"အဆင်ပြေမှာ ပါနော် Hyung "
ဆေးရုံထဲ ဝင်ဝင်ချင်း ခပ်တိုးတိုးလေး ဆိုလာသည့် ဆောနူးအား သူအသာအယာပင် ခေါင်းညိတ်ပြလိုက်ကာ
"အွန်း ဆောနူး သေချာဆုံးဖြတ်ပြီးပြီလား
မင်းမလုပ်ချင်ဘူးဆိုရင်လည်း ငါမင်းကို အပြစ်တင်မှာမဟုတ်ဘူးနော် "
" အာ ငါအဲ့ဒီသဘောမျိုး ပြောတာမဟုတ်ပါဘူး အခုက ဒီအတိုင်းနဲနဲစိတ်ပူနေလို့ကို မင်းကိုပေးဖို့ကိစ္စက ငါဆုံးဖြတ်ပြီးပြီးသားမို့ ဘလိုဖြစ်ဖြစ်ငါလုပ်မှာ မင်းမလိုချင်ဘူးဆိုရင်တောင် အတင်းပေးမှာ"
သူဖန်တီးခဲ့တဲ့ ပြဇာတ်က တကယ်ကိုပင် အောင်မြင်ခဲ့လေသည်။ သူမျှော်လင့်ထားသလိုပင် ဆောနူးက သူ့အပေါ်ထားတဲ့ သံယောဇဥ်ဟာ သူနှင့် ထပ်တူထပ်မျှပင်။
သူတို့နှစ်ဥိီး ခွဲစိတ်မှုအားတာဝန်ယူမည့် ဆရာဝန်အားလည်း ဆောနူး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆောနူးမေမေက ပြောပြပြီးသား ဖြစ်သည့် အတွက် ယခုလို လာရောက် ဆေးစစ်မှု လုပ်ရာတွင်ဘာအခက်အခဲမရှိနိုင်။
ဆေးစစ်ချက် ရလဒ်ထွက်လာလျှင် သူက ဆောနူးမသိအောင် စာရွက်အား လဲလိုက်ဖို့တခုသာ လုပ်ရန်ရှိပေသည်။
ကျေးဇူးပြုပြီး သူ့ကျောက်ကပ်တခြမ်း ဆောနူးဆီ ပေးပြီးတဲ့အထိ ဘာပြသနာမှ မဖြစ်ပါစေနဲ့
" Hyung ဒါဆို ငါ့ဗိုက်မှာ ချုပ်ရိုးရာ နှစ်ခုရှိတော့မှာပေါ့နော် "
အပြန်လမ်းမှာ ဆိုလာသည့် ဆောနူးစကားကြောင့် သူ စိတ်မကောင်းဖြစ်ရသည်။
ကင်ဆောနူးရဲ့ ခန္ဓာကိုယ်မှာ အရင်တခါကလည်း ဓားဒဏ်ရာကြောင့် အမာရွတ်ကျန်ခဲ့ဖူးပြီ။ အပေါ်ယံသာမို့ ခွဲစိတ်မှုမလုပ်ခဲ့ရပေမဲ့
ချုပ်တော့ ချုပ်ခဲ့ရသည်လေ။ သူ့မှာထိုဒဏ်ရာကို ကြည့်ပြီး မျက်ရည်ကျခဲ့ဖူးသည်။
ယခုလည်း ထပ်ပြီး ........
