Always With You (Completed)

By Mirella_vc

32.3K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-24

781 50 10
By Mirella_vc

"လူကြီး..."

"အင်း..."

"Top Tap ရင်ဘတ်တွေ အောင့်နေတယ်..."

"ဟင်...အိမ်ပြန်မလား...ဒါမှမဟုတ် ဆေးရုံသွားမယ်..."

"ဟင့်အင်း..."

"ဒီရက်ပိုင်း ပင်ပန်းသွားတာကြောင့် ထင်တယ်...အဲ့ဒါကြောင့် ငြိမ်ငြိမ်လေး နေခိုင်းတာကို နေမှ မနေတာ.."

"မဆူပါနဲ့...လူကြီးကလည်း..."

အလိုလိုက်ထားတာကြောင့် ချက်ချင်း နှုတ်ခမ်းကိုစူ ခြေကိုဆောင့်ကာ ပြောလာတော့ သူ့မှာ ပျာပျာသလဲ ။

"မဆူဘူး...မ Date တော့ဘူး ပြန်မယ်...နေကောင်းမှ ထပ်လာရအောင်...."

"မပြန်ဘူး...ရုပ်ရှင်ကြည့်အုံးမှာ..."

"Top Tap..."

"လူကြီးကလည်း..."

"ကြည့်ကြည့်..."

ရောဂါကြောင့် ရင်ဘတ်အောင့်နေသူကို ထပ်စိတ်ဆင်းရဲအောင် မလုပ်လို...။ဒါကြောင့်လည်း လုပ်ချင်သမျှကို လိုက်လျောဖို့ ဆုံးဖြတ်လိုက်ပြီး စောင့်ရှောက်ပေးဖို့ တွေးလိုက်တော့၏။နဂိုထဲက ဒီကလေးကို ပျော်ရွှင်နေတာဘဲ မြင်ချင်ခဲ့တာ...mission တွေကြောင့် အလုပ်တွေကြောင့်နဲ့ အများကြီးတောင် သူ ဂရုမစိုက်ပေးနိုင်ခဲ့...။လာမယ့် အနာဂတ်မှာတော့ ဒီကလေးကို သူ့အသက်နဲ့ရင်းကာ ကာကွယ်စောင့်ရှောက်သွားမှာ...။Date ဖို့ပြောထားတာမို့ ဆိုင်ကယ်နဲ့ ထွက်လာကာ ရုပ်ရှင်အရင် လာကြည့်ဖြစ်ကြတာ ဖြစ်၏။ရုပ်ရှင်ကြည့်နေတဲ့ တစ်လျှောက်လုံး အသေးလေးကို သူ့မှာ အရိပ်တကြည့်ကြည့်။နှလုံးရောဂါက အချိန်မရွေး ထဖောက်နိုင်တယ် မဟုတ်လား...။ ရုပ်ရှင်ကြည့်ပြီးတဲ့သူက ရုံထဲက ထွက်ထွက်ချင်း သူ့လက်ကို ဆွဲကာ ပြေးတော့၏။

"မပြေးနဲ့လေ...မမောဘူးလား ကလေးရဲ့..."

လူကြီးရဲ့ စကားအဆုံး Top Tap ခြေလှမ်းတွေ စုံရပ်ပစ်လိုက်ပြီး မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်လိုက်မိ၏။မျက်လုံးချင်း အားပြိုင်မှုမှာ နူးညံ့ခြင်းတွေနဲ့ မြတ်နိုးမှုတွေ ပါဝင်နေ၏။သူ နားကြားမှားတာတော့ မဟုတ်ဘူးမှတ်လား..လူကြီး...လူကြီးရဲ့ နှုတ်ကနေ ကလေးလို့ နူးနူးညံ့ညံ့ ခေါ်လိုက်တာမှတ်လား...လွှတ်ခနဲထွက်သွားတာလား... တမင်ခေါ်လိုက်တာလား မသိပေမယ့် နူးနူးညံ့ညံ့ခေါ်ဆိုတဲ့အသံအောက်မှာ Top Tap တစ်ယောက် ကျဆုံးသွားတော့၏။

"ဘာလို့ ငိုနေတာလည်း ကလေးရဲ့..ဟင်...ရင်ဘတ်က နာလို့လား..."

"အင့်..."

Mike စကားသံအဆုံး အသေးလေးက သူ့ကို လာပြေးဖက်တော့၏။ရင်ခွင်ထဲ ထိန်းဖက်ထားရင်း ဖွဖွလေး ပုတ်ပေးနေမိ၏။

"ဘာလို့လည်း ဟင်..အဆင်ပြေရဲ့လား..."

"ဘာမှမဖြစ်ဘူး..."

"မသွားတော့ဘူးလား..."

"ခဏနေမှ သွားမယ် ဒီအတိုင်းနေချင်သေးလို့..."

မျက်ရည်တွေစိုလူးပြီး ရင်ခွင်ထဲ တိုးဝင်နေတဲ့ ကလေးငယ်က လူအများ ဝိုင်းကြည့်နေတာကိုလည်း မရှက်တော့ဘူးထင်၏။သူကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ ဂရုမစိုက်မိ။ ရင်ဘတ်အောင့်နေတာကြောင့်များလာဆိုပြီး ကြည့်နေမိပေမယ့် ကလေးငယ်ရဲ့ ပြုမူပုံအရ မဟုတ်တန်ရာ...တခြားနေရာမှာ ကျွမ်းကျင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာ အချစ်ရေးမှာတော့ တကယ့်ကို တုံးတာလွန်းခဲ့တာ...။ကလေးငယ်ရဲ့ အပြုအမူသေးသေးလေးတွေက သူ အဓိပ္ပါယ်မဖွင့်တတ်ခဲ့...ဒါပေမယ့်လည်း..ဒါပေမယ့်လည်းလေ...ပျော်ချင်တာကိုဘဲ မြင်ချင်တဲ့ စိတ်ဆန္ဒက အမြဲတမ်း ကြီးစိုးနေတာ...mission တွေရှိရင် ထိခိုက်မှာစိုးလို့ စခန်းမှာဘဲ ထားပြီး လမ်းကြောင်းရှင်းဖို့ဘဲ အဓိက လုပ်ခိုင်းခဲ့တာ..ဒီအသေးလေးကို သေးသေးလေးတောင် မထိခိုက်စေလို။ဒါတွေကိုသာ အချစ်လို့ ခေါင်းစဥ်တပ်ရင် အချစ်ပါဘဲပေါ့..
အချစ်ဆိုတယ် ချစ်တယ်လို့ တဖွဖွပြောနေမှ ချစ်တာမဟုတ်ဘူး...လူနှစ်ဦးနှစ်လုံးသားချင်း ထပ်တူကျနေဖို့က အဓိကဘဲမို့...။သူနဲ့ အသေးလေးကရော ဘယ်အချိန်တုန်းက နှလုံးသားချင်း ထပ်တူကျခဲ့သလဲ...သြဇီက ပြန်လာတုန်းကလား...mission တွေ အတူတူလုပ်တုန်းကလား...တစ်ချိန်ချိန်တုန်းကတော့ သူတို့နှလုံးသားတွေ ထပ်တူကြခဲ့ပေလိမ့်မည်။

****

"Vachirawit ရော..."

"အိမ်ပြန်သွားပါတယ် ဂိုဏ်းချုပ်..."

"ကျစ် ပြောမသွားပြန်ဘူး...."

"နာရီဝက်အတွင်း ပြန်လာမှာမို့ မနက်စာ စားပြီး စောင့်နေပါလို့ မှာသွားပါတယ်.... ဂိုဏ်းချုပ်...."

သူ ပွစိပွစိရေရွတ်သံကို အစောင့်ဂိုဏ်းသားက ကြားသွားတယ် ထင်၏။ Vachirawit မှာထားခဲ့သမျှကို ကရားရေလွှတ်သလို ပြောတော့၏။

"ဟုတ်ပြီ..."

