Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Extra

AWY-Final

1.4K 71 26
By Mirella_vc

"ဒေါ်ကြီးတို့ ဘာမှ မဖြစ်ဘူးမှတ်လား..."

Brightလည်း ကြိုးတွေဖြေပေးပြီး မေးလိုက်မိ၏။အမေဖြစ်သူကိုတော့ သူ့ကြောင့်ထိခိုက်သွားရတာမို့ စေ့စေ့မကြည့်ရဲ..။

"ထိခိုက်စေမိလို့ တောင်းပန်ပါတယ် အမေ...နောက်ခါ ကာကွယ်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်..."

"နောက်ခါ မဖြစ်စေနဲ့...ဟိုမှာ မင်း သူငယ်ချင်းတွေ စောင့်နေပြီမှတ်လား...လုပ်စရာရှိတာကို သေချာလုပ်ခဲ့..."

အမေဖြစ်သူဆီက နူးနူးညံ့ညံ့နဲ့ ထွက်လာတဲ့ စကားမို့ Bright လည်း မယုံနိုင်ခြင်းများစွာနဲ့ မော့ကြည့်မိ၏။

"အမေ..."

"အင်း...မင်း အားတဲ့နေ့တော့ စကားတွေ သေချာပြောချင်သေးတယ်...မင်းချစ်သူကောင်လေးနဲ့လည်း မိတ်ဆက်ပေးဖို့ မမေ့နဲ့..."

"အာ...အမေ..."

အံ့သြဝမ်းသာလွန်းလို့ ငိုချမိမတတ်ဘဲ...ဒီအခြေအနေဟာ..အိမ်မက်မဟုတ်ဘူး မှတ်လား...ဒေါ်ကြီးကလည်း ပြုံးကာ ခေါင်းငြိမ့်ပြ၏။

"သွား...ငါတို့ကို စိတ်ပူမနေနဲ့ ဒီကောင်တွေ ထပ်မလာရဲဘူး..."

"ကျေး...ကျေးဇူးအများကြီး တင်ပါတယ် အမေ..."

"အင်း...ဂရုစိုက်..."

အမေ့ရဲ့ အပြုံးမျက်နှာကို မြင်လိုက်ရတာဟာ တလောကလုံးကို အောင်နိုင်သွားသလိုဘဲ...ဒီလိုအခြေအနေမျိုးဆိုတာ ဘယ်တုန်းထဲကမှ မမျှော်လင့်ခဲ့တာ...ငယ်သိရင်လည်း သိပ်ကို ဝမ်းသာမှာ...အမေ့ရှေ့မှာတုန်းက မငိုခဲ့တဲ့ Bright ဟာ သူ့သူငယ်ချင်းတွေကို မြင်တဲ့အချိန်မှာတော့ ချုံးပွဲချငိုတော့၏။

"Bright...ဘာဖြစ်လာတာလဲ..."

"အမေ...အမေက ငါ့ကို ဂရုစိုက်တဲ့..."

"ဒါ..ဒါဆို...ဟား...Bright..."

အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက ဝမ်းသာပေးကြ၏။
အခြေအနေအားလုံးကို အစအလည်အဆုံး သိနေကြတဲ့သူတွေ မဟုတ်လား... ။Foei လည်းရောက်လာပြီမို့ Top Tap တို့နောက် လိုက်ဖို့ ပြင်ရ၏။Bright ကတော့ ရဲတွေကို စက်ရုံအကြောင်း သတင်းပေးဖို့နဲ့ ဖောက်ခွဲပစ်ဖို့ စီစဥ်စရာတွေ စီစဥ်ရန် ဂိုဏ်းသားအချို့နဲ့ ထွက်သွား၏။Foei တို့ Mike တို့ကတော့ Top Tap တို့ သွားရာနောက်ကို လိုက်ကြရတော့၏။

***

"Win Metawin မှတ်လား..."

အချုပ်ခန်းထဲ ဂျောင်ကပ်နေရာမှ နာမည်ကို ခေါ်​မေးလိုက်တဲ့ အသံကြောင့် အသံလာရာဘက်ကို လှမ်းကြည့်လိုက်မိ၏။တွေ့ဖူးသလိုလိုရှိနေသော အမျိုးသားတစ်ဦး...။Crown ဂိုဏ်းဝတ်စုံပြည့်နဲ့တော့ မဟုတ်ပေမယ့် ဂိုဏ်းတံဆိပ်ပါတဲ့ ဘောင်းဘီကို ဝတ်ဆင်ထားတာ ဖြစ်၏။သူ့ကို သိတဲ့ သူတစ်ယောက်ယောက် ဖြစ်မှာပါလို့ တွေးနေပေမယ့် ထိုသူ့ပုံစံက ထူးဆန်းနေတာကြောင့် ပြန်မေးလိုက်မိ၏။

"ဘယ်သူလဲ မသိဘူး..."

"Bright Vachirawit ရဲ့ အဖေ... "

"ဟင်! ..Vachirawit ရဲ့ အဖေ..."

အံ့သြတကြီးအသံနဲ့အတူ အချုပ်ခန်းရဲ့ သံတိုင်နားရောက်လာတဲ့ ဂိုဏ်းချုပ်ငယ်လေး...။

"ဟုတ်တယ်...သူ မင်းကို လာကြည့်ခိုင်းလို့..."

"သူ...သူ..အဆင်ပြေနေရဲ့လား..ဟို..."

"အဆင်ပြေနေပါတယ်...Mission တွေလည်း စနေပြီလို့ ပြောတယ်...အားလုံးပြီးရင် သေချာပေါက် လာပြန်ခေါ်မယ်တဲ့..."

သတင်းပေးတဲ့ အသံက ခပ်ကြိတ်ကြိတ်...သတင်းပေးတဲ့သူက ကိုယ့်ချစ်သူရဲ့ အဖေ ဖြစ်နေပေမယ့် ချစ်ရသူအကြောင်းကို မေးဖို့ ရှက်မနေတော့...။

"ကျေးဇူးတင်ပါတယ် အန်ကယ်လ်...သူ အဆင်ပြေနေဖို့ပါဘဲ...အန်ကယ်လ်လည်း အန္တရာယ်များတာမို့ သွားပါတော့ ကျွန်တော် အဆင်ပြေနေတယ်လို့ဘဲ ပြောပေးပါ...."

လွမ်းနေရတာကလွဲရင် သေချာပေါက်အဆင်ပြေနေတာကို သိစေချင်၏။ဒီလောက်အကြာကြီးခွဲမနေဖူးဘူး..ပြီးတော့ သူပြောပြတဲ့ ပုံပြင်တွေမှ နားမထောင်ရရင် အိပ်မပျော်တာတွေကိုတော့ ယောက္ခထီးကြီးအား အထူးတလည်မပြောပြနေတော့...။

"အင်း....ငါသေချာပြောလိုက်ပါမယ်..."

ယောက္ခထီးကြီးကို မြင်မှ Vachirawit ကို ပိုလွမ်းလာသလို...။ဘာလို့ Vachirawit နဲ့ တူနေလည်း မသိ...ကိုယ်နေဟန်ထား...စကားပြောပုံတွေက ကူးချထားသလို...။ရုတ်တရကြီးလွမ်းနေရာမှာ သူများချစ်သူကို ပုံတူကူးထားတဲ့ ယောက္ခထီးကြီး အမြင်ကပ်လာတာကြောင့် မျက်စောင်းလေး မသိမသာထိုးလိုက်မိ၏။

"သြော်...ဘယ်သူလဲ မှတ်တယ်...အန်ကယ်လ်ကိုး..."

ရုတ်တရက်ဆိုသလို သူတိူ့နားရောက်လာတဲ့ Black ကြောင့် Win တို့နှစ်ယောက်မှာ လှုပ်လှုပ်ရှားရှား...။Black ဟာ အန်ကယ်လ့်ကို သေနတ်ဖြင့် ထုတ်ချိန်လာ၏။

"Crown မှာဆို ဘာပြစ်မှုမြောက်လည်းဆိုတာ သိတယ်မှတ်လား ဦးလေး..."

"အန်ကယ်လ်က ဘာလုပ်နေတာမို့လို့လဲ...ဒီအတိုင်း ငါနဲ့တွေ့လို့ စကားပြောနေတာ..."

သူ့ကြောင့်နဲ့တော့ အန်ကယ့်လ်ကို မထိခိုက်စေချင်တာ စိတ်ရင်းမို့ Black ကို မာမာထန်ထန်ဘဲ ပြန်ပြောလိုက်မိ၏။

"ရှူး...ကိုယ်သိတယ်...ဒါပေမယ့် တစ်ခါထဲ ပြောပြလိုက်ပါ...Brightကို...မကြာခင်မှာ Win နဲ့ ကျွန်တော် လက်ထပ်တော့မှာလို့...."

"မင်းကို ဘယ်သူလက်ထပ်မယ်ပြောလို့လဲ စောက်ရူးကောင်ရဲ့..."

အန်ကယ်လ်ကတော့ ဘာမှမပြောဘဲ Blackနဲ့ Win ကို တစ်လှည့်စီကြည့်ကာ ခပ်သွက်သွက်ထွက်သွားတော့၏။Black က ဂိုဏ်းချုပ်လေးရှိရာ သံတိုင်တွေနားအထိ ကပ်လာခဲ့၏။

"ရော့ မင်းမျက်နှာကို သန့်ရှင်းရေး လုပ်လိုက်အုံး..."

