"Camping? ဘာလို့ရုတ်တရက်ကြီး camping လဲ"
ဆာရန်းကသူ့ရှေ့တွင်ခေါင်းကိုငုံ့၊ဒူးတုပ်လျှက်ဝပ်ဝပ်ကလေးထိုင်နေ၏။ တစ်ခုခုကိုမလုံမလဲဖြစ်နေဟန်ဖြင့်လက်ညှိုးလေးနှစ်ချောင်းကိုလည်းတစ်ချောင်းနှင့်တစ်ချောင်းလိမ်ယှက်ရင်းအကြည့်တို့ကိုလည်းအောက်စိုက်ထားသည်။ ဆာရန်းရဲ့အခုလိုမပွင့်မလင်းချီတုံချတုံဖြစ်နေတဲ့ပုံကိုပထမဆုံးအကြိမ်မြင်ဖူးတာမို့ဆော့ဂျင်အံ့ဩမိတာတော့အမှန်ပင်။
"ဟို.. Ap.. Appaပဲပြောထားဖူးတယ်လေ။ဆာရန်းကိုကစားကွင်းလိုက်ပို့ပေးမယ်ဆို"
"ဟုတ်တယ်လေ။ အဲ့ဒါကဆာရန်းလေးလုံးဝနေကောင်းသွားမှလိုက်ပို့ပေးမယ်လို့ပြောတာ"
"ဆာရန်းကအခုလည်းနေကောင်းနေပါပြီ"
ဆာရန်းကသူ့ကိုစကားပြန်ပြောရင်တော့ခေါင်းလေးကိုဖျတ်ခနဲ,ဖျတ်ခနဲမော့လာတတ်သော်လည်းသူနဲ့မျက်လုံးချင်းအဆုံမခံဘဲမသိမသာရှောင်ဖယ်သွား၏။ဒီကောင်မလေးဘာတွေဖြစ်နေပါလိမ့်။
"နေကောင်းတာတော့ဟုတ်ပါပြီ။ ဒါပေမယ့်ကစားကွင်းနဲ့ camping ကဘာဆိုင်လို့လဲ။Appaက ကစားကွင်းပဲလိုက်ပို့ပေးမယ်ပြောတာလေ။ camping ထွက်မယ်လို့မပြောမိပါဘူး"
"ဒါ..ဒါပေမယ့်ကစားကွင်းက Appa သွားချင်တာလေ။ ဆာရန်းသွားချင်တာမှမဟုတ်တာ"
"အဲ့..အဲ့ဒါက.."
သူကလည်းဆာရန်းပြောသလိုပဲဆာရန်းကိုအကြောင်းပြပြီးကစားကွင်းထဲမှာစိတ်ကြိုက်လည်ဖို့ပတ်ဖို့ကြံစည်ခဲ့မိတာမို့ဘာမှဆက်မပြောနိုင်ဘဲနှုတ်ဆိတ်နေလိုက်ရသည်။
"ကစားကွင်းသွားရအောင်ဆာရန်းက,ကလေးမှမဟုတ်တာ။ အဲ့ဒါကြောင့်.. ကစားကွင်းအစား camping ပဲသွားရအောင်နော်"
အဲ့ဒါဆိုကစားကွင်းသွားချင်မိတဲ့သူကရောကလေးလား။ လူကြီးတွေလည်းကစားကွင်းသွားကြတာပဲ။ မရောက်တာကြာလို့သွားချင်မိတာသူ့အပြစ်လား.. အဲ့ဒီ့နေ့ကျရင်ဝတ်ဖို့ DIY t-shirt လေးနဲ့Supermanဝတ်ရုံလေးပါပြင်ဆင်ထားတဲ့ဟာကို မသွားရတော့ဘူးဆိုတော့..ကိုယ့်ကိုယ်ကိုတောင်သတိမထားမိလိုက်ဘဲကလေးဆန်စွာနှုတ်ခမ်းစူမိသည်။ ဆာရန်းရဲ့အလိုကိုအမြဲလိုက်လျောခဲ့ပေမယ့်ဒီကိစ္စမှာလွယ်လွယ်နဲ့အလျှော့မပေးချင်ပါ။
"နော်.. Appa.. နော်.. လို့။ ဆာရန်းလည်း Appa နဲ့အတူတူတခါမှခရီးတောင်မထွက်ဖူးဘူးမဟုတ်လား။ အဲ့ဒါကြောင့်.. သွားချင်လို့ပါ.. နော်.. လို့"
ပြောစကားနားထောင်ပြီးအဖေ့အရိပ်အခြေကိုပဲအမြဲတကြည့်ကြည့်နဲ့နေတတ်တဲ့ဆာရန်းလေးကမပူဆာစဖူးပူဆာလာတော့လည်းစိတ်ကိုအကြာကြီးတင်းမထားနိုင်ပါ။ ဒါပေမယ့်လည်း...
"Camping ဆိုတာလူများများနဲ့သွားနိုင်မှပျော်စရာကောင်းတာဆာရန်းရဲ့။ Appa တို့နှစ်ယောက်တည်းဆိုပျင်းစရာကောင်းပါတယ်။ အမေကလည်းအခုတလောဒူးနာနေလို့လိုက်နိုင်မှာမဟုတ်ဘူး"
သူ့ကိုကလေးဆန်တယ်လို့ပဲစွပ်စွဲချင်စွပ်စွဲပါစေ.. အစွပ်စွဲခံပြီးရသလောက်အယူခံဝင်ကြည့်နေမိတော့သည်။သူ့ရဲ့ကစားကွင်းအိပ်မက်ကလည်းပေါ့သေးသေးမှမဟုတ်တာဘဲ။
"နှစ်ယောက်တည်းမဟုတ်ပါဘူး"
"မဟုတ်ဘူး?"
"လောလောဆယ်.. Appa ရယ်.. ဆာရန်းရယ်.. ပြီးတော့.. အင်းး.. အပေါ်ထပ်ကဦးလေးရယ်.. "
"အပေါ်ထပ်ကဦးလေး? ဘယ်သူလဲ.. ဂျောင်ကု?"
"အင်း"
ဆာရန်းကသူ့ရဲ့စကားကိုသဘောတူထောက်ခံစွာဖြင့်ခပ်သွက်သွက်ခေါင်းညိတ်ပြလာတော့သူ့ရဲ့မျက်ခုံးတွေမြင့်တက်သွားသည်အထိအံ့ဩသွားရ၏။
"နေပါဦး.. ဆာရန်းကအပေါ်ထပ်ကဦးလေးကိုသဘောမကျဘူးမဟုတ်လား"
"အဲ့ဒါက.. အရင်တုန်းကပါ။ အခုလည်းသိပ်သဘောအကျကြီးမဟုတ်ပေမယ့်.. မုန်းစရာလူတစ်ယောက်တိုးလာတာထက်မိတ်ဆွေတစ်ယောက်တိုးလာတာကပိုမကောင်းဘူးလားလို့တွေးမိပြီးအဆင်ပြေအောင်နေကြည့်မလို့ပါ"
သူ့နှုတ်ခမ်းတွေပွင့်ဟသွားသည်အထိအံ့ဩရပြန်သည်။အရွယ်နဲ့မလိုက်အောင်စကားတွေတတ်လွန်းလို့ဆာရန်းရဲ့မွေးစာရင်းကိုတောင်ပြေးလှန်ကြည့်ရမလားလို့တောင်အတွေးဝင်မိသည်။
"ပြီးတော့ Appa ပြောသလိုပဲ.. နှစ်ယောက်တည်းသွားရင်ပျင်းစရာကြီးလေ။ သုံးယောက်ဆိုတော့နည်းနည်းအပျင်းပြေတာပေါ့။ ဘယ်လိုလဲ.. သွားကြမယ်မဟုတ်လား"
"သွားတာတော့ဟုတ်ပါပြီ။အပေါ်ထပ်ကဦးလေးကအားမအားမသေချာဘဲနဲ့... "
"အားတယ်တဲ့"
"အားတယ်?? နေပါဦး.. ဆာရန်းက Appa ဆီကခွင့်ပြုချက်တောင်မရသေးဘဲအပေါ်ထပ်ကဦးလေးကို camping သွားဖို့အရင်ခေါ်ထားတာလား"
"camping သွားဖို့ကအစကတည်းကဆာရန်းရဲ့အကြံမဟုတ်.. အယ်.. အဲ့ဒါက.. အဲ့ဒါက.. ဒီလို.. ဆာရန်းက camping အရမ်းသွားချင်နေတာနဲ့အပေါ်ထပ်ကဦးလေးကို camping သွားဖူးလားလို့အရင်မေးကြည့်လိုက်တာ။ ဦးလေးက..သွားဖူးတယ်တဲ့.. နေရာကောင်းတွေလည်းသိတယ်ဆိုလို့..အတူတူသွားကြမလားလို့မေးလိုက်တော့ဦးလေးကလိုက်မယ်တဲ့သူလည်းအားတယ်တဲ့။ အဲ့ဒါကြောင့်.. ဟဲ.. ဟဲ"
သူကခေါင်းညိတ်လက်မခံသေးဘဲအထစ်ထစ်အငေါ့ငေါ့နဲ့မလုံမလဲဖြစ်နေတဲ့ဆာရန်းရဲ့မျက်နှာလေးကိုမျက်ခုံးတစ်ဖက်ကိုပင့်ပြီးမျက်လုံးတစ်ဖက်မှေးစင်း၍အကဲခတ်ကြည့်နေမိတော့.. သူ့အရိပ်အခြေကိုနားလည်လွန်းတဲ့ဆာရန်းကသူ့ပေါင်ပေါ်တက်ထိုင်ပြီး...
"ဆာရန်းကတကယ့်ကိုအရမ်း.. အရမ်း.. အရမ်း.. သွားချင်နေလို့ပါ။ Appa လည်းလိုက်မယ်မဟုတ်လား.. ဟင်.. ဟင်.. လို့"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟက်ချိုး"
ရာသီဥတုကတစ်နေ့တစ်ခြားအအေးဓါတ်ပိုကဲလာသည်နှင့်အမျှလေတစ်ခါတစ်ခါတိုက်လိုက်တိုင်းကျောရိုးထဲအထိစိမ့်ခနဲအေး,အေးလာတတ်တာမို့အအေးဒဏ်ကိုခံနိုင်ရည်ရှိအောင်အပေါ်ဝတ်ဂျာကင်ကိုရင်ဘတ်ဆွဲစိ၍ လက်ကိုတင်းနေအောင်ပိုက်ထားရသည်။
"ဟ..ဟ.. ဟ.. ဟက်.. ချိုး.. ဪ.. ချီမယ်ဆိုလည်းပွင့်ပွင့်လင်းလင်းချီလိုက်ပါဟဲ့"
ဂျာကင်ရဲ့အတွင်းအိတ်ကပ်ထဲမှလက်ကိုင်ပုဝါကိုထုတ်၍ နှာခေါင်းကိုလက်ကိုင်ပုဝါဖြင့်ပွတ်သုတ်နေရင်းအောက်ကိုပြုတ်ကျလုမတတ်ခေါင်းပြူကာအောက်ထပ်မှအရိပ်အယောင်ကိုလည်းမကြာခဏချောင်း,ချောင်းကြည့်ရသေးသည်။
~ဝီ ဝီ ဝီ~
~ဖတ်~
"ဒီခြင်တွေကလဲတစ်မျိုး"
ခြင်ကဒုက္ခပေးလိုက်၊ အအေးဒဏ်ကနှိပ်စက်လိုက်နဲ့.. သူ့မှာတော့ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့။ အဲ့ဒါတွေအားလုံးရဲ့တရားခံက hyung ပေါ့.. ဒိတ်မယ်ပြောပြီးတဲ့နေ့ကတည်းကဆာရန်းလေးနေမကောင်းတာကိုအကြောင်းပြပြီးသူ့ကိုရှောင်ဖယ်,ရှောင်ဖယ်နဲ့ရက်စက်သွားတဲ့ hyung ရဲ့စိမ်းကားမှုတွေကြောင့်သူ့မှာညကြီးချမ်းချမ်းစီးစီးအချိန်မှာအိမ်ထဲမှာဇိမ်လေးနဲ့ကွေးမနေနိုင်ဘဲဒီမှာခြင်တွေကိုသွေးလှူရင်းဒုက္ခခံနေရသည်။သူ့ရဲ့ပေးဆပ်မှုတွေကိုတနေ့တော့ hyung သိအောင်ပြောပြပြီးအတိုးရော၊ အရင်းပါပြန်တောင်းရမည်။ မပေးနိုင်ဘူးလို့ငြင်းရင်အကြွေးနဲ့ပါသိမ်းပစ်ဦးမည်။ ကင်ဆော့ဂျင်တို့.. တစ်သက်လုံးဆပ်ပေတော့..
~ကျွီ~
တံခါးဖွင့်သံတိုးတိုးလေးနှင့်အတူဖျတ်ခနဲမြင်လိုက်ရတဲ့ကုန်းကုန်းကွကွအရိပ်သေးသေးလေးကြောင့်ထခုန်မိမတတ်ဝမ်းမြောက်ဝမ်းသာဖြစ်သွားရ၏။
"ကလေးမလေး.. ဒီမှာ.. ဒီမှာ"
သူကလေသံတိုးတိုးဖြင့်ဆာရန်းကိုတိုးတိုးကျိတ်ကျိတ်လှမ်းခေါ်၌အပေါ်ထပ်ကိုတက်လာဖို့လက်နှစ်ဖက်စလုံးကိုလေပေါ်ဝှေ့ယမ်း၍အချက်ပြလိုက်သည်။ ဒါပေမယ့်လည်းညကြီးအချိန်မတော်ဆာရန်းတစ်ယောက်တည်းလှေကားတက်လာရင်ချော်လဲတာတို့ဘာတို့ဖြစ်မှာစိုးရိမ်တာကြောင့်သူကိုယ်တိုင်အောက်ထပ်ကိုပြေးဆင်းသွားပြီးဆာရန်းကိုချီကာအပေါ်ထပ်သို့ခပ်သွက်သွက်ပြန်တက်ခဲ့ရသည်။
"ကလေးမလေးမဟုတ်ပါဘူးနော်.. ဆာရန်းပါ။ ဘာလို့ဒီနာမည်လေးတောင်မမှတ်မိနိုင်ရတာလဲ။ ဆာ.. ရန်း.. ဆာ.. ရန်း.. လို့ကြက်တူရွေးတွေလိုနှုတ်တိုက်သင်ပေးမှမှတ်မိမှာလား"
သူအမောတောင်မဖြေရသေးခင်မှာပင်ဆာရန်းကမျက်မှောင်လေးကုတ်၍ဆီးပြီးရန်တွေ့စကားဆိုလာတော့ရင်ထဲမှာအစာမကြေဖြစ်မိပေမယ့်.. အခုအချိန်မှာဆာရန်းကသူ့အတွက်key personဖြစ်နေတော့လည်းမျက်နှာကိုအချိုသာဆုံးပြုံးကာ..
"ဟုတ်ပါပြီ.. လေဒီ ကင်.. ဆာ.. ရန်းရယ်။ နာမည်ကင်းပွန်းတပ်ကိုနောက်မှလုပ်ပါ။အခုအရေးကြီးတဲ့ကိစ္စလေးကိုပဲခပ်သွက်သွက်ပြောကြရအောင်.. နော်"
သူ့ရဲ့ထိုင်ရှိခိုးမတတ်အောက်ကျို့နေတဲ့ပုံကိုဆာရန်းကအောင်နိုင်သူတစ်ဦးလိုဝင့်ဝင့်ကြွားကြွားပြုံးကြည့်ရင်းဟန်ပါပါဖြင့်လက်ပိုက်လိုက်ပြီး..
"Appa က အိုခေတဲ့"
အဲ့ဒီ့အိုခေဆိုတဲ့စကားလေးကိုကြားပြန်တော့လည်းဆာရန်းကိုဖက်နမ်းမိမတတ်ကျေးဇူးတင်မိပြန်ရော..
"တကယ်?"