အိမ်ပြန်သွားတယ်ဆိုတာကြောင့် သူလည်း ဘာမှမပြောလိုတော့။အိမ်က ကိစ္စသူ့ဘာသာဖြေရှင်းမယ် ငယ် ဘာမှမပူနဲ့လို့ ပြောထားတာကြောင့် သူလည်း ဝင်မပါဖြစ်။မနက်စာကို အခန်းထဲဘဲ ထည့်ခိုင်းလိုက်ပြီး ပြတင်းပေါက်နားရပ်ကာ ဂိုဏ်းသားတွေ လေ့ကျင့်နေတာကို သူ ငေးကြည့်နေမိ၏။သူတို့ဂိုဏ်းအနေနဲ့ နေရာတစ်ခုကို ရောက်နေပြီ ဖြစ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာထိ လွှမ်းမိုးနိုင်မှု မရှိသေး။Foei ကတော့ တစ်ခြားတရားဝင်လုပ်ငန်းတွေမှာ ရှယ်ရာတွေ ထည့်ဖို့နဲ့ လက်နက်ကုန်သွယ်တာကို တိုးမြှင့်ဖို့၊ အဲ့အပြင် လက်နက်စက်ရုံတည်ပြီး ထုတ်လုပ်ဖို့ အကြံဉာဏ်ပေး၏။ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းခေါင်းဆောင်တွေက ကြိုးစားတဲ့သူတွေ ဖြစ်တာကြောင့် ကျရှုံးသွားမှာကို စိတ်မပူ။သူအနေနဲ့ White Dragons ဂိုဏ်း အညွန့်တလူလူနဲ့ ထိပ်ဆုံးမှာ ရပ်နေတာကိုဘဲ မြင်ချင်တာ..White Dragons ဆိုတာနဲ့ ပြိုင်ဘက်ကင်းတဲ့ ဂိုဏ်း၊ လူအများ ရိုသေလေးစားရတဲ့ ဂိုဏ်း ဖြစ်စေချင်တာ။အတွေးများနေရင်းက ပြတင်းပေါက်ကို မေးထောက်ကာ Mike ပျိုးထားတဲ့ ပန်းခြံထဲ ကြည့်မိတော့ Dew နဲ့ Nani..။Nani က ခုံတန်းပေါ်မှာ ထိုင်နေပြီး Dew က ငုံ့ပြီး စကားပြောနေတဲ့ ပုံစံ။သူတို့နှစ်ယောက်ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုဘဲ..။သာမန်ဘဲလား ကိုယ်ကဘဲ ထူးပြီးမြင်နေတာလား မပြောတတ်။ ဒီနှစ်ယောက်တော့ သူနဲ့ စကားပြောဖို့ လိုနေပြီ။

"ခေါင်းဆောင်နှစ်​ယောက်ကို ဂိုဏ်းချုပ်က အစည်းအဝေးခန်းထဲကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်..."

"ငါတို့နှစ်ယောက်ဘဲလား..."

"အဲ့ဒါတော့ မသိပါဘူး...ခေါင်းဆောင်..."

Dew နဲ့ Nani တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏။ဘာအကြောင်းအရာများ ဆွေးနွေးစရာရှိနေပါလိမ့်...သူတို့လည်း ဂိုဏ်းချုပ်နဲ့ စကားမပြောဖြစ်တာ ကြာပြီမှတ်လား...။

"အဲ့ဒါဆို သွားကြရအောင်..."

Dew နဲ့ Nani အစည်းအဝေးခန်းထဲ ရောက်တော့ Win က ရောက်နှင့်နေပြီ ဖြစ်၏။

"ရောက်လာပြီလား..."

"ထူးထူးဆန်းဆန်း ခေါ်တယ်ဆိုလို့..."

"အင်း စကားမပြောရတာ ကြာလို့ကွာ..."

"ကြာမှာပေါ့ မင်းက ဒုဂိုဏ်းချုပ်နားက ခွာမှ မခွာတာ..."

"မင်းတို့ကလည်း..."

"ပြောပါအုံး မင်းတို့နှစ်ယောက် အခြေအနေ..."

ဒီအချိန်မှာတော့ ရာထူးတွေ ဘေးဖယ်ပြီး ပေါ့ပေါ့ပါးပါးဘဲ ပြောဖြစ်ခဲ့ကြ၏။Dew နဲ့ Nani အကြောင်း မေးချင်လို့ ခေါ်တာကို သူ့အကြောင်းတွေ လာပြန်မေးနေကြ၏။

"ဘယ်လိုထင်လဲ..."

"ဘယ်လိုထင်ရမလဲ တွဲနေကြတာ မဟုတ်ဘူးလား..."

Dew နဲ့ Nani မေးသံက ပြိုင်တူ။ဒီနှစ်ယောက်ကတော့လေ။

"တွဲနေကြတာလို့ ထင်ရင် တွဲနေကြတယ်ပေါ့..."

"မင်းဟာက ဘယ်လိုကြီးတုန်း ရှင်းရှင်းလင်းလင်း ပြောစမ်းပါ..."

"ဘာလဲ Bright က မဖွင့်ပြောတာလား..."

"အဟင်း...အဓိက,က ငါဘဲ ဟေ့ရောင်တွေရ...ငါတို့နှစ်ယောက်လုံးက သန်မာတဲ့ ယောက်ျားသားတွေကြီးလေ..ငါ သူ့ကို ခေါင်းစဥ်တစ်ခုနဲ့ မထိန်းချုပ်ထားချင်ဘူး...ပြီးတော့ ငါတို့က ဘယ်ချိန်သေရမှန်း မသိတဲ့ကောင်တွေ...ဘေးနားမှာ ရှိတဲ့အချိန်လေးကို တန်ဖိုးထားပြီး နေသွားချင်တာ..."

"မင်းတကယ်ကြီး ချစ်နေတာဘဲ Win..."

"ဟုတ်တယ်...ချစ်ရင် ချစ်တယ်ပေါ့ကွာ...ဘာမှ များများစားစား လိုက်တွေးမနေစမ်းနဲ့.. "

"ငါ လိုက်တွေးနေတာ မဟုတ်ဘူး...တစ်ချိန်ကျရင် ရိုးသွားမှာ...ငါလည်း ရိုးချင်ရိုးသွားမှာ...အဲ့ချိန်ကျမှဆို ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်မယ်..."

"အဲ့တော့ မင်းက ဒီအတိုင်းဘဲသွားမယ်ပေါ့..."

"အင်း...လောလောဆယ်အထိတော့ ဒီအတိုင်းဘဲ..."

ကြားလိုက်ရတဲ့ စကားတွေက နားထဲ သံရည်ပူလောင်းကျလိုက်သလို...ရိုးသွားမယ်တဲ့လား ငယ်ရယ်...။အဲ့ဒါကြောင့်နဲ့များ သူတိူ့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရှေ့ဆက်မတိုးချင်ခဲ့လား...။ဒီကကောင်ရဲ့ အချစ်ကို နည်းနည်းလေးတောင် မယုံအကြည်မရှိခဲ့တာလား....စိတ်အာရုံတွေအားလုံးအပြင် ကိုယ့်နှလုံးသားတစ်ခုလုံးကိုတောင် ပေးထားခဲ့တာ.. ကိုယ့်အပြုအမူတွေက ငယ့်ကိုချစ်နေတယ်ဆိုတာ လုံလောက် အောင် မဖော်ညွှန်းနိုင်ခဲ့တာလား...ချစ်နေတာကို မဖွင့်ပြောချင်လို့များလားဆိုပြီး ဒီအတိုင်းလွှတ်ထားပေးခဲ့တာလေ...ဒါကိုတောင် ငယ့်ဆီက ထွက်လာတဲ့စကားက...ဆက်နားထောင်မိရင် ပြိုလဲတော့မှာမို့ သူ လှည့်ကာပြေးထွက်ခဲ့မိ၏။ငယ့်ဆီက ခေါ်သံသဲ့သဲ့နဲ့အတူ ပြေးလိုက်လာမှန်း သိပေမယ့် လှည့်မကြည့်မိတော့...။

"တောင်းပန်တယ် ငယ်..ငါ့ကိုငါ ပြန်မရှာတွေ့နိုင်တဲ့အချိန်အထိ မင်းအနားက ထွက်သွားခွင့်ပြုပါ..."

