"အမေ! ဆာရန်းရော"
အရေးပေါ်ခန်း၏ရှေ့တွင်မျက်စိပျက်မျက်နှာပျက်ဖြင့်လက်နှစ်ဖက်ကိုပွတ်ချေရင်းခေါက်တုံ့ခေါက်ပြန်လမ်းတွေလျှောက်နေတဲ့အမေကသူရောက်လာတာမြင်တော့အားကိုးတကြီးပြေးလာပြီးသူ့လက်ကိုတုန်တုန်ယင်ယင်ဖြင့်ဆုပ်ကိုင်လာသည်။ အလောတကြီးပြေးလာရလို့ကတစ်ကြောင်း၊ စိုးရိမ်စိတ်လွန်ကဲနေတာကတစ်ကြောင်းတို့ကြောင့်စိတ်ရော၊လူပါမောဟိုက်နေတဲ့သူကအမေ့ရဲ့လက်ကိုပြန်ဆုပ်ကိုင်ရင်းပြိုလဲမသွားအောင်ထိန်း၍ အမေပြန်ဖြေမယ့်အဖြေစကားကိုစောင့်မျှော်နေသည်။
"ဆော့ဂျင်.. ဆာရန်းကလေ..."
"ကင်ဆာရန်းရဲ့အုပ်ထိန်းသူရှိလား"
အမေ့ရဲ့စကားမဆုံးခင်မှာဘဲအရေးပေါ်ခန်းထဲကထွက်လာတဲ့သူနာပြုဆရာမရဲ့အသံကြောင့်စကားစပြတ်သွားသည်။
"ဒီမှာပါ.. ကျွန်တော်က ကင်ဆာရန်းရဲ့အဖေပါ"
"ကလေးကမွေးရာပါ anemia ရောဂါသည်နော်"
"ဟုတ်ပါတယ်"
ဟုတ်ပါရဲ့.. ဆာရန်းလေးသွေးသွင်းဖို့ဆေးရုံမှာရက်ချိန်းယူထားတဲ့ရက်နီးနေပြီပဲ။ ဒီရက်ပိုင်းတခြားကိစ္စကြောင့်သူ့အာရုံတွေထွေပြားနေတာနဲ့ပဲဆာရန်းရဲ့ကျန်းမာရေးကိုသေချာဂရုစိုက်ပေးဖို့မေ့နေသည်။ ပေါ့ဆမိတဲ့သူ့အပြစ်သူပြန်တွေးပြီးဒေါသဖြစ်ရလွန်းလို့တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ချင်စိတ်တောင်ဖြစ်မိသည်။ သူဟာတော်တော်တာဝန်မဲ့တဲ့အဖေတစ်ယောက်ပါလား..
"ကလေးကရုတ်တရက် RBCs ထိုးကျသွားလို့ အရေးပေါ်သွေးသွင်းဖို့လိုနေတယ်။ကလေးရဲ့သွေးအမျိုးအစားက AB Rh (-) ဆိုတော့အရမ်းရှားတဲ့သွေးအမျိုးအစားဖြစ်နေတယ်။ လောလောဆယ်သူနဲ့ကိုက်ညီမယ့်သွေးအမျိုးအစားဒီဆေးရုံမှာမရှိဘူး။ ဒီက.. ကလေးရဲ့အဖေနဲ့သွေးအမျိုးအစားတူလား"
"ဟို..."
ဆော့ဂျင်ဘာပြန်ပြောရမှန်းမသိတော့ဘဲစကားလုံးတွေပျောက်ရှကုန်၏။ အမေကတော့မျက်နှာပျက်သွားတဲ့သူ့ကိုအကဲခတ်သလိုလိုက်ကြည့်နေသည်။
"ကလေးရဲ့သွေးအမျိုးအစားကအရမ်းရှားတဲ့သွေးအမျိုးအစားမို့အရေးပေါ်သုံးရအောင်သူ့ကိုမွေးတုန်းကဆေးရုံမှာ cord blood သိမ်းထားတာရှိတယ်"
"ဪ.. အဲ့ဒါဆိုရင်တော့အဆင်ပြေသွားတာပေါ့"
"ဟုတ်..အခုကလေးရဲ့အခြေအနေဘယ်လိုရှိလဲဆရာမ"
"သွေးသွင်းလိုက်ရင်သက်သာသွားမှာပါ။ နောက်ဆိုရင်တော့အခုလိုရုတ်တရက်မူးလဲသွားတဲ့အဖြစ်မျိုးမဖြစ်ရအောင်ဆေးကိုအချိန်မှန်တိုက်..သွေးအားကောင်းမယ့်အစားအစာတွေဂရုတစိုက်သေချာကျွေးပေါ့ရှင်"
"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဆေးရုံအဝတ်အစားလေးနဲ့အရေးပေါ်အခန်းရဲ့လူနာကုတင်ပေါ်မှာလဲလျောင်းနေတဲ့ဆာရန်းကိုမြင်တော့ရင်ထဲမှာမချိမဆန့်ခံစားရသည်။ ကိုယ့်ကိုယ်လည်းအပြစ်တင်မိလို့မဆုံးပါ။ယူဂျောင်းကိုကတိပေးထားခဲ့တဲ့အတိုင်းအဖေတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်တဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါ့မလား.. ကိုယ့်ကိုယ်ကိုမရေမရာမေးခွန်းပြန်ထုတ်မိသည်။
"ဆာရန်း.. Appa မှားသွားပါတယ်။ Appa ကိုခွင့်လွှတ်ပါ"
သွေးသွင်းပြီးအိပ်မောကျနေတဲ့ဆာရန်းလေးရဲ့ခေါင်းလေးကိုဖွဖွလေးပွတ်ရင်းနှုတ်မှလည်းတောင်းပန်စကားကိုအကြိမ်ကြိမ်ရေရွတ်နေမိသည်။ သွေးသွင်းထားလို့အားပြန်ပြည့်ပုံရလာတဲ့ဆာရန်းလေးရဲ့မျက်နှာလေးကပြန်လန်းလာပြီးနှုတ်ခမ်းလေးတွေမှာသွေးရောင်ပြန်လွှမ်းလာတာကိုမြင်ရတော့အနည်းငယ်စိတ်သက်သာယာရသွားပေမယ့်ကိုယ့်ကိုယ်ကိုအပြစ်တင်မိတဲ့စိတ်ကတော့ပျောက်ကွယ်မသွားသေးပါ။
"ဆော့ဂျင်.. အမေနဲ့စကားခဏလောက်ပြောလို့ရမလား"
"ဗျာ? ဟုတ်ကဲ့"
ဆာရန်းလေးရဲ့မျက်နှာကိုတစ်ချက်ကြည့်ကာစောင်ကို ရင်ဘတ်ပေါ်အထိသေချာခြုံပေးပြီးတော့မှအမေနဲ့အတူအခန်းပြင်သို့ထွက်လာခဲ့သည်။
"အမေ.. ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ"
အမေကသူ့အမေးကိုမတုံ့ပြန်သေးဘဲသူ့မျက်နှာကိုတွေဝေစွာငေးကြည့်နေသည်။ ထို့နောက်တစ်ခုခုပြောဖို့ချီတုံချတုံဖြစ်နေဟန်ဖြင့်အကြည့်တို့ကိုလွှဲသွားသည်။ ဘယ်လိုစကားမျိုးကိုပြောမှာမို့ဒီလောက်တောင်တွန့်ဆုတ်နေတာပါလိမ့်။
"အမေ.. တောင်းပန်ပါတယ်။ အားလုံးကကျွန်တော့်အမှားပါ။ ဆာရန်းကိုသေချာဂရုစိုက်ရမယ့်ဟာကို.. ပေါ့ဆခဲ့မိလို့အခုလို..."
"ဆာရန်းက... သားရဲ့သမီးအရင်းမဟုတ်ဘူးမှတ်လား"
"ဗျာ"
သူ့မျက်လုံးတွေပြူးကျယ်သွားရသည်။ ရုတ်တရက်ဘာစကားမှပြန်မပြောနိုင်လောက်အောင်လည်ချောင်းထဲတွင်ဆို့နင့်ကာအာခေါင်တွေခြောက်ကုန်၏။ မျက်ရည်တွေဖြင့်ရစ်သိုင်းနေတဲ့အမေ့ရဲ့မျက်လုံးတွေကိုရင်မဆိုင်ရဲစွာမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်၏။
"အ.. အမေ.. ဘာတွေလာမေးနေတာလဲ။ ဆာရန်းကသေချာပေါက်ကျွန်တော့်ရဲ့သမီးပေါ့"
"အမေ့ကိုလိမ်မနေပါနဲ့တော့.. ဆော့ဂျင်ရယ်"
"မလိမ်ပါဘူး.. ဆာရန်းက..."
"အမေရိပ်မိနေတာကြာပါပြီ။ ဒီနေ့မှပိုပြီးသေချာသွားတာပါ။ တကယ်တော့.. မင်းကိုမေးမယ်မေးမယ်နဲ့မမေးဖြစ်ခဲ့တာပါ။ ပါးစပ်ကဖွင့်ဟမေးကြည့်ဖို့ကြောက်နေမိတာလည်းပါတာပေါ့။ ဦးနှောက်ကအဖြစ်မှန်ကိုသိနေခဲ့ပေမယ့်စိတ်ထဲမှာတော့ဒါဟာအဖြစ်မှန်မဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိတုန်းပဲ။ အမေ..အရမ်းအတ္တကြီးခဲ့တယ်နော်.. အမေသာစောစောစီးစီးထုတ်မေးခဲ့ရင်ငါ့သားလေးအခုလိုပင်ပန်းနေရမှာမဟုတ်တော့ဘူး"
ဆော့ဂျင်မျက်လုံးတွေပြာဝေသွားပြီးလူကမိုက်ခနဲမူးနောက်သွားကာအမေ့ရှေ့တွင်ဒူးထောက်လျှက်ပြိုလဲသွားသည်။
"အခု.. အမေကကျွန်တော့်ကိုနှင်ထုတ်တော့မှာလား"
"ဟင်"
"ဆာရန်းရဲ့အဖေအရင်းမဟုတ်လို့ကျွန်တော့်ကိုနှင်ထုတ်တော့မှာလား"
"ဆော့ဂျင်.."
"ကျေးဇူးပြုပြီးကျွန်တော့်ကိုနှင်မထုတ်လိုက်ပါနဲ့.. အမေရယ်။ ကျွန်တော့်မှာမိသားစုဆိုလို့အမေနဲ့ဆာရန်းရယ်ကလွဲပြီးမရှိလို့ပါ။ ကျေးဇူးပြုပြီးကျွန်တော့်ကိုနှင်မထုတ်ပါနဲ့.. မနှင်ပါနဲ့နော်"
အမေ့ရဲ့ခြေထောက်ကိုတင်းနေအောင်ဖက်ပြီးရှိုက်သံရောနေသည့်တုန်ယင်သောအသံဖြင့်တောင်းပန်နေမိသည်။ သူ့ကိုလူ့လောကထဲကိုခေါ်ဆောင်ပေးခဲ့တဲ့အမေအရင်းရဲ့မျက်နှာကိုမြင်ခွင့်မရခဲ့တဲ့သူ၊လူမှန်းသိတတ်စကတည်းကတစ်ယောက်တည်းအထီးကျန်စွာကြီးပျင်းခဲ့ရတဲ့သူက.. ယူဂျောင်းနဲ့ဆုံပြီးအမေတို့အိမ်ကိုရောက်မှမိဘမေတ္တာဆိုတာကိုခံစားဖူးတာလေ.. အခုသူ့ကိုသားအရင်းတစ်ယောက်လိုမေတ္တာထားပြီးချစ်ပေးတဲ့အမေ့ကိုပါထပ်ပြီးဆုံးရှုံးရတော့မှာလား...
"ဘာလို့နှင်ထုတ်ရမှာလဲ.. သားလေးရယ်။ ဆာရန်းရဲ့အဖေအရင်းဟုတ်ဟုတ်,မဟုတ်ဟုတ်.. သားကအမေ့ရဲ့သားလေးပါပဲ။ သွေးမတော်သားမစပ်တဲ့အမေတို့ရဲ့ဝန်တွေကိုတစ်ယောက်တည်းပင်ပင်ပန်းပန်းထမ်းနေရတဲ့အမေ့သားလေးကိုသနားလွန်းလို့.. ဘယ်လိုလုပ်ရမလဲ"
အမေကသူ့ရှေ့တွင်သူနဲ့အတူဒူးထောက်ထိုင်လိုက်ပြီးသူ့မျက်နှာနှစ်ဖက်ကိုပင့်ကိုင်ကာတာကျိုးသလိုပြိုဆင်းလာတဲ့မျက်ရည်တို့ကိုနူးညံ့စွာသုတ်ပေးရင်းပြောလာသည်။
ထိုစဥ်.. အခန်းတံခါးကလှုပ်ရှားသွားပြီးအရိပ်သေးသေးကလေးတစ်ခုဖျတ်ခနဲပြေးသွားသည်ကိုသူရောအမေပါသတိထားမိလိုက်သည်။
"ဆာ..ဆာရန်း?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဆေးရုံရှေ့မှာပါကင်ထိုးထားတာကြာပြီဆိုပေမယ့်အခုထိဆေးရုံထဲကိုလိုက်မဝင်ဖြစ်သေးပေ။ မဝင်ရဲလို့တော့မဟုတ်.. နေရာတကာလိုက်ပါနေရင် hyung ငြိုငြင်သွားမှာစိုးလို့ပါ။ hyung မှာလည်းသူ့ကိုယ်ရေးကိုယ်တာကိစ္စဆိုတာရှိနိုင်တာပဲလေ။ဒီလောက်တော့နားလည်ပေးရမှာပေါ့။ မပိုင်သေးဘဲနေရာတကာလိုက်စိုးမိုးနေလို့ဘယ်ဖြစ်ပါ့လဲ။ ပြီးတော့ hyung ကိုယ်တိုင်နေမကောင်းဖြစ်လို့ဆေးရုံလာပြတာမှမဟုတ်ဘဲ.. ဘာပူပန်နေစရာလိုလို့လဲ..
