"Boss"
သူ၏အသံကသိပ်မကျယ်သော်လည်းညိမ့်ညိမ့်ညောင်းညောင်းလွင့်ပျံ့နေသည့်သီချင်းသံကိုဖုံးလွှမ်း၍ကောင်းစွာကြားနိုင်တဲ့အနေအထားတွင်ရှိသည်။ ဒါပေမယ့်သူရဲ့ boss ကတော့ခေါင်းမဖော်လာသေးပါ။Bossကအစိမ်းရင့်ရောင်ပုလင်းပုပုဝိုင်းဝိုင်းကြီးထဲမှအရည်တို့ကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့၍မနက်ဖြန်ဆိုတာမရှိတော့သကဲ့သို့မနားတမ်းမော့သောက်နေသည်။ ဘေးတွင်လုံးဝတို့ထိထားခြင်းမခံထားရသည့်အမြည်းပန်းကန်ကဆွေးဆွေးမြေ့မြေ့သီချင်းသံနှင့်အတူအထီးကျန်ညကိုဖြတ်သန်းနေ၏။
"Boss.. တော်သင့်ပြီ။ အစာမရှိဘဲဒီအရည်တွေချည်းစွတ်သောက်နေရင်ဒုက္ခတွေများကုန်လိမ့်မယ်"
ပြောမရတဲ့အဆုံးအရက်ခွက်ကိုဆိုးဆိုးဆတ်ဆတ်လုယူကာစားပွဲပေါ်တွင်ဆောင့်ခနဲချလိုက်သည်။
"Boss"
သူ့ကိုမော့ကြည့်လာသည့် bossရဲ့မျက်ဝန်းတွေကရဲရဲနီလျက်ရင်ထဲမှာဘယ်လောက်ထိမချိမဆန့်ခံစားနေရသလဲဆိုတာအတိုင်းသားမြင်နေရ၏။ ဆံပင်တွေကလည်းညင်းသိုးသိုးပွယောင်းယောင်းနှင့်.. အစားလည်းလုံးဝမစားဘဲအရက်တွေချည်းလှိမ့်သောက်နေတော့မျက်နှာကပါးရိုးတွေငေါထွက်လာတဲ့အထိသိသိသာသာချောင်ကျသွားသည်။ Boss ကိုဒီလိုပုံစံနဲ့မြင်နေရတာကိုသူလည်းစိတ်မချမ်းသာ..
"အတွင်းရေးမှူးမင်.. အသည်းကွဲဖူးလား.. အသည်းကွဲရင်ဘယ်လိုခံစားရလဲသိလား"
သူကရီဝေဆွေးမြေ့ခြင်းတွေနာကျင်ခြင်းတွေကိုမချိမဆန့်မျိုသိပ်ခြင်းတွေနှင့်အရောင်တွေပြောင်းနေသည့် bossမျက်နှာကိုကြည့်ပြီးသက်ပြင်းချမိသည်။ bossကိုနှစ်သိမ့်စကားတွေပြောချင်ပေမယ့်ဘယ်ကနေဘယ်လိုစကားရှာမရတော့လည်းခက်သား.. ဒီလောက်နိုင်ငံကျဥ်းကျဥ်းလေးထဲမှာလူလေးတစ်ယောက်ကိုတောင်အခုထိတွေ့အောင်ရှာမပေးနိုင်သေးတဲ့သူ့ကိုယ်သူပဲအပြစ်အကြိမ်ကြိမ်တင်မိရင်း..boss ရဲ့ပခုံးကိုလက်တစ်ဖက်နှင့်ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
"အသည်းကွဲရင်.. အသည်းကွဲရင်.. ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး။ စားလည်းမစားနိုင်ဘူး။အိပ်လည်းမအိပ်နိုင်ဘူး..တကယ်လို့.. တကယ်လို့အိပ်ပျော်သွားရင်တောင်.. ပြန်နိုးလာတဲ့အချိန်တွေကငရဲကျနေသလိုပဲ။ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့သူအနားမှာမရှိတော့ဘူးဆိုတဲ့အသိကဒီအသည်းနှလုံးတစ်ခုလုံးကိုအပိုင်းပိုင်းပြတ်အောင်ခုတ်ထစ်ခံလိုက်ရသလိုပဲ"
"Boss.. "
"တကယ်နားမလည်နိုင်ဘူး။ မနေ့ကအထိချစ်ပါတယ်လို့ပြောခဲ့တဲ့လူကနောက်နေ့မှာအကြောင်းအရင်းမရှိဘဲလက်ပြနှုတ်ဆက်သွားတာ.. ဘာလို့လဲ.. တကယ်နားမလည်နိုင်ဘူး။ နားမလည်နိုင်တော့.. ရင်ထဲမှာမွန်းကြပ်လာတယ်။မွန်းကြပ်လွန်းလို့အသက်ရှူနေရတာတောင်အဓိပ္ပါယ်မရှိတော့သလိုပဲ။ ငါ.. ဒီအတိုင်း..သေပစ်လိုက်ချင်တယ်.. သိလား။ ဒါပေမယ့်.. သေလည်းမသေရဲဘူး။ သေသွားရင်.. သေသွားရင်.. သူ့မျက်နှာကိုထပ်မတွေ့ရတော့မှာစိုးလို့.. မသေနိုင်ဘူး။ အဲ့ဒါကြောင့်.. ဒါတွေသောက်နေမှဖြစ်မယ်။ အနည်းဆုံးတော့မူးပြီးအိပ်ပျော်သွားရင်..အိပ်မက်ထဲမှာသူ့မျက်နှာလေးကိုခဏလောက်ဖြစ်ဖြစ်တွေ့ခွင့်ရှိသေးတာပေါ့.. အခုချိန်မှာငါ့အတွက်အသက်ရှင်ဖို့အကြောင်းပြချက်က.. ဒီတစ်ခုပဲရှိတယ်။ အိပ်မက်မက်ဖို့.. အိပ်မက်ထဲမှာသူနဲ့ဆုံဖို့.. "
Boss ကစကားတွေပြောနေရင်းစားပွဲပေါ်ကိုခေါင်းငိုက်စိုက်ကျသွားတော့သူက boss ကိုမနိုင်မနင်းတွဲခေါ်ရင်းကားနောက်ခန်းတွင်ဂရုတစိုက်ထိုင်စေ၍ထိုင်ခုံခါးပတ်ကိုသေချာပတ်ပေးလိုက်၏။ ထို့နောက်ထိုင်ခုံနောက်မှီတွင်ခေါင်းမှီကာအိပ်ပျော်သွားပုံရတဲ့ boss မျက်နှာကိုတစ်ချက်ငေးငေးလေးစိုက်ကြည့်ကာပင့်သက်တစ်ချက်ရှိုက်ကာလေးလံသောခြေလှမ်းများဖြင့်ကားမောင်းသည့်နေရာတွင်ဝင်ထိုင်၍ကားစက်နှိုးလိုက်သည်။
"ဒီအချိန်ကြီးတောင်.. ကားလမ်းတွေကပိတ်နေတုန်းပါလား"
အတွင်းရေးမှူးမင်ရဲ့ညည်းညူသံခပ်တိုးတိုးကြောင့်သူ့မျက်လုံးတွေပွင့်လာခဲ့သည်။ ဘယ်လောက်ပဲမူးအောင်သောက်သောက်အိပ်ပျော်လည်းခဏမို့အသည်းနှလုံးထဲကအတိုင်းအဆမရှိသောနာကျင်မှုနဲ့အတူတူနိုးထလာရပြန်သည်။ အိပ်မက်ထဲမှာတောင်.. သူ့အသက်ကလေးနဲ့အကြာကြီးတွေ့ခွင့်မရှိပါလား.. စို့နင့်ကြေကွဲရလွန်းစွာဖြင့်အသက်ရှူရခက်ခဲလာတာကြောင့်ကားမှန်ကိုချကာကားပြတင်းပေါက်တွင်မေးတင်၍အပြင်ကိုငေးကြည့်နေမိသည်။ ကားဘီးကိုတစ်လက်မ တောင်ရွေ့လို့မရအောင်ပြည့်သိပ်နေတဲ့လမ်းပေါ်မှာတော့ကားဟွန်းတီးသံများကိုသာကျယ်လောင်စွာကြားနေရသည်။
ထိုစဥ်.. သူ့နှာခေါင်းပေါ်တွင်အေးစက်စက်အထိအတွေ့လေးကိုခံစားလိုက်ရသည်။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့..လရောင်ကြယ်ရောင်ကြောင့်ပြာပြာလွင်နေသည့်မိုးကောင်းကင်ကိုငွေခြည်ပတ်ဖြန်းလိုက်သလိုရွှန်းလက်လက်နှင်းပွင့်လေးတွေကသူ့မျက်နှာပေါ်သို့တစ်ပွင့်ချင်းကြွေဆင်းလာသည်။
"နှင်းကျပြီ"
"ဟင်.. boss ကနိုးနေ..."
"ဒီနေ့.. အသက်ကလေးရဲ့မွေးနေ့"
"Boss"
အနောက်ကနေအတွင်းရေးမှူးမင်လှမ်းအော်ခေါ်တာကိုကြားပေမယ့်.. နောက်လှည့်မကြည့်ဘဲကားပေါ်ကနေပြေးဆင်းလိုက်သည်။ နှင်းတွေကြားမှာအသက်မဲ့တဲ့လူတစ်ယောက်လိုဦးတည်ချက်မရှိခြေဦးတည့်ရာလျှောက်သွားနေမိ၏။ ဖြတ်သွားဖြတ်လာလူတစ်ချို့တွန်းတိုက်ခြင်းခံရသည့်တိုင်အိပ်မက်ထဲကလိုလမ်းတွေလျှောက်နေပေမယ့်ခြေထောက်နှင့်မြေကြီးထိသည်ဟုပင်မထင်။အဆက်မပြတ်ကြွေကျလာသည့်နှင်းပွင့်ကလေးတွေကတဖြည်းဖြည်းအင်အားကြီးမားလာကာ သူ၏ဆံပင်နှင့်အဝတ်အစားတွေပေါ်တွင်နှင်းမှုန်များဖြင့်ဖုံးလွှမ်းသွားသည်။
"မွေးနေ့နဲ့အမေ့ရဲ့နှစ်ပတ်လည်နေ့တစ်ရက်တည်းဖြစ်နေလို့မွေးနေ့ရောက်တိုင်းမပျော်ခဲ့ရပေမယ့်ဒီနှစ်တော့မင်းနဲ့အတူရှိနေရလို့ပျော်တယ်"
ကြည်လင်ရွှန်းလဲ့နေတဲ့မျက်လုံးတောက်တောက်လေးနဲ့ချစ်စရာမျက်နှာလှလှလေးကသူ့ရင်ဘတ်ကိုဒုတ်ခနဲလာထိသည်။ ခြေခွင်လဲကျမတတ်ရင်ဘတ်ထဲမှာမချိမဆန့်အောင်အောင့်မျက်နာကျင်လာ၏။ ထိန်းသိမ်းမရသောမျက်ရည်တွေကိုမသုတ်ဘဲပါးပြင်ပေါ်ပူနွေးစွာခုန်ပေါက်ပြေးဆင်းခွင့်ပြုထားတာကြောင့်ပါးပြင်ထက်မှမျက်ရည်တို့သည်ထိန်ထိန်လင်းနေသောမီးရောင်များအောက်ဝယ်လက်နေသည်။
"နှင်းကျတာကိုအတူတူကြည့်ဖို့.. မောင်..စောင့်နေတယ်လေ။ ပြန်လာခဲ့ပါတော့.. အသက်ကလေးရယ်.. "
ချစ်ခြင်း၊ မြတ်နိုးခြင်း၊ တွယ်တာခြင်းတွေကသိပ်သည်းဆထုထည်များလာလေ.. ရင်ကိုလောင်မြိုက်စေသောအချစ်မီးတွေကလည်းအင်အားကြီးလေ.. မို့အတောမသတ်နိုင်သည့်နာကျင်မှုတွေနဲ့အတူနှင်းတွေဖုံးလွှမ်းနေသည့်လမ်းမကြီးပေါ်မှာဒူးထောက်လျက်ပြိုလဲကျသွားသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
လေးလံသောခြေလှမ်းများကဘယ်ဆီကိုဦးတည်နေမှန်းသူကိုယ်တိုင်လည်းမသိတော့ပါ။ မြင့်မားစွာတည်ရှိနေသောအဆောက်ဦးများစွာ၏အထွတ်အဖျားတွင်ပြာလွင်သောမိုးကောင်ကင်ကြီးကငေးမိငေးရာငေးရင်းအတွေးများနှင့်ပျံ့လွင့်လျက်ရှိတဲ့သူ့ကိုဣန္ဒြေကြီးရင့်စွာငုံ့ကြည့်နေ၏။ လေနှင်ရာကိုပြေးလွှားလိုက်နေရတဲ့တိမ်လေးတွေကတော့.. သူ့အဖြစ်ကိုကြည့်ပြီးစာနာသနားနေကြမလား.. အတွေးများကိုပြန်စုစည်းပြီးမျက်စိရှေ့ကိုကြည့်လိုက်တော့.. ဒီနေ့လည်းရောက်လာမိပြန်ပြီ..ဒီနေရာကို.. လူကကျောခိုင်းခဲ့ပေမယ့်နှလုံးသားကသူ့ရဲ့နောက်ကိုအသာတကြည်မပါလာတော့လည်း.. နှလုံးသားရဲ့ခေါ်ဆောင်ရာနောက်ကိုသူ့ခြေလှမ်းတွေကလိုက်ပါနေရတာပေါ့...