****
"အခုအချိန်ထိ ရှာလို့ မတွေ့သေးဘူးလား..."

"မတွေ့သေးပါဘူး ဂိုဏ်းချုပ်..."

"ဂေဟာ ကိုရော...သူ့အိမ်ကိုရော..."

"ရှာပြီးပါပြီ..."

"သွားထပ်ရှာ ပြန်မတွေ့မချင်း ပြန်မလာကြနဲ့..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

ဂိုဏ်းသားတွေမှာလည်း ညကြီးမိုးချုပ် မိုးရွာနေတဲ့ ကြားထဲက လိုက်ရှာကြရတော့၏။ဂိုဏ်းချုပ်က ဒေါသထွက်နေတာမို့ သေနတ်စာမိနိုင်တဲ့ အခြေအနေရှိတယ်လေ...။

"စိတ်ထိန်းပါအုံး Win ရာ...ပြန်လာမှာပါ..."

"မင်း မသိဘူး Mike... ငါ့ကို တော်တော် စိတ်တိုသွားလောက်တယ်..."

အရင်က စိတ်ဆိုးတယ်ဆိုရင် သူ့ကို အေးအေးဆေးဆေး ပြောပြီး ဖြေရှင်းနေကြ။အခုက သူတို့ပြောနေတဲ့ စကားလုံးတွေကို ကြားသွားလို့သာ Vachirawit ဒီလိုထွက်သွားတာ...Nani နဲ့ Dew ကလည်း အပြစ်တင်လို့ မဆုံးတော့...။ဘာလို့များ ပွင့်ပွင့်လင်းလင်း မမေးကြည့်ရတာလဲ...ဘာလို့များ လှည့်မကြည့်စတမ်း ထွက်သွားရတာလဲ....ဒီလိုမျိုး ထွက်သွားတာတောင် ပူလောင်နေတဲ့ ခံစားချက်က နေလို့ကိုမရ။ဒေါသတွေထွက်ပြီး အကုန်လုံးကို ကြိမ်းမောင်းနေမိ၏။

"Win စိတ်ထိန်းအုံး...ပြီးတော့ သူ့ကို ခဏအချိန်ပေးလိုက်ပါ..."

"မဟုတ်ဘူး Dew...ငါ​ပြောချင်တဲ့ အဓိပ္ပါယ်က အဲ့လိုမဟုတ်ဘူးဆိုတာ သိတယ်မှတ်လား...တစ်သက်လုံး ငါ့အနားမှာဘဲ နေရင် ငြီးငွေ့သွားမှာ ကြောက်လို့ ငါ သူ့ကို မချည်နှောင်ချင်ခဲ့တာ..."

"ငါသိတယ် ဒါပေမယ့် သူသိဖို့လည်း လိုတယ်..."

"ငါ့ကို ငြီးငွေ့သွားမှာ ကြောက်တယ်..Nani....ငါ့ကို သူထားခဲ့မှာ ကြောက်တယ်..တနေ့နေ့မှာ ငါ့အမေလိုမျိုး ငါ့ကို ခွဲသွားမှာ ကြောက်တယ်...."

မျက်နှာကို လက်ဖဝါးဖြင့်အုပ်ကာ ပလုံးပထွေး ရေရွတ်နေမိတာ....ငိုမနေပေမယ့် အပြုအမူတွေ ကြည့်ရုံနဲ့ ဘယ်လောက် ဆောက်တည်မရဖြစ်နေလည်း သိသာနေ၏။တစ်စက်ကလေးတောင် ငြိမ်ငြိမ်မနေနိုင်ဘဲ ဂိုဏ်းသားတစ်ယောက်ယောက်က ရှာတွေ့ပြီလို့ ပြောလာမှာကို သူမျှော်လင့်နေမိတာ...နောက်ဆုံး မနေနိုင်တော့အဆုံး မိုးတွေ သည်းကြီးမဲကြီး ရွာချနေတဲ့ ကြားကို သူ ပြေးထွက်လာမိတော့၏။

"Win..."

"ဂိုဏ်းချုပ်..."

ရုတ်ရုတ်သဲသဲ အသံတွေနဲ့အတူ မိုးတွေချိန်းပြီး လျှပ်စီးတွေ လက်နေတဲ့ ကြားက ဂိုဏ်းချုပ်နောက်ကို ပြေးလိုက်ကြတော့၏။ဦးတည်ရာမရှိပြေးလွှားနေတဲ့ Win ကို ခေါင်းဆောင်တွေ ဖမ်းကာ ထိန်းချုပ်ရင်း ပြန်ခေါ်လာခဲ့၏။ထွက်သွားတယ်လို့ ပြောကထဲက ရှာပေးနေကြတာ သူတို့လည်း မနားရသေးး။Top Tapက ခြေရာခံပေးသော်လည်း တည်နေရာက ကားလမ်းမကြီး ဖြစ်နေပြီး ရှာမတွေ့။

"အခုနားလိုက်ပါတော့...မိုးတွေလည်း ဒီလောက်ရွာနေတာ..မနက်ကျ ငါတို့တွေ့အောင် ရှာပေးပါ့မယ်..."

အကုန်လုံးက ဝိုင်းချော့မော့ကာ ဖျောင်းဖြရင်း ပြန်ခေါ်လာခဲ့၏။

"ရေတွေသုတ်ပြီး အဝတ်အစားလဲလိုက်အုံး Win..."

"သူပြန်လာမှာပါနော် Gun Smile..."

"ပြန်လာမှာပါ...ငါတို့ကို ဒီလိုမျိုးတော့ မပစ်သွားလောက်ဘူး Win...အဲ့ဒါတော့ သေချာသိတယ်..."

"အင်း..."

သက်ပြင်းရှည်ကြီးချပြီး ငြိမ်ကျသွား၏။ချစ်ရင် ချစ်တယ်ဆိုပြီး မျက်နှာချင်းဆိုင်များ ရှင်းကြပါတော့လား..ဂိုဏ်းချုပ်တွေ ဖြစ်နေပြီး ဒီလောက်တောင် သတ္တိနည်းကြသလား.. သူငယ်ချင်းဖြစ်တဲ့ Bright ကရော တလောကလုံးမှာ သူအတော်ဆုံးဆိုပြီး ကြွေးကြော်လာပြီး ဒါလေးပြောတာကို ထွက်သွားရတယ်လို့...အမှန်ဆို ဖြေရှင်းဖို့ နည်းလမ်းတွေ တစ်ပုံကြီး..ရှောင်ပြေးနေလို့ အဖြေပေါ်လာမလား... အမြဲတမ်း ပြဿနာကို ဆရာကျကျ ဖြေရှင်းတတ်တဲ့ Bright က အခုမှ ဘယ်လို ဖြစ်ရသလဲ...သူ့သူငယ်ချင်းကို ဘယ်အရာက တွန့်ဆုတ်နေစေသလဲ...။

အကုန်လုံးက သူ့ကို နှုတ်ဆက်ပြီး ထွက်သွားတော့ Win မှာလည်း ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိ၏။နေရာတကာမှာ ဒီလူသားရဲ့ အငွေ့အသက်တွေ အပြည့်နဲ့လေ...မနက်ခင်း မိုးလင်းလို့ မျက်နှာသစ်ပြီး မနက်စာ စားတာက အစ ညအိပ်ယာဝင်တဲ့ အချိန်အထိ ဒီလူသားနဲ့ လွတ်ကင်းတဲ့ အရာဆိုတာမရှိ။

"အင့်..ဟင့်..."