"အင်း.. Appa ဆီကသဘောတူညီမှုရပြီဆိုတော့ဆာရန်းကဘာဆက်လုပ်ရမှာလဲ"
"ဘာဆက်လုပ်ရမှာလဲဆိုတော့... "
သူကမေးစေ့ကိုပွတ်၍ဆက်လုပ်ရမယ့်အစီအစဥ်တွေကိုအသည်းအသန်စဥ်းစားသည်။ဆာရန်းကသူ့ရဲ့အပြုအမူတိုင်းကိုမမှိတ်မသုန်လိုက်ကြည့်နေသည်။
"ဒီလိုလုပ်.. သွားမယ့်နေ့ကျမှ.. ကလေး.. အဲ.. ဆာရန်းနေမကောင်းလို့မလိုက်တော့ဘူးလို့ပြောပြီးနေခဲ့လိုက်ပါလား"
"ကျွတ်.. ကျွတ်.. ကျွတ်.. အတွေးအခေါ်တွေကတော့.. ဆာရန်းသာနေမကောင်းဘူးဆိုရင် Appa ကဦးလေးနဲ့နှစ်ယောက်တည်းခရီးသွားပါ့မလား။ ခရီးစဥ်လည်းပျက်ပြီပေါ့"
"ဟုတ်သားပဲ"
"သုံးယောက်လုံးအတူတူသွားပြီးဆာရန်းကဟိုရောက်မှစောစောအိပ်ရာဝင်ပေးလိုက်ရင်ရနေတာပဲကို"
တော်လိုက်တာ.. ဒီလောကကြီးမှာကင်ဆာရန်းအတော်ဆုံးလို့တောင်ကြွေးကြော်ပြီးအဲ့ဒီ့တော်လွန်းထက်လွန်းတဲ့ဦးနှောက်လေးကိုရွှေတောင်ချထားပေးချင်သည်။
"ဦးလေးသာဆွဲထားတဲ့အစီအစဥ်ကိုသေချာပိုင်ပိုင်နိုင်နိုင်လုပ်"
"အဲ့ဒီ့အတွက်တော့.. ဘာမှမစိုးရိမ်နဲ့"
သူကကိုယ့်ကိုယ်ယုံကြည်မှုလွန်ကဲနေသည့်မျက်နှာထားဖြင့်ခေါင်းမော့ရင်ကော့လိုက်ပြီး..
"အားလုံး.. သေချာ..စီ.. စဥ်..ထားပြီးသား။ camping အတွက် concept က Justin Joseph Jeon"
သူနဲ့ hyungရဲ့ပထမဆုံးဒိတ်ကိုကိုရီးယား၊အမေရိကန်၊ပြင်သစ်စတိုင်သုံးမျိုးစလုံးပါဝင်အောင်စီစဥ်ထားသည်။ ကိုရီးယားဆန်ဆန်အနုအရွလေးတွေနဲ့စတင်ပြီးဒုတိယအဆင့် French kiss ကိုတက်ပြီးရင်နောက်ဆုံးပိတ်ကိုအမေရိကန်ဆန်ဆန်.... ရာသီဥတုကလည်းအေးလာပြီဆိုတော့နှစ်ယောက်စလုံးနွေးသွားအောင်ပူနွေးတဲ့ညလေးကိုဖြတ်သန်းရမှာပေါ့။
သူ့ရဲ့အစီအစဥ်တွေကစာရွက်ပေါ်မှာတော့အပိုအလိုမရှိကွက်တိပါပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Heol"
အထုပ်အပိုးကိုယ်စီနဲ့ရောက်ချလာတဲ့အတွင်းရေးမှူးမင်နဲ့မန်နေဂျာဂျီမင်းတို့စုံတွဲကိုကြည့်ပြီးဆာရန်းနဲ့သူ..တစ်ဦးမျက်နှာတစ်ဦးကြည့်၍ တစ်ပြိုင်နက်တည်းစိတ်ပျက်လက်ပျက်ညည်းညူမိကြသည်။ ဆာရန်းကသူ့မျက်နှာကိုမော့ကြည့်ကာမေးဖျားလေးကိုပင့်ပြီးဘယ်လိုလုပ်မှာလဲဆိုတဲ့အထာနဲ့လှမ်းမေးတော့သူကလည်းစိတ်ညစ်ညစ်နဲ့ခေါင်းတွေတဖျင်းဖျင်းကုတ်ရင်း...
"မင်းတို့နှစ်ယောက်ကဘယ်လိုလုပ်ပြီးရောက်လာကြတာလဲ"
အတွင်းရေးမှူးမင်ကသူ့အမေးကိုမဖြေဘဲဘေးကဂျီမင်းကိုမေးဆတ်ပြသည်။ ဂျီမင်းကမျက်လုံးပေါက်လေးတွေပျောက်သွားသည်အထိတက်ကြွစွာပြုံးလိုက်ပြီး..
"ဆော့ဂျင်းနီကဖုန်းဆက်ခေါ်လို့လေ..camping သွားကြမလို့ဆို"
"ဖုန်းဆက်တယ်? Appa က?"
"Appa? Omo.. omo..ဒါလေးကဆော့ဂျင်းနီရဲ့သမီးလေးလား"
"မင်္ဂလာပါ.. ကင်.. ဆာ.. ရန်း.. လို့ခေါ်ပါတယ်"
"ဆော့ဂျင်းနီကသူ့သမီးလေးအကြောင်းအမြဲပြောပြောနေလို့အရမ်းမြင်ဖူးချင်နေတာ။.ဆော့ဂျင်းနီပြောထားတာထက်တောင်အပြင်မှာပိုပြီးချစ်ဖို့ကောင်းနေသေးတယ်။ aigoo.. aigoo.. ချစ်စရာကောင်းလိုက်တာ.. အရုပ်လေးကျနေတာပဲ"
ဂျီမင်းကဆာရန်းရဲ့ပါးနှစ်ဖက်ကိုအားရပါးရဆွဲနေတော့ဆာရန်းကမျက်နှာငယ်လေးနဲ့သူ့ကိုအကူအညီတောင်းသလိုမော့ကြည့်သည်။အဲ့ဒီ့တော့သူကအချစ်ကြမ်းလွန်းတဲ့ဂျီမင်းရဲ့လက်ထဲကနေဆာရန်းကိုကယ်တင်ရှင်ဝင်လုပ်ရသေးသည်။
"ဪ.. ဂျီမင်းရှီတို့ရောက်လာကြပြီလား။ အတွင်းရေးမှူးမင်လည်းပါလာတာပဲ"
ခဏအကြာမှာတော့ hyung ကအထုပ်အပိုးတွေနဲ့သူတို့အနားရောက်လာပြီးဂျီမင်းတို့စုံတွဲကိုနှုတ်ဆက်စကားဆိုသည်။
"ပါရမှာပေါ့။ တို့စုံတွဲက camping ထွက်ရတာအရမ်းဝါသနာပါကြတာ။ honeymoon ကိုတောင်အပျော်ခရီးတွေမသွားဘဲcampingပဲထွက်ကြတာ။ဝါသနာပါလွန်းလို့ tent ကအစ sleeping bag အထိအကုန်အပြည့်အစုံကိုဝယ်ထားကြတာ။ အခုလိုဆော့ဂျင်းနီတို့နဲ့အတူသွားရမယ်ဆိုတော့ပိုကောင်းတာပေါ့။ လိုတာရှိလည်းပြောကြနော်။ အိမ်ကနေလိုလေသေးမရှိအောင်အကုန်ထည့်ယူလာတယ်။ ယွန်ဂီရှီကငါးမျှားတာလည်းဝါသနာပါလို့ငါးမျှားတံတောင်ယူခဲ့သေးတယ်"
"ဟုတ်လား.. ကျွန်တော်လည်းငါးမျှားရတာကြိုက်တာ.. အတော်ပဲဖြစ်သွားတာပေါ့။ ဟိုရောက်ရင်.. အတွင်းရေးမှူးမင်နဲ့ငါးအတူတူမျှားရမယ်။ ပြီးရင် sashimi လုပ်ကျွေးမယ်"
"Appa.. ဟို.. ဆာရန်းတို့ကဒီဦးလေးတွေနဲ့အတူတူ camping ထွက်ကြမှာလား"
"အင်းလေ။ ပြီးတော့အမေကလည်းလိုက်မယ်တဲ့"
"အဖွားပါလိုက်ဦးမှာ! မဟုတ်ဘူးလေ.. အဖွားကဒူးနာနေလို့မလိုက်နိုင်ဘူးဆို"
"အမေကအိမ်မှာပဲနေ,နေရတော့မွန်းကြပ်မှာပေါ့။အဲ့ဒါကြောင့်လေကောင်းလေသန့်လေးရအောင်လိုက်ခဲ့ဖို့ခေါ်လိုက်တာ။ ဟိုရောက်ရင်အမေအဖော်ရအောင်လို့သူနဲ့အတူဘုရားကျောင်းတက်တဲ့အဒေါ်ကြီးသုံးယောက်လည်းပါဦးမှာ"
"ဟင်"
ဆာရန်းနဲ့သူနဲ့နှစ်ယောက်မျက်လုံးအပြူးသားနဲ့ဒုတိယအကြိမ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြပြန်သည်။
"လူအများကြီးသွားကြမှာဆိုတော့မပျော်ဘူးလား"
"ပျော်တာပေါ့.. အရမ်းကိုပျော်တာပေါ့.. ခေါ်လက်စနဲ့ဟိုတယ်ကဝန်ထမ်းတွေပါတခါတည်းခေါ်လိုက်ပါလား.. ဘာပဲဖြစ်ဖြစ်ကျွန်တော်အကုန်ကျခံရမှာပဲ"
"သေချာလား.. boss။ အဲ့ဒါဆိုကျွန်တော်အခုပဲဖုန်းဆက်ခေါ်လိုက်.. "
"သေချင်လို့လား"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟိုနှစ်ယောက်ကဘာဖြစ်နေကြတာလဲ"
အိမ်ကနေထွက်လာကတည်းကတစ်လမ်းလုံးစကားတစ်ခွန်းမှမပြောဘဲစူပုတ်ကောက်ချိတ်လို့အခုနေ့လည်စာစားနားဖို့စားသောက်တန်းကိုရောက်တော့လည်းဘာအစားအသောက်မှသွားမမှာကြဘဲမျက်မှောင်ကြီးတွေကုတ်ပြီးထိုင်နေကြတဲ့ဂျောင်ကုနဲ့ဆာရန်းကိုကြည့်ပြီးဘာတွေဖြစ်နေကြလဲသိချင်မိတာကြောင့်ပါးစပ်ကနေထုတ်မေးမိသည်။
"ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ပါဘူး"
ပြန်ဖြေတော့လည်းတစ်ပြိုင်နက်တည်း၊ တစ်လေသံတည်း.. မျက်နှာတွေကလည်းမှုန်ကုတ်ကုတ်နဲ့ဘာတွေမကျေမနပ်ဖြစ်နေကြသည်မသိ။ အရင်ကလုံးဝမတည့်ကြတဲ့နှစ်ယောက်ကအခုတော့လည်းတပူးပူးတတွဲတွဲနဲ့ကားပေါ်မှာလည်းနှစ်ယောက်တည်းတိုးတိုး,တိုးတိုးနဲ့တွတ်ထိုးနေကြတာကလည်းအံ့ဩစရာ။
မဟုတ်သေးပါဘူး.. သူတို့ပဲသွားချင်ကြတယ်ဆိုလို့သူ့မှာကစားကွင်းသွားဖို့ကိုတောင်လက်လျှော့ပြီးလိုက်ခဲ့ရတာလေ။လူများများနဲ့ပျော်ပျော်ရွှင်ရွှင်လေးဖြစ်သွားအောင်ဒီလူတွေကိုတောင်မနည်းစုထားပေးရတာလေ.. အဲ့ဒါကိုအခုမှဒီနှစ်ယောက်ကဘာထဖြစ်ပြန်တာလဲ..
"Appa.. ဆာရန်းအိမ်သာခဏသွားချင်လို့"
"ဟုတ်လား.. Appa လိုက်ပို့.. "
"ရတယ်.. ဦးလေးနဲ့သွားလိုက်မယ်"
"ဟွန်း.. Appa စိတ်မကောင်းဖြစ်မိတယ်။ ဆာရန်းက Appa ကိုမလိုအပ်တော့ဘူးလား။ Appa ထက် ဒီဦးလေးကိုပိုချစ်သွားပြီပေါ့.. ဟုတ်လား။ အဲ့လိုလား"
"မဟုတ်ပါဘူး။ ဆာရန်းကတစ်လောကလုံးမှာ Appa ကိုအချစ်ဆုံးပါ.. သိရဲ့သားနဲ့။အခု Appa ကထမင်းစားနေတုန်းတန်းလန်းကြီးလေ.. အစားပျက်သွားမှာစိုးလို့ပါ။ ကဲ.. ဦးလေး.. ထလေ.. သွားပါမယ်ဆိုမှ"
"ဪ.. အင်း.. အင်း.. သွားကြမယ်"
သူကဆာရန်းလက်ကိုဆွဲ၍ကပျာကယာထထွက်ခဲ့တော့ hyung ကနှုတ်ခမ်းလေးစူပြီးကျနေခဲ့သည်။
"အခု.. ဘာဆက်လုပ်ကြမှာလဲ"
Hyung သူတို့ကိုလှမ်းမမြင်နိုင်တဲ့နေရာရောက်တော့မှဆာရန်းကသူ့ကိုတိုးတိုးမေးသည်။ သူကရင်ဘတ်တွေဖောင်းလာသည်အထိလေကိုရှူသွင်း၍ သက်ပြင်းကိုအကျယ်ကြီးချလိုက်ပြီး..
"ဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူး။ ဒီလောက်လူတွေတလှေကြီးပါလာလိမ့်မယ်လို့ဘယ်ထင်ထားပါ့မလဲ"
"ဟုတ်ပါ့.. Appa တို့ကတော့ခက်ပါတယ်"
"ဟင်း"
"ဟင်း"
သူရောဆာရန်းပါနှစ်ယောက် ပြိုင်တူသက်ပြင်းချမိပြန်သည်။
"အာ.. ဒီလိုလုပ်ပါလား"
ရုတ်တရက်ဆာရန်းကအကြံတစ်ခုခုကိုရသွားပုံဖြင့်လက်ခုပ်တီးလိုက်ပြီးဝမ်းသာအားရဖြင့်..
"သူတို့အတွက်အိပ်ဆေးဝယ်သွားကြမယ်"
"အိပ်ဆေး?"
"အင်းလေ.. အဖွားဆိုညညအိပ်မပျော်ဘူးဆိုရင်ရေခဲသေတ္တာထဲကအိပ်ဆေးအရည်တွေယူပြီးသောက်လိုက်တာနဲ့တန်းအိပ်ပျော်သွားတာပဲ။ တခါတလေဆာရန်းရှူရှူးပေါက်သွားချင်လို့နှိုးတာတောင်မနိုးတော့ဘူး"
"အိပ်ဆေးအရည်?"
"အင်း.. ပုလင်းအစိမ်းရောင်လေးလေ။ အဖွားကတော့ကြွပ်ကြွပ်အိတ်အမည်းကြီးနဲ့ပတ်ပြီးဖွက်ဖွက်ထားတာပဲ။ ဒါပေမယ့်ဆာရန်းကအကုန်မြင်တယ်"
"ပုလင်းအစိမ်း? အာ.. သိပြီ.. ဆိုဂျူကိုပြောတာလား။ အဲ့ဒီ့အကြံမဆိုးဘူး.. ကောင်းတယ်။ သူတို့ကိုအိပ်ဆေးတိုက်ရမယ်။ အများကြီးတိုက်ရမယ်"
ပြီးတော့ဟိုရောက်ရင် hyungရဲ့အမေရယ်၊အဒေါ်ကြီးတွေရယ်နဲ့ဆာရန်းကိုသစ်လုံးအိမ်ထဲမှာအိပ်ခိုင်းရမယ်။ အတွင်းရေးမှူးမင်နဲ့ဂျီမင်းတို့စုံတွဲကလည်း tent တစ်ခုတည်းမှာပဲအတူတူအိပ်ကြဖို့သေချာတယ်ဆိုတော့..
