ဝေးလံသောခရီးကြမ်းတစ်ခုကိုဖြတ်ပြေးလာရသဖြင့်လူကအင်အားကုန်ခမ်းပြီးနွမ်းနယ်နေသည်။ အင်အားရှိသမျှမနားတမ်းသာပြေးလွှားနေရသော်လည်းဘယ်ဆီကိုပြေးနေမိမှန်းလည်းမသိ.. ဘယ်ဆီကိုရောက်နေမှန်းလည်းမသိ.. မြင်မြင်သမျှနေရာတိုင်းမှာအမှောင်ထုကြီးသာကြီးစိုးမင်းမူနေသည်။ ဒါပေမယ့်.. သူလက်မလျှော့ပါ။ ခြေလက်တွေမသယ်ချင်လောက်အောင်ပင်ပန်းနေလည်းဒီအမှောင်ထုထဲမှလွတ်မြောက်အောင်မနားတမ်းဆက်ပြေးနေ၏။
"ဂျောင်ကု"
ပိန်းပိတ်နေတဲ့အမှောင်ဟာရုတ်တရက်ကောင်းကင်ဘုံလိုလင်းချင်းသွားသည်။ အရပ်ရှစ်မျက်နှာအနီးဝန်းကျင်ကိုမျှော်ကြည့်လိုက်တော့ကမ္ဘာဦးအစကိုပြန်ရောက်သွားသလို.. ကြည်လင်ရှင်းသန့်တဲ့မိုးကောင်းကင်ပေါ်တွင်လှပဆန်းကြယ်တဲ့တိမ်မျှင်ဖြူဖြူလေးတွေကလွင့်မျောပြေးလွှားနေသည်။ သန့်ရှင်းလတ်ဆတ်တဲ့လေပြေညှင်းတို့ကသာသာညင်းညင်းလေးတိုက်ပြီးသူ့ကိုအမောပြေဆေးကျွေးနေဟန်ရှိသည်။ပန်းရောင်စုံများကိုအဖော်ပြုပြီးချစ်စရာလိပ်ပြာလေးတွေကလည်းဟို,ဒီပျံဝဲနေကြသည်။
"ဂျောင်ကု"
"Hyung?"
ဟုတ်တယ်.. သူ့ရဲ့ hyung.. သူ့ရဲ့ hyung ကအဖြူရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားသည်။ ခေါင်းပေါ်မှာလည်းပန်းရောင်စုံလေးများဖြင့်ပြုလုပ်ထားသည့်သရဖူလေးတစ်ခုနှင့်.. တောက်ပနေတဲ့အလင်းရောင်အောက်မှာစိတ်အလှရုပ်အလှပေါင်းစပ်နေသောမျက်နှာကလေးသည်အလှဆုံးနတ်သားလေးတစ်ပါးနှင့်တူနေသည်။
"ဂျောင်ကု"
Hyung ကသူ့နာမည်ကိုတကြော်ကြော်အော်ရင်းပန်းလေးတွေတပွေ့တပိုက်နှင့်သူ့အနားကိုကလေးလေးတစ်ယောက်လိုရွှင်မြူးစွာခုန်ပေါက်ပြေးလာသည်။
"ဂျောင်ကု.. ဟိုနားမှာလေ.. "
သူက hyung ကိုစကားဆိုခွင့်မပြုဘဲလက်ကလေးကိုဖမ်းဆွဲ၍ခါးလေးကိုလက်နှစ်ဖက်ဖြင့်သိမ်းဖက်လိုက်တော့တင်းကြပ်တဲ့အချုပ်အနှောင်ကြားမှာ hyung ရဲ့ကိုယ်လေးနစ်မြုပ်ပျောက်ကွယ်သွားကာခါးလေးကော့ခေါင်းကလေးမော့သွားသည်။
"Hyung ကိုပြန်တွေ့ခွင့်မရတော့ဘူးလို့ထင်နေတာ"
Hyung ကသူ့ကိုနှလုံးသားမှမေတ္တာကိုမဖုံးလွှမ်းနိုင်တဲ့မျက်ဝန်းညိုလေးများဖြင့်ငေးငေးလေးကြည့်နေရင်းမျက်တောင်ရှည်များအောက်မှမျက်ဝန်းလေးများသည်ရီဝေရွှန်းလဲ့လာသည်။ ပြီးတော့.. နှုတ်ခမ်းလေးကိုစေ့ကာပါးလေးတွေမို့တက်သွားသည်အထိပြုံးပြသည်။
"တော်သေးတာပေါ့.. ဒီအပြုံးလေးတွေကိုမြင်ခွင့်မရတော့ဘူးထင်ပြီးကြောက်နေခဲ့တာ"
သူကနဖူးပေါ်ကျနေတဲ့ဆံနွယ်ပျော့ပျော့လေးတွေကိုအသာအယာသပ်တင်ပေးပြီးနဖူးလေးကိုဖွဖွနမ်းသည်။ ထို့နောက်..မျက်လုံးလေးတွေမှိတ်ကျသွားအောင်မျက်ခွံလေးကိုနှုတ်ခမ်းဖြင့်ဖိကပ်နမ်းသည်။ ပြီးတော့နှာခေါင်းလုံးလုံးလေး..ထိုမှတစ်ဆင့်..နှုတ်ခမ်းဖူးဖူးလေး.. အနမ်းပွင့်တွေကဟိုတစ်ပွင့်ဒီတစ်ပွင့်အဆင့်ဆင့်လွင့်ကြွေလို့.. သူတို့နှစ်ဦးအနမ်းတွေပေးနေကြချိန်မှာသစ်ပင်ပန်းမန်လေးတို့ကလက်ခုပ်တီးရယ်မောရင်းသူတို့ရဲ့အနမ်းတွေကိုမုဒိတာပွားပျော်ရွှင်နေခဲ့သည်။
ဒါပေမယ့်တွန့်တိုတတ်တဲ့ hyung ကတော့ကြာကြာအနမ်းမခံဘဲခေါင်းလေးကိုဘယ်ညာယိမ်းကာသူ့ရင်ဘတ်ကိုလက်ဖြင့်တွန်း၍သူ့ရင်ခွင်ထဲမှရအောင်ရုန်းထွက်ပြီး..
"ဂျောင်ကု.. ဟိုနားမှာလေ.. "
"ဘယ်မှမသွားနဲ့.. ကျွန်တော့်အနားမှာပဲနေ"
Hyung ကသူ့လက်ကိုဆွဲပြီးတစ်နေရာကိုပြေးထွက်ဖို့ပြင်တော့သူကထွက်သွားခွင့်မပေးဘဲရင်ချင်းဆွဲအပ်ကာလွင့်ပျောက်သွားမှာစိုးသည့်အလားတင်းနေအောင်ဖက်ထားလိုက်သည်။ hyung ကသူ့ကိုမျက်စောင်းခဲပြီးမှုန်ကုပ်ကုပ်လေးပြန်ကြည့်သည်။
"ဟိုနားမှာ.. ပန်းတွေအများကြီးရှိတာပြမလို့ဟာကို"
"ပန်းတွေရှိတာဘာထူးဆန်းလို့လဲ"
"ကြာကန်ကြီးလည်းရှိတယ်.. ကြာပန်းတွေပွင့်နေတာမှအများကြီးပဲ။ ကြာပန်းတစ်ပွင့်တစ်ပွင့်ဆိုအကြီးကြီးပဲ"
လက်ဟန်ခြေဟန်၊မျက်နှာအမူအရာအပြည့်နဲ့ပြောနေပုံက ကစားစရာအသစ်ရလို့လိုက်ကြွားနေတဲ့ကလေးလေးနှင့်တူနေသည်။ သူအသည်းယားသွားပြီးမေးစေ့ချွန်ချွန်လေးကိုမနာအောင်ဖွဖွလေးကိုက်လိုက်သည်။
"Hyung ကကျွန်တော့်ထက်ပန်းတွေကိုပိုစိတ်ဝင်စားတယ်ပေါ့လေ။ စိတ်မကောင်းဖြစ်မိတယ်.. တကယ်.. hyung ကိုပြန်တွေ့ခွင့်ရဖို့ကျွန်တော်တစ်ယောက်တည်းဘယ်လောက်တောင်တိုက်ပွဲဝင်ခဲ့ရလဲသိရဲ့လား"
hyung ပေါက်စလေးကတော့သူပြောတဲ့စကားပေါ်မှာဘာအာရုံမှရှိပုံမရ။ ပန်းတွေရှိတဲ့ဘက်ကိုပဲလက်ညှိုးတထိုးထိုး၊လည်ပင်းတဆန့်ဆန့်လုပ်နေသည်။သူကတော့.. hyung ကလွဲရင်တခြားဘာကိုမှမျက်လုံးထဲမမြင်ဘူးဆိုတာ hyung မသိရော့လေသလား..
"တကယ်လှလို့ပြောနေတာ..တခြားပန်းလေးတွေလည်းအများကြီးပါပဲ။ တစ်ချို့ပန်းတွေဆိုအဖူးလေးတွေပဲရှိသေးတယ်တော်တော်လှနေပြီ..ပွင့်လာရင်အလှဆုံးပန်းလေးတွေဖြစ်မှာ"
"အဲ့လောက်လည်းဟုတ်မယ်မထင်ပါဘူး။ ကျွန်တော်မြင်ဖူးသမျှပန်းတွေထဲမှာတော့ကျွန်တော့်ဆီကိုအမှတ်မထင်ရောက်လာတဲ့ပန်းလေးတစ်ပွင့်ကတစ်လောကလုံးမှာအလှဆုံးပဲ"
"တကယ်?"
"အင်း.. အဲ့ဒီ့ပန်းလေးကအခုကျွန်တော့်ဆီမှာရှိတယ်။ ကျွန်တော်တစ်ယောက်ပဲပိုင်တဲ့ပန်းလေးပေါ့"
"မင်းဆီမှာရှိတယ်? ဘယ်မှာလဲ.. ဘယ်ကရတာလဲ"
"ဘယ်ကရတာလဲဆိုတော့.. လက်ဆောင်ရတာ"
"လက်ဆောင်?"
"အင်း.. ကောင်းကင်ဘုံကပို့လိုက်တဲ့လက်ဆောင်"
Hyung ကမျက်မှောင်လေးကုတ်ပြီးခေတ္တမျှငြိမ်ငြိမ်လေးစဥ်းစားသည်။ ပြီးမှနှုတ်ခေါင်းလေးရှုံ့ကာနှုတ်ခမ်းကစူ၍..
"ဟွန့်.. အကောင်းမှတ်လို့နားထောင်နေတာကို"
"အကောင်းပြောနေတာပဲလေ"
"အဲ့ဒါဆို.. မင်းပြောတဲ့ပန်းကဘယ်မှာလဲ.. တကယ်ရှိတာရောဟုတ်လို့လား"
"မြင်ဖူးချင်လား"
"အင်း"
"မြင်ချင်ရင်.. မှန်ကြည့်ပေါ့"
အခုမှသူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုနားလည်သွားဟန်ဖြင့်ညီညာတဲ့သွားတန်းလေးတွေပေါ်အောင်ရယ်သည်။ သူက..ရွှင်လန်းနေတဲ့hyung ရဲ့မျက်နှာလေးကိုမြတ်နိုးမဝစွာမမှိတ်မသုန်ငေးကြည့်နေတုန်း..
"Hyung.."
သူ့မျက်စိရှေ့ကHyung ရဲ့ပုံရိပ်လေးသည်တစ်စတစ်စမှေးမှိန်လာသည်။ သူကအထိတ်တလန့်ဖြင့် hyung ရဲ့ကိုယ်လေးကိုဖမ်းဆုပ်ဖို့ကြိုးစားပေမယ့်မရ..hyung ရဲ့ပုံရိပ်လေးကလေစိုင်ထဲတွင်တဖြည်းဖြည်းမျောလွင့်ကာပျောက်ကွယ်သွားသည်။
"Hyung!!"
သူအရူးတစ်ယောက်လိုအော်ဟစ်ပြေးလွှားပြီး hyung ကိုလိုက်ရှာသည်..မတွေ့။အမှောင်ထုသည်ပတ်ဝန်းကျင်ကိုတစ်စစဝါးမျိုလာပြန်သည်။
"Hyung!!"
သူလည်ချောင်းတွေကွဲထွက်မတတ်အော်ဟစ်ပစ်လိုက်ပေမယ့်အသံကထွက်မလာ..လည်ချောင်းထဲမှာသာတစ်စို့ကွယ်ပျောက်သွားသည်။ အခုတော့.. အမှောင်ထုကြီးထဲမှာအထီးကျန်စွာသူတစ်ယောက်တည်း..
"Hyung.. "
ကောင်းကင်ကြီးသည်သူ့ပေါ်သို့အညှိုးတကြီးပြင်းထန်စွာပြိုကျလာပြန်သည်။ သူသည်သဲ့သဲ့မျှသာညည်းနိုင်တော့လေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
လူတွေရဲ့လှုပ်ရှားသွားလာသံ၊ ဆူညံသံတို့ကသူ့နားထဲသို့တိုးဝင်လာသဖြင့်မှေးခနဲခေတ္တအိပ်ပျော်သွားသောဆော့ဂျင်၏မျက်လုံးလေးများဖြေးညှင်းစွာပွင့်လာ၏။ထိုအခါမျက်ရည်စီးကြောင်းများခမ်းခြောက်ပြီဖြစ်၍တင်းကြပ်နေသောပါးပြင်ကိုသတိထားမိကာဖြူနုသွယ်လျသောလက်ကလေးများဖြင့်ဖွဖွညင်ညင်စမ်းသပ်ရင်းသူ့ရင်မှာစို့နင့်နေ၏။ ဆော့ဂျင်..သူ့ကိုယ်သူတောင်သတိမထားမိနိုင်ခင်မှာပင်သူ့အလိုလိုတစ်ချက်ရှိုက်လိုက်မိပြန်သည်။
သုံးရက်ရှိသွားပြီ..သုံးရက်ဆိုသောအချိန်သည်ဆော့ဂျင်အတွက်သုံးကမ္ဘာမကရှည်ကြာလွန်းလှပါသည်။ မျက်နှာလည်းမြင်တွေ့ခွင့်မရ၊ အခြေအနေဘယ်လိုရှိနေလဲဆိုတာကိုတောင်သိခွင့်မရဘဲအဝေးကနေသာချောင်းကြည့်ခွင့်ရတဲ့သူ့အဖြစ်က.. ငရဲကိုအရှင်လတ်လတ်ကျနေရသလို.. ပူလောင်ရလွန်းလို့လည်းအသည်းနှလုံးတစ်ခုလုံးရစရာမရှိအောင်ကျွမ်းလောင်နေပါပြီ။
"သူဌေးကတော်ကဘောဒီဂတ်တွေပါငှားထားပြီးကျွန်တော့်ကိုတောင်အထဲပေးဝင်တာမဟုတ်ဘူး"
သူ့အတွက်တစ်ဦးတည်းသောအားကိုးရာဖြစ်သည့်မင်ယွန်ဂီကအစဘာမှအကူအညီမပေးနိုင်သည့်အခြေအနေမို့သူ့မှာဂျောင်ကုရဲ့အခန်းရှေ့ကိုနေ့တိုင်းသွားချောင်းရုံကလွဲပြီးတခြားဘာမှမတတ်နိုင်။
"ကျွန်တော်.. စုံစမ်းရသလောက်ကတော့အပြင်ပိုင်းမှာနဖူးကွဲသွားတာကလွဲပြီးတခြားထိခိုက်မှုမရှိဘူးတဲ့။ ဒါပေမယ့်ဘယ်ဘက်အောက်ပိုင်းနံရိုးတစ်ချောင်းကျိုးသွားတယ်။ ပြီးတော့.. သရက်ရွက်မှာသွေးယိုစိမ့်မှုဖြစ်သွားတယ်တဲ့။ ဆေးရုံကိုအချိန်မီရောက်ပြီးခွဲစိတ်တာအောင်မြင်လို့အသက်အန္တရာယ်ကနေလွတ်မြောက်သွားပေမယ့်အခုအချိန်ထိတော့သတိမရသေးဘူးတဲ့"
သူ.. ပြင်းစွာရှိုက်ငိုချင်တဲ့စိတ်ကိုကျိတ်မြိုရင်းသက်ပြင်းတစ်ချက်ကိုဟင်းခနဲချလိုက်သည်။ ပြိုလဲကျသွားတဲ့သူ့စိတ်ကိုအတတ်နိုင်ဆုံးစုစည်းတင်းမာစေလျက်ထရပ်လိုက်ပြီးဂျောင်ကုရဲ့အခန်းရှေ့ကိုနံရံအကွယ်မှလှမ်းချောင်းကြည့်လိုက်သည်။ အတွင်းရေးမှူးမင်ပြောခဲ့တဲ့အတိုင်းအခန်းရှေ့တွင်မျက်နှာထားမာမာနဲ့ဘော်ဒီဂတ်နှစ်ယောက်စောင့်ကြပ်နေသည်။ မျက်နှာတွေကလည်းသနားညှာတာတတ်တဲ့စိတ်ဆိုလို့မြူမှုန်လောက်တောင်ရှိပုံမပေါ်တဲ့မျက်နှာတွေ..