"ကြားပြီးပြီလား.. GM ကရာထူးကနှုတ်ထွက်သွားပြီတဲ့"
"နှုတ်ထွက်တာရောဟုတ်ရဲ့လား.. အဖြုတ်ခံလိုက်ရတာမဟုတ်ဘူးလား"
"ဖြစ်နိုင်တယ်.. ဒီကိုရောက်ကတည်းကဘာအလုပ်မှလုပ်တာမှမတွေ့ရတာပြုတ်ပြီပေါ့။ ဘာပဲဖြစ်ဖြစ်အခုမှပဲငါတို့ဘဝလွတ်လပ်တော့တယ်။ အစည်းအဝေးတွေတစ်ချိန်လုံးခေါ်ပြီးနှိပ်စက်ခံရတဲ့ဝဋ်ကကျွတ်တာပေါ့ဟယ်"
"ဟဲ့.. GM ကကျန်းမာရေးလည်းမကောင်းဘူးကြားတယ်။ အားပြတ်ပြီးမူးလဲသွားလို့ဆေးရုံတက်နေရတယ်ဆိုလား.. သတင်းတော့ကြားမိတယ်"
"ဟုတ်လား"
နားစွန်နားဖျားကြားလိုက်ရတဲ့စကားတို့ကသူ့နားထဲမှာမိုးကြိုးပစ်ချလိုက်သကဲ့သို့ကျယ်လောင်စွာမြည်ဟီးသွားသည်။ အားပြတ်ပြီးမူးလဲသွားတယ်တဲ့လား.. တော်ရုံဆိုဖျားတာနာတာလောက်တောင်မဖြစ်တတ်တဲ့သူကဘာလို့နေမကောင်းဖြစ်ရတာပါလိမ့်.. အစားကိုအချိန်မှန်စားပြီးကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်မှပေါ့.. ဒီအတိုင်းဆိုသူဘယ်လိုလုပ်စိတ်ချလက်ချထားခဲ့ပြီးထွက်သွားနိုင်ပါ့မလဲ..
"ဒီမှာအတင်းတွေစုပြောနေကြတယ်ဆိုတော့.. အလုပ်မရှိကြဘူးလား"
အတွင်းရေးမှူးမင်ရဲ့မာဆတ်ဆတ်အသံကြောင့်စုစုရုံးရုံးဖြစ်နေကြတဲ့ဝန်ထမ်းတစ်ချို့ကပျာပျာသလဲလူစုခွဲလိုက်ကြသလိုသူကလည်းတိုင်တစ်တိုင်ရဲ့နောက်ကွယ်မှာအလျင်အမြန်ဝင်ပုန်းလိုက်သည်။
"မသိရင်.. သူတို့စကားစုပြောနိုင်အောင်အကုန်ကျခံပြီးလစာတွေပေးခေါ်ထားတာကျနေတာပဲ။ Guest တွေဆီက complaint တစ်ခုလောက်ဖြစ်ဖြစ်တက်တယ်ကြားလို့ကတော့.. ခင်ဗျားတို့မလွယ်ဘူးမှတ်။ ဒီလောက်အလုပ်တွေရှားပါးနေတဲ့ခေတ်ကြီးမှာခက်ခက်ခဲခဲရထားတဲ့အလုပ်ကိုမြဲအောင်လေးလေးစားစားလုပ်မယ်မစဥ်းစားကြဘူး။ အမြဲပေါ့ပေါ့ဆဆနဲ့.. ခင်ဗျားတို့ဒီလိုတွေဆက်လုပ်နေမယ်ဆိုရင်ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး.. ကြားလား"
"တောင်းပန်ပါတယ်.. အတွင်းရေးမှူးမင်"
"သွား.. ကိုယ့်နေရာကိုယ်ပြန်ပြီးအလုပ်လုပ်ကြတော့"
"ဟုတ်ကဲ့"
စိတ်ကမကြည်ပါဘူးဆိုမှအလုပ်ချိန်မှာသူများအတင်းထိုင်ပြောနေကြတဲ့ဝန်ထမ်းတွေကြောင့်စိတ်ကထောင်းခနဲတိုသွားပြီးဝန်ထမ်းတွေကိုလိုအပ်တာထက်တောင်ပိုဆူလိုက်မိသည်။ အားလုံးသူ့နေရာသူပြန်သွားကြပြီးအလုပ်လုပ်တာသေချာပြီဆိုမှထိုနေရာကလှည့်အထွက်မမျှော်လင့်ပဲဖျတ်ခနဲမြင်လိုက်ရတဲ့သူ့ရဲ့ဆန့်ကျင်ဘက်ကိုကျောခိုင်းပြီးခပ်သွက်သွက်လျှောက်နေတဲ့ပုံရိပ်လေးကြောင့်မင်ယွန်ဂီရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။
"ဆော့ဂျင်ရှီ?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"မင်း.. ဘယ်အချိန်ထိဒီလိုနေ,နေမှာလဲ။ မင်းမှာအမေတစ်ယောက်လုံးရှိနေတယ်ဆိုတာကိုရောသတိရသေးရဲ့လား။ နှုတ်ထွက်စာကရောဘာသဘောလဲ.. မင်းအဖေဘယ်လောက်တောင်စိတ်တွေဆိုးနေလဲသိရဲ့လား"
အခန်းထဲကိုဝင်ဝင်ချင်းမြင်လိုက်ရသည့်သားဖြစ်သူရဲ့မျက်တွင်းတွေချောင်ကျကာငူငူငိုင်ငိုင်မျက်နှာကြောင့်ဂရုဏာဒေါသဖြင့်တန်းခနဲဆူမိသွားသည်။ ဒါပေမယ့်.. ဂျောင်ကုကတော့သူ့ကိုအရေးတောင်မစိုက်ဘဲနီရဲနေသောနှုတ်ခမ်းပါးတို့ကိုတင်းတင်းစေ့ရင်းဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်လှဲကာမျက်လုံးတွေကိုမှိတ်ထားသည်။
"မနေ့ကမင်းအဖေ.. ရိုဘင်ကိုအိမ်ခေါ်တွေ့တယ်။ ကြည့်ရတာတော့.. မင်းနေရာမှာသူ့ကိုအစားထိုးတော့မယ်နဲ့တူတယ်။ မင်းကြောင့်..အမေ ရိုဘင့်အမေရဲ့ရိသလိုလိုခနဲ့သလိုလိုစကားတွေဘယ်လောက်တောင်နားထောင်ခဲ့ရတယ်ထင်လဲ။ မင်း.. ဒီလိုတွေဆက်လုပ်နေမယ်ဆိုရင်မင်းအဖေရဲ့ဆက်ခံသူနေရာကိုလည်း.. "
"အမေ"
ဂျောင်ကုရဲ့အမေလို့ခေါ်သံကသူ့ကိုတစ်ခုခုပြောချင်လို့ခေါ်တာမျိုးမဟုတ်ဘဲဆက်မပြောပါနဲ့လို့တားလိုက်တဲ့လေသံမျိုးဖြစ်တာကြောင့်ပြောဖို့ကျန်နေဆဲစကားလုံးတစ်ချို့ကိုပြန်မျိုချရင်းသားဖြစ်သူရဲ့မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။
"ကျွန်တော့်အခြေအနေကိုစိတ်ပူလို့လာတာမဟုတ်ဘဲနေရာပျောက်မှာစိုးရိမ်လို့လာတာဆိုရင်တော့ပြန်လိုက်တော့"
"မင်း.. အမေ့ကိုဘယ်လိုပြောလိုက်တာလဲ။အမေ့မှာမင်းတစ်ယောက်ပဲရှိတယ်ဆိုတာသိရဲ့သားနဲ့.. ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကြောင့်အရှုံးသမားကြီးတစ်ယောက်လိုကိုယ့်ဘဝကိုယ်ရောစုန်မြောဖို့ကြိုးစားနေတဲ့သားကိုအမေတစ်ယောက်အနေနဲ့ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား"
"ကျေးဇူးပြုပြီး.. ပြန်လိုက်ပါတော့"
"ဂျွန်ဂျောင်ကု!"
သူကသာဒေါသတကြီးအော်ဟစ်လိုက်ပေမယ့်ဂျောင်ကုကတော့တုတ်တုတ်တောင်မလှုပ်..နေမြဲအတိုင်းမျက်လုံးတွေကိုမှိတ်ကာဆက်နေ,နေသည်။
"ကျွန်တော်သာထွက်သွားရင်.. အန်တီ့သားအချစ်နာကျပြီးသေသွားလိမ့်မယ်"
လို့သူနဲ့တွေ့ခဲ့စဥ်က ကင်ဆော့ဂျင်ဆိုသည့်ကောင်လေးပြောခဲ့ဖူးတဲ့စကားကိုနားထဲကြားယောင်လာသည်။ အခုဆိုဂျောင်ကုကအစားလည်းလုံးဝမစားဘဲအရက်တွေချည်းလှိမ့်သောက်နေတာကြောင့်ကြာရင်ဟိုကောင်လေးပြောခဲ့သလိုအခြေအနေဖြစ်လာနိုင်တာမို့သူထိတ်လန့်တုန်လှုပ်မိတာတော့အမှန်ပင်။
"တစ်ယောက်တည်းရှိတဲ့အမေ့ကိုတောင်ကျော်ပြီးဘာမှမဟုတ်တဲ့ကောင်လေးတစ်ယောက်ကိုပဲရွေးတော့မယ်ပေါ့.. ဟုတ်လား။ မင်းရဲ့ပိုင်ဆိုင်မှုတွေနဲ့လဲရအောင်အဲ့ဒီ့ကောင်လေးကဘယ်လောက်များတန်ဖိုးရှိနေလို့လဲ။ ပထမတစ်ခေါက်တုန်းကလည်းမင်း.. အဲ့ဒီ့ကောင်လေးကြောင့်ပဲအမေ့ကိုထားခဲ့ဖို့ကြိုးစားပြီးပြီပြီ။ အခုလည်း.. ခက်ခက်ခဲခဲနဲ့ဒီအခြေအနေကိုရလာပြီးမှ.. "
"ပထမတစ်ခေါက်? အဲ့ဒါဘာကိုပြောတာလဲ"
ဂျောင်ကုရဲ့မှိတ်ထားတဲ့မျက်ဝန်းတွေဖျတ်ခနဲပွင့်လာပြီးသူ့မျက်နှာကိုစူးစိုက်ကြည့်ကာမေးလာ၏။ ရုတ်တရက်နှုတ်မှကျွံထွက်သွားတဲ့စကားတွေအတွက်ပါးစပ်ကိုမြန်မြန်ပိတ်လိုက်ပေမယ့်အချိန်မမှီလိုက်တော့..
"အမေ.. သိနေခဲ့တာလား"
သူကသက်ပြင်းတစ်ချက်ခပ်တိုးတိုးရှိုက်လိုက်ပြီး..