ဆိုဂျူရဲ့ပံ့ပိုးမှုလေးနဲ့အတူသူတို့ရဲ့ညလေးကပိုပြီးတော့ပူနွေးသွားတော့မှာပေါ့။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီည.. Jagi က GM နဲ့အိပ်လိုက်။ ကိုယ်ကဆော့ဂျင်းနီနဲ့အိပ်လိုက်မယ်"
ကြားလိုက်ရတဲ့စကားက ရင်ဝကိုဖနောင့်နဲ့ပေါက်တာထက်တောင်ခံရခက်စေသည်။ သူ့ရဲ့ Plan A ကသဲထဲရေသွန်ဖြစ်သွားလို့ Plan B ဘက်လှည့်မယ်ကြံကာမှသူ့ရဲ့ Plan B ကလည်းစီစဥ်သူပတ်ဂျီမင်းကြောင့်တစ်စစီကောက်လို့မရအောင်ကြက်ပျောက်ငှက်ပျောက်,ပျောက်ဆုံးသွားရပြန်သည်။
~ဒုတ် ဒုတ် ဒုတ် ဒုတ်~
ရင်ထဲမှာရှိရှိသမျှမွန်းကြပ်မှုတွေ၊ မကျေနပ်ချက်တွေ၊ ဒေါသအစိုင်အခဲတွေကိုယခုလှီးနေရတဲ့ကြက်သွန်နီအပေါ်ကိုသာစုရုံးပုံချ၍အပိုင်းပိုင်းအတစ်တစ်ပြတ်ထွက်သွားအောင်ကိုခုတ်ထစ်နေမိတော့သည်။ အေးချမ်းသာယာတဲ့တောတောင်သဘာဝရှုခင်းအလှတွေကိုချစ်ရသူလေးနဲ့အတူတူခံစားပြီးကြည်နူးရမလားမှတ်ပါတယ်အခုတော့သူ့အဖြစ်ကတသွင်သွင်စီးနေတဲ့စမ်းချောင်းလေးရဲ့ဘေးမှာချစ်သူလေးနဲ့ကလူကျီစယ်လုပ်ခွင့်မရဘဲကြက်သွန်နီထိုင်လှီးနေရသည်။
"Boss.. မြင်ရောမြင်ရရဲ့လား။ တော်ကြာကိုယ့်လက်ကိုယ်ပြန်လှီးမိနေဦးမယ်"
နေကာမျက်မှန်ကြီးတပ်ပြီးကြက်သွန်လှီးနေတဲ့သူ့ကိုဘေးမှာကြက်သွန်နွှာနေတဲ့မင်ယွန်ဂီကခွာပြီးသားကြက်သွန်နီတစ်လုံးကိုလှမ်းပေးရင်းမေးလာသည်။
"ဒီအတိုင်းလှီးရင်မွှန်မှာပေါ့။ အဲ့ဒါကြောင့်မျက်မှန်တပ်ပြီးအကာအကွယ်လုပ်ထားရတာ။ အစကတည်းကငိုချင်နေပါတယ်ဆိုမှကြက်သွန်လှီးရင်းရောငိုနေမိမှာစိုးလို့"
"ဪ"
"နေပါဦး.. မင်းကမင်းယောက်ျားကိုထိန်းဖို့အစီအစဥ်မရှိတော့ဘူးလား။ မင်းတစ်ယောက်လုံးပါနေတာတောင် သူကကိုယ့်ယောက်ျားနဲ့ကိုယ်မအိပ်ဘဲဘာကိစ္စသူများယောက်ျား.. အဲ.. ငါ့ရဲ့ hyung နဲ့အိပ်ချင်ရတာလဲ"
"Boss.. ကျွန်တော့်ရဲ့ပုံကသူ့ကိုထိန်းနိုင်ရဲ့သားနဲ့ဝင်မထိန်းတဲ့ပုံလား.. ဒါမှမဟုတ်..ပြောလို့မနိုင်တော့လို့လက်မြှောက်အရှုံးပေးထားတဲ့ပုံလားဆိုတာသေချာလည်းကြည့်ပါဦး"
အတွင်းရေးမှူးမင်ကမျက်နှာငယ်လေးနဲ့ပြောလာတော့လည်းသူ့မှာရောယောင်ပြီးသနားမိသေးသည်။
"အတွင်းရေးမှူးမင်ကိုကြည့်ရတာယောက်ျားကြောက်ရတဲ့စတိုင်ထင်တယ်"
"ကြောက်တာမဟုတ်ပါဘူး။ အငယ်မို့လို့အလျှော့ပေးထားတာ.. အငယ်မို့လို့"
"ဟား.. ဟား.. အဲ့လိုမထင်.. "
"ရား! ကြက်သွန်တွေကိုဘယ်လိုလှီးထားတာလဲ။ ကြည့်ပါဦး.. လှီးထားတာလည်းကြက်သွန်ကကြက်သွန်ရုပ်တောင်မပေါက်တော့ဘူး။ တခါတည်းကင်လို့လည်းရအောင်အကွင်းလိုက်လေးတွေလှီးပါဆိုမှ။ဒါလေးတောင်ဖြောင့်တန်းအောင်မလုပ်တတ်ဘူးလား.. တကယ်ပါပဲ"
"ဆောရီး.. ဆောရီး.. ကျွန်တော်အတွေးလွန်သွားလို့။ ဒီမှာကြက်သွန်တွေအများကြီးရှိသေးတာပဲ။ ပြန်လှီးလိုက်မယ်နော်.. ဆောရီး.. ဆောရီး"
Hyung ကနှုတ်ခမ်းလေးတလှုပ်လှုပ်နဲ့ပွစိပွစိဆူပူသွားပြီးဘောက်ဆတ်,ဘောက်ဆတ်နဲ့ပြန်ထွက်သွားသည်။ထိုအခါကျမှပြောစရာဟာကွက်ရသွားတဲ့မင်ယွန်ဂီကတစ်စခန်းထလာပြီး..
"Boss ကိုကြည့်ရတာလည်း... "
"အကြီးမို့လို့ လေးစားတာ.. အကြီးမို့လို့"
"ဪ.. ဪ.. အဲ့လိုပဲထားလိုက်ပါတော့"
"အတွင်းရေးမှူးမင်ကလည်းအဲ့ဒီ့မှာဘာလုပ်နေတာလဲ။ ငါးမျှားမယ်ဆို။ အဲ့ဒါတွေထားခဲ့.. ဂျောင်ကုလုပ်လိမ့်မယ်"
Hyung ကအဝေးကနေအသံဆာဆာလေးနဲ့လှမ်းအော်တော့ယွန်ဂီက..
"ဟို.. Boss ကိုကူပေးချင်ပေမယ့် Boss ရဲ့ Boss ကခေါ်နေတော့.. "
"သွား.. သွား.. မြန်မြန်သွား"
"တစ်ယောက်တည်းဖြစ်တယ်မဟုတ်လား"
"အော်.. သွားပါဆိုမှ"
ရှိသမျှမကျေနပ်ချက်တွေအကုန်လုံးကိုကြက်သွန်တွေအပေါ်ပုံချလိုက်ချင်ပေမယ့်ထပ်ပြီးအဆူခံရမယ့်ကိန်းကိုကြိုမြင်မိတာမို့.. ဪ.. ဂျွန်ဂျောင်ကုတို့အတွက်ဒီနေ့စိတ်ထွက်ပေါက်လေးတောင်မရှိပါလားနော်..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟင်းး"
သက်ပြင်းတစ်ခါချလို့အသက်တစ်ရက်တိုနိုင်တယ်ဆိုရင်ဒီနေ့တစ်ရက်တည်းချခဲ့ရတဲ့သက်ပြင်းတွေနဲ့တင်သူ့သက်တမ်းကအနှုတ်လက္ခဏာပြလောက်သည်။ အခုလည်းကြည့်လေ.. ဆာရန်းပေးတဲ့အကြံအတိုင်းသူဆိုဂျူပုလင်းတွေအများကြီးဝယ်လာခဲ့ပေမယ့်သူရည်ရွယ်ထားတဲ့သူတွေကိုမတို့ရမထိရခင်မှာပဲကင်ဆော့ဂျင်တို့ကတစ်ပုလင်းပြီးတစ်ပုလင်းဝင်မော့နေသည်။
သူကသာသူ့အစီအစဥ်တွေတစ်ခုမှအထမမြောက်လို့ စိတ်တွေညစ်နေရတာ hyung တို့ကတော့ဒီနေ့တော်တော်ပျော်နေပုံရသည်။ ဆိုဂျူတွေတစ်ခွက်ပြီးတစ်ခွက်သောက်လိုက်၊ ဂိမ်းတွေဆော့လိုက်၊ စကားတွေပြောလိုက်၊ ရယ်လိုက်မောလိုက်နဲ့။ ဘာပဲဖြစ်ဖြစ်ပါ..သူလေးပျော်နေတာမြင်ရတော့လည်းစိတ်ညစ်ညူးနေတဲ့ကြားကကျေနပ်တဲ့စိတ်လေးလည်းဝင်မိပါသည်။
"ဘယ်ရောက်သွားကြတာလဲ.. ဒီမှာသောက်လို့တောင်မဝသေးဘူး။ ဂျီမင်းရှီ.. ဂျီမင်းရှီ"
ကံကောင်းချင်တော့ဂျီမင်းကစားပွဲပေါ်ခေါင်းငိုက်စိုက်ချပြီးအိပ်ပျော်နေပြီ။ အတွင်းရေးမှူးမင်ကအိပ်ပျော်နေတဲ့ဂျီမင်းကိုမနိုးအောင်အသာအယာမ,၍ hyungကိုထိန်းဖို့မျက်နှာရိပ်မျက်နှာကဲပြပြီးထွက်သွားသည်။အမေနဲ့အဒေါ်ကြီးတစ်သိုက်နဲ့ဆာရန်းတို့ကလည်းအခုအချိန်ဆိုအိပ်မက်တောင်မက်နေလောက်ပြီဆိုတော့သူ့အစီအစဥ်အတိုင်းသူနဲ့ hyung သာနှစ်ယောက်တည်းကျန်ခဲ့သည်။ ခက်တာက.. hyung ကခေါင်းတောင်မထောင်နိုင်အောင်မူးနေခြင်းပင်။
"တော်လောက်ပြီ.. hyung သောက်တာများနေပြီ"
Hyung မော့ဖို့ပြင်နေတဲ့ဆိုဂျူပုလင်းကိုသူကhyung လက်ထဲမှအတင်းလုပြီးပြောတော့ hyung ကနှုတ်ခမ်းလေးကိုချွန်နေအောင်စူ၍သူ့ကိုပေစောင်းစောင်းကြည့်သည်။
"မများပါဘူးနော်.. အခုမှစသောက်တာပါနော်။ မူးတောင်မမူးသေးတဲ့ဟာကို။ ပြန်ပေး.. ပြန်ပေးပါဆိုမှ"
"တော်တော့လို့ပြောရင်တော်လိုက်တော့လေ။ အဆူခံချင်လို့လား.. ဟင်"
ဒီနေ့တစ်နေ့လုံးဒီ hyung ပေါက်စလေးကြောင့်သူ့မှာဒုက္ခတွေများခဲ့ရတာမို့လေသံမာမာနှင့်ပင်ကလေးတစ်ယောက်ကိုမာန်မဲသလိုပြောလိုက်မိသည်။ အဲ့လိုကျပြန်တော့လည်း hyung ကခေါင်းလေးငုံ့ပြီးနှုတ်ခမ်းလေးစူသွားသည်။hyungနှုတ်ခမ်းလေးစူသွားပုံကဂျစ်တိုက်ချင်နေတာနဲ့မတူပဲလူကြီးကမောင်းမဲလိုက်လို့ငိုမဲ့မဲ့လေးဖြစ်သွားသည့်ကလေးလိုပင်.. သူအသည်းယားသွားပြီးချွန်နေအောင်စူထားတဲ့နှုတ်ခမ်းလေးကိုအသည်းတယားယားနှင့်ဆွဲညှစ်ပစ်လိုက်သည်။
"အ! နာသွားပြီနော်"
Hyungကသုန်သုန်မှုန်မှုန်မျက်နှာလေးနှင့်မျက်စောင်းလေးဝင့်ကာဆိုသည်။
"ထ.. ကျွန်တော်နဲ့သွားစရာရှိတယ်"
"ထရမယ်? အစ်.. မထနိုင်တော့ဘူး.. ထူ"
Hyung ကလက်ကလေးနှစ်ဖက်ကိုကားပြီးသူ့ဆီကိုလှမ်းပေးသည်။ သူက hyung ရဲ့ချိုင်းအောက်ကနေပင့်မပြီးဆွဲထူပေးလိုက်တော့ hyung ကသူ့လည်ပင်းကိုလက်ကလေးနှစ်ဖက်ဖြင့်ပြန်ဖက်တွယ်လာသည်။
"ပြောတော့မမူးပါဘူးဆို"
"မမူးပါဘူး။ အခုလည်းကောင်းကောင်းရပ်နေနိုင်သားပဲ"
သူထိန်းပေးထားတာကိုး.. ရပ်နိုင်မှာပေါ့။ သူသာလက် လွှတ်လိုက်ရင်ဘုန်းခနဲကိုပြိုလဲသွားမှာ။
"မမူးတာသေချာတယ်နော်"
"အင်း"
"လမ်းရောလျှောက်နိုင်ရဲ့လား"
"အင်း"
"အဲ့ဒါဆို.. သွားကြမယ်။ hyung ကိုခေါ်သွားချင်တဲ့နေရာရှိတယ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung.. အိပ်မပျော်စေနဲ့နော်"
ချစ်ရသူလေးရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီးစကားလေးတွေတီတီတာတာပြောရင်းရှုမငြီးအောင်လှနေသည့်တောတောင်သဘာဝရှုခင်းတွေကိုကြည်ကြည်နူးနူးငေးမောချင်တဲ့သူ့မျှော်လင့်ချက်လေးကလည်းလေစိုင်ထဲမှာပဲပျောက်ကွယ်သွားရပြန်ပါသည်။ လမ်းလျှောက်နိုင်ပါတယ်ဆိုတဲ့အမူးသမားလေးကအရှေ့ကိုတစ်လှမ်းတိုးရင်အနောက်ကိုနှစ်လမ်းပြန်,ပြန်ရောက်သွားတာမို့ဒီနှုန်းနဲ့သာသွားနေရင်မိုးလင်းတာတောင်သူသွားချင်တဲ့နေရာကိုမရောက်နိုင်မှန်းသိနေတာကြောင့်ကုန်းပိုးပြီးခေါ်လာရသည်။ ဒီကြားထဲဟိုမရောက်ခင်အိပ်ပျော်သွားမှာစိုးလို့မကြာမကြာလှမ်းပြီးသတိပေးနေရသေးသည်။
"Hyung.. ရောက်ပြီ"
မဟူရာကောင်းကင်ကြီးကိုနောက်ခံထားပြီးထင်းရှူးရွက်များသည်တနွဲ့နွဲ့ယိမ်းညွတ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးထင်းရှူးနံ့နှင့်ယူကလစ်နံ့တို့သည်ရောနှောပြီးသင်းသင်းလေးဝေ့ပျံ့နေ၏။မျက်စိတစ်ဆုံးမြင်တွေ့နေရသောစိမ်းညှို့ပြာမှိုင်းသောသစ်ကြီးဝါးကြီးတို့ဝေမှောင်လျက်ရှိသောတောင်တန်းပြာတို့၏အဆုံးအောက်ခြေတွင်မေးတင်လျက်ရှိသောချောင်းကလေးတွင်ရေများတသွင်သွင်စီးဆင်းနေပုံကလှပအသက်ဝင်လွန်းသည်။ ချောင်းရေစီးသံကလည်းသဲ့သဲ့လေးနှင့်ညင်သာလှပေသည်။
"ဂျောင်ကု.. ဟိုမှာ.. ကြယ်တွေအများကြီးပဲ။ ကြယ်တွေအများကြီးကြွေကျလာတယ်။ ဝါး! ငါတို့ကကြယ်တွေကြားထဲရောက်နေတာပဲ"
တသွင်သွင်စီးနေတဲ့ချောင်းကလေးပေါ်ကိုဖြတ်ထိုးထားတဲ့သစ်သားတံတားလေးတစ်ခုရှိသည်။ ထိုတံတားပေါ်မှထိုင်၍ကြည့်လျှင် ရာပေါင်းများစွာသောပိုးစုန်းကြူးကောင်လေးများကိုမြင်နိုင်သည်။ အစကတော့ဒီနေရာကိုလာပြီးဒရမ်မာတွေထဲကလို hyung ကိုချစ်ခွင့်ပန်မယ်။ အရောင်တွေတဖျတ်ဖျတ်လက်နေတဲ့ပိုးစုန်းကြူးလေးတွေကိုနောက်ခံထားပြီးအနမ်းချင်းဖလှယ်ကြမယ်လို့ရည်ရွယ်ထားခဲ့တာ.. အခုတော့အမူးသမားလေးကပိုးစုန်းကြူးလားကြယ်လားတောင်ခွဲခြားမသိနိုင်ဘူးတဲ့။ ကောင်းရော..