"Hyung ရဲ့အမေများနေမကောင်းလို့များလား"
အဲ့ဒါဆိုရင်တော့လူနာသတင်းမေးဖို့သူ့မှာတာဝန်ရှိသွားပြီ။ သူ hyung တို့အပေါ်ထပ်မှာနေခဲ့စဥ်ကနေ့တိုင်းမမေ့မလျော့ထမင်းကိုဂရုတစိုက်ခေါ်ကျွေးဖူးတဲ့ကျေးဇူးတွေလည်းရှိခဲ့တယ်မဟုတ်လား။ အဲ့ဒါကြောင့်.. လူနာသတင်းမေးရန်အလို့ငှာကားပေါ်ကဆင်းလိုက်ပြီးဆေးရုံထဲလိုက်ဝင်မလို့ခြေလှမ်းပြင်နေတုန်းဆေးရုံ၏အရှေ့လမ်းမှတစ်ဖက်လမ်းသို့ကူးသွားသည့် ရင်းနှီးတဲ့ပုံရိပ်လေးကြောင့်သူ့ရဲ့ခြေလှမ်းတွေရဲ့ဦးတည်ချက်ကိုပြောင်းလိုက်သည်။
"ကလေးမလေး"
ဆာရန်းကဆတ်ခနဲမော့ကြည့်သည်။ ဒါပေမယ့်ဘာစကားဘဲမှပြန်မပြောဘဲခပ်တည်တည်ဖြင့်ရှေ့ဆက်လျှောက်သွားတော့သူကအနောက်မှအမှီလိုက်ရသည်။
"ဒီအချိန်ကြီးတစ်ယောက်တည်းဘယ်သွားမလို့လဲ။ ပြီးတော့.. ဒီ.. ဆေးရုံအဝတ်အစားတွေက..."
သူကဆာရန်းရဲ့အဝတ်အစားတွေကိုလက်ညှိုးထိုးပြီးမေးတော့ဆာရန်းကမျက်မှောင်ကုတ်သည်။
"ဆေးရုံအဝတ်အစားတွေဝတ်ထားမှတော့နေမကောင်းလို့ပေါ့.. ဦးလေးရဲ့။ ဒါတောင်မသိဘူးလား"
ဪ.. လက်စသတ်တော့ hyung အလောတကြီးဆေးရုံကိုပြေးလာရတာသူ့အမေကြောင့်မဟုတ်ဘဲဆာရန်းကြောင့်ကိုး။ ဒါပေမယ့်.. နေမကောင်းတဲ့လူကဘာဖြစ်လို့...
"အဲ့ဒါတော့သိတာပေါ့.. ဘယ်လိုဖြစ်ပြီးဒီအဝတ်အစားကြီးနဲ့အပြင်ထွက်လာတာလဲလို့မေးတာ။ ပြီးတော့..ဘာလို့တစ်ယောက်တည်းလဲ.. Appa ရော"
ဆာရန်းကသူ့အမေးကိုပြန်မဖြေဘဲရှေ့ဆက်သွားသည်။ သူလည်းအနောက်ကလိုက်ရပြန်သည်။ ဆေးရုံနဲ့မလှမ်းမကန်းရှိ convenient store ရှေ့ရောက်သောအခါဆာရန်းကရပ်လိုက်ပြီးသူ့ဘက်သို့လှည့်ကာ..
"ဦးလေးမှာပိုက်ဆံပါလား"
"ပိုက်ဆံ? ပါတာပေါ့.. ဘာလို့မေးတာလဲ"
"ဆာရန်းကိုချောကလက်ဝယ်ကျွေးလို့ရမလား"
"ချောကလက်?"
"ရုတ်တရက်အချိုစားချင်လာလို့"
"စားလို့ရောရလို့လား..နေမကောင်းဘူးဆို။တော်ကြာ.."
"စားလို့ရပါတယ်။ ချောကလက်လေးတခါလောက်စားရုံနဲ့တော့ချောင်းလည်းမဆိုးနိုင်ပါဘူး"
"ကောင်းပြီလေ.. ဒီမှာခဏစောင့်။ သွားဝယ်ပေးမယ်"
သူဆိုင်ထဲဝင်၍ချောကလက်ဝယ်ပြီးပြန်လာတော့ဆာရန်းကဆိုင်ရှေ့မှာခင်းထားတဲ့ထိုင်ခုံပေါ်တွင်ခေါင်းလေးငုံ့ကာငြိမ်ငြိမ်လေးထိုင်နေသည်။
"ရော့.. ဒီမှာ.. ချောကလက်"
ဆာရန်းကသူစားပွဲပေါ်လှမ်းတင်ပေးတဲ့ချောကလက်ကိုမျက်လုံးလေးတစ်ချက်စွေကြည့်ပြီးခေါင်းပြန်ငုံ့သွားပြီးမြေကြီးနှင့်လွတ်နေတဲ့ခြေထောက်သေးသေးလေးကိုပဲတွေတွေလေးငေးနေသည်။
"စားလေ.. ချောကလက်စားချင်တယ်ဆို။ ဘာလို့လဲ.. ဖောက်ပေးရမလား"
"ဦးလေး"
"ဟင်"
ဆာရန်းကတစ်စုံတစ်ရာကိုဇဝေဇဝါစဥ်းစားဟန်ခေတ္တငြိမ်သက်သွားပြီးသက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဦးလေးမှာ Appa ရှိလား"
စကားစပြောသောအခါတွင်မူမျက်နှာလေးကညှိုးငယ်နေပြီးငိုချတော့မယ်ပုံပေါ်နေပေမယ့်အသံလေးကတော့လေးလေးအေးအေးနှင့်တည်ငြိမ်လျက်ရှိသည်။
"Appa? ရှိတာပေါ့"
"ကောင်းလိုက်တာ။ဆာရန်းမှာတော့မရှိဘူးတဲ့.. Appa က.. ဆာရန်းရဲ့ Appa မဟုတ်ဘူးတဲ့"
"ဟင်?"
ကြားလိုက်ရတဲ့စကားကြောင့်ကိုယ့်နားကိုယ်ပင်မယုံမိ။ ဒီစကားကတခြားတစ်စုံတစ်ယောက်ဆီကမဟုတ်ဘဲဆာရန်းကိုယ်တိုင်ပြောလာတဲ့စကားမို့ပိုလို့တောင်အံ့ဩမင်သက်မိသေးသည်။ ဆာရန်းက hyung ရဲ့သမီးအရင်းမဟုတ်ဘူးတဲ့လား... ဘာတွေဘယ်လိုဖြစ်ခဲ့တာပါလိမ့်။
ဘာပဲဖြစ်ဖြစ်.. အရွယ်လေးငယ်သလောက်စိတ်ဓါတ်မာကျောပြီးငိုချင်နေတာတောင်ထိန်းထားပြီးဘာမှမဖြစ်သလိုဟန်ဆောင်ထားရှာတဲ့ဆာရန်းလေးကိုသနားစိတ်ဝင်မိတာတော့အမှန်ပင်။ ကိုယ့်အဖေအရင်းလို့ထင်မှတ်ထားခဲ့တဲ့သူက.. နေ့ချင်းညချင်းအဖေအရင်းမဟုတ်ဘူးဆိုတဲ့အဖြစ်မှန်ကိုသိခွင့်ရလိုက်တဲ့ဆာရန်းလေးရဲ့ရင်ထဲမှာဘယ်လောက်တောင်ခံစားနေရမလဲဆိုတာသူ.. ကိုယ်ချင်းစာကြည့်လို့ရပါသည်။
"အဲ့ဒီ့တော့.. ဘာတွေပြောင်းလဲသွားလဲ။ Appa ကဆာရန်းရဲ့အဖေအရင်းမဟုတ်လို့လက်မခံနိုင်တော့ဘူးလား။ အရင်လိုမချစ်နိုင်တော့ဘူးလား.. အဲ့လိုလား"
"အဲ့လိုမဟုတ်ပါဘူး"
"ဆာရန်းရဲ့Appaကဆာရန်းကိုသမီးအရင်းမဟုတ်မှန်းသိသိကြီးနဲ့သမီးအရင်းလေးတစ်ယောက်လိုချစ်ပေးပြီးဒီအရွယ်ထိပြုစုပျိုးထောင်ပေးခဲ့တာပဲ။ ဆာရန်းအပေါ်မှာထားတဲ့ Appaရဲ့မေတ္တာကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ တစ်ချို့တွေကမိဘအရင်းမဟုတ်ပေမယ့်မိဘအရင်းထက်ပိုတဲ့မေတ္တာတွေကိုပေးနိုင်ပါတယ်။ အဖေရောအမေရောအနားမှာငုတ်တုတ်ကြီးရှိပါလျက်နဲ့မိဘမေတ္တာဆိုတာဘာမှန်းမသိတဲ့လူမျိုးလည်းဒီလောကကြီးမှာရှိပါသေးတယ်"
"ရှိတယ်?.. တကယ်?"
"ဒါပေါ့"
"ဘယ်သူလဲ"
"ဒီမှာလေ"
"ဦးလေးက?"
"အမေကတော့တစ်ဦးတည်းသောသားလေးမို့လို့ချစ်တယ်လို့ပြောတာပဲ။ ဒါပေမယ့်.. အဲ့ဒါကစိတ်ရင်းအမှန်လား ဒါမှမဟုတ်.. တစ်စုံတစ်ယောက်ကိုအနိုင်ရချင်လို့သက်သက်အသုံးချနေတာလားဆိုတာကတော့အမေကိုယ်တိုင်ပဲသိမှာပေါ့။ အဖေ.. အဖေကတော့... အင်း.. အဖေ့ဆီကအဖေ့မေတ္တာကိုရဖို့နေနေသာသာလူချင်းတောင်မဆုံဖြစ်တာဘယ်နှစ်နှစ်ကြာသွားမှန်းတောင်မသိတော့ပါဘူး"
ဆာရန်းကသူ့မျက်နှာကိုငေးစိုက်ကြည့်ရင်းသူပြောသမျှကိုငြိမ်ငြိမ်လေးနားစိုက်ထောင်နေသည်။
"အဲ့ဒါကြောင့်.. မိဘအရင်းတွေရှိရဲ့သားနဲ့မိဘမေတ္တာကိုမရတဲ့လူတွေထက်စာရင်.. မိဘအရင်းမဟုတ်ပေမယ့်မိဘအရင်းထက်ပိုတဲ့မေတ္တာကိုပိုင်ဆိုင်ထားတဲ့ဆာရန်းကအများကြီးပိုသာတာပေါ့.. မဟုတ်ဘူးလား"
ဆာရန်းကခေါင်းလေးကိုအသာအယာညိတ်ပြသည်။မျက်လုံးလေးတွေထဲမှာဝမ်းနည်းသည့်အရိပ်အယောင်တွေကိုမြင်တွေ့နေရပေမယ့်နှုတ်ခမ်းလေးတွေကတော့ယောင်ယောင်လေးပြုံးနေသည်။
"ဒီလိုကျတော့လည်းဦးလေးကဘယ်ဆိုးလို့လဲ"
"ရား.. ငါကနဂိုကတည်းကမဆိုးပါဘူး။ အရမ်းအဆင်ပြေတဲ့လူပါ"
"မဆိုးပါဘူးဆိုတာကိုတော့.. ထောက်ခံပေမယ့်အရမ်းအဆင်ပြေတဲ့လူဆိုတာတော့မဟုတ်ဘူးထင်တယ်"
"Aish! ဒီပိစိလေးကတော့"
ဆာရန်းကမျက်လုံးပေါက်လေးတွေပျောက်သွားသည်အထိတခစ်ခစ်ရယ်သည်။
"ဦးလေးကိုသိပ်သဘောမကျလှပေမယ့်လက်ခံပေးလို့တော့ရပါတယ်။ အနည်းဆုံးတော့.. ဦးလေးနဲ့ဆာရန်းမှာတူတဲ့အချက်တစ်ခုတော့ရှိတာပဲ"
"ဘာလဲ"
"နှစ်ယောက်လုံး Appa ကိုချစ်ကြတယ်လေ"
"တကယ်ပါပဲ.. ဒီပိစိလေးကတော့မသိတာဘာမှမရှိဘူး။စကားကြီးစကားကျယ်တွေကလည်းသိပ်တတ်"
"အဲ့ဒီ့တော့.. Appa ကိုရောဖွင့်ပြောပြီးပြီလား"
"ဟင့်အင်း.. ပြောဖို့အခွင့်အရေးမရသေးတာနဲ့.."