"အမေက.. မင်းကိုဘယ်တုန်းကဒီအတိုင်းလွှတ်ထားခဲ့ဖူးလို့လဲ"
"အဲ့ဒါဆို.. ဘာလို့"
"ယောက်ျားချင်းဖြစ်နေလို့နစ်နာစရာတွေ၊ တာဝန်ယူရမယ့်ပြဿနာတွေရှိလာမှာမဟုတ်လို့.. ပြီးတော့.. ရိုဘင်နဲ့အလောင်းအစားကိစ္စကြောင့် ခဏတွဲနေရပြီးအချိန်အတိုင်းတာတစ်ခုရောက်ရင်အလိုလိုရှင်းသွားမယ်ထင်လို့.. ဒီအတိုင်းမသိချင်ယောင်ဆောင်ပေးနေခဲ့တာ။ ဒါပေမယ့်.. မင်းက.. "
"ရိုဘင်နဲ့ကိစ္စကိုပါသိနေခဲ့တာလား။ ဒါဆို.. ရိုဘင်ဆီကို message ပို့တာရော.. ကျွန်တော့်ဆီကိုဓါတ်ပုံတွေနဲ့ ဗီဒီရို file တွေပို့တာကလည်းအမေ့လက်ချက်ပေါ့.. ဟုတ်လား"
"ဂျောင်ကု"
"ဟုတ်လားလို့မေးနေတယ်လေ"
"မင်းက.. မင်းက.. အမေ့ကိုထားသွားဖို့ကြံနေတာကိုး။ အဲ့ဒါကြောင့်မဖြစ်သင့်တာမဖြစ်ရအောင်.. "
"မဖြစ်သင့်တာမဖြစ်ရအောင်ဆိုတာဘာကိုပြောတာလဲ.. ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့နေရမှာကိုမမြင်ချင်ဘူးလို့ဆိုလိုတာလား"
"ဂျွန်ဂျောင်ကု! မင်းအမေ့ကို..အဲ့ဒီ့အဖိုးမတန်တဲ့ကောင်လေးအတွက်နဲ့.. "
"အဖိုးမတန်တဲ့ကောင်လေးမဟုတ်ဘူး.. ကျွန်တော့်အသက်ထက်တောင်ပိုတန်ဖိုးထားရတဲ့သူပါလို့.. အမေ့ကိုပြောခဲ့တယ်လေ။ဘာဖြစ်လို့.. ဒီလိုလုပ်ရက်ရတာလဲ။ အခုလည်း.. အခုလည်း.. အမေ့ကြောင့်မဟုတ်လား.. အမေ.. သူနဲ့တွေ့ခဲ့တယ်မဟုတ်လား"
"တွေ့ခဲ့တယ်.. ဒါပေမယ့်.. "
~ခလွမ်း~
နံရံကိုဝှီးခနဲနေအောင်ပစ်ပေါက်ခံလိုက်ရတဲ့ဖန်ခွက်ရဲ့ထိခတ်ကွဲကြေသံကအမေ့ရဲ့စကားသံတွေကိုရပ်တန့်သွားစေသည်။ အမေကဒေါသသွေးတို့ကြောင့်နီရဲနေသည့်သူ့မျက်နှာကိုအလန့်တကြားပြူးကြည့်ရင်းထိတ်လန့်သွားသည့်စိတ်ကိုငြိမ်သက်စေရန်အလို့ငှာနိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်ဘတ်ကိုတုန်တုန်ယင်ယင်ဖြင့်ဖိကိုင်ထားသည်။သူကတော့ပူလောင်ခြင်းနှင့်ကြေကွဲခြင်းရောနေသည့်ဝေဒနာတို့ဖြင့်ပြိုလဲမသွားစေရန်ဆိုဖာကိုတင်းတင်းဆုပ်ကိုင်၍အားယူရပ်နေရသည်။ သူ့အမေဘယ်လောက်ထိအဆင့်အတန်းခွဲပြီးနှိမ်ချဆက်ဆံတတ်မှန်းသူအသိဆုံးမို့.. သူ့ရဲ့အသက်ကလေးအမေ့ရဲ့ရင့်ရင့်သီးသီးစကားတွေအောက်မှာဘယ်လောက်တောင်သိမ်ငယ်ခံစားခဲ့ရမလဲ..တွေးကြည့်ရုံနဲ့တင်အသည်းထဲမှာတဆတ်ဆတ်နာကျင်လာသည်။
"ဂျောင်.. ဂျောင်ကု"
"အဲ့ဒီ့တော့.. အမေ.. ပျော်လား။ အခုကျွန်တော့်ကိုဒီလိုပုံစံနဲ့မြင်နေရတာ.. ပျော်လား"
"မဟုတ်.. "
"ဘာလို့လဲ.. အမေပျော်နေရမှာပေါ့။အမေကကျွန်တော်ပျော်နေတာမလိုလားဘူးမဟုတ်လား။ အခု.. အမေဖြစ်စေချင်တဲ့ပုံစံအတိုင်းမြင်နေရပြီဆိုတော့.. အရမ်းပျော်နေသင့်တာပေါ့"
"တစ်ယောက်တည်းရှိတဲ့သားလေးကိုဆုံးရှုံးရမှာစိုးလို့အမေတစ်ယောက်အနေနဲ့ကာကွယ်ပေးတာ.. မမှားဘူးလို့အမေထင်တယ်"
"ဟုတ်လို့လား"
"ဟင်"
"ကျွန်တော့်ကိုဆုံးရှုံးရမှာစိုးလို့ဆိုတာဟုတ်ရဲ့လား.. အမေ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားမှာကြောက်တာမဟုတ်ဘူးလား"
"အမေလုပ်ခဲ့တာမှန်သမျှအားလုံး.. "
"ကျွန်တော့်အတွက်မဟုတ်ပါဘူး။အမေကကိုယ့်အကျိုးအတွက်ကျွန်တော့်ကိုအသုံးချနေတာပါ"
"ဂျောင်ကု"
"ပြန်လိုက်ပါတော့။ ဆက်ပြောနေမယ်ဆိုရင်ကျွန်တော်ပဲငရဲရလိမ့်မယ်"
သူ့ဆီကအကြည့်လွှဲလိုက်တဲ့ဂျောင်ကုရဲ့မျက်နှာပေါ်မှာမျက်ရည်စတွေကိုမြင်လိုက်ရတော့သူ့ရင်ထဲမှာအောင့်သက်သက်ဖြစ်သွားရသည်။ ဂျောင်ကုကိုမျက်ရည်လည်ရုံမှအပငိုတတ်လိမ့်မယ်လို့မထင်ထားမိခဲ့ပါ။ အခုတော့သူ့သားလေးက.. သူ့ကြောင့်..
တိုးတိတ်စွာတစ်ချက်ရှိုက်မိရင်းထိုနေရာမှကျောခိုင်းလှည့်ထွက်ခဲ့သည်။ ဒါပေမယ့်.. သူ့ရင်ထဲမှာအဖြေရှာမရတဲ့ပုစ္ဆာတစ်ခုကတော့ကျန်နေခဲ့သည်။ ဂျောင်ကုကိုလုံးဝစွန့်ခွာမသွားနိုင်ပါဘူးလို့ပြတ်ပြတ်သားသားငြင်းဆိုခဲ့တဲ့ကောင်လေးက.. ဘာလို့ရုတ်တရက်ပျောက်သွားတာလဲ...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ယူဂျောင်းရေ.. oppa လာတယ်"
သူကယူဂျောင်း၏အုတ်ဂူဘေးတွေထိုင်ကာအပြာရောင်မိုးကောင်းကင်ကြီးကိုရီဝေမှုန်မှိုင်းသောမျက်ဝန်းများဖြင့်မော့ကြည့်နေသည်။ ဒီနေ့ကျမှရာသီဥတုကသာယာနေသည်။ နှင်းမှုန်လေးတွေအနည်းငယ်ရှိနေပေမယ့်ရှုခင်းဝါးအောင်အုံ့ဆိုင်းနေခြင်းမရှိတာကြောင့်ထင်းရှူးနှင့်ယူကလစ်ပင်များဝန်းရံနေသည့်ပတ်ဝန်းကျင်ကစိမ်းစိုနေတာကမျက်စိအေးဖွယ်.. နှင်းရည်သောက်သုံးထားသည့်သစ်ရွက်လေးများရဲ့ရနံ့သင်းသင်းကလည်းကိုယ်စိတ်နှလုံးကိုချမ်းမြေ့မှုတွေဆောင်ကြဥ်းပေးနိုင်၏။
"သိလား.. အရင်က.. oppa ဆုတစ်ခုတောင်းဖူးတယ်။ oppa ချစ်ရတဲ့သူတွေကပဲ..oppa ကိုအရင်ထား,ထားသွားကြလို့.. တစ်ခါလောက်ဖြစ်ဖြစ်.. oppa ကိုအရင်ထွက်သွားခွင့်ပြုပါလို့.. ဆုတောင်းခဲ့ဖူးတယ်။ အခု.. အဲ့ဒီ့ဆုတောင်းက.. ပြည့်တော့မယ်ထင်တယ်။ ဒီလိုနည်းနဲ့.. ဆုတောင်းပြည့်လိမ့်မယ်လို့မမျှော်လင့်ထားမိပေမယ့်.... "
အသံတွေတုန်ယင်လာတာကြောင့်စကားကိုဆက်မပြောနိုင်သေးဘဲခေတ္တခဏငြိမ်သက်နေလိုက်သည်။ ပြီးမှ.. အသက်ကိုခပ်ပြင်းပြင်းရှူသွင်းကာအားယူလိုက်ပြီး..
"ယူဂျောင်း.. oppa တို့မကြာခင်ဆုံရတော့မယ်ထင်တယ်"
သူကြုံခဲ့တဲ့အဖြစ်အပျက်တွေအားလုံးကခဏတာမက်လိုက်သည့်အိပ်မက်ဆိုးတစ်ခုပဲဖြစ်နေပါစေလို့ရူးသွပ်စွာဆုတောင်းခဲ့ပေမယ့်.. ဒီဆုတောင်းကျမှမပြည့်ခဲ့လေတော့လည်း....
"လက္ခဏာတွေကဘာတွေလဲ"
"ဒီရက်ပိုင်း.. အရမ်းသတိမေ့တတ်တယ်။ အစကတော့အရင်တုန်းကလည်းဖြစ်နေကျမို့အမှုမဲ့အမှတ်မဲ့နေခဲ့ပေမယ့်ဒီရက်ပိုင်းတော်တော်ကိုဆိုးလာတယ်။ တခါတလေ အရမ်းရင်းနှီးတဲ့လူတွေကိုတောင်ရုတ်တရက်နာမည်ခေါ်လို့မရတာမျိုးတွေပါဖြစ်လာတယ်"
"နောက်တော့ရော.. "
"ခေါင်းအရမ်းကိုက်တယ်.. လုံးဝကိုမနေနိုင်လောက်အောင်ကိုက်တာ။ ဆေးသောက်လည်းခဏပဲသက်သာတယ်။ ပြီးတော့အမြင်တွေဝေဝါးသွားတာမျိုးလည်းမကြာမကြာဖြစ်တတ်တယ်"
အိမ်ကလူတွေနဲ့မောင့်ကိုတော့စိတ်ပူနေကြမှာစိုးလို့ဂိမ်းအဆော့များလို့ခေါင်းကိုက်တာပါလို့ပြောထားပေမယ့်ခေါင်းကိုက်တဲ့ဝေဒနာကလုံးဝသက်သာမလာတာကြောင့်အခုလိုဆရာဝန်နဲ့လာပြခြင်းဖြစ်သည်။
"အန်ချင်တာတွေဘာတွေရောဖြစ်သေးလား"
"ဟုတ်ကဲ့။ တခါတလေလုံးဝမလှုပ်ချင်လောက်အောင်နွမ်းနယ်နေတာမျိုးလည်းဖြစ်တယ်"
"ဒီကိုလာတာ.. တစ်ယောက်တည်းလား။ မိသားစုဝင်တွေပါလာသေးလား"
"မပါဘူးခင်ဗျ.. ကျွန်တော်တစ်ယောက်တည်း"
ဆရာဝန်ကမျက်မှန်ကိုချွတ်ပြီးလေးနက်သောစကားကိုဆိုမည့်ဟန်ဖြင့်ကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းညွတ်လိုက်သည်။ ဆရာဝန်ရဲ့အမူအရာကြောင့်သူ့ရင်တွေတဒိတ်ဒိတ်ခုန်နေ၏။
"CT scan နဲ့ MRIအရတော့.. ဆော့ဂျင်ရှီရဲ့ဦးနှောက်အရှေ့ခြမ်းမှာအကျိတ်တွေ့တယ်။ အကျိတ်ကအရမ်းမကြီးပါဘူး။ ဒါပေမယ့်.. ကင်ဆာကျိတ်ဟုတ်မဟုတ်ကိုတော့ biopsy လုပ်ကြည့်မှသိနိုင်မယ်"
ကြားလိုက်ရတဲ့စကားကြောင့်သူ့နားထင်ကြောတွေထောင်လာပြီးပါးစပ်မှအာမေဋိတ်အသံထွက်ဖို့တောင်မော့လျော့နေမိသည်။
"Biopsy လုပ်ရမှာမို့လို့မိသားစုဝင်တစ်ဦးဦးကိုအကြောင်းကြားသင့်.. "
"ရပါတယ်.. ကျွန်တော်တစ်ယောက်တည်းလည်းဖြစ်ပါတယ်"
"သေချာရဲ့လား"
"ဟုတ်ကဲ့"
ဆရာဝန်ရှေ့မှာအဆင်ပြေချင်ယောင်ဆောင်ထားပေမယ့်ရင်ထဲမှာတော့ယောက်ယက်ခတ်နေရသည်။ ဘာမှထွေထွေထူးထူးဖြစ်မှာမဟုတ်ပါဘူးလို့ထပ်ခါထပ်ခါကိုယ့်ကိုယ်ကိုအားပေးသော်လည်းမသိစိတ်ကကြောက်ရွံ့မှုကတော့မပြေပျောက်သွားပါ။ အခုချိန်မှာမောင်သာအနားမှာရှိရင်ကောင်းမှာပဲလို့တောင့်တမိပေမယ့်သူ့ကြောင့်အဝေးမှာရောက်နေတဲ့မောင်.. စိုးရိမ်ပူပန်နေရမှာလည်းမလိုလားတာကြောင့်တစ်ယောက်တည်းပဲရင်ဆိုင်ကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်သည်။ မောင်သာသိရင်အလုပ်တွေအကုန်ပစ်ထားပြီးသူ့ဆီကိုချက်ချင်းပြန်ပြေးလာခဲ့မှာ...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟုတ်ပါတယ်.. ကင်ဆာပါ"
သူ.. တုန်လှုပ်ခြောက်ခြားခြင်းများစွာဖြင့်လက်သီးလေးကိုတင်းနေအောင်ဆုပ်ထားမိသည်။ ရင်ထဲမှာပြည့်သိပ်တင်းကြပ်ရလွန်းလို့အားရပါးရအော်ဟစ်ပစ်ချင်စိတ်ကိုအံကြိတ်၍မနည်းထိန်းထားရသည်။ ဘာလို့လဲ.. အရင်ကအသက်ရှင်ရတာပင်ပန်းလွန်းလို့သေချင်လှပါချည်ရဲ့ဆိုတဲ့အချိန်တုန်းကကျတော့အအေးမိတာတောင်မဖြစ်ဘဲဒေါင်ဒေါင်မြည်အောင်ကျန်းမာနေခဲ့တယ်လေ။ သူ့ဘဝရဲ့ပျော်ရွှင်စရာလေးတွေကအခုမှအစပြုရုံရှိသေးတယ်.. ကင်ဆာတဲ့လား။ ကံတရားဆိုတာချည်းကသူ့အပေါ်မှာရက်စက်လွန်းပါသည်။
"အကျိတ်ကမကြီးဘူးဆိုပေမယ့်အလွယ်တကူဖယ်ထုတ်လို့မရနိုင်တဲ့နေရာမှာရှိနေတာမို့ခွဲစိတ်ကုသလို့တော့မရဘူး"
"အဲ့.. အဲ့ဒါဆိုရင်.. "
"Radiotherapy နဲ့ chemotherapy ကိုသုံးပြီးအကျိတ်ကိုထပ်မကြီးလာအောင်ကုသမယ်ဆိုရင်တော့ရနိုင်ပါတယ်.. ကံကောင်းရင်တော့အမြစ်ပြတ်အောင်ကုနိုင်မယ်ထင်တယ်။ အကျိတ်ရဲ့အရွယ်အစားကကြီးမှမကြီးတာ"
"ကုသမယ်ဆိုရင်... ကုသမယ်ဆိုရင်.. အသက်ရှင်နိုင်လား"
ဆရာဝန်ကသက်ပြင်းခပ်မျှဥ်းမျှဥ်းတစ်ချက်ချလိုက်ပြီး..