ကမ်းပေးလာတဲ့ wet tissue ကို လှမ်းမယူသေးဘဲ ခပ်စူးစူးအကြည့်တွေနဲ့ ကြည့်လာ၏။ကြယ်လေးတွေ ထည့်ဖွက်ထားတတ်တဲ့ မျက်ဝန်းငယ်က ဒေါသရိပ်တွေနဲ့ အနီရောင်သန်းနေ၏။သူ စွဲလမ်းခဲ့ရတဲ့ မျက်နှာနုနုဟာ ညစ်ပတ်ပေရေနေပေမယ့် ချစ်စရာကောင်းနေဆဲပါဘဲ...။နှုတ်ခမ်းရဲရဲလေးတွေ ​ဖြောင့်တန်းနေတဲ့ နှာတံနုနုတွေဟာ Win ရဲ့ ချစ်စရာကောင်းမှုကို ထောက်ပံ့ပေးနေတဲ့ အစိပ်အပိုင်းတွေ ဖြစ်နေခဲ့၏။တစ်ခါတစ်လေမှ တွေ့ရတဲ့ မျက်နှာလေးကို ကိုယ်တောင် စွဲလမ်းနေတာ အမြဲတမ်းမြင်နေရတဲ့ ဒုဂိုဏ်းချုပ်ဆို ဘယ်လောက် စွဲလမ်းလိုက်မလဲ...ကြမ်းချင် ရမ်းချင် လိုချင်တာရှိရင် အားမနာတမ်း သိမ်းပိုက်ခဲ့တဲ့ Black ဟာ ဒီဂိုဏ်းချုပ်လေးနဲ့မှ အများကြီးအလျော့ပေးခဲ့တာကိုတော့ သူကိုယ်တိုင်ဘဲ သိမယ်ထင်။

"မင်း ယောက်ျားရှိတဲ့ ယောက်ျားတစ်ယောက်ကို တကယ်ကြီး လက်ထပ်မလို့လား...Black..."

"ဘယ်လို..."

"ဟုတ်တယ် ငါနဲ့ Vachirawit က လက်ထပ်ထားတာ..."

"မဖြစ်နိုင်ဘူး...ငါစုံစမ်းထားတဲ့ထဲမှာ အဲ့ဒါမပါ..."

"ငါတို့ထက် ဘယ်သူက ပိုသိမလဲ..တကယ်လို့ မင်းအတင်းအကျပ်လုပ်မယ်ဆိုရင်တောင် ငါက ငါ့လျှာငါကိုက်ပြီး သေမှာ..."

"ပြီးတော့ ဒီမှာ လက်စွပ်တွေ့လား..."

လက်ကိုထောင်ပြပြီး ပြောတဲ့ ပြောစကားတွေက နောက်နေဟန်မတူ...။သေချာပေါက် အချစ်မှာ ပျော်ဝင်နေတဲ့ အကြည့်တွေနဲ့...ဂိုဏ်းချုပ်လေးဟာ ရုပ်ပြောင်းရုပ်လွဲတတ်တယ်ထင်...ခုနကဘဲ ဒေါသထွက် အခုဘဲ အချစ်တွေမှာ ပျော်ဝင်နေပြန်၏။

"ငါတို့က လင်မယားအရာတောင် မြောက်...မြောက်.."

"တော်လိုက်တော့ Win..."

ဒေါသတကြီးအော်ချလိုက်တာကြောင့် ပြောနေတဲ့စကားတောင် လေထဲပျောက်သွားရ၏။အမှန်ပြောပြတာကို ခက်တော့တာဘဲ...။

"ငါ အတည်ပြောတာ..."

"သိတယ်...သိတာမို့ တော်လိုက်တော့...သွားတော့...မင်းကို လွှတ်ပေးလိုက်မယ်..."

"လွယ်လှချည်လား...တစ်မျိုးဘဲနော်..."

"မင်းအဖေကို ငါကြည့်ရှင်းမှာမို့ အခုပြန်လိုက်တော့..."

ဒီစကားကြားတော့ အချုပ်ခန်းထဲက ဂိုဏ်းချုပ်လေးဟာ ခပ်ထေ့ထေ့ပြုံး၏။ဒီလိုလုပ်ပေးလို့လည်း ကျေးဇူးတင်စရာလား...လွှတ်ပေးတော့လည်း ပြန်ရုံဘဲပေါ့ အားကုန်တာတောင် သက်သာ​သေး...။အချုပ်ခန်းတံခါးဖွင့်ပေးပြီးတာနဲ့ Black ဆိုတဲ့ကောင်ရဲ့ မျက်နှာကို ဆွဲထိုးတော့၏။

"မြင်လား...လက်စွပ်ကို...ငါ့ကို သနားတဲ့ပုံစံနဲ့ လာမလုပ်နဲ့ Blackရဲ့....ကဲ့ဟာ...ခွပ်..."

"အ့...ငါလွှတ်ပေးတာ မင်းကို သနားလို့မှ မဟုတ်ဘဲ..."

"အေး လွှတ်ပေးလည်း ငါကစောက်ဂရုစိုက်မနေဘူးနော်...အခွင့်ရေးရရင် ရသလို မင်းတို့ကို နင်းချေပစ်မှာ..."

အားကုန်ထိုးချချင်တဲ့စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရ၏။အားကုန်သွားရင် ဂိုဏ်းကို သူမပြန်နိုင် ဖြစ်တော့မှာ..Balck ဘာကြောင့် လွှတ်ပေးသလဲ စဥ်းစားမနေအား.. အင်္ကျီစကနေ ဆောင့်ဆွဲယူကာ ထောင့်တစ်ထောင့်သို့ လွှင့်ပစ်ထားခဲ့လိုက်လေတော့၏။ကျန်ချင်သလို ကျန်နေခဲ့ကြ...သူကတော့ White Dragons ကို ပြန်ရောက်ဖို့ဘဲ ဦးတည်၏။ဒီအချိန်မှာ တွေးမိတာက ကို့ရင်ခွင်ထဲ တိုးဝင်မယ်...ချစ်ကြောင်းတွေ အများကြီးပြောမယ်...လက်စားချေတာတွေ...ဂိုဏ်းရဲ့ ပြဿနာတွေ သူဘာမှမသိချင်... အဓိက,က Vachirawit ရင်ခွင်ထဲ တိုးဝင်ဖို့ဘဲ...သိပ်ကို အခြေကြီးပြီး ထိပ်ဆုံးမှာရှိနေတဲ့ ​ယောက်ျားတစ်ယောက်က သူကာကွယ်ပေးခဲ့ဖူးသော...သူလမ်းပြပေးခဲ့ဖူးသော... အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့ဖူးသော ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲ ခိုဝင်ချင်နေပါသတဲ့...ခဏလေးတောင် မဟုတ်ဘဲ အမြဲတမ်း Always ပါတဲ့လေ....ချစ်ခြင်းတရားတွေက သိပ်ကို ဆန်းကြယ်ပုံပါဘဲ...။

"ဘာလို့ပြန်လွှတ်ပေးလိုက်တာလဲ ခေါင်းဆောင်..."

"ချစ်လို့..."

ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာမှာ ပျော်ဝင်နေတဲ့ လူသားကို သူဘယ်လိုစိတ်နဲ့ ခေါ်ထားရက်မလဲ....တစ်သက်လုံး သူရောကိုယ်ရော နာကျင်ရမယ့် အလုပ်မျိုးတော့ မလုပ်လို...။ကြမ်းတမ်းပါတယ်ဆိုတဲ့ Black ဟာ White Dragon ဂိုဏ်းချုပ်လေးနဲ့မှ တစ်ဖက်သတ် လက်နက်တွေချ အလံဖြူတွေ ပြခဲ့ရတာ အခါခါ...ဒါဟာ မပိုင်ချင်လို့လည်းမဟုတ် မဆိုင်ချင်လို့လည်းမဟုတ်....ချစ်တဲ့စိတ် တစ်ခုနဲ့သာ...။

****

"ငယ်ရေ လျှောက်မပြေးနဲ့အုံးလို့ နေပူနေသေးတာကို..."

"မရဘူး မင်းပါလာ...."

"အခုမှ ရောက်တာကို နားလိုက်ပါအုံး...ငယ်ရာ...လာ..."

အပြာနုရောင် အပေါ်အောက် ဘောင်းဘီတိုကို ကမ်းခြေဝတ်စုံလေးနဲ့ ငယ်ဟာ သူ့မျက်စိထဲ လှချင်တိုင်းကို လှနေတော့တာဘဲ...။လှတယ်လို့ ပြောတိုင်း အထိုးခံရလည်း မမှတ်နိုင်...လှတယ်လို့ဘဲ ပြောချင်မိအောင်ကို ဂိုဏ်းချုပ်လေးဟာ သိပ်ကို လှလွန်းနေတာ...။ပြဿနာတွေ အကုန်ရှင်းပြီးသလို မာဆာယာဂိုဏ်းဟာလည်း သူတို့လက်ချက်နဲ့ ပျောက်ကွယ်သွားပြီးတဲ့ အချိန်မှာတော့ စိတ်ပြေလက်ပျောက် ကမ်းခြေကို ခရီးထွက်ခဲ့ကြတာ...ဘယ်သွားသွား အတူတူသွားမယ်လို့များ တိုင်ပင်ထားကြသလား မသိတဲ့ ကျန်တဲ့တစ်သိုက်ဟာ ဂိုဏ်းချုပ်နှစ်ယောက်ရဲ့ အစီအစဥ်ကို ကြားကထဲက အတွဲမရှိတဲ့ Foei ထံ ဂိုဏ်းကို လွှဲခဲ့ပြီး အတွဲကိုယ်စီဖြင့် ကမ်းခြေကို ချီတက်ခဲ့ကြ၏။သူများအတွဲတွေက ခရီးရောက်ရောက်ချင်းမို့ အနားယူနေကြပေမယ့် ကမ်းခြေကြိုက်သူလေး အမောင် Metawin ကတော့ အင်္ကျီတွေပါ ကောက်လဲပြီး လျှောက်ပြေးနေတော့၏။အလိုလိုက်ထားသမျှကို လိုက်ပြန်ထိန်းသိမ်းနေရတော့ ဒုဂိုဏ်းချုပ်မှာ သွေးတက်နေရတာဘဲ...။

"အ့..."