"ငါ.. အိမ်ခဏလောက်ပြန်လိုက်ဦးမယ်။ ငါမရှိတုန်းသေချာစောင့်ကြည့်ထားနော်။ အထဲကိုဘယ်သူမှမဝင်စေနဲ့.. ကြားလား"
"စိတ်ချပါ.. သူဌေးကတော်"
သူကြည့်နေတုန်းဂျောင်ကုရဲ့အမေကအခန်းထဲကထွက်လာပြီးဘော်ဒီဂတ်နှစ်ယောက်ကိုမှာစရာရှိတာမှာကြားကာထွက်သွားသည်။ ဒါအခွင့်အရေးပဲဆိုတာကိုသိပေမယ့်ဒီအခွင့်အရေးကိုဘယ်လိုအသုံးချရမှန်းစဥ်းစားလို့မရဘဲတစ်ယောက်တည်းအကြံအိုက်နေတုန်း.. အိမ်ခဏပြန်သွားကြသည့်ဂျီမင်းနဲ့အတွင်းရေးမှူးမင်တို့စုံတွဲပြန်ရောက်လာကြသည်။ ဂျီမင်းကသူ့ကိုမြင်တာနဲ့အနားကိုပြေးလာပြီးသူ့ပါးနှစ်ဖက်ကိုလက်ဖြင့်အုပ်ကိုင်၍..
"ဆော့ဂျင်းနီး.. အိမ်မပြန်ဘူးလား။ ညကလည်းဒီမှာပဲအိပ်တာလား.. ဟုတ်လား။ အိမ်မှာခဏလောက်တော့ပြန်နားဦးမှပေါ့။ ကျန်းမာရေးတွေထိခိုက်ကုန်တော့မှာပဲ။ ကြည့်ပါဦး..သုံးရက်လောက်တည်းနဲ့မျက်နှာလေးကချောင်ကျသွားလိုက်တာ"
"ဂျီမင်းပြောတာမှန်တယ်။ ဆော့ဂျင်ရှီ.. အိမ်မှာခဏပြန်နားလိုက်ပါလား။ ကျွန်တော်တို့လည်းဒီမှာရှိနေမှာပဲ"
သူကခေါင်းကိုလေးပင်စွာခါရင်း..
"ကျွန်တော်က.. ဒီအချိန်မှာဘယ်လိုလုပ်ပြီးအေးအေးဆေးဆေးအိမ်ပြန်နားနိုင်မှာလဲ"
"ဒါပေမယ့်လည်း.. "
"ဟိုလေ.. အတွင်းရေးမှူးမင်.. အခု.. ဂျောင်ကုရဲ့အမေအထဲမှာမရှိဘူး။ အိမ်ခဏပြန်ဦးမယ်လို့ပြောသွားတာကျွန်တော်ကြားလိုက်တယ်"
"ဟုတ်လား"
"အင်း.. အဲ့ဒါ.. ကျွန်တော်အခုဂျောင်ကုကိုဝင်တွေ့ချင်တယ်။ ခဏလေးပါပဲ.. ၅မိနစ်ပဲ.. ၅မိနစ်ထက်မပိုစေရပါဘူး.. မျက်နှာပဲဖြစ်ဖြစ်ခဏလောက်ကြည့်ခွင့်ရရင်ကျေနပ်ပါပြီ။ ကျွန်တော့်ကိုကူညီပေးလို့မရဘူးလား.. ဟင်"
"ကူညီပေးချင်ပါတယ်။ ဒါပေမယ့်.. အခန်းရှေ့မှာဟိုအယ်လ်ဇေးရှင်းနှစ်ကောင်ကျန်နေခဲ့တယ်လေ"
"သူတို့ကိုအတွင်းရေးမှူးမင်ကခဏလောက်ပထုတ်ပေးလို့မရဘူးလား"
အတွင်းရေးမှူးမင်ကအသည်းအသန်စဥ်းစားဟန်ဖြင့်မျက်မှောင်ကျုံ့သည်။ ပြီးမှ..
"မဖြစ်ဘူးနဲ့တူတယ်။ အဲ့နှစ်ကောင်ကိုကြည့်ရတာလွယ်မယ့်ပုံမပေါ်ဘူး"
"အမလေး.. ဆော့ဂျင်းနီးရယ်။ ကိုယ့်ကိုယ်ကျော်ပြီးသူ့ကိုများအကူအညီသွားတောင်းရတယ်လို့"
သူကဂျီမင်းရဲ့စကားကြောင့်အားတက်သရောဂျီမင်းရဲ့မျက်နှာကိုကြည့်လိုက်ပြီး..
"ဂျီမင်းရှီမှာ.. အကြံဉာဏ်ကောင်းတွေဘာတွေများရှိနေလား"
ဂျီမင်းကသူ့အမေးကိုမဖြေဘဲပြုံးသည်။ ပြီးတော့သူတို့ရှေ့မှာဆေးတွေပါသည့်တွန်းလှည်းကိုတွန်းပြီးဖြတ်သွားသည့်သူနာပြုဆရာမလေးကိုမေးဆတ်ပြသည်။ သူနဲ့အတွင်းရေးမှူးမင်ကဂျီမင်းရဲ့ဆိုလိုရင်းကိုနားမလည်စွာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိတုန်း.. ဂျီမင်းကဟန်အပြည့်ဖြင့်သူနာပြုဆရာမလေးအနားသို့လျှောက်သွားသည်။
"နာမည်လေးက.. ဂို.. အွန်.. ဆောင်း.. နော်"
"ရှင်? ဟုတ်.. ဟုတ်ကဲ့"
ဂျီမင်းကသွားတွေပေါ်အောင်ပြုံးပြပြီးသူနာပြုဆရာမလေးရဲ့နာမည်ကတ်ပြားကိုငုံ့ဖတ်ပြီးမေးလိုက်တော့သူနာပြုဆရာမလေးကကြောင်အမ်းအမ်းမျက်နှာလေးဖြင့်အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေသည်။
"နာမည်လေးကလည်းလှတယ်။ လူကလည်းလှတာပါပဲ။ အလုပ်အကိုင်ကလည်းသူနာပြုဆိုတော့.. စိတ်ထားလေးကလည်းလှမှာပေါ့နော်"
"ဟုတ်.. အဲ.. ကျေးဇူး.. ကျေးဇူးပါ"
ကောင်ချောလေးတစ်ယောက်ကရုတ်တရက်ရောက်လာပြီးမြှောက်သလိုလို၊ ရိသလိုလိုစကားတွေပြောလာတော့ဘဝင်လေဟပ်သွားလို့ထင်.. အသံတွေတောင်တုန်ယင်နေသည်။
"ဒီမှာအလုပ်ဝင်တာကြာပြီလား"
"တစ်.. တစ်နှစ်ကျော်ပါပြီ"
"ဟုတ်လား..တကယ်လို့..ဒီကလူရော၊စိတ်ရော၊ နာမည်ပါလှတဲ့သူနာပြုဆရာမလေးကိုကိုယ်ကအကူအညီတစ်ခုလောက်တောင်းရင်ကူညီပေးမှာလား"
"ကူညီမှာပေါ့။ အရမ်းကိုကူညီပေးမှာ.. စိတ်ရောလူပါနှစ်ပြီးတော့ကိုကူညီပေးမှာ"
ဂျီမင်းကသူနာပြုဂိုအွန်ဆောင်းကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ သူနာပြုလေးကတော့ဂျီမင်းရဲ့အပြုအမူကြောင့်နှလုံးရပ်မသွားအောင်ရင်ဘတ်ကိုဖိထားရင်းဝင်လေထွက်လေမှန်အောင်ကြိုးစားနေရရှာသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဆော့ဂျင်ရှီကို ကူညီမယ်ဆိုပြီးဟိုသူနာပြုကိုဘာတွေသွားပြောနေတာလဲ"
သူကလည်းထိုအဖြေကိုသိချင်သည်။ ထို့ကြောင့်သိချင်စိတ်တို့ဖြင့်ဂျီမင်းရဲ့မျက်နှာကိုစူးစိုက်ကြည့်ရင်းပြန်ဖြေလာမယ့်အဖြေကိုစောင့်နေမိသည်။ ဒါပေမယ့်ဂျီမင်းကဘာစကားမှပြန်မပြောဘဲပြုံးရုံသာပြုံးနေသည်။ အပြုံးကတော့လုံးဝကိုယုံကြည်မှုအပြည့်ရှိတဲ့အပြုံး..
"ခဏကြာရင်.. အသံတစ်သံကြားရလိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင်တော့အားလုံးဇာတ်ရည်လည်သွားကြမှာပါ"
ဂျီမင်းကထိုကဲ့သို့ပဟေဠိဆန်ဆန်စကားကိုပြောပြီးသူနာပြုဂိုအွန်ဆောင်းကို ok sign လေးလှမ်းပြလိုက်သည်။ဂိုအွန်ဆောင်းကဂျီမင်းကိုညင်သာစွာခေါင်းညိတ်ပြ၍တွန်းလှည်းကိုဟန်မပျက်တွန်းကာဂျောင်ကုရဲ့အခန်းရှေ့သို့ဦးတည်သွားနေသည်။ သူနဲ့မင်ယွန်ဂီကတော့ဂျီမင်းတို့ကိုမျက်တောင်မခတ်တမ်းလိုက်ကြည့်နေမိသည်။
သူနာပြုဂိုအွန်ဆောင်းကတွန်းလှည်းကိုတွန်း၍တရွေ့ရွေ့သွားနေရင်းဟိုဘော်ဒီဂတ်နှစ်ယောက်ရပ်နေသည့်နေရာကိုလည်းရောက်တော့..ပစ္စည်းတစ်ခုကိုမတော်တဆပြုတ်ကျသွားသလိုပုံစံမျိုးဖြင့်မသိမသာပစ်ချလိုက်ပြီးပစ္စည်းကိုကုန်းကောက်လိုက်သည်။ ပြီးမှဆတ်ခနဲခါးကိုပြန်မတ်လိုက်ပြီးမီးဝင်းဝင်းတောက်နေသည့်မျက်လုံးများဖြင့်သူမရဲ့အနီးအနားမှာရပ်နေတဲ့ဘော်ဒီဂတ်တစ်ယောက်ရဲ့မျက်နှာကိုစူးစူးရဲရဲကြည့်ကာပါးကိုဖျောင်းခနဲမြည်အောင်ရိုက်ချပစ်လိုက်၏။ ဟိုကလည်းရုတ်တရက်အလစ်အငိုက်မိသွားတာမို့အရိုက်လိုက်ခံရတဲ့ပါးကိုအုပ်ကိုင်ကာကြောင်တောင်တောင်ကြီးရပ်ကြည့်နေသည်။
"ရှင်.. ရှင်.. မိုက်ရိုင်းလှချည်လား။ဒီနားမှာ.. ကျွန်မတစ်ယောက်တည်းရှိနေတယ်ဆိုပြီးအဲ့လိုအသားယူချင်တိုင်းယူလို့ရမယ်များထင်နေလား.. ဟင်"
"ဟင်? ကျွန်.. ကျွန်တော်ဘာများလုပ်မိလို့လဲ"
"ဘာလုပ်မိလဲ.. ဟုတ်လား။ ကျွန်မခုနကပစ္စည်းကုန်းကောက်တုန်းကရှင်.. ကျွန်မတင်ပါးကိုလာကိုင်တယ်လေ။ ရှင်ရော.. အလိုတူအလိုပါပဲမဟုတ်လား"
ကျန်တဲ့ဘော်ဒီဂတ်တစ်ယောက်ကလည်းသူ့ဟာသူဘာမှဝင်မပြောဘဲရပ်နေတာတောင်ကြံရာပါအဖြစ်အစွပ်စွဲခံလိုက်ရသဖြင့်လက်တခါခါဖြင့်အသည်းအသန်ငြင်းရရှာသည်။
"ဪ.. ဒီနေရာမှာဘယ်သူမှမရှိဘူးဆိုပြီးရှင်တို့ကဗြောင်လိမ်ချင်တယ်ပေါ့"
"မဟုတ်ပါဘူး.. ခင်ဗျားကိုထိဖို့နေနေသာသာ၊ ကြည့်တောင်မကြည့်မိပါဘူး"
"ဝါး.. ခင်ဗျားတို့ကလူလိမ်တွေပဲ။ ယောက်ျားရင့်မာကြီးနှစ်ယောက်ပေါင်းပြီးမိန်းမပျိုလေးကိုဝိုင်းလိမ်ကြတယ်ပေါ့ဟုတ်လား။ခင်ဗျားတို့ကကိုယ်ထိလက်ရောက်လည်းကျူးလွန်သေးတယ်.. လိမ်လည်းလိမ်တယ်ဆိုတော့မလွန်လွန်းဘူးလား။ ခင်ဗျား.. ဒီသူနာပြုဆရာမလေးကိုဘာလုပ်လိုက်လဲဆိုတာကျွန်တော်ဟိုနားကနေအစအဆုံးမြင်လိုက်တယ်နော်"
ဂျီမင်းကပါပုန်းနေရာမှထွက်သွားပြီးဟိုမဲမဲနှစ်ကောင်ကိုသူနာပြုဆရာမလေးဘက်ကနေဝင်ပြီးစွဲချက်တွေထပ်တင်သည်။ အခုမှပဲ သူလည်းဂျီမင်းရဲ့အကြံအစည်တွေကိုတဖြည်းဖြည်းချင်းနားလည်လာတော့သည်။
"မဖြစ်တော့ဘူး.. ဒင်းတို့ကိုလုံခြုံရေးလက်အပ်မှဖြစ်တော့မယ်.. လာစမ်း.. ပြီးရင်.. ရဲလက်ပါတစ်ခါတည်းအပ်ပစ်မယ်"
"မဟုတ်.. "
သူနာပြုဆရာမလေးကထိုသူကိုဘာစကားမှအပြောမခံဘဲအင်္ကျီကော်လံကိုကိုင်ကာအတင်းဆွဲခေါ်သွားသည်။ အဲ့ဒီလိုပဲ.. ဂျီမင်းကလည်းအားကျမခံ.. ကျန်ခဲ့တဲ့တစ်ယောက်ဘက်သို့လှည့်ကာ..