မငိုပါဘူး...သူများတွေရှေ့မှာ မျက်ရည်မကျဘူးဆိုတဲ့ သူက သူ့အကြောင်း နည်းနည်းလေး စဥ်းစားလိုက်မိရုံနဲ့ အသံထွက်ကာ ငိုရှိုက်မိတဲ့အထိ။Win Metawin တို့ ဘယ်တုန်းက ပျော့ညံ့နေခဲ့တာလည်း...။မရှိတော့မှ တမ်းတတာ မဟုတ်ပေမယ့် Vachirawit ကို နည်းနည်းလေးမှတောင် မခွဲနိုင်တော့.. မသိလိုက်တဲ့ အချိန်အတောအတွင်းမှာဘဲ Vachirawit အပေါ်  စိတ်ရောကိုယ်ပါ ကျရှုံးနေပြီမှန်း သိလိုက်ရ၏။ပြန်လာခဲ့ပါ.. ကျေနပ်အောင် တောင်းပန်မှာမို့...ပြန်လာခဲ့ပါ မင်းဘက်က မဖွင့်ပြောရင်တောင် ငါ့ဘက်က ဖွင့်ပြောမှာမို့...ပြန်လာခဲ့ပါ မင်းကို ချစ်တဲ့အကြောင်း တလောကလုံး သိအောင် ဖွင့်ပြောမှာမို့....။ပြောမိတဲ့စကားတစ်ခွန်းကြောင့် နောင်တကြီးစွာရပြီး မျက်ရည်တွေ မြစ်လိုစီးဆင်းနေတဲ့ ကောင်လေးကိုတော့ နံရံတွေက ကူကာ ငိုရှိုက်ပေးပြီး ခေါင်းအုံးလေးက အဖော်ပြုပေးနေခဲ့၏။

****

"ဘာသတင်းကြားလဲ Nani...."

မိုးလင်းလာတာနဲ့ အရင်ဆုံး ပြေးထွက်ကာ မေးမိ၏။Nani က သူ့ပုံစံကို ကြည့်ပြီး သက်ပြင်းချကာ ထလာရင်း...

"နည်းနည်းပါးပါး ကိုယ့်ကိုကိုယ် ဂရုစိုက်စမ်းပါအုံး...မင်း ဒီလိုဖြစ်နေတဲ့ ပုံစံကို Bright က မြင်ချင်မယ် ထင်လား...."

"ငါ...ငါ.."

တစ်ညထဲနဲ့ကို မျက်နှာလေး ချောင်ကျသွားပြီး ဖရိုဖရဲနဲ့..။

"ညက မအိပ်ဘူး မှတ်လား.."

"အိပ်တယ်...ဒါပေမယ့် အိပ်မပျော်ဘူး..."

"စိတ်အေးအေးထား ငါတို့ လိုက်ရှာပေးမယ်..."

"ရင်ပူနေရတဲ့ ခံစားချက်ကို မင်းတို့မှ မသိတာ...စိတ်အေးအေးထားဖို့ မင်းတို့ ပြောနိုင်တာပေါ့...မနေ့က တစ်ညလုံးရှာတာတောင် အရိပ်အယောင်တောင် တွေ့ရလို့လား..."

"သွား..သွားရှာကြ...တကယ်လို့ ဂိုဏ်းတစ်ခုခုက ဖမ်းခေါ်သွားတာဆို အကုန်လုံး မြေလှန်ပစ်လိုက်...သွားရှာကြ..."

Nani တို့ကို အော်ပြော...ဂိုဏ်းသားတွေကို အမိန့်ပေးနဲ့ ဂိုဏ်းချုပ်က တကယ့်ကို အရုပ်ကျိုးပျက်...ဂိုဏ်းသားတွေမှာလည်း အအော်ခံအငေါက်ခံနေရတာတောင် မငြိုငြင်ကြ..သူတို့ ဂိုဏ်းချုပ်ရဲ့ စိတ်အခြေအနေကို နားလည်ပေးနိုင်ကြတာမို့..။ခဏနေတော့ ဂိုဏ်းချုပ်ကိုယ်တိုင် ဆိုင်ကယ်တစ်စီးနဲ့ မြို့အနှံ့ပတ်ရှာပြန်၏။ဒုဂိုဏ်းချုပ် ပျောက်နေတယ်ဆိုတဲ့ သတင်းကလည်း ပျံံ့နှံ့လို့ မရတာမို့ တစ်ခြားဂိုဏ်းတွေကိုလည်း မေးဖို့ မလွယ်ကူ..တကယ်လို့ ပြန်ပေးဆွဲခံရတယ်ဆိုရင် အခုလောက်ဆို သိရလောက်ပြီ...ပြန်ပေးဆွဲခံရတာမဟုတ်ဘဲ တမင်သက်သက်ကို ခြေရာဖျောက်သွားတာမို့...။မတွေ့စေချင်တဲ့ လူက မတွေ့အောင် ပုန်းနေပေမယ့် တွေ့ချင်တဲ့ သူကတော့ နောင်တတွေနဲ့ လိုက်ရှာနေမိတာ..။ဘယ်တွေကိုများ ထွက်သွားလိုက်လဲ ကိုရယ်..ငယ် လွမ်းနေပြီမို့..ငယ် နောင်တရနေပြီမို့...ငယ့်မှာ ကို မရှိရင် မဖြစ်တော့တာမို့ ငယ့်ဆီ ပြန်လာပေးပါ ခဏလေးဖြစ်ဖြစ် မြင်ရရင် ကျေနပ်ပြီမို့...။

*ဟဲဟဲ စောင့်ဖတ်ရတဲ့သူတွေ စိတ်မရှည်လောက်တော့ဘူး..ပေးချင်တဲ့ message က အချစ်ရေးမှာ ပွင့်လင်းကြပါလို့ *

16.5.2022
Mirella

Zawgyi

"လူႀကီး..."

"အင္း..."

"Top Tap ရင္ဘတ္ေတြ ေအာင့္ေနတယ္..."

"ဟင္...အိမ္ျပန္မလား...ဒါမွမဟုတ္ ေဆး႐ုံသြားမယ္..."

"ဟင့္အင္း..."

"ဒီရက္ပိုင္း ပင္ပန္းသြားတာေၾကာင့္ ထင္တယ္...အဲ့ဒါေၾကာင့္ ၿငိမ္ၿငိမ္ေလး ေနခိုင္းတာကို ေနမွ မေနတာ.."

"မဆူပါနဲ႔...လူႀကီးကလည္း..."

အလိုလိုက္ထားတာေၾကာင့္ ခ်က္ခ်င္း ႏႈတ္ခမ္းကိုစူ ေျခကိုေဆာင့္ကာ ေျပာလာေတာ့ သူ႕မွာ ပ်ာပ်ာသလဲ ။

"မဆူဘူး...မ Date ေတာ့ဘူး ျပန္မယ္...ေနေကာင္းမွ ထပ္လာရေအာင္...."

"မျပန္ဘူး...႐ုပ္႐ွင္ၾကည့္အုံးမွာ..."

"Top Tap..."

"လူႀကီးကလည္း..."

"ၾကည့္ၾကည့္..."