"ထူးဆန်းတယ်။ ကြယ်တွေကငြိမ်ငြိမ်လည်းမနေဘူး။ လျှောက်ပြေးနေတယ်"
"အဲ့ဒါကြယ်မှမဟုတ်တာ.. ပိုးစုန်းကြူးတွေပဲ"
"ဟီး.. ဟီး.. ကြယ်တွေကိုလိုက်ဖမ်းရမယ်"
အမူးသမားလေးကသူ့ကျောပေါ်ကနေဒယိမ်းဒယိုင်ဖြင့်ပြေးဆင်းသွားတော့ချောင်းထဲခြေချော်ကျနေမှာစိုးလို့သူ့မှာ လက်မောင်းရင်းကနေကမန်းကတန်းဖမ်းဆွဲပြီးရင်ချင်းအပ်ကာခါးလေးကိုသိုင်းဖက်ထားရသည်။ အဲ့ဒါကိုဘာတွေသဘောကျသည်မသိ အမူးသမားလေးကသူ့ရင်ဘတ်ပေါ်တွင်မေးတင်၍တခစ်ခစ်အော်ရယ်သည်။
"ဪ.. သူများဒုက္ခရောက်နေတာကိုရယ်တယ်ပေါ့.. ဟုတ်လား။ ခင်ဗျားကတော်တော်ဆိုးတာပဲ"
"ဂျောင်ကုဂါး.. ဂျောင်ကုဂါး.. ဂျောင်ကုဂါး.. ဘာလို့ခေါ်နေတာကိုမထူးတာလဲ"
Hyung ကသူ့ရင်ဘတ်ပေါ်တွင်မေးတင်ထားပြီးခေါင်းလေးမော့ထားသည်။ မထင်မရှားလရောင်အောက်မှာတောင်မျက်နှာဝန်းဝန်းပြည့်ပြည့်လေးကဖူးနေအောင်လှနေသည်။
"ဂျောင်ကုဂါး"
"ဗျာ"
"ဂျောင်ကုဂါး"
"ဗျာ.. ထူးနေတယ်လေ။ နာမည်ခေါ်ပြီးဘာမှလည်းမပြောဘူး"
"ဒီအတိုင်း.. ခေါ်ချင်လို့"
ပြီးတော့ခေါင်းလေးမော့ပြီးရယ်ပြန်ပါသည်။ သူကရွှင်မြူးနေတဲ့မျက်နှာလေးကိုမြတ်နိုးမဝစွာငေးရင်း..
"ပျော်လား"
"အင်း.. လူတွေအများကြီးရှိလို့ပျော်တယ်။ ပြီးတော့.. ဂျောင်ကုရှိနေလို့ပျော်တယ်"
"ကျွန်တော်ရှိလို့ပျော်တယ်ဆိုပြီးဒီနေ့တနေ့လုံးကျွန်တော့်ကိုအနားတောင်အကပ်မခံဘူး"
သူက hyung ရဲ့နဖူးလေးကိုမနာအောင်နဖူးချင်းခပ်ဖွဖွတိုက်၍ငြူငြူစူစူလေးပြောလိုက်တော့ hyung ကခေါင်းလေးငုံ့သွားသည်။ သူ့ရင်ဘတ်ကိုနှာခေါင်းဖြင့်ပွတ်တိုက်နမ်းသည်။
"ဂျောင်ကုရဲ့အနံ့.. တစ်လောကလုံးမှာဂျောင်ကုရဲ့ကိုယ်နံ့ကိုအကြိုက်ဆုံးပဲ"
ပြီးတော့ခေါင်းလေးမော့လာပြီးသူ့နှုတ်ခမ်းကိုဖျတ်ခနဲလာနမ်းသည်။
"အဲ့ဒါက.. လက်ဆောင်.. ခစ် ခစ်.. ရှက်လိုက်တာ"
ပါးလေးနှစ်ဖက်ကိုလက်ဖြင့်အုပ်ကိုင်ကာမျက်လုံးလေးတွေမှိတ်ကျသွားအောင်ရယ်ပြန်သည်။ လုပ်နေတဲ့ပုံလေးကလည်းအူယားစရာ..
"ဂျောင်ကုဂါး"
"ဗျာ"
"ငါတို့.. ဝေးကွာနေခဲ့တဲ့အချိန်တွေအတွက်.. အတိုးချပြီးအများကြီးဖက်ပေးမယ်"
"တော်ပါပြီ.. ဖက်ရုံလောက်တော့မလိုချင်ပါဘူး"
"အဲ့ဒါဆိုဘာလိုချင်လဲပြော.. အကုန်လုပ်ပေးမယ်။ ဒီနေ့ဂျောင်ကုအတွက်ဂျီနီဖြစ်ပေးမယ်။ ကင်ဆော့ဂျင်.. မဟုတ်တော့ဘူး.. ဆော့ဂျီနီဖြစ်သွားပြီ.. ကြိုက်တဲ့ဆုကိုတောင်းလို့ရတယ်"
ကြည့်ပါဦး.. မူးနေမှသဘောတွေကောင်းနေလိုက်တာ။ နောက်ဆိုရင် မကြာခဏမူးအောင်တိုက်ပြီးလိုချင်တာတောင်းရမယ်။
"အဲ့ဒါဆိုရင်.. ဟိုတခါကကြယ်ကြွေတုန်းကမပြည့်ခဲ့တဲ့ဆုတောင်းကိုအခုဖြည့်ပေးလို့ရမလား"
"ရတယ်ပေါ့.. နေဦး.. ဂါထာဆိုလိုက်ဦးမယ်.. ဘာပါလိမ့်.. အာ.. သိပြီ.. bibidi babidi.. ဝေါ့"
ပူနွေးပါတယ်.. တကယ့်ကိုပူနွေးတဲ့ညလေးပါပဲ။ ဘယ်နေရာပူနွေးလဲဆိုရင်.. သူ့ရင်ဘတ်တစ်ခုတည်းကွက်ပြီးတစ်ကိုယ်လုံးကြက်သီးတွေတဖျန်းဖျန်းထသွားအောင်ကိုပူနွေးသွားခဲ့တာပါ။
ဒီနေ့ကတော့ Plan A ကနေ Z အထိဘာတစ်ခုမှမဖြစ်မြောက်တဲ့နေ့ထူးနေ့မြတ်လေးအဖြစ်မှတ်တမ်းတင်ရမှာပါ။ တကယ်ပါ..သူ့အစီအစဥ်တွေကစာရွက်ပေါ်မှာတော့အပိုလိုမရှိကွက်တိပါပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဘာလို့မလာသေးပါလိမ့်"
ဒီနေ့ Hyungသူ့ဆီမှာအလုပ်ပြန်ဝင်မယ့်နေ့ဖြစ်သည်။ ခေါင်းမာလွန်းတဲ့ Hyungကအသာတကြည်ဖြင့်ပင်သူ့ရဲ့ Penthouse မှာပဲအလုပ်ပြန်ဝင်မယ်လို့သဘောတူလက်ခံလာတာကြောင့်သူ့မှာမိုးလင်းကတည်းကရင်သူ့ရဲ့ hyung လေးကိုလည်ပင်းရှည်ထွက်မတတ်စောင့်မျှော်နေမိသည်။
~ချလောက်~
တံခါးဖွင့်သံလေးနှင့်အတူသူ့ရဲ့hyungလေးကမျက်လွှာလေးချပြီးဝင်လာသည်။ညကအိပ်ရေးဝပုံရတဲ့ hyung ရဲ့ပါးမို့မို့လေးကနဂိုထက်ပြည့်ဖောင်းနေပြီးလုံးလုံးအုပ်အုပ်ကလေးကျနေသောရှေ့ဆံပင်လေးများကြောင့်နုနုငယ်ငယ်လေးဖြစ်နေသည်။
"မင်္ဂလာပါ.. ကျွန်တော်ကဒီနေ့မှအလုပ်စဆင်းမယ့်ကင်ဆော့ဂျင်ပါ"
"ကျွန်တော်ကဒီဟိုတယ်ရဲ့ GM ဂျွန်ဂျောင်ကုပါ။ တွေ့ရတာဝမ်းသာပါတယ်"
အတည်ပေါက်ကြီးတွေနဲ့မိတ်ဆက်စကားပြောပြီးမှတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိကြသည်။
"ညကကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အင်း"
"မနက်စာရောစားခဲ့ပြီးပြီလား"
"ဟင့်အင်း"
"အဲ့ဒါဆိုအတော်ပဲ.. ကျွန်တော်လည်းမစားရသေးဘူး"
သူက hyung ရဲ့လက်ကလေးကိုဆွဲကာမီးဖိုချောင်သို့ခေါ်လာခဲ့သည်။
"ဘာစားချင်လဲ.. ဘာလုပ်ပေးရမလဲ"
"မဟုတ်သေးဘူးလေ။ ငါကဒီမှာအလုပ်လုပ်ဖို့လာတာဆိုတော့မနက်စာကိုငါကပြင်ပေးရမှာမဟုတ်ဘူးလား"
"မနက်စာကိုကျွန်တော်ပြင်ပေးမယ်။ hyung က..."
သူက hyung ရဲ့လက်ကလေးကိုဆွဲယူကာ သူ့နောက်ကျောမှနေ၍သူ့ခါးကိုဖက်စေလိုက်သည်။
"ဒီအတိုင်းငြိမ်ငြိမ်လေးနေပေး"
ငြိမ်ငြိမ်လေးနေပေးဆိုတော့လည်းသူ့ကျောမှာမျက်နှာလေးကပ်ကာငြိမ်ငြိမ်လေးနေပေးရှာသည်။hyung ကသူ့ကျောမှာပါးလေးကိုကပ်ထားတော့hyung ရဲ့ဖောင်းသောပါးမို့မို့အိအိလေးရဲ့အထိအတွေ့ကိုကျောပြင်မှတစ်ဆင့်ခံစားနေရသည်။
"ငြိမ်ငြိမ်လေးနေဆိုတိုင်း.. ဒီအတိုင်းကြီးနေ,နေရသလား။ စကားလေးဘာလေးပြောဦးမှပေါ့"
"ဘာပြောရမှာလဲ"
"ပြောစရာမရှိရင်.. သီချင်းဆိုပြ"
"ဘာသီချင်းဆိုပြရမှာလဲ"
"ကြိုက်တဲ့သီချင်းဆို"
"အဲ့ဒါဆိုရင်.. 🎵 woori ui chingu.. robocar poli.. 🎵"
"ဘာသီချင်းတွေဆိုနေတာလဲ"
"Robocar Poli လေ.. မကြိုက်ဘူးလား။ ဆာရန်းတစ်နှစ်သမီးလောက်ကဆိုအဲ့သီချင်းဖွင့်ပေးလိုက်တာနဲ့ငိုနေရင်တောင်ချက်ချင်းတိတ်ပြီးငြိမ်သွားရော"
"ဘာ! ဆာရန်းတစ်နှစ်သမီးတုန်းကသီချင်းကိုကျွန်တော့်ကိုလာဆိုပြရအောင်..ကျွန်တော်က ကလေးလား"
"ကလေးပေါ့"
သူကနောက်ကိုလှည့်၍ hyung ပခုံးလေးနှစ်ဖက်ကိုကိုင်ကာမျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့စိတ်ကူးထဲမှာ hyung ကိုဘာတွေလုပ်နေလဲဆိုတာသာ hyung သိရင်ကျွန်တော့်ကိုကလေးလို့ထင်ရဲတော့မှာမဟုတ်ဘူး"
"ရား!"
"စိတ်ချ.. အကုန်လုံးအတိုးရောအရင်းပါပေါင်းပြီးအကုန်ပြန်ယူမှာ.. ဝေးကွာနေခဲ့ရတဲ့အချိန်တွေအတွက်ရော.. ပထမဆုံးဒိတ်မှာဘာမှမရလိုက်တဲ့အတွက်ရော.. အကုန်ပြန်ယူမှာ။ အဲ့ဒါကြောင့်သက်လုံကောင်းအောင်လေ့ကျင့်ထား"
"ဘာလို့.. "
~တင်းတောင် တင်းတောင်~
ရုတ်တရက်ထမြည်လာတဲ့ဘဲလ်သံကြောင့် hyung ရဲ့ကိုယ်လေးဆတ်ခနဲတုန်သွားပြီးထိတ်ထိတ်ပြာပြာဖြင့်..
"ဂျောင်ကု.. ငါ.. ဘယ်မှာပုန်းနေရမလဲ"
"Hyung ကဘာလို့ပုန်းရမှာလဲ"
"တော်ကြာ.."
"ဘယ်သူပဲလာလာပုန်းစရာမလိုဘူး။ hyung ကကျွန်တော့်အပိုင်ဆိုတာတစ်လောကလုံးကိုဖွင့်ချရဲတယ်။ အဲ့ဒါကြောင့်ဘာမှပုန်းကွယ်နေစရာမလိုဘူး.. ကြားလား"
Hyung ကခေါင်းကိုလေးပင်စွာညိတ်ပြသည်။ သူက hyungရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်လိုက်ပြီးတံခါးမကြီးရှိရာသို့ထွက်လာခဲ့သည်။ ဒီနေ့ဘယ်ဧည့်သည်မှမလာစေနဲ့လို့အတွင်းရေးမှူးမင်ကိုသေချာမှာထားရက်နဲ့ဘယ်သူကများစောစောစီးစီးရောက်လာပါလိမ့်။
"ဘယ်သူ.."
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကကျောခိုင်းထားတဲ့လူတစ်ယောက်.. ပြီးတော့တဖြည်းဖြည်းလှည့်လာတဲ့မျက်နှာပေါ်မှာလှောင်သလိုလိုမထီမဲ့မြင်အပြုံးနဲ့ထိုလူ.. ထိုလူက..
"ရိုဘင်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
Double update တော့မလုပ်ပေးနိုင်သေးပေမယ့်ဒီအပိုင်းကိုတော့နှစ်ပိုင်းစာလောက်အရှည်ကြီးရေးပေးထားပါတယ်နော်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"Camping? ဘာလို႔႐ုတ္တရက္ႀကီး camping လဲ"
ဆာရန္းကသူ႕ေရွ႕တြင္ေခါင္းကိုငုံ႕၊ဒူးတုပ္လွ်က္ဝပ္ဝပ္ကေလးထိုင္ေန၏။ တစ္ခုခုကိုမလုံမလဲျဖစ္ေနဟန္ျဖင့္လက္ညွိုးေလးႏွစ္ေခ်ာင္းကိုလည္းတစ္ေခ်ာင္းႏွင့္တစ္ေခ်ာင္းလိမ္ယွက္ရင္းအၾကည့္တို႔ကိုလည္းေအာက္စိုက္ထားသည္။ ဆာရန္းရဲ႕အခုလိုမပြင့္မလင္းခ်ီတုံခ်တဳံျဖစ္ေနတဲ့ပုံကိုပထမဆုံးအႀကိမ္ျမင္ဖူးတာမို႔ေဆာ့ဂ်င္အံ့ဩမိတာေတာ့အမွန္ပင္။
"ဟို.. Ap.. Appaပဲေျပာထားဖူးတယ္ေလ။ဆာရန္းကိုကစားကြင္းလိုက္ပို႔ေပးမယ္ဆို"
"ဟုတ္တယ္ေလ။ အဲ့ဒါကဆာရန္းေလးလုံးဝေနေကာင္းသြားမွလိုက္ပို႔ေပးမယ္လို႔ေျပာတာ"
"ဆာရန္းကအခုလည္းေနေကာင္းေနပါၿပီ"
ဆာရန္းကသူ႕ကိုစကားျပန္ေျပာရင္ေတာ့ေခါင္းေလးကိုဖ်တ္ခနဲ,ဖ်တ္ခနဲေမာ့လာတတ္ေသာ္လည္းသူနဲ႕မ်က္လုံးခ်င္းအဆုံမခံဘဲမသိမသာေရွာင္ဖယ္သြား၏။ဒီေကာင္မေလးဘာေတြျဖစ္ေနပါလိမ့္။
"ေနေကာင္းတာေတာ့ဟုတ္ပါၿပီ။ ဒါေပမယ့္ကစားကြင္းနဲ႕ camping ကဘာဆိုင္လို႔လဲ။Appaက ကစားကြင္းပဲလိုက္ပို႔ေပးမယ္ေျပာတာေလ။ camping ထြက္မယ္လို႔မေျပာမိပါဘူး"
"ဒါ..ဒါေပမယ့္ကစားကြင္းက Appa သြားခ်င္တာေလ။ ဆာရန္းသြားခ်င္တာမွမဟုတ္တာ"
"အဲ့..အဲ့ဒါက.."