"အခွင့်အရေးကိုစောင့်တယ်ဆိုတာလူညံ့တွေရဲ့အလုပ်.. ဦးလေးရဲ့။ တကယ့်လူတော်တွေဆိုအခွင့်အရေးကိုစောင့်မနေဘူး။ ကိုယ်တိုင်ပဲဖန်တီးတာ"
"Omo.. အရွယ်နဲ့ပြောတဲ့စကားကမလိုက်ဖက်လိုက်တာ။ ဒီစကားတွေကိုဘယ်ကသင်ထားတာလဲ"
"စာများများဖတ်လို့ပေါ့.. ဦးလေးရဲ့။ ရှင်းနေတာပဲဟာ.. အပိုလုပ်ပြီးမေးနေသေးတယ်"
တော်ပါပြီ.. ဒီပိစိလေးနဲ့ပြိုင်ပြီးပြောမနေတော့ပါဘူး။ သူပဲရှုံးမှာသိသာနေတာပဲဟာ။ ဒီပိစိလေးကိုမြင်တော့သူ့အမေကဘယ်လိုလူစားလဲဆိုတာစိတ်ဝင်စားမိသည်။ ကြည့်ရတာ.. ဆာရန်းရဲ့အမေကလည်းထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်မယ်နဲ့တူပါတယ်..
"သွားကြမယ်။ ဒီအချိန်လောက်ဆို.. ဆာရန်းပျောက်နေလို့ဆာရန်းရဲ့ Appa စိုးရိမ်နေလောက်ပြီ"
ပြုံးနေတဲ့ဆာရန်းရဲ့မျက်နှာလေးကပြန်တည်သွားပြီးခေါင်းလေးပြန်ငုံ့သွားသည်။ စိတ်ကိုပြင်ဆင်နေသည့်ပုံဖြင့်အသက်ကိုဝဝရှူနေသည်။ ထို့နောက်.. ဆာရန်းက လက်လေးတစ်ဖက်ကိုသူ့ဆီသို့ကမ်းပေးသည်။ မျက်နှာလေးမှာညှိုးငယ်မှုတွေမမြင်ရတော့ဘဲအထူးကြည်လင်ဝင်းပနေ၏။ တကယ်.. စိတ်မာတဲ့ကလေးမလေး..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အမေ.. ဆာရန်းကိုရှာတွေ့ပြီလား"
"ဟင့်အင်း.. ဆေးရုံတစ်ခုလုံးလိုက်ရှာတာလည်းနှံ့နေပြီ။ ဆာရန်းလေးရဲ့အရိပ်အယောင်ကိုတောင်မမြင်ရသေးဘူး"
သူလည်းဆေးရုံတစ်ခုလုံးအခေါက်ခေါက်အခါခါနှံ့နေအောင်ရှာပြီးပေမယ့်ဆာရန်းကိုမတွေ့သေးတော့ရင်ထဲမှာမီးခဲကြီးမြိုချထားရသလိုပူလောင်နေပြီ။ အဆိုးဆုံးကတော့.. ဆာရန်းကသူနဲ့အမေပြောနေတဲ့စကားတွေကိုကြားသွားတယ်ဆိုတဲ့အချက်ပဲ။ ပြီးတော့.. ဆာရန်းကနေလည်းကောင်းသေးတာမဟုတ်ဘူး။ ဆာရန်းသာတစ်ခုခုဖြစ်သွားရင်.. ထိုအတွေးတွေကိုဆက်မတွေးရဲလို့ခေါင်းကိုခါယမ်း၍မောင်းထုတ်ပစ်လိုက်ရသည်။
"ဒုက္ခပါပဲ။ ဒီအတိုင်းဆိုမဖြစ်သေးပါဘူး။ ရဲစခန်းကိုအကြောင်းကြားမှဖြစ်တော့မယ်"
သူဖုန်းကိုထုတ်လိုက်ပြီးရဲစခန်းကိုဖုန်းဆက်ဖို့ပြင်နေတုန်းမျက်လုံးထောင့်မှလှမ်းမြင်လိုက်ရတဲ့သဏ္ဍာန်လေးကြောင့်ကပျာကယာလှည့်ကြည့်လိုက်တော့..
"ဆာ.. ဆာရန်း"
ဆာရန်းကဂျောင်ကုရဲ့လက်ကိုဆွဲလျှက်သူ့ကိုမြင်တော့ခေါင်းလေးကိုငုံ့လိုက်ပြီးဂျောင်ကုရဲ့ခြေထောက်နောက်မှာကိုယ်လေးတစ်ခြမ်းဝင်ပုန်းလိုက်သည်။ သူ့ရင်ထဲမှာပြောမပြတတ်အောင်အောင့်မျက်နာကျင်သွားရ၏။ဆာရန်းကသူ့ကိုမမြင်ချင်လောက်အောင်မုန်းသွားပြီလား။
"ဆာရန်း"
သူ.. ဆာရန်းရှေ့သို့အဆောတလျင်ပြေးသွားပြီးမုဆိုးဒူးထောက်ထိုင်ချလိုက်သည်။
"ဆာရန်း"
ဆာရန်းကသူ့ကိုမကြည့်ဘဲမျက်လွှာချထားသည်။ ဆာရန်းရဲ့ဥပေက္ခါပြုမှုကြောင့်သူ့အသည်းနှလုံးတွေတစစီဆုတ်ဖြဲခံလိုက်ရသကဲ့သို့ပဲ့ကြွေကျသွားမလားတောင်ထင်ရသည်။ အရာအားလုံးကသူ့အမှားတွေပါ.. ဆာရန်းလေးအခုလိုအရွယ်နဲ့မလိုက်တဲ့ဝေဒနာတွေခံစားနေရတာသူ့ကြောင့်ပါ..
"ဆာရန်းက Appa မျက်နှာကိုမကြည့်တော့ဘူးလား.. ဟုတ်လား။ Appa ကိုမမြင်ချင်တော့ဘူးလား"
"Appa"
ဆာရန်းရဲ့အသံကတိုးတိုးညင်ညင်လေး.. ငိုချင်တာကိုတင်းထားရတာကြောင့်အသံလေးကတုန်ယင်နေသည်။
"ငိုလို့ရပါတယ်.. ဆာရန်း။ ငိုလို့ရပါတယ်။ ဒါပေမယ့်.. ငိုပြီးရင်တော့ဒီနေ့အဖြစ်အပျက်တွေအားလုံးကိုမေ့ပေးရမယ်နော်။ ဒါတွေအားလုံးကအိပ်မက်တွေပဲ။ အရမ်းကိုဆိုးဝါးတဲ့အိပ်မက်ရှည်ကြီးပေါ့။ အဲ့ဒါကြောင့်.. မေ့ပေးမယ်လို့ Appa ကိုကတိပေးပါ"
သူကဆာရန်းရှေ့မှာလက်သန်းလေးထောင်ပေးလိုက်တော့ဆာရန်းကသူ့လက်သန်းကိုအလိုက်သင့်လေးလာချိတ်ပေးသည်။
"Appa"
"ဟုတ်တယ်.. ဆာရန်းရဲ့ Appa..ဆာရန်းရဲ့ Appa ပါ။ Appa မှာဆာရန်းတစ်ယောက်ပဲရှိတယ်ဆိုတာသိတယ်မဟုတ်လား။ တလောကလုံးမှာဆာရန်းကိုအချစ်ဆုံးဆိုတာသိတယ်မဟုတ်လား"
"အင်း"
ဆာရန်းဆီကအင့်ခနဲရှိုက်သံလေးထွက်လာပြီးပါးပြင်ပေါ်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။ ငိုတာတောင်တခြားကလေးတွေလိုအသံထွက်မငိုဘဲတအိအိရှိုက်ပြီးကျိတ်ငိုနေရှာတဲ့ဆာရန်းလေးကိုကြည့်ပြီးစိတ်မကောင်းလွန်းစွာဖြင့်ဆာရန်းရဲ့ခေါင်းလေးကိုဆွဲယူပြီးရင်ခွင်ထဲပွေ့ထားမိသည်။
"ဆာရန်းက Appa ရဲ့သမီးလေးပါ။ အဲ့ဒါကတော့.. ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဆာရန်းအိပ်သွားပြီလား"
သူ.. ဆာရန်းကိုသိပ်ပြီးအပြင်ပြန်ထွက်လာတော့ဂျောင်ကုကမပြန်သေးဘဲဆာရန်းရဲ့အခန်းရှေ့ကထိုင်ခုံတွင်ထိုင်လျှက်သူ့ကိုစောင့်နေသေးသည်။ သူလည်းသူ့အပူနဲ့သူမို့ဂျောင်ကုကိုကျေးဇူးတင်စကားတောင်မပြောမိတဲ့အဖြစ်ကိုတွေးမိပြီးအားနာသွားမိသည်။
"အင်း.. အခုပဲအိပ်ပျော်သွားတယ်"
"ဟင်းဟင်း.. ဒီကလေးမလေးကကျွန်တော်နဲ့အတူရှိနေတုန်းကတော့တည်ငြိမ်နေပြီးသူ့အဖေရှေ့လည်းရောက်တော့ငိုလိုက်တာ"
ဂျောင်ကုဆီက'သူ့အဖေ'ဆိုတဲ့အသုံးအနှုန်းကိုကြားရတော့နှုတ်ခမ်းလေးတွန့်ရုံခပ်ဖျော့ဖျော့ပြုံးမိလိုက်သေးသည်။ ဆာရန်းနဲ့ဂျောင်ကု.. နှစ်ယောက်သားပြေလည်မှုရသွားကြပြီထင်ပါရဲ့။
"ပြောပြလို့ရမလား.. ဘာတွေဖြစ်ခဲ့တာလဲဆိုတာ.. ဒါပေမယ့် hyung ဘက်ကပြောဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း..."
hyung ကသက်ပြင်းတစ်ချက်လေးလေးပင်ရှိုက်၍သူ့ရဲ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ လက်နှစ်ဖက်ကိုဆုပ်ချေပြီးစကားပြောဖို့အားယူနေပုံရသည်။
"ယူဂျောင်းနဲ့ကဘားတစ်ခုမှာအလုပ်ဝင်ခဲ့တုန်းကသိခဲ့တာပေါ့။ ယူဂျောင်းကအဲ့ဒီ့ဘားမှာသီချင်းဆိုတယ်။ ဒါပေမယ့်ဆန္ဒရှိလို့အဲ့မှာအလုပ်လုပ်နေတာမဟုတ်ပါဘူး။ ယူဂျောင်းရဲ့အဖေကလောင်းကစားကြွေးတွေမဆပ်နိုင်ဖြစ်ပြီးယူဂျောင်းကိုအဲ့ဒီ့ဘားမှာရောင်းစားသွားခဲ့လို့အကြွေးတွေမကျေမချင်းမလုပ်ချင်ဘဲလုပ်နေရတာပါ"
"ဪ.."
"ပြီးတော့.. ယူဂျောင်းကမျက်မမြင်တစ်ယောက်။ ယူဂျောင်းကချို့ယွင်းချက်ရှိပေမယ့်လူကောင်းတွေထက်တောင်ပိုတော်ပြီးတက်တက်ကြွကြွနဲ့ပျော်ပျော်နေတတ်တဲ့ကောင်မလေးပါ။ အလွယ်တကူစိတ်ဓါတ်ကျတတ်တဲ့ငါ့ကိုလည်းအမြဲခွန်အားပေးပြီးအားပေးတတ်တယ်။ အဲ့ဒါကြောင့်နွေးထွေးပြီးဖော်ရွေတဲ့ယူဂျောင်းနဲ့ယူဂျောင်းရဲ့အမေကိုမိသားစုအရင်းအချာတွေလို့သံယောဇဥ်တွယ်မိတာပေါ့"
Hyung ကစကားအရှည်ကြီးပြောလိုက်ရလို့မောသွားသည်ထင်.. အသက်ကိုတစ်ချက်ရှူသွင်းပြီးခေတ္တခဏအနားယူနေသည်။
"တနေ့မှာတော့.. အဲ့ဒီ့ဘားရဲ့ကြောက်စရာကောင်းတဲ့အဖြစ်မှန်တစ်ခုကိုသိလိုက်ရတယ်။ အဲ့ဒါက.. ယူဂျောင်းကအဲ့ဒီ့ဘားရဲ့မန်နေဂျာအပါအဝင်တခြားဝန်ထမ်းတွေရဲ့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာကိုခံနေရတာပဲ"
"ဟင်"
"ယူဂျောင်းမျက်စိမမြင်တာကိုအခွင့်ကောင်းယူပြီးယူဂျောင်းအဝတ်လဲနေတဲ့အချိန်ပေါ်တင်ဝိုင်းကြည့်ကြတယ်။ ဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်ကြတယ်။ ယူဂျောင်းကသူ့ကိုအဲ့လိုတွေဝိုင်းလုပ်နေကြတာကိုသိနေပေမယ့်အကြွေးကလည်းမကျေသေးတော့ထွက်ပြေးလို့ကလည်းမရ.. သူ့ဘက်ကရပ်တည်ပေးမယ့်သူကလည်းမရှိရှာတော့..."