ေရာဂါေၾကာင့္ ရင္ဘတ္ေအာင့္ေနသူကို ထပ္စိတ္ဆင္းရဲေအာင္ မလုပ္လို...။ဒါေၾကာင့္လည္း လုပ္ခ်င္သမွ်ကို လိုက္ေလ်ာဖို႔ ဆုံးျဖတ္လိုက္ၿပီး ေစာင့္ေ႐ွာက္ေပးဖို႔ ေတြးလိုက္ေတာ့၏။နဂိုထဲက ဒီကေလးကို ေပ်ာ္႐ႊင္ေနတာဘဲ ျမင္ခ်င္ခဲ့တာ...mission ေတြေၾကာင့္ အလုပ္ေတြေၾကာင့္နဲ႔ အမ်ားႀကီးေတာင္ သူ ဂ႐ုမစိုက္ေပးႏိုင္ခဲ့...။လာမယ့္ အနာဂတ္မွာေတာ့ ဒီကေလးကို သူ႕အသက္နဲ႔ရင္းကာ ကာကြယ္ေစာင့္ေ႐ွာက္သြားမွာ...။Date ဖို႔ေျပာထားတာမို႔ ဆိုင္ကယ္နဲ႔ ထြက္လာကာ ႐ုပ္႐ွင္အရင္ လာၾကည့္ျဖစ္ၾကတာ ျဖစ္၏။႐ုပ္႐ွင္ၾကည့္ေနတဲ့ တစ္ေလွ်ာက္လုံး အေသးေလးကို သူ႕မွာ အရိပ္တၾကည့္ၾကည့္။ႏွလုံးေရာဂါက အခ်ိန္မေ႐ြး ထေဖာက္ႏိုင္တယ္ မဟုတ္လား...။ ႐ုပ္႐ွင္ၾကည့္ၿပီးတဲ့သူက ႐ုံထဲက ထြက္ထြက္ခ်င္း သူ႕လက္ကို ဆြဲကာ ေျပးေတာ့၏။

"မေျပးနဲ႔ေလ...မေမာဘူးလား ကေလးရဲ႕..."

လူႀကီးရဲ႕ စကားအဆုံး Top Tap ေျခလွမ္းေတြ စုံရပ္ပစ္လိုက္ၿပီး မယုံႏိုင္တဲ့ မ်က္ဝန္းေတြနဲ႔ လွည့္ၾကည့္လိုက္မိ၏။မ်က္လုံးခ်င္း အားၿပိဳင္မႈမွာ ႏူးညံ့ျခင္းေတြနဲ႔ ျမတ္ႏိုးမႈေတြ ပါဝင္ေန၏။သူ နားၾကားမွားတာေတာ့ မဟုတ္ဘူးမွတ္လား..လူႀကီး...လူႀကီးရဲ႕ ႏႈတ္ကေန ကေလးလို႔ ႏူးႏူးညံ့ညံ့ ေခၚလိုက္တာမွတ္လား...လႊတ္ခနဲထြက္သြားတာလား... တမင္ေခၚလိုက္တာလား မသိေပမယ့္ ႏူးႏူးညံ့ညံ့ေခၚဆိုတဲ့အသံေအာက္မွာ Top Tap တစ္ေယာက္ က်ဆုံးသြားေတာ့၏။

"ဘာလို႔ ငိုေနတာလည္း ကေလးရဲ႕..ဟင္...ရင္ဘတ္က နာလို႔လား..."

"အင့္..."

Mike စကားသံအဆုံး အေသးေလးက သူ႕ကို လာေျပးဖက္ေတာ့၏။ရင္ခြင္ထဲ ထိန္းဖက္ထားရင္း ဖြဖြေလး ပုတ္ေပးေနမိ၏။

"ဘာလို႔လည္း ဟင္..အဆင္ေျပရဲ႕လား..."

"ဘာမွမျဖစ္ဘူး..."

"မသြားေတာ့ဘူးလား..."

"ခဏေနမွ သြားမယ္ ဒီအတိုင္းေနခ်င္ေသးလို႔..."

မ်က္ရည္ေတြစိုလူးၿပီး ရင္ခြင္ထဲ တိုးဝင္ေနတဲ့ ကေလးငယ္က လူအမ်ား ဝိုင္းၾကည့္ေနတာကိုလည္း မ႐ွက္ေတာ့ဘူးထင္၏။သူကိုယ္တိုင္လည္း ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္မိ။ ရင္ဘတ္ေအာင့္ေနတာေၾကာင့္မ်ားလာဆိုၿပီး ၾကည့္ေနမိေပမယ့္ ကေလးငယ္ရဲ႕ ျပဳမူပုံအရ မဟုတ္တန္ရာ...တျခားေနရာမွာ ကြၽမ္းက်င္တဲ့ ဂိုဏ္းေခါင္းေဆာင္တစ္ေယာက္ဟာ အခ်စ္ေရးမွာေတာ့ တကယ့္ကို တုံးတာလြန္းခဲ့တာ...။ကေလးငယ္ရဲ႕ အျပဳအမူေသးေသးေလးေတြက သူ အဓိပၸါယ္မဖြင့္တတ္ခဲ့...ဒါေပမယ့္လည္း..ဒါေပမယ့္လည္းေလ...ေပ်ာ္ခ်င္တာကိုဘဲ ျမင္ခ်င္တဲ့ စိတ္ဆႏၵက အၿမဲတမ္း ႀကီးစိုးေနတာ...mission ေတြ႐ွိရင္ ထိခိုက္မွာစိုးလို႔ စခန္းမွာဘဲ ထားၿပီး လမ္းေၾကာင္း႐ွင္းဖို႔ဘဲ အဓိက လုပ္ခိုင္းခဲ့တာ..ဒီအေသးေလးကို ေသးေသးေလးေတာင္ မထိခိုက္ေစလို။ဒါေတြကိုသာ အခ်စ္လို႔ ေခါင္းစဥ္တပ္ရင္ အခ်စ္ပါဘဲေပါ့..
အခ်စ္ဆိုတယ္ ခ်စ္တယ္လို႔ တဖြဖြေျပာေနမွ ခ်စ္တာမဟုတ္ဘူး...လူႏွစ္ဦးႏွစ္လုံးသားခ်င္း ထပ္တူက်ေနဖို႔က အဓိကဘဲမို႔...။သူနဲ႔ အေသးေလးကေရာ ဘယ္အခ်ိန္တုန္းက ႏွလုံးသားခ်င္း ထပ္တူက်ခဲ့သလဲ...ၾသဇီက ျပန္လာတုန္းကလား...mission ေတြ အတူတူလုပ္တုန္းကလား...တစ္ခ်ိန္ခ်ိန္တုန္းကေတာ့ သူတို႔ႏွလုံးသားေတြ ထပ္တူၾကခဲ့ေပလိမ့္မည္။

****

"Vachirawit ေရာ..."

"အိမ္ျပန္သြားပါတယ္ ဂိုဏ္းခ်ဳပ္..."

"က်စ္ ေျပာမသြားျပန္ဘူး...."

"နာရီဝက္အတြင္း ျပန္လာမွာမို႔ မနက္စာ စားၿပီး ေစာင့္ေနပါလို႔ မွာသြားပါတယ္.... ဂိုဏ္းခ်ဳပ္...."

သူ ပြစိပြစိေရ႐ြတ္သံကို အေစာင့္ဂိုဏ္းသားက ၾကားသြားတယ္ ထင္၏။ Vachirawit မွာထားခဲ့သမွ်ကို ကရားေရလႊတ္သလို ေျပာေတာ့၏။

"ဟုတ္ၿပီ..."

