံခဲ့သည္။ က်န္းယာ့ က ထိုမေကာင္းဆိုးဝါး၏ အစိတ္အပိုင္း အနည္းငယ္သာ ရရွိခဲ့သည္။
က်န္းယာ့ဘက္က ရႈံးသြားတာ ဒါပထမဆုံးအႀကိမ္ျဖစ္ေပမယ့္ ခ်န္ေကာ က ဒါကို ျမင္လိုက္ရေတာ့ သူတို႔အသက္ကို ထိန္းထားနိုင္တာ ကံေကာင္းျပီဟု ေတြးေနသည္။ က်န္းယာ့ကို ထြက္သြားဖို႔ အႀကံေပးခ်င္ေပမယ့္ ဘာမွျပန္မေျပာခင္ က်န္းယာ့ ရဲ႕ေနာက္ေက်ာက လႈိင္းလုံးေတြလို အနက္ေရာင္ဆံပင္ေတြ ထြက္လာတာကို ေတြ႕လိုက္ရျပီး အနီေရာင္ေတာက္ေတာက္ အရိပ္က ေလွကားေပၚမွ ေျပးဆင္းသြားခဲ့တယ္။
လမ္းတစ္ေလွ်ာက္ရွိနံရံေပၚမွာ ေသြးေၾကာမ်ား ကြဲအက္သြားကာ မၾကာမီပင္ စတုတၳထပ္စႀကႍတြင္ က်န္းယာ ေပ်ာက္ကြယ္သြားခဲ့သည္။ ခ်န္ေကာက ေလေအးေတြ ရိႈက္ထုတ္လိုက္ျပီး ႏွစ္စကၠန႔္အၾကာတြင္ သူ႕ဖာသာ ေျပာလိုက္မိသည္။
"သူမက မေကာင္းဆိုးဝါးႀကီးကို လိုက္ဖမ္းခ်င္ေသးတာလား?"
ခ်န္ေကာ သည္ ေမွာင္မိုက္ေသာ စႀကႍကို ၾကည့္လိုက္စဥ္ အမ်ိဳးမ်ိဳးေသာ ေၾကာက္စရာေကာင္းေသာ ပုံရိပ္မ်ားက သူ႔စိတ္ထဲတြင္ ျပည့္ႏွက္လာခဲ့သည္။ သူ႔ရဲ႕ က်ိဳးေၾကာင္းဆီေလ်ာ္မႈက ဒီကေန ထြက္ခြာဖို႔ အခ်ိန္ေရာက္ၿပီလို႔ ေျပာေနသည္။ အေျခေနေတြက သူ႔ေမွ်ာ္လင့္ခ်က္ထက္ ေက်ာ္လြန္သြားၿပီ။ ဒီေနရာက ဆုတ္ခြာျခင္းသည္ ပညာရွိေတာ့ ဆံုးျဖတ္ခ်က္ျဖစ္လို႕ သူ ထြက္သြားခ်င္ေပမယ့္ က်န္းယာ့ တစ္ေယာက္တည္း ေရွ႕ကို ေျပးတက္သြားတယ္။ တကယ္ေတာ့ သူမသည္ ေသြးထြက္ေနတဲ့ တံခါးထဲသို႔ ဝင္ေရာက္ေစဖို႕ လွည့္စားျခင္းခံရတာ ျဖစ္နိိုင္သည္။
တံခါးရဲ႕တစ္ဖက္ျခမ္းက အႏၲရာယ္ရွိတဲ့ကမာၻတစ္ခုျဖစ္ၿပီး က်န္းယာ့ ကိုင္တြယ္နိုင္တဲ့ အေရအတြက္ထက္ မေကာင္းဆိုးယါးေတြ ပိုမ်ားႏိုင္ပါတယ္။ ထိုအေၾကာင္းေတြ ပိုေတြးေလ ခ်န္ေကာက ပိုေၾကာက္လာေလပဲ။ ခ်န္ေကာ က နံရံေပၚက အသားခုတ္ဓားမကိုကိုင္ကာ အံႀကိတ္ကာ အေမွာင္ထဲသို႔ ေျပးဝင္ခဲ့သည္။