"ခင်ဗျားကရော.. ဒီမှာဘာလုပ်နေတာလဲ။ခင်ဗျားလည်းအလိုတူအလိုပါပဲမဟုတ်ဘူးလား"
ထိုလူရဲ့ဂုတ်ကိုညှစ်ကိုင်၍ဆွဲခေါ်သွားသည်။ ဟိုကလည်းရုန်းရင်းငြင်းရင်းဖြင့်ဂျီမင်းခေါ်ရာနောက်သို့ယက်ကန်, ယက်ကန်ဖြင့်ပါသွားလေတော့သည်။ အခုများကျတော့လည်း alsatian နှစ်ကောင်ကဂျီမင်းနဲ့သူနာပြုဆရာမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုအောက်မှာ chihuahuaလောက်တောင်မာန်မဖီနိုင်ကြတော့ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ကျွန်တော်ကအပေါက်ဝမှာစောင့်နေခဲ့မယ်။ ဆော့ဂျင်ရှီက boss ကိုဝင်တွေ့လိုက်။ အရမ်းတော့မကြာစေနဲ့နော်။ တော်ကြာ.. သူဌေးကတော်ပြန်လာရင်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်"
သူကအတွင်းရေးမှူးမင်ကိုခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ပြင်ဆင်ထားပေမယ့်တံခါးလက်ကိုင်ဘုပေါ်ကသူ့လက်တွေကတုန်ယင်နေသည်။ တဖြည်းဖြည်းပွင့်ဟလာတဲ့ကျွီခနဲတံခါးဖွင့်သံရဲ့နောက်မှာသူ့နှလုံးခုန်သံတဒိန်းဒိန်းကလည်းကပ်ပါသွားသည်။ သူ့မျက်လုံးတွေကိုမှိတ်ကာသက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးအခန်းထဲသို့တစ်လှမ်းချင်းဝင်လိုက်သည်။
အခန်းထဲဝင်ဝင်ချင်းဂျောင်ကုရဲ့အသက်ရှူသံပြင်းပြင်းကိုရှေးဦးစွာကြားရ၏။ အောက်ဆီဂျင်ကိုအလုအယက်ရှူရင်းအသက်ရှင်ဖို့တိုက်ပွဲဝင်နေရှာတဲ့ဂျောင်ကုကိုမြင်တော့ရင်ထဲတွင်မချိမဆန့်ခံစားလာရသည်။ အမှန်ဆို ဒီနေရာ.. ဒီဆေးရုံကုတင်ပေါ်မှာလဲလျောင်းနေရမှာ.. သူပါ။ အခုတော့.. သူ့ကြောင့်.. ထိန်းထားတဲ့ကြားကငိုချင်လာသည်။ မငိုမိအောင်အံကိုတင်းနေအောင်ကြိတ်ပြီးထိန်းလိုက်တော့အင့်ခနဲရှိုက်သံတစ်ချက်ပါးစပ်ကကျွံထွက်သွားသည်။
"မင်းက.. တော်တော်မကောင်းတဲ့ကောင်ပဲ။ဘာလို့များ.. ငါ့ကိုအဲ့လိုအထင်လွဲရက်တာလဲ။ ငါကတော့.. အမြဲတမ်းမင်းကိုယုံကြည်ပေးခဲ့ရတာ.. တကယ်.. မတရားဘူးသိလား.. အမြဲ.. သူအနိုင်ချည်းပဲ။ အခုရော.. ဒီမှာဘာလုပ်နေတာလဲ.. မြန်မြန်ထလာပြီး.. ငါ့ဆီမှာ.. ခွင့်လွှတ်ပေးဖို့တောင်းပန်ရမှာမဟုတ်ဘူးလား"
ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုလက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်သည်။
"အဲ့ဒါကြောင့်.. အဲ့ဒါကြောင့်.. အကြာကြီးအိပ်မနေပါနဲ့.. ထတော့လေ"
သူပဲစိတ်ထင်လို့လားမသိ.. ဂျောင်ကုရဲ့အသက်ရှူသံကပိုကျယ်လောင်လာသလိုခံစားနေရသည်။
"အခု.. နိုးလာပေးမယ်ဆိုရင်.. အရင်ကမင်းလုပ်ခဲ့တဲ့အပြစ်တွေအကုန်လုံးခွင့်လွှတ်ပေးမယ်.. မလုပ်ရသေးတဲ့အပြစ်တွေအတွက်လည်းကြိုပြီးတော့ခွင့်လွှတ်ပေးမယ်"
ပြောရင်းစို့နင့်လာကာသူ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်အိုင်လာသလိုအသံမှာလည်းတုန်ရီတိုးဝင်ဖျော့တော့သွားလေသည်။
"ဒါပေမယ့်.. ဒါပေမယ့်.. ဆက်ပြီးအိပ်နေမယ်ဆိုရင်.. မင်းကို.. တစ်သက်လုံးမုန်းနေမှာ.."
သူကဂျောင်ကုရဲ့မျက်နှာကိုမတုန်မလှုပ်တွေတွေလေးစူးစိုက်ကြည့်လျှက်ငြိမ်သက်နေရာမှမျက်လွှာချလိုက်တော့မျက်ရည်တစ်ပွင့်ကကုတင်ပေါ်တွင်လွတ်လွတ်လပ်လပ်ကျနေသည့်ဂျောင်ကုရဲ့လက်ပေါ်သို့ကြွေဆင်းသွားတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီမှာဘာလုပ်နေတာလဲ.. မြန်မြန်ထလာပြီး.. ငါ့ဆီမှာ.. ခွင့်လွှတ်ပေးဖို့တောင်းပန်ရမှာမဟုတ်ဘူးလား"
ဒါ.. ဒါ.. hyung ရဲ့အသံ.. အမှောင်ထုကြီးထဲမှာဘယ်သွားလို့ဘယ်လာရမှန်းမသိဘဲလမ်းပျောက်နေတုန်းနားထဲပဲ့တင်ထပ်သလိုဝင်လာတဲ့အသံလေးကြောင့်အသံလာရာကိုအရပ်ရှစ်မျက်နှာအနှံ့မှန်းဆကာပြေးလွှားရှာကြည့်မိသည်။
"အကြာကြီးအိပ်မနေပါနဲ့.. ထတော့လေ"
"Hyung.. "
နားထဲမှာအသံတွေကြားနေရပေမယ့်အသံကဘယ်ကလာမှန်းမသိ.. သူကလက်မလျှော့ဘဲအသံလာရာနောက်ကိုမမောနိုင်မပန်းနိုင်ပြေးလိုက်နေမိသည်။ ပြေးနေရင်း.. လူကမြေကြီးနဲ့ခြေထောက်မထိတော့သလိုခံစားလာရပြီးမသဲမကွဲအလင်းရောင်ဖြူဖြူကိုလှမ်းမြင်နေရသည်။ သူက.. ထိုအလင်းရောင်နောက်သို့မနားတမ်းအပြေးလိုက်သွားစဥ်.. လူကကမ္ဘာမြေကြီးရဲ့ဆွဲအားနှင့်ဆန့်ကျင်ဘက်သို့မျောလွင့်သွားပြီးအလင်းတန်းဖြူဖြူရဲ့ခေါ်ဆောင်ရာနောက်သို့လိုက်ပါသွားတော့သည်။
"Hyung.. "
သူ.. သူ.. hyung ကိုမြင်နေရတာပဲ။ hyung က.. hyung က.. အခု.. ငိုနေတာလား။ သူ့လက်ကိုမြှောက်ပြီး hyung ရဲ့မျက်ရည်တွေကိုသုတ်ပေးဖို့ကြိုးစားကြည့်သည်။ ဒါပေမယ့်.. လှုပ်လို့မရ။
"အခု.. နိုးလာပေးမယ်ဆိုရင်.. အရင်ကမင်းလုပ်ခဲ့တဲ့အပြစ်တွေအကုန်လုံးခွင့်လွှတ်ပေးမယ်.. မလုပ်ရသေးတဲ့အပြစ်တွေအတွက်လည်းကြိုပြီးတော့ခွင့်လွှတ်ပေးမယ်"
"Hyung.. ကျွန်တော်နိုးနေပြီလေ.. hyung.. "
သူက hyungကိုစကားတွေပြောဖို့ကြိုးစားသော်လည်းအချည်းအနှီးသာ။hyung ကသူ့အသံကိုကြားပုံမပေါ်။
"ဒါပေမယ့်.. ဒါပေမယ့်.. ဆက်ပြီးအိပ်နေမယ်ဆိုရင်.. မင်းကို.. တစ်သက်လုံးမုန်းနေမှာ.."
"ကျွန်တော်.. ဒီမှာရှိနေတယ်လေ.. hyung ရယ်.. hyung ကိုအခုစကားတွေပြောနေတယ်လေ"
သူ့အဖြစ်ကဘီလူးစီးခံနေရသလို..ဦးနှောက်အသိစိတ်ရှိနေပေမယ့်လက်တွေခြေတွေဘာတစ်ခုမှလှုပ်လို့မရ.. ရုန်းလို့လည်းမရ။ ရုန်းလေ.. ရုန်းလေ..သူ့ခန္ဓါကိုယ်ကြီးကပိုလေးလံလာလေ.. အသက်ရှူရခက်ခဲလာလေ..
"Hyung.. "
ရုတ်တရက်သူ့လက်လေးတစ်ဖက်မှာနွေးခနဲခံစားလိုက်ရသည်။ ထို့နောက်မှာတော့.. သူ့လက်ချောင်းလေးတွေစတင်လှုပ်ရှားလို့ရလာသည်။ ပြီးတော့.. မျက်ခွံလေးတွေမှာလည်းလေးလံမှုလျော့နည်းလာသည်။
"ဂျောင်ကု"
သူ့နာမည်ကိုကပျာကယာလှမ်းခေါ်လိုက်တဲ့Hyung ရဲ့အသံတိုးတိုးလေးကိုကြားရသည်။ သူ့မျက်လုံးတွေဖွင့်လို့ရလာသည်။ သူ့မျက်နှာကိုမျှော်လင့်ချက်များစွာဖြင့်စစိုက်ကြည့်နေတဲ့ hyung ရဲ့မျက်နှာလေးကိုပြတ်ပြတ်သားသားမြင်လာသည်။
"သတိ.. သတိ.. ရပြီလား"
"H..hy..ung"
သူ.. စကားပြောလို့လည်းရပြီပဲ။
"ခဏ.. ခဏလေး.. ဆရာဝန်ခေါ်.. အဲ.. အတွင်းရေးမှူးမင်အပြင်မှာရှိတယ်.. ခေါ်ပေးမယ်"
သူက.. ကမန်းကတန်းအပြင်ကိုပြေးထွက်ဖို့ပြင်နေတဲ့ hyung ရဲ့လက်လေးကိုဖမ်းဆွဲလိုက်သည်။ hyung ကမျက်ရည်ဝဲနေဆဲမျက်လုံးဝိုင်းလေးများဖြင့်သူ့ကိုပြူးပြူးလေးပြန်လှည့်ကြည့်သည်။
"Hyung.. ဘယ်တွေ.. ရောက်.. နေတာလဲ။ ကျွန်တော်.. ရှာ.. လိုက်..ရ..တာ"
"စကားတွေအများကြီးမပြောနဲ့ဦးလေ"
"တ..ကယ်..နော်"
"ဟင်?"
"နိုး..လာ..ပေးရင်.. ကျွန်တော့်ကို.. ခွင့်လွှတ်.. ပေးမယ်ဆိုတာ.. တ..ကယ်..နော်.. "
Hyung ကသူ့ဘက်ကိုမျက်နှာလှည့်လာသည်။ ပါးပြင်နုနုလေးပေါ်မှာမျက်ရည်စီးကြောင်းလေးတွေကျန်နေသေးပေမယ့်နှုတ်ခမ်းလေးကပြုံးနေသည်။ ထို့နောက် hyung ရဲ့လက်တစ်ဖက်ဆုပ်ကိုင်ထားတဲ့သူ့လက်ပေါ်ကိုကျန်လက်တစ်ဖက်ဖြင့်ဖွဖွလေးပြန်လည်ဆုပ်ကိုင်၍ ခေါင်းလေးကိုအသာအယာညိတ်ပြသည်။
ကျေနပ်ကြည်နူးခြင်းများစွာဖြင့်ဝေဒနာတွေမေ့ပျောက်သွားကာသူ့မျက်နှာသည်လည်းချိုအီပြုံးမြနေမှာသေချာပါသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အကုန်ပြန်ခေါ်သွား.. နှစ်ယောက်လုံးကိုမမြင်ချင်ဘူး။ ဘော်ဒီဂတ်ထားရအောင်.. ကျွန်တော်ကနိုင်ငံတော်သမ္မတလည်းမဟုတ်ဘူး"
မဲမဲမြင်ရင်ထိတ်လန့်ရ၊မွန်းကြပ်ရလွန်းလို့အရိပ်တောင်မမြင်ချင်ပါဘူးဆိုမှ.. ဒီမဲမဲနှစ်ကောင်ကအချိန်ပြည့်သူ့အခန်းရှေ့မှာရှိနေတာမို့မမြင်ချင်လည်းမြင်နေရတာကဒေါသထွက်စရာ.. ပြီးတော့သူတို့နှစ်ယောက်ရှိနေရင်သူ့ရဲ့hyungနဲ့လည်းတွေ့ချင်တိုင်းတွေ့လို့မရနိုင်တာကြောင့်အဲ့ဒီ့နှစ်ယောက်ကိုမြင်တာနဲ့ရိုက်သတ်ချင်စိတ်တောင်ဖြစ်မိသည်။
"အဲ့ဒီ့နှစ်ယောက်ကိုပြန်လွှတ်ပြီးရင်အမေပါတခါတည်းပြန်တော့"
"ဘော်ဒီဂတ်မထားချင်တာဟုတ်ပါပြီ။ အမေ့ကိုဘာလို့အတင်းနှင်ထုတ်နေတာလဲ"
"ရှုပ်လို့.. နှင်နေတယ်မထင်ပါနဲ့။ အမေ.. ပင်ပန်းနေမှာစိုးလို့ပါ။ ကျွန်တော်လည်းနေကောင်းနေပြီပဲ.. ကျွန်တော့်အနားမှာအချိန်ပြည့်အမေရှိနေပေးစရာမလိုပါဘူး။ အဲ့ဒါကြောင့်.. အိမ်ပြန်ပြီးနားလိုက်တော့.. နားလို့ဝမှ.. ပြန်မလာနဲ့"
"အမ်"
"ဪ.. ပြန်ပါဆိုမှ"
အမေ့ရဲ့ပခုံးနှစ်ဖက်ကိုကိုင်ကာအခန်းထဲမှတွန်းထုတ်၍ အတင်းပြန်လွှတ်တော့အမေကမပြန်ချင်,ပြန်ချင်ဖြင့်ပြန်သွားရရှာသည်။အမေပြန်သွားပြီးသိပ်မကြာခင်မှာ.. အတွင်းရေးမှူးမင်ရောက်လာသည်။
"Boss.."