"ကုသမယ်ဆိုရင်တော့.. လုံးဝအမြစ်ပြတ်ပျောက်ပြီးလူကောင်းပကတိပြန်ဖြစ်နိုင်ချေ..5.6% ရှိတယ်"
"5.6%"
"ကင်ဆာရောဂါဆိုတာကတော့ကျိန်းသေပေါက်ကုသလို့ပျောက်ကင်းနိုင်မယ်လို့အာမခံလို့မရတဲ့ရောဂါပဲလေ။ လုံးဝအရှင်းပျောက်ဖို့ဆိုတာကကိုယ့်ရဲ့ပြင်းပြတဲ့စိတ်ဓါတ်.. ပြီးတော့.. ကံတရားနဲ့လည်းဆိုင်တယ်"
"ကံတရား?"
ကံတရားဆိုတာဘယ်တုန်းကမှသူ့ဘက်မှာမပါခဲ့တာ.. ဒီတစ်ကြိမ်မှာရော.. သူ့ကိုပျော်ရွှင်ခွင့်ပေးပါ့မလား။
ဆရာဝန်ပြပြီးအပြန်လမ်းတစ်လျှောက်နံရံကိုအားပြုမှီတွယ်ထားသည့်ကြားကလူကနေရာမှာပင်ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့လောက်အောင်အားအင်တွေကုန်ခမ်းလျက်ရပ်ထားသည့်ခြေအစုံကပင်ဒူးတွေပျော့ခွေညွတ်ကျချင်လာရသည်မို့လေးလံလွန်းတဲ့သူ့ကိုယ်သူအနိုင်နိုင်သယ်ပိုးရင်းတရွေ့ရွေ့လျှောက်နေရသည်။
"အခန်း ၂၁၀ ကလူနာ.. အသည်းအသန်ဖြစ်နေလို့တဲ့"
သူ့မျက်စိရှေ့တွင်ပင်ဆရာဝန်တစ်ချို့နဲ့သူနာပြုတစ်ချို့အခန်းထဲကိုကပြေးဝင်သွားကြသည်။ အခန်းတံခါးကိုအကျယ်ကြီးဖွင့်ဟထားတာမို့အခန်းထဲကိုအတိုင်းသားမြင်နေရသည်။ ရောဂါတွေသည်းနေတဲ့လူနာကဝေဒနာရဲ့နှိပ်စက်မှုတို့ကြောင့်လူးလိန့်နေပြီးလူနာကိုဆရာဝန်တွေနဲ့သူနာပြုတွေဝိုင်းချုပ်ထားရတဲ့မြင်ကွင်း.. ပူဆွေးရလွန်းလို့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြရှာပေမယ့်ဘာမှလုပ်ပေးနိုင်စွမ်းမရှိလို့ဘေးမှာရပ်ကြည့်နေရရှာတဲ့ထိုလူနာရဲ့မိသားစုဝင်တွေရဲ့ကြေကွဲနေတဲ့မျက်နှာတွေ..
သူ.. မတ်တပ်ရပ်နိုင်စွမ်းမရှိတော့ဘဲထိုနေရာမှာပင်ထိုင်လျက်လဲကျသွားသည်။
ထိုလူနာရဲ့နေရာမှာ.. သူ့ကိုယ်သူမြင်ယောင်လာသည်။ တနေ့သူလည်း.. ဒီလိုအခြေအနေတွေကိုကြုံလာခဲ့ရင်.. သူချစ်ရတဲ့သူတွေအတွက်သူဟာဝေဒနာတွေသာပေးမည့်ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်လာမှာပဲ.. ထိုအတွေးတို့ကသေရမှာထက်တောင်သူ့ကိုတုန်လှုပ်စေပါသည်။
"ရား! ကင်ဆော့ဂျင်!"
ဟင်.. ဒီအသံ.. ဘယ်သူ့အသံလဲဆိုတာသိနေပေမယ့်ရုတ်တရက်မတုံ့ပြန်နိုင်.. နာမည်လည်းမခေါ်နိုင်တော့သလိုအမြင်တွေကဝေဝါးလာပြီးသိနေပေမယ့်မသိတော့သလိုခံစားချက်ကြီးကသူ့ကိုစကားတစ်ခွန်းမှပြောလို့မရအောင်ထိန်းချုပ်ထားသလိုပင်။
"ပြောတော့.. နည်းနည်းလောက်အာရုံလွဲမိရင်တောင်ကိုယ့်ပေါင်ကိုပြန်ဆွဲစိတ်ပြီးသတိမလွတ်အောင်ထိန်းပါ့မယ်ဆို။ အခုဖုန်းမကိုင်တာဘယ်နှစ်ရက်ရှိ.. "
"မောင်"
ဦးနှောက်မှာအသိစိတ်ပြန်ကပ်လာတာနဲ့အားကုန်သုံးကာမောင့်ရင်ခွင်ထဲပြေးဝင်မိသည်။ မောင့်ကိုစက္ကန့်ပိုင်းလောက်မေ့သွားရုံနဲ့တင်ကမ္ဘာပျက်မတတ်ခြောက်ခြားစရာကောင်းတယ်ဆိုရင်နောက်ပိုင်းသူ့အခြေအနေတွေပိုဆိုးလာပြီးမောင့်ကိုလုံးဝမမှတ်မိနိုင်တော့ဘူးဆိုရင်.. ထိုအတွေးကဆောင်းတွင်းအိပ်မက်ဆိုးလိုပဲသွေးပျက်ဖွယ်..
"နောက်ဆိုရင်အသက်ကလေးကမွေးနေ့တိုင်းကိုချစ်ရတဲ့သူတွေတပုံတပင်ကြီးနဲ့ဖြတ်သန်းရတော့မှာ"
မွေးနေ့မှာချစ်ရတဲ့သူတွေကိုထားခဲ့ပြီးသူကလူ့လောကကြီးကနေထွက်ခွာသွားရမယ်ဆိုရင်ရော..
မောင်ကတော့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်သူ့ကိုစွန့်ခွာမသွားဘူးဆိုတာသူသိတာပေါ့။ ဒါပေမယ့်..
အရမ်းချစ်တဲ့အခါအများကြီးပူဆွေးရတတ်တယ်..
သူဝေဒနာတွေခံစားနေရတာကိုနေ့စဥ်မြင်တွေ့နေရပြီးစိတ်ဆင်းရဲနေရမယ့်အစား..
ဘယ်တော့မှပြန်မလာနိုင်တော့တဲ့လမ်းကိုထွက်သွားပါလားဆိုတဲ့အသိနဲ့ကြေကွဲပူဆွေးနေရမယ့်အစား..
ကမ္ဘာကြီးရဲ့တစ်နေရာရာမှာရှိနေမှာပါဆိုတဲ့အသိ.. တစ်နေ့နေ့တစ်ချိန်ချိန်ပြန်လာမှာပါဆိုတဲ့မျှော်လင့်ချက်နဲ့မောင့်ကို.. အသက်ဆက်ရှင်စေချင်တယ်။
"ဆာရန်းကိုမစောင့်ရှောက်ပေးနိုင်တဲ့အတွက် oppa ကိုခွင့်လွှတ်ပါ.. ယူဂျောင်း။ နောက်.. မျက်နှာချင်းဆိုင်ဆုံကြတဲ့အခါမှ.. oppa ကိုစိတ်ကြိုက်ဆူပေါ့"
သူ.. ယူဂျောင်းကိုနှုတ်ဆက်စကားဆိုပြီးခေါင်းငိုက်စိုက်ချလျက်လေးပင်စွာတစ်လှမ်းချင်းလျှောက်နေမိသည်။ အမည်းရောင်ကားတစ်စီးသူ့နောက်မှာထပ်ကြပ်မကွာလိုက်ပါလာတာကိုသူ.. သတိမပြုမိပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"Boss"
သူ၏အသံကသိပ္မက်ယ္ေသာ္လည္းညိမ့္ညိမ့္ေညာင္းေညာင္းလြင့္ပ်ံ့ေနသည့္သီခ်င္းသံကိုဖုံးလႊမ္း၍ေကာင္းစြာၾကားနိုင္တဲ့အေနအထားတြင္ရွိသည္။ ဒါေပမယ့္သူရဲ႕ boss ကေတာ့ေခါင္းမေဖာ္လာေသးပါ။Bossကအစိမ္းရင့္ေရာင္ပုလင္းပုပုဝိုင္းဝိုင္းႀကီးထဲမွအရည္တို႔ကိုတစ္ခြက္ၿပီးတစ္ခြက္ငွဲ႕၍မနက္ျဖန္ဆိုတာမရွိေတာ့သကဲ့သို႔မနားတမ္းေမာ့ေသာက္ေနသည္။ ေဘးတြင္လုံးဝတို႔ထိထားျခင္းမခံထားရသည့္အျမည္းပန္းကန္ကေဆြးေဆြးေျမ့ေျမ့သီခ်င္းသံႏွင့္အတူအထီးက်န္ညကိုျဖတ္သန္းေန၏။
"Boss.. ေတာ္သင့္ၿပီ။ အစာမရွိဘဲဒီအရည္ေတြခ်ည္းစြတ္ေသာက္ေနရင္ဒုကၡေတြမ်ားကုန္လိမ့္မယ္"
ေျပာမရတဲ့အဆုံးအရက္ခြက္ကိုဆိုးဆိုးဆတ္ဆတ္လုယူကာစားပြဲေပၚတြင္ေဆာင့္ခနဲခ်လိဳက္သည္။
"Boss"
သူ႕ကိုေမာ့ၾကည့္လာသည့္ bossရဲ႕မ်က္ဝန္းေတြကရဲရဲနီလ်က္ရင္ထဲမွာဘယ္ေလာက္ထိမခ်ိမဆန့္ခံစားေနရသလဲဆိုတာအတိုင္းသားျမင္ေနရ၏။ ဆံပင္ေတြကလည္းညင္းသိုးသိုးပြေယာင္းေယာင္းႏွင့္.. အစားလည္းလုံးဝမစားဘဲအရက္ေတြခ်ည္းလွိမ့္ေသာက္ေနေတာ့မ်က္ႏွာကပါးရိုးေတြေငါထြက္လာတဲ့အထိသိသိသာသာေခ်ာင္က်သြားသည္။ Boss ကိုဒီလိုပုံစံနဲ႕ျမင္ေနရတာကိုသူလည္းစိတ္မခ်မ္းသာ..