ေဖာင္းေနေသာေမြ႕ရာေဘးတြင္ထိုင္ေနေသာ ေၾကာင္ျဖဴ၏မ်က္လုံးမ်ားသည္ ရႈပ္ေထြးမႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ သူသည္ တစုံတခုကို ေျပာေနေသာ္လည္း၊ သူ႔ခႏၶာကိုယ္က အရင္ထက္ေတာင္ ပိုျမန္လာတယ္။
ခ်န္ေကာ သည္ စတုတၳထပ္မွ ဒုတိယထပ္သို႔ ေျပးသြားေသာ္လည္း က်န္းယာ့ ကို မေတြ႕ရ ေသးေပ။ နံရံမ်ားတြင္ ေသြးကြက္မ်ား ေပၚလာၿပီး ပိုလို႕ေတာင္ ေၾကာက္မက္ဖြယ္ ေကာင္းလာ သည္။
"တတိယထပ္နဲ႔ စတုတၳထပ္က ေသြးေတြအားလုံးကို ထိန္းထားေပမယ့္ ဒီထပ္မွာ တစ္ခ်ိဳ႕ အတားအစီးက ပ်က္စီးသြားတဲ့အတြက္ က်န္းယာ့ က ဒီမွာပဲ ရပ္ေနတာျဖစ္ႏိုင္ပါတယ္။"
ခ်န္ေကာ သည္ ဒုတိယထပ္တြင္ က်န္းယာ့ ကိုမေတြ႕သျဖင့္ ပထမထပ္သို႔ဆင္းသြားခဲ့သည္။ အနီေရာင္စႀကႍမွာ ေသြးေတြခ်ည္းပဲ။ ခ်န္ေကာ က သတိႀကီးႀကီးနဲ႔ ဝင္သြားတယ္။
" က်န္းယာ့ က ေသြးတံခါးထဲဝင္သြားၿပီလား"
အခန္း(၃)သို႔ ေလွ်ာက္သြားကာ မူလက ပိတ္ထားေသာ တံခါးသည္ ယခုအခါ လုံး၀ဖြင့္ေနၿပီျဖစ္သည္။ ေသခ်ာသည္ကေတာ့ တစ္စုံတစ္ေယာက္သည္ တံခါးကို ျဖတ္ကာ ဝင္သြားခဲ့ေလျပီ။ ခ်န္ေကာ သည္ ၾကမ္းျပင္ေပၚတြင္ လဲေလ်ာင္းေနေသာ ေဒါက္တာအရိုးရဲ႕ သံစူးေတြပါသည့္ တူကို ေကာက္ကိုင္လိုက္သည္။ သူ႔ေက်ာပိုးအိတ္အတြင္းကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ၾကက္က ေသေနၿပီ၊ အသံေတာင္မထြက္ဘဲ ေသသြားခဲ့တယ္။
"အျပင္မွာ ခဏေစာင့္ရမလား ဒါမွမဟုတ္ သူ႔ကိုရွာဖို႔ ဝင္သြားရမလား "
တံခါးတစ္ဖက္က ဘာသံမွ မၾကားရေတာ့ ခ်န္ေကာ က တုံ႔ဆိုင္းသြားတယ္။ သူသည္ တံခါးအတြင္းရွိ အႏၲရာယ္မ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္မည္မဟုတ္ေသာ္လည္း တံခါးအတြင္း၌ က်န္းယာ့ တစ္ခုခုျဖစ္ခဲ့ပါက ခ်န္ေကာ သည္ တံခါးအျပင္ဘက္တြင္ရွိေနရင္လည္း လြတ္ေျမာက္ႏိုင္မည္မဟုတ္ေပ။
တံခါးလက္ကိုင္ကို ကိုင္ထားရင္း ခ်န္ေကာ ၏ လက္ေခ်ာင္းမ်ား လႈပ္ယမ္းသြားသည္။ သူ အသက္ျပင္းျပင္းရႉၿပီး ကြဲလုနီးပါးျဖစ္ေနတဲ့ ေဘာပင္ကို အိတ္ကပ္ထဲက ထုတ္ပစ္လိုက္တယ္။