သူကလည္းဆာရန္းေျပာသလိုပဲဆာရန္းကိုအေၾကာင္းျပၿပီးကစားကြင္းထဲမွာစိတ္ႀကိဳက္လည္ဖို႔ပတ္ဖို႔ႀကံစည္ခဲ့မိတာမို႔ဘာမွဆက္မေျပာနိုင္ဘဲႏႈတ္ဆိတ္ေနလိုက္ရသည္။
"ကစားကြင္းသြားရေအာင္ဆာရန္းက,ကေလးမွမဟုတ္တာ။ အဲ့ဒါေၾကာင့္.. ကစားကြင္းအစား camping ပဲသြားရေအာင္ေနာ္"
အဲ့ဒါဆိုကစားကြင္းသြားခ်င္မိတဲ့သူကေရာကေလးလား။ လူႀကီးေတြလည္းကစားကြင္းသြားၾကတာပဲ။ မေရာက္တာၾကာလို႔သြားခ်င္မိတာသူ႕အျပစ္လား.. အဲ့ဒီ့ေန႕က်ရင္ဝတ္ဖို႔ DIY t-shirt ေလးနဲ႕Supermanဝတ္႐ုံေလးပါျပင္ဆင္ထားတဲ့ဟာကို မသြားရေတာ့ဘူးဆိုေတာ့..ကိုယ့္ကိုယ္ကိုေတာင္သတိမထားမိလိုက္ဘဲကေလးဆန္စြာႏႈတ္ခမ္းစူမိသည္။ ဆာရန္းရဲ႕အလိုကိုအၿမဲလိုက္ေလ်ာခဲ့ေပမယ့္ဒီကိစၥမွာလြယ္လြယ္နဲ႕အေလွ်ာ့မေပးခ်င္ပါ။
"ေနာ္.. Appa.. ေနာ္.. လို႔။ ဆာရန္းလည္း Appa နဲ႕အတူတူတခါမွခရီးေတာင္မထြက္ဖူးဘူးမဟုတ္လား။ အဲ့ဒါေၾကာင့္.. သြားခ်င္လို႔ပါ.. ေနာ္.. လို႔"
ေျပာစကားနားေထာင္ၿပီးအေဖ့အရိပ္အေျခကိုပဲအၿမဲတၾကည့္ၾကည့္နဲ႕ေနတတ္တဲ့ဆာရန္းေလးကမပူဆာစဖူးပူဆာလာေတာ့လည္းစိတ္ကိုအၾကာႀကီးတင္းမထားနိုင္ပါ။ ဒါေပမယ့္လည္း...
"Camping ဆိုတာလူမ်ားမ်ားနဲ႕သြားနိုင္မွေပ်ာ္စရာေကာင္းတာဆာရန္းရဲ႕။ Appa တို႔ႏွစ္ေယာက္တည္းဆိုပ်င္းစရာေကာင္းပါတယ္။ အေမကလည္းအခုတေလာဒူးနာေနလို႔လိုက္နိုင္မွာမဟုတ္ဘူး"
သူ႕ကိုကေလးဆန္တယ္လို႔ပဲစြပ္စြဲခ်င္စြပ္စြဲပါေစ.. အစြပ္စြဲခံၿပီးရသေလာက္အယူခံဝင္ၾကည့္ေနမိေတာ့သည္။သူ႕ရဲ႕ကစားကြင္းအိပ္မက္ကလည္းေပါ့ေသးေသးမွမဟုတ္တာဘဲ။
"ႏွစ္ေယာက္တည္းမဟုတ္ပါဘူး"
"မဟုတ္ဘူး?"
"ေလာေလာဆယ္.. Appa ရယ္.. ဆာရန္းရယ္.. ၿပီးေတာ့.. အင္းး.. အေပၚထပ္ကဦးေလးရယ္.. "
"အေပၚထပ္ကဦးေလး? ဘယ္သူလဲ.. ေဂ်ာင္ကု?"
"အင္း"
ဆာရန္းကသူ႕ရဲ႕စကားကိုသေဘာတူေထာက္ခံစြာျဖင့္ခပ္သြက္သြက္ေခါင္းညိတ္ျပလာေတာ့သူ႕ရဲ႕မ်က္ခုံးေတြျမင့္တက္သြားသည္အထိအံ့ဩသြားရ၏။
"ေနပါဦး.. ဆာရန္းကအေပၚထပ္ကဦးေလးကိုသေဘာမက်ဘဴးမဟုတ္လား"
"အဲ့ဒါက.. အရင္တုန္းကပါ။ အခုလည္းသိပ္သေဘာအက်ႀကီးမဟုတ္ေပမယ့္.. မုန္းစရာလူတစ္ေယာက္တိုးလာတာထက္မိတ္ေဆြတစ္ေယာက္တိုးလာတာကပိုမေကာင္းဘူးလားလို႔ေတြးမိၿပီးအဆင္ေျပေအာင္ေနၾကည့္မလို႔ပါ"
သူ႕ႏႈတ္ခမ္းေတြပြင့္ဟသြားသည္အထိအံ့ဩရျပန္သည္။အ႐ြယ္နဲ႕မလိုက္ေအာင္စကားေတြတတ္လြန္းလို႔ဆာရန္းရဲ႕ေမြးစာရင္းကိုေတာင္ေျပးလွန္ၾကည့္ရမလားလို႔ေတာင္အေတြးဝင္မိသည္။
"ၿပီးေတာ့ Appa ေျပာသလိုပဲ.. ႏွစ္ေယာက္တည္းသြားရင္ပ်င္းစရာႀကီးေလ။ သုံးေယာက္ဆိုေတာ့နည္းနည္းအပ်င္းေျပတာေပါ့။ ဘယ္လိုလဲ.. သြားၾကမယ္မဟုတ္လား"
"သြားတာေတာ့ဟုတ္ပါၿပီ။အေပၚထပ္ကဦးေလးကအားမအားမေသခ်ာဘဲနဲ႕... "
"အားတယ္တဲ့"
"အားတယ္?? ေနပါဦး.. ဆာရန္းက Appa ဆီကခြင့္ျပဳခ်က္ေတာင္မရေသးဘဲအေပၚထပ္ကဦးေလးကို camping သြားဖို႔အရင္ေခၚထားတာလား"
"camping သြားဖို႔ကအစကတည္းကဆာရန္းရဲ႕အႀကံမဟုတ္.. အယ္.. အဲ့ဒါက.. အဲ့ဒါက.. ဒီလို.. ဆာရန္းက camping အရမ္းသြားခ်င္ေနတာနဲ႕အေပၚထပ္ကဦးေလးကို camping သြားဖူးလားလို႔အရင္ေမးၾကည့္လိုက္တာ။ ဦးေလးက..သြားဖူးတယ္တဲ့.. ေနရာေကာင္းေတြလည္းသိတယ္ဆိုလို႔..အတူတူသြားၾကမလားလို႔ေမးလိုက္ေတာ့ဦးေလးကလိုက္မယ္တဲ့သူလည္းအားတယ္တဲ့။ အဲ့ဒါေၾကာင့္.. ဟဲ.. ဟဲ"
သူကေခါင္းညိတ္လက္မခံေသးဘဲအထစ္ထစ္အေငါ့ေငါ့နဲ႕မလုံမလဲျဖစ္ေနတဲ့ဆာရန္းရဲ႕မ်က္ႏွာေလးကိုမ်က္ခုံးတစ္ဖက္ကိုပင့္ၿပီးမ်က္လုံးတစ္ဖက္ေမွးစင္း၍အကဲခတ္ၾကည့္ေနမိေတာ့.. သူ႕အရိပ္အေျခကိုနားလည္လြန္းတဲ့ဆာရန္းကသူ႕ေပါင္ေပၚတက္ထိုင္ၿပီး...
"ဆာရန္းကတကယ့္ကိုအရမ္း.. အရမ္း.. အရမ္း.. သြားခ်င္ေနလို႔ပါ။ Appa လည္းလိုက္မယ္မဟုတ္လား.. ဟင္.. ဟင္.. လို႔"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟက္ခ်ိဳး"
ရာသီဥတုကတစ္ေန႕တစ္ျခားအေအးဓါတ္ပိုကဲလာသည္ႏွင့္အမွ်ေလတစ္ခါတစ္ခါတိုက္လိုက္တိုင္းေက်ာရိုးထဲအထိစိမ့္ခနဲေအး,ေအးလာတတ္တာမို႔အေအးဒဏ္ကိုခံနိုင္ရည္ရွိေအာင္အေပၚဝတ္ဂ်ာကင္ကိုရင္ဘတ္ဆြဲစိ၍ လက္ကိုတင္းေနေအာင္ပိုက္ထားရသည္။
"ဟ..ဟ.. ဟ.. ဟက္.. ခ်ိဳး.. ဪ.. ခ်ီမယ္ဆိုလည္းပြင့္ပြင့္လင္းလင္းခ်ီလိုက္ပါဟဲ့"
ဂ်ာကင္ရဲ႕အတြင္းအိတ္ကပ္ထဲမွလက္ကိုင္ပုဝါကိုထုတ္၍ ႏွာေခါင္းကိုလက္ကိုင္ပုဝါျဖင့္ပြတ္သုတ္ေနရင္းေအာက္ကိုျပဳတ္က်လဳမတတ္ေခါင္းျပဴကာေအာက္ထပ္မွအရိပ္အေယာင္ကိုလည္းမၾကာခဏေခ်ာင္း,ေခ်ာင္းၾကည့္ရေသးသည္။
~ဝီ ဝီ ဝီ~
~ဖတ္~
"ဒီျခင္ေတြကလဲတစ္မ်ိဳး"
ျခင္ကဒုကၡေပးလိုက္၊ အေအးဒဏ္ကႏွိပ္စက္လိုက္နဲ႕.. သူ႕မွာေတာ့ဒုကၡေပါင္းေသာင္းေျခာက္ေထာင္နဲ႕။ အဲ့ဒါေတြအားလုံးရဲ႕တရားခံက hyung ေပါ့.. ဒိတ္မယ္ေျပာၿပီးတဲ့ေန႕ကတည္းကဆာရန္းေလးေနမေကာင္းတာကိုအေၾကာင္းျပၿပီးသူ႕ကိုေရွာင္ဖယ္,ေရွာင္ဖယ္နဲ႕ရက္စက္သြားတဲ့ hyung ရဲ႕စိမ္းကားမႈေတြေၾကာင့္သူ႕မွာညႀကီးခ်မ္းခ်မ္းစီးစီးအခ်ိန္မွာအိမ္ထဲမွာဇိမ္ေလးနဲ႕ေကြးမေနနိုင္ဘဲဒီမွာျခင္ေတြကိုေသြးလႉရင္းဒုကၡခံေနရသည္။သူ႕ရဲ႕ေပးဆပ္မႈေတြကိုတေန႕ေတာ့ hyung သိေအာင္ေျပာျပၿပီးအတိုးေရာ၊ အရင္းပါျပန္ေတာင္းရမည္။ မေပးနိုင္ဘူးလို႔ျငင္းရင္အေႂကြးနဲ႕ပါသိမ္းပစ္ဦးမည္။ ကင္ေဆာ့ဂ်င္တို႔.. တစ္သက္လုံးဆပ္ေပေတာ့..
~ကြၽီ~
တံခါးဖြင့္သံတိုးတိုးေလးႏွင့္အတူဖ်တ္ခနဲျမင္လိုက္ရတဲ့ကုန္းကုန္းကြကြအရိပ္ေသးေသးေလးေၾကာင့္ထခုန္မိမတတ္ဝမ္းေျမာက္ဝမ္းသာျဖစ္သြားရ၏။
"ကေလးမေလး.. ဒီမွာ.. ဒီမွာ"
သူကေလသံတိုးတိုးျဖင့္ဆာရန္းကိုတိုးတိုးက်ိတ္က်ိတ္လွမ္းေခၚ၌အေပၚထပ္ကိုတက္လာဖို႔လက္ႏွစ္ဖက္စလုံးကိုေလေပၚေဝွ႕ယမ္း၍အခ်က္ျပလိုက္သည္။ ဒါေပမယ့္လည္းညႀကီးအခ်ိန္မေတာ္ဆာရန္းတစ္ေယာက္တည္းေလွကားတက္လာရင္ေခ်ာ္လဲတာတို႔ဘာတို႔ျဖစ္မွာစိုးရိမ္တာေၾကာင့္သူကိုယ္တိုင္ေအာက္ထပ္ကိုေျပးဆင္းသြားၿပီးဆာရန္းကိုခ်ီကာအေပၚထပ္သို႔ခပ္သြက္သြက္ျပန္တက္ခဲ့ရသည္။
"ကေလးမေလးမဟုတ္ပါဘူးေနာ္.. ဆာရန္းပါ။ ဘာလို႔ဒီနာမည္ေလးေတာင္မမွတ္မိနိုင္ရတာလဲ။ ဆာ.. ရန္း.. ဆာ.. ရန္း.. လို႔ၾကက္တူေ႐ြးေတြလိုႏႈတ္တိုက္သင္ေပးမွမွတ္မိမွာလား"
သူအေမာေတာင္မေျဖရေသးခင္မွာပင္ဆာရန္းကမ်က္ေမွာင္ေလးကုတ္၍ဆီးၿပီးရန္ေတြ႕စကားဆိုလာေတာ့ရင္ထဲမွာအစာမေၾကျဖစ္မိေပမယ့္.. အခုအခ်ိန္မွာဆာရန္းကသူ႕အတြက္key personျဖစ္ေနေတာ့လည္းမ်က္ႏွာကိုအခ်ိဳသာဆုံးၿပဳံးကာ..
"ဟုတ္ပါၿပီ.. ေလဒီ ကင္.. ဆာ.. ရန္းရယ္။ နာမည္ကင္းပြန္းတပ္ကိုေနာက္မွလုပ္ပါ။အခုအေရးႀကီးတဲ့ကိစၥေလးကိုပဲခပ္သြက္သြက္ေျပာၾကရေအာင္.. ေနာ္"
သူ႕ရဲ႕ထိုင္ရွိခိုးမတတ္ေအာက္က်ိဳ႕ေနတဲ့ပုံကိုဆာရန္းကေအာင္နိုင္သူတစ္ဦးလိုဝင့္ဝင့္ႂကြားႂကြားၿပဳံးၾကည့္ရင္းဟန္ပါပါျဖင့္လက္ပိုက္လိုက္ၿပီး..
"Appa က အိုေခတဲ့"
အဲ့ဒီ့အိုေခဆိုတဲ့စကားေလးကိုၾကားျပန္ေတာ့လည္းဆာရန္းကိုဖက္နမ္းမိမတတ္ေက်းဇူးတင္မိျပန္ေရာ..
"တကယ္?"
"အင္း.. Appa ဆီကသေဘာတူညီမႈရၿပီဆိုေတာ့ဆာရန္းကဘာဆက္လုပ္ရမွာလဲ"
"ဘာဆက္လုပ္ရမွာလဲဆိုေတာ့... "
သူကေမးေစ့ကိုပြတ္၍ဆက္လုပ္ရမယ့္အစီအစဥ္ေတြကိုအသည္းအသန္စဥ္းစားသည္။ဆာရန္းကသူ႕ရဲ႕အျပဳအမူတိုင္းကိုမမွိတ္မသုန္လိုက္ၾကည့္ေနသည္။
"ဒီလိုလုပ္.. သြားမယ့္ေန႕က်မွ.. ကေလး.. အဲ.. ဆာရန္းေနမေကာင္းလို႔မလိုက္ေတာ့ဘူးလို႔ေျပာၿပီးေနခဲ့လိုက္ပါလား"
"ကြၽတ္.. ကြၽတ္.. ကြၽတ္.. အေတြးအေခၚေတြကေတာ့.. ဆာရန္းသာေနမေကာင္းဘူးဆိုရင္ Appa ကဦးေလးနဲ႕ႏွစ္ေယာက္တည္းခရီးသြားပါ့မလား။ ခရီးစဥ္လည္းပ်က္ၿပီေပါ့"
"ဟုတ္သားပဲ"
"သုံးေယာက္လုံးအတူတူသြားၿပီးဆာရန္းကဟိုေရာက္မွေစာေစာအိပ္ရာဝင္ေပးလိုက္ရင္ရေနတာပဲကို"
ေတာ္လိုက္တာ.. ဒီေလာကႀကီးမွာကင္ဆာရန္းအေတာ္ဆုံးလို႔ေတာင္ေႂကြးေၾကာ္ၿပီးအဲ့ဒီ့ေတာ္လြန္းထက္လြန္းတဲ့ဦးႏွောက္ေလးကိုေ႐ႊေတာင္ခ်ထားေပးခ်င္သည္။
"ဦးေလးသာဆြဲထားတဲ့အစီအစဥ္ကိုေသခ်ာပိုင္ပိုင္နိုင္နိုင္လုပ္"
"အဲ့ဒီ့အတြက္ေတာ့.. ဘာမွမစိုးရိမ္နဲ႕"
သူကကိုယ့္ကိုယ္ယုံၾကည္မႈလြန္ကဲေနသည့္မ်က္ႏွာထားျဖင့္ေခါင္းေမာ့ရင္ေကာ့လိုက္ၿပီး..