သူချစ်ရတဲ့သူရဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ရာလေးတောင်မရှိစေချင်ပေမဲ့လည်း တခြားရွေးချယ်စရာမှမရှိတာလေ။
ပါးစပ်ကနေ ပလွတ်ဆိုပြီး သွင်းပေးလိုက်လို့ရရင်လည်း တမျိုးပေါ့။
" စိတ်မကောင်းဖြစ်နေတာလား "
"မဟုတ်ပါဘူး မင်းမှာကတခုပဲ ရှိပြီး ငါ့မှာကနှစ်ခုကြီးတောင် ရှိလို့လေ ဘယ်လောက်တောင်ကောင်းလိုက်လဲ"
ဘယ်လိုပဲ ပြုံးပြုံးရွင်ရွင်ပြောနေပေမဲ့ ကင်ဆောနူး စိတ်ထဲမှာတော့ ဘလောက်တောင်ကြောက်နေမလဲဆိုတာ သူသိပါသည်။ အမာရွတ်တစ်ခုပိုတာဟာ မုန့်တစ်ခုပိုစားရသလောက် ပျော်စရာမကောင်းတာ ကလေးကအစ သိလေသည်။
" မလှတော့မှာ မကြောက်ဘူးလား "
" အဟင်း အစတုန်းကဆိုရင်တော့ စိုးရိမ်မှာပေါ့ အခုတော့ သိပ်မကြောက်တော့ဘူး ငါ့မှာအမာရွတ်တခုတိုးလာပေမဲ့ ငါ့ဘေးနားကလူတစ်ယောက်ကို ဆွဲထားနိုင်မယ်ဆို ရပြီလေ"
ထိုလူသားကို ချစ်ရခြင်းမှာ ထိုလူသား၏ လှလွန်းသည့် စိတ်ထားလေးကလည်း အပါအဝင်ပေ။
သူတပါးအပေါ် သံသယမရှိယုံကြည်ပေးတတ်လွန်းသည့် စိတ်ကြောင့် ကင်ဆောနူးအား သူကငတုံးဟု ယခင်ကအမြဲစနောက်လေ့ရှိခဲ့သည်။
ယခုပြန်တွေးကြည့်လေတော့ ကင်ဆောနူးဟာ ငတုံးဖြစ်နေလို့ပဲ သူက ကာကွယ်ပေးလို့ရသည်ကို။
ငါကကာကွယ်ပေးမှာမို့ ငတုံးဘဝလေးနဲ့ပဲနေလို့ နှုတ်ကဖွင့်ပြောလိုက်ချင်ပေမဲ့ မဖြစ်။ လနှင့်ချီပြီး စိတ်ကောက်သွားနိုင်သည်။
" Hyung ဟိုမှာ ယွန်းဟွာ "
"အင်း "
"ဆင်းပြီး မနှုတ်ဆက်တော့ဘူးလား "
"လမ်းကြုံလို့နှုတ်ဆက်တာက တမျိုးလေ ခုလို ကားပေါ်က ဆင်းပြီး နှုတ်ဆက်ရတဲ့အထိတော့ မလိုဘူးလားလို့"
" ကိုယ့်ကောင်မလေးပဲကို ဆင်းပြီးနှုတ်ဆက်ဖို့ လိုတာပေါ့ "
" ဘယ်သူကလဲ
ဟေး ယွန်းဟွာက ငါ့ကောင်မလေးမဟုတ်ဘူးနော် "
" အဲ့ဒါဆို ဘာလို့မင်းစာအုပ်ထဲ သူ့ပုံတွေ့ရတာလဲ "
" အာ သူ့ပုံလား ငါပြန်ပေးလိုက်ပြီလေ
ငါ့စာအုပ်ကိုငှားသွားတဲ့နေ့က မှားပြီး ထည့်ထားမိတာတဲ့လေ "
" ယုံကြည်ချင်စရာကြီး "
နှုတ်ခမ်းကိုရွဲ့ကာ ဆိုလာသူကြောင့် သူပြုံးလိုက်မိကာ
"ကင်ဆောနူး မင်းငါ့ကိုသဝန်တိုနေတာလား "
"စဥ်းစားလေ ငါက ငါက သဝန်တိုစရာလား "
" ဟုတ်ပါပြီ ဟုတ်ပါပြီ "
ပြိုင်မငြင်းတော့ပဲ ကားကိုသာ ဂရုတစိုက်မောင်းနေလိုက်သည်။ ဒါပေမဲ့ သူ့မျက်နှာပေါ်က အပြုံးတခုကတော့ ဖျောက်ဖျက်မရ။
" အာ တကယ်ပါပဲ ပတ်ဆောင်ဟွန်း အဲ့လိုကြီး မယုံသလိုပြုံးမနေစမ်းပါနဲ့ ငါတကယ် မင်းကိုသဝန်မတိုပါဘူးဆို တကယ် တကယ် သဝန်မတိုဘူးလို့ တကယ်ပြောတာ "