"ေန႔သစ္တစ္ရက္ျဖစ္ေနၿပီ၊ ငါ့ရဲ႕ ေဗဒင္အခြင့္အလမ္းကို အသုံးခ်ခ်င္တယ္"
ခ်န္ေကာ သည္ အညိဳေရာင္ေမြ႕ရာထက္တြင္ ေဘာပင္ကို ေျဖာင့္တန္းစြာ ေထာင္ထားကာ ေမးလိုက္သည္။
"Pen Spirit၊ ငါနဲ႔ က်န္းယာ့ ကယ္တင္ဖို႔ နည္းလမ္းရွိေသးလား"
တုံ႔ဆိုင္းေနေသာ ေဘာပင္ ဝိဥာဥ္သည္ ေမြ႕ယာေပၚတြင္ စကားလုံးသုံးလုံးကို ေရးခ်လိုက္သည္။
—တံခါးထဲကို ဝင္လိုက္ပါ....
"ဒါက နည္းနည္းျမန္လြန္းတယ္မဟုတ္လား၊ မင္းစဥ္းစားဖို႔ မလိုေတာ့ဘူးလား"
ခ်န္ေကာ က ေဘာပင္ကို အိတ္ထဲထည့္လိုက္တယ္။ တံခါးကိုၾကည့္ကာ ဆုံးျဖတ္ခ်က္ခ် လိုက္သည္။ သူ႔ဖုန္းကို ထုတ္လိုက္ကာ စစ္ေဆးေတာ့ ဘက္ထရီ ပမာဏ အနည္းငယ္သာ က်န္ရွိေတာ့သည္ ။
"မင္းစိတ္ထဲမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အမွတ္ရစရာေတြ ေပၚလာမယ္လို႔ မင္းေျပာခဲ့တယ္ မဟုတ္ဘူးလား။ အဲဒီအမွတ္တရေတြထဲမွာ ေသြးလို နီရဲတဲ့ အျဖစ္အပ်က္ေတြ ရွိသလား"
ဒါကို ေမးဖို႔ မန္နန္ကို ဖုန္းဆက္လိ္ုက္တယ္။
"ရွိတယ္။"
"အဲဒီအမွတ္တရေတြကို အာ႐ုံစိုက္ၿပီး ေျပာျပေပးပါ၊ ဒီေသြးလိုနီရဲတဲ့ အျဖစ္အပ်က္ေတြနဲ႔ ပတ္သက္ၿပီး အာ႐ုံစိုက္သင့္တဲ့အရာ တစ္ခုရွိသလား"
ခ်န္ေကာ က က်န္းယာ့ ကို ခ်န္ထားခဲ့႐ုံနဲ႔ မရဘူး။ သူနဲဲ႕ က်န္းယာ့ရဲ႕ပတ္သတ္မႈက အလြန္နက္ရႈိင္းလြန္းသျဖင့္ ေနာင္တြင္ က်န္းယာ့ ၏အကူအညီကို လိုအပ္မည္ျဖစ္သည္။ သူမကို အဆုံးရႈံးမခံႏိုင္ဘုူး။
"အမွတ္တရေတြက ေသြးနီေတြနဲ႔ ဆက္စပ္မႈ မရွိသေလာက္ နည္းပါးၿပီး သူတို႔ရွိေနခ်ိန္မွာ ေတာင္ အလားတူ အေျခအေနမ်ိဳးမွာ ျဖစ္ပ်က္ေနပုံရတယ္။"
မန္နန္ေတြးၾကည့္ကာ ဆက္ေျပာခဲ့သည္။
"ဒါဟာလံုးဝ အလုံပိတ္အခန္းတစ္ခုပဲ၊ ျပတင္းေပါက္မရွိပဲ တံခါးတစ္ေပါက္ပဲ ရွိတယ္။ ေနရာက က်ဥ္းက်ဥ္းနဲ႔ သစ္သားကုတင္ ရွိတယ္။ ကုတင္မွာ ခ်ိတ္ေတြ ရွိၿပီး ေဘးမွာ စက္ေတြ ရွိတယ္။ အဲဒါက လွ်ပ္စစ္ေရွာ့ခ္ ကုထုံးအခန္းနဲ႔ တူတယ္။ ."