"အတြင္းေရးမႉးမင္.. အသည္းကြဲဖူးလား.. အသည္းကြဲရင္ဘယ္လိုခံစားရလဲသိလား"
သူကရီေဝေဆြးေျမ့ျခင္းေတြနာက်င္ျခင္းေတြကိုမခ်ိမဆန့္မ်ိဳသိပ္ျခင္းေတြႏွင့္အေရာင္ေတြေျပာင္းေနသည့္ bossမ်က္ႏွာကိုၾကည့္ၿပီးသက္ျပင္းခ်မိသည္။ bossကိုႏွစ္သိမ့္စကားေတြေျပာခ်င္ေပမယ့္ဘယ္ကေနဘယ္လိုစကားရွာမရေတာ့လည္းခက္သား.. ဒီေလာက္နိုင္ငံက်ဥ္းက်ဥ္းေလးထဲမွာလူေလးတစ္ေယာက္ကိုေတာင္အခုထိေတြ႕ေအာင္ရွာမေပးနိုင္ေသးတဲ့သူ႕ကိုယ္သူပဲအျပစ္အႀကိမ္ႀကိမ္တင္မိရင္း..boss ရဲ႕ပခုံးကိုလက္တစ္ဖက္ႏွင့္ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။
"အသည္းကြဲရင္.. အသည္းကြဲရင္.. ဘာမွလုပ္ခ်င္စိတ္မရွိေတာ့ဘူး။ စားလည္းမစားနိုင္ဘူး။အိပ္လည္းမအိပ္နိုင္ဘူး..တကယ္လို႔.. တကယ္လို႔အိပ္ေပ်ာ္သြားရင္ေတာင္.. ျပန္နိုးလာတဲ့အခ်ိန္ေတြကငရဲက်ေနသလိုပဲ။ မ်က္စိႏွစ္လုံးဖြင့္လိုက္တာနဲ႕သူအနားမွာမရွိေတာ့ဘူးဆိုတဲ့အသိကဒီအသည္းႏွလုံးတစ္ခုလုံးကိုအပိုင္းပိုင္းျပတ္ေအာင္ခုတ္ထစ္ခံလိုက္ရသလိုပဲ"
"Boss.. "
"တကယ္နားမလည္နိုင္ဘူး။ မေန႕ကအထိခ်စ္ပါတယ္လို႔ေျပာခဲ့တဲ့လူကေနာက္ေန႕မွာအေၾကာင္းအရင္းမရွိဘဲလက္ျပႏႈတ္ဆက္သြားတာ.. ဘာလို႔လဲ.. တကယ္နားမလည္နိုင္ဘူး။ နားမလည္နိုင္ေတာ့.. ရင္ထဲမွာမြန္းၾကပ္လာတယ္။မြန္းၾကပ္လြန္းလို႔အသက္ရႉေနရတာေတာင္အဓိပၸာယ္မရွိေတာ့သလိုပဲ။ ငါ.. ဒီအတိုင္း..ေသပစ္လိုက္ခ်င္တယ္.. သိလား။ ဒါေပမယ့္.. ေသလည္းမေသရဲဘူး။ ေသသြားရင္.. ေသသြားရင္.. သူ႕မ်က္ႏွာကိုထပ္မေတြ႕ရေတာ့မွာစိုးလို႔.. မေသနိုင္ဘူး။ အဲ့ဒါေၾကာင့္.. ဒါေတြေသာက္ေနမွျဖစ္မယ္။ အနည္းဆုံးေတာ့မူးၿပီးအိပ္ေပ်ာ္သြားရင္..အိပ္မက္ထဲမွာသူ႕မ်က္ႏွာေလးကိုခဏေလာက္ျဖစ္ျဖစ္ေတြ႕ခြင့္ရွိေသးတာေပါ့.. အခုခ်ိန္မွာငါ့အတြက္အသက္ရွင္ဖို႔အေၾကာင္းျပခ်က္က.. ဒီတစ္ခုပဲရွိတယ္။ အိပ္မက္မက္ဖို႔.. အိပ္မက္ထဲမွာသူနဲ႕ဆုံဖို႔.. "
Boss ကစကားေတြေျပာေနရင္းစားပြဲေပၚကိုေခါင္းငိုက္စိုက္က်သြားေတာ့သူက boss ကိုမနိုင္မနင္းတြဲေခၚရင္းကားေနာက္ခန္းတြင္ဂ႐ုတစိုက္ထိုင္ေစ၍ထိုင္ခုံခါးပတ္ကိုေသခ်ာပတ္ေပးလိုက္၏။ ထို႔ေနာက္ထိုင္ခုံေနာက္မွီတြင္ေခါင္းမွီကာအိပ္ေပ်ာ္သြားပုံရတဲ့ boss မ်က္ႏွာကိုတစ္ခ်က္ေငးေငးေလးစိုက္ၾကည့္ကာပင့္သက္တစ္ခ်က္ရွိုက္ကာေလးလံေသာေျခလွမ္းမ်ားျဖင့္ကားေမာင္းသည့္ေနရာတြင္ဝင္ထိုင္၍ကားစက္ႏွိုးလိုက္သည္။
"ဒီအခ်ိန္ႀကီးေတာင္.. ကားလမ္းေတြကပိတ္ေနတုန္းပါလား"
အတြင္းေရးမႉးမင္ရဲ႕ညည္းၫူသံခပ္တိုးတိုးေၾကာင့္သူ႕မ်က္လုံးေတြပြင့္လာခဲ့သည္။ ဘယ္ေလာက္ပဲမူးေအာင္ေသာက္ေသာက္အိပ္ေပ်ာ္လည္းခဏမို႔အသည္းႏွလုံးထဲကအတိုင္းအဆမရွိေသာနာက်င္မႈနဲ႕အတူတူနိုးထလာရျပန္သည္။ အိပ္မက္ထဲမွာေတာင္.. သူ႕အသက္ကေလးနဲ႕အၾကာႀကီးေတြ႕ခြင့္မရွိပါလား.. စို႔နင့္ေၾကကြဲရလြန္းစြာျဖင့္အသက္ရႉရခက္ခဲလာတာေၾကာင့္ကားမွန္ကိုခ်ကာကားျပတင္းေပါက္တြင္ေမးတင္၍အျပင္ကိုေငးၾကည့္ေနမိသည္။ ကားဘီးကိုတစ္လက္မ ေတာင္ေ႐ြ႕လို႔မရေအာင္ျပည့္သိပ္ေနတဲ့လမ္းေပၚမွာေတာ့ကားဟြန္းတီးသံမ်ားကိုသာက်ယ္ေလာင္စြာၾကားေနရသည္။
ထိုစဥ္.. သူ႕ႏွာေခါင္းေပၚတြင္ေအးစက္စက္အထိအေတြ႕ေလးကိုခံစားလိုက္ရသည္။ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ေတာ့..လေရာင္ၾကယ္ေရာင္ေၾကာင့္ျပာျပာလြင္ေနသည့္မိုးေကာင္းကင္ကိုေငြျခည္ပတ္ျဖန္းလိုက္သလို႐ႊန္းလက္လက္ႏွင္းပြင့္ေလးေတြကသူ႕မ်က္ႏွာေပၚသို႔တစ္ပြင့္ခ်င္းေႂကြဆင္းလာသည္။
"ႏွင္းက်ၿပီ"
"ဟင္.. boss ကနိုးေန..."
"ဒီေန႕.. အသက္ကေလးရဲ႕ေမြးေန႕"
"Boss"
အေနာက္ကေနအတြင္းေရးမႉးမင္လွမ္းေအာ္ေခၚတာကိုၾကားေပမယ့္.. ေနာက္လွည့္မၾကည့္ဘဲကားေပၚကေနေျပးဆင္းလိုက္သည္။ ႏွင္းေတြၾကားမွာအသက္မဲ့တဲ့လူတစ္ေယာက္လိုဦးတည္ခ်က္မရွိေျခဦးတည့္ရာေလွ်ာက္သြားေနမိ၏။ ျဖတ္သြားျဖတ္လာလူတစ္ခ်ိဳ႕တြန္းတိုက္ျခင္းခံရသည့္တိုင္အိပ္မက္ထဲကလိုလမ္းေတြေလွ်ာက္ေနေပမယ့္ေျခေထာက္ႏွင့္ေျမႀကီးထိသည္ဟုပင္မထင္။အဆက္မျပတ္ေႂကြက်လာသည့္ႏွင္းပြင့္ကေလးေတြကတျဖည္းျဖည္းအင္အားႀကီးမားလာကာ သူ၏ဆံပင္ႏွင့္အဝတ္အစားေတြေပၚတြင္ႏွင္းမႈန္မ်ားျဖင့္ဖုံးလႊမ္းသြားသည္။
"ေမြးေန႕နဲ႕အေမ့ရဲ႕ႏွစ္ပတ္လည္ေန႕တစ္ရက္တည္းျဖစ္ေနလို႔ေမြးေန႕ေရာက္တိုင္းမေပ်ာ္ခဲ့ရေပမယ့္ဒီႏွစ္ေတာ့မင္းနဲ႕အတူရွိေနရလို႔ေပ်ာ္တယ္"
ၾကည္လင္႐ႊန္းလဲ့ေနတဲ့မ်က္လုံးေတာက္ေတာက္ေလးနဲ႕ခ်စ္စရာမ်က္ႏွာလွလွေလးကသူ႕ရင္ဘတ္ကိုဒုတ္ခနဲလာထိသည္။ ေျခခြင္လဲက်မတတ္ရင္ဘတ္ထဲမွာမခ်ိမဆန့္ေအာင္ေအာင့္မ်က္နာက်င္လာ၏။ ထိန္းသိမ္းမရေသာမ်က္ရည္ေတြကိုမသုတ္ဘဲပါးျပင္ေပၚပူႏြေးစြာခုန္ေပါက္ေျပးဆင္းခြင့္ျပဳထားတာေၾကာင့္ပါးျပင္ထက္မွမ်က္ရည္တို႔သည္ထိန္ထိန္လင္းေနေသာမီးေရာင္မ်ားေအာက္ဝယ္လက္ေနသည္။
"ႏွင္းက်တာကိုအတူတူၾကည့္ဖို႔.. ေမာင္..ေစာင့္ေနတယ္ေလ။ ျပန္လာခဲ့ပါေတာ့.. အသက္ကေလးရယ္.. "
ခ်စ္ျခင္း၊ ျမတ္နိုးျခင္း၊ တြယ္တာျခင္းေတြကသိပ္သည္းဆထုထည္မ်ားလာေလ.. ရင္ကိုေလာင္ၿမိဳက္ေစေသာအခ်စ္မီးေတြကလည္းအင္အားႀကီးေလ.. မို႔အေတာမသတ္နိုင္သည့္နာက်င္မႈေတြနဲ႕အတူႏွင္းေတြဖုံးလႊမ္းေနသည့္လမ္းမႀကီးေပၚမွာဒူးေထာက္လ်က္ၿပိဳလဲက်သြားသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ေလးလံေသာေျခလွမ္းမ်ားကဘယ္ဆီကိုဦးတည္ေနမွန္းသူကိုယ္တိုင္လည္းမသိေတာ့ပါ။ ျမင့္မားစြာတည္ရွိေနေသာအေဆာက္ဦးမ်ားစြာ၏အထြတ္အဖ်ားတြင္ျပာလြင္ေသာမိုးေကာင္ကင္ႀကီးကေငးမိေငးရာေငးရင္းအေတြးမ်ားႏွင့္ပ်ံ့လြင့္လ်က္ရွိတဲ့သူ႕ကိုဣႏၵျေႀကီးရင့္စြာငုံ႕ၾကည့္ေန၏။ ေလႏွင္ရာကိုေျပးလႊားလိုက္ေနရတဲ့တိမ္ေလးေတြကေတာ့.. သူ႕အျဖစ္ကိုၾကည့္ၿပီးစာနာသနားေနၾကမလား.. အေတြးမ်ားကိုျပန္စုစည္းၿပီးမ်က္စိေရွ႕ကိုၾကည့္လိုက္ေတာ့.. ဒီေန႕လည္းေရာက္လာမိျပန္ၿပီ..ဒီေနရာကို.. လူကေက်ာခိုင္းခဲ့ေပမယ့္ႏွလုံးသားကသူ႕ရဲ႕ေနာက္ကိုအသာတၾကည္မပါလာေတာ့လည္း.. ႏွလုံးသားရဲ႕ေခၚေဆာင္ရာေနာက္ကိုသူ႕ေျခလွမ္းေတြကလိုက္ပါေနရတာေပါ့...