ပြောနေရင်းနဲ့ Hyung အသံကတိုးဝင်သွားပြီးတုန်ခါသွားသည်။
"ကိုယ့်ထက်ရာထူးကြီးတဲ့လူတွေကအစဒီကိစ္စမှာပါဝင်ပတ်သက်နေတော့ငါလည်းထိထိရောက်ရောက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ တစ်ခါကတော့အမည်မဖော်လိုသူနာမည်နဲ့ရဲတိုင်ခဲ့ပါသေးတယ်။ဒါပေမယ့်အားလုံးကအတိုင်အဖောက်ညီညီနဲ့ဝိုင်းပြီးငြင်းကြတော့ဒီအတိုင်းလီဆယ်ပြီးတိုင်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ပဲအမှုပိတ်သွားခဲ့တယ်။ အဲ့ဒါနဲ့ပဲယူဂျောင်းကိုကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ နှုတ်နဲ့သော်လည်းကောင်းဝိုင်းပြီးအမြတ်ထုတ်နေကြတာကိုရင်နာနာနဲ့ထိုင်ကြည့်နေခဲ့ရတယ်"
"တနေ့ကျတော့ယူဂျောင်းတော်တော်နေမကောင်းဖြစ်တယ်။ ဆေးခန်းသွားပြတော့ကိုယ်ဝန်ရှိနေပြီတဲ့။ စိတ်ရောခေါင်းရောမာတဲ့ယူဂျောင်းက ကလေးအဖေဘယ်သူလဲဆိုတာဘယ်လိုမေးမေးမပြောဘူး။ ကလေးကိုသူတစ်ယောက်တည်းပဲရအောင်မွေးမယ်တဲ့"
"အစကတော့.. ဆာရန်းရဲ့အဖေနေရာကိုဝင်ယူဖို့ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမယ့်.. ယူဂျောင်းကိုဆေးခန်းလိုက်ပြပေးရင်း.. ပထမဆုံးဆာရန်းရဲ့နှလုံးခုန်သံကိုကြားတဲ့နေ့.. အဲ့ဒီ့နေ့မှာဆုံးဖြတ်ခဲ့တယ်..ဒီကလေးမှာအဖေမရှိဘဲလောကကြီးမှာမျက်စိသူငယ်နားသူငယ်နဲ့ကြီးပြင်းလာရမယ့်အဖြစ်မျိုးမရှိစေရဘူးလို့။ အဲ့ဒါကြောင့်ယူဂျောင်းကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ငါအမြဲတောင့်တနေရတဲ့ကိုယ်ပိုင်မိသားစုဘဝလေးကိုဖန်တီးခွင့်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့..."
"ငါကပဲမိသားစုနဲ့နေရဖို့ကံမပါတာလား..ငါရဲ့ကံဆိုးမှုတွေကယူဂျောင်းဆီကိုကူးစက်သွားတာလားတော့မပြောတတ်ဘူး ဆာရန်းကိုမွေးတဲ့နေ့မှာပဲယူဂျောင်းကလူ့ဘဝကြီးကနေထွက်ခွာသွားတယ်။ အဲ့ဒါကြောင့်အဖေဆိုတာဘယ်သူမှန်းမသိ၊ကိုယ့်ရဲ့မွေးနေ့မှာအမေ့ရဲ့နှစ်ပတ်လည်ကိုနှစ်တိုင်းကျင်းပနေရတဲ့ငါနဲ့ ဆာရန်းကဘဝတူတွေမို့ဆာရန်းလေးကိုရှိသမျှအချစ်တွေပုံအောပြီးချစ်ပေးခဲ့တာပေါ့"
"အနည်းဆုံးတော့ဆာရန်းလေးမှာ Appa လို့ခေါ်စရာအမည်နာမလေးတစ်ခုဖြစ်ဖြစ်ရှိနေပါစေဆိုတဲ့စေတနာတစ်ခုတည်းနဲ့ဆာရန်းရဲ့အဖေအဖြစ်ဆက်ရှိနေပေးခဲ့ပေမယ့်.. တကယ်တမ်းကျတော့အဖေဆိုတဲ့တာဝန်ကထင်သလောက်မလွယ်ကူဘူးပဲ။ ငါက.. တာဝန်ကျေနိုင်မယ်လို့ထင်ထားခဲ့တာ.. အခုတော့.. အခုတော့.. "
Hyung ကလက်ဝါးနှစ်ဖက်ကိုဖြန့်ပြီးမျက်နှာအပ်ချလိုက်တော့သူက hyung ရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးရင်း..
"တာဝန်ကျေပါတယ်။ hyung ကတာဝန်ကျေတာထက်တောင်ပိုပါတယ်"
"တကယ်လား.. အဲ့လိုထင်လား"
"အင်း"
"ဒီနေ့ကိစ္စကိုယူဂျောင်းသာသိသွားရင်ငါ့ကိုအပြစ်ပြောနေမလားမသိဘူး.. နော်"
ယူဂျောင်းရဲ့နာမည်ကိုကြားတော့ဂျောင်ကုရဲ့မျက်နှာမသိမသာတင်းမာသွားသည်။ အဓိပ္ပါယ်မရှိခေါင်းကိုငုံ့လျှက်ဘာမှမရှိတဲ့ကြမ်းခင်းကိုခြေထောက်ဖြင့်ကန်နေမိသည်။
"ဘယ်လိုလူစားမျိုးလဲ.. အဲ့ဒီ့ဘန်ယူဂျောင်းက.."
"ယူဂျောင်းကလား.. ယူဂျောင်းက.. လှလည်းလှတယ်။ စိတ်ထားလည်းဖြူစင်တယ်။ စိတ်ထားဖြူစင်ပေမယ့်ပျော့ညံ့တာမျိုးမဟုတ်ဘဲမဟုတ်မခံတတ်တဲ့စိတ်လည်းရှိတယ်။ တစ်ခုခုကိုဆုံးဖြတ်ပြီးရင်ဘယ်တော့မှမပြင်ဘဲခေါင်းရော.. စိတ်ရောမာလွန်းလို့ငါကတောင်သူ့ကိုနာမည်ပေးထားတယ်.. သံမဏိနှင်းဆီလို့"
"ဟွန့်.. ဆာရန်းကိုမြင်ကတည်းကသူ့အမေကဘယ်လိုလူစားမျိုးလည်းဆိုတာခန့်မှန်းကြည့်လို့ရပါတယ်။ အဲ့လောက်ထိပြောစရာလိုလို့လား။ ပြောဆိုတိုင်းအကုန်ပြောတော့တာပဲ"
"သူပဲလာမေးပြီးတော့"
"အဲ့တော့.. ချစ်ခဲ့လား။ ဘန်ယူဂျောင်းကိုချစ်ခဲ့လား"
"အချစ်ဆိုတာကိုလေးစားအားကျခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင်တော့.. အင်း.. ချစ်ခဲ့တာပေါ့"
"Aish! ဒီထိုင်ခုံတွေကိုဘယ်လိုတွေထားတာလဲ.. ထောင့်ကိုမကျိုးဘူး။ ဒီဆေးရုံအုပ်ကိုဖုန်းဆက်ပြီးတိုင်ပစ်ဦးမယ်"
ဂျောင်ကုရဲ့ပုံစံကမကျေနပ်တာကိုတွေ့ကရာလျှောက်မဲနေတဲ့ကလေးဆိုးလေးနှင့်တူနေတာမို့သူရယ်ချင်သွားမိသည်။
"ဘာပဲဖြစ်ဖြစ်.. ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်"
"ပါးစပ်ကနေပြောပြီးတာနဲ့လေထဲမှာဒီအတိုင်းပျောက်သွားမယ့်ကျေးဇူးတင်စကားသက်သက်ဆိုရင်တော့ no thank you ပါ။ မလိုချင်ပါဘူး။ တကယ်ကျေးဇူးတင်ရင်အလုပ်နဲ့သက်သေပြလေ"
"ဘယ်လိုသက်သေပြရမှာလဲ"
"ဒီနေ့ပျက်သွားတဲ့ဒိတ်ကိုအစားပြန်ပေးရမယ်။ပြီးတော့ နောက်ထပ်ဒိတ်တစ်ခုပါ bonus အနေနဲ့အပိုပေးရမယ်"
"နေပါဦး..အစကတည်းကမင်းနဲ့ဒိတ်ပါ့မယ်လို့ငါလက်ခံခဲ့လို့လား။သူ့သဘောနဲ့သူလုပ်ချင်ရာလုပ်ပြီးသူ့သဘောနဲ့တူနောက်ထပ်အသစ်တောင်ထပ်တိုးလိုက်သေးတယ်။ အဲ့လိုလုပ်လို့ရလား"
"ရတယ်။ ခေါင်းကျတယ်လေ.. ခေါင်းကျရင်ကျွန်တော့်စိတ်ကြိုက်လုပ်ချင်ရာလုပ်မယ်လို့ပြောခဲ့သားပဲ"
"ဒါပေမယ့်... ငါက.. မင်းနဲ့မဒိတ်ချင်ပါဘူး"
"ဘာ!"
"Justin Joseph Jeon နဲ့ပဲဒိတ်မှာ"
"ဘာပြောတယ်! အဲ့ဒါဘယ်သူလဲ.. ဘယ်ကကောင်လဲ"
Hyung ကတကျွတ်ကျွတ်စုတ်သပ်ရင်းခေါင်းလေးတခါခါဖြင့်အခန်းထဲသို့ဝင်သွားသည်။ သူကအနောက်ကနေလိုက်ဝင်ပြီးအဖြေမရမချင်းမေးချင်ပေမယ့်ဆာရန်းလေးနိုးသွားမှာဆိုးလို့မနည်းကိုယ်ရှိန်သတ်ထားရသည်။
"ဟက်! Justin Joseph Jeon တဲ့နာမည်ကလဲ.. ကြောင်လိုက်တာ.. အယ်.. ဒါနဲ့.. အဲ့နာမည်ကိုဘာလို့ကြားဖူးသလိုဖြစ်နေတာလဲ"
"Justin Joseph Jeon.. Justin Joseph Jeon.. အမ်.. အဲ့.. အဲ့ဒါ.. ငါပဲ!"
သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ရယ်ပြီးထိုင်ခုံပေါ်နောက်ပြန်ထိုင်ချလိုက်တော့ထိုင်ခုံပေါ်မထိုင်မိဘဲဘေးကိုချော်ထွက်သွားလို့ကြမ်းပေါ်ဖင်ထိုင်လျက်လဲကျသည်။ နာသွားတာတောင်ပြုံးပြုံးကြီးနဲ့အနာခံနေမိတဲ့သူ့အဖြစ်...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြောချင်ပါတယ်။
ဒီအပိုင်းကိုအစကရေးထားတာကဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ ဒါပေမယ့်.. တော်တော်များများကဆာရန်းကိုဂျင်ရဲ့သမီးအရင်းမလုပ်ပါနဲ့လို့ပြောကြလွန်းလို့စိတ်ထဲမှာရေးသင့်မရေးသင့်ဇဝေဇဝါနဲ့ last minute ကျမှကောက်ပြင်လိုက်ရတာမို့ဇာတ်လမ်းအချိတ်အဆက်ကတစ်မျိုးကြီးဖြစ်သွားတယ်။ အဲ့ဒါလေးကိုတော့နည်းနည်းလေးသည်းခံပေးကြပါလို့ 😊
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"အေမ! ဆာရန္းေရာ"
အေရးေပၚခန္း၏ေရွ႕တြင္မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္လက္ႏွစ္ဖက္ကိုပြတ္ေခ်ရင္းေခါက္တုံ႕ေခါက္ျပန္လမ္းေတြေလွ်ာက္ေနတဲ့အေမကသူေရာက္လာတာျမင္ေတာ့အားကိုးတႀကီးေျပးလာၿပီးသူ႕လက္ကိုတုန္တုန္ယင္ယင္ျဖင့္ဆုပ္ကိုင္လာသည္။ အေလာတႀကီးေျပးလာရလို႔ကတစ္ေၾကာင္း၊ စိုးရိမ္စိတ္လြန္ကဲေနတာကတစ္ေၾကာင္းတို႔ေၾကာင့္စိတ္ေရာ၊လူပါေမာဟိုက္ေနတဲ့သူကအေမ့ရဲ႕လက္ကိုျပန္ဆုပ္ကိုင္ရင္းၿပိဳလဲမသြားေအာင္ထိန္း၍ အေမျပန္ေျဖမယ့္အေျဖစကားကိုေစာင့္ေမွ်ာ္ေနသည္။
"ေဆာ့ဂ်င္.. ဆာရန္းကေလ..."
"ကင္ဆာရန္းရဲ႕အုပ္ထိန္းသူရွိလား"
အေမ့ရဲ႕စကားမဆုံးခင္မွာဘဲအေရးေပၚခန္းထဲကထြက္လာတဲ့သူနာျပဳဆရာမရဲ႕အသံေၾကာင့္စကားစျပတ္သြားသည္။
"ဒီမွာပါ.. ကြၽန္ေတာ္က ကင္ဆာရန္းရဲ႕အေဖပါ"
"ကေလးကေမြးရာပါ anemia ေရာဂါသည္ေနာ္"
"ဟုတ္ပါတယ္"
ဟုတ္ပါရဲ႕.. ဆာရန္းေလးေသြးသြင္းဖို႔ေဆး႐ုံမွာရက္ခ်ိန္းယူထားတဲ့ရက္နီးေနၿပီပဲ။ ဒီရက္ပိုင္းတျခားကိစၥေၾကာင့္သူ႕အာ႐ုံေတြေထြျပားေနတာနဲ႕ပဲဆာရန္းရဲ႕က်န္းမာေရးကိုေသခ်ာဂ႐ုစိုက္ေပးဖို႔ေမ့ေနသည္။ ေပါ့ဆမိတဲ့သူ႕အျပစ္သူျပန္ေတြးၿပီးေဒါသျဖစ္ရလြန္းလို႔တိုင္နဲ႕ေခါင္းနဲ႕ေျပးေဆာင့္ခ်င္စိတ္ေတာင္ျဖစ္မိသည္။ သူဟာေတာ္ေတာ္တာဝန္မဲ့တဲ့အေဖတစ္ေယာက္ပါလား..