"အားလုံး.. ေသခ်ာ..စီ.. စဥ္..ထားၿပီးသား။ camping အတြက္ concept က Justin Joseph Jeon"
သူနဲ႕ hyungရဲ႕ပထမဆုံးဒိတ္ကိုကိုရီးယား၊အေမရိကန္၊ျပင္သစ္စတိုင္သုံးမ်ိဳးစလုံးပါဝင္ေအာင္စီစဥ္ထားသည္။ ကိုရီးယားဆန္ဆန္အႏုအ႐ြေလးေတြနဲ႕စတင္ၿပီးဒုတိယအဆင့္ French kiss ကိုတက္ၿပီးရင္ေနာက္ဆုံးပိတ္ကိုအေမရိကန္ဆန္ဆန္.... ရာသီဥတုကလည္းေအးလာၿပီဆိုေတာ့ႏွစ္ေယာက္စလုံးႏြေးသြားေအာင္ပူႏြေးတဲ့ညေလးကိုျဖတ္သန္းရမွာေပါ့။
သူ႕ရဲ႕အစီအစဥ္ေတြကစာ႐ြက္ေပၚမွာေတာ့အပိုအလိုမရွိကြက္တိပါပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Heol"
အထုပ္အပိုးကိုယ္စီနဲ႕ေရာက္ခ်လာတဲ့အတြင္းေရးမႉးမင္နဲ႕မန္ေနဂ်ာဂ်ီမင္းတို႔စုံတြဲကိုၾကည့္ၿပီးဆာရန္းနဲ႕သူ..တစ္ဦးမ်က္ႏွာတစ္ဦးၾကည့္၍ တစ္ၿပိဳင္နက္တည္းစိတ္ပ်က္လက္ပ်က္ညည္းၫူမိၾကသည္။ ဆာရန္းကသူ႕မ်က္ႏွာကိုေမာ့ၾကည့္ကာေမးဖ်ားေလးကိုပင့္ၿပီးဘယ္လိုလုပ္မွာလဲဆိုတဲ့အထာနဲ႕လွမ္းေမးေတာ့သူကလည္းစိတ္ညစ္ညစ္နဲ႕ေခါင္းေတြတဖ်င္းဖ်င္းကုတ္ရင္း...
"မင္းတို႔ႏွစ္ေယာက္ကဘယ္လိုလုပ္ၿပီးေရာက္လာၾကတာလဲ"
အတြင္းေရးမႉးမင္ကသူ႕အေမးကိုမေျဖဘဲေဘးကဂ်ီမင္းကိုေမးဆတ္ျပသည္။ ဂ်ီမင္းကမ်က္လုံးေပါက္ေလးေတြေပ်ာက္သြားသည္အထိတက္ႂကြစြာၿပဳံးလိုက္ၿပီး..
"ေဆာ့ဂ်င္းနီကဖုန္းဆက္ေခၚလို႔ေလ..camping သြားၾကမလို႔ဆို"
"ဖုန္းဆက္တယ္? Appa က?"
"Appa? Omo.. omo..ဒါေလးကေဆာ့ဂ်င္းနီရဲ႕သမီးေလးလား"
"မဂၤလာပါ.. ကင္.. ဆာ.. ရန္း.. လို႔ေခၚပါတယ္"
"ေဆာ့ဂ်င္းနီကသူ႕သမီးေလးအေၾကာင္းအၿမဲေျပာေျပာေနလို႔အရမ္းျမင္ဖူးခ်င္ေနတာ။.ေဆာ့ဂ်င္းနီေျပာထားတာထက္ေတာင္အျပင္မွာပိုၿပီးခ်စ္ဖို႔ေကာင္းေနေသးတယ္။ aigoo.. aigoo.. ခ်စ္စရာေကာင္းလိုက္တာ.. အ႐ုပ္ေလးက်ေနတာပဲ"
ဂ်ီမင္းကဆာရန္းရဲ႕ပါးႏွစ္ဖက္ကိုအားရပါးရဆြဲေနေတာ့ဆာရန္းကမ်က္ႏွာငယ္ေလးနဲ႕သူ႕ကိုအကူအညီေတာင္းသလိုေမာ့ၾကည့္သည္။အဲ့ဒီ့ေတာ့သူကအခ်စ္ၾကမ္းလြန္းတဲ့ဂ်ီမင္းရဲ႕လက္ထဲကေနဆာရန္းကိုကယ္တင္ရွင္ဝင္လုပ္ရေသးသည္။
"ဪ.. ဂ်ီမင္းရွီတို႔ေရာက္လာၾကၿပီလား။ အတြင္းေရးမႉးမင္လည္းပါလာတာပဲ"
ခဏအၾကာမွာေတာ့ hyung ကအထုပ္အပိုးေတြနဲ႕သူတို႔အနားေရာက္လာၿပီးဂ်ီမင္းတို႔စုံတြဲကိုႏႈတ္ဆက္စကားဆိုသည္။
"ပါရမွာေပါ့။ တို႔စုံတြဲက camping ထြက္ရတာအရမ္းဝါသနာပါၾကတာ။ honeymoon ကိုေတာင္အေပ်ာ္ခရီးေတြမသြားဘဲcampingပဲထြက္ၾကတာ။ဝါသနာပါလြန္းလို႔ tent ကအစ sleeping bag အထိအကုန္အျပည့္အစုံကိုဝယ္ထားၾကတာ။ အခုလိုေဆာ့ဂ်င္းနီတို႔နဲ႕အတူသြားရမယ္ဆိုေတာ့ပိုေကာင္းတာေပါ့။ လိုတာရွိလည္းေျပာၾကေနာ္။ အိမ္ကေနလိုေလေသးမရွိေအာင္အကုန္ထည့္ယူလာတယ္။ ယြန္ဂီရွီကငါးမွ်ားတာလည္းဝါသနာပါလို႔ငါးမွ်ားတံေတာင္ယူခဲ့ေသးတယ္"
"ဟုတ္လား.. ကြၽန္ေတာ္လည္းငါးမွ်ားရတာႀကိဳက္တာ.. အေတာ္ပဲျဖစ္သြားတာေပါ့။ ဟိုေရာက္ရင္.. အတြင္းေရးမႉးမင္နဲ႕ငါးအတူတူမွ်ားရမယ္။ ၿပီးရင္ sashimi လုပ္ေကြၽးမယ္"
"Appa.. ဟို.. ဆာရန္းတို႔ကဒီဦးေလးေတြနဲ႕အတူတူ camping ထြက္ၾကမွာလား"
"အင္းေလ။ ၿပီးေတာ့အေမကလည္းလိုက္မယ္တဲ့"
"အဖြားပါလိုက္ဦးမွာ! မဟုတ္ဘူးေလ.. အဖြားကဒူးနာေနလို႔မလိုက္နိုင္ဘူးဆို"
"အေမကအိမ္မွာပဲေန,ေနရေတာ့မြန္းၾကပ္မွာေပါ့။အဲ့ဒါေၾကာင့္ေလေကာင္းေလသန့္ေလးရေအာင္လိုက္ခဲ့ဖို႔ေခၚလိုက္တာ။ ဟိုေရာက္ရင္အေမအေဖာ္ရေအာင္လို႔သူနဲ႕အတူဘုရားေက်ာင္းတက္တဲ့အေဒၚႀကီးသုံးေယာက္လည္းပါဦးမွာ"
"ဟင္"
ဆာရန္းနဲ႕သူနဲ႕ႏွစ္ေယာက္မ်က္လုံးအျပဴးသားနဲ႕ဒုတိယအႀကိမ္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကျပန္သည္။
"လူအမ်ားႀကီးသြားၾကမွာဆိုေတာ့မေပ်ာ္ဘူးလား"
"ေပ်ာ္တာေပါ့.. အရမ္းကိုေပ်ာ္တာေပါ့.. ေခၚလက္စနဲ႕ဟိုတယ္ကဝန္ထမ္းေတြပါတခါတည္းေခၚလိုက္ပါလား.. ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္အကုန္က်ခံရမွာပဲ"
"ေသခ်ာလား.. boss။ အဲ့ဒါဆိုကြၽန္ေတာ္အခုပဲဖုန္းဆက္ေခၚလိုက္.. "
"ေသခ်င္လို႔လား"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟိုႏွစ္ေယာက္ကဘာျဖစ္ေနၾကတာလဲ"
အိမ္ကေနထြက္လာကတည္းကတစ္လမ္းလုံးစကားတစ္ခြန္းမွမေျပာဘဲစူပုတ္ေကာက္ခ်ိတ္လို႔အခုေန႕လည္စာစားနားဖို႔စားေသာက္တန္းကိုေရာက္ေတာ့လည္းဘာအစားအေသာက္မွသြားမမွာၾကဘဲမ်က္ေမွာင္ႀကီးေတြကုတ္ၿပီးထိုင္ေနၾကတဲ့ေဂ်ာင္ကုနဲ႕ဆာရန္းကိုၾကည့္ၿပီးဘာေတြျဖစ္ေနၾကလဲသိခ်င္မိတာေၾကာင့္ပါးစပ္ကေနထုတ္ေမးမိသည္။
"ဘာမွမျဖစ္ပါဘူး"
"ဘာမွမျဖစ္ပါဘူး"
ျပန္ေျဖေတာ့လည္းတစ္ၿပိဳင္နက္တည္း၊ တစ္ေလသံတည္း.. မ်က္ႏွာေတြကလည္းမႈန္ကုတ္ကုတ္နဲ႕ဘာေတြမေက်မနပ္ျဖစ္ေနၾကသည္မသိ။ အရင္ကလုံးဝမတည့္ၾကတဲ့ႏွစ္ေယာက္ကအခုေတာ့လည္းတပူးပူးတတြဲတြဲနဲ႕ကားေပၚမွာလည္းႏွစ္ေယာက္တည္းတိုးတိုး,တိုးတိုးနဲ႕တြတ္ထိုးေနၾကတာကလည္းအံ့ဩစရာ။
မဟုတ္ေသးပါဘူး.. သူတို႔ပဲသြားခ်င္ၾကတယ္ဆိုလို႔သူ႕မွာကစားကြင္းသြားဖို႔ကိုေတာင္လက္ေလွ်ာ့ၿပီးလိုက္ခဲ့ရတာေလ။လူမ်ားမ်ားနဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလးျဖစ္သြားေအာင္ဒီလူေတြကိုေတာင္မနည္းစုထားေပးရတာေလ.. အဲ့ဒါကိုအခုမွဒီႏွစ္ေယာက္ကဘာထျဖစ္ျပန္တာလဲ..
"Appa.. ဆာရန္းအိမ္သာခဏသြားခ်င္လို႔"
"ဟုတ္လား.. Appa လိုက္ပို႔.. "
"ရတယ္.. ဦးေလးနဲ႕သြားလိုက္မယ္"
"ဟြန္း.. Appa စိတ္မေကာင္းျဖစ္မိတယ္။ ဆာရန္းက Appa ကိုမလိုအပ္ေတာ့ဘူးလား။ Appa ထက္ ဒီဦးေလးကိုပိုခ်စ္သြားၿပီေပါ့.. ဟုတ္လား။ အဲ့လိုလား"
"မဟုတ္ပါဘူး။ ဆာရန္းကတစ္ေလာကလုံးမွာ Appa ကိုအခ်စ္ဆုံးပါ.. သိရဲ႕သားနဲ႕။အခု Appa ကထမင္းစားေနတုန္းတန္းလန္းႀကီးေလ.. အစားပ်က္သြားမွာစိုးလို႔ပါ။ ကဲ.. ဦးေလး.. ထေလ.. သြားပါမယ္ဆိုမွ"
"ဪ.. အင္း.. အင္း.. သြားၾကမယ္"
သူကဆာရန္းလက္ကိုဆြဲ၍ကပ်ာကယာထထြက္ခဲ့ေတာ့ hyung ကႏႈတ္ခမ္းေလးစူၿပီးက်ေနခဲ့သည္။
"အခု.. ဘာဆက္လုပ္ၾကမွာလဲ"
Hyung သူတို႔ကိုလွမ္းမျမင္နိုင္တဲ့ေနရာေရာက္ေတာ့မွဆာရန္းကသူ႕ကိုတိုးတိုးေမးသည္။ သူကရင္ဘတ္ေတြေဖာင္းလာသည္အထိေလကိုရႉသြင္း၍ သက္ျပင္းကိုအက်ယ္ႀကီးခ်လိဳက္ၿပီး..
"ဘာဆက္လုပ္ရမွန္းေတာင္မသိေတာ့ပါဘူး။ ဒီေလာက္လူေတြတေလွႀကီးပါလာလိမ့္မယ္လို႔ဘယ္ထင္ထားပါ့မလဲ"
"ဟုတ္ပါ့.. Appa တို႔ကေတာ့ခက္ပါတယ္"
"ဟင္း"
"ဟင္း"
သူေရာဆာရန္းပါႏွစ္ေယာက္ ၿပိဳင္တူသက္ျပင္းခ်မိျပန္သည္။
"အာ.. ဒီလိုလုပ္ပါလား"
႐ုတ္တရက္ဆာရန္းကအႀကံတစ္ခုခုကိုရသြားပုံျဖင့္လက္ခုပ္တီးလိုက္ၿပီးဝမ္းသာအားရျဖင့္..
"သူတို႔အတြက္အိပ္ေဆးဝယ္သြားၾကမယ္"
"အိပ္ေဆး?"
"အင္းေလ.. အဖြားဆိုညညအိပ္မေပ်ာ္ဘူးဆိုရင္ေရခဲေသတၱာထဲကအိပ္ေဆးအရည္ေတြယူၿပီးေသာက္လိုက္တာနဲ႕တန္းအိပ္ေပ်ာ္သြားတာပဲ။ တခါတေလဆာရန္းရႉရႉးေပါက္သြားခ်င္လို႔ႏွိုးတာေတာင္မနိုးေတာ့ဘူး"
"အိပ္ေဆးအရည္?"
"အင္း.. ပုလင္းအစိမ္းေရာင္ေလးေလ။ အဖြားကေတာ့ႂကြပ္ႂကြပ္အိတ္အမည္းႀကီးနဲ႕ပတ္ၿပီးဖြက္ဖြက္ထားတာပဲ။ ဒါေပမယ့္ဆာရန္းကအကုန္ျမင္တယ္"
"ပုလင္းအစိမ္း? အာ.. သိၿပီ.. ဆိုဂ်ဴကိုေျပာတာလား။ အဲ့ဒီ့အႀကံမဆိုးဘူး.. ေကာင္းတယ္။ သူတို႔ကိုအိပ္ေဆးတိုက္ရမယ္။ အမ်ားႀကီးတိုက္ရမယ္"
ၿပီးေတာ့ဟိုေရာက္ရင္ hyungရဲ႕အေမရယ္၊အေဒၚႀကီးေတြရယ္နဲ႕ဆာရန္းကိုသစ္လုံးအိမ္ထဲမွာအိပ္ခိုင္းရမယ္။ အတြင္းေရးမႉးမင္နဲ႕ဂ်ီမင္းတို႔စုံတြဲကလည္း tent တစ္ခုတည္းမွာပဲအတူတူအိပ္ၾကဖို႔ေသခ်ာတယ္ဆိုေတာ့..