ကင်ဆောနူးက သဝန်တိုတယ်ဆိုရင်တောင်အပျော်လွန်ပြီး ငေါက်ခနဲ သေသွားနိုင်တဲ့သူ့ကို အသည်းအသန်လာ ရှင်းပြနေတာကြောင့် သူရယ်ချင်မိသွားသည်။
" မဟုတ်ပါဘူးဆို ငါ မင်းကိုအဲ့လိုစိတ်မျိုးမဖြစ်ပါဘူးဆို တကယ်ပါဆို "
ကင်ဆောနူးအသံဟာ တုန်ယင်လာကာ မျက်ဝန်းထဲတွင်လည်း မျက်ရည်တွေဟာ အပြည့်။
ကားကို အိမ်ရှေ့တွင်ထိုးရပ်ရင်း သူအော်လိုက်မိလေသည်။
"ဘာလို့ အသည်းအသန်ရှင်းပြနေရတာလဲ
ကင်ဆောနူး ငါကမင်းကို ဘာတွေစွပ်စွဲနေလို့လဲ ဟမ် ပြောပါအုံး ငါ့ကိုအဲ့လောက်တောင်သဘောမကျတာလား နဲနဲလေးမှတောင်လေ သူများလက်ထဲ ပါသွားမှာကို နည်းနည်းလေးတောင် မနှမျောတာလား "
ကင်ဆောနူးဟာ သူ့ကိုသဝန်တိုစရာအကြောင်းမရှိတာသိပေမဲ့ ဒီလိုကြီးတော့ ဖြစ်ပြနေစရာအကြောင်းမရှိပေ။
ကင်ဆောနူးဟာ သူ့ကို ဘာတခုမှ မဖြေပဲ ကားပေါ်ကဆင်းပြေးလေတော့သည်။
ဒီလိုပြေးလို့များ လွတ်မယ်ထင်နေလား ကင်ဆောနူး။
ခါးကို နောက်မှ ဆွဲဖက်လိုက်ကာ အိမ်ရှေ့တံခါးအား ဖွင့်ရန် လှမ်းလိုက်သည့်လက်အား သူဖမ်းချုပ်လိုက်တော့ အတင်းရုန်းကန်ကာ သူဆီက လွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားနေလေသည်။
" ဖယ် ငါပင်ပန်းလို့ အိပ်ချင်နေပြီ ဖယ် "
" ရတယ် ငါမင်းကိုအိပ်ခွင့်ပေးမယ် ဒါပေမဲ့ ခုနက ငါမေးတာကိုတော့ အရင်ဖြေ တကယ်ပဲ ငါ့ကိုနဲနဲမှ မနှမျောဘူးလား ဟမ်"
"ဟင့်အင်း ငါမဖြေချင်ဘူး ဖယ် "
"မဖယ်ဘူး ဘာလို့လဲ ဘာလို့မဖြေချင်တာလဲ "
"ဟင့်အင်း ဖယ် ငါနာနေပြီ"
"မငိးလက်ကို ကျိုးသွားအောင် ငါမလုပ်ဘူးစိတ်ချ ဖြေ ဖြေ ပြီးရင် လွတ်ပေးမယ်"
"အား တကယ်ပါပဲ
ဘာလို့အဲ့လောက်တောင်သိချင်ရတာလဲလို့
ပတ်ဆောင်ဟွန်း ဟမ်
မင်းကိုမနှမျောဘူးလား ဟုတ်လား
နှမျောတယ် နှမျောလွန်းလို့ ရူးမတတ်ပဲ မင်းသေသွားမှာလည်း နှမျောတယ် တခြားတစ်ယောက်ဆီပါသွားမှာလည်း နှမျောတယ်
ငါမဟုတ်တဲ့ တခြားသူတွေနဲ့ပျော်နေရင်လည်း သဝန်တိုရလွန်း ပေါက်ထွက်မတတ်ပဲ
ဒါပေမဲ့ ငါက ဘာဆိုင်လို့ မင်းကိုနှမျောခွင့်ရှိမှာလဲ ဘာဆိုင်လို့ငါ့အနားမှာပဲ တစ်သက်လုံးနေဖို့ ဆွဲထားခွင့် ရှိမှာလဲ
ငါ့မှာ အဲ့လိုစိတ်မျိုးရှိနေမှန်းသိရင် မင်းကငါ့ကိုငါ့ကိုသနားပြီး မင်းတွဲချင်တဲ့သူကို မတွဲနိင်ပဲ ဖြစ်တော့မှာကိုငါသိတယ်
ငါတကယ်အဲ့လို မဖြစ်စေချင်ဘူး
အဲ့တာကြောင့် အဲ့လိုရှင်းပြမိသွားတာ သိပြီလား "
မျက်ရည်တွေနဲ့ ဒေါသတကြီး ရှင်းပြနေသုကို ကြည့်ပြီး သူစိတ်မဆိုးရက်တော့။
ဘယ်လိုလုပ်မလဲ ကင်ဆောနူး
မင်းက ငါ့ကိုပိုပိုပြီး ချစ်မိလာအောင် လုပ်နေတာပဲ
"ဆောနူး "
"ဘာလဲ "
" ငါအခုအကောင်းအတိုင်း ရှိနေတာနော်