"ကေလးက႐ုတ္တရက္ RBCs ထိုးက်သြားလို႔ အေရးေပၚေသြးသြင္းဖို႔လိုေနတယ္။ကေလးရဲ႕ေသြးအမ်ိဳးအစားက AB Rh (-) ဆိုေတာ့အရမ္းရွားတဲ့ေသြးအမ်ိဳးအစားျဖစ္ေနတယ္။ ေလာေလာဆယ္သူနဲ႕ကိုက္ညီမယ့္ေသြးအမ်ိဳးအစားဒီေဆး႐ုံမွာမရွိဘူး။ ဒီက.. ကေလးရဲ႕အေဖနဲ႕ေသြးအမ်ိဳးအစားတူလား"
"ဟို..."
ေဆာ့ဂ်င္ဘာျပန္ေျပာရမွန္းမသိေတာ့ဘဲစကားလုံးေတြေပ်ာက္ရွကုန္၏။ အေမကေတာ့မ်က္ႏွာပ်က္သြားတဲ့သူ႕ကိုအကဲခတ္သလိုလိုက္ၾကည့္ေနသည္။
"ကေလးရဲ႕ေသြးအမ်ိဳးအစားကအရမ္းရွားတဲ့ေသြးအမ်ိဳးအစားမို႔အေရးေပၚသုံးရေအာင္သူ႕ကိုေမြးတုန္းကေဆး႐ုံမွာ cord blood သိမ္းထားတာရွိတယ္"
"ဪ.. အဲ့ဒါဆိုရင္ေတာ့အဆင္ေျပသြားတာေပါ့"
"ဟုတ္..အခုကေလးရဲ႕အေျခအေနဘယ္လိုရွိလဲဆရာမ"
"ေသြးသြင္းလိုက္ရင္သက္သာသြားမွာပါ။ ေနာက္ဆိုရင္ေတာ့အခုလို႐ုတ္တရက္မူးလဲသြားတဲ့အျဖစ္မ်ိဳးမျဖစ္ရေအာင္ေဆးကိုအခ်ိန္မွန္တိုက္..ေသြးအားေကာင္းမယ့္အစားအစာေတြဂ႐ုတစိုက္ေသခ်ာေကြၽးေပါ့ရွင္"
"ဟုတ္ကဲ့.. ေက်းဇူးတင္ပါတယ္"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ေဆး႐ုံအဝတ္အစားေလးနဲ႕အေရးေပၚအခန္းရဲ႕လူနာကုတင္ေပၚမွာလဲေလ်ာင္းေနတဲ့ဆာရန္းကိုျမင္ေတာ့ရင္ထဲမွာမခ်ိမဆန့္ခံစားရသည္။ ကိုယ့္ကိုယ္လည္းအျပစ္တင္မိလို႔မဆုံးပါ။ယူေဂ်ာင္းကိုကတိေပးထားခဲ့တဲ့အတိုင္းအေဖတစ္ေယာက္ရဲ႕တာဝန္ကိုေက်ပြန္တဲ့သူတစ္ေယာက္ျဖစ္လာနိုင္ပါ့မလား.. ကိုယ့္ကိုယ္ကိုမေရမရာေမးခြန္းျပန္ထုတ္မိသည္။
"ဆာရန္း.. Appa မွားသြားပါတယ္။ Appa ကိုခြင့္လႊတ္ပါ"
ေသြးသြင္းၿပီးအိပ္ေမာက်ေနတဲ့ဆာရန္းေလးရဲ႕ေခါင္းေလးကိုဖြဖြေလးပြတ္ရင္းႏႈတ္မွလည္းေတာင္းပန္စကားကိုအႀကိမ္ႀကိမ္ေရ႐ြတ္ေနမိသည္။ ေသြးသြင္းထားလို႔အားျပန္ျပည့္ပုံရလာတဲ့ဆာရန္းေလးရဲ႕မ်က္ႏွာေလးကျပန္လန္းလာၿပီးႏႈတ္ခမ္းေလးေတြမွာေသြးေရာင္ျပန္လႊမ္းလာတာကိုျမင္ရေတာ့အနည္းငယ္စိတ္သက္သာယာရသြားေပမယ့္ကိုယ့္ကိုယ္ကိုအျပစ္တင္မိတဲ့စိတ္ကေတာ့ေပ်ာက္ကြယ္မသြားေသးပါ။
"ေဆာ့ဂ်င္.. အေမနဲ႕စကားခဏေလာက္ေျပာလို႔ရမလား"
"ဗ်ာ? ဟုတ္ကဲ့"
ဆာရန္းေလးရဲ႕မ်က္ႏွာကိုတစ္ခ်က္ၾကည့္ကာေစာင္ကို ရင္ဘတ္ေပၚအထိေသခ်ာၿခဳံေပးၿပီးေတာ့မွအေမနဲ႕အတူအခန္းျပင္သို႔ထြက္လာခဲ့သည္။
"အေမ.. ကြၽန္ေတာ့္ကိုဘာေျပာစရာရွိလို႔လဲ"
အေမကသူ႕အေမးကိုမတုံ႕ျပန္ေသးဘဲသူ႕မ်က္ႏွာကိုေတြေဝစြာေငးၾကည့္ေနသည္။ ထို႔ေနာက္တစ္ခုခုေျပာဖို႔ခ်ီတုံခ်တဳံျဖစ္ေနဟန္ျဖင့္အၾကည့္တို႔ကိုလႊဲသြားသည္။ ဘယ္လိုစကားမ်ိဳးကိုေျပာမွာမို႔ဒီေလာက္ေတာင္တြန့္ဆုတ္ေနတာပါလိမ့္။
"အေမ.. ေတာင္းပန္ပါတယ္။ အားလုံးကကြၽန္ေတာ့္အမွားပါ။ ဆာရန္းကိုေသခ်ာဂ႐ုစိုက္ရမယ့္ဟာကို.. ေပါ့ဆခဲ့မိလို႔အခုလို..."
"ဆာရန္းက... သားရဲ႕သမီးအရင္းမဟုတ္ဘူးမွတ္လား"
"ဗ်ာ"
သူ႕မ်က္လုံးေတြျပဴးက်ယ္သြားရသည္။ ႐ုတ္တရက္ဘာစကားမွျပန္မေျပာနိုင္ေလာက္ေအာင္လည္ေခ်ာင္းထဲတြင္ဆို႔နင့္ကာအာေခါင္ေတြေျခာက္ကုန္၏။ မ်က္ရည္ေတြျဖင့္ရစ္သိုင္းေနတဲ့အေမ့ရဲ႕မ်က္လုံးေတြကိုရင္မဆိုင္ရဲစြာမ်က္ႏွာကိုတစ္ဖက္သို႔လႊဲလိုက္၏။
"အ.. အေမ.. ဘာေတြလာေမးေနတာလဲ။ ဆာရန္းကေသခ်ာေပါက္ကြၽန္ေတာ့္ရဲ႕သမီးေပါ့"
"အေမ့ကိုလိမ္မေနပါနဲ႕ေတာ့.. ေဆာ့ဂ်င္ရယ္"
"မလိမ္ပါဘူး.. ဆာရန္းက..."
"အေမရိပ္မိေနတာၾကာပါၿပီ။ ဒီေန႕မွပိုၿပီးေသခ်ာသြားတာပါ။ တကယ္ေတာ့.. မင္းကိုေမးမယ္ေမးမယ္နဲ႕မေမးျဖစ္ခဲ့တာပါ။ ပါးစပ္ကဖြင့္ဟေမးၾကည့္ဖို႔ေၾကာက္ေနမိတာလည္းပါတာေပါ့။ ဦးႏွောက္ကအျဖစ္မွန္ကိုသိေနခဲ့ေပမယ့္စိတ္ထဲမွာေတာ့ဒါဟာအျဖစ္မွန္မဟုတ္ပါေစနဲ႕လို႔ဆုေတာင္းေနမိတုန္းပဲ။ အေမ..အရမ္းအတၱႀကီးခဲ့တယ္ေနာ္.. အေမသာေစာေစာစီးစီးထုတ္ေမးခဲ့ရင္ငါ့သားေလးအခုလိုပင္ပန္းေနရမွာမဟုတ္ေတာ့ဘူး"
ေဆာ့ဂ်င္မ်က္လုံးေတြျပာေဝသြားၿပီးလူကမိုက္ခနဲမူးေနာက္သြားကာအေမ့ေရွ႕တြင္ဒူးေထာက္လွ်က္ၿပိဳလဲသြားသည္။
"အခု.. အေမကကြၽန္ေတာ့္ကိုႏွင္ထုတ္ေတာ့မွာလား"
"ဟင္"
"ဆာရန္းရဲ႕အေဖအရင္းမဟုတ္လို႔ကြၽန္ေတာ့္ကိုႏွင္ထုတ္ေတာ့မွာလား"
"ေဆာ့ဂ်င္.."
"ေက်းဇူးျပဳၿပီးကြၽန္ေတာ့္ကိုႏွင္မထုတ္လိုက္ပါနဲ႕.. အေမရယ္။ ကြၽန္ေတာ့္မွာမိသားစုဆိုလို႔အေမနဲ႕ဆာရန္းရယ္ကလြဲၿပီးမရွိလို႔ပါ။ ေက်းဇူးျပဳၿပီးကြၽန္ေတာ့္ကိုႏွင္မထုတ္ပါနဲ႕.. မႏွင္ပါနဲ႕ေနာ္"
အေမ့ရဲ႕ေျခေထာက္ကိုတင္းေနေအာင္ဖက္ၿပီးရွိုက္သံေရာေနသည့္တုန္ယင္ေသာအသံျဖင့္ေတာင္းပန္ေနမိသည္။ သူ႕ကိုလူ႕ေလာကထဲကိုေခၚေဆာင္ေပးခဲ့တဲ့အေမအရင္းရဲ႕မ်က္ႏွာကိုျမင္ခြင့္မရခဲ့တဲ့သူ၊လူမွန္းသိတတ္စကတည္းကတစ္ေယာက္တည္းအထီးက်န္စြာႀကီးပ်င္းခဲ့ရတဲ့သူက.. ယူေဂ်ာင္းနဲ႕ဆုံၿပီးအေမတို႔အိမ္ကိုေရာက္မွမိဘေမတၱာဆိုတာကိုခံစားဖူးတာေလ.. အခုသူ႕ကိုသားအရင္းတစ္ေယာက္လိုေမတၱာထားၿပီးခ်စ္ေပးတဲ့အေမ့ကိုပါထပ္ၿပီးဆုံးရႈံးရေတာ့မွာလား...
"ဘာလို႔ႏွင္ထုတ္ရမွာလဲ.. သားေလးရယ္။ ဆာရန္းရဲ႕အေဖအရင္းဟုတ္ဟုတ္,မဟုတ္ဟုတ္.. သားကအေမ့ရဲ႕သားေလးပါပဲ။ ေသြးမေတာ္သားမစပ္တဲ့အေမတို႔ရဲ႕ဝန္ေတြကိုတစ္ေယာက္တည္းပင္ပင္ပန္းပန္းထမ္းေနရတဲ့အေမ့သားေလးကိုသနားလြန္းလို႔.. ဘယ္လိုလုပ္ရမလဲ"
အေမကသူ႕ေရွ႕တြင္သူနဲ႕အတူဒူးေထာက္ထိုင္လိုက္ၿပီးသူ႕မ်က္ႏွာႏွစ္ဖက္ကိုပင့္ကိုင္ကာတာက်ိဳးသလိုၿပိဳဆင္းလာတဲ့မ်က္ရည္တို႔ကိုႏူးညံ့စြာသုတ္ေပးရင္းေျပာလာသည္။
ထိုစဥ္.. အခန္းတံခါးကလႈပ္ရွားသြားၿပီးအရိပ္ေသးေသးကေလးတစ္ခုဖ်တ္ခနဲေျပးသြားသည္ကိုသူေရာအေမပါသတိထားမိလိုက္သည္။
"ဆာ..ဆာရန္း?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ေဆး႐ုံေရွ႕မွာပါကင္ထိုးထားတာၾကာၿပီဆိုေပမယ့္အခုထိေဆး႐ုံထဲကိုလိုက္မဝင္ျဖစ္ေသးေပ။ မဝင္ရဲလို႔ေတာ့မဟုတ္.. ေနရာတကာလိုက္ပါေနရင္ hyung ၿငိဳျငင္သြားမွာစိုးလို႔ပါ။ hyung မွာလည္းသူ႕ကိုယ္ေရးကိုယ္တာကိစၥဆိုတာရွိနိုင္တာပဲေလ။ဒီေလာက္ေတာ့နားလည္ေပးရမွာေပါ့။ မပိုင္ေသးဘဲေနရာတကာလိုက္စိုးမိုးေနလို႔ဘယ္ျဖစ္ပါ့လဲ။ ၿပီးေတာ့ hyung ကိုယ္တိုင္ေနမေကာင္းျဖစ္လို႔ေဆး႐ုံလာျပတာမွမဟုတ္ဘဲ.. ဘာပူပန္ေနစရာလိုလို႔လဲ..