"ရောက်လာတာနဲ့အတော်ပဲ.. တစ်ချက်လောက်ကြည့်ပေးစမ်းပါ။ ကျွန်တော့်ပုံကအရမ်းနေမကောင်းဖြစ်နေတဲ့ပုံပေါ်လား"
"အင်း.. ကျွန်တော့်အမြင်မှာတော့.. boss ပုံက.. အခုလက်ဝှေ့သွားထိုးမယ်ဆိုတောင်ရနေပြီ"
"တကယ်?"
Boss ကကုတင်ပေါ်မှဆင်း၍မှန်ရှေ့ကိုအပြေးအလွှားသွားကြည့်သည်။
"ဘာလို့များဒီလောက်တောင်မြန်မြန်ဆန်ဆန်ကြီးနေကောင်းသွားပါလိမ့်။ နေမကောင်းတာကိုအကြောင်းပြပြီး hyung လာရင်ကပ်ချွဲမလို့ပါဆိုမှ"
"ကျွတ်.. ကျွတ်.. ကျွတ်..အဲ့ဒါကြောင့်ပြောတာ.. နလန်ထတွေထဲမှာအချစ်နလန်ထကဆိုးပါတယ်လို့"
"ဘာပြောလိုက်တာလဲ"
"ဘာမှ.. မပြောပါဘူး"
"တကယ်လို့.. ဒီလိုလေး.. မျက်နှာငယ်ထားမယ်ဆိုရင်ရောနေမကောင်းတဲ့သူနဲ့တူလား"
"ဘာထူးမှာလဲ..boss ကဆော့ဂျင်ရှီကိုမြင်ရင်နွားပွဲစားရှေ့ရောက်သလိုသွားကြီးဖြဲနေမှာသေချာနေတာပဲကို"
"ဘာ!"
"ဘာပဲဖြစ်ဖြစ်.. boss ကိုအခုလိုကျန်းကျန်းမာမာနဲ့ပြန်မြင်ရတာ.. အရမ်းဝမ်းသာပါတယ်။ boss မြန်မြန်သတိရပါစေဆိုပြီးဆုတောင်းနေခဲ့တာ"
အတွင်းရေးမှူးမင်ရဲ့စကားမှာစိတ်ရင်းအမှန်တွေပါဝင်နေတာခံစားလိုက်ရတာမို့လေသံကိုပြန်လျှော့လိုက်ပြီး..
"ကျေးဇူး.."
"မဟုတ်ရင်.. ဆော့ဂျင်လေးတော်တော်ခံစားနေရရှာမှာ။ ကျွန်တော်ကတော့ဆော့ဂျင်လေးကိုပဲသနားတယ်"
"ထွက်သွား"
သူကလေသံမာမာနဲ့အော်ပစ်လိုက်တော့အတွင်းရေးမှူးမင်ကထုံးစံအတိုင်းနှုတ်ခမ်းလေးတွန့်ရုံပြုံးပြီးအခန်းထဲကထွက်ဖို့ပြင်သည်။ ထို့နောက်.. တံခါးနားရောက်မှပြန်လှည့်လာ၍..
"ဪ.. ဒါနဲ့.. တစ်ခုတော့ပြောရဦးမယ်။ Boss သတိမေ့နေတုန်းကဆော့ဂျင်လေးခမျာဝမ်းနည်းပြီးအားငယ်နေရှာလို့ကျွန်တော်နဲ့ဂျီမင်းပွေ့ဖက်ပြီးနှစ်သိမ့်လိုက်တာလေးစက္ကန့်ထက်တော်တော်ပို.. "
"ရား!"
သူလည်းစိတ်ဆိုးဆိုးနဲ့ခေါင်းအုံးကိုယူပြီးအတွင်းရေးမှူးမင်ကိုလှမ်းအပေါက်..အတွင်းရေးမှူးမင်ကကိုယ်ကိုတိမ်းပြီးရှောင်လိုက်တော့ခေါင်းအုံးကအခန်းထဲကိုဝင်လာတဲ့တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုသွားမှန်သည်။
"ဝါး.. ဝါး..ထင်တာထက်တောင်ပိုပြီးကျန်းမာနေတာပဲ"
"မင်းကဒီကိုဘာလာလုပ်ပြန်တာလဲ"
ရိုဘင်ကခေါင်းအုံးကိုပိုက်၍ခပ်တည်တည်ဖြင့်ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။
"ဘာလာလုပ်ရမှာလဲ.. လူနာသတင်းလာမေးတာပေါ့။မင်းအခုလိုဖြစ်သွားတာငါနဲ့လည်းနည်းနည်းပတ်သက်နေတော့စိတ်ထဲမှာမလုံသလိုလိုဖြစ်မိတာနဲ့.. ပြီးတော့ငါတို့ကညီအစ်ကိုတွေပဲလေ။ ဝတ္တရားအရတော့လာကြည့်သင့်တာပေါ့.. မဟုတ်ဘူးလား"
"မလိုဘူး.. ပြန်တော့"
"ပြန်မှာပါ.. ဒါပေမယ့်တစ်ခုလောက်တော့သတိပေးပါရစေဦး။ အလကားနေရင်းအမုန်းခံနေရတာမတန်ဘူးထင်လို့"
"ဘာလဲ"
"တစ်အချက်.. အလောင်းကစားကိစ္စကမင်းနဲ့ငါနဲ့နှစ်ဦးသဘောတူလုပ်ခဲ့တာနော်။ ငါကမင်းကိုအတင်းအကျပ်လုပ်ခိုင်းခဲ့တာမဟုတ်ဘူး။ ပြီးတော့.. မင်းဘက်ကအရင် စည်းကမ်းဖောက်ဖျက်တာနော်။ ငါ့နေရာမှာမင်းဆိုရင်ရော.. ဒီအတိုင်းဘာမှမဖြစ်ခဲ့သလိုကျော်သွားပြီးငါ့ကိုပြုံးပြုံးလေးနဲ့အနိုင်ပေးမလား.. မလုပ်နိုင်ဘူးမဟုတ်လား"
သူကထောက်ခံတာ၊ ငြင်းတာဘာတစ်ခုမှမပြောဘဲရိုဘင်ဆက်ပြောလာမယ့်စကားကိုငြိမ်သက်စွာနားထောင်နေသည်။
"နှစ်အချက်..ငါမကျူးလွန်ထားတဲ့ကိစ္စမှာငါ့နာမည်ကြီးထည့်သုံးထားတာမဖြစ်သင့်ဘူးထင်လို့လာဖြေရှင်းတာ.. ယုံတာ,မယုံတာကတော့မင်းအပိုင်းပေါ့။ ကားအက်စီးဒင့်ကိစ္စကိုတော့.. ဟုတ်တယ်.. ဝန်ခံတယ်။ ကင်ဆော့ဂျင်နဲ့ရင်းနှီးချင်လို့သပ်သပ်ခွင်ဆင်ခဲ့တာ။ ဒါပေမယ့်..မင်းရဲ့အတွင်းရေးမှူးလိုက်စုံစမ်းနေတဲ့ဓါတ်ပုံတွေကတော့ငါနဲ့မဆိုင်ဘူး။ အဲ့ဒီ့နေ့ကငါ့ဆီကိုပီဇာလာပို့တဲ့သူကဆော့ဂျင်ဖြစ်နေတာတိုက်ဆိုင်မှုသက်သက်ပဲ။ အဲ့ဒီ့နေ့ကအဲ့ဒီ့ဟိုတယ်မှာငါက.. ငါ့ကောင်မလေးနဲ့ချိန်းထားတာ.. မယုံရင်စုံစမ်းကြည့်လို့ရတယ်"
"အခုမှ.. ဒါတွေလာပြောနေလို့ဘာထူးမှာလဲ"
"မထူးဘူးဆိုပေမယ့်.. သိထားသင့်တယ်ထင်လို့။ဪ.. နောက်တစ်ခုရှိသေးတယ်။ငါမင်းကိုဖုန်းဆက်ခဲ့တဲ့ညကငါ့ဆီကိုမင်းနဲ့ဆော့ဂျင်အတူတူရှိနေတဲ့အကြောင်းကိုအမည်မသိလူတစ်ယောက်ကလှမ်းပြီးသတင်းပေးခဲ့တာ"
"အမည်မသိလူတစ်ယောက်"
"ပြီးတော့အဲ့ဒီ့ညကမှငါ့ကိုမင်းလိမ်ထားတယ်ဆိုတာသိခဲ့တာ။အဲ့ဒါကြောင့်သိသိချင်းငါလည်းအရမ်းစိတ်ဆိုးပြီး.. ထားပါတော့.. မင်းပြောသလိုပဲ.. အခုမှဒါတွေပြန်ပြောနေလို့ဘာထူးမှာလဲ။ ဘာပဲဖြစ်ဖြစ်.. အခုဖြစ်သွားတဲ့ကိစ္စမှာ.. ကင်ဆော့ဂျင်အပေါ်မှာထားတဲ့မင်းရဲ့စိတ်ရင်းအမှန်ကိုမြင်လိုက်ရလို့.. ရှေ့ဆက်လျှောက်မယ့်မင်းရဲ့အချစ်လမ်းခရီးမှာကံကောင်းပါစေလို့လာဆုတောင်းပေးတာ။ ကဲ.. သွားမယ်"
ရိုဘင်ကရင်ဘတ်မှာပိုက်ထားတဲ့ခေါင်းအုံးကိုသူ့ကိုပစ်ပေးပြီးအခန်းထဲကထွက်သွားဖို့ပြင်သည်။
"ရိုဘင်"
သူ့ခေါ်သံကြားလို့ရိုဘင်ကတံခါးလက်ကိုင်ဘုကိုကိုင်ရင်းနောက်ကိုသမင်လည်ပြန်လှည့်ကြည့်သည်။
"မင်းလည်း.. ကံကောင်းပါစေ"
"ငါကအမြဲကံကောင်းပြီးသားပါ"
ရိုဘင်ထွက်သွားတော့အတွေးများစွာကသူ့ခေါင်းထဲကိုပလုံစီပြီးဝင်လာပြန်သည်။ အဲ့ဒီ့ညက.. သူနဲ့ hyung အတူတူရှိနေတာကိုအတွင်းရေးမှူးမင်အပြင်သိတဲ့လူတခြားတစ်ယောက်ရှိနေသေးတာလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
ဒါလေးကိုတော့အပိုင်း ၂၈ ပိုင်းလောက်အထိတော့မှန်းထားတယ်။ အခု prologue အပါအဝင်အပိုင်း ၂၂ တောင်ရောက်ပြီဆိုတော့နောက် ၆ပိုင်းလောက်ဆိုဇာတ်သိမ်းနိုင်မယ်ထင်တာပဲ။ အဲ့ဒီ့ထက်ရှည်သွားရင်လည်းစိတ်မဆိုးကြနဲ့နော် 😁
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
ေဝးလံေသာခရီးၾကမ္းတစ္ခုကိုျဖတ္ေျပးလာရသျဖင့္လူကအင္အားကုန္ခမ္းၿပီးႏြမ္းနယ္ေနသည္။ အင္အားရွိသမွ်မနားတမ္းသာေျပးလႊားေနရေသာ္လည္းဘယ္ဆီကိုေျပးေနမိမွန္းလည္းမသိ.. ဘယ္ဆီကိုေရာက္ေနမွန္းလည္းမသိ.. ျမင္ျမင္သမွ်ေနရာတိုင္းမွာအေမွာင္ထုႀကီးသာႀကီးစိုးမင္းမူေနသည္။ ဒါေပမယ့္.. သူလက္မေလွ်ာ့ပါ။ ေျခလက္ေတြမသယ္ခ်င္ေလာက္ေအာင္ပင္ပန္းေနလည္းဒီအေမွာင္ထုထဲမွလြတ္ေျမာက္ေအာင္မနားတမ္းဆက္ေျပးေန၏။
"ေဂ်ာင္ကု"
ပိန္းပိတ္ေနတဲ့အေမွာင္ဟာ႐ုတ္တရက္ေကာင္းကင္ဘုံလိုလင္းခ်င္းသြားသည္။ အရပ္ရွစ္မ်က္ႏွာအနီးဝန္းက်င္ကိုေမွ်ာ္ၾကည့္လိုက္ေတာ့ကမၻာဦးအစကိုျပန္ေရာက္သြားသလို.. ၾကည္လင္ရွင္းသန့္တဲ့မိုးေကာင္းကင္ေပၚတြင္လွပဆန္းၾကယ္တဲ့တိမ္မွ်င္ျဖဴျဖဴေလးေတြကလြင့္ေမ်ာေျပးလႊားေနသည္။ သန့္ရွင္းလတ္ဆတ္တဲ့ေလေျပညွင္းတို႔ကသာသာညင္းညင္းေလးတိုက္ၿပီးသူ႕ကိုအေမာေျပေဆးေကြၽးေနဟန္ရွိသည္။ပန္းေရာင္စုံမ်ားကိုအေဖာ္ျပဳၿပီးခ်စ္စရာလိပ္ျပာေလးေတြကလည္းဟို,ဒီပ်ံဝဲေနၾကသည္။
"ေဂ်ာင္ကု"
"Hyung?"