"ဟော...ကြည့် လဲပြီ ငယ်ရယ်..အဲ့ကြောင့်ပြောတယ်..."

"အီးဟီး...ခြေထောက်ကွဲသွားပြီ သေပြီလား မသိဘူး..ရေဆော့ချင်ပါတယ်ဆို ဒီလိုဖြစ်ရင် ရေဘယ်လိုဆော့ရတော့မလဲ..."

"ပြစမ်း ငယ်..ကိုယ့်ကိုပြ...မငိုနဲ့လေ...မရှက်ဘူးလား..."

"မရှက်ပါဘူး...အီးဟီး...အဲ့ဒါမင်းကြောင့် လာပါလို့ပြောနေတာကို..."

သူ့ဂိုဏ်းချုပ်လေးဟာ ဘယ်တုန်းက ဒီလိုအော်ငိုတတ်သွားတာလဲ...ပါးစပ်အဟောင်းသားနဲ့ အံ့သြနေပေမယ့် ကြာကြာမအံ့သြရဲ။

"အင်းပါ...အင်းပါ..ကိုယ့်ကြောင့်...လာပြန်ရအောင် သွေးတွေ ထွက်နေပြီ..."

ပြောပြောဆိုဆိုနဲ့ ကောက်ချီတော့ လည်ပင်းတွေကို ဆွဲဖက်ကာ ငြိမ်ငြိမ်လေး လိုက်ပါလာ၏။သို့ပေမယ့် ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ပင်လယ်ထဲ ပစ်ချချင်စိတ်က တဖွားဖွား...။

"ခြေထောက်ထိလက်စနဲ့ ရေထဲ ဆင်းလိုက်မယ်လေ" တဲ့ ဘယ်လောက် ထုပစ်ချင်စရာ ကောင်းသလဲလို့...။

ခြေထောက်ထိသွားလို့ ပတ်တီးလေးနဲ့ ဂိုဏ်းချုပ်ဟာ ဒရင်းဘတ်ပေါ်ကနေ အုန်းရေလေးသောက်ရင်း ကမ်းခြေဆင်းနေတဲ့သူတွေကို ဘူလီနေတော့၏။ရူခင်းက သာယာလွန်းလှပေမယ့် ရေထဲမဆင်းရသရွေ့ မသာယာ...။ဘယ်ကနေ ဘယ်လို ကမ်းခြေကို ကြိုက်သွားသလဲ မသိပေမယ့် ကမ်းခြေကို လာရင် သေချာပေါက် ပျော်ရွှင်ရတဲ့ ခံစားချက်ကို ခံတာကြောင့် သူလာချင်နေခဲ့တာ...။

"ဟိုမှာ နှုတ်ခမ်းထော်နေပြီ Bright...သွားလိုက်အုံး..."

"ခဏလွှတ်ထားပေးလိုက်အုံးမယ်...ရေထဲမဆင်းရလို့တဲ့ ငါ့ကို ဂျီကျနေတာ..."

ဂျီကျနေတယ်ဆိုတဲ့စကားဟာ ဂိုဏ်းချုပ်အတွက် မသင့်တော်ပေမယ့် ဒီစကားဟာ သူတို့တွေ နားထဲ မထူးဆန်းတော့သလို...ပြဿနာတွေ ဖြစ်ပြီးနောက်ပိုင်း ဒုဂိုဏ်းချုပ်ဟာ ဂိုဏ်းချုပ်ကို မျက်စိအောက်က အပျောက်မခံဘဲ ပိုးမွေးသလို ပြုစုစောင့်ရှောက်ခဲ့တာ...။ဂိုဏ်းချုပ်ကလည်း တစ်ခြားသူတွေနဲ့ဆို တင်းမာခက်ထန်နေပေမယ့် ဒုဂိုဏ်းချုပ်နဲ့ဆို အပြစ်ကင်းတဲ့ ကလေးငယ်လို...။

"ငါတို့အများကြီး လုပ်နိုင်ခဲ့တယ်နော် Bright..."

"မင်းတို့ကျေးဇူးနဲ့ပေါ့ကွာ...မင်းတို့မရှိရင် White Dragons ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး..."

သူငယ်ချင်းတစ်စုဟာ အနာဂတ်ကိုလည်း ဆက်မတွေးချင်...အတိတ်ကိုလည်း ပြန်မသွားချင်တဲ့ ပစ္စုပ္ပန်မှာဘဲ ရပ်တန့်နေချင်တဲ့ သူတွေပါဘဲ...ဒီအခြေအနေ ဒီလိုအချိန်မှာဘဲ ချစ်ရသူတွေနဲ့ အမှတ်တရတွေ ဖန်တီးမယ်...မြတ်နိုးရသူတွေကို ပျော်ရွှင်အောင် လုပ်ပေးကြမယ်...စိတ်ကူးလေးတွေဟာ ရိုးရိုးရှင်းရှင်း...။

"လူကြီး..."

"ကလေး...နေလို့ အဆင်ပြေရဲ့လား..."

ကားမူးပြီး မအီမသာဖြစ်နေတဲ့ ကလေးငယ်က အိပ်ယာကနိုးလာဟန်တူ၏။

"အနားမှာလည်း မနေဘူး...နိုးလာတော့လည်း မတွေ့ဘူး..အင့်..."

"ဟာ..ဟေ့..ဟေ့..Mike အသေးလေးကို မငိုစေနဲ့..."

အသေးဆုံး...အငယ်ဆုံး...နှလုံးရောဂါနဲ့မို့ ဂိုဏ်းချုပ်ကအစ ဒီကလေးကို ဂရုစိုက်ကြတာ...ဘာမှမပြောဘဲ ကျောက်တိုင်လို နေတတ်တဲ့ Gun Smile ကပါ Mike ကြောင့် ဒီအသေးလေးငိုရင် လာဆူတတ်သေးတာ...။

"ကိုယ် အခုလာပြီ မငိုရဘူးလေ..."

သက်ဆိုင်သူတွေဟာ အလိုလိုက်ခံထားရတဲ့ သူတွေချည်းဘဲမို့။

"လန်းသွားအောင် ရေထဲ ဆင်းမယ် လူကြီး..."

"ရှူး တိုးတိုးပြော...ဂိုဏ်းချုပ် ရေထဲမဆင်းရလို့တဲ့ ဆူပုတ်နေတယ်..."

"ဟင်...ဘာလို့လဲ...Phi Bright က ခွင့်မပြုဖူးလား..."

"ခြေထောက်ခိုက်မိသွားလို့တဲ့ ပတ်တီးစီးထားရတယ် အဲ့ဒါကြောင့်..."

ချစ်သူမဖြစ်ခင်ကသာ စိတ်မရှည်လက်မရှည် ဖြစ်တတ်တဲ့ လူကြီးဟာ ချစ်သူဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ တရေးနိုး မေးခွန်း ထမေးရင်တောင် တစ်ချက်မညီးညူဘဲ ပြန်ဖြေပေးတတ်သေး၏။

"သနားပါတယ်...ဂိုဏ်းချုပ်က ကမ်းခြေဒီလောက် ကြိုက်တာကို..."

"သက်သာရင်တော့ ဆင်းရမှာပါ...လာ လူကြီးတို့သွားမယ်..."

လက်ကလေးကို အသာဆွဲရင်း ရေကူးနေတဲ့ Dew တို့ဆီ ခေါ်လာလိုက်၏။

"သူများအတွဲ ကြည်နူးနေတာကို ဟိုအတွဲဘာလာလုပ်အုံးမလဲ မသိဘူး..."

"မောင်ကလည်း..."

"မောင့်အသည်း သူတို့ကိုကြည့်ကြည့်...သားအဖကျနေတာဘဲ..ဟား..ဟား."

ဒီလောရှည်ကောင်ကတော့လေ...သူများကို ပြောဖို့ဆို ထိပ်ဆုံးက...။

"Win ကိုကြည့် မောင်တို့ကို လှမ်းကြည့်ပြီး ဘူနေပြီသူ...ဟား..ဟား..."

Win ဘက်ကိုပါ လှမ်းကြည့်ပြီး သွားဟားနေလိုက်သေး၏။ဟိုက ကောက်ပြီး ပြန်သွားရင် သပ်သပ်လိုက်ချော့ရမယ့် အကွက်တွေ။ဒါတင်မကသေး...Gun Smile တို့ အတွဲကို ကြည့်ကာ ပြောပြန်၏။

"ဒီကောင်ကတော့ သူ့အရပ် ကလန်ကလားနဲ့ ကောင်မလေးကို မှီနေတာ..."

အံမယ် သူ့အရပ်က တိုတိုလေးဆိုတော့...။

"ဟာ...မောင့်အသည်း သူတို့လူမြင်ကွင်းကြီးမှာ ရှက်စရာ..သွားမကြည့်နဲ့..."

Dew တို့ဘက်က ကြည့်ရင် နမ်းနေတာလို့ အတိအကျပြောနိုင်တဲ့ အနေအထား...။

"မဟုတ်လောက်ပါဘူး မောင်ကလည်း..."