ဆိုဂ်ဴရဲ႕ပံ့ပိုးမႈေလးနဲ႕အတူသူတို႔ရဲ႕ညေလးကပိုၿပီးေတာ့ပူႏြေးသြားေတာ့မွာေပါ့။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီည.. Jagi က GM နဲ႕အိပ္လိုက္။ ကိုယ္ကေဆာ့ဂ်င္းနီနဲ႕အိပ္လိုက္မယ္"
ၾကားလိုက္ရတဲ့စကားက ရင္ဝကိုဖေနာင့္နဲ႕ေပါက္တာထက္ေတာင္ခံရခက္ေစသည္။ သူ႕ရဲ႕ Plan A ကသဲထဲေရသြန္ျဖစ္သြားလို႔ Plan B ဘက္လွည့္မယ္ႀကံကာမွသူ႕ရဲ႕ Plan B ကလည္းစီစဥ္သူပတ္ဂ်ီမင္းေၾကာင့္တစ္စစီေကာက္လို႔မရေအာင္ၾကက္ေပ်ာက္ငွက္ေပ်ာက္,ေပ်ာက္ဆုံးသြားရျပန္သည္။
~ဒုတ္ ဒုတ္ ဒုတ္ ဒုတ္~
ရင္ထဲမွာရွိရွိသမွ်မြန္းၾကပ္မႈေတြ၊ မေက်နပ္ခ်က္ေတြ၊ ေဒါသအစိုင္အခဲေတြကိုယခုလွီးေနရတဲ့ၾကက္သြန္နီအေပၚကိုသာစု႐ုံးပုံခ်၍အပိုင္းပိုင္းအတစ္တစ္ျပတ္ထြက္သြားေအာင္ကိုခုတ္ထစ္ေနမိေတာ့သည္။ ေအးခ်မ္းသာယာတဲ့ေတာေတာင္သဘာဝရႈခင္းအလွေတြကိုခ်စ္ရသူေလးနဲ႕အတူတူခံစားၿပီးၾကည္ႏူးရမလားမွတ္ပါတယ္အခုေတာ့သူ႕အျဖစ္ကတသြင္သြင္စီးေနတဲ့စမ္းေခ်ာင္းေလးရဲ႕ေဘးမွာခ်စ္သူေလးနဲ႕ကလူက်ီစယ္လုပ္ခြင့္မရဘဲၾကက္သြန္နီထိုင္လွီးေနရသည္။
"Boss.. ျမင္ေရာျမင္ရရဲ႕လား။ ေတာ္ၾကာကိုယ့္လက္ကိုယ္ျပန္လွီးမိေနဦးမယ္"
ေနကာမ်က္မွန္ႀကီးတပ္ၿပီးၾကက္သြန္လွီးေနတဲ့သူ႕ကိုေဘးမွာၾကက္သြန္ႏႊာေနတဲ့မင္ယြန္ဂီကခြာၿပီးသားၾကက္သြန္နီတစ္လုံးကိုလွမ္းေပးရင္းေမးလာသည္။
"ဒီအတိုင္းလွီးရင္မႊန္မွာေပါ့။ အဲ့ဒါေၾကာင့္မ်က္မွန္တပ္ၿပီးအကာအကြယ္လုပ္ထားရတာ။ အစကတည္းကငိုခ်င္ေနပါတယ္ဆိုမွၾကက္သြန္လွီးရင္းေရာငိုေနမိမွာစိုးလို႔"
"ဪ"
"ေနပါဦး.. မင္းကမင္းေယာက္်ားကိုထိန္းဖို႔အစီအစဥ္မရွိေတာ့ဘူးလား။ မင္းတစ္ေယာက္လုံးပါေနတာေတာင္ သူကကိုယ့္ေယာက္်ားနဲ႕ကိုယ္မအိပ္ဘဲဘာကိစၥသူမ်ားေယာက္်ား.. အဲ.. ငါ့ရဲ႕ hyung နဲ႕အိပ္ခ်င္ရတာလဲ"
"Boss.. ကြၽန္ေတာ့္ရဲ႕ပုံကသူ႕ကိုထိန္းနိုင္ရဲ႕သားနဲ႕ဝင္မထိန္းတဲ့ပုံလား.. ဒါမွမဟုတ္..ေျပာလို႔မနိုင္ေတာ့လို႔လက္ျမႇောက္အရႈံးေပးထားတဲ့ပုံလားဆိုတာေသခ်ာလည္းၾကည့္ပါဦး"
အတြင္းေရးမႉးမင္ကမ်က္ႏွာငယ္ေလးနဲ႕ေျပာလာေတာ့လည္းသူ႕မွာေရာေယာင္ၿပီးသနားမိေသးသည္။
"အတြင္းေရးမႉးမင္ကိုၾကည့္ရတာေယာက္်ားေၾကာက္ရတဲ့စတိုင္ထင္တယ္"
"ေၾကာက္တာမဟုတ္ပါဘူး။ အငယ္မို႔လို႔အေလွ်ာ့ေပးထားတာ.. အငယ္မို႔လို႔"
"ဟား.. ဟား.. အဲ့လိုမထင္.. "
"ရား! ၾကက္သြန္ေတြကိုဘယ္လိုလွီးထားတာလဲ။ ၾကည့္ပါဦး.. လွီးထားတာလည္းၾကက္သြန္ကၾကက္သြန္႐ုပ္ေတာင္မေပါက္ေတာ့ဘူး။ တခါတည္းကင္လို႔လည္းရေအာင္အကြင္းလိုက္ေလးေတြလွီးပါဆိုမွ။ဒါေလးေတာင္ေျဖာင့္တန္းေအာင္မလုပ္တတ္ဘူးလား.. တကယ္ပါပဲ"
"ေဆာရီး.. ေဆာရီး.. ကြၽန္ေတာ္အေတြးလြန္သြားလို႔။ ဒီမွာၾကက္သြန္ေတြအမ်ားႀကီးရွိေသးတာပဲ။ ျပန္လွီးလိုက္မယ္ေနာ္.. ေဆာရီး.. ေဆာရီး"
Hyung ကႏႈတ္ခမ္းေလးတလႈပ္လႈပ္နဲ႕ပြစိပြစိဆူပူသြားၿပီးေဘာက္ဆတ္,ေဘာက္ဆတ္နဲ႕ျပန္ထြက္သြားသည္။ထိုအခါက်မွေျပာစရာဟာကြက္ရသြားတဲ့မင္ယြန္ဂီကတစ္စခန္းထလာၿပီး..
"Boss ကိုၾကည့္ရတာလည္း... "
"အႀကီးမို႔လို႔ ေလးစားတာ.. အႀကီးမို႔လို႔"
"ဪ.. ဪ.. အဲ့လိုပဲထားလိုက္ပါေတာ့"
"အတြင္းေရးမႉးမင္ကလည္းအဲ့ဒီ့မွာဘာလုပ္ေနတာလဲ။ ငါးမွ်ားမယ္ဆို။ အဲ့ဒါေတြထားခဲ့.. ေဂ်ာင္ကုလုပ္လိမ့္မယ္"
Hyung ကအေဝးကေနအသံဆာဆာေလးနဲ႕လွမ္းေအာ္ေတာ့ယြန္ဂီက..
"ဟို.. Boss ကိုကူေပးခ်င္ေပမယ့္ Boss ရဲ႕ Boss ကေခၚေနေတာ့.. "
"သြား.. သြား.. ျမန္ျမန္သြား"
"တစ္ေယာက္တည္းျဖစ္တယ္မဟုတ္လား"
"ေအာ္.. သြားပါဆိုမွ"
ရွိသမွ်မေက်နပ္ခ်က္ေတြအကုန္လုံးကိုၾကက္သြန္ေတြအေပၚပုံခ်လိဳက္ခ်င္ေပမယ့္ထပ္ၿပီးအဆူခံရမယ့္ကိန္းကိုႀကိဳျမင္မိတာမို႔.. ဪ.. ဂြၽန္ေဂ်ာင္ကုတို႔အတြက္ဒီေန႕စိတ္ထြက္ေပါက္ေလးေတာင္မရွိပါလားေနာ္..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟင္းး"
သက္ျပင္းတစ္ခါခ်လိဳ႕အသက္တစ္ရက္တိုနိုင္တယ္ဆိုရင္ဒီေန႕တစ္ရက္တည္းခ်ခဲ့ရတဲ့သက္ျပင္းေတြနဲ႕တင္သူ႕သက္တမ္းကအႏႈတ္လကၡဏာျပေလာက္သည္။ အခုလည္းၾကည့္ေလ.. ဆာရန္းေပးတဲ့အႀကံအတိုင္းသူဆိုဂ်ဴပုလင္းေတြအမ်ားႀကီးဝယ္လာခဲ့ေပမယ့္သူရည္႐ြယ္ထားတဲ့သူေတြကိုမတို႔ရမထိရခင္မွာပဲကင္ေဆာ့ဂ်င္တို႔ကတစ္ပုလင္းၿပီးတစ္ပုလင္းဝင္ေမာ့ေနသည္။
သူကသာသူ႕အစီအစဥ္ေတြတစ္ခုမွအထမေျမာက္လို႔ စိတ္ေတြညစ္ေနရတာ hyung တို႔ကေတာ့ဒီေန႕ေတာ္ေတာ္ေပ်ာ္ေနပုံရသည္။ ဆိုဂ်ဴေတြတစ္ခြက္ၿပီးတစ္ခြက္ေသာက္လိုက္၊ ဂိမ္းေတြေဆာ့လိုက္၊ စကားေတြေျပာလိုက္၊ ရယ္လိုက္ေမာလိုက္နဲ႕။ ဘာပဲျဖစ္ျဖစ္ပါ..သူေလးေပ်ာ္ေနတာျမင္ရေတာ့လည္းစိတ္ညစ္ၫူးေနတဲ့ၾကားကေက်နပ္တဲ့စိတ္ေလးလည္းဝင္မိပါသည္။
"ဘယ္ေရာက္သြားၾကတာလဲ.. ဒီမွာေသာက္လို႔ေတာင္မဝေသးဘူး။ ဂ်ီမင္းရွီ.. ဂ်ီမင္းရွီ"
ကံေကာင္းခ်င္ေတာ့ဂ်ီမင္းကစားပြဲေပၚေခါင္းငိုက္စိုက္ခ်ၿပီးအိပ္ေပ်ာ္ေနၿပီ။ အတြင္းေရးမႉးမင္ကအိပ္ေပ်ာ္ေနတဲ့ဂ်ီမင္းကိုမနိုးေအာင္အသာအယာမ,၍ hyungကိုထိန္းဖို႔မ်က္ႏွာရိပ္မ်က္ႏွာကဲျပၿပီးထြက္သြားသည္။အေမနဲ႕အေဒၚႀကီးတစ္သိုက္နဲ႕ဆာရန္းတို႔ကလည္းအခုအခ်ိန္ဆိုအိပ္မက္ေတာင္မက္ေနေလာက္ၿပီဆိုေတာ့သူ႕အစီအစဥ္အတိုင္းသူနဲ႕ hyung သာႏွစ္ေယာက္တည္းက်န္ခဲ့သည္။ ခက္တာက.. hyung ကေခါင္းေတာင္မေထာင္နိုင္ေအာင္မူးေနျခင္းပင္။
"ေတာ္ေလာက္ၿပီ.. hyung ေသာက္တာမ်ားေနၿပီ"
Hyung ေမာ့ဖို႔ျပင္ေနတဲ့ဆိုဂ်ဴပုလင္းကိုသူကhyung လက္ထဲမွအတင္းလုၿပီးေျပာေတာ့ hyung ကႏႈတ္ခမ္းေလးကိုခြၽန္ေနေအာင္စူ၍သူ႕ကိုေပေစာင္းေစာင္းၾကည့္သည္။
"မမ်ားပါဘူးေနာ္.. အခုမွစေသာက္တာပါေနာ္။ မူးေတာင္မမူးေသးတဲ့ဟာကို။ ျပန္ေပး.. ျပန္ေပးပါဆိုမွ"
"ေတာ္ေတာ့လို႔ေျပာရင္ေတာ္လိုက္ေတာ့ေလ။ အဆူခံခ်င္လို႔လား.. ဟင္"
ဒီေန႕တစ္ေန႕လုံးဒီ hyung ေပါက္စေလးေၾကာင့္သူ႕မွာဒုကၡေတြမ်ားခဲ့ရတာမို႔ေလသံမာမာႏွင့္ပင္ကေလးတစ္ေယာက္ကိုမာန္မဲသလိုေျပာလိုက္မိသည္။ အဲ့လိုက်ျပန္ေတာ့လည္း hyung ကေခါင္းေလးငုံ႕ၿပီးႏႈတ္ခမ္းေလးစူသြားသည္။hyungႏႈတ္ခမ္းေလးစူသြားပုံကဂ်စ္တိုက္ခ်င္ေနတာနဲ႕မတူပဲလူႀကီးကေမာင္းမဲလိုက္လို႔ငိုမဲ့မဲ့ေလးျဖစ္သြားသည့္ကေလးလိုပင္.. သူအသည္းယားသြားၿပီးခြၽန္ေနေအာင္စူထားတဲ့ႏႈတ္ခမ္းေလးကိုအသည္းတယားယားႏွင့္ဆြဲညွစ္ပစ္လိုက္သည္။
"အ! နာသြားၿပီေနာ္"
Hyungကသုန္သုန္မႈန္မႈန္မ်က္ႏွာေလးႏွင့္မ်က္ေစာင္းေလးဝင့္ကာဆိုသည္။
"ထ.. ကြၽန္ေတာ္နဲ႕သြားစရာရွိတယ္"
"ထရမယ္? အစ္.. မထနိုင္ေတာ့ဘူး.. ထူ"
Hyung ကလက္ကေလးႏွစ္ဖက္ကိုကားၿပီးသူ႕ဆီကိုလွမ္းေပးသည္။ သူက hyung ရဲ႕ခ်ိဳင္းေအာက္ကေနပင့္မၿပီးဆြဲထူေပးလိုက္ေတာ့ hyung ကသူ႕လည္ပင္းကိုလက္ကေလးႏွစ္ဖက္ျဖင့္ျပန္ဖက္တြယ္လာသည္။
"ေျပာေတာ့မမူးပါဘူးဆို"
"မမူးပါဘူး။ အခုလည္းေကာင္းေကာင္းရပ္ေနနိုင္သားပဲ"
သူထိန္းေပးထားတာကိုး.. ရပ္နိုင္မွာေပါ့။ သူသာလက္ လႊတ္လိုက္ရင္ဘုန္းခနဲကိုၿပိဳလဲသြားမွာ။
"မမူးတာေသခ်ာတယ္ေနာ္"
"အင္း"
"လမ္းေရာေလွ်ာက္နိုင္ရဲ႕လား"
"အင္း"
"အဲ့ဒါဆို.. သြားၾကမယ္။ hyung ကိုေခၚသြားခ်င္တဲ့ေနရာရွိတယ္"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung.. အိပ္မေပ်ာ္ေစနဲ႕ေနာ္"
ခ်စ္ရသူေလးရဲ႕လက္ကေလးကိုဆုပ္ကိုင္ၿပီးစကားေလးေတြတီတီတာတာေျပာရင္းရႈမၿငီးေအာင္လွေနသည့္ေတာေတာင္သဘာဝရႈခင္းေတြကိုၾကည္ၾကည္ႏူးႏူးေငးေမာခ်င္တဲ့သူ႕ေမွ်ာ္လင့္ခ်က္ေလးကလည္းေလစိုင္ထဲမွာပဲေပ်ာက္ကြယ္သြားရျပန္ပါသည္။ လမ္းေလွ်ာက္နိုင္ပါတယ္ဆိုတဲ့အမူးသမားေလးကအေရွ႕ကိုတစ္လွမ္းတိုးရင္အေနာက္ကိုႏွစ္လမ္းျပန္,ျပန္ေရာက္သြားတာမို႔ဒီႏႈန္းနဲ႕သာသြားေနရင္မိုးလင္းတာေတာင္သူသြားခ်င္တဲ့ေနရာကိုမေရာက္နိုင္မွန္းသိေနတာေၾကာင့္ကုန္းပိုးၿပီးေခၚလာရသည္။ ဒီၾကားထဲဟိုမေရာက္ခင္အိပ္ေပ်ာ္သြားမွာစိုးလို႔မၾကာမၾကာလွမ္းၿပီးသတိေပးေနရေသးသည္။
"Hyung.. ေရာက္ၿပီ"
မဟူရာေကာင္းကင္ႀကီးကိုေနာက္ခံထားၿပီးထင္းရႉး႐ြက္မ်ားသည္တႏြဲ႕ႏြဲ႕ယိမ္းၫြတ္ေနသည္။ ပတ္ဝန္းက်င္တစ္ခုလုံးထင္းရႉးနံ႕ႏွင့္ယူကလစ္နံ႕တို႔သည္ေရာႏွောၿပီးသင္းသင္းေလးေဝ့ပ်ံ့ေန၏။မ်က္စိတစ္ဆုံးျမင္ေတြ႕ေနရေသာစိမ္းညွို႔ျပာမွိုင္းေသာသစ္ႀကီးဝါးႀကီးတို႔ေဝေမွာင္လ်က္ရွိေသာေတာင္တန္းျပာတို႔၏အဆုံးေအာက္ေျခတြင္ေမးတင္လ်က္ရွိေသာေခ်ာင္းကေလးတြင္ေရမ်ားတသြင္သြင္စီးဆင္းေနပုံကလွပအသက္ဝင္လြန္းသည္။ ေခ်ာင္းေရစီးသံကလည္းသဲ့သဲ့ေလးႏွင့္ညင္သာလွေပသည္။
"ေဂ်ာင္ကု.. ဟိုမွာ.. ၾကယ္ေတြအမ်ားႀကီးပဲ။ ၾကယ္ေတြအမ်ားႀကီးေႂကြက်လာတယ္။ ဝါး! ငါတို႔ကၾကယ္ေတြၾကားထဲေရာက္ေနတာပဲ"
တသြင္သြင္စီးေနတဲ့ေခ်ာင္းကေလးေပၚကိုျဖတ္ထိုးထားတဲ့သစ္သားတံတားေလးတစ္ခုရွိသည္။ ထိုတံတားေပၚမွထိုင္၍ၾကည့္လွ်င္ ရာေပါင္းမ်ားစြာေသာပိုးစုန္းၾကဴးေကာင္ေလးမ်ားကိုျမင္နိုင္သည္။ အစကေတာ့ဒီေနရာကိုလာၿပီးဒရမ္မာေတြထဲကလို hyung ကိုခ်စ္ခြင့္ပန္မယ္။ အေရာင္ေတြတဖ်တ္ဖ်တ္လက္ေနတဲ့ပိုးစုန္းၾကဴးေလးေတြကိုေနာက္ခံထားၿပီးအနမ္းခ်င္းဖလွယ္ၾကမယ္လို႔ရည္႐ြယ္ထားခဲ့တာ.. အခုေတာ့အမူးသမားေလးကပိုးစုန္းၾကဴးလားၾကယ္လားေတာင္ခြဲျခားမသိနိုင္ဘူးတဲ့။ ေကာင္းေရာ..