ဟုတ္တယ္.. သူ႕ရဲ႕ hyung.. သူ႕ရဲ႕ hyung ကအျဖဴေရာင္ဝတ္စုံေလးကိုဝတ္ဆင္ထားသည္။ ေခါင္းေပၚမွာလည္းပန္းေရာင္စုံေလးမ်ားျဖင့္ျပဳလုပ္ထားသည့္သရဖူေလးတစ္ခုႏွင့္.. ေတာက္ပေနတဲ့အလင္းေရာင္ေအာက္မွာစိတ္အလွ႐ုပ္အလွေပါင္းစပ္ေနေသာမ်က္ႏွာကေလးသည္အလွဆုံးနတ္သားေလးတစ္ပါးႏွင့္တူေနသည္။
"ေဂ်ာင္ကု"
Hyung ကသူ႕နာမည္ကိုတေၾကာ္ေၾကာ္ေအာ္ရင္းပန္းေလးေတြတေပြ႕တပိုက္ႏွင့္သူ႕အနားကိုကေလးေလးတစ္ေယာက္လို႐ႊင္ျမဴးစြာခုန္ေပါက္ေျပးလာသည္။
"ေဂ်ာင္ကု.. ဟိုနားမွာေလ.. "
သူက hyung ကိုစကားဆိုခြင့္မျပဳဘဲလက္ကေလးကိုဖမ္းဆြဲ၍ခါးေလးကိုလက္ႏွစ္ဖက္ျဖင့္သိမ္းဖက္လိုက္ေတာ့တင္းၾကပ္တဲ့အခ်ဳပ္အႏွောင္ၾကားမွာ hyung ရဲ႕ကိုယ္ေလးနစ္ျမဳပ္ေပ်ာက္ကြယ္သြားကာခါးေလးေကာ့ေခါင္းကေလးေမာ့သြားသည္။
"Hyung ကိုျပန္ေတြ႕ခြင့္မရေတာ့ဘူးလို႔ထင္ေနတာ"
Hyung ကသူ႕ကိုႏွလုံးသားမွေမတၱာကိုမဖုံးလႊမ္းနိုင္တဲ့မ်က္ဝန္းညိုေလးမ်ားျဖင့္ေငးေငးေလးၾကည့္ေနရင္းမ်က္ေတာင္ရွည္မ်ားေအာက္မွမ်က္ဝန္းေလးမ်ားသည္ရီေဝ႐ႊန္းလဲ့လာသည္။ ၿပီးေတာ့.. ႏႈတ္ခမ္းေလးကိုေစ့ကာပါးေလးေတြမို႔တက္သြားသည္အထိၿပဳံးျပသည္။
"ေတာ္ေသးတာေပါ့.. ဒီအၿပဳံးေလးေတြကိုျမင္ခြင့္မရေတာ့ဘူးထင္ၿပီးေၾကာက္ေနခဲ့တာ"
သူကနဖူးေပၚက်ေနတဲ့ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကိုအသာအယာသပ္တင္ေပးၿပီးနဖူးေလးကိုဖြဖြနမ္းသည္။ ထို႔ေနာက္..မ်က္လုံးေလးေတြမွိတ္က်သြားေအာင္မ်က္ခြံေလးကိုႏႈတ္ခမ္းျဖင့္ဖိကပ္နမ္းသည္။ ၿပီးေတာ့ႏွာေခါင္းလုံးလုံးေလး..ထိုမွတစ္ဆင့္..ႏႈတ္ခမ္းဖူးဖူးေလး.. အနမ္းပြင့္ေတြကဟိုတစ္ပြင့္ဒီတစ္ပြင့္အဆင့္ဆင့္လြင့္ေႂကြလို႔.. သူတို႔ႏွစ္ဦးအနမ္းေတြေပးေနၾကခ်ိန္မွာသစ္ပင္ပန္းမန္ေလးတို႔ကလက္ခုပ္တီးရယ္ေမာရင္းသူတို႔ရဲ႕အနမ္းေတြကိုမုဒိတာပြားေပ်ာ္႐ႊင္ေနခဲ့သည္။
ဒါေပမယ့္တြန့္တိုတတ္တဲ့ hyung ကေတာ့ၾကာၾကာအနမ္းမခံဘဲေခါင္းေလးကိုဘယ္ညာယိမ္းကာသူ႕ရင္ဘတ္ကိုလက္ျဖင့္တြန္း၍သူ႕ရင္ခြင္ထဲမွရေအာင္႐ုန္းထြက္ၿပီး..
"ေဂ်ာင္ကု.. ဟိုနားမွာေလ.. "
"ဘယ္မွမသြားနဲ႕.. ကြၽန္ေတာ့္အနားမွာပဲေန"
Hyung ကသူ႕လက္ကိုဆြဲၿပီးတစ္ေနရာကိုေျပးထြက္ဖို႔ျပင္ေတာ့သူကထြက္သြားခြင့္မေပးဘဲရင္ခ်င္းဆြဲအပ္ကာလြင့္ေပ်ာက္သြားမွာစိုးသည့္အလားတင္းေနေအာင္ဖက္ထားလိုက္သည္။ hyung ကသူ႕ကိုမ်က္ေစာင္းခဲၿပီးမႈန္ကုပ္ကုပ္ေလးျပန္ၾကည့္သည္။
"ဟိုနားမွာ.. ပန္းေတြအမ်ားႀကီးရွိတာျပမလို႔ဟာကို"
"ပန္းေတြရွိတာဘာထူးဆန္းလို႔လဲ"
"ၾကာကန္ႀကီးလည္းရွိတယ္.. ၾကာပန္းေတြပြင့္ေနတာမွအမ်ားႀကီးပဲ။ ၾကာပန္းတစ္ပြင့္တစ္ပြင့္ဆိုအႀကီးႀကီးပဲ"
လက္ဟန္ေျခဟန္၊မ်က္ႏွာအမူအရာအျပည့္နဲ႕ေျပာေနပုံက ကစားစရာအသစ္ရလို႔လိုက္ႂကြားေနတဲ့ကေလးေလးႏွင့္တူေနသည္။ သူအသည္းယားသြားၿပီးေမးေစ့ခြၽန္ခြၽန္ေလးကိုမနာေအာင္ဖြဖြေလးကိုက္လိုက္သည္။
"Hyung ကကြၽန္ေတာ့္ထက္ပန္းေတြကိုပိုစိတ္ဝင္စားတယ္ေပါ့ေလ။ စိတ္မေကာင္းျဖစ္မိတယ္.. တကယ္.. hyung ကိုျပန္ေတြ႕ခြင့္ရဖို႔ကြၽန္ေတာ္တစ္ေယာက္တည္းဘယ္ေလာက္ေတာင္တိုက္ပြဲဝင္ခဲ့ရလဲသိရဲ႕လား"
hyung ေပါက္စေလးကေတာ့သူေျပာတဲ့စကားေပၚမွာဘာအာ႐ုံမွရွိပုံမရ။ ပန္းေတြရွိတဲ့ဘက္ကိုပဲလက္ညွိုးတထိုးထိုး၊လည္ပင္းတဆန့္ဆန့္လုပ္ေနသည္။သူကေတာ့.. hyung ကလြဲရင္တျခားဘာကိုမွမ်က္လုံးထဲမျမင္ဘူးဆိုတာ hyung မသိေရာ့ေလသလား..
"တကယ္လွလို႔ေျပာေနတာ..တျခားပန္းေလးေတြလည္းအမ်ားႀကီးပါပဲ။ တစ္ခ်ိဳ႕ပန္းေတြဆိုအဖူးေလးေတြပဲရွိေသးတယ္ေတာ္ေတာ္လွေနၿပီ..ပြင့္လာရင္အလွဆုံးပန္းေလးေတြျဖစ္မွာ"
"အဲ့ေလာက္လည္းဟုတ္မယ္မထင္ပါဘူး။ ကြၽန္ေတာ္ျမင္ဖူးသမွ်ပန္းေတြထဲမွာေတာ့ကြၽန္ေတာ့္ဆီကိုအမွတ္မထင္ေရာက္လာတဲ့ပန္းေလးတစ္ပြင့္ကတစ္ေလာကလုံးမွာအလွဆုံးပဲ"
"တကယ္?"
"အင္း.. အဲ့ဒီ့ပန္းေလးကအခုကြၽန္ေတာ့္ဆီမွာရွိတယ္။ ကြၽန္ေတာ္တစ္ေယာက္ပဲပိုင္တဲ့ပန္းေလးေပါ့"
"မင္းဆီမွာရွိတယ္? ဘယ္မွာလဲ.. ဘယ္ကရတာလဲ"
"ဘယ္ကရတာလဲဆိုေတာ့.. လက္ေဆာင္ရတာ"
"လက္ေဆာင္?"
"အင္း.. ေကာင္းကင္ဘုံကပို႔လိုက္တဲ့လက္ေဆာင္"
Hyung ကမ်က္ေမွာင္ေလးကုတ္ၿပီးေခတၱမွ်ၿငိမ္ၿငိမ္ေလးစဥ္းစားသည္။ ၿပီးမွႏႈတ္ေခါင္းေလးရႈံ႕ကာႏႈတ္ခမ္းကစူ၍..
"ဟြန့္.. အေကာင္းမွတ္လို႔နားေထာင္ေနတာကို"
"အေကာင္းေျပာေနတာပဲေလ"
"အဲ့ဒါဆို.. မင္းေျပာတဲ့ပန္းကဘယ္မွာလဲ.. တကယ္ရွိတာေရာဟုတ္လို႔လား"
"ျမင္ဖူးခ်င္လား"
"အင္း"
"ျမင္ခ်င္ရင္.. မွန္ၾကည့္ေပါ့"
အခုမွသူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုနားလည်သွားဟန်ဖြင့်ညီညာတဲ့သွားတန်းေလးေတြေပၚေအာင္ရယ္သည္။ သူက..႐ႊင္လန္းေနတဲ့hyung ရဲ႕မ်က္ႏွာေလးကိုျမတ္နိုးမဝစြာမမွိတ္မသုန္ေငးၾကည့္ေနတုန္း..
"Hyung.."
သူ႕မ်က္စိေရွ႕ကHyung ရဲ႕ပုံရိပ္ေလးသည္တစ္စတစ္စေမွးမွိန္လာသည္။ သူကအထိတ္တလန့္ျဖင့္ hyung ရဲ႕ကိုယ္ေလးကိုဖမ္းဆုပ္ဖို႔ႀကိဳးစားေပမယ့္မရ..hyung ရဲ႕ပုံရိပ္ေလးကေလစိုင္ထဲတြင္တျဖည္းျဖည္းေမ်ာလြင့္ကာေပ်ာက္ကြယ္သြားသည္။
"Hyung!!"
သူအ႐ူးတစ္ေယာက္လိုေအာ္ဟစ္ေျပးလႊားၿပီး hyung ကိုလိုက္ရွာသည္..မေတြ႕။အေမွာင္ထုသည္ပတ္ဝန္းက်င္ကိုတစ္စစဝါးမ်ိဳလာျပန္သည္။
"Hyung!!"
သူလည္ေခ်ာင္းေတြကြဲထြက္မတတ္ေအာ္ဟစ္ပစ္လိုက္ေပမယ့္အသံကထြက္မလာ..လည္ေခ်ာင္းထဲမွာသာတစ္စို႔ကြယ္ေပ်ာက္သြားသည္။ အခုေတာ့.. အေမွာင္ထုႀကီးထဲမွာအထီးက်န္စြာသူတစ္ေယာက္တည္း..
"Hyung.. "
ေကာင္းကင္ႀကီးသည္သူ႕ေပၚသို႔အညွိုးတႀကီးျပင္းထန္စြာၿပိဳက်လာျပန္သည္။ သူသည္သဲ့သဲ့မွ်သာညည္းနိုင္ေတာ့ေလသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
လူေတြရဲ႕လႈပ္ရွားသြားလာသံ၊ ဆူညံသံတို႔ကသူ႕နားထဲသို႔တိုးဝင္လာသျဖင့္ေမွးခနဲေခတၱအိပ္ေပ်ာ္သြားေသာေဆာ့ဂ်င္၏မ်က္လုံးေလးမ်ားေျဖးညွင္းစြာပြင့္လာ၏။ထိုအခါမ်က္ရည္စီးေၾကာင္းမ်ားခမ္းေျခာက္ၿပီျဖစ္၍တင္းၾကပ္ေနေသာပါးျပင္ကိုသတိထားမိကာျဖဴႏုသြယ္လ်ေသာလက္ကေလးမ်ားျဖင့္ဖြဖြညင္ညင္စမ္းသပ္ရင္းသူ႕ရင္မွာစို႔နင့္ေန၏။ ေဆာ့ဂ်င္..သူ႕ကိုယ္သူေတာင္သတိမထားမိနိုင္ခင္မွာပင္သူ႕အလိုလိုတစ္ခ်က္ရွိုက္လိုက္မိျပန္သည္။
သုံးရက္ရွိသြားၿပီ..သုံးရက္ဆိုေသာအခ်ိန္သည္ေဆာ့ဂ်င္အတြက္သုံးကမၻာမကရွည္ၾကာလြန္းလွပါသည္။ မ်က္ႏွာလည္းျမင္ေတြ႕ခြင့္မရ၊ အေျခအေနဘယ္လိုရွိေနလဲဆိုတာကိုေတာင္သိခြင့္မရဘဲအေဝးကေနသာေခ်ာင္းၾကည့္ခြင့္ရတဲ့သူ႕အျဖစ္က.. ငရဲကိုအရွင္လတ္လတ္က်ေနရသလို.. ပူေလာင္ရလြန္းလို႔လည္းအသည္းႏွလုံးတစ္ခုလုံးရစရာမရွိေအာင္ကြၽမ္းေလာင္ေနပါၿပီ။
"သူေဌးကေတာ္ကေဘာဒီဂတ္ေတြပါငွားထားၿပီးကြၽန္ေတာ့္ကိုေတာင္အထဲေပးဝင္တာမဟုတ္ဘူး"
သူ႕အတြက္တစ္ဦးတည္းေသာအားကိုးရာျဖစ္သည့္မင္ယြန္ဂီကအစဘာမွအကူအညီမေပးနိုင္သည့္အေျခအေနမို႔သူ႕မွာေဂ်ာင္ကုရဲ႕အခန္းေရွ႕ကိုေန႕တိုင္းသြားေခ်ာင္း႐ုံကလြဲၿပီးတျခားဘာမွမတတ္နိုင္။
"ကြၽန္ေတာ္.. စုံစမ္းရသေလာက္ကေတာ့အျပင္ပိုင္းမွာနဖူးကြဲသြားတာကလြဲၿပီးတျခားထိခိုက္မႈမရွိဘူးတဲ့။ ဒါေပမယ့္ဘယ္ဘက္ေအာက္ပိုင္းနံရိုးတစ္ေခ်ာင္းက်ိဳးသြားတယ္။ ၿပီးေတာ့.. သရက္႐ြက္မွာေသြးယိုစိမ့္မႈျဖစ္သြားတယ္တဲ့။ ေဆး႐ုံကိုအခ်ိန္မီေရာက္ၿပီးခြဲစိတ္တာေအာင္ျမင္လို႔အသက္အႏၱရာယ္ကေနလြတ္ေျမာက္သြားေပမယ့္အခုအခ်ိန္ထိေတာ့သတိမရေသးဘူးတဲ့"
သူ.. ျပင္းစြာရွိုက္ငိုခ်င္တဲ့စိတ္ကိုက်ိတ္ၿမိဳရင္းသက္ျပင္းတစ္ခ်က္ကိုဟင္းခနဲခ်လိဳက္သည္။ ၿပိဳလဲက်သြားတဲ့သူ႕စိတ္ကိုအတတ္နိုင္ဆုံးစုစည္းတင္းမာေစလ်က္ထရပ္လိုက္ၿပီးေဂ်ာင္ကုရဲ႕အခန္းေရွ႕ကိုနံရံအကြယ္မွလွမ္းေခ်ာင္းၾကည့္လိုက္သည္။ အတြင္းေရးမႉးမင္ေျပာခဲ့တဲ့အတိုင္းအခန္းေရွ႕တြင္မ်က္ႏွာထားမာမာနဲ႕ေဘာ္ဒီဂတ္ႏွစ္ေယာက္ေစာင့္ၾကပ္ေနသည္။ မ်က္ႏွာေတြကလည္းသနားညွာတာတတ္တဲ့စိတ္ဆိုလို႔ျမဴမႈန္ေလာက္ေတာင္ရွိပုံမေပၚတဲ့မ်က္ႏွာေတြ..