"ၾကားၿပီးၿပီလား.. GM ကရာထူးကႏႈတ္ထြက္သြားၿပီတဲ့"
"ႏႈတ္ထြက္တာေရာဟုတ္ရဲ႕လား.. အျဖဳတ္ခံလိုက္ရတာမဟုတ္ဘူးလား"
"ျဖစ္နိုင္တယ္.. ဒီကိုေရာက္ကတည္းကဘာအလုပ္မွလုပ္တာမွမေတြ႕ရတာျပဳတ္ၿပီေပါ့။ ဘာပဲျဖစ္ျဖစ္အခုမွပဲငါတို႔ဘဝလြတ္လပ္ေတာ့တယ္။ အစည္းအေဝးေတြတစ္ခ်ိန္လုံးေခၚၿပီးႏွိပ္စက္ခံရတဲ့ဝဋ္ကကြၽတ္တာေပါ့ဟယ္"
"ဟဲ့.. GM ကက်န္းမာေရးလည္းမေကာင္းဘူးၾကားတယ္။ အားျပတ္ၿပီးမူးလဲသြားလို႔ေဆး႐ုံတက္ေနရတယ္ဆိုလား.. သတင္းေတာ့ၾကားမိတယ္"
"ဟုတ္လား"
နားစြန္နားဖ်ားၾကားလိုက္ရတဲ့စကားတို႔ကသူ႕နားထဲမွာမိုးႀကိဳးပစ္ခ်လိဳက္သကဲ့သို႔က်ယ္ေလာင္စြာျမည္ဟီးသြားသည္။ အားျပတ္ၿပီးမူးလဲသြားတယ္တဲ့လား.. ေတာ္႐ုံဆိုဖ်ားတာနာတာေလာက္ေတာင္မျဖစ္တတ္တဲ့သူကဘာလို႔ေနမေကာင္းျဖစ္ရတာပါလိမ့္.. အစားကိုအခ်ိန္မွန္စားၿပီးကိုယ့္က်န္းမာေရးကိုယ္ဂ႐ုစိုက္မွေပါ့.. ဒီအတိုင္းဆိုသူဘယ္လိုလုပ္စိတ္ခ်လက္ခ်ထားခဲ့ၿပီးထြက္သြားနိုင္ပါ့မလဲ..
"ဒီမွာအတင္းေတြစုေျပာေနၾကတယ္ဆိုေတာ့.. အလုပ္မရွိၾကဘူးလား"
အတြင္းေရးမႉးမင္ရဲ႕မာဆတ္ဆတ္အသံေၾကာင့္စုစု႐ုံး႐ုံးျဖစ္ေနၾကတဲ့ဝန္ထမ္းတစ္ခ်ိဳ႕ကပ်ာပ်ာသလဲလူစုခြဲလိုက္ၾကသလိုသူကလည္းတိုင္တစ္တိုင္ရဲ႕ေနာက္ကြယ္မွာအလ်င္အျမန္ဝင္ပုန္းလိုက္သည္။
"မသိရင္.. သူတို႔စကားစုေျပာနိုင္ေအာင္အကုန္က်ခံၿပီးလစာေတြေပးေခၚထားတာက်ေနတာပဲ။ Guest ေတြဆီက complaint တစ္ခုေလာက္ျဖစ္ျဖစ္တက္တယ္ၾကားလို႔ကေတာ့.. ခင္ဗ်ားတို႔မလြယ္ဘူးမွတ္။ ဒီေလာက္အလုပ္ေတြရွားပါးေနတဲ့ေခတ္ႀကီးမွာခက္ခက္ခဲခဲရထားတဲ့အလုပ္ကိုၿမဲေအာင္ေလးေလးစားစားလုပ္မယ္မစဥ္းစားၾကဘူး။ အၿမဲေပါ့ေပါ့ဆဆနဲ႕.. ခင္ဗ်ားတို႔ဒီလိုေတြဆက္လုပ္ေနမယ္ဆိုရင္ဘယ္ေတာ့မွတိုးတက္မွာမဟုတ္ဘူး.. ၾကားလား"
"ေတာင္းပန္ပါတယ္.. အတြင္းေရးမႉးမင္"
"သြား.. ကိုယ့္ေနရာကိုယ္ျပန္ၿပီးအလုပ္လုပ္ၾကေတာ့"
"ဟုတ္ကဲ့"
စိတ္ကမၾကည္ပါဘူးဆိုမွအလုပ္ခ်ိန္မွာသူမ်ားအတင္းထိုင္ေျပာေနၾကတဲ့ဝန္ထမ္းေတြေၾကာင့္စိတ္ကေထာင္းခနဲတိုသြားၿပီးဝန္ထမ္းေတြကိုလိုအပ္တာထက္ေတာင္ပိုဆူလိုက္မိသည္။ အားလုံးသူ႕ေနရာသူျပန္သြားၾကၿပီးအလုပ္လုပ္တာေသခ်ာၿပီဆိုမွထိုေနရာကလွည့္အထြက္မေမွ်ာ္လင့္ပဲဖ်တ္ခနဲျမင္လိုက္ရတဲ့သူ႕ရဲ႕ဆန့္က်င္ဘက္ကိုေက်ာခိုင္းၿပီးခပ္သြက္သြက္ေလွ်ာက္ေနတဲ့ပုံရိပ္ေလးေၾကာင့္မင္ယြန္ဂီရဲ႕မ်က္လုံးေတြျပဴးက်ယ္သြားရသည္။
"ေဆာ့ဂ်င္ရွီ?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"မင္း.. ဘယ္အခ်ိန္ထိဒီလိုေန,ေနမွာလဲ။ မင္းမွာအေမတစ္ေယာက္လုံးရွိေနတယ္ဆိုတာကိုေရာသတိရေသးရဲ႕လား။ ႏႈတ္ထြက္စာကေရာဘာသေဘာလဲ.. မင္းအေဖဘယ္ေလာက္ေတာင္စိတ္ေတြဆိုးေနလဲသိရဲ႕လား"
အခန္းထဲကိုဝင္ဝင္ခ်င္းျမင္လိုက္ရသည့္သားျဖစ္သူရဲ႕မ်က္တြင္းေတြေခ်ာင္က်ကာငူငူငိုင္ငိုင္မ်က္ႏွာေၾကာင့္ဂ႐ုဏာေဒါသျဖင့္တန္းခနဲဆူမိသြားသည္။ ဒါေပမယ့္.. ေဂ်ာင္ကုကေတာ့သူ႕ကိုအေရးေတာင္မစိုက္ဘဲနီရဲေနေသာႏႈတ္ခမ္းပါးတို႔ကိုတင္းတင္းေစ့ရင္းဆိုဖာေပၚတြင္ေျခပစ္လက္ပစ္လွဲကာမ်က္လုံးေတြကိုမွိတ္ထားသည္။
"မေန႕ကမင္းအေဖ.. ရိုဘင္ကိုအိမ္ေခၚေတြ႕တယ္။ ၾကည့္ရတာေတာ့.. မင္းေနရာမွာသူ႕ကိုအစားထိုးေတာ့မယ္နဲ႕တူတယ္။ မင္းေၾကာင့္..အေမ ရိုဘင့္အေမရဲ႕ရိသလိုလိုခနဲ႕သလိုလိုစကားေတြဘယ္ေလာက္ေတာင္နားေထာင္ခဲ့ရတယ္ထင္လဲ။ မင္း.. ဒီလိုေတြဆက္လုပ္ေနမယ္ဆိုရင္မင္းအေဖရဲ႕ဆက္ခံသူေနရာကိုလည္း.. "
"အေမ"
ေဂ်ာင္ကုရဲ႕အေမလို႔ေခၚသံကသူ႕ကိုတစ္ခုခုေျပာခ်င္လို႔ေခၚတာမ်ိဳးမဟုတ္ဘဲဆက္မေျပာပါနဲ႕လို႔တားလိုက္တဲ့ေလသံမ်ိဳးျဖစ္တာေၾကာင့္ေျပာဖို႔က်န္ေနဆဲစကားလုံးတစ္ခ်ိဳ႕ကိုျပန္မ်ိဳခ်ရင္းသားျဖစ္သူရဲ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္လိုက္သည္။
"ကြၽန္ေတာ့္အေျခအေနကိုစိတ္ပူလို႔လာတာမဟုတ္ဘဲေနရာေပ်ာက္မွာစိုးရိမ္လို႔လာတာဆိုရင္ေတာ့ျပန္လိုက္ေတာ့"
"မင္း.. အေမ့ကိုဘယ္လိုေျပာလိုက္တာလဲ။အေမ့မွာမင္းတစ္ေယာက္ပဲရွိတယ္ဆိုတာသိရဲ႕သားနဲ႕.. ဘာမဟုတ္တဲ့ေကာင္ေလးတစ္ေယာက္ေၾကာင့္အရႈံးသမားႀကီးတစ္ေယာက္လိုကိုယ့္ဘဝကိုယ္ေရာစုန္ေျမာဖို႔ႀကိဳးစားေနတဲ့သားကိုအေမတစ္ေယာက္အေနနဲ႕ဒီအတိုင္းလက္ပိုက္ၾကည့္ေနရမွာလား"
"ေက်းဇူးျပဳၿပီး.. ျပန္လိုက္ပါေတာ့"
"ဂြၽန္ေဂ်ာင္ကု!"
သူကသာေဒါသတႀကီးေအာ္ဟစ္လိုက္ေပမယ့္ေဂ်ာင္ကုကေတာ့တုတ္တုတ္ေတာင္မလႈပ္..ေနၿမဲအတိုင္းမ်က္လုံးေတြကိုမွိတ္ကာဆက္ေန,ေနသည္။
"ကြၽန္ေတာ္သာထြက္သြားရင္.. အန္တီ့သားအခ်စ္နာက်ၿပီးေသသြားလိမ့္မယ္"
လို႔သူနဲ႕ေတြ႕ခဲ့စဥ္က ကင္ေဆာ့ဂ်င္ဆိုသည့္ေကာင္ေလးေျပာခဲ့ဖူးတဲ့စကားကိုနားထဲၾကားေယာင္လာသည္။ အခုဆိုေဂ်ာင္ကုကအစားလည္းလုံးဝမစားဘဲအရက္ေတြခ်ည္းလွိမ့္ေသာက္ေနတာေၾကာင့္ၾကာရင္ဟိုေကာင္ေလးေျပာခဲ့သလိုအေျခအေနျဖစ္လာနိုင္တာမို႔သူထိတ္လန့္တုန္လႈပ္မိတာေတာ့အမွန္ပင္။
"တစ္ေယာက္တည္းရွိတဲ့အေမ့ကိုေတာင္ေက်ာ္ၿပီးဘာမွမဟုတ္တဲ့ေကာင္ေလးတစ္ေယာက္ကိုပဲေ႐ြးေတာ့မယ္ေပါ့.. ဟုတ္လား။ မင္းရဲ႕ပိုင္ဆိုင္မႈေတြနဲ႕လဲရေအာင္အဲ့ဒီ့ေကာင္ေလးကဘယ္ေလာက္မ်ားတန္ဖိုးရွိေနလို႔လဲ။ ပထမတစ္ေခါက္တုန္းကလည္းမင္း.. အဲ့ဒီ့ေကာင္ေလးေၾကာင့္ပဲအေမ့ကိုထားခဲ့ဖို႔ႀကိဳးစားၿပီးၿပီၿပီ။ အခုလည္း.. ခက္ခက္ခဲခဲနဲ႕ဒီအေျခအေနကိုရလာၿပီးမွ.. "
"ပထမတစ္ေခါက္? အဲ့ဒါဘာကိုေျပာတာလဲ"
ေဂ်ာင္ကုရဲ႕မွိတ္ထားတဲ့မ်က္ဝန္းေတြဖ်တ္ခနဲပြင့္လာၿပီးသူ႕မ်က္ႏွာကိုစူးစိုက္ၾကည့္ကာေမးလာ၏။ ႐ုတ္တရက္ႏႈတ္မွကြၽံထြက္သြားတဲ့စကားေတြအတြက္ပါးစပ္ကိုျမန္ျမန္ပိတ္လိုက္ေပမယ့္အခ်ိန္မမွီလိုက္ေတာ့..
"အေမ.. သိေနခဲ့တာလား"
သူကသက္ျပင္းတစ္ခ်က္ခပ္တိုးတိုးရွိုက္လိုက္ၿပီး..