အိမ္ျပန္သြားတယ္ဆိုတာေၾကာင့္ သူလည္း ဘာမွမေျပာလိုေတာ့။အိမ္က ကိစၥသူ႕ဘာသာေျဖ႐ွင္းမယ္ ငယ္ ဘာမွမပူနဲ႔လို႔ ေျပာထားတာေၾကာင့္ သူလည္း ဝင္မပါျဖစ္။မနက္စာကို အခန္းထဲဘဲ ထည့္ခိုင္းလိုက္ၿပီး ျပတင္းေပါက္နားရပ္ကာ ဂိုဏ္းသားေတြ ေလ့က်င့္ေနတာကို သူ ေငးၾကည့္ေနမိ၏။သူတို႔ဂိုဏ္းအေနနဲ႔ ေနရာတစ္ခုကို ေရာက္ေနၿပီ ျဖစ္ေပမယ့္ တစ္ႏိုင္ငံလုံးအတိုင္းအတာထိ လႊမ္းမိုးႏိုင္မႈ မ႐ွိေသး။Foei ကေတာ့ တစ္ျခားတရားဝင္လုပ္ငန္းေတြမွာ ႐ွယ္ရာေတြ ထည့္ဖို႔နဲ႔ လက္နက္ကုန္သြယ္တာကို တိုးျမႇင့္ဖို႔၊ အဲ့အျပင္ လက္နက္စက္႐ုံတည္ၿပီး ထုတ္လုပ္ဖို႔ အၾကံဉာဏ္ေပး၏။ ဂိုဏ္းခ်ဳပ္နဲ႔ ဂိုဏ္းေခါင္းေဆာင္ေတြက ႀကိဳးစားတဲ့သူေတြ ျဖစ္တာေၾကာင့္ က်႐ႈံးသြားမွာကို စိတ္မပူ။သူအေနနဲ႔ White Dragons ဂိုဏ္း အၫြန္႔တလူလူနဲ႔ ထိပ္ဆုံးမွာ ရပ္ေနတာကိုဘဲ ျမင္ခ်င္တာ..White Dragons ဆိုတာနဲ႔ ၿပိဳင္ဘက္ကင္းတဲ့ ဂိုဏ္း၊ လူအမ်ား ႐ိုေသေလးစားရတဲ့ ဂိုဏ္း ျဖစ္ေစခ်င္တာ။အေတြးမ်ားေနရင္းက ျပတင္းေပါက္ကို ေမးေထာက္ကာ Mike ပ်ိဳးထားတဲ့ ပန္းျခံထဲ ၾကည့္မိေတာ့ Dew နဲ႔ Nani..။Nani က ခုံတန္းေပၚမွာ ထိုင္ေနၿပီး Dew က ငုံ႔ၿပီး စကားေျပာေနတဲ့ ပုံစံ။သူတို႔ႏွစ္ေယာက္ၾကည့္ရတာ တစ္ခုခုေတာ့ တစ္ခုခုဘဲ..။သာမန္ဘဲလား ကိုယ္ကဘဲ ထူးၿပီးျမင္ေနတာလား မေျပာတတ္။ ဒီႏွစ္ေယာက္ေတာ့ သူနဲ႔ စကားေျပာဖို႔ လိုေနၿပီ။

"ေခါင္းေဆာင္ႏွစ္​ေယာက္ကို ဂိုဏ္းခ်ဳပ္က အစည္းအေဝးခန္းထဲကို လာခဲ့ဖို႔ ေခၚခိုင္းလိုက္ပါတယ္..."

"ငါတို႔ႏွစ္ေယာက္ဘဲလား..."

"အဲ့ဒါေတာ့ မသိပါဘူး...ေခါင္းေဆာင္..."

Dew နဲ႔ Nani တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မိလိုက္ၾက၏။ဘာအေၾကာင္းအရာမ်ား ေဆြးေႏြးစရာ႐ွိေနပါလိမ့္...သူတို႔လည္း ဂိုဏ္းခ်ဳပ္နဲ႔ စကားမေျပာျဖစ္တာ ၾကာၿပီမွတ္လား...။

"အဲ့ဒါဆို သြားၾကရေအာင္..."

Dew နဲ႔ Nani အစည္းအေဝးခန္းထဲ ေရာက္ေတာ့ Win က ေရာက္ႏွင့္ေနၿပီ ျဖစ္၏။

"ေရာက္လာၿပီလား..."

"ထူးထူးဆန္းဆန္း ေခၚတယ္ဆိုလို႔..."

"အင္း စကားမေျပာရတာ ၾကာလို႔ကြာ..."

"ၾကာမွာေပါ့ မင္းက ဒုဂိုဏ္းခ်ဳပ္နားက ခြာမွ မခြာတာ..."

"မင္းတို႔ကလည္း..."

"ေျပာပါအုံး မင္းတို႔ႏွစ္ေယာက္ အေျခအေန..."

ဒီအခ်ိန္မွာေတာ့ ရာထူးေတြ ေဘးဖယ္ၿပီး ေပါ့ေပါ့ပါးပါးဘဲ ေျပာျဖစ္ခဲ့ၾက၏။Dew နဲ႔ Nani အေၾကာင္း ေမးခ်င္လို႔ ေခၚတာကို သူ႕အေၾကာင္းေတြ လာျပန္ေမးေနၾက၏။

"ဘယ္လိုထင္လဲ..."

"ဘယ္လိုထင္ရမလဲ တြဲေနၾကတာ မဟုတ္ဘူးလား..."

Dew နဲ႔ Nani ေမးသံက ၿပိဳင္တူ။ဒီႏွစ္ေယာက္ကေတာ့ေလ။

"တြဲေနၾကတာလို႔ ထင္ရင္ တြဲေနၾကတယ္ေပါ့..."

"မင္းဟာက ဘယ္လိုႀကီးတုန္း ႐ွင္း႐ွင္းလင္းလင္း ေျပာစမ္းပါ..."

"ဘာလဲ Bright က မဖြင့္ေျပာတာလား..."

"အဟင္း...အဓိက,က ငါဘဲ ေဟ့ေရာင္ေတြရ...ငါတို႔ႏွစ္ေယာက္လုံးက သန္မာတဲ့ ေယာက်္ားသားေတြႀကီးေလ..ငါ သူ႕ကို ေခါင္းစဥ္တစ္ခုနဲ႔ မထိန္းခ်ဳပ္ထားခ်င္ဘူး...ၿပီးေတာ့ ငါတို႔က ဘယ္ခ်ိန္ေသရမွန္း မသိတဲ့ေကာင္ေတြ...ေဘးနားမွာ ႐ွိတဲ့အခ်ိန္ေလးကို တန္ဖိုးထားၿပီး ေနသြားခ်င္တာ..."

"မင္းတကယ္ႀကီး ခ်စ္ေနတာဘဲ Win..."

"ဟုတ္တယ္...ခ်စ္ရင္ ခ်စ္တယ္ေပါ့ကြာ...ဘာမွ မ်ားမ်ားစားစား လိုက္ေတြးမေနစမ္းနဲ႔.. "

"ငါ လိုက္ေတြးေနတာ မဟုတ္ဘူး...တစ္ခ်ိန္က်ရင္ ႐ိုးသြားမွာ...ငါလည္း ႐ိုးခ်င္႐ိုးသြားမွာ...အဲ့ခ်ိန္က်မွဆို ေက်ာ္မေကာင္း ၾကားမေကာင္းေတြ ျဖစ္ကုန္မယ္..."

"အဲ့ေတာ့ မင္းက ဒီအတိုင္းဘဲသြားမယ္ေပါ့..."

"အင္း...ေလာေလာဆယ္အထိေတာ့ ဒီအတိုင္းဘဲ..."

ၾကားလိုက္ရတဲ့ စကားေတြက နားထဲ သံရည္ပူေလာင္းက်လိုက္သလို...႐ိုးသြားမယ္တဲ့လား ငယ္ရယ္...။အဲ့ဒါေၾကာင့္နဲ႔မ်ား သူတိူ႕ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ေ႐ွ႕ဆက္မတိုးခ်င္ခဲ့လား...။ဒီကေကာင္ရဲ႕ အခ်စ္ကို နည္းနည္းေလးေတာင္ မယုံအၾကည္မ႐ွိခဲ့တာလား....စိတ္အာ႐ုံေတြအားလုံးအျပင္ ကိုယ့္ႏွလုံးသားတစ္ခုလုံးကိုေတာင္ ေပးထားခဲ့တာ.. ကိုယ့္အျပဳအမူေတြက ငယ့္ကိုခ်စ္ေနတယ္ဆိုတာ လုံေလာက္ ေအာင္ မေဖာ္ၫႊန္းႏိုင္ခဲ့တာလား...ခ်စ္ေနတာကို မဖြင့္ေျပာခ်င္လို႔မ်ားလားဆိုၿပီး ဒီအတိုင္းလႊတ္ထားေပးခဲ့တာေလ...ဒါကိုေတာင္ ငယ့္ဆီက ထြက္လာတဲ့စကားက...ဆက္နားေထာင္မိရင္ ၿပိဳလဲေတာ့မွာမို႔ သူ လွည့္ကာေျပးထြက္ခဲ့မိ၏။ငယ့္ဆီက ေခၚသံသဲ့သဲ့နဲ႔အတူ ေျပးလိုက္လာမွန္း သိေပမယ့္ လွည့္မၾကည့္မိေတာ့...။

"ေတာင္းပန္တယ္ ငယ္..ငါ့ကိုငါ ျပန္မ႐ွာေတြ႕ႏိုင္တဲ့အခ်ိန္အထိ မင္းအနားက ထြက္သြားခြင့္ျပဳပါ..."