"ထူးဆန္းတယ္။ ၾကယ္ေတြကၿငိမ္ၿငိမ္လည္းမေနဘူး။ ေလွ်ာက္ေျပးေနတယ္"
"အဲ့ဒါၾကယ္မွမဟုတ္တာ.. ပိုးစုန္းၾကဴးေတြပဲ"
"ဟီး.. ဟီး.. ၾကယ္ေတြကိုလိုက္ဖမ္းရမယ္"
အမူးသမားေလးကသူ႕ေက်ာေပၚကေနဒယိမ္းဒယိုင္ျဖင့္ေျပးဆင္းသြားေတာ့ေခ်ာင္းထဲေျခေခ်ာ္က်ေနမွာစိုးလို႔သူ႕မွာ လက္ေမာင္းရင္းကေနကမန္းကတန္းဖမ္းဆြဲၿပီးရင္ခ်င္းအပ္ကာခါးေလးကိုသိုင္းဖက္ထားရသည္။ အဲ့ဒါကိုဘာေတြသေဘာက်သည္မသိ အမူးသမားေလးကသူ႕ရင္ဘတ္ေပၚတြင္ေမးတင္၍တခစ္ခစ္ေအာ္ရယ္သည္။
"ဪ.. သူမ်ားဒုကၡေရာက္ေနတာကိုရယ္တယ္ေပါ့.. ဟုတ္လား။ ခင္ဗ်ားကေတာ္ေတာ္ဆိုးတာပဲ"
"ေဂ်ာင္ကုဂါး.. ေဂ်ာင္ကုဂါး.. ေဂ်ာင္ကုဂါး.. ဘာလို႔ေခၚေနတာကိုမထူးတာလဲ"
Hyung ကသူ႕ရင္ဘတ္ေပၚတြင္ေမးတင္ထားၿပီးေခါင္းေလးေမာ့ထားသည္။ မထင္မရွားလေရာင္ေအာက္မွာေတာင္မ်က္ႏွာဝန္းဝန္းျပည့္ျပည့္ေလးကဖူးေနေအာင္လွေနသည္။
"ေဂ်ာင္ကုဂါး"
"ဗ်ာ"
"ေဂ်ာင္ကုဂါး"
"ဗ်ာ.. ထူးေနတယ္ေလ။ နာမည္ေခၚၿပီးဘာမွလည္းမေျပာဘူး"
"ဒီအတိုင္း.. ေခၚခ်င္လို႔"
ၿပီးေတာ့ေခါင္းေလးေမာ့ၿပီးရယ္ျပန္ပါသည္။ သူက႐ႊင္ျမဴးေနတဲ့မ်က္ႏွာေလးကိုျမတ္နိုးမဝစြာေငးရင္း..
"ေပ်ာ္လား"
"အင္း.. လူေတြအမ်ားႀကီးရွိလို႔ေပ်ာ္တယ္။ ၿပီးေတာ့.. ေဂ်ာင္ကုရွိေနလို႔ေပ်ာ္တယ္"
"ကြၽန္ေတာ္ရွိလို႔ေပ်ာ္တယ္ဆိုၿပီးဒီေန႕တေန႕လုံးကြၽန္ေတာ့္ကိုအနားေတာင္အကပ္မခံဘူး"
သူက hyung ရဲ႕နဖူးေလးကိုမနာေအာင္နဖူးခ်င္းခပ္ဖြဖြတိုက္၍ျငဴျငဴစူစူေလးေျပာလိုက္ေတာ့ hyung ကေခါင္းေလးငုံ႕သြားသည္။ သူ႕ရင္ဘတ္ကိုႏွာေခါင္းျဖင့္ပြတ္တိုက္နမ္းသည္။
"ေဂ်ာင္ကုရဲ႕အနံ႕.. တစ္ေလာကလုံးမွာေဂ်ာင္ကုရဲ႕ကိုယ္နံ႕ကိုအႀကိဳက္ဆုံးပဲ"
ၿပီးေတာ့ေခါင္းေလးေမာ့လာၿပီးသူ႕ႏႈတ္ခမ္းကိုဖ်တ္ခနဲလာနမ္းသည္။
"အဲ့ဒါက.. လက္ေဆာင္.. ခစ္ ခစ္.. ရွက္လိုက္တာ"
ပါးေလးႏွစ္ဖက္ကိုလက္ျဖင့္အုပ္ကိုင္ကာမ်က္လုံးေလးေတြမွိတ္က်သြားေအာင္ရယ္ျပန္သည္။ လုပ္ေနတဲ့ပုံေလးကလည္းအူယားစရာ..
"ေဂ်ာင္ကုဂါး"
"ဗ်ာ"
"ငါတို႔.. ေဝးကြာေနခဲ့တဲ့အခ်ိန္ေတြအတြက္.. အတိုးခ်ၿပီးအမ်ားႀကီးဖက္ေပးမယ္"
"ေတာ္ပါၿပီ.. ဖက္႐ုံေလာက္ေတာ့မလိုခ်င္ပါဘူး"
"အဲ့ဒါဆိုဘာလိုခ်င္လဲေျပာ.. အကုန္လုပ္ေပးမယ္။ ဒီေန႕ေဂ်ာင္ကုအတြက္ဂ်ီနီျဖစ္ေပးမယ္။ ကင္ေဆာ့ဂ်င္.. မဟုတ္ေတာ့ဘူး.. ေဆာ့ဂ်ီနီျဖစ္သြားၿပီ.. ႀကိဳက္တဲ့ဆုကိုေတာင္းလို႔ရတယ္"
ၾကည့္ပါဦး.. မူးေနမွသေဘာေတြေကာင္းေနလိုက္တာ။ ေနာက္ဆိုရင္ မၾကာခဏမူးေအာင္တိုက္ၿပီးလိုခ်င္တာေတာင္းရမယ္။
"အဲ့ဒါဆိုရင္.. ဟိုတခါကၾကယ္ေႂကြတုန္းကမျပည့္ခဲ့တဲ့ဆုေတာင္းကိုအခုျဖည့္ေပးလို႔ရမလား"
"ရတယ္ေပါ့.. ေနဦး.. ဂါထာဆိုလိုက္ဦးမယ္.. ဘာပါလိမ့္.. အာ.. သိၿပီ.. bibidi babidi.. ေဝါ့"
ပူႏြေးပါတယ္.. တကယ့္ကိုပူႏြေးတဲ့ညေလးပါပဲ။ ဘယ္ေနရာပူႏြေးလဲဆိုရင္.. သူ႕ရင္ဘတ္တစ္ခုတည္းကြက္ၿပီးတစ္ကိုယ္လုံးၾကက္သီးေတြတဖ်န္းဖ်န္းထသြားေအာင္ကိုပူႏြေးသြားခဲ့တာပါ။
ဒီေန႕ကေတာ့ Plan A ကေန Z အထိဘာတစ္ခုမွမျဖစ္ေျမာက္တဲ့ေန႕ထူးေန႕ျမတ္ေလးအျဖစ္မွတ္တမ္းတင္ရမွာပါ။ တကယ္ပါ..သူ႕အစီအစဥ္ေတြကစာ႐ြက္ေပၚမွာေတာ့အပိုလိုမရွိကြက္တိပါပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဘာလို႔မလာေသးပါလိမ့္"
ဒီေန႕ Hyungသူ႕ဆီမွာအလုပ္ျပန္ဝင္မယ့္ေန႕ျဖစ္သည္။ ေခါင္းမာလြန္းတဲ့ Hyungကအသာတၾကည္ျဖင့္ပင္သူ႕ရဲ႕ Penthouse မွာပဲအလုပ္ျပန္ဝင္မယ္လို႔သေဘာတူလက္ခံလာတာေၾကာင့္သူ႕မွာမိုးလင္းကတည္းကရင္သူ႕ရဲ႕ hyung ေလးကိုလည္ပင္းရွည္ထြက္မတတ္ေစာင့္ေမွ်ာ္ေနမိသည္။
~ခ်ေလာက္~
တံခါးဖြင့္သံေလးႏွင့္အတူသူ႕ရဲ႕hyungေလးကမ်က္လႊာေလးခ်ၿပီးဝင္လာသည္။ညကအိပ္ေရးဝပုံရတဲ့ hyung ရဲ႕ပါးမို႔မို႔ေလးကနဂိုထက္ျပည့္ေဖာင္းေနၿပီးလုံးလုံးအုပ္အုပ္ကေလးက်ေနေသာေရွ႕ဆံပင္ေလးမ်ားေၾကာင့္ႏုႏုငယ္ငယ္ေလးျဖစ္ေနသည္။
"မဂၤလာပါ.. ကြၽန္ေတာ္ကဒီေန႕မွအလုပ္စဆင္းမယ့္ကင္ေဆာ့ဂ်င္ပါ"
"ကြၽန္ေတာ္ကဒီဟိုတယ္ရဲ႕ GM ဂြၽန္ေဂ်ာင္ကုပါ။ ေတြ႕ရတာဝမ္းသာပါတယ္"
အတည္ေပါက္ႀကီးေတြနဲ႕မိတ္ဆက္စကားေျပာၿပီးမွတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးရယ္မိၾကသည္။
"ညကေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား"
"အင္း"
"မနက္စာေရာစားခဲ့ၿပီးၿပီလား"
"ဟင့္အင္း"
"အဲ့ဒါဆိုအေတာ္ပဲ.. ကြၽန္ေတာ္လည္းမစားရေသးဘူး"
သူက hyung ရဲ႕လက္ကေလးကိုဆြဲကာမီးဖိုေခ်ာင္သို႔ေခၚလာခဲ့သည္။
"ဘာစားခ်င္လဲ.. ဘာလုပ္ေပးရမလဲ"
"မဟုတ္ေသးဘူးေလ။ ငါကဒီမွာအလုပ္လုပ္ဖို႔လာတာဆိုေတာ့မနက္စာကိုငါကျပင္ေပးရမွာမဟုတ္ဘူးလား"
"မနက္စာကိုကြၽန္ေတာ္ျပင္ေပးမယ္။ hyung က..."
သူက hyung ရဲ႕လက္ကေလးကိုဆြဲယူကာ သူ႕ေနာက္ေက်ာမွေန၍သူ႕ခါးကိုဖက္ေစလိုက္သည္။
"ဒီအတိုင္းၿငိမ္ၿငိမ္ေလးေနေပး"
ၿငိမ္ၿငိမ္ေလးေနေပးဆိုေတာ့လည္းသူ႕ေက်ာမွာမ်က္ႏွာေလးကပ္ကာၿငိမ္ၿငိမ္ေလးေနေပးရွာသည္။hyung ကသူ႕ေက်ာမွာပါးေလးကိုကပ္ထားေတာ့hyung ရဲ႕ေဖာင္းေသာပါးမို႔မို႔အိအိေလးရဲ႕အထိအေတြ႕ကိုေက်ာျပင္မွတစ္ဆင့္ခံစားေနရသည္။
"ၿငိမ္ၿငိမ္ေလးေနဆိုတိုင္း.. ဒီအတိုင္းႀကီးေန,ေနရသလား။ စကားေလးဘာေလးေျပာဦးမွေပါ့"
"ဘာေျပာရမွာလဲ"
"ေျပာစရာမရွိရင္.. သီခ်င္းဆိုျပ"
"ဘာသီခ်င္းဆိုျပရမွာလဲ"
"ႀကိဳက္တဲ့သီခ်င္းဆို"
"အဲ့ဒါဆိုရင္.. 🎵 woori ui chingu.. robocar poli.. 🎵"
"ဘာသီခ်င္းေတြဆိုေနတာလဲ"
"Robocar Poli ေလ.. မႀကိဳက္ဘူးလား။ ဆာရန္းတစ္ႏွစ္သမီးေလာက္ကဆိုအဲ့သီခ်င္းဖြင့္ေပးလိုက္တာနဲ႕ငိုေနရင္ေတာင္ခ်က္ခ်င္းတိတ္ၿပီးၿငိမ္သြားေရာ"
"ဘာ! ဆာရန္းတစ္ႏွစ္သမီးတုန္းကသီခ်င္းကိုကြၽန္ေတာ့္ကိုလာဆိုျပရေအာင္..ကြၽန္ေတာ္က ကေလးလား"
"ကေလးေပါ့"
သူကေနာက္ကိုလွည့္၍ hyung ပခုံးေလးႏွစ္ဖက္ကိုကိုင္ကာမ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္သည္။
"ကြၽန္ေတာ့္ရဲ႕စိတ္ကူးထဲမွာ hyung ကိုဘာေတြလုပ္ေနလဲဆိုတာသာ hyung သိရင္ကြၽန္ေတာ့္ကိုကေလးလို႔ထင္ရဲေတာ့မွာမဟုတ္ဘူး"
"ရား!"
"စိတ္ခ်.. အကုန္လုံးအတိုးေရာအရင္းပါေပါင္းၿပီးအကုန္ျပန္ယူမွာ.. ေဝးကြာေနခဲ့ရတဲ့အခ်ိန္ေတြအတြက္ေရာ.. ပထမဆုံးဒိတ္မွာဘာမွမရလိုက္တဲ့အတြက္ေရာ.. အကုန္ျပန္ယူမွာ။ အဲ့ဒါေၾကာင့္သက္လုံေကာင္းေအာင္ေလ့က်င့္ထား"
"ဘာလို႔.. "
~တင္းေတာင္ တင္းေတာင္~
႐ုတ္တရက္ထျမည္လာတဲ့ဘဲလ္သံေၾကာင့္ hyung ရဲ႕ကိုယ္ေလးဆတ္ခနဲတုန္သြားၿပီးထိတ္ထိတ္ျပာျပာျဖင့္..
"ေဂ်ာင္ကု.. ငါ.. ဘယ္မွာပုန္းေနရမလဲ"
"Hyung ကဘာလို႔ပုန္းရမွာလဲ"
"ေတာ္ၾကာ.."
"ဘယ္သူပဲလာလာပုန္းစရာမလိုဘူး။ hyung ကကြၽန္ေတာ့္အပိုင္ဆိုတာတစ္ေလာကလုံးကိုဖြင့္ခ်ရဲတယ္။ အဲ့ဒါေၾကာင့္ဘာမွပုန္းကြယ္ေနစရာမလိုဘူး.. ၾကားလား"
Hyung ကေခါင္းကိုေလးပင္စြာညိတ္ျပသည္။ သူက hyungရဲ႕ေခါင္းေလးကိုဖြဖြေလးပုတ္လိုက္ၿပီးတံခါးမႀကီးရွိရာသို႔ထြက္လာခဲ့သည္။ ဒီေန႕ဘယ္ဧည့္သည္မွမလာေစနဲ႕လို႔အတြင္းေရးမႉးမင္ကိုေသခ်ာမွာထားရက္နဲ႕ဘယ္သူကမ်ားေစာေစာစီးစီးေရာက္လာပါလိမ့္။
"ဘယ္သူ.."
တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာကေက်ာခိုင္းထားတဲ့လူတစ္ေယာက္.. ၿပီးေတာ့တျဖည္းျဖည္းလွည့္လာတဲ့မ်က္ႏွာေပၚမွာေလွာင္သလိုလိုမထီမဲ့ျမင္အၿပဳံးနဲ႕ထိုလူ.. ထိုလူက..
"ရိုဘင္"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
Double update ေတာ့မလုပ္ေပးနိုင္ေသးေပမယ့္ဒီအပိုင္းကိုေတာ့ႏွစ္ပိုင္းစာေလာက္အရွည္ႀကီးေရးေပးထားပါတယ္ေနာ္