"အေမက.. မင္းကိုဘယ္တုန္းကဒီအတိုင္းလႊတ္ထားခဲ့ဖူးလို႔လဲ"
"အဲ့ဒါဆို.. ဘာလို႔"
"ေယာက္်ားခ်င္းျဖစ္ေနလို႔နစ္နာစရာေတြ၊ တာဝန္ယူရမယ့္ျပႆနာေတြရွိလာမွာမဟုတ္လို႔.. ၿပီးေတာ့.. ရိုဘင္နဲ႕အေလာင္းအစားကိစၥေၾကာင့္ ခဏတြဲေနရၿပီးအခ်ိန္အတိုင္းတာတစ္ခုေရာက္ရင္အလိုလိုရွင္းသြားမယ္ထင္လို႔.. ဒီအတိုင္းမသိခ်င္ေယာင္ေဆာင္ေပးေနခဲ့တာ။ ဒါေပမယ့္.. မင္းက.. "
"ရိုဘင္နဲ႕ကိစၥကိုပါသိေနခဲ့တာလား။ ဒါဆို.. ရိုဘင္ဆီကို message ပို႔တာေရာ.. ကြၽန္ေတာ့္ဆီကိုဓါတ္ပုံေတြနဲ႕ ဗီဒီရို file ေတြပို႔တာကလည္းအေမ့လက္ခ်က္ေပါ့.. ဟုတ္လား"
"ေဂ်ာင္ကု"
"ဟုတ္လားလို႔ေမးေနတယ္ေလ"
"မင္းက.. မင္းက.. အေမ့ကိုထားသြားဖို႔ႀကံေနတာကိုး။ အဲ့ဒါေၾကာင့္မျဖစ္သင့္တာမျဖစ္ရေအာင္.. "
"မျဖစ္သင့္တာမျဖစ္ရေအာင္ဆိုတာဘာကိုေျပာတာလဲ.. ကြၽန္ေတာ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ေနရမွာကိုမျမင္ခ်င္ဘူးလို႔ဆိုလိုတာလား"
"ဂြၽန္ေဂ်ာင္ကု! မင္းအေမ့ကို..အဲ့ဒီ့အဖိုးမတန္တဲ့ေကာင္ေလးအတြက္နဲ႕.. "
"အဖိုးမတန္တဲ့ေကာင္ေလးမဟုတ္ဘူး.. ကြၽန္ေတာ့္အသက္ထက္ေတာင္ပိုတန္ဖိုးထားရတဲ့သူပါလို႔.. အေမ့ကိုေျပာခဲ့တယ္ေလ။ဘာျဖစ္လို႔.. ဒီလိုလုပ္ရက္ရတာလဲ။ အခုလည္း.. အခုလည္း.. အေမ့ေၾကာင့္မဟုတ္လား.. အေမ.. သူနဲ႕ေတြ႕ခဲ့တယ္မဟုတ္လား"
"ေတြ႕ခဲ့တယ္.. ဒါေပမယ့္.. "
~ခလြမ္း~
နံရံကိုဝွီးခနဲေနေအာင္ပစ္ေပါက္ခံလိုက္ရတဲ့ဖန္ခြက္ရဲ႕ထိခတ္ကြဲေၾကသံကအေမ့ရဲ႕စကားသံေတြကိုရပ္တန့္သြားေစသည္။ အေမကေဒါသေသြးတို႔ေၾကာင့္နီရဲေနသည့္သူ႕မ်က္ႏွာကိုအလန့္တၾကားျပဴးၾကည့္ရင္းထိတ္လန့္သြားသည့္စိတ္ကိုၿငိမ္သက္ေစရန္အလို႔ငွာနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ရင္ဘတ္ကိုတုန္တုန္ယင္ယင္ျဖင့္ဖိကိုင္ထားသည္။သူကေတာ့ပူေလာင္ျခင္းႏွင့္ေၾကကြဲျခင္းေရာေနသည့္ေဝဒနာတို႔ျဖင့္ၿပိဳလဲမသြားေစရန္ဆိုဖာကိုတင္းတင္းဆုပ္ကိုင္၍အားယူရပ္ေနရသည္။ သူ႕အေမဘယ္ေလာက္ထိအဆင့္အတန္းခြဲၿပီးႏွိမ္ခ်ဆက္ဆံတတ္မွန္းသူအသိဆုံးမို႔.. သူ႕ရဲ႕အသက္ကေလးအေမ့ရဲ႕ရင့္ရင့္သီးသီးစကားေတြေအာက္မွာဘယ္ေလာက္ေတာင္သိမ္ငယ္ခံစားခဲ့ရမလဲ..ေတြးၾကည့္႐ုံနဲ႕တင္အသည္းထဲမွာတဆတ္ဆတ္နာက်င္လာသည္။
"ေဂ်ာင္.. ေဂ်ာင္ကု"
"အဲ့ဒီ့ေတာ့.. အေမ.. ေပ်ာ္လား။ အခုကြၽန္ေတာ့္ကိုဒီလိုပုံစံနဲ႕ျမင္ေနရတာ.. ေပ်ာ္လား"
"မဟုတ္.. "
"ဘာလို႔လဲ.. အေမေပ်ာ္ေနရမွာေပါ့။အေမကကြၽန္ေတာ္ေပ်ာ္ေနတာမလိုလားဘူးမဟုတ္လား။ အခု.. အေမျဖစ္ေစခ်င္တဲ့ပုံစံအတိုင္းျမင္ေနရၿပီဆိုေတာ့.. အရမ္းေပ်ာ္ေနသင့္တာေပါ့"
"တစ္ေယာက္တည္းရွိတဲ့သားေလးကိုဆုံးရႈံးရမွာစိုးလို႔အေမတစ္ေယာက္အေနနဲ႕ကာကြယ္ေပးတာ.. မမွားဘူးလို႔အေမထင္တယ္"
"ဟုတ္လို႔လား"
"ဟင္"
"ကြၽန္ေတာ့္ကိုဆုံးရႈံးရမွာစိုးလို႔ဆိုတာဟုတ္ရဲ႕လား.. အေမ့ရဲ႕ပိုင္ဆိုင္မႈေတြဆုံးရႈံးသြားမွာေၾကာက္တာမဟုတ္ဘူးလား"
"အေမလုပ္ခဲ့တာမွန္သမွ်အားလုံး.. "
"ကြၽန္ေတာ့္အတြက္မဟုတ္ပါဘူး။အေမကကိုယ့္အက်ိဳးအတြက္ကြၽန္ေတာ့္ကိုအသုံးခ်ေနတာပါ"
"ေဂ်ာင္ကု"
"ျပန္လိုက္ပါေတာ့။ ဆက္ေျပာေနမယ္ဆိုရင္ကြၽန္ေတာ္ပဲငရဲရလိမ့္မယ္"
သူ႕ဆီကအၾကည့္လႊဲလိုက္တဲ့ေဂ်ာင္ကုရဲ႕မ်က္ႏွာေပၚမွာမ်က္ရည္စေတြကိုျမင္လိုက္ရေတာ့သူ႕ရင္ထဲမွာေအာင့္သက္သက္ျဖစ္သြားရသည္။ ေဂ်ာင္ကုကိုမ်က္ရည္လည္႐ုံမွအပငိုတတ္လိမ့္မယ္လို႔မထင္ထားမိခဲ့ပါ။ အခုေတာ့သူ႕သားေလးက.. သူ႕ေၾကာင့္..
တိုးတိတ္စြာတစ္ခ်က္ရွိုက္မိရင္းထိုေနရာမွေက်ာခိုင္းလွည့္ထြက္ခဲ့သည္။ ဒါေပမယ့္.. သူ႕ရင္ထဲမွာအေျဖရွာမရတဲ့ပုစ္ဆာတစ္ခုကေတာ့က်န္ေနခဲ့သည္။ ေဂ်ာင္ကုကိုလုံးဝစြန့္ခြာမသြားနိုင္ပါဘူးလို႔ျပတ္ျပတ္သားသားျငင္းဆိုခဲ့တဲ့ေကာင္ေလးက.. ဘာလို႔႐ုတ္တရက္ေပ်ာက္သြားတာလဲ...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ယူေဂ်ာင္းေရ.. oppa လာတယ္"
သူကယူေဂ်ာင္း၏အုတ္ဂူေဘးေတြထိုင္ကာအျပာေရာင္မိုးေကာင္းကင္ႀကီးကိုရီေဝမႈန္မွိုင္းေသာမ်က္ဝန္းမ်ားျဖင့္ေမာ့ၾကည့္ေနသည္။ ဒီေန႕က်မွရာသီဥတုကသာယာေနသည္။ ႏွင္းမႈန္ေလးေတြအနည္းငယ္ရွိေနေပမယ့္ရႈခင္းဝါးေအာင္အုံ႕ဆိုင္းေနျခင္းမရွိတာေၾကာင့္ထင္းရႉးႏွင့္ယူကလစ္ပင္မ်ားဝန္းရံေနသည့္ပတ္ဝန္းက်င္ကစိမ္းစိုေနတာကမ်က္စိေအးဖြယ္.. ႏွင္းရည္ေသာက္သုံးထားသည့္သစ္႐ြက္ေလးမ်ားရဲ႕ရနံ႕သင္းသင္းကလည္းကိုယ္စိတ္ႏွလုံးကိုခ်မ္းေျမ့မႈေတြေဆာင္ၾကဥ္းေပးနိုင္၏။
"သိလား.. အရင္က.. oppa ဆုတစ္ခုေတာင္းဖူးတယ္။ oppa ခ်စ္ရတဲ့သူေတြကပဲ..oppa ကိုအရင္ထား,ထားသြားၾကလို႔.. တစ္ခါေလာက္ျဖစ္ျဖစ္.. oppa ကိုအရင္ထြက္သြားခြင့္ျပဳပါလို႔.. ဆုေတာင္းခဲ့ဖူးတယ္။ အခု.. အဲ့ဒီ့ဆုေတာင္းက.. ျပည့္ေတာ့မယ္ထင္တယ္။ ဒီလိုနည္းနဲ႕.. ဆုေတာင္းျပည့္လိမ့္မယ္လို႔မေမွ်ာ္လင့္ထားမိေပမယ့္.... "
အသံေတြတုန္ယင္လာတာေၾကာင့္စကားကိုဆက္မေျပာနိုင္ေသးဘဲေခတၱခဏၿငိမ္သက္ေနလိုက္သည္။ ၿပီးမွ.. အသက္ကိုခပ္ျပင္းျပင္းရႉသြင္းကာအားယူလိုက္ၿပီး..
"ယူေဂ်ာင္း.. oppa တို႔မၾကာခင္ဆုံရေတာ့မယ္ထင္တယ္"
သူႀကဳံခဲ့တဲ့အျဖစ္အပ်က္ေတြအားလုံးကခဏတာမက္လိုက္သည့္အိပ္မက္ဆိုးတစ္ခုပဲျဖစ္ေနပါေစလို႔႐ူးသြပ္စြာဆုေတာင္းခဲ့ေပမယ့္.. ဒီဆုေတာင္းက်မွမျပည့္ခဲ့ေလေတာ့လည္း....