****
"အခုအခ်ိန္ထိ ႐ွာလို႔ မေတြ႕ေသးဘူးလား..."

"မေတြ႕ေသးပါဘူး ဂိုဏ္းခ်ဳပ္..."

"ေဂဟာ ကိုေရာ...သူ႕အိမ္ကိုေရာ..."

"႐ွာၿပီးပါၿပီ..."

"သြားထပ္႐ွာ ျပန္မေတြ႕မခ်င္း ျပန္မလာၾကနဲ႔..."

"ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္..."

ဂိုဏ္းသားေတြမွာလည္း ညႀကီးမိုးခ်ဳပ္ မိုး႐ြာေနတဲ့ ၾကားထဲက လိုက္႐ွာၾကရေတာ့၏။ဂိုဏ္းခ်ဳပ္က ေဒါသထြက္ေနတာမို႔ ေသနတ္စာမိႏိုင္တဲ့ အေျခအေန႐ွိတယ္ေလ...။

"စိတ္ထိန္းပါအုံး Win ရာ...ျပန္လာမွာပါ..."

"မင္း မသိဘူး Mike... ငါ့ကို ေတာ္ေတာ္ စိတ္တိုသြားေလာက္တယ္..."

အရင္က စိတ္ဆိုးတယ္ဆိုရင္ သူ႕ကို ေအးေအးေဆးေဆး ေျပာၿပီး ေျဖ႐ွင္းေနၾက။အခုက သူတို႔ေျပာေနတဲ့ စကားလုံးေတြကို ၾကားသြားလို႔သာ Vachirawit ဒီလိုထြက္သြားတာ...Nani နဲ႔ Dew ကလည္း အျပစ္တင္လို႔ မဆုံးေတာ့...။ဘာလို႔မ်ား ပြင့္ပြင့္လင္းလင္း မေမးၾကည့္ရတာလဲ...ဘာလို႔မ်ား လွည့္မၾကည့္စတမ္း ထြက္သြားရတာလဲ....ဒီလိုမ်ိဳး ထြက္သြားတာေတာင္ ပူေလာင္ေနတဲ့ ခံစားခ်က္က ေနလို႔ကိုမရ။ေဒါသေတြထြက္ၿပီး အကုန္လုံးကို ႀကိမ္းေမာင္းေနမိ၏။

"Win စိတ္ထိန္းအုံး...ၿပီးေတာ့ သူ႕ကို ခဏအခ်ိန္ေပးလိုက္ပါ..."

"မဟုတ္ဘူး Dew...ငါ​ေျပာခ်င္တဲ့ အဓိပၸါယ္က အဲ့လိုမဟုတ္ဘူးဆိုတာ သိတယ္မွတ္လား...တစ္သက္လုံး ငါ့အနားမွာဘဲ ေနရင္ ၿငီးေငြ႕သြားမွာ ေၾကာက္လို႔ ငါ သူ႕ကို မခ်ည္ေႏွာင္ခ်င္ခဲ့တာ..."

"ငါသိတယ္ ဒါေပမယ့္ သူသိဖို႔လည္း လိုတယ္..."

"ငါ့ကို ၿငီးေငြ႕သြားမွာ ေၾကာက္တယ္..Nani....ငါ့ကို သူထားခဲ့မွာ ေၾကာက္တယ္..တေန႔ေန႔မွာ ငါ့အေမလိုမ်ိဳး ငါ့ကို ခြဲသြားမွာ ေၾကာက္တယ္...."

မ်က္ႏွာကို လက္ဖဝါးျဖင့္အုပ္ကာ ပလုံးပေထြး ေရ႐ြတ္ေနမိတာ....ငိုမေနေပမယ့္ အျပဳအမူေတြ ၾကည့္႐ုံနဲ႔ ဘယ္ေလာက္ ေဆာက္တည္မရျဖစ္ေနလည္း သိသာေန၏။တစ္စက္ကေလးေတာင္ ၿငိမ္ၿငိမ္မေနႏိုင္ဘဲ ဂိုဏ္းသားတစ္ေယာက္ေယာက္က ႐ွာေတြ႕ၿပီလို႔ ေျပာလာမွာကို သူေမွ်ာ္လင့္ေနမိတာ...ေနာက္ဆုံး မေနႏိုင္ေတာ့အဆုံး မိုးေတြ သည္းႀကီးမဲႀကီး ႐ြာခ်ေနတဲ့ ၾကားကို သူ ေျပးထြက္လာမိေတာ့၏။

"Win..."

"ဂိုဏ္းခ်ဳပ္..."

႐ုတ္႐ုတ္သဲသဲ အသံေတြနဲ႔အတူ မိုးေတြခ်ိန္းၿပီး လွ်ပ္စီးေတြ လက္ေနတဲ့ ၾကားက ဂိုဏ္းခ်ဳပ္ေနာက္ကို ေျပးလိုက္ၾကေတာ့၏။ဦးတည္ရာမ႐ွိေျပးလႊားေနတဲ့ Win ကို ေခါင္းေဆာင္ေတြ ဖမ္းကာ ထိန္းခ်ဳပ္ရင္း ျပန္ေခၚလာခဲ့၏။ထြက္သြားတယ္လို႔ ေျပာကထဲက ႐ွာေပးေနၾကတာ သူတို႔လည္း မနားရေသးး။Top Tapက ေျခရာခံေပးေသာ္လည္း တည္ေနရာက ကားလမ္းမႀကီး ျဖစ္ေနၿပီး ႐ွာမေတြ႕။

"အခုနားလိုက္ပါေတာ့...မိုးေတြလည္း ဒီေလာက္႐ြာေနတာ..မနက္က် ငါတို႔ေတြ႕ေအာင္ ႐ွာေပးပါ့မယ္..."

အကုန္လုံးက ဝိုင္းေခ်ာ့ေမာ့ကာ ေဖ်ာင္းျဖရင္း ျပန္ေခၚလာခဲ့၏။

"ေရေတြသုတ္ၿပီး အဝတ္အစားလဲလိုက္အုံး Win..."

"သူျပန္လာမွာပါေနာ္ Gun Smile..."

"ျပန္လာမွာပါ...ငါတို႔ကို ဒီလိုမ်ိဳးေတာ့ မပစ္သြားေလာက္ဘူး Win...အဲ့ဒါေတာ့ ေသခ်ာသိတယ္..."

"အင္း..."