Gun Smile က ဘယ်လိုလူလည်းဆိုတာ သူတို့အသိဘဲလေ...ဒါနမ်းနေတာ မဖြစ်နိုင်...။

"လောင်းမလား...မောင်နဲ့..."

"ဘာကိုလဲ..."

"ဒီလိုလေ တကယ်လို့ သူတို့နမ်းနေတာဆို မောင်က မင်းကို အချက် 100 နမ်းမယ်..သူတို့နမ်းနေတာ မဟုတ်ရင် မင်းက မောင့်ကို ပြန်နမ်းပေါ့..."

"အရမ်းကိုတရားမျှတတာဘဲ...နစ်နာ​ကြေးတွေများ လို သေးလား..."

"ဒါကတော့ ပေးစရာမလိုပါဘူး အချင်းချင်းတွေဘဲ..."

ဒီလောရှည်ကောင်ကို မျက်စောင်းသာ ခဲမိတော့၏။နစ်နာကြေးတောင် ရရင် ယူအုံးမှာ...။ကမ်းခြေက အုပ်စုကတော့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်။

"Vachirawit...!!! "

"ခင်ဗျာ..."

"မင်းအခု ဘာလုပ်နေတာလဲ ငါ့အနားမလာဘဲနဲ့..."

ကမ်းခြေမှာ ရေဆင်းကူးနေတဲ့သူတွေကိုရော..လူရှေ့သူရှေ့ မရှောင် နမ်းနေတဲ့သူရော...သူ့ကို ထားခဲ့ပြီး ခပ်လှမ်းလှမ်းကနေ ကြည့်နေတဲ့ Vachirawit ကိုရော သူကြည့်မရတော့...။

"လာပါပြီ ငယ်ရဲ့..."

ခြေထောက်ပတ်တီးနဲ့မို့ ငြိမ်ငြိမ်လေးနေနေရတဲ့ ငယ်က သူ့တို့ကို ကြည့်မရတော့ဘူး ထင်၏။

"မြန်မြန်လာ...."

အနားကိုရောက်တော့ သူ့ ဒရင်းဘတ်ကို ပုတ်ပြီး ထိုင်ခိုင်း၏။

"ငယ် ဘာလုပ်ချင်လို့လဲ..."

"ငါ့ကို နမ်း..."

"ဒီနေရာကြီးမှာလား..."

"နမ်းမှာလား...မနမ်းဘူးလား..."

"နမ်းမှာ..နမ်းမှာ..ပြီးမှ မငိုရဘူးနော် ငယ်..."

"နမ်းတာလောက်နဲ့ ငိုစရာလား ငါက..."

"ပြီးရော အဲ့သတ္တိကို လေးစားသွားပြီ..."

ငါ့ကိုပလစ်ချင်တဲ့ကောင်တွေ အကုန်လုံးကို သွေးတက်အောင် လုပ်ပစ်မှာ...ကမ်း​ခြေမှာ ဂိုဏ်းချုပ်နှစ်ယောက်နမ်းနေပါတယ်ဆိုတဲ့ သတင်းသာ တက်လာရင် အရင် မျက်နှာပူရမှာ သူတို့..ကိုယ်ကတော့ မပူပါဘူး...ကိုယ့်ချစ်သူကိုယ်နမ်းတာဘဲ...။

"ဟေ့..ဟေ့...ရား...Win Metawin.."

"အာ..ဒီကောင်တွေကတော့..."

ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာ နမ်းနေတဲ့သူ နှစ်ယောက်ကတော့ သည်းကြီးမည်းကြီး။မငိုပါဘူးလို့ပြောပြီး သး့ဘက်က အနမ်းလေး နည်းနည်းကြမ်းရင်တောင် မျက်ရည်တွေကျလာတဲ့ ကလေးငယ်ကြောင့် သူ့အနမ်းတွေ ရပ်ပေးလိုက်မိ၏။

"မငိုနဲ့လေ...အချစ်ရဲ့..."

"နာပါတယ်ဆိုတာကို မလွှတ်ပေးဘူး..."

"ကိုယ်မကြားလိုက်လို့ပါ..."

ဒရင်းဘတ်ပေါ်မှာ နှစ်ယောက်သား ကျပ်ကျပ်သိပ်သိပ်..။ငယ့်ကို သူ့ရင်ဘတ်ပေါ် တင်လိုက်ပြီး ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တော့၏။

"ငယ်.."

"အင်း.."

"ပျော်ရဲ့လား..."

"ပျော်တယ်..."

Bright ပြုံးလိုက်ပြီး နားထင်စပ်လေးကို ဖိကပ်နမ်းလိုက်၏။ပျော်နေတာဘဲ မြင်ချင်တဲ့သူမို့ ဒီလိုစကားကြားရတာ သူ့အတွက် ဆုလဒ်တစ်ခုလို။ဂိုဏ်းအကြောင်းတွေ ခဏထား...ဘေးနားမှာ နေပြီး ချစ်တဲ့အကြောင်းတွေ ပုံဖော်ချင်သေးတာမို့...ကြမ်းတမ်းတဲ့နေ့ရက်တွေကို အတူတူဖြတ်ကျော်ပြီးပြီ။အတူတူငိုခဲ့...အတူတူရယ်ခဲ့ကြပြီးပြီ... အနာဂတ်က ဘယ်လိုလာမလဲ မသိသေးပေမယ့် ဒီဂိုဏ်းချုပ်လေးနဲ့ဆို သူ ရင်ဆိုင်ဖို့ အသင့်ပါဘဲ...အမြဲတမ်း ဘေးနားမှာ ရှိပြီးတော့ပေါ့..Mirella ကတော့ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Always With you ဆိုပြီး ခေါင်းစဥ်တပ်တယ်.... ဟင်အင်း ကိုယ်ကတော့ Always with Win ဘဲ ငယ်...Forever Always with Metawin။

ပြီးပါပြီ...။

*ကျေးဇူးတင်ခြင်း...*

ကိုယ့်စိတ်ကူးတွေကို စာသားတွေအဖြစ်ပုံဖော်ပြီးတဲ့နောက်မှာ ဖတ်ပြီး ခံစားပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတာကလွဲရင် ဖော်ပြစရာ စကားလုံးမရှိခဲ့ဘူး...တကယ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်တာပါ...လိုက်ပါစီးမျောခံစားပေးတဲ့သူတွေအကုန်လုံး Mirella တကယ် ကျေးဇူးတင်ပါတယ် BrightWin တစ်ဖြစ်လဲ ဂိုဏ်းချုပ်တို့ အတွဲကို ချစ်ပေးလို့ပါ  ဇာတ်သိမ်းကို သဘောကျမလား မပြောတတ်ပေမယ့် ဂိုဏ်းချုပ်တို့ကို ဒီလောက်နဲ့ဘဲ နှုတ်ဆက်လိုက်ရအောင်ပါ Falling In Love နဲ့ တစ်ခြားအသစ်တွေမှာ ထပ်တွေ့ကြမယ်နော် *

16.6.2022
Mirella

Zawgyi

"ေဒၚႀကီးတို႔ ဘာမွ မျဖစ္ဘူးမွတ္လား..."

Brightလည္း ႀကိဳးေတြေျဖေပးၿပီး ေမးလိုက္မိ၏။အေမျဖစ္သူကိုေတာ့ သူ႕ေၾကာင့္ထိခိုက္သြားရတာမို႔ ေစ့ေစ့မၾကည့္ရဲ..။

"ထိခိုက္ေစမိလို႔ ေတာင္းပန္ပါတယ္ အေမ...ေနာက္ခါ ကာကြယ္ေပးႏိုင္ေအာင္ ႀကိဳးစားေပးပါ့မယ္..."

"ေနာက္ခါ မျဖစ္ေစနဲ႔...ဟိုမွာ မင္း သူငယ္ခ်င္းေတြ ေစာင့္ေနၿပီမွတ္လား...လုပ္စရာ႐ွိတာကို ေသခ်ာလုပ္ခဲ့..."

အေမျဖစ္သူဆီက ႏူးႏူးညံ့ညံ့နဲ႔ ထြက္လာတဲ့ စကားမို႔ Bright လည္း မယုံႏိုင္ျခင္းမ်ားစြာနဲ႔ ေမာ့ၾကည့္မိ၏။

"အေမ..."

"အင္း...မင္း အားတဲ့ေန႔ေတာ့ စကားေတြ ေသခ်ာေျပာခ်င္ေသးတယ္...မင္းခ်စ္သူေကာင္ေလးနဲ႔လည္း မိတ္ဆက္ေပးဖို႔ မေမ့နဲ႔..."

"အာ...အေမ..."

အံ့ၾသဝမ္းသာလြန္းလို႔ ငိုခ်မိမတတ္ဘဲ...ဒီအေျခအေနဟာ..အိမ္မက္မဟုတ္ဘူး မွတ္လား...ေဒၚႀကီးကလည္း ျပဳံးကာ ေခါင္းၿငိမ့္ျပ၏။

"သြား...ငါတို႔ကို စိတ္ပူမေနနဲ႔ ဒီေကာင္ေတြ ထပ္မလာရဲဘူး..."

"ေက်း...ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အေမ..."

"အင္း...ဂ႐ုစိုက္..."