"ငါ.. အိမ္ခဏေလာက္ျပန္လိုက္ဦးမယ္။ ငါမရွိတုန္းေသခ်ာေစာင့္ၾကည့္ထားေနာ္။ အထဲကိုဘယ္သူမွမဝင္ေစနဲ႕.. ၾကားလား"
"စိတ္ခ်ပါ.. သူေဌးကေတာ္"
သူၾကည့္ေနတုန္းေဂ်ာင္ကုရဲ႕အေမကအခန္းထဲကထြက္လာၿပီးေဘာ္ဒီဂတ္ႏွစ္ေယာက္ကိုမွာစရာရွိတာမွာၾကားကာထြက္သြားသည္။ ဒါအခြင့္အေရးပဲဆိုတာကိုသိေပမယ့္ဒီအခြင့္အေရးကိုဘယ္လိုအသုံးခ်ရမွန္းစဥ္းစားလို႔မရဘဲတစ္ေယာက္တည္းအႀကံအိုက္ေနတုန္း.. အိမ္ခဏျပန္သြားၾကသည့္ဂ်ီမင္းနဲ႕အတြင္းေရးမႉးမင္တို႔စုံတြဲျပန္ေရာက္လာၾကသည္။ ဂ်ီမင္းကသူ႕ကိုျမင္တာနဲ႕အနားကိုေျပးလာၿပီးသူ႕ပါးႏွစ္ဖက္ကိုလက္ျဖင့္အုပ္ကိုင္၍..
"ေဆာ့ဂ်င္းနီး.. အိမ္မျပန္ဘူးလား။ ညကလည္းဒီမွာပဲအိပ္တာလား.. ဟုတ္လား။ အိမ္မွာခဏေလာက္ေတာ့ျပန္နားဦးမွေပါ့။ က်န္းမာေရးေတြထိခိုက္ကုန္ေတာ့မွာပဲ။ ၾကည့္ပါဦး..သုံးရက္ေလာက္တည္းနဲ႕မ်က္ႏွာေလးကေခ်ာင္က်သြားလိုက္တာ"
"ဂ်ီမင္းေျပာတာမွန္တယ္။ ေဆာ့ဂ်င္ရွီ.. အိမ္မွာခဏျပန္နားလိုက္ပါလား။ ကြၽန္ေတာ္တို႔လည္းဒီမွာရွိေနမွာပဲ"
သူကေခါင္းကိုေလးပင္စြာခါရင္း..
"ကြၽန္ေတာ္က.. ဒီအခ်ိန္မွာဘယ္လိုလုပ္ၿပီးေအးေအးေဆးေဆးအိမ္ျပန္နားနိုင္မွာလဲ"
"ဒါေပမယ့္လည္း.. "
"ဟိုေလ.. အတြင္းေရးမႉးမင္.. အခု.. ေဂ်ာင္ကုရဲ႕အေမအထဲမွာမရွိဘူး။ အိမ္ခဏျပန္ဦးမယ္လို႔ေျပာသြားတာကြၽန္ေတာ္ၾကားလိုက္တယ္"
"ဟုတ္လား"
"အင္း.. အဲ့ဒါ.. ကြၽန္ေတာ္အခုေဂ်ာင္ကုကိုဝင္ေတြ႕ခ်င္တယ္။ ခဏေလးပါပဲ.. ၅မိနစ္ပဲ.. ၅မိနစ္ထက္မပိုေစရပါဘူး.. မ်က္ႏွာပဲျဖစ္ျဖစ္ခဏေလာက္ၾကည့္ခြင့္ရရင္ေက်နပ္ပါၿပီ။ ကြၽန္ေတာ့္ကိုကူညီေပးလို႔မရဘူးလား.. ဟင္"
"ကူညီေပးခ်င္ပါတယ္။ ဒါေပမယ့္.. အခန္းေရွ႕မွာဟိုအယ္လ္ေဇးရွင္းႏွစ္ေကာင္က်န္ေနခဲ့တယ္ေလ"
"သူတို႔ကိုအတြင္းေရးမႉးမင္ကခဏေလာက္ပထုတ္ေပးလို႔မရဘူးလား"
အတြင္းေရးမႉးမင္ကအသည္းအသန္စဥ္းစားဟန္ျဖင့္မ်က္ေမွာင္က်ဳံ႕သည္။ ၿပီးမွ..
"မျဖစ္ဘူးနဲ႕တူတယ္။ အဲ့ႏွစ္ေကာင္ကိုၾကည့္ရတာလြယ္မယ့္ပုံမေပၚဘူး"
"အမေလး.. ေဆာ့ဂ်င္းနီးရယ္။ ကိုယ့္ကိုယ္ေက်ာ္ၿပီးသူ႕ကိုမ်ားအကူအညီသြားေတာင္းရတယ္လို႔"
သူကဂ်ီမင္းရဲ႕စကားေၾကာင့္အားတက္သေရာဂ်ီမင္းရဲ႕မ်က္ႏွာကိုၾကည့္လိုက္ၿပီး..
"ဂ်ီမင္းရွီမွာ.. အႀကံဉာဏ္ေကာင္းေတြဘာေတြမ်ားရွိေနလား"
ဂ်ီမင္းကသူ႕အေမးကိုမေျဖဘဲၿပဳံးသည္။ ၿပီးေတာ့သူတို႔ေရွ႕မွာေဆးေတြပါသည့္တြန္းလွည္းကိုတြန္းၿပီးျဖတ္သြားသည့္သူနာျပဳဆရာမေလးကိုေမးဆတ္ျပသည္။ သူနဲ႕အတြင္းေရးမႉးမင္ကဂ်ီမင္းရဲ႕ဆိုလိုရင္းကိုနားမလည္စြာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနမိတုန္း.. ဂ်ီမင္းကဟန္အျပည့္ျဖင့္သူနာျပဳဆရာမေလးအနားသို႔ေလွ်ာက္သြားသည္။
"နာမည္ေလးက.. ဂို.. အြန္.. ေဆာင္း.. ေနာ္"
"ရွင္? ဟုတ္.. ဟုတ္ကဲ့"
ဂ်ီမင္းကသြားေတြေပၚေအာင္ၿပဳံးျပၿပီးသူနာျပဳဆရာမေလးရဲ႕နာမည္ကတ္ျပားကိုငုံ႕ဖတ္ၿပီးေမးလိုက္ေတာ့သူနာျပဳဆရာမေလးကေၾကာင္အမ္းအမ္းမ်က္ႏွာေလးျဖင့္အထစ္ထစ္အေငါ့ေငါ့ျပန္ေျဖသည္။
"နာမည္ေလးကလည္းလွတယ္။ လူကလည္းလွတာပါပဲ။ အလုပ္အကိုင္ကလည္းသူနာျပဳဆိုေတာ့.. စိတ္ထားေလးကလည္းလွမွာေပါ့ေနာ္"
"ဟုတ္.. အဲ.. ေက်းဇူး.. ေက်းဇူးပါ"
ေကာင္ေခ်ာေလးတစ္ေယာက္က႐ုတ္တရက္ေရာက္လာၿပီးျမႇောက္သလိုလို၊ ရိသလိုလိုစကားေတြေျပာလာေတာ့ဘဝင္ေလဟပ္သြားလို႔ထင္.. အသံေတြေတာင္တုန္ယင္ေနသည္။
"ဒီမွာအလုပ္ဝင္တာၾကာၿပီလား"
"တစ္.. တစ္ႏွစ္ေက်ာ္ပါၿပီ"
"ဟုတ္လား..တကယ္လို႔..ဒီကလူေရာ၊စိတ္ေရာ၊ နာမည္ပါလွတဲ့သူနာျပဳဆရာမေလးကိုကိုယ္ကအကူအညီတစ္ခုေလာက္ေတာင္းရင္ကူညီေပးမွာလား"
"ကူညီမွာေပါ့။ အရမ္းကိုကူညီေပးမွာ.. စိတ္ေရာလူပါႏွစ္ၿပီးေတာ့ကိုကူညီေပးမွာ"
ဂ်ီမင္းကသူနာျပဳဂိုအြန္ေဆာင္းကိုမ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။ သူနာျပဳေလးကေတာ့ဂ်ီမင္းရဲ႕အျပဳအမူေၾကာင့္ႏွလုံးရပ္မသြားေအာင္ရင္ဘတ္ကိုဖိထားရင္းဝင္ေလထြက္ေလမွန္ေအာင္ႀကိဳးစားေနရရွာသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ေဆာ့ဂ်င္ရွီကို ကူညီမယ္ဆိုၿပီးဟိုသူနာျပဳကိုဘာေတြသြားေျပာေနတာလဲ"
သူကလည္းထိုအေျဖကိုသိခ်င္သည္။ ထို႔ေၾကာင့္သိခ်င္စိတ္တို႔ျဖင့္ဂ်ီမင္းရဲ႕မ်က္ႏွာကိုစူးစိုက္ၾကည့္ရင္းျပန္ေျဖလာမယ့္အေျဖကိုေစာင့္ေနမိသည္။ ဒါေပမယ့္ဂ်ီမင္းကဘာစကားမွျပန္မေျပာဘဲၿပဳံး႐ုံသာၿပဳံးေနသည္။ အၿပဳံးကေတာ့လုံးဝကိုယုံၾကည္မႈအျပည့္ရွိတဲ့အၿပဳံး..
"ခဏၾကာရင္.. အသံတစ္သံၾကားရလိမ့္မယ္။ အဲ့ဒီ့အခ်ိန္က်ရင္ေတာ့အားလုံးဇာတ္ရည္လည္သြားၾကမွာပါ"
ဂ်ီမင္းကထိုကဲ့သို႔ပေဟဠိဆန္ဆန္စကားကိုေျပာၿပီးသူနာျပဳဂိုအြန္ေဆာင္းကို ok sign ေလးလွမ္းျပလိုက္သည္။ဂိုအြန္ေဆာင္းကဂ်ီမင္းကိုညင္သာစြာေခါင္းညိတ္ျပ၍တြန္းလွည္းကိုဟန္မပ်က္တြန္းကာေဂ်ာင္ကုရဲ႕အခန္းေရွ႕သို႔ဦးတည္သြားေနသည္။ သူနဲ႕မင္ယြန္ဂီကေတာ့ဂ်ီမင္းတို႔ကိုမ်က္ေတာင္မခတ္တမ္းလိုက္ၾကည့္ေနမိသည္။
သူနာျပဳဂိုအြန္ေဆာင္းကတြန္းလွည္းကိုတြန္း၍တေ႐ြ႕ေ႐ြ႕သြားေနရင္းဟိုေဘာ္ဒီဂတ္ႏွစ္ေယာက္ရပ္ေနသည့္ေနရာကိုလည္းေရာက္ေတာ့..ပစၥည္းတစ္ခုကိုမေတာ္တဆျပဳတ္က်သြားသလိုပုံစံမ်ိဳးျဖင့္မသိမသာပစ္ခ်လိဳက္ၿပီးပစၥည္းကိုကုန္းေကာက္လိုက္သည္။ ၿပီးမွဆတ္ခနဲခါးကိုျပန္မတ္လိုက္ၿပီးမီးဝင္းဝင္းေတာက္ေနသည့္မ်က္လုံးမ်ားျဖင့္သူမရဲ႕အနီးအနားမွာရပ္ေနတဲ့ေဘာ္ဒီဂတ္တစ္ေယာက္ရဲ႕မ်က္ႏွာကိုစူးစူးရဲရဲၾကည့္ကာပါးကိုေဖ်ာင္းခနဲျမည္ေအာင္ရိုက္ခ်ပစ္လိုက္၏။ ဟိုကလည္း႐ုတ္တရက္အလစ္အငိုက္မိသြားတာမို႔အရိုက္လိုက္ခံရတဲ့ပါးကိုအုပ္ကိုင္ကာေၾကာင္ေတာင္ေတာင္ႀကီးရပ္ၾကည့္ေနသည္။
"ရွင္.. ရွင္.. မိုက္ရိုင္းလွခ်ည္လား။ဒီနားမွာ.. ကြၽန္မတစ္ေယာက္တည္းရွိေနတယ္ဆိုၿပီးအဲ့လိုအသားယူခ်င္တိုင္းယူလို႔ရမယ္မ်ားထင္ေနလား.. ဟင္"
"ဟင္? ကြၽန္.. ကြၽန္ေတာ္ဘာမ်ားလုပ္မိလို႔လဲ"
"ဘာလုပ္မိလဲ.. ဟုတ္လား။ ကြၽန္မခုနကပစၥည္းကုန္းေကာက္တုန္းကရွင္.. ကြၽန္မတင္ပါးကိုလာကိုင္တယ္ေလ။ ရွင္ေရာ.. အလိုတူအလိုပါပဲမဟုတ္လား"
က်န္တဲ့ေဘာ္ဒီဂတ္တစ္ေယာက္ကလည္းသူ႕ဟာသူဘာမွဝင္မေျပာဘဲရပ္ေနတာေတာင္ႀကံရာပါအျဖစ္အစြပ္စြဲခံလိုက္ရသျဖင့္လက္တခါခါျဖင့္အသည္းအသန္ျငင္းရရွာသည္။
"ဪ.. ဒီေနရာမွာဘယ္သူမွမရွိဘူးဆိုၿပီးရွင္တို႔ကေျဗာင္လိမ္ခ်င္တယ္ေပါ့"
"မဟုတ္ပါဘူး.. ခင္ဗ်ားကိုထိဖို႔ေနေနသာသာ၊ ၾကည့္ေတာင္မၾကည့္မိပါဘူး"
"ဝါး.. ခင္ဗ်ားတို႔ကလူလိမ္ေတြပဲ။ ေယာက္်ားရင့္မာႀကီးႏွစ္ေယာက္ေပါင္းၿပီးမိန္းမပ်ိဳေလးကိုဝိုင္းလိမ္ၾကတယ္ေပါ့ဟုတ္လား။ခင္ဗ်ားတို႔ကကိုယ္ထိလက္ေရာက္လည္းက်ဴးလြန္ေသးတယ္.. လိမ္လည္းလိမ္တယ္ဆိုေတာ့မလြန္လြန္းဘူးလား။ ခင္ဗ်ား.. ဒီသူနာျပဳဆရာမေလးကိုဘာလုပ္လိုက္လဲဆိုတာကြၽန္ေတာ္ဟိုနားကေနအစအဆုံးျမင္လိုက္တယ္ေနာ္"
ဂ်ီမင္းကပါပုန္းေနရာမွထြက္သြားၿပီးဟိုမဲမဲႏွစ္ေကာင္ကိုသူနာျပဳဆရာမေလးဘက္ကေနဝင္ၿပီးစြဲခ်က္ေတြထပ္တင္သည္။ အခုမွပဲ သူလည္းဂ်ီမင္းရဲ႕အႀကံအစည္ေတြကိုတျဖည္းျဖည္းခ်င္းနားလည္လာေတာ့သည္။
"မျဖစ္ေတာ့ဘူး.. ဒင္းတို႔ကိုလုံၿခဳံေရးလက္အပ္မွျဖစ္ေတာ့မယ္.. လာစမ္း.. ၿပီးရင္.. ရဲလက္ပါတစ္ခါတည္းအပ္ပစ္မယ္"
"မဟုတ္.. "
သူနာျပဳဆရာမေလးကထိုသူကိုဘာစကားမွအေျပာမခံဘဲအကၤ်ီေကာ္လံကိုကိုင္ကာအတင္းဆြဲေခၚသြားသည္။ အဲ့ဒီလိုပဲ.. ဂ်ီမင္းကလည္းအားက်မခံ.. က်န္ခဲ့တဲ့တစ္ေယာက္ဘက္သို႔လွည့္ကာ..