ဘာဆေးမှ သောက်မထားဘူး "
နားမလည်သလို ကြည့်လာသည့် မျက်ဝန်းများအား လျစ်လျုရှုကာ သူဆက်ပြောမိလေသည်။
" မင်းကိုချစ်တယ် ဆောနူး "
ပြူးကျယ်ဝိုင်းစက်သွားသည့် မျက်ဝန်းတို့ကို လျစ်လျုရှုကာ ချိုချဥ်နံ့မွှေးနေသည့် နှုတ်ခမ်းတို့အား သူ့အပိုင်ဖြစ်အောင် တံဆိပ်ခတ် မိလေသည်။
ဒီလိုကြီး ဖွင့်ပြောဖို့ မရည်ရွယ်ပေမဲ့
ကင်ဆောနူးက သူ့အားသေလောက်အောင်နှမျောသည်ဟု ဆိုလာတော့ ဒီလိုပဲ ဖွင့်ပြောဖြစ်သွားတော့သည်။
ကင်ဆောနူးဆိုသည့် သူက လူတွေအပေါ်ခင်မင်ရင်းနှီးဖို့ လွယ်သလို သံယောဇဥ်ဖြတ်ဖို့လည်း လွယ်လွန်းသူ။
တဖက်လူက သူ့အပေါ် မကောင်းတာမျိုး ၊ အပေါင်းအသင်းမလုပ်ချင်တော့တာမျိုးဆိုလျှင်လည်း ဘာကိုမှ အပြစ်မပြောပဲ သံယောဇဥ်ဖြတ်ပေးလိုက်သည်သာ။
သူနဲ့ အတူနေခဲ့သည့် တစ်ယောက်လုံး ကင်ဆောနူးဟာ ချစ်သူရည်းစားမပြောနှင့် သူငယ်ချင်းတစ်ယောက်တစ်လေကိုတောင် နှမျောတသပြီး ဆွဲထားတာမျိုးမရှိ။
ဒါကြောင့် အပေါင်းအသင်းပေါများသလိုထင်ရပေမဲ့ ကင်ဆောနူးမှာ တကယ်တမ်း ရင်းနှီးလွန်းသည့် သူဆို၍ သူတစ်ယောက်သာရှိသည်လေ။
သူ့မုန့်တွေက လွဲပြီး ဘာကိုမှ မနှမျောတတ်တဲ့ ကင်ဆောနူးဟာ သူ့ကိုနှမျောတတ်လာခြင်းဟာ သူ့ကိုချစ်နေခြင်းကြောင့်ပင်။
သူကိုယ်တိုင်လည်း ကင်ဆောနူးအပေါ်ချစ်တာကြောင့် တခြားသူလက်ထဲ မထည့်ပေးချင်ပဲ နှမျောတတ်လာတာမို့ ဒီခံစားချက်ကို ကောင်းကောင်းသိသည်လေ။
သူ့ အနမ်းတွေအောက် ငြိမ်သက်နေရာက မ သူ့နောက်ကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားသည့် မျက်ဝန်း၊ သူ့အား အတင်းတွန်းဖယ်လာသည့် လက်တွေကြောင့် သူနောက်ကိုလှည့်ကြည့်မိလေသည်။
ဘုရားသခင်
သူတို့အား ကြောင်လျက်သား ကြည့်နေသည့်
သူ့အဖေနဲ့ ကင်ဆောနူးအဖေရယ်လေ
ကြည့်ရသည်မှာ လမ်းလျှောက်ထွက်ပြီး ပြန်လာသည့်ပုံ
ကင်ဆောနူးဟာ ချက်ချင်းပင် သူနောက်ကျောတွင်ရပ်ကာ သူ့အား အကာအကွယ်ယူရင်း လူကြီးများအား မဝံ့မရဲခိုးကြည့်နေလေသည်။
သူ့အတွက်လည်း ဘာလုပ်ရမှန်းမသိပဲ တံတွေးကိုသာ တွင်တွင်မြိုချနေမိသည်။
ခုပဲ ဖွင့်ပြော။ ခုပဲ တန်းမိသွားသည့် အတွဲဆို၍ ကမ္ဘာပေါ်တွင် သူတို့နှစ်ဦးသာရှိမည်။
"ဖေဖေ "
သူမဝံ့မရဲ ခေါ်မိလေသည်။
" အထဲအရင်ဝင် "
ဖေဖေဟာ ပြောပြောဆိုဆို တံခါးကို ဖွင့်ဖို့လက်လှမ်းလိုက်ပေမဲ့ အိမ်အတွင်းဘက်မှ တစုံတစ်ဦးကဖေဖေ့ထက်စောပြီး တံခါးအားဖွင့်ပေးလာလေသည်။
သူနှင့်ကင်ဆောနူး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူပင် ပြောမိတော့သည်။
"မေမေတို့ အထဲမှာ ဘယ်ထဲက ရှိနေတာလဲ"