အေမ့ရဲ႕ အျပဳံးမ်က္ႏွာကို ျမင္လိုက္ရတာဟာ တေလာကလုံးကို ေအာင္ႏိုင္သြားသလိုဘဲ...ဒီလိုအေျခအေနမ်ိဳးဆိုတာ ဘယ္တုန္းထဲကမွ မေမွ်ာ္လင့္ခဲ့တာ...ငယ္သိရင္လည္း သိပ္ကို ဝမ္းသာမွာ...အေမ့ေ႐ွ႕မွာတုန္းက မငိုခဲ့တဲ့ Bright ဟာ သူ႕သူငယ္ခ်င္းေတြကို ျမင္တဲ့အခ်ိန္မွာေတာ့ ခ်ံဳးပြဲခ်ငိုေတာ့၏။

"Bright...ဘာျဖစ္လာတာလဲ..."

"အေမ...အေမက ငါ့ကို ဂ႐ုစိုက္တဲ့..."

"ဒါ..ဒါဆို...ဟား...Bright..."

အေၾကာင္းသိေနတဲ့ သူငယ္ခ်င္းေတြက ဝမ္းသာေပးၾက၏။
အေျခအေနအားလုံးကို အစအလည္အဆုံး သိေနၾကတဲ့သူေတြ မဟုတ္လား... ။Foei လည္းေရာက္လာၿပီမို႔ Top Tap တို႔ေနာက္ လိုက္ဖို႔ ျပင္ရ၏။Bright ကေတာ့ ရဲေတြကို စက္႐ုံအေၾကာင္း သတင္းေပးဖို႔နဲ႔ ေဖာက္ခြဲပစ္ဖို႔ စီစဥ္စရာေတြ စီစဥ္ရန္ ဂိုဏ္းသားအခ်ိဳ႕နဲ႔ ထြက္သြား၏။Foei တို႔ Mike တို႔ကေတာ့ Top Tap တို႔ သြားရာေနာက္ကို လိုက္ၾကရေတာ့၏။

***

"Win Metawin မွတ္လား..."

အခ်ဳပ္ခန္းထဲ ေဂ်ာင္ကပ္ေနရာမွ နာမည္ကို ေခၚ​ေမးလိုက္တဲ့ အသံေၾကာင့္ အသံလာရာဘက္ကို လွမ္းၾကည့္လိုက္မိ၏။ေတြ႕ဖူးသလိုလို႐ွိေနေသာ အမ်ိဳးသားတစ္ဦး...။Crown ဂိုဏ္းဝတ္စုံျပည့္နဲ႔ေတာ့ မဟုတ္ေပမယ့္ ဂိုဏ္းတံဆိပ္ပါတဲ့ ေဘာင္းဘီကို ဝတ္ဆင္ထားတာ ျဖစ္၏။သူ႕ကို သိတဲ့ သူတစ္ေယာက္ေယာက္ ျဖစ္မွာပါလို႔ ေတြးေနေပမယ့္ ထိုသူ႕ပုံစံက ထူးဆန္းေနတာေၾကာင့္ ျပန္ေမးလိုက္မိ၏။

"ဘယ္သူလဲ မသိဘူး..."

"Bright Vachirawit ရဲ႕ အေဖ... "

"ဟင္! ..Vachirawit ရဲ႕ အေဖ..."

အံ့ၾသတႀကီးအသံနဲ႔အတူ အခ်ဳပ္ခန္းရဲ႕ သံတိုင္နားေရာက္လာတဲ့ ဂိုဏ္းခ်ဳပ္ငယ္ေလး...။

"ဟုတ္တယ္...သူ မင္းကို လာၾကည့္ခိုင္းလို႔..."

"သူ...သူ..အဆင္ေျပေနရဲ႕လား..ဟို..."

"အဆင္ေျပေနပါတယ္...Mission ေတြလည္း စေနၿပီလို႔ ေျပာတယ္...အားလုံးၿပီးရင္ ေသခ်ာေပါက္ လာျပန္ေခၚမယ္တဲ့..."

သတင္းေပးတဲ့ အသံက ခပ္ႀကိတ္ႀကိတ္...သတင္းေပးတဲ့သူက ကိုယ့္ခ်စ္သူရဲ႕ အေဖ ျဖစ္ေနေပမယ့္ ခ်စ္ရသူအေၾကာင္းကို ေမးဖို႔ ႐ွက္မေနေတာ့...။

"ေက်းဇူးတင္ပါတယ္ အန္ကယ္လ္...သူ အဆင္ေျပေနဖို႔ပါဘဲ...အန္ကယ္လ္လည္း အႏၲရာယ္မ်ားတာမို႔ သြားပါေတာ့ ကြၽန္ေတာ္ အဆင္ေျပေနတယ္လို႔ဘဲ ေျပာေပးပါ...."

လြမ္းေနရတာကလြဲရင္ ေသခ်ာေပါက္အဆင္ေျပေနတာကို သိေစခ်င္၏။ဒီေလာက္အၾကာႀကီးခြဲမေနဖူးဘူး..ၿပီးေတာ့ သူေျပာျပတဲ့ ပုံျပင္ေတြမွ နားမေထာင္ရရင္ အိပ္မေပ်ာ္တာေတြကိုေတာ့ ေယာကၡထီးႀကီးအား အထူးတလည္မေျပာျပေနေတာ့...။

"အင္း....ငါေသခ်ာေျပာလိုက္ပါမယ္..."

ေယာကၡထီးႀကီးကို ျမင္မွ Vachirawit ကို ပိုလြမ္းလာသလို...။ဘာလို႔ Vachirawit နဲ႔ တူေနလည္း မသိ...ကိုယ္ေနဟန္ထား...စကားေျပာပုံေတြက ကူးခ်ထားသလို...။႐ုတ္တရႀကီးလြမ္းေနရာမွာ သူမ်ားခ်စ္သူကို ပုံတူကူးထားတဲ့ ေယာကၡထီးႀကီး အျမင္ကပ္လာတာေၾကာင့္ မ်က္ေစာင္းေလး မသိမသာထိုးလိုက္မိ၏။

"ေၾသာ္...ဘယ္သူလဲ မွတ္တယ္...အန္ကယ္လ္ကိုး..."

႐ုတ္တရက္ဆိုသလို သူတိူ႕နားေရာက္လာတဲ့ Black ေၾကာင့္ Win တို႔ႏွစ္ေယာက္မွာ လႈပ္လႈပ္႐ွား႐ွား...။Black ဟာ အန္ကယ္လ့္ကို ေသနတ္ျဖင့္ ထုတ္ခ်ိန္လာ၏။

"Crown မွာဆို ဘာျပစ္မႈေျမာက္လည္းဆိုတာ သိတယ္မွတ္လား ဦးေလး..."

"အန္ကယ္လ္က ဘာလုပ္ေနတာမို႔လို႔လဲ...ဒီအတိုင္း ငါနဲ႔ေတြ႕လို႔ စကားေျပာေနတာ..."

သူ႕ေၾကာင့္နဲ႔ေတာ့ အန္ကယ့္လ္ကို မထိခိုက္ေစခ်င္တာ စိတ္ရင္းမို႔ Black ကို မာမာထန္ထန္ဘဲ ျပန္ေျပာလိုက္မိ၏။

"႐ွဴး...ကိုယ္သိတယ္...ဒါေပမယ့္ တစ္ခါထဲ ေျပာျပလိုက္ပါ...Brightကို...မၾကာခင္မွာ Win နဲ႔ ကြၽန္ေတာ္ လက္ထပ္ေတာ့မွာလို႔...."

"မင္းကို ဘယ္သူလက္ထပ္မယ္ေျပာလို႔လဲ ေစာက္႐ူးေကာင္ရဲ႕..."

အန္ကယ္လ္ကေတာ့ ဘာမွမေျပာဘဲ Blackနဲ႔ Win ကို တစ္လွည့္စီၾကည့္ကာ ခပ္သြက္သြက္ထြက္သြားေတာ့၏။Black က ဂိုဏ္းခ်ဳပ္ေလး႐ွိရာ သံတိုင္ေတြနားအထိ ကပ္လာခဲ့၏။

"ေရာ့ မင္းမ်က္ႏွာကို သန္႔႐ွင္းေရး လုပ္လိုက္အုံး..."

ကမ္းေပးလာတဲ့ wet tissue ကို လွမ္းမယူေသးဘဲ ခပ္စူးစူးအၾကည့္ေတြနဲ႔ ၾကည့္လာ၏။ၾကယ္ေလးေတြ ထည့္ဖြက္ထားတတ္တဲ့ မ်က္ဝန္းငယ္က ေဒါသရိပ္ေတြနဲ႔ အနီေရာင္သန္းေန၏။သူ စြဲလမ္းခဲ့ရတဲ့ မ်က္ႏွာႏုႏုဟာ ညစ္ပတ္ေပေရေနေပမယ့္ ခ်စ္စရာေကာင္းေနဆဲပါဘဲ...။ႏႈတ္ခမ္းရဲရဲေလးေတြ ​ေျဖာင့္တန္းေနတဲ့ ႏွာတံႏုႏုေတြဟာ Win ရဲ႕ ခ်စ္စရာေကာင္းမႈကို ေထာက္ပံ့ေပးေနတဲ့ အစိပ္အပိုင္းေတြ ျဖစ္ေနခဲ့၏။တစ္ခါတစ္ေလမွ ေတြ႕ရတဲ့ မ်က္ႏွာေလးကို ကိုယ္ေတာင္ စြဲလမ္းေနတာ အၿမဲတမ္းျမင္ေနရတဲ့ ဒုဂိုဏ္းခ်ဳပ္ဆို ဘယ္ေလာက္ စြဲလမ္းလိုက္မလဲ...ၾကမ္းခ်င္ ရမ္းခ်င္ လိုခ်င္တာ႐ွိရင္ အားမနာတမ္း သိမ္းပိုက္ခဲ့တဲ့ Black ဟာ ဒီဂိုဏ္းခ်ဳပ္ေလးနဲ႔မွ အမ်ားႀကီးအေလ်ာ့ေပးခဲ့တာကိုေတာ့ သူကိုယ္တိုင္ဘဲ သိမယ္ထင္။

"မင္း ေယာက်္ား႐ွိတဲ့ ေယာက်္ားတစ္ေယာက္ကို တကယ္ႀကီး လက္ထပ္မလို႔လား...Black..."