သက္ျပင္း႐ွည္ႀကီးခ်ၿပီး ၿငိမ္က်သြား၏။ခ်စ္ရင္ ခ်စ္တယ္ဆိုၿပီး မ်က္ႏွာခ်င္းဆိုင္မ်ား ႐ွင္းၾကပါေတာ့လား..ဂိုဏ္းခ်ဳပ္ေတြ ျဖစ္ေနၿပီး ဒီေလာက္ေတာင္ သတၱိနည္းၾကသလား.. သူငယ္ခ်င္းျဖစ္တဲ့ Bright ကေရာ တေလာကလုံးမွာ သူအေတာ္ဆုံးဆိုၿပီး ေႂကြးေၾကာ္လာၿပီး ဒါေလးေျပာတာကို ထြက္သြားရတယ္လို႔...အမွန္ဆို ေျဖ႐ွင္းဖို႔ နည္းလမ္းေတြ တစ္ပုံႀကီး..ေ႐ွာင္ေျပးေနလို႔ အေျဖေပၚလာမလား... အၿမဲတမ္း ျပႆနာကို ဆရာက်က် ေျဖ႐ွင္းတတ္တဲ့ Bright က အခုမွ ဘယ္လို ျဖစ္ရသလဲ...သူ႕သူငယ္ခ်င္းကို ဘယ္အရာက တြန္႔ဆုတ္ေနေစသလဲ...။

အကုန္လုံးက သူ႕ကို ႏႈတ္ဆက္ၿပီး ထြက္သြားေတာ့ Win မွာလည္း ငူငူငိုင္ငိုင္နဲ႔ ထိုင္ေနမိ၏။ေနရာတကာမွာ ဒီလူသားရဲ႕ အေငြ႕အသက္ေတြ အျပည့္နဲ႔ေလ...မနက္ခင္း မိုးလင္းလို႔ မ်က္ႏွာသစ္ၿပီး မနက္စာ စားတာက အစ ညအိပ္ယာဝင္တဲ့ အခ်ိန္အထိ ဒီလူသားနဲ႔ လြတ္ကင္းတဲ့ အရာဆိုတာမ႐ွိ။

"အင့္..ဟင့္..."

မငိုပါဘူး...သူမ်ားေတြေ႐ွ႕မွာ မ်က္ရည္မက်ဘူးဆိုတဲ့ သူက သူ႕အေၾကာင္း နည္းနည္းေလး စဥ္းစားလိုက္မိ႐ုံနဲ႔ အသံထြက္ကာ ငို႐ိႈက္မိတဲ့အထိ။Win Metawin တို႔ ဘယ္တုန္းက ေပ်ာ့ညံ့ေနခဲ့တာလည္း...။မ႐ွိေတာ့မွ တမ္းတတာ မဟုတ္ေပမယ့္ Vachirawit ကို နည္းနည္းေလးမွေတာင္ မခြဲႏိုင္ေတာ့.. မသိလိုက္တဲ့ အခ်ိန္အေတာအတြင္းမွာဘဲ Vachirawit အေပၚ  စိတ္ေရာကိုယ္ပါ က်႐ႈံးေနၿပီမွန္း သိလိုက္ရ၏။ျပန္လာခဲ့ပါ.. ေက်နပ္ေအာင္ ေတာင္းပန္မွာမို႔...ျပန္လာခဲ့ပါ မင္းဘက္က မဖြင့္ေျပာရင္ေတာင္ ငါ့ဘက္က ဖြင့္ေျပာမွာမို႔...ျပန္လာခဲ့ပါ မင္းကို ခ်စ္တဲ့အေၾကာင္း တေလာကလုံး သိေအာင္ ဖြင့္ေျပာမွာမို႔....။ေျပာမိတဲ့စကားတစ္ခြန္းေၾကာင့္ ေနာင္တႀကီးစြာရၿပီး မ်က္ရည္ေတြ ျမစ္လိုစီးဆင္းေနတဲ့ ေကာင္ေလးကိုေတာ့ နံရံေတြက ကူကာ ငို႐ိႈက္ေပးၿပီး ေခါင္းအုံးေလးက အေဖာ္ျပဳေပးေနခဲ့၏။

****

"ဘာသတင္းၾကားလဲ Nani...."

မိုးလင္းလာတာနဲ႔ အရင္ဆုံး ေျပးထြက္ကာ ေမးမိ၏။Nani က သူ႕ပုံစံကို ၾကည့္ၿပီး သက္ျပင္းခ်ကာ ထလာရင္း...

"နည္းနည္းပါးပါး ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္စမ္းပါအုံး...မင္း ဒီလိုျဖစ္ေနတဲ့ ပုံစံကို Bright က ျမင္ခ်င္မယ္ ထင္လား...."

"ငါ...ငါ.."

တစ္ညထဲနဲ႔ကို မ်က္ႏွာေလး ေခ်ာင္က်သြားၿပီး ဖ႐ိုဖရဲနဲ႔..။

"ညက မအိပ္ဘူး မွတ္လား.."

"အိပ္တယ္...ဒါေပမယ့္ အိပ္မေပ်ာ္ဘူး..."

"စိတ္ေအးေအးထား ငါတို႔ လိုက္႐ွာေပးမယ္..."

"ရင္ပူေနရတဲ့ ခံစားခ်က္ကို မင္းတို႔မွ မသိတာ...စိတ္ေအးေအးထားဖို႔ မင္းတို႔ ေျပာႏိုင္တာေပါ့...မေန႔က တစ္ညလုံး႐ွာတာေတာင္ အရိပ္အေယာင္ေတာင္ ေတြ႕ရလို႔လား..."

"သြား..သြား႐ွာၾက...တကယ္လို႔ ဂိုဏ္းတစ္ခုခုက ဖမ္းေခၚသြားတာဆို အကုန္လုံး ေျမလွန္ပစ္လိုက္...သြား႐ွာၾက..."

Nani တို႔ကို ေအာ္ေျပာ...ဂိုဏ္းသားေတြကို အမိန္႔ေပးနဲ႔ ဂိုဏ္းခ်ဳပ္က တကယ့္ကို အ႐ုပ္က်ိဳးပ်က္...ဂိုဏ္းသားေတြမွာလည္း အေအာ္ခံအေငါက္ခံေနရတာေတာင္ မၿငိဳျငင္ၾက..သူတို႔ ဂိုဏ္းခ်ဳပ္ရဲ႕ စိတ္အေျခအေနကို နားလည္ေပးႏိုင္ၾကတာမို႔..။ခဏေနေတာ့ ဂိုဏ္းခ်ဳပ္ကိုယ္တိုင္ ဆိုင္ကယ္တစ္စီးနဲ႔ ၿမိဳ႕အႏွံ႔ပတ္႐ွာျပန္၏။ဒုဂိုဏ္းခ်ဳပ္ ေပ်ာက္ေနတယ္ဆိုတဲ့ သတင္းကလည္း ပ်ံံ႕ႏွံ႔လို႔ မရတာမို႔ တစ္ျခားဂိုဏ္းေတြကိုလည္း ေမးဖို႔ မလြယ္ကူ..တကယ္လို႔ ျပန္ေပးဆြဲခံရတယ္ဆိုရင္ အခုေလာက္ဆို သိရေလာက္ၿပီ...ျပန္ေပးဆြဲခံရတာမဟုတ္ဘဲ တမင္သက္သက္ကို ေျခရာေဖ်ာက္သြားတာမို႔...။မေတြ႕ေစခ်င္တဲ့ လူက မေတြ႕ေအာင္ ပုန္းေနေပမယ့္ ေတြ႕ခ်င္တဲ့ သူကေတာ့ ေနာင္တေတြနဲ႔ လိုက္႐ွာေနမိတာ..။ဘယ္ေတြကိုမ်ား ထြက္သြားလိုက္လဲ ကိုရယ္..ငယ္ လြမ္းေနၿပီမို႔..ငယ္ ေနာင္တရေနၿပီမို႔...ငယ့္မွာ ကို မ႐ွိရင္ မျဖစ္ေတာ့တာမို႔ ငယ့္ဆီ ျပန္လာေပးပါ ခဏေလးျဖစ္ျဖစ္ ျမင္ရရင္ ေက်နပ္ၿပီမို႔...။

*ဟဲဟဲ ေစာင့္ဖတ္ရတဲ့သူေတြ စိတ္မ႐ွည္ေလာက္ေတာ့ဘူး..ေပးခ်င္တဲ့ message က အခ်စ္ေရးမွာ ပြင့္လင္းၾကပါလို႔ *

16.5.2022
Mirella

Continue Reading

You'll Also Like

54.2K 5.1K 29
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
29.1K 947 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...
25.8K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
228K 7.4K 59
🥰ချစ်တဲ့လွန်းတဲ့သူရယ်