"ခင္ဗ်ားကေရာ.. ဒီမွာဘာလုပ္ေနတာလဲ။ခင္ဗ်ားလည္းအလိုတူအလိုပါပဲမဟုတ္ဘူးလား"
ထိုလူရဲ႕ဂုတ္ကိုညွစ္ကိုင္၍ဆြဲေခၚသြားသည္။ ဟိုကလည္း႐ုန္းရင္းျငင္းရင္းျဖင့္ဂ်ီမင္းေခၚရာေနာက္သို႔ယက္ကန္, ယက္ကန္ျဖင့္ပါသြားေလေတာ့သည္။ အခုမ်ားက်ေတာ့လည္း alsatian ႏွစ္ေကာင္ကဂ်ီမင္းနဲ႕သူနာျပဳဆရာမရဲ႕ပီျပင္တဲ့သ႐ုပ္ေဆာင္မႈေအာက္မွာ chihuahuaေလာက္ေတာင္မာန္မဖီနိုင္ၾကေတာ့ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ကြၽန္ေတာ္ကအေပါက္ဝမွာေစာင့္ေနခဲ့မယ္။ ေဆာ့ဂ်င္ရွီက boss ကိုဝင္ေတြ႕လိုက္။ အရမ္းေတာ့မၾကာေစနဲ႕ေနာ္။ ေတာ္ၾကာ.. သူေဌးကေတာ္ျပန္လာရင္အားလုံးဒုကၡေရာက္ကုန္လိမ့္မယ္"
သူကအတြင္းေရးမႉးမင္ကိုေခါင္းညိတ္ျပလိုက္သည္။ သူ႕စိတ္ကိုအတတ္နိုင္ဆုံးတည္ၿငိမ္ေအာင္ျပင္ဆင္ထားေပမယ့္တံခါးလက္ကိုင္ဘုေပၚကသူ႕လက္ေတြကတုန္ယင္ေနသည္။ တျဖည္းျဖည္းပြင့္ဟလာတဲ့ကြၽီခနဲတံခါးဖြင့္သံရဲ႕ေနာက္မွာသူ႕ႏွလုံးခုန္သံတဒိန္းဒိန္းကလည္းကပ္ပါသြားသည္။ သူ႕မ်က္လုံးေတြကိုမွိတ္ကာသက္ျပင္းတစ္ခ်က္ရွိုက္လိုက္ၿပီးအခန္းထဲသို႔တစ္လွမ္းခ်င္းဝင္လိုက္သည္။
အခန္းထဲဝင္ဝင္ခ်င္းေဂ်ာင္ကုရဲ႕အသက္ရႉသံျပင္းျပင္းကိုေရွးဦးစြာၾကားရ၏။ ေအာက္ဆီဂ်င္ကိုအလုအယက္ရႉရင္းအသက္ရွင္ဖို႔တိုက္ပြဲဝင္ေနရွာတဲ့ေဂ်ာင္ကုကိုျမင္ေတာ့ရင္ထဲတြင္မခ်ိမဆန့္ခံစားလာရသည္။ အမွန္ဆို ဒီေနရာ.. ဒီေဆး႐ုံကုတင္ေပၚမွာလဲေလ်ာင္းေနရမွာ.. သူပါ။ အခုေတာ့.. သူ႕ေၾကာင့္.. ထိန္းထားတဲ့ၾကားကငိုခ်င္လာသည္။ မငိုမိေအာင္အံကိုတင္းေနေအာင္ႀကိတ္ၿပီးထိန္းလိုက္ေတာ့အင့္ခနဲရွိုက္သံတစ္ခ်က္ပါးစပ္ကကြၽံထြက္သြားသည္။
"မင္းက.. ေတာ္ေတာ္မေကာင္းတဲ့ေကာင္ပဲ။ဘာလို႔မ်ား.. ငါ့ကိုအဲ့လိုအထင္လြဲရက္တာလဲ။ ငါကေတာ့.. အၿမဲတမ္းမင္းကိုယုံၾကည္ေပးခဲ့ရတာ.. တကယ္.. မတရားဘူးသိလား.. အၿမဲ.. သူအနိုင္ခ်ည္းပဲ။ အခုေရာ.. ဒီမွာဘာလုပ္ေနတာလဲ.. ျမန္ျမန္ထလာၿပီး.. ငါ့ဆီမွာ.. ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ရမွာမဟုတ္ဘူးလား"
ပါးျပင္ေပၚစီးက်လာတဲ့မ်က္ရည္ေတြကိုလက္ဖဝါးျဖင့္ခပ္ၾကမ္းၾကမ္းပြတ္သုတ္ပစ္လိုက္သည္။
"အဲ့ဒါေၾကာင့္.. အဲ့ဒါေၾကာင့္.. အၾကာႀကီးအိပ္မေနပါနဲ႕.. ထေတာ့ေလ"
သူပဲစိတ္ထင္လို႔လားမသိ.. ေဂ်ာင္ကုရဲ႕အသက္ရႉသံကပိုက်ယ္ေလာင္လာသလိုခံစားေနရသည္။
"အခု.. နိုးလာေပးမယ္ဆိုရင္.. အရင္ကမင္းလုပ္ခဲ့တဲ့အျပစ္ေတြအကုန္လုံးခြင့္လႊတ္ေပးမယ္.. မလုပ္ရေသးတဲ့အျပစ္ေတြအတြက္လည္းႀကိဳၿပီးေတာ့ခြင့္လႊတ္ေပးမယ္"
ေျပာရင္းစို႔နင့္လာကာသူ႕မ်က္ဝန္းေတြထဲမွာမ်က္ရည္ေတြျပည့္အိုင္လာသလိုအသံမွာလည္းတုန္ရီတိုးဝင္ေဖ်ာ့ေတာ့သြားေလသည္။
"ဒါေပမယ့္.. ဒါေပမယ့္.. ဆက္ၿပီးအိပ္ေနမယ္ဆိုရင္.. မင္းကို.. တစ္သက္လုံးမုန္းေနမွာ.."
သူကေဂ်ာင္ကုရဲ႕မ်က္ႏွာကိုမတုန္မလႈပ္ေတြေတြေလးစူးစိုက္ၾကည့္လွ်က္ၿငိမ္သက္ေနရာမွမ်က္လႊာခ်လိဳက္ေတာ့မ်က္ရည္တစ္ပြင့္ကကုတင္ေပၚတြင္လြတ္လြတ္လပ္လပ္က်ေနသည့္ေဂ်ာင္ကုရဲ႕လက္ေပၚသို႔ေႂကြဆင္းသြားေတာ့သည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီမွာဘာလုပ္ေနတာလဲ.. ျမန္ျမန္ထလာၿပီး.. ငါ့ဆီမွာ.. ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ရမွာမဟုတ္ဘူးလား"
ဒါ.. ဒါ.. hyung ရဲ႕အသံ.. အေမွာင္ထုႀကီးထဲမွာဘယ္သြားလို႔ဘယ္လာရမွန္းမသိဘဲလမ္းေပ်ာက္ေနတုန္းနားထဲပဲ့တင္ထပ္သလိုဝင္လာတဲ့အသံေလးေၾကာင့္အသံလာရာကိုအရပ္ရွစ္မ်က္ႏွာအႏွံ႕မွန္းဆကာေျပးလႊားရွာၾကည့္မိသည္။
"အၾကာႀကီးအိပ္မေနပါနဲ႕.. ထေတာ့ေလ"
"Hyung.. "
နားထဲမွာအသံေတြၾကားေနရေပမယ့္အသံကဘယ္ကလာမွန္းမသိ.. သူကလက္မေလွ်ာ့ဘဲအသံလာရာေနာက္ကိုမေမာနိုင္မပန္းနိုင္ေျပးလိုက္ေနမိသည္။ ေျပးေနရင္း.. လူကေျမႀကီးနဲ႕ေျခေထာက္မထိေတာ့သလိုခံစားလာရၿပီးမသဲမကြဲအလင္းေရာင္ျဖဴျဖဴကိုလွမ္းျမင္ေနရသည္။ သူက.. ထိုအလင္းေရာင္ေနာက္သို႔မနားတမ္းအေျပးလိုက္သြားစဥ္.. လူကကမၻာေျမႀကီးရဲ႕ဆြဲအားႏွင့္ဆန့္က်င္ဘက္သို႔ေမ်ာလြင့္သြားၿပီးအလင္းတန္းျဖဴျဖဴရဲ႕ေခၚေဆာင္ရာေနာက္သို႔လိုက္ပါသြားေတာ့သည္။
"Hyung.. "
သူ.. သူ.. hyung ကိုျမင္ေနရတာပဲ။ hyung က.. hyung က.. အခု.. ငိုေနတာလား။ သူ႕လက္ကိုျမႇောက္ၿပီး hyung ရဲ႕မ်က္ရည္ေတြကိုသုတ္ေပးဖို႔ႀကိဳးစားၾကည့္သည္။ ဒါေပမယ့္.. လႈပ္လို႔မရ။
"အခု.. နိုးလာေပးမယ္ဆိုရင္.. အရင္ကမင္းလုပ္ခဲ့တဲ့အျပစ္ေတြအကုန္လုံးခြင့္လႊတ္ေပးမယ္.. မလုပ္ရေသးတဲ့အျပစ္ေတြအတြက္လည္းႀကိဳၿပီးေတာ့ခြင့္လႊတ္ေပးမယ္"
"Hyung.. ကြၽန္ေတာ္နိုးေနၿပီေလ.. hyung.. "
သူက hyungကိုစကားေတြေျပာဖို႔ႀကိဳးစားေသာ္လည္းအခ်ည္းအႏွီးသာ။hyung ကသူ႕အသံကိုၾကားပုံမေပၚ။
"ဒါေပမယ့္.. ဒါေပမယ့္.. ဆက္ၿပီးအိပ္ေနမယ္ဆိုရင္.. မင္းကို.. တစ္သက္လုံးမုန္းေနမွာ.."
"ကြၽန္ေတာ္.. ဒီမွာရွိေနတယ္ေလ.. hyung ရယ္.. hyung ကိုအခုစကားေတြေျပာေနတယ္ေလ"
သူ႕အျဖစ္ကဘီလူးစီးခံေနရသလို..ဦးေနွာက္အသိစိတ္ရွိေနေပမယ့္လက္ေတြေျခေတြဘာတစ္ခုမွလႈပ္လို႔မရ.. ႐ုန္းလို႔လည္းမရ။ ႐ုန္းေလ.. ႐ုန္းေလ..သူ့ခႏၶာကိုယ္ၾကီးကပိုေလးလံလာေလ.. အသက္ရႉရခက္ခဲလာေလ..
"Hyung.. "
႐ုတ္တရက္သူ႕လက္ေလးတစ္ဖက္မွာေႏြးခနဲခံစားလိုက္ရသည္။ ထို႔ေနာက္မွာေတာ့.. သူ႕လက္ေခ်ာင္းေလးေတြစတင္လႈပ္ရွားလို႔ရလာသည္။ ၿပီးေတာ့.. မ်က္ခြံေလးေတြမွာလည္းေလးလံမႈေလ်ာ့နည္းလာသည္။
"ေဂ်ာင္ကု"
သူ႕နာမည္ကိုကပ်ာကယာလွမ္းေခၚလိုက္တဲ့Hyung ရဲ႕အသံတိုးတိုးေလးကိုၾကားရသည္။ သူ႕မ်က္လုံးေတြဖြင့္လို႔ရလာသည္။ သူ႕မ်က္ႏွာကိုေမွ်ာ္လင့္ခ်က္မ်ားစြာျဖင့္စစိုက္ၾကည့္ေနတဲ့ hyung ရဲ႕မ်က္ႏွာေလးကိုျပတ္ျပတ္သားသားျမင္လာသည္။
"သတိ.. သတိ.. ရၿပီလား"
"H..hy..ung"
သူ.. စကားေျပာလို႔လည္းရၿပီပဲ။
"ခဏ.. ခဏေလး.. ဆရာဝန္ေခၚ.. အဲ.. အတြင္းေရးမႉးမင္အျပင္မွာရွိတယ္.. ေခၚေပးမယ္"
သူက.. ကမန္းကတန္းအျပင္ကိုေျပးထြက္ဖို႔ျပင္ေနတဲ့ hyung ရဲ႕လက္ေလးကိုဖမ္းဆြဲလိုက္သည္။ hyung ကမ်က္ရည္ဝဲေနဆဲမ်က္လုံးဝိုင္းေလးမ်ားျဖင့္သူ႕ကိုျပဴးျပဴးေလးျပန္လွည့္ၾကည့္သည္။
"Hyung.. ဘယ္ေတြ.. ေရာက္.. ေနတာလဲ။ ကြၽန္ေတာ္.. ရွာ.. လိုက္..ရ..တာ"
"စကားေတြအမ်ားႀကီးမေျပာနဲ႕ဦးေလ"
"တ..ကယ္..ေနာ္"
"ဟင္?"