"Hyung ရဲ႕အေမမ်ားေနမေကာင္းလို႔မ်ားလား"
အဲ့ဒါဆိုရင္ေတာ့လူနာသတင္းေမးဖို႔သူ႕မွာတာဝန္ရွိသြားၿပီ။ သူ hyung တို႔အေပၚထပ္မွာေနခဲ့စဥ္ကေန႕တိုင္းမေမ့မေလ်ာ့ထမင္းကိုဂ႐ုတစိုက္ေခၚေကြၽးဖူးတဲ့ေက်းဇူးေတြလည္းရွိခဲ့တယ္မဟုတ္လား။ အဲ့ဒါေၾကာင့္.. လူနာသတင္းေမးရန္အလို႔ငွာကားေပၚကဆင္းလိုက္ၿပီးေဆး႐ုံထဲလိုက္ဝင္မလို႔ေျခလွမ္းျပင္ေနတုန္းေဆး႐ုံ၏အေရွ႕လမ္းမွတစ္ဖက္လမ္းသို႔ကူးသြားသည့္ ရင္းႏွီးတဲ့ပုံရိပ္ေလးေၾကာင့္သူ႕ရဲ႕ေျခလွမ္းေတြရဲ႕ဦးတည္ခ်က္ကိုေျပာင္းလိုက္သည္။
"ကေလးမေလး"
ဆာရန္းကဆတ္ခနဲေမာ့ၾကည့္သည္။ ဒါေပမယ့္ဘာစကားဘဲမွျပန္မေျပာဘဲခပ္တည္တည္ျဖင့္ေရွ႕ဆက္ေလွ်ာက္သြားေတာ့သူကအေနာက္မွအမွီလိုက္ရသည္။
"ဒီအခ်ိန္ႀကီးတစ္ေယာက္တည္းဘယ္သြားမလို႔လဲ။ ၿပီးေတာ့.. ဒီ.. ေဆး႐ုံအဝတ္အစားေတြက..."
သူကဆာရန္းရဲ႕အဝတ္အစားေတြကိုလက္ညွိုးထိုးၿပီးေမးေတာ့ဆာရန္းကမ်က္ေမွာင္ကုတ္သည္။
"ေဆး႐ုံအဝတ္အစားေတြဝတ္ထားမွေတာ့ေနမေကာင္းလို႔ေပါ့.. ဦးေလးရဲ႕။ ဒါေတာင္မသိဘူးလား"
ဪ.. လက္စသတ္ေတာ့ hyung အေလာတႀကီးေဆး႐ုံကိုေျပးလာရတာသူ႕အေမေၾကာင့္မဟုတ္ဘဲဆာရန္းေၾကာင့္ကိုး။ ဒါေပမယ့္.. ေနမေကာင္းတဲ့လူကဘာျဖစ္လို႔...
"အဲ့ဒါေတာ့သိတာေပါ့.. ဘယ္လိုျဖစ္ၿပီးဒီအဝတ္အစားႀကီးနဲ႕အျပင္ထြက္လာတာလဲလို႔ေမးတာ။ ၿပီးေတာ့..ဘာလို႔တစ္ေယာက္တည္းလဲ.. Appa ေရာ"
ဆာရန္းကသူ႕အေမးကိုျပန္မေျဖဘဲေရွ႕ဆက္သြားသည္။ သူလည္းအေနာက္ကလိုက္ရျပန္သည္။ ေဆး႐ုံနဲ႕မလွမ္းမကန္းရွိ convenient store ေရွ႕ေရာက္ေသာအခါဆာရန္းကရပ္လိုက္ၿပီးသူ႕ဘက္သို႔လွည့္ကာ..
"ဦးေလးမွာပိုက္ဆံပါလား"
"ပိုက္ဆံ? ပါတာေပါ့.. ဘာလို႔ေမးတာလဲ"
"ဆာရန္းကိုေခ်ာကလက္ဝယ္ေကြၽးလို႔ရမလား"
"ေခ်ာကလက္?"
"႐ုတ္တရက္အခ်ိဳစားခ်င္လာလို႔"
"စားလို႔ေရာရလို႔လား..ေနမေကာင္းဘူးဆို။ေတာ္ၾကာ.."
"စားလို႔ရပါတယ္။ ေခ်ာကလက္ေလးတခါေလာက္စား႐ုံနဲ႕ေတာ့ေခ်ာင္းလည္းမဆိုးနိုင္ပါဘူး"
"ေကာင္းၿပီေလ.. ဒီမွာခဏေစာင့္။ သြားဝယ္ေပးမယ္"
သူဆိုင္ထဲဝင္၍ေခ်ာကလက္ဝယ္ၿပီးျပန္လာေတာ့ဆာရန္းကဆိုင္ေရွ႕မွာခင္းထားတဲ့ထိုင္ခုံေပၚတြင္ေခါင္းေလးငုံ႕ကာၿငိမ္ၿငိမ္ေလးထိုင္ေနသည္။
"ေရာ့.. ဒီမွာ.. ေခ်ာကလက္"
ဆာရန္းကသူစားပြဲေပၚလွမ္းတင္ေပးတဲ့ေခ်ာကလက္ကိုမ်က္လုံးေလးတစ္ခ်က္ေစြၾကည့္ၿပီးေခါင္းျပန္ငုံ႕သြားၿပီးေျမႀကီးႏွင့္လြတ္ေနတဲ့ေျခေထာက္ေသးေသးေလးကိုပဲေတြေတြေလးေငးေနသည္။
"စားေလ.. ေခ်ာကလက္စားခ်င္တယ္ဆို။ ဘာလို႔လဲ.. ေဖာက္ေပးရမလား"
"ဦးေလး"
"ဟင္"
ဆာရန္းကတစ္စုံတစ္ရာကိုဇေဝဇဝါစဥ္းစားဟန္ေခတၱၿငိမ္သက္သြားၿပီးသက္ျပင္းတစ္ခ်က္ရွိုက္လိုက္သည္။
"ဦးေလးမွာ Appa ရွိလား"
စကားစေျပာေသာအခါတြင္မူမ်က္ႏွာေလးကညွိုးငယ္ေနၿပီးငိုခ်ေတာ့မယ္ပုံေပၚေနေပမယ့္အသံေလးကေတာ့ေလးေလးေအးေအးႏွင့္တည္ၿငိမ္လ်က္ရွိသည္။
"Appa? ရွိတာေပါ့"
"ေကာင္းလိုက္တာ။ဆာရန္းမွာေတာ့မရွိဘူးတဲ့.. Appa က.. ဆာရန္းရဲ႕ Appa မဟုတ္ဘူးတဲ့"
"ဟင္?"
ၾကားလိုက္ရတဲ့စကားေၾကာင့္ကိုယ့္နားကိုယ္ပင္မယုံမိ။ ဒီစကားကတျခားတစ္စုံတစ္ေယာက္ဆီကမဟုတ္ဘဲဆာရန္းကိုယ္တိုင္ေျပာလာတဲ့စကားမို႔ပိုလို႔ေတာင္အံ့ဩမင္သက္မိေသးသည္။ ဆာရန္းက hyung ရဲ႕သမီးအရင္းမဟုတ္ဘူးတဲ့လား... ဘာေတြဘယ္လိုျဖစ္ခဲ့တာပါလိမ့္။
ဘာပဲျဖစ္ျဖစ္.. အ႐ြယ္ေလးငယ္သေလာက္စိတ္ဓါတ္မာေက်ာၿပီးငိုခ်င္ေနတာေတာင္ထိန္းထားၿပီးဘာမွမျဖစ္သလိုဟန္ေဆာင္ထားရွာတဲ့ဆာရန္းေလးကိုသနားစိတ္ဝင္မိတာေတာ့အမွန္ပင္။ ကိုယ့္အေဖအရင္းလို႔ထင္မွတ္ထားခဲ့တဲ့သူက.. ေန႕ခ်င္းညခ်င္းအေဖအရင္းမဟုတ္ဘူးဆိုတဲ့အျဖစ္မွန္ကိုသိခြင့္ရလိုက္တဲ့ဆာရန္းေလးရဲ႕ရင္ထဲမွာဘယ္ေလာက္ေတာင္ခံစားေနရမလဲဆိုတာသူ.. ကိုယ္ခ်င္းစာၾကည့္လို႔ရပါသည္။
"အဲ့ဒီ့ေတာ့.. ဘာေတြေျပာင္းလဲသြားလဲ။ Appa ကဆာရန္းရဲ႕အေဖအရင္းမဟုတ္လို႔လက္မခံနိုင္ေတာ့ဘူးလား။ အရင္လိုမခ်စ္နိုင္ေတာ့ဘူးလား.. အဲ့လိုလား"
"အဲ့လိုမဟုတ္ပါဘူး"
"ဆာရန္းရဲ႕Appaကဆာရန္းကိုသမီးအရင္းမဟုတ္မွန္းသိသိႀကီးနဲ႕သမီးအရင္းေလးတစ္ေယာက္လိုခ်စ္ေပးၿပီးဒီအ႐ြယ္ထိျပဳစုပ်ိဳးေထာင္ေပးခဲ့တာပဲ။ ဆာရန္းအေပၚမွာထားတဲ့ Appaရဲ႕ေမတၱာကေတာ့ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ တစ္ခ်ိဳ႕ေတြကမိဘအရင္းမဟုတ္ေပမယ့္မိဘအရင္းထက္ပိုတဲ့ေမတၱာေတြကိုေပးနိုင္ပါတယ္။ အေဖေရာအေမေရာအနားမွာငုတ္တုတ္ႀကီးရွိပါလ်က္နဲ႕မိဘေမတၱာဆိုတာဘာမွန္းမသိတဲ့လူမ်ိဳးလည္းဒီေလာကႀကီးမွာရွိပါေသးတယ္"
"ရွိတယ္?.. တကယ္?"
"ဒါေပါ့"
"ဘယ္သူလဲ"
"ဒီမွာေလ"
"ဦးေလးက?"
"အေမကေတာ့တစ္ဦးတည္းေသာသားေလးမို႔လို႔ခ်စ္တယ္လို႔ေျပာတာပဲ။ ဒါေပမယ့္.. အဲ့ဒါကစိတ္ရင္းအမွန္လား ဒါမွမဟုတ္.. တစ္စုံတစ္ေယာက္ကိုအနိုင္ရခ်င္လို႔သက္သက္အသုံးခ်ေနတာလားဆိုတာကေတာ့အေမကိုယ္တိုင္ပဲသိမွာေပါ့။ အေဖ.. အေဖကေတာ့... အင္း.. အေဖ့ဆီကအေဖ့ေမတၱာကိုရဖို႔ေနေနသာသာလူခ်င္းေတာင္မဆုံျဖစ္တာဘယ္ႏွစ္ႏွစ္ၾကာသြားမွန္းေတာင္မသိေတာ့ပါဘူး"
ဆာရန္းကသူ႕မ်က္ႏွာကိုေငးစိုက္ၾကည့္ရင္းသူေျပာသမွ်ကိုၿငိမ္ၿငိမ္ေလးနားစိုက္ေထာင္ေနသည္။
"အဲ့ဒါေၾကာင့္.. မိဘအရင္းေတြရွိရဲ႕သားနဲ႕မိဘေမတၱာကိုမရတဲ့လူေတြထက္စာရင္.. မိဘအရင္းမဟုတ္ေပမယ့္မိဘအရင္းထက္ပိုတဲ့ေမတၱာကိုပိုင္ဆိုင္ထားတဲ့ဆာရန္းကအမ်ားႀကီးပိုသာတာေပါ့.. မဟုတ္ဘူးလား"
ဆာရန္းကေခါင္းေလးကိုအသာအယာညိတ္ျပသည္။မ်က္လုံးေလးေတြထဲမွာဝမ္းနည္းသည့္အရိပ္အေယာင္ေတြကိုျမင္ေတြ႕ေနရေပမယ့္ႏႈတ္ခမ္းေလးေတြကေတာ့ေယာင္ေယာင္ေလးၿပဳံးေနသည္။
"ဒီလိုက်ေတာ့လည္းဦးေလးကဘယ္ဆိုးလို႔လဲ"
"ရား.. ငါကနဂိုကတည္းကမဆိုးပါဘူး။ အရမ္းအဆင္ေျပတဲ့လူပါ"
"မဆိုးပါဘူးဆိုတာကိုေတာ့.. ေထာက္ခံေပမယ့္အရမ္းအဆင္ေျပတဲ့လူဆိုတာေတာ့မဟုတ္ဘူးထင္တယ္"
"Aish! ဒီပိစိေလးကေတာ့"
ဆာရန္းကမ်က္လုံးေပါက္ေလးေတြေပ်ာက္သြားသည္အထိတခစ္ခစ္ရယ္သည္။
"ဦးေလးကိုသိပ္သေဘာမက်လွေပမယ့္လက္ခံေပးလို႔ေတာ့ရပါတယ္။ အနည္းဆုံးေတာ့.. ဦးေလးနဲ႕ဆာရန္းမွာတူတဲ့အခ်က္တစ္ခုေတာ့ရွိတာပဲ"
"ဘာလဲ"
"ႏွစ္ေယာက္လုံး Appa ကိုခ်စ္ၾကတယ္ေလ"
"တကယ္ပါပဲ.. ဒီပိစိေလးကေတာ့မသိတာဘာမွမရွိဘူး။စကားႀကီးစကားက်ယ္ေတြကလည္းသိပ္တတ္"
"အဲ့ဒီ့ေတာ့.. Appa ကိုေရာဖြင့္ေျပာၿပီးၿပီလား"
"ဟင့္အင္း.. ေျပာဖို႔အခြင့္အေရးမရေသးတာနဲ႕.."