"ဘယ္လို..."

"ဟုတ္တယ္ ငါနဲ႔ Vachirawit က လက္ထပ္ထားတာ..."

"မျဖစ္ႏိုင္ဘူး...ငါစုံစမ္းထားတဲ့ထဲမွာ အဲ့ဒါမပါ..."

"ငါတို႔ထက္ ဘယ္သူက ပိုသိမလဲ..တကယ္လို႔ မင္းအတင္းအက်ပ္လုပ္မယ္ဆိုရင္ေတာင္ ငါက ငါ့လွ်ာငါကိုက္ၿပီး ေသမွာ..."

"ၿပီးေတာ့ ဒီမွာ လက္စြပ္ေတြ႕လား..."

လက္ကိုေထာင္ျပၿပီး ေျပာတဲ့ ေျပာစကားေတြက ေနာက္ေနဟန္မတူ...။ေသခ်ာေပါက္ အခ်စ္မွာ ေပ်ာ္ဝင္ေနတဲ့ အၾကည့္ေတြနဲ႔...ဂိုဏ္းခ်ဳပ္ေလးဟာ ႐ုပ္ေျပာင္း႐ုပ္လြဲတတ္တယ္ထင္...ခုနကဘဲ ေဒါသထြက္ အခုဘဲ အခ်စ္ေတြမွာ ေပ်ာ္ဝင္ေနျပန္၏။

"ငါတို႔က လင္မယားအရာေတာင္ ေျမာက္...ေျမာက္.."

"ေတာ္လိုက္ေတာ့ Win..."

ေဒါသတႀကီးေအာ္ခ်လိုက္တာေၾကာင့္ ေျပာေနတဲ့စကားေတာင္ ေလထဲေပ်ာက္သြားရ၏။အမွန္ေျပာျပတာကို ခက္ေတာ့တာဘဲ...။

"ငါ အတည္ေျပာတာ..."

"သိတယ္...သိတာမို႔ ေတာ္လိုက္ေတာ့...သြားေတာ့...မင္းကို လႊတ္ေပးလိုက္မယ္..."

"လြယ္လွခ်ည္လား...တစ္မ်ိဳးဘဲေနာ္..."

"မင္းအေဖကို ငါၾကည့္႐ွင္းမွာမို႔ အခုျပန္လိုက္ေတာ့..."

ဒီစကားၾကားေတာ့ အခ်ဳပ္ခန္းထဲက ဂိုဏ္းခ်ဳပ္ေလးဟာ ခပ္ေထ့ေထ့ျပဳံး၏။ဒီလိုလုပ္ေပးလို႔လည္း ေက်းဇူးတင္စရာလား...လႊတ္ေပးေတာ့လည္း ျပန္႐ုံဘဲေပါ့ အားကုန္တာေတာင္ သက္သာ​ေသး...။အခ်ဳပ္ခန္းတံခါးဖြင့္ေပးၿပီးတာနဲ႔ Black ဆိုတဲ့ေကာင္ရဲ႕ မ်က္ႏွာကို ဆြဲထိုးေတာ့၏။

"ျမင္လား...လက္စြပ္ကို...ငါ့ကို သနားတဲ့ပုံစံနဲ႔ လာမလုပ္နဲ႔ Blackရဲ႕....ကဲ့ဟာ...ခြပ္..."

"အ့...ငါလႊတ္ေပးတာ မင္းကို သနားလို႔မွ မဟုတ္ဘဲ..."

"ေအး လႊတ္ေပးလည္း ငါကေစာက္ဂ႐ုစိုက္မေနဘူးေနာ္...အခြင့္ေရးရရင္ ရသလို မင္းတို႔ကို နင္းေခ်ပစ္မွာ..."

အားကုန္ထိုးခ်ခ်င္တဲ့စိတ္ကို မနည္းထိန္းခ်ဳပ္ထားလိုက္ရ၏။အားကုန္သြားရင္ ဂိုဏ္းကို သူမျပန္ႏိုင္ ျဖစ္ေတာ့မွာ..Balck ဘာေၾကာင့္ လႊတ္ေပးသလဲ စဥ္းစားမေနအား.. အက်ႌစကေန ေဆာင့္ဆြဲယူကာ ေထာင့္တစ္ေထာင့္သို႔ လႊင့္ပစ္ထားခဲ့လိုက္ေလေတာ့၏။က်န္ခ်င္သလို က်န္ေနခဲ့ၾက...သူကေတာ့ White Dragons ကို ျပန္ေရာက္ဖို႔ဘဲ ဦးတည္၏။ဒီအခ်ိန္မွာ ေတြးမိတာက ကို႔ရင္ခြင္ထဲ တိုးဝင္မယ္...ခ်စ္ေၾကာင္းေတြ အမ်ားႀကီးေျပာမယ္...လက္စားေခ်တာေတြ...ဂိုဏ္းရဲ႕ ျပႆနာေတြ သူဘာမွမသိခ်င္... အဓိက,က Vachirawit ရင္ခြင္ထဲ တိုးဝင္ဖို႔ဘဲ...သိပ္ကို အေျခႀကီးၿပီး ထိပ္ဆုံးမွာ႐ွိေနတဲ့ ​ေယာက်္ားတစ္ေယာက္က သူကာကြယ္ေပးခဲ့ဖူးေသာ...သူလမ္းျပေပးခဲ့ဖူးေသာ... အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးခဲ့ဖူးေသာ ေယာက်္ားတစ္ေယာက္ရဲ႕ ရင္ခြင္ထဲ ခိုဝင္ခ်င္ေနပါသတဲ့...ခဏေလးေတာင္ မဟုတ္ဘဲ အၿမဲတမ္း Always ပါတဲ့ေလ....ခ်စ္ျခင္းတရားေတြက သိပ္ကို ဆန္းၾကယ္ပုံပါဘဲ...။

"ဘာလို႔ျပန္လႊတ္ေပးလိုက္တာလဲ ေခါင္းေဆာင္..."

"ခ်စ္လို႔..."

ခြၽင္းခ်က္မ႐ွိ ခ်စ္ျခင္းေမတၱာမွာ ေပ်ာ္ဝင္ေနတဲ့ လူသားကို သူဘယ္လိုစိတ္နဲ႔ ေခၚထားရက္မလဲ....တစ္သက္လုံး သူေရာကိုယ္ေရာ နာက်င္ရမယ့္ အလုပ္မ်ိဳးေတာ့ မလုပ္လို...။ၾကမ္းတမ္းပါတယ္ဆိုတဲ့ Black ဟာ White Dragon ဂိုဏ္းခ်ဳပ္ေလးနဲ႔မွ တစ္ဖက္သတ္ လက္နက္ေတြခ် အလံျဖဴေတြ ျပခဲ့ရတာ အခါခါ...ဒါဟာ မပိုင္ခ်င္လို႔လည္းမဟုတ္ မဆိုင္ခ်င္လို႔လည္းမဟုတ္....ခ်စ္တဲ့စိတ္ တစ္ခုနဲ႔သာ...။

****

"ငယ္ေရ ေလွ်ာက္မေျပးနဲ႔အုံးလို႔ ေနပူေနေသးတာကို..."

"မရဘူး မင္းပါလာ...."

"အခုမွ ေရာက္တာကို နားလိုက္ပါအုံး...ငယ္ရာ...လာ..."

အျပာႏုေရာင္ အေပၚေအာက္ ေဘာင္းဘီတိုကို ကမ္းေျခဝတ္စုံေလးနဲ႔ ငယ္ဟာ သူ႕မ်က္စိထဲ လွခ်င္တိုင္းကို လွေနေတာ့တာဘဲ...။လွတယ္လို႔ ေျပာတိုင္း အထိုးခံရလည္း မမွတ္ႏိုင္...လွတယ္လို႔ဘဲ ေျပာခ်င္မိေအာင္ကို ဂိုဏ္းခ်ဳပ္ေလးဟာ သိပ္ကို လွလြန္းေနတာ...။ျပႆနာေတြ အကုန္႐ွင္းၿပီးသလို မာဆာယာဂိုဏ္းဟာလည္း သူတို႔လက္ခ်က္နဲ႔ ေပ်ာက္ကြယ္သြားၿပီးတဲ့ အခ်ိန္မွာေတာ့ စိတ္ေျပလက္ေပ်ာက္ ကမ္းေျခကို ခရီးထြက္ခဲ့ၾကတာ...ဘယ္သြားသြား အတူတူသြားမယ္လို႔မ်ား တိုင္ပင္ထားၾကသလား မသိတဲ့ က်န္တဲ့တစ္သိုက္ဟာ ဂိုဏ္းခ်ဳပ္ႏွစ္ေယာက္ရဲ႕ အစီအစဥ္ကို ၾကားကထဲက အတြဲမ႐ွိတဲ့ Foei ထံ ဂိုဏ္းကို လႊဲခဲ့ၿပီး အတြဲကိုယ္စီျဖင့္ ကမ္းေျခကို ခ်ီတက္ခဲ့ၾက၏။သူမ်ားအတြဲေတြက ခရီးေရာက္ေရာက္ခ်င္းမို႔ အနားယူေနၾကေပမယ့္ ကမ္းေျခႀကိဳက္သူေလး အေမာင္ Metawin ကေတာ့ အက်ႌေတြပါ ေကာက္လဲၿပီး ေလွ်ာက္ေျပးေနေတာ့၏။အလိုလိုက္ထားသမွ်ကို လိုက္ျပန္ထိန္းသိမ္းေနရေတာ့ ဒုဂိုဏ္းခ်ဳပ္မွာ ေသြးတက္ေနရတာဘဲ...။

"အ့..."