" လွ်ပ္စစ္ေရွာ့ခ္ ကုထုံးလား?"
"ဟုတ္တယ္၊ ကြ်္နေတာ့္ မွတ္ဉာဏ္ထဲမွာ၊ မေကာင္းဆိုးဝါး မ်ိဳးစုံ အခန္းထဲကို ဝင္လာၾကတယ္။ သူတို႔ အိပ္ရာပတ္လည္မွာ ခ်ည္ေႏွာင္ထားတဲ့ ႀကိဳးေတြကို လိမ္ၿပီး ႏိုးမလာေစနဲ႔လို႔ အခ်င္းခ်င္း ေျပာၾကတယ္။ "
အဲ့ဒီအရာေတြကို မ်ားကို ေတြးေတာရင္း မန္နန္၏ ေခါင္းက ပိုဖိအားမ်းလာပုံရသည္။ သူ႔ေလသံက နာက်င္လာသည္။
"ကြၽန္ေတာ္က မေကာင္းဆိုးဝါး ေတြကို အနီးကပ္မျမင္ရေပမယ့္ အဲဒီထဲက တစ္ေကာင္က မ်က္ႏွာပံုပန္းပ်က္ေနပုံရၿပီး မေကာင္းဆိုးဝါး က နာမည္တစ္ခု ေျပာလိုက္သံ ႀကားလိုက္သလုိပဲ...ဝူေဖး ဆိုလားပဲ..."
မ်က္နွာပံုပ်က္ေနတဲ့ လူနာနဲ႕ ဝူေဖးတို႕ ႏွစ္ဦးစလုံးသည္ တတိယ နာမက်န္းခန္းမမွ လူနာမ်ားျဖစ္သည္။ အခန္း ၁၀ ႏွင့္ အခန္း ၉ တို႔တြင္ အသီးသီးေနထိုင္ခဲ့ၾကသည္။ သူတုိ႕ေနသည့္ ေနရာက ဒီေဆး႐ုံတြင္ အႏၲရာယ္အရွိဆုံး ေနရာမ်ားျဖစ္သည္။
"အျခားတစ္ခုခုရွိေသးလား?" ခ်န္ေကာ တံခါးနားမွာ ရပ္ေနတယ္။
"တစ္ခုခုလား။ အဲ့ဒါ အသုံးဝင္မလားဆိုတာ မေသခ်ာဘူး ။ လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက သူ႔ကို ရွာဖို႔ လိုအပ္ရင္ ေသြးနီတံခါးထဲဝင္ၿပီး စကားမေျပာသင့္ဘူးလို႔ ေျပာခဲ့တာကို မွတ္မိေသးတယ္၊ ."
"ေကာင္းၿပီ ေက်းဇူးပဲ။"
ခ်န္ေကာ က ပါးစပ္ကိုပိတ္ၿပီး ဖုန္းကို အိတ္ကပ္ထဲထည့္ကာ တူနဲ႔ ဓားမတို႕ကို ကိုင္ကာ တံခါးကို လွမ္းဝင္လိုက္တယ္။
***-***