"အခြင့္အေရးကိုေစာင့္တယ္ဆိုတာလူညံ့ေတြရဲ႕အလုပ္.. ဦးေလးရဲ႕။ တကယ့္လူေတာ္ေတြဆိုအခြင့္အေရးကိုေစာင့္မေနဘူး။ ကိုယ္တိုင္ပဲဖန္တီးတာ"
"Omo.. အ႐ြယ္နဲ႕ေျပာတဲ့စကားကမလိုက္ဖက္လိုက္တာ။ ဒီစကားေတြကိုဘယ္ကသင္ထားတာလဲ"
"စာမ်ားမ်ားဖတ္လို႔ေပါ့.. ဦးေလးရဲ႕။ ရွင္းေနတာပဲဟာ.. အပိုလုပ္ၿပီးေမးေနေသးတယ္"
ေတာ္ပါၿပီ.. ဒီပိစိေလးနဲ႕ၿပိဳင္ၿပီးေျပာမေနေတာ့ပါဘူး။ သူပဲရႈံးမွာသိသာေနတာပဲဟာ။ ဒီပိစိေလးကိုျမင္ေတာ့သူ႕အေမကဘယ္လိုလူစားလဲဆိုတာစိတ္ဝင္စားမိသည္။ ၾကည့္ရတာ.. ဆာရန္းရဲ႕အေမကလည္းထက္ျမတ္တဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္မယ္နဲ႕တူပါတယ္..
"သြားၾကမယ္။ ဒီအခ်ိန္ေလာက္ဆို.. ဆာရန္းေပ်ာက္ေနလို႔ဆာရန္းရဲ႕ Appa စိုးရိမ္ေနေလာက္ၿပီ"
ၿပဳံးေနတဲ့ဆာရန္းရဲ႕မ်က္ႏွာေလးကျပန္တည္သြားၿပီးေခါင္းေလးျပန္ငုံ႕သြားသည္။ စိတ္ကိုျပင္ဆင္ေနသည့္ပုံျဖင့္အသက္ကိုဝဝရႉေနသည္။ ထို႔ေနာက္.. ဆာရန္းက လက္ေလးတစ္ဖက္ကိုသူ႕ဆီသို႔ကမ္းေပးသည္။ မ်က္ႏွာေလးမွာညွိုးငယ္မႈေတြမျမင္ရေတာ့ဘဲအထူးၾကည္လင္ဝင္းပေန၏။ တကယ္.. စိတ္မာတဲ့ကေလးမေလး..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အေမ.. ဆာရန္းကိုရွာေတြ႕ၿပီလား"
"ဟင့္အင္း.. ေဆး႐ုံတစ္ခုလုံးလိုက္ရွာတာလည္းႏွံ႕ေနၿပီ။ ဆာရန္းေလးရဲ႕အရိပ္အေယာင္ကိုေတာင္မျမင္ရေသးဘူး"
သူလည္းေဆး႐ုံတစ္ခုလုံးအေခါက္ေခါက္အခါခါႏွံ႕ေနေအာင္ရွာၿပီးေပမယ့္ဆာရန္းကိုမေတြ႕ေသးေတာ့ရင္ထဲမွာမီးခဲႀကီးၿမိဳခ်ထားရသလိုပူေလာင္ေနၿပီ။ အဆိုးဆုံးကေတာ့.. ဆာရန္းကသူနဲ႕အေမေျပာေနတဲ့စကားေတြကိုၾကားသြားတယ္ဆိုတဲ့အခ်က္ပဲ။ ၿပီးေတာ့.. ဆာရန္းကေနလည္းေကာင္းေသးတာမဟုတ္ဘူး။ ဆာရန္းသာတစ္ခုခုျဖစ္သြားရင္.. ထိုအေတြးေတြကိုဆက္မေတြးရဲလို႔ေခါင္းကိုခါယမ္း၍ေမာင္းထုတ္ပစ္လိုက္ရသည္။
"ဒုကၡပါပဲ။ ဒီအတိုင္းဆိုမျဖစ္ေသးပါဘူး။ ရဲစခန္းကိုအေၾကာင္းၾကားမွျဖစ္ေတာ့မယ္"
သူဖုန္းကိုထုတ္လိုက္ၿပီးရဲစခန္းကိုဖုန္းဆက္ဖို႔ျပင္ေနတုန္းမ်က္လုံးေထာင့္မွလွမ္းျမင္လိုက္ရတဲ့သ႑ာန္ေလးေၾကာင့္ကပ်ာကယာလွည့္ၾကည့္လိုက္ေတာ့..
"ဆာ.. ဆာရန္း"
ဆာရန္းကေဂ်ာင္ကုရဲ႕လက္ကိုဆြဲလွ်က္သူ႕ကိုျမင္ေတာ့ေခါင္းေလးကိုငုံ႕လိုက္ၿပီးေဂ်ာင္ကုရဲ႕ေျခေထာက္ေနာက္မွာကိုယ္ေလးတစ္ျခမ္းဝင္ပုန္းလိုက္သည္။ သူ႕ရင္ထဲမွာေျပာမျပတတ္ေအာင္ေအာင့္မ်က္နာက်င္သြားရ၏။ဆာရန္းကသူ႕ကိုမျမင္ခ်င္ေလာက္ေအာင္မုန္းသြားၿပီလား။
"ဆာရန္း"
သူ.. ဆာရန္းေရွ႕သို႔အေဆာတလ်င္ေျပးသြားၿပီးမုဆိုးဒူးေထာက္ထိုင္ခ်လိဳက္သည္။
"ဆာရန္း"
ဆာရန္းကသူ႕ကိုမၾကည့္ဘဲမ်က္လႊာခ်ထားသည္။ ဆာရန္းရဲ႕ဥပေက္ခါပြုမှုေၾကာင့္သူ႕အသည္းႏွလုံးေတြတစစီဆုတ္ၿဖဲခံလိုက္ရသကဲ့သို႔ပဲ့ေႂကြက်သြားမလားေတာင္ထင္ရသည္။ အရာအားလုံးကသူ႕အမွားေတြပါ.. ဆာရန္းေလးအခုလိုအ႐ြယ္နဲ႕မလိုက္တဲ့ေဝဒနာေတြခံစားေနရတာသူ႕ေၾကာင့္ပါ..
"ဆာရန္းက Appa မ်က္ႏွာကိုမၾကည့္ေတာ့ဘူးလား.. ဟုတ္လား။ Appa ကိုမျမင္ခ်င္ေတာ့ဘူးလား"
"Appa"
ဆာရန္းရဲ႕အသံကတိုးတိုးညင္ညင္ေလး.. ငိုခ်င္တာကိုတင္းထားရတာေၾကာင့္အသံေလးကတုန္ယင္ေနသည္။
"ငိုလို႔ရပါတယ္.. ဆာရန္း။ ငိုလို႔ရပါတယ္။ ဒါေပမယ့္.. ငိုၿပီးရင္ေတာ့ဒီေန႕အျဖစ္အပ်က္ေတြအားလုံးကိုေမ့ေပးရမယ္ေနာ္။ ဒါေတြအားလုံးကအိပ္မက္ေတြပဲ။ အရမ္းကိုဆိုးဝါးတဲ့အိပ္မက္ရွည္ႀကီးေပါ့။ အဲ့ဒါေၾကာင့္.. ေမ့ေပးမယ္လို႔ Appa ကိုကတိေပးပါ"
သူကဆာရန္းေရွ႕မွာလက္သန္းေလးေထာင္ေပးလိုက္ေတာ့ဆာရန္းကသူ႕လက္သန္းကိုအလိုက္သင့္ေလးလာခ်ိတ္ေပးသည္။
"Appa"
"ဟုတ္တယ္.. ဆာရန္းရဲ႕ Appa..ဆာရန္းရဲ႕ Appa ပါ။ Appa မွာဆာရန္းတစ္ေယာက္ပဲရွိတယ္ဆိုတာသိတယ္မဟုတ္လား။ တေလာကလုံးမွာဆာရန္းကိုအခ်စ္ဆုံးဆိုတာသိတယ္မဟုတ္လား"
"အင္း"
ဆာရန္းဆီကအင့္ခနဲရွိုက္သံေလးထြက္လာၿပီးပါးျပင္ေပၚမ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာသည္။ ငိုတာေတာင္တျခားကေလးေတြလိုအသံထြက္မငိုဘဲတအိအိရွိုက္ၿပီးက်ိတ္ငိုေနရွာတဲ့ဆာရန္းေလးကိုၾကည့္ၿပီးစိတ္မေကာင္းလြန္းစြာျဖင့္ဆာရန္းရဲ႕ေခါင္းေလးကိုဆြဲယူၿပီးရင္ခြင္ထဲေပြ႕ထားမိသည္။
"ဆာရန္းက Appa ရဲ႕သမီးေလးပါ။ အဲ့ဒါကေတာ့.. ဘယ္ေတာ့မွေျပာင္းလဲသြားမွာမဟုတ္ပါဘူး"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဆာရန္းအိပ္သြားၿပီလား"
သူ.. ဆာရန္းကိုသိပ္ၿပီးအျပင္ျပန္ထြက္လာေတာ့ေဂ်ာင္ကုကမျပန္ေသးဘဲဆာရန္းရဲ႕အခန္းေရွ႕ကထိုင္ခုံတြင္ထိုင္လွ်က္သူ႕ကိုေစာင့္ေနေသးသည္။ သူလည္းသူ႕အပူနဲ႕သူမို႔ေဂ်ာင္ကုကိုေက်းဇူးတင္စကားေတာင္မေျပာမိတဲ့အျဖစ္ကိုေတြးမိၿပီးအားနာသြားမိသည္။
"အင္း.. အခုပဲအိပ္ေပ်ာ္သြားတယ္"
"ဟင္းဟင္း.. ဒီကေလးမေလးကကြၽန္ေတာ္နဲ႕အတူရွိေနတုန္းကေတာ့တည္ၿငိမ္ေနၿပီးသူ႕အေဖေရွ႕လည္းေရာက္ေတာ့ငိုလိုက္တာ"
ေဂ်ာင္ကုဆီက'သူ႕အေဖ'ဆိုတဲ့အသုံးအႏႈန္းကိုၾကားရေတာ့ႏႈတ္ခမ္းေလးတြန့္႐ုံခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးမိလိုက္ေသးသည္။ ဆာရန္းနဲ႕ေဂ်ာင္ကု.. ႏွစ္ေယာက္သားေျပလည္မႈရသြားၾကၿပီထင္ပါရဲ႕။
"ေျပာျပလို႔ရမလား.. ဘာေတြျဖစ္ခဲ့တာလဲဆိုတာ.. ဒါေပမယ့္ hyung ဘက္ကေျပာဖို႔အဆင္သင့္မျဖစ္ေသးဘူးဆိုရင္လည္း..."
hyung ကသက္ျပင္းတစ္ခ်က္ေလးေလးပင္ရွိုက္၍သူ႕ရဲ႕ေဘးတြင္ဝင္ထိုင္လိုက္သည္။ လက္ႏွစ္ဖက္ကိုဆုပ္ေခ်ၿပီးစကားေျပာဖို႔အားယူေနပုံရသည္။
"ယူေဂ်ာင္းနဲ႕ကဘားတစ္ခုမွာအလုပ္ဝင္ခဲ့တုန္းကသိခဲ့တာေပါ့။ ယူေဂ်ာင္းကအဲ့ဒီ့ဘားမွာသီခ်င္းဆိုတယ္။ ဒါေပမယ့္ဆႏၵရွိလို႔အဲ့မွာအလုပ္လုပ္ေနတာမဟုတ္ပါဘူး။ ယူေဂ်ာင္းရဲ႕အေဖကေလာင္းကစားေႂကြးေတြမဆပ္နိုင္ျဖစ္ၿပီးယူေဂ်ာင္းကိုအဲ့ဒီ့ဘားမွာေရာင္းစားသြားခဲ့လို႔အေႂကြးေတြမေက်မခ်င္းမလုပ္ခ်င္ဘဲလုပ္ေနရတာပါ"
"ဪ.."
"ၿပီးေတာ့.. ယူေဂ်ာင္းကမ်က္မျမင္တစ္ေယာက္။ ယူေဂ်ာင္းကခ်ိဳ႕ယြင္းခ်က္ရွိေပမယ့္လူေကာင္းေတြထက္ေတာင္ပိုေတာ္ၿပီးတက္တက္ႂကြႂကြနဲ႕ေပ်ာ္ေပ်ာ္ေနတတ္တဲ့ေကာင္မေလးပါ။ အလြယ္တကူစိတ္ဓါတ္က်တတ္တဲ့ငါ့ကိုလည္းအၿမဲခြန္အားေပးၿပီးအားေပးတတ္တယ္။ အဲ့ဒါေၾကာင့္ႏြေးေထြးၿပီးေဖာ္ေ႐ြတဲ့ယူေဂ်ာင္းနဲ႕ယူေဂ်ာင္းရဲ႕အေမကိုမိသားစုအရင္းအခ်ာေတြလို႔သံေယာဇဥ္တြယ္မိတာေပါ့"
Hyung ကစကားအရွည္ႀကီးေျပာလိုက္ရလို႔ေမာသြားသည္ထင္.. အသက္ကိုတစ္ခ်က္ရႉသြင္းၿပီးေခတၱခဏအနားယူေနသည္။
"တေန႕မွာေတာ့.. အဲ့ဒီ့ဘားရဲ႕ေၾကာက္စရာေကာင္းတဲ့အျဖစ္မွန္တစ္ခုကိုသိလိုက္ရတယ္။ အဲ့ဒါက.. ယူေဂ်ာင္းကအဲ့ဒီ့ဘားရဲ႕မန္ေနဂ်ာအပါအဝင္တျခားဝန္ထမ္းေတြရဲ႕လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္တာကိုခံေနရတာပဲ"
"ဟင္"
"ယူေဂ်ာင္းမ်က္စိမျမင္တာကိုအခြင့္ေကာင္းယူၿပီးယူေဂ်ာင္းအဝတ္လဲေနတဲ့အခ်ိန္ေပၚတင္ဝိုင္းၾကည့္ၾကတယ္။ ဗီဒီယိုရိုက္ၿပီးအင္တာနက္ေပၚတင္ၾကတယ္။ ယူေဂ်ာင္းကသူ႕ကိုအဲ့လိုေတြဝိုင္းလုပ္ေနၾကတာကိုသိေနေပမယ့္အေႂကြးကလည္းမေက်ေသးေတာ့ထြက္ေျပးလို႔ကလည္းမရ.. သူ႕ဘက္ကရပ္တည္ေပးမယ့္သူကလည္းမရွိရွာေတာ့..."