"ေဟာ...ၾကည့္ လဲၿပီ ငယ္ရယ္..အဲ့ေၾကာင့္ေျပာတယ္..."

"အီးဟီး...ေျခေထာက္ကြဲသြားၿပီ ေသၿပီလား မသိဘူး..ေရေဆာ့ခ်င္ပါတယ္ဆို ဒီလိုျဖစ္ရင္ ေရဘယ္လိုေဆာ့ရေတာ့မလဲ..."

"ျပစမ္း ငယ္..ကိုယ့္ကိုျပ...မငိုနဲ႔ေလ...မ႐ွက္ဘူးလား..."

"မ႐ွက္ပါဘူး...အီးဟီး...အဲ့ဒါမင္းေၾကာင့္ လာပါလို႔ေျပာေနတာကို..."

သူ႕ဂိုဏ္းခ်ဳပ္ေလးဟာ ဘယ္တုန္းက ဒီလိုေအာ္ငိုတတ္သြားတာလဲ...ပါးစပ္အေဟာင္းသားနဲ႔ အံ့ၾသေနေပမယ့္ ၾကာၾကာမအံ့ၾသရဲ။

"အင္းပါ...အင္းပါ..ကိုယ့္ေၾကာင့္...လာျပန္ရေအာင္ ေသြးေတြ ထြက္ေနၿပီ..."

ေျပာေျပာဆိုဆိုနဲ႔ ေကာက္ခ်ီေတာ့ လည္ပင္းေတြကို ဆြဲဖက္ကာ ၿငိမ္ၿငိမ္ေလး လိုက္ပါလာ၏။သို႔ေပမယ့္ ေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ ပင္လယ္ထဲ ပစ္ခ်ခ်င္စိတ္က တဖြားဖြား...။

"ေျခေထာက္ထိလက္စနဲ႔ ေရထဲ ဆင္းလိုက္မယ္ေလ" တဲ့ ဘယ္ေလာက္ ထုပစ္ခ်င္စရာ ေကာင္းသလဲလို႔...။

ေျခေထာက္ထိသြားလို႔ ပတ္တီးေလးနဲ႔ ဂိုဏ္းခ်ဳပ္ဟာ ဒရင္းဘတ္ေပၚကေန အုန္းေရေလးေသာက္ရင္း ကမ္းေျခဆင္းေနတဲ့သူေတြကို ဘူလီေနေတာ့၏။႐ူခင္းက သာယာလြန္းလွေပမယ့္ ေရထဲမဆင္းရသေ႐ြ႕ မသာယာ...။ဘယ္ကေန ဘယ္လို ကမ္းေျခကို ႀကိဳက္သြားသလဲ မသိေပမယ့္ ကမ္းေျခကို လာရင္ ေသခ်ာေပါက္ ေပ်ာ္႐ႊင္ရတဲ့ ခံစားခ်က္ကို ခံတာေၾကာင့္ သူလာခ်င္ေနခဲ့တာ...။

"ဟိုမွာ ႏႈတ္ခမ္းေထာ္ေနၿပီ Bright...သြားလိုက္အုံး..."

"ခဏလႊတ္ထားေပးလိုက္အုံးမယ္...ေရထဲမဆင္းရလို႔တဲ့ ငါ့ကို ဂ်ီက်ေနတာ..."

ဂ်ီက်ေနတယ္ဆိုတဲ့စကားဟာ ဂိုဏ္းခ်ဳပ္အတြက္ မသင့္ေတာ္ေပမယ့္ ဒီစကားဟာ သူတို႔ေတြ နားထဲ မထူးဆန္းေတာ့သလို...ျပႆနာေတြ ျဖစ္ၿပီးေနာက္ပိုင္း ဒုဂိုဏ္းခ်ဳပ္ဟာ ဂိုဏ္းခ်ဳပ္ကို မ်က္စိေအာက္က အေပ်ာက္မခံဘဲ ပိုးေမြးသလို ျပဳစုေစာင့္ေ႐ွာက္ခဲ့တာ...။ဂိုဏ္းခ်ဳပ္ကလည္း တစ္ျခားသူေတြနဲ႔ဆို တင္းမာခက္ထန္ေနေပမယ့္ ဒုဂိုဏ္းခ်ဳပ္နဲ႔ဆို အျပစ္ကင္းတဲ့ ကေလးငယ္လို...။

"ငါတို႔အမ်ားႀကီး လုပ္ႏိုင္ခဲ့တယ္ေနာ္ Bright..."

"မင္းတို႔ေက်းဇူးနဲ႔ေပါ့ကြာ...မင္းတို႔မ႐ွိရင္ White Dragons ဆိုတာလည္း ႐ွိလာမွာ မဟုတ္ဘူး..."

သူငယ္ခ်င္းတစ္စုဟာ အနာဂတ္ကိုလည္း ဆက္မေတြးခ်င္...အတိတ္ကိုလည္း ျပန္မသြားခ်င္တဲ့ ပစၥဳပၸန္မွာဘဲ ရပ္တန္႔ေနခ်င္တဲ့ သူေတြပါဘဲ...ဒီအေျခအေန ဒီလိုအခ်ိန္မွာဘဲ ခ်စ္ရသူေတြနဲ႔ အမွတ္တရေတြ ဖန္တီးမယ္...ျမတ္ႏိုးရသူေတြကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးၾကမယ္...စိတ္ကူးေလးေတြဟာ ႐ိုး႐ိုး႐ွင္း႐ွင္း...။

"လူႀကီး..."

"ကေလး...ေနလို႔ အဆင္ေျပရဲ႕လား..."

ကားမူးၿပီး မအီမသာျဖစ္ေနတဲ့ ကေလးငယ္က အိပ္ယာကႏိုးလာဟန္တူ၏။

"အနားမွာလည္း မေနဘူး...ႏိုးလာေတာ့လည္း မေတြ႕ဘူး..အင့္..."

"ဟာ..ေဟ့..ေဟ့..Mike အေသးေလးကို မငိုေစနဲ႔..."

အေသးဆုံး...အငယ္ဆုံး...ႏွလုံးေရာဂါနဲ႔မို႔ ဂိုဏ္းခ်ဳပ္ကအစ ဒီကေလးကို ဂ႐ုစိုက္ၾကတာ...ဘာမွမေျပာဘဲ ေက်ာက္တိုင္လို ေနတတ္တဲ့ Gun Smile ကပါ Mike ေၾကာင့္ ဒီအေသးေလးငိုရင္ လာဆူတတ္ေသးတာ...။

"ကိုယ္ အခုလာၿပီ မငိုရဘူးေလ..."

သက္ဆိုင္သူေတြဟာ အလိုလိုက္ခံထားရတဲ့ သူေတြခ်ည္းဘဲမို႔။

"လန္းသြားေအာင္ ေရထဲ ဆင္းမယ္ လူႀကီး..."

"႐ွဴး တိုးတိုးေျပာ...ဂိုဏ္းခ်ဳပ္ ေရထဲမဆင္းရလို႔တဲ့ ဆူပုတ္ေနတယ္..."

"ဟင္...ဘာလို႔လဲ...Phi Bright က ခြင့္မျပဳဖူးလား..."

"ေျခေထာက္ခိုက္မိသြားလို႔တဲ့ ပတ္တီးစီးထားရတယ္ အဲ့ဒါေၾကာင့္..."

ခ်စ္သူမျဖစ္ခင္ကသာ စိတ္မ႐ွည္လက္မ႐ွည္ ျဖစ္တတ္တဲ့ လူႀကီးဟာ ခ်စ္သူျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ တေရးႏိုး ေမးခြန္း ထေမးရင္ေတာင္ တစ္ခ်က္မညီးညဴဘဲ ျပန္ေျဖေပးတတ္ေသး၏။

"သနားပါတယ္...ဂိုဏ္းခ်ဳပ္က ကမ္းေျခဒီေလာက္ ႀကိဳက္တာကို..."

"သက္သာရင္ေတာ့ ဆင္းရမွာပါ...လာ လူႀကီးတို႔သြားမယ္..."

လက္ကေလးကို အသာဆြဲရင္း ေရကူးေနတဲ့ Dew တို႔ဆီ ေခၚလာလိုက္၏။

"သူမ်ားအတြဲ ၾကည္ႏူးေနတာကို ဟိုအတြဲဘာလာလုပ္အုံးမလဲ မသိဘူး..."

"ေမာင္ကလည္း..."

"ေမာင့္အသည္း သူတို႔ကိုၾကည့္ၾကည့္...သားအဖက်ေနတာဘဲ..ဟား..ဟား."

ဒီေလာ႐ွည္ေကာင္ကေတာ့ေလ...သူမ်ားကို ေျပာဖို႔ဆို ထိပ္ဆုံးက...။

"Win ကိုၾကည့္ ေမာင္တို႔ကို လွမ္းၾကည့္ၿပီး ဘူေနၿပီသူ...ဟား..ဟား..."

Win ဘက္ကိုပါ လွမ္းၾကည့္ၿပီး သြားဟားေနလိုက္ေသး၏။ဟိုက ေကာက္ၿပီး ျပန္သြားရင္ သပ္သပ္လိုက္ေခ်ာ့ရမယ့္ အကြက္ေတြ။ဒါတင္မကေသး...Gun Smile တို႔ အတြဲကို ၾကည့္ကာ ေျပာျပန္၏။

"ဒီေကာင္ကေတာ့ သူ႕အရပ္ ကလန္ကလားနဲ႔ ေကာင္မေလးကို မွီေနတာ..."