"နိုး..လာ..ေပးရင္.. ကြၽန္ေတာ့္ကို.. ခြင့္လႊတ္.. ေပးမယ္ဆိုတာ.. တ..ကယ္..ေနာ္.. "
Hyung ကသူ႕ဘက္ကိုမ်က္ႏွာလွည့္လာသည္။ ပါးျပင္ႏုႏုေလးေပၚမွာမ်က္ရည္စီးေၾကာင္းေလးေတြက်န္ေနေသးေပမယ့္ႏႈတ္ခမ္းေလးကၿပဳံးေနသည္။ ထို႔ေနာက္ hyung ရဲ႕လက္တစ္ဖက္ဆုပ္ကိုင္ထားတဲ့သူ႕လက္ေပၚကိုက်န္လက္တစ္ဖက္ျဖင့္ဖြဖြေလးျပန္လည္ဆုပ္ကိုင္၍ ေခါင္းေလးကိုအသာအယာညိတ္ျပသည္။
ေက်နပ္ၾကည္ႏူးျခင္းမ်ားစြာျဖင့္ေဝဒနာေတြေမ့ေပ်ာက္သြားကာသူ႕မ်က္ႏွာသည္လည္းခ်ိဳအီၿပဳံးျမေနမွာေသခ်ာပါသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အကုန္ျပန္ေခၚသြား.. ႏွစ္ေယာက္လုံးကိုမျမင္ခ်င္ဘူး။ ေဘာ္ဒီဂတ္ထားရေအာင္.. ကြၽန္ေတာ္ကနိုင္ငံေတာ္သမၼတလည္းမဟုတ္ဘူး"
မဲမဲျမင္ရင္ထိတ္လန့္ရ၊မြန္းၾကပ္ရလြန္းလို႔အရိပ္ေတာင္မျမင္ခ်င္ပါဘူးဆိုမွ.. ဒီမဲမဲႏွစ္ေကာင္ကအခ်ိန္ျပည့္သူ႕အခန္းေရွ႕မွာရွိေနတာမို႔မျမင္ခ်င္လည္းျမင္ေနရတာကေဒါသထြက္စရာ.. ၿပီးေတာ့သူတို႔ႏွစ္ေယာက္ရွိေနရင္သူ႕ရဲ႕hyungနဲ႕လည္းေတြ႕ခ်င္တိုင္းေတြ႕လို႔မရနိုင္တာေၾကာင့္အဲ့ဒီ့ႏွစ္ေယာက္ကိုျမင္တာနဲ႕ရိုက္သတ္ခ်င္စိတ္ေတာင္ျဖစ္မိသည္။
"အဲ့ဒီ့ႏွစ္ေယာက္ကိုျပန္လႊတ္ၿပီးရင္အေမပါတခါတည္းျပန္ေတာ့"
"ေဘာ္ဒီဂတ္မထားခ်င္တာဟုတ္ပါၿပီ။ အေမ့ကိုဘာလို႔အတင္းႏွင္ထုတ္ေနတာလဲ"
"ရႈပ္လို႔.. ႏွင္ေနတယ္မထင္ပါနဲ႕။ အေမ.. ပင္ပန္းေနမွာစိုးလို႔ပါ။ ကြၽန္ေတာ္လည္းေနေကာင္းေနၿပီပဲ.. ကြၽန္ေတာ့္အနားမွာအခ်ိန္ျပည့္အေမရွိေနေပးစရာမလိုပါဘူး။ အဲ့ဒါေၾကာင့္.. အိမ္ျပန္ၿပီးနားလိုက္ေတာ့.. နားလို႔ဝမွ.. ျပန္မလာနဲ႕"
"အမ္"
"ဪ.. ျပန္ပါဆိုမွ"
အေမ့ရဲ႕ပခုံးႏွစ္ဖက္ကိုကိုင္ကာအခန္းထဲမွတြန္းထုတ္၍ အတင္းျပန္လႊတ္ေတာ့အေမကမျပန္ခ်င္,ျပန္ခ်င္ျဖင့္ျပန္သြားရရွာသည္။အေမျပန္သြားၿပီးသိပ္မၾကာခင္မွာ.. အတြင္းေရးမႉးမင္ေရာက္လာသည္။
"Boss.."
"ေရာက္လာတာနဲ႕အေတာ္ပဲ.. တစ္ခ်က္ေလာက္ၾကည့္ေပးစမ္းပါ။ ကြၽန္ေတာ့္ပုံကအရမ္းေနမေကာင္းျဖစ္ေနတဲ့ပုံေပၚလား"
"အင္း.. ကြၽန္ေတာ့္အျမင္မွာေတာ့.. boss ပုံက.. အခုလက္ေဝွ႕သြားထိုးမယ္ဆိုေတာင္ရေနၿပီ"
"တကယ္?"
Boss ကကုတင္ေပၚမွဆင္း၍မွန္ေရွ႕ကိုအေျပးအလႊားသြားၾကည့္သည္။
"ဘာလို႔မ်ားဒီေလာက္ေတာင္ျမန္ျမန္ဆန္ဆန္ႀကီးေနေကာင္းသြားပါလိမ့္။ ေနမေကာင္းတာကိုအေၾကာင္းျပၿပီး hyung လာရင္ကပ္ခြၽဲမလို႔ပါဆိုမွ"
"ကြၽတ္.. ကြၽတ္.. ကြၽတ္..အဲ့ဒါေၾကာင့္ေျပာတာ.. နလန္ထေတြထဲမွာအခ်စ္နလန္ထကဆိုးပါတယ္လို႔"
"ဘာေျပာလိုက္တာလဲ"
"ဘာမွ.. မေျပာပါဘူး"
"တကယ္လို႔.. ဒီလိုေလး.. မ်က္ႏွာငယ္ထားမယ္ဆိုရင္ေရာေနမေကာင္းတဲ့သူနဲ႕တူလား"
"ဘာထူးမွာလဲ..boss ကေဆာ့ဂ်င္ရွီကိုျမင္ရင္ႏြားပြဲစားေရွ႕ေရာက္သလိုသြားႀကီးၿဖဲေနမွာေသခ်ာေနတာပဲကို"
"ဘာ!"
"ဘာပဲျဖစ္ျဖစ္.. boss ကိုအခုလိုက်န္းက်န္းမာမာနဲ႕ျပန္ျမင္ရတာ.. အရမ္းဝမ္းသာပါတယ္။ boss ျမန္ျမန္သတိရပါေစဆိုၿပီးဆုေတာင္းေနခဲ့တာ"
အတြင္းေရးမႉးမင္ရဲ႕စကားမွာစိတ္ရင္းအမွန္ေတြပါဝင္ေနတာခံစားလိုက္ရတာမို႔ေလသံကိုျပန္ေလွ်ာ့လိုက္ၿပီး..
"ေက်းဇူး.."
"မဟုတ္ရင္.. ေဆာ့ဂ်င္ေလးေတာ္ေတာ္ခံစားေနရရွာမွာ။ ကြၽန္ေတာ္ကေတာ့ေဆာ့ဂ်င္ေလးကိုပဲသနားတယ္"
"ထြက္သြား"
သူကေလသံမာမာနဲ႕ေအာ္ပစ္လိုက္ေတာ့အတြင္းေရးမႉးမင္ကထုံးစံအတိုင္းႏႈတ္ခမ္းေလးတြန့္႐ုံၿပဳံးၿပီးအခန္းထဲကထြက္ဖို႔ျပင္သည္။ ထို႔ေနာက္.. တံခါးနားေရာက္မွျပန္လွည့္လာ၍..
"ဪ.. ဒါနဲ႕.. တစ္ခုေတာ့ေျပာရဦးမယ္။ Boss သတိေမ့ေနတုန္းကေဆာ့ဂ်င္ေလးခမ်ာဝမ္းနည္းၿပီးအားငယ္ေနရွာလို႔ကြၽန္ေတာ္နဲ႕ဂ်ီမင္းေပြ႕ဖက္ၿပီးႏွစ္သိမ့္လိုက္တာေလးစကၠန့္ထက္ေတာ္ေတာ္ပို.. "
"ရား!"
သူလည္းစိတ္ဆိုးဆိုးနဲ႕ေခါင္းအုံးကိုယူၿပီးအတြင္းေရးမႉးမင္ကိုလွမ္းအေပါက္..အတြင္းေရးမႉးမင္ကကိုယ္ကိုတိမ္းၿပီးေရွာင္လိုက္ေတာ့ေခါင္းအုံးကအခန္းထဲကိုဝင္လာတဲ့တစ္စုံတစ္ေယာက္ရဲ႕မ်က္ႏွာကိုသြားမွန္သည္။
"ဝါး.. ဝါး..ထင္တာထက္ေတာင္ပိုၿပီးက်န္းမာေနတာပဲ"
"မင္းကဒီကိုဘာလာလုပ္ျပန္တာလဲ"
ရိုဘင္ကေခါင္းအုံးကိုပိုက္၍ခပ္တည္တည္ျဖင့္ဆိုဖာတြင္ဝင္ထိုင္လိုက္သည္။
"ဘာလာလုပ္ရမွာလဲ.. လူနာသတင္းလာေမးတာေပါ့။မင္းအခုလိုျဖစ္သြားတာငါနဲ႕လည္းနည္းနည္းပတ္သက္ေနေတာ့စိတ္ထဲမွာမလုံသလိုလိုျဖစ္မိတာနဲ႕.. ၿပီးေတာ့ငါတို႔ကညီအစ္ကိုေတြပဲေလ။ ဝတၱရားအရေတာ့လာၾကည့္သင့္တာေပါ့.. မဟုတ္ဘူးလား"
"မလိုဘူး.. ျပန္ေတာ့"
"ျပန္မွာပါ.. ဒါေပမယ့္တစ္ခုေလာက္ေတာ့သတိေပးပါရေစဦး။ အလကားေနရင္းအမုန္းခံေနရတာမတန္ဘူးထင္လို႔"
"ဘာလဲ"
"တစ္အခ်က္.. အေလာင္းကစားကိစၥကမင္းနဲ႕ငါနဲ႕ႏွစ္ဦးသေဘာတူလုပ္ခဲ့တာေနာ္။ ငါကမင္းကိုအတင္းအက်ပ္လုပ္ခိုင္းခဲ့တာမဟုတ္ဘူး။ ၿပီးေတာ့.. မင္းဘက္ကအရင္ စည္းကမ္းေဖာက္ဖ်က္တာေနာ္။ ငါ့ေနရာမွာမင္းဆိုရင္ေရာ.. ဒီအတိုင္းဘာမွမျဖစ္ခဲ့သလိုေက်ာ္သြားၿပီးငါ့ကိုၿပဳံးၿပဳံးေလးနဲ႕အနိုင္ေပးမလား.. မလုပ္နိုင္ဘူးမဟုတ္လား"
သူကေထာက္ခံတာ၊ ျငင္းတာဘာတစ္ခုမွမေျပာဘဲရိုဘင္ဆက္ေျပာလာမယ့္စကားကိုၿငိမ္သက္စြာနားေထာင္ေနသည္။
"ႏွစ္အခ်က္..ငါမက်ဴးလြန္ထားတဲ့ကိစၥမွာငါ့နာမည္ႀကီးထည့္သုံးထားတာမျဖစ္သင့္ဘူးထင္လို႔လာေျဖရွင္းတာ.. ယုံတာ,မယုံတာကေတာ့မင္းအပိုင္းေပါ့။ ကားအက္စီးဒင့္ကိစၥကိုေတာ့.. ဟုတ္တယ္.. ဝန္ခံတယ္။ ကင္ေဆာ့ဂ်င္နဲ႕ရင္းႏွီးခ်င္လို႔သပ္သပ္ခြင္ဆင္ခဲ့တာ။ ဒါေပမယ့္..မင္းရဲ႕အတြင္းေရးမႉးလိုက္စုံစမ္းေနတဲ့ဓါတ္ပုံေတြကေတာ့ငါနဲ႕မဆိုင္ဘူး။ အဲ့ဒီ့ေန႕ကငါ့ဆီကိုပီဇာလာပို႔တဲ့သူကေဆာ့ဂ်င္ျဖစ္ေနတာတိုက္ဆိုင္မႈသက္သက္ပဲ။ အဲ့ဒီ့ေန႕ကအဲ့ဒီ့ဟိုတယ္မွာငါက.. ငါ့ေကာင္မေလးနဲ႕ခ်ိန္းထားတာ.. မယုံရင္စုံစမ္းၾကည့္လို႔ရတယ္"
"အခုမွ.. ဒါေတြလာေျပာေနလို႔ဘာထူးမွာလဲ"
"မထူးဘူးဆိုေပမယ့္.. သိထားသင့္တယ္ထင္လို႔။ဪ.. ေနာက္တစ္ခုရွိေသးတယ္။ငါမင္းကိုဖုန္းဆက္ခဲ့တဲ့ညကငါ့ဆီကိုမင္းနဲ႕ေဆာ့ဂ်င္အတူတူရွိေနတဲ့အေၾကာင္းကိုအမည္မသိလူတစ္ေယာက္ကလွမ္းၿပီးသတင္းေပးခဲ့တာ"
"အမည္မသိလူတစ္ေယာက္"
"ၿပီးေတာ့အဲ့ဒီ့ညကမွငါ့ကိုမင္းလိမ္ထားတယ္ဆိုတာသိခဲ့တာ။အဲ့ဒါေၾကာင့္သိသိခ်င္းငါလည္းအရမ္းစိတ္ဆိုးၿပီး.. ထားပါေတာ့.. မင္းေျပာသလိုပဲ.. အခုမွဒါေတြျပန္ေျပာေနလို႔ဘာထူးမွာလဲ။ ဘာပဲျဖစ္ျဖစ္.. အခုျဖစ္သြားတဲ့ကိစၥမွာ.. ကင္ေဆာ့ဂ်င္အေပၚမွာထားတဲ့မင္းရဲ႕စိတ္ရင္းအမွန္ကိုျမင္လိုက္ရလို႔.. ေရွ႕ဆက္ေလွ်ာက္မယ့္မင္းရဲ႕အခ်စ္လမ္းခရီးမွာကံေကာင္းပါေစလို႔လာဆုေတာင္းေပးတာ။ ကဲ.. သြားမယ္"
ရိုဘင္ကရင္ဘတ္မွာပိုက္ထားတဲ့ေခါင္းအုံးကိုသူ႕ကိုပစ္ေပးၿပီးအခန္းထဲကထြက္သြားဖို႔ျပင္သည္။
"ရိုဘင္"
သူ႕ေခၚသံၾကားလို႔ရိုဘင္ကတံခါးလက္ကိုင္ဘုကိုကိုင္ရင္းေနာက္ကိုသမင္လည္ျပန္လွည့္ၾကည့္သည္။
"မင္းလည္း.. ကံေကာင္းပါေစ"
"ငါကအၿမဲကံေကာင္းၿပီးသားပါ"
ရိုဘင္ထြက္သြားေတာ့အေတြးမ်ားစြာကသူ႕ေခါင္းထဲကိုပလုံစီၿပီးဝင္လာျပန္သည္။ အဲ့ဒီ့ညက.. သူနဲ႕ hyung အတူတူရွိေနတာကိုအတြင္းေရးမႉးမင္အျပင္သိတဲ့လူတျခားတစ္ေယာက္ရွိေနေသးတာလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
ဒါေလးကိုေတာ့အပိုင္း ၂၈ ပိုင္းေလာက္အထိေတာ့မွန္းထားတယ္။ အခု prologue အပါအဝင္အပိုင္း ၂၂ ေတာင္ေရာက္ၿပီဆိုေတာ့ေနာက္ ၆ပိုင္းေလာက္ဆိုဇာတ္သိမ္းနိုင္မယ္ထင္တာပဲ။ အဲ့ဒီ့ထက္ရွည္သြားရင္လည္းစိတ္မဆိုးၾကနဲ႕ေနာ္ 😁