"လကၡဏာေတြကဘာေတြလဲ"
"ဒီရက္ပိုင္း.. အရမ္းသတိေမ့တတ္တယ္။ အစကေတာ့အရင္တုန္းကလည္းျဖစ္ေနက်မိဳ႕အမႈမဲ့အမွတ္မဲ့ေနခဲ့ေပမယ့္ဒီရက္ပိုင္းေတာ္ေတာ္ကိုဆိုးလာတယ္။ တခါတေလ အရမ္းရင္းႏွီးတဲ့လူေတြကိုေတာင္႐ုတ္တရက္နာမည္ေခၚလို႔မရတာမ်ိဳးေတြပါျဖစ္လာတယ္"
"ေနာက္ေတာ့ေရာ.. "
"ေခါင္းအရမ္းကိုက္တယ္.. လုံးဝကိုမေနနိုင္ေလာက္ေအာင္ကိုက္တာ။ ေဆးေသာက္လည္းခဏပဲသက္သာတယ္။ ၿပီးေတာ့အျမင္ေတြေဝဝါးသြားတာမ်ိဳးလည္းမၾကာမၾကာျဖစ္တတ္တယ္"
အိမ္ကလူေတြနဲ႕ေမာင့္ကိုေတာ့စိတ္ပူေနၾကမွာစိုးလို႔ဂိမ္းအေဆာ့မ်ားလို႔ေခါင္းကိုက္တာပါလို႔ေျပာထားေပမယ့္ေခါင္းကိုက္တဲ့ေဝဒနာကလုံးဝသက္သာမလာတာေၾကာင့္အခုလိုဆရာဝန္နဲ႕လာျပျခင္းျဖစ္သည္။
"အန္ခ်င္တာေတြဘာေတြေရာျဖစ္ေသးလား"
"ဟုတ္ကဲ့။ တခါတေလလုံးဝမလႈပ္ခ်င္ေလာက္ေအာင္ႏြမ္းနယ္ေနတာမ်ိဳးလည္းျဖစ္တယ္"
"ဒီကိုလာတာ.. တစ္ေယာက္တည္းလား။ မိသားစုဝင္ေတြပါလာေသးလား"
"မပါဘူးခင္ဗ်.. ကြၽန္ေတာ္တစ္ေယာက္တည္း"
ဆရာဝန္ကမ်က္မွန္ကိုခြၽတ္ၿပီးေလးနက္ေသာစကားကိုဆိုမည့္ဟန္ျဖင့္ကိုယ္ကိုေရွ႕သို႔အနည္းငယ္ကိုင္းၫြတ္လိုက္သည္။ ဆရာဝန္ရဲ႕အမူအရာေၾကာင့္သူ႕ရင္ေတြတဒိတ္ဒိတ္ခုန္ေန၏။
"CT scan နဲ႕ MRIအရေတာ့.. ေဆာ့ဂ်င္ရွီရဲ႕ဦးႏွောက္အေရွ႕ျခမ္းမွာအက်ိတ္ေတြ႕တယ္။ အက်ိတ္ကအရမ္းမႀကီးပါဘူး။ ဒါေပမယ့္.. ကင္ဆာက်ိတ္ဟုတ္မဟုတ္ကိုေတာ့ biopsy လုပ္ၾကည့္မွသိနိုင္မယ္"
ၾကားလိုက္ရတဲ့စကားေၾကာင့္သူ႕နားထင္ေၾကာေတြေထာင္လာၿပီးပါးစပ္မွအာေမဋိတ္အသံထြက္ဖို႔ေတာင္ေမာ့ေလ်ာ့ေနမိသည္။
"Biopsy လုပ္ရမွာမို႔လို႔မိသားစုဝင္တစ္ဦးဦးကိုအေၾကာင္းၾကားသင့္.. "
"ရပါတယ္.. ကြၽန္ေတာ္တစ္ေယာက္တည္းလည္းျဖစ္ပါတယ္"
"ေသခ်ာရဲ႕လား"
"ဟုတ္ကဲ့"
ဆရာဝန္ေရွ႕မွာအဆင္ေျပခ်င္ေယာင္ေဆာင္ထားေပမယ့္ရင္ထဲမွာေတာ့ေယာက္ယက္ခတ္ေနရသည္။ ဘာမွေထြေထြထူးထူးျဖစ္မွာမဟုတ္ပါဘူးလို႔ထပ္ခါထပ္ခါကိုယ့္ကိုယ္ကိုအားေပးေသာ္လည္းမသိစိတ္ကေၾကာက္႐ြံ႕မႈကေတာ့မေျပေပ်ာက္သြားပါ။ အခုခ်ိန္မွာေမာင္သာအနားမွာရွိရင္ေကာင္းမွာပဲလို႔ေတာင့္တမိေပမယ့္သူ႕ေၾကာင့္အေဝးမွာေရာက္ေနတဲ့ေမာင္.. စိုးရိမ္ပူပန္ေနရမွာလည္းမလိုလားတာေၾကာင့္တစ္ေယာက္တည္းပဲရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ဆုံးျဖတ္လိုက္သည္။ ေမာင္သာသိရင္အလုပ္ေတြအကုန္ပစ္ထားၿပီးသူ႕ဆီကိုခ်က္ခ်င္းျပန္ေျပးလာခဲ့မွာ...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟုတ္ပါတယ္.. ကင္ဆာပါ"
သူ.. တုန္လႈပ္ေျခာက္ျခားျခင္းမ်ားစြာျဖင့္လက္သီးေလးကိုတင္းေနေအာင္ဆုပ္ထားမိသည္။ ရင္ထဲမွာျပည့္သိပ္တင္းၾကပ္ရလြန္းလို႔အားရပါးရေအာ္ဟစ္ပစ္ခ်င္စိတ္ကိုအံႀကိတ္၍မနည္းထိန္းထားရသည္။ ဘာလို႔လဲ.. အရင္ကအသက္ရွင္ရတာပင္ပန္းလြန္းလို႔ေသခ်င္လွပါခ်ည္ရဲ႕ဆိုတဲ့အခ်ိန္တုန္းကက်ေတာ့အေအးမိတာေတာင္မျဖစ္ဘဲေဒါင္ေဒါင္ျမည္ေအာင္က်န္းမာေနခဲ့တယ္ေလ။ သူ႕ဘဝရဲ႕ေပ်ာ္႐ႊင္စရာေလးေတြကအခုမွအစျပဳ႐ုံရွိေသးတယ္.. ကင္ဆာတဲ့လား။ ကံတရားဆိုတာခ်ည္းကသူ႕အေပၚမွာရက္စက္လြန္းပါသည္။
"အက်ိတ္ကမႀကီးဘူးဆိုေပမယ့္အလြယ္တကူဖယ္ထုတ္လို႔မရနိုင္တဲ့ေနရာမွာရွိေနတာမို႔ခြဲစိတ္ကုသလို႔ေတာ့မရဘူး"
"အဲ့.. အဲ့ဒါဆိုရင္.. "
"Radiotherapy နဲ႕ chemotherapy ကိုသုံးၿပီးအက်ိတ္ကိုထပ္မႀကီးလာေအာင္ကုသမယ္ဆိုရင္ေတာ့ရနိုင္ပါတယ္.. ကံေကာင္းရင္ေတာ့အျမစ္ျပတ္ေအာင္ကုနိုင္မယ္ထင္တယ္။ အက်ိတ္ရဲ႕အ႐ြယ္အစားကႀကီးမွမႀကီးတာ"
"ကုသမယ္ဆိုရင္... ကုသမယ္ဆိုရင္.. အသက္ရွင္နိုင္လား"
ဆရာဝန္ကသက္ျပင္းခပ္မွ်ဥ္းမွ်ဥ္းတစ္ခ်က္ခ်လိဳက္ၿပီး..
"ကုသမယ္ဆိုရင္ေတာ့.. လုံးဝအျမစ္ျပတ္ေပ်ာက္ၿပီးလူေကာင္းပကတိျပန္ျဖစ္နိုင္ေခ်..5.6% ရွိတယ္"
"5.6%"
"ကင္ဆာေရာဂါဆိုတာကေတာ့က်ိန္းေသေပါက္ကုသလို႔ေပ်ာက္ကင္းနိုင္မယ္လို႔အာမခံလို႔မရတဲ့ေရာဂါပဲေလ။ လုံးဝအရွင္းေပ်ာက္ဖို႔ဆိုတာကကိုယ့္ရဲ႕ျပင္းျပတဲ့စိတ္ဓါတ္.. ၿပီးေတာ့.. ကံတရားနဲ႕လည္းဆိုင္တယ္"
"ကံတရား?"
ကံတရားဆိုတာဘယ္တုန္းကမွသူ႕ဘက္မွာမပါခဲ့တာ.. ဒီတစ္ႀကိမ္မွာေရာ.. သူ႕ကိုေပ်ာ္႐ႊင္ခြင့္ေပးပါ့မလား။
ဆရာဝန္ျပၿပီးအျပန္လမ္းတစ္ေလွ်ာက္နံရံကိုအားျပဳမွီတြယ္ထားသည့္ၾကားကလူကေနရာမွာပင္ဆက္လက္ရပ္တည္နိုင္စြမ္းမရွိေတာ့ေလာက္ေအာင္အားအင္ေတြကုန္ခမ္းလ်က္ရပ္ထားသည့္ေျခအစုံကပင္ဒူးေတြေပ်ာ့ေခြၫြတ္က်ခ်င္လာရသည္မို႔ေလးလံလြန္းတဲ့သူ႕ကိုယ္သူအနိုင္နိုင္သယ္ပိုးရင္းတေ႐ြ႕ေ႐ြ႕ေလွ်ာက္ေနရသည္။
"အခန္း ၂၁၀ ကလူနာ.. အသည္းအသန္ျဖစ္ေနလို႔တဲ့"
သူ႕မ်က္စိေရွ႕တြင္ပင္ဆရာဝန္တစ္ခ်ိဳ႕နဲ႕သူနာျပဳတစ္ခ်ိဳ႕အခန္းထဲကိုကေျပးဝင္သြားၾကသည္။ အခန္းတံခါးကိုအက်ယ္ႀကီးဖြင့္ဟထားတာမို႔အခန္းထဲကိုအတိုင္းသားျမင္ေနရသည္။ ေရာဂါေတြသည္းေနတဲ့လူနာကေဝဒနာရဲ႕ႏွိပ္စက္မႈတို႔ေၾကာင့္လူးလိန့္ေနၿပီးလူနာကိုဆရာဝန္ေတြနဲ႕သူနာျပဳေတြဝိုင္းခ်ဳပ္ထားရတဲ့ျမင္ကြင္း.. ပူေဆြးရလြန္းလို႔ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနၾကရွာေပမယ့္ဘာမွလုပ္ေပးနိုင္စြမ္းမရွိလို႔ေဘးမွာရပ္ၾကည့္ေနရရွာတဲ့ထိုလူနာရဲ႕မိသားစုဝင္ေတြရဲ႕ေၾကကြဲေနတဲ့မ်က္ႏွာေတြ..
သူ.. မတ္တပ္ရပ္နိုင္စြမ္းမရွိေတာ့ဘဲထိုေနရာမွာပင္ထိုင္လ်က္လဲက်သြားသည္။
ထိုလူနာရဲ႕ေနရာမွာ.. သူ႕ကိုယ္သူျမင္ေယာင္လာသည္။ တေန႕သူလည္း.. ဒီလိုအေျခအေနေတြကိုႀကဳံလာခဲ့ရင္.. သူခ်စ္ရတဲ့သူေတြအတြက္သူဟာေဝဒနာေတြသာေပးမည့္ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခုျဖစ္လာမွာပဲ.. ထိုအေတြးတို႔ကေသရမွာထက္ေတာင္သူ႕ကိုတုန္လႈပ္ေစပါသည္။
"ရား! ကင္ေဆာ့ဂ်င္!"
ဟင္.. ဒီအသံ.. ဘယ္သူ႕အသံလဲဆိုတာသိေနေပမယ့္႐ုတ္တရက္မတုံ႕ျပန္နိုင္.. နာမည္လည္းမေခၚနိုင္ေတာ့သလိုအျမင္ေတြကေဝဝါးလာၿပီးသိေနေပမယ့္မသိေတာ့သလိုခံစားခ်က္ႀကီးကသူ႕ကိုစကားတစ္ခြန္းမွေျပာလို႔မရေအာင္ထိန္းခ်ဳပ္ထားသလိုပင္။
"ေျပာေတာ့.. နည္းနည္းေလာက္အာ႐ုံလြဲမိရင္ေတာင္ကိုယ့္ေပါင္ကိုျပန္ဆြဲစိတ္ၿပီးသတိမလြတ္ေအာင္ထိန္းပါ့မယ္ဆို။ အခုဖုန္းမကိုင္တာဘယ္ႏွစ္ရက္ရွိ.. "
"ေမာင္"
ဦးႏွောက္မွာအသိစိတ္ျပန္ကပ္လာတာနဲ႕အားကုန္သုံးကာေမာင့္ရင္ခြင္ထဲေျပးဝင္မိသည္။ ေမာင့္ကိုစကၠန့္ပိုင္းေလာက္ေမ့သြား႐ုံနဲ႕တင္ကမၻာပ်က္မတတ္ေျခာက္ျခားစရာေကာင္းတယ္ဆိုရင္ေနာက္ပိုင္းသူ႕အေျခအေနေတြပိုဆိုးလာၿပီးေမာင့္ကိုလုံးဝမမွတ္မိနိုင္ေတာ့ဘူးဆိုရင္.. ထိုအေတြးကေဆာင္းတြင္းအိပ္မက္ဆိုးလိုပဲေသြးပ်က္ဖြယ္..
"ေနာက္ဆိုရင္အသက္ကေလးကေမြးေန႕တိုင္းကိုခ်စ္ရတဲ့သူေတြတပုံတပင္ႀကီးနဲ႕ျဖတ္သန္းရေတာ့မွာ"
ေမြးေန႕မွာခ်စ္ရတဲ့သူေတြကိုထားခဲ့ၿပီးသူကလူ႕ေလာကႀကီးကေနထြက္ခြာသြားရမယ္ဆိုရင္ေရာ..
ေမာင္ကေတာ့ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္သူ႕ကိုစြန့္ခြာမသြားဘူးဆိုတာသူသိတာေပါ့။ ဒါေပမယ့္..
အရမ္းခ်စ္တဲ့အခါအမ်ားႀကီးပူေဆြးရတတ္တယ္..
သူေဝဒနာေတြခံစားေနရတာကိုေန႕စဥ္ျမင္ေတြ႕ေနရၿပီးစိတ္ဆင္းရဲေနရမယ့္အစား..
ဘယ္ေတာ့မွျပန္မလာနိုင္ေတာ့တဲ့လမ္းကိုထြက္သြားပါလားဆိုတဲ့အသိနဲ႕ေၾကကြဲပူေဆြးေနရမယ့္အစား..
ကမၻာႀကီးရဲ႕တစ္ေနရာရာမွာရွိေနမွာပါဆိုတဲ့အသိ.. တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္ျပန္လာမွာပါဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕ေမာင့္ကို.. အသက္ဆက္ရွင္ေစခ်င္တယ္။
"ဆာရန္းကိုမေစာင့္ေရွာက္ေပးနိုင္တဲ့အတြက္ oppa ကိုခြင့္လႊတ္ပါ.. ယူေဂ်ာင္း။ ေနာက္.. မ်က္ႏွာခ်င္းဆိုင္ဆုံၾကတဲ့အခါမွ.. oppa ကိုစိတ္ႀကိဳက္ဆူေပါ့"
သူ.. ယူေဂ်ာင္းကိုႏႈတ္ဆက္စကားဆိုၿပီးေခါင္းငိုက္စိုက္ခ်လ်က္ေလးပင္စြာတစ္လွမ္းခ်င္းေလွ်ာက္ေနမိသည္။ အမည္းေရာင္ကားတစ္စီးသူ႕ေနာက္မွာထပ္ၾကပ္မကြာလိုက္ပါလာတာကိုသူ.. သတိမျပဳမိပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