အံမယ္ သူ႕အရပ္က တိုတိုေလးဆိုေတာ့...။

"ဟာ...ေမာင့္အသည္း သူတို႔လူျမင္ကြင္းႀကီးမွာ ႐ွက္စရာ..သြားမၾကည့္နဲ႔..."

Dew တို႔ဘက္က ၾကည့္ရင္ နမ္းေနတာလို႔ အတိအက်ေျပာႏိုင္တဲ့ အေနအထား...။

"မဟုတ္ေလာက္ပါဘူး ေမာင္ကလည္း..."

Gun Smile က ဘယ္လိုလူလည္းဆိုတာ သူတို႔အသိဘဲေလ...ဒါနမ္းေနတာ မျဖစ္ႏိုင္...။

"ေလာင္းမလား...ေမာင္နဲ႔..."

"ဘာကိုလဲ..."

"ဒီလိုေလ တကယ္လို႔ သူတို႔နမ္းေနတာဆို ေမာင္က မင္းကို အခ်က္ 100 နမ္းမယ္..သူတို႔နမ္းေနတာ မဟုတ္ရင္ မင္းက ေမာင့္ကို ျပန္နမ္းေပါ့..."

"အရမ္းကိုတရားမွ်တတာဘဲ...နစ္နာ​ေၾကးေတြမ်ား လို ေသးလား..."

"ဒါကေတာ့ ေပးစရာမလိုပါဘူး အခ်င္းခ်င္းေတြဘဲ..."

ဒီေလာ႐ွည္ေကာင္ကို မ်က္ေစာင္းသာ ခဲမိေတာ့၏။နစ္နာေၾကးေတာင္ ရရင္ ယူအုံးမွာ...။ကမ္းေျခက အုပ္စုကေတာ့ ရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္။

"Vachirawit...!!! "

"ခင္ဗ်ာ..."

"မင္းအခု ဘာလုပ္ေနတာလဲ ငါ့အနားမလာဘဲနဲ႔..."

ကမ္းေျခမွာ ေရဆင္းကူးေနတဲ့သူေတြကိုေရာ..လူေ႐ွ႕သူေ႐ွ႕ မေ႐ွာင္ နမ္းေနတဲ့သူေရာ...သူ႕ကို ထားခဲ့ၿပီး ခပ္လွမ္းလွမ္းကေန ၾကည့္ေနတဲ့ Vachirawit ကိုေရာ သူၾကည့္မရေတာ့...။

"လာပါၿပီ ငယ္ရဲ႕..."

ေျခေထာက္ပတ္တီးနဲ႔မို႔ ၿငိမ္ၿငိမ္ေလးေနေနရတဲ့ ငယ္က သူ႕တို႔ကို ၾကည့္မရေတာ့ဘူး ထင္၏။

"ျမန္ျမန္လာ...."

အနားကိုေရာက္ေတာ့ သူ႕ ဒရင္းဘတ္ကို ပုတ္ၿပီး ထိုင္ခိုင္း၏။

"ငယ္ ဘာလုပ္ခ်င္လို႔လဲ..."

"ငါ့ကို နမ္း..."

"ဒီေနရာႀကီးမွာလား..."

"နမ္းမွာလား...မနမ္းဘူးလား..."

"နမ္းမွာ..နမ္းမွာ..ၿပီးမွ မငိုရဘူးေနာ္ ငယ္..."

"နမ္းတာေလာက္နဲ႔ ငိုစရာလား ငါက..."

"ၿပီးေရာ အဲ့သတၱိကို ေလးစားသြားၿပီ..."

ငါ့ကိုပလစ္ခ်င္တဲ့ေကာင္ေတြ အကုန္လုံးကို ေသြးတက္ေအာင္ လုပ္ပစ္မွာ...ကမ္း​ေျခမွာ ဂိုဏ္းခ်ဳပ္ႏွစ္ေယာက္နမ္းေနပါတယ္ဆိုတဲ့ သတင္းသာ တက္လာရင္ အရင္ မ်က္ႏွာပူရမွာ သူတို႔..ကိုယ္ကေတာ့ မပူပါဘူး...ကိုယ့္ခ်စ္သူကိုယ္နမ္းတာဘဲ...။

"ေဟ့..ေဟ့...ရား...Win Metawin.."

"အာ..ဒီေကာင္ေတြကေတာ့..."

ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္စြာ နမ္းေနတဲ့သူ ႏွစ္ေယာက္ကေတာ့ သည္းႀကီးမည္းႀကီး။မငိုပါဘူးလို႔ေျပာၿပီး သး႕ဘက္က အနမ္းေလး နည္းနည္းၾကမ္းရင္ေတာင္ မ်က္ရည္ေတြက်လာတဲ့ ကေလးငယ္ေၾကာင့္ သူ႕အနမ္းေတြ ရပ္ေပးလိုက္မိ၏။

"မငိုနဲ႔ေလ...အခ်စ္ရဲ႕..."

"နာပါတယ္ဆိုတာကို မလႊတ္ေပးဘူး..."

"ကိုယ္မၾကားလိုက္လို႔ပါ..."

ဒရင္းဘတ္ေပၚမွာ ႏွစ္ေယာက္သား က်ပ္က်ပ္သိပ္သိပ္..။ငယ့္ကို သူ႕ရင္ဘတ္ေပၚ တင္လိုက္ၿပီး ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္ေတာ့၏။

"ငယ္.."

"အင္း.."

"ေပ်ာ္ရဲ႕လား..."

"ေပ်ာ္တယ္..."

Bright ျပဳံးလိုက္ၿပီး နားထင္စပ္ေလးကို ဖိကပ္နမ္းလိုက္၏။ေပ်ာ္ေနတာဘဲ ျမင္ခ်င္တဲ့သူမို႔ ဒီလိုစကားၾကားရတာ သူ႕အတြက္ ဆုလဒ္တစ္ခုလို။ဂိုဏ္းအေၾကာင္းေတြ ခဏထား...ေဘးနားမွာ ေနၿပီး ခ်စ္တဲ့အေၾကာင္းေတြ ပုံေဖာ္ခ်င္ေသးတာမို႔...ၾကမ္းတမ္းတဲ့ေန႔ရက္ေတြကို အတူတူျဖတ္ေက်ာ္ၿပီးၿပီ။အတူတူငိုခဲ့...အတူတူရယ္ခဲ့ၾကၿပီးၿပီ... အနာဂတ္က ဘယ္လိုလာမလဲ မသိေသးေပမယ့္ ဒီဂိုဏ္းခ်ဳပ္ေလးနဲ႔ဆို သူ ရင္ဆိုင္ဖို႔ အသင့္ပါဘဲ...အၿမဲတမ္း ေဘးနားမွာ ႐ွိၿပီးေတာ့ေပါ့..Mirella ကေတာ့ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကို Always With you ဆိုၿပီး ေခါင္းစဥ္တပ္တယ္.... ဟင္အင္း ကိုယ္ကေတာ့ Always with Win ဘဲ ငယ္...Forever Always with Metawin။

ၿပီးပါၿပီ...။

*ေက်းဇူးတင္ျခင္း...*

ကိုယ့္စိတ္ကူးေတြကို စာသားေတြအျဖစ္ပုံေဖာ္ၿပီးတဲ့ေနာက္မွာ ဖတ္ၿပီး ခံစားေပးတဲ့သူေတြကို ေက်းဇူးတင္ပါတယ္လို႔ ေျပာတာကလြဲရင္ ေဖာ္ျပစရာ စကားလုံးမ႐ွိခဲ့ဘူး...တကယ္ကို စိတ္ရင္းနဲ႔ ေက်းဇူးတင္တာပါ...လိုက္ပါစီးေမ်ာခံစားေပးတဲ့သူေတြအကုန္လုံး Mirella တကယ္ ေက်းဇူးတင္ပါတယ္ BrightWin တစ္ျဖစ္လဲ ဂိုဏ္းခ်ဳပ္တို႔ အတြဲကို ခ်စ္ေပးလို႔ပါ  ဇာတ္သိမ္းကို သေဘာက်မလား မေျပာတတ္ေပမယ့္ ဂိုဏ္းခ်ဳပ္တို႔ကို ဒီေလာက္နဲ႔ဘဲ ႏႈတ္ဆက္လိုက္ရေအာင္ပါ Falling In Love နဲ႔ တစ္ျခားအသစ္ေတြမွာ ထပ္ေတြ႕ၾကမယ္ေနာ္ *

16.6.2022
Mirella

Continue Reading

You'll Also Like

178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
188K 10.1K 34
(Zawgyi) Company ပိုင္႐ွင္ CEO Mewsuppasit ရဲ႕ ေရခဲတံုးလို အသည္းကို အရည္ေဖ်ာ္ပစ္ခဲ့ႏိုင္တဲ့ CEO ရဲ႕အသည္းေလး Gulfkanawut နဲ႔ ႐ွတတ ဝိုင္လးလို ခ်ိဳျမျမအ...
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
50.8K 4K 36
ချစ်တယ်ဆိုတာ သူဖြစ်နေလို့ကို ချစ်နေမိတာပဲ။ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးတွေ အမူအကျင့်မျိုးတွေ ဘယ်လောက်ပဲရှိပါစေဦး။ချစ်တဲ့မျက်စိနဲ့ကြည့်မိတဲ့ကိုယ့်အဖို...