ေျပာေနရင္းနဲ႕ Hyung အသံကတိုးဝင္သြားၿပီးတုန္ခါသြားသည္။
"ကိုယ့္ထက္ရာထူးႀကီးတဲ့လူေတြကအစဒီကိစၥမွာပါဝင္ပတ္သက္ေနေတာ့ငါလည္းထိထိေရာက္ေရာက္ဘာမွမလုပ္ေပးနိုင္ခဲ့ဘူး။ တစ္ခါကေတာ့အမည္မေဖာ္လိုသူနာမည္နဲ႕ရဲတိုင္ခဲ့ပါေသးတယ္။ဒါေပမယ့္အားလုံးကအတိုင္အေဖာက္ညီညီနဲ႕ဝိုင္းၿပီးျငင္းၾကေတာ့ဒီအတိုင္းလီဆယ္ၿပီးတိုင္တယ္ဆိုတဲ့ေခါင္းစဥ္နဲ႕ပဲအမႈပိတ္သြားခဲ့တယ္။ အဲ့ဒါနဲ႕ပဲယူေဂ်ာင္းကိုကိုယ္ထိလက္ေရာက္ေသာ္လည္းေကာင္း၊ ႏႈတ္နဲ႕ေသာ္လည္းေကာင္းဝိုင္းၿပီးအျမတ္ထုတ္ေနၾကတာကိုရင္နာနာနဲ႕ထိုင္ၾကည့္ေနခဲ့ရတယ္"
"တေန႕က်ေတာ့ယူေဂ်ာင္းေတာ္ေတာ္ေနမေကာင္းျဖစ္တယ္။ ေဆးခန္းသြားျပေတာ့ကိုယ္ဝန္ရွိေနၿပီတဲ့။ စိတ္ေရာေခါင္းေရာမာတဲ့ယူေဂ်ာင္းက ကေလးအေဖဘယ္သူလဲဆိုတာဘယ္လိုေမးေမးမေျပာဘူး။ ကေလးကိုသူတစ္ေယာက္တည္းပဲရေအာင္ေမြးမယ္တဲ့"
"အစကေတာ့.. ဆာရန္းရဲ႕အေဖေနရာကိုဝင္ယူဖို႔ဆႏၵမရွိခဲ့ပါဘူး။ ဒါေပမယ့္.. ယူေဂ်ာင္းကိုေဆးခန္းလိုက္ျပေပးရင္း.. ပထမဆုံးဆာရန္းရဲ႕ႏွလုံးခုန္သံကိုၾကားတဲ့ေန႕.. အဲ့ဒီ့ေန႕မွာဆုံးျဖတ္ခဲ့တယ္..ဒီကေလးမွာအေဖမရွိဘဲေလာကႀကီးမွာမ်က္စိသူငယ္နားသူငယ္နဲ႕ႀကီးျပင္းလာရမယ့္အျဖစ္မ်ိဳးမရွိေစရဘူးလို႔။ အဲ့ဒါေၾကာင့္ယူေဂ်ာင္းကိုလက္ထပ္ဖို႔ဆုံးျဖတ္ခဲ့တယ္။ ငါအၿမဲေတာင့္တေနရတဲ့ကိုယ္ပိုင္မိသားစုဘဝေလးကိုဖန္တီးခြင့္ရေတာ့မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕ေပါ့..."
"ငါကပဲမိသားစုနဲ႕ေနရဖို႔ကံမပါတာလား..ငါရဲ႕ကံဆိုးမႈေတြကယူေဂ်ာင္းဆီကိုကူးစက္သြားတာလားေတာ့မေျပာတတ္ဘူး ဆာရန္းကိုေမြးတဲ့ေန႕မွာပဲယူေဂ်ာင္းကလူ႕ဘဝႀကီးကေနထြက္ခြာသြားတယ္။ အဲ့ဒါေၾကာင့္အေဖဆိုတာဘယ္သူမွန္းမသိ၊ကိုယ့္ရဲ႕ေမြးေန႕မွာအေမ့ရဲ႕ႏွစ္ပတ္လည္ကိုႏွစ္တိုင္းက်င္းပေနရတဲ့ငါနဲ႕ ဆာရန္းကဘဝတူေတြမို႔ဆာရန္းေလးကိုရွိသမွ်အခ်စ္ေတြပုံေအာၿပီးခ်စ္ေပးခဲ့တာေပါ့"
"အနည္းဆုံးေတာ့ဆာရန္းေလးမွာ Appa လို႔ေခၚစရာအမည္နာမေလးတစ္ခုျဖစ္ျဖစ္ရွိေနပါေစဆိုတဲ့ေစတနာတစ္ခုတည္းနဲ႕ဆာရန္းရဲ႕အေဖအျဖစ္ဆက္ရွိေနေပးခဲ့ေပမယ့္.. တကယ္တမ္းက်ေတာ့အေဖဆိုတဲ့တာဝန္ကထင္သေလာက္မလြယ္ကူဘူးပဲ။ ငါက.. တာဝန္ေက်နိဳင္မယ္လို႔ထင္ထားခဲ့တာ.. အခုေတာ့.. အခုေတာ့.. "
Hyung ကလက္ဝါးႏွစ္ဖက္ကိုျဖန့္ၿပီးမ်က္ႏွာအပ္ခ်လိဳက္ေတာ့သူက hyung ရဲ႕ေက်ာျပင္ေလးကိုပြတ္သပ္ေပးရင္း..
"တာဝန္ေက်ပါတယ္။ hyung ကတာဝန္ေက်တာထက္ေတာင္ပိုပါတယ္"
"တကယ္လား.. အဲ့လိုထင္လား"
"အင္း"
"ဒီေန႕ကိစၥကိုယူေဂ်ာင္းသာသိသြားရင္ငါ့ကိုအျပစ္ေျပာေနမလားမသိဘူး.. ေနာ္"
ယူေဂ်ာင္းရဲ႕နာမည္ကိုၾကားေတာ့ေဂ်ာင္ကုရဲ႕မ်က္ႏွာမသိမသာတင္းမာသြားသည္။ အဓိပ္ပါယ်မရှိေခါင္းကိုငုံ႕လွ်က္ဘာမွမရွိတဲ့ၾကမ္းခင္းကိုေျခေထာက္ျဖင့္ကန္ေနမိသည္။
"ဘယ္လိုလူစားမ်ိဳးလဲ.. အဲ့ဒီ့ဘန္ယူေဂ်ာင္းက.."
"ယူေဂ်ာင္းကလား.. ယူေဂ်ာင္းက.. လွလည္းလွတယ္။ စိတ္ထားလည္းျဖဴစင္တယ္။ စိတ္ထားျဖဴစင္ေပမယ့္ေပ်ာ့ညံ့တာမ်ိဳးမဟုတ္ဘဲမဟုတ္မခံတတ္တဲ့စိတ္လည္းရွိတယ္။ တစ္ခုခုကိုဆုံးျဖတ္ၿပီးရင္ဘယ္ေတာ့မွမျပင္ဘဲေခါင္းေရာ.. စိတ္ေရာမာလြန္းလို႔ငါကေတာင္သူ႕ကိုနာမည္ေပးထားတယ္.. သံမဏိႏွင္းဆီလို႔"
"ဟြန့္.. ဆာရန္းကိုျမင္ကတည္းကသူ႕အေမကဘယ္လိုလူစားမ်ိဳးလည္းဆိုတာခန့္မွန္းၾကည့္လို႔ရပါတယ္။ အဲ့ေလာက္ထိေျပာစရာလိုလို႔လား။ ေျပာဆိုတိုင္းအကုန္ေျပာေတာ့တာပဲ"
"သူပဲလာေမးၿပီးေတာ့"
"အဲ့ေတာ့.. ခ်စ္ခဲ့လား။ ဘန္ယူေဂ်ာင္းကိုခ်စ္ခဲ့လား"
"အခ်စ္ဆိုတာကိုလေးစားအားကျခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင်ေတာ့.. အင္း.. ခ်စ္ခဲ့တာေပါ့"
"Aish! ဒီထိုင္ခုံေတြကိုဘယ္လိုေတြထားတာလဲ.. ေထာင့္ကိုမက်ိဳးဘူး။ ဒီေဆး႐ုံအုပ္ကိုဖုန္းဆက္ၿပီးတိုင္ပစ္ဦးမယ္"
ေဂ်ာင္ကုရဲ႕ပုံစံကမေက်နပ္တာကိုေတြ႕ကရာေလွ်ာက္မဲေနတဲ့ကေလးဆိုးေလးႏွင့္တူေနတာမို႔သူရယ္ခ်င္သြားမိသည္။
"ဘာပဲျဖစ္ျဖစ္.. ဒီေန႕အတြက္ေက်းဇူးတင္ပါတယ္"
"ပါးစပ္ကေနေျပာၿပီးတာနဲ႕ေလထဲမွာဒီအတိုင္းေပ်ာက္သြားမယ့္ေက်းဇူးတင္စကားသက္သက္ဆိုရင္ေတာ့ no thank you ပါ။ မလိုခ်င္ပါဘူး။ တကယ္ေက်းဇူးတင္ရင္အလုပ္နဲ႕သက္ေသျပေလ"
"ဘယ္လိုသက္ေသျပရမွာလဲ"
"ဒီေန႕ပ်က္သြားတဲ့ဒိတ္ကိုအစားျပန္ေပးရမယ္။ၿပီးေတာ့ ေနာက္ထပ္ဒိတ္တစ္ခုပါ bonus အေနနဲ႕အပိုေပးရမယ္"
"ေနပါဦး..အစကတည္းကမင္းနဲ႕ဒိတ္ပါ့မယ္လို႔ငါလက္ခံခဲ့လို႔လား။သူ႕သေဘာနဲ႕သူလုပ္ခ်င္ရာလုပ္ၿပီးသူ႕သေဘာနဲ႕တူေနာက္ထပ္အသစ္ေတာင္ထပ္တိုးလိုက္ေသးတယ္။ အဲ့လိုလုပ္လို႔ရလား"
"ရတယ္။ ေခါင္းက်တယ္ေလ.. ေခါင္းက်ရင္ကြၽန္ေတာ့္စိတ္ႀကိဳက္လုပ္ခ်င္ရာလုပ္မယ္လို႔ေျပာခဲ့သားပဲ"
"ဒါေပမယ့္... ငါက.. မင္းနဲ႕မဒိတ္ခ်င္ပါဘူး"
"ဘာ!"
"Justin Joseph Jeon နဲ႕ပဲဒိတ္မွာ"
"ဘာေျပာတယ္! အဲ့ဒါဘယ္သူလဲ.. ဘယ္ကေကာင္လဲ"
Hyung ကတကြၽတ္ကြၽတ္စုတ္သပ္ရင္းေခါင္းေလးတခါခါျဖင့္အခန္းထဲသို႔ဝင္သြားသည္။ သူကအေနာက္ကေနလိုက္ဝင္ၿပီးအေျဖမရမခ်င္းေမးခ်င္ေပမယ့္ဆာရန္းေလးနိုးသြားမွာဆိုးလို႔မနည္းကိုယ္ရွိန္သတ္ထားရသည္။
"ဟက္! Justin Joseph Jeon တဲ့နာမည္ကလဲ.. ေၾကာင္လိုက္တာ.. အယ္.. ဒါနဲ႕.. အဲ့နာမည္ကိုဘာလို႔ၾကားဖူးသလိုျဖစ္ေနတာလဲ"
"Justin Joseph Jeon.. Justin Joseph Jeon.. အမ္.. အဲ့.. အဲ့ဒါ.. ငါပဲ!"
သြားသုံးဆယ့္ႏွစ္ေခ်ာင္းလုံးေပၚေအာင္ရယ္ၿပီးထိုင္ခုံေပၚေနာက္ျပန္ထိုင္ခ်လိဳက္ေတာ့ထိုင္ခုံေပၚမထိုင္မိဘဲေဘးကိုေခ်ာ္ထြက္သြားလို႔ၾကမ္းေပၚဖင္ထိုင္လ်က္လဲက်သည္။ နာသြားတာေတာင္ၿပဳံးၿပဳံးႀကီးနဲ႕အနာခံေနမိတဲ့သူ႕အျဖစ္...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
ဒီအပိုင္းနဲ႕ပတ္သက္ၿပီးေတာ့နည္းနည္းေလာက္ေျပာခ်င္ပါတယ္။
ဒီအပိုင္းကိုအစကေရးထားတာကဒီလိုပုံစံမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္.. ေတာ္ေတာ္မ်ားမ်ားကဆာရန္းကိုဂ်င္ရဲ႕သမီးအရင္းမလုပ္ပါနဲ႕လို႔ေျပာၾကလြန္းလို႔စိတ္ထဲမွာေရးသင့္မေရးသင့္ဇေဝဇဝါနဲ႕ last minute က်မွေကာက္ျပင္လိုက္ရတာမို႔ဇာတ္လမ္းအခ်ိတ္အဆက္ကတစ္မ်ိဳးႀကီးျဖစ္သြားတယ္။ အဲ့ဒါေလးကိုေတာ့နည္းနည္းေလးသည္းခံေပးၾကပါလို